(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥🌹ဆူးကြိုး(အခန်း၅၉)🔥
အပြာနုရောင်ကောင်းကင်ကြီးကို
နောက်ခံထားလျှက် ရွှေ့လျှားနေသော
တိမ်မျှင်တန်းလေးတွေကို လှမ်းကြည့်လိုက်ပြီးနောက် ဒီလိုအေးချမ်းသောနေရာလေးကနေ
လုံး၀မပြန်ချင်တော့ပေ။
ကြိုက်နှစ်သက်သော စပျစ်ခိုင်လေးများကို
ကပ်ကြေးနှင့်လိုက်ညှပ်နေမိရာမှ
ချင်းလေးထဲသို့ထည့်လိုက်ပြီး
စတော်ဘယ်ရီသီးလေးတွေရှိသော ဘက်သို့
ဖြည်းဖြည်းမှန်မှန်ပဲ လျှောက်သွားလိုက်သည်။
ဆရာကတော့ ဖောက်သည်တစ်ယောက်ရောက်လာ၍ ခြံထဲရှိတဲပေါ်တွင်စကားသွားပြောနေလေသည်။
ဆရာပြောပုံအရဆို ပုံမှန်ဆိုရင်ဒီခြံကြီးထဲမှာ
အစောင့်တွေရှိပြီး ဒီနေ့ကလပြည့်နေ့ဖြစ်လို့
အိမ်ပြန်သွားကြပုံရလေသည်။
သေချာအကဲခတ်ကြည့်တော့မှ ခြံစည်းရိုးတွေကို
လျှက်စစ်စီးအောင် လုပ်ထားမှန်းသိလိုက်ရတယ်။
"အရိပ်...အသီးတွေခူးတာတော်ပြီလား..."
ဘောင်းဘီအိပ်ကပ်ထဲသို့ လက်ထည့်ထားကာ
ဆရာက ပုံရိပ်ရှိနေသောနေရာသို့ တစ်လှမ်းချင်း
လျှောက်လာနေလေသည်။
အသားရောင်ဝါ၀င်းသော ယောက်ျားတစ်ယောက်ဖြစ်၍ နေရိပ်ထိုးသည့်အခါဇာတ်စင်ပေါ်မှာ
တစ်ယောက်တည်းအသက်၀င်နေသည့်
မင်းသားတစ်ပါးလိုဖြစ်နေသည်။
နေကြာပန်းခင်းကြီး၏နံဘေးမှ ဖြတ်လျှောက်လာသောကြောင့် အရှေ့ဘက်သို့မျက်နှာမူနေကြသော
နေကြာပန်းလေးတွေကတောင် ဆရာ့၏
ချောမောခန့်ငြားမှုကို ငေးမောနေကြသည်ဟု
ထင်မိလေသည်။
ပုံရိပ်နှင့်ဆရာဟာ သန့်စင်သောလေထုတစ်ခုတည်းကို ရှူရှိုက်နေရပါလားဆိုသောအသိကြောင့်
ပျော်ရွှင်နေမိသည်။
ပုံရိပ်က ခေါင်းညိမ့်ပြလိုက်တော့ လက်ထဲမှ
ချင်းလေးကို ဆွဲယူသွားပြီးကျောခိုင်း၍
ခြေလှမ်းကျဲကြီးများဖြင့် မြန်မြန်လျှောက်သွားလေသည်။
ပုံရိပ်လည်း ဆရာ့အနောက်မှလိုက်သွားပြီး
ဆရာ့နောက်ကျောလေးကို ငေးရင်းနှင့်လမ်းလျှောက်နေမိသည်။
.
.
.
.
စတော်ဘယ်ရီနီနီလေးများနှင့်စပျစ်သီးများ
ထည့်ထားသော ချင်းလေးကို လက်တစ်ဖက်က
ကိုင်ထားပြီး ကျန်လက်တစ်ဖက်နှင့်ဆရာ့ပုခုံးကို
ဆုပ်ကိုင်ထားမိသည်။နှာသီးဖျားလေးများ
အေးစက်ထုံကျဉ်သွားသည်အထိ
တိုက်ခတ်လာသော လေအေးအေးကိုပင်
နွေးထွေးမှုရနေသလိုမျိုး ပြုံးနေမိသည်။
ဖြစ်နိုင်လျှင်အချိန်တွေကိုရပ်တန့်ထားလိုက်ချင်ပေမဲ့ အချိန်စက်၀န်းကတော့ သူ့အလိုလိုရှေ့ဆက်သွားနေတာကြောင့် ကြည့်နူးမှုလေးတွေသာ
ရပ်တန့်သွားရသည်။
ဟော်တယ်ရှေ့သို့ ပြန်ရောက်လာရာ
ဆိုင်ကယ်ပေါ်မှဆင်းလိုက်ပြီး မာဖလာလေးကိုကိုင်ဆုပ်ထားလျှက် ဆရာ့မျက်၀န်းတွေထဲအထိ စိုက်ကြည့်လိုက်မိသည်။
ဆရာ့ရဲ့မျက်ဆံလေးတွေက အညိုရောင်သန်းပြီးကြည်လင်လွန်းသည်။ယောက်ျားဆန်ဆန်
မေးရိုးနဲ့ နူးညံ့တဲ့အပြုံးလေးတွေကပနံသင့်လွန်း
နေသောကြောင့် ပုံရိပ်တစ်ယောက်တည်းသာပိုင်ဆိုင်ချင်မိသည်။
ကြာလေ ကြာလေလောဘတက်လာတာမို့
ကိုယ့်ကိုကိုယ်လည်း အံ့ဩမိသည်။
..သူ့ရဲ့အပြုံးတွေက အနည်းငယ်အေးစက်စက်
နိုင်ပေမဲ့ ခံစားသက်၀င်သူ၏အတွေးနဲ့လိုက်ပြီး
မြင်ရသည့်ရှုထောင့်လည်း ပြောင်းလဲသွားသည်ဟု
ခံစားမိသည်။....
"အရိပ်..အထဲကိုမ၀င်သေးဘူးလား..အပြင်မှာအေးတယ်လေ..."
ပုံရိပ်ကိုသာ ဟော်တယ်ထဲသို့၀င်ရန်ပြောနေပေမဲ့
သူကိုယ်တိုင်ကတော့ နေရာမှမရွေ့နိုင်ဖြစ်နေလေသည်။ဆောင်းနှင်းစက်လေးလို ဖြူဖွေးပြီး
ထိလွယ်ရှလွယ်သော အသားအရည်ကိုပိုင်ဆိုင်ထားသော သူလေးမို့ နှင်းလေငွေ့ကြောင့်အေးစက်တဲ့အခါ အနွေးဓာတ်လေးပေးချင်မိသည်။
သို့ပေမဲ့ ကျော်ဖြတ်ရမည့်စည်းတွေဟာ သိပ်ကိုများတယ်။(အသက်အရွယ်ကွာဟမှု၊ဥစ္စာဓနကွာဟမှုနှင့်
ဖြူစင်သော၅၂၈ကဲ့သို့ အလွှာပါးပါးတွေသာဖြစ်သည်...)
မာနနှင့်သိက္ခာကို တန်ဖိုးထားတတ်တဲ့သူ့အတွက်
ပွင့်လင်းလွန်းတာဟာ ပင်ကိုယ်စတိုင်လ်မဟုတ်နေတော့ ခက်နေလေသည်။
"သမီးကိုအရမ်းလှတဲ့တောင်ပေါ်မြင်ကွင်းကို
လိုက်ပြပေးတဲ့အတွက်ရယ်..သစ်သီးခြံကိုခေါ်သွားပေးခဲ့တဲ့အပြင်..အသီးတွေပါလက်ဆောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နော်..."
လက်ထဲမှာကိုင်ထားသော ချင်းလေးကိုမြှောက်ပြကာ အထူးတလည်ကျေးဇူးစကားဆိုနေသော ကလေးမလေးကို ပြုံး၍သာကြည့်နေလိုက်သည်။
"ရပါတယ်...ကိုယ်ကသာဒီနေ့အတွက်...အရိပ်ကိုကျေးဇူးတင်ရမှာပါ.."
"ဟင်...ဘာဖြစ်လို့လဲ..
မျက်လုံးလေးအဝိုင်းသားနှင့် နားမလည်နိုင်စွာ
ပုံရိပ်မေးလိုက်တော့ ဆရာကပုံရိပ်နှင့်ခြေတစ်လှမ်းစာလောက် အကွာအဝေးမှာရပ်လိုက်လေသည်။
လောင်းကုဒ်အနက်ရောင်လက်ရှည်အောက်က
ပေါ်နေသောဆရာ့လက်ဖမိုးလေးများဟာ
၀င်းလဲ့နေကာ အအေးဒဏ်ကြောင့်လက်ဖျားထိပ်လေးတွေ၊လက်ဖဝါးလေးတွေနှင့်လက်ဆစ်နေရာလေးတွေက နီစက်စက်လေးဖြစ်နေသည်။
အနုပညာရှင်လက်ဟု တင်စားရလောက်သော
ထိုလက်ချောင်းရှည်သွယ်သွယ်လေးများနှင့်
ပုံရိပ်၏လည်ပင်းတွင် လျော့တိလျော့ရဲဖြစ်နေသော မာဖလာလေးကို နူးညံ့စွာကိုင်ရင်း ပုံကျအောင်
ပြန်ပြင်ပေးလာသည်။
"ဒီနေ့...အရိပ်လေးက..ကိုယ့်အတွက်သူများနဲ့ရန်ဖြစ်ပေးခဲ့တယ်လေ..ကိုယ်တောင်မှ
မလုပ်နိုင်တဲ့အရာကို..အရိပ်ကအစားလုပ်ပေးလိုက်တော့...ကျေးဇူးပြန်ဆပ်ရမယ်မဟုတ်လား..
ပြောရရင်...ကိုယ့်အတွက်သူများကရန်ကူဖြစ်ပေးတာ...ဒါပထမဆုံးပဲ..."
"ဆရာက...မလုပ်ရဲတာဟုတ်လို့လား...
မလုပ်ချင်တာပါ..သူကလေ...ဆရာ့ကိုအခုအချိန်အထိလိုက်ပြိုင်နေတည်းက..သူ့စိတ်ထဲမှာဆရာက
အရမ်းတော်နေတယ်လို့ သတ်မှတ်ထားလို့ပဲ..."
"အဟင်း...ဟုတ်သားပဲ...အရိပ်လေးပြောမှသေချာတွေးကြည့်မိတော့တယ်..."
ပုံရိပ်၏စကားကြောင့် သွားတန်းဖွေးဖွေးလေးတွေပေါ်သည်အထိ ဆရာရယ်လိုက်တာကိုမြင်ရတော့ ကိုယ်ကိုကိုယ်ကျေနပ်သွားမိသည်။
ဆရာအဲ့လိုလေး အမြဲတမ်းပြုံးနေတာကိုပဲ
ပုံရိပ်မြင်ချင်မိတယ်။ဆရာ့ကို အခြားသူတွေ
အနိုင်ကျင့်ရင် ပုံရိပ်လုံး၀သည်းမခံနိုင်ဘူး။
ဆရာ့ကို နိုင်တဲ့လူကပုံရိပ်တစ်ယောက်တည်းသာ ဖြစ်ချင်တယ်။
ဒါကလည်းအတွေးသပ်သပ်ပါပဲ ။တကယ်တမ်းတော့ ပုံရိပ်ကဆရာနဲ့အရမ်းနီးကပ်နေရင်တောင် အသက်ရှူနှုန်းတွေ ရပ်တန့်သွားရလောက်အောင်အထိ စိတ်လှုပ်ရှားရသည်။
"ဆရာ...သမီးကိုအရမ်းစပ်စုတယ်လို့တော့မထင်ပါနဲ့နော်..ဆရာ့ကိုသမီးတစ်ခုလောက်မေးချင်တယ်.."
"မေးလေအရိပ်ရဲ့..."
ဆရာကတော့ပုံရိပ်ရဲ့အပေါ်မှာ ဘယ်လိုခံစားချက်တွေ၊ဘယ်လိုသဘောထားပြောင်းလဲမှုမျိုးတွေ
ရှိနေလည်းမသိပေမဲ့ ပုံရိပ်အတွက်ကတော့
ဆရာနှင့်အခုလိုရင်းနှီးလာမှုဟာ
ထူးဆန်းလွန်းနေသည်။
ဆရာ့အတွက်သိသိသာသာ ပြောင်းလဲလာတဲ့
ပုံရိပ်ရဲ့စိတ်ခံစားချက်တွေအတွက်
တစ်ခုခုကို သေချာရှင်းရှင်းလင်းလင်းသိရမှ
ဖြစ်လိမ့်မည်။
"ဆရာနဲ့...ဒေါက်တာရူပကချစ်သူတွေလားဟင်..."
"ဟာ...ဒီကလေးဘာတွေလျှောက်တွေးနေတာလဲ..ကိုယ်နဲ့သူကသာမာန်အသိမိတ်ဆွေလောက်ပါပဲကွာ..."
ဆရာကပုံရိပ်၏ နဖူးလေးကိုလက်ညှိုးနှင့်
တောက်ပြီး စလိုက်သောကြောင့် ပုံရိပ်လည်းရောယောင်၍ပြုံးလိုက်မိသည်။
ပုံရိပ်မှာ နောက်ထပ်မေးစရာတစ်ခုရှိသေးတာကြောင့် အပြည့်အ၀တော့မပျော်နိုင်သေးပေ။
"ဒါဆိုရင်..မနွယ်ကရော..မနွယ်ကို..
ဆရာအခုထိ..."
"ပုံရိပ်!!!!နင်အဲ့ဒါဘာလုပ်နေတာလဲ...."
ပုံရိပ်၏စကားမဆုံးသေးခင်မှာပဲ အနောက်ဘက်မှ ခပ်ဆောင့်ဆောင့်အော်သံတစ်ခုထွက်လာသောကြောင့် ဆရာနှင့်ပုံရိပ်ပြိုင်တူလှည့်ကြည့်လိုက်မိကြလေသည်။
"ကိုထက်!!!!"
"နင်ဘယ်ကောင်နဲ့စကားပြောနေတာလဲ...."
ကိုထက်သည် ဒေါသတကြီးနှင့်ပုံရိပ်တို့ရပ်နေရာသို့ လျှောက်လာပြီးနောက်
ပုံရိပ်၏လက်ကိုအားနှင့် ဆောင့်ဆွဲလိုက်လေသည်။
"နင်ဘာလုပ်တာလဲ..."
"ညီလေး...အရိပ်ကိုမင်းအဲ့လိုကြမ်းကြမ်း
တမ်းတမ်းမလုပ်ပါနဲ့...အရိပ်အဆင်ပြေရဲ့လား.."
"ခင်ဗျားက...ဘာကောင်မို့လာစိတ်ပူပေးနေတာလဲ..."
ပုံရိပ်ကို စိတ်ပူပေးပြီး အရှေ့သို့တိုးလာသော
ဆရာ့၏ ရင်ဘတ်ကိုဆောင့်တွန်းလိုက်ပြီး
ပုံရိပ်ကိုတော့ သူ့နောက်ကျောဘက်ကို အတင်းဆွဲခေါ်နေလေသည်။
ပုံရိပ်ရုန်းတဲ့အခါ လက်ကောက်၀တ်ကို
ဖိဆုပ်လိုက်သောကြောင့် တော်တော်နာနေလေပြီ။
"ကိုထက်...နင်ငါ့ဆရာကိုမရိုင်းနဲ့နော်...
ငါ့ကိုအခုလွှတ်..."
"ရိုင်းတော့ဘာဖြစ်လည်းဟာ...နင်ကငါနဲ့
လက်ထက်မဲ့သတို့သမီးလောင်းဖြစ်လို့...
ငါ့မှာပြောပိုင်ခွင့်ရှိတယ်..."
"အရိပ်...သူပြောတာတကယ်ပဲလား..."
"မဟုတ်......"
"ဟုတ်တယ်...ပုံရိပ်ရဲ့အဖွားနဲ့ကျုပ်ရဲ့မိဘတွေကကျုပ်တို့ကိုမကြာခင်စေ့စပ်ပေးဖို့တိုင်ပင်နေကြပြီ...ဒါကြောင့်လည်းကျုပ်ရဲ့
သတို့သမီးလောင်းကို ခင်ဗျားလို
ကြောင်သူတော်တွေ လက်ထဲကိုပါသွားမှာစိုးလို့
ဒီအထိလိုက်လာတာ...ရှင်းလား..."
"ကိုထက်...နင်မဟုတ်တာတွေလျှောက်ပြော
မနေနဲ့..."
"ငါအမှန်အတိုင်းပြောနေတာ...နင်မယုံရင်
နင့်အဖွားကို အခုဖုန်းဆက်ပြီးမေးလိုက်လို့ရတယ်..."
"ဟာ...ဆရာ..."
ကိုထက်နှင့် ပုံရိပ်အငြင်းပွားနေကြချိန်မှာ
ဆရာ့ဆိုင်ကယ်လေးက မောင်းထွက်သွားလေသည်။တဖြည်းဖြည်းဝေးကွာသွားသော
ဆရာ့ကျောပြင်ကိုငေးကြည့်နေရင်းနှင့်
အံကိုတင်းတင်းကြိတ်လိုက်မိသည်။
ကိုထက်ဘက်သို့ စူးရဲစွာကြည့်လိုက်တော့
သူ့မျက်နှာဟာ သိပ်ကိုမုန်းစရာကောင်းလောက်အောင် အောင်နိုင်သူအပြုံးတို့နှင့်
ပြည့်နှက်နေသည်။
ပုံရိပ်လည်း သူ့အရှေ့သို့တိုးကပ်သွားလိုက်ပြီး
သူ့ရဲ့အင်္ကျီကော်လံစကိုဆောင့်ဆွဲပြစ်လိုက်သည်။အမှန်တကယ်တော့ အခုချိန်မှာ
ပုံရိပ်အလုပ်ချင်ဆုံးက သူ့ပါးကိုရိုက်လိုက်ဖို့ပါပဲ
ဒါပေမဲ့ ဒီကောင့်အသားကိုတောင် ပုံရိပ်မထိချင်ဘူး။
"နင်မှတ်ထားဖို့က..အဖွားရဲ့အမိန့်တိုင်းကို
နာခံတဲ့နေရာမှာ...ငါ့ရဲ့နှလုံးသားရေးရာကိစ္စ
မပါဘူးဆိုတာပဲ...နင်သိထားရမှာက..
ဒီလောကမှာ..ငါအချစ်ဆုံးနဲ့...ငါသက်ဆုံးတိုင်အထိ..လက်တွဲဖို့သတ်မှတ်ထားတဲ့လူက
တစ်ယောက်တည်းပဲရှိတယ်..နင့်လို
ကောင်မျိုးကို ငါ့အတွေးထဲမှာတောင်မရှိဘူး
...ငါနဲ့စေ့စပ်ဖို့အိပ်မက်တောင်မမက်နဲ့
...သူတောင်းစား...."
စိတ်ထဲမှာမွန်းကြပ်ပြီး ကြိတ်မနိုင်ခဲမရတွေဖြစ်လွန်းလို့ပုံရိပ်သူ့ကို ဆဲခဲ့လိုက်သည်။
ဟော်တယ်အခန်းထဲသို့ မ၀င်ခင်မှာဖုန်းကိုထုတ်လိုက်ပြီး ဖွားညို၏ဖုန်းကိုလှမ်းဆက်လိုက်ပေမဲ့ ဖုန်းမကိုင်ဘူးဖြစ်နေသည်။
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ....
စက်ပိတ်ထားပါတယ်......."
"ဟာ...အရေးထဲမှ..ဖွားညိုကဘာလို့ဖုန်းမကိုင်ရတာလဲဟာ..."
ဖွားညို၏ဖုန်းကို အပြန်ပြန်အလှန်လှန်ဆက်နေပေမဲ့ လုံး၀ခေါ်၍မရသောကြောင့်
အန်တီယဉ်တင့်ဆီသို့သာ ဆက်လိုက်သည်။
"ဟယ်လို...အန်တီတင့်လား...သမီးပါ..."
"အေးအေး...အရိပ်လေး..အဲ့မှာနေရထိုင်ရတာအဆင်ပြေရဲ့လား..."
"ဟုတ်ကဲ့...ပြေပါတယ်..အခုဆက်လိုက်တာက...အန်တီတင့်ကိုသမီးမေးစရာရှိလို့..."
"မေးလေ...ဘာမေးမလို့လဲ..."
"ဟိုလေ...ဖွားကသမီးနဲ့ကိုထက်ကို
စေ့စပ်ပေးတော့မလို့ဆို...အဲ့ဒါအမှန်လားဟင်..."
"ဟုတ်တယ်...အရိပ်လေးရဲ့...သမီးလေးရဲ့အဖွားကိုလည်း အန်တီတင့်နားမလည်တော့ပါဘူးကွယ်
...သမီးလေးရောအဲ့ကိစ္စကိုဘယ်လိုသိသွားတာလဲ..."
"ဘယ်လိုသိရမှာလဲအန်တီတင့်ရယ်..ကိုထက်ဆိုတဲ့ကောင်ပေါ့..တောင်ကြီးအထိရောက်လာပြီး
ပြဿနာလာရှာတယ်လေ....အရမ်းမုန်းဖို့ကောင်းတာပဲ...သမီးကိုလည်းသူ့သတို့သမီးလောင်း...
သူနဲ့မကြာခင်မှာစေ့စပ်ရမဲ့လူဆိုပြီး...
ပိုင်စိုးပိုင်နင်းလာလုပ်နေတယ်..."
"ဟယ်...ဒီကောင်လေးမလွယ်ပါလား..."
"ဟုတ်တယ်..အန်တီတင့်ရဲ့...သမီးသူ့ကိုတစ်စက်မှကြည့်လို့မရဘူး...အဲ့လိုသမီးကြည့်မရတဲ့လူနဲ့မှ
အဖွားကစေ့စပ်ပေးရတယ်လို့..သမီးကတော့
မရဘူးနော်...အတင်းအကြပ်လုပ်ရင်ထွက်ပြေးမှာပဲ..."
"ဟယ်...အဲ့လိုတော့မလုပ်ပါနဲ့ကွယ်...
ပြန်လာတဲ့အခါမှ ညှိနှိုင်းကြပါကွယ်...
အန်တီတင့်လည်း...မေညို့ကိုကူပြောပေးပါ့မယ်...
အခုကိစ္စကလည်း သမီးသွားတဲ့နေ့ကမှမေညိုတို့နဲ့..
ကောင်လေးရဲ့မိဘတွေ ဆွေးနွေးဖြစ်ကြတာပါ...
အခုလောလောဆယ်တော့ မေညိုလည်းနေသိပ်
မကောင်းချင်သလိုဖြစ်နေလို့...
အန်တီတင့်လည်းမပြောချင်သေးဘူးကွယ်..."
"ဖွားညိုကနေမကောင်းဖြစ်နေတယ်ဟုတ်လား...
အဲ့ဒါသမီးကို ဘာလို့ဖုန်းမဆက်တာလဲ
အန်တီတင့်ရယ်..သမီးမနက်ဖြန်ပြန်လာခဲ့လိုက်မယ်..."
"မစိုးရိမ်ရပါဘူးကွယ်...နဲနဲအအေးပတ်ရုံလေးတင်ပါ...အင်းလေးကိုသွားလည်ပြီးမှ ပြန်ခဲ့ပါ...
ဒီမှာသမီးရဲ့လေးလေးခန့်လည်း ရှိပါတယ်..
စိတ်မပူနဲ့နော်...အခုတော့သမီးအဖွားကအိပ်နေတယ်"
"ဟုတ်ကဲ့...အဲ့ဒါဆိုဒါပဲနော်...ဖွားညိုနိုးလာရင်...
သမီးကိုဖုန်းဆက်ဖို့ ပြောပေးပါနော်...."
ဖုန်းချလိုက်ပြီးနောက်မှာ ပုံရိပ်၏စိတ်တွေ
လေးလံနေ၍ သက်ပြင်းချလိုက်မိသည်။
အပြင်ဘက်လျှောက်လမ်းတစ်နေရာသို့ ကြည့်လိုက်တော့ ကိုထက်ကိုတွေ့လိုက်ရ၍ အခန်းထဲသို့ချက်ချင်းပဲ ၀င်လိုက်သည်။
အခြေအနေတွေက ရုတ်တရက်ဆန်လွန်း၍
ပြင်ဆင်ချိန်တောင် မရလိုက်ပေ။
ဆရာလည်း ကိုထက်ရဲ့ဆော်ကားပြီးပြောဆိုလိုက်တဲ့ စကားတွေကြောင့် ဘယ်လိုခံစားသွားရမလဲ
မသိဘူး။
ဆရာ့မျက်နှာတော်တော် ပျက်သွားတာတော့
ပုံရိပ်သေချာမြင်လိုက်ရသည်။
အကြာကြီး ဝေးကြပြီးခါမှ နီးစပ်တော့မဲ့အချိန်မှာ
ဘာကြောင့်ဒီလိုတွေဖြစ်လာရတာလဲ။
အသက်တောင်မပြည့်သေးတဲ့ ကိုယ့်မြေးမလေးကို
အဖွားကဘာကြောင့် စေ့စပ်ပေးချင်နေရတာလဲ။
ဆရာ့ကိုချစ်တယ်ဆိုပေမဲ့...လက်ထပ်ခြင်းဆိုသော
အရေးကြီးသည့်ကဏ္ဍကိုတော့ အရွယ်တစ်ခုရောက်မှသာ လှလှပပလေးပုံဖော်ချင်ခဲ့တာပါ။
အဲ့ဒီ့အချိန်မှာ ပုံရိပ်လက်ချင်းချိတ်ခွင့်ရတဲ့
လူဟာလည်း ဆရာ့ကိုပဲဖြစ်စေချင်တယ်။
"ကိုထက်.."ကိုတော့ပုံရိပ်ဘယ်တုန်းကမှ လက်တွဲဖော်အဖြစ် မမြင်ခဲ့ဖူးပေ။
သူကအထက်တန်း ကျောင်းသားဘ၀ရဲ့
ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ လက်တွဲဖော်တစ်ယောက်တော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။
ပုံရိပ်ရဲ့ကိုးတန်းတစ်နှစ်တာမှာ
ကျောင်းစာသင်ခန်းထဲ၌ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်
အောင် ကိုထက်ဟာတူးဆွပေးခဲ့ဖူးသည်။
အဆင့်တစ်ဆိုသောနေရာကို သူ့အားအမြင်ကပ်သောကြောင့် ကိုယ့်ကိုနှိမ်ခဲ့တာတွေနဲ့ရောပြီး
မခံချင်စွာ မရရအောင်ကြိုးစားခဲ့သည်။
သူတို့မောင်နှမတွေအပေါ်မှာ အပြစ်ကျူးလွန်မိတယ်ဆိုသော စိတ်နှင့်အားနာခဲ့ရတာကလွှဲလို့
ပုံရိပ်သူ့အပေါ်မှာ ဘယ်တုန်းကမှမျှော်လင့်ချက်လည်းမပေးခဲ့သလို ပတ်သတ်ဆက်နွယ်မှုလည်း
မနက်ရှိုင်းခဲ့ပေ။
ဟိန်းကိုဟာပုံရိပ်ရဲ့ ပထမဆုံးယောက်ျားလေးသူငယ်ချင်းဖြစ်ပြီး..ကိုထက်ကတော့ ပုံရိပ်ရဲ့
ပြိုင်ဖက်ကောင်းတစ်ယောက်သာသာပါပဲ။
ပုံရိပ်ရဲ့ဘ၀မှာ ဆရာတစ်ယောက်တည်းကသာ
တစ်ဦးတည်းသော
အချစ်ရဆုံးသူစိမ်းတစ်ယောက်...
အခန်း(၆၀)ဆက်ရန်ရှိသည်...
🌹🌹🌹🌹🌹🌹🌹🌹
မနက်ဖြန်နောက်တစ်ခန်းလာမယ်နော်....
ဒီရက်တွေမှာ ဒါလေးကိုဇာတ်သိမ်းပေးပြီး
နောက်ထပ်၀တ္ထုအသစ်လေး လာတော့မှာပါ...
အချိန်အကြာကြီး စောင့်ပြီး
ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်
=========================================================================
🔥🌹ဆူးႀကိဳး(အခန္း၅၉)🔥
အျပာႏုေရာင္ေကာင္းကင္ႀကီးကို
ေနာက္ခံထားလ်ွက္ ေရႊ့လ်ွားေနေသာ
တိမ္မ်ွင္တန္းေလးေတြကို လွမ္းၾကၫ့္လိုက္ၿပီးေနာက္ ဒီလိုေအးခ်မ္းေသာေနရာေလးကေန
လံုး၀မျပန္ခ်င္ေတာ့ေပ။
ႀကိဳက္ႏွစ္သက္ေသာ စပ်စ္ခိုင္ေလးမ်ားကို
ကပ္ေၾကးႏွင့္လိုက္ၫွပ္ေနမိရာမွ
ခ်င္းေလးထဲသို႔ထၫ့္လိုက္ၿပီး
စေတာ္ဘယ္ရီသီးေလးေတြရိွေသာ ဘက္သို႔
ျဖည္းျဖည္းမွန္မွန္ပဲ ေလ်ွာက္သြားလိုက္သည္။
ဆရာကေတာ့ ေဖာက္သည္တစ္ေယာက္ေရာက္လာ၍ ၿခံထဲရိွတဲေပၚတြင္စကားသြားေျပာေနေလသည္။
ဆရာေျပာပံုအရဆို ပံုမွန္ဆိုရင္ဒီၿခံႀကီးထဲမွာ
အေစာင့္ေတြရိွၿပီး ဒီေန့ကလျပၫ့္ေန့ျဖစ္လို႔
အိမ္ျပန္သြားၾကပံုရေလသည္။
ေသခ်ာအကဲခတ္ၾကၫ့္ေတာ့မွ ၿခံစည္းရိုးေတြကို
လ်ွက္စစ္စီးေအာင္ လုပ္ထားမွန္းသိလိုက္ရတယ္။
"အရိပ္...အသီးေတြခူးတာေတာ္ၿပီလား..."
ေဘာင္းဘီအိပ္ကပ္ထဲသို႔ လက္ထၫ့္ထားကာ
ဆရာက ပံုရိပ္ရိွေနေသာေနရာသို႔ တစ္လွမ္းခ်င္း
ေလ်ွာက္လာေနေလသည္။
အသားေရာင္ဝါ၀င္းေသာ ေယာက္်ားတစ္ေယာက္ျဖစ္၍ ေနရိပ္ထိုးသၫ့္အခါဇာတ္စင္ေပၚမွာ
တစ္ေယာက္တည္းအသက္၀င္ေနသၫ့္
မင္းသားတစ္ပါးလိုျဖစ္ေနသည္။
ေနၾကာပန္းခင္းႀကီး၏နံေဘးမွ ျဖတ္ေလ်ွာက္လာေသာေၾကာင့္ အေရ႔ွဘက္သို႔မ်က္ႏွာမူေနၾကေသာ
ေနၾကာပန္းေလးေတြကေတာင္ ဆရာ့၏
ေခ်ာေမာခန႔္ျငားမႈကို ေငးေမာေနၾကသည္ဟု
ထင္မိေလသည္။
ပံုရိပ္ႏွင့္ဆရာဟာ သန႔္စင္ေသာေလထုတစ္ခုတည္းကို ရႉရိႈက္ေနရပါလားဆိုေသာအသိေၾကာင့္
ေပ်ာ္ရႊင္ေနမိသည္။
ပံုရိပ္က ေခါင္းညိမ့္ျပလိုက္ေတာ့ လက္ထဲမွ
ခ်င္းေလးကို ဆဲြယူသြားၿပီးေက်ာခိုင္း၍
ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ျမန္ျမန္ေလ်ွာက္သြားေလသည္။
ပံုရိပ္လည္း ဆရာ့အေနာက္မွလိုက္သြားၿပီး
ဆရာ့ေနာက္ေက်ာေလးကို ေငးရင္းႏွင့္လမ္းေလ်ွာက္ေနမိသည္။
.
.
.
.
စေတာ္ဘယ္ရီနီနီေလးမ်ားႏွင့္စပ်စ္သီးမ်ား
ထၫ့္ထားေသာ ခ်င္းေလးကို လက္တစ္ဖက္က
ကိုင္ထားၿပီး က်န္လက္တစ္ဖက္ႏွင့္ဆရာ့ပုခံုးကို
ဆုပ္ကိုင္ထားမိသည္။ႏွာသီးဖ်ားေလးမ်ား
ေအးစက္ထံုက်ဉ္သြားသည္အထိ
တိုက္ခတ္လာေသာ ေလေအးေအးကိုပင္
ေနြးေထြးမႈရေနသလိုမ်ိဳး ႃပံုးေနမိသည္။
ျဖစ္ႏိုင္လ်ွင္အခ်ိန္ေတြကိုရပ္တန႔္ထားလိုက္ခ်င္ေပမဲ့ အခ်ိန္စက္၀န္းကေတာ့ သူ႔အလိုလိုေရ႔ွဆက္သြားေနတာေၾကာင့္ ၾကၫ့္ႏူးမႈေလးေတြသာ
ရပ္တန႔္သြားရသည္။
ေဟာ္တယ္ေရ႔ွသို႔ ျပန္ေရာက္လာရာ
ဆိုင္ကယ္ေပၚမွဆင္းလိုက္ၿပီး မာဖလာေလးကိုကိုင္ဆုပ္ထားလ်ွက္ ဆရာ့မ်က္၀န္းေတြထဲအထိ စိုက္ၾကၫ့္လိုက္မိသည္။
ဆရာ့ရဲ့မ်က္ဆံေလးေတြက အညိုေရာင္သန္းၿပီးၾကည္လင္လြန္းသည္။ေယာက္်ားဆန္ဆန္
ေမးရိုးနဲ႔ ႏူးညံ့တဲ့အႃပံုးေလးေတြကပနံသင့္လြန္း
ေနေသာေၾကာင့္ ပံုရိပ္တစ္ေယာက္တည္းသာပိုင္ဆိုင္ခ်င္မိသည္။
ၾကာေလ ၾကာေလေလာဘတက္လာတာမို႔
ကိုယ့္ကိုကိုယ္လည္း အံ့ဩမိသည္။
..သူ႔ရဲ့အႃပံုးေတြက အနည္းငယ္ေအးစက္စက္
ႏိုင္ေပမဲ့ ခံစားသက္၀င္သူ၏အေတြးနဲ႔လိုက္ၿပီး
ျမင္ရသၫ့္ရႈေထာင့္လည္း ေျပာင္းလဲသြားသည္ဟု
ခံစားမိသည္။....
"အရိပ္..အထဲကိုမ၀င္ေသးဘူးလား..အျပင္မွာေအးတယ္ေလ..."
ပံုရိပ္ကိုသာ ေဟာ္တယ္ထဲသို႔၀င္ရန္ေျပာေနေပမဲ့
သူကိုယ္တိုင္ကေတာ့ ေနရာမွမေရြ့ႏိုင္ျဖစ္ေနေလသည္။ေဆာင္းႏွင္းစက္ေလးလို ျဖဴေဖြးၿပီး
ထိလြယ္ရွလြယ္ေသာ အသားအရည္ကိုပိုင္ဆိုင္ထားေသာ သူေလးမို႔ ႏွင္းေလေငြ့ေၾကာင့္ေအးစက္တဲ့အခါ အေနြးဓာတ္ေလးေပးခ်င္မိသည္။
သို႔ေပမဲ့ ေက်ာ္ျဖတ္ရမၫ့္စည္းေတြဟာ သိပ္ကိုမ်ားတယ္။(အသက္အရြယ္ကြာဟမႈ၊ဥစၥာဓနကြာဟမႈႏွင့္
ျဖဴစင္ေသာ၅၂၈ကဲ့သို႔ အလႊာပါးပါးေတြသာျဖစ္သည္...)
မာနႏွင့္သိကၡာကို တန္ဖိုးထားတတ္တဲ့သူ႔အတြက္
ပြင့္လင္းလြန္းတာဟာ ပင္ကိုယ္စတိုင္လ္မဟုတ္ေနေတာ့ ခက္ေနေလသည္။
"သမီးကိုအရမ္းလွတဲ့ေတာင္ေပၚျမင္ကြင္းကို
လိုက္ျပေပးတဲ့အတြက္ရယ္..သစ္သီးၿခံကိုေခၚသြားေပးခဲ့တဲ့အျပင္..အသီးေတြပါလက္ေဆာင္ေပးလို႔ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္..."
လက္ထဲမွာကိုင္ထားေသာ ခ်င္းေလးကိုၿမွောက္ျပကာ အထူးတလည္ေက်းဇူးစကားဆိုေနေသာ ကေလးမေလးကို ႃပံုး၍သာၾကၫ့္ေနလိုက္သည္။
"ရပါတယ္...ကိုယ္ကသာဒီေန့အတြက္...အရိပ္ကိုေက်းဇူးတင္ရမွာပါ.."
"ဟင္...ဘာျဖစ္လို႔လဲ..
မ်က္လံုးေလးအဝိုင္းသားႏွင့္ နားမလည္ႏိုင္စြာ
ပံုရိပ္ေမးလိုက္ေတာ့ ဆရာကပံုရိပ္ႏွင့္ေျခတစ္လွမ္းစာေလာက္ အကြာအေဝးမွာရပ္လိုက္ေလသည္။
ေလာင္းကုဒ္အနက္ေရာင္လက္ရွည္ေအာက္က
ေပၚေနေသာဆရာ့လက္ဖမိုးေလးမ်ားဟာ
၀င္းလဲ့ေနကာ အေအးဒဏ္ေၾကာင့္လက္ဖ်ားထိပ္ေလးေတြ၊လက္ဖဝါးေလးေတြႏွင့္လက္ဆစ္ေနရာေလးေတြက နီစက္စက္ေလးျဖစ္ေနသည္။
အႏုပညာရွင္လက္ဟု တင္စားရေလာက္ေသာ
ထိုလက္ေခ်ာင္းရွည္သြယ္သြယ္ေလးမ်ားႏွင့္
ပံုရိပ္၏လည္ပင္းတြင္ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနေသာ မာဖလာေလးကို ႏူးညံ့စြာကိုင္ရင္း ပံုက်ေအာင္
ျပန္ျပင္ေပးလာသည္။
"ဒီေန့...အရိပ္ေလးက..ကိုယ့္အတြက္သူမ်ားနဲ႔ရန္ျဖစ္ေပးခဲ့တယ္ေလ..ကိုယ္ေတာင္မွ
မလုပ္ႏိုင္တဲ့အရာကို..အရိပ္ကအစားလုပ္ေပးလိုက္ေတာ့...ေက်းဇူးျပန္ဆပ္ရမယ္မဟုတ္လား..
ေျပာရရင္...ကိုယ့္အတြက္သူမ်ားကရန္ကူျဖစ္ေပးတာ...ဒါပထမဆံုးပဲ..."
"ဆရာက...မလုပ္ရဲတာဟုတ္လို႔လား...
မလုပ္ခ်င္တာပါ..သူကေလ...ဆရာ့ကိုအခုအခ်ိန္အထိလိုက္ၿပိဳင္ေနတည္းက..သူ႔စိတ္ထဲမွာဆရာက
အရမ္းေတာ္ေနတယ္လို႔ သတ္မွတ္ထားလို႔ပဲ..."
"အဟင္း...ဟုတ္သားပဲ...အရိပ္ေလးေျပာမွေသခ်ာေတြးၾကၫ့္မိေတာ့တယ္..."
ပံုရိပ္၏စကားေၾကာင့္ သြားတန္းေဖြးေဖြးေလးေတြေပၚသည္အထိ ဆရာရယ္လိုက္တာကိုျမင္ရေတာ့ ကိုယ္ကိုကိုယ္ေက်နပ္သြားမိသည္။
ဆရာအဲ့လိုေလး အၿမဲတမ္းႃပံုးေနတာကိုပဲ
ပံုရိပ္ျမင္ခ်င္မိတယ္။ဆရာ့ကို အျခားသူေတြ
အႏိုင္က်င့္ရင္ ပံုရိပ္လံုး၀သည္းမခံႏိုင္ဘူး။
ဆရာ့ကို ႏိုင္တဲ့လူကပံုရိပ္တစ္ေယာက္တည္းသာ ျဖစ္ခ်င္တယ္။
ဒါကလည္းအေတြးသပ္သပ္ပါပဲ ။တကယ္တမ္းေတာ့ ပံုရိပ္ကဆရာနဲ႔အရမ္းနီးကပ္ေနရင္ေတာင္ အသက္ရႉႏႈန္းေတြ ရပ္တန႔္သြားရေလာက္ေအာင္အထိ စိတ္လႈပ္ရွားရသည္။
"ဆရာ...သမီးကိုအရမ္းစပ္စုတယ္လို႔ေတာ့မထင္ပါနဲ႔ေနာ္..ဆရာ့ကိုသမီးတစ္ခုေလာက္ေမးခ်င္တယ္.."
"ေမးေလအရိပ္ရဲ့..."
ဆရာကေတာ့ပံုရိပ္ရဲ့အေပၚမွာ ဘယ္လိုခံစားခ်က္ေတြ၊ဘယ္လိုသေဘာထားေျပာင္းလဲမႈမ်ိဳးေတြ
ရိွေနလည္းမသိေပမဲ့ ပံုရိပ္အတြက္ကေတာ့
ဆရာႏွင့္အခုလိုရင္းႏွီးလာမႈဟာ
ထူးဆန္းလြန္းေနသည္။
ဆရာ့အတြက္သိသိသာသာ ေျပာင္းလဲလာတဲ့
ပံုရိပ္ရဲ့စိတ္ခံစားခ်က္ေတြအတြက္
တစ္ခုခုကို ေသခ်ာရွင္းရွင္းလင္းလင္းသိရမွ
ျဖစ္လိမ့္မည္။
"ဆရာနဲ႔...ေဒါက္တာရူပကခ်စ္သူေတြလားဟင္..."
"ဟာ...ဒီကေလးဘာေတြေလ်ွာက္ေတြးေနတာလဲ..ကိုယ္နဲ႔သူကသာမာန္အသိမိတ္ေဆြေလာက္ပါပဲကြာ..."
ဆရာကပံုရိပ္၏ နဖူးေလးကိုလက္ၫွိုးႏွင့္
ေတာက္ၿပီး စလိုက္ေသာေၾကာင့္ ပံုရိပ္လည္းေရာေယာင္၍ႃပံုးလိုက္မိသည္။
ပံုရိပ္မွာ ေနာက္ထပ္ေမးစရာတစ္ခုရိွေသးတာေၾကာင့္ အျပၫ့္အ၀ေတာ့မေပ်ာ္ႏိုင္ေသးေပ။
"ဒါဆိုရင္..မႏြယ္ကေရာ..မႏြယ္ကို..
ဆရာအခုထိ..."
"ပံုရိပ္!!!!နင္အဲ့ဒါဘာလုပ္ေနတာလဲ...."
ပံုရိပ္၏စကားမဆံုးေသးခင္မွာပဲ အေနာက္ဘက္မွ ခပ္ေဆာင့္ေဆာင့္ေအာ္သံတစ္ခုထြက္လာေသာေၾကာင့္ ဆရာႏွင့္ပံုရိပ္ၿပိဳင္တူလွၫ့္ၾကၫ့္လိုက္မိၾကေလသည္။
"ကိုထက္!!!!"
"နင္ဘယ္ေကာင္နဲ႔စကားေျပာေနတာလဲ...."
ကိုထက္သည္ ေဒါသတႀကီးႏွင့္ပံုရိပ္တို႔ရပ္ေနရာသို႔ ေလ်ွာက္လာၿပီးေနာက္
ပံုရိပ္၏လက္ကိုအားႏွင့္ ေဆာင့္ဆဲြလိုက္ေလသည္။
"နင္ဘာလုပ္တာလဲ..."
"ညီေလး...အရိပ္ကိုမင္းအဲ့လိုၾကမ္းၾကမ္း
တမ္းတမ္းမလုပ္ပါနဲ႔...အရိပ္အဆင္ေျပရဲ့လား.."
"ခင္ဗ်ားက...ဘာေကာင္မို႔လာစိတ္ပူေပးေနတာလဲ..."
ပံုရိပ္ကို စိတ္ပူေပးၿပီး အေရ႔ွသို႔တိုးလာေသာ
ဆရာ့၏ ရင္ဘတ္ကိုေဆာင့္တြန္းလိုက္ၿပီး
ပံုရိပ္ကိုေတာ့ သူ႔ေနာက္ေက်ာဘက္ကို အတင္းဆဲြေခၚေနေလသည္။
ပံုရိပ္ရုန္းတဲ့အခါ လက္ေကာက္၀တ္ကို
ဖိဆုပ္လိုက္ေသာေၾကာင့္ ေတာ္ေတာ္နာေနေလၿပီ။
"ကိုထက္...နင္ငါ့ဆရာကိုမရိုင္းနဲ႔ေနာ္...
ငါ့ကိုအခုလႊတ္..."
"ရိုင္းေတာ့ဘာျဖစ္လည္းဟာ...နင္ကငါနဲ႔
လက္ထက္မဲ့သတို႔သမီးေလာင္းျဖစ္လို႔...
ငါ့မွာေျပာပိုင္ခြင့္ရိွတယ္..."
"အရိပ္...သူေျပာတာတကယ္ပဲလား..."
"မဟုတ္......"
"ဟုတ္တယ္...ပံုရိပ္ရဲ့အဖြားနဲ႔က်ဳပ္ရဲ့မိဘေတြကက်ဳပ္တို႔ကိုမၾကာခင္ေစ့စပ္ေပးဖို႔တိုင္ပင္ေနၾကၿပီ...ဒါေၾကာင့္လည္းက်ဳပ္ရဲ့
သတို႔သမီးေလာင္းကို ခင္ဗ်ားလို
ေၾကာင္သူေတာ္ေတြ လက္ထဲကိုပါသြားမွာစိုးလို႔
ဒီအထိလိုက္လာတာ...ရွင္းလား..."
"ကိုထက္...နင္မဟုတ္တာေတြေလ်ွာက္ေျပာ
မေနနဲ႔..."
"ငါအမွန္အတိုင္းေျပာေနတာ...နင္မယံုရင္
နင့္အဖြားကို အခုဖုန္းဆက္ၿပီးေမးလိုက္လို႔ရတယ္..."
"ဟာ...ဆရာ..."
ကိုထက္ႏွင့္ ပံုရိပ္အျငင္းပြားေနၾကခ်ိန္မွာ
ဆရာ့ဆိုင္ကယ္ေလးက ေမာင္းထြက္သြားေလသည္။တျဖည္းျဖည္းေဝးကြာသြားေသာ
ဆရာ့ေက်ာျပင္ကိုေငးၾကၫ့္ေနရင္းႏွင့္
အံကိုတင္းတင္းႀကိတ္လိုက္မိသည္။
ကိုထက္ဘက္သို႔ စူးရဲစြာၾကၫ့္လိုက္ေတာ့
သူ႔မ်က္ႏွာဟာ သိပ္ကိုမုန္းစရာေကာင္းေလာက္ေအာင္ ေအာင္ႏိုင္သူအႃပံုးတို႔ႏွင့္
ျပၫ့္ႏွက္ေနသည္။
ပံုရိပ္လည္း သူ႔အေရ႔ွသို႔တိုးကပ္သြားလိုက္ၿပီး
သူ႔ရဲ့အက်ႌေကာ္လံစကိုေဆာင့္ဆဲြျပစ္လိုက္သည္။အမွန္တကယ္ေတာ့ အခုခ်ိန္မွာ
ပံုရိပ္အလုပ္ခ်င္ဆံုးက သူ႔ပါးကိုရိုက္လိုက္ဖို႔ပါပဲ
ဒါေပမဲ့ ဒီေကာင့္အသားကိုေတာင္ ပံုရိပ္မထိခ်င္ဘူး။
"နင္မွတ္ထားဖို႔က..အဖြားရဲ့အမိန႔္တိုင္းကို
နာခံတဲ့ေနရာမွာ...ငါ့ရဲ့ႏွလံုးသားေရးရာကိစၥ
မပါဘူးဆိုတာပဲ...နင္သိထားရမွာက..
ဒီေလာကမွာ..ငါအခ်စ္ဆံုးနဲ႔...ငါသက္ဆံုးတိုင္အထိ..လက္တဲြဖို႔သတ္မွတ္ထားတဲ့လူက
တစ္ေယာက္တည္းပဲရိွတယ္..နင့္လို
ေကာင္မ်ိဳးကို ငါ့အေတြးထဲမွာေတာင္မရိွဘူး
...ငါနဲ႔ေစ့စပ္ဖို႔အိပ္မက္ေတာင္မမက္နဲ႔
...သူေတာင္းစား...."
စိတ္ထဲမွာမြန္းၾကပ္ၿပီး ႀကိတ္မႏိုင္ခဲမရေတျြဖစ္လြန္းလို႔ပံုရိပ္သူ႔ကို ဆဲခဲ့လိုက္သည္။
ေဟာ္တယ္အခန္းထဲသို႔ မ၀င္ခင္မွာဖုန္းကိုထုတ္လိုက္ၿပီး ဖြားညို၏ဖုန္းကိုလွမ္းဆက္လိုက္ေပမဲ့ ဖုန္းမကိုင္ဘူးျဖစ္ေနသည္။
"လူႀကီးမင္းေခၚဆိုေသာတယ္လီဖုန္းမွာ....
စက္ပိတ္ထားပါတယ္......."
"ဟာ...အေရးထဲမွ..ဖြားညိုကဘာလို႔ဖုန္းမကိုင္ရတာလဲဟာ..."
ဖြားညို၏ဖုန္းကို အျပန္ျပန္အလွန္လွန္ဆက္ေနေပမဲ့ လံုး၀ေခၚ၍မရေသာေၾကာင့္
အန္တီယဉ္တင့္ဆီသို႔သာ ဆက္လိုက္သည္။
"ဟယ္လို...အန္တီတင့္လား...သမီးပါ..."
"ေအးေအး...အရိပ္ေလး..အဲ့မွာေနရထိုင္ရတာအဆင္ေျပရဲ့လား..."
"ဟုတ္ကဲ့...ေျပပါတယ္..အခုဆက္လိုက္တာက...အန္တီတင့္ကိုသမီးေမးစရာရိွလို႔..."
"ေမးေလ...ဘာေမးမလို႔လဲ..."
"ဟိုေလ...ဖြားကသမီးနဲ႔ကိုထက္ကို
ေစ့စပ္ေပးေတာ့မလို႔ဆို...အဲ့ဒါအမွန္လားဟင္..."
"ဟုတ္တယ္...အရိပ္ေလးရဲ့...သမီးေလးရဲ့အဖြားကိုလည္း အန္တီတင့္နားမလည္ေတာ့ပါဘူးကြယ္
...သမီးေလးေရာအဲ့ကိစၥကိုဘယ္လိုသိသြားတာလဲ..."
"ဘယ္လိုသိရမွာလဲအန္တီတင့္ရယ္..ကိုထက္ဆိုတဲ့ေကာင္ေပါ့..ေတာင္ႀကီးအထိေရာက္လာၿပီး
ျပႆနာလာရွာတယ္ေလ....အရမ္းမုန္းဖို႔ေကာင္းတာပဲ...သမီးကိုလည္းသူ႔သတို႔သမီးေလာင္း...
သူနဲ႔မၾကာခင္မွာေစ့စပ္ရမဲ့လူဆိုၿပီး...
ပိုင္စိုးပိုင္နင္းလာလုပ္ေနတယ္..."
"ဟယ္...ဒီေကာင္ေလးမလြယ္ပါလား..."
"ဟုတ္တယ္..အန္တီတင့္ရဲ့...သမီးသူ႔ကိုတစ္စက္မွၾကၫ့္လို႔မရဘူး...အဲ့လိုသမီးၾကၫ့္မရတဲ့လူနဲ႔မွ
အဖြားကေစ့စပ္ေပးရတယ္လို႔..သမီးကေတာ့
မရဘူးေနာ္...အတင္းအၾကပ္လုပ္ရင္ထြက္ေျပးမွာပဲ..."
"ဟယ္...အဲ့လိုေတာ့မလုပ္ပါနဲ႔ကြယ္...
ျပန္လာတဲ့အခါမွ ၫွိႏိႈင္းၾကပါကြယ္...
အန္တီတင့္လည္း...ေမညို႔ကိုကူေျပာေပးပါ့မယ္...
အခုကိစၥကလည္း သမီးသြားတဲ့ေန့ကမွေမညိုတို႔နဲ႔..
ေကာင္ေလးရဲ့မိဘေတြ ေဆြးေနြးျဖစ္ၾကတာပါ...
အခုေလာေလာဆယ္ေတာ့ ေမညိုလည္းေနသိပ္
မေကာင္းခ်င္သလိုျဖစ္ေနလို႔...
အန္တီတင့္လည္းမေျပာခ်င္ေသးဘူးကြယ္..."
"ဖြားညိုကေနမေကာင္းျဖစ္ေနတယ္ဟုတ္လား...
အဲ့ဒါသမီးကို ဘာလို႔ဖုန္းမဆက္တာလဲ
အန္တီတင့္ရယ္..သမီးမနက္ျဖန္ျပန္လာခဲ့လိုက္မယ္..."
"မစိုးရိမ္ရပါဘူးကြယ္...နဲနဲအေအးပတ္ရံုေလးတင္ပါ...အင္းေလးကိုသြားလည္ၿပီးမွ ျပန္ခဲ့ပါ...
ဒီမွာသမီးရဲ့ေလးေလးခန႔္လည္း ရိွပါတယ္..
စိတ္မပူနဲ႔ေနာ္...အခုေတာ့သမီးအဖြားကအိပ္ေနတယ္"
"ဟုတ္ကဲ့...အဲ့ဒါဆိုဒါပဲေနာ္...ဖြားညိုႏိုးလာရင္...
သမီးကိုဖုန္းဆက္ဖို႔ ေျပာေပးပါေနာ္...."
ဖုန္းခ်လိုက္ၿပီးေနာက္မွာ ပံုရိပ္၏စိတ္ေတြ
ေလးလံေန၍ သက္ျပင္းခ်လိုက္မိသည္။
အျပင္ဘက္ေလ်ွာက္လမ္းတစ္ေနရာသို႔ ၾကၫ့္လိုက္ေတာ့ ကိုထက္ကိုေတြ့လိုက္ရ၍ အခန္းထဲသို႔ခ်က္ခ်င္းပဲ ၀င္လိုက္သည္။
အေျခအေနေတြက ရုတ္တရက္ဆန္လြန္း၍
ျပင္ဆင္ခ်ိန္ေတာင္ မရလိုက္ေပ။
ဆရာလည္း ကိုထက္ရဲ့ေဆာ္ကားၿပီးေျပာဆိုလိုက္တဲ့ စကားေတြေၾကာင့္ ဘယ္လိုခံစားသြားရမလဲ
မသိဘူး။
ဆရာ့မ်က္ႏွာေတာ္ေတာ္ ပ်က္သြားတာေတာ့
ပံုရိပ္ေသခ်ာျမင္လိုက္ရသည္။
အၾကာႀကီး ေဝးၾကၿပီးခါမွ နီးစပ္ေတာ့မဲ့အခ်ိန္မွာ
ဘာေၾကာင့္ဒီလိုေတျြဖစ္လာရတာလဲ။
အသက္ေတာင္မျပၫ့္ေသးတဲ့ ကိုယ့္ေျမးမေလးကို
အဖြားကဘာေၾကာင့္ ေစ့စပ္ေပးခ်င္ေနရတာလဲ။
ဆရာ့ကိုခ်စ္တယ္ဆိုေပမဲ့...လက္ထပ္ျခင္းဆိုေသာ
အေရးႀကီးသၫ့္က႑ကိုေတာ့ အရြယ္တစ္ခုေရာက္မွသာ လွလွပပေလးပံုေဖာ္ခ်င္ခဲ့တာပါ။
အဲ့ဒီ့အခ်ိန္မွာ ပံုရိပ္လက္ခ်င္းခ်ိတ္ခြင့္ရတဲ့
လူဟာလည္း ဆရာ့ကိုပဲျဖစ္ေစခ်င္တယ္။
"ကိုထက္.."ကိုေတာ့ပံုရိပ္ဘယ္တုန္းကမွ လက္တဲြေဖာ္အျဖစ္ မျမင္ခဲ့ဖူးေပ။
သူကအထက္တန္း ေက်ာင္းသားဘ၀ရဲ့
ၿပိဳင္ဘက္ေကာင္းတစ္ေယာက္ ျဖစ္ေကာင္းျဖစ္ႏိုင္ေပမဲ့ လက္တဲြေဖာ္တစ္ေယာက္ေတာ့ ဘယ္ေတာ့မျွဖစ္လာမွာမဟုတ္ဘူး။
ပံုရိပ္ရဲ့ကိုးတန္းတစ္ႏွစ္တာမွာ
ေက်ာင္းစာသင္ခန္းထဲ၌ ၿပိဳင္ဆိုင္လိုစိတ္ျပင္းထန္
ေအာင္ ကိုထက္ဟာတူးဆြေပးခဲ့ဖူးသည္။
အဆင့္တစ္ဆိုေသာေနရာကို သူ႔အားအျမင္ကပ္ေသာေၾကာင့္ ကိုယ့္ကိုႏိွမ္ခဲ့တာေတြနဲ႔ေရာၿပီး
မခံခ်င္စြာ မရရေအာင္ႀကိဳးစားခဲ့သည္။
သူတို႔ေမာင္ႏွမေတြအေပၚမွာ အျပစ္က်ူးလြန္မိတယ္ဆိုေသာ စိတ္ႏွင့္အားနာခဲ့ရတာကလႊဲလို႔
ပံုရိပ္သူ႔အေပၚမွာ ဘယ္တုန္းကမွေမ်ွာ္လင့္ခ်က္လည္းမေပးခဲ့သလို ပတ္သတ္ဆက္ႏြယ္မႈလည္း
မနက္ရိႈင္းခဲ့ေပ။
ဟိန္းကိုဟာပံုရိပ္ရဲ့ ပထမဆံုးေယာက္်ားေလးသူငယ္ခ်င္းျဖစ္ၿပီး..ကိုထက္ကေတာ့ ပံုရိပ္ရဲ့
ၿပိဳင္ဖက္ေကာင္းတစ္ေယာက္သာသာပါပဲ။
ပံုရိပ္ရဲ့ဘ၀မွာ ဆရာတစ္ေယာက္တည္းကသာ
တစ္ဦးတည္းေသာ
အခ်စ္ရဆံုးသူစိမ္းတစ္ေယာက္...
အခန္း(၆၀)ဆက္ရန္ရိွသည္...
🌹🌹🌹🌹🌹🌹🌹🌹
မနက္ျဖန္ေနာက္တစ္ခန္းလာမယ္ေနာ္....
ဒီရက္ေတြမွာ ဒါေလးကိုဇာတ္သိမ္းေပးၿပီး
ေနာက္ထပ္၀တၴုအသစ္ေလး လာေတာ့မွာပါ...
အခ်ိန္အၾကာႀကီး ေစာင့္ၿပီး
ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကိုေက်းဇူးအထူးတင္ရိွပါတယ္ရွင္
No comments:
Post a Comment