🔥🌹ဆူးကြိုး(အခန်း၆၂)🔥

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥🌹ဆူးကြိုး(အခန်း၆၂)🔥


ပုံရိပ်တို့ ဟော်တယ်သို့ပြန်ရောက်တော့ညဆယ်နာရီထိုးနေလေပြီ။

ညဘက်မှာအချမ်းကပိုပြီး ရာသီဥတုကအရမ်းအေးလာတာကြောင့် ပုံရိပ်၏မျက်နှာတစ်ခုလုံးက

ရဲတောက်နေလေသည်။

ဆိုင်ကယ်စီးရင်းနှင့် လေအေးတွေအတိုက်ခံရတော့

နှာခေါင်းက လုံး၀မရတော့ပဲ တစ်ချိန်လုံးနှာချေပြီး

နှာစေးလေတော့သည်။


"အမလေး...အခုမှပဲနေသာထိုင်သာရှိတော့တယ်.."


အိမိုးသော်သည်လည်း ပင်ပန်းသွားသည်ထင်ပါရဲ့

ဟော်တယ်အခန်းထဲသို့ရောက်သည်နှင့်

ကုတင်ပေါ်သို့ခြေပစ်လက်ပစ်လှဲချလိုက်တော့သည်။

ပုံရိပ်တို့လည်း ပင်ပန်းနေလေပြီ။

အများကြီးပျော်ခဲ့ရတယ်ဆိုပေမဲ့ လူတွေတိုးရတာကြောင့် ခန္ဓာကိုယ်တွေလည်း နုံးချိနေလေပြီ။


"ဒါနဲ့ပုံရိပ်...နင်နဲ့ဒီနေ့ညပွဲခင်းထဲမှာရန်ဖြစ်တဲ့

လူက..မနက်ကတင် ကိုနေမျိုးကိုရန်လာလုပ်တဲ့

လူမဟုတ်လား...ညဘက်ဆိုတော့

 ငါကအခြားတစ်ယောက်လို့် ထင်လိုက်သေးတာ

နင်ကဘာလို့သူ့ကို အဲ့လိုသွားပြောရတာလဲ..

အဲ့လူနင့်ကို တအားဒေါသထွက်နေတာနော်..."


"ဟုတ်တယ်ပုံရိပ်..ငါလည်းအဲ့ဒါကိုသိချင်နေတာ

ငါတို့နင်နဲ့အတူ ပေါင်းလာတာကြာပြီ

နင်ဒီလောက် ဒေါသထွက်ပြီးကြိမ်းမောင်းတာကို

တွေ့ရတာ ဒါပထမဆုံးပဲ..နင်ဘာလို့အဲ့လူကို

ဒီလောက်အထိ ခါးခါးသီးသီးပြောပြစ်ရတာလဲ.."


သူငယ်ချင်းမနှစ်ယောက်လုံးက ကုတင်ပေါ်မှ

ထထိုင်ကာ စိတ်လိုလက်ရမေးလာတာကြောင့်

ပွဲဈေးထဲမှာဖြစ်ခဲ့တဲ့ ကိစ္စကိုပြန်တွေးလိုက်မိသည်။

ထပ်တွေးလေ ထပ်ပြီးဒေါသထွက်ရလေပါပဲ။

အထူးသဖြင့် သူတို့နှစ်ယောက်လုံးကြောင့်

ဆရာနာကျင်ခဲ့ရမှာပဲဆိုတဲ့ အတွေးကပုံရိပ်ကို

သိပ်၀မ်းနည်းစေတယ်။


 ဆရာနာကျင်နေခဲ့ရတဲ့အချိန်မှာ

ပုံရိပ်ရှိနေမပေးခဲ့နိုင်တဲ့ ကိစ္စကြောင့်ပိုပြီး

စိတ်ထိခိုက်ရတယ်။

ဆရာက မေတ္တာတရားကိုအဓိကလိုအပ်နေတဲ့

အချိန်မှာ သူတို့ကဒဏ်‌ရာတွေပဲပေးခဲ့ကြတယ်။

ဆရာ့ကို အကြောင်းအရာအားလုံး

မေးလိုက်ချင်ပေမဲ့ ထပ်ပြီးပြန်တွေးမိပြီး

၀မ်းနည်းအောင်လုပ်မိမှာလည်း စိုးရိမ်မိတယ်။


ပုံရိပ်ဆရာ့ကို နားလည်နိုင်ပါတယ်။

ဆရာဟာ မိန်းမတစ်ယောက်ကို

ဘ၀ကြီးပုံပေးရလောက်အောင် ချစ်ခဲ့မိပေမဲ့ သစ္စာဖောက်ခံလိုက်ရတယ်။

ဒီဝေဒနာကိုလည်း သူလွယ်လွယ်မေ့နိုင်မယ်

မထင်ပေ။


ဆရာသာ အစွဲအလမ်းကြီးတဲ့လူဆိုရင်

အဲ့ဒီ့စွဲလမ်းမှုကို ချွတ်ဖို့အချိန်ယူရမှာ သေချာတယ်။

ဆရာ့အနေနဲ့ အခြားလူတစ်ယောက်ကို

ချစ်ကြောင်း၀န်ခံဖို့ကို သူ့ရဲ့အတိတ်ဖြစ်ရပ်က

ကာစီးနေတာများလား။

ဒါဆိုရင်တော့ ပုံရိပ်စောင့်ပေးနိုင်ပါတယ်။

ပုံရိပ်ဆီကို ဆရာကိုယ်တိုင် လှမ်းလာမဲ့နေ့၊

၀န်ခံလာမဲ့နေ့အထိ ပုံရိပ်စောင့်နေပါ့မယ်။


"ဟဲ့...မိပုံရိပ်...နင်ဘာတွေတွေးနေတာလဲ

ငါတို့မေးတာလည်း ဖြေအုံးလေ..."


"ဒီလိုပါပဲဟာ...အဲ့လူကငါ့‌အနောက်မှာနေပြီး

ဆရာ့မကောင်းကြောင်းကို ပြောနေလို့

ငါလည်းဒေါသထွက်ပြီး ပြောပြစ်လိုက်မိတာပါ..."


"အေး...နင်ဒေါသထွက်တာလည်း ကြည့်ထွက်နော်..

နင်ကအခုမှဆယ်ကျော်သက်ပဲရှိသေးတယ်..

ဟိုလူ့ကိုကြည့်ရတာ တော်တော်ပေါက်ကွဲနေတဲ့ပုံပဲ

တို့အဖွဲ့ကယောက်ျားလေးတွေကို ကြောက်လို့သာပြန်ပြေးသွားပေမဲ့...နင့်ကိုမကျေနပ်လို့တစ်ခုခု

ပြန်တုန့်ပြန်ရင်ဘယ်လိုလုပ်မလဲ...

နစ်နာစရာရှိရင် နင်ပဲနစ်နာမှာနော်..."


"အဟင်း...သူ့အဆင့်နဲ့ငါ့ကိုနစ်နာအောင်လုပ်နိုင်မယ်လို့ ထင်လား.."


နှုတ်ခမ်းကိုမဲ့ချလိုက်ပြီး မွေ့ယာပေါ်သို့လှဲချလိုက်သည်။သူငယ်ချင်းတွေကိုတော့

တကယ်နစ်နာအောင် လုပ်နိုင်တဲ့လူကဘယ်သူဆိုတာကိုမပြောတော့‌ဘူးဟု တွေးလိုက်သည်။


"ပုံရိပ်...ငါနောက်တစ်ခုမေးချင်သေးတယ်...

ဒါကိုတော့ နင်မဖြေလို့မရဘူးနော်..."


ပိုးအိမက ပုံရိပ်အိပ်နေသောဘေးနားမှာ

မှောက်လျှက်လှဲရင်းမေးထောက်ကာ ပုံရိပ်ကို

စူးစမ်းသလို ကြည့်လေ‌သည်။သူ့မျက်နှာကလည်း

ပြုံးစိစိဖြစ်နေကာ တစ်ခုခုကို သေချာသိထား၍

ပုလိပ်စစ်စစ်တော့မလို ပုံပေါက်နေလေသည်။


"ပိုးအိ..နင်ငါ့ကိုဘာလို့အဲ့လိုကြည့်နေတာလဲ..."


ပုံရိပ်ကမလုံမလဲအမူအရာနှင့် မေးလိုက်တော့

ပိုးအိမသည် ပုံရိပ်၏နဖူးကိုအသာတောက်ပြီး

အားပါးတရထရယ်လိုက်လေသည်။

သူ့ရယ်သံ အာဗြဲကြီးကြောင့် အိမိုးသော်ကပါ

သူ့ကုတင်ပေါ်ကနေ ငုတ်တုတ်ထထိုင်ပြီး

ပုံရိပ်တို့ကုတင်ပေါ်သို့ ပြေးတက်လာလေတော့သည်။


"မိန်းမ...နင်ငါ့ကိုညာမယ်တော့မစဉ်းစားနဲ့နော်

ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်တာ..

နင်ငြင်းရင် သက်သေပြနိုင်အောင် ဓာတ်ပုံတောင်ရိုက်ထားသေးတယ်...."


"ဘာ...ဘာကိုလဲ..."


"အခုမှာ..."ဘာကိုလဲ.."ဟုတ်လား..ငါဆိုလိုချင်တာကို သိရဲ့သားနဲ့မသိခြင်ထောင် ထောင်မနေနဲ့နော်..."


"ဟဲ့..ပိုးအိ..နင်ကဘာတွေပြောနေတာလဲ...

ပုံရိပ်ကဘာလုပ်လို့လဲဟဲ့...

နင်ကရောဘာကိုမြင်ခဲ့တာလဲ..."


အိမိုးသော်၏ အလွန်အမင်းသိချင်နေသော

ဆန္ဒကြောင့် ပိုးအိသည်သူ့ဖုန်းကိုယူလိုက်ပြီး

ဓာတ်ပုံတွေကို ရှာနေလေတော့သည်။

ခဏအကြာမှာတော့ ပုံရိပ်တို့ဘက်သို့ဖုန်းကို

ထောင်ပြလျှက်...


"ဒီမှာလေ...ငါဘာမြင်ခဲ့လဲဆိုတာ..."


"ဟယ်...ပုံရိပ်..ဒါ...ဒါက...နင်တို့.."


ပိုးအိမ၏ဖုန်းထဲမှ ပုံကိုမြင်လိုက်သည်နှင့်

ပုံရိပ်၏မျက်လုံးတွေ ပြူးကျယ်ကုန်လေတော့သည်။

ပုံထဲတွင်မြင်နေရတာကတော့ ဆရာနေမျိုးက

ပုံရိပ်ကို ချီထားပြီးမီးပုံးပျံကြည့်နေသော

အနေအထားဖြစ်နေလေသည်။


ဒီစုံထောက်မကတော့ ဘယ်နေရာဖြစ်ဖြစ်

အမိအရကိုဓာတ်ပုံရိုက်တာပါလား။

အတင်းအကြပ်ဖိအားပေးခံရတော့မဲ့

အခြေအနေကြောင့် သထွေးကိုမျိုချလိုက်မိသည်။

ဒင်းတို့ မေးတဲ့မေးခွန်းတိုင်းကို ဖြေရမှာထက်

ဆယ်ပေါင်တူနှင့်သာ အထုခံလိုက်ချင်တယ်။


"ပုံရိပ်....သစ္စာဖောက်မ...ငါ့တို့စင်ဂယ်လ်တွေကို

သစ္စာဖောက်သွားတယ်ပေါ့လေ...

အံမယ်ဘယ်ပြေးမလို့လဲ...မပြေးနဲ့...."


ကုတင်ပေါ်မှ ထပြေးတော့မဲ့ပုံရိပ်ကို

အတင်းလက်ကနေပြန်ဆွဲပြီး ကုတင်ပေါ်သို့

ပက်လက်ပြန်လှန်ချရင်း နှစ်ယောက်သား

ဟိုဘက်ဒီဘက်ဝိုင်းဖိကာ

"နင်မဖြေရင်..သေမယ်ဆိုသည့်..."အကြည့်တွေ

ပို့လွှတ်နေကြလေသည်။


"ငါ...ငါတို့က..."


"အင်းပြော...ဒီမမကြီးတွေကသဘောထားကြီးကြီးနဲ့နားထောင်ပေးနေတယ်..."


"တကယ်တော့ ငါတို့နှစ်ယောက်ကနင်တို့

ထင်နေသလို မဟုတ်ပါဘူး..."


"အင့်ဟယ်.."


"အာ့နာတယ်ဟ..."


"သေပါစေ..‌အာလူးဘူးသီးထအောင်ကိုထုပြစ်မှာ.."


ပုံရိပ်၏နှဖူးကို လက်နဲ့တောက်ရုံနှင့်အားမရတော့ပဲ

လက်သီးဆုပ်နှင့်ပါ တစ်ယောက်တစ်ချက်ဝိုင်းထုကြလေသည်။


"ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တဲ့အပြင်

ဓာတ်ပုံသက်သေတွေပါ ရှိတာတောင်

ဗြောင်ငြင်းချင်သေးတယ်နော်...အစ်မကြီးရယ်...

မျက်နှာပြောင်တိုက်ရာမကျဘူးလား..ဟင်..

လူကြားထဲမှာ သိသိသာသာကြီးပွေ့ချီထားတာကို

တောင် နင်ကဘာမှမဟုတ်ကြသေးဘူးဆိုတော့

ဘယ်လိုအခြေအနေမျိူးက ဟုတ်နေတာလဲ..."


"ဟဲ့...ဒါကတော့..ငါကအရပ်ပုတာကို..မီးပုံပျံလွှတ်တာကို မမြင်ရမှာစိုးလို့သူက...."


"တော်ပြီ...မပုစိန်..ရှင်ဘာမှမပြောနဲ့တော့..

ကျွန်မတို့ပဲပြောမယ်...ရှင်ပြောသလိုဆိုရင်..

ကျွန်မတို့ကမပုဘူးပေါ့..."


"အေးလေ..ပိုးအိပြောတာမှန်တယ်...ငါတို့လည်း

အရပ်အဲ့လောက်မရှည်ပါဘူး...

ပွဲထဲမှာလူကြပ်ရတဲ့ကြားထဲ မမြင်ရလို့ခုန်ဆွခုန်ဆွဖြစ်နေတာတောင်..

အဟင်း...ဒီလိုချီမဲ့သူမရှိဘူး...

ဟိုကသဒ္ဒါတရားထက်သန်လို့

လက်အငှားလိုက်တယ်လို့ ဆင်ခြေလာမပေးနဲ့နော်...

ဘယ်အရာပဲဖြစ်ဖြစ်အကျိုးရှိမှအကြောင်းဖြစ်လာတာကြီးပဲ...သူနဲ့ဘာမှမဆိုင်တဲ့

မိန်းကလေးတစ်ယောက်ကိုတော့ အလကားနေလက်အညောင်းခံပြီးချီပေးမယ်မထင်ဘူး...."


တရားသဘောတွေပါ ပါလာပြီမို့ ဒီစုံထောက်မတွေ

၏လက်မှ ပြေး၍မလွတ်တော့ဘူးဆိုတာ

သိလိုက်ရသည်။ထို့ကြောင့်လည်း အမှန်အတိုင်းပဲ

ဖြေဖို့ ဆုံးဖြတ်လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ပုံရိပ်၏သူငယ်ချင်းတွေကိုတော့

ယုံကြည်သည်။သူတို့က ပျော်ပျော်နေတတ်ပေမဲ့

ပါးစပ်ဖွားသော သူတွေတော့မဟုတ်ကြပေ။

စတတ်နောက်တတ်ကြပေမဲ့ အချင်းချင်းအပေါ်မှာတော့ သစ္စာရှိကြသည်။


"ငါနင်တို့ကို အမှန်အတိုင်းပြောပါ့မယ်..."


"အေးနော်...တစ်လုံးတောင်အမှားမပါစေနဲ့.."


"အေးပါ...ကောင်မတွေရယ်..."


"ဟဲ...ဟဲ..."


ရယ်ကျဲကျဲလာလုပ်နေကြ၍ ဘေးနားက

ခေါင်းအုံးနှင့် နှစ်ယောက်လုံးကို ပစ်ပေါက်လိုက်တော့မှအနားသို့ပိုကပ်လာကြလေသည်။


"ပြော...နင်တို့နှစ်ယောက်ကဘယ်လိုကနေ

ဘယ်လိုဒီအခြေအနေအထိ ရောက်သွားကြတာလဲ...

မနက်ကလည်း နင့်တစ်ယောက်တည်းကိုပဲ

သူပထုတ်သွားတာနော်..."


"တကယ်တော့...ငါအရှေ့မှာပြောခဲ့သလိုပဲ

သူနဲ့ငါကဘာမှမဆိုင်သေးပါဘူး...

ငါတို့နှစ်ယောက်လုံးက တစ်ယောက်အပေါ်

တစ်ယောက် စမ်းသပ်နေကြတဲ့အဆင့်ပဲရှိပါသေးတယ်.."


"နင်စမ်းသပ်တာလည်း ကြည့်စမ်းသပ်ပါဟယ်...

တော်ကြာ မတော်တရော်တွေစမ်းမိမှ..."


"ကောင်မနင်နော်...ငါအဲ့လောက်မလွယ်ဘူးဟဲ့..."


"စတာပါအသဲရယ်..စိတ်မဆိုးပါနဲ့...

ဆက်ပြော‌ဆက်ပြော..."


သူငယ်ချင်းနှစ်ယောက်ကိုမျက်စောင်းထိုးလိုက်ပြီး

ပုံရိပ်လည်း ကိုယ့်ခံစားချင်တွေကိုရင်ဖွင့်မိတော့သည်။


"တကယ်တော့...ဆရာကငါ့ကိုအများကြီး

ကူညီပေးခဲ့ဖူးတယ်...ငါ့ကိုလမ်းမှားမရောက်အောင်လည်း ထောက်ပြသွန်သင်ပေးခဲ့တယ်..

ဆယ်တန်းအောင်ပြီးခါစအချိန်မှာ

ငါရန်ကုန်ကိုပြန်တော့...အခြားမိန်းမတစ်ယောက်နဲ့ ဆရာ့ကိုတွဲမြင်လိုက်ရတည်းက ငါ့ရင်ထဲမှာ

သ၀န်တိုစိတ်တွေ လှိုင်းထန်လာပြီး ခံစားချက်တွေပြောင်းလဲသွားခဲ့တာ..."


"ဒါဆိုရင် နင်သူ့ကိုတစ်ဖက်သတ်သဘောကျနေတာကြာပြီပေါ့..."


"ဟုတ်တယ်..."


"ငါတို့က နင့်ကိုအဲ့လောက်အစွဲအလမ်းကြီးမယ်လို့

မထင်ထားမိဘူး...နင်ကတော်တယ်...ထက်တယ်..

အမြဲကြိုးစားချင်စိတ်ပြည့်နှက်နေတဲ့လူဆိုတော့

အချစ်အကြောင်းတွေကို နင်လိုလူက

စိတ်မ၀င်စားဘူးလို့ ထင်ခဲ့တာ..."


"အေး...ငါ့လည်းငါ့ကိုယ်ငါပြန်ပြီးနားမလည်နိုင်လောက်အောင် သူ့အပေါ်တွယ်တာမိတာကို

အံ့ဩနေခဲ့တာ...တကယ်တော့လေ..

ငါသူ့ကိုစပြီးမချစ်မိခင်တည်းက..သူ့အပေါ်မှာ

မှီခိုအားထားလိုစိတ်တွေ ရှိနေခဲ့တာ...

သူရှိနေတဲ့ရပ်၀န်းကငါ့အတွက်

လုံခြုံနွေးထွေးနေသလိုပဲ...အခြားသူတွေစကားဆယ်ခွန်းလောက် လာပြောတာထက်...

ဆရာပြောတဲ့ စကားတစ်‌ခွန်းလောက်က..

ငါ့အတွက်..ပိုထိရောက်လေးနက်တဲ့အထိ...

ငါ့အပေါ်ကို သူကလွှမ်းမိုးနိုင်တယ်..."


"အဲ့လောက်တောင်ပဲလား...ယောက်ျားတစ်ယောက်ကနင့်အပေါ်ကိုအဲ့လောက်အထိ လွှမ်းမိုးနိုင်တာကို

ငါကတော့ ကောင်းတယ်လို့မမြင်ဘူး...

ဒါပေမဲ့လည်း ငါအများကြီးမဝေဖန်ချင်ပါဘူး..

နင်လည်း နင့်အတွေးနဲ့နင်လေ..."


"သော်သော်ကလည်း...ယောက်ျားတစ်ယောက်က

သူ့အပေါ်မှာ အရမ်းလွှမ်းမိုးနိုင်တာမကောင်းဘူးလို့ဆိုပေမဲ့...အဲ့ဒီ့ယောက်ျားရဲ့လွှမ်းမိုးမှုတွေက

အဆိုးမြင်မှုမရှိရင် သူကံကောင်းတာပဲလေ..

နောက်ပြီး ကို‌ကြီးနေမျိုးကသဘောထားသေးသိမ်တဲ့ လူမျိုးမဟုတ်လောက်ဘူး...

သူ့ပုံစံကိုကြည့်ရသလောက်တော့...

မိန်းမတွေအပေါ်မှာလည်းလေးစားမှုရှိတယ်

...အပြုအမူတွေကလည်းယဉ်ကျေးတယ်..

စကားပြောရင်လည်း..ပြောသင့်တာမပြောသင့်တာကို ချင့်ချိန်တတ်တယ်..

ရက်နည်းနည်းလေးတွေ့ရပေမဲ့..ငါကတော့

သူပုံရိပ်အပေါ်ကို အလေးထားတာ၊ညှာတာပြီးဆက်ဆံပေးတာ...နူးညံ့တာတွေကိုမြင်ရတယ်..

ငါကတော့ သဘောတူတယ်..."


ပိုးအိမကတော့ ဆရာ့ရဲ့ကောင်းတဲ့အချက်တွေကို

တန်းမြင်သွားတာကြောင့် ပုံရိပ်နှင့်ဆရာ့ကို

ထောပနာပြုပေးနေပေမဲ့ အိမိုးသော်ကတော့

အရာရာတိုင်းကို သေချာတွေးတောတတ်သည့်လူဖြစ်၍ အခုလည်းတစ်ခုခုကိုအတွေးများနေလေသည်။


"ပုံရိပ်....နင်နဲ့ကိုကြီးနေမျိုးရဲ့ကြားက ဆက်ဆံရေးကအချိန်တော်တော်ကြာပြီမဟုတ်လား...

သူကနင့်ကိုချစ်ခွင့်ဘာလို့မပန်သေးတာလဲ...

နင်စဉ်းစားကြည့်ဟာ...ဒီနေ့တင်နင့်ကိုသူခေါ်ထုတ်သွားတာ နှစ်ကြိမ်တောင်ရှိတယ်...နင်တို့နှစ်ယောက်တည်း...ရှိနိုင်တဲ့အခွင့်အရေးကိုကြုံနေပါလျှက်နဲ့

သူကဘာလို့ နင့်ကိုချစ်ရေးမဆိုသေးတာလဲ..."


"ငါထင်တာကတော့...ပုံရိပ်ကရမ်းငယ်သေးလို့

သူ့ဘက်ကအများကြီးတွေးပေနေတယ်လို့ထင်တယ်..."


"အင်း..အဲ့လိုဖြစ်ပါစေပဲဆုတောင်းပါတယ်...

ငါကတော့အခြားအကြောင်းတစ်ခုခုကြောင့်...

ငါ့သူငယ်ချင်းကိုမနာကျင်စေချင်ဘူး...

ဒီနေ့မနက်ပိုင်းက...ဟိုအတွဲနဲ့ပြဿနာဖြစ်တော့...

မင်းဆက်ဆိုတဲ့လူကြီးက...သူ့မိန်းကလေးနဲ့

ပုံရိပ်ကိုယှဉ်ပြီးပြောသွားတာတွေ့တယ်မဟုတ်လား..အဲ့ဒီ့နွယ်ဆိုတဲ့မိန်းမနဲ့

ကိုကြီးနေမျိုးက တစ်ခုခုပတ်သတ်ခဲ့ဖူးမှာကို

ငါစိုးရိမ်တယ်...သူ့အတိတ်တွေနဲ့ရောနှောပြီး

ပုံရိပ်ကိုနာကျင်အောင်လုပ်မှာကို ငါမလိုလားဘူး..

မျှော်လင့်ချက်တွေပေးပြီးမှ...ပုံရိပ်ရဲ့ခံစားချက်တွေကို စော်ကားရင်တော့ ငါလုံး၀သည်းမခံဘူး..."


"ငါလည်းအတူတူပါပဲ...သော်သော်ရယ်...

ဒါပေမဲ့ငါကတော့ ပုံရိပ်ကံကောင်းမယ်လို့ပဲထင်တယ်...သူကဖွင့်မပြောသေးတော့ပိုတောင်

ကောင်းသေးတယ်...ပုံရိပ်ဘက်ကခံစားချက်တွေက

သေချာနေတော့ သူ့ဖွင့်ပြောတာနဲ့ပုံရိပ်က

အဖြေတန်းပြီး ပေးလိုက်မှာသေချာတယ်...

ပုံရိပ်နင်သူ့ကို ပိုပြီးလေ့လာကြည့်ပေါ့..."


"အေးပါဟာ...နင်တို့နှစ်ယောက်လုံးကငါ့ကိုနားလည်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်..."


"ဒီမှာပုံရိပ်...သူငယ်ချင်းဆိုတာ...တစ်ယောက်ကိုတစ်ယောက်ဖေးမဖို့...တစ်ယောက်ကိုတစ်ယောက်

နားလည်စာနာပြီး...အဖော်ပြုပေးနိုင်ဖို့...ဖြစ်တည်လာကြတာ...ငါတို့ကနင့်လုပ်ရပ်တိုင်းကို

ကန့်ကွက်မှာ မဟုတ်ဘူး..

ဒါပေမဲ့ငါတို့မျက်စိရှေ့မှာတင်

နင်တစ်ခုခုဖြစ်သွားမှာကိုတော့ မလိုလားဘူး...

နင်နာရင်...ငါတို့နာသလိုခံစားရတယ်...

ငါတို့ဟာ ဆွေမျိုးမတော်ကြပေမဲ့...

အရင်းနှီးဆုံးသူစိမ်းတွေပဲ...

ငါတို့အားလုံးကတစ်စိတ်တည်း တစ်၀မ်းတည်းဖြစ်နေရမယ်..."


ပုံမှန်ဆိုရင် ကုတင်နှစ်ခုခွဲပြီး အိပ်လေ့ရှိကြပေမဲ့

ဒီနေ့မှာတော့ ပုံရိပ်တို့သုံးယောက်လုံး

ကုတင်တစ်ခုတည်းမှာပဲ အတူအိပ်ဖြစ်ကြလေသည်။

တစ်ခါတစ်လေမှာ ဆွေရင်းမျိုးရင်းတွေထက်

သူစိမ်းတွေက ကိုယ့်အပေါ်ပိုကောင်းတာကို

ပုံရိပ်လက်ခံလိုက်မိသည်။


မန္တလေးကို ရောက်လာပြီးနောက်၀မ်းကွဲမောင်နှမသုံးယောက်နဲ့ ဆုံခဲ့ပေမဲ့ ဒီသူငယ်ချင်းတွေလောက်တောင် သူတို့နှင့်ရင်းနှီးမှုမရှိခဲ့ပေ။

အခုဆိုရင်တော့ ဖွားညိုကသူတို့အဖေကို

ထောင်ကျအောင် လုပ်လိုက်သောကြောင့်

 ပုံရိပ်ကိုပို၍ ကြည့်မရကြတော့ပေ။

သူများမျက်ချေးကိုပဲ မြင်တတ်ကြပြီး

ကိုယ့်လုပ်ရပ်ကမှားနေသလားဆိုတာကိုတော့

ဘာကြောင့် မမြင်ကြတာလဲ။


🌹🌹🌹🌹🌹🌹🌹🌹🌹


"ပုံရိပ်ရေ...ငါတို့လိုက်ပို့မယ်လေဟာ..."


"ရပါတယ်..ဆိုင်ကယ်ငှားထားပါတယ်...."


"ငါတို့နင့်ကိုစိတ်မချဘူးနော်..."


"နင်တို့ကလည်းဟာ...ငါက..

ကလေးလည်းမဟုတ်ပဲနဲ့..."


မန္တလေးကို ပြန်ဖို့ရန်ကားဂိတ်ကိုသွားမည့်အရေးမှာ

 ဝိုင်း၍စိုးရိမ်နေကြလေသည်။

ဘိုဘိုမကို ပြောပြရင်တော့ မန္တလေးကိုပြန်ခွင့်

မရမှာ သေချာသလောက်ရှိသည်။

ဘိုဘို့ကိုသာ ပြောမိရင်ကိုထက်လည်း သိသွားမှာသေချာတယ်။သူသာသိရင်တော့ လမ်းခရီးတစ်လျှောက်လုံး လိုက်နှောက်ယှက်ခံရမှာအသေအချာပဲ။


"ငါ့ကိုစိတ်မပူကြပါနဲ့ဟာ....မန္တလေးကားဂိတ်မှာလည်း အိမ်ကလာကြိုမဲ့ကားကအဆင်သင့်စောင့်နေမှာပါ...."


"တီ!!!!တီ!!!!!"


သူငယ်ချင်းတွေကို စိတ်မပူအောင်ပြောနေရင်းနှင့်

ဖုန်းမြည်လာ၍ ကြည့်လိုက်မိတော့

ဆရာနေမျိုး၏ဖုန်းဖြစ်နေလေသည်။


"ဟယ်လို.... "


"ဟုတ်ကဲ့....ဟင်...ဆရာတကယ်ပြောနေတာလား...

ဟုတ်ကဲ့...အခုပဲထွက်ခဲ့ပါ့မယ်...."


ဖုန်းချလိုက်ပြီးနောက် သူငယ်ချင်းတွေက

ခါးတွေကိုယ်စီထောက်ပြီး ကြည့်နေကြတာကြောင့်

ပုံရိပ်လည်း ပြုံးကာပခုံးတွန့်ပြလိုက်သည်။


"ဆရာက...ကားဂိတ်ကိုသူလိုက်ပို့ပေးမယ်တဲ့...

ဟော်တယ်အရှေ့မှာ စောင့်နေပြီ...."


"အေးပါ...ကြွကြွ...ငါတို့လိုက်ပို့မယ်ဆိုတော့

အတင်းငြင်းနေတာ...ဘာကြောင့်လည်းမှတ်တယ်

သူကဇယားရှိနေတာကို..."


"မဟုတ်ပါဘူးဟယ်...ဆရာလိုက်ပို့မယ်ဆိုတာ

ငါလည်းခုမှသိရတာပါ...နင်တို့လည်းအင်းလေးကို

သွားဖို့ပြင်ဆင်ရအုံးမှာလေ.."


"အေးပါ...ကြွကြွ..."


"အဲ့ဒါ့ဆို သွားပြီနော်သူငယ်ချင်းတို့...."


ပုံရိပ်အခန်းထဲမှ ထွက်သွားတာနှင့်အခန်းတစ်ခုလုံး

တိတ်ဆိတ်သွားလေတော့သည်။

ပုံမှန်ဆိုရင် အခန်းထဲမှာသူငယ်ချင်းတွေ

ဆူဆူညံညံရှိနေပြီး စကားတပြောပြောဖြစ်နေရာမှ

လူတစ်ယောက်လျှော့သွားသော ခံစားချက်က

ရင်ထဲမှ တစ်ခုခုဟာထွက်သွားသလိုဖြစ်နေလေသည်။


"ဘိုဘိုသိရင်တော့...ငါတို့ကိုပြောတော့မှာပဲ..."


"ငါထင်တာတော့ ပုံရိပ်ကဟိန်းဇေယျာထက်ကို

မသိစေချင်လို့ ဘိုဘို့ကိုမပြောတာပဲ နေလိမ့်မယ်.."


"ဟုတ်လောက်မယ်...ထားလိုက်ပါတော့

သူကမသိစေချင်မှတော့ ငါတို့လည်းမပြောယုံပေါ့..

ဘိုဘိုလာမှပဲ အပြစ်တင်လည်းခံလိုက်တော့မယ်.."


🌹🌹🌹🌹🌹🌹🌹🌹


"အရိပ်...ကားပေါ်တက်တော့လေ..."


အခြားခရီးသည်တွေအားလုံးနီးပါး ကားပေါ်သို့တက်နေကြပေမဲ့ ပုံရိပ်ကတော့ အခုထိခြေလှမ်းတွေမရွေ့နိုင်သေးပေ။

ပုံရိပ်၏အရှေ့မှ ဆရာ့ကိုသာ ဆွေးမြေ့စွာကြည့်နေမိသည်။ခွဲခွာရမည်ဆိုသောအသိကြောင့်

မျက်ရည်များလည်း ဝေ့လာလေသည်။


"ဆရာ...ဒီကားလေးထွက်သွားတာနဲ့

နောက်ထပ်တွေ့နိုင်မဲ့အချိန်က

ဘယ်တော့လောက်လဲဆိုတာ သမီးမသိဘူး...

ဆရာ..ပုံရိပ်ကိုတစ်ခုခုပြောဖို့မရှိဘူးလားဟင်..."


ဆရာ့ဆီကနေ ပုံရိပ်တစ်ခုခုကို မျှော်လင့်နေမိပါတယ်။ဒါကို ဆရာကိုယ်တိုင်လည်းသိမယ်လို့

ထင်မိပါတယ်။ပုံရိပ်ဆရာ့ကို စောင့်မယ်လို

ကျိန်ဆိုခဲ့ဖူးတယ်။

ဆရာအဆင်သင့်ဖြစ်မဲ့ အချိန်ကိုပေါ့။

ဆရာ့ရင်ထဲက ဒဏ်ရာအဟောင်းတွေကို

ကုစားနိုင်မဲ့အချိန်တစ်ခုကို စောင့်ပေးဖို့

တွေးမိခဲ့ပေမဲ့ ခွဲခွာရတော့မည်ဆိုသောအသိကြောင့်

ဆရာ့ကို တိုက်ရိုက်ထုတ်၍ မေးလိုက်မိသည်။


"ဆရာ...."


ပုံရိပ်၏မေးခွန်းကြောင့် ဆရာသည်ခေါင်းကို

ငိုက်ချထားကာ မြေကြီးကိုသာ အဓိပ္ပာယ်မဲ့ငေးကြည့်နေ လေသည်။

ဆရာ့အတွက် ဒီမေးခွန်းကအဖြေအဲ့သလောက်ခက်ခဲနေသလား။


"ပုံရိပ်..ကိုယ့်ကိုအချိန်တစ်ခုပဲပေးပါ....

ပုံရိပ်ကိုယ့်ဆီကို လှမ်းလာစရာမလိုပါဘူး...

ကိုယ်ပုံရိပ်ဆီကို ရောက်အောင်လာခဲ့မယ်...

ကိုယ်....."


"စောင့်ပါ့မယ်...ပုံရိပ်ဆရာ့ကိုစောင့်နေမယ်နော်...

ဆရာအဆင်သင့်ဖြစ်မဲ့အချိန်ကို စောင့်နေပါ့မယ်..."


စိတ်ကိုအတတ်နိုင်ဆုံး ထိန်းထားမိပေမဲ့

ပုံရိပ်၏မျက်၀န်းမှ မျက်ရည်တွေကျဆင်းလာခဲ့လေသည်။ပါးပြင်တစ်လျှောက် စိုစွတ်သွားတာကို

သိလိုက်တာကြောင့် မျက်ရည်တွေကိုသုတ်ဖို့ကြိုးစားလိုက်ပေမဲ့ ဆရာ့လက်ဖဝါးလေးတွေက

ပုံရိပ်၏ပါးပြင်ပေါ်သို့ ဦးစွာပွတ်တိုက်သွားလေသည်။

ပုံရိပ်ဟာ ဘယ်လောက်ပဲစိတ်ဓာတ်သန်မာနေပါစေ

ကိုယ်ချစ်တဲ့လူရဲ့အရှေ့မှာတော့ အားငယ်လိုစိတ်တွေ ပြည့်နှက်နေလေသည်။


"မငိုပါနဲ့တော့နော်....အရိပ်ငိုတာကိုကိုယ်မကြည့်ရက်ဘူး..."


"ဆရာ....ဆရာကငိုတာမကြိုက်ဘူးဆိုရင်

ပုံရိပ်မငိုတော့ပါဘူး....ဆရာ့ကိုသမီးတစ်ခုပြောချင်တယ်...ဆရာ့ကိုသူများအနိုင်ကျင့်တိုင်း

ငြိမ်ခံမနေပါနဲ့နော်...ဆရာ့အနောက်မှာပုံရိပ်

တစ်ယောက်လုံးရှိတယ်ဆိုတာ သိထားပါနော်..."


ကလေးမလေး၏ အားပေးစကားကြောင့် နေမျိုး၏

နှလုံးသားတွေ ရွှင်မြသွားရလေသည်။

သူ့နှုတ်ခမ်းထက်မှာလည်း အပြုံးလွင်လွင်လေးပေါ်ပေါက်လာခဲ့သည်။

ဒီကလေးမလေးက သူ့အတွက်ရှေ့ဆက်ဖို့

ခွန်အားလေးတစ်ခုပါပဲ။

ဆယ်ကျော်သက်လေးက

သူ့လိုလူကိုအနိုင်ကျင့်ခံရမှာ စိုးရိမ်နေပါသတဲ့။


သဘောကျမိပေမဲ့ ‌မလှောင်ပြောင်ရဲပေ။

သူခေါင်းညိမ့်၍ ထောက်ခံလိုက်သောအခါ

နှင်းဆီပန်းသွေးရောင်လေး လွှမ်းနေသောနှုတ်ခမ်းလေးတွေက ပြုံးရွှင်သွားလေသည်။

ထိုနှုတ်ခမ်းပါးလေးထပ်သို့

နှုတ်ဆက်အနမ်းတစ်ပွင့် ခြွေချလိုက်ပေမဲ့

အချိန်မတန်သေးတာမို့ သူ့စိတ်ကိုထိန်းထားလိုက်ပြီး မျက်လုံးဝိုင်းလေးများထံသို့သာ အကြည့်လွှဲလိုက်သည်။


"ခရီးသည်များ...မကြာခင်ကားထွက်ပါတော့မယ်...ကားပေါ်မှာနေရာယူပေးကြပါ...."


"ပုံရိပ်...ကားထွက်တော့မယ်...ကားပေါ်တက်တော့နော်..."


"ဟုတ်ကဲ့...."


ပုံရိပ်လည်း ကားပေါ်သို့တက်လိုက်ပြီး အနောက်သို့တစ်ချက်ပြန်လှည့်ကြည့်ကာ ကိုယ့်ထိုင်ခုံသို့

သွားထိုင်လိုက်သည်။

ကံစိုးချင်တော့ ပုံရိပ်၏ထိုင်ခုံက

ကားပြတင်းပေါက်နားမှာ လက်မှတ်ဖြတ်၍

မရခဲ့ပေ။ထိုကြောင့် ဆရာ့ကိုတာ့တာပြဖို့ရန်

အခက်အခဲဖြစ်နေလေသည်။ထိုစဉ်ကားကိုစက်နှိုးလိုက်ကြလေသည်။

ကားစပယ်ယာက တံခါးမကြီးကိုပိတ်တော့မည့်အချိန်မှာ ထိုင်ခုံမှအမြန်ထလိုက်ပြီး

အလယ်လျှောက်လမ်းမှ ပြေးထွက်နေမိသည်။


"ဆရာ့....."


ကားတံခါးပေါက်အတက်အဆင်းနေရာမှာ

ရပ်လိုက်ပြီး ဆရာ့ကိုလှမ်းခေါ်လိုက်တော့

ပုံရိပ်ကို ၀မ်းနည်းနေသောမျက်၀န်းတွေနှင့် 

ပြန်ပြုံးပြလာခဲ့သည်။


"ဆရာ...တကယ်တော့ကိုထက်နဲ့သမီးတို့စေ့စပ်တဲ့

ကိစ္စက သမီးဘာမှမသိခဲ့ရသလို

သမီးရဲ့ဆန္ဒလည်း မပါပါဘူး...

သမီးက ဆရာ့ကိုပဲစောင့်နေမှာပါ...ဆရာ??????"


ရှေ့ဆက်ပြီးပြောဖို့ရာ ပုံရိပ်တွင်သတ္တိမရှိတော့ပေ။

ဒါပေမဲ့ တံခါးမပိတ်ခင်မှာဆရာခေါင်းညိမ့်တာကို

မြင်လိုက်ရတဲ့အတွက် မျက်ရည်ဝဲလျှက်ပြုံးလိုက်မိသည်။ကားသမားတွေရော ခရီးသည်တွေကပါကြောင်ပြီး ကြည့်နေကြပေမဲ့ ပုံရိပ်ကတော့

ကိုယ့်ခံစားချက်နှင့်ကိုယ်ဖြစ်နေ၍ သူတို့ကိုလည်းအရေးမစိုက်နိုင်တော့ပေ။


🌹🌹🌹🌹🌹🌹🌹🌹


ပုံရိပ်ဘက်ကတော့ ဆရာကအတိတ်ကနေ

ရုန်းမထွက်နိုင်သေးလို့ ထင်နေတယ်

ဆရာကရော တကယ်အဲ့လိုတွေးမယ်ထင်လား


ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို

ကျေးဇူးအထူးတင်ရှိပါတယ်...


🔥FACEBOOKမှာလည်းTNH Channel pageကို

Like and followလုပ်ပေးကြပါအုံးနော်


=========================================================================


🔥🌹ဆူးႀကိဳး(အခန္း၆၂)🔥


ပံုရိပ္တို႔ ေဟာ္တယ္သို႔ျပန္ေရာက္ေတာ့ညဆယ္နာရီထိုးေနေလၿပီ။

ညဘက္မွာအခ်မ္းကပိုၿပီး ရာသီဥတုကအရမ္းေအးလာတာေၾကာင့္ ပံုရိပ္၏မ်က္ႏွာတစ္ခုလံုးက

ရဲေတာက္ေနေလသည္။

ဆိုင္ကယ္စီးရင္းႏွင့္ ေလေအးေတြအတိုက္ခံရေတာ့

ႏွာေခါင္းက လံုး၀မရေတာ့ပဲ တစ္ခ်ိန္လံုးႏွာေခ်ၿပီး

ႏွာေစးေလေတာ့သည္။


"အမေလး...အခုမွပဲေနသာထိုင္သာရိွေတာ့တယ္.."


အိမိုးေသာ္သည္လည္း ပင္ပန္းသြားသည္ထင္ပါရဲ့

ေဟာ္တယ္အခန္းထဲသို႔ေရာက္သည္ႏွင့္

ကုတင္ေပၚသို႔ေျခပစ္လက္ပစ္လွဲခ်လိုက္ေတာ့သည္။

ပံုရိပ္တို႔လည္း ပင္ပန္းေနေလၿပီ။

အမ်ားႀကီးေပ်ာ္ခဲ့ရတယ္ဆိုေပမဲ့ လူေတြတိုးရတာေၾကာင့္ ခႏၶာကိုယ္ေတြလည္း ႏံုးခ်ိေနေလၿပီ။


"ဒါနဲ႔ပံုရိပ္...နင္နဲ႔ဒီေန့ညပဲြခင္းထဲမွာရန္ျဖစ္တဲ့

လူက..မနက္ကတင္ ကိုေနမ်ိဳးကိုရန္လာလုပ္တဲ့

လူမဟုတ္လား...ညဘက္ဆိုေတာ့

 ငါကအျခားတစ္ေယာက္လို႔္ ထင္လိုက္ေသးတာ

နင္ကဘာလို႔သူ႔ကို အဲ့လိုသြားေျပာရတာလဲ..

အဲ့လူနင့္ကို တအားေဒါသထြက္ေနတာေနာ္..."


"ဟုတ္တယ္ပံုရိပ္..ငါလည္းအဲ့ဒါကိုသိခ်င္ေနတာ

ငါတို႔နင္နဲ႔အတူ ေပါင္းလာတာၾကာၿပီ

နင္ဒီေလာက္ ေဒါသထြက္ၿပီးႀကိမ္းေမာင္းတာကို

ေတြ့ရတာ ဒါပထမဆံုးပဲ..နင္ဘာလို႔အဲ့လူကို

ဒီေလာက္အထိ ခါးခါးသီးသီးေျပာျပစ္ရတာလဲ.."


သူငယ္ခ်င္းမႏွစ္ေယာက္လံုးက ကုတင္ေပၚမွ

ထထိုင္ကာ စိတ္လိုလက္ရေမးလာတာေၾကာင့္

ပဲြေဈးထဲမွာျဖစ္ခဲ့တဲ့ ကိစၥကိုျပန္ေတြးလိုက္မိသည္။

ထပ္ေတြးေလ ထပ္ၿပီးေဒါသထြက္ရေလပါပဲ။

အထူးသျဖင့္ သူတို႔ႏွစ္ေယာက္လံုးေၾကာင့္

ဆရာနာက်င္ခဲ့ရမွာပဲဆိုတဲ့ အေတြးကပံုရိပ္ကို

သိပ္၀မ္းနည္းေစတယ္။


 ဆရာနာက်င္ေနခဲ့ရတဲ့အခ်ိန္မွာ

ပံုရိပ္ရိွေနမေပးခဲ့ႏိုင္တဲ့ ကိစၥေၾကာင့္ပိုၿပီး

စိတ္ထိခိုက္ရတယ္။

ဆရာက ေမတၲာတရားကိုအဓိကလိုအပ္ေနတဲ့

အခ်ိန္မွာ သူတို႔ကဒဏ္‌ရာေတြပဲေပးခဲ့ၾကတယ္။

ဆရာ့ကို အေၾကာင္းအရာအားလံုး

ေမးလိုက္ခ်င္ေပမဲ့ ထပ္ၿပီးျပန္ေတြးမိၿပီး

၀မ္းနည္းေအာင္လုပ္မိမွာလည္း စိုးရိမ္မိတယ္။


ပံုရိပ္ဆရာ့ကို နားလည္ႏိုင္ပါတယ္။

ဆရာဟာ မိန္းမတစ္ေယာက္ကို

ဘ၀ႀကီးပံုေပးရေလာက္ေအာင္ ခ်စ္ခဲ့မိေပမဲ့ သစၥာေဖာက္ခံလိုက္ရတယ္။

ဒီေဝဒနာကိုလည္း သူလြယ္လြယ္ေမ့ႏိုင္မယ္

မထင္ေပ။


ဆရာသာ အစဲြအလမ္းႀကီးတဲ့လူဆိုရင္

အဲ့ဒီ့စဲြလမ္းမႈကို ခၽြတ္ဖို႔အခ်ိန္ယူရမွာ ေသခ်ာတယ္။

ဆရာ့အေနနဲ႔ အျခားလူတစ္ေယာက္ကို

ခ်စ္ေၾကာင္း၀န္ခံဖို႔ကို သူ႔ရဲ့အတိတ္ျဖစ္ရပ္က

ကာစီးေနတာမ်ားလား။

ဒါဆိုရင္ေတာ့ ပံုရိပ္ေစာင့္ေပးႏိုင္ပါတယ္။

ပံုရိပ္ဆီကို ဆရာကိုယ္တိုင္ လွမ္းလာမဲ့ေန့၊

၀န္ခံလာမဲ့ေန့အထိ ပံုရိပ္ေစာင့္ေနပါ့မယ္။


"ဟဲ့...မိပံုရိပ္...နင္ဘာေတြေတြးေနတာလဲ

ငါတို႔ေမးတာလည္း ေျဖအံုးေလ..."


"ဒီလိုပါပဲဟာ...အဲ့လူကငါ့‌အေနာက္မွာေနၿပီး

ဆရာ့မေကာင္းေၾကာင္းကို ေျပာေနလို႔

ငါလည္းေဒါသထြက္ၿပီး ေျပာျပစ္လိုက္မိတာပါ..."


"ေအး...နင္ေဒါသထြက္တာလည္း ၾကၫ့္ထြက္ေနာ္..

နင္ကအခုမွဆယ္ေက်ာ္သက္ပဲရိွေသးတယ္..

ဟိုလူ႔ကိုၾကၫ့္ရတာ ေတာ္ေတာ္ေပါက္ကဲြေနတဲ့ပံုပဲ

တို႔အဖဲြ႔ကေယာက္်ားေလးေတြကို ေၾကာက္လို႔သာျပန္ေျပးသြားေပမဲ့...နင့္ကိုမေက်နပ္လို႔တစ္ခုခု

ျပန္တုန႔္ျပန္ရင္ဘယ္လိုလုပ္မလဲ...

နစ္နာစရာရိွရင္ နင္ပဲနစ္နာမွာေနာ္..."


"အဟင္း...သူ႔အဆင့္နဲ႔ငါ့ကိုနစ္နာေအာင္လုပ္ႏိုင္မယ္လို႔ ထင္လား.."


ႏႈတ္ခမ္းကိုမဲ့ခ်လိုက္ၿပီး ေမြ့ယာေပၚသို႔လွဲခ်လိုက္သည္။သူငယ္ခ်င္းေတြကိုေတာ့

တကယ္နစ္နာေအာင္ လုပ္ႏိုင္တဲ့လူကဘယ္သူဆိုတာကိုမေျပာေတာ့‌ဘူးဟု ေတြးလိုက္သည္။


"ပံုရိပ္...ငါေနာက္တစ္ခုေမးခ်င္ေသးတယ္...

ဒါကိုေတာ့ နင္မေျဖလို႔မရဘူးေနာ္..."


ပိုးအိမက ပံုရိပ္အိပ္ေနေသာေဘးနားမွာ

ေမွာက္လ်ွက္လွဲရင္းေမးေထာက္ကာ ပံုရိပ္ကို

စူးစမ္းသလို ၾကၫ့္ေလ‌သည္။သူ႔မ်က္ႏွာကလည္း

ႃပံုးစိစိျဖစ္ေနကာ တစ္ခုခုကို ေသခ်ာသိထား၍

ပုလိပ္စစ္စစ္ေတာ့မလို ပံုေပါက္ေနေလသည္။


"ပိုးအိ..နင္ငါ့ကိုဘာလို႔အဲ့လိုၾကၫ့္ေနတာလဲ..."


ပံုရိပ္ကမလံုမလဲအမူအရာႏွင့္ ေမးလိုက္ေတာ့

ပိုးအိမသည္ ပံုရိပ္၏နဖူးကိုအသာေတာက္ၿပီး

အားပါးတရထရယ္လိုက္ေလသည္။

သူ႔ရယ္သံ အာၿဗဲႀကီးေၾကာင့္ အိမိုးေသာ္ကပါ

သူ႔ကုတင္ေပၚကေန ငုတ္တုတ္ထထိုင္ၿပီး

ပံုရိပ္တို႔ကုတင္ေပၚသို႔ ေျပးတက္လာေလေတာ့သည္။


"မိန္းမ...နင္ငါ့ကိုညာမယ္ေတာ့မစဉ္းစားနဲ႔ေနာ္

ငါ့မ်က္လံုးနဲ႔ ကိုယ္တိုင္ျမင္လိုက္တာ..

နင္ျငင္းရင္ သက္ေသျပႏိုင္ေအာင္ ဓာတ္ပံုေတာင္ရိုက္ထားေသးတယ္...."


"ဘာ...ဘာကိုလဲ..."


"အခုမွာ..."ဘာကိုလဲ.."ဟုတ္လား..ငါဆိုလိုခ်င္တာကို သိရဲ့သားနဲ႔မသိျခင္ေထာင္ ေထာင္မေနနဲ႔ေနာ္..."


"ဟဲ့..ပိုးအိ..နင္ကဘာေတြေျပာေနတာလဲ...

ပံုရိပ္ကဘာလုပ္လို႔လဲဟဲ့...

နင္ကေရာဘာကိုျမင္ခဲ့တာလဲ..."


အိမိုးေသာ္၏ အလြန္အမင္းသိခ်င္ေနေသာ

ဆႏၵေၾကာင့္ ပိုးအိသည္သူ႔ဖုန္းကိုယူလိုက္ၿပီး

ဓာတ္ပံုေတြကို ရွာေနေလေတာ့သည္။

ခဏအၾကာမွာေတာ့ ပံုရိပ္တို႔ဘက္သို႔ဖုန္းကို

ေထာင္ျပလ်ွက္...


"ဒီမွာေလ...ငါဘာျမင္ခဲ့လဲဆိုတာ..."


"ဟယ္...ပံုရိပ္..ဒါ...ဒါက...နင္တို႔.."


ပိုးအိမ၏ဖုန္းထဲမွ ပံုကိုျမင္လိုက္သည္ႏွင့္

ပံုရိပ္၏မ်က္လံုးေတြ ျပဴးက်ယ္ကုန္ေလေတာ့သည္။

ပံုထဲတြင္ျမင္ေနရတာကေတာ့ ဆရာေနမ်ိဳးက

ပံုရိပ္ကို ခ်ီထားၿပီးမီးပံုးပ်ံၾကၫ့္ေနေသာ

အေနအထားျဖစ္ေနေလသည္။


ဒီစံုေထာက္မကေတာ့ ဘယ္ေနရာျဖစ္ျဖစ္

အမိအရကိုဓာတ္ပံုရိုက္တာပါလား။

အတင္းအၾကပ္ဖိအားေပးခံရေတာ့မဲ့

အေျခအေနေၾကာင့္ သေထြးကိုမ်ိဳခ်လိုက္မိသည္။

ဒင္းတို႔ ေမးတဲ့ေမးခြန္းတိုင္းကို ေျဖရမွာထက္

ဆယ္ေပါင္တူႏွင့္သာ အထုခံလိုက္ခ်င္တယ္။


"ပံုရိပ္....သစၥာေဖာက္မ...ငါ့တို႔စင္ဂယ္လ္ေတြကို

သစၥာေဖာက္သြားတယ္ေပါ့ေလ...

အံမယ္ဘယ္ေျပးမလို႔လဲ...မေျပးနဲ႔...."


ကုတင္ေပၚမွ ထေျပးေတာ့မဲ့ပံုရိပ္ကို

အတင္းလက္ကေနျပန္ဆဲြၿပီး ကုတင္ေပၚသို႔

ပက္လက္ျပန္လွန္ခ်ရင္း ႏွစ္ေယာက္သား

ဟိုဘက္ဒီဘက္ဝိုင္းဖိကာ

"နင္မေျဖရင္..ေသမယ္ဆိုသၫ့္..."အၾကၫ့္ေတြ

ပို႔လႊတ္ေနၾကေလသည္။


"ငါ...ငါတို႔က..."


"အင္းေျပာ...ဒီမမႀကီးေတြကသေဘာထားႀကီးႀကီးနဲ႔နားေထာင္ေပးေနတယ္..."


"တကယ္ေတာ့ ငါတို႔ႏွစ္ေယာက္ကနင္တို႔

ထင္ေနသလို မဟုတ္ပါဘူး..."


"အင့္ဟယ္.."


"အာ့နာတယ္ဟ..."


"ေသပါေစ..‌အာလူးဘူးသီးထေအာင္ကိုထုျပစ္မွာ.."


ပံုရိပ္၏ႏွဖူးကို လက္နဲ႔ေတာက္ရံုႏွင့္အားမရေတာ့ပဲ

လက္သီးဆုပ္ႏွင့္ပါ တစ္ေယာက္တစ္ခ်က္ဝိုင္းထုၾကေလသည္။


"ငါ့မ်က္လံုးနဲ႔ ကိုယ္တိုင္ျမင္ခဲ့တဲ့အျပင္

ဓာတ္ပံုသက္ေသေတြပါ ရိွတာေတာင္

ေျဗာင္ျငင္းခ်င္ေသးတယ္ေနာ္...အစ္မႀကီးရယ္...

မ်က္ႏွာေျပာင္တိုက္ရာမက်ဘူးလား..ဟင္..

လူၾကားထဲမွာ သိသိသာသာႀကီးေပြ့ခ်ီထားတာကို

ေတာင္ နင္ကဘာမွမဟုတ္ၾကေသးဘူးဆိုေတာ့

ဘယ္လိုအေျခအေနမ်ိူးက ဟုတ္ေနတာလဲ..."


"ဟဲ့...ဒါကေတာ့..ငါကအရပ္ပုတာကို..မီးပံုပ်ံလႊတ္တာကို မျမင္ရမွာစိုးလို႔သူက...."


"ေတာ္ၿပီ...မပုစိန္..ရွင္ဘာမွမေျပာနဲ႔ေတာ့..

ကၽြန္မတို႔ပဲေျပာမယ္...ရွင္ေျပာသလိုဆိုရင္..

ကၽြန္မတို႔ကမပုဘူးေပါ့..."


"ေအးေလ..ပိုးအိေျပာတာမွန္တယ္...ငါတို႔လည္း

အရပ္အဲ့ေလာက္မရွည္ပါဘူး...

ပဲြထဲမွာလူၾကပ္ရတဲ့ၾကားထဲ မျမင္ရလို႔ခုန္ဆြခုန္ဆျြဖစ္ေနတာေတာင္..

အဟင္း...ဒီလိုခ်ီမဲ့သူမရိွဘူး...

ဟိုကသဒၵါတရားထက္သန္လို႔

လက္အငွားလိုက္တယ္လို႔ ဆင္ေျခလာမေပးနဲ႔ေနာ္...

ဘယ္အရာပဲျဖစ္ျဖစ္အက်ိဳးရိွမွအေၾကာင္းျဖစ္လာတာႀကီးပဲ...သူနဲ႔ဘာမွမဆိုင္တဲ့

မိန္းကေလးတစ္ေယာက္ကိုေတာ့ အလကားေနလက္အေညာင္းခံၿပီးခ်ီေပးမယ္မထင္ဘူး...."


တရားသေဘာေတြပါ ပါလာၿပီမို႔ ဒီစံုေထာက္မေတြ

၏လက္မွ ေျပး၍မလြတ္ေတာ့ဘူးဆိုတာ

သိလိုက္ရသည္။ထို႔ေၾကာင့္လည္း အမွန္အတိုင္းပဲ

ေျဖဖို႔ ဆံုးျဖတ္လိုက္သည္။

ဘယ္လိုပဲျဖစ္ျဖစ္ ပံုရိပ္၏သူငယ္ခ်င္းေတြကိုေတာ့

ယံုၾကည္သည္။သူတို႔က ေပ်ာ္ေပ်ာ္ေနတတ္ေပမဲ့

ပါးစပ္ဖြားေသာ သူေတြေတာ့မဟုတ္ၾကေပ။

စတတ္ေနာက္တတ္ၾကေပမဲ့ အခ်င္းခ်င္းအေပၚမွာေတာ့ သစၥာရိွၾကသည္။


"ငါနင္တို႔ကို အမွန္အတိုင္းေျပာပါ့မယ္..."


"ေအးေနာ္...တစ္လံုးေတာင္အမွားမပါေစနဲ႔.."


"ေအးပါ...ေကာင္မေတြရယ္..."


"ဟဲ...ဟဲ..."


ရယ္က်ဲက်ဲလာလုပ္ေနၾက၍ ေဘးနားက

ေခါင္းအံုးႏွင့္ ႏွစ္ေယာက္လံုးကို ပစ္ေပါက္လိုက္ေတာ့မွအနားသို႔ပိုကပ္လာၾကေလသည္။


"ေျပာ...နင္တို႔ႏွစ္ေယာက္ကဘယ္လိုကေန

ဘယ္လိုဒီအေျခအေနအထိ ေရာက္သြားၾကတာလဲ...

မနက္ကလည္း နင့္တစ္ေယာက္တည္းကိုပဲ

သူပထုတ္သြားတာေနာ္..."


"တကယ္ေတာ့...ငါအေရ႔ွမွာေျပာခဲ့သလိုပဲ

သူနဲ႔ငါကဘာမွမဆိုင္ေသးပါဘူး...

ငါတို႔ႏွစ္ေယာက္လံုးက တစ္ေယာက္အေပၚ

တစ္ေယာက္ စမ္းသပ္ေနၾကတဲ့အဆင့္ပဲရိွပါေသးတယ္.."


"နင္စမ္းသပ္တာလည္း ၾကၫ့္စမ္းသပ္ပါဟယ္...

ေတာ္ၾကာ မေတာ္တေရာ္ေတြစမ္းမိမွ..."


"ေကာင္မနင္ေနာ္...ငါအဲ့ေလာက္မလြယ္ဘူးဟဲ့..."


"စတာပါအသဲရယ္..စိတ္မဆိုးပါနဲ႔...

ဆက္ေျပာ‌ဆက္ေျပာ..."


သူငယ္ခ်င္းႏွစ္ေယာက္ကိုမ်က္ေစာင္းထိုးလိုက္ၿပီး

ပံုရိပ္လည္း ကိုယ့္ခံစားခ်င္ေတြကိုရင္ဖြင့္မိေတာ့သည္။


"တကယ္ေတာ့...ဆရာကငါ့ကိုအမ်ားႀကီး

ကူညီေပးခဲ့ဖူးတယ္...ငါ့ကိုလမ္းမွားမေရာက္ေအာင္လည္း ေထာက္ျပသြန္သင္ေပးခဲ့တယ္..

ဆယ္တန္းေအာင္ၿပီးခါစအခ်ိန္မွာ

ငါရန္ကုန္ကိုျပန္ေတာ့...အျခားမိန္းမတစ္ေယာက္နဲ႔ ဆရာ့ကိုတဲြျမင္လိုက္ရတည္းက ငါ့ရင္ထဲမွာ

သ၀န္တိုစိတ္ေတြ လိႈင္းထန္လာၿပီး ခံစားခ်က္ေတြေျပာင္းလဲသြားခဲ့တာ..."


"ဒါဆိုရင္ နင္သူ႔ကိုတစ္ဖက္သတ္သေဘာက်ေနတာၾကာၿပီေပါ့..."


"ဟုတ္တယ္..."


"ငါတို႔က နင့္ကိုအဲ့ေလာက္အစဲြအလမ္းႀကီးမယ္လို႔

မထင္ထားမိဘူး...နင္ကေတာ္တယ္...ထက္တယ္..

အၿမဲႀကိဳးစားခ်င္စိတ္ျပၫ့္ႏွက္ေနတဲ့လူဆိုေတာ့

အခ်စ္အေၾကာင္းေတြကို နင္လိုလူက

စိတ္မ၀င္စားဘူးလို႔ ထင္ခဲ့တာ..."


"ေအး...ငါ့လည္းငါ့ကိုယ္ငါျပန္ၿပီးနားမလည္ႏိုင္ေလာက္ေအာင္ သူ႔အေပၚတြယ္တာမိတာကို

အံ့ဩေနခဲ့တာ...တကယ္ေတာ့ေလ..

ငါသူ႔ကိုစၿပီးမခ်စ္မိခင္တည္းက..သူ႔အေပၚမွာ

မွီခိုအားထားလိုစိတ္ေတြ ရိွေနခဲ့တာ...

သူရိွေနတဲ့ရပ္၀န္းကငါ့အတြက္

လံုႃခံုေနြးေထြးေနသလိုပဲ...အျခားသူေတြစကားဆယ္ခြန္းေလာက္ လာေျပာတာထက္...

ဆရာေျပာတဲ့ စကားတစ္‌ခြန္းေလာက္က..

ငါ့အတြက္..ပိုထိေရာက္ေလးနက္တဲ့အထိ...

ငါ့အေပၚကို သူကလႊမ္းမိုးႏိုင္တယ္..."


"အဲ့ေလာက္ေတာင္ပဲလား...ေယာက္်ားတစ္ေယာက္ကနင့္အေပၚကိုအဲ့ေလာက္အထိ လႊမ္းမိုးႏိုင္တာကို

ငါကေတာ့ ေကာင္းတယ္လို႔မျမင္ဘူး...

ဒါေပမဲ့လည္း ငါအမ်ားႀကီးမေဝဖန္ခ်င္ပါဘူး..

နင္လည္း နင့္အေတြးနဲ႔နင္ေလ..."


"ေသာ္ေသာ္ကလည္း...ေယာက္်ားတစ္ေယာက္က

သူ႔အေပၚမွာ အရမ္းလႊမ္းမိုးႏိုင္တာမေကာင္းဘူးလို႔ဆိုေပမဲ့...အဲ့ဒီ့ေယာက္်ားရဲ့လႊမ္းမိုးမႈေတြက

အဆိုးျမင္မႈမရိွရင္ သူကံေကာင္းတာပဲေလ..

ေနာက္ၿပီး ကို‌ႀကီးေနမ်ိဳးကသေဘာထားေသးသိမ္တဲ့ လူမ်ိဳးမဟုတ္ေလာက္ဘူး...

သူ႔ပံုစံကိုၾကၫ့္ရသေလာက္ေတာ့...

မိန္းမေတြအေပၚမွာလည္းေလးစားမႈရိွတယ္

...အျပဳအမူေတြကလည္းယဉ္ေက်းတယ္..

စကားေျပာရင္လည္း..ေျပာသင့္တာမေျပာသင့္တာကို ခ်င့္ခ်ိန္တတ္တယ္..

ရက္နည္းနည္းေလးေတြ့ရေပမဲ့..ငါကေတာ့

သူပံုရိပ္အေပၚကို အေလးထားတာ၊ၫွာတာၿပီးဆက္ဆံေပးတာ...ႏူးညံ့တာေတြကိုျမင္ရတယ္..

ငါကေတာ့ သေဘာတူတယ္..."


ပိုးအိမကေတာ့ ဆရာ့ရဲ့ေကာင္းတဲ့အခ်က္ေတြကို

တန္းျမင္သြားတာေၾကာင့္ ပံုရိပ္ႏွင့္ဆရာ့ကို

ေထာပနာျပဳေပးေနေပမဲ့ အိမိုးေသာ္ကေတာ့

အရာရာတိုင္းကို ေသခ်ာေတြးေတာတတ္သၫ့္လူျဖစ္၍ အခုလည္းတစ္ခုခုကိုအေတြးမ်ားေနေလသည္။


"ပံုရိပ္....နင္နဲ႔ကိုႀကီးေနမ်ိဳးရဲ့ၾကားက ဆက္ဆံေရးကအခ်ိန္ေတာ္ေတာ္ၾကာၿပီမဟုတ္လား...

သူကနင့္ကိုခ်စ္ခြင့္ဘာလို႔မပန္ေသးတာလဲ...

နင္စဉ္းစားၾကၫ့္ဟာ...ဒီေန့တင္နင့္ကိုသူေခၚထုတ္သြားတာ ႏွစ္ႀကိမ္ေတာင္ရိွတယ္...နင္တို႔ႏွစ္ေယာက္တည္း...ရိွႏိုင္တဲ့အခြင့္အေရးကိုႄကံုေနပါလ်ွက္နဲ႔

သူကဘာလို႔ နင့္ကိုခ်စ္ေရးမဆိုေသးတာလဲ..."


"ငါထင္တာကေတာ့...ပံုရိပ္ကရမ္းငယ္ေသးလို႔

သူ႔ဘက္ကအမ်ားႀကီးေတြးေပေနတယ္လို႔ထင္တယ္..."


"အင္း..အဲ့လိုျဖစ္ပါေစပဲဆုေတာင္းပါတယ္...

ငါကေတာ့အျခားအေၾကာင္းတစ္ခုခုေၾကာင့္...

ငါ့သူငယ္ခ်င္းကိုမနာက်င္ေစခ်င္ဘူး...

ဒီေန့မနက္ပိုင္းက...ဟိုအတဲြနဲ႔ျပႆနာျဖစ္ေတာ့...

မင္းဆက္ဆိုတဲ့လူႀကီးက...သူ႔မိန္းကေလးနဲ႔

ပံုရိပ္ကိုယွဉ္ၿပီးေျပာသြားတာေတြ့တယ္မဟုတ္လား..အဲ့ဒီ့ႏြယ္ဆိုတဲ့မိန္းမနဲ႔

ကိုႀကီးေနမ်ိဳးက တစ္ခုခုပတ္သတ္ခဲ့ဖူးမွာကို

ငါစိုးရိမ္တယ္...သူ႔အတိတ္ေတြနဲ႔ေရာေနွာၿပီး

ပံုရိပ္ကိုနာက်င္ေအာင္လုပ္မွာကို ငါမလိုလားဘူး..

ေမ်ွာ္လင့္ခ်က္ေတြေပးၿပီးမွ...ပံုရိပ္ရဲ့ခံစားခ်က္ေတြကို ေစာ္ကားရင္ေတာ့ ငါလံုး၀သည္းမခံဘူး..."


"ငါလည္းအတူတူပါပဲ...ေသာ္ေသာ္ရယ္...

ဒါေပမဲ့ငါကေတာ့ ပံုရိပ္ကံေကာင္းမယ္လို႔ပဲထင္တယ္...သူကဖြင့္မေျပာေသးေတာ့ပိုေတာင္

ေကာင္းေသးတယ္...ပံုရိပ္ဘက္ကခံစားခ်က္ေတြက

ေသခ်ာေနေတာ့ သူ႔ဖြင့္ေျပာတာနဲ႔ပံုရိပ္က

အေျဖတန္းၿပီး ေပးလိုက္မွာေသခ်ာတယ္...

ပံုရိပ္နင္သူ႔ကို ပိုၿပီးေလ့လာၾကၫ့္ေပါ့..."


"ေအးပါဟာ...နင္တို႔ႏွစ္ေယာက္လံုးကငါ့ကိုနားလည္ေပးၾကလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္..."


"ဒီမွာပံုရိပ္...သူငယ္ခ်င္းဆိုတာ...တစ္ေယာက္ကိုတစ္ေယာက္ေဖးမဖို႔...တစ္ေယာက္ကိုတစ္ေယာက္

နားလည္စာနာၿပီး...အေဖာ္ျပဳေပးႏိုင္ဖို႔...ျဖစ္တည္လာၾကတာ...ငါတို႔ကနင့္လုပ္ရပ္တိုင္းကို

ကန႔္ကြက္မွာ မဟုတ္ဘူး..

ဒါေပမဲ့ငါတို႔မ်က္စိေရ႔ွမွာတင္

နင္တစ္ခုခုျဖစ္သြားမွာကိုေတာ့ မလိုလားဘူး...

နင္နာရင္...ငါတို႔နာသလိုခံစားရတယ္...

ငါတို႔ဟာ ေဆြမ်ိဳးမေတာ္ၾကေပမဲ့...

အရင္းႏွီးဆံုးသူစိမ္းေတြပဲ...

ငါတို႔အားလံုးကတစ္စိတ္တည္း တစ္၀မ္းတည္းျဖစ္ေနရမယ္..."


ပံုမွန္ဆိုရင္ ကုတင္ႏွစ္ခုခဲြၿပီး အိပ္ေလ့ရိွၾကေပမဲ့

ဒီေန့မွာေတာ့ ပံုရိပ္တို႔သံုးေယာက္လံုး

ကုတင္တစ္ခုတည္းမွာပဲ အတူအိပ္ျဖစ္ၾကေလသည္။

တစ္ခါတစ္ေလမွာ ေဆြရင္းမ်ိဳးရင္းေတြထက္

သူစိမ္းေတြက ကိုယ့္အေပၚပိုေကာင္းတာကို

ပံုရိပ္လက္ခံလိုက္မိသည္။


မႏၲေလးကို ေရာက္လာၿပီးေနာက္၀မ္းကဲြေမာင္ႏွမသံုးေယာက္နဲ႔ ဆံုခဲ့ေပမဲ့ ဒီသူငယ္ခ်င္းေတြေလာက္ေတာင္ သူတို႔ႏွင့္ရင္းႏွီးမႈမရိွခဲ့ေပ။

အခုဆိုရင္ေတာ့ ဖြားညိုကသူတို႔အေဖကို

ေထာင္က်ေအာင္ လုပ္လိုက္ေသာေၾကာင့္

 ပံုရိပ္ကိုပို၍ ၾကၫ့္မရၾကေတာ့ေပ။

သူမ်ားမ်က္ေခ်းကိုပဲ ျမင္တတ္ၾကၿပီး

ကိုယ့္လုပ္ရပ္ကမွားေနသလားဆိုတာကိုေတာ့

ဘာေၾကာင့္ မျမင္ၾကတာလဲ။


🌹🌹🌹🌹🌹🌹🌹🌹🌹


"ပံုရိပ္ေရ...ငါတို႔လိုက္ပို႔မယ္ေလဟာ..."


"ရပါတယ္..ဆိုင္ကယ္ငွားထားပါတယ္...."


"ငါတို႔နင့္ကိုစိတ္မခ်ဘူးေနာ္..."


"နင္တို႔ကလည္းဟာ...ငါက..

ကေလးလည္းမဟုတ္ပဲနဲ႔..."


မႏၲေလးကို ျပန္ဖို႔ရန္ကားဂိတ္ကိုသြားမၫ့္အေရးမွာ

 ဝိုင္း၍စိုးရိမ္ေနၾကေလသည္။

ဘိုဘိုမကို ေျပာျပရင္ေတာ့ မႏၲေလးကိုျပန္ခြင့္

မရမွာ ေသခ်ာသေလာက္ရိွသည္။

ဘိုဘို႔ကိုသာ ေျပာမိရင္ကိုထက္လည္း သိသြားမွာေသခ်ာတယ္။သူသာသိရင္ေတာ့ လမ္းခရီးတစ္ေလ်ွာက္လံုး လိုက္ေနွာက္ယွက္ခံရမွာအေသအခ်ာပဲ။


"ငါ့ကိုစိတ္မပူၾကပါနဲ႔ဟာ....မႏၲေလးကားဂိတ္မွာလည္း အိမ္ကလာႀကိဳမဲ့ကားကအဆင္သင့္ေစာင့္ေနမွာပါ...."


"တီ!!!!တီ!!!!!"


သူငယ္ခ်င္းေတြကို စိတ္မပူေအာင္ေျပာေနရင္းႏွင့္

ဖုန္းျမည္လာ၍ ၾကၫ့္လိုက္မိေတာ့

ဆရာေနမ်ိဳး၏ဖုန္းျဖစ္ေနေလသည္။


"ဟယ္လို.... "


"ဟုတ္ကဲ့....ဟင္...ဆရာတကယ္ေျပာေနတာလား...

ဟုတ္ကဲ့...အခုပဲထြက္ခဲ့ပါ့မယ္...."


ဖုန္းခ်လိုက္ၿပီးေနာက္ သူငယ္ခ်င္းေတြက

ခါးေတြကိုယ္စီေထာက္ၿပီး ၾကၫ့္ေနၾကတာေၾကာင့္

ပံုရိပ္လည္း ႃပံုးကာပခံုးတြန႔္ျပလိုက္သည္။


"ဆရာက...ကားဂိတ္ကိုသူလိုက္ပို႔ေပးမယ္တဲ့...

ေဟာ္တယ္အေရ႔ွမွာ ေစာင့္ေနၿပီ...."


"ေအးပါ...ႂကြၾကြ...ငါတို႔လိုက္ပို႔မယ္ဆိုေတာ့

အတင္းျငင္းေနတာ...ဘာေၾကာင့္လည္းမွတ္တယ္

သူကဇယားရိွေနတာကို..."


"မဟုတ္ပါဘူးဟယ္...ဆရာလိုက္ပို႔မယ္ဆိုတာ

ငါလည္းခုမွသိရတာပါ...နင္တို႔လည္းအင္းေလးကို

သြားဖို႔ျပင္ဆင္ရအံုးမွာေလ.."


"ေအးပါ...ႂကြၾကြ..."


"အဲ့ဒါ့ဆို သြားၿပီေနာ္သူငယ္ခ်င္းတို႔...."


ပံုရိပ္အခန္းထဲမွ ထြက္သြားတာႏွင့္အခန္းတစ္ခုလံုး

တိတ္ဆိတ္သြားေလေတာ့သည္။

ပံုမွန္ဆိုရင္ အခန္းထဲမွာသူငယ္ခ်င္းေတြ

ဆူဆူညံညံရိွေနၿပီး စကားတေျပာေျပာျဖစ္ေနရာမွ

လူတစ္ေယာက္ေလ်ွာ့သြားေသာ ခံစားခ်က္က

ရင္ထဲမွ တစ္ခုခုဟာထြက္သြားသလိုျဖစ္ေနေလသည္။


"ဘိုဘိုသိရင္ေတာ့...ငါတို႔ကိုေျပာေတာ့မွာပဲ..."


"ငါထင္တာေတာ့ ပံုရိပ္ကဟိန္းေဇယ်ာထက္ကို

မသိေစခ်င္လို႔ ဘိုဘို႔ကိုမေျပာတာပဲ ေနလိမ့္မယ္.."


"ဟုတ္ေလာက္မယ္...ထားလိုက္ပါေတာ့

သူကမသိေစခ်င္မွေတာ့ ငါတို႔လည္းမေျပာယံုေပါ့..

ဘိုဘိုလာမွပဲ အျပစ္တင္လည္းခံလိုက္ေတာ့မယ္.."


🌹🌹🌹🌹🌹🌹🌹🌹


"အရိပ္...ကားေပၚတက္ေတာ့ေလ..."


အျခားခရီးသည္ေတြအားလံုးနီးပါး ကားေပၚသို႔တက္ေနၾကေပမဲ့ ပံုရိပ္ကေတာ့ အခုထိေျခလွမ္းေတြမေရြ့ႏိုင္ေသးေပ။

ပံုရိပ္၏အေရ႔ွမွ ဆရာ့ကိုသာ ေဆြးေႁမ့စြာၾကၫ့္ေနမိသည္။ခဲြခြာရမည္ဆိုေသာအသိေၾကာင့္

မ်က္ရည္မ်ားလည္း ေဝ့လာေလသည္။


"ဆရာ...ဒီကားေလးထြက္သြားတာနဲ႔

ေနာက္ထပ္ေတြ့ႏိုင္မဲ့အခ်ိန္က

ဘယ္ေတာ့ေလာက္လဲဆိုတာ သမီးမသိဘူး...

ဆရာ..ပံုရိပ္ကိုတစ္ခုခုေျပာဖို႔မရိွဘူးလားဟင္..."


ဆရာ့ဆီကေန ပံုရိပ္တစ္ခုခုကို ေမ်ွာ္လင့္ေနမိပါတယ္။ဒါကို ဆရာကိုယ္တိုင္လည္းသိမယ္လို႔

ထင္မိပါတယ္။ပံုရိပ္ဆရာ့ကို ေစာင့္မယ္လို

က်ိန္ဆိုခဲ့ဖူးတယ္။

ဆရာအဆင္သင့္ျဖစ္မဲ့ အခ်ိန္ကိုေပါ့။

ဆရာ့ရင္ထဲက ဒဏ္ရာအေဟာင္းေတြကို

ကုစားႏိုင္မဲ့အခ်ိန္တစ္ခုကို ေစာင့္ေပးဖို႔

ေတြးမိခဲ့ေပမဲ့ ခဲြခြာရေတာ့မည္ဆိုေသာအသိေၾကာင့္

ဆရာ့ကို တိုက္ရိုက္ထုတ္၍ ေမးလိုက္မိသည္။


"ဆရာ...."


ပံုရိပ္၏ေမးခြန္းေၾကာင့္ ဆရာသည္ေခါင္းကို

ငိုက္ခ်ထားကာ ေျမၾကီးကိုသာ အဓိပၸာယ္မဲ့ေငးၾကၫ့္ေန ေလသည္။

ဆရာ့အတြက္ ဒီေမးခြန္းကအေျဖအဲ့သေလာက္ခက္ခဲေနသလား။


"ပံုရိပ္..ကိုယ့္ကိုအခ်ိန္တစ္ခုပဲေပးပါ....

ပံုရိပ္ကိုယ့္ဆီကို လွမ္းလာစရာမလိုပါဘူး...

ကိုယ္ပံုရိပ္ဆီကို ေရာက္ေအာင္လာခဲ့မယ္...

ကိုယ္....."


"ေစာင့္ပါ့မယ္...ပံုရိပ္ဆရာ့ကိုေစာင့္ေနမယ္ေနာ္...

ဆရာအဆင္သင့္ျဖစ္မဲ့အခ်ိန္ကို ေစာင့္ေနပါ့မယ္..."


စိတ္ကိုအတတ္ႏိုင္ဆံုး ထိန္းထားမိေပမဲ့

ပံုရိပ္၏မ်က္၀န္းမွ မ်က္ရည္ေတြက်ဆင္းလာခဲ့ေလသည္။ပါးျပင္တစ္ေလ်ွာက္ စိုစြတ္သြားတာကို

သိလိုက္တာေၾကာင့္ မ်က္ရည္ေတြကိုသုတ္ဖို႔ႀကိဳးစားလိုက္ေပမဲ့ ဆရာ့လက္ဖဝါးေလးေတြက

ပံုရိပ္၏ပါးျပင္ေပၚသို႔ ဦးစြာပြတ္တိုက္သြားေလသည္။

ပံုရိပ္ဟာ ဘယ္ေလာက္ပဲစိတ္ဓာတ္သန္မာေနပါေစ

ကိုယ္ခ်စ္တဲ့လူရဲ့အေရ႔ွမွာေတာ့ အားငယ္လိုစိတ္ေတြ ျပၫ့္ႏွက္ေနေလသည္။


"မငိုပါနဲ႔ေတာ့ေနာ္....အရိပ္ငိုတာကိုကိုယ္မၾကၫ့္ရက္ဘူး..."


"ဆရာ....ဆရာကငိုတာမႀကိဳက္ဘူးဆိုရင္

ပံုရိပ္မငိုေတာ့ပါဘူး....ဆရာ့ကိုသမီးတစ္ခုေျပာခ်င္တယ္...ဆရာ့ကိုသူမ်ားအႏိုင္က်င့္တိုင္း

ၿငိမ္ခံမေနပါနဲ႔ေနာ္...ဆရာ့အေနာက္မွာပံုရိပ္

တစ္ေယာက္လံုးရိွတယ္ဆိုတာ သိထားပါေနာ္..."


ကေလးမေလး၏ အားေပးစကားေၾကာင့္ ေနမ်ိဳး၏

ႏွလံုးသားေတြ ရႊင္ျမသြားရေလသည္။

သူ႔ႏႈတ္ခမ္းထက္မွာလည္း အႃပံုးလြင္လြင္ေလးေပၚေပါက္လာခဲ့သည္။

ဒီကေလးမေလးက သူ႔အတြက္ေရ႔ွဆက္ဖို႔

ခြန္အားေလးတစ္ခုပါပဲ။

ဆယ္ေက်ာ္သက္ေလးက

သူ႔လိုလူကိုအႏိုင္က်င့္ခံရမွာ စိုးရိမ္ေနပါသတဲ့။


သေဘာက်မိေပမဲ့ ‌မေလွာင္ေျပာင္ရဲေပ။

သူေခါင္းညိမ့္၍ ေထာက္ခံလိုက္ေသာအခါ

ႏွင္းဆီပန္းေသြးေရာင္ေလး လႊမ္းေနေသာႏႈတ္ခမ္းေလးေတြက ႃပံုးရႊင္သြားေလသည္။

ထိုႏႈတ္ခမ္းပါးေလးထပ္သို႔

ႏႈတ္ဆက္အနမ္းတစ္ပြင့္ ႁခြေခ်လိုက္ေပမဲ့

အခ်ိန္မတန္ေသးတာမို႔ သူ႔စိတ္ကိုထိန္းထားလိုက္ၿပီး မ်က္လံုးဝိုင္းေလးမ်ားထံသို႔သာ အၾကၫ့္လႊဲလိုက္သည္။


"ခရီးသည္မ်ား...မၾကာခင္ကားထြက္ပါေတာ့မယ္...ကားေပၚမွာေနရာယူေပးၾကပါ...."


"ပံုရိပ္...ကားထြက္ေတာ့မယ္...ကားေပၚတက္ေတာ့ေနာ္..."


"ဟုတ္ကဲ့...."


ပံုရိပ္လည္း ကားေပၚသို႔တက္လိုက္ၿပီး အေနာက္သို႔တစ္ခ်က္ျပန္လွၫ့္ၾကၫ့္ကာ ကိုယ့္ထိုင္ခံုသို႔

သြားထိုင္လိုက္သည္။

ကံစိုးခ်င္ေတာ့ ပံုရိပ္၏ထိုင္ခံုက

ကားျပတင္းေပါက္နားမွာ လက္မွတ္ျဖတ္၍

မရခဲ့ေပ။ထိုေၾကာင့္ ဆရာ့ကိုတာ့တာျပဖို႔ရန္

အခက္အခဲျဖစ္ေနေလသည္။ထိုစဉ္ကားကိုစက္ႏိႈးလိုက္ၾကေလသည္။

ကားစပယ္ယာက တံခါးမႀကီးကိုပိတ္ေတာ့မၫ့္အခ်ိန္မွာ ထိုင္ခံုမွအျမန္ထလိုက္ၿပီး

အလယ္ေလ်ွာက္လမ္းမွ ေျပးထြက္ေနမိသည္။


"ဆရာ့....."


ကားတံခါးေပါက္အတက္အဆင္းေနရာမွာ

ရပ္လိုက္ၿပီး ဆရာ့ကိုလွမ္းေခၚလိုက္ေတာ့

ပံုရိပ္ကို ၀မ္းနည္းေနေသာမ်က္၀န္းေတြႏွင့္ 

ျပန္ႃပံုးျပလာခဲ့သည္။


"ဆရာ...တကယ္ေတာ့ကိုထက္နဲ႔သမီးတို႔ေစ့စပ္တဲ့

ကိစၥက သမီးဘာမွမသိခဲ့ရသလို

သမီးရဲ့ဆႏၵလည္း မပါပါဘူး...

သမီးက ဆရာ့ကိုပဲေစာင့္ေနမွာပါ...ဆရာ??????"


ေရ႔ွဆက္ၿပီးေျပာဖို႔ရာ ပံုရိပ္တြင္သတၲိမရိွေတာ့ေပ။

ဒါေပမဲ့ တံခါးမပိတ္ခင္မွာဆရာေခါင္းညိမ့္တာကို

ျမင္လိုက္ရတဲ့အတြက္ မ်က္ရည္ဝဲလ်ွက္ႃပံုးလိုက္မိသည္။ကားသမားေတြေရာ ခရီးသည္ေတြကပါေၾကာင္ၿပီး ၾကၫ့္ေနၾကေပမဲ့ ပံုရိပ္ကေတာ့

ကိုယ့္ခံစားခ်က္ႏွင့္ကိုယ္ျဖစ္ေန၍ သူတို႔ကိုလည္းအေရးမစိုက္ႏိုင္ေတာ့ေပ။


🌹🌹🌹🌹🌹🌹🌹🌹


ပံုရိပ္ဘက္ကေတာ့ ဆရာကအတိတ္ကေန

ရုန္းမထြက္ႏိုင္ေသးလို႔ ထင္ေနတယ္

ဆရာကေရာ တကယ္အဲ့လိုေတြးမယ္ထင္လား


ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို

ေက်းဇူးအထူးတင္ရိွပါတယ္...


🔥FACEBOOKမွာလည္းTNH Channel pageကို

Like and followလုပ္ေပးၾကပါအံုးေနာ္

No comments:

Post a Comment