(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥🌹ဆူးကြိုး(အခန်း၆၀)🔥
"ပုံရိပ်ရေ...အဆင်သင့်ဖြစ်ပြီလား...."
"အေး....နှုတ်ခမ်းနီလေးဆိုးပြီးရင်ပြီးပါပြီ..."
တော်တန်ရုံဆိုအလှမပြင်တတ်ပေမဲ့ ဒီနေ့တော့
ထူးကဲစွာပဲ အလှပြင်နေမိလေသည်။
ရှမ်းရိုးရာ၀တ်စုံလေးကို ၀တ်ချင်ပေမဲ့အပေါ်ကနေ အနွေးထည်ထပ်၀တ်ရအုံးမှာဆိုတော့
ဂျင်းဘောင်းဘီအောက်ကားလေးနှင့် ခါးတိုတီရှပ်လေးကိုမှ အပေါ်ကခေါင်းစွပ်အနွေးထည်လေးကို စွပ်ချလိုက်သည်။
ခေါင်းစွပ် စွပ်မည်ဖြစ်၍ဆံပင်ကိုအလယ်ခွဲပြီး ဖားလျားချထားလိုက်တော့သည်။
ဆောင်းရာသီဆိုရင် ပုံရိပ်ရဲ့ပါးလေးတွေကအလိုလိုရဲနေတတ်ပေမဲ့ မိတ်ကပ်ဖုံးထားသောကြောင့်
ပါးနီလေး ခြယ်လိုက်ပြီးမျက်လုံးကာခြယ်လေးကို ခြယ်လိုက်သည်။
"ဟဲ့...ငါ့မျက်နှာဘယ်လိုနေလဲ...
ပါးနီတွေအရမ်းရဲသွားပြီလား..."
"အနေတော်ပါပဲ...လှတယ်...နင့်နှုတ်ခမ်းနီက
အရမ်းပါးနေသလားလို့...နဲနဲလောက်ထပ်ဆိုးလိုက်ပါလား..."
"...ငါ့မျက်နှာကပေါင်ဒါတွေရိုက်ထားလို့
ဒီလောက်ဖြူနေတာကို နှုတ်ခမ်းနီသာပိုရဲလိုက်ရင်
သွေးဆုပ်ဖုတ်ကောင်ကြီးနဲ့သွားတူနေမှာပေါ့..."
"အမယ်လေး...အဲ့ဒါဆိုရင်ငါတို့ကဘယ်လိုလုပ်မှာလဲ...ငါတို့လည်းဆိုးထားတာမှရဲတွတ်နေတာပဲ..."
နောက်ဆုံးမှာတော့ သူငယ်ချင်းများ၏ဝိုင်း၀န်းမြှောက်ပေးမှုနှင့်အတူ နှုတ်ခမ်းနီရဲရဲကြီးကို ဆိုးလိုက်မိလေသည်။
မျက်ခုံးမွှေးအညိုရောင်လေးဆိုးထားသောကြောင့်
မျက်ခုံးတန်းလေးဟာ သေသပ်လှပပြီးပို၍ထင်ပေါ်နေလေသည်။
အလှပြင်ခြင်းက မိန်းမတစ်ယောက်ကိုပို၍
ယုံကြည်မှုတိုးစေတယ်ထင်ပါရဲ့ အလိုလိုနေရင်းကျေနပ်နေသလို ခံစားမိသည်။
"ဒေါက်...ဒေါက်....ဟဲ့..နင်တို့ပြီးကြပြီလား...
ပြီးရင်သွားကြမယ်..."
ဘိုဘိုတစ်ယောက် တံခါးကိုလာခေါက်နေ၍ အကုန်လုံးလည်း လိမ်းဖြီးနေသော ပစ္စည်းတွေကိုအိတ်တွေထဲသို့ ထိုးထည့်လိုက်ကြပြီး လိုအပ်တာတွေယူကာ ထွက်လာခဲ့လိုက်ကြသည်။
တံခါးကိုဖွင့်ပြီး အခန်းအပြင်သို့ထွက်လိုက်သောအခါ ပုံရိပ်မမြင်ချင်သောမျက်နှာတစ်ခုကို မြင်လိုက်ရ၍ အလိုလိုနေရင်းစိတ်ရှုပ်သွားမိသည်။
တစ်ကိုယ်လုံး အနက်ရောင်တွေတဖိတ်ဖိတ်တောက်အောင်၀တ်ထားသော ကိုထက်အားတစ်ချက်မျှသာ ကြည့်လိုက်ပြီး ဘိုဘို့ကိုမျက်စောင်းထိုးပစ်လိုက်သည်။
"နင်ဘာလို့သူ့ကို ခေါ်လာရတာလဲ...."
"သူလည်းလိုက်ချင်တယ်ဆိုလို့ပေါ့ဟ..တောင်ကြီး
မီးပုံးပျံပွဲဆိုတာ...ကြုံချင်တိုင်းကြုံတာမှမဟုတ်ပဲ..
ဒီအချိန်လေးပဲကြည့်ရမှာလေ..."
"အေး..အဲ့လောက်တောင်ကြည့်စေချင်နေရင်လည်း..နင့်ဘာသာပဲသူနဲ့သွားလိုက်တော့...
ငါမလိုက်တော့ဘူး..."
ဘာကြောင့်မှန်းမသိပေမဲ့ ကိုထက်ရဲ့မျက်နှာကို
မြင်တာနဲ့ လူကအလိုလိုဒေါသထွက်လာတာကြောင့်
မျက်နှာထားကိုတင်းထားပြီး ဘိုဘို့ကိုဆူပြစ်လိုက်သည်။
အမှန်တော့ ကိုထက်ဒီကိုရောက်လာတာကလည်း
သူ့ကြောင့်ဖြစ်သလို တည်းတဲ့ဟော်တယ်ကိုလည်း
ဒင်းပဲ ပြောလိုက်တာနေမယ်။
အဆင်မြင်တာနဲ့ ငမ်းငမ်းတက်နေတဲ့ ဘိုဘိုစုတ်ကိုလည်း အမြင်ကပ်လာသည်။
ကိုထက်ဆိုတဲ့ကောင်ကတော့ ဒေါသထွက်နေသော
ပုံရိပ်ရဲ့မျက်နှာကို ကြည့်ပြီးနံရံကိုမှီကာ
လှောင်ပြုံးပြုံးနေလေသည်။သူလိုချင်တာက
ဒါပဲနေမှာပေါ့။
ပုံရိပ်ဒေါသထွက်အောင် အမြဲလုပ်နေရမှ
သူကစား၀င်အိပ်ပျော်နေတဲ့လူမဟုတ်လား။
ပုံရိပ်နဲ့ စေ့စပ်ဖို့သဘောတူတာကလည်း...
ယမင်းဖြစ်ခဲ့တဲ့ ကိစ္စကိုသူမကျေနပ်သေးလို့ပဲ
ထင်မိတယ်။မဟုတ်ရင် ပုံရိပ်ဒေါသထွက်နေတာကို
သူပျော်နေစရာအကြောင်းမှမရှိပဲ။
"ပုံရိပ်...နင်ကလည်းဟာ..."
"ဘာမှနင်ကလည်းမဟာနဲ့....ငါပြောပြီးပြီ...
နင်တို့ဘာသာသွားတော့..သူပါရင်ငါမလိုက်ဘူး..."
"ပုံရိပ်ကလည်းဟာ...သူလည်းအဖွဲ့လိုက်ပျော်ချင်မှာပေါ့...ဒီနေ့မှသူကရောက်လာတဲ့ဥစ္စာကို
သူတစ်ယောက်တည်းလည်မယ်ဆိုရင်
ငေါင်စင်းစင်းကြီးဖြစ်နေမှာပေါ့...."
"ငါပြောပြီးပြီးနော်...သူလိုက်ရင်ငါမလိုက်ဘူးလို့.."
"ဟာ...နင်တော်တော်ပြောရခက်တာပဲပုံရိပ်ရာ..
ဟေ့ကောင်ငထက်...အခုကမင်းကြောင့်ဖြစ်နေတာနော်..အဲ့မှာသွားအအေးပက်အောင် ရယ်မနေပဲ...
ဒီမှာလာချော့အုံးလေကွာ...မင်းတို့နှစ်ကောင်
ရန်ဖြစ်ထားကြတာလား...."
ဘိုဘို၏တိုက်တွန်းမှုကြောင့်ဟိန်းဇောယျာထက်သည် သူ့ရဲ့အိတ်ကိုပခုံးပေါ်သို့ ပြစ်တင်လိုက်ပြီး
မဲ့ပြုံးပြုံးပြလိုက်သည်။
"သူမလိုက်ချင်ရင်လည်း မလိုက်ခိုင်းနဲ့ပေါ့ကွာ....
သူမလိုက်လည်း ခရီးစဉ်ကပျင်းစရာကောင်း
သွားမှာမှ မဟုတ်တာ...တောင်ကြီးမီးပုံးပျံပွဲက
အခုလောက်ဆို ခြေချစရာတောင်ရှိရဲ့လားမသိဘူး...
သူမလိုက်လည်း ငါတို့ဘာသာလူတိုးရင်းနဲ့
မီးပုံးလွှတ်တာကြည့်ရင်း....အားချိန်တောင်ရမှာမဟုတ်ဘူး...ငါကြားတာတော့...
ဒီနှစ်ကအရင်နှစ်ထက် ပိုစည်မယ်တဲ့..."
"အဲ့လိုတော့လုပ်လို့မရဘူးလေးဟာ...
ငါတို့ကတစ်ဖွဲ့တည်းအတူလာကြတာ...
အခုပုံရိပ်မလိုက်တာက..
နင့်ကြောင့်ဆိုတော့....နင်နေခဲ့လိုက်ပေါ့...
ငါတို့သူငယ်ချင်းကိုတော့..ဟော်တယ်ခန်းထဲမှာ
တစ်ယောက်တည်းမထားခဲ့နိုင်ပါဘူး..."
အိမိုးသော်က ပုံရိပ်ကိုမထားခဲ့ချင်တာကြောင့်
ဘိုဘို့ကိုပြောလိုက်တော့ ဘိုဘိုလည်း
ခေါင်းကုတ်ရလေပြီ။
တစ်ဖက်မှာက မခေါ်လည်းအတင်းလိုက်မဲ့
လူဖြစ်ပြီး တစ်ဖက်ကသူတို့သူငယ်ချင်းကတော့
ကိုထက်ဆိုတဲ့ နာမည်ကိုတောင်မကြားချင်တော့သည့်ပုံစံဖြစ်နေသည်။
"ပုံရိပ်ရယ်...ဒီတစ်ခါလေးပဲခွင့်ပြုလိုက်ပါဟာ...
နောက်ရက်...တို့တွေအင်းလေးကိုသွားရင်တော့
သူ့ကိုမခေါ်တော့ဘူးလေ..နော်...."
"ဒီမှာဘိုဘို...ငါကဘူးဆိုဖရုံမသီးဘူးနော်..
သူပါရင်တော့...ငါ့ကိုထားခဲ့ကြတော့...
ငါကဟင်ဆိုရင်...ဘုရင်ကိုတောင်လှည့်မကြည့်ချင်ဘူး..."
နောက်ဆုံးအပိတ်ပြောပြစ်လိုက်ပြီး အကုန်လုံးကို
ကြောခိုင်းကာ ဟော်တယ်ခန်းထဲသို့သာ ပြန်၀င်ဖို့
တွေးလိုက်သည်။
"ပုံရိပ်ရာ...အခန်းထဲကိုပြန်မ၀င်ပါနဲ့တော့
တီချူးတို့...ကိုကြီးနေမျိုးတို့ကအောက်မှာ
စောင့်နေကြပြီဟ...."
အခန်းတံခါးဘုကို ကိုင်ကာဆွဲဖွင့်တော့မည့်
ပုံရိပ်၏လက်တွေသည် "နေမျိုး.."ဆိုသော
နာမည်ကြောင့် အလိုလိုတန့်သွားတော့သည်။
ဆရာကလည်း မီးပုံးပျံပွဲကြည့်ဖို့ရောက်နေသည်တဲ့။
နေ့လည်က စိတ်ဆိုးသွားတော့ မလိုက်လာတော့ဘူးလို့ တွက်လိုက်မိတယ်။
အခုဆရာပါ လိုက်လာတာဆိုတော့
ဒါကပုံရိပ်အတွက် အခွင့်အရေးကောင်းပဲပေါ့။
ဒါပေမဲ့ ဘယ်လိုလုပ်ရတော့မလဲ။
ခုနလေးတင် ဘူးဆိုဖရုံမသီးတာတွေရော၊
ဟင်ဆိုရင်..ဘာဆိုလား..ပြောလိုက်မိတာတွေကို
ဘယ်လိုပြန်ဖြည်ရပါ့မလဲ...။
ဘာပဲဖြစ်ဖြစ် အချစ်အတွက်သတ္တိတော့မွေးရမှာပဲ။
"သူငယ်ချင်းတို့...ဟင်...."
အနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာ...
ဟိုအကောင်တွေက ဓာတ်လှေကားနားတောင်ရောက်နေကြလေပြီ။
သစ္စာရှိလိုက်တဲ့ သူငယ်ချင်းတွေ..
ငါ့ကိုတော့ ထားခဲ့ကြပြီး...
ဒင်းတို့ပထွေးကိုတော့ ခေါ်ဖြစ်အောင်ခေါ်သွားကြတယ်....
နောက်ဆုံးတော့ ကိုယ့်အတတ်နဲ့ကိုယ်ဆူးပြီး
မျက်နှာပြောင်တိုက်ကာ သူတို့နောက်သို့
ပြေးလိုက်ရလေတော့သည်။
သူငယ်ချင်းတွေကတော့"အမျိုးမျိုးပဲ.."ဆိုပြီး
အပြစ်တင်ကြပေမဲ့ ခပ်တည်တည်ပဲနေလိုက်သည်။
ဆရာပါနေတဲ့ ခရီးစဉ်ကို မလိုက်ပဲနေလိုက်ရင်
ပုံရိပ်နောင်တရသွားမိမှာပေါ့။
ဒီလိုတော့ လုံး၀အဖြစ်မခံနိုင်ဘူး။
"ဟာ...ဆိုင်ကယ်တွေကအများကြီးပါလား...."
"အေးဟဲ့...ငါတို့ကအဲ့လောက်လူများမယ်မထင်ထားမိဘူး..."
ဆရာတို့အလုပ်က လူတွေစုပြီးသွားကြတယ်ထင်ပါရဲ့ ဆိုင်ကယ်ကိုယ်စီနှင့် လူအယောက်နှစ်ဆယ်နီးပါးလောက်ရှိလေသည်။
ဆရာ့ကို လှမ်းကြည့်လိုက်တော့ ပုံရိပ်ကိုစောင်းငဲ့၍တောင်ကြည့်မနေပဲ သူ့ဆိုင်ကယ်ကိုသာ
စိုက်ကြည့်နေလေသည်။
"ပုံရိပ်...နင်ငါ့နောက်ကနေလိုက်ခဲ့...."
ကိုထက်သည် မန္တလေးကနေ..တောင်ကြီးအထိ
ကိုယ်ပိုင်ဆိုင်ကယ်နှင့်လာသူမို့ ယခုလည်း
သူ့ဆိုင်ကယ်နောက်ကနေ လိုက်ရန်အတင်းခေါ်နေလေသည်။
ပုံရိပ်ကတော့ သူ့ကိုအရေးမစိုက်ပဲ တီချူး၏
ကလစ်ဘီးလေးနောက်မှာသာတက်ထိုင်လိုက်သည်။
အမှန်ကတော့ ဆရာ့ဆိုင်ကယ်နောက်မှာ
စီးချင်မိခဲ့တာပါ။
ဒါပေမဲ့ ဆရာကိုယ်တိုင်ကဖိတ်ခေါ်ခြင်းမရှိတော့ ဘယ်လိုသတ္တိနဲ့ အတင်းလိုက်စီးရဲမှာလဲ။
မျက်နှာလေး မသာမယာနှင့် ဆရာ့ကိုငေးကြည့်လိုက်စဉ်မှာ အမှတ်တမဲ့မျက်လုံးချင်းဆုံသွားတာမို့
ပြုံးပြလိုက်ပေမဲ့ ဆရာကမျက်နှာလွှဲသွားလေသည်။
ကိုထက်နဲ့ပုံရိပ်ကို ဆရာကတစ်မျိုးတစ်မည်ထင်နေတာကြောင့် ပုံရိပ်နှင့်ခပ်ကင်းကင်းနေတာလားလို့
မေးကြည့်လိုက်ချင်သည်။
တကယ်လို့ ဒီအကြောင်းကြောင့် မဟုတ်ဘူးဆိုရင်ရော ဘယ်လိုလုပ်ပါ့မလဲ။
ဆရာကတော့ ပုံရိပ်မှလွဲ၍ အခြားသူ့လုပ်ဖော်ကိုင်ဖက် မိန်းကလေးတွေနဲ့ စကားလှမ်းပြောနေပေမဲ့ ပုံရိပ်ကတော့ဆရာမှလွှဲ၍
ဘယ်ယောက်ျားလေးနဲ့မျှ စကားရောဖောရော
မလုပ်ပေ။
ပုံရိပ်အတွက်တော့ ဆရာဟာအားလုံးထဲမှာ
အထူးခြားဆုံးလူတစ်ယောက်ပါပဲ။
ကိုထက်ဆိုရင် လူချမ်းသာသားတစ်ယောက်ဖြစ်၍
တစ်ကိုယ်လုံးလုံးမှာ ဖိနပ်ကအစနာမည်ကြီး
တံဆိပ်တွေနဲ့ ဖိတ်ဖိတ်တုန်အောင် ပြင်ဆင်ထားပေမဲ့ ပုံရိပ်မျက်လုံးထဲမှာတော့ အရာမရွင်းပေ။
စတိုင်ပဲင်အညိုရောင်ပွပွကို တီရှပ်အနက်ရောင်လေးနှင့် တွဲ၀တ်ထားပြီးဆွယ်တာအဖြူနှင့်
အညိုဆက်ကလေးကို လူကြီးဆန်ဆန်ခန့်ခန့်
ငြားငြားတွဲ၀တ်ထားတဲ့အပြင်
ရှူးဖိနပ်အနက်ရောင်လေးကို
စီးထားကာ ဆိုင်ကယ်ပေါ်မှ တည်တည်ငြိမ်ငြိမ်ထိုင်နေသော ဆရာ့ကိုသာတကြည့်ကြည့်လုပ်နေမိသည်။
ဆံပင်တွေကို နားထင်နားတစ်လျှောက်ကပ်နေအောင် ဂျယ်နဲ့ဖိထားပြီး သေသေသပ်သပ်လေး
ဖီးသင်ထားတာကြောင့် ရှင်းသန့်နေလေသည်။
ဆရာ့နောက်မှာသာ ပုံရိပ်ထိုင်လိုက်ရင် တကယ်ကို
အတွဲညီနေမှာပဲ...
ကိုယ့်ဘာသာတွေးပြီး...ကိုယ့်ဘာသာပြုံးလိုက်မိလေသည်။
🌹🌹🌹🌹🌹🌹
"ကဲ...ကိုယ့်အဖွဲ့နဲ့ကိုယ်နေကြနော်...အဖွဲ့မကွဲစေနဲ့..
အထူးသဖြင့်ကလေးတွေကို သေချာကြည့်ထားကြ
သူတို့ကအခုမှ ဒီပွဲကိုလာဖူးတာမို့လို့...
အဖွဲ့ကွဲသွားရင်...မသွားတတ်မလာတတ်ဖြစ်နေကြလိမ့်မယ်..."
နေမျိုးက အလုပ်မှာရာထူးကြီးပေမဲ့ အဖွဲ့ထဲမှာတော့ ကိုဗျောကြီးကအကြီးဆုံးဖြစ်နေ၍ အဖွဲ့မကွဲအောင် သတိပေးရလေသည်။
တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲက အရမ်းလူစည်ကားသောကြောင့် ပြည်တွင်းဧည့်သည်တွေပင် တိုးလို့မပေါက်သည့်အပြင် နိုင်ငံခြားသား
ဧည့်သည်အများအပြားကလည်း ဒီပွဲကို
လာဆင်နွှဲလေ့ရှိကြလေသည်။
နေ့ခင်းဘက် အလှလွှတ်မီးပုံးတွေလွှတ်ချိန်မှာ
လူသိပ်မများပေမဲ့ ညဘက်တွင်ကျင်းပသောမီးပုံးပျံပွဲကတော့ လူတွေအုံးအုံးကျွတ်ကျွတ်နှင့်
တော်တော်လေး စည်ကားလေသည်။
"ဒီလိုလုပ်ပါလား....မီးပုံးပျံလွှတ်တဲ့ကွင်းနားကိုရောက်တဲ့အထိ ယောက်ျားလေးတွေကအရှေ့နဲ့အနောက်မှာ ကာပြီးလျှောက်ကြမယ်...
မိန်းကလေးတွေကိုအလယ်မှာထားလိုက်ပေါ့..."
"ဟုတ်တယ်...နေမျိုးပြောတာမှန်တယ်...ငါတို့
အဲ့အတိုင်းပဲ လုပ်ကြတာပေါ့..."
ဆရာ့ရဲ့အကြံပေးမှုနှင့်အတူ ပုံရိပ်တို့မိန်းကလေးတွေက အလယ်ဘက်မှနေရကာ ဆရာတို့
ယောက်ျားလေးတစ်ဖွဲ့က အရှေ့မှလူတိုးပြီး
ကျန်တစ်ဖွဲ့ကတော့ အနောက်မှကာပြီးလိုက်ကြလေသည်။
ပွဲဈေးဆိုသည့်အတွက် လူလည်းများသလို
စရိုက်လည်း စုံနိုင်လေသည်။လူကောင်းတွေလည်း
ရှိသလို လူဆိုးတွေလည်းဒွန်တွဲနိုင်တာမို့
ဒီအနေအထားက ပုံရိပ်တို့မိန်းကလေးတွေအတွက်
လုံခြုံမှုဖြစ်စေသည်။
တီချူးဆိုရင် တစ်ခါတုန်းက
ပွဲဈေးမှာ လူတိုးရင်းနှင့် ယောက်ျားတစ်ယောက်က
မတော်တဆလိုလိုနှင့် ပေါင်ကိုလာကိုင်သည်ဟု
ဆိုလေသည်။ပုံရိပ်ကတော့ အဲ့လိုဖြစ်မှာ
သိပ်ကြောက်တာပဲ။
"ညမီးကြီးတွေတောင် လွှတ်တော့မယ်ဟေ့..."
"ဝိုး....မိုက်တယ်ဟ...."
"ဟဲ့ဟိုမှာဘုရားပုံတော်က...မီးပုံးပေါ်မှာကြည့်စမ်း..."
"ဟင်္သာရုပ်ကြီးကို မီးသီးရောင်စုံတွေနဲ့...
လုပ်ထားတာ...မိုက်တယ်ဟ..."
ပုံရိပ်တို့အရှေ့မှာ လူတွေကအများကြီးရှိနေသည့်အတွက် မီးပုံးစလွှတ်သောပုံစံကို မမြင်ရပေမဲ့
မီးပုံးတွေ အပေါ်ကိုတက်လာရင်တော့
တွေ့နေရ၍ အားလုံးအံ့ဩနေကြလေသည်။
ဒီနှစ်မှာ မီးပုံးတွေကိုပိုပြီး ဆန်းသစ်လာကြတာမို့
ဓာတ်ပုံဆရာတွေနှင့် နိုင်ငံခြားသားခရီးသွားတွေကလည်း သဘောတကျဖြစ်နေကာ ဓာတ်ပုံတွေ
တဖြတ်ဖြတ်ရိုက်ကြလေသည်။
ပုံရိပ်ကတော့ အရှေ့မှာလူတွေကာနေသောကြောင့်
လက်ကို အစွမ်းကုန်မြှောက်ပြီးဖုန်းကိုကိုင်ကာ
ဗီဒီယိုရိုက်ထားလိုက်သည်။
"အရိပ်....မြင်ရောမြင်ရရဲ့လား...."
ရုတ်တရက်ပုံရိပ်၏အနောက်ဘက်မှ
ကြားလိုက်ရသော တိုးညှင်းသည့်အသံလေးကြောင့်
နောက်သို့ လှည့်ကြည့်လိုက်မိတော့ မီးရှူးမီးပန်း၏
အရောင်တွေ ထင်ဟပ်နေသော ဆရာ့မျက်၀န်းတွေနှင့် အကြည့်ချင်းဆုံမိလေသည်။
"ဆရာ...သမီးကောင်းကောင်းမမြင်ရဘူး...
အရပ်ကအရမ်းပုလွန်းနေတယ်..."
မျက်နှာလေးမဲ့ပြီး ပြောလာသောကောင်မလေးကြောင့် နေမျိုး၏နှုတ်ခမ်းထက်မှာ အပြုံးလေး
တစ်ခုပေါ်လာလေသည်။
ကောင်မလေး၏ လက်ကောက်၀တ်နုနုလေးကို
ဆုပ်ကိုင်လိုက်ပြီးနောက်...
"လာ...ကိုယ်နဲ့လိုက်ခဲ့..."
ပုံရိပ်ဆီမှ ပြန်ဖြေသံကိုမစောင့်တော့ပဲ
ဆရာကပုံရိပ်ကို ဆွဲခေါ်သွားလေသည်။
အဖွဲ့နှင့် နဲနဲဝေးသောနေရာကိုရောက်တဲ့အခါမှာ
ရပ်လိုက်ပြီးနောက် ပုံရိပ်ဘက်သို့ပြန်လှည့်ကြည့်လာသည်။
"ဆရာ..ဒီနေရာကနေကြည့်မလို့လား...
ဒီမှာလည်းသိပ်မမြင်ရပဲနဲ့..."
"ပုံရိပ်မျက်လုံးမှိတ်လိုက်..."
"ဟင်...."
"မျက်လုံးခဏမှိတ်လိုက်ပါ..."
ဆရာက အတည်ပေါက်ကြီးပြောနေတာကြောင့်
ပုံရိပ်လည်း မျက်လုံးကိုမှိတ်လိုက်မိသည်။
ဘာကြောင့်ရယ်မသိ စိတ်ထဲမှာစက္ကန့်တွေကိုရေတွက်နေမိရာမှ ဆရာဘာလုပ်ပေးမလဲဟု
လှည့်ပတ်တွေးနေမိသည်။
"အား..."
ရုတ်တရက်ပုံရိပ်၏ခန္ဓာကိုယ်ဟာ လေထဲသို့မြောက်တက်သွားသောကြောင့် ထအော်လိုက်မိပြီး ဆွဲမိဆွဲရာလှမ်းဖက်လိုက်မိသည်က
ဆရာ့လည်တိုင်ဖြစ်နေသည်။
နှာခေါင်းထဲမှာ ခေါင်းလိမ်းဂျယ်ရနံ့ကိုရနေသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်မိသည်။
မြင်လိုက်ရတာကတော့ မီးပုံးကြီးကို မှိုင်းတိုက်နေကြသော မြင်ကွင်းဖြစ်နေလေသည်။
"အခုသေချာမြင်ရပြီလား..."
အောက်ကိုပြန်ငုံ့ကြည့်လိုက်တော့ အပြုံးလေး
တစ်ခုနှင့်အတူထူးဆန်းသောလူသားတစ်ယောက်ကို တွေ့လိုက်ရသည်။
ဆရာသည်ပုံရိပ်ကို ကလေးတစ်ယောက်လို
မချီပေးထားပြီး ပုံရိပ်ကတော့ ဆရာ့၏ပခုံးကိုအားပြုထားနေရသည်။
ဆရာ့ကိုအားနာသလို ပြန်ချပေးဖို့ရန်ပြောချင်ပေမဲ့
ပုံရိပ်ကိုယ်တိုင်က ယခုလိုအခြေအနေမှာ
ပျော်၀င်နေမိသည်။
"လှလိုက်တာ...."
ရုတ်တရက်ဆိုသလို ကောင်းကင်ပေါ်သို့
လွှတ်တင်လိုက်သော မီးပုံးကြီးမှ
ရောင်စုံမီးရှူးမီးပန်းတွေ ဖျာထွက်လာလေသည်။
ပုံရိပ်ကတော့ ကောင်းကင်ပေါ်သို့ မော့ကြည့်နေသော ဆရာ့မျက်နှာပေါ်တွင် အရောင်ပြန်ဟပ်နေသော ဝါလိုက်၊စိမ်းလိုက်ဖြစ်နေသည့် အလင်းရောင်တွေကို ပြုံး၍ကြည့်နေမိသည်။
"ကမ္ဘာပေါ်မှာ အလှဆုံးမီးရှူးမီးပန်းလေးပဲ...."
(အခန်း(၆၁...ဆက်ရန်ရှိသည်)
🌹🌹🌹🌹🌹🌹🌹🌹🌹
========================================================================
🔥🌹ဆူးႀကိဳး(အခန္း၆၀)🔥
"ပံုရိပ္ေရ...အဆင္သင့္ျဖစ္ၿပီလား...."
"ေအး....ႏႈတ္ခမ္းနီေလးဆိုးၿပီးရင္ၿပီးပါၿပီ..."
ေတာ္တန္ရံုဆိုအလွမျပင္တတ္ေပမဲ့ ဒီေန့ေတာ့
ထူးကဲစြာပဲ အလျွပင္ေနမိေလသည္။
ရွမ္းရိုးရာ၀တ္စံုေလးကို ၀တ္ခ်င္ေပမဲ့အေပၚကေန အေနြးထည္ထပ္၀တ္ရအံုးမွာဆိုေတာ့
ဂ်င္းေဘာင္းဘီေအာက္ကားေလးႏွင့္ ခါးတိုတီရွပ္ေလးကိုမွ အေပၚကေခါင္းစြပ္အေနြးထည္ေလးကို စြပ္ခ်လိုက္သည္။
ေခါင္းစြပ္ စြပ္မည္ျဖစ္၍ဆံပင္ကိုအလယ္ခဲြၿပီး ဖားလ်ားခ်ထားလိုက္ေတာ့သည္။
ေဆာင္းရာသီဆိုရင္ ပံုရိပ္ရဲ့ပါးေလးေတြကအလိုလိုရဲေနတတ္ေပမဲ့ မိတ္ကပ္ဖံုးထားေသာေၾကာင့္
ပါးနီေလး ျခယ္လိုက္ၿပီးမ်က္လံုးကာျခယ္ေလးကို ျခယ္လိုက္သည္။
"ဟဲ့...ငါ့မ်က္ႏွာဘယ္လိုေနလဲ...
ပါးနီေတြအရမ္းရဲသြားၿပီလား..."
"အေနေတာ္ပါပဲ...လွတယ္...နင့္ႏႈတ္ခမ္းနီက
အရမ္းပါးေနသလားလို႔...နဲနဲေလာက္ထပ္ဆိုးလိုက္ပါလား..."
"...ငါ့မ်က္ႏွာကေပါင္ဒါေတြရိုက္ထားလို႔
ဒီေလာက္ျဖဴေနတာကို ႏႈတ္ခမ္းနီသာပိုရဲလိုက္ရင္
ေသြးဆုပ္ဖုတ္ေကာင္ႀကီးနဲ႔သြားတူေနမွာေပါ့..."
"အမယ္ေလး...အဲ့ဒါဆိုရင္ငါတို႔ကဘယ္လိုလုပ္မွာလဲ...ငါတို႔လည္းဆိုးထားတာမွရဲတြတ္ေနတာပဲ..."
ေနာက္ဆံုးမွာေတာ့ သူငယ္ခ်င္းမ်ား၏ဝိုင္း၀န္းၿမွောက္ေပးမႈႏွင့္အတူ ႏႈတ္ခမ္းနီရဲရဲႀကီးကို ဆိုးလိုက္မိေလသည္။
မ်က္ခံုးေမႊးအညိုေရာင္ေလးဆိုးထားေသာေၾကာင့္
မ်က္ခံုးတန္းေလးဟာ ေသသပ္လွပၿပီးပို၍ထင္ေပၚေနေလသည္။
အလျွပင္ျခင္းက မိန္းမတစ္ေယာက္ကိုပို၍
ယံုၾကည္မႈတိုးေစတယ္ထင္ပါရဲ့ အလိုလိုေနရင္းေက်နပ္ေနသလို ခံစားမိသည္။
"ေဒါက္...ေဒါက္....ဟဲ့..နင္တို႔ၿပီးၾကၿပီလား...
ၿပီးရင္သြားၾကမယ္..."
ဘိုဘိုတစ္ေယာက္ တံခါးကိုလာေခါက္ေန၍ အကုန္လံုးလည္း လိမ္းၿဖီးေနေသာ ပစၥည္းေတြကိုအိတ္ေတြထဲသို႔ ထိုးထၫ့္လိုက္ၾကၿပီး လိုအပ္တာေတြယူကာ ထြက္လာခဲ့လိုက္ၾကသည္။
တံခါးကိုဖြင့္ၿပီး အခန္းအျပင္သို႔ထြက္လိုက္ေသာအခါ ပံုရိပ္မျမင္ခ်င္ေသာမ်က္ႏွာတစ္ခုကို ျမင္လိုက္ရ၍ အလိုလိုေနရင္းစိတ္ရႈပ္သြားမိသည္။
တစ္ကိုယ္လံုး အနက္ေရာင္ေတြတဖိတ္ဖိတ္ေတာက္ေအာင္၀တ္ထားေသာ ကိုထက္အားတစ္ခ်က္မ်ွသာ ၾကၫ့္လိုက္ၿပီး ဘိုဘို႔ကိုမ်က္ေစာင္းထိုးပစ္လိုက္သည္။
"နင္ဘာလို႔သူ႔ကို ေခၚလာရတာလဲ...."
"သူလည္းလိုက္ခ်င္တယ္ဆိုလို႔ေပါ့ဟ..ေတာင္ႀကီး
မီးပံုးပ်ံပဲြဆိုတာ...ႄကံုခ်င္တိုင္းႄကံုတာမွမဟုတ္ပဲ..
ဒီအခ်ိန္ေလးပဲၾကၫ့္ရမွာေလ..."
"ေအး..အဲ့ေလာက္ေတာင္ၾကၫ့္ေစခ်င္ေနရင္လည္း..နင့္ဘာသာပဲသူနဲ႔သြားလိုက္ေတာ့...
ငါမလိုက္ေတာ့ဘူး..."
ဘာေၾကာင့္မွန္းမသိေပမဲ့ ကိုထက္ရဲ့မ်က္ႏွာကို
ျမင္တာနဲ႔ လူကအလိုလိုေဒါသထြက္လာတာေၾကာင့္
မ်က္ႏွာထားကိုတင္းထားၿပီး ဘိုဘို႔ကိုဆူျပစ္လိုက္သည္။
အမွန္ေတာ့ ကိုထက္ဒီကိုေရာက္လာတာကလည္း
သူ႔ေၾကာင့္ျဖစ္သလို တည္းတဲ့ေဟာ္တယ္ကိုလည္း
ဒင္းပဲ ေျပာလိုက္တာေနမယ္။
အဆင္ျမင္တာနဲ႔ ငမ္းငမ္းတက္ေနတဲ့ ဘိုဘိုစုတ္ကိုလည္း အျမင္ကပ္လာသည္။
ကိုထက္ဆိုတဲ့ေကာင္ကေတာ့ ေဒါသထြက္ေနေသာ
ပံုရိပ္ရဲ့မ်က္ႏွာကို ၾကၫ့္ၿပီးနံရံကိုမွီကာ
ေလွာင္ႃပံုးႃပံုးေနေလသည္။သူလိုခ်င္တာက
ဒါပဲေနမွာေပါ့။
ပံုရိပ္ေဒါသထြက္ေအာင္ အၿမဲလုပ္ေနရမွ
သူကစား၀င္အိပ္ေပ်ာ္ေနတဲ့လူမဟုတ္လား။
ပံုရိပ္နဲ႔ ေစ့စပ္ဖို႔သေဘာတူတာကလည္း...
ယမင္းျဖစ္ခဲ့တဲ့ ကိစၥကိုသူမေက်နပ္ေသးလို႔ပဲ
ထင္မိတယ္။မဟုတ္ရင္ ပံုရိပ္ေဒါသထြက္ေနတာကို
သူေပ်ာ္ေနစရာအေၾကာင္းမွမရိွပဲ။
"ပံုရိပ္...နင္ကလည္းဟာ..."
"ဘာမွနင္ကလည္းမဟာနဲ႔....ငါေျပာၿပီးၿပီ...
နင္တို႔ဘာသာသြားေတာ့..သူပါရင္ငါမလိုက္ဘူး..."
"ပံုရိပ္ကလည္းဟာ...သူလည္းအဖဲြ႔လိုက္ေပ်ာ္ခ်င္မွာေပါ့...ဒီေန့မွသူကေရာက္လာတဲ့ဥစၥာကို
သူတစ္ေယာက္တည္းလည္မယ္ဆိုရင္
ေငါင္စင္းစင္းႀကီးျဖစ္ေနမွာေပါ့...."
"ငါေျပာၿပီးၿပီးေနာ္...သူလိုက္ရင္ငါမလိုက္ဘူးလို႔.."
"ဟာ...နင္ေတာ္ေတာ္ေျပာရခက္တာပဲပံုရိပ္ရာ..
ေဟ့ေကာင္ငထက္...အခုကမင္းေၾကာင့္ျဖစ္ေနတာေနာ္..အဲ့မွာသြားအေအးပက္ေအာင္ ရယ္မေနပဲ...
ဒီမွာလာေခ်ာ့အံုးေလကြာ...မင္းတို႔ႏွစ္ေကာင္
ရန္ျဖစ္ထားၾကတာလား...."
ဘိုဘို၏တိုက္တြန္းမႈေၾကာင့္ဟိန္းေဇာယ်ာထက္သည္ သူ႔ရဲ့အိတ္ကိုပခံုးေပၚသို႔ ျပစ္တင္လိုက္ၿပီး
မဲ့ႃပံုးႃပံုးျပလိုက္သည္။
"သူမလိုက္ခ်င္ရင္လည္း မလိုက္ခိုင္းနဲ႔ေပါ့ကြာ....
သူမလိုက္လည္း ခရီးစဉ္ကပ်င္းစရာေကာင္း
သြားမွာမွ မဟုတ္တာ...ေတာင္ႀကီးမီးပံုးပ်ံပဲြက
အခုေလာက္ဆို ေျခခ်စရာေတာင္ရိွရဲ့လားမသိဘူး...
သူမလိုက္လည္း ငါတို႔ဘာသာလူတိုးရင္းနဲ႔
မီးပံုးလႊတ္တာၾကၫ့္ရင္း....အားခ်ိန္ေတာင္ရမွာမဟုတ္ဘူး...ငါၾကားတာေတာ့...
ဒီႏွစ္ကအရင္ႏွစ္ထက္ ပိုစည္မယ္တဲ့..."
"အဲ့လိုေတာ့လုပ္လို႔မရဘူးေလးဟာ...
ငါတို႔ကတစ္ဖဲြ႔တည္းအတူလာၾကတာ...
အခုပံုရိပ္မလိုက္တာက..
နင့္ေၾကာင့္ဆိုေတာ့....နင္ေနခဲ့လိုက္ေပါ့...
ငါတို႔သူငယ္ခ်င္းကိုေတာ့..ေဟာ္တယ္ခန္းထဲမွာ
တစ္ေယာက္တည္းမထားခဲ့ႏိုင္ပါဘူး..."
အိမိုးေသာ္က ပံုရိပ္ကိုမထားခဲ့ခ်င္တာေၾကာင့္
ဘိုဘို႔ကိုေျပာလိုက္ေတာ့ ဘိုဘိုလည္း
ေခါင္းကုတ္ရေလၿပီ။
တစ္ဖက္မွာက မေခၚလည္းအတင္းလိုက္မဲ့
လူျဖစ္ၿပီး တစ္ဖက္ကသူတို႔သူငယ္ခ်င္းကေတာ့
ကိုထက္ဆိုတဲ့ နာမည္ကိုေတာင္မၾကားခ်င္ေတာ့သၫ့္ပံုစံျဖစ္ေနသည္။
"ပံုရိပ္ရယ္...ဒီတစ္ခါေလးပဲခြင့္ျပဳလိုက္ပါဟာ...
ေနာက္ရက္...တို႔ေတြအင္းေလးကိုသြားရင္ေတာ့
သူ႔ကိုမေခၚေတာ့ဘူးေလ..ေနာ္...."
"ဒီမွာဘိုဘို...ငါကဘူးဆိုဖရံုမသီးဘူးေနာ္..
သူပါရင္ေတာ့...ငါ့ကိုထားခဲ့ၾကေတာ့...
ငါကဟင္ဆိုရင္...ဘုရင္ကိုေတာင္လွၫ့္မၾကၫ့္ခ်င္ဘူး..."
ေနာက္ဆံုးအပိတ္ေျပာျပစ္လိုက္ၿပီး အကုန္လံုးကို
ေၾကာခိုင္းကာ ေဟာ္တယ္ခန္းထဲသို႔သာ ျပန္၀င္ဖို႔
ေတြးလိုက္သည္။
"ပံုရိပ္ရာ...အခန္းထဲကိုျပန္မ၀င္ပါနဲ႔ေတာ့
တီခ်ူးတို႔...ကိုႀကီးေနမ်ိဳးတို႔ကေအာက္မွာ
ေစာင့္ေနၾကၿပီဟ...."
အခန္းတံခါးဘုကို ကိုင္ကာဆဲြဖြင့္ေတာ့မၫ့္
ပံုရိပ္၏လက္ေတြသည္ "ေနမ်ိဳး.."ဆိုေသာ
နာမည္ေၾကာင့္ အလိုလိုတန႔္သြားေတာ့သည္။
ဆရာကလည္း မီးပံုးပ်ံပဲြၾကၫ့္ဖို႔ေရာက္ေနသည္တဲ့။
ေန့လည္က စိတ္ဆိုးသြားေတာ့ မလိုက္လာေတာ့ဘူးလို႔ တြက္လိုက္မိတယ္။
အခုဆရာပါ လိုက္လာတာဆိုေတာ့
ဒါကပံုရိပ္အတြက္ အခြင့္အေရးေကာင္းပဲေပါ့။
ဒါေပမဲ့ ဘယ္လိုလုပ္ရေတာ့မလဲ။
ခုနေလးတင္ ဘူးဆိုဖရံုမသီးတာေတြေရာ၊
ဟင္ဆိုရင္..ဘာဆိုလား..ေျပာလိုက္မိတာေတြကို
ဘယ္လိုျပန္ျဖည္ရပါ့မလဲ...။
ဘာပဲျဖစ္ျဖစ္ အခ်စ္အတြက္သတၲိေတာ့ေမြးရမွာပဲ။
"သူငယ္ခ်င္းတို႔...ဟင္...."
အေနာက္ကိုျပန္လွၫ့္ၾကၫ့္လိုက္တဲ့အခ်ိန္မွာ...
ဟိုအေကာင္ေတြက ဓာတ္ေလွကားနားေတာင္ေရာက္ေနၾကေလၿပီ။
သစၥာရိွလိုက္တဲ့ သူငယ္ခ်င္းေတြ..
ငါ့ကိုေတာ့ ထားခဲ့ၾကၿပီး...
ဒင္းတို႔ပေထြးကိုေတာ့ ေခၚျဖစ္ေအာင္ေခၚသြားၾကတယ္....
ေနာက္ဆံုးေတာ့ ကိုယ့္အတတ္နဲ႔ကိုယ္ဆူးၿပီး
မ်က္ႏွာေျပာင္တိုက္ကာ သူတို႔ေနာက္သို႔
ေျပးလိုက္ရေလေတာ့သည္။
သူငယ္ခ်င္းေတြကေတာ့"အမ်ိဳးမ်ိဳးပဲ.."ဆိုၿပီး
အျပစ္တင္ၾကေပမဲ့ ခပ္တည္တည္ပဲေနလိုက္သည္။
ဆရာပါေနတဲ့ ခရီးစဉ္ကို မလိုက္ပဲေနလိုက္ရင္
ပံုရိပ္ေနာင္တရသြားမိမွာေပါ့။
ဒီလိုေတာ့ လံုး၀အျဖစ္မခံႏိုင္ဘူး။
"ဟာ...ဆိုင္ကယ္ေတြကအမ်ားႀကီးပါလား...."
"ေအးဟဲ့...ငါတို႔ကအဲ့ေလာက္လူမ်ားမယ္မထင္ထားမိဘူး..."
ဆရာတို႔အလုပ္က လူေတြစုၿပီးသြားၾကတယ္ထင္ပါရဲ့ ဆိုင္ကယ္ကိုယ္စီႏွင့္ လူအေယာက္ႏွစ္ဆယ္နီးပါးေလာက္ရိွေလသည္။
ဆရာ့ကို လွမ္းၾကၫ့္လိုက္ေတာ့ ပံုရိပ္ကိုေစာင္းငဲ့၍ေတာင္ၾကၫ့္မေနပဲ သူ႔ဆိုင္ကယ္ကိုသာ
စိုက္ၾကၫ့္ေနေလသည္။
"ပံုရိပ္...နင္ငါ့ေနာက္ကေနလိုက္ခဲ့...."
ကိုထက္သည္ မႏၲေလးကေန..ေတာင္ႀကီးအထိ
ကိုယ္ပိုင္ဆိုင္ကယ္ႏွင့္လာသူမို႔ ယခုလည္း
သူ႔ဆိုင္ကယ္ေနာက္ကေန လိုက္ရန္အတင္းေခၚေနေလသည္။
ပံုရိပ္ကေတာ့ သူ႔ကိုအေရးမစိုက္ပဲ တီခ်ူး၏
ကလစ္ဘီးေလးေနာက္မွာသာတက္ထိုင္လိုက္သည္။
အမွန္ကေတာ့ ဆရာ့ဆိုင္ကယ္ေနာက္မွာ
စီးခ်င္မိခဲ့တာပါ။
ဒါေပမဲ့ ဆရာကိုယ္တိုင္ကဖိတ္ေခၚျခင္းမရိွေတာ့ ဘယ္လိုသတၲိနဲ႔ အတင္းလိုက္စီးရဲမွာလဲ။
မ်က္ႏွာေလး မသာမယာႏွင့္ ဆရာ့ကိုေငးၾကၫ့္လိုက္စဉ္မွာ အမွတ္တမဲ့မ်က္လံုးခ်င္းဆံုသြားတာမို႔
ႃပံုးျပလိုက္ေပမဲ့ ဆရာကမ်က္ႏွာလႊဲသြားေလသည္။
ကိုထက္နဲ႔ပံုရိပ္ကို ဆရာကတစ္မ်ိဳးတစ္မည္ထင္ေနတာေၾကာင့္ ပံုရိပ္ႏွင့္ခပ္ကင္းကင္းေနတာလားလို႔
ေမးၾကၫ့္လိုက္ခ်င္သည္။
တကယ္လို႔ ဒီအေၾကာင္းေၾကာင့္ မဟုတ္ဘူးဆိုရင္ေရာ ဘယ္လိုလုပ္ပါ့မလဲ။
ဆရာကေတာ့ ပံုရိပ္မွလဲြ၍ အျခားသူ႔လုပ္ေဖာ္ကိုင္ဖက္ မိန္းကေလးေတြနဲ႔ စကားလွမ္းေျပာေနေပမဲ့ ပံုရိပ္ကေတာ့ဆရာမွလႊဲ၍
ဘယ္ေယာက္်ားေလးနဲ႔မ်ွ စကားေရာေဖာေရာ
မလုပ္ေပ။
ပံုရိပ္အတြက္ေတာ့ ဆရာဟာအားလံုးထဲမွာ
အထူးျခားဆံုးလူတစ္ေယာက္ပါပဲ။
ကိုထက္ဆိုရင္ လူခ်မ္းသာသားတစ္ေယာက္ျဖစ္၍
တစ္ကိုယ္လံုးလံုးမွာ ဖိနပ္ကအစနာမည္ႀကီး
တံဆိပ္ေတြနဲ႔ ဖိတ္ဖိတ္တုန္ေအာင္ ျပင္ဆင္ထားေပမဲ့ ပံုရိပ္မ်က္လံုးထဲမွာေတာ့ အရာမရြင္းေပ။
စတိုင္ပဲင္အညိုေရာင္ပြပြကို တီရွပ္အနက္ေရာင္ေလးႏွင့္ တဲြ၀တ္ထားၿပီးဆြယ္တာအျဖဴႏွင့္
အညိုဆက္ကေလးကို လူႀကီးဆန္ဆန္ခန္႔ခန႔္
ျငားျငားတဲြ၀တ္ထားတဲ့အျပင္
ရႉးဖိနပ္အနက္ေရာင္ေလးကို
စီးထားကာ ဆိုင္ကယ္ေပၚမွ တည္တည္ၿငိမ္ၿငိမ္ထိုင္ေနေသာ ဆရာ့ကိုသာတၾကၫ့္ၾကၫ့္လုပ္ေနမိသည္။
ဆံပင္ေတြကို နားထင္နားတစ္ေလ်ွာက္ကပ္ေနေအာင္ ဂ်ယ္နဲ႔ဖိထားၿပီး ေသေသသပ္သပ္ေလး
ဖီးသင္ထားတာေၾကာင့္ ရွင္းသန႔္ေနေလသည္။
ဆရာ့ေနာက္မွာသာ ပံုရိပ္ထိုင္လိုက္ရင္ တကယ္ကို
အတဲြညီေနမွာပဲ...
ကိုယ့္ဘာသာေတြးၿပီး...ကိုယ့္ဘာသာႃပံုးလိုက္မိေလသည္။
🌹🌹🌹🌹🌹🌹
"ကဲ...ကိုယ့္အဖဲြ႔နဲ႔ကိုယ္ေနၾကေနာ္...အဖဲြ႔မကဲြေစနဲ႔..
အထူးသျဖင့္ကေလးေတြကို ေသခ်ာၾကၫ့္ထားၾက
သူတို႔ကအခုမွ ဒီပဲြကိုလာဖူးတာမို႔လို႔...
အဖဲြ႔ကဲြသြားရင္...မသြားတတ္မလာတတ္ျဖစ္ေနၾကလိမ့္မယ္..."
ေနမ်ိဳးက အလုပ္မွာရာထူးႀကီးေပမဲ့ အဖဲြ႔ထဲမွာေတာ့ ကိုေဗ်ာႀကီးကအႀကီးဆံုးျဖစ္ေန၍ အဖဲြ႔မကဲြေအာင္ သတိေပးရေလသည္။
ေတာင္ႀကီး တန္ေဆာင္တိုင္မီးပံုးပ်ံပဲြက အရမ္းလူစည္ကားေသာေၾကာင့္ ျပည္တြင္းဧၫ့္သည္ေတြပင္ တိုးလို႔မေပါက္သၫ့္အျပင္ ႏိုင္ငံျခားသား
ဧၫ့္သည္အမ်ားအျပားကလည္း ဒီပဲြကို
လာဆင္ႏႊဲေလ့ရိွၾကေလသည္။
ေန့ခင္းဘက္ အလွလႊတ္မီးပံုးေတြလႊတ္ခ်ိန္မွာ
လူသိပ္မမ်ားေပမဲ့ ညဘက္တြင္က်င္းပေသာမီးပံုးပ်ံပဲြကေတာ့ လူေတြအံုးအံုးကၽြတ္ကၽြတ္ႏွင့္
ေတာ္ေတာ္ေလး စည္ကားေလသည္။
"ဒီလိုလုပ္ပါလား....မီးပံုးပ်ံလႊတ္တဲ့ကြင္းနားကိုေရာက္တဲ့အထိ ေယာက္်ားေလးေတြကအေရ႔ွနဲ႔အေနာက္မွာ ကာၿပီးေလ်ွာက္ၾကမယ္...
မိန္းကေလးေတြကိုအလယ္မွာထားလိုက္ေပါ့..."
"ဟုတ္တယ္...ေနမ်ိဳးေျပာတာမွန္တယ္...ငါတို႔
အဲ့အတိုင္းပဲ လုပ္ၾကတာေပါ့..."
ဆရာ့ရဲ့အႀကံေပးမႈႏွင့္အတူ ပံုရိပ္တို႔မိန္းကေလးေတြက အလယ္ဘက္မွေနရကာ ဆရာတို႔
ေယာက္်ားေလးတစ္ဖဲြ႔က အေရ႔ွမွလူတိုးၿပီး
က်န္တစ္ဖဲြ႔ကေတာ့ အေနာက္မွကာၿပီးလိုက္ၾကေလသည္။
ပဲြေဈးဆိုသၫ့္အတြက္ လူလည္းမ်ားသလို
စရိုက္လည္း စံုႏိုင္ေလသည္။လူေကာင္းေတြလည္း
ရိွသလို လူဆိုးေတြလည္းဒြန္တဲြႏိုင္တာမို႔
ဒီအေနအထားက ပံုရိပ္တို႔မိန္းကေလးေတြအတြက္
လံုႃခံုမႈျဖစ္ေစသည္။
တီခ်ူးဆိုရင္ တစ္ခါတုန္းက
ပဲြေဈးမွာ လူတိုးရင္းႏွင့္ ေယာက္်ားတစ္ေယာက္က
မေတာ္တဆလိုလိုႏွင့္ ေပါင္ကိုလာကိုင္သည္ဟု
ဆိုေလသည္။ပံုရိပ္ကေတာ့ အဲ့လိုျဖစ္မွာ
သိပ္ေၾကာက္တာပဲ။
"ညမီးႀကီးေတြေတာင္ လႊတ္ေတာ့မယ္ေဟ့..."
"ဝိုး....မိုက္တယ္ဟ...."
"ဟဲ့ဟိုမွာဘုရားပံုေတာ္က...မီးပံုးေပၚမွာၾကၫ့္စမ္း..."
"ဟသၤာရုပ္ႀကီးကို မီးသီးေရာင္စံုေတြနဲ႔...
လုပ္ထားတာ...မိုက္တယ္ဟ..."
ပံုရိပ္တို႔အေရ႔ွမွာ လူေတြကအမ်ားႀကီးရိွေနသၫ့္အတြက္ မီးပံုးစလႊတ္ေသာပံုစံကို မျမင္ရေပမဲ့
မီးပံုးေတြ အေပၚကိုတက္လာရင္ေတာ့
ေတြ့ေနရ၍ အားလံုးအံ့ဩေနၾကေလသည္။
ဒီႏွစ္မွာ မီးပံုးေတြကိုပိုၿပီး ဆန္းသစ္လာၾကတာမို႔
ဓာတ္ပံုဆရာေတြႏွင့္ ႏိုင္ငံျခားသားခရီးသြားေတြကလည္း သေဘာတက်ျဖစ္ေနကာ ဓာတ္ပံုေတြ
တျဖတ္ျဖတ္ရိုက္ၾကေလသည္။
ပံုရိပ္ကေတာ့ အေရ႔ွမွာလူေတြကာေနေသာေၾကာင့္
လက္ကို အစြမ္းကုန္ၿမွောက္ၿပီးဖုန္းကိုကိုင္ကာ
ဗီဒီယိုရိုက္ထားလိုက္သည္။
"အရိပ္....ျမင္ေရာျမင္ရရဲ့လား...."
ရုတ္တရက္ပံုရိပ္၏အေနာက္ဘက္မွ
ၾကားလိုက္ရေသာ တိုးၫွင္းသၫ့္အသံေလးေၾကာင့္
ေနာက္သို႔ လွၫ့္ၾကၫ့္လိုက္မိေတာ့ မီးရႉးမီးပန္း၏
အေရာင္ေတြ ထင္ဟပ္ေနေသာ ဆရာ့မ်က္၀န္းေတြႏွင့္ အၾကၫ့္ခ်င္းဆံုမိေလသည္။
"ဆရာ...သမီးေကာင္းေကာင္းမျမင္ရဘူး...
အရပ္ကအရမ္းပုလြန္းေနတယ္..."
မ်က္ႏွာေလးမဲ့ၿပီး ေျပာလာေသာေကာင္မေလးေၾကာင့္ ေနမ်ိဳး၏ႏႈတ္ခမ္းထက္မွာ အႃပံုးေလး
တစ္ခုေပၚလာေလသည္။
ေကာင္မေလး၏ လက္ေကာက္၀တ္ႏုႏုေလးကို
ဆုပ္ကိုင္လိုက္ၿပီးေနာက္...
"လာ...ကိုယ္နဲ႔လိုက္ခဲ့..."
ပံုရိပ္ဆီမွ ျပန္ေျဖသံကိုမေစာင့္ေတာ့ပဲ
ဆရာကပံုရိပ္ကို ဆဲြေခၚသြားေလသည္။
အဖဲြ႔ႏွင့္ နဲနဲေဝးေသာေနရာကိုေရာက္တဲ့အခါမွာ
ရပ္လိုက္ၿပီးေနာက္ ပံုရိပ္ဘက္သို႔ျပန္လွၫ့္ၾကၫ့္လာသည္။
"ဆရာ..ဒီေနရာကေနၾကၫ့္မလို႔လား...
ဒီမွာလည္းသိပ္မျမင္ရပဲနဲ႔..."
"ပံုရိပ္မ်က္လံုးမိွတ္လိုက္..."
"ဟင္...."
"မ်က္လံုးခဏမိွတ္လိုက္ပါ..."
ဆရာက အတည္ေပါက္ႀကီးေျပာေနတာေၾကာင့္
ပံုရိပ္လည္း မ်က္လံုးကိုမိွတ္လိုက္မိသည္။
ဘာေၾကာင့္ရယ္မသိ စိတ္ထဲမွာစကၠန႔္ေတြကိုေရတြက္ေနမိရာမွ ဆရာဘာလုပ္ေပးမလဲဟု
လွၫ့္ပတ္ေတြးေနမိသည္။
"အား..."
ရုတ္တရက္ပံုရိပ္၏ခႏၶာကိုယ္ဟာ ေလထဲသို႔ေျမာက္တက္သြားေသာေၾကာင့္ ထေအာ္လိုက္မိၿပီး ဆဲြမိဆဲြရာလွမ္းဖက္လိုက္မိသည္က
ဆရာ့လည္တိုင္ျဖစ္ေနသည္။
ႏွာေခါင္းထဲမွာ ေခါင္းလိမ္းဂ်ယ္ရနံ႔ကိုရေနေသာေၾကာင့္ မ်က္လံုးဖြင့္ၾကၫ့္လိုက္မိသည္။
ျမင္လိုက္ရတာကေတာ့ မီးပံုးႀကီးကို မိႈင္းတိုက္ေနၾကေသာ ျမင္ကြင္းျဖစ္ေနေလသည္။
"အခုေသခ်ာျမင္ရၿပီလား..."
ေအာက္ကိုျပန္ငံု႔ၾကၫ့္လိုက္ေတာ့ အႃပံုးေလး
တစ္ခုႏွင့္အတူထူးဆန္းေသာလူသားတစ္ေယာက္ကို ေတြ့လိုက္ရသည္။
ဆရာသည္ပံုရိပ္ကို ကေလးတစ္ေယာက္လို
မခ်ီေပးထားၿပီး ပံုရိပ္ကေတာ့ ဆရာ့၏ပခံုးကိုအားျပဳထားေနရသည္။
ဆရာ့ကိုအားနာသလို ျပန္ခ်ေပးဖို႔ရန္ေျပာခ်င္ေပမဲ့
ပံုရိပ္ကိုယ္တိုင္က ယခုလိုအေျခအေနမွာ
ေပ်ာ္၀င္ေနမိသည္။
"လွလိုက္တာ...."
ရုတ္တရက္ဆိုသလို ေကာင္းကင္ေပၚသို႔
လႊတ္တင္လိုက္ေသာ မီးပံုးႀကီးမွ
ေရာင္စံုမီးရႉးမီးပန္းေတြ ဖ်ာထြက္လာေလသည္။
ပံုရိပ္ကေတာ့ ေကာင္းကင္ေပၚသို႔ ေမာ့ၾကၫ့္ေနေသာ ဆရာ့မ်က္ႏွာေပၚတြင္ အေရာင္ျပန္ဟပ္ေနေသာ ဝါလိုက္၊စိမ္းလိုက္ျဖစ္ေနသၫ့္ အလင္းေရာင္ေတြကို ႃပံုး၍ၾကၫ့္ေနမိသည္။
"ကမ႓ာေပၚမွာ အလွဆံုးမီးရႉးမီးပန္းေလးပဲ...."
(အခန္း(၆၁...ဆက္ရန္ရိွသည္)
🌹🌹🌹🌹🌹🌹🌹🌹🌹
No comments:
Post a Comment