(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး🌹အခန်း(၂၇)ဒုတိယပိုင်း
"ဒေါ်လေး.....နေကောင်းရဲ့လား...."
ဒေါ်လေး၏မျက်နှာ အနည်းငယ်ညှိုးနေသောကြောင့် ပုံရိပ်မေးလိုက်ခြင်းပင်။
ဒေါ်လေးသည် အိမ်ခေါင်းရင်းဘက်တွင်စောင် လေးခြုံ၍လဲလျှောင်းနေသည်။
ဒီအတောအတွင်းမှာ အိမ်၏အရေးရော၊
သူ့ယောက်ျားကြောင့်ပါ စိတ်ဆင်းရဲနေရသည်ထင်ပါရဲ့ မျက်နှာလေးတောင် ချောင်ကြသွားသည်။သံတောင်မှ အပူပေးပါများရင် အရည်ပျော်တတ်တာပဲ။ဒေါ်လေးဟာ လူဖြစ်တဲ့အတွက် ကြာလာတော့လည်းအလုပ်ပင်ပန်းတဲ့ ဒဏ်ကိုခံလာရတာပေါ့။
သန်လျင်သို့သွားပြီး၍ ညနေငါးနာရီထိုးတည်းကအိမ်သို့ပြန်ရောက်သည်။ဒီနေ့မှာ ကလေးတွေကိုလည်းပိတ်ပေးထားသည်မို့ ပုံရိပ်အတွက်ကတော့ဆရာ့ဆီကိုသွားပြီး စာသွားသင်ဖို့သာရှိတော့သည်။နောက်အပတ်ဆိုလျှင် စာမေးပွဲဖြေရတော့မည်ဖြစ်၍ စာကိုလည်း အလျှင်မပြတ်အောင်သေချာလုပ်ရပေမည်။
အပျော်အပါးတွေကို ပုံရိပ်ဦးစားပေး၍မဖြစ်တော့ပေ။
"ဒေါ်လေးနေမကောင်းရင်...သမီးကျူရှင်ကိုမသွားတော့ဘူးလေ..."
"မလိုပါဘူးပုံပုံရယ်...ဒေါ်လေးကခေါင်းနည်းနည်းကိုက်နေရုံပါ...အကိုက်ခဲပျောက်ဆေးသောက်ထားတယ် .. ခဏမှေးလိုက်ရင်သက်သာသွားပါလိမ့်မယ်...စာမေးပွဲကနီးနေပြီ...ကိုယ့်စာကိုသာအာရုံစိုက်စမ်းပါ..."
"တကယ်ရော သက်သာလို့လားဒေါ်လေးရယ်...."
ခါးသို့လျှောကျနေသောစောင်လေးကို ရင်ညွှန့်အထိဆွဲတင်ပေးလိုက်ပြီး မေးမိသည်။ဒေါ်လေးကတော့ ထုံစံအတိုင်းခေါင်းငြိမ့်ပြသည်။အမျိုးသမီးတွေရဲ့အကျင့်က ထိုအတိုင်းပါပဲ။
ပြင်ပမှာပြောတာကတစ်မျိုးဖြစ်ပြီး ရင်ထဲမှခံစားချက်ကအဓိပ္ပာယ်တစ်မျိုးဖြစ်နေတတ်သည်။
အဒေါ့်လက်မောင်းတွေနှင့် နဖူးကိုစမ်းကြည့်တော့ကိုယ်မပူ၍တော်သေးသည်။
ထိုစဉ်ပုံရိပ်တို့၏ခြံရှေ့တွင်ကားလေးတစ်စီးထိုးဆိုက်လာခဲ့လေသည်။ကားပေါ်မှဆင်းလာသော
ဒေါ်ယဉ်တင့်သည် ဆလင်းဘတ်ကိုလက်တွင်ချိတ်
လျှက် မျက်နှာကိုမော့ချီထားတာမျိုးလည်းမဟုတ်သလို၊အားငယ်နွမ်းလျှနေသောဟန်ပန်မျိုးလည်း
မရှိပေ။
ဒေါ်ယဉ်တင့်၏မျက်နှာသည် ပကတိအေးချမ်းသောအသွင်ကိုဆောင်ထားလေသည်။
တစ်လက်မအမြင့်ရှိသော ဒေါက်ဖိနပ်ချွန်ချွန်ကို မြောင်းလေးအပေါ်တွင်ကန့်လန့်ဖြတ်ထားသော ပျဉ်ပြားအပေါ်သို့နင်း၍တက်လိုက်ပြီး ဘေးဘီသို့ဝေ့ဝဲကြည့်လိုက်မိသည်။
နှာသီး၀တွင်လာ၍ရိုက်ခတ်သော
မြောင်းပုပ်ဆော်နံ့ကိုမခံနိုင်ပေမဲ့ ခြံထဲသို့လှမ်း၀င်လိုက်ပါသည်။
ခြံစည်းရိုးခတ်ထားသောဝါးကတ်တွေကလည်းဆွေးနေသလို သစ်သားလုံးချင်းအိမ်လေးတွေကလည်း ခပ်ကျဉ်းကျဉ်းလေးတွေဖြစ်နေသည်။
ခြံထဲသို့လှည့်ပတ်ကြည့်လိုက်တော့လည်း
ဟိုးနောက်ဆုံးမှာ ရေစည်တစ်ခုကိုလှမ်းမြင်လိုက်ရသည်။
အများနှင့်စုပြီးနေရသောနေရာဖြစ်၍
ပုံရိပ်တို့ဟာဒီရေစည်တစ်ခုတည်းကိုပဲ သုံးရမှာသေချာသည်။
အပျိုလေးအရွယ်သည် ရေချိုးဘာညာလုပ်တဲ့အခါ အခြားအခန်းတွေမှာအမျိုးသားတွေရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ။အခုခောတ်မှာဘယ်သူကမှယုံကြည်ရတာမျိုးမဟုတ်ဘူး။ဒေါ်ရိပ်ညို၏အငယ်ဆုံးမြေးဟာ ဒီလိုဆင်းရဲတဲ့ဘ၀မျိုးမှာနေတယ်ဆိုတာ အများအမြင်မှာတကယ်ကိုမယုံနိုင်စရာကိစ္စတစ်ရပ်ပဲ။ပုံရိပ်လေးရယ် ဒီနေ့ကစပြီးမင်းရဲ့ဘ၀လေး ပြောင်းလဲပါတော့မယ်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲရှင့်...."
ယဉ်တင့်ရပ်နေသောနေရာသည်ခြံထဲရှိပထမဆုံးအဆောင်ရှေ့တွင်ဖြစ်၍ ထိုအခန်းထဲမှကလေးမလေးတစ်ယောက်ကထွက်၍မေးလာလေသည်။
အပေါက်၀တွင်ရပ်လျှက် မျက်လုံးဝိုင်းလေးများဖြင့်ကြည့်နေသော ထိုကလေးမကိုယဉ်တင့်သည်လည်း ပြန်၍အကဲခတ်မိသည်။
ဆံပင်ရှည်လေးတွေကို ကျစ်ဆံမြီလေးကျစ်ထားပြီး အသားအရည်ကနို့နှစ်ရောင်သန်းလောက်အောင်ဖြူချင်သူလည်းဖြစ်သည်။
ကိုယ်လုံးကိုယ်ထည်ဟာ ပိန်ပိန်သွယ်သွယ်လေး
ဖြစ်ပြီး မျက်လုံးလေးတွေဟာစူးရှသောအသွင်ကိုဆောင်နေသည်။ဒီမျက်လုံးတွေဟာ ဒေါ်ရိပ်ညိုမှာလည်းမြင်ရတတ်သော မျက်၀န်းများဖြစ်သည်။
မေသန့်ကိုတော့ သူ၏နောက်ဆုံးခရီးမှာပဲမြင်လိုက်ရပေမဲ့ ဒီကလေးမဟာမိခင်နှင့်ဖခင်၏ အလှနှင့်ကျက်သရေကိုပေါင်းစပ်ထားသော ရတနာလေးဖြစ်သည်။သေချာပါတယ် ဒါဟာပုံရိပ်ပဲ။
မေညိုသိပ်ကိုတွေ့ချင်နေတဲ့ပုံရိပ်ပေါ့။
"သမီးရဲ့နာမည်ကပုံရိပ်မဟုတ်လား...."
"ရှင်...ဟုတ်ပါတယ်....ဘာကိစ္စရှိလို့လဲဟင်...."
"အင်း....အန်တီ့နာမည်ကဒေါ်ယဉ်တင့်ပါ...သမီးရဲ့အဒေါ်အိမ်ထဲမှာရှိလား...."
"ရှိပါတယ်....ဒေါ်လေးကခေါင်းကိုက်လို့မှေးနေပါတယ်...."
"ဒါဆိုရင်အန်တီ့ကိုအိမ်ထဲကိုခေါ်ပါအုံး...
သမီးရဲ့အဒေါ်နဲ့စကားလေးပြောချင်လို့...."
"ဟုတ်ကဲ့...အိမ်ထဲကိုကြွပါ....."
အိမ်ထဲသို့ဖိတ်ခေါ်လိုက်ရပေမဲ့ ပုံရိပ်၏စိတ်ထဲတွင်တအံတဩဖြစ်နေမိသည်။ဒီအမျိုးသမီးကြီးဟာဘယ်သူလဲ။ပုံစံကိုကြည့်ရသလောက်တော့ သာမာန်တော့မဟုတ်လောက်ဘူး။အိမ်ပေါ်သို့တက်တော့လည်း တစ်အိမ်လုံးကိုမျက်လုံးဝေ့ရမ်းပြီးကြည့်နေလေသည်။ပုံရိပ်တို့၏အိမ်လေးဟာ အလွန်ကျဉ်းမြောင်းပြီး ပေါက်သည့်နေရာပေါက်၊ကွဲသည့်နေရာကွဲဖြစ်နေ၍ ဒီအဒေါ်ကြီးနှာခေါင်းရှုံ့မည်ဟုထင်ထားမိပေမဲ့ အဒေါ်ကြီး၏မျက်နှာဟာ ပြစ်တင်ဝေဖန်လိုသောပုံစံအလျှင်းမရှိပေ။
ကြည့်လိုက်သည်နှင့် အေးချမ်းသောမျက်နှာပိုင်ရှင်ဖြစ်သည်။
ကဲ့ရဲ့အပြစ်တင်လိုသောမျက်၀န်းဖြင့် အိမ်ထဲသို့လိုက်ကြည့်နေခြင်းထက် သနားစာနာသောပုံစံက
ပိုသာနေသည်။ဒေါ်လေးလည်း ထိုအမျိုးသမီးကိုတွေ့တော့ ချက်ချင်းပဲထထိုင်လေသည်။
ဒေါ်လေးကိုကြည့်ရတာတော့ ဒီအန်တီကြီးကို
သိပုံမပေါ်ပေ။
အန်တီကြီးကလည်း ဘာမပြောညာမပြောဖြင့် ဒေါ်လေးနှင့်မျက်နှာချင်းဆိုင်တွင် ၀င်၍ထိုင်လိုက်လေသည်။
"ဒီကမရှင်းသန့်ထင်တယ်...ကျွန်မနာမည်က
ယဉ်တင့်လို့ခေါ်ပါတယ်..."
"ဟုတ်ကဲ့....ဘာကိစ္စများရှိလို့လဲမသိဘူးရှင့်
ညီမကိုကျွန်မတစ်ခါမှမမြင်ဖူးဘူး...."
"ဟုတ်ပါလိမ့်မယ်....မရှင်းသန့်ကိုလည်းကျွန်မကအခုမှမြင်ဖူးတာပါ..."
"ရှင်....."
ဒေါ်လေး၏မျက်နှာတွင် အံ့ဩရိပ်ထင်သွားသကဲ့သို့ ပုံရိပ်သည်လည်း မျက်မှောင်ကြုံ့လိုက်မိသည်။
တစ်ယောက်နှင့်တစ်ယောက်မသိကြပဲ
ဘာရည်ရွယ်ချက်နဲ့လာတာပါလိမ့်။
အလိမ်အညာတော့မဟုတ်လောက်ဘူး ထင်ပါတယ်။
ထိုအန်တီကြီးကိုပုံရိပ်စူးစူးစိုက်စိုက်ကြည့်၍
အကဲဖြတ်နေခိုက် ထိုအန်တီကလည်းပုံရိပ်ကို ဆွေးမြေ့စွာလှမ်းကြည့်သည်။
"ဒီလိုပါ....ကျွန်မဒီကိုလာရတဲ့အကြောင်းအရင်းကပုံရိပ်ကြောင့်ပါပဲ....ရှင်းရှင်းပြောရရင်တော့ပုံရိပ်ကိုလာခေါ်တာပါ....လာခေါ်ခိုင်းတဲ့သူကတော့
ကိုမိုးရိပ်ရဲ့အမေ...ဒေါ်ရိပ်ညိုပေါ့...ပုံရိပ်ရဲ့စာကို
ရပြီးတည်းကလာခေါ်ချင်ခဲ့တာပါ...."
ပုံရိပ်၏စာဟုပြောလိုက်သောအခါမှ ဒေါ်လေးသည်ပုံရိပ်ကိုဆက်ကနဲလှမ်းကြည့်လေသည်။
ပုံရိပ်စာပို့တာကို ဒေါ်လေးမသိခဲ့ပေ။
ပုံရိပ်ပြောမပြခဲ့ခြင်းက ဒေါ်လေးစိတ်ဆင်းရဲမှာစိုး၍ပါ။
ယခုတော့ ဒေါ် လေးသည်ပုံရိပ်ကိုမဲ့ပြုံးပြုံး၍ကြည့်လာသည်။
ဒေါ်လေး၏အကြည့်တွေကိုပုံရိပ်သိသည်။
ပုံရိပ်ဟာ ဒေါ်လေးတို့ဆီတွင်မနေချင်၍ ပုန်ကန်နေပြီဟုထင်သွားပုံရသည်။ဒေါ်လေး၏မျက်၀န်းထဲမှာ မျက်ရည်တွေလိမ့်စီးကျလာတာကိုလည်း ပုံရိပ်တွေ့လိုက်ရသည်။
ဒေါ်လေးပုံရိပ်ကိုအထင်လွဲသွားပြီထင်ပါတယ်။
မငိုပါနဲ့ဒေါ်လေးရယ်....
"အို...မရှင်းသန့်ရယ်...ဘာလို့ငိုနေရတာလည်း...ကျွန်မကပုံရိပ်ကိုခေါ်သွားမှာစိုးလို့လား..."
"ကျွန်မတောင်းပန်ပါတယ်...ကျွန်မမျက်ရည်မကျသင့်ပါဘူး...ကျွန်မတူမလေးကောင်းစားတာကိုကျွန်မမြင်ချင်ပါတယ်ရှင်..ဒါပေမဲ့ကျွန်မသိတဲ့
ဒေါ်ရိပ်ညိုက အင်မတန်မောက်မာတယ်...
သူ့သမီးကပိုဆိုးပါသေးတယ်..အဲ့ဒီ့လိုလူတွေရဲ့ လက်ထဲကို ပုံပုံ့ကိုကျွန်မဘယ်လိုလုပ်ပြီး
စိတ်ချလက်ချထည့်နိုင်မှာလည်း...ဟိုရောက်မှကလေးကသူတို့ရဲ့ဒဏ်ကိုမခံနိုင်ရင်....
ပိုပြီးစိတ်ဒုက္ခရောက်နေပါအုံးမယ်..."
ဒေါ်ယဉ်တင့်၏မျက်နှာသည် ချက်ခြင်းပုံပျက်သွားခဲ့သည်။သက်ပြင်းတွေကိုအခါခါချလျှက်ဖြင့်
ပုံရိပ်ကိုကြည့်လာသည်။သူ့မျက်၀န်းတွေထဲတွင် တင်စီးလိုသောအဓိပ္ပယ်တွေထက် တောင်းပန်ခယလိုသောနိမိတ်တို့ကပို၍အရောင်တောက်နေသည်။
"ဒီ့အတွက်တော့ မရှင်းသန့်စိတ်ချလိုက်ပါတော့..
မေညိုလည်းမာန်မာနတွေကိုခဝါချရမဲ့အချိန်ရောက်နေပြီထင်ပါတယ်ရှင်...အသက်ကလည်း၇၀
ရှိနေပြီလေ...အသိုင်းအ၀န်းကြီးထဲကနေ မွေးဖွားလာတဲ့မိန်းမတစ်ယောက်ဟာ လက်ညှိုးညွှန်ရာ
ရေဖြစ်ခဲ့တော့သူ့အရပ်နဲ့သူ့ဇာတ်လိုက်ဖက်အောင်တော့နေရတာပေါ့...ဒါကလည်းသူ့နေရာကိုရောက်မှကိုယ်ချင်းစာတတ်မှာပါ...
အခုအသက်အရွယ်အထိယောက်ျားတွေလုပ်ရတဲ့အလုပ်တွေကို အဖွားကြီးတန်မဲ့ဦးဆောင်နေရတဲ့သူဆိုတာ..ပျော့ညံ့နေလို့မရဘူး...အမြဲတမ်းခေါင်းမော့ရင်ကော့နေရတာလေ....သူ့မှာလည်းသူ့အခက်အခဲနဲ့သူပေါ့....ဒါတွေကိုထားပါ...အခုလည်းသူအရင်လို
မာန်တွေမဆူဖြိုးနိုင်တော့ပါဘူး....ဒုက္ခိတဘ၀ကိုရောက်နေရပြီပဲလေ......"
"ရှင်....ဘယ်လို...."
အံ့ဩထိတ်လန့်သွားသောအသံသည် ဒေါ်လေးထံမှဖြစ်ပေမဲ့ ပုံရိပ်ကပို၍ရင်တုန်သွားရသည်။
အဖွားက ဒုက္ခိတဖြစ်နေရတယ်တဲ့။
ဒါဆိုလျှင် အဖိုးကရော အဖိုးကဆုံးသွားခဲ့ပြီလား။
ဒါဖြင့်ရင်အဖေပြောပြောနေတဲ့ အတ္တကြီးလွန်း
သည့်အဖိုးဆိုသူကို ပုံရိပ်မြင်ခွင့်မရတော့ဘူးပေါ့။
အဖေနဲ့အမေကရော။
ပုံရိပ်သိချင်တာကအဖေနဲ့အမေ ဘယ်မှာရှိနေသလဲဆိုတာပဲ။
"ဒေါ်ရိပ်ညိုက ဘယ်လိုဖြစ်ပြီးဒုက္ခိတဖြစ်တာလဲရှင်...."
"မိုးကုတ်ကိုသွားရင်းကနေ ယာဉ်တိုက်မှုဖြစ်ပြီး အောက်ပိုင်းတွေမသန်တော့တာပါ....အခုဆိုသူ့မှာလမ်းတောင်မလျှောက်နိုင်တဲ့အခြေအနေပါ...
ဒါကြောင့်အမေကသူ့မြေးကိုအရမ်းတွေ့ချင်နေပါတယ်...."
"အော်....အော်....ဒါဖြင့်ရင်သူမသန်တော့လို့....
ပုံရိပ်ကိုခိုင်းရအောင်ခေါ်ချင်တာပေါ့...."
"ဟယ်....အဲ့လိုမဟုတ်ဘူး...အဲ့လိုလုံး၀မဟုတ်ရပါဘူးဒေါ်ရှင်းသန့်ရယ်...အမေကခြေထောက်ပဲမသန်တာပါ ကျန်တဲ့ကျန်းမာရေးကအကုန်ကောင်းပါတယ်...အလုပ်တောင် အိမ်ကနေစီမံခန့်ခွဲနိုင်ပါတယ်...အခုကသူ့သားအငယ်ဆုံးရဲ့ကိုယ်ပွားကိုအနားမှာထားပြီး စောင့်ရှောက်ချင်တာပါ...
ကျွန်မတို့ကကိုယ့်သွေးသားကို ခိုင်းစားရလောက်တဲ့အထိ မယုတ်ညံ့ပါဘူးရှင်....."
"ဒါကတော့ ဒီကအပြောလေ...ဟိုရောက်ရင်ဘယ်လိုဖြစ်မယ်မှန်းမှမသိတာ...ဒေါ်ရိပ်ညိုလောက်ပဲကြည်ဖြူမှာပေါ့...ကျန်တဲ့လူတွေရဲ့စိတ်သဘောထားကိုကျွန်မတို့ကမသိဘူးလေ...."
ဒေါ်ရှင်းသန့်၏တူမကို မထည့်ရရေးအတွက်ကန့်လန့်တိုက်နေသော စကားများကြောင့်
ဒေါ်ယဉ်တင့်သည်လည်း အနည်းငယ်တော့ဒေါသထွက်လာမိသည်။
အမျိုးမျိုးရှင်းပြနေပါလျှက်နဲ့ဘာကြောင့်
မကြည်ဖြူရတာလဲ။သူတို့ဟာ ယခုလက်ရှိပုံရိပ်၏
အုပ်ထိမ်းသူတွေဖြစ်နေတော့ ဒီလောက်တော့လည်း စစ်ဆေးမေးမြန်းမှာပေါ့။
ဒါကလည်းကောင်းတဲ့အချက်ပါပဲ။
အနေစုတ်ပေမဲ့ အခွင့်အရေးကိုအလကားရတိုင်း
မယူတတ်တာက ချီကျူးစရာပဲပေါ့။ကိုယ်ကလည်း သူတို့ရင်ထဲကနေ ဆွဲထုတ်ရမည့်အရေးဆိုတော့ စိတ်ရှည်ရမှာပါပဲ။
မသိရင် သားလုပွဲကျင်းပနေရသလိုပါပဲ။
ကိုယ့်အဖြစ်ကလည်း အမေ့အတွက်ဒီကလေးကိုခေါ်ရမှကိုဖြစ်မှာ သူတို့ပုံစံကြည့်ရတာလည်းထည့်ချင်ပုံမပေါ်ဘူး။ဒါဆိုပုံရိပ်ကရော ပုံရိပ်ကိုယ်တိုင်ကလိုက်ချင်တယ်ဆိုရင်တော့ ပွဲကပျက်ပြီ။
ပုံရိပ်ကို တစ်ချက်ကြည့်လိုက်တော့သူ့အဒေါ်ကိုကြည့်လိုက် ကိုယ့်ကိုကြည့်လိုက် ခေါင်းလေးကို
ငုံ့သွားလိုက်နှင့် သားသမီးမရှိသောကိုယ့်ကို
သားဆိပ်တတ်အောင် ပြုလုပ်နေသလိုပါပဲ။
မြင်မြင်ချင်းဒီကလေးမကို ချစ်ခင်နှစ်လိုမိသည်။
"ငါ့သမီးလေးဆိုရင်"ဟုအတွေး၀င်လာသောအခါ
မန္တလေးကိုရောက်ရင် ဒီကလေးကိုကိုယ်ကပဲကြည့်ရမှာပါ။ဟိုမျောက်သုံးကောင်ကတော့ ဘေးမဲ့ပေါ့။
"မရှင်းသန့်ကိုကျွန်မအပွင့်လင်းဆုံးပြောရရင်...
ဒီကလေးကိုမေညိုက သူ့နေရာမှာဆက်ခံစေချင်တာ..ကုန်ကုန်ပြောရရင်....သူမရှိတော့တဲ့အချိန်မှာ
ဒီကလေးကိုသူ့နေရာမှာထားခဲ့ချင်တာ...ဒီလောက်ဆိုရင် မေညို့ရဲ့ဒီကလေးအပေါ်မှာထားတဲ့ စိတ်ဆန္ဒတွေကိုမြင်နိုင်မှာပါ....ဒီကလေးကိုအဒေါ်
တစ်ယောက်အနေနဲ့...စောင့်ရှောက်ထားတာတွေကိုလည်း.....ကျေးဇူးတင်ပါတယ်...ဒါပေမဲ့မရှင်းသန့်ကလည်းကိုယ့်အိမ်ထောင်နဲ့ကိုယ်လေ...ပုံရိပ်ရဲ့သူငယ်ချင်း ယမင်းဆီကနေကြားရသလောက်တော့
မရှင်းသန့်ရဲ့အမျိုးသားက ပုံရိပ်ကိုမလိုလားဘူးဆို
...ကလေးရဲ့အနာဂတ်အတွက်ကိုကြည့်ပါရှင်....
ရည်မှန်းချက်မြင့်မြင့်ထားတိုင်းလည်း....
နောက်ခံအင်အားမတောင့်ရင်....အညွှန်းကျိုးရမှာပဲ...ဒီကလေးကိုဘယ်လိုနေရာမျိုးမှာရှိစေချင်သလဲ...ကျွန်မတို့ဘက်ကလည်းကလေးကိုပြုစုစောင့်ရှောက်ပေးခဲ့တဲ့အချိန်တွေအတွက်....
မရှင်းသန့်တို့ကိုပြန်ထောက်ပံ့ပါရစေ...နည်းတယ်များတယ်တော့ သဘောမထားပါနဲ့..."
"အန်တီ....ဒီလိုတော့မပြောပါနဲ့ရှင်...."
"ပုံရိပ်....."
ပိုက်ဆံအိတ်ထဲမှ ငွေငါးထောင်တန်အထပ်လိုက်ကိုထုတ်၍ ကြမ်းပြင်ပေါ်သို့ချလိုက်သော ဒေါ်ယဉ်တင့်ကို မကျေနပ်စွာကြည့်လိုက်၍ ပြန်ပြောမည်ပြင်တော့ဒေါ်လေးက တားသည်။
ဒေါ်လေး၏မေတ္တာဟာဘယ်လောက်နွေးထွေးသလဲဆိုတာ ပုံရိပ်အသိဆုံးပင်။ဒေါ်လေး၏စေတနာနဲ့အနစ်နာခံမှုသည် သူ့နာမည်အတိုင်းရှင်းသန့်လွန်းတာကို ပုံရိပ်ခံစားမိသည်။
ဒါကိုစော်ကားချင်တာမျိုးတော့ ပုံရိပ်လက်မခံနိုင်ဘူး။ဒေါ်လေး၏မျက်နှာကတော့ ပြိုတော့မည့်မိုးလိုဖြစ်နေသည်။
"ပြောပါစေပုံရိပ်....သူတို့ကပြောနိုင်တဲ့နေရာမှာရပ်နေတာပဲ...ပြောပါစေ...ဒီမှာမယဉ်တင့်...
ရှင်ပြောတာတွေဟာသိပ်ကိုမှန်ပါတယ်...
နောက်ခံအင်အားမတောင့်တဲ့ကျွန်မက ပုံရိပ်ကို
ကျူရှင်တောင်ကောင်းကောင်းမထားနိုင်ပါဘူး....
ဒါပေမဲ့ဒီငွေတွေကိုတော့မယူပါရစေနဲ့....
ကျွန်မကအခကြေးငွေယူပြီး လူကိုရောင်းစားတတ်တဲ့မိန်းမမဟုတ်ပါဘူး...ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်...
ယနေ့ထက်ထိပုံရိပ်ရဲ့အပေါ်မှာလည်း ကျွန်မရဲ့သားသမီးတွေနဲ့တန်းတူ ချစ်ခင်ပေးခဲ့တာပါ..
ရှင်တို့ဘက်ကနေကြည့်ရင် ဒါဟာမြေးအရင်းဖြစ်သလို ကျွန်မဘက်ကနေပြန်ကြည့်ရင်ဒါကတူမအရင်းပါ...
ကျွန်မအစ်မရဲ့သွေး...သူ့မိဘတွေကိုယ်တိုင်ကျွန်မဆီမှာလာထားသွားတာ...ကိုမိုးရိပ်ကိုယ်တိုင်ကလည်းသူ့အဖေကိုမုန်းနေတာ...တကယ်လို့သူတို့ပြန်လာရင်....ကျွန်မဘယ်လိုပြောရမလဲ....
သူတို့မသိပဲကျွန်မက ဒီကလေးကိုထည့်လိုက်ရင်စိတ်ဆိုးကြမှာပေါ့....."
ဒေါ်ရှင်းသန့်သည်လည်း ကလေးကိုကောင်းစားစေချင်ပေမဲ့ သံယောဇဉ်ဖြစ်မိပြီမို့အတတ်နိုင်ဆုံးဆွဲထားမိလေသည်။ဒေါ်ယဉ်တင့်ကတော့ ချက်ချင်းခေါင်းငိုက်ဆိုက်ကျသွားသည်။
ပုံရိပ်ကတော့ သူ့အဒေါ်ကိုကြည့်၍ မျက်ရည်ဝဲနေရသည်။
"သူတို့စိတ်ဆိုးနိုင်ကြတော့မှာမဟုတ်ပါဘူး...."
"ဟင်....မယဉ်တင့်....ရှင်ဘာကိုပြောချင်တာလဲ..."
"အန်တီဘာကိုဆိုလိုတာလဲ...."
ဒေါ်ယဉ်တင့်၏မျက်၀န်းများသည် မျက်ရည်များဖြင့်ပြည့်လျှံသွားလျှက် ပုံရိပ်ကိုနာကျင်ကြေကွဲစွာကြည့်လာသည်။ပုံရိပ်၏ပခုံးနှင့်ပါးပြင်တွေကိုပါ လက်ဖဝါးဖြင့် ကြင်နာစွာပွတ်သပ်ပေးလျှက်
ကြည့်လာသည်။
ပြီးနောက် အဒေါ့်ဘက်သို့လှည့်လိုက်သည်။
"ကျွန်မ...ဒီစကားကိုမပြောချင်သေးလို့...ပြောဖို့သတ္တိမရှိသေးလို့ ကွေ့ပတ်ပြီးပြောနေပေမဲ့ နောက်ဆုံးတော့ကျွန်မပြောမှကိုဖြစ်တော့မယ်...
ပုံရိပ်ရဲ့မိဘတွေက.....လွန်ခဲ့တဲ့နှနှစ်လောက်ကပဲဆုံးသွားခဲ့ပါပြီ...."
"အမယ်လေး!!!!!.....မမ...မမဆုံးပြီဟုတ်လား..."
ဒေါ်လေး၏ထိတ်လန့်စွာအော်မေးလိုက်သံ၏အဆုံးတွင် ဒေါ်ယဉ်တင့်ကခေါင်းငြိမ့်ပြလိုက်သည်။
ပုံရိပ်ကတော့ နေရာမှာတင်ကျောက်ရုပ်ကြီးကဲ့သို့ဖြစ်နေလေသည်။မျက်ရည်တွေသည် ပါးပြင်ပေါ်သို့တပေါက်ပေါက်ကျလာခဲ့သည်။ခြေတွေလက်တွေဟာ လှုပ်ရှားလို့မနိုင်တော့လောက်အောင်
ထုံကျဉ်လာသည်။ဒေါ်ယဉ်တင့်သည် လိမ်ညာနေပုံ
မပေါ်ပေမဲ့ ပုံရိပ်လုံး၀မယုံဘူး။
*ဖေဖေနဲ့မေမေကပုံရိပ်ဆီကို ပြန်လာမှာလေ။
ပုံရိပ်သူတို့ကိုစောင့်နေတာ နှနှစ်ကျော်ခဲ့ပြီ။
အခုတော့ဆုံးသွားကြပြီတဲ့လား။မဖြစ်နိုင်တာ။
ဖေကြီးကပုံရိပ်ကိုကတိပေးခဲ့တယ်
"ဖေကြီးတို့..."ခဏလေးပဲသွားမှာတဲ့။
မေမေကပုံရိပ်ကိုနမ်းသွားသေးတယ်။
တစ်နေ့သူတို့ပြန်လာခေါ်မယ်လို့ ပုံရိပ်ယုံကြည်နေခဲ့တာလေ။မဖြစ်နိုင်ဘူး။ဖေဖေနဲ့မေမေသေတာလုံး၀မဖြစ်နိုင်ဘူး။ပုံရိပ်ကို ညာနေကြတာ။
စိတ်ထဲမှာ ငြင်းဆန်နေပေမဲ့မျက်ရည်တွေဟာ
ပါးပြင်တစ်ခုလုံးမှာနေရာလပ်မကျန်စိုရွှဲနေခဲ့ပြီ။
အံကိုကြိတ်လျှက် ကြမ်းပြင်ပေါ်သို့အားပြင်းပြင်းဖြင့်ထုချလိုက်ပြီးနောက် မှောက်လျှက်အနေအထားနှင့်ပင် ပုံရိပ်ပြန်၍ရုန်းမထနိုင်တော့ပေ။ဆယ်ကျော်သက်မိန်းမငယ်လေး၏ လာသမျှဘေးပြေးတွေ့မည်ဟူသော စိတ်ဓာတ်တို့သည် ပြိုလဲသွားခဲ့ရပြီ။
ခန္ဓာကိုယ်အတွင်းမှာ စုဆောင်းထားသည့်အင်အားတွေပျောက်ရှ စိတ်ဝိဉာဉ်ဟာအဝေးသို့လွှင့်ပြယ်သွားခဲ့သည်။အဖေနဲ့အမေရှိရာဆီကိုပေါ့။
နွေးထွေးတဲ့လက်တွေဟာ ပုံရိပ်၏ပခုံးနှင့်ကျောပြင်ကို လာရောက်ထိခတ် နှစ်သိမ့်မှုပြုကြသည်။
ဒါပေမဲ့ ဘယ်လိုဖြေဆည်နိုင်မှာလဲ။
ကြောင်ကလေးမျက်ပြူးကို ဆုံးရှုံးလိုက်ရသောအခိုက်အတန့်မှာ ရင်နဲ့မချိအောင်ခံစားခဲ့ရလျှင် ယခု၏ဆုံးရှုံးမှုဟာ ဆယ်ဆဖြစ်သည်။
ဘယ်သောအခါမှ ပြန်မရနိုင်သောဆုံးရှုံးမှုပေါ့။
"အန်တီယဉ်တင့်....ပုံရိပ်ရဲ့မိဘတွေ...
တကယ်မသေဘူးမဟုတ်လားဟင်..ပုံရိပ်ကိုပြောစမ်းပါ...တကယ်မသေဘူးမဟုတ်လား...."
နောက်ဆုံးလက်ကျန်အင်အားဖြင့် ပုံရိပ်မေးပေမဲ့ အန်တီကတော့ပုံရိပ်ကိုသာ စိုက်ကြည့်လျှက်
ငိုလေသည်။ပုံရိပ်ကိုသနားဖို့မလိုဘူး။ပုံရိပ်ကိုဖေဖေနဲ့မေမေသက်ရှိထင်ရှား ရှိနေတယ်လို့ပြောပေးဖို့ပဲလိုတာပါ။ဘာလို့ဒီစကားလေးကိုမပြောပေးနိုင်ကြတာလဲ။ပုံရိပ်နေရာမှ ချက်ချင်းထရပ်လိုက်ပြီး အခန်းထဲသို့၀င်ပြေးမိသည်။
ပုံရိပ်ဘာတွေလုပ်နေမိတာလဲ။
ပုံရိပ်ဘယ်သူ့ကိုမှမတွေ့ချင်တာတော့အမှန်ပဲ။
"ပုံရိပ်....သမီး....ပုံရိပ်...."
ဒေါ်လေးတို့ဘယ်လိုပဲခေါ်ခေါ် ပုံရိပ်ပြန်မထူးမိပေ။
တံခါးကိုသာကျောကပ်ပြီး ဒူးခေါင်းကိုဖက်လျှက်ဖြင့် ၀မ်းနည်းနာကျင်စရာအဖြစ်ကြီးကို စီးမျောနေမိသည်။ပုံရိပ်ငိုပါရစေ။တစ်ယောက်တည်းပဲပေးနေကြပါ။
ဖေဖေနဲ့မေမေရယ် ပုံရိပ်ကိုဒီလိုမကျီစားကြပါနဲ့။
ပုံရိပ်တို့မိသားစုလေးအတူပြန်စုံကြမဲ့အချိန်ကိုစောင့်နေခဲ့ရတဲ့ ပုံရိပ်ကိုမရက်စက်ကြပါနဲ့။
ပုံရိပ်ရဲ့ဘ၀မှာ အဖေနဲ့အမေမရှိတော့ရင်
ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။
ပုံရိပ်သိပ်ကိုနောင်တရမိတယ်။ပုံရိကိုထားပစ်ခဲ့တဲ့အတွက် အဖေနဲ့အမေကိုမုန်းစိတ်၀င်နေမိတဲ့ကိုယ်ကိုကိုယ် ထုရိုက်ချင်မိတယ်။
တကယ်တော့ သူတို့ဟာခဏတာထားခဲ့ကြတာမဟုတ်ပဲ ထာ၀ရထွက်ခွာသွားခဲ့ကြတာပေါ့။
အပြင်ဘက်မှ စကားပြောသံတွေကိုကြားနေရပေမဲ့ ကိုယ့်မျက်နှာကိုသာလက်ဖဝါးဖြင့်အုပ်ထားမိသည်။
"မယဉ်တင့်တို့ကရော...မမတို့ဆုံးတာကိုဘယ်လိုသိတာလဲ...အသက်မှီလိုက်ကြလားရှင်...."
"အင်း....မမေသန့်ရဲ့အသက်ကိုတော့မမှီလိုက်ဘူး...နီးစပ်ရာဆေးရုံကိုမရောက်ခင်တည်းကဆုံးသွားခဲ့တာလို့ပြောတယ်...ကိုမိုးရိပ်ကတော့သူ့အဖေနဲ့အမေရဲ့လက်ပေါ်မှာပဲ အသက်ပျောက်သွားရရှာတာ...အမှန်တော့သူ့သမီးလေးအတွက်တမင်အားတင်းပြီး သူမှာချင်တာလေးကိုမှာခဲ့တယ်ထင်ပါတယ်...."
"ဘယ်လိုမှာခဲ့တာလဲရှင်..."
"သမီးလေးကိုစောင့်ရှောက်ပေးပါ...မေမေ့လက်ကိုအပ်ပါရစေတဲ့ရှင်....ဒီစကားတစ်ခွန်းပဲသူလည်းပြောနိုင်ခဲ့ပါတယ်...အလောင်းတွေကိုတောင်အိမ်ပြန်သယ်ခွင့်မရလို့...ကျွန်မတို့ဆေးရုံမှာပဲထားခဲ့ရပါတယ်....မီးသင်္ဂြိုလ်ပြီးတဲ့ပြာတွေကိုလည်း
မေညိုကမရရအောင်တောင်းပြီး ရေမျှော်ခဲ့ပါတယ်....
ကလေးကိုရှာဖို့ကြတော့ မရှင်းသန့်တို့ရဲ့လိပ်စာကိုလည်း ကျွန်မတို့ကသိတာမဟုတ်ဘူး...သေဆုံးသူတွေကလည်း ပြောမှမပြောသွားခဲ့တာ...ဒီတော့ကလေးကို အစောတည်းကခေါ်ဖို့ရာ...ကြန့်ကြာသွားခဲ့ရတာပေါ့...."
"ဒါနဲ့ကလေးကို သူတို့ကဘာလို့မခေါ်သွားခဲ့ရတာလဲရှင်...အဲ့ဒီနေ့လေ...သူတို့ထွက်သွားတဲ့နေ့ကကျွန်မကိုမန္တလေးသွားမယ်လို့ သူတို့ပြောသွားခဲ့ကြတာမဟုတ်ဘူး....ကိုမိုးရိပ်လုပ်တဲ့အလုပ်ကအရှုံးပေါ်ပြီးအကျွေးတင်လို့...သူတို့အိမ်ကိုရောင်းပြီးဆပ်လိုက်ရတယ်...သမီးလေးကိုခဏကြည့်ထားပါဆိုပြီး ..ဘယ်သွားမယ်လည်းမပြောသွားခဲ့ကြဘူး..."
"အမှန်တော့သူတို့ မေညိုတို့ဆီမှာအကူအညီလာတောင်းတာထင်ပါတယ်....မန္တလေးကိုမလာခင်ညကမေညို့ဆီကိုဖုန်းဆက်တယ်တဲ့...မေညိုကသူ့ယောက်ျားမသိအောင်ဖုန်းကွယ်ထားခဲ့တာ...
အဲ့ဒီ့အတွက်လည်း သူ့ကိုသူအတော်နောင်တရနေရှာတာ..သူသာတားခဲ့ရင်သူ့သားသေမှာမဟုတ်ဘူးဆိုပြီး....အခုထိကိုသူ့သားနဲ့ပတ်သတ်ပြီးခံစားနေရတုန်းပဲ...."
"အင်း.... သားသမီးအတွက်မိဘဟာလည်း
ဘယ်အရာနဲ့မှမလဲနိုင်သလို...မိဘအတွက်သားသမီးကလည်းတန်ဖိုးကြီးတာပါပဲ...
ကိုယ်ချင်းစာပါတယ်...."
"ဒါဆိုရင်....ကျေးဇူးပြုပြီး...ပုံရိပ်ကိုကျွန်မနဲ့ထည့်လိုက်ပါရှင်....အပြီးမဟုတ်လည်းအလည်သဘောမျိုးပေါ့...သူဟိုမှာပျော်ရင်ဆက်နေပေါ့ရှင်...
သူ့အဖွားကိုအနည်းဆုံးတော့ မျက်နှာသွားပြခိုင်းစေချင်ပါတယ်...ကလေးကိုတွေ့ရင်မေညိုလည်းစိတ်သက်သာရာရမယ်ထင်ပါတယ်....."
ဒေါ်ယဉ်တင့်၏ထပ်ဆင့်ကာပြောလာသည့်စကားများကြောင့် ဒေါ်ရှင်းသန့်တစ်ယောက်ပို၍တွေဝေသွားမိသည်။ဒေါ်ရိပ်ညိုအတွက်ဆိုလျှင် ဆုံးပါးသွားတဲ့သားဖြစ်သူရဲ့ ကိုယ်ပွားလေးဖြစ်ပြီး
ကိုယ့်အတွက်ကတော့ အစ်မဖြစ်သူရဲ့ကိုယ်ပွားလေးဖြစ်သည်။ဖြစ်နိုင်လျှင်ဝှက်၍သိမ်းထားချင်မိသည်။သို့ပေမဲ့ ဒေါ်ရိပ်ညိုဟာယခုလောလောဆယ်မှာ ဒုက္ခိတဖြစ်နေသည့်သူပင်။
ဒီကလေးကို ဘယ်သူကအလိုအပ်ဆုံးဖြစ်မလဲ။
သူပြောနိုင်တာတစ်ခုကတော့...။
"ဒီကိစ္စကို ပုံရိပ်ကိုသာဆုံးဖြတ်ခိုင်းလိုက်ပါ...
သူ့ဆန္ဒကသာ အဓိကပါပဲ....သူလိုက်ချင်တယ်ဆိုရင်...ကျွန်မ...မတားပါဘူးရှင်...ကလေးကိုသာမေးပါတော့...."
*ပုံရိပ်ရယ် ဒေါ်လေးတို့ရဲ့ရေစက်ဟာ ဒီဘ၀ဤမျှနဲ့ကုန်ပြီထင်ပါတယ်။ဘယ်လိုပဲ အလည်ခေါ်တယ်
ဆိုဦး ဟိုရောက်ရင်တော့ သူ့အဖွားကဘယ်နည်းနဲ့မှပြန်လွှတ်မှာမဟုတ်တော့ဘူး။ပုံရိပ်ကရော။
တန်ဖိုးကြီးစည်းစိမ်တွေနဲ့ အရောင်တဖြတ်ဖြတ်လင်းလက်တဲ့လိပ်ပြာကလေးဖြစ်သွားပါက
ဗောက်ဖက်ဖြစ်ခဲ့သေဘ၀ကို ဘယ်လိုလုပ်ပြန်ပြီးအမှတ်ရချင်ပါ့မလဲ။
လိပ်ပြာကလေးရေ မင်းလိုရာကိုသွားပါတော့။
နုနုထွေးထွေး ပန်းခင်းကလေးထဲ အရောင်စုံပန်းကလေးတွေကြားမှာ ပျော်ပါးလိုက်ပါ။
တလက်လက်တောက်ပလိုက်ပါကွယ်။
အခန်း(၂၈)ဆက်ရန်ရှိသည်
(ပုံရိပ်ကရော မန္တလေးကိုလိုက်မယ်ထင်လား...
စာဖတ်သူတွေအနေနဲ့ဆိုရင်ရော ပုံရိပ်ကိုဘယ်သူနဲ့ပိုနေစေချင်လဲ..."
=========================================================================
🔥ဆူးႀကိဳး🌹အခန္း(၂၇)ဒုတိယပိုင္း
"ေဒၚေလး.....ေနေကာင္းရဲ့လား...."
ေဒၚေလး၏မ်က္ႏွာ အနည္းငယ္ၫွိုးေနေသာေၾကာင့္ ပံုရိပ္ေမးလိုက္ျခင္းပင္။
ေဒၚေလးသည္ အိမ္ေခါင္းရင္းဘက္တြင္ေစာင္ ေလးႃခံု၍လဲေလ်ွာင္းေနသည္။
ဒီအေတာအတြင္းမွာ အိမ္၏အေရးေရာ၊
သူ႔ေယာက္်ားေၾကာင့္ပါ စိတ္ဆင္းရဲေနရသည္ထင္ပါရဲ့ မ်က္ႏွာေလးေတာင္ ေခ်ာင္ၾကသြားသည္။သံေတာင္မွ အပူေပးပါမ်ားရင္ အရည္ေပ်ာ္တတ္တာပဲ။ေဒၚေလးဟာ လူျဖစ္တဲ့အတြက္ ၾကာလာေတာ့လည္းအလုပ္ပင္ပန္းတဲ့ ဒဏ္ကိုခံလာရတာေပါ့။
သန္လ်င္သို႔သြားၿပီး၍ ညေနငါးနာရီထိုးတည္းကအိမ္သို႔ျပန္ေရာက္သည္။ဒီေန့မွာ ကေလးေတြကိုလည္းပိတ္ေပးထားသည္မို႔ ပံုရိပ္အတြက္ကေတာ့ဆရာ့ဆီကိုသြားၿပီး စာသြားသင္ဖို႔သာရိွေတာ့သည္။ေနာက္အပတ္ဆိုလ်ွင္ စာေမးပဲြေျဖရေတာ့မည္ျဖစ္၍ စာကိုလည္း အလ်ွင္မျပတ္ေအာင္ေသခ်ာလုပ္ရေပမည္။
အေပ်ာ္အပါးေတြကို ပံုရိပ္ဦးစားေပး၍မျဖစ္ေတာ့ေပ။
"ေဒၚေလးေနမေကာင္းရင္...သမီးက်ူရွင္ကိုမသြားေတာ့ဘူးေလ..."
"မလိုပါဘူးပံုပံုရယ္...ေဒၚေလးကေခါင္းနည္းနည္းကိုက္ေနရံုပါ...အကိုက္ခဲေပ်ာက္ေဆးေသာက္ထားတယ္ .. ခဏေမွးလိုက္ရင္သက္သာသြားပါလိမ့္မယ္...စာေမးပဲြကနီးေနၿပီ...ကိုယ့္စာကိုသာအာရံုစိုက္စမ္းပါ..."
"တကယ္ေရာ သက္သာလို႔လားေဒၚေလးရယ္...."
ခါးသို႔ေလ်ွာက်ေနေသာေစာင္ေလးကို ရင္ၫႊန႔္အထိဆဲြတင္ေပးလိုက္ၿပီး ေမးမိသည္။ေဒၚေလးကေတာ့ ထံုစံအတိုင္းေခါင္းၿငိမ့္ျပသည္။အမ်ိဳးသမီးေတြရဲ့အက်င့္က ထိုအတိုင္းပါပဲ။
ျပင္ပမွာေျပာတာကတစ္မ်ိဳးျဖစ္ၿပီး ရင္ထဲမွခံစားခ်က္ကအဓိပၸာယ္တစ္မ်ိဳးျဖစ္ေနတတ္သည္။
အေဒါ့္လက္ေမာင္းေတြႏွင့္ နဖူးကိုစမ္းၾကၫ့္ေတာ့ကိုယ္မပူ၍ေတာ္ေသးသည္။
ထိုစဉ္ပံုရိပ္တို႔၏ၿခံေရ႔ွတြင္ကားေလးတစ္စီးထိုးဆိုက္လာခဲ့ေလသည္။ကားေပၚမွဆင္းလာေသာ
ေဒၚယဉ္တင့္သည္ ဆလင္းဘတ္ကိုလက္တြင္ခ်ိတ္
လ်ွက္ မ်က္ႏွာကိုေမာ့ခ်ီထားတာမ်ိဳးလည္းမဟုတ္သလို၊အားငယ္ႏြမ္းလ်ွေနေသာဟန္ပန္မ်ိဳးလည္း
မရိွေပ။
ေဒၚယဉ္တင့္၏မ်က္ႏွာသည္ ပကတိေအးခ်မ္းေသာအသြင္ကိုေဆာင္ထားေလသည္။
တစ္လက္မအျမင့္ရိွေသာ ေဒါက္ဖိနပ္ခၽြန္ခၽြန္ကို ေျမာင္းေလးအေပၚတြင္ကန႔္လန႔္ျဖတ္ထားေသာ ပ်ဉ္ျပားအေပၚသို႔နင္း၍တက္လိုက္ၿပီး ေဘးဘီသို႔ေဝ့ဝဲၾကၫ့္လိုက္မိသည္။
ႏွာသီး၀တြင္လာ၍ရိုက္ခတ္ေသာ
ေျမာင္းပုပ္ေဆာ္နံ႔ကိုမခံႏိုင္ေပမဲ့ ၿခံထဲသို႔လွမ္း၀င္လိုက္ပါသည္။
ၿခံစည္းရိုးခတ္ထားေသာဝါးကတ္ေတြကလည္းေဆြးေနသလို သစ္သားလံုးခ်င္းအိမ္ေလးေတြကလည္း ခပ္က်ဉ္းက်ဉ္းေလးေတျြဖစ္ေနသည္။
ၿခံထဲသို႔လွၫ့္ပတ္ၾကၫ့္လိုက္ေတာ့လည္း
ဟိုးေနာက္ဆံုးမွာ ေရစည္တစ္ခုကိုလွမ္းျမင္လိုက္ရသည္။
အမ်ားႏွင့္စုၿပီးေနရေသာေနရာျဖစ္၍
ပံုရိပ္တို႔ဟာဒီေရစည္တစ္ခုတည္းကိုပဲ သံုးရမွာေသခ်ာသည္။
အပ်ိဳေလးအရြယ္သည္ ေရခ်ိဳးဘာညာလုပ္တဲ့အခါ အျခားအခန္းေတြမွာအမ်ိဳးသားေတြရိွေနလ်ွင္ ဘယ္လိုလုပ္ပါ့မလဲ။အခုေခာတ္မွာဘယ္သူကမွယံုၾကည္ရတာမ်ိဳးမဟုတ္ဘူး။ေဒၚရိပ္ညို၏အငယ္ဆံုးေျမးဟာ ဒီလိုဆင္းရဲတဲ့ဘ၀မ်ိဳးမွာေနတယ္ဆိုတာ အမ်ားအျမင္မွာတကယ္ကိုမယံုႏိုင္စရာကိစၥတစ္ရပ္ပဲ။ပံုရိပ္ေလးရယ္ ဒီေန့ကစၿပီးမင္းရဲ့ဘ၀ေလး ေျပာင္းလဲပါေတာ့မယ္။
"ဘယ္သူနဲ႔ေတြ့ခ်င္လို႔လဲရွင့္...."
ယဉ္တင့္ရပ္ေနေသာေနရာသည္ၿခံထဲရိွပထမဆံုးအေဆာင္ေရ႔ွတြင္ျဖစ္၍ ထိုအခန္းထဲမွကေလးမေလးတစ္ေယာက္ကထြက္၍ေမးလာေလသည္။
အေပါက္၀တြင္ရပ္လ်ွက္ မ်က္လံုးဝိုင္းေလးမ်ားျဖင့္ၾကၫ့္ေနေသာ ထိုကေလးမကိုယဉ္တင့္သည္လည္း ျပန္၍အကဲခတ္မိသည္။
ဆံပင္ရွည္ေလးေတြကို က်စ္ဆံၿမီေလးက်စ္ထားၿပီး အသားအရည္ကႏို႔ႏွစ္ေရာင္သန္းေလာက္ေအာင္ျဖဴခ်င္သူလည္းျဖစ္သည္။
ကိုယ္လံုးကိုယ္ထည္ဟာ ပိန္ပိန္သြယ္သြယ္ေလး
ျဖစ္ၿပီး မ်က္လံုးေလးေတြဟာစူးရွေသာအသြင္ကိုေဆာင္ေနသည္။ဒီမ်က္လံုးေတြဟာ ေဒၚရိပ္ညိုမွာလည္းျမင္ရတတ္ေသာ မ်က္၀န္းမ်ားျဖစ္သည္။
ေမသန႔္ကိုေတာ့ သူ၏ေနာက္ဆံုးခရီးမွာပဲျမင္လိုက္ရေပမဲ့ ဒီကေလးမဟာမိခင္ႏွင့္ဖခင္၏ အလွႏွင့္က်က္သေရကိုေပါင္းစပ္ထားေသာ ရတနာေလးျဖစ္သည္။ေသခ်ာပါတယ္ ဒါဟာပံုရိပ္ပဲ။
ေမညိုသိပ္ကိုေတြ့ခ်င္ေနတဲ့ပံုရိပ္ေပါ့။
"သမီးရဲ့နာမည္ကပံုရိပ္မဟုတ္လား...."
"ရွင္...ဟုတ္ပါတယ္....ဘာကိစၥရိွလို႔လဲဟင္...."
"အင္း....အန္တီ့နာမည္ကေဒၚယဉ္တင့္ပါ...သမီးရဲ့အေဒၚအိမ္ထဲမွာရိွလား...."
"ရိွပါတယ္....ေဒၚေလးကေခါင္းကိုက္လို႔ေမွးေနပါတယ္...."
"ဒါဆိုရင္အန္တီ့ကိုအိမ္ထဲကိုေခၚပါအံုး...
သမီးရဲ့အေဒၚနဲ႔စကားေလးေျပာခ်င္လို႔...."
"ဟုတ္ကဲ့...အိမ္ထဲကိုႂကြပါ....."
အိမ္ထဲသို႔ဖိတ္ေခၚလိုက္ရေပမဲ့ ပံုရိပ္၏စိတ္ထဲတြင္တအံတဩျဖစ္ေနမိသည္။ဒီအမ်ိဳးသမီးႀကီးဟာဘယ္သူလဲ။ပံုစံကိုၾကၫ့္ရသေလာက္ေတာ့ သာမာန္ေတာ့မဟုတ္ေလာက္ဘူး။အိမ္ေပၚသို႔တက္ေတာ့လည္း တစ္အိမ္လံုးကိုမ်က္လံုးေဝ့ရမ္းၿပီးၾကၫ့္ေနေလသည္။ပံုရိပ္တို႔၏အိမ္ေလးဟာ အလြန္က်ဉ္းေျမာင္းၿပီး ေပါက္သၫ့္ေနရာေပါက္၊ကဲြသၫ့္ေနရာကဲြျဖစ္ေန၍ ဒီအေဒၚႀကီးႏွာေခါင္းရႈံ႔မည္ဟုထင္ထားမိေပမဲ့ အေဒၚႀကီး၏မ်က္ႏွာဟာ ျပစ္တင္ေဝဖန္လိုေသာပံုစံအလ်ွင္းမရိွေပ။
ၾကၫ့္လိုက္သည္ႏွင့္ ေအးခ်မ္းေသာမ်က္ႏွာပိုင္ရွင္ျဖစ္သည္။
ကဲ့ရဲ့အျပစ္တင္လိုေသာမ်က္၀န္းျဖင့္ အိမ္ထဲသို႔လိုက္ၾကၫ့္ေနျခင္းထက္ သနားစာနာေသာပံုစံက
ပိုသာေနသည္။ေဒၚေလးလည္း ထိုအမ်ိဳးသမီးကိုေတြ့ေတာ့ ခ်က္ခ်င္းပဲထထိုင္ေလသည္။
ေဒၚေလးကိုၾကၫ့္ရတာေတာ့ ဒီအန္တီႀကီးကို
သိပံုမေပၚေပ။
အန္တီႀကီးကလည္း ဘာမေျပာညာမေျပာျဖင့္ ေဒၚေလးႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ၀င္၍ထိုင္လိုက္ေလသည္။
"ဒီကမရွင္းသန႔္ထင္တယ္...ကၽြန္မနာမည္က
ယဉ္တင့္လို႔ေခၚပါတယ္..."
"ဟုတ္ကဲ့....ဘာကိစၥမ်ားရိွလို႔လဲမသိဘူးရွင့္
ညီမကိုကၽြန္မတစ္ခါမွမျမင္ဖူးဘူး...."
"ဟုတ္ပါလိမ့္မယ္....မရွင္းသန႔္ကိုလည္းကၽြန္မကအခုမျွမင္ဖူးတာပါ..."
"ရွင္....."
ေဒၚေလး၏မ်က္ႏွာတြင္ အံ့ဩရိပ္ထင္သြားသကဲ့သို႔ ပံုရိပ္သည္လည္း မ်က္ေမွာင္ႄကံု႔လိုက္မိသည္။
တစ္ေယာက္ႏွင့္တစ္ေယာက္မသိၾကပဲ
ဘာရည္ရြယ္ခ်က္နဲ႔လာတာပါလိမ့္။
အလိမ္အညာေတာ့မဟုတ္ေလာက္ဘူး ထင္ပါတယ္။
ထိုအန္တီႀကီးကိုပံုရိပ္စူးစူးစိုက္စိုက္ၾကၫ့္၍
အကဲျဖတ္ေနခိုက္ ထိုအန္တီကလည္းပံုရိပ္ကို ေဆြးေႁမ့စြာလွမ္းၾကၫ့္သည္။
"ဒီလိုပါ....ကၽြန္မဒီကိုလာရတဲ့အေၾကာင္းအရင္းကပံုရိပ္ေၾကာင့္ပါပဲ....ရွင္းရွင္းေျပာရရင္ေတာ့ပံုရိပ္ကိုလာေခၚတာပါ....လာေခၚခိုင္းတဲ့သူကေတာ့
ကိုမိုးရိပ္ရဲ့အေမ...ေဒၚရိပ္ညိုေပါ့...ပံုရိပ္ရဲ့စာကို
ရၿပီးတည္းကလာေခၚခ်င္ခဲ့တာပါ...."
ပံုရိပ္၏စာဟုေျပာလိုက္ေသာအခါမွ ေဒၚေလးသည္ပံုရိပ္ကိုဆက္ကနဲလွမ္းၾကၫ့္ေလသည္။
ပံုရိပ္စာပို႔တာကို ေဒၚေလးမသိခဲ့ေပ။
ပံုရိပ္ေျပာမျပခဲ့ျခင္းက ေဒၚေလးစိတ္ဆင္းရဲမွာစိုး၍ပါ။
ယခုေတာ့ ေဒၚ ေလးသည္ပံုရိပ္ကိုမဲ့ႃပံုးႃပံုး၍ၾကၫ့္လာသည္။
ေဒၚေလး၏အၾကၫ့္ေတြကိုပံုရိပ္သိသည္။
ပံုရိပ္ဟာ ေဒၚေလးတို႔ဆီတြင္မေနခ်င္၍ ပုန္ကန္ေနၿပီဟုထင္သြားပံုရသည္။ေဒၚေလး၏မ်က္၀န္းထဲမွာ မ်က္ရည္ေတြလိမ့္စီးက်လာတာကိုလည္း ပံုရိပ္ေတြ့လိုက္ရသည္။
ေဒၚေလးပံုရိပ္ကိုအထင္လဲြသြားၿပီထင္ပါတယ္။
မငိုပါနဲ႔ေဒၚေလးရယ္....
"အို...မရွင္းသန႔္ရယ္...ဘာလို႔ငိုေနရတာလည္း...ကၽြန္မကပံုရိပ္ကိုေခၚသြားမွာစိုးလို႔လား..."
"ကၽြန္မေတာင္းပန္ပါတယ္...ကၽြန္မမ်က္ရည္မက်သင့္ပါဘူး...ကၽြန္မတူမေလးေကာင္းစားတာကိုကၽြန္မျမင္ခ်င္ပါတယ္ရွင္..ဒါေပမဲ့ကၽြန္မသိတဲ့
ေဒၚရိပ္ညိုက အင္မတန္ေမာက္မာတယ္...
သူ႔သမီးကပိုဆိုးပါေသးတယ္..အဲ့ဒီ့လိုလူေတြရဲ့ လက္ထဲကို ပံုပံု႔ကိုကၽြန္မဘယ္လိုလုပ္ၿပီး
စိတ္ခ်လက္ခ်ထၫ့္ႏိုင္မွာလည္း...ဟိုေရာက္မွကေလးကသူတို႔ရဲ့ဒဏ္ကိုမခံႏိုင္ရင္....
ပိုၿပီးစိတ္ဒုကၡေရာက္ေနပါအံုးမယ္..."
ေဒၚယဉ္တင့္၏မ်က္ႏွာသည္ ခ်က္ျခင္းပံုပ်က္သြားခဲ့သည္။သက္ျပင္းေတြကိုအခါခါခ်လ်ွက္ျဖင့္
ပံုရိပ္ကိုၾကၫ့္လာသည္။သူ႔မ်က္၀န္းေတြထဲတြင္ တင္စီးလိုေသာအဓိပၸယ္ေတြထက္ ေတာင္းပန္ခယလိုေသာနိမိတ္တို႔ကပို၍အေရာင္ေတာက္ေနသည္။
"ဒီ့အတြက္ေတာ့ မရွင္းသန႔္စိတ္ခ်လိုက္ပါေတာ့..
ေမညိုလည္းမာန္မာနေတြကိုခဝါခ်ရမဲ့အခ်ိန္ေရာက္ေနၿပီထင္ပါတယ္ရွင္...အသက္ကလည္း၇၀
ရိွေနၿပီေလ...အသိုင္းအ၀န္းႀကီးထဲကေန ေမြးဖြားလာတဲ့မိန္းမတစ္ေယာက္ဟာ လက္ၫွိုးၫႊန္ရာ
ေရျဖစ္ခဲ့ေတာ့သူ႔အရပ္နဲ႔သူ႔ဇာတ္လိုက္ဖက္ေအာင္ေတာ့ေနရတာေပါ့...ဒါကလည္းသူ႔ေနရာကိုေရာက္မွကိုယ္ခ်င္းစာတတ္မွာပါ...
အခုအသက္အရြယ္အထိေယာက္်ားေတြလုပ္ရတဲ့အလုပ္ေတြကို အဖြားႀကီးတန္မဲ့ဦးေဆာင္ေနရတဲ့သူဆိုတာ..ေပ်ာ့ညံ့ေနလို႔မရဘူး...အၿမဲတမ္းေခါင္းေမာ့ရင္ေကာ့ေနရတာေလ....သူ႔မွာလည္းသူ႔အခက္အခဲနဲ႔သူေပါ့....ဒါေတြကိုထားပါ...အခုလည္းသူအရင္လို
မာန္ေတြမဆူၿဖိဳးႏိုင္ေတာ့ပါဘူး....ဒုကၡိတဘ၀ကိုေရာက္ေနရၿပီပဲေလ......"
"ရွင္....ဘယ္လို...."
အံ့ဩထိတ္လန႔္သြားေသာအသံသည္ ေဒၚေလးထံမျွဖစ္ေပမဲ့ ပံုရိပ္ကပို၍ရင္တုန္သြားရသည္။
အဖြားက ဒုကၡိတျဖစ္ေနရတယ္တဲ့။
ဒါဆိုလ်ွင္ အဖိုးကေရာ အဖိုးကဆံုးသြားခဲ့ၿပီလား။
ဒါျဖင့္ရင္အေဖေျပာေျပာေနတဲ့ အႂတၲကီးလြန္း
သည့္အဖိုးဆိုသူကို ပံုရိပ္ျမင္ခြင့္မရေတာ့ဘူးေပါ့။
အေဖနဲ႔အေမကေရာ။
ပံုရိပ္သိခ်င္တာကအေဖနဲ႔အေမ ဘယ္မွာရိွေနသလဲဆိုတာပဲ။
"ေဒၚရိပ္ညိုက ဘယ္လိုျဖစ္ၿပီးဒုကၡိတျဖစ္တာလဲရွင္...."
"မိုးကုတ္ကိုသြားရင္းကေန ယာဉ္တိုက္မႈျဖစ္ၿပီး ေအာက္ပိုင္းေတြမသန္ေတာ့တာပါ....အခုဆိုသူ႔မွာလမ္းေတာင္မေလ်ွာက္ႏိုင္တဲ့အေျခအေနပါ...
ဒါေၾကာင့္အေမကသူ႔ေျမးကိုအရမ္းေတြ့ခ်င္ေနပါတယ္...."
"ေအာ္....ေအာ္....ဒါျဖင့္ရင္သူမသန္ေတာ့လို႔....
ပံုရိပ္ကိုခိုင္းရေအာင္ေခၚခ်င္တာေပါ့...."
"ဟယ္....အဲ့လိုမဟုတ္ဘူး...အဲ့လိုလံုး၀မဟုတ္ရပါဘူးေဒၚရွင္းသန႔္ရယ္...အေမကေျခေထာက္ပဲမသန္တာပါ က်န္တဲ့က်န္းမာေရးကအကုန္ေကာင္းပါတယ္...အလုပ္ေတာင္ အိမ္ကေနစီမံခန႔္ခဲြႏိုင္ပါတယ္...အခုကသူ႔သားအငယ္ဆံုးရဲ့ကိုယ္ပြားကိုအနားမွာထားၿပီး ေစာင့္ေရွာက္ခ်င္တာပါ...
ကၽြန္မတို႔ကကိုယ့္ေသြးသားကို ခိုင္းစားရေလာက္တဲ့အထိ မယုတ္ညံ့ပါဘူးရွင္....."
"ဒါကေတာ့ ဒီကအေျပာေလ...ဟိုေရာက္ရင္ဘယ္လိုျဖစ္မယ္မွန္းမွမသိတာ...ေဒၚရိပ္ညိုေလာက္ပဲၾကည္ျဖဴမွာေပါ့...က်န္တဲ့လူေတြရဲ့စိတ္သေဘာထားကိုကၽြန္မတို႔ကမသိဘူးေလ...."
ေဒၚရွင္းသန႔္၏တူမကို မထၫ့္ရေရးအတြက္ကန႔္လန႔္တိုက္ေနေသာ စကားမ်ားေၾကာင့္
ေဒၚယဉ္တင့္သည္လည္း အနည္းငယ္ေတာ့ေဒါသထြက္လာမိသည္။
အမ်ိဳးမ်ိဳးရွင္းျပေနပါလ်ွက္နဲ႔ဘာေၾကာင့္
မၾကည္ျဖဴရတာလဲ။သူတို႔ဟာ ယခုလက္ရိွပံုရိပ္၏
အုပ္ထိမ္းသူေတျြဖစ္ေနေတာ့ ဒီေလာက္ေတာ့လည္း စစ္ေဆးေမးျမန္းမွာေပါ့။
ဒါကလည္းေကာင္းတဲ့အခ်က္ပါပဲ။
အေနစုတ္ေပမဲ့ အခြင့္အေရးကိုအလကားရတိုင္း
မယူတတ္တာက ခ်ီက်ူးစရာပဲေပါ့။ကိုယ္ကလည္း သူတို႔ရင္ထဲကေန ဆဲြထုတ္ရမၫ့္အေရးဆိုေတာ့ စိတ္ရွည္ရမွာပါပဲ။
မသိရင္ သားလုပဲြက်င္းပေနရသလိုပါပဲ။
ကိုယ့္အျဖစ္ကလည္း အေမ့အတြက္ဒီကေလးကိုေခၚရမွကိုျဖစ္မွာ သူတို႔ပံုစံၾကၫ့္ရတာလည္းထၫ့္ခ်င္ပံုမေပၚဘူး။ဒါဆိုပံုရိပ္ကေရာ ပံုရိပ္ကိုယ္တိုင္ကလိုက္ခ်င္တယ္ဆိုရင္ေတာ့ ပဲြကပ်က္ၿပီ။
ပံုရိပ္ကို တစ္ခ်က္ၾကၫ့္လိုက္ေတာ့သူ႔အေဒၚကိုၾကၫ့္လိုက္ ကိုယ့္ကိုၾကၫ့္လိုက္ ေခါင္းေလးကို
ငံု႔သြားလိုက္ႏွင့္ သားသမီးမရိွေသာကိုယ့္ကို
သားဆိပ္တတ္ေအာင္ ျပဳလုပ္ေနသလိုပါပဲ။
ျမင္ျမင္ခ်င္းဒီကေလးမကို ခ်စ္ခင္ႏွစ္လိုမိသည္။
"ငါ့သမီးေလးဆိုရင္"ဟုအေတြး၀င္လာေသာအခါ
မႏၲေလးကိုေရာက္ရင္ ဒီကေလးကိုကိုယ္ကပဲၾကၫ့္ရမွာပါ။ဟိုေမ်ာက္သံုးေကာင္ကေတာ့ ေဘးမဲ့ေပါ့။
"မရွင္းသန႔္ကိုကၽြန္မအပြင့္လင္းဆံုးေျပာရရင္...
ဒီကေလးကိုေမညိုက သူ႔ေနရာမွာဆက္ခံေစခ်င္တာ..ကုန္ကုန္ေျပာရရင္....သူမရိွေတာ့တဲ့အခ်ိန္မွာ
ဒီကေလးကိုသူ႔ေနရာမွာထားခဲ့ခ်င္တာ...ဒီေလာက္ဆိုရင္ ေမညို႔ရဲ့ဒီကေလးအေပၚမွာထားတဲ့ စိတ္ဆႏၵေတြကိုျမင္ႏိုင္မွာပါ....ဒီကေလးကိုအေဒၚ
တစ္ေယာက္အေနနဲ႔...ေစာင့္ေရွာက္ထားတာေတြကိုလည္း.....ေက်းဇူးတင္ပါတယ္...ဒါေပမဲ့မရွင္းသန႔္ကလည္းကိုယ့္အိမ္ေထာင္နဲ႔ကိုယ္ေလ...ပံုရိပ္ရဲ့သူငယ္ခ်င္း ယမင္းဆီကေနၾကားရသေလာက္ေတာ့
မရွင္းသန႔္ရဲ့အမ်ိဳးသားက ပံုရိပ္ကိုမလိုလားဘူးဆို
...ကေလးရဲ့အနာဂတ္အတြက္ကိုၾကၫ့္ပါရွင္....
ရည္မွန္းခ်က္ျမင့္ျမင့္ထားတိုင္းလည္း....
ေနာက္ခံအင္အားမေတာင့္ရင္....အၫႊန္းက်ိဳးရမွာပဲ...ဒီကေလးကိုဘယ္လိုေနရာမ်ိဳးမွာရိွေစခ်င္သလဲ...ကၽြန္မတို႔ဘက္ကလည္းကေလးကိုျပဳစုေစာင့္ေရွာက္ေပးခဲ့တဲ့အခ်ိန္ေတြအတြက္....
မရွင္းသန႔္တို႔ကိုျပန္ေထာက္ပံ့ပါရေစ...နည္းတယ္မ်ားတယ္ေတာ့ သေဘာမထားပါနဲ႔..."
"အန္တီ....ဒီလိုေတာ့မေျပာပါနဲ႔ရွင္...."
"ပံုရိပ္....."
ပိုက္ဆံအိတ္ထဲမွ ေငြငါးေထာင္တန္အထပ္လိုက္ကိုထုတ္၍ ၾကမ္းျပင္ေပၚသို႔ခ်လိုက္ေသာ ေဒၚယဉ္တင့္ကို မေက်နပ္စြာၾကၫ့္လိုက္၍ ျပန္ေျပာမည္ျပင္ေတာ့ေဒၚေလးက တားသည္။
ေဒၚေလး၏ေမတၲာဟာဘယ္ေလာက္ေနြးေထြးသလဲဆိုတာ ပံုရိပ္အသိဆံုးပင္။ေဒၚေလး၏ေစတနာနဲ႔အနစ္နာခံမႈသည္ သူ႔နာမည္အတိုင္းရွင္းသန႔္လြန္းတာကို ပံုရိပ္ခံစားမိသည္။
ဒါကိုေစာ္ကားခ်င္တာမ်ိဳးေတာ့ ပံုရိပ္လက္မခံႏိုင္ဘူး။ေဒၚေလး၏မ်က္ႏွာကေတာ့ ၿပိဳေတာ့မၫ့္မိုးလိုျဖစ္ေနသည္။
"ေျပာပါေစပံုရိပ္....သူတို႔ကေျပာႏိုင္တဲ့ေနရာမွာရပ္ေနတာပဲ...ေျပာပါေစ...ဒီမွာမယဉ္တင့္...
ရွင္ေျပာတာေတြဟာသိပ္ကိုမွန္ပါတယ္...
ေနာက္ခံအင္အားမေတာင့္တဲ့ကၽြန္မက ပံုရိပ္ကို
က်ူရွင္ေတာင္ေကာင္းေကာင္းမထားႏိုင္ပါဘူး....
ဒါေပမဲ့ဒီေငြေတြကိုေတာ့မယူပါရေစနဲ႔....
ကၽြန္မကအခေၾကးေငြယူၿပီး လူကိုေရာင္းစားတတ္တဲ့မိန္းမမဟုတ္ပါဘူး...ကိုယ့္လိပ္ျပာကိုယ္လံုပါတယ္...
ယေန့ထက္ထိပံုရိပ္ရဲ့အေပၚမွာလည္း ကၽြန္မရဲ့သားသမီးေတြနဲ႔တန္းတူ ခ်စ္ခင္ေပးခဲ့တာပါ..
ရွင္တို႔ဘက္ကေနၾကၫ့္ရင္ ဒါဟာေျမးအရင္းျဖစ္သလို ကၽြန္မဘက္ကေနျပန္ၾကၫ့္ရင္ဒါကတူမအရင္းပါ...
ကၽြန္မအစ္မရဲ့ေသြး...သူ႔မိဘေတြကိုယ္တိုင္ကၽြန္မဆီမွာလာထားသြားတာ...ကိုမိုးရိပ္ကိုယ္တိုင္ကလည္းသူ႔အေဖကိုမုန္းေနတာ...တကယ္လို႔သူတို႔ျပန္လာရင္....ကၽြန္မဘယ္လိုေျပာရမလဲ....
သူတို႔မသိပဲကၽြန္မက ဒီကေလးကိုထၫ့္လိုက္ရင္စိတ္ဆိုးၾကမွာေပါ့....."
ေဒၚရွင္းသန႔္သည္လည္း ကေလးကိုေကာင္းစားေစခ်င္ေပမဲ့ သံေယာဇဉ္ျဖစ္မိၿပီမို႔အတတ္ႏိုင္ဆံုးဆဲြထားမိေလသည္။ေဒၚယဉ္တင့္ကေတာ့ ခ်က္ခ်င္းေခါင္းငိုက္ဆိုက္က်သြားသည္။
ပံုရိပ္ကေတာ့ သူ႔အေဒၚကိုၾကၫ့္၍ မ်က္ရည္ဝဲေနရသည္။
"သူတို႔စိတ္ဆိုးႏိုင္ၾကေတာ့မွာမဟုတ္ပါဘူး...."
"ဟင္....မယဉ္တင့္....ရွင္ဘာကိုေျပာခ်င္တာလဲ..."
"အန္တီဘာကိုဆိုလိုတာလဲ...."
ေဒၚယဉ္တင့္၏မ်က္၀န္းမ်ားသည္ မ်က္ရည္မ်ားျဖင့္ျပၫ့္လ်ွံသြားလ်ွက္ ပံုရိပ္ကိုနာက်င္ေၾကကဲြစြာၾကၫ့္လာသည္။ပံုရိပ္၏ပခံုးႏွင့္ပါးျပင္ေတြကိုပါ လက္ဖဝါးျဖင့္ ၾကင္နာစြာပြတ္သပ္ေပးလ်ွက္
ၾကၫ့္လာသည္။
ၿပီးေနာက္ အေဒါ့္ဘက္သို႔လွၫ့္လိုက္သည္။
"ကၽြန္မ...ဒီစကားကိုမေျပာခ်င္ေသးလို႔...ေျပာဖို႔သတၲိမရိွေသးလို႔ ေကြ့ပတ္ၿပီးေျပာေနေပမဲ့ ေနာက္ဆံုးေတာ့ကၽြန္မေျပာမွကိုျဖစ္ေတာ့မယ္...
ပံုရိပ္ရဲ့မိဘေတြက.....လြန္ခဲ့တဲ့ႏွႏွစ္ေလာက္ကပဲဆံုးသြားခဲ့ပါၿပီ...."
"အမယ္ေလး!!!!!.....မမ...မမဆံုးၿပီဟုတ္လား..."
ေဒၚေလး၏ထိတ္လန႔္စြာေအာ္ေမးလိုက္သံ၏အဆံုးတြင္ ေဒၚယဉ္တင့္ကေခါင္းၿငိမ့္ျပလိုက္သည္။
ပံုရိပ္ကေတာ့ ေနရာမွာတင္ေက်ာက္ရုပ္ႀကီးကဲ့သို႔ျဖစ္ေနေလသည္။မ်က္ရည္ေတြသည္ ပါးျပင္ေပၚသို႔တေပါက္ေပါက္က်လာခဲ့သည္။ေျခေတြလက္ေတြဟာ လႈပ္ရွားလို႔မႏိုင္ေတာ့ေလာက္ေအာင္
ထံုက်ဉ္လာသည္။ေဒၚယဉ္တင့္သည္ လိမ္ညာေနပံု
မေပၚေပမဲ့ ပံုရိပ္လံုး၀မယံုဘူး။
*ေဖေဖနဲ႔ေမေမကပံုရိပ္ဆီကို ျပန္လာမွာေလ။
ပံုရိပ္သူတို႔ကိုေစာင့္ေနတာ ႏွႏွစ္ေက်ာ္ခဲ့ၿပီ။
အခုေတာ့ဆံုးသြားၾကၿပီတဲ့လား။မျဖစ္ႏိုင္တာ။
ေဖႀကီးကပံုရိပ္ကိုကတိေပးခဲ့တယ္
"ေဖႀကီးတို႔..."ခဏေလးပဲသြားမွာတဲ့။
ေမေမကပံုရိပ္ကိုနမ္းသြားေသးတယ္။
တစ္ေန့သူတို႔ျပန္လာေခၚမယ္လို႔ ပံုရိပ္ယံုၾကည္ေနခဲ့တာေလ။မျဖစ္ႏိုင္ဘူး။ေဖေဖနဲ႔ေမေမေသတာလံုး၀မျဖစ္ႏိုင္ဘူး။ပံုရိပ္ကို ညာေနၾကတာ။
စိတ္ထဲမွာ ျငင္းဆန္ေနေပမဲ့မ်က္ရည္ေတြဟာ
ပါးျပင္တစ္ခုလံုးမွာေနရာလပ္မက်န္စိုရႊဲေနခဲ့ၿပီ။
အံကိုႀကိတ္လ်ွက္ ၾကမ္းျပင္ေပၚသို႔အားျပင္းျပင္းျဖင့္ထုခ်လိုက္ၿပီးေနာက္ ေမွာက္လ်ွက္အေနအထားႏွင့္ပင္ ပံုရိပ္ျပန္၍ရုန္းမထႏိုင္ေတာ့ေပ။ဆယ္ေက်ာ္သက္မိန္းမငယ္ေလး၏ လာသမ်ွေဘးေျပးေတြ့မည္ဟူေသာ စိတ္ဓာတ္တို႔သည္ ၿပိဳလဲသြားခဲ့ရၿပီ။
ခႏၶာကိုယ္အတြင္းမွာ စုေဆာင္းထားသၫ့္အင္အားေတြေပ်ာက္ရွ စိတ္ဝိဉာဉ္ဟာအေဝးသို႔လႊင့္ျပယ္သြားခဲ့သည္။အေဖနဲ႔အေမရိွရာဆီကိုေပါ့။
ေနြးေထြးတဲ့လက္ေတြဟာ ပံုရိပ္၏ပခံုးႏွင့္ေက်ာျပင္ကို လာေရာက္ထိခတ္ ႏွစ္သိမ့္မႈျပဳၾကသည္။
ဒါေပမဲ့ ဘယ္လိုေျဖဆည္ႏိုင္မွာလဲ။
ေၾကာင္ကေလးမ်က္ျပဴးကို ဆံုးရႈံးလိုက္ရေသာအခိုက္အတန႔္မွာ ရင္နဲ႔မခ်ိေအာင္ခံစားခဲ့ရလ်ွင္ ယခု၏ဆံုးရႈံးမႈဟာ ဆယ္ဆျဖစ္သည္။
ဘယ္ေသာအခါမွ ျပန္မရႏိုင္ေသာဆံုးရႈံးမႈေပါ့။
"အန္တီယဉ္တင့္....ပံုရိပ္ရဲ့မိဘေတြ...
တကယ္မေသဘူးမဟုတ္လားဟင္..ပံုရိပ္ကိုေျပာစမ္းပါ...တကယ္မေသဘူးမဟုတ္လား...."
ေနာက္ဆံုးလက္က်န္အင္အားျဖင့္ ပံုရိပ္ေမးေပမဲ့ အန္တီကေတာ့ပံုရိပ္ကိုသာ စိုက္ၾကၫ့္လ်ွက္
ငိုေလသည္။ပံုရိပ္ကိုသနားဖို႔မလိုဘူး။ပံုရိပ္ကိုေဖေဖနဲ႔ေမေမသက္ရိွထင္ရွား ရိွေနတယ္လို႔ေျပာေပးဖို႔ပဲလိုတာပါ။ဘာလို႔ဒီစကားေလးကိုမေျပာေပးႏိုင္ၾကတာလဲ။ပံုရိပ္ေနရာမွ ခ်က္ခ်င္းထရပ္လိုက္ၿပီး အခန္းထဲသို႔၀င္ေျပးမိသည္။
ပံုရိပ္ဘာေတြလုပ္ေနမိတာလဲ။
ပံုရိပ္ဘယ္သူ႔ကိုမွမေတြ့ခ်င္တာေတာ့အမွန္ပဲ။
"ပံုရိပ္....သမီး....ပံုရိပ္...."
ေဒၚေလးတို႔ဘယ္လိုပဲေခၚေခၚ ပံုရိပ္ျပန္မထူးမိေပ။
တံခါးကိုသာေက်ာကပ္ၿပီး ဒူးေခါင္းကိုဖက္လ်ွက္ျဖင့္ ၀မ္းနည္းနာက်င္စရာအျဖစ္ႀကီးကို စီးေမ်ာေနမိသည္။ပံုရိပ္ငိုပါရေစ။တစ္ေယာက္တည္းပဲေပးေနၾကပါ။
ေဖေဖနဲ႔ေမေမရယ္ ပံုရိပ္ကိုဒီလိုမက်ီစားၾကပါနဲ႔။
ပံုရိပ္တို႔မိသားစုေလးအတူျပန္စံုၾကမဲ့အခ်ိန္ကိုေစာင့္ေနခဲ့ရတဲ့ ပံုရိပ္ကိုမရက္စက္ၾကပါနဲ႔။
ပံုရိပ္ရဲ့ဘ၀မွာ အေဖနဲ႔အေမမရိွေတာ့ရင္
ဘာအဓိပၸာယ္ရိွေတာ့မွာလဲ။
ပံုရိပ္သိပ္ကိုေနာင္တရမိတယ္။ပံုရိကိုထားပစ္ခဲ့တဲ့အတြက္ အေဖနဲ႔အေမကိုမုန္းစိတ္၀င္ေနမိတဲ့ကိုယ္ကိုကိုယ္ ထုရိုက္ခ်င္မိတယ္။
တကယ္ေတာ့ သူတို႔ဟာခဏတာထားခဲ့ၾကတာမဟုတ္ပဲ ထာ၀ရထြက္ခြာသြားခဲ့ၾကတာေပါ့။
အျပင္ဘက္မွ စကားေျပာသံေတြကိုၾကားေနရေပမဲ့ ကိုယ့္မ်က္ႏွာကိုသာလက္ဖဝါးျဖင့္အုပ္ထားမိသည္။
"မယဉ္တင့္တို႔ကေရာ...မမတို႔ဆံုးတာကိုဘယ္လိုသိတာလဲ...အသက္မွီလိုက္ၾကလားရွင္...."
"အင္း....မေမသန႔္ရဲ့အသက္ကိုေတာ့မမွီလိုက္ဘူး...နီးစပ္ရာေဆးရံုကိုမေရာက္ခင္တည္းကဆံုးသြားခဲ့တာလို႔ေျပာတယ္...ကိုမိုးရိပ္ကေတာ့သူ႔အေဖနဲ႔အေမရဲ့လက္ေပၚမွာပဲ အသက္ေပ်ာက္သြားရရွာတာ...အမွန္ေတာ့သူ႔သမီးေလးအတြက္တမင္အားတင္းၿပီး သူမွာခ်င္တာေလးကိုမွာခဲ့တယ္ထင္ပါတယ္...."
"ဘယ္လိုမွာခဲ့တာလဲရွင္..."
"သမီးေလးကိုေစာင့္ေရွာက္ေပးပါ...ေမေမ့လက္ကိုအပ္ပါရေစတဲ့ရွင္....ဒီစကားတစ္ခြန္းပဲသူလည္းေျပာႏိုင္ခဲ့ပါတယ္...အေလာင္းေတြကိုေတာင္အိမ္ျပန္သယ္ခြင့္မရလို႔...ကၽြန္မတို႔ေဆးရံုမွာပဲထားခဲ့ရပါတယ္....မီးသၿဂၤိုလ္ၿပီးတဲ့ျပာေတြကိုလည္း
ေမညိုကမရရေအာင္ေတာင္းၿပီး ေရေမ်ွာ္ခဲ့ပါတယ္....
ကေလးကိုရွာဖို႔ၾကေတာ့ မရွင္းသန႔္တို႔ရဲ့လိပ္စာကိုလည္း ကၽြန္မတို႔ကသိတာမဟုတ္ဘူး...ေသဆံုးသူေတြကလည္း ေျပာမွမေျပာသြားခဲ့တာ...ဒီေတာ့ကေလးကို အေစာတည္းကေခၚဖို႔ရာ...ၾကန႔္ၾကာသြားခဲ့ရတာေပါ့...."
"ဒါနဲ႔ကေလးကို သူတို႔ကဘာလို႔မေခၚသြားခဲ့ရတာလဲရွင္...အဲ့ဒီေန့ေလ...သူတို႔ထြက္သြားတဲ့ေန့ကကၽြန္မကိုမႏၲေလးသြားမယ္လို႔ သူတို႔ေျပာသြားခဲ့ၾကတာမဟုတ္ဘူး....ကိုမိုးရိပ္လုပ္တဲ့အလုပ္ကအရႈံးေပၚၿပီးအကၽြေးတင္လို႔...သူတို႔အိမ္ကိုေရာင္းၿပီးဆပ္လိုက္ရတယ္...သမီးေလးကိုခဏၾကၫ့္ထားပါဆိုၿပီး ..ဘယ္သြားမယ္လည္းမေျပာသြားခဲ့ၾကဘူး..."
"အမွန္ေတာ့သူတို႔ ေမညိုတို႔ဆီမွာအကူအညီလာေတာင္းတာထင္ပါတယ္....မႏၲေလးကိုမလာခင္ညကေမညို႔ဆီကိုဖုန္းဆက္တယ္တဲ့...ေမညိုကသူ႔ေယာက္်ားမသိေအာင္ဖုန္းကြယ္ထားခဲ့တာ...
အဲ့ဒီ့အတြက္လည္း သူ႔ကိုသူအေတာ္ေနာင္တရေနရွာတာ..သူသာတားခဲ့ရင္သူ႔သားေသမွာမဟုတ္ဘူးဆိုၿပီး....အခုထိကိုသူ႔သားနဲ႔ပတ္သတ္ၿပီးခံစားေနရတုန္းပဲ...."
"အင္း.... သားသမီးအတြက္မိဘဟာလည္း
ဘယ္အရာနဲ႔မွမလဲႏိုင္သလို...မိဘအတြက္သားသမီးကလည္းတန္ဖိုးႀကီးတာပါပဲ...
ကိုယ္ခ်င္းစာပါတယ္...."
"ဒါဆိုရင္....ေက်းဇူးျပဳျပီး...ပံုရိပ္ကိုကၽြန္မနဲ႔ထၫ့္လိုက္ပါရွင္....အၿပီးမဟုတ္လည္းအလည္သေဘာမ်ိဳးေပါ့...သူဟိုမွာေပ်ာ္ရင္ဆက္ေနေပါ့ရွင္...
သူ႔အဖြားကိုအနည္းဆံုးေတာ့ မ်က္ႏွာသြားျပခိုင္းေစခ်င္ပါတယ္...ကေလးကိုေတြ့ရင္ေမညိုလည္းစိတ္သက္သာရာရမယ္ထင္ပါတယ္....."
ေဒၚယဉ္တင့္၏ထပ္ဆင့္ကာေျပာလာသၫ့္စကားမ်ားေၾကာင့္ ေဒၚရွင္းသန႔္တစ္ေယာက္ပို၍ေတြေဝသြားမိသည္။ေဒၚရိပ္ညိုအတြက္ဆိုလ်ွင္ ဆံုးပါးသြားတဲ့သားျဖစ္သူရဲ့ ကိုယ္ပြားေလးျဖစ္ၿပီး
ကိုယ့္အတြက္ကေတာ့ အစ္မျဖစ္သူရဲ့ကိုယ္ပြားေလးျဖစ္သည္။ျဖစ္ႏိုင္လ်ွင္ဝွက္၍သိမ္းထားခ်င္မိသည္။သို႔ေပမဲ့ ေဒၚရိပ္ညိုဟာယခုေလာေလာဆယ္မွာ ဒုကၡိတျဖစ္ေနသၫ့္သူပင္။
ဒီကေလးကို ဘယ္သူကအလိုအပ္ဆံုးျဖစ္မလဲ။
သူေျပာႏိုင္တာတစ္ခုကေတာ့...။
"ဒီကိစၥကို ပံုရိပ္ကိုသာဆံုးျဖတ္ခိုင္းလိုက္ပါ...
သူ႔ဆႏၵကသာ အဓိကပါပဲ....သူလိုက္ခ်င္တယ္ဆိုရင္...ကၽြန္မ...မတားပါဘူးရွင္...ကေလးကိုသာေမးပါေတာ့...."
*ပံုရိပ္ရယ္ ေဒၚေလးတို႔ရဲ့ေရစက္ဟာ ဒီဘ၀ဤမ်ွနဲ႔ကုန္ၿပီထင္ပါတယ္။ဘယ္လိုပဲ အလည္ေခၚတယ္
ဆိုဦး ဟိုေရာက္ရင္ေတာ့ သူ႔အဖြားကဘယ္နည္းနဲ႔မျွပန္လႊတ္မွာမဟုတ္ေတာ့ဘူး။ပံုရိပ္ကေရာ။
တန္ဖိုးႀကီးစည္းစိမ္ေတြနဲ႔ အေရာင္တျဖတ္ျဖတ္လင္းလက္တဲ့လိပ္ျပာကေလးျဖစ္သြားပါက
ေဗာက္ဖက္ျဖစ္ခဲ့ေသဘ၀ကို ဘယ္လိုလုပ္ျပန္ၿပီးအမွတ္ရခ်င္ပါ့မလဲ။
လိပ္ျပာကေလးေရ မင္းလိုရာကိုသြားပါေတာ့။
ႏုႏုေထြးေထြး ပန္းခင္းကေလးထဲ အေရာင္စံုပန္းကေလးေတြၾကားမွာ ေပ်ာ္ပါးလိုက္ပါ။
တလက္လက္ေတာက္ပလိုက္ပါကြယ္။
အခန္း(၂၈)ဆက္ရန္ရိွသည္
(ပံုရိပ္ကေရာ မႏၲေလးကိုလိုက္မယ္ထင္လား...
စာဖတ္သူေတြအေနနဲ႔ဆိုရင္ေရာ ပံုရိပ္ကိုဘယ္သူနဲ႔ပိုေနေစခ်င္လဲ..."
No comments:
Post a Comment