(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး🔥(အခန်း၂၇)ပထမပိုင်း
ကျယ်၀န်းသော အဖြူရောင်သုံးထပ်တိုက်ကြီးထဲသို့ အန်တီညိုနှင့်အတူမွေးနေ့ရှင်လေး ယမင်းတို့၀င်လာကြလေသည်။ယမင်းကတော့ အန်တီညို၏စိတ်ကိုသိ၍ စကားတစ်ခွန်းမှမပြောပဲ တိတ်တိတ်ကလေးနေ၍ နှုတ်ဆိတ်နေရသည်။အန်တီညိုကတော့ ဧည့်ခန်းထဲသို့ရောက်သည်နှင့်
လက်ကိုင်အိတ်ကို ခုံပေါ်သို့ပစ်တင်လိုက်ပြီး မြည်တွန်တောက်တီး၍ မဆုံးရှိနေတော့သည်။မောင်၏အိမ်တွင် အစစအရာရာကြီးကြပ်လုပ်ကိုင်ပေးရသောသူဖြစ်၍ အပျိုကြီးပီပီဇီဇာကြောင်တတ်ကာ အကြောင်းအရာတစ်ခုကိုအပြစ်ဆိုလျှင်လည်း သိကြားမင်းဆင်းတာတာတောင် တိတ်မည်မထင်ပေ။
"ကိုထက်...ကိုထက်...တော်တော်မိုက်တွင်းနက်တဲ့ဟာလေး...လူကြီးတွေကသိလို့တားရင်...ဒင်းတို့ကဘယ်တော့မှနောက်မဆုတ်ဘူး...ငါကဒါဆိုရင်သူကဟိုဟာလုပ်တယ်....မျက်တောင်မွှေးတဆုံးပဲကြည့်ပြီးမိုက်တွင်းနက်ချင်နေတဲ့ကောင်ကို သူ့အဖေနဲ့ပြန်လာရင်တိုင်ပြောပစ်မယ်...ဒီအိမ်မှာငါကအလကားလူပိုကြီးလေ...ဒင်းတို့ကအဖေကိုပဲကြောက်တယ်....ဟိုကတစ်ချက်ဟောက်လိုက်တာနဲ့ နေစရာနေရာကိုမရှိတော့ဘူး....ငါပြောရင်
ဘယ်ဘက်နားက၀င်ပြီး ညာဘက်နားကနေထွက်တယ်...
ဒီရုံမြင်လို့ ဒီချုံထွင်နေတာကို ဒင်းကဘုရားလောက်နီးနီးတန်ဖိုးထားနေတယ်...ခွေးကျကျမှမှတ်မှာ...."
"ဒေါ်လေးရယ်...အခုလည်းကိုထက်ကဘာလုပ်နေလို့လည်း....ပုံရိပ်ကိုအိမ်အထိကားနဲ့လိုက်ပို့ပေးရုံပဲဥစ္စာ...ဘာတွေများပွန်းပဲ့သွားလို့လဲ...
ယမင်းရဲ့မွေးနေ့ကို ပုံရိပ်ကလိုက်ပေးလို့တောင် ကျေးဇူးတင်ရမှာကို...
ဒေါ်လေးလုပ်ပုံကအားနာစရာသိပ်ကောင်းတယ်...
တကယ်...အပျော်ကနေအပျက်ဖြစ်ကုန်ပြီ..."
"ဟဲ့....ဘာကိုကျေးဇူးတင်ရမှာလည်း...ငါတို့ကားနဲ့ငါတို့သွားတာလေ...လမ်းမှာစားစရိတ်ကလည်း
ငါတို့ခံရတာ...သူကဘယ်နှစ်ပြားလာစိုက်လို့လဲ....
ဟင်းကောင်းကျွေးကောင်းတောင်အလကားစားလိုက်ရလို့...ညည်းတို့ကိုတောင်ကျေးဇူးတင်နေအုံးမှာ...၀တ်တာစားတာကလည်း စုတ်ပြတ်နေတာပဲ...
ညည်းမို့လို့အဲ့ကောင်မလက်ကို ချိတ်ချိတ်ပြီးသွားတယ်...အရေအရောင်က..တို့အိမ်ကအိမ်ဖော်လောက်တောင်မပြောင်ဘူး....အပေါင်းအသင်းဆိုတာလည်း ကြည့်ပေါင်းတတ်ရတယ်ဟဲ့....
ကိုယ်နဲ့အဆင့်တူတဲ့လူကိုပေါင်းမှပေါ့....
နင်တို့ကိုဟိုကငှက်ပျောသီးအရည်ခွံနွာသလို
နွာသွားလိမ့်မယ်သိရဲ့လား....."
"တော်ပါတော့ဒေါ်လေးရယ်....သူများသားသမီးကိုချိုးဖဲ့လိုက်တာလည်းလွန်ရော....."
ယမင်းအဖို့ ပုံရိပ်ကိုတကယ်ပဲအားနာလွန်း၍
မျက်နှာတွေပူမိသည်။လမ်းမှာလည်းကြုံရင်ကြုံသလို ချိုးချိုးဖဲ့ဖဲ့စကားတွေပြောလာလိုက်တာ
ကိုထက်ကလည်းအားနာပြီး ပုံရိပ်နားကိုသိပ်မကပ်ရဲတော့ဘူး။ဒါကြောင့် ယမင်းကပဲပုံရိပ်ကို မွေးနေ့ရှင်ပီပီ ဘယ်နေရာရောက်ရောက်လက်ချိတ်ပြီး သူငယ်ချင်းနှစ်ယောက်အတိုင်အဖောက်ညီညီနေမိကြတယ်။ထမင်းဆိုင်မှာ ထမင်း၀င်စားတော့လည်း ပုံရိပ်မှာ ဟင်းကိုနှစ်ခါမနှိုက်ရဲဘူး။
အန်တီညိုကို သူ့ခမျာကြည့်ရသေးတယ်။မွေးနေ့ကို လှိုက်လှိုက်လှဲလှဲဖိတ်မိတာက ကိုယ်ဖြစ်ပြီး ပြန်ပြီးတင်စီးချိုးနှိမ်တာလည်း ကိုယ်ဖြစ်နေရတယ်။
ပုံရိပ်ဟာတော်ရုံ အဲ့လိုသည်းခံတတ်တာမဟုတ်ပဲ စိတ်မြန်လက်မြန်ဆိုတာ ယမင်းသိပ်သိတာပေါ့။
ယမင်းရဲ့မွေးနေမို့လို့သာ သူငြိမ်နေပေးတာ။
ဒါကို အန်တီညိုကမသိပဲ သူ့တူနဲ့သမုတ်လို့သမုတ်။စောင်းမြောင်းပြောဆိုလို့လည်းမဆုံးနိုင်ဘူး။
အခုလည်းအဖေနဲ့ပါ တိုင်အုံးမယ်တဲ့။
ပုံရိပ်ရော ကိုထက်ရောကဘာအပြစ်မှ လုပ်ထားကြတာလည်းမဟုတ်ပဲ အန်တီညိုဟာကိုယ့်အပူကိုယ် သိပ်ရှာနိုင်လွန်းတယ်။
အခုလည်းပုံရိပ်ကအတင်းငြင်းဆန်ပေမဲ့
ကိုထက်က အိမ်အထိလိုက်ပို့ပေးပါရစေဆိုပြီး အတင်းပြောရတယ်။ယမင်းတို့ကကိုယ့်အိမ်ရှေ့မှာဆင်းခဲ့ပြီး ကိုထက်ကပုံရိပ်ကိုအိမ်အထိ လိုက်ပို့ပေးနေတာကို နောက်မှာပြောလို့ကိုမဆုံးတော့ဘူး။
သူ့တူကိုအတင်းကြီးလည်းသူမပြောရဲဘူး။
ကိုထက်ဆိုတာ စာကြိုးစားပြီး လိမ္မာတယ်ထင်ရပေမဲ့။
တကယ်ဂျစ်တိုက်ရင် အဆုံးထိလုပ်တတ်တဲ့လူ။
အပေါ်ယံကြည့်တော့သာ မိန်းမဆန်သလိုလို၊
ပျော့တိပျော့ဖက်လိုလိုဆိုပေမဲ့ သူစိတ်ကောက်၊စိတ်ဆိုးရင်တစ်လကိုးသီတင်းပဲ။အမှတ်အတေးသိပ်ကြီးတဲ့လူ။ ပျော်ပျော်နေတတ်တာလည်း
သူ့အပြင်မရှိသလို တကယ်ဒေါသထွက်ရင်လည်း
တော်ရုံအပြင်ကိုထုတ်မပြတတ်ပေမဲ့ စိတ်ထဲမှအရမ်းမှတ်တေးထားတတ်တဲ့လူ။
"ဒီမှာယမင်း...နောက်တစ်ခါအဲ့ဒီပုံရိပ်ဆိုတဲ့ကောင်မလေးနဲ့ ထပ်ပြီးမပတ်သတ်နဲ့တော့...
မိဘတွေမရှိတော့လို့ အဒေါ်နဲ့နေရသတဲ့..
မိဘအုပ်ထိန်းမှုမရှိပဲ ကြီးပြင်းလာရရင်...
အကျင့်စာရိတ္တတွေကလည်းပျက်ပြားနေမှာပဲ.…နေပါစေအုံး...ကိုထက်လာရင်လည်းငါပြောပစ်မယ်....နင်တို့အဖေကလည်းဒါတွေကိုအထူးတလည်စိတ်၀င်စားနေမှာမဟုတ်ဘူး....အပေါင်းအသင်းဖြတ်လို့ဘ၀ပျက်သွားရတဲ့လူတွေမှတစ်ပုံကြီးပဲ
...အဲ့ဒီ့ပုံရိပ်ကိုကြည့်ရတာ...၀တ်ပုံစားပုံနွမ်းပေမဲ့.…ရုပ်ပြပြီးရှုပ်ချင်ချင်ပဲနေမှာ....တော်ကြာညည်းပါအကျင့်တွေကူးကုန်မယ်.…."
"ဒေါ်လေးပြောပုံကြီးကလည်း မဟုတ်သေးပါဘူး..
မသိရင်ပုံရိပ်ကပဲပျက်စီးနေသလိုလိုနဲ့...
မိဘမရှိတိုင်းပျက်စီးကြေးဆိုရင်...မိဘမဲ့ဂေဟာကကလေးတွေဘယ်လိုလုပ်ပါ့မလဲ...ပြီးတော့ယမင်းလည်းမိဘတွေဆုံးသွားခဲ့ပြီ.…ဖေဖေကလည်းယမင်းတို့ကိုကြည့်တာမှမဟုတ်ပဲ...သူများကိုကိုယ့်စိတ်ထင်တိုင်းမပြောပါနဲ့ဒေါ်လေးရယ်....."
"အမယ်လေး...ကြားလို့မှကောင်းကြသေးရဲ့လား...
မိယမင်း...ညည်းကငါ့ကိုတစ်ခွန်းမကျန်ပြန်ပြောနေပါလားဟေ....နှလုံးရောဂါသည်မို့လို့ပဲ...ဒီနေရာမျိုးတော့သွက်တယ်နော်...သူကနင့်မိထွေးမို့လိုက်ကာနေတာလား...."
"ဟာ...ဒေါ်လေးရယ်...မဟုတ်တာတွေ...."
"အေး...မဟုတ်ဘူးဆိုရင်...ငါပြောတာကိုပဲနာခံ...
ညည်းတို့ကညည်းတို့အဖေမရှိလည်း ငါ့ကကြက်မကြီးလိုလိုက်အုပ်နေတာလေ ..မဟုတ်ရင်တိုက်ပေါ်မှာနေပြီးထမင်းတောင်နပ်မှန်အောင်စားရမှာမဟုတ်ဘူး....တို့ကအမှန်တွေကိုပြောနေတာ...ဘာလဲ
...ညည်းက...ကိုထက်ကိုအဲ့လို့အတန်းအစားနဲ့
ငြိသွားမှာ သိပ်လိုလားနေတာလား....."
ကဲ....ပြောချင်တာပြောတော့ဒေါ်လေးရေ...စိတ်တွေလည်းညစ်ပါတယ်....ဘယ်လိုရှင်းပြပြ ..ဒီနေရာပဲပြန်ရောက်လာတယ်...သူအမှန်ကြီးပဲ...."
နောက်ဆုံးဘယ်လိုမှမနိုင်တော့၍ ယမင်းကပဲအရှုံးပေးလိုက်ရလေသည်။
နှလုံးရောဂါသည်သမားကသူ့ကို လက်မြှောက်အရှုံးပေးလိုက်ရသည်။မှန်တာတော့မှန်ပါသည်။မေမေဆုံးပြီးတည်းက အဖေကလည်းနောက်အိမ်ထောင်ပြုချင်စိတ်မရှိတာနဲ့ သူ့အစ်မအပျိုကြီး အန်တီညိုကိုအိမ်မှာ ထိန်းသိမ်းစောင့်ရှောက်ဖို့ ခေါ်ထားလိုက်ခြင်းဖြစ်သည်။
ဖေဖေကတော့ စီးပွားရေးကိုပဲ အာရုံစိုက်ပြီး ခရီးတွေထွက်ရ၍ အိမ်ကိုတောင်သိပ်မကပ်နိုင်ပေ။
ထို့ကြောင့် အန်တီညိုကပဲ အစစအရာရာဖြည့်ဆည်းပြီး ကြည့်ရှုပေးသည်။ဒီလိုကျေးဇူးတွေများနေလို့လည်း ယမင်းတို့ကအန်တီညို့ကို အနည်းငယ်ကြောက်ရသည်။ကိုယ့်အဒေါ်ဆိုတော့ ချစ်လည်းချစ်သည်။သို့ပေမဲ့ အန်တီညို၏အဆင့်အတန်းခွဲခြားလွန်းသော စရိုက်ကိုတော့မကြိုက်ပေ။
"ညည်းကိုပြောရတာမောလိုက်တာဟယ်....
ကိုထက်ကလည်းလိုက်ပို့တာ အပြီးများနေလိုက်ပြီလားမသိဘူး..ကြာလိုက်တာ...ဟင်း....
ခင်ဆင့်ရေ!!!!....ဒီကောင်မလေးကလည်းတစ်မှောင့်
....အိမ်ဖော်လုပ်နေပြီး...အပြင်ကပြန်လာတဲ့လူကို ရေအေးချရမှန်းမသိ...ရေနွေးကမ်းရမှန်မသိနဲ့....
ခင်ဆင့်ရေ....ဟေ့....သေများသွားပြီလား....
ဒီမှာသံပုရာရေလာချပေးအုံးလေ..."
"ရှင်....ဟုတ်ကဲ့ပါ...အန်တီညို...."
"ပြောလိုက်ရင်တော့ ပုတ်သင်ညိုကအမေခေါ်ရလောက်တယ်...လုပ်ရင်တလွဲ....ဟင်း...ဒီအိမ်မှာကအကုန်လွဲနေကြတာပါလေ..."
အန်တီညိုလည်း ကိုထက်စိတ်ကြောင့်အကုန်လုံးကိုပတ်ရမ်းနေလေတော့သည်။ယမင်းကတော့ အအေးသောက်ပြီးသည်နှင့်အနားယူဖို့ပဲ ကြိုးစားတော့မည်ဟုတွေးလိုက်သည်။
"ဘာတွေလွဲနေတာလည်း...မညိုရဲ့....."
"ဟင်...ယဉ်တင့်ပါလား...."
အိမ်အပေါ်ထပ်မှနေ၍ ဧည့်ခန်းထဲသို့ဆင်းလာသော ဒေါ်ယဉ်တင့်ကြောင့် ဒေါ်ညိုတစ်ယောက် ပြာပြာသလဲဖြစ်သွားရသည်။ထိုနေရာမှချက်ခြင်းထရပ်လိုက်ပြီး ဒေါ်ယဉ်တင့်ကိုလက်ကမ်း၍ကြိုကာ ထိုင်ခုံမှာထိုင်စေလိုက်သည်။အင်ဒိုနီးရှားပါတိတ်ကိုရိုးရိုးယဉ်ယဉ်ပုံစံသာချုပ်၀တ်ထားပြီး လည်ပင်း
အဟိုက်နေရာတွင်တော့ မြရောင်တဖြတ်ဖြတ်တောက်နေသော ဆွဲကြိုးတစ်ကုံးကို၀တ်ဆင်ထား လေသည်။ကိုယ်လုံးကိုယ်ပေါက်ဖြောင့်ဖြောင့်နှင့်ဖြစ်ပြီးရုပ်ရည်ကလည်း ကျက်သရေရှိသည်မို့
တစ်ချက်ကြည့်လိုက်တာနှင့် ဂုဏ်မြင့်သောမိသားစုမှအမျိုးသမီးမှန်းသိသာစေသည်။
"ပြောစမ်းပါအုံးတင့်တင့်ရယ်...ဘယ်တုန်းတည်းကရောက်နေတာလည်း....မကြာသေးပါဘူး...ကိုဇေယျမင်းကိုဖုန်းဆက်ထားတယ်လေ...အိမ်ကကားကိုတော့ယူမလာတော့ဘူး...မနက်စောစောပဲ...
ကားဂိတ်ကနေထွက်လာလိုက်တာ ..ကျွန်မဒီကိုရောက်တော့...မညိုကလည်းဘုရားဖူးသွားတယ်ဆိုတာနဲ့...အပေါ်ထက်မှာခဏတက်နားနေတာ...
မညိုပြန်ရောက်တော့ဆူသံကြားလို့ဆင်းလာခဲ့တာ..."
"ဟော...တို့တောင်းပန်ပါတယ်ယဉ်တင့်ရယ်...
မင်းကိုစိတ်အနှောက်အယှက်ဖြစ်စေမိပြီ...ဒီမှာလေတူတော်မောင်...ကိုထက်ပေါ့...မသွားပါနဲ့ဆိုတာကိုအတင်းသွားလို့ဒေါပွနေတာ...."
"ဟုတ်လား....ကိုထက်ကဘယ်ကိုသွားလို့လည်း..."
အန်တီတင့်ကပါမေးလာသောအခါ ယမင်းလည်း
မနေသာတော့ပြီ။အန်တိညိုကတော့တွေ့သမျှ
လူတိုင်းကို ပုံရိပ်၏မကောင်းကြောင်းတွေ့လှည့်ပြောပြစ်မှာသေချာသည်။ယမင်းအတွက်ဘုရားလေးတစ်ခါလိုက်မိပါတယ်။သူ့ခမျာ နာမည်ပျက်ရတာနဲ့မတန်ဘူးဖြစ်နေရင်တော့ ယမင်းလည်းမျက်နှာပြရဲမှာမဟုတ်တော့ဘူး။
"ဒီလိုပါ...အန်တီတင့်ရယ်...ဒီနေ့ကယမင်းရဲ့မွေးနေ့လေ...ဒါကြောင့်ယမင်းရဲ့သူငယ်ချင်းတစ်ယောက်ကိုပါခေါ်ပြီး...ကိုထက်ရယ်...အန်တီညိုရယ်နဲ့အတူ...ဘုရားကိုသွားကြတာ..အဲ့ဒါကိုပုံရိပ်လိုက်လာလို့ဆိုပြီး...အန်တီညိုကမကျေမနပ်တွေဖြစ်ပြီး....လျှောက်ပြောနေတာ...."
"ဟဲ့...ယမင်း....ညည်းကမျက်နှာသာပေးလို့ရောင့်တက်နေတာပေါ့...ဟုတ်လား....ငါကအမှန်တွေကိုပြောနေတာလေ...ဘာတွေလီဆယ်နေလို့လည်း...နောက်နောင်အဲ့ဒီ့ကောင်မလေးနဲ့
ပေါင်းတယ်ကြားရင်....ညည်းနဲ့ငါတွေ့မယ်...."
"နေ...နေပါအုံး....မညိုရယ်....ခုဏကယမင်းရဲ့သူငယ်ချင်းနာမည်ကဘယ်သူ...."
ဒေါ်ယဉ်တင့်၏ အေးချမ်းငြိမ်သက်နေသောမျက်နှာသည် ချက်ချင်းလှိုင်းထသွားသကဲ့သို့ ပုံစံဖြင့်
မေးလာသောအခါ ယမင်းနှင့်ဒေါ်ညိုသည်လည်းအံ့ဩသွားရသည်။ဒေါ်ယဉ်တင့်၏မျက်လုံးများကတော့ တစ်စထက်တစ်စအရောင်တောက်လာကာ သိချင်စိတ်များပြင်းပြလာပြီး မျက်လုံးလေးတွေကပါ ၀မ်းနည်းရိပ်သန်းလျှက် ဒေါ်ညို၏လက်မောင်းကိုလှုပ်လျှက်မေးလေသည်။ဒေါ်ညိုသည်လည်း ခဏတာလောက်ကြောင်အမ်းအမ်းဖြစ်သွားလေသည်။
ဒီလိုအောက်ခြေဇနပုဒ်ကကောင်မလေးရဲ့နာမည်ကို ယဉ်တင့်တို့လို အထက်တန်းစားတွေကဘာကြောင့်သိချင်နေရသလဲဟူသော အတွေးတို့ရှုပ်သွားစေသည်။
သို့ပေမဲ့ ဒေါ်ညိုမပြောနိုင်ခင်မှာပဲ ယမင်းကလု၍၀င်ပြောလေသည်။
"ပုံရိပ်ပါအန်တီတင့်....အခုကိုထက်ကပုံရိပ်ကို
အိမ်ကကားနဲ့ ပြန်ပို့ပေးနေတာပါ...အန်တီတင့်က
ပုံရိပ်ကိုသိလို့လား...."
"ယမင်း....အဲ့ဒီ့ပုံရိပ်ဆိုတာ....သူ့အဒေါ်နဲ့နေနေတာမဟုတ်လား...."
"ရှင်....ဟုတ်...ဟုတ်ပါတယ်...အန်တီတင့်ကဘယ်လိုသိတာလဲဟင်...."
"တင့်တင့်ကိုကြည့်ရတာ...အရမ်းစိတ်လှုပ်ရှားနေသလိုပဲ..အဲ့ဒီ့ကောင်မလေးကတင့်တင့်တို့နဲ့ဘယ်လိုပတ်သတ်လို့လည်း...."
"တင့်တင့်နဲ့ပတ်သတ်တာမဟုတ်ဘူး...
မေညိုနဲ့ပတ်သတ်တာ...အဲ့ဒီ့ပုံရိပ်ဆိုတာကကိုမိုးရိပ်ရဲ့သမီး...ဒေါ်ရိပ်ညိုရဲ့မြေးအငယ်ဆုံးပဲ....."
"ဟယ်.....ဘယ်လိုတွေဖြစ်ကုန်တာတုန်း....."
ဒေါ်ခက်ညိုတစ်ယောက်က ဆယ်ပေါင်တူဖြင့်ခေါင်းကိုအထုခံလိုက်ရသကဲ့သို့ သူ့မ္ဘာကြီးချာချာလည်သွားလေသည်။
အခုတော့မျက်တောင်မွေးတဆုံးကို ကြည့်မိသောသူမှာမိမိဖြစ်နေလေပြီ။
မန္တလေး၏အချမ်းသာဆုံးစားရင်း၀င်သော
ဒေါ်ရိပ်ညို၏မြေးအငယ်ဆုံးဆိုသောစကားတွေသာ သူ့နားထဲတွင်သံပတ်ပေးသကဲ့သို့ တတူတူဖြစ်နေသည်။
လောကကြီးများဆန်းကျယ်လိုက်တာ
ဒီကနေ့ပဲ အနေစုတ်လွန်းသည့်ထိုကောင်မလေးကို မတူမတန်တွေပြောဆိုပြုမူလာလိုက်တာ နေ့တောင်မကူးပဲ၀ဋ်လည်လေပြီ။ဘယ်မှာများ ဂုဏ်နိမ့်လို့လဲ။ဒေါ်ရိပ်ညိုဆိုတာ ကိုယ်တွေထက်ဆယ်ဆလောက်ချမ်းသာသည်။သူတို့၏ များပြားလှသောလုပ်ငန်းတွေထဲက လုပ်ငန်းတစ်ခုမှာတောင်ကိုယ့်မောင်ကရှယ်ရာ၀င်ထားသေးသည်။
ပုံရိပ်ဟာ ဒေါ်ရိပ်ညို၏မြေးတဲ့။အခြားသူလာပြောလျှင်တောင် ယုံနိုင်မည်မထင်ပေ။ယခုတော့
ယဉ်တင့်ကိုယ်တိုင်ပြောနေ၍ ယုံရတော့ပေမည်။
အ၀တ်အစားစုတ်စုတ်နွမ်းနွမ်းဖြင့် စင်ကြယ်ဖိနပ်လေးကို စီးထာသည့်ကောင်မလေးသည်
ကိုယ်ကအမြဲတစောင်းမဲမဲကြည့်နေတတ်၍ ဟင်းပွဲတွေကိုတောင်လက်မနှိုက်ရဲရှာဘူး။
အို...အခုတော့ ဟိုကရှင်ဘုရင့်သားသမီးအဆင့်ဖြစ်ပြီး ကိုယ်ကနို့ထိန်းသာသာအဆင့်ဖြစ်နေသည်။
🔥ဆူးကြိုး...🔥အခန်း(၂၇)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
🌹🌹🌹🌹🌹🌹🌹🌹
=========================================================================
🔥ဆူးႀကိဳး🔥(အခန္း၂၇)ပထမပိုင္း
က်ယ္၀န္းေသာ အျဖဴေရာင္သံုးထပ္တိုက္ႀကီးထဲသို႔ အန္တီညိုႏွင့္အတူေမြးေန့ရွင္ေလး ယမင္းတို႔၀င္လာၾကေလသည္။ယမင္းကေတာ့ အန္တီညို၏စိတ္ကိုသိ၍ စကားတစ္ခြန္းမွမေျပာပဲ တိတ္တိတ္ကေလးေန၍ ႏႈတ္ဆိတ္ေနရသည္။အန္တီညိုကေတာ့ ဧၫ့္ခန္းထဲသို႔ေရာက္သည္ႏွင့္
လက္ကိုင္အိတ္ကို ခံုေပၚသို႔ပစ္တင္လိုက္ၿပီး ျမည္တြန္ေတာက္တီး၍ မဆံုးရိွေနေတာ့သည္။ေမာင္၏အိမ္တြင္ အစစအရာရာႀကီးၾကပ္လုပ္ကိုင္ေပးရေသာသူျဖစ္၍ အပ်ိဳႀကီးပီပီဇီဇာေၾကာင္တတ္ကာ အေၾကာင္းအရာတစ္ခုကိုအျပစ္ဆိုလ်ွင္လည္း သိၾကားမင္းဆင္းတာတာေတာင္ တိတ္မည္မထင္ေပ။
"ကိုထက္...ကိုထက္...ေတာ္ေတာ္မိုက္တြင္းနက္တဲ့ဟာေလး...လူႀကီးေတြကသိလို႔တားရင္...ဒင္းတို႔ကဘယ္ေတာ့မွေနာက္မဆုတ္ဘူး...ငါကဒါဆိုရင္သူကဟိုဟာလုပ္တယ္....မ်က္ေတာင္ေမႊးတဆံုးပဲၾကၫ့္ၿပီးမိုက္တြင္းနက္ခ်င္ေနတဲ့ေကာင္ကို သူ႔အေဖနဲ႔ျပန္လာရင္တိုင္ေျပာပစ္မယ္...ဒီအိမ္မွာငါကအလကားလူပိုႀကီးေလ...ဒင္းတို႔ကအေဖကိုပဲေၾကာက္တယ္....ဟိုကတစ္ခ်က္ေဟာက္လိုက္တာနဲ႔ ေနစရာေနရာကိုမရိွေတာ့ဘူး....ငါေျပာရင္
ဘယ္ဘက္နားက၀င္ၿပီး ညာဘက္နားကေနထြက္တယ္...
ဒီရံုျမင္လို႔ ဒီခ်ဳံထြင္ေနတာကို ဒင္းကဘုရားေလာက္နီးနီးတန္ဖိုးထားေနတယ္...ေခြးက်က်မွမွတ္မွာ...."
"ေဒၚေလးရယ္...အခုလည္းကိုထက္ကဘာလုပ္ေနလို႔လည္း....ပံုရိပ္ကိုအိမ္အထိကားနဲ႔လိုက္ပို႔ေပးရံုပဲဥစၥာ...ဘာေတြမ်ားပြန္းပဲ့သြားလို႔လဲ...
ယမင္းရဲ့ေမြးေန့ကို ပံုရိပ္ကလိုက္ေပးလို႔ေတာင္ ေက်းဇူးတင္ရမွာကို...
ေဒၚေလးလုပ္ပံုကအားနာစရာသိပ္ေကာင္းတယ္...
တကယ္...အေပ်ာ္ကေနအပ်က္ျဖစ္ကုန္ၿပီ..."
"ဟဲ့....ဘာကိုေက်းဇူးတင္ရမွာလည္း...ငါတို႔ကားနဲ႔ငါတို႔သြားတာေလ...လမ္းမွာစားစရိတ္ကလည္း
ငါတို႔ခံရတာ...သူကဘယ္ႏွစ္ျပားလာစိုက္လို႔လဲ....
ဟင္းေကာင္းကၽြေးေကာင္းေတာင္အလကားစားလိုက္ရလို႔...ညည္းတို႔ကိုေတာင္ေက်းဇူးတင္ေနအံုးမွာ...၀တ္တာစားတာကလည္း စုတ္ျပတ္ေနတာပဲ...
ညည္းမို႔လို႔အဲ့ေကာင္မလက္ကို ခ်ိတ္ခ်ိတ္ၿပီးသြားတယ္...အေရအေရာင္က..တို႔အိမ္ကအိမ္ေဖာ္ေလာက္ေတာင္မေျပာင္ဘူး....အေပါင္းအသင္းဆိုတာလည္း ၾကၫ့္ေပါင္းတတ္ရတယ္ဟဲ့....
ကိုယ္နဲ႔အဆင့္တူတဲ့လူကိုေပါင္းမွေပါ့....
နင္တို႔ကိုဟိုကငွက္ေပ်ာသီးအရည္ခြံႏြာသလို
ႏြာသြားလိမ့္မယ္သိရဲ့လား....."
"ေတာ္ပါေတာ့ေဒၚေလးရယ္....သူမ်ားသားသမီးကိုခ်ိဳးဖဲ့လိုက္တာလည္းလြန္ေရာ....."
ယမင္းအဖို႔ ပံုရိပ္ကိုတကယ္ပဲအားနာလြန္း၍
မ်က္ႏွာေတြပူမိသည္။လမ္းမွာလည္းႄကံုရင္ႄကံုသလို ခ်ိဳးခ်ိဳးဖဲ့ဖဲ့စကားေတြေျပာလာလိုက္တာ
ကိုထက္ကလည္းအားနာၿပီး ပံုရိပ္နားကိုသိပ္မကပ္ရဲေတာ့ဘူး။ဒါေၾကာင့္ ယမင္းကပဲပံုရိပ္ကို ေမြးေန့ရွင္ပီပီ ဘယ္ေနရာေရာက္ေရာက္လက္ခ်ိတ္ၿပီး သူငယ္ခ်င္းႏွစ္ေယာက္အတိုင္အေဖာက္ညီညီေနမိၾကတယ္။ထမင္းဆိုင္မွာ ထမင္း၀င္စားေတာ့လည္း ပံုရိပ္မွာ ဟင္းကိုႏွစ္ခါမႏိႈက္ရဲဘူး။
အန္တီညိုကို သူ႔ခမ်ာၾကၫ့္ရေသးတယ္။ေမြးေန့ကို လိႈက္လိႈက္လွဲလွဲဖိတ္မိတာက ကိုယ္ျဖစ္ၿပီး ျပန္ၿပီးတင္စီးခ်ိဳးႏိွမ္တာလည္း ကိုယ္ျဖစ္ေနရတယ္။
ပံုရိပ္ဟာေတာ္ရံု အဲ့လိုသည္းခံတတ္တာမဟုတ္ပဲ စိတ္ျမန္လက္ျမန္ဆိုတာ ယမင္းသိပ္သိတာေပါ့။
ယမင္းရဲ့ေမြးေနမို႔လို႔သာ သူၿငိမ္ေနေပးတာ။
ဒါကို အန္တီညိုကမသိပဲ သူ႔တူနဲ႔သမုတ္လို႔သမုတ္။ေစာင္းေျမာင္းေျပာဆိုလို႔လည္းမဆံုးႏိုင္ဘူး။
အခုလည္းအေဖနဲ႔ပါ တိုင္အံုးမယ္တဲ့။
ပံုရိပ္ေရာ ကိုထက္ေရာကဘာအျပစ္မွ လုပ္ထားၾကတာလည္းမဟုတ္ပဲ အန္တီညိုဟာကိုယ့္အပူကိုယ္ သိပ္ရွာႏိုင္လြန္းတယ္။
အခုလည္းပံုရိပ္ကအတင္းျငင္းဆန္ေပမဲ့
ကိုထက္က အိမ္အထိလိုက္ပို႔ေပးပါရေစဆိုၿပီး အတင္းေျပာရတယ္။ယမင္းတို႔ကကိုယ့္အိမ္ေရ႔ွမွာဆင္းခဲ့ၿပီး ကိုထက္ကပံုရိပ္ကိုအိမ္အထိ လိုက္ပို႔ေပးေနတာကို ေနာက္မွာေျပာလို႔ကိုမဆံုးေတာ့ဘူး။
သူ႔တူကိုအတင္းႀကီးလည္းသူမေျပာရဲဘူး။
ကိုထက္ဆိုတာ စာႀကိဳးစားၿပီး လိမၼာတယ္ထင္ရေပမဲ့။
တကယ္ဂ်စ္တိုက္ရင္ အဆံုးထိလုပ္တတ္တဲ့လူ။
အေပၚယံၾကၫ့္ေတာ့သာ မိန္းမဆန္သလိုလို၊
ေပ်ာ့တိေပ်ာ့ဖက္လိုလိုဆိုေပမဲ့ သူစိတ္ေကာက္၊စိတ္ဆိုးရင္တစ္လကိုးသီတင္းပဲ။အမွတ္အေတးသိပ္ႀကီးတဲ့လူ။ ေပ်ာ္ေပ်ာ္ေနတတ္တာလည္း
သူ႔အျပင္မရိွသလို တကယ္ေဒါသထြက္ရင္လည္း
ေတာ္ရံုအျပင္ကိုထုတ္မျပတတ္ေပမဲ့ စိတ္ထဲမွအရမ္းမွတ္ေတးထားတတ္တဲ့လူ။
"ဒီမွာယမင္း...ေနာက္တစ္ခါအဲ့ဒီပံုရိပ္ဆိုတဲ့ေကာင္မေလးနဲ႔ ထပ္ၿပီးမပတ္သတ္နဲ႔ေတာ့...
မိဘေတြမရိွေတာ့လို႔ အေဒၚနဲ႔ေနရသတဲ့..
မိဘအုပ္ထိန္းမႈမရိွပဲ ႀကီးျပင္းလာရရင္...
အက်င့္စာရိတၲေတြကလည္းပ်က္ျပားေနမွာပဲ.…ေနပါေစအံုး...ကိုထက္လာရင္လည္းငါေျပာပစ္မယ္....နင္တို႔အေဖကလည္းဒါေတြကိုအထူးတလည္စိတ္၀င္စားေနမွာမဟုတ္ဘူး....အေပါင္းအသင္းျဖတ္လို႔ဘ၀ပ်က္သြားရတဲ့လူေတြမွတစ္ပံုႀကီးပဲ
...အဲ့ဒီ့ပံုရိပ္ကိုၾကၫ့္ရတာ...၀တ္ပံုစားပံုႏြမ္းေပမဲ့.…ရုပ္ျပၿပီးရႈပ္ခ်င္ခ်င္ပဲေနမွာ....ေတာ္ၾကာညည္းပါအက်င့္ေတြကူးကုန္မယ္.…."
"ေဒၚေလးေျပာပံုႀကီးကလည္း မဟုတ္ေသးပါဘူး..
မသိရင္ပံုရိပ္ကပဲပ်က္စီးေနသလိုလိုနဲ႔...
မိဘမရိွတိုင္းပ်က္စီးေၾကးဆိုရင္...မိဘမဲ့ေဂဟာကကေလးေတြဘယ္လိုလုပ္ပါ့မလဲ...ၿပီးေတာ့ယမင္းလည္းမိဘေတြဆံုးသြားခဲ့ၿပီ.…ေဖေဖကလည္းယမင္းတို႔ကိုၾကၫ့္တာမွမဟုတ္ပဲ...သူမ်ားကိုကိုယ့္စိတ္ထင္တိုင္းမေျပာပါနဲ႔ေဒၚေလးရယ္....."
"အမယ္ေလး...ၾကားလို႔မွေကာင္းၾကေသးရဲ့လား...
မိယမင္း...ညည္းကငါ့ကိုတစ္ခြန္းမက်န္ျပန္ေျပာေနပါလားေဟ....ႏွလံုးေရာဂါသည္မို႔လို႔ပဲ...ဒီေနရာမ်ိဳးေတာ့သြက္တယ္ေနာ္...သူကနင့္မိေထြးမို႔လိုက္ကာေနတာလား...."
"ဟာ...ေဒၚေလးရယ္...မဟုတ္တာေတြ...."
"ေအး...မဟုတ္ဘူးဆိုရင္...ငါေျပာတာကိုပဲနာခံ...
ညည္းတို႔ကညည္းတို႔အေဖမရိွလည္း ငါ့ကၾကက္မႀကီးလိုလိုက္အုပ္ေနတာေလ ..မဟုတ္ရင္တိုက္ေပၚမွာေနၿပီးထမင္းေတာင္နပ္မွန္ေအာင္စားရမွာမဟုတ္ဘူး....တို႔ကအမွန္ေတြကိုေျပာေနတာ...ဘာလဲ
...ညည္းက...ကိုထက္ကိုအဲ့လို႔အတန္းအစားနဲ႔
ၿငိသြားမွာ သိပ္လိုလားေနတာလား....."
ကဲ....ေျပာခ်င္တာေျပာေတာ့ေဒၚေလးေရ...စိတ္ေတြလည္းညစ္ပါတယ္....ဘယ္လိုရွင္းျပျပ ..ဒီေနရာပဲျပန္ေရာက္လာတယ္...သူအမွန္ႀကီးပဲ...."
ေနာက္ဆံုးဘယ္လိုမွမႏိုင္ေတာ့၍ ယမင္းကပဲအရႈံးေပးလိုက္ရေလသည္။
ႏွလံုးေရာဂါသည္သမားကသူ႔ကို လက္ၿမွောက္အရႈံးေပးလိုက္ရသည္။မွန္တာေတာ့မွန္ပါသည္။ေမေမဆံုးၿပီးတည္းက အေဖကလည္းေနာက္အိမ္ေထာင္ျပဳခ်င္စိတ္မရိွတာနဲ႔ သူ႔အစ္မအပ်ိဳႀကီး အန္တီညိုကိုအိမ္မွာ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ ေခၚထားလိုက္ျခင္းျဖစ္သည္။
ေဖေဖကေတာ့ စီးပြားေရးကိုပဲ အာရံုစိုက္ၿပီး ခရီးေတြထြက္ရ၍ အိမ္ကိုေတာင္သိပ္မကပ္ႏိုင္ေပ။
ထို႔ေၾကာင့္ အန္တီညိုကပဲ အစစအရာရာျဖၫ့္ဆည္းၿပီး ၾကၫ့္ရႈေပးသည္။ဒီလိုေက်းဇူးေတြမ်ားေနလို႔လည္း ယမင္းတို႔ကအန္တီညို႔ကို အနည္းငယ္ေၾကာက္ရသည္။ကိုယ့္အေဒၚဆိုေတာ့ ခ်စ္လည္းခ်စ္သည္။သို႔ေပမဲ့ အန္တီညို၏အဆင့္အတန္းခဲြျခားလြန္းေသာ စရိုက္ကိုေတာ့မႀကိဳက္ေပ။
"ညည္းကိုေျပာရတာေမာလိုက္တာဟယ္....
ကိုထက္ကလည္းလိုက္ပို႔တာ အၿပီးမ်ားေနလိုက္ၿပီလားမသိဘူး..ၾကာလိုက္တာ...ဟင္း....
ခင္ဆင့္ေရ!!!!....ဒီေကာင္မေလးကလည္းတစ္ေမွာင့္
....အိမ္ေဖာ္လုပ္ေနၿပီး...အျပင္ကျပန္လာတဲ့လူကို ေရေအးခ်ရမွန္းမသိ...ေရႏြေးကမ္းရမွန္မသိနဲ႔....
ခင္ဆင့္ေရ....ေဟ့....ေသမ်ားသြားၿပီလား....
ဒီမွာသံပုရာေရလာခ်ေပးအံုးေလ..."
"ရွင္....ဟုတ္ကဲ့ပါ...အန္တီညို...."
"ေျပာလိုက္ရင္ေတာ့ ပုတ္သင္ညိုကအေမေခၚရေလာက္တယ္...လုပ္ရင္တလဲြ....ဟင္း...ဒီအိမ္မွာကအကုန္လဲြေနၾကတာပါေလ..."
အန္တီညိုလည္း ကိုထက္စိတ္ေၾကာင့္အကုန္လံုးကိုပတ္ရမ္းေနေလေတာ့သည္။ယမင္းကေတာ့ အေအးေသာက္ၿပီးသည္ႏွင့္အနားယူဖို႔ပဲ ႀကိဳးစားေတာ့မည္ဟုေတြးလိုက္သည္။
"ဘာေတြလဲြေနတာလည္း...မညိုရဲ့....."
"ဟင္...ယဉ္တင့္ပါလား...."
အိမ္အေပၚထပ္မွေန၍ ဧၫ့္ခန္းထဲသို႔ဆင္းလာေသာ ေဒၚယဉ္တင့္ေၾကာင့္ ေဒၚညိုတစ္ေယာက္ ျပာျပာသလဲျဖစ္သြားရသည္။ထိုေနရာမွခ်က္ျခင္းထရပ္လိုက္ၿပီး ေဒၚယဉ္တင့္ကိုလက္ကမ္း၍ႀကိဳကာ ထိုင္ခံုမွာထိုင္ေစလိုက္သည္။အင္ဒိုနီးရွားပါတိတ္ကိုရိုးရိုးယဉ္ယဉ္ပံုစံသာခ်ဳပ္၀တ္ထားၿပီး လည္ပင္း
အဟိုက္ေနရာတြင္ေတာ့ ျမေရာင္တျဖတ္ျဖတ္ေတာက္ေနေသာ ဆဲြႀကိဳးတစ္ကံုးကို၀တ္ဆင္ထား ေလသည္။ကိုယ္လံုးကိုယ္ေပါက္ေျဖာင့္ေျဖာင့္ႏွင့္ျဖစ္ၿပီးရုပ္ရည္ကလည္း က်က္သေရရိွသည္မို႔
တစ္ခ်က္ၾကၫ့္လိုက္တာႏွင့္ ဂုဏ္ျမင့္ေသာမိသားစုမွအမ်ိဳးသမီးမွန္းသိသာေစသည္။
"ေျပာစမ္းပါအံုးတင့္တင့္ရယ္...ဘယ္တုန္းတည္းကေရာက္ေနတာလည္း....မၾကာေသးပါဘူး...ကိုေဇယ်မင္းကိုဖုန္းဆက္ထားတယ္ေလ...အိမ္ကကားကိုေတာ့ယူမလာေတာ့ဘူး...မနက္ေစာေစာပဲ...
ကားဂိတ္ကေနထြက္လာလိုက္တာ ..ကၽြန္မဒီကိုေရာက္ေတာ့...မညိုကလည္းဘုရားဖူးသြားတယ္ဆိုတာနဲ႔...အေပၚထက္မွာခဏတက္နားေနတာ...
မညိုျပန္ေရာက္ေတာ့ဆူသံၾကားလို႔ဆင္းလာခဲ့တာ..."
"ေဟာ...တို႔ေတာင္းပန္ပါတယ္ယဉ္တင့္ရယ္...
မင္းကိုစိတ္အေနွာက္အယွက္ျဖစ္ေစမိၿပီ...ဒီမွာေလတူေတာ္ေမာင္...ကိုထက္ေပါ့...မသြားပါနဲ႔ဆိုတာကိုအတင္းသြားလို႔ေဒါပြေနတာ...."
"ဟုတ္လား....ကိုထက္ကဘယ္ကိုသြားလို႔လည္း..."
အန္တီတင့္ကပါေမးလာေသာအခါ ယမင္းလည္း
မေနသာေတာ့ၿပီ။အန္တိညိုကေတာ့ေတြ့သမ်ွ
လူတိုင္းကို ပံုရိပ္၏မေကာင္းေၾကာင္းေတြ့လွၫ့္ေျပာျပစ္မွာေသခ်ာသည္။ယမင္းအတြက္ဘုရားေလးတစ္ခါလိုက္မိပါတယ္။သူ႔ခမ်ာ နာမည္ပ်က္ရတာနဲ႔မတန္ဘူးျဖစ္ေနရင္ေတာ့ ယမင္းလည္းမ်က္ႏွာျပရဲမွာမဟုတ္ေတာ့ဘူး။
"ဒီလိုပါ...အန္တီတင့္ရယ္...ဒီေန့ကယမင္းရဲ့ေမြးေန့ေလ...ဒါေၾကာင့္ယမင္းရဲ့သူငယ္ခ်င္းတစ္ေယာက္ကိုပါေခၚၿပီး...ကိုထက္ရယ္...အန္တီညိုရယ္နဲ႔အတူ...ဘုရားကိုသြားၾကတာ..အဲ့ဒါကိုပံုရိပ္လိုက္လာလို႔ဆိုၿပီး...အန္တီညိုကမေက်မနပ္ေတျြဖစ္ၿပီး....ေလ်ွာက္ေျပာေနတာ...."
"ဟဲ့...ယမင္း....ညည္းကမ်က္ႏွာသာေပးလို႔ေရာင့္တက္ေနတာေပါ့...ဟုတ္လား....ငါကအမွန္ေတြကိုေျပာေနတာေလ...ဘာေတြလီဆယ္ေနလို႔လည္း...ေနာက္ေနာင္အဲ့ဒီ့ေကာင္မေလးနဲ႔
ေပါင္းတယ္ၾကားရင္....ညည္းနဲ႔ငါေတြ့မယ္...."
"ေန...ေနပါအံုး....မညိုရယ္....ခုဏကယမင္းရဲ့သူငယ္ခ်င္းနာမည္ကဘယ္သူ...."
ေဒၚယဉ္တင့္၏ ေအးခ်မ္းၿငိမ္သက္ေနေသာမ်က္ႏွာသည္ ခ်က္ခ်င္းလိႈင္းထသြားသကဲ့သို႔ ပံုစံျဖင့္
ေမးလာေသာအခါ ယမင္းႏွင့္ေဒၚညိုသည္လည္းအံ့ဩသြားရသည္။ေဒၚယဉ္တင့္၏မ်က္လံုးမ်ားကေတာ့ တစ္စထက္တစ္စအေရာင္ေတာက္လာကာ သိခ်င္စိတ္မ်ားျပင္းျပလာၿပီး မ်က္လံုးေလးေတြကပါ ၀မ္းနည္းရိပ္သန္းလ်ွက္ ေဒၚညို၏လက္ေမာင္းကိုလႈပ္လ်ွက္ေမးေလသည္။ေဒၚညိုသည္လည္း ခဏတာေလာက္ေၾကာင္အမ္းအမ္းျဖစ္သြားေလသည္။
ဒီလိုေအာက္ေျခဇနပုဒ္ကေကာင္မေလးရဲ့နာမည္ကို ယဉ္တင့္တို႔လို အထက္တန္းစားေတြကဘာေၾကာင့္သိခ်င္ေနရသလဲဟူေသာ အေတြးတို႔ရႈပ္သြားေစသည္။
သို႔ေပမဲ့ ေဒၚညိုမေျပာႏိုင္ခင္မွာပဲ ယမင္းကလု၍၀င္ေျပာေလသည္။
"ပံုရိပ္ပါအန္တီတင့္....အခုကိုထက္ကပံုရိပ္ကို
အိမ္ကကားနဲ႔ ျပန္ပို႔ေပးေနတာပါ...အန္တီတင့္က
ပံုရိပ္ကိုသိလို႔လား...."
"ယမင္း....အဲ့ဒီ့ပံုရိပ္ဆိုတာ....သူ႔အေဒၚနဲ႔ေနေနတာမဟုတ္လား...."
"ရွင္....ဟုတ္...ဟုတ္ပါတယ္...အန္တီတင့္ကဘယ္လိုသိတာလဲဟင္...."
"တင့္တင့္ကိုၾကၫ့္ရတာ...အရမ္းစိတ္လႈပ္ရွားေနသလိုပဲ..အဲ့ဒီ့ေကာင္မေလးကတင့္တင့္တို႔နဲ႔ဘယ္လိုပတ္သတ္လို႔လည္း...."
"တင့္တင့္နဲ႔ပတ္သတ္တာမဟုတ္ဘူး...
ေမညိုနဲ႔ပတ္သတ္တာ...အဲ့ဒီ့ပံုရိပ္ဆိုတာကကိုမိုးရိပ္ရဲ့သမီး...ေဒၚရိပ္ညိုရဲ့ေျမးအငယ္ဆံုးပဲ....."
"ဟယ္.....ဘယ္လိုေတျြဖစ္ကုန္တာတုန္း....."
ေဒၚခက္ညိုတစ္ေယာက္က ဆယ္ေပါင္တူျဖင့္ေခါင္းကိုအထုခံလိုက္ရသကဲ့သို႔ သူ႔မ႓ာႀကီးခ်ာခ်ာလည္သြားေလသည္။
အခုေတာ့မ်က္ေတာင္ေမြးတဆံုးကို ၾကၫ့္မိေသာသူမွာမိမိျဖစ္ေနေလၿပီ။
မႏၲေလး၏အခ်မ္းသာဆံုးစားရင္း၀င္ေသာ
ေဒၚရိပ္ညို၏ေျမးအငယ္ဆံုးဆိုေသာစကားေတြသာ သူ႔နားထဲတြင္သံပတ္ေပးသကဲ့သို႔ တတူတူျဖစ္ေနသည္။
ေလာကႀကီးမ်ားဆန္းက်ယ္လိုက္တာ
ဒီကေန့ပဲ အေနစုတ္လြန္းသၫ့္ထိုေကာင္မေလးကို မတူမတန္ေတြေျပာဆိုျပဳမူလာလိုက္တာ ေန့ေတာင္မကူးပဲ၀ဋ္လည္ေလၿပီ။ဘယ္မွာမ်ား ဂုဏ္နိမ့္လို႔လဲ။ေဒၚရိပ္ညိုဆိုတာ ကိုယ္ေတြထက္ဆယ္ဆေလာက္ခ်မ္းသာသည္။သူတို႔၏ မ်ားျပားလွေသာလုပ္ငန္းေတြထဲက လုပ္ငန္းတစ္ခုမွာေတာင္ကိုယ့္ေမာင္ကရွယ္ရာ၀င္ထားေသးသည္။
ပံုရိပ္ဟာ ေဒၚရိပ္ညို၏ေျမးတဲ့။အျခားသူလာေျပာလ်ွင္ေတာင္ ယံုႏိုင္မည္မထင္ေပ။ယခုေတာ့
ယဉ္တင့္ကိုယ္တိုင္ေျပာေန၍ ယံုရေတာ့ေပမည္။
အ၀တ္အစားစုတ္စုတ္ႏြမ္းႏြမ္းျဖင့္ စင္ၾကယ္ဖိနပ္ေလးကို စီးထာသၫ့္ေကာင္မေလးသည္
ကိုယ္ကအၿမဲတေစာင္းမဲမဲၾကၫ့္ေနတတ္၍ ဟင္းပဲြေတြကိုေတာင္လက္မႏိႈက္ရဲရွာဘူး။
အို...အခုေတာ့ ဟိုကရွင္ဘုရင့္သားသမီးအဆင့္ျဖစ္ၿပီး ကိုယ္ကႏို႔ထိန္းသာသာအဆင့္ျဖစ္ေနသည္။
🔥ဆူးႀကိဳး...🔥အခန္း(၂၇)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္
🌹🌹🌹🌹🌹🌹🌹🌹
No comments:
Post a Comment