(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥🌹ဆူးကြိုး(အခန်း၆၁)🔥
ကောင်းကင်မှာ ကြယ်လေးတွေလင်းလတ်နေတာကို မြင်နိုင်ပေမဲ့ ခူးဆွတ်နိုင်ဖို့တော့မဖြစ်နိုင်ပေ...။
အိပ်မက်ဆိုတာ လက်တွေ့မှာဖြစ်လာဖို့
မရေရာဆုံးသော မျှော်လင့်ချက်လို့တွေးခဲ့ဖူးတယ်။
အိပ်မက်တွေဟာ သိပ်ကိုဈေးကြီးလွန်းတယ်...။
ပုံရိပ်က လောဘသိပ်နည်းတဲ့ မိန်းကလေး
တစ်ယောက်ပါ။
ဒါပေမဲ့ လောဘကြီးမိပြီဆိုရင်လည်း
မရနိုင်ဘူးဆိုတာဟာ ပုံရိပ်အတွက်တော့ညံ့ဖျင်းတဲ့ အတွေးတစ်ခုသာသာပါပဲ။
သူများတွေလိုအခကြေးငွေပေးရတဲ့
ကျူရှင်ကောင်းကောင်းမှာ မတတ်ခဲ့ရပေမဲ့
ဆရာနေမျိုးရဲ့ သင်ပြပေးမှုနဲ့ အဆင့်တစ်နေရာကို ယူနိုင်ခဲ့တယ်။
ကိုယ့်ကို အမြဲတမ်းနှိမ်ချပြီး ပြောဆိုခဲ့တဲ့
ကျောင်းသားကို အနိုင်ယူနိုင်ခဲ့တယ်။
အတန်းထဲမှာ ဆရာ၊ဆရာမတွေရဲ့အမြင်ကြည်ခြင်းကို မရခဲ့တဲ့အပြင် တစ်ခုံတည်းထိုင်တဲ့သူတွေကတောင် မျက်မုန်းကျိုးခြင်းခံရတဲ့ မိန်းကလေး၊
တစ်ချိန်ကပုလင်းခွံ၊ဗူးကျွတ်တွေကိုတောင်
ရောင်းခဲ့တဲ့ကောင်မလေးဟာ ဆယ်တန်းကို
ဂုဏ်ထူးငါးဘာသာနဲ့ အောင်ခဲ့ပြီး ဆေးအမှတ်မှီခဲ့တယ်။
အခုဆို အဲ့ဒီ့ကောင်မလေးက ဥပဒေပညာရပ်ကိုသင်ယူနေတဲ့အပြင် စီးပွားရေးလောကထဲကို
၀င်နိုင်ဖို့ ခြေလှမ်းစနေပြီဖြစ်တယ်။
ပြန်တွေးကြည့်ရင် အရာရာတိုင်းကအိပ်မက်လို
ပါပဲ။ဒီအရာတွေအားလုံးဟာ ပုံရိပ်အတွက်
ဖမ်းဆုပ်ဖို့ မဖြစ်နိုင်ဘူးလို့ တွေးထင်ခဲ့မိတဲ့
စိတ်ကူးယဉ်အိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်လာသလိုပါပဲ။
*ကိုယ်ပိုင်စက်ဘီးတောင်မရှိခဲ့တဲ့ ကောင်မလေးက
နောက်ဆုံးပေါ်ကားတစ်စီးပေါ်မှာ အခန့်သား
ထိုင်ရလိမ့်မယ်လို့...ဘယ်သူကထင်ခဲ့မှာလဲ...."
*အတန်းထဲမှာ..အဆိုးဆုံးကျောင်းသူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့လူဟာ..ခရိုင်အဆင့်
လူရည်ချွန်ပြိုင်ပွဲတွေမှာပါ...ထူးချွန်ကျောင်းသားအဖြစ်..စေလွှတ်ခြင်းခံရမယ်လို့..
ဘယ်သူကထင်မှာလဲ*
*အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ်တိုင်ကြုံခဲ့ရတဲ့
ကောင်မလေးတစ်ယောက်က..
ဥပဒေပညာရပ်ကို သင်ယူနေခဲ့တယ်...*
*ပြုစုပျိုးထောင်ပေးခဲ့တဲ့...
ဥယျာဉ်မှူးကိုမှ...မေတ္တာသက်၀င်သွားလိမ့်မယ်လို့...
ဘယ်သူကများတွေးခဲ့မိမှာလဲ...*
"လှလိုက်တာ...ဒီတစ်ခါတောင်ကြီးကိုလာတာတော့
လုံး၀တန်သွားပြီ..."
"ဟိုမှာကြည့်စမ်း....ဒီမီးပုံးပျံကလွှတ်မီးရှူးမီးပန်းက
ခုဏကဟာထက် ပိုလှတယ်နော်...."
ဘေးနားမှ မီးပုံးပျံတွေကိုကြည့်ပြီး အံ့ဩစွာ
စကားပြောနေကြသော လူတွေကြောင့် ဆရာ့မျက်နှာကိုကြည့်နေရာမှ အကြည့်လွှဲလိုက်ချင်ပေမဲ့ မျက်ရည်များလဲ့နေသော ပုံရိပ်၏မျက်၀န်းများသည် ဆရာ့ထံပါးမှရုန်းဖယ်၍ မရတော့ပေ။
အခုအခြေအနေက ဘာကိုဆိုလိုတာလဲ။
ဒီလိုလူမြင်ကွင်းကြီးမှာ ယောက်ျားတစ်ယောက်က
မိန်းကလေးတစ်ယောက်ကို မီးပုံးပျံတွေကြည့်ရဖို့
ပွေ့ချီထားတယ်ဆိုတာဟာ သွေးရိုးသားရိုး
ဖြစ်နိုင်ပါတော့မလား။
ပုံရိပ်ရဲ့ခံစားချက်တွေကို ဆရာမြင်သွားခဲ့ပြီလား။
ပုံရိပ် သိပ်သိချင်မိတယ်။
တကယ်တမ်းတော့ ပုံရိပ်မှာအရွယ်မတိုင်ခင်
ချစ်မိဖို့အတွေးကို လုံး၀စိတ်ကူးတောင်
မယဉ်ချင်ခဲ့ရိုး အမှန်ပင်။
ပုံရိပ်မှာ အကောင်အထည်ဖော်ချင်တဲ့
စိတ်ကူးအိပ်မက်တွေအများကြီးရှိတာကြောင့်
တစ်စုံတစ်ယောက်ကို ဒီလောက်အထိချစ်မိသွားလိမ့်မယ်လို့ မထင်မှတ်ခဲ့မိပေ။
ဒါပေမဲ့...ဆရာ့ဘက်ကနေရော...ပုံရိပ်လိုတွေးပါရဲ့လား...
"ဆရာ....သမီးကြည့်လို့၀ပါပြီ...သမီးကိုအောက်ချပေးတော့နော်..."
ဆရာ့ပခုံးကို ပုတ်ပြီးပြောလိုက်သောအခါ
ပုံရိပ်ကို မော့ကြည့်လိုက်သော မျက်၀န်းလေးတွေထဲမှာ ရှက်စိတ်ကလေး ရောထွေးနေတာကို
တွေ့လိုက်ရလေသည်။
ပုံရိပ်၏ခြေထောက်တွေ မြေကြီးနှင့်
ထိလို့ရသွားသည့်တိုင်အောင် ကြပ်သိပ်နေသော
လူအုပ်ကြောင့် ဆရာ့ရင်ခွင်ထဲမှ ရုန်းမထွက်နိုင်ပေ။
ဘေးနားမှာ အတင်းလာတိုးနေကြသော
ယောက်ျားလေးတွေလည်း ရှိနေ၍ဆရာကလည်း
သူ့ခန္ဓာကိုယ်နှင့် ပုံရိပ်ကိုကာ၍ပေးထားသည်။
ဆရာ့ဝဲဘက်ရင်အုံနှင့် ပုံရိပ်၏ပခုံးကထိခတ်နေသောကြောင့် ဆရာ့နှလုံးသားတွေ၏
ကျွမ်းထိုးမှောက်ခုံ ဖြစ်နေမှုကို ပုံရိပ်သတိထားမိသည်။
*ဆရာ...ရင်ခုန်နေတာလား...ဒါမှမဟုတ်..
ငါ့ကိုချီထားခဲ့ရလို့...မောနေတာလား....
နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေတယ်...*
"ပုံရိပ်....."
"ဆရာ..."
တစ်ယောက်ကိုတစ်ယောက် သံပြိုင်ခေါ်လိုက်မိပြီးနောက် ပုံရိပ်တို့၏မျက်၀န်းအကြည့်ချင်းလည်း
စုံစည်းသွားကြသည်။
ဒီပွဲခင်းကြီးဟာ ပုံရိပ်တို့နှစ်ယောက်တည်းအတွက်
သီးသန့်ဖြစ်တည်နေသလိုကို ပုံရိပ်၏
အမြင်အာရုံ၊အကြားအာရုံအားလုံးသည်
ဆရာနေမျိုးနှင့်သာ စိုးမိုးပြည့်နှက်နေလေပြီ။
*ပုံရိပ်တို့ဟာ...ပန်းတွေနှင့်သာပြည့်နှက်နေသော
ဥယျာဉ်တစ်ခုထဲသို့..ရောက်ရှိနေကြပြီး..
နူးညံ့ညင်သာလွန်းသော ခံစားချက်တစ်ခုကို
အတူမျှဝေနေသလိုပါပဲ....*
ပုံရိပ်ရူးသွားပြီ။လူတစ်ယောက်ကို ချစ်မိလို့
ရူးသွားလေပြီ။
သူ့ကိုမှ အရူးအမူးချစ်မိနေလေပြီ။
"ပုံရိပ်...အရင်ပြောလေ..."
"ဆရာ...မနက်ဖြန်...အင်းလေးကိုသွားရင်...
ဆရာလိုက်မှာလားဟင်..."
ပုံရိပ်မေးလိုက်သော မေးခွန်းကြောင့်
ဆရာ့မျက်နှာလေး ညှိုးကျသွားလေသည်။
ပြီးနောက် ခေါင်းခါပြလာသည်။
ဆရာစိတ်မကောင်းဖြစ်နေသလိုပဲ။
"မနက်ဖြန်....ကိုယ်အလုပ်မအားဘူးအရိပ်ရဲ့...
စင်္ကာပူရုံကနေ ဆေးဝါးတွေရောက်လာမှာမို့
ကိုယ်အင်းလေးကို လိုက်လို့မဖြစ်ဘူး...."
"ဟား...အဲ့ဒါဆိုရင်ကောင်းတာပေါ့....
သမီးလည်းအင်းလေးကို မသွားဖြစ်ဘူး..."
"ဟင်...အရိပ်ကဘာလို့မသွားတာလဲ...."
"မန္တလေးကို ပြန်ပြီးအဖွားနဲ့ဆွေးနွေးစရာလေး
တစ်ခုရှိလို့ပါ...နောက်ပြီးအဖွားကနေမကောင်း
ဖြစ်နေတယ်ဆိုလို့...စိတ်ပူတာလည်းပါတယ်..."
"အင်းလေ...ဒီလိုဆိုတော့လည်း...
ဘယ်တတ်နိုင်ပါ့မလဲ..
ဒါနဲ့အရိပ်ကတစ်ယောက်တည်းပြန်မှာလား..."
"စိတ်မပူပါနဲ့ဆရာရဲ့....သမီးရဲ့ပုံစံက
အပြင်ပိုင်းကသာ..ပျော့ညံ့တဲ့ပုံပေါက်ပေမဲ့.
..အတွင်းစိတ်က
ကျောက်တုံးထက်တောင်..မာသေးတယ်..
မယုံရင်ကိုင်ပေါက်ကြည့်ပါလား..."
အတည်ပေါက်ကြီးနှင့် စနောက်လိုက်သော
ကလေးမကြောင့် နေမျိုးလည်းသဘောတကျနှင့်
ပြုံးလိုက်မိလေသည်။ဒီကလေး၏
အပြင်ပန်းပုံသဏ္ဍန်သည် စူးရှသောမျက်လုံးတွေသာရှိမနေပါက ပိုးဟပ်ဖြူလေးအလား
ထင်မှတ်ရလောက်သည်။
နို့နှစ်ရောင်အသားအရည်လေးက
တစ်ခုခုနှင့် ထိခိုက်မိ၍အရာထင်သွားမှာတောင်
စိုးရသည်။
ဆံပင်ရှည်လေးတွေကို ဖားလျားချထားပြီး
သိုးမွှေးဦးထုပ်လေးဆောင်းထားသောကြောင့်
တကယ့်ကို ဖြူဖြူစင်စင်နုနုနယ်နယ်လေးလိုပင်..။
ပန်းသွေးရောင် သန်းနေသောပါးလေးတွေက
ရယ်လိုက်တိုင်း မို့တက်သွားလေရာ
သူ့ရဲ့စိတ်တွေကို မနည်းချုပ်တည်းထားရသည်။
အထူးသဖြင့် သွယ်လျှပြီးဖြူဖွေးနေသော
လည်တိုင်းကျော့ကျော့လေး...
အဲ့ဒီ့လည်တိုင်လေးပေါ်မှာ
မူးမူးနှင့် အနမ်းတံဆိတ်ခပ်နှိပ်ဖူးတာကို
သူဘယ်မေ့လို့ရပါ့မလဲ။
"ဆရာ...အင်းလေးကို ဒီတစ်ခါမသွားလိုက်ရပေမဲ့
နောက်တစ်ခါတော့ရောက်အောင်သွားချင်တယ်..."
"အိုကေပါဗျာ...သူငယ်ချင်းတွေနဲ့တိုင်ပင်ထားပေါ့"
"မဟုတ်ဘူးလေ....သမီးပြောတာက...ဆရာနဲ့အတူ
အင်းလေးကို သွားချင်တယ်လို့ပြောနေတာ...
သမီးကို ကတိပေးနိုင်မလားဟင်..."
ကလေးဆိုတဲ့အတိုင်း ကလေးဆန်စွာ
လက်သန်းလေးကိုထောင်ပြီး သူ့ရင်ဘတ်အနားသို့
တိုးလာတာကြောင့် သူပြုံးလိုက်မိပြီး
ခေါင်းညိမ့်ပြလိုက်သည်။
လက်သန်းချင်း ချိတ်ပေးလိုက်တော့
အရိပ်ကလေး၏ ရွှင်မြူးသွားသောမျက်၀န်းလေးတွေကို အကြည့်မလွှဲနိုင်တော့ပေ။
"ပုံရိပ်ရေ.....ပုံရိပ်...ပုံရိပ်...နင်ဘယ်မှာလဲ..."
"သူငယ်ချင်းတွေ သမီးကိုခေါ်နေပြီ...."
"သူတို့ဆီသွားကြမယ်လေ..."
ပုံရိပ်၏ လက်ကလေးကိုဆွဲ၍အရှေ့မှ
ဦးဆောင်၍ခေါ်သွားပေးလေသည်။
တကယ်တော့ ပုံရိပ်ကိုကောင်းမွန်တဲ့ဘ၀ကို
ရောက်အောင် ဆွဲခေါ်ပေးခဲ့တဲ့လူက ဒီလူသားလို့ပြောရင် မှားနိုင်ဖွယ်ရာမရှိပါဘူး။
............
ကျောင်းခန်းထဲမှာ စာလုပ်ချင်စိတ်ပျောက်ပြီး၊
အရွှဲ့တိုက်လိုစိတ်တွေသာ ပြင်းထန်နေသော
ပုံရိပ်ကို လက်တွေ့ဘ၀ထဲသို့ ပြန်ဆွဲခေါ်လာ
နိုင်ခဲ့တယ်။
အခြားသူတစ်ယောက်ကိုသာ အနိုင်လိုစိတ်ပြင်းထန်နေတဲ့ ပုံရိပ်အား
ကိုယ့်ကိုယ်ကိုသာ ယှဉ်ပြိုင်ဖို့တိုက်တွန်းခဲ့ပြီး မှန်ကန်တဲ့လမ်းစဉ်ပေါ်ကိုခေါ်လာပေးခဲ့တယ်...။
အလုပ်ကြမ်းသမားဘ၀ကိုရောက်လုဆဲဆဲ
ဖြစ်နေတဲ့ပုံရိပ်ကို ကျောင်းသားဘ၀သို့
ပြန်ဆွဲခေါ်လာပေးခဲ့တယ်။
*တကယ်တော့..ပုံရိပ်ရဲ့ဘ၀ကို
ဆရာကတည့်မတ်ပေးခဲ့လို့သာ...ပုံရိပ်ဒီလိုကောင်းကောင်းရပ်တည်နေနိုင်တာပါ...*
🌹🌹🌹🌹🌹🌹🌹🌹
မီးပုံးပျံပွဲကို ကြည့်ပြီးနောက် အဖွဲ့လိုက်ကြီး
ချားရဟက်စီးဖြစ်ကြလေသည်။
အဖွဲ့လိုက်ကြီးဆိုတော့ ပျော်ဖို့လည်းကောင်းသည်။
တစ်ယောက်တစ်ပေါက်နှင့် စကားပြောကြ၍
ရယ်လည်း ရယ်ရလေသည်။
ပုံရိပ်တို့မိန်းကလေးတွေက အရင်စီးလိုက်ပြီးနောက်
ပျော်ပျော်နေတတ်သော ဦးဗျောကြီး၏မြူစွယ်မှုနှင့်အတူ ယောက်ျားလေးအုပ်လိုက်ကြီးကလည်း
ချားရဟက်ပေါ်သို့ ရောက်ကုန်ကြလေတော့သည်။
"နွယ်....မင်းအဲ့ကောင်ကိုဘာလို့ငေးနေတာလဲ..."
"နွယ်မငေးပါဘူးမောင်ရယ်...ဒီတိုင်းပဲကြည့်မိသွားတာပါ...."
"ငါမယုံဘူး...မင်းအဲ့ဒီကောင်နဲ့ပြန်ဆက်ချင်နေတာမဟုတ်လား...."
အရှိန်နှင့်လည်နေသော ရဟက်ကြီးကိုမော့ကြည့်နေရင်းနှင့် အနောက်ဘက်မှရင်းနှီးသောအသံတွေကြောင့် နားစွင့်ထားလိုက်ရင်း မသိမသာလှမ်းကြည့်လိုက်မိတော့ မနွယ်နှင့်မင်းဆက်ဆိုသောလူကြီးတို့ဖြစ်နေလေသည်။
အနောက်သို့ ခြေတစ်လှမ်းလောက် ဆုတ်လိုက်ပြီး
သူတို့ဘာတွေ ပြောနေသလဲဆိုတာပိုကြားရအောင် စပ်စုလိုက်မိသည်။
"မောင်ရယ်...ဘာကြောင့်အချိန်တိုင်းနွယ့်အပေါ်မှာ
သံသယ၀င်နေရတာလဲ...ဘုရားစူးရပါစေ...
ကိုနေနဲ့နွယ်ကဘာမှကိုမဆိုင်တော့တာပါ..."
"ငါကယုံမယ်များထင်နေလား...ဘာမှမဆိုင်ရင်
မင်းကသူ့ကို"ကိုနေ.."ဆိုတဲ့နာမ်စားကြီးကို
အခုထိခေါ်နေအုံးမှာတဲ့လား...
ငါ့ကိုအရှေ့မှာထားပြီး...
မင်းရဲ့မျက်လုံးတွေက လိမ်နေတာကိုငါက
သတိမထားမိဘူးလို့ထင်နေတာလား....."
"မောင်ဘယ်လိုပြောလိုက်တာလဲ....နွယ်တို့
နှစ်ယောက်ကြားမှာ ဘာဆိုဘာမှကိုမရှိတော့တာ...
နွယ်အသက်နဲ့ရင်းပြီးတောင် သက်သေပြနိုင်တယ်မောင်...."
"ဒါဆိုအခုသက်သေပြလေ..."
"မောင့်!!!!!လူတွေအများကြီးရှိနေတဲ့နေရာမှာတောင်
မောင်နွယ့်ကို ဒီလိုပြောရက်တာလား...
နွယ်ကမောင်အနိုင်ကျင့်လို့ သိပ်ကောင်းနေတဲ့မိန်းမလား....
နွယ်မောင့်ကို ဘယ်လောက်အထိချစ်လဲဆိုတာ
မောင်ဘာလို့ နားမလည်ရတာလဲ...."
"တော်စမ်းပါကွာ...အချစ်ဆိုတဲ့စကားလုံးတွေကို
ကာဗာယူပြီး မင်းရဲ့ဖောက်ပြားချင်နေတဲ့စိတ်ကို
ဖုံးမနေစမ်းပါနဲ့....မင်းငါ့ကိုချစ်တဲ့အချစ်က
ဆန်ပေးလို့ဆီပြန်ရတဲ့ သဘောမျိုးပါပဲ...
နေမျိုးလိုငမွဲမျိုးက..မဖြည့်ဆည်းပေးနိုင်တဲ့
ငွေကြေး၊ဥစ္စာတွေအားလုံးကို..မင်းအလိုကျပေး
ကမ်းခဲ့လို့သာ မင်းငါ့ကိုကပ်တွယ်နေတာပါ...
အခုဒီကောင်က...အရင်လိုမဟုတ်တော့ဘူးဆိုတာနဲ့..မနက်ကမင်းသူ့ကိုကြည့်တဲ့အကြည့်တွေက
ပြောင်းလဲသွားတာကို ငါကမရိပ်မိဘူးထင်နေလား.."
"မဟုတ်ဘူးမောင်...မောင်အထင်လွဲနေပြီ...
ကိုနေ....နေမျိူးကအခုပြောင်းလဲသွားတာ
ဟုတ်တယ်..သူ့ကိုဥပက္ခာပြုပြီး မောင့်ဘ၀ထဲကို
၀င်လာခဲ့တယ်ဆိုပေမဲ့...
ကျွန်မမောင့်ကိုတကယ်ချစ်လို့ပါ...
သူနဲ့အတူကုန်ဆုံးခဲ့တဲ့အချိန်တွေမှာ ကျွန်မသူ့ကိုတစ်ခါမှ ချစ်တယ်လို့အဖြေပြန်မပေးခဲ့ဖူးဘူး....
အဲ့ဒါကကျွန်မသူ့ကိုတကယ်မချစ်လို့ပဲ...
ဒါ့အပြင် ကျွန်မသူ့ကိုရက်ရက်စက်စက်အသုံးချခဲ့ဖူးတယ်...သူ့ခံစားချက်တွေကိုလျစ်လျှူရှုခဲ့ဖူးတယ်...ဒါပေမဲ့မောင့်အပေါ်မှာတော့
ကျွန်မဘယ်တော့မှ...ရက်စက်မှာမဟုတ်သလို...
မောင်လျစ်လျှူရှုရင်တောင် ကျွန်မ..
မနေတတ်ဘူးမောင်....
အဲ့ဒါကျွန်မမောင့်ကို သိပ်ချစ်လို့ပဲ...."
ကြားနေရသော စကားတွေကကိုယ့်နားကိုယ်တောင်
မယုံချင်လောက်အောင်ပါပဲ။
မနွယ်ဆိုသူက ဆရာ့ကိုအသုံးချခဲ့ပြီး
ဆရာ့ခံစားချက်တွေကို ပျက်ရယ်ပြုခဲ့တာပေါ့။
မင်းဆက်ဆိုတဲ့လူကလည်း ဆရာ့ကိုတမင်
နာကျင်စေချင်လို့ မနွယ်ကိုရအောင်ယူခဲ့တာပေါ့။
သစ္စာမရှိတဲ့မိန်းမနဲ့ သူတစ်ပါးရဲ့ချစ်ရသူကိုမှ
ကြောင်တောင်နှိုက်ချင်တဲ့ ဘ၀င်ရူးတို့ကြားမှာ
ဆရာဘယ်လောက်တောင် နစ်နာခဲ့ရမလဲ။
သူတို့၏စကားတွေကို နားထောင်ပြီးနောက်မှာ
အကုန်လုံးကို နားမလည်ပေမဲ့အနည်းငယ်တော့
ခန့်မှန်းမိလေသည်။
ဆရာရေးထားသော စာအုပ်လေးထဲက
"စိမ်းရက်တဲ့နွယ်ဆိုသော ကဗျာလေးကိုပြန်တွေးကြည့်နေမိသည်။
"စိမ်းရက်တဲ့နွယ်...."
"သိပ်လှတဲ့ပန်းကလေးကို
ခူးစွပ်ဖို့ အားခဲမိတိုင်း
ဆူးကလေးတွေ စူးလို့
နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ထွက်
မင်း..သိပ်ရက်စက်တယ်နွယ်
ရထားကြီးက တဂျုံးဂျုံးမြည်လို့
သံလမ်းထက်မှာ ဖြန့်ခင်းထားတဲ့
အသဲနှလုံးကို မြင်ပါလျှက်နဲ့
တို့..လမ်းခွဲကြရအောင်တဲ့
ကိုယ့်ရင်တွေ ကြေပါပြီနွယ်ရယ်
တစ်ဖက်မှာ ချစ်တတ်တဲ့နှလုံးသား
တစ်ဖက်မှာ မင်းမက်တဲ့ကျောက်သံပတ္တမြား
နှစ်ခုလုံးနဲ့ပြစ်ပေါက်ပြီး
မင်းကိုပြောလိုက်ချင်တယ်...
"ငါမင်းကို...အသက်လောက်ချစ်တယ်လို့..."
ဟိုးရှေးရှေးက လယ်ကွင်းစိမ်းထဲ
ပြေးလွှားဆော့ခဲ့တဲ့ အချိန်မှာပေါ့
ကိုယ့်ကို မစိမ်းကားခဲ့ဖို့
ကိုယ်ပြောခဲ့တယ်လေ
မင်းကိုယ်တိုင် သကာရေလောင်းပြီး
ချိုမြမြပြုံးပြခဲ့ပေမဲ့
လယ်ကွင်းစိမ်းတွေက မင်းလောက်တော့
မစိမ်းရက်ဘူးရယ်လို့
သိလိုက်ပါပြီကွယ်
မြိုင်ဟေ၀န်ထဲမှာ မာယာကိုဝှက်သိမ်းပြီး
နတ်စစ်သည်တို့နောက်ကို
ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်
*နွယ်...
ကျောခိုင်းပြီးရင်..ပြန်လှည့်မကြည့်ပါနဲ့*
ဆရာ့ကဗျာလေးနှင့် သူတို့အခုပြောနေကြတာကို ပြန်စပ်ဆက်ကြည့်လိုက်မိတော့ ဆရာ့ကို
ပို၍ သနားသွားမိသည်။
ဆရာတော်တော်ကို ခံပြင်းပြီး ခံစားခဲ့ရမှာ
သေချာတယ်။ကဗျာထဲကလိုဆိုရင်
သူသိပ်ချစ်ရတဲ့ငယ်ချစ်ဦးဟာ သူ့ရင်ကိုခွဲပြီး ငွေကြေးဥစ္စာချမ်းသာတဲ့ လူရဲ့နောက်ကို
ကောက်ကောက်ပါအောင် လိုက်သွားခဲ့တာတောင်
သူအပြစ်မြင်ခဲ့ပုံမပေါ်ဘူး။
ဆရာဟာ သိပ်ကိုသဘောထားကြီးလွန်းပါတယ်။
ပုံရိပ်၏ အတွေးတွေလွှင့်ပျံနေတုန်းမှာပဲ
အနောက်မှအတွဲကတော့ ခပ်ကြိတ်ကြိတ်ဖြစ်နေကြလေသည်။
"အဟင်း...မင်းပြောတိုင်းငါကယုံကြည်ပေးရအောင်...ငါ့ကိုသိပ်ပြီးတုံးအနေတဲ့ကောင်လို့ထင်နေတာလား..."
"မောင်ရယ်...တောင်းပန်ပါတယ်...မဟုတ်တာတွေ
မစွပ်စွဲပါနဲ့..."
"ဘာလို့မဟုတ်ရမှာလဲ...အဲ့ကောင်ကမင်းကိုဆိုအသေရရ...အရှင်ရရလိုချင်နေတာကို
ငါကမသိဘူးများထားနေလား....
ဒင်းကကိုယ့်အဆင့်ကိုယ်မသိပဲ
ငါ့ကိုလေသံလာမာရတယ်လို့....
ကပ်ဖားယပ်ဖားလုပ်နိုင်လွန်းလို့...
နေရာရတဲ့ကောင်ကများ...
အလကားကြာကူလီကောင်...
အောက်တန်းစား ဘုန်းကြီးကျောင်းသား..."
"ဒီမှာ...ရှင်လူဆိုရင်လူစကားပြော...."
အရှေ့ဘက်မှ အော်ငေါက်သံတစ်ခုကို
ကြားလိုက်ရ၍ မင်းဆက်ကိုယ်တိုင်ထိတ်လန့်လျှက်ကြည့်လိုက်မိတော့ လေထဲမှာလွှဲယမ်းလိုက်သော
လက်တစ်စုံဟာ သူ့ပါးပြင်ပေါ်သို့ကျရောက်လာခဲ့လေသည်....
"ဖြန်း!!!!!"
သူ့ရဲ့ဘယ်ဘက်ပါးတစ်ခုလုံး ကျိန်းစပ်သွားတာကြောင့် လက်ဖဝါးနှင့်အယောင်ယောင်အမှားမှား
အုပ်ကိုင်လိုက်မိတော့ လက်သည်းနှင့်ခြစ်မိသော
သွေးစလေးကိုတောင် စမ်းမိသွားသည်။
ဦးခေါင်းတစ်ခုလုံး ထူပူသွားတာ ပထမဆုံးအကြိမ်အဖြစ် ပါးရိုက်ခံလိုက်ရသောဝေဒနာက
သူ့ကိုမိုးမမြင်လေမမြင် ဖြစ်သွားစေသည်။
ရှူးရှူးရှားရှားနှင့် ပြန်လည်တုန့်ပြန်ဖို့
ဒေါသမျက်၀န်းတွေနှင့် ရှေ့သို့စိုက်ကြည့်လိုက်သောအခါ သူ့ကိုရွံရှာမုန်းတီးစွာ စိုက်ကြည့်နေသော
ဖြူဖြူနုနု ကလေးမလေးတစ်ယောက်ကို
တွေ့လိုက်ရသည်။
ဒီမိန်းကလေးဟာ သူတို့ရှယ်ယာ၀င်ထားတဲ့
ကုမ္ပဏီပိုင်ရှင်ရဲ့မြေးဖြစ်လေသည်။
"မင်းဘာလို့...ငါ့ပါးကိုလာချတာလဲ...ငါကမိန်းကလေးလည်း ညှာတတ်တဲ့ကောင်မဟုတ်ဘူးနော်..."
"ယုံပါတယ်...ရှင်ကသိပ်ကိုကောင်ကျစ်တဲ့
ကျားငစဉ်းလဲကြီးဆိုတာ...
ရှင့်ပါးစပ်ပေါက်ကနေထွက်တဲ့
အမင်္ဂလာစကားတွေနဲ့တင်..ယုံပါတယ်.."
"ဘာလဲ...ခုဏကငါတို့ပြောနေတဲ့စကားတွေကို
ကြားသွားလို့ အဲ့ဒီ့အောက်တန်းစားကောင်
နေမျိုးဘက်ကနေ လာ၀င်နာနေတာလား...."
"ရှင့်ပါးစပ်ကနေ...သူ့နာမည်ကိုထွက်စရာမလိုဘူး..
ရှင့်လိုလူယုတ်မာကများ သူ့ကိုအောက်တန်းစားတဲ့
အဟင်း...နဲနဲတော့ရယ်ချင်မိသား...
ဘယ်သူက တကယ်အောက်တန်းစားဆိုတာ..
ရှင်မမြင်ရဘူးလား...အော်...ဟုတ်သားပဲ...
ရှင်က..မစ္ဆရိယစိတ်တွေနဲ့ပိတ်လှောင်ပြီး
ကန်းနေတော့...တကယ့်အောက်တန်းစားအစစ်က
တမာန်မင်းဆက်ဆိုတဲ့ ရှင်ကိုယ်တိုင်ဖြစ်နေတာကို
ဘယ်မြင်နိုင်မလဲ...."
"မင်းဘာစကားပြောတာလဲ..."
"လူစကားကို..လူလိုပြောနေတာလေ..
လူလိုနားမလည်ဘူးလား...ဒီမှာ...
သူကဘုန်းကြီးကျောင်းသားပေမဲ့...
ရှင့်ထက်ပိုပြီး စိတ်ဓာတ်အဆင့်အတန်းမြင့်မားတယ်...ရှင်တို့လို ကလိမ်ကကျစ်စိတ်နဲ့
ရှင်သန် နေတဲ့လူမဟုတ်ဘူး...
တစ်ယောက်ကငွေမက်ပြီး..
သူ့ရဲ့ဖြူစင်တဲ့အချစ်ကို ပျက်ရယ်ပြုခဲ့တယ်...
နောက်တသ်ယောက်ကတော့..
အလကားနေရင်းလိုက်ပြိုင်ပြီး
သူ့ဘ၀ကို ဖြတ်စီးချင်နေတယ်...
ကျွန်မသတိပေးလိုက်....နောက်တစ်ခါရှင်တို့ရဲ့ပါးစပ်ကနေ...သူ့နာမည်ကိုမပြောနဲ့...
သူနဲ့ပတ်သတ်တာတောင် တစ်လုံးမှမဟမိစေနဲ့..."
"ဒီမှာ...ငါမင်းကိုသည်းခံနေတယ်ဆိုတာ...
မင်းအဖွားရဲ့မျက်နှာကြောင့်နော်...မင်းကိုယ်မင်း
အဟုတ်ကြီးမှတ်မနေနဲ့.."
ပုံရိပ်ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး
အော်ပြောနေတဲ့ သူ့ကိုပုံရိပ်ကလည်းမဲ့ပြုံးပြုံးကာ မျက်ခုံးပြန်ပင့်ပြလိုက်သည်။
ထိုစဉ် ပုံရိပ်တို့အဖွဲ့ထဲမှ သူငယ်ချင်းတွေကလည်း
စိုးရိမ်သလို ကြည့်လာကြသလို ဆရာနေမျိုးတို့အဖွဲ့ကလည်း ချားရဟက်ပေါ်မှ ဆင်းလာကြလေသည်။
"ဒီမှာ...ဦးတမာန်မင်းဆက်..မန္တလေးကို
ကျွန်မပြန်ရောက်တာနဲ့...ရှင်တင်မကဘူး...
ရှင်တို့မိသားစုတစ်ခုလုံးရဲ့ဘ၀ကြီး...
ဘယ်လိုစုတ်ပြတ်သတ်သွားမလဲဆိုတာ...
ရှင်စောင့်ကြည့်နေလိုက်.."
"မင်းဘာပြောတယ်...သောက်ကောင်မ..."
"ဟိတ်လူခင်ဗျားဘာလုပ်တာလဲ...."
"ပုံရိပ်ရေ...ရန်မဖြစ်နဲ့တော့...တော်ပါတော့ဟယ်..."
"မောင်ရယ်...နွယ်တို့သွားကြရအောင်..."
"ငါဒီမိန်းမကို မကျေနပ်ဘူး..."
အနောက်က ယောက်ျားလေးအဖွဲ့ကရောက်လာပြီးဦးမင်းဆက်ကို ရန်လိုသောအကြည့်နှင့် ဝိုင်းကြည့်နေကြ၍ မနွယ်ဆိုသူကသူ့ရဲ့လူကို အတင်းဆွဲခေါ်သွားလေသည်။လူအများကြီးနှင့် တစ်ယောက်ဖြစ်၍ မင်းဆက်ဆိုတဲ့လူ၏မျက်လုံးထဲမှ အကြောက်တရားကိုလည်း တွေ့လိုက်ရသည်။
ပုံရိပ်ကတော့ မဲ့ပြုံးပြုံးကာ သူတို့ထွက်သွားတဲ့အထိ စူးစိုက်ကြည့်နေလိုက်သည်။
*ဒီနေ့ညကို ပုံရိပ်ဘယ်တော့မှမမေ့ဘူး...
ဆရာ့ကို ဆော်ကားခဲ့တဲ့အဲ့ဒီ့လူကို
နောင်ကျင်အောင် လုပ်ရမှကိုကျေနပ်မယ်...."
အခန်း(၆၂)ဆက်ရန်
🔥🔥🔥🔥🔥🔥🔥🔥
ပုံရိပ် ဟိုကောင်ကိုဘယ်လိုပညာပြန်ပေးမလဲ...?
ဖွားညိုကိုရော...ကိုထက်နဲ့စေ့စပ်ဖို့ကိစ္စပြောနိုင်မယ်လို့ ထင်ကြလား
ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူးတင်ရှိပါတယ်...
🔥FACEBOOKမှာလည်းTNH Channel pageကို
Like and followလုပ်ပေးကြပါအုံးနော်
=========================================================================
🔥🌹ဆူးႀကိဳး(အခန္း၆၁)🔥
ေကာင္းကင္မွာ ၾကယ္ေလးေတြလင္းလတ္ေနတာကို ျမင္ႏိုင္ေပမဲ့ ခူးဆြတ္ႏိုင္ဖို႔ေတာ့မျဖစ္ႏိုင္ေပ...။
အိပ္မက္ဆိုတာ လက္ေတြ့မွာျဖစ္လာဖို႔
မေရရာဆံုးေသာ ေမ်ွာ္လင့္ခ်က္လို႔ေတြးခဲ့ဖူးတယ္။
အိပ္မက္ေတြဟာ သိပ္ကိုေဈးႀကီးလြန္းတယ္...။
ပံုရိပ္က ေလာဘသိပ္နည္းတဲ့ မိန္းကေလး
တစ္ေယာက္ပါ။
ဒါေပမဲ့ ေလာဘႀကီးမိၿပီဆိုရင္လည္း
မရႏိုင္ဘူးဆိုတာဟာ ပံုရိပ္အတြက္ေတာ့ညံ့ဖ်င္းတဲ့ အေတြးတစ္ခုသာသာပါပဲ။
သူမ်ားေတြလိုအခေၾကးေငြေပးရတဲ့
က်ူရွင္ေကာင္းေကာင္းမွာ မတတ္ခဲ့ရေပမဲ့
ဆရာေနမ်ိဳးရဲ့ သင္ျပေပးမႈနဲ႔ အဆင့္တစ္ေနရာကို ယူႏိုင္ခဲ့တယ္။
ကိုယ့္ကို အၿမဲတမ္းႏိွမ္ခ်ၿပီး ေျပာဆိုခဲ့တဲ့
ေက်ာင္းသားကို အႏိုင္ယူႏိုင္ခဲ့တယ္။
အတန္းထဲမွာ ဆရာ၊ဆရာမေတြရဲ့အျမင္ၾကည္ျခင္းကို မရခဲ့တဲ့အျပင္ တစ္ခံုတည္းထိုင္တဲ့သူေတြကေတာင္ မ်က္မုန္းက်ိဳးျခင္းခံရတဲ့ မိန္းကေလး၊
တစ္ခ်ိန္ကပုလင္းခြံ၊ဗူးကၽြတ္ေတြကိုေတာင္
ေရာင္းခဲ့တဲ့ေကာင္မေလးဟာ ဆယ္တန္းကို
ဂုဏ္ထူးငါးဘာသာနဲ႔ ေအာင္ခဲ့ၿပီး ေဆးအမွတ္မွီခဲ့တယ္။
အခုဆို အဲ့ဒီ့ေကာင္မေလးက ဥပေဒပညာရပ္ကိုသင္ယူေနတဲ့အျပင္ စီးပြားေရးေလာကထဲကို
၀င္ႏိုင္ဖို႔ ေျခလွမ္းစေနၿပီျဖစ္တယ္။
ျပန္ေတြးၾကည့္ရင္ အရာရာတိုင္းကအိပ္မက္လို
ပါပဲ။ဒီအရာေတြအားလံုးဟာ ပံုရိပ္အတြက္
ဖမ္းဆုပ္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ ေတြးထင္ခဲ့မိတဲ့
စိတ္ကူးယဉ္အိပ္မက္ေတြ လက္ေတြ့အေကာင္အထည္ေပၚလာသလိုပါပဲ။
*ကိုယ္ပိုင္စက္ဘီးေတာင္မရိွခဲ့တဲ့ ေကာင္မေလးက
ေနာက္ဆံုးေပၚကားတစ္စီးေပၚမွာ အခန္႔သား
ထိုင္ရလိမ့္မယ္လို႔...ဘယ္သူကထင္ခဲ့မွာလဲ...."
*အတန္းထဲမွာ..အဆိုးဆံုးေက်ာင္းသူတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရတဲ့လူဟာ..ခရိုင္အဆင့္
လူရည္ခၽြန္ၿပိဳင္ပဲြေတြမွာပါ...ထူးခၽြန္ေက်ာင္းသားအျဖစ္..ေစလႊတ္ျခင္းခံရမယ္လို႔..
ဘယ္သူကထင္မွာလဲ*
*အိမ္တြင္းအၾကမ္းဖက္မႈကို ကိုယ္တိုင္ႄကံုခဲ့ရတဲ့
ေကာင္မေလးတစ္ေယာက္က..
ဥပေဒပညာရပ္ကို သင္ယူေနခဲ့တယ္...*
*ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့...
ဥယ်ာဉ္မွဴးကိုမွ...ေမတၲာသက္၀င္သြားလိမ့္မယ္လို႔...
ဘယ္သူကမ်ားေတြးခဲ့မိမွာလဲ...*
"လွလိုက္တာ...ဒီတစ္ခါေတာင္ႀကီးကိုလာတာေတာ့
လံုး၀တန္သြားၿပီ..."
"ဟိုမွာၾကၫ့္စမ္း....ဒီမီးပံုးပ်ံကလႊတ္မီးရႉးမီးပန္းက
ခုဏကဟာထက္ ပိုလွတယ္ေနာ္...."
ေဘးနားမွ မီးပံုးပ်ံေတြကိုၾကၫ့္ၿပီး အံ့ဩစြာ
စကားေျပာေနၾကေသာ လူေတြေၾကာင့္ ဆရာ့မ်က္ႏွာကိုၾကၫ့္ေနရာမွ အၾကၫ့္လႊဲလိုက္ခ်င္ေပမဲ့ မ်က္ရည္မ်ားလဲ့ေနေသာ ပံုရိပ္၏မ်က္၀န္းမ်ားသည္ ဆရာ့ထံပါးမွရုန္းဖယ္၍ မရေတာ့ေပ။
အခုအေျခအေနက ဘာကိုဆိုလိုတာလဲ။
ဒီလိုလူျမင္ကြင္းႀကီးမွာ ေယာက္်ားတစ္ေယာက္က
မိန္းကေလးတစ္ေယာက္ကို မီးပံုးပ်ံေတြၾကၫ့္ရဖို႔
ေပြ့ခ်ီထားတယ္ဆိုတာဟာ ေသြးရိုးသားရိုး
ျဖစ္ႏိုင္ပါေတာ့မလား။
ပံုရိပ္ရဲ့ခံစားခ်က္ေတြကို ဆရာျမင္သြားခဲ့ၿပီလား။
ပံုရိပ္ သိပ္သိခ်င္မိတယ္။
တကယ္တမ္းေတာ့ ပံုရိပ္မွာအရြယ္မတိုင္ခင္
ခ်စ္မိဖို႔အေတြးကို လံုး၀စိတ္ကူးေတာင္
မယဉ္ခ်င္ခဲ့ရိုး အမွန္ပင္။
ပံုရိပ္မွာ အေကာင္အထည္ေဖာ္ခ်င္တဲ့
စိတ္ကူးအိပ္မက္ေတြအမ်ားႀကီးရိွတာေၾကာင့္
တစ္စံုတစ္ေယာက္ကို ဒီေလာက္အထိခ်စ္မိသြားလိမ့္မယ္လို႔ မထင္မွတ္ခဲ့မိေပ။
ဒါေပမဲ့...ဆရာ့ဘက္ကေနေရာ...ပံုရိပ္လိုေတြးပါရဲ့လား...
"ဆရာ....သမီးၾကၫ့္လို႔၀ပါၿပီ...သမီးကိုေအာက္ခ်ေပးေတာ့ေနာ္..."
ဆရာ့ပခံုးကို ပုတ္ၿပီးေျပာလိုက္ေသာအခါ
ပံုရိပ္ကို ေမာ့ၾကၫ့္လိုက္ေသာ မ်က္၀န္းေလးေတြထဲမွာ ရွက္စိတ္ကေလး ေရာေထြးေနတာကို
ေတြ့လိုက္ရေလသည္။
ပံုရိပ္၏ေျခေထာက္ေတြ ေျမၾကီးႏွင့္
ထိလို႔ရသြားသၫ့္တိုင္ေအာင္ ၾကပ္သိပ္ေနေသာ
လူအုပ္ေၾကာင့္ ဆရာ့ရင္ခြင္ထဲမွ ရုန္းမထြက္ႏိုင္ေပ။
ေဘးနားမွာ အတင္းလာတိုးေနၾကေသာ
ေယာက္်ားေလးေတြလည္း ရိွေန၍ဆရာကလည္း
သူ႔ခႏၶာကိုယ္ႏွင့္ ပံုရိပ္ကိုကာ၍ေပးထားသည္။
ဆရာ့ဝဲဘက္ရင္အံုႏွင့္ ပံုရိပ္၏ပခံုးကထိခတ္ေနေသာေၾကာင့္ ဆရာ့ႏွလံုးသားေတြ၏
ကၽြမ္းထိုးေမွာက္ခံု ျဖစ္ေနမႈကို ပံုရိပ္သတိထားမိသည္။
*ဆရာ...ရင္ခုန္ေနတာလား...ဒါမွမဟုတ္..
ငါ့ကိုခ်ီထားခဲ့ရလို႔...ေမာေနတာလား....
ႏွလံုးခုန္ႏႈန္းေတြ အရမ္းျမန္ေနတယ္...*
"ပံုရိပ္....."
"ဆရာ..."
တစ္ေယာက္ကိုတစ္ေယာက္ သံၿပိဳင္ေခၚလိုက္မိၿပီးေနာက္ ပံုရိပ္တို႔၏မ်က္၀န္းအၾကည့္ခ်င္းလည္း
စံုစည္းသြားၾကသည္။
ဒီပဲြခင္းႀကီးဟာ ပံုရိပ္တို႔ႏွစ္ေယာက္တည္းအတြက္
သီးသန႔္ျဖစ္တည္ေနသလိုကို ပံုရိပ္၏
အျမင္အာရံု၊အၾကားအာရံုအားလံုးသည္
ဆရာေနမ်ိဳးႏွင့္သာ စိုးမိုးျပၫ့္ႏွက္ေနေလၿပီ။
*ပံုရိပ္တို႔ဟာ...ပန္းေတြႏွင့္သာျပၫ့္ႏွက္ေနေသာ
ဥယ်ာဉ္တစ္ခုထဲသို႔..ေရာက္ရိွေနၾကၿပီး..
ႏူးညံ့ညင္သာလြန္းေသာ ခံစားခ်က္တစ္ခုကို
အတူမ်ွေဝေနသလိုပါပဲ....*
ပံုရိပ္ရူးသြားၿပီ။လူတစ္ေယာက္ကို ခ်စ္မိလို႔
ရူးသြားေလၿပီ။
သူ႔ကိုမွ အရူးအမူးခ်စ္မိေနေလၿပီ။
"ပံုရိပ္...အရင္ေျပာေလ..."
"ဆရာ...မနက္ျဖန္...အင္းေလးကိုသြားရင္...
ဆရာလိုက္မွာလားဟင္..."
ပံုရိပ္ေမးလိုက္ေသာ ေမးခြန္းေၾကာင့္
ဆရာ့မ်က္ႏွာေလး ၫွိုးက်သြားေလသည္။
ၿပီးေနာက္ ေခါင္းခါျပလာသည္။
ဆရာစိတ္မေကာင္းျဖစ္ေနသလိုပဲ။
"မနက္ျဖန္....ကိုယ္အလုပ္မအားဘူးအရိပ္ရဲ့...
စကၤာပူရံုကေန ေဆးဝါးေတြေရာက္လာမွာမို႔
ကိုယ္အင္းေလးကို လိုက္လို႔မျဖစ္ဘူး...."
"ဟား...အဲ့ဒါဆိုရင္ေကာင္းတာေပါ့....
သမီးလည္းအင္းေလးကို မသြားျဖစ္ဘူး..."
"ဟင္...အရိပ္ကဘာလို႔မသြားတာလဲ...."
"မႏၲေလးကို ျပန္ၿပီးအဖြားနဲ႔ေဆြးေနြးစရာေလး
တစ္ခုရိွလို႔ပါ...ေနာက္ၿပီးအဖြားကေနမေကာင္း
ျဖစ္ေနတယ္ဆိုလို႔...စိတ္ပူတာလည္းပါတယ္..."
"အင္းေလ...ဒီလိုဆိုေတာ့လည္း...
ဘယ္တတ္ႏိုင္ပါ့မလဲ..
ဒါနဲ႔အရိပ္ကတစ္ေယာက္တည္းျပန္မွာလား..."
"စိတ္မပူပါနဲ႔ဆရာရဲ့....သမီးရဲ့ပံုစံက
အျပင္ပိုင္းကသာ..ေပ်ာ့ညံ့တဲ့ပံုေပါက္ေပမဲ့.
..အတြင္းစိတ္က
ေက်ာက္တံုးထက္ေတာင္..မာေသးတယ္..
မယံုရင္ကိုင္ေပါက္ၾကၫ့္ပါလား..."
အတည္ေပါက္ႀကီးႏွင့္ စေနာက္လိုက္ေသာ
ကေလးမေၾကာင့္ ေနမ်ိဳးလည္းသေဘာတက်ႏွင့္
ႃပံုးလိုက္မိေလသည္။ဒီကေလး၏
အျပင္ပန္းပံုသ႑န္သည္ စူးရွေသာမ်က္လံုးေတြသာရိွမေနပါက ပိုးဟပ္ျဖဴေလးအလား
ထင္မွတ္ရေလာက္သည္။
ႏို႔ႏွစ္ေရာင္အသားအရည္ေလးက
တစ္ခုခုႏွင့္ ထိခိုက္မိ၍အရာထင္သြားမွာေတာင္
စိုးရသည္။
ဆံပင္ရွည္ေလးေတြကို ဖားလ်ားခ်ထားၿပီး
သိုးေမႊးဦးထုပ္ေလးေဆာင္းထားေသာေၾကာင့္
တကယ့္ကို ျဖဴႁဖူစင္စင္ႏုႏုနယ္နယ္ေလးလိုပင္..။
ပန္းေသြးေရာင္ သန္းေနေသာပါးေလးေတြက
ရယ္လိုက္တိုင္း မို႔တက္သြားေလရာ
သူ႔ရဲ့စိတ္ေတြကို မနည္းခ်ဳပ္တည္းထားရသည္။
အထူးသျဖင့္ သြယ္လ်ွၿပီးျဖဴေဖြးေနေသာ
လည္တိုင္းေက်ာ့ေက်ာ့ေလး...
အဲ့ဒီ့လည္တိုင္ေလးေပၚမွာ
မူးမူးႏွင့္ အနမ္းတံဆိတ္ခပ္ႏိွပ္ဖူးတာကို
သူဘယ္ေမ့လို႔ရပါ့မလဲ။
"ဆရာ...အင္းေလးကို ဒီတစ္ခါမသြားလိုက္ရေပမဲ့
ေနာက္တစ္ခါေတာ့ေရာက္ေအာင္သြားခ်င္တယ္..."
"အိုေကပါဗ်ာ...သူငယ္ခ်င္းေတြနဲ႔တိုင္ပင္ထားေပါ့"
"မဟုတ္ဘူးေလ....သမီးေျပာတာက...ဆရာနဲ႔အတူ
အင္းေလးကို သြားခ်င္တယ္လို႔ေျပာေနတာ...
သမီးကို ကတိေပးႏိုင္မလားဟင္..."
ကေလးဆိုတဲ့အတိုင္း ကေလးဆန္စြာ
လက္သန္းေလးကိုေထာင္ၿပီး သူ႔ရင္ဘတ္အနားသို႔
တိုးလာတာေၾကာင့္ သူႃပံုးလိုက္မိၿပီး
ေခါင္းညိမ့္ျပလိုက္သည္။
လက္သန္းခ်င္း ခ်ိတ္ေပးလိုက္ေတာ့
အရိပ္ကေလး၏ ရႊင္ျမဴးသြားေသာမ်က္၀န္းေလးေတြကို အၾကၫ့္မလႊဲႏိုင္ေတာ့ေပ။
"ပံုရိပ္ေရ.....ပံုရိပ္...ပံုရိပ္...နင္ဘယ္မွာလဲ..."
"သူငယ္ခ်င္းေတြ သမီးကိုေခၚေနၿပီ...."
"သူတို႔ဆီသြားၾကမယ္ေလ..."
ပံုရိပ္၏ လက္ကေလးကိုဆဲြ၍အေရ႔ွမွ
ဦးေဆာင္၍ေခၚသြားေပးေလသည္။
တကယ္ေတာ့ ပံုရိပ္ကိုေကာင္းမြန္တဲ့ဘ၀ကို
ေရာက္ေအာင္ ဆဲြေခၚေပးခဲ့တဲ့လူက ဒီလူသားလို႔ေျပာရင္ မွားႏိုင္ဖြယ္ရာမရိွပါဘူး။
............
ေက်ာင္းခန္းထဲမွာ စာလုပ္ခ်င္စိတ္ေပ်ာက္ၿပီး၊
အရႊဲ႔တိုက္လိုစိတ္ေတြသာ ျပင္းထန္ေနေသာ
ပံုရိပ္ကို လက္ေတြ့ဘ၀ထဲသို႔ ျပန္ဆဲြေခၚလာ
ႏိုင္ခဲ့တယ္။
အျခားသူတစ္ေယာက္ကိုသာ အႏိုင္လိုစိတ္ျပင္းထန္ေနတဲ့ ပံုရိပ္အား
ကိုယ့္ကိုယ္ကိုသာ ယွဉ္ၿပိဳင္ဖို႔တိုက္တြန္းခဲ့ၿပီး မွန္ကန္တဲ့လမ္းစဉ္ေပၚကိုေခၚလာေပးခဲ့တယ္...။
အလုပ္ၾကမ္းသမားဘ၀ကိုေရာက္လုဆဲဆဲ
ျဖစ္ေနတဲ့ပံုရိပ္ကို ေက်ာင္းသားဘ၀သို႔
ျပန္ဆဲြေခၚလာေပးခဲ့တယ္။
*တကယ္ေတာ့..ပံုရိပ္ရဲ့ဘ၀ကို
ဆရာကတၫ့္မတ္ေပးခဲ့လို႔သာ...ပံုရိပ္ဒီလိုေကာင္းေကာင္းရပ္တည္ေနႏိုင္တာပါ...*
🌹🌹🌹🌹🌹🌹🌹🌹
မီးပံုးပ်ံပဲြကို ၾကၫ့္ၿပီးေနာက္ အဖဲြ႔လိုက္ႀကီး
ခ်ားရဟက္စီးျဖစ္ၾကေလသည္။
အဖဲြ႔လိုက္ႀကီးဆိုေတာ့ ေပ်ာ္ဖို႔လည္းေကာင္းသည္။
တစ္ေယာက္တစ္ေပါက္ႏွင့္ စကားေျပာၾက၍
ရယ္လည္း ရယ္ရေလသည္။
ပံုရိပ္တို႔မိန္းကေလးေတြက အရင္စီးလိုက္ၿပီးေနာက္
ေပ်ာ္ေပ်ာ္ေနတတ္ေသာ ဦးေဗ်ာႀကီး၏ျမဴစြယ္မႈႏွင့္အတူ ေယာက္်ားေလးအုပ္လိုက္ႀကီးကလည္း
ခ်ားရဟက္ေပၚသို႔ ေရာက္ကုန္ၾကေလေတာ့သည္။
"ႏြယ္....မင္းအဲ့ေကာင္ကိုဘာလို႔ေငးေနတာလဲ..."
"ႏြယ္မေငးပါဘူးေမာင္ရယ္...ဒီတိုင္းပဲၾကၫ့္မိသြားတာပါ...."
"ငါမယံုဘူး...မင္းအဲ့ဒီေကာင္နဲ႔ျပန္ဆက္ခ်င္ေနတာမဟုတ္လား...."
အရိွန္ႏွင့္လည္ေနေသာ ရဟက္ႀကီးကိုေမာ့ၾကၫ့္ေနရင္းႏွင့္ အေနာက္ဘက္မွရင္းႏွီးေသာအသံေတြေၾကာင့္ နားစြင့္ထားလိုက္ရင္း မသိမသာလွမ္းၾကၫ့္လိုက္မိေတာ့ မႏြယ္ႏွင့္မင္းဆက္ဆိုေသာလူႀကီးတို႔ျဖစ္ေနေလသည္။
အေနာက္သို႔ ေျခတစ္လွမ္းေလာက္ ဆုတ္လိုက္ၿပီး
သူတို႔ဘာေတြ ေျပာေနသလဲဆိုတာပိုၾကားရေအာင္ စပ္စုလိုက္မိသည္။
"ေမာင္ရယ္...ဘာေၾကာင့္အခ်ိန္တိုင္းႏြယ့္အေပၚမွာ
သံသယ၀င္ေနရတာလဲ...ဘုရားစူးရပါေစ...
ကိုေနနဲ႔ႏြယ္ကဘာမွကိုမဆိုင္ေတာ့တာပါ..."
"ငါကယံုမယ္မ်ားထင္ေနလား...ဘာမွမဆိုင္ရင္
မင္းကသူ႔ကို"ကိုေန.."ဆိုတဲ့နာမ္စားႀကီးကို
အခုထိေခၚေနအံုးမွာတဲ့လား...
ငါ့ကိုအေရ႔ွမွာထားၿပီး...
မင္းရဲ့မ်က္လံုးေတြက လိမ္ေနတာကိုငါက
သတိမထားမိဘူးလို႔ထင္ေနတာလား....."
"ေမာင္ဘယ္လိုေျပာလိုက္တာလဲ....ႏြယ္တို႔
ႏွစ္ေယာက္ၾကားမွာ ဘာဆိုဘာမွကိုမရိွေတာ့တာ...
ႏြယ္အသက္နဲ႔ရင္းၿပီးေတာင္ သက္ေသျပႏိုင္တယ္ေမာင္...."
"ဒါဆိုအခုသက္ေသျပေလ..."
"ေမာင့္!!!!!လူေတြအမ်ားႀကီးရိွေနတဲ့ေနရာမွာေတာင္
ေမာင္ႏြယ့္ကို ဒီလိုေျပာရက္တာလား...
ႏြယ္ကေမာင္အႏိုင္က်င့္လို႔ သိပ္ေကာင္းေနတဲ့မိန္းမလား....
ႏြယ္ေမာင့္ကို ဘယ္ေလာက္အထိခ်စ္လဲဆိုတာ
ေမာင္ဘာလို႔ နားမလည္ရတာလဲ...."
"ေတာ္စမ္းပါကြာ...အခ်စ္ဆိုတဲ့စကားလံုးေတြကို
ကာဗာယူၿပီး မင္းရဲ့ေဖာက္ျပားခ်င္ေနတဲ့စိတ္ကို
ဖံုးမေနစမ္းပါနဲ႔....မင္းငါ့ကိုခ်စ္တဲ့အခ်စ္က
ဆန္ေပးလို႔ဆီျပန္ရတဲ့ သေဘာမ်ိဳးပါပဲ...
ေနမ်ိဳးလိုငမဲြမ်ိဳးက..မျဖၫ့္ဆည္းေပးႏိုင္တဲ့
ေငြေၾကး၊ဥစၥာေတြအားလံုးကို..မင္းအလိုက်ေပး
ကမ္းခဲ့လို႔သာ မင္းငါ့ကိုကပ္တြယ္ေနတာပါ...
အခုဒီေကာင္က...အရင္လိုမဟုတ္ေတာ့ဘူးဆိုတာနဲ႔..မနက္ကမင္းသူ႔ကိုၾကၫ့္တဲ့အၾကၫ့္ေတြက
ေျပာင္းလဲသြားတာကို ငါကမရိပ္မိဘူးထင္ေနလား.."
"မဟုတ္ဘူးေမာင္...ေမာင္အထင္လဲြေနၿပီ...
ကိုေန....ေနမ်ိူးကအခုေျပာင္းလဲသြားတာ
ဟုတ္တယ္..သူ႔ကိုဥပကၡာျပဳျပီး ေမာင့္ဘ၀ထဲကို
၀င္လာခဲ့တယ္ဆိုေပမဲ့...
ကၽြန္မေမာင့္ကိုတကယ္ခ်စ္လို႔ပါ...
သူနဲ႔အတူကုန္ဆံုးခဲ့တဲ့အခ်ိန္ေတြမွာ ကၽြန္မသူ႔ကိုတစ္ခါမွ ခ်စ္တယ္လို႔အေျဖျပန္မေပးခဲ့ဖူးဘူး....
အဲ့ဒါကကၽြန္မသူ႔ကိုတကယ္မခ်စ္လို႔ပဲ...
ဒါ့အျပင္ ကၽြန္မသူ႔ကိုရက္ရက္စက္စက္အသံုးခ်ခဲ့ဖူးတယ္...သူ႔ခံစားခ်က္ေတြကိုလ်စ္လ်ွူရႈခဲ့ဖူးတယ္...ဒါေပမဲ့ေမာင့္အေပၚမွာေတာ့
ကၽြန္မဘယ္ေတာ့မွ...ရက္စက္မွာမဟုတ္သလို...
ေမာင္လ်စ္လ်ွူရႈရင္ေတာင္ ကၽြန္မ..
မေနတတ္ဘူးေမာင္....
အဲ့ဒါကၽြန္မေမာင့္ကို သိပ္ခ်စ္လို႔ပဲ...."
ၾကားေနရေသာ စကားေတြကကိုယ့္နားကိုယ္ေတာင္
မယံုခ်င္ေလာက္ေအာင္ပါပဲ။
မႏြယ္ဆိုသူက ဆရာ့ကိုအသံုးခ်ခဲ့ၿပီး
ဆရာ့ခံစားခ်က္ေတြကို ပ်က္ရယ္ျပဳခဲ့တာေပါ့။
မင္းဆက္ဆိုတဲ့လူကလည္း ဆရာ့ကိုတမင္
နာက်င္ေစခ်င္လို႔ မႏြယ္ကိုရေအာင္ယူခဲ့တာေပါ့။
သစၥာမရိွတဲ့မိန္းမနဲ႔ သူတစ္ပါးရဲ့ခ်စ္ရသူကိုမွ
ေၾကာင္ေတာင္ႏိႈက္ခ်င္တဲ့ ဘ၀င္ရူးတို႔ၾကားမွာ
ဆရာဘယ္ေလာက္ေတာင္ နစ္နာခဲ့ရမလဲ။
သူတို႔၏စကားေတြကို နားေထာင္ၿပီးေနာက္မွာ
အကုန္လံုးကို နားမလည္ေပမဲ့အနည္းငယ္ေတာ့
ခန႔္မွန္းမိေလသည္။
ဆရာေရးထားေသာ စာအုပ္ေလးထဲက
"စိမ္းရက္တဲ့ႏြယ္ဆိုေသာ ကဗ်ာေလးကိုျပန္ေတြးၾကၫ့္ေနမိသည္။
"စိမ္းရက္တဲ့ႏြယ္...."
"သိပ္လွတဲ့ပန္းကေလးကို
ခူးစြပ္ဖို႔ အားခဲမိတိုင္း
ဆူးကေလးေတြ စူးလို႔
ႏွလံုးသားမွာ ေသြးစိမ္းရွင္ရွင္ထြက္
မင္း..သိပ္ရက္စက္တယ္ႏြယ္
ရထားႀကီးက တဂ်ဳံးဂ်ဳံးျမည္လို႔
သံလမ္းထက္မွာ ျဖန႔္ခင္းထားတဲ့
အသဲႏွလံုးကို ျမင္ပါလ်ွက္နဲ႔
တို႔..လမ္းခဲြၾကရေအာင္တဲ့
ကိုယ့္ရင္ေတြ ေၾကပါၿပီႏြယ္ရယ္
တစ္ဖက္မွာ ခ်စ္တတ္တဲ့ႏွလံုးသား
တစ္ဖက္မွာ မင္းမက္တဲ့ေက်ာက္သံပႂတၲမား
ႏွစ္ခုလံုးနဲ႔ျပစ္ေပါက္ၿပီး
မင္းကိုေျပာလိုက္ခ်င္တယ္...
"ငါမင္းကို...အသက္ေလာက္ခ်စ္တယ္လို႔..."
ဟိုးေရွးေရွးက လယ္ကြင္းစိမ္းထဲ
ေျပးလႊားေဆာ့ခဲ့တဲ့ အခ်ိန္မွာေပါ့
ကိုယ့္ကို မစိမ္းကားခဲ့ဖို႔
ကိုယ္ေျပာခဲ့တယ္ေလ
မင္းကိုယ္တိုင္ သကာေရေလာင္းၿပီး
ခ်ိဳျမျမႃပံုးျပခဲ့ေပမဲ့
လယ္ကြင္းစိမ္းေတြက မင္းေလာက္ေတာ့
မစိမ္းရက္ဘူးရယ္လို႔
သိလိုက္ပါၿပီကြယ္
ၿမိဳင္ေဟ၀န္ထဲမွာ မာယာကိုဝွက္သိမ္းၿပီး
နတ္စစ္သည္တို႔ေနာက္ကို
ေကာက္ေကာက္ပါေအာင္ လိုက္သြားခဲ့တယ္
*ႏြယ္...
ေက်ာခိုင္းၿပီးရင္..ျပန္လွၫ့္မၾကၫ့္ပါနဲ႔*
ဆရာ့ကဗ်ာေလးႏွင့္ သူတို႔အခုေျပာေနၾကတာကို ျပန္စပ္ဆက္ၾကၫ့္လိုက္မိေတာ့ ဆရာ့ကို
ပို၍ သနားသြားမိသည္။
ဆရာေတာ္ေတာ္ကို ခံျပင္းၿပီး ခံစားခဲ့ရမွာ
ေသခ်ာတယ္။ကဗ်ာထဲကလိုဆိုရင္
သူသိပ္ခ်စ္ရတဲ့ငယ္ခ်စ္ဦးဟာ သူ႔ရင္ကိုခဲြၿပီး ေငြေၾကးဥစၥာခ်မ္းသာတဲ့ လူရဲ့ေနာက္ကို
ေကာက္ေကာက္ပါေအာင္ လိုက္သြားခဲ့တာေတာင္
သူအျပစ္ျမင္ခဲ့ပံုမေပၚဘူး။
ဆရာဟာ သိပ္ကိုသေဘာထားႀကီးလြန္းပါတယ္။
ပံုရိပ္၏ အေတြးေတြလႊင့္ပ်ံေနတုန္းမွာပဲ
အေနာက္မွအတဲြကေတာ့ ခပ္ႀကိတ္ႀကိတ္ျဖစ္ေနၾကေလသည္။
"အဟင္း...မင္းေျပာတိုင္းငါကယံုၾကည္ေပးရေအာင္...ငါ့ကိုသိပ္ၿပီးတံုးအေနတဲ့ေကာင္လို႔ထင္ေနတာလား..."
"ေမာင္ရယ္...ေတာင္းပန္ပါတယ္...မဟုတ္တာေတြ
မစြပ္စဲြပါနဲ႔..."
"ဘာလို႔မဟုတ္ရမွာလဲ...အဲ့ေကာင္ကမင္းကိုဆိုအေသရရ...အရွင္ရရလိုခ်င္ေနတာကို
ငါကမသိဘူးမ်ားထားေနလား....
ဒင္းကကိုယ့္အဆင့္ကိုယ္မသိပဲ
ငါ့ကိုေလသံလာမာရတယ္လို႔....
ကပ္ဖားယပ္ဖားလုပ္ႏိုင္လြန္းလို႔...
ေနရာရတဲ့ေကာင္ကမ်ား...
အလကားၾကာကူလီေကာင္...
ေအာက္တန္းစား ဘုန္းႀကီးေက်ာင္းသား..."
"ဒီမွာ...ရွင္လူဆိုရင္လူစကားေျပာ...."
အေရ႔ွဘက္မွ ေအာ္ေငါက္သံတစ္ခုကို
ၾကားလိုက္ရ၍ မင္းဆက္ကိုယ္တိုင္ထိတ္လန႔္လ်ွက္ၾကၫ့္လိုက္မိေတာ့ ေလထဲမွာလႊဲယမ္းလိုက္ေသာ
လက္တစ္စံုဟာ သူ႔ပါးျပင္ေပၚသို႔က်ေရာက္လာခဲ့ေလသည္....
"ျဖန္း!!!!!"
သူ႔ရဲ့ဘယ္ဘက္ပါးတစ္ခုလံုး က်ိန္းစပ္သြားတာေၾကာင့္ လက္ဖဝါးႏွင့္အေယာင္ေယာင္အမွားမွား
အုပ္ကိုင္လိုက္မိေတာ့ လက္သည္းႏွင့္ျခစ္မိေသာ
ေသြးစေလးကိုေတာင္ စမ္းမိသြားသည္။
ဦးေခါင္းတစ္ခုလံုး ထူပူသြားတာ ပထမဆံုးအႀကိမ္အျဖစ္ ပါးရိုက္ခံလိုက္ရေသာေဝဒနာက
သူ႔ကိုမိုးမျမင္ေလမျမင္ ျဖစ္သြားေစသည္။
ရႉးရႉးရွားရွားႏွင့္ ျပန္လည္တုန႔္ျပန္ဖို႔
ေဒါသမ်က္၀န္းေတြႏွင့္ ေရ႔ွသို႔စိုက္ၾကၫ့္လိုက္ေသာအခါ သူ႔ကိုရြံရွာမုန္းတီးစြာ စိုက္ၾကၫ့္ေနေသာ
ျဖဴႁဖူႏုႏု ကေလးမေလးတစ္ေယာက္ကို
ေတြ့လိုက္ရသည္။
ဒီမိန္းကေလးဟာ သူတို႔ရွယ္ယာ၀င္ထားတဲ့
ကုမၸဏီပိုင္ရွင္ရဲ့ေျမးျဖစ္ေလသည္။
"မင္းဘာလို႔...ငါ့ပါးကိုလာခ်တာလဲ...ငါကမိန္းကေလးလည္း ၫွာတတ္တဲ့ေကာင္မဟုတ္ဘူးေနာ္..."
"ယံုပါတယ္...ရွင္ကသိပ္ကိုေကာင္က်စ္တဲ့
က်ားငစဉ္းလဲႀကီးဆိုတာ...
ရွင့္ပါးစပ္ေပါက္ကေနထြက္တဲ့
အမဂၤလာစကားေတြနဲ႔တင္..ယံုပါတယ္.."
"ဘာလဲ...ခုဏကငါတို႔ေျပာေနတဲ့စကားေတြကို
ၾကားသြားလို႔ အဲ့ဒီ့ေအာက္တန္းစားေကာင္
ေနမ်ိဳးဘက္ကေန လာ၀င္နာေနတာလား...."
"ရွင့္ပါးစပ္ကေန...သူ႔နာမည္ကိုထြက္စရာမလိုဘူး..
ရွင့္လိုလူယုတ္မာကမ်ား သူ႔ကိုေအာက္တန္းစားတဲ့
အဟင္း...နဲနဲေတာ့ရယ္ခ်င္မိသား...
ဘယ္သူက တကယ္ေအာက္တန္းစားဆိုတာ..
ရွင္မျမင္ရဘူးလား...ေအာ္...ဟုတ္သားပဲ...
ရွင္က..မစၧရိယစိတ္ေတြနဲ႔ပိတ္ေလွာင္ၿပီး
ကန္းေနေတာ့...တကယ့္ေအာက္တန္းစားအစစ္က
တမာန္မင္းဆက္ဆိုတဲ့ ရွင္ကိုယ္တိုင္ျဖစ္ေနတာကို
ဘယ္ျမင္ႏိုင္မလဲ...."
"မင္းဘာစကားေျပာတာလဲ..."
"လူစကားကို..လူလိုေျပာေနတာေလ..
လူလိုနားမလည္ဘူးလား...ဒီမွာ...
သူကဘုန္းႀကီးေက်ာင္းသားေပမဲ့...
ရွင့္ထက္ပိုၿပီး စိတ္ဓာတ္အဆင့္အတန္းျမင့္မားတယ္...ရွင္တို႔လို ကလိမ္ကက်စ္စိတ္နဲ႔
ရွင္သန္ ေနတဲ့လူမဟုတ္ဘူး...
တစ္ေယာက္ကေငြမက္ၿပီး..
သူ႔ရဲ့ျဖဴစင္တဲ့အခ်စ္ကို ပ်က္ရယ္ျပဳခဲ့တယ္...
ေနာက္တသ္ေယာက္ကေတာ့..
အလကားေနရင္းလိုက္ၿပိဳင္ၿပီး
သူ႔ဘ၀ကို ျဖတ္စီးခ်င္ေနတယ္...
ကၽြန္မသတိေပးလိုက္....ေနာက္တစ္ခါရွင္တို႔ရဲ့ပါးစပ္ကေန...သူ႔နာမည္ကိုမေျပာနဲ႔...
သူနဲ႔ပတ္သတ္တာေတာင္ တစ္လံုးမွမဟမိေစနဲ႔..."
"ဒီမွာ...ငါမင္းကိုသည္းခံေနတယ္ဆိုတာ...
မင္းအဖြားရဲ့မ်က္ႏွာေၾကာင့္ေနာ္...မင္းကိုယ္မင္း
အဟုတ္ႀကီးမွတ္မေနနဲ႔.."
ပံုရိပ္ကိုလက္ၫွိုးေငါက္ေငါက္ထိုးၿပီး
ေအာ္ေျပာေနတဲ့ သူ႔ကိုပံုရိပ္ကလည္းမဲ့ႃပံုးႃပံုးကာ မ်က္ခံုးျပန္ပင့္ျပလိုက္သည္။
ထိုစဉ္ ပံုရိပ္တို႔အဖဲြ႔ထဲမွ သူငယ္ခ်င္းေတြကလည္း
စိုးရိမ္သလို ၾကၫ့္လာၾကသလို ဆရာေနမ်ိဳးတို႔အဖဲြ႔ကလည္း ခ်ားရဟက္ေပၚမွ ဆင္းလာၾကေလသည္။
"ဒီမွာ...ဦးတမာန္မင္းဆက္..မႏၲေလးကို
ကၽြန္မျပန္ေရာက္တာနဲ႔...ရွင္တင္မကဘူး...
ရွင္တို႔မိသားစုတစ္ခုလံုးရဲ့ဘ၀ႀကီး...
ဘယ္လိုစုတ္ျပတ္သတ္သြားမလဲဆိုတာ...
ရွင္ေစာင့္ၾကၫ့္ေနလိုက္.."
"မင္းဘာေျပာတယ္...ေသာက္ေကာင္မ..."
"ဟိတ္လူခင္ဗ်ားဘာလုပ္တာလဲ...."
"ပံုရိပ္ေရ...ရန္မျဖစ္နဲ႔ေတာ့...ေတာ္ပါေတာ့ဟယ္..."
"ေမာင္ရယ္...ႏြယ္တို႔သြားၾကရေအာင္..."
"ငါဒီမိန္းမကို မေက်နပ္ဘူး..."
အေနာက္က ေယာက္်ားေလးအဖဲြ႔ကေရာက္လာၿပီးဦးမင္းဆက္ကို ရန္လိုေသာအၾကၫ့္ႏွင့္ ဝိုင္းၾကၫ့္ေနၾက၍ မႏြယ္ဆိုသူကသူ႔ရဲ့လူကို အတင္းဆဲြေခၚသြားေလသည္။လူအမ်ားႀကီးႏွင့္ တစ္ေယာက္ျဖစ္၍ မင္းဆက္ဆိုတဲ့လူ၏မ်က္လံုးထဲမွ အေၾကာက္တရားကိုလည္း ေတြ့လိုက္ရသည္။
ပံုရိပ္ကေတာ့ မဲ့ႃပံုးႃပံုးကာ သူတို႔ထြက္သြားတဲ့အထိ စူးစိုက္ၾကၫ့္ေနလိုက္သည္။
*ဒီေန့ညကို ပံုရိပ္ဘယ္ေတာ့မွမေမ့ဘူး...
ဆရာ့ကို ေဆာ္ကားခဲ့တဲ့အဲ့ဒီ့လူကို
ေနာင္က်င္ေအာင္ လုပ္ရမွကိုေက်နပ္မယ္...."
အခန္း(၆၂)ဆက္ရန္
🔥🔥🔥🔥🔥🔥🔥🔥
ပံုရိပ္ ဟိုေကာင္ကိုဘယ္လိုပညာျပန္ေပးမလဲ...?
ဖြားညိုကိုေရာ...ကိုထက္နဲ႔ေစ့စပ္ဖို႔ကိစၥေျပာႏိုင္မယ္လို႔ ထင္ၾကလား
ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူးတင္ရိွပါတယ္...
🔥FACEBOOKမွာလည္းTNH Channel pageကို
Like and followလုပ္ေပးၾကပါအံုးေနာ္
No comments:
Post a Comment