(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၂၈)🔥 ဒုတိယပိုင်း
အပျိုကြီးတို့ကို အဒေါ်ကတိုင်ပင်တော့
"ရှင်းသန့်ရယ်...ဒီမှာနေရင်တော့တစ်သတ်လုံး
လူမွှေးလူရောင်ပြောင်မှာမဟုတ်ဘူး...နှိမ်ချတာတော့မဟုတ်ဘူးနော်..ရှင်တို့မျို့ရိုးထဲမှာပညာတတ်ပြီး ထူးချွန်တဲ့လူဘယ်နှစ်ယောက်များရှိခဲ့သလဲ...
ပုံရိပ်ကို ထူးချွန်စေချင်ရင်...ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်စေချင်ရင်...ကောင်းကောင်းကိုယ်ရည်သွေးပေးနိုင်တဲ့ လူရဲ့လက်ထဲကိုသာ ထည့်ပေးလိုက်ပါ....ဒီလိုလူတန်းစားအစုံနဲ့ စရိုက်ကျတဲ့ရပ်ကွက်ထဲမှာ...တန်ဖိုးရှိလာမဲ့ပတ္တမြား
တစ်ပွင့်ကို မမြှုပ်နှံထားပါနဲ့...ဓားတစ်လက်ဟာဘယ်လောက်ထက်ထက်...အသုံးချတဲ့နေရာမှားယွင်းနေရင်ခုတ်ရာတခြား ရှာရာတလွဲဖြစ်မှာပဲစစ်သူကြီးရဲ့လက်ထဲကဓားနဲ့....ထင်းခုတ်သမားလက်ထဲကဓား...ဘယ်ဓားကပိုဂုဏ်မြတ်မလဲ
...ဘယ်ဓားကသမိုင်းတွင်မလဲ...တချိန်ချိန်မှာသူအောင်မြင်ထွန်းပေါက်လာလို့...ကိုယ့်ကိုပြန်ကြည့်တာ..မကြည့်တာတော့...သူ့သမိုင်းပေါ့...
ငါတို့ကတော့လမ်းဖောက်ဖို့နည်းပြရုံပဲတတ်နိုင်ကြမှာလေ...သူဘယ်လမ်းကိုသွားရမယ်ဆိုတာ...
လမ်းပြတဲ့နင့်အဆုံးအဖြတ်ပေါ်မူတည်နေတယ်...
သူကတော့...နင်ထားရာမှာနေမှာပဲ...
ပုံရိပ်ရဲ့အကြောင်းကိုငါအသိဆုံး..."
အမှန်မှာတော့ ပုံရိပ်ကိုယ်တိုင်ကလည်း ဒီနေရာလေးကိုတွယ်တာမိနေသူပါပဲ။ဦးသက်ဆွေကြောင့်သာမဟုတ်ရင် အားလုံးနဲ့ဝေးရာကိုထွက်သွားဖို့ဆိုတာ ဘယ်လိုမှတွေးတောနိုင်စရာအကြောင်းမရှိဘူး။ဆရာ့ကိုလည်း ပုံရိပ်မခွဲနိုင်ဘူး။
ဖခင်မရှိတော့တဲ့ပုံရိပ်ကို ဖခင်တစ်ယောက်လို
တွေ့တိုင်း ဆုံးမဩဝါဒတွေချွေနေတတ်တဲ့ဆရာ့ကို
ပုံရိပ်မထားခဲ့ချင်ဘူး။
ခင်မင်မိတဲ့အချိန်ဟာ အရမ်းမကြာမြင့်သေးပေမဲ့ ဆရာနှင့်တကွဒီကျောင်း၀န်းကြီးကိုပါ ပုံရိပ်တွယ်တာနေမိပြီ။ရန်ကုန်နှင့်မန္တလေးဆိုတာ
ခြေတစ်ဖက်လှမ်းလိုက်တာနဲ့ ရောက်နိုင်တဲ့နေရာမှမဟုတ်ပဲ။လွမ်းလို့ဆိုပြီး ပြန်ပြေးလာရအောင်လည်း ပုံရိပ်ရဲ့အသက်အရွယ်ကသူများကြိုးဆွဲရာကနေရသည့် အရွယ်။
ဦးဇင်းပြုံးချို ပြောသွားခဲ့တာကတော့တရားပွဲတွေစတော့မည်တဲ့။ဒီတစ်ခါ တရားပွဲတွေစရင်
ပုံရိပ်ရှိနိုင်ပါတော့မလား။ဆရာနဲ့အတူ ဆူးလေကိုသွားခွင့်မရှိတော့သလို စာအုပ်ဟောင်းတန်းမှာလည်းစိတ်ကြိုက်စာအုပ်လေးတွေကို ရွေးခွင့်ရမှာမဟုတ်တော့ဘူး။
ဆရာ့ရဲ့တပည့်အဖြစ်ကနေ ပုံရိပ်နှုတ်ထွက်ရတော့မှာပေါ့။ဆရာနဲ့ထပ်တွေ့ဖို့ကလည်း မလွယ်တော့ဘူး။ကြာလာတဲ့အခါ ဆရာလည်းပုံရိပ်ကိုမေ့သွားလောက်မှာပဲ။ဒီကျောင်းကလူတွေရော ခင်မင်ခဲ့ဖူးသိကျွမ်းခဲ့ဖူးသမျှလူတိုင်းရဲ့ ရင်ထဲမှာပုံရိပ်ဆိုတာပျောက်ကွယ်သွားတော့မှာပေါ့။
မိစုတို့ထွန်းကိုတို့ကိုလည်း ပုံရိပ်ထားခဲ့ရမှာ။
ပုံရိပ်က ကိုယ်လွတ်ရုန်းသွားတဲ့အချိန်မှာ ဒေါ်လေးတစ်ယောက်တည်းပဲပြုတ်တွေကို သွားယူရ၊ပြုတ်ရနဲ့ အရင်ကထက်ပိုပင်ပန်းနိုင်တယ်။ဒါ့အပြင်နေ့ခင်းဘက်တွေမှာလည်း ထမင်း၊ဟင်းချက်ပြုတ်ပေးထားမဲ့လူမရှိတဲ့အခါ ဒေါ်လေးကညနေစာကိုနောက်ကျမှချက်နိုင်ပြီး ကလေးတွေကလည်းညစာစားတာ ပိုနောက်ကျမည်။
"အဟင့်...အဟင့်..."
ကြုံလာနိုင်သည့် အခက်အခဲမှန်သမျှကိုတွေးမိပြီး ၀မ်းနည်းစိတ်ကိုထိန်းမရသည်မို့ ဆရာ့ကုတင်စွန်းမှာပဲ ခေါင်းမှောက်၍ငိုမိသည်။ပုံရိပ်ဘယ်လိုလုပ်ရပါ့မလဲ။အဖွားကိုလည်းတွေ့ချင်တယ်။
ဒုက္ခိတဖြစ်နေတဲ့အဖွားကို ပြုစုပေးချင်သလိုကောင်းမွန်တဲ့ဘ၀လေးနဲ့ နေကြည့်ချင်တယ်။
ဦးသက်ဆွေကိုလည်း မုန်းတယ်။
ဒေါ်လေးနဲ့မိစုတို့ကိုလည်း စိတ်မချလွန်း၍
မထားခဲ့နိုင်ဘူး။ပုံရိဘာလုပ်သင့်လဲ။
"ပုံရိပ်....အဟွတ်....ဘာဖြစ်လို့ငိုနေတာလဲ..."
လည်ချောင်းရှင်းသောအက်ကွဲသံနှင့်အတူ
ပုံရိပ်၏ဆံပင်တွေကို လက်နွေးနွေးကြီးနှင့်
ပုတ်လိုက်သောကြောင့် မျက်ရည်များကျ၍ ရှိုက်ကြီးတငင်ငိုလျှက်ဆရာ့ကိုကြည့်လိုက်မိသည်။
စိုးရိမ်သွားသောဆရာ့မျက်နှာသည် ပုံရိပ်၏
မျက်ရည်တွေကိုမြင်သည့်အခါ သူ့ရဲ့နီအစ်နေသောမျက်၀န်းတွေဟာ ချက်ခြင်းပြူးကျယ်သွားသည်။ဆရာ့မျက်နှာကိုမြင်သည့်အခါ ပုံရိပ်ပို၍ငိုချင်လာမိသည်။ပုံရိပ်၏ ဦးခေါင်းပေါ်သို့အုပ်ကိုင်ထားသော ဆရာ့လက်ကို အားကိုးတကြီးဆုပ်ကိုင်လိုက်မိသည်။
"ဆရာ...သမီးဘာဆက်လုပ်ရမလဲမသိတော့ဘူး...
ဆရာသမီးကိုအကြံဉာဏ်ပေးပါအုံး...သမီးဘယ်လိုဆုံးဖြတ်ချက်မျိုးချရမလဲတကယ်ကိုမသိတော့ဘူး...ဆရာသမီးကိုကူညီပါအုံးနော်...."
"နေပါအုန်းပုံရိပ်ရယ်...ပုံရိပ်ပြောနေတာတွေကိုဆရာဘာမှနားမလည်တော့ဘူး...ဆရာကဘာကိုကူညီရမှာလည်း...ဘာကိုဆုံးဖြတ်ပေးရမှာလည်း..
ရှင်းအောင်ပြောစမ်းပါကွာ...ဆရာစိတ်ပူလာပြီ..."
ဆရာ့မျက်နှာကို မော့ကြည့်သောအခါ သူ့ရဲ့လက်ဖဝါးပူပူနွေးနွေးကြီးဖြင့် ပုံရိပ်၏မျက်ရည်တွေကို သုတ်ပေးလေသည်။
ဆရာကထိုသို့ကြင်နာပြလေ ခွဲခွာဖို့ပို၍ ခက်ခဲလေပဲ။
"ဆရာ...ဖေဖေနဲ့မေမေကလွန်ခဲ့တဲ့နှနှစ်လောက်တည်းက ဆုံးသွားခဲ့ကြပြီတဲ့...သမီးကိုသူတို့လာခေါ်နိုင်တော့မှာမဟုတ်ဘူး...ဖေဖေနဲ့မေမေကပုံရိပ်ကို အမြဲတမ်းအတွက်ခွဲသွားခဲ့ကြပြီ...မိဘတွေရဲ့နောက်ဆုံးခရီးကိုတောင် သမီးပို့ဆောင်ပေးခွင့်မရလိုက်ဘူးဆရာရယ်...သမီးအဖြစ်ကဆိုးလိုက်တာ..."
"ပုံရိပ်ရဲ့မိဘတွေဆုံးတာကို ပုံရိပ်ကဘယ်လိုသိတာလဲ....ဟုတ်လို့လားပုံရိပ်ရယ်....ဘယ်သူလာပြောတာလဲ...."
"မန္တလေးက အဖွားဒေါ်ရိပ်ညိုကလူလွှတ်ပြီး
ပြောခိုင်းလိုက်တာဆရာ...အဖေနဲ့အမေကသမီး၇တန်းနှစ်မှာပဲ....အဒေါ့်အိမ်မှာထားခဲ့ပြီး...မန္တလေးကိုထွက်သွားကြတာတဲ့....
ကားတိုက်မှုဖြစ်ပြီးဆုံးသွားတာလို့ပြောတယ်...
အဲ့ဒါအဖွားကမန္တလေးကိုအပြီးလိုက်ခဲ့ဖို့လာခေါ်
နေတယ်...သမီးဘယ်လိုလုပ်ရမလဲဆရာ...
သမီးမန္တလေးကိုမသွားချင်ဘူး...ဆရာနဲ့လည်းမခွဲနိုင်ဘူး...ဒေါ်လေးတို့...မိစုတို့နဲ့လည်းမခွဲချင်ဘူး...
ဒါပေမဲ့...အဒေါ့်ယောက်ျားကြီးနဲ့လည်း တစ်အိမ်ထဲမှာအတူမနေချင်ဘူးဆရာရယ်...သမီးဘယ်လိုလုပ်ရမလဲ....ဆရာပဲသမီးကိုယ်စားဆုံးဖြတ်ပေးပါတော့...သမီးဘယ်လိုလုပ်ရမလဲမသိတော့ဘူး...."
"ပုံရိပ်ရယ်...."
ဆရာနေမျိုးသည်လည်း နေမကောင်းသည့်ကြားမှသက်ပြင်းတွေကို မှုတ်ထုတ်နေမိသည်။
ပုံရိပ်ကိုကြည့်လိုက်တော့လည်း တစ်ချိန်လုံးငိုထားပုံရသည် မျက်လုံးလေးတွေမို့အစ်နေပြီး နှုတ်ခမ်းလေးတွေကတုန်ယင်နေကာ စိတ်ရှုပ်ထွေးနေပုံပေါ်သည်။
လူတိုင်းမှုအခက်အခဲကိုယ်စီရှိကြပေမဲ့ ကလေးနဲ့အခက်အခဲကမလိုက်ဖြစ်နေသည်။
သက်ပြင်းတွေခဏခဏချနေမိ၍ ကလေးမရဲ့မျက်နှာကိုလေပူတွေ မှုတ်ထုတ်မိမည်စိုးသောကြောင့် မျက်နှာကိုအခြားဘက်သို့ လွှဲလိုက်ရသည်။ကိုယ်တိုင်လည်း ရုတ်တရက်ကြီးဆိုတော့ ဘယ်လိုအကြံပေးရမလည်း မသိဖြစ်နေရသည်။
ကိုယ့်လက်ကို အားကိုးတကြီးဆုပ်ကိုင်ထားသည့် လက်နုနုလေးက သူမရဲ့အနာဂတ်ကြီးတစ်ခုလုံးကို သူ့လက်ထဲသို့ထိုးထည့်လိုက်သလိုပါပဲ။
"ပုံရိပ်....ဆရာတို့ဘ၀မှာရွေးချယ်စရာတွေဆိုတာ အမြဲရှိနေမှာပဲ...ဒါတွေကိုရှောင်ဖယ်နေလို့တော့မရဘူး...၀မ်းနည်းနေလို့လည်းဘာမှထူးသွားမှာမဟုတ်ဘူး....ဒါကြောင့်မျက်ရည်တွေကိုအရင်ဆုံးသုတ်လိုက်ပါ....နော်မငိုနဲ့...တိတ်...တိတ်...."
နေမကောင်းသည့်ကြားမှ သူ့နာကျင်မှုကိုဖုံးကွယ်ထားပြီးပုံရိပ်၏မျက်ရည်တွေကို သုတ်ပေးလိုက်သည်။သူပြောတော့လည်း စကားကိုနားထောင်တာပါပဲ။သူလည်း ကျေနပ်စွာပြုံးလိုက်မိသည်။
"ဆရာ့ကိုမွေးစားတဲ့...မွေးစားအမေဆုံးတဲ့အချိန်တုန်းက...ဆရာ့အသက်ကပုံရိပ်ထက်တောင်ငယ်သေးတယ်....အဲ့အချိန်တုန်းကဆရာ့ဘ၀ကြီးမှာ အနာဂတ်မဲ့သွားသလို...တွယ်တာစရာ...အားကိုးစာမရှိတော့သလို ခံစားခဲ့ရတာ....ပုံရိပ်ကမှတော်ပါသေးတယ်ကွာ...ဘယ်ဖက်ကိုပဲလိုက်နေနေ...
နှစ်ဖက်စလုံးက...ကိုယ့်ဆွေမျိုးရင်းချာတွေကြီးပဲ....ဆရာ့မှာသာမိဘအရင်းတွေကိုလည်းမသိ
...မွေးစားမိခင်ရဲ့ဆွေမျိုးတွေဘက်ကလည်းအလို
မရှိတော့လို့...ဒီကျောင်းကိုပြောင်းလာခဲ့ရတာ...
အဲ့ဒီ့အချိန်တုန်းကဆရာ့မှာပုံရိပ်လိုပဲ....ရွေးချယ်ခွင့်နှစ်ခုရှိခဲ့တယ်...တစ်ခုကတော့ဆရာတို့ရပ်ကွက်ထဲကတော့ ပိုက်ဆံချမ်းသာတဲ့လင်မယားပဲ...ဆရာ့ကိုမွေးစားချင်လို့လာခေါ်တာပဲ...နောက်တစ်ခုကတော့...ဆရာတော်ကြီးပေါ့...
ဆရာ့ကိုသူ့ကျောင်းမှာလာနေဖို့ခေါ်ခဲ့တယ်..."
"ဆရာ....ဘာကိုရွေးချယ်ခဲ့လဲဟင်...."
"အဟင်း...ဟား...ဟား...."
"ဟင်...ဆရာကဘာလို့ရယ်တာလဲ ..."
"အရူးမလေး...ရယ်မှာပေါ့ကွ....ဆရာတော်ကြီးကိုရွေးချယ်ခဲ့လို့...ဆရာဒီကျောင်းမှာရှိနေတာပေါ့...."
"အယ်....ဟုတ်သားပဲ...."
ကိုယ့်နဖူးကိုပြန်ရိုက်မိပြီး အငိုမျက်လုံးတွေပျောက်ကွယ်သွားသည်အထိ ရယ်လိုက်မိသည်။ဆရာနေမျိုးဆိုတာ ပုံရိပ်ကိုအမြဲစိတ်ချမ်းသာအောင်လုပ်နိုင်သူပါပဲ။ခုဏကတင် ငိုနေမိသည့်ပုံရိပ်ဟာ
အခုတော့ဆရာ့ကြောင့် ပြုံးနေမိရလေပြီ။
ဆရာကတော့ သက်ပြင်းအရှည်ကြီးကိုချလျှက် ပြန်၍တည်ငြိမ်သွားသည်။
"ပုံရိပ်မေးရမှာက...ဆရာဘာကြောင့်ချမ်းသာတဲ့မိသားစုကို မရွေးချယ်ခဲ့တာလဲလို့မေးရမှာ...."
"ဟုတ်ကဲ့...ဆရာဘာကြောင့်သူတို့ကိုမရွေးချယ်ခဲ့တာလဲ...သူတို့ကိုရွေးချယ်ခဲ့ရင်...ဆရာလည်းခုလောက်ဆိုရင်ချမ်းချမ်းသာသာနဲ့နေနေရလောက်ပြီ...."
ပုံရိပ်ကထိုသို့ပြောတော့ ဆရာကရယ်လေသည်။
ပုံရိပ်၏ ဦးခေါင်းလေးကို လက်ဖဝါးဖြင့်ခပ်ဖွဖွ
ပုတ်ပေးကာ အတွေတွေကိုနယ်ချဲ့လျှက်ရှိနေသည်။
"လူတစ်ယောက်မှာ ကိုယ်ချမ်းသာဖို့ထက်
စိတ်ချမ်းသာဖို့က အဓိကကျတယ်ပုံရိပ်...ဆရာ့ဘ၀မှာမိဘအရင်းတွေရဲ့ပြစ်ပယ်မှုကို ခံခဲ့ရတဲ့အပြင်..မွေးစားအဖေနဲ့မွေးစားအမေဘက်ကအမျိုးတွေရဲ့ ပြစ်ပယ်မှုကိုလည်းခံခဲ့ရတယ်...ဒီတော့ဆရာတွေဝေသွားခဲ့တာက...ချမ်းသာတဲ့အိမ်မှာပြောင်းနေတဲ့အခါ....အသက်၁၃နှစ်ရှိပြီဖြစ်တဲ့ဆရာကို
သူတို့ကဘယ်လောက်အထိကောင်းပေးနိုင်မလဲပေါ့...
တီတီတာတာနဲ့ချွဲနွဲ့တတ်တဲ့အရွယ်လေးလည်းမဟုတ်တော့ဘူးလေ....သံယောဇဉ်တွယ်ဖို့ဆိုတာလည်း အချိန်အတိုင်းအတာတစ်ခုအထိလိုအပ်တယ်...တကယ်လို့ဆရာ့ကိုသဘောမကျလို့စွန့်ပစ်ကြတဲ့အခါ....
အရင်ဒဏ်ရာတွေအတိုင်းထပ်ခံစားရအုံးမှာပဲ...
ဆရာ့မွေးစားအမေမဆုံးခင်က ဒီကျောင်းကိုတစ်ခါရောက်ဖူးတယ်လေ...ဒီကျောင်းက ကလေးတွေဟာ...ဆရာတော့်စကားကိုနားထောင်ရတယ်....
ဝိုင်းလုပ်ဝိုင်းစားပေါ့...စာလည်းသင်ခွင့်ရသလို...
လွှတ်လပ်မှုလည်းရှိတယ်....ဆရာလိုချင်တာဒီလို
ဘ၀မျိုး....အချုပ်အနှောင်တွေကင်းလွတ်ပြီး...
ကိုယ့်လိပ်ပြာကိုယ်လုံစွာနဲ့...နေထိုင်နိုင်တဲ့ဘ၀ကိုလိုချင်တာ....လူချမ်းသာပေမဲ့...ဘယ်အရာမှမတည်မြဲတဲ့ဘ၀ကြီးမှာ..သူများအငြိုငြင်ခံပြီးမနေချင်ဘူး..အရာရာတိုင်းကို ဦးနှောက်နဲ့ယှဉ်တွေးပြီး နှလုံးသားရဲ့ခံစားမှုနဲ့ဆုံးဖြတ်ပါ...."
"ဒါဆိုရင်...နှလုံးသားနဲ့တွေးတဲ့အခါမှာ...
ပုံရိပ်ပျော်တဲ့အဒေါ့်ဆီမှာ နေသင့်ပြီး...ဦးနှောက်နဲ့တွေးတဲ့အခါ...မန္တလေးကိုလိုက်သင့်တယ်ပေါ့...
အဲ့လိုလားဟင်..."
"ဒါတော့ဆရာက ဆုံးဖြတ်ပေးလို့မရဘူးလေ...ဘယ်ဘက်ကကြည့်ကြည့်...ပုံရိပ်အတွက်က ကောင်းဖို့ချည်းပဲ...ပုံရိပ်ကဆရာ့လိုကံမဆိုးနိုင်ပါဘူး....အဖွားဖြစ်သူကလည်းချစ်လို့၊တွေ့ချင်လွန်းလို့ခေါ်နေသလို...ဒီဘက်ကအဒေါ်ကလည်းချစ်တာပဲ...ရေရှည်အတွက် တွေးပြီးဆုံးဖြတ်ပေါ့..."
"ဟင်း...ဆရာ့ကိုမေးကာမှ ပိုရှုပ်လာပြီ....ဆရာပဲပြောခဲ့ပြီးတော့ အခွင့်အရေးဆိုတာနေထွက်သလိုပဲ စောင့်ဆိုင်းလွန်းရင် လွှတ်ထွက်သွားမှာပဲဆို...."
"အဲ့ဒါဆရာ့စကားမှမဟုတ်တာ..ဝီလီယမ်အာသာရဲ့စကားလေ..."
"ဘယ်လိုပဲဖြစ်ဖြစ်...သမီးကိုတော့ဆရာပြောခဲ့တာပဲ..."
သူစိတ်ကြည်လာတော့ အငြင်းအခုန်တွေတောင်လုပ်လာသည်။နေမျိုးလည်း ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ပုံရိပ်လေးကို ကြည့်လိုက်သည်။
"ဆရာက...တိကျတဲ့အဖြေတစ်ခုကိုပေးလိုက်ရင်...
ပုံရိပ်ကအဲ့ဒီ့အတိုင်းလိုက်လုပ်မှာပေါ့...တကယ်လို့တစ်နေ့နေ့မှာ ပုံရိပ်ဒုက္ခရောက်တဲ့အခါဆရာ့ကိုအပြစ်တင်ဖို့ ဦးဆုံးတွေးမိလိမ့်မယ်...အဲ့လိုတော့ဆရာအဖြစ်မခံနိုင်ဘူး....တကယ့်တကယ်ကဒုက္ခရောက်လာရင်လည်း ကိုယ်ဘဲခံရမှာ...
သုခဆိုလည်း ကိုဘဲစံစားရမှာမဟုတ်ဘူးလား...
ဆရာကပုံရိပ်ကိုနှစ်သိမ့်မှုပဲပေးနိုင်မှာလေ...
အစား၀င်ခံလို့မှမရတာ....အဲ့တော့ကိုယ်လျှောက်ရမဲ့လမ်းကိုကိုယ်တိုင်ဆုံးဖြတ်ပါ...ပြီးရင်တော့နောင်တမရနဲ့..."
"ဆရာပြောတာလည်းမှန်တာပဲ....ကဲပါဆရာရယ်...
သမီးကြောင့်ဆရာလည်း စိတ်ညစ်နေရပြီ....
သမီးတို့ဆေးခန်းကိုသာသွားကြရအောင်...."
"ဟမ်...ဘာလုပ်ဖို့လည်း...."
"ဆရာ့ကိုဆေးခန်းပြရအောင်...နေမကောင်းဖြစ်နေတာကိုကပ်စေးနဲမနေပါနဲ့....ဒီနေရာမှာတော့...
ဆရာ့အစားသမီးကဆုံးဖြတ်ပေးမယ်...."
"ဟောဗျာ...."
ဆရာမကြီးက ဒီတစ်ခါတော့သူ့ကိုဆရာပြန်လုပ်နေလေသည်။မှန်ပါတယ်။ဆေးဖိုးဝါးခကုန်မည်စိုး၍ ကိုယ့်ဘာသာငြိမ်နေမိရာမှ ပုံရိပ်အတင်းဆွဲခေါ်၍ဆေးခန်းသို့သွားခဲ့ရသည်။ဘ၀မှာ ကလေးမလေးတစ်ယောက်၏ စီမံအမိန့်ပေးမှုကို နာခံရတာဒါပထမဆုံးပင်ဖြစ်သည်။ဘယ်လိုပဲဖြစ်ဖြစ် ပုံရိပ်လေးမန္တလေးကို သွားမည်ဆိုပါက ကိုယ်လည်း
အစဦးတော့ သတိရနေမှာသေချာသည်။
(ဆရာတပည့်နှစ်ယောက်ကတော့ ကြည်နူးဆရာလေး)
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၂၈)🔥 ဒုတိယပိုင္း
ဆရာ့မ်က္ခံုးတန္းေတြက ေသခ်ာအနီးကပ္ၾကၫ့္ေတာ့မွ ပို၍ထူမွန္းသိသာေစသည္။မ်က္ေတာင္ေလးေတြက တိုလြန္း၊ရွည္လြန္းတာမ်ိဳးမဟုတ္ပဲ အေနေတာ္ျဖစ္ကာအဖ်ားေလးေတြက ေကာ့ၫႊတ္ေနသည္။ယခုေတာ့ ထိုမ်က္ေတာင္ေလးေတြက ေမွးစင္းလ်ွက္ပိတ္က်ေနခဲ့သည္။
"အင္း...."
ထပ္မံညည္းတြားလိုက္ေသာေၾကာင့္ ပံုရိပ္လည္းလန႔္ၿပီးလက္ကို လႊတ္လိုက္မိရာ ေရစိုေနေသာပဝါစေလးက ေခါင္းအံုးေဘးသို႔ျပဳတ္က်သြားခဲ့သည္။
ပက္လက္အေနအထားျဖစ္သြားေသာေၾကာင့္
ပဝါေလးကိုျပန္ေကာက္လိုက္ၿပီး ဆရာ့နဖူးေပၚသို႔တင္ေပးလိုက္သည္။အိပ္ေပ်ာ္ေနေသာဆရာ့မ်က္ႏွာကို ၾကၫ့္လ်ွက္ ပံုရိပ္ပို၍ေတြေဝသြားမိသည္။
"ပံုရိပ္ကိုလည္း မႏၲေလးကိုလိုက္ခဲ့ဖို႔တိုက္တြန္းေပးပါ...ကၽြန္မမွာလည္းဟိုမွာအလုပ္ေတြကိုပစ္ထားခဲ့ရေတာ့....သံုးရက္ေလာက္ပဲေစာင့္ဖို႔အခ်ိန္ရတယ္...
ေမညိုကလည္းကၽြန္မမရိွလို႔မျဖစ္ဘူး...မရွင္းသန႔္တို႔ဘက္မွာလည္း အဖိုးအဖြားေတြကဆံုးသြားခဲ့ၿပီမဟုတ္လား...တစ္ဦးတည္းက်န္ေတာ့တဲ့အဖြားကို ပံုရိပ္အေနနဲ႔ လိုက္ေတြ့ေစခ်င္ပါတယ္..."
ေဒၚယဉ္တင့္၏စကားေတြကို ျပန္ၾကားေယာင္မိတဲ့အခါတိုင္း စိတ္ေတြပို၍ေလးလံလာရသည္။
ဒီေန့တစ္ရက္ေက်ာ္လြန္သြားရင္ ပံုရိပ္အတြက္စဉ္းစားဖို႔ေနာက္ထပ္ႏွစ္ရက္သာ ရိွေတာ့သည္။
ဒီေလာက္အထိ အေရးႀကီးေသာကိစၥကိုမွ
ဘာေၾကာင့္စဉ္းစားဖို႔၃ရက္တည္းေပးရတာလည္းဆိုတာ တကယ္ကိုေတြးရၾကပ္ေစသည္။
ေတြ့ခ်င္တာေပါ့။အဖြားေဒၚရိပ္ညိုဆိုတာ ေဖေဖ့ရဲ့စကားဝိုင္းထဲမွာ အၿမဲပါ၀င္လာတတ္သၫ့္အမည္ျဖစ္သည္။အဖြားက ပံုရိပ္ကိုသူ႔ေနရာမွာအစား၀င္ေစခ်င္ပါသတဲ့။ဘာေတြလဲ။ဘယ္လိုနားလည္ရမလည္းတကယ္ကိုမေတြးတတ္ေတာ့ေပ။
အပ်ိဳႀကီးတို႔ကို အေဒၚကတိုင္ပင္ေတာ့
"ရွင္းသန႔္ရယ္...ဒီမွာေနရင္ေတာ့တစ္သတ္လံုး
လူေမႊးလူေရာင္ေျပာင္မွာမဟုတ္ဘူး...ႏိွမ္ခ်တာေတာ့မဟုတ္ဘူးေနာ္..ရွင္တို႔မ်ိဳ႕ရိုးထဲမွာပညာတတ္ၿပီး ထူးခၽြန္တဲ့လူဘယ္ႏွစ္ေယာက္မ်ားရိွခဲ့သလဲ...
ပံုရိပ္ကို ထူးခၽြန္ေစခ်င္ရင္...ထက္ျမက္တဲ့မိန္းမတစ္ေယာက္ျဖစ္ေစခ်င္ရင္...ေကာင္းေကာင္းကိုယ္ရည္ေသြးေပးႏိုင္တဲ့ လူရဲ့လက္ထဲကိုသာ ထၫ့္ေပးလိုက္ပါ....ဒီလိုလူတန္းစားအစံုနဲ႔ စရိုက္က်တဲ့ရပ္ကြက္ထဲမွာ...တန္ဖိုးရိွလာမဲ့ပႂတၲမား
တစ္ပြင့္ကို မၿမွဳပ္ႏွံထားပါနဲ႔...ဓားတစ္လက္ဟာဘယ္ေလာက္ထက္ထက္...အသံုးခ်တဲ့ေနရာမွားယြင္းေနရင္ခုတ္ရာတျခား ရွာရာတလဲြျဖစ္မွာပဲစစ္သူႀကီးရဲ့လက္ထဲကဓားနဲ႔....ထင္းခုတ္သမားလက္ထဲကဓား...ဘယ္ဓားကပိုဂုဏ္ျမတ္မလဲ
...ဘယ္ဓားကသမိုင္းတြင္မလဲ...တခ်ိန္ခ်ိန္မွာသူေအာင္ျမင္ထြန္းေပါက္လာလို႔...ကိုယ့္ကိုျပန္ၾကၫ့္တာ..မၾကၫ့္တာေတာ့...သူ႔သမိုင္းေပါ့...
ငါတို႔ကေတာ့လမ္းေဖာက္ဖို႔နည္းျပရံုပဲတတ္ႏိုင္ၾကမွာေလ...သူဘယ္လမ္းကိုသြားရမယ္ဆိုတာ...
လမ္းျပတဲ့နင့္အဆံုးအျဖတ္ေပၚမူတည္ေနတယ္...
သူကေတာ့...နင္ထားရာမွာေနမွာပဲ...
ပံုရိပ္ရဲ့အေၾကာင္းကိုငါအသိဆံုး..."
အမွန္မွာေတာ့ ပံုရိပ္ကိုယ္တိုင္ကလည္း ဒီေနရာေလးကိုတြယ္တာမိေနသူပါပဲ။ဦးသက္ေဆြေၾကာင့္သာမဟုတ္ရင္ အားလံုးနဲ႔ေဝးရာကိုထြက္သြားဖို႔ဆိုတာ ဘယ္လိုမွေတြးေတာႏိုင္စရာအေၾကာင္းမရိွဘူး။ဆရာ့ကိုလည္း ပံုရိပ္မခဲြႏိုင္ဘူး။
ဖခင္မရိွေတာ့တဲ့ပံုရိပ္ကို ဖခင္တစ္ေယာက္လို
ေတြ့တိုင္း ဆံုးမဩဝါဒေတြခၽြေနတတ္တဲ့ဆရာ့ကို
ပံုရိပ္မထားခဲ့ခ်င္ဘူး။
ခင္မင္မိတဲ့အခ်ိန္ဟာ အရမ္းမၾကာျမင့္ေသးေပမဲ့ ဆရာႏွင့္တကြဒီေက်ာင္း၀န္းႀကီးကိုပါ ပံုရိပ္တြယ္တာေနမိၿပီ။ရန္ကုန္ႏွင့္မႏၲေလးဆိုတာ
ေျခတစ္ဖက္လွမ္းလိုက္တာနဲ႔ ေရာက္ႏိုင္တဲ့ေနရာမွမဟုတ္ပဲ။လြမ္းလို႔ဆိုၿပီး ျပန္ေျပးလာရေအာင္လည္း ပံုရိပ္ရဲ့အသက္အရြယ္ကသူမ်ားႀကိဳးဆဲြရာကေနရသၫ့္ အရြယ္။
ဦးဇင္းႃပံုးခ်ိဳ ေျပာသြားခဲ့တာကေတာ့တရားပဲြေတြစေတာ့မည္တဲ့။ဒီတစ္ခါ တရားပဲြေတြစရင္
ပံုရိပ္ရိွႏိုင္ပါေတာ့မလား။ဆရာနဲ႔အတူ ဆူးေလကိုသြားခြင့္မရိွေတာ့သလို စာအုပ္ေဟာင္းတန္းမွာလည္းစိတ္ႀကိဳက္စာအုပ္ေလးေတြကို ေရြးခြင့္ရမွာမဟုတ္ေတာ့ဘူး။
ဆရာ့ရဲ့တပၫ့္အျဖစ္ကေန ပံုရိပ္ႏႈတ္ထြက္ရေတာ့မွာေပါ့။ဆရာနဲ႔ထပ္ေတြ့ဖို႔ကလည္း မလြယ္ေတာ့ဘူး။ၾကာလာတဲ့အခါ ဆရာလည္းပံုရိပ္ကိုေမ့သြားေလာက္မွာပဲ။ဒီေက်ာင္းကလူေတြေရာ ခင္မင္ခဲ့ဖူးသိကၽြမ္းခဲ့ဖူးသမ်ွလူတိုင္းရဲ့ ရင္ထဲမွာပံုရိပ္ဆိုတာေပ်ာက္ကြယ္သြားေတာ့မွာေပါ့။
မိစုတို႔ထြန္းကိုတို႔ကိုလည္း ပံုရိပ္ထားခဲ့ရမွာ။
ပံုရိပ္က ကိုယ္လြတ္ရုန္းသြားတဲ့အခ်ိန္မွာ ေဒၚေလးတစ္ေယာက္တည္းပဲျပဳတ္ေတြကို သြားယူရ၊ျပဳတ္ရနဲ႔ အရင္ကထက္ပိုပင္ပန္းႏိုင္တယ္။ဒါ့အျပင္ေန့ခင္းဘက္ေတြမွာလည္း ထမင္း၊ဟင္းခ်က္ျပဳတ္ေပးထားမဲ့လူမရိွတဲ့အခါ ေဒၚေလးကညေနစာကိုေနာက္က်မွခ်က္ႏိုင္ၿပီး ကေလးေတြကလည္းညစာစားတာ ပိုေနာက္က်မည္။
"အဟင့္...အဟင့္..."
ႄကံုလာႏိုင္သၫ့္ အခက္အခဲမွန္သမ်ွကိုေတြးမိၿပီး ၀မ္းနည္းစိတ္ကိုထိန္းမရသည္မို႔ ဆရာ့ကုတင္စြန္းမွာပဲ ေခါင္းေမွာက္၍ငိုမိသည္။ပံုရိပ္ဘယ္လိုလုပ္ရပါ့မလဲ။အဖြားကိုလည္းေတြ့ခ်င္တယ္။
ဒုကၡိတျဖစ္ေနတဲ့အဖြားကို ျပဳစုေပးခ်င္သလိုေကာင္းမြန္တဲ့ဘ၀ေလးနဲ႔ ေနၾကၫ့္ခ်င္တယ္။
ဦးသက္ေဆြကိုလည္း မုန္းတယ္။
ေဒၚေလးနဲ႔မိစုတို႔ကိုလည္း စိတ္မခ်လြန္း၍
မထားခဲ့ႏိုင္ဘူး။ပံုရိဘာလုပ္သင့္လဲ။
"ပံုရိပ္....အဟြတ္....ဘာျဖစ္လို႔ငိုေနတာလဲ..."
လည္ေခ်ာင္းရွင္းေသာအက္ကဲြသံႏွင့္အတူ
ပံုရိပ္၏ဆံပင္ေတြကို လက္ေနြးေနြးႀကီးႏွင့္
ပုတ္လိုက္ေသာေၾကာင့္ မ်က္ရည္မ်ားက်၍ ရိႈက္ႀကီးတငင္ငိုလ်ွက္ဆရာ့ကိုၾကၫ့္လိုက္မိသည္။
စိုးရိမ္သြားေသာဆရာ့မ်က္ႏွာသည္ ပံုရိပ္၏
မ်က္ရည္ေတြကိုျမင္သၫ့္အခါ သူ႔ရဲ့နီအစ္ေနေသာမ်က္၀န္းေတြဟာ ခ်က္ျခင္းျပဴးက်ယ္သြားသည္။ဆရာ့မ်က္ႏွာကိုျမင္သၫ့္အခါ ပံုရိပ္ပို၍ငိုခ်င္လာမိသည္။ပံုရိပ္၏ ဦးေခါင္းေပၚသို႔အုပ္ကိုင္ထားေသာ ဆရာ့လက္ကို အားကိုးတႀကီးဆုပ္ကိုင္လိုက္မိသည္။
"ဆရာ...သမီးဘာဆက္လုပ္ရမလဲမသိေတာ့ဘူး...
ဆရာသမီးကိုအႀကံဉာဏ္ေပးပါအံုး...သမီးဘယ္လိုဆံုးျဖတ္ခ်က္မ်ိဳးခ်ရမလဲတကယ္ကိုမသိေတာ့ဘူး...ဆရာသမီးကိုကူညီပါအံုးေနာ္...."
"ေနပါအုန္းပံုရိပ္ရယ္...ပံုရိပ္ေျပာေနတာေတြကိုဆရာဘာမွနားမလည္ေတာ့ဘူး...ဆရာကဘာကိုကူညီရမွာလည္း...ဘာကိုဆံုးျဖတ္ေပးရမွာလည္း..
ရွင္းေအာင္ေျပာစမ္းပါကြာ...ဆရာစိတ္ပူလာၿပီ..."
ဆရာ့မ်က္ႏွာကို ေမာ့ၾကၫ့္ေသာအခါ သူ႔ရဲ့လက္ဖဝါးပူပူေနြးေနြးႀကီးျဖင့္ ပံုရိပ္၏မ်က္ရည္ေတြကို သုတ္ေပးေလသည္။
ဆရာကထိုသို႔ၾကင္နာျပေလ ခဲြခြာဖို႔ပို၍ ခက္ခဲေလပဲ။
"ဆရာ...ေဖေဖနဲ႔ေမေမကလြန္ခဲ့တဲ့ႏွႏွစ္ေလာက္တည္းက ဆံုးသြားခဲ့ၾကၿပီတဲ့...သမီးကိုသူတို႔လာေခၚႏိုင္ေတာ့မွာမဟုတ္ဘူး...ေဖေဖနဲ႔ေမေမကပံုရိပ္ကို အၿမဲတမ္းအတြက္ခဲြသြားခဲ့ၾကၿပီ...မိဘေတြရဲ့ေနာက္ဆံုးခရီးကိုေတာင္ သမီးပို႔ေဆာင္ေပးခြင့္မရလိုက္ဘူးဆရာရယ္...သမီးအျဖစ္ကဆိုးလိုက္တာ..."
"ပံုရိပ္ရဲ့မိဘေတြဆံုးတာကို ပံုရိပ္ကဘယ္လိုသိတာလဲ....ဟုတ္လို႔လားပံုရိပ္ရယ္....ဘယ္သူလာေျပာတာလဲ...."
"မႏၲေလးက အဖြားေဒၚရိပ္ညိုကလူလႊတ္ၿပီး
ေျပာခိုင္းလိုက္တာဆရာ...အေဖနဲ႔အေမကသမီး၇တန္းႏွစ္မွာပဲ....အေဒါ့္အိမ္မွာထားခဲ့ၿပီး...မႏၲေလးကိုထြက္သြားၾကတာတဲ့....
ကားတိုက္မႈျဖစ္ၿပီးဆံုးသြားတာလို႔ေျပာတယ္...
အဲ့ဒါအဖြားကမႏၲေလးကိုအၿပီးလိုက္ခဲ့ဖို႔လာေခၚ
ေနတယ္...သမီးဘယ္လိုလုပ္ရမလဲဆရာ...
သမီးမႏၲေလးကိုမသြားခ်င္ဘူး...ဆရာနဲ႔လည္းမခဲြႏိုင္ဘူး...ေဒၚေလးတို႔...မိစုတို႔နဲ႔လည္းမခဲြခ်င္ဘူး...
ဒါေပမဲ့...အေဒါ့္ေယာက္်ားႀကီးနဲ႔လည္း တစ္အိမ္ထဲမွာအတူမေနခ်င္ဘူးဆရာရယ္...သမီးဘယ္လိုလုပ္ရမလဲ....ဆရာပဲသမီးကိုယ္စားဆံုးျဖတ္ေပးပါေတာ့...သမီးဘယ္လိုလုပ္ရမလဲမသိေတာ့ဘူး...."
"ပံုရိပ္ရယ္...."
ဆရာေနမ်ိဳးသည္လည္း ေနမေကာင္းသၫ့္ၾကားမွသက္ျပင္းေတြကို မႈတ္ထုတ္ေနမိသည္။
ပံုရိပ္ကိုၾကၫ့္လိုက္ေတာ့လည္း တစ္ခ်ိန္လံုးငိုထားပံုရသည္ မ်က္လံုးေလးေတြမို႔အစ္ေနၿပီး ႏႈတ္ခမ္းေလးေတြကတုန္ယင္ေနကာ စိတ္ရႈပ္ေထြးေနပံုေပၚသည္။
လူတိုင္းမႈအခက္အခဲကိုယ္စီရိွၾကေပမဲ့ ကေလးနဲ႔အခက္အခဲကမလိုက္ျဖစ္ေနသည္။
သက္ျပင္းေတြခဏခဏခ်ေနမိ၍ ကေလးမရဲ့မ်က္ႏွာကိုေလပူေတြ မႈတ္ထုတ္မိမည္စိုးေသာေၾကာင့္ မ်က္ႏွာကိုအျခားဘက္သို႔ လႊဲလိုက္ရသည္။ကိုယ္တိုင္လည္း ရုတ္တရက္ႀကီးဆိုေတာ့ ဘယ္လိုအႀကံေပးရမလည္း မသိျဖစ္ေနရသည္။
ကိုယ့္လက္ကို အားကိုးတႀကီးဆုပ္ကိုင္ထားသၫ့္ လက္ႏုႏုေလးက သူမရဲ့အနာဂတ္ႀကီးတစ္ခုလံုးကို သူ႔လက္ထဲသို႔ထိုးထၫ့္လိုက္သလိုပါပဲ။
"ပံုရိပ္....ဆရာတို႔ဘ၀မွာေရြးခ်ယ္စရာေတြဆိုတာ အၿမဲရိွေနမွာပဲ...ဒါေတြကိုေရွာင္ဖယ္ေနလို႔ေတာ့မရဘူး...၀မ္းနည္းေနလို႔လည္းဘာမွထူးသြားမွာမဟုတ္ဘူး....ဒါေၾကာင့္မ်က္ရည္ေတြကိုအရင္ဆံုးသုတ္လိုက္ပါ....ေနာ္မငိုနဲ႔...တိတ္...တိတ္...."
ေနမေကာင္းသၫ့္ၾကားမွ သူ႔နာက်င္မႈကိုဖံုးကြယ္ထားၿပီးပံုရိပ္၏မ်က္ရည္ေတြကို သုတ္ေပးလိုက္သည္။သူေျပာေတာ့လည္း စကားကိုနားေထာင္တာပါပဲ။သူလည္း ေက်နပ္စြာႃပံုးလိုက္မိသည္။
"ဆရာ့ကိုေမြးစားတဲ့...ေမြးစားအေမဆံုးတဲ့အခ်ိန္တုန္းက...ဆရာ့အသက္ကပံုရိပ္ထက္ေတာင္ငယ္ေသးတယ္....အဲ့အခ်ိန္တုန္းကဆရာ့ဘ၀ႀကီးမွာ အနာဂတ္မဲ့သြားသလို...တြယ္တာစရာ...အားကိုးစာမရိွေတာ့သလို ခံစားခဲ့ရတာ....ပံုရိပ္ကမွေတာ္ပါေသးတယ္ကြာ...ဘယ္ဖက္ကိုပဲလိုက္ေနေန...
ႏွစ္ဖက္စလံုးက...ကိုယ့္ေဆြမ်ိဳးရင္းခ်ာေတြႀကီးပဲ....ဆရာ့မွာသာမိဘအရင္းေတြကိုလည္းမသိ
...ေမြးစားမိခင္ရဲ့ေဆြမ်ိဳးေတြဘက္ကလည္းအလို
မရိွေတာ့လို႔...ဒီေက်ာင္းကိုေျပာင္းလာခဲ့ရတာ...
အဲ့ဒီ့အခ်ိန္တုန္းကဆရာ့မွာပံုရိပ္လိုပဲ....ေရြးခ်ယ္ခြင့္ႏွစ္ခုရိွခဲ့တယ္...တစ္ခုကေတာ့ဆရာတို႔ရပ္ကြက္ထဲကေတာ့ ပိုက္ဆံခ်မ္းသာတဲ့လင္မယားပဲ...ဆရာ့ကိုေမြးစားခ်င္လို႔လာေခၚတာပဲ...ေနာက္တစ္ခုကေတာ့...ဆရာေတာ္ႀကီးေပါ့...
ဆရာ့ကိုသူ႔ေက်ာင္းမွာလာေနဖို႔ေခၚခဲ့တယ္..."
"ဆရာ....ဘာကိုေရြးခ်ယ္ခဲ့လဲဟင္...."
"အဟင္း...ဟား...ဟား...."
"ဟင္...ဆရာကဘာလို႔ရယ္တာလဲ ..."
"အရူးမေလး...ရယ္မွာေပါ့ကြ....ဆရာေတာ္ႀကီးကိုေရြးခ်ယ္ခဲ့လို႔...ဆရာဒီေက်ာင္းမွာရိွေနတာေပါ့...."
"အယ္....ဟုတ္သားပဲ...."
ကိုယ့္နဖူးကိုျပန္ရိုက္မိၿပီး အငိုမ်က္လံုးေတြေပ်ာက္ကြယ္သြားသည္အထိ ရယ္လိုက္မိသည္။ဆရာေနမ်ိဳးဆိုတာ ပံုရိပ္ကိုအၿမဲစိတ္ခ်မ္းသာေအာင္လုပ္ႏိုင္သူပါပဲ။ခုဏကတင္ ငိုေနမိသၫ့္ပံုရိပ္ဟာ
အခုေတာ့ဆရာ့ေၾကာင့္ ႃပံုးေနမိရေလၿပီ။
ဆရာကေတာ့ သက္ျပင္းအရွည္ႀကီးကိုခ်လ်ွက္ ျပန္၍တည္ၿငိမ္သြားသည္။
"ပံုရိပ္ေမးရမွာက...ဆရာဘာေၾကာင့္ခ်မ္းသာတဲ့မိသားစုကို မေရြးခ်ယ္ခဲ့တာလဲလို႔ေမးရမွာ...."
"ဟုတ္ကဲ့...ဆရာဘာေၾကာင့္သူတို႔ကိုမေရြးခ်ယ္ခဲ့တာလဲ...သူတို႔ကိုေရြးခ်ယ္ခဲ့ရင္...ဆရာလည္းခုေလာက္ဆိုရင္ခ်မ္းခ်မ္းသာသာနဲ႔ေနေနရေလာက္ၿပီ...."
ပံုရိပ္ကထိုသို႔ေျပာေတာ့ ဆရာကရယ္ေလသည္။
ပံုရိပ္၏ ဦးေခါင္းေလးကို လက္ဖဝါးျဖင့္ခပ္ဖြဖြ
ပုတ္ေပးကာ အေတြေတြကိုနယ္ခ်ဲ႔လ်ွက္ရိွေနသည္။
"လူတစ္ေယာက္မွာ ကိုယ္ခ်မ္းသာဖို႔ထက္
စိတ္ခ်မ္းသာဖို႔က အဓိကက်တယ္ပံုရိပ္...ဆရာ့ဘ၀မွာမိဘအရင္းေတြရဲ့ျပစ္ပယ္မႈကို ခံခဲ့ရတဲ့အျပင္..ေမြးစားအေဖနဲ႔ေမြးစားအေမဘက္ကအမ်ိဳးေတြရဲ့ ျပစ္ပယ္မႈကိုလည္းခံခဲ့ရတယ္...ဒီေတာ့ဆရာေတြေဝသြားခဲ့တာက...ခ်မ္းသာတဲ့အိမ္မွာေျပာင္းေနတဲ့အခါ....အသက္၁၃ႏွစ္ရိွၿပီျဖစ္တဲ့ဆရာကို
သူတို႔ကဘယ္ေလာက္အထိေကာင္းေပးႏိုင္မလဲေပါ့...
တီတီတာတာနဲ႔ခၽဲြႏဲြ႔တတ္တဲ့အရြယ္ေလးလည္းမဟုတ္ေတာ့ဘူးေလ....သံေယာဇဉ္တြယ္ဖို႔ဆိုတာလည္း အခ်ိန္အတိုင္းအတာတစ္ခုအထိလိုအပ္တယ္...တကယ္လို႔ဆရာ့ကိုသေဘာမက်လို႔စြန႔္ပစ္ၾကတဲ့အခါ....
အရင္ဒဏ္ရာေတြအတိုင္းထပ္ခံစားရအံုးမွာပဲ...
ဆရာ့ေမြးစားအေမမဆံုးခင္က ဒီေက်ာင္းကိုတစ္ခါေရာက္ဖူးတယ္ေလ...ဒီေက်ာင္းက ကေလးေတြဟာ...ဆရာေတာ့္စကားကိုနားေထာင္ရတယ္....
ဝိုင္းလုပ္ဝိုင္းစားေပါ့...စာလည္းသင္ခြင့္ရသလို...
လႊတ္လပ္မႈလည္းရိွတယ္....ဆရာလိုခ်င္တာဒီလို
ဘ၀မ်ိဳး....အခ်ဳပ္အေနွာင္ေတြကင္းလြတ္ၿပီး...
ကိုယ့္လိပ္ျပာကိုယ္လံုစြာနဲ႔...ေနထိုင္ႏိုင္တဲ့ဘ၀ကိုလိုခ်င္တာ....လူခ်မ္းသာေပမဲ့...ဘယ္အရာမွမတည္ၿမဲတဲ့ဘ၀ႀကီးမွာ..သူမ်ားအၿငိဳျငင္ခံၿပီးမေနခ်င္ဘူး..အရာရာတိုင္းကို ဦးေနွာက္နဲ႔ယွဉ္ေတြးၿပီး ႏွလံုးသားရဲ့ခံစားမႈနဲ႔ဆံုးျဖတ္ပါ...."
"ဒါဆိုရင္...ႏွလံုးသားနဲ႔ေတြးတဲ့အခါမွာ...
ပံုရိပ္ေပ်ာ္တဲ့အေဒါ့္ဆီမွာ ေနသင့္ၿပီး...ဦးေနွာက္နဲ႔ေတြးတဲ့အခါ...မႏၲေလးကိုလိုက္သင့္တယ္ေပါ့...
အဲ့လိုလားဟင္..."
"ဒါေတာ့ဆရာက ဆံုးျဖတ္ေပးလို႔မရဘူးေလ...ဘယ္ဘက္ကၾကၫ့္ၾကၫ့္...ပံုရိပ္အတြက္က ေကာင္းဖို႔ခ်ည္းပဲ...ပံုရိပ္ကဆရာ့လိုကံမဆိုးႏိုင္ပါဘူး....အဖြားျဖစ္သူကလည္းခ်စ္လို႔၊ေတြ့ခ်င္လြန္းလို႔ေခၚေနသလို...ဒီဘက္ကအေဒၚကလည္းခ်စ္တာပဲ...ေရရွည္အတြက္ ေတြးၿပီးဆံုးျဖတ္ေပါ့..."
"ဟင္း...ဆရာ့ကိုေမးကာမွ ပိုရႈပ္လာၿပီ....ဆရာပဲေျပာခဲ့ၿပီးေတာ့ အခြင့္အေရးဆိုတာေနထြက္သလိုပဲ ေစာင့္ဆိုင္းလြန္းရင္ လႊတ္ထြက္သြားမွာပဲဆို...."
"အဲ့ဒါဆရာ့စကားမွမဟုတ္တာ..ဝီလီယမ္အာသာရဲ့စကားေလ..."
"ဘယ္လိုပဲျဖစ္ျဖစ္...သမီးကိုေတာ့ဆရာေျပာခဲ့တာပဲ..."
သူစိတ္ၾကည္လာေတာ့ အျငင္းအခုန္ေတြေတာင္လုပ္လာသည္။ေနမ်ိဳးလည္း ခပ္ယဲ့ယဲ့ႃပံုးလိုက္ၿပီး ပံုရိပ္ေလးကို ၾကၫ့္လိုက္သည္။
"ဆရာက...တိက်တဲ့အေျဖတစ္ခုကိုေပးလိုက္ရင္...
ပံုရိပ္ကအဲ့ဒီ့အတိုင္းလိုက္လုပ္မွာေပါ့...တကယ္လို႔တစ္ေန့ေန့မွာ ပံုရိပ္ဒုကၡေရာက္တဲ့အခါဆရာ့ကိုအျပစ္တင္ဖို႔ ဦးဆံုးေတြးမိလိမ့္မယ္...အဲ့လိုေတာ့ဆရာအျဖစ္မခံႏိုင္ဘူး....တကယ့္တကယ္ကဒုကၡေရာက္လာရင္လည္း ကိုယ္ဘဲခံရမွာ...
သုခဆိုလည္း ကိုဘဲစံစားရမွာမဟုတ္ဘူးလား...
ဆရာကပံုရိပ္ကိုႏွစ္သိမ့္မႈပဲေပးႏိုင္မွာေလ...
အစား၀င္ခံလို႔မွမရတာ....အဲ့ေတာ့ကိုယ္ေလ်ွာက္ရမဲ့လမ္းကိုကိုယ္တိုင္ဆံုးျဖတ္ပါ...ၿပီးရင္ေတာ့ေနာင္တမရနဲ႔..."
"ဆရာေျပာတာလည္းမွန္တာပဲ....ကဲပါဆရာရယ္...
သမီးေၾကာင့္ဆရာလည္း စိတ္ညစ္ေနရၿပီ....
သမီးတို႔ေဆးခန္းကိုသာသြားၾကရေအာင္...."
"ဟမ္...ဘာလုပ္ဖို႔လည္း...."
"ဆရာ့ကိုေဆးခန္းျပရေအာင္...ေနမေကာင္းျဖစ္ေနတာကိုကပ္ေစးနဲမေနပါနဲ႔....ဒီေနရာမွာေတာ့...
ဆရာ့အစားသမီးကဆံုးျဖတ္ေပးမယ္...."
"ေဟာဗ်ာ...."
ဆရာမႀကီးက ဒီတစ္ခါေတာ့သူ႔ကိုဆရာျပန္လုပ္ေနေလသည္။မွန္ပါတယ္။ေဆးဖိုးဝါးခကုန္မည္စိုး၍ ကိုယ့္ဘာသာၿငိမ္ေနမိရာမွ ပံုရိပ္အတင္းဆဲြေခၚ၍ေဆးခန္းသို႔သြားခဲ့ရသည္။ဘ၀မွာ ကေလးမေလးတစ္ေယာက္၏ စီမံအမိန႔္ေပးမႈကို နာခံရတာဒါပထမဆံုးပင္ျဖစ္သည္။ဘယ္လိုပဲျဖစ္ျဖစ္ ပံုရိပ္ေလးမႏၲေလးကို သြားမည္ဆိုပါက ကိုယ္လည္း
အစဦးေတာ့ သတိရေနမွာေသခ်ာသည္။
(ဆရာတပၫ့္ႏွစ္ေယာက္ကေတာ့ ၾကည္ႏူးဆရာေလး)
No comments:
Post a Comment