(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥🌹ဆူးကြိုး(အခန်း၆၃)🔥
"မမရေ...ပျော်ခဲ့ရဲ့လား..တောင်ကြီးမှာဒီအချိန်ဆိုအရမ်းအေးနေမှာပဲနော်...မီးပုံးပျံပွဲကပျော်ဖို့ကောင်းရဲ့လား...တော်တော်စည်မှာပဲနော်...."
ကားပေါ်မှ ဆင်းသည်နှင့်ပိစိမသည်အပြေးလေးလာကြိုပြီး မေးခွန်းများစွာထုတ်နေလေသည်။
စိတ်အားထက်သန်လွန်းနေသော ပိစိမကိုကြည့်ပြီး
တောင်ကြီးသို့ ခေါ်မသွားမိတာကိုတောင်
နောင်တရချင်သလို ဖြစ်နေမိသည်။
"ပိစိမ...နင့်အတွက်ရှမ်း၀တ်စုံလေးတွေပါတယ်...
မုန့်တွေကိုတော့အလုပ်သမားတွေကို ခွဲပေးလိုက်
အသီးတွေကိုတော့ ရေခဲသေတ္တာထဲမှာ
ထည့်လိုက်နော်..အော်...ရှမ်း၀တ်စုံကို၀မ်းဆက်
သုံးစုံလောက်ယူလိုက်လို့ရတယ်...နင်ကြိုက်တဲ့အရောင်ရွေးယူလိုက်....."
"ဟာ...တကယ်ပြောတာနော်..."
"တကယ်ပေါ့ဟ..."
"ဟေး...အဲ့ဒါမှတို့မမကွ...."
ပုံရိပ်ကို လာဖက်ပြီးခုန်ပေါက်နေ၍ ပိစိမ၏
ခေါင်းလေးကို ပုတ်လိုက်မိသည်။
ပုံရိပ်ကိုသိပ်တွယ်တာရှာတဲ့ သနားစရာကလေးမလေးပင်။
မိဘမဲ့ချင်းအတူတူမို့ ပုံရိပ်သူ့ကိုစာနာပါတယ်။
"ဒါနဲ့...ဖွားညိုရော..ရှိလား.."
"ရှိတယ်လေ..ဖွားညိုကအခုတလော..
သိပ်ပြီးနေထိုင်မကောင်းဘူးထင်တယ်..
အခုလည်းဆေးသောက်ပြီး အနားယူနေတယ်.."
"ဟုတ်လား...တော်တော်လေးစိုးရိမ်ရလား...
ဘာဖြစ်တာလို့ ဆရာ၀န်ကပြောလဲ.."
"အဲ့ဒါကတော့...အန်တီယဉ်တင့်ကိုမေးတာ
ပိုကောင်းလိမ့်မယ်ထင်တယ်...သမီးကသိပ်မသိဘူး.."
မနေ့ကအန်တီတင့်ဆီကို ဖုန်းဆက်တည်းကဖွားနေမကောင်းဘူးဟု ပြောတာကိုသိခဲ့ရပေမဲ့
ဒီနေ့တော့ ပြန်ကောင်းလောက်ပြီဟု
ထင်ခဲ့မိသည်။
စိုးရိမ်စိတ်တွေ ပြင်းထန်လာသောကြောင့်
ဖွားညို၏အခန်းရှိရာဆီသို့ မြန်မြန်လျှောက်သွားမိလေသည်။
ဖွားညို၏အခန်းအရှေ့သို့ရောက်သောအခါ
တံခါးခေါက်ကြည့်လိုက်တော့ တံခါးကိုလာဖွင့်ပေးသူမှာ အန်တီယဉ်တင့်ဖြစ်နေလေသည်။
"ပုံရိပ်ပြန်ရောက်နေပြီလား...အန်တီတင့်
ထွက်မကြိုမိလို့ တောင်းပန်ပါတယ်နော်..."
အန်တီတင့်က ပုံရိပ်၏ပခုံးလေးကို
ဖက်လိုက်ပြီး ဝေးကွာနေသော
သားသမီးတစ်ယောက်နှင့် ပြန်၍တွေ့ဆုံနေသကဲ့သို့ ၀မ်းသာစွာပြုံးလေသည်။
"ဖွာညိုနေမကောင်းဘူးဆို..."
"ဟုတ်တယ်...ဒါကြောင့်မို့အန်တီတင့်လည်း
ဒီနေ့ဆိုင်ကို မသွားဖြစ်တာပေါ့.."
ဖွားညို၏အခန်းထဲသို့ ပုံရိပ်၀င်လိုက်တော့
အခန်းတစ်ခုလုံးက မှောင်မဲနေလေသည်။
ပြတင်းတံခါးတွေ အားလုံးကိုပိတ်ထားပြီး
လိုက်ကာတွေကိုပါ ဆွဲချထား၍ အလင်းတန်းတစ်ခုကိုတောင် မမြင်ရပေ။
ဖွားညို၏ကုတင်းခေါင်းရင်းဘေးနားရှိ
မီးအိမ်မှ အဝါရောင်အလင်းရောင်မှိန်မှိန်လေးကြောင့်သာ မဟုတ်ရင် ဒီအခန်းကြီးကနိုင်ငံခြားဇာတ်ကားတွေမှာ တွေ့မြင်နေရတဲ့
ဒရက်ကူလာတွေနေသော အခန်းကြီးနှင့်
တူနေမှာသေချာသည်။
ဖွားညိုကတော့ ကုတင်ပေါ်မှာစောင်ကို
ရင်စို့နားအထိ ဆွဲခြုံထားပြီးအသက်ရှူသံ
မှန်မှန်နှင့် အိပ်ပျော်နေလေသည်။
"ဖွားညိုက...ဘာဖြစ်တာလဲဟင်..."
"ခုရက်ပိုင်းမှာ...ကားအက်စီးဒင့်ဖြစ်ထားတဲ့
ခြေထောက်တွေက ဒဏ်ပြန်ထလာတဲ့အပြင်
သွေးတိုးလည်း ဖြစ်လာလို့လေ...
ပုံရိပ်လေး သွားပြီးတည်းက ထမင်းကိုတော်ရုံ
မစားတော့ဘူးလေ...ဒီကြားထဲမှာ
မေဦးတို့ကလာပြီး စိတ်ဒုက္ခတွေပေးနေတော့
သူ့ခမျာ စိတ်ဆင်းရဲနေရတာပေါ့..."
"အဲ့မိန်းမတွေကို တစ်ခုခုလုပ်လို့မရဘူးလား
ဖွားကိုအရမ်းစိတ်အနှောက်အယှက်ပေးကြတာပဲ..."
"ဘာလုပ်လို့ရမှာလဲကွယ်...သူတို့ကသားအမိတွေလေ..."
"ဒါပေမဲ့..သူ့ဘက်ကနေအမေဆိုတဲ့စိတ်နဲ့
နည်းနည်းလေးမှ စာနာပေးတာမျိုးရှိတာမှမဟုတ်ပဲ..."
"ဒါပေမဲ့..မိခင်ကမှသူ့သားသမီးတွေကို မပျက်နိုင်တဲ့ဥစ္စာ..အန်တီတင့်ကဘယ်လိုလုပ်ပြီး ကြား၀င်လို့ရပါ့မလဲ..."
အန်တီတင့်၏မျက်နှာကိုကြည့်လိုက်တော့
၀မ်းနည်းနေလျှက် အားမလိုအားမရဖြစ်နေတာကို တွေ့လိုက်ရသည်။အန်တီတင့်ဟာ
ဖွားညိုအတွက်တော့ ချွေးမတစ်ယောက်ကို
ရထားသည်ထက် သစ္စာရှိသောအပါးတော်မြဲ
တစ်ယောက်ကို ရထားသလိုပါပဲ။
အန်တီမေဦးလို သားသမီးတစ်ယောက်က
စိုးရိမ်ပူပန်ရမည့်အရာတွေနှင့်၊တာ၀န်၀တ္တရားတွေ အားလုံးကို သူတစ်ယောက်တည်းကသာ
ဖြည့်ဆည်းပေးနေခြင်းဖြစ်သည်။
"အော်...ဒါနဲ့ပုံရိပ်ကိုပြောထားရအုံးမယ်...
ဒီရက်ပိုင်းမှာမေညို့ကို ပုံရိပ်နဲ့ကိုထက်ရဲ့
စေ့စပ်တဲ့ကိစ္စတွေ မမေးပါနဲ့အုံးနော်..
နောက်မှအန်တီတင့်လည်းကူပြောပေးပါ့မယ်
ခုရက်ပိုင်းမှာတော့ မေညို့ကိုဘယ်လိုနည်းနဲ့မှ
စိတ်အနှောက်အယှက်မဖြစ်စေချင်လို့ပါ..."
"သမီးနားလည်ပါတယ်..သမီးဖွားညိုကို
စိတ်ဆင်းရဲအောင်မလုပ်ပါဘူး..."
"ဟုတ်ပါပြီကွယ်..."
အန်တီယဉ်တင့်ထွက်သွားသည်နှင့် ဖွားညို၏
ကုတင်ဘေးတွင်ချထားသော ထိုင်ခုံပေါ်၌ ထိုင်၍ဖွားညို၏မျက်နှာလေးကို
ငေးကြည့်နေမိသည်။တကယ်ကို
မျက်နှာလေးက ချောင်ကျသွားတာပါလား။
ဒီရက်တွေအတွင်းမှာ ဖွားညိုအတွက်အချိန်မပေးမိသောကြောင့် ကိုယ့်ကိုကိုယ်လည်း
အပြစ်တင်နေမိသည်။
"မဟုတ်ဘူး...မဟုတ်ဘူး...ငါ့သားလေး...
ငါ့သားလေးမသေရဘူး...ငါ့သားလေးကို
ပြန်ခေါ်ပေးကြပါ...ငါ့သားလေးမသေရဘူး..
ငါ့သားလေးကို မခေါ်သွားကြပါနဲ့...
သားငယ်ရေ..သားငယ်..."
အိပ်နေရင်းနှင့် ထယောင်နေ၍ပုံရိပ်လန့်သွားမိသည် ဖွားညိုကိုမနှိုးချင်ပေမဲ့
အိပ်မက်ဆိုးမက်နေသောကြောင့် ပခုံးကိုလှုပ်နှိုးလိုက်မိသည်။
"ဖွားညို...ဖွားညို...သတိထားပါအုံး...ဖွားညို"
ပခုံးကို နှစ်ချက်၊သုံးချက်လောက် လှုပ်နှိုးလိုက်တော့မှ မျက်လုံးတွေပွင့်လာပြီးပုံရိပ်ကို
ကြောင်ငေး၍ ကြည့်နေလေသည်။
"အရိပ်...အရိပ်လားဟင်..."
"ဟုတ်ပါတယ်...သမီးပြန်ရောက်နေတာလေ
..အိပ်မက်ဆိုးတွေမက်နေတာလား..
သမီးရေခပ်ပေးမယ်နော်..."
ဖွားညိုကို ကုတင်ခေါင်းရင်းမှာမှီထိုင်စေပြီး
ကုတင်ဘေးရှိခုံပေါ်မှ ရေခွက်ကိုရေဖြည့်လိုက်ကာ
စိတ်သက်သာရာ ရသွားအောင်တိုက်လိုက်သည်။
ရေသောက်ပြီးနောက် ဖွားညိုသည်ပုံရိပ်ကို
သေချာစိုက်ကြည့်လာပြီး သိုင်း၍ဖက်လိုက်လေသည်။
"အဖွားအိပ်မက်ထဲမှာ သားငယ်လေးမိုးရိပ်ကိုတွေ့လိုက်တယ်...အဲ့ဒီ့နေ့ကအဖွားရဲ့ရင်အနာရဆုံး
နေ့တစ်နေ့ပါပဲ...အဝေးမှာပဲနေစေပြီး..
ဥပက္ခာပြုထားမိတဲ့ သားငယ်လေးနဲ့ပြန်တွေ့ရတဲ့အချိန်မှာ...သေကွဲတဲ့...အဖွားရဲ့အသဲနှလုံးတွေ
ကြေကွဲလောင်မြိုက်ရလွန်းလို့...သေမတတ်ကိုနာကျင်ရတယ်...အဖွားရဲ့အငယ်ဆုံးသားလေး...
အဖွားအချစ်ဆုံးသားလေး..."
"ဖွားညိုရယ်...အဲ့ဒါတွေပြန်မတွေးပါနဲ့တော့နော်...
အခုလက်ရှိမှာ ကိုယ့်ကျန်းမာရေးကိုသာ
ဂရုစိုက်ပါ..."
ဖွားညို၏မျက်ရည်တွေကို သုတ်ပေးလိုက်တော့
ပုံရိပ်၏လက်ကို ထိတ်လန့်တကြားဆွဲယူလိုက်၍
ပုံရိပ်တောင် လန့်သွားမိလေသည်။
"တောင်းပန်ပါတယ်အရိပ်ရယ်...ဖွားတို့ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် အရိပ်လေး
ဆင်းဆင်းရဲရဲနေခဲ့ရတယ်..."
"ဖွားညိုတို့ကြောင့်မဟုတ်ပါဘူး...သမီးရဲ့ကံကြမ္မာကြောင့်ပါ...အရာအားလုံးကသူ့အကြောင်းနဲ့သူဖြစ်လာကြတာပဲ ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး..."
"ဖွားကိုနားလည်ပေးလို့ကျေးဇူးတင်ပါတယ်
အရိပ်လေးရယ်..အရိပ်လေးသာအနားမှာရှိနေရင် ဖွားညိုအတွက်အရာအားလုံးအဆင်ပြေသွားသလိုပဲ...အရိပ်မရှိတဲ့ရက်တွေဆိုရင် ဒီအိမ်ကြီးကတိတ်ဆိတ်နေတာပဲ
ယဉ်တင့်တို့မင်းခန့်တို့ကလည်း သူတို့အလုပ်နဲ့
သူတို့လေ.."
"အဲ့ဒါဆိုရင်...ဖွားရဲ့အနားမှာပဲသမီးတစ်သက်လုံးနေသွားမယ်လေ...
သမီးလက်မထပ်တော့ဘူး...ဘယ်လိုလဲ.."
ကိုထက်နှင့်ကိစ္စကို ပယ်ဖြတ်စေချင်၍
တမင်ပြောလိုက်ခြင်းဖြစ်ပေမဲ့ ထိုစကားကိုကြားတော့ ဖွားညိုကရယ်လေသည်။
"လက်မထက်လို့တော့မရဘူး...လူရယ်လို့ဖြစ်လာရင် မိသားစုဆိုတာရှိနေရမယ်..
ဘယ်လောက်ပဲ စည်းစိမ်ချမ်းသာတွေနဲ့ပြည့်စုံပါစေ..မိသားစုဆိုတာမျိုးမရှိရင်
အထီးကျန်နေအုံးမှာပဲ..အဖွားကအသက်ကြီးနေပြီဖြစ်လို့ အရိပ်လေးကိုကိုယ်ပိုင်မိသားစုဘ၀လေးနဲ့ မတွေ့မမြင်နိုင်တော့တာက
၀မ်းနည်းစရာတော့ကောင်းတယ်..."
"လက်ထက်တာက ဘ၀ကြီးမှမဟုတ်တာ
အဖွားရယ်..ကိုယ့်ဘာသာကိုယ်ပျော်အောင်နေလို့လည်းရပါတယ်..."
"မိသားစုဆိုတာ ၀မ်းနည်းတဲ့အချိန်မှာနွေးထွေးမှုပေးနိုင်ပြီး..ဒုက္ခရောက်နေတဲ့အချိန်မှာ
ဖေးမမှုပေးနိုင်တာမျိုးကွဲ့...ဆွေမျိုးမရှိ၊မိသားစုမရှိတဲ့ လူတစ်ယောက်ရဲ့ခံစားချက်ကို တွေးကြည့်လိုက်စမ်းပါ.."
"ဒါပေမဲ့...ဘယ်သူကမှကိုယ့်ဘေးမှာတစ်သတ်လုံးမနေနိုင်ဘူးလေ..
အခုလောလောဆယ်အဖွားကိုပဲကြည့်...
အဖွားရဲ့ဘေးနားမှာ ပုံရိပ်ပဲရှိနေတာမဟုတ်ဘူးလား..."
"အနည်းဆုံးတော့အဖွားရဲ့ဘေးနားမှာ
အရိပ်ရှိနေတယ်လေ...အိမ်ဆိုတာမိသားစုရှိမှ
ပြည့်စုံတာ...ချမ်းသာကြွယ်၀မှုကအရာရာမဟုတ်ဘူးအရိပ်ရဲ့..ငွေဟာဒုတိယဘုရားသခင်ဆိုပေမဲ့
...ငွေနဲ့၀ယ်ယူလို့မရတဲ့အရာတွေ အများကြီးရှိတယ်..."
"ဒါပေမဲ့...ကိုထက်နဲ့ဆိုရင်တော့..."
"ကောင်လေးက မဆိုးပါဘူး..စိတ်ထားလေးကကောင်းရှာပါတယ်..မိသားစုအသိုင်းအ၀န်းကလည်း..အဆင်ပြေတယ်..အိမ်ထောက်ဖက်ကို
ရွေးတဲ့အခါမှာ ကိုယ်နဲ့တန်းတူတဲ့လူမျိုးကို ရွေးချယ်ရတယ်..မဟုတ်ရင်..မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်..."
"ပြဿနာ...ဘယ်လိုပြဿနာမျိုးလဲ..."
"အရိပ်ရဲ့အဒေါ်..မေဦးနဲ့သီဟတို့လို..
ပြဿနာမျိုးပေါ့...ပြီးတော့အရိပ်ရဲ့မိဘတွေလိုမျိုး
...အဖွားကလောဘမကြီးပါဘူး..
အရမ်းချမ်းသာစရာမလိုဘူး..ဒါပေမဲ့
နောက်ခံအသိုင်းအ၀န်းကအဆင့်အတန်းတစ်ခုမှာ ရှိနေရမယ်...ပြီးတော့အရိပ်လေးအပေါ်မှာ
မေတ္တာစစ်မှန်ရမယ်..."
"ကဲ...ဒီမြေးအဖွားနှစ်ယောက်စကားတွေ
တယ်များနေကြပါလား...ထမင်းစားဖို့အချိန်ရောက်ပြီလေ.."
"အန်တီတင့်...သမီးခရီးပန်းလာလို့..နားလိုက်အုံးမယ်နော်...ဖွားညို..သမီးသွားနားလိုက်အုံးမယ်နော်.."
အခန်းထဲသို့ အန်တီတင့်၀င်လာတာနှင့် ပုံရိပ်လည်းအခန်းအပြင်သို့ ထွက်လာလိုက်သည်။
အပေါ်ထပ်သို့ တက်လာနေသောလမ်းတစ်လျှောက်မှာလည်း စိတ်ညစ်စရာအတွေးပေါင်းများစွာသာ ခေါင်းထဲသို့ရောက်၍လာလေသည်။
"လက်ထက်ရမယ်...မိသားစုတဲ့.."
ဒီစကားနှစ်လုံးကိုပဲ ထပ်ခါထပ်ခါကြားလိုက်ရပေမဲ့ ကိုယ်မချစ်တဲ့လူနဲ့လက်ထက်လိုက်ရရင်
ဘယ်လိုလုပ်ပြီးပျော်ရွှင်နိုင်တော့မှာပဲ။
ကိုယ်မလိုချင်တဲ့ မိသားစုဆိုရင် ဘယ်လိုနွေးထွေးတော့မှာလဲ...?
🌹🌹🌹🌹🌹🌹🌹🌹🌹
"နေမျိုးရေ...ပြန်လာပြီလား...ငါတို့နဲ့
တစ်ပွဲတစ်လမ်းလောက်..၀င်နွှဲပါအုံးလား.."
ဂိုထောင်မှာ ပစ္စည်းတွေသွားစစ်ပြီးပြန်လာတော့
ကိုဗျောကြီးတို့အဖွဲ့က၀ရန်တာ၌
ပုလင်းထောင်နေကြလေပြီ အိင်္ကျီကျယ်သီးတွေကို ဖြုတ်နေရာမှ လက်ကာပြလိုက်ပြီး ရေချိုးခန်းထဲသို့သာ ၀င်လာခဲ့လိုက်သည် ။
ပုံမှန်ဆိုရင် ရေချိုးပြီးတိုင်းစိတ်တွေ ကြည်လင်သွားရပေမဲ့ ယခုတော့စိတ်တွေလေးလံနေလေသည်။
အခန်းထဲသို့ ပြန်၀င်လာတော့ဂစ်တာခေါက်သံတွေကိုကြားလိုက်ရ၍ သူလည်းတစ်ယောက်တည်း
မဖြစ်ချင်တာနဲ့ ၀ရံတာသို့သွားကာ ကိုဗျောကြီးတို့အဖွဲ့ထဲမှာ ၀င်၍ထိုင်လိုက်သည်။
"နေမျိုးရာ..မင်းကိုကြည့်ရတာအားမရလိုက်တာ...မင်းဘာဖြစ်နေတာလဲ..."
"ဘာမှမဖြစ်ပါဘူးဗျာ...ဒီအတိုင်းပါပဲ..."
"ဘာကိုဒီအတိုင်းပဲလည်း..အချင်းချင်းတွေပဲကွာ
..ရင်ဖွင့်လိုက်စမ်းပါ..."
"ကျွန်တော့်ကိစ္စက..ရင်ဖွင့်တိုင်းဖြေရှင်းလို့ရမှာ မဟုတ်ဘူးဗျ..."
"ဒါပေမဲ့လည်း...နည်းနည်းတော့သက်သာသွားမှာပေါ့ကွာ..ငါတို့လည်းဝိုင်းစဉ်းစားပေးမှာပေါ့.
..တကယ်လို့ဒီအတိုင်းရင်မဖွင့်ချင်ရင်..
ရော့..ဒီတစ်ခွက်သောက်လိုက်.."
သူ့အရှေ့သို့ ဘီယာခွက်ကိုလာချပေးနေသောကြောင့် သူစိုက်ကြည့်လိုက်မိသည်။
သူဟာ ဘုန်းကြီးကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် သီလလုံအောင်ထိန်းတဲ့အနေနဲ့ အရက်ကိုသူလုံး၀ရှောင်ရှားခဲ့သည်။
ဒါပေမဲ့ ဒီနေ့မှာတော့ ဒုတိယအကြိမ်အဖြစ်
ဒီပြင်းရှရှအရသာကို သူ့လည်ချောင်းထဲသို့
စီးဆင်းစေလိုက်မိလေသည်။
ဘီးယာတစ်ခွက်လုံးကို သူမော့ချပစ်လိုက်ပြီးနောက် နေရာမှာတင်ဟန်ချက်ပျက်ပြီး
ခေါင်းငိုက်ဆိုက်ကြသွားလေသည်။
"နေကြီး..ဟေ့ကောင်..မင်းအဆင်ပြေရဲ့လား.."
"သွားမမေးနဲ့ကိုဗျောကြီးရေ..ဒီကောင်က
အရက်ဒဏ်ကိုခံနိုင်တာမဟုတ်ဘူး..
ကြည့်ပါအုံး..တစ်ဗူးသောက်ရုံနဲ့မှောက်ပြီ..."
"နေကြစမ်းပါကွာ...နေကြီး..ဟေ့ကောင်..
မင်းအဆင်ပြေရဲ့လား..."
"ကျွန်တော်အဆင်ပြေပါတယ်..."
ကိုဗျောကြီးက ပခုံးကိုကိုင်လှုပ်လိုက်သောကြောင့် ခေါင်းကိုပြန်မော့လိုက်ပြီး
အဆင်ပြေကြောင်းပြန်ဖြေလိုက်သည်။
"အဆင်ပြေတယ်သာ..ပြောနေတာ..
မင်းရဲ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့.."
"ဟာ..ဒီကောင်..တကယ်ငိုနေတာပဲ..."
ကိုဗျောကြီးအပါအ၀င် ဝိုင်းဖွဲ့ထိုင်နေသော
လူအားလုံးသည် နေမျိုးကိုသာဝိုင်းကြည့်ကုန်ကြတော့သည်။
နေမျိုးသည် ခေါင်းကိုမော့လျှက် ကောင်းကင်ကြီးကို ကြည့် နေရင်းနှင့် ပါးပြင်ပေါ်မှာလည်း
မျက်ရည်တွေ စီးကျလာသည်။
"နေကြီး..မင်းဘာလို့ငိုနေတာလဲ..."
"ကျွန်တော့်ဘ၀ကို...ကျွန်တော်ရင်နာလွန်းလို့ငိုမိတာပါ.."
"မင်း..ငါတို့ကို..မင်းရဲ့အကြောင်းတွေတစ်ခါမှ
မပြောဖူးဘူးနော်...မင်းရင်ဖွင့်ချင်ရင်..
ငါတို့အားလုံးကို ရင်ဖွင့်လို့ရပါတယ်ကွာ..."
နေမျိုးသည် သူတစ်ပါးကိုသာကူညီတတ်ပေမဲ့
သူ့အရေးကိစ္စဆိုလျှင်တော့ သူတစ်ယောက်တည်းသာ ဖြေရှင်းတတ်သည်။
အဆောင်မှာနေသော ယောက်ျားလေးတော်တော်များများသည် စိတ်အဆင်မပြေတိုင်း တစ်ယောက်အကြောင်းတစ်ယောက်ရင်ဖွင့် တတ်ကြပေမဲ့
နေမျိုးကတော့ မတူပေ။
အခုအချိန်အထိ သူဟာမိဘမဲ့တစ်ကောင်ကြွက်သမား ဆိုတာကလွဲပြီး သူတို့အားလုံးသည်
နေမျိုး၏အကြောင်းကိုလုံး၀ မသိကြပေ။
အမြဲတမ်းစိတ်ဓာတ်သန်မာပြီး လက်အောက်ငယ်သားတွေကိုသာ ဖေးမလေ့ရှိတဲ့သူလိုလူတစ်ယောက်က ဒီလို၀မ်းပန်းတနည်း
ငိုနေတာကို မြင်ရတာသူတို့အတွက်ပထမဆုံးပါပဲ။
"ကျွန်တော့်က..မိဘမရှိ၊ညီအစ်ကိုမောင်နှမမရှိ၊ဆွေမျိုးသားချင်းမရှိတဲ့...
တစ်ကောင်ကြွက်တစ်ယောက်.."
ပြောရင်းနှင့် မျက်ရည်တွေကျလာသောကြောင့် ဘီယာကိုထပ်မော့ချလိုက်ပြီး
မျက်ရည်တွေကို ကြမ်းတမ်းစွာသုတ်ပစ်လိုက်သည်။
"ကျွန်တော့်မှာအိမ်ဆိုတာမရှိဘူး...
ခင်ဗျားတို့လိုပြန်စရာမိသားစုဆိုတာမရှိဘူး...
သီတင်းကျွတ်ရောက်ရောက်၊
တန်ဆောင်တိုင်ရောက်ရောက်...
ခင်ဗျားတို့လိုမိဘတွေဆီကို
သွားပြီးကန်တော့ခွင့်မရှိဘူး...
ကျွန်တော့်အတွက်..ကျွန်တော်ကိုယ်တိုင်ပဲရှိတယ်..
ကျွန်တော်သူ့ဆီကို ရောက်အောင်လာခဲ့မယ်လို့
ဂတိပေးထားပေမဲ့...ကျွန်တော်အဲ့ဂတိကိုတည်နိုင်မယ်မထင်ဘူး..."
ပြောရင်းနှင့် ငိုနေသောနေမျိုးကိုသနားမိတာကြောင့် ကိုဗျောကြီးတို့အုပ်စုလည်း မျက်နှာတွေ
မကောင်းကြတော့ပေ။
နေမျိုးကတော့ ၀ရန်တာကိုလက်ထောက်
လျှက် ကောင်းကင်ကြီးကိုသာမော့ကြည့်နေမိလေသည်။
သူ့မျက်၀န်းတွေဟာ မှေးကျဉ်းနေပြီး
မျက်ရည်တို့ အဆင်မပြတ်ကျဆင်းနေသောကြောင့် နီရဲ၍နေလေသည်။
မျက်ခမ်းစပ်တွေ ကျိန်းစပ်လာသောကြောင့်
မျက်လုံးတွေကို မှိတ်ချလိုက်မိသောအခါ
သူ့ငယ်ဘ၀၏ အဖြစ်အပျက်များသည်
တရိပ်ရိပ် ပေါ်ပေါက်လာခဲ့လေသည်။
ရုပ်ရှင်တစ်ကားကို အနောက်သို့ပြန်၍ရစ်နေသကဲ့သို့ အတိတ်မှတ်ဉာဏ်တွေကိုပြန်ခေါ်နေမိလေသည်။
ဘီယာအရှိန်ကိုလည်းမခံနိုင်တော့သည်မို့
ထိုင်ချလိုက်မိပြီး ဘေးမှာလှဲချလိုက်သည်။
"တစ်ခါတုန်းက ရပ်ကွက်လေးတစ်ခုထဲမှာ
ကောင်လေးတစ်ယောက်က မွေးစားမိဘတွေနဲ့အတူနေထိုင်ခဲ့တယ်...မွေးစားမိဘတွေကလည်း..
အလုပ်နဲ့လက်နဲ့မပျက်သူတွေမို့..
ကောင်လေးက ဈေးနွားလေးအဖြစ်နဲ့ကြီးပြင်းလာခဲ့ရတယ်..လမ်းထဲမှာညစ်နွမ်းနေတဲ့အ၀တ်အစားလေးနဲ့လျှောက်သွားနေခဲ့ရပြီး အမြင်မတော်လို့
တွေ့တဲ့သူကရေချိုးပေး၊
အစားအစာစွန့်ကျဲပေးတဲ့ဘ၀နဲ့ရှင်သန်ခဲ့ရတယ်..
..................
အခြားကလေးတွေနဲ့
ဆော့ကစားချင်လို့ ၀င်ရောမိတဲ့အခါ..
စုတ်ပြတ်ပေရေနေလို့ သူတို့သားသမီးတွေနဲ့
အဆော့မခံချင်တဲ့အခါ မိဘတွေက..
သူတို့ကလေးတွေကို ခြံထဲအတင်း၀င်ခိုင်းကြပြီး...
အဲ့ဒီ့မိဘမဲ့လေးကိုတော့..အလေအလွှင့်လေးလို့ မောင်းထုတ်တတ်ကြတယ်...
သူများအိမ်ရဲ့ ခြံ၀လေးရှေ့မှာရပ်ပြီး မျှော်ကြည့်ခဲ့ရတယ်..ကိုယ်နဲ့မသက်ဆိုင်တဲ့ အိမ်ထဲကို၀င်သွားမိရင် ဆွဲထုတ်ခံရမယ်ဆိုတာကို သိနေခဲ့လို့ပေါ့...
..….................
အော်ငိုပေမဲ့ လာချော့မဲ့လူမရှိဘူး..
အိမ်ပြန်တဲ့အခါ..တစ်နေကုန်အလုပ်လုပ်နေကြရလို့
မွေးစားမိဘတွေက အိမ်မှာမရှိကြဘူး..
ညနေစောင်းလောက်အထိ သုံးနှစ်အရွယ်ကလေးလေးက အိမ်မှာတစ်ယောက်တည်းရယ်...
..........
လမ်းဘေးက ခွေးလေးတွေရဲ့မိခင်က
သူတို့သားပေါက်လေးတွေကို ထိရင်
စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ကိုက်ပြီးကာကွယ်ပေးတာကိုတွေ့ရတော့ သူများတွေအနိုင်ကျင့်တိုင်း
သူ့ရဲ့မိခင်ကို ရောက်လာမလားဆိုတဲ့
မျှော်လင့်ချက်နဲ့တမ်းတမိခဲ့ဖူးတယ်...
အဲ့ဒီ့ကလေးလေးက
ဘာကြောင့် ဒီလိုအပြစ်တွေကိုခံစားနေရတာလဲ.
.သူဘာမှားခဲ့လို့လဲ..
သူကဘာကြောင့် အခြားကလေးတွေလို
မိခင်မေတ္တာကို အပြည့်အ၀မခံစားရတာလဲ...
မိဘအရင်းတွေက ဘာကြောင့်များ
ကလေးတစ်ယောက်ကို လူ့လောကထဲကိုခေါ်လာခဲ့ပြီး ဒီလိုဒုက္ခတွေကို ခံစားရစေတာလဲ...
မလိုချင်ရင် အစထဲကအသက်ရှင်ခွင့်မပေးကြပါနဲ့လား...
သူတို့ကိုယ်တိုင် ခေါ်ဆောင်လာခဲ့ပြီးမှ
အကြောင်းပြချက်အမျိုးမျိုးနဲ့စွန့်ပစ်ရက်ကြတယ်..
.…............
ကျောင်းတက်တော့လဲ...အတူထိုင်တဲ့အတန်းဖော်ရဲ့ ကွန်ပါဘူးပျောက်သွားခဲ့တာကို
တစ်တန်းတည်းထိုင်တာနဲ့ပဲ အဲ့ကလေးယူတယ်
ဖြစ်သွားရောလား...
အတန်းသားတစ်ယောက်က
လက်ညှိုးထိုးလိုက်တာနဲ့
ဆရာမအပါအ၀င်လူတိုင်းက သူခိုးလို့စွပ်စွဲကြတယ်...
အတန်းသားတွေအားလုံးရှေ့မှာ...ပစ္စည်းကိုခိုးရင်၀န်ခံဆိုပြီး...အရိုက်ခံခဲ့ရတဲ့..
အရှက်တရားဟာ..
သေရာပါတဲ့အထိကိုနာတယ်ဗျာ...
ဘ၀မှာအရှက်ရဆုံးအချိန်တစ်ခုပဲ...
ဆရာမကမိဘကို ခေါ်ခိုင်းလို့မွေးစားအဖေ
သိပြန်တော့လည်း...ကျောင်းသားကျောင်းသူတွေအားလုံးရှေ့မှာ...ကျွန်တော့်ပါးကိုရိုက်ခဲ့တယ်..
အားလုံးကသနားတဲ့စိတ်လုံး၀မရှိခဲ့ကြဘူး
ကိုယ်နဲ့တန်တာကိုယ်ပြန်ရတာဆိုတဲ့
အကြည့်တွေကို လူးလှိမ့်နေအောင် ခံခဲ့ရတယ်...
ကျွန်တော့ဘ၀ကအမြဲတမ်းနိမ့်ကျခဲ့သလို
ပတ်၀န်းကျင်ကပါ နှိမ်ထားခဲ့တော့..
ကျွန်တော်က သူများအနိုင်ကျင့်လို့
သိပ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်..
လူတိုင်းက ဘယ်လိုပဲအနိုင်ကျင့်ပါစေ..
ကျွန်တော်ပြန်မလုပ်ရဲဘူး..."
"ဘာလို့လဲကွ..ငါတို့ဆိုရင်...ငယ်ငယ်ကရန်ဖြစ်တိုင်း
သူသေကိုယ်သေပဲ..နပန်းကြီးဖက်လုံးပစ်တာ..."
ကိုယ်ဗျောကြီးက အားရပါးရနှင့် သူ့အကြောင်းကိုကြွားနေပေနဲ့ နေမျိုးကတော့မရယ်မိပေ။
သူ့ရဲ့ ဘ၀ကကိုဗျောကြီးတို့လို အားရစရာတစ်စက်မှ မရှိခဲ့သောကြောင့်ဖြစ်သည်။
"..ဘာကြောင့်လဲဆိုရင် ကျွန်တော်နောက်မှာ
ဘယ်သူမှ ရှိမနေလို့ပဲ..ကျွန်တော့်ခေါင်းထဲမှာ
အမြဲရိုက်သွင်းခံထားရတဲ့ အတွေးတစ်ခုရှိတယ်..
အဲ့ဒါက..ကျွန်တော်ဟာအခြားကလေးတွေထက်
တစ်ဆင့်နိမ့်တယ်ဆိုတာပဲ...
အနိုင်လာကျင့်တဲ့လူတွေကို ပြန်ပြီးရင်ဆိုင်မိလို့
အမှားတစ်ခုခုလုပ်လိုက်မိရင်...ကျွန်တော့်ကို
ကာကွယ်ပေးမဲ့ မိသားစုဆိုတာမရှိတော့..
ဘယ်လိုနေနေ ကျွန်တော်ဟာ..မှားတဲ့ဘက်က
လူတစ်ယောက်ဖြစ်နေမှာပါပဲ....
.................
ကျွန်တော့်ဘ၀မှာဒီလို အနိုင်ကျင့်ခံရတာတွေ
တစ်ခန်းရပ်သွားပြီလို့ ထင်မိတဲ့အချိန်ကတော့..မွေးစားအဖေရဲ့ဆွေမျိုးတွေရှိတဲ့...
ရွာလေးတစ်ရွာကို ပြန်ရောက်တဲ့အချိန်ပါပဲ..
ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်..
သူကသိပ်လှပြီးသိပ်နူးညံ့တယ်...
အခြားသူတွေနဲ့မတူပဲ သူကကျွန်တော့်အပေါ်မှာ အရမ်းကောင်းတယ်လို့ ခံစားရတယ်..
ကျွန်တော်သူ့အပေါ်ကို တွယ်တာမိတယ်
သူသာကျွန်တော့်မိသားစု၀င်ဖြစ်ရင်ကောင်းမယ်လို့
တွေးခဲ့ဖူးတယ်...
ဒါပေမဲ့ ကျွန်တော်နဲ့သူဝေးကွာခဲ့ရတာပါပဲ..
ကံကောင်းချင်တော့ ရန်ကုန်မှာသူနဲ့ပြန်ဆုံခွင့်ရခဲ့တယ်..ဖြူစင်တဲ့မေတ္တာတွေနေရာမှာ..
အရောင်ကာလာလေးတွေရောနှောပြီး
ကျွန်တော်သူ့ကိုသိပ်ချစ်ခဲ့တယ်..
နေ့ဘက်မှာ ကျောင်းတက်ပြီးညဘက်မှာ
စာပြလို့ရတဲ့ ပိုက်ဆံတွေကိုစုပြီး သူလိုအပ်တာတွေကို ဖြည့်ဆည်းပေးခဲ့ပေမဲ့...
မလုံလောက်ခဲ့ဘူးထင်ပါရဲ့..
ပြိုင်ကားစီးနိုင်တဲ့ကောင်နောက်ကို...
ကောက်ကောက်ပါအောင်လိုက်သွားတော့တာပဲ
...သူ့ကိုတွေ့ချင်လို့မိုးကြီး၊လေကြီးထဲမှာ
အပြေးလာခဲ့ရတာတွေ...သူစိတ်ကျေနပ်အောင်၊
သူပျော်အောင် လုပ်ပေးခဲ့ရတာတွေအားလုံးက ဟာသတစ်ခုလိုပါပဲဗျာ..."
"မင်းရဲ့အတိတ်ကို နားထောင်ရတာကလဲကွာ...ဘုန်းကြီးပျံလွန်တော်မူလို့..
အေးရင်ကျူးတာထက်တောင် ၀မ်းနည်းဖို့ကောင်းသေးတယ်...ငါ့ညီရာ..မင်းဘ၀မှာ
မကောင်းတဲ့လူတွေနဲ့ဆုံခဲ့ရရင်တောင်
အခုကိုကြီးတို့တွေက မင်းအပေါ်ကိုကောင်းပေးမှာမို့..မင်းစိတ်ဓာတ်မကျပါနဲ့ကွာ..."
"အခုလိုပြောပေးလို့ ကျေးဇူးတင်ပါတယ်.."
"ရပါတယ်ကွာ..ငါဘုရားရှိခိုးတိုင်း..
မင်းဆီကိုစစ်မှန်တဲ့နွေးထွေးမှုမျိုးပေးနိုင်တဲ့
အမျိုးသမီးလေးတစ်ယောက်ရောက်လာပါစေလို့ ဆုတောင်းပေးပါ့မယ်...
ပြီးတော့...မင်းလိုချင်တဲ့မိသားစုဘ၀မျိုးလေးကို အမြန်ဆုံးရရှိပါစေလို့ ဆုတောင်းပေးပါ့မယ်...."
"ကိုဗျောကြီးကလည်း..မိသားစုဆိုတာမိန်းကလေးတစ်ယောက်ရောက်လာတာနဲ့မဆိုင်ပါဘူးဗျာ
ကျွန်တော်တို့အချင်းချင်းလည်း တစ်ယောက်အပေါ်တစ်ယောက် ဖေးမပေးပြီး၊စာနာ..နားလည်နိုင်ရင်..
မိသားစုပါပဲ..."
"ဒါပေမဲ့...မတူဘူးလေ..ပိုင်ကြီးရ...ငါတို့တွေက
တွေ့တုန်းမှာသာကောင်းနိုင်ကြပေမဲ့..
အချိန်တန်ရင် ကိုယ့်မိသားစုဆီကိုကိုယ်ပြန်ကြရမှာလေ...အဲ့ကြရင်မင်းကရောသူနဲ့တစ်သက်လုံး
အတူနေပေးခဲ့မှာမို့လို့လား...
မိန်းကလေးတစ်ယောက်ကသာ...ပြောရရင်ကွာ
သူယူမဲ့ သူ့မိန်းမဖြစ်လာမဲ့သူကသာ..
ဆေးပေးမီးယူအဖြစ်...သူနဲ့အတူတစ်သက်လုံး
အတူရှိနေပေးနိုင်မှာ...
နေကြီးရေ...မင်းတကယ်ချစ်တဲ့လူကိုတွေ့ရင်
မင်းကိုလည်း သူ့ဘက်ကတကယ်ချစ်တယ်လို့
ခံစားရင် လက်လွှတ်မခံပါနဲ့ကွာ...နော်...
တွေဝေမှုလည်း မဖြစ်ပါနဲ့...မင်းက
ဆွေမျိုးသားချင်းမရှိတာကလွဲရင်...အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါကွာ...အားမငယ်ပါနဲ့..."
ကိုဗျောကြီး၏ အားပေးစကားကြောင့် မနက်ပိုင်းကမှ သူ့အတွက်ခွန်အားဖြစ်စေခဲ့သော စကားသံလေးကို ပြန်ကြားယောင်နေမိလေသည်။
"ဆရာ့ကိုသူများအနိုင်ကျင့်တိုင်း
ငြိမ်ခံမနေပါနဲ့နော်...ဆရာ့အနောက်မှာပုံရိပ်
တစ်ယောက်လုံးရှိတယ်ဆိုတာ သိထားပါနော်..."
ထိုစကားလေးကို ပြန်ကြားယောင်ရင်းနှင့်
ငိုနေရာမှ သူပြုံးလိုက်မိသည်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
(သူတစ်ပါးရဲ့ ဘ၀တွေကိုမြှင့်တင်ပေးလေ့ရှိတဲ့လူငယ်လေးတစ်ယောက်ရဲ့ သိပ်ကို
သနားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ
ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
အထူးကျေးဇူးတင်ရှိပါတယ်
=========================================================================
🔥🌹ဆူးႀကိဳး(အခန္း၆၃)🔥
"မမေရ...ေပ်ာ္ခဲ့ရဲ့လား..ေတာင္ႀကီးမွာဒီအခ်ိန္ဆိုအရမ္းေအးေနမွာပဲေနာ္...မီးပံုးပ်ံပဲြကေပ်ာ္ဖို႔ေကာင္းရဲ့လား...ေတာ္ေတာ္စည္မွာပဲေနာ္...."
ကားေပၚမွ ဆင္းသည္ႏွင့္ပိစိမသည္အေျပးေလးလာႀကိဳၿပီး ေမးခြန္းမ်ားစြာထုတ္ေနေလသည္။
စိတ္အားထက္သန္လြန္းေနေသာ ပိစိမကိုၾကၫ့္ၿပီး
ေတာင္ႀကီးသို႔ ေခၚမသြားမိတာကိုေတာင္
ေနာင္တရခ်င္သလို ျဖစ္ေနမိသည္။
"ပိစိမ...နင့္အတြက္ရွမ္း၀တ္စံုေလးေတြပါတယ္...
မုန႔္ေတြကိုေတာ့အလုပ္သမားေတြကို ခဲြေပးလိုက္
အသီးေတြကိုေတာ့ ေရခဲေသတၲာထဲမွာ
ထၫ့္လိုက္ေနာ္..ေအာ္...ရွမ္း၀တ္စံုကို၀မ္းဆက္
သံုးစံုေလာက္ယူလိုက္လို႔ရတယ္...နင္ႀကိဳက္တဲ့အေရာင္ေရြးယူလိုက္....."
"ဟာ...တကယ္ေျပာတာေနာ္..."
"တကယ္ေပါ့ဟ..."
"ေဟး...အဲ့ဒါမွတို႔မမကြ...."
ပံုရိပ္ကို လာဖက္ၿပီးခုန္ေပါက္ေန၍ ပိစိမ၏
ေခါင္းေလးကို ပုတ္လိုက္မိသည္။
ပံုရိပ္ကိုသိပ္တြယ္တာရွာတဲ့ သနားစရာကေလးမေလးပင္။
မိဘမဲ့ခ်င္းအတူတူမို႔ ပံုရိပ္သူ႔ကိုစာနာပါတယ္။
"ဒါနဲ႔...ဖြားညိုေရာ..ရိွလား.."
"ရိွတယ္ေလ..ဖြားညိုကအခုတေလာ..
သိပ္ၿပီးေနထိုင္မေကာင္းဘူးထင္တယ္..
အခုလည္းေဆးေသာက္ၿပီး အနားယူေနတယ္.."
"ဟုတ္လား...ေတာ္ေတာ္ေလးစိုးရိမ္ရလား...
ဘာျဖစ္တာလို႔ ဆရာ၀န္ကေျပာလဲ.."
"အဲ့ဒါကေတာ့...အန္တီယဉ္တင့္ကိုေမးတာ
ပိုေကာင္းလိမ့္မယ္ထင္တယ္...သမီးကသိပ္မသိဘူး.."
မေန့ကအန္တီတင့္ဆီကို ဖုန္းဆက္တည္းကဖြားေနမေကာင္းဘူးဟု ေျပာတာကိုသိခဲ့ရေပမဲ့
ဒီေန့ေတာ့ ျပန္ေကာင္းေလာက္ၿပီဟု
ထင္ခဲ့မိသည္။
စိုးရိမ္စိတ္ေတြ ျပင္းထန္လာေသာေၾကာင့္
ဖြားညို၏အခန္းရိွရာဆီသို႔ ျမန္ျမန္ေလ်ွာက္သြားမိေလသည္။
ဖြားညို၏အခန္းအေရ႔ွသို႔ေရာက္ေသာအခါ
တံခါးေခါက္ၾကၫ့္လိုက္ေတာ့ တံခါးကိုလာဖြင့္ေပးသူမွာ အန္တီယဉ္တင့္ျဖစ္ေနေလသည္။
"ပံုရိပ္ျပန္ေရာက္ေနၿပီလား...အန္တီတင့္
ထြက္မႀကိဳမိလို႔ ေတာင္းပန္ပါတယ္ေနာ္..."
အန္တီတင့္က ပံုရိပ္၏ပခံုးေလးကို
ဖက္လိုက္ၿပီး ေဝးကြာေနေသာ
သားသမီးတစ္ေယာက္ႏွင့္ ျပန္၍ေတြ့ဆံုေနသကဲ့သို႔ ၀မ္းသာစြာႃပံုးေလသည္။
"ဖြာညိုေနမေကာင္းဘူးဆို..."
"ဟုတ္တယ္...ဒါေၾကာင့္မို႔အန္တီတင့္လည္း
ဒီေန့ဆိုင္ကို မသြားျဖစ္တာေပါ့.."
ဖြားညို၏အခန္းထဲသို႔ ပံုရိပ္၀င္လိုက္ေတာ့
အခန္းတစ္ခုလံုးက ေမွာင္မဲေနေလသည္။
ျပတင္းတံခါးေတြ အားလံုးကိုပိတ္ထားၿပီး
လိုက္ကာေတြကိုပါ ဆဲြခ်ထား၍ အလင္းတန္းတစ္ခုကိုေတာင္ မျမင္ရေပ။
ဖြားညို၏ကုတင္းေခါင္းရင္းေဘးနားရိွ
မီးအိမ္မွ အဝါေရာင္အလင္းေရာင္မိွန္မိွန္ေလးေၾကာင့္သာ မဟုတ္ရင္ ဒီအခန္းႀကီးကႏိုင္ငံျခားဇာတ္ကားေတြမွာ ေတြ့ျမင္ေနရတဲ့
ဒရက္ကူလာေတြေနေသာ အခန္းႀကီးႏွင့္
တူေနမွာေသခ်ာသည္။
ဖြားညိုကေတာ့ ကုတင္ေပၚမွာေစာင္ကို
ရင္စို႔နားအထိ ဆဲြႃခံုထားၿပီးအသက္ရႉသံ
မွန္မွန္ႏွင့္ အိပ္ေပ်ာ္ေနေလသည္။
"ဖြားညိုက...ဘာျဖစ္တာလဲဟင္..."
"ခုရက္ပိုင္းမွာ...ကားအက္စီးဒင့္ျဖစ္ထားတဲ့
ေျခေထာက္ေတြက ဒဏ္ျပန္ထလာတဲ့အျပင္
ေသြးတိုးလည္း ျဖစ္လာလို႔ေလ...
ပံုရိပ္ေလး သြားၿပီးတည္းက ထမင္းကိုေတာ္ရံု
မစားေတာ့ဘူးေလ...ဒီၾကားထဲမွာ
ေမဦးတို႔ကလာၿပီး စိတ္ဒုကၡေတြေပးေနေတာ့
သူ႔ခမ်ာ စိတ္ဆင္းရဲေနရတာေပါ့..."
"အဲ့မိန္းမေတြကို တစ္ခုခုလုပ္လို႔မရဘူးလား
ဖြားကိုအရမ္းစိတ္အေနွာက္အယွက္ေပးၾကတာပဲ..."
"ဘာလုပ္လို႔ရမွာလဲကြယ္...သူတို႔ကသားအမိေတြေလ..."
"ဒါေပမဲ့..သူ႔ဘက္ကေနအေမဆိုတဲ့စိတ္နဲ႔
နည္းနည္းေလးမွ စာနာေပးတာမ်ိဳးရိွတာမွမဟုတ္ပဲ..."
"ဒါေပမဲ့..မိခင္ကမွသူ႔သားသမီးေတြကို မပ်က္ႏိုင္တဲ့ဥစၥာ..အန္တီတင့္ကဘယ္လိုလုပ္ၿပီး ၾကား၀င္လို႔ရပါ့မလဲ..."
အန္တီတင့္၏မ်က္ႏွာကိုၾကၫ့္လိုက္ေတာ့
၀မ္းနည္းေနလ်ွက္ အားမလိုအားမရျဖစ္ေနတာကို ေတြ့လိုက္ရသည္။အန္တီတင့္ဟာ
ဖြားညိုအတြက္ေတာ့ ခၽြေးမတစ္ေယာက္ကို
ရထားသည္ထက္ သစၥာရိွေသာအပါးေတာ္ၿမဲ
တစ္ေယာက္ကို ရထားသလိုပါပဲ။
အန္တီေမဦးလို သားသမီးတစ္ေယာက္က
စိုးရိမ္ပူပန္ရမၫ့္အရာေတြႏွင့္၊တာ၀န္၀တၲရားေတြ အားလံုးကို သူတစ္ေယာက္တည္းကသာ
ျဖၫ့္ဆည္းေပးေနျခင္းျဖစ္သည္။
"ေအာ္...ဒါနဲ႔ပံုရိပ္ကိုေျပာထားရအံုးမယ္...
ဒီရက္ပိုင္းမွာေမညို႔ကို ပံုရိပ္နဲ႔ကိုထက္ရဲ့
ေစ့စပ္တဲ့ကိစၥေတြ မေမးပါနဲ႔အံုးေနာ္..
ေနာက္မွအန္တီတင့္လည္းကူေျပာေပးပါ့မယ္
ခုရက္ပိုင္းမွာေတာ့ ေမညို႔ကိုဘယ္လိုနည္းနဲ႔မွ
စိတ္အေနွာက္အယွက္မျဖစ္ေစခ်င္လို႔ပါ..."
"သမီးနားလည္ပါတယ္..သမီးဖြားညိုကို
စိတ္ဆင္းရဲေအာင္မလုပ္ပါဘူး..."
"ဟုတ္ပါၿပီကြယ္..."
အန္တီယဉ္တင့္ထြက္သြားသည္ႏွင့္ ဖြားညို၏
ကုတင္ေဘးတြင္ခ်ထားေသာ ထိုင္ခံုေပၚ၌ ထိုင္၍ဖြားညို၏မ်က္ႏွာေလးကို
ေငးၾကၫ့္ေနမိသည္။တကယ္ကို
မ်က္ႏွာေလးက ေခ်ာင္က်သြားတာပါလား။
ဒီရက္ေတြအတြင္းမွာ ဖြားညိုအတြက္အခ်ိန္မေပးမိေသာေၾကာင့္ ကိုယ့္ကိုကိုယ္လည္း
အျပစ္တင္ေနမိသည္။
"မဟုတ္ဘူး...မဟုတ္ဘူး...ငါ့သားေလး...
ငါ့သားေလးမေသရဘူး...ငါ့သားေလးကို
ျပန္ေခၚေပးၾကပါ...ငါ့သားေလးမေသရဘူး..
ငါ့သားေလးကို မေခၚသြားၾကပါနဲ႔...
သားငယ္ေရ..သားငယ္..."
အိပ္ေနရင္းႏွင့္ ထေယာင္ေန၍ပံုရိပ္လန႔္သြားမိသည္ ဖြားညိုကိုမႏိႈးခ်င္ေပမဲ့
အိပ္မက္ဆိုးမက္ေနေသာေၾကာင့္ ပခံုးကိုလႈပ္ႏိႈးလိုက္မိသည္။
"ဖြားညို...ဖြားညို...သတိထားပါအံုး...ဖြားညို"
ပခံုးကို ႏွစ္ခ်က္၊သံုးခ်က္ေလာက္ လႈပ္ႏိႈးလိုက္ေတာ့မွ မ်က္လံုးေတြပြင့္လာၿပီးပံုရိပ္ကို
ေၾကာင္ေငး၍ ၾကၫ့္ေနေလသည္။
"အရိပ္...အရိပ္လားဟင္..."
"ဟုတ္ပါတယ္...သမီးျပန္ေရာက္ေနတာေလ
..အိပ္မက္ဆိုးေတြမက္ေနတာလား..
သမီးေရခပ္ေပးမယ္ေနာ္..."
ဖြားညိုကို ကုတင္ေခါင္းရင္းမွာမွီထိုင္ေစၿပီး
ကုတင္ေဘးရိွခံုေပၚမွ ေရခြက္ကိုေရျဖၫ့္လိုက္ကာ
စိတ္သက္သာရာ ရသြားေအာင္တိုက္လိုက္သည္။
ေရေသာက္ၿပီးေနာက္ ဖြားညိုသည္ပံုရိပ္ကို
ေသခ်ာစိုက္ၾကၫ့္လာၿပီး သိုင္း၍ဖက္လိုက္ေလသည္။
"အဖြားအိပ္မက္ထဲမွာ သားငယ္ေလးမိုးရိပ္ကိုေတြ့လိုက္တယ္...အဲ့ဒီ့ေန့ကအဖြားရဲ့ရင္အနာရဆံုး
ေန့တစ္ေန့ပါပဲ...အေဝးမွာပဲေနေစၿပီး..
ဥပကၡာျပဳထားမိတဲ့ သားငယ္ေလးနဲ႔ျပန္ေတြ့ရတဲ့အခ်ိန္မွာ...ေသကဲြတဲ့...အဖြားရဲ့အသဲႏွလံုးေတြ
ေၾကကဲြေလာင္ၿမိဳက္ရလြန္းလို႔...ေသမတတ္ကိုနာက်င္ရတယ္...အဖြားရဲ့အငယ္ဆံုးသားေလး...
အဖြားအခ်စ္ဆံုးသားေလး..."
"ဖြားညိုရယ္...အဲ့ဒါေတျြပန္မေတြးပါနဲ႔ေတာ့ေနာ္...
အခုလက္ရိွမွာ ကိုယ့္က်န္းမာေရးကိုသာ
ဂရုစိုက္ပါ..."
ဖြားညို၏မ်က္ရည္ေတြကို သုတ္ေပးလိုက္ေတာ့
ပံုရိပ္၏လက္ကို ထိတ္လန႔္တၾကားဆဲြယူလိုက္၍
ပံုရိပ္ေတာင္ လန႔္သြားမိေလသည္။
"ေတာင္းပန္ပါတယ္အရိပ္ရယ္...ဖြားတို႔ရဲ့တစ္ကိုယ္ေကာင္းဆန္မႈေတြေၾကာင့္ အရိပ္ေလး
ဆင္းဆင္းရဲရဲေနခဲ့ရတယ္..."
"ဖြားညိုတို႔ေၾကာင့္မဟုတ္ပါဘူး...သမီးရဲ့ကံၾကမၼာေၾကာင့္ပါ...အရာအားလံုးကသူ႔အေၾကာင္းနဲ႔သူျဖစ္လာၾကတာပဲ ဘယ္သူ႔ကိုမွအျပစ္မတင္ပါဘူး..."
"ဖြားကိုနားလည္ေပးလို႔ေက်းဇူးတင္ပါတယ္
အရိပ္ေလးရယ္..အရိပ္ေလးသာအနားမွာရိွေနရင္ ဖြားညိုအတြက္အရာအားလံုးအဆင္ေျပသြားသလိုပဲ...အရိပ္မရိွတဲ့ရက္ေတြဆိုရင္ ဒီအိမ္ႀကီးကတိတ္ဆိတ္ေနတာပဲ
ယဉ္တင့္တို႔မင္းခန႔္တို႔ကလည္း သူတို႔အလုပ္နဲ႔
သူတို႔ေလ.."
"အဲ့ဒါဆိုရင္...ဖြားရဲ့အနားမွာပဲသမီးတစ္သက္လံုးေနသြားမယ္ေလ...
သမီးလက္မထပ္ေတာ့ဘူး...ဘယ္လိုလဲ.."
ကိုထက္ႏွင့္ကိစၥကို ပယ္ျဖတ္ေစခ်င္၍
တမင္ေျပာလိုက္ျခင္းျဖစ္ေပမဲ့ ထိုစကားကိုၾကားေတာ့ ဖြားညိုကရယ္ေလသည္။
"လက္မထက္လို႔ေတာ့မရဘူး...လူရယ္လို႔ျဖစ္လာရင္ မိသားစုဆိုတာရိွေနရမယ္..
ဘယ္ေလာက္ပဲ စည္းစိမ္ခ်မ္းသာေတြနဲ႔ျပၫ့္စံုပါေစ..မိသားစုဆိုတာမ်ိဳးမရိွရင္
အထီးက်န္ေနအံုးမွာပဲ..အဖြားကအသက္ႀကီးေနၿပီျဖစ္လို႔ အရိပ္ေလးကိုကိုယ္ပိုင္မိသားစုဘ၀ေလးနဲ႔ မေတြ့မျမင္ႏိုင္ေတာ့တာက
၀မ္းနည္းစရာေတာ့ေကာင္းတယ္..."
"လက္ထက္တာက ဘ၀ႀကီးမွမဟုတ္တာ
အဖြားရယ္..ကိုယ့္ဘာသာကိုယ္ေပ်ာ္ေအာင္ေနလို႔လည္းရပါတယ္..."
"မိသားစုဆိုတာ ၀မ္းနည္းတဲ့အခ်ိန္မွာေနြးေထြးမႈေပးႏိုင္ၿပီး..ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ
ေဖးမမႈေပးႏိုင္တာမ်ိဳးကဲြ႔...ေဆြမ်ိဳးမရိွ၊မိသားစုမရိွတဲ့ လူတစ္ေယာက္ရဲ့ခံစားခ်က္ကို ေတြးၾကၫ့္လိုက္စမ္းပါ.."
"ဒါေပမဲ့...ဘယ္သူကမွကိုယ့္ေဘးမွာတစ္သတ္လံုးမေနႏိုင္ဘူးေလ..
အခုေလာေလာဆယ္အဖြားကိုပဲၾကၫ့္...
အဖြားရဲ့ေဘးနားမွာ ပံုရိပ္ပဲရိွေနတာမဟုတ္ဘူးလား..."
"အနည္းဆံုးေတာ့အဖြားရဲ့ေဘးနားမွာ
အရိပ္ရိွေနတယ္ေလ...အိမ္ဆိုတာမိသားစုရိွမွ
ျပၫ့္စံုတာ...ခ်မ္းသာႂကြယ္၀မႈကအရာရာမဟုတ္ဘူးအရိပ္ရဲ့..ေငြဟာဒုတိယဘုရားသခင္ဆိုေပမဲ့
...ေငြနဲ႔၀ယ္ယူလို႔မရတဲ့အရာေတြ အမ်ားႀကီးရိွတယ္..."
"ဒါေပမဲ့...ကိုထက္နဲ႔ဆိုရင္ေတာ့..."
"ေကာင္ေလးက မဆိုးပါဘူး..စိတ္ထားေလးကေကာင္းရွာပါတယ္..မိသားစုအသိုင္းအ၀န္းကလည္း..အဆင္ေျပတယ္..အိမ္ေထာက္ဖက္ကို
ေရြးတဲ့အခါမွာ ကိုယ္နဲ႔တန္းတူတဲ့လူမ်ိဳးကို ေရြးခ်ယ္ရတယ္..မဟုတ္ရင္..မလိုလားအပ္တဲ့ျပႆနာေတြ ျဖစ္လာႏိုင္တယ္..."
"ျပႆနာ...ဘယ္လိုျပႆနာမ်ိဳးလဲ..."
"အရိပ္ရဲ့အေဒၚ..ေမဦးနဲ႔သီဟတို႔လို..
ျပႆနာမ်ိဳးေပါ့...ၿပီးေတာ့အရိပ္ရဲ့မိဘေတြလိုမ်ိဳး
...အဖြားကေလာဘမႀကီးပါဘူး..
အရမ္းခ်မ္းသာစရာမလိုဘူး..ဒါေပမဲ့
ေနာက္ခံအသိုင္းအ၀န္းကအဆင့္အတန္းတစ္ခုမွာ ရိွေနရမယ္...ၿပီးေတာ့အရိပ္ေလးအေပၚမွာ
ေမတၲာစစ္မွန္ရမယ္..."
"ကဲ...ဒီေျမးအဖြားႏွစ္ေယာက္စကားေတြ
တယ္မ်ားေနၾကပါလား...ထမင္းစားဖို႔အခ်ိန္ေရာက္ၿပီေလ.."
"အန္တီတင့္...သမီးခရီးပန္းလာလို႔..နားလိုက္အံုးမယ္ေနာ္...ဖြားညို..သမီးသြားနားလိုက္အံုးမယ္ေနာ္.."
အခန္းထဲသို႔ အန္တီတင့္၀င္လာတာႏွင့္ ပံုရိပ္လည္းအခန္းအျပင္သို႔ ထြက္လာလိုက္သည္။
အေပၚထပ္သို႔ တက္လာေနေသာလမ္းတစ္ေလ်ွာက္မွာလည္း စိတ္ညစ္စရာအေတြးေပါင္းမ်ားစြာသာ ေခါင္းထဲသို႔ေရာက္၍လာေလသည္။
"လက္ထက္ရမယ္...မိသားစုတဲ့.."
ဒီစကားႏွစ္လံုးကိုပဲ ထပ္ခါထပ္ခါၾကားလိုက္ရေပမဲ့ ကိုယ္မခ်စ္တဲ့လူနဲ႔လက္ထက္လိုက္ရရင္
ဘယ္လိုလုပ္ၿပီးေပ်ာ္ရႊင္ႏိုင္ေတာ့မွာပဲ။
ကိုယ္မလိုခ်င္တဲ့ မိသားစုဆိုရင္ ဘယ္လိုေနြးေထြးေတာ့မွာလဲ...?
🌹🌹🌹🌹🌹🌹🌹🌹🌹
"ေနမ်ိဳးေရ...ျပန္လာၿပီလား...ငါတို႔နဲ႔
တစ္ပဲြတစ္လမ္းေလာက္..၀င္ႏႊဲပါအံုးလား.."
ဂိုေထာင္မွာ ပစၥည္းေတြသြားစစ္ၿပီးျပန္လာေတာ့
ကိုေဗ်ာႀကီးတို႔အဖဲြ႔က၀ရန္တာ၌
ပုလင္းေထာင္ေနၾကေလၿပီ အိက်ႌက်ယ္သီးေတြကို ျဖဳတ္ေနရာမွ လက္ကာျပလိုက္ၿပီး ေရခ်ိဳးခန္းထဲသို႔သာ ၀င္လာခဲ့လိုက္သည္ ။
ပံုမွန္ဆိုရင္ ေရခ်ိဳးၿပီးတိုင္းစိတ္ေတြ ၾကည္လင္သြားရေပမဲ့ ယခုေတာ့စိတ္ေတြေလးလံေနေလသည္။
အခန္းထဲသို႔ ျပန္၀င္လာေတာ့ဂစ္တာေခါက္သံေတြကိုၾကားလိုက္ရ၍ သူလည္းတစ္ေယာက္တည္း
မျဖစ္ခ်င္တာနဲ႔ ၀ရံတာသို႔သြားကာ ကိုေဗ်ာႀကီးတို႔အဖဲြ႔ထဲမွာ ၀င္၍ထိုင္လိုက္သည္။
"ေနမ်ိဳးရာ..မင္းကိုၾကၫ့္ရတာအားမရလိုက္တာ...မင္းဘာျဖစ္ေနတာလဲ..."
"ဘာမွမျဖစ္ပါဘူးဗ်ာ...ဒီအတိုင္းပါပဲ..."
"ဘာကိုဒီအတိုင္းပဲလည္း..အခ်င္းခ်င္းေတြပဲကြာ
..ရင္ဖြင့္လိုက္စမ္းပါ..."
"ကၽြန္ေတာ့္ကိစၥက..ရင္ဖြင့္တိုင္းေျဖရွင္းလို႔ရမွာ မဟုတ္ဘူးဗ်..."
"ဒါေပမဲ့လည္း...နည္းနည္းေတာ့သက္သာသြားမွာေပါ့ကြာ..ငါတို႔လည္းဝိုင္းစဉ္းစားေပးမွာေပါ့.
..တကယ္လို႔ဒီအတိုင္းရင္မဖြင့္ခ်င္ရင္..
ေရာ့..ဒီတစ္ခြက္ေသာက္လိုက္.."
သူ႔အေရ႔ွသို႔ ဘီယာခြက္ကိုလာခ်ေပးေနေသာေၾကာင့္ သူစိုက္ၾကၫ့္လိုက္မိသည္။
သူဟာ ဘုန္းႀကီးေက်ာင္းသားတစ္ေယာက္ျဖစ္တဲ့အတြက္ သီလလံုေအာင္ထိန္းတဲ့အေနနဲ႔ အရက္ကိုသူလံုး၀ေရွာင္ရွားခဲ့သည္။
ဒါေပမဲ့ ဒီေန့မွာေတာ့ ဒုတိယအႀကိမ္အျဖစ္
ဒီျပင္းရွရွအရသာကို သူ႔လည္ေခ်ာင္းထဲသို႔
စီးဆင္းေစလိုက္မိေလသည္။
ဘီးယာတစ္ခြက္လံုးကို သူေမာ့ခ်ပစ္လိုက္ၿပီးေနာက္ ေနရာမွာတင္ဟန္ခ်က္ပ်က္ၿပီး
ေခါင္းငိုက္ဆိုက္ၾကသြားေလသည္။
"ေနႀကီး..ေဟ့ေကာင္..မင္းအဆင္ေျပရဲ့လား.."
"သြားမေမးနဲ႔ကိုေဗ်ာႀကီးေရ..ဒီေကာင္က
အရက္ဒဏ္ကိုခံႏိုင္တာမဟုတ္ဘူး..
ၾကၫ့္ပါအံုး..တစ္ဗူးေသာက္ရံုနဲ႔ေမွာက္ၿပီ..."
"ေနၾကစမ္းပါကြာ...ေနႀကီး..ေဟ့ေကာင္..
မင္းအဆင္ေျပရဲ့လား..."
"ကၽြန္ေတာ္အဆင္ေျပပါတယ္..."
ကိုေဗ်ာႀကီးက ပခံုးကိုကိုင္လႈပ္လိုက္ေသာေၾကာင့္ ေခါင္းကိုျပန္ေမာ့လိုက္ၿပီး
အဆင္ေျပၾကောင္းျပန္ေျဖလိုက္သည္။
"အဆင္ေျပတယ္သာ..ေျပာေနတာ..
မင္းရဲ့မ်က္လံုးထဲမွာ မ်က္ရည္ေတြနဲ႔.."
"ဟာ..ဒီေကာင္..တကယ္ငိုေနတာပဲ..."
ကိုေဗ်ာႀကီးအပါအ၀င္ ဝိုင္းဖဲြ႔ထိုင္ေနေသာ
လူအားလံုးသည္ ေနမ်ိဳးကိုသာဝိုင္းၾကၫ့္ကုန္ၾကေတာ့သည္။
ေနမ်ိဳးသည္ ေခါင္းကိုေမာ့လ်ွက္ ေကာင္းကင္ႀကီးကို ၾကၫ့္ ေနရင္းႏွင့္ ပါးျပင္ေပၚမွာလည္း
မ်က္ရည္ေတြ စီးက်လာသည္။
"ေနႀကီး..မင္းဘာလို႔ငိုေနတာလဲ..."
"ကၽြန္ေတာ့္ဘ၀ကို...ကၽြန္ေတာ္ရင္နာလြန္းလို႔ငိုမိတာပါ.."
"မင္း..ငါတို႔ကို..မင္းရဲ့အေၾကာင္းေတြတစ္ခါမွ
မေျပာဖူးဘူးေနာ္...မင္းရင္ဖြင့္ခ်င္ရင္..
ငါတို႔အားလံုးကို ရင္ဖြင့္လို႔ရပါတယ္ကြာ..."
ေနမ်ိဳးသည္ သူတစ္ပါးကိုသာကူညီတတ္ေပမဲ့
သူ႔အေရးကိစၥဆိုလ်ွင္ေတာ့ သူတစ္ေယာက္တည္းသာ ေျဖရွင္းတတ္သည္။
အေဆာင္မွာေနေသာ ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ားသည္ စိတ္အဆင္မေျပတိုင္း တစ္ေယာက္အေၾကာင္းတစ္ေယာက္ရင္ဖြင့္ တတ္ၾကေပမဲ့
ေနမ်ိဳးကေတာ့ မတူေပ။
အခုအခ်ိန္အထိ သူဟာမိဘမဲ့တစ္ေကာင္ႂကြက္သမား ဆိုတာကလဲြၿပီး သူတို႔အားလံုးသည္
ေနမ်ိဳး၏အေၾကာင္းကိုလံုး၀ မသိၾကေပ။
အၿမဲတမ္းစိတ္ဓာတ္သန္မာၿပီး လက္ေအာက္ငယ္သားေတြကိုသာ ေဖးမေလ့ရိွတဲ့သူလိုလူတစ္ေယာက္က ဒီလို၀မ္းပန္းတနည္း
ငိုေနတာကို ျမင္ရတာသူတို႔အတြက္ပထမဆံုးပါပဲ။
"ကၽြန္ေတာ့္က..မိဘမရိွ၊ညီအစ္ကိုေမာင္ႏွမမရိွ၊ေဆြမ်ိဳးသားခ်င္းမရိွတဲ့...
တစ္ေကာင္ႂကြက္တစ္ေယာက္.."
ေျပာရင္းႏွင့္ မ်က္ရည္ေတြက်လာေသာေၾကာင့္ ဘီယာကိုထပ္ေမာ့ခ်လိုက္ၿပီး
မ်က္ရည္ေတြကို ၾကမ္းတမ္းစြာသုတ္ပစ္လိုက္သည္။
"ကၽြန္ေတာ့္မွာအိမ္ဆိုတာမရိွဘူး...
ခင္ဗ်ားတို႔လိုျပန္စရာမိသားစုဆိုတာမရိွဘူး...
သီတင္းကၽြတ္ေရာက္ေရာက္၊
တန္ေဆာင္တိုင္ေရာက္ေရာက္...
ခင္ဗ်ားတို႔လိုမိဘေတြဆီကို
သြားၿပီးကန္ေတာ့ခြင့္မရိွဘူး...
ကၽြန္ေတာ့္အတြက္..ကၽြန္ေတာ္ကိုယ္တိုင္ပဲရိွတယ္..
ကၽြန္ေတာ္သူ႔ဆီကို ေရာက္ေအာင္လာခဲ့မယ္လို႔
ဂတိေပးထားေပမဲ့...ကၽြန္ေတာ္အဲ့ဂတိကိုတည္ႏိုင္မယ္မထင္ဘူး..."
ေျပာရင္းႏွင့္ ငိုေနေသာေနမ်ိဳးကိုသနားမိတာေၾကာင့္ ကိုေဗ်ာႀကီးတို႔အုပ္စုလည္း မ်က္ႏွာေတြ
မေကာင္းၾကေတာ့ေပ။
ေနမ်ိဳးကေတာ့ ၀ရန္တာကိုလက္ေထာက္
လ်ွက္ ေကာင္းကင္ႀကီးကိုသာေမာ့ၾကၫ့္ေနမိေလသည္။
သူ႔မ်က္၀န္းေတြဟာ ေမွးက်ဉ္းေနၿပီး
မ်က္ရည္တို႔ အဆင္မျပတ္က်ဆင္းေနေသာေၾကာင့္ နီရဲ၍ေနေလသည္။
မ်က္ခမ္းစပ္ေတြ က်ိန္းစပ္လာေသာေၾကာင့္
မ်က္လံုးေတြကို မိွတ္ခ်လိုက္မိေသာအခါ
သူ႔ငယ္ဘ၀၏ အျဖစ္အပ်က္မ်ားသည္
တရိပ္ရိပ္ ေပၚေပါက္လာခဲ့ေလသည္။
ရုပ္ရွင္တစ္ကားကို အေနာက္သို႔ျပန္၍ရစ္ေနသကဲ့သို႔ အတိတ္မွတ္ဉာဏ္ေတြကိုျပန္ေခၚေနမိေလသည္။
ဘီယာအရိွန္ကိုလည္းမခံႏိုင္ေတာ့သည္မို႔
ထိုင္ခ်လိုက္မိၿပီး ေဘးမွာလွဲခ်လိုက္သည္။
"တစ္ခါတုန္းက ရပ္ကြက္ေလးတစ္ခုထဲမွာ
ေကာင္ေလးတစ္ေယာက္က ေမြးစားမိဘေတြနဲ႔အတူေနထိုင္ခဲ့တယ္...ေမြးစားမိဘေတြကလည္း..
အလုပ္နဲ႔လက္နဲ႔မပ်က္သူေတြမို႔..
ေကာင္ေလးက ေဈးႏြားေလးအျဖစ္နဲ႔ႀကီးျပင္းလာခဲ့ရတယ္..လမ္းထဲမွာညစ္ႏြမ္းေနတဲ့အ၀တ္အစားေလးနဲ႔ေလ်ွာက္သြားေနခဲ့ရၿပီး အျမင္မေတာ္လို႔
ေတြ့တဲ့သူကေရခ်ိဳးေပး၊
အစားအစာစြန႔္က်ဲေပးတဲ့ဘ၀နဲ႔ရွင္သန္ခဲ့ရတယ္..
..................
အျခားကေလးေတြနဲ႔
ေဆာ့ကစားခ်င္လို႔ ၀င္ေရာမိတဲ့အခါ..
စုတ္ျပတ္ေပေရေနလို႔ သူတို႔သားသမီးေတြနဲ႔
အေဆာ့မခံခ်င္တဲ့အခါ မိဘေတြက..
သူတို႔ကေလးေတြကို ၿခံထဲအတင္း၀င္ခိုင္းၾကၿပီး...
အဲ့ဒီ့မိဘမဲ့ေလးကိုေတာ့..အေလအလႊင့္ေလးလို႔ ေမာင္းထုတ္တတ္ၾကတယ္...
သူမ်ားအိမ္ရဲ့ ၿခံ၀ေလးေရ႔ွမွာရပ္ၿပီး ေမ်ွာ္ၾကၫ့္ခဲ့ရတယ္..ကိုယ္နဲ႔မသက္ဆိုင္တဲ့ အိမ္ထဲကို၀င္သြားမိရင္ ဆဲြထုတ္ခံရမယ္ဆိုတာကို သိေနခဲ့လို႔ေပါ့...
..….................
ေအာ္ငိုေပမဲ့ လာေခ်ာ့မဲ့လူမရိွဘူး..
အိမ္ျပန္တဲ့အခါ..တစ္ေနကုန္အလုပ္လုပ္ေနၾကရလို႔
ေမြးစားမိဘေတြက အိမ္မွာမရိွၾကဘူး..
ညေနေစာင္းေလာက္အထိ သံုးႏွစ္အရြယ္ကေလးေလးက အိမ္မွာတစ္ေယာက္တည္းရယ္...
..........
လမ္းေဘးက ေခြးေလးေတြရဲ့မိခင္က
သူတို႔သားေပါက္ေလးေတြကို ထိရင္
စိတ္ဆိုးမာန္ဆိုးနဲ႔ ျပန္ကိုက္ၿပီးကာကြယ္ေပးတာကိုေတြ့ရေတာ့ သူမ်ားေတြအႏိုင္က်င့္တိုင္း
သူ႔ရဲ့မိခင္ကို ေရာက္လာမလားဆိုတဲ့
ေမ်ွာ္လင့္ခ်က္နဲ႔တမ္းတမိခဲ့ဖူးတယ္...
အဲ့ဒီ့ကေလးေလးက
ဘာေၾကာင့္ ဒီလိုအျပစ္ေတြကိုခံစားေနရတာလဲ.
.သူဘာမွားခဲ့လို႔လဲ..
သူကဘာေၾကာင့္ အျခားကေလးေတြလို
မိခင္ေမတၲာကို အျပၫ့္အ၀မခံစားရတာလဲ...
မိဘအရင္းေတြက ဘာေၾကာင့္မ်ား
ကေလးတစ္ေယာက္ကို လူ႔ေလာကထဲကိုေခၚလာခဲ့ၿပီး ဒီလိုဒုကၡေတြကို ခံစားရေစတာလဲ...
မလိုခ်င္ရင္ အစထဲကအသက္ရွင္ခြင့္မေပးၾကပါနဲ႔လား...
သူတို႔ကိုယ္တိုင္ ေခၚေဆာင္လာခဲ့ၿပီးမွ
အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔စြန႔္ပစ္ရက္ၾကတယ္..
.…............
ေက်ာင္းတက္ေတာ့လဲ...အတူထိုင္တဲ့အတန္းေဖာ္ရဲ့ ကြန္ပါဘူးေပ်ာက္သြားခဲ့တာကို
တစ္တန္းတည္းထိုင္တာနဲ႔ပဲ အဲ့ကေလးယူတယ္
ျဖစ္သြားေရာလား...
အတန္းသားတစ္ေယာက္က
လက္ၫွိုးထိုးလိုက္တာနဲ႔
ဆရာမအပါအ၀င္လူတိုင္းက သူခိုးလို႔စြပ္စဲြၾကတယ္...
အတန္းသားေတြအားလံုးေရ႔ွမွာ...ပစၥည္းကိုခိုးရင္၀န္ခံဆိုၿပီး...အရိုက္ခံခဲ့ရတဲ့..
အရွက္တရားဟာ..
ေသရာပါတဲ့အထိကိုနာတယ္ဗ်ာ...
ဘ၀မွာအရွက္ရဆံုးအခ်ိန္တစ္ခုပဲ...
ဆရာမကမိဘကို ေခၚခိုင္းလို႔ေမြးစားအေဖ
သိျပန္ေတာ့လည္း...ေက်ာင္းသားေက်ာင္းသူေတြအားလံုးေရ႔ွမွာ...ကၽြန္ေတာ့္ပါးကိုရိုက္ခဲ့တယ္..
အားလံုးကသနားတဲ့စိတ္လံုး၀မရိွခဲ့ၾကဘူး
ကိုယ္နဲ႔တန္တာကိုယ္ျပန္ရတာဆိုတဲ့
အၾကၫ့္ေတြကို လူးလိွမ့္ေနေအာင္ ခံခဲ့ရတယ္...
ကၽြန္ေတာ့ဘ၀ကအၿမဲတမ္းနိမ့္က်ခဲ့သလို
ပတ္၀န္းက်င္ကပါ ႏိွမ္ထားခဲ့ေတာ့..
ကၽြန္ေတာ္က သူမ်ားအႏိုင္က်င့္လို႔
သိပ္ေကာင္းတဲ့ ကေလးတစ္ေယာက္ျဖစ္ခဲ့တယ္..
လူတိုင္းက ဘယ္လိုပဲအႏိုင္က်င့္ပါေစ..
ကၽြန္ေတာ္ျပန္မလုပ္ရဲဘူး..."
"ဘာလို႔လဲကြ..ငါတို႔ဆိုရင္...ငယ္ငယ္ကရန္ျဖစ္တိုင္း
သူေသကိုယ္ေသပဲ..နပန္းႀကီးဖက္လံုးပစ္တာ..."
ကိုယ္ေဗ်ာႀကီးက အားရပါးရႏွင့္ သူ႔အေၾကာင္းကိုႂကြားေနေပနဲ႔ ေနမ်ိဳးကေတာ့မရယ္မိေပ။
သူ႔ရဲ့ ဘ၀ကကိုေဗ်ာႀကီးတို႔လို အားရစရာတစ္စက္မွ မရိွခဲ့ေသာေၾကာင့္ျဖစ္သည္။
"..ဘာေၾကာင့္လဲဆိုရင္ ကၽြန္ေတာ္ေနာက္မွာ
ဘယ္သူမွ ရိွမေနလို႔ပဲ..ကၽြန္ေတာ့္ေခါင္းထဲမွာ
အၿမဲရိုက္သြင္းခံထားရတဲ့ အေတြးတစ္ခုရိွတယ္..
အဲ့ဒါက..ကၽြန္ေတာ္ဟာအျခားကေလးေတြထက္
တစ္ဆင့္နိမ့္တယ္ဆိုတာပဲ...
အႏိုင္လာက်င့္တဲ့လူေတြကို ျပန္ၿပီးရင္ဆိုင္မိလို႔
အမွားတစ္ခုခုလုပ္လိုက္မိရင္...ကၽြန္ေတာ့္ကို
ကာကြယ္ေပးမဲ့ မိသားစုဆိုတာမရိွေတာ့..
ဘယ္လိုေနေန ကၽြန္ေတာ္ဟာ..မွားတဲ့ဘက္က
လူတစ္ေယာက္ျဖစ္ေနမွာပါပဲ....
.................
ကၽြန္ေတာ့္ဘ၀မွာဒီလို အႏိုင္က်င့္ခံရတာေတြ
တစ္ခန္းရပ္သြားၿပီလို႔ ထင္မိတဲ့အခ်ိန္ကေတာ့..ေမြးစားအေဖရဲ့ေဆြမ်ိဳးေတြရိွတဲ့...
ရြာေလးတစ္ရြာကို ျပန္ေရာက္တဲ့အခ်ိန္ပါပဲ..
ေကာင္မေလးတစ္ေယာက္နဲ႔ေတြ့ခဲ့တယ္..
သူကသိပ္လွၿပီးသိပ္ႏူးညံ့တယ္...
အျခားသူေတြနဲ႔မတူပဲ သူကကၽြန္ေတာ့္အေပၚမွာ အရမ္းေကာင္းတယ္လို႔ ခံစားရတယ္..
ကၽြန္ေတာ္သူ႔အေပၚကို တြယ္တာမိတယ္
သူသာကၽြန္ေတာ့္မိသားစု၀င္ျဖစ္ရင္ေကာင္းမယ္လို႔
ေတြးခဲ့ဖူးတယ္...
ဒါေပမဲ့ ကၽြန္ေတာ္နဲ႔သူေဝးကြာခဲ့ရတာပါပဲ..
ကံေကာင္းခ်င္ေတာ့ ရန္ကုန္မွာသူနဲ႔ျပန္ဆံုခြင့္ရခဲ့တယ္..ျဖဴစင္တဲ့ေမတၲာေတြေနရာမွာ..
အေရာင္ကာလာေလးေတြေရာေနွာၿပီး
ကၽြန္ေတာ္သူ႔ကိုသိပ္ခ်စ္ခဲ့တယ္..
ေန့ဘက္မွာ ေက်ာင္းတက္ၿပီးညဘက္မွာ
စာျပလို႔ရတဲ့ ပိုက္ဆံေတြကိုစုၿပီး သူလိုအပ္တာေတြကို ျဖၫ့္ဆည္းေပးခဲ့ေပမဲ့...
မလံုေလာက္ခဲ့ဘူးထင္ပါရဲ့..
ၿပိဳင္ကားစီးႏိုင္တဲ့ေကာင္ေနာက္ကို...
ေကာက္ေကာက္ပါေအာင္လိုက္သြားေတာ့တာပဲ
...သူ႔ကိုေတြ့ခ်င္လို႔မိုးႀကီး၊ေလႀကီးထဲမွာ
အေျပးလာခဲ့ရတာေတြ...သူစိတ္ေက်နပ္ေအာင္၊
သူေပ်ာ္ေအာင္ လုပ္ေပးခဲ့ရတာေတြအားလံုးက ဟာသတစ္ခုလိုပါပဲဗ်ာ..."
"မင္းရဲ့အတိတ္ကို နားေထာင္ရတာကလဲကြာ...ဘုန္းႀကီးပ်ံလြန္ေတာ္မူလို႔..
ေအးရင္က်ူးတာထက္ေတာင္ ၀မ္းနည္းဖို႔ေကာင္းေသးတယ္...ငါ့ညီရာ..မင္းဘ၀မွာ
မေကာင္းတဲ့လူေတြနဲ႔ဆံုခဲ့ရရင္ေတာင္
အခုကိုႀကီးတို႔ေတြက မင္းအေပၚကိုေကာင္းေပးမွာမို႔..မင္းစိတ္ဓာတ္မက်ပါနဲ႔ကြာ..."
"အခုလိုေျပာေပးလို႔ ေက်းဇူးတင္ပါတယ္.."
"ရပါတယ္ကြာ..ငါဘုရားရိွခိုးတိုင္း..
မင္းဆီကိုစစ္မွန္တဲ့ေနြးေထြးမႈမ်ိဳးေပးႏိုင္တဲ့
အမ်ိဳးသမီးေလးတစ္ေယာက္ေရာက္လာပါေစလို႔ ဆုေတာင္းေပးပါ့မယ္...
ၿပီးေတာ့...မင္းလိုခ်င္တဲ့မိသားစုဘ၀မ်ိဳးေလးကို အျမန္ဆံုးရရိွပါေစလို႔ ဆုေတာင္းေပးပါ့မယ္...."
"ကိုေဗ်ာႀကီးကလည္း..မိသားစုဆိုတာမိန္းကေလးတစ္ေယာက္ေရာက္လာတာနဲ႔မဆိုင္ပါဘူးဗ်ာ
ကၽြန္ေတာ္တို႔အခ်င္းခ်င္းလည္း တစ္ေယာက္အေပၚတစ္ေယာက္ ေဖးမေပးၿပီး၊စာနာ..နားလည္ႏိုင္ရင္..
မိသားစုပါပဲ..."
"ဒါေပမဲ့...မတူဘူးေလ..ပိုင္ႀကီးရ...ငါတို႔ေတြက
ေတြ့တုန္းမွာသာေကာင္းႏိုင္ၾကေပမဲ့..
အခ်ိန္တန္ရင္ ကိုယ့္မိသားစုဆီကိုကိုယ္ျပန္ၾကရမွာေလ...အဲ့ၾကရင္မင္းကေရာသူနဲ႔တစ္သက္လံုး
အတူေနေပးခဲ့မွာမို႔လို႔လား...
မိန္းကေလးတစ္ေယာက္ကသာ...ေျပာရရင္ကြာ
သူယူမဲ့ သူ႔မိန္းမျဖစ္လာမဲ့သူကသာ..
ေဆးေပးမီးယူအျဖစ္...သူနဲ႔အတူတစ္သက္လံုး
အတူရိွေနေပးႏိုင္မွာ...
ေနႀကီးေရ...မင္းတကယ္ခ်စ္တဲ့လူကိုေတြ့ရင္
မင္းကိုလည္း သူ႔ဘက္ကတကယ္ခ်စ္တယ္လို႔
ခံစားရင္ လက္လႊတ္မခံပါနဲ႔ကြာ...ေနာ္...
ေတြေဝမႈလည္း မျဖစ္ပါနဲ႔...မင္းက
ေဆြမ်ိဳးသားခ်င္းမရိွတာကလဲြရင္...အရည္အခ်င္းရိွတဲ့ လူတစ္ေယာက္ပါကြာ...အားမငယ္ပါနဲ႔..."
ကိုေဗ်ာႀကီး၏ အားေပးစကားေၾကာင့္ မနက္ပိုင္းကမွ သူ႔အတြက္ခြန္အားျဖစ္ေစခဲ့ေသာ စကားသံေလးကို ျပန္ၾကားေယာင္ေနမိေလသည္။
"ဆရာ့ကိုသူမ်ားအႏိုင္က်င့္တိုင္း
ၿငိမ္ခံမေနပါနဲ႔ေနာ္...ဆရာ့အေနာက္မွာပံုရိပ္
တစ္ေယာက္လံုးရိွတယ္ဆိုတာ သိထားပါေနာ္..."
ထိုစကားေလးကို ျပန္ၾကားေယာင္ရင္းႏွင့္
ငိုေနရာမွ သူႃပံုးလိုက္မိသည္။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
(သူတစ္ပါးရဲ့ ဘ၀ေတြကိုၿမွင့္တင္ေပးေလ့ရိွတဲ့လူငယ္ေလးတစ္ေယာက္ရဲ့ သိပ္ကို
သနားစရာေကာင္းတဲ့ ဇာတ္လမ္းေလးတစ္ပုဒ္ပါ
ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
အထူးေက်းဇူးတင္ရိွပါတယ္
No comments:
Post a Comment