(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၂၈)🔥 ပထမပိုင်း
အနာဂတ်ပျောက်သောနေ့ရက်တွေမှာသတ္တိရှိရှိနဲ့ ရုန်းကန်တိုးဝေ့ ကျွဲရိုင်းတစ်ကောင်လို မာန်ဖီနေခဲ့ပြီးမှ လွှတ်မြောက်ဖို့လမ်းစရှာတွေ့တဲ့အခါ
အမြင့်တက်ဖို့ကြိုးတစ်စကိုကိုင်ဆုပ်မိပြီး
တွေဝေနေရပြီ။
တစ်ဖက်မှာက ခပ်ရေးရေးမြင်နေရတဲ့တိမ်တိုက်တွေ တစ်ဖက်မှာက ညစ်နွမ်းလွန်းတဲ့ မြေစိုင်ခဲလေးတွေ။ကျွန်မဘယ်အရာကို ဆုပ်ကိုင်ရပါ့မလဲ။
ကျွန်မဘယ်ဆီကိုသွားသင့်ပါသလဲ။
ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်သူတော့မဟုတ်ပါဘူး ဒါပေမဲ့အမြင့်ကိုတော့ရောက်ဖူးချင်တယ်။
ကျွန်မကို အထင်သေးရှုံ့ချသူတွေရဲ့ မျက်ခုံးတန်းပေါ်မှစင်္ကြန်လျှောက်ပြချင်တယ်။လူတိုင်းမှာတော့ ပြီးပြည့်စုံတဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ အိပ်မက်ကိုယ်စီတော့ရှိကြမှာပါပဲ။
ကျွန်မမှာလည်း ထိုအိပ်မက်မျိုးရှိတယ်။
ဒါပေမဲ့ ကျွန်မရဲ့အိပ်မက်ထဲမှာ အဖေ၊အမေဆိုတာကပါ၀င်နေတော့ သူတို့မရှိကြတော့ဘူးဆိုသောအသိဟာ စက္ကူစွန်ကလေး အတောင်ပံတွေပျက်စီးသွားသလို အတွေးအိပ်မက်လေးတွေလည်း
ဝေးဝေးကိုမပျံသန်းနိုင်တော့ပါဘူး။
"ရတာမလို...လိုတာမရတဲ့..."
ကျွန်မလိုအပ်တဲ့ဘ၀လေးကိုပိုင်ဆိုင်ခွင့် ဆုံးရှုံးလိုက်ရပြီးမှတော့ ကျွန်မရနိုင်မှာတွေက
အသက်မဲ့သောရသတွေဖြစ်နေမှာပေါ့။
"အရှင်ဘုရား ရောက်လေရာဘ၀တိုင်းမှာ မိဘများနှင့်သာမက ချစ်ခင်နှစ်သက်သောသူများ အဆွေခင်ပွန်းများနှင့် သေကွဲကွဲခြင်းမှကင်းလွတ်ရပါလို၏။တပည့်တော်မသည် ယနေ့အချိန်အထိ သူတစ်ပါးအပေါ်ကို မတရားသဖြင့် အနိုင်ကျင့်မှုမျိုး၊သူတစ်ပါး၏အိုးအိမ်ကိုဖြတ်စီးခြင်း၊သူတစ်ပါး၏ပစ္စည်းကို ခိုးဆိုးလုယက်ခြင်းနှင့် သူတစ်ပါး၏အသက်ကိုသက်ခြင်းမှ ကင်းလွှတ်သူဖြစ်ပါသည်။
ဤစကားမှန်ကန်ပါ၏လို့ သစ္စာဆိုပါတယ်အရှင်ဘုရား၊ဤမှန်ကန်သောသစ္စာ စကားကြောင့်သံသရာအဆက်ဆက် ဆင်းရဲခြင်းမှကင်းလွတ်၍ ချစ်ခင်ရသူများနှင့်သေကွဲကွဲရခြင်းအဖြစ်မှ ကင်းလွတ်ရပါလို၏။ရှေးဘ၀အဆက်ဆက်မှ ပြုလုပ်ခဲ့မိသော အကုသိုလ်များရှိခဲ့ပါကလည်း ဤဘ၀၊ဤခန္ဓာနှင့်သာ ချုပ်ငြိမ်းရပါလို့၏အရှင်ဘုရား...."
ရင်တွင်းမှအပူများကို ဘုရားကြီး၏ထီးတော်တွင်ရှိသော ဆည်းလည်းသံလေးများကငြိမ်းသက်ပေးလေသည်။လေတိုးလိုက်တိုင်း ဝါးရွက်ချွန်ချွန်လေးများ လှုပ်ခတ်၍တရှဲရှဲမြည်သွားသောအသံကို မျက်လုံးမှိတ်၍နားထောင်နေမိသည်။
အေးချမ်းလိုက်တာ။
ပုံရိပ်အတွက်ကတော့ ဘုရားရိပ်၊တရားရိပ်ကသာ အေးချမ်းမှု မရှိဆုံးပါပဲ။
"ဟေ့...မိပုံ...."
နားထဲတွင် စူးသွားသောခေါ်သံတစ်ခုကြောင့် အတွေးစတွေကပါ အဝေးသို့လွှင့်စင်သွားလေသည်။ဘုရားရှိခိုးပြီး ငုတ်တုတ်ကြီးထိုင်နေမိရာမှ အနောက်ဘက်သို့ကြည့်လိုက်တော့
ဦးဇင်းပြုံးချိုဖြစ်နေသည်။
ဦးဇင်းကိုတော့ ပုံရိပ်ပြုံးပြလိုက်မိသည်။
"ကျောင်းကိုရောက်နေတာကြာပြီလား..."
"မကြာသေးပါဘူးဦးဇင်း...."
"အေး...အေး...မျက်နှာကလည်းမသာမယာနဲ့
ဘာဖြစ်ထားတာလည်း မျက်လုံးတွေလည်းနီနေတယ်...ငိုထားတာလား...."
"မဟုတ်ပါဘူးဦးဇင်းရယ်...မျက်လုံးထဲကိုအမှုန်၀င်ထားလို့ ပွတ်ရင်းနဲ့နီနေတာပါ...ဒါနဲ့ဆရာရော...
ဆရာ့ကိုပုံရိပ်အပြင်မှာမတွေ့မိဘူး...."
တမင်သက်သက်စကားလမ်းကြောင်းလွှဲချင်သောကြောင့် ဆရာ့နာမည်ကိုရောချလိုက်သည်။အရေးကြုံလာတဲ့အခါ ပုံရိပ်သတိရမိသူဟာ
ဆရာပေါ့။
"ဒကာနေမျိုးက မနက်ထဲကခေါင်းကိုက်လို့ဆိုပြီး အခန်းအောင်းနေတာပဲ အခုထိထွက်မလာသေးပါဘူး...နေ့တစ်၀က်ပဲကျိုးခါနီးနေပြီ...
ဦးဇင်းလည်းတစ်ရက်တစ်လေ ကောင်းကောင်းနားပါစေဆိုပြီး လွှတ်ထားလိုက်တယ်...သူ့ခမျာလည်းတစ်နေ့တစ်နေ့နားမှမနားရပဲလေ...နောက်ထပ်တရားပွဲကစခါနီးနေပြီဆိုတော့...သူလည်းမနားရတော့ဘူး..."
"တင်ပါ့...ဒါဆိုရင်...တပည့်တော်ဆရာ့ဆီကို
ခဏလောက်သွားလိုက်ပါအုံးမယ်..."
"အေး...အေး...ဦးဇင်းလည်း...ဘုန်းကြီးခိုင်းလို့အပြင်သွားရအုံးမယ်...အဲ့ဒါနေမျိုးကိုနားစေချင်တာနဲ့ ကားမောင်းမဲ့လူသွားခေါ်ရ
အုံးမယ်...ကဲ...သွားပြီ..."
ဦးဇင်းပြုံးချိုကို ပြုံးပြလိုက်ပြီးနောက် ဆရာရှိသောကျောင်းဆောင်တွေဘက်သို့သာကူးလာခဲ့လိုက်သည်။ပုံမှန်ဆိုလျှင်ဆရာနေမျိုးဆိုတာ အငြိမ်မနေတတ်သောလူတစ်ယောက်ပင်။
ယခင်ကုမ္ပဏီတစ်ခုမှ အလုပ်ထွက်လိုက်ပြီးနောက်ထပ်ကုမ္ပဏီတစ်ခုမှာအလုပ်၀င်နေပေမဲ့
ဒီလိုပိတ်ရက်တွေမှာ ဘယ်တော့မှအခန်းအောင်းတတ်သူမဟုတ်ပေ။သူများကို အပူမပေးတတ်သောဆရာ့အကျင့်ဟာ ပုံရိပ်နှင့်တူပေမဲ့ဆရာကပိုဆိုးသည်။
တစ်ပါးသူနာမကျန်းဖြစ်လျှင်သာ အပူတပြင်းစိတ်ပူပေးတတ်ပေမဲ့ သူကိုယ်တိုင်ကျန်းမာရေး
မကောင်းရင် လျှို့ဝှက်ထားတတ်သည်။ဆရာဟာ တကယ်ကို ခေါင်းမာသည့်သူတစ်ယောက်ပါပဲ။
ဆရာ့အခန်းရှေ့သို့ရောက်သောအခါ သစ်သား
ကုတင်ပေါ်တွင် ဘေးနားမှာပန်ကာကိုဖွင့်ကာ
အိပ်နေတာကိုတွေ့ရလေသည်။ဖိနပ်ကို အခန်းအပေါက်၀မှာ ချွတ်ခဲ့လိုက်ပြီး နံရံတွင်ကပ်ထားသော ခုံကိုယူကာကုတင်ဘေးတွင် ဖွဖွလေးချလိုက်သည်။ခုံပေါ်တွင်ထိုင်လိုက်ပြီး ရင်ဘတ်အောက်နားအထိကျနေသော စောင်ကိုဆွဲခြုံပေးဖို့ပြင်လိုက်တော့ အိပ်ရင်းဖြင့်ပုံရိပ်ဘက်သို့ လှိမ့်လိုက်သောအခါ ဆရာ့လက်တစ်ဖက်နှင့် ပုံရိပ်၏လက်ခုံက အနည်းငယ်ယှက်တိုက်သွားသည်။
"ဟင်...ဆရာ...ကိုယ်တွေပူနေပါလား...."
ဆရာ့နဖူးကို မဝံ့မရဲဖြင့်စမ်းကြည့်လိုက်မိတော့ တကယ်ပဲကိုယ်တွေပူနေသည်။
ဖျားနေလျှက်နဲ့ပေတေပြီး အိပ်နေသောဆရာ့ကို
ပုံရိပ်တော့ဒေါသထွက်မိတာအမှန်ပါပဲ။
ပုံရိပ်၏အဒေါ် ဆေးခန်းမသွားရတာက ပိုက်ဆံမရှိလို့ဖြစ်ပြီး ဆရာဆေးခန်းကိုမသွားတာက ကပ်စေးနဲလို့ပင်ဖြစ်သည်။တပည့်တွေကိုဆိုရင် မုန့်၀ယ်ကျွေးလိုက်၊လက်ဆောင်၀ယ်ပေးလိုက် ဘုရားကိုပို့လိုက်နှင့် ငွေကိုသုံးနေတတ်သောဆရာသည်
သူ့အတွက်ကြတော့သွားတိုက်ဆေးကိုပါ ကုန်ခါနီးလျှင် ကပ်ကြေးနဲ့ထပ်ပိုင်းဖြတ်ပြီး ကပ်နေတာကို
မရရအောင်ထုတ်ပြီး သုံးလေသည်။
ဆရာနိုးလာလျှင်တော့ဆေးခန်းပြဖို့တိုက်တွန်းရမည်ဟု တွေးလိုက်မိသည်။အချိန်ကလည်းနေ့လည်ပိုင်းသာရှိသေးသောကြောင့် ပုံရိပ်ဒီအတိုင်းပဲထိုင်နေမိသည်။
"အင်း...ဒီအတိုင်းကြီးထိုင်နေလို့တော့မကောင်းပါဘူး....ငါဘာလုပ်ပေးရင်ကောင်းမလည်း...."
ခေါင်းကိုကုတ်လျှက် အဖျားသက်သာအောင်လုပ်သောနည်းလမ်းတွေကို လျှောက်စဉ်းစားနေမိသည်။ပုံရိပ်နေမကောင်းဖြစ်စဉ်က ဆေးရုံမှဆရာကိုယ်တိုင် နဖူးကိုရေပက်ကပ်ပေးသည့်ကိစ္စကို သွားသတိရမိ၍ ဆရာ့အခန်းထဲတွင် ဆရာရေချိုးသောအခါသုံးသည့်ဖလားနှင့် ပဝါတစ်ထည်ကိုယူပြီး အခန်းအပြင်ဘက်ရှိ ရေပိုက်ခေါင်းရှိသောနေရာသို့သွားကာ ရေဖလားထဲသို့ရေထည့်လိုက်သည်။
ထို့နောက် ပဝါကိုရေစိမ်၍ ညှစ်လိုက်ပြီးပုံရိပ်ဘက်သို့အနည်းငယ်စောင်းနေသော ဆရာ့နဖူးပေါ်သို့
ကပ်ပေးထားလိုက်သည်။မီးသွေးအပေါ်သို့ ရေလောင်းချသောအခါ ရှဲခနဲမြည်သကဲ့သို့
ဆရာသည်လည်း အအေးဓာတ်နှင့်ထိတွေ့သောအခါ အနည်းငယ်ညည်းလေသည်။
ဆရာ့ဦးခေါင်းဟာအနည်းငယ်စောင်းနေ၍ ပဝါကခဏခဏပြန်ကျလာရာ ပုံရိပ်လည်းဆရာ့အသားကိုထိတာသိလျှင် ဆူမည်စိုး၍ ပဝါအပေါ်မှ လက်ဖဝါးဖြင့်အုပ်၍ အသာဖိထားလိုက်သည်။
အဖျားအရှိန်ကြောင့်ထင်ပါရဲ့ ဆရာ့ရဲ့ပါးမို့တွေဟာရဲတက်နေပြီး ဆရာ့နှုတ်ခမ်းများသည် အရောင်ဖျော့လျှက်ခြောက်နေသယောင်ဖြစ်နေသည်။
ခန့်ချောကြီးဖြစ်သော ဆရာ့မျက်နှာကို
ဒီလောက်အထိ နီးနီးကပ်ကပ်မကြည့်ခဲ့ဖူးပေ။
ယခုတော့ ဆရာ့မျက်နှာအစိတ်အပိုင်းတစ်ခုဆီကိုသေချာကြည့်နေမိသည်။
ဆရာ့မျက်ခုံးတန်းတွေက သေချာအနီးကပ်ကြည့်တော့မှ ပို၍ထူမှန်းသိသာစေသည်။မျက်တောင်လေးတွေက တိုလွန်း၊ရှည်လွန်းတာမျိုးမဟုတ်ပဲ အနေတော်ဖြစ်ကာအဖျားလေးတွေက ကော့ညွှတ်နေသည်။ယခုတော့ ထိုမျက်တောင်လေးတွေက မှေးစင်းလျှက်ပိတ်ကျနေခဲ့သည်။
"အင်း...."
ထပ်မံညည်းတွားလိုက်သောကြောင့် ပုံရိပ်လည်းလန့်ပြီးလက်ကို လွှတ်လိုက်မိရာ ရေစိုနေသောပဝါစလေးက ခေါင်းအုံးဘေးသို့ပြုတ်ကျသွားခဲ့သည်။
ပက်လက်အနေအထားဖြစ်သွားသောကြောင့်
ပဝါလေးကိုပြန်ကောက်လိုက်ပြီး ဆရာ့နဖူးပေါ်သို့တင်ပေးလိုက်သည်။အိပ်ပျော်နေသောဆရာ့မျက်နှာကို ကြည့်လျှက် ပုံရိပ်ပို၍တွေဝေသွားမိသည်။
"ပုံရိပ်ကိုလည်း မန္တလေးကိုလိုက်ခဲ့ဖို့တိုက်တွန်းပေးပါ...ကျွန်မမှာလည်းဟိုမှာအလုပ်တွေကိုပစ်ထားခဲ့ရတော့....သုံးရက်လောက်ပဲစောင့်ဖို့အချိန်ရတယ်...
မေညိုကလည်းကျွန်မမရှိလို့မဖြစ်ဘူး...မရှင်းသန့်တို့ဘက်မှာလည်း အဖိုးအဖွားတွေကဆုံးသွားခဲ့ပြီမဟုတ်လား...တစ်ဦးတည်းကျန်တော့တဲ့အဖွားကို ပုံရိပ်အနေနဲ့ လိုက်တွေ့စေချင်ပါတယ်..."
ဒေါ်ယဉ်တင့်၏စကားတွေကို ပြန်ကြားယောင်မိတဲ့အခါတိုင်း စိတ်တွေပို၍လေးလံလာရသည်။
ဒီနေ့တစ်ရက်ကျော်လွန်သွားရင် ပုံရိပ်အတွက်စဉ်းစားဖို့နောက်ထပ်နှစ်ရက်သာ ရှိတော့သည်။
ဒီလောက်အထိ အရေးကြီးသောကိစ္စကိုမှ
ဘာကြောင့်စဉ်းစားဖို့၃ရက်တည်းပေးရတာလည်းဆိုတာ တကယ်ကိုတွေးရကြပ်စေသည်။
တွေ့ချင်တာပေါ့။အဖွားဒေါ်ရိပ်ညိုဆိုတာ ဖေဖေ့ရဲ့စကားဝိုင်းထဲမှာ အမြဲပါ၀င်လာတတ်သည့်အမည်ဖြစ်သည်။အဖွားက ပုံရိပ်ကိုသူ့နေရာမှာအစား၀င်စေချင်ပါသတဲ့။ဘာတွေလဲ။ဘယ်လိုနားလည်ရမလည်းတကယ်ကိုမတွေးတတ်တော့ပေ။
🔥ဆူးကြိုး...🔥အခန်း(၂၈)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၂၈)🔥 ပထမပိုင္း
အနာဂတ္ေပ်ာက္ေသာေန့ရက္ေတြမွာသတၲိရိွရိွနဲ႔ ရုန္းကန္တိုးေဝ့ ကၽဲြရိုင္းတစ္ေကာင္လို မာန္ဖီေနခဲ့ၿပီးမွ လႊတ္ေျမာက္ဖို႔လမ္းစရွာေတြ့တဲ့အခါ
အျမင့္တက္ဖို႔ႀကိဳးတစ္စကိုကိုင္ဆုပ္မိၿပီး
ေတြေဝေနရၿပီ။
တစ္ဖက္မွာက ခပ္ေရးေရးျမင္ေနရတဲ့တိမ္တိုက္ေတြ တစ္ဖက္မွာက ညစ္ႏြမ္းလြန္းတဲ့ ေျမစိုင္ခဲေလးေတြ။ကၽြန္မဘယ္အရာကို ဆုပ္ကိုင္ရပါ့မလဲ။
ကၽြန္မဘယ္ဆီကိုသြားသင့္ပါသလဲ။
ကၽြန္မဟာ တစ္ကိုယ္ေကာင္းဆန္သူေတာ့မဟုတ္ပါဘူး ဒါေပမဲ့အျမင့္ကိုေတာ့ေရာက္ဖူးခ်င္တယ္။
ကၽြန္မကို အထင္ေသးရႈံ႔ခ်သူေတြရဲ့ မ်က္ခံုးတန္းေပၚမွစႀကၤန္ေလ်ွာက္ျပခ်င္တယ္။လူတိုင္းမွာေတာ့ ၿပီးျပၫ့္စံုတဲ့ဘ၀တစ္ခုကိုပိုင္ဆိုင္ႏိုင္ဖို႔ အိပ္မက္ကိုယ္စီေတာ့ရိွၾကမွာပါပဲ။
ကၽြန္မမွာလည္း ထိုအိပ္မက္မ်ိဳးရိွတယ္။
ဒါေပမဲ့ ကၽြန္မရဲ့အိပ္မက္ထဲမွာ အေဖ၊အေမဆိုတာကပါ၀င္ေနေတာ့ သူတို႔မရိွၾကေတာ့ဘူးဆိုေသာအသိဟာ စကၠူစြန္ကေလး အေတာင္ပံေတြပ်က္စီးသြားသလို အေတြးအိပ္မက္ေလးေတြလည္း
ေဝးေဝးကိုမပ်ံသန္းႏိုင္ေတာ့ပါဘူး။
"ရတာမလို...လိုတာမရတဲ့..."
ကၽြန္မလိုအပ္တဲ့ဘ၀ေလးကိုပိုင္ဆိုင္ခြင့္ ဆံုးရႈံးလိုက္ရၿပီးမွေတာ့ ကၽြန္မရႏိုင္မွာေတြက
အသက္မဲ့ေသာရသေတျြဖစ္ေနမွာေပါ့။
"အရွင္ဘုရား ေရာက္ေလရာဘ၀တိုင္းမွာ မိဘမ်ားႏွင့္သာမက ခ်စ္ခင္ႏွစ္သက္ေသာသူမ်ား အေဆြခင္ပြန္းမ်ားႏွင့္ ေသကဲြကဲြျခင္းမွကင္းလြတ္ရပါလို၏။တပၫ့္ေတာ္မသည္ ယေန့အခ်ိန္အထိ သူတစ္ပါးအေပၚကို မတရားသျဖင့္ အႏိုင္က်င့္မႈမ်ိဳး၊သူတစ္ပါး၏အိုးအိမ္ကိုျဖတ္စီးျခင္း၊သူတစ္ပါး၏ပစၥည္းကို ခိုးဆိုးလုယက္ျခင္းႏွင့္ သူတစ္ပါး၏အသက္ကိုသက္ျခင္းမွ ကင္းလႊတ္သူျဖစ္ပါသည္။
ဤစကားမွန္ကန္ပါ၏လို႔ သစၥာဆိုပါတယ္အရွင္ဘုရား၊ဤမွန္ကန္ေသာသစၥာ စကားေၾကာင့္သံသရာအဆက္ဆက္ ဆင္းရဲျခင္းမွကင္းလြတ္၍ ခ်စ္ခင္ရသူမ်ားႏွင့္ေသကဲြကဲြရျခင္းအျဖစ္မွ ကင္းလြတ္ရပါလို၏။ေရွးဘ၀အဆက္ဆက္မွ ျပဳလုပ္ခဲ့မိေသာ အကုသိုလ္မ်ားရိွခဲ့ပါကလည္း ဤဘ၀၊ဤခႏၶာႏွင့္သာ ခ်ဳပ္ၿငိမ္းရပါလို႔၏အရွင္ဘုရား...."
ရင္တြင္းမွအပူမ်ားကို ဘုရားႀကီး၏ထီးေတာ္တြင္ရိွေသာ ဆည္းလည္းသံေလးမ်ားကၿငိမ္းသက္ေပးေလသည္။ေလတိုးလိုက္တိုင္း ဝါးရြက္ခၽြန္ခၽြန္ေလးမ်ား လႈပ္ခတ္၍တရွဲရွဲျမည္သြားေသာအသံကို မ်က္လံုးမိွတ္၍နားေထာင္ေနမိသည္။
ေအးခ်မ္းလိုက္တာ။
ပံုရိပ္အတြက္ကေတာ့ ဘုရားရိပ္၊တရားရိပ္ကသာ ေအးခ်မ္းမႈ မရိွဆံုးပါပဲ။
"ေဟ့...မိပံု...."
နားထဲတြင္ စူးသြားေသာေခၚသံတစ္ခုေၾကာင့္ အေတြးစေတြကပါ အေဝးသို႔လႊင့္စင္သြားေလသည္။ဘုရားရိွခိုးၿပီး ငုတ္တုတ္ႀကီးထိုင္ေနမိရာမွ အေနာက္ဘက္သို႔ၾကၫ့္လိုက္ေတာ့
ဦးဇင္းႃပံုးခ်ိဳျဖစ္ေနသည္။
ဦးဇင္းကိုေတာ့ ပံုရိပ္ႃပံုးျပလိုက္မိသည္။
"ေက်ာင္းကိုေရာက္ေနတာၾကာၿပီလား..."
"မၾကာေသးပါဘူးဦးဇင္း...."
"ေအး...ေအး...မ်က္ႏွာကလည္းမသာမယာနဲ႔
ဘာျဖစ္ထားတာလည္း မ်က္လံုးေတြလည္းနီေနတယ္...ငိုထားတာလား...."
"မဟုတ္ပါဘူးဦးဇင္းရယ္...မ်က္လံုးထဲကိုအမႈန္၀င္ထားလို႔ ပြတ္ရင္းနဲ႔နီေနတာပါ...ဒါနဲ႔ဆရာေရာ...
ဆရာ့ကိုပံုရိပ္အျပင္မွာမေတြ့မိဘူး...."
တမင္သက္သက္စကားလမ္းေၾကာင္းလႊဲခ်င္ေသာေၾကာင့္ ဆရာ့နာမည္ကိုေရာခ်လိုက္သည္။အေရးႄကံုလာတဲ့အခါ ပံုရိပ္သတိရမိသူဟာ
ဆရာေပါ့။
"ဒကာေနမ်ိဳးက မနက္ထဲကေခါင္းကိုက္လို႔ဆိုၿပီး အခန္းေအာင္းေနတာပဲ အခုထိထြက္မလာေသးပါဘူး...ေန့တစ္၀က္ပဲက်ိဳးခါနီးေနၿပီ...
ဦးဇင္းလည္းတစ္ရက္တစ္ေလ ေကာင္းေကာင္းနားပါေစဆိုၿပီး လႊတ္ထားလိုက္တယ္...သူ႔ခမ်ာလည္းတစ္ေန့တစ္ေန့နားမွမနားရပဲေလ...ေနာက္ထပ္တရားပဲြကစခါနီးေနၿပီဆိုေတာ့...သူလည္းမနားရေတာ့ဘူး..."
"တင္ပါ့...ဒါဆိုရင္...တပၫ့္ေတာ္ဆရာ့ဆီကို
ခဏေလာက္သြားလိုက္ပါအံုးမယ္..."
"ေအး...ေအး...ဦးဇင္းလည္း...ဘုန္းႀကီးခိုင္းလို႔အျပင္သြားရအံုးမယ္...အဲ့ဒါေနမ်ိဳးကိုနားေစခ်င္တာနဲ႔ ကားေမာင္းမဲ့လူသြားေခၚရ
အံုးမယ္...ကဲ...သြားၿပီ..."
ဦးဇင္းႃပံုးခ်ိဳကို ႃပံုးျပလိုက္ၿပီးေနာက္ ဆရာရိွေသာေက်ာင္းေဆာင္ေတြဘက္သို႔သာကူးလာခဲ့လိုက္သည္။ပံုမွန္ဆိုလ်ွင္ဆရာေနမ်ိဳးဆိုတာ အၿငိမ္မေနတတ္ေသာလူတစ္ေယာက္ပင္။
ယခင္ကုမၸဏီတစ္ခုမွ အလုပ္ထြက္လိုက္ၿပီးေနာက္ထပ္ကုမၸဏီတစ္ခုမွာအလုပ္၀င္ေနေပမဲ့
ဒီလိုပိတ္ရက္ေတြမွာ ဘယ္ေတာ့မွအခန္းေအာင္းတတ္သူမဟုတ္ေပ။သူမ်ားကို အပူမေပးတတ္ေသာဆရာ့အက်င့္ဟာ ပံုရိပ္ႏွင့္တူေပမဲ့ဆရာကပိုဆိုးသည္။
တစ္ပါးသူနာမက်န္းျဖစ္လ်ွင္သာ အပူတျပင္းစိတ္ပူေပးတတ္ေပမဲ့ သူကိုယ္တိုင္က်န္းမာေရး
မေကာင္းရင္ လ်ိႈ႔ဝွက္ထားတတ္သည္။ဆရာဟာ တကယ္ကို ေခါင္းမာသၫ့္သူတစ္ေယာက္ပါပဲ။
ဆရာ့အခန္းေရ႔ွသို႔ေရာက္ေသာအခါ သစ္သား
ကုတင္ေပၚတြင္ ေဘးနားမွာပန္ကာကိုဖြင့္ကာ
အိပ္ေနတာကိုေတြ့ရေလသည္။ဖိနပ္ကို အခန္းအေပါက္၀မွာ ခၽြတ္ခဲ့လိုက္ၿပီး နံရံတြင္ကပ္ထားေသာ ခံုကိုယူကာကုတင္ေဘးတြင္ ဖြဖြေလးခ်လိုက္သည္။ခံုေပၚတြင္ထိုင္လိုက္ၿပီး ရင္ဘတ္ေအာက္နားအထိက်ေနေသာ ေစာင္ကိုဆဲြႃခံုေပးဖို႔ျပင္လိုက္ေတာ့ အိပ္ရင္းျဖင့္ပံုရိပ္ဘက္သို႔ လိွမ့္လိုက္ေသာအခါ ဆရာ့လက္တစ္ဖက္ႏွင့္ ပံုရိပ္၏လက္ခံုက အနည္းငယ္ယွက္တိုက္သြားသည္။
"ဟင္...ဆရာ...ကိုယ္ေတြပူေနပါလား...."
ဆရာ့နဖူးကို မဝံ့မရဲျဖင့္စမ္းၾကၫ့္လိုက္မိေတာ့ တကယ္ပဲကိုယ္ေတြပူေနသည္။
ဖ်ားေနလ်ွက္နဲ႔ေပေတၿပီး အိပ္ေနေသာဆရာ့ကို
ပံုရိပ္ေတာ့ေဒါသထြက္မိတာအမွန္ပါပဲ။
ပံုရိပ္၏အေဒၚ ေဆးခန္းမသြားရတာက ပိုက္ဆံမရိွလို႔ျဖစ္ၿပီး ဆရာေဆးခန္းကိုမသြားတာက ကပ္ေစးနဲလို႔ပင္ျဖစ္သည္။တပၫ့္ေတြကိုဆိုရင္ မုန႔္၀ယ္ကၽြေးလိုက္၊လက္ေဆာင္၀ယ္ေပးလိုက္ ဘုရားကိုပို႔လိုက္ႏွင့္ ေငြကိုသံုးေနတတ္ေသာဆရာသည္
သူ႔အတြက္ၾကေတာ့သြားတိုက္ေဆးကိုပါ ကုန္ခါနီးလ်ွင္ ကပ္ေၾကးနဲ႔ထပ္ပိုင္းျဖတ္ၿပီး ကပ္ေနတာကို
မရရေအာင္ထုတ္ၿပီး သံုးေလသည္။
ဆရာႏိုးလာလ်ွင္ေတာ့ေဆးခန္းျပဖို႔တိုက္တြန္းရမည္ဟု ေတြးလိုက္မိသည္။အခ်ိန္ကလည္းေန့လည္ပိုင္းသာရိွေသးေသာေၾကာင့္ ပံုရိပ္ဒီအတိုင္းပဲထိုင္ေနမိသည္။
"အင္း...ဒီအတိုင္းႀကီးထိုင္ေနလို႔ေတာ့မေကာင္းပါဘူး....ငါဘာလုပ္ေပးရင္ေကာင္းမလည္း...."
ေခါင္းကိုကုတ္လ်ွက္ အဖ်ားသက္သာေအာင္လုပ္ေသာနည္းလမ္းေတြကို ေလ်ွာက္စဉ္းစားေနမိသည္။ပံုရိပ္ေနမေကာင္းျဖစ္စဉ္က ေဆးရံုမွဆရာကိုယ္တိုင္ နဖူးကိုေရပက္ကပ္ေပးသၫ့္ကိစၥကို သြားသတိရမိ၍ ဆရာ့အခန္းထဲတြင္ ဆရာေရခ်ိဳးေသာအခါသံုးသၫ့္ဖလားႏွင့္ ပဝါတစ္ထည္ကိုယူၿပီး အခန္းအျပင္ဘက္ရိွ ေရပိုက္ေခါင္းရိွေသာေနရာသို႔သြားကာ ေရဖလားထဲသို႔ေရထၫ့္လိုက္သည္။
ထို႔ေနာက္ ပဝါကိုေရစိမ္၍ ၫွစ္လိုက္ၿပီးပံုရိပ္ဘက္သို႔အနည္းငယ္ေစာင္းေနေသာ ဆရာ့နဖူးေပၚသို႔
ကပ္ေပးထားလိုက္သည္။မီးေသြးအေပၚသို႔ ေရေလာင္းခ်ေသာအခါ ရွဲခနဲျမည္သကဲ့သို႔
ဆရာသည္လည္း အေအးဓာတ္ႏွင့္ထိေတြ့ေသာအခါ အနည္းငယ္ညည္းေလသည္။
ဆရာ့ဦးေခါင္းဟာအနည္းငယ္ေစာင္းေန၍ ပဝါကခဏခဏျပန္က်လာရာ ပံုရိပ္လည္းဆရာ့အသားကိုထိတာသိလ်ွင္ ဆူမည္စိုး၍ ပဝါအေပၚမွ လက္ဖဝါးျဖင့္အုပ္၍ အသာဖိထားလိုက္သည္။
အဖ်ားအရိွန္ေၾကာင့္ထင္ပါရဲ့ ဆရာ့ရဲ့ပါးမို႔ေတြဟာရဲတက္ေနၿပီး ဆရာ့ႏႈတ္ခမ္းမ်ားသည္ အေရာင္ေဖ်ာ့လ်ွက္ေျခာက္ေနသေယာင္ျဖစ္ေနသည္။
ခန႔္ေခ်ာႀကီးျဖစ္ေသာ ဆရာ့မ်က္ႏွာကို
ဒီေလာက္အထိ နီးနီးကပ္ကပ္မၾကၫ့္ခဲ့ဖူးေပ။
ယခုေတာ့ ဆရာ့မ်က္ႏွာအစိတ္အပိုင္းတစ္ခုဆီကိုေသခ်ာၾကၫ့္ေနမိသည္။
🔥ဆူးႀကိဳး...🔥အခန္း(၂၈)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္
No comments:
Post a Comment