🔥ဆူးကြိုး...🔥အခန်း(၃၁)🔥 ပထမပိုင်း

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၃၁)🔥  ပထမပိုင်း


"လွယ်အိတ်တွေ အတန်းအပြင်ကိုထုတ်မယ်...."


စားမေးပွဲဖြေရန် ဘဲလ်မြည်သည်နှင့်ဆရာမသည် လွယ်အိတ်များကိုအတန်းအပြင်သို့ထုတ်ရန်ပြောလေသည်။ဒီနေ့သည် ဘိုင်အိုဖြေသည့်နေ့ဖြစ်၍ စာမေးပွဲနောက်ဆုံးရက်လည်းဖြစ်သည်။


"ယမင်း...."


အတန်းအပြင်ဘက်တွင် လွယ်အိတ်ထားပြီးအခန်းထဲသို့ ပြန်၀င်လာသောအခါတွင် ယမင်းသည်လည်း ပုံရိပ်ထိုင်ရသော အတန်းတွင်ထိုင်နေလေသည်။မနက်တည်းက သူ့ကိုမတွေ့မိတာကြောင့်

၀မ်းသာပြီးကိုယ့်ဘက်ကနေ ဦးစွာခေါ်လိုက်ပေမဲ့ ယမင်း၏မျက်နှာသည် တည်တည်တင်းတင်းဖြစ်နေပြီး ပုံရိပ်ကိုလည်းလှည့်မကြည့်ပေ။


ကိုယ့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်၍ ယခုလိုစိမ်းကားခံရသည့်အခါ စိတ်မကောင်းတော့ဖြစ်မိသည်။

ယမင်းဘာဖြစ်နေသလဲ။နေရောကောင်းရဲ့လားဟု မေးချင်ပေမဲ့ သူ့ပုံစံကလည်းမေးလျှင်တောင်

ပြန်ဖြေမည့်ပုံမပေါ်သလို စာမေးပွဲဖြေဆိုချိန်ဖြစ်၍ စကားလည်းအကျယ်ကြီးလှမ်းမပြောရဲပေ။


"မေးခွန်းစာရွက်ဝေမယ်...အားလုံးအသံတွေတိတ်ကြ...စာမေးပွဲအခန်းထဲကိုရောက်နေတာတောင် အသံတွေကထွက်ကြတုန်း..."


အတန်းစောင့်ဆရာမတို့၏ ထုံးစံအတိုင်း

ဂနာမညိမ်‌ သောကျောင်းသားတွေကိုဆူလေသည်။‌ကျောင်းသားတွေကလည်း စာမေးပွဲဖြေခါနီးတောင် တစ်ယောက်နှင့်တစ်ယောက် အချိတ်အဆက်လုပ်နေကြလေသည်။ယမင်းကို တစ်ချက်မျှစောင်းငဲ့ကြည့်လိုက်သောအခါ ခေါင်းကိုသာမှောက်ထားလေသည်။

"နင်စာမရရင်...ငါပြမယ်..."ဟုပြောချင်ပေမဲ့ သူကလည်းကိုယ့်ကိုစကားတစ်ခွန်းတောင်လာမပြောဘူး။ယမင်းတစ်ခုခုတော့ ဖြစ်နေတာသေချာသည်။

ဟိန်းကိုကြောင့်များလား။


"ကိုယ့်အဖြေလွှာပေါ်မှာ...နာမည်ရယ်...ခုံနံပါတ်ရယ်ကိုသေချာရေးကြနော်...မေးခွန်းစာရွက်ကိုလည်း သေချာစစ်ကြ..."


ဆရာမ၏ခိုင်းစေချက်အတိုင်း ပုံရိပ်သည်လည်း ဘိုင်အိုမေးခွန်းစာရွက်ကို သေချာစစ်လိုက်မိသည်။အဖြေလွှာစာရွက်မှာ မျဉ်းတားပြီးသားဖြစ်၍ စတင်ဖြေဖို့ရာပဲရှိတော့သည်။တစ်မှတ်တန်အမှား၊အမှန်နှင့် ကွက်လပ်တို့ကိုတော့ အမှတ်ပြည့်‌ဖြေနိုင်၍ ကျေနပ်သွားမိသည်။ပုံဆွဲရသည့်အပိုင်းသို့ရောက်လာသည့်အခါ မိမိ၏စာရွက်နှင့် ခဲတံအပေါ်တွင်သာ စိတ်ကိုနှစ်ထားမိစဉ် ဆရာမ၏အသံကိုကြား၍ မော့ကြည့်လိုက်မိသည်။


"ကြည့်စမ်း...ကွန်ပါဘူးထဲမှာ...စာရွက်ကိုခေါက်ထည့်ထားတယ်ပေါ့...အစမ်းစာမေးပွဲမို့ ငါတို့ကသေချာမစစ်တာကို အခွင့်ကောင်းယူတယ်ပေါ့လေ...ကျောင်းအုပ်ကြီးရုံးခန်းကိုခေါ်သွားမယ်..


ပုံရိပ်တို့၏ အတန်းစောင့်ဆရာမသည် မကြာသေးခင်ကမှဒီကျောင်းသို့ အသစ်ပြောင်းလာသောဓာတုဗေဒဆရာမဖြစ်ပြီး ကျောင်းသားတွေအပြစ်လုပ်ပါက စာနာထောက်ထားမှုမရှိပဲ ပြင်းပြင်းထန်ထန်အပြစ်ပေးတတ်သူဖြစ်သည်။


ယခုလည်း အတန်းတင်စာမေးပွဲကြီးမဟုတ်ပဲအစမ်းစာမေးပွဲတွင် ဖြစ်သည့်စာခိုးချသောပြဿနာသေးသေးလေးကို ကျောင်းအုပ်ကြီးရုံးခန်းအထိ ခေါ်သွားဖို့ရန်လုပ်နေလေသည်။

အခြားဆရာမများဆိုရင် ဆူပူပြီးစာရွက်ခေါက်ကိုသာ သိမ်းသွားမည့်ကိစ္စအား ဒီဆရာမကတော့လုံး၀ခွင့်လွှတ်မည့်ပုံမပေါ်ပေ။


"ငါ...အကုန်လုံးကိုလိုက်စစ်မယ်...စာခိုးချကြောင်းတွေ့တဲ့လူမှန်သမျှ...ကျောင်းအုပ်ကြီးရုံးခန်းကို

ခေါ်ပြီး နောက်တစ်ခါမဖြစ်ရဲအောင် တိုင်မယ်..."


ဆရာမသည်သူ၏စကားအား လုပ်ရပ်ဖြင့်သက်သေပြလေသည်။အတန်းသားများ၏

ကွန်ပါဘူးများနှင့် ဘော့ပဲင်အိတ်များကိုရှာသည်။စာရေးခုံအတွင်းဘက်များကိုလိုက်စစ်ခြင်းမျိုးလုပ်လေသည်။ပုံရိပ်လည်း ကိုယ်ကမဟုတ်တာတစ်ခုမျှ လုပ်မထား၍ ငြိမ်ပြီးကိုယ်ဖြေစရာရှိတာကိုသာ

ဖြေနေ‌လိုက်သည်။

ထိုဆရာမသည် ပုံရိပ်၏စာရေးခုံနားသို့‌လာရောက်ရပ်နေပေမဲ့ ပုံရိပ်ကတော့ ဖြေစရာရှိတာကိုသာ

ဖြေနေလိုက်သည်။


"ဟယ်...ကြည့်စမ်း...စာခိုးချပြီးစာရွက်ကိုလွင့်ပစ်ထားတယ်ပေါ့..."


စာဖြေနေရင်းမှ နားမလည်နိုင်စွာ ဆရာမကိုမော့ကြည့်လိုက်မိတော့ ပုံရိပ်ကိုဒေါသထွက်နေသော မျက်၀န်းတွေနှင့်ကြည့်လျှက် ဆူနေသည်ကိုသိလိုက်လေသည်။ကိုယ်လည်းအပြစ်မလုပ်ထားပါပဲ လာဆူနေ၍ ဒေါသထွက်သွားမိသည်။

ဆရာမတွေ ဘာတွေနားမလည်ဘူး။

ကိုယ့်ကိုမဟုတ်တမ်းတရားလာပြောရင်တော့

မခံနိုင်ပေ။


"ဆရာမ...သမီးဘာလုပ်လို့လဲ..."


"ဘာလုပ်လို့လည်းဟုတ်လား...ညည်းစာခိုးချနေတာလေ...ဒီလောက်မိတာတောင်...ဗြောင်လိမ်ချင်တုန်း


"ရှင်...ဆရာမ...မဟုတ်တာတွေလာမစွပ်စွဲပါနဲ့ သမီးကိုယ့်ဘာသာကိုယ်ဖြေနေတာ...ဘယ်ကမှမခိုးချဘူး...."


ဆရာမကို ပြန်၍ဖြေရှင်းချက်ထုတ်နေမိသောပုံရိပ်ကို အခြားအတန်းသားများကပါ လှည့်ကြည့်လာကြသည်။သူတို့၏မျက်၀န်းထဲတွင် ပုံရိပ်သည်စာခိုးချနေသော လူတစ်ယောက်ဖြစ်နေလေသည်။

အတန်းအရှေ့ဆုံးတွင် ထိုင်နေသောဟိန်းဇေယျာထက်သည်လည်း ပုံရိပ်ကိုမယုံနိုင်သောမျက်၀န်းမျိုးဖြင့်ကြည့်နေလေသည်။


ကျောင်းသားများအတွက်တော့ ဆရာ၊ဆရာမ၏

စကားသည်သာ အမှန်ဖြစ်၍ ပုံရိပ်သည်ဆရာမစွပ်စွဲသလို စာခိုးချသူဖြစ်နေရလေသည်။

အံကိုတင်းနေအောင်ကြိတ်ထားပြီး ထိုင်နေရမှထရပ်လိုက်မိသည်။ဆရာမနှင့်ပုံရိပ်သည် အရပ်ချင်းသိပ်မကွာပေ။ကိုယ့်ကိုအတင်းလာစွပ်စွဲနေ၍ 

ရင်ထဲမှာ ကြောက်ရွံ့စိတ်၀င်လာပြီး တုန်တုန်ယင်ယင်ဖြစ်လာသလို ခံစားနေရသည်။


"ဆရာမ...သမီးတကယ်ကိုစာမခိုးချပါဘူး...

ဆရာမကြိုက်သလိုစစ်လို့ရပါတယ်..

စာမရရင်မဖြေပဲနေလိုက်မယ်....စာခိုးချတဲ့အလုပ်ကိုတော့ ဘယ်တော့မှမလုပ်ဘူး..."


"စကားအရာမှာတော့ ရွှေမန်းပါပဲ...စာမခိုးချဘူးဆိုရင်...ညည်းရဲ့ခြေထောက်နားက စာရွက်လိပ်က

ဘာလဲ...မိန်းကလေးဖြစ်ပြီး....ဗြောင်လိမ်ဗြောင်စားနဲ့တော့..."


ဆရာမ၏စကားကြောင့် ကိုယ့်စာအုပ်ခုံအောက်သို့ငုံ့ကြည့်လိုက်မိတော့ တကယ်ပဲစာရွက်ကလေးတစ်ခုသည် ပုံရိပ်၏

ခြေထောက်ဘေးနားသို့ရောက်နေလေသည်။


စာရွက်လေးကို ကောက်ယူပြီးဖွင့်ကြည့်မယ်လုပ်လိုက်သည့်အချိန်မှာ ဆရာမသည်

ပုံရိပ်၏လက်ထဲမှစာရွက်ကို ဆွဲယူသွားခဲ့သည်။စာရွက်ခေါက်လေးကို ဖြန့်ကြည့်လိုက်ပြီးနောက် မဲ့ပြုံးပြုံးလျှက် ပုံရိပ်ကိုကြည့်လာသည်။


"သူခိုးကခိုးတယ်လို့တော့ ဘယ်ပြောမှာလဲ...

စာမခိုးချဘူးဆိုရင် ဘာလို့စာရွက်ပေါ်မှာ

ဘိုင်အိုစာတွေဖြစ်နေတာလဲ...ယောက်ျားလေးအတန်းက ဟိုကောင်လေးရော..ညည်းရောကျောင်းအုပ်ကြီးရုံးခန်းကိုအခုလိုက်ခဲ့ကြ..သူများတွေဖြေနေတာ နင်တို့ကြောင့်

အနှောက်အယှက်ဖြစ်တယ်...."


ပုံရိပ်ကို အတင်းဆွဲခေါ်နေသောဆရာမကြောင့် ခေါင်းတစ်ခုလုံးထူပူသွားရသည်။

ကိုယ်တိုင်အမှားတစ်ခုမှ မလုပ်ထားပဲ

ဘာကြောင့်သူခိုးဆိုပြီး အစွပ်စွဲခံနေရသလဲ

ဆိုတာ မတွေးတတ်တော့အောင်ပါပဲ။

စာမရရင်မဖြေပဲ နေလိုက်မည်။


ဘယ်သောအခါမှခိုးချသောအလုပ်ကို မလုပ်ခဲ့ဖူးပေ။ယခုတော့ အတန်းသားအားလုံး၏

အတွေးထဲတွင် စာခိုးချသောမိန်းကလေးဖြစ်နေရလေပြီ။ကျောင်းအုပ်ကြီးရုံးခန်းကိုရောက်လျှင် အဒေါ့်ကိုခေါ်ခိုင်းမှာသေချာသည်။


ပုံရိပ်ကြောင့် အဒေါ်အရှက်ရလိမ့်မည်။

စာခိုးချဖူးသော ကျောင်းသားတစ်ယောက်အဖြစ် အမဲစက်တွင်လိမ့်မည်။ဒီလိုတော့ ပုံရိပ်လုံး၀အဖြစ်မခံနိုင်ပေ။တုန်ယင်နေသောလက်တွေကို လက်သီးဆုပ်အဖြစ်ပြောင်းလိုက်ပြီး ဆရာမ၏လက်ထဲမှ စာရွက်ခေါက်ကိုလှမ်းယူ၍ ကြည့်လိုက်သည်။


"ဒါဘာလုပ်တာလဲ...ရိုင်းလှချည်လား..."


ဆရာမဆူနေ‌လည်းပဲ ဂရုမစိုက်တော့ပဲ စာရွက်ခေါက်ထဲမှစာလုံးတစ်လုံးချင်းဆီကိုလိုက်ကြည့်နေမိသည်။ဒီကိစ္စကို ဒီနေရာမှာ

မရှင်းနိုင်ရင် ပုံရိပ်၏ဘ၀သည် အများကြီးနစ်နာသွားနိုင်သည်။ကိုယ်မဟုတ်ပါပဲ လုံး၀အနစ်မွန်းမခံနိုင်ပေ။စာလုံးတွေကို သေချာစစ်ကြည့်လိုက်တော့ လက်ရေးက

ပုံရိပ်၏အဖြေလွှာထဲမှလက်ရေးနှင့် ဆင်တူသည်ထင်ရပေမဲ့ လုံး၀ကွဲပြားနေသည်။


"ဆရာမ...ဒါသမီးရဲ့လက်ရေးမဟုတ်ဘူး...."


"ဘာ...."


ဆရာမသည် အံဩတကြီးဖြစ်လျှက် စာရွက်ခေါက်ကိုလှမ်း၍ဆွဲယူကာ ပုံရိပ်၏အဖြေလွှာစာရွက်နှင့်တိုက်ကြည့်သည်။ပြီးနောက်ခေါင်းတဆက်ဆက်ငြိမ့်ပြလာသည်။

ထိုတော့မှပုံရိပ်လည်း ရင်အေးသွားရသည်။သို့ပေမဲ့ ဆရာမ၏နောက်ဆက်တွဲမေးလိုက်သော စကားကြောင့် ပုံရိပ်၏ဆုံးဖြတ်ချက်သည်အမှားကြီးမှားသွားမှန်းသိလိုက်ရသည်။


"ဟိုကောင်မလေး ..ဒီစာရွက်ကသူ့ဟာမဟုတ်ရင်...ညည်းဟာပေါ့..."


"ရှင်...ဆရာ...ဆရာမ...သမီးဟာမဟုတ်ပါဘူး..."


ဆရာမသည်ယမင်းကိုလှမ်း၍ မေးလျှက်နှင့်ပင် ယမင်းထိုင်နေသောဘက်အခြမ်းသို့ကူးသွားလေသည်။ဒီလောက်လေးမေးရုံမျှနှင့်မျက်ရည်များ တလိမ့်လိမ့်ကျဆင်းလာသောယမင်းကိုကြည့်ပြီး ပုံရိပ်နားလည်လိုက်လေသည်။


ဆရာမသည် စာရွက်ခေါက်လေးကိုဖြန့်လိုက်ပြီး ယမင်း၏အဖြေလွှာစာရွက်နှင့်တိုက်စစ်ကြည့်နေလေသည်။ခဏအကြာတွင် ဒေါသရိပ်ကြောင့် ဆရာမ၏မျက်နှာကြီး နီရဲလာပြီး ယမင်းကိုလည်းခပ်စူးစူးစိုက်ကြည့်နေလေသည်။


ယမင်းကတော့ ခေါင်းကိုသာတွင်တွင့်ငုံ့လျှက်ရှိနေသည်။သူ့မျက်ရည်များသည် သူ၏အဖြေလွှာစာရွက်ပေါ်သို့ တစ်ပေါက်ချင်းစီးကျလာသည်။ယမင်းငိုနေသည်ကိုတွေ့တော့ ပုံရိပ်လုံး၀စိတ်မကောင်းပေ။


ဘာကြောင့်များ စာခိုးချဖို့လုပ်ရတာလဲဟု မေးလိုက်ချင်သည်။ပုံရိပ်တစ်ယောက်လုံးကို စာပြခိုင်းလို့ရပါလျှက်နဲ့ ဘာကြောင့်မခေါ်

မပြောနိုင်ဖြစ်နေရသလဲ မသိပေ။


"လာ...ဟိုကောင်လေးရော...နင်ရော..

ကျောင်းအုပ်ကြီးရုံးခန်းကိုလိုက်ခဲ့ကြ...."


ဆရာမ၏ခေါ်ဆောင်သွားမှုနောက်သို့ ရှိုက်သံတလွင်လွင်ပြုလျှက်ယမင်းပါသွားခဲ့လေသည်။စာကိုဆက်ဖြေရန်အားမရှိတော့လောက်အောင် ပုံရိပ်ခေါင်းငိုက်ဆိုက်ကြသွားမိသည်။ကိုယ့်အပြစ်လွတ်ချင်၍ လုပ်လိုက်မိသောအရာသည် ကိုယ့်သူငယ်ချင်းကိုသွား၍ထိခိုက်လိမ့်မည်ဟု လုံး၀မထင်ခဲ့ပေ။

🔥ဆူးကြိုး...🔥အခန်း(၃၁)🔥  ဒုတိယပိုင်း ဆက်ဖတ်ရန်

=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၃၁)🔥  ပထမပိုင္း


"လြယ္အိတ္ေတြ အတန္းအျပင္ကိုထုတ္မယ္...."


စားေမးပဲြေျဖရန္ ဘဲလ္ျမည္သည္ႏွင့္ဆရာမသည္ လြယ္အိတ္မ်ားကိုအတန္းအျပင္သို႔ထုတ္ရန္ေျပာေလသည္။ဒီေန့သည္ ဘိုင္အိုေျဖသၫ့္ေန့ျဖစ္၍ စာေမးပဲြေနာက္ဆံုးရက္လည္းျဖစ္သည္။


"ယမင္း...."


အတန္းအျပင္ဘက္တြင္ လြယ္အိတ္ထားၿပီးအခန္းထဲသို႔ ျပန္၀င္လာေသာအခါတြင္ ယမင္းသည္လည္း ပံုရိပ္ထိုင္ရေသာ အတန္းတြင္ထိုင္ေနေလသည္။မနက္တည္းက သူ႔ကိုမေတြ့မိတာေၾကာင့္

၀မ္းသာၿပီးကိုယ့္ဘက္ကေန ဦးစြာေခၚလိုက္ေပမဲ့ ယမင္း၏မ်က္ႏွာသည္ တည္တည္တင္းတင္းျဖစ္ေနၿပီး ပံုရိပ္ကိုလည္းလွၫ့္မၾကၫ့္ေပ။


ကိုယ့္ရဲ့ တစ္ဦးတည္းေသာ သူငယ္ခ်င္းျဖစ္၍ ယခုလိုစိမ္းကားခံရသၫ့္အခါ စိတ္မေကာင္းေတာ့ျဖစ္မိသည္။

ယမင္းဘာျဖစ္ေနသလဲ။ေနေရာေကာင္းရဲ့လားဟု ေမးခ်င္ေပမဲ့ သူ႔ပံုစံကလည္းေမးလ်ွင္ေတာင္

ျပန္ေျဖမၫ့္ပံုမေပၚသလို စာေမးပဲြေျဖဆိုခ်ိန္ျဖစ္၍ စကားလည္းအက်ယ္ႀကီးလွမ္းမေျပာရဲေပ။


"ေမးခြန္းစာရြက္ေဝမယ္...အားလံုးအသံေတြတိတ္ၾက...စာေမးပဲြအခန္းထဲကိုေရာက္ေနတာေတာင္ အသံေတြကထြက္ၾကတုန္း..."


အတန္းေစာင့္ဆရာမတို႔၏ ထံုးစံအတိုင္း

ဂနာမညိမ္‌ ေသာေက်ာင္းသားေတြကိုဆူေလသည္။‌ေက်ာင္းသားေတြကလည္း စာေမးပဲြေျဖခါနီးေတာင္ တစ္ေယာက္ႏွင့္တစ္ေယာက္ အခ်ိတ္အဆက္လုပ္ေနၾကေလသည္။ယမင္းကို တစ္ခ်က္မ်ွေစာင္းငဲ့ၾကၫ့္လိုက္ေသာအခါ ေခါင္းကိုသာေမွာက္ထားေလသည္။

"နင္စာမရရင္...ငါျပမယ္..."ဟုေျပာခ်င္ေပမဲ့ သူကလည္းကိုယ့္ကိုစကားတစ္ခြန္းေတာင္လာမေျပာဘူး။ယမင္းတစ္ခုခုေတာ့ ျဖစ္ေနတာေသခ်ာသည္။

ဟိန္းကိုေၾကာင့္မ်ားလား။


"ကိုယ့္အေျဖလႊာေပၚမွာ...နာမည္ရယ္...ခံုနံပါတ္ရယ္ကိုေသခ်ာေရးၾကေနာ္...ေမးခြန္းစာရြက္ကိုလည္း ေသခ်ာစစ္ၾက..."


ဆရာမ၏ခိုင္းေစခ်က္အတိုင္း ပံုရိပ္သည္လည္း ဘိုင္အိုေမးခြန္းစာရြက္ကို ေသခ်ာစစ္လိုက္မိသည္။အေျဖလႊာစာရြက္မွာ မ်ဉ္းတားၿပီးသားျဖစ္၍ စတင္ေျဖဖို႔ရာပဲရိွေတာ့သည္။တစ္မွတ္တန္အမွား၊အမွန္ႏွင့္ ကြက္လပ္တို႔ကိုေတာ့ အမွတ္ျပၫ့္‌ေျဖႏိုင္၍ ေက်နပ္သြားမိသည္။ပံုဆဲြရသၫ့္အပိုင္းသို႔ေရာက္လာသၫ့္အခါ မိမိ၏စာရြက္ႏွင့္ ခဲတံအေပၚတြင္သာ စိတ္ကိုႏွစ္ထားမိစဉ္ ဆရာမ၏အသံကိုၾကား၍ ေမာ့ၾကၫ့္လိုက္မိသည္။


"ၾကၫ့္စမ္း...ကြန္ပါဘူးထဲမွာ...စာရြက္ကိုေခါက္ထၫ့္ထားတယ္ေပါ့...အစမ္းစာေမးပဲြမို႔ ငါတို႔ကေသခ်ာမစစ္တာကို အခြင့္ေကာင္းယူတယ္ေပါ့ေလ...ေက်ာင္းအုပ္ႀကီးရံုးခန္းကိုေခၚသြားမယ္..


ပံုရိပ္တို႔၏ အတန္းေစာင့္ဆရာမသည္ မၾကာေသးခင္ကမွဒီေက်ာင္းသို႔ အသစ္ေျပာင္းလာေသာဓာတုေဗဒဆရာမျဖစ္ၿပီး ေက်ာင္းသားေတြအျပစ္လုပ္ပါက စာနာေထာက္ထားမႈမရိွပဲ ျပင္းျပင္းထန္ထန္အျပစ္ေပးတတ္သူျဖစ္သည္။


ယခုလည္း အတန္းတင္စာေမးပဲြႀကီးမဟုတ္ပဲအစမ္းစာေမးပဲြတြင္ ျဖစ္သၫ့္စာခိုးခ်ေသာျပႆနာေသးေသးေလးကို ေက်ာင္းအုပ္ႀကီးရံုးခန္းအထိ ေခၚသြားဖို႔ရန္လုပ္ေနေလသည္။

အျခားဆရာမမ်ားဆိုရင္ ဆူပူၿပီးစာရြက္ေခါက္ကိုသာ သိမ္းသြားမၫ့္ကိစၥအား ဒီဆရာမကေတာ့လံုး၀ခြင့္လႊတ္မၫ့္ပံုမေပၚေပ။


"ငါ...အကုန္လံုးကိုလိုက္စစ္မယ္...စာခိုးခ်ေၾကာင္းေတြ့တဲ့လူမွန္သမ်ွ...ေက်ာင္းအုပ္ႀကီးရံုးခန္းကို

ေခၚၿပီး ေနာက္တစ္ခါမျဖစ္ရဲေအာင္ တိုင္မယ္..."


ဆရာမသည္သူ၏စကားအား လုပ္ရပ္ျဖင့္သက္ေသျပေလသည္။အတန္းသားမ်ား၏

ကြန္ပါဘူးမ်ားႏွင့္ ေဘာ့ပဲင္အိတ္မ်ားကိုရွာသည္။စာေရးခံုအတြင္းဘက္မ်ားကိုလိုက္စစ္ျခင္းမ်ိဳးလုပ္ေလသည္။ပံုရိပ္လည္း ကိုယ္ကမဟုတ္တာတစ္ခုမ်ွ လုပ္မထား၍ ၿငိမ္ၿပီးကိုယ္ေျဖစရာရိွတာကိုသာ

ေျဖေန‌လိုက္သည္။

ထိုဆရာမသည္ ပံုရိပ္၏စာေရးခံုနားသို႔‌လာေရာက္ရပ္ေနေပမဲ့ ပံုရိပ္ကေတာ့ ေျဖစရာရိွတာကိုသာ

ေျဖေနလိုက္သည္။


"ဟယ္...ၾကၫ့္စမ္း...စာခိုးခ်ၿပီးစာရြက္ကိုလြင့္ပစ္ထားတယ္ေပါ့..."


စာေျဖေနရင္းမွ နားမလည္ႏိုင္စြာ ဆရာမကိုေမာ့ၾကၫ့္လိုက္မိေတာ့ ပံုရိပ္ကိုေဒါသထြက္ေနေသာ မ်က္၀န္းေတြႏွင့္ၾကၫ့္လ်ွက္ ဆူေနသည္ကိုသိလိုက္ေလသည္။ကိုယ္လည္းအျပစ္မလုပ္ထားပါပဲ လာဆူေန၍ ေဒါသထြက္သြားမိသည္။

ဆရာမေတြ ဘာေတြနားမလည္ဘူး။

ကိုယ့္ကိုမဟုတ္တမ္းတရားလာေျပာရင္ေတာ့

မခံႏိုင္ေပ။


"ဆရာမ...သမီးဘာလုပ္လို႔လဲ..."


"ဘာလုပ္လို႔လည္းဟုတ္လား...ညည္းစာခိုးခ်ေနတာေလ...ဒီေလာက္မိတာေတာင္...ေျဗာင္လိမ္ခ်င္တုန္း


"ရွင္...ဆရာမ...မဟုတ္တာေတြလာမစြပ္စဲြပါနဲ႔ သမီးကိုယ့္ဘာသာကိုယ္ေျဖေနတာ...ဘယ္ကမွမခိုးခ်ဘူး...."


ဆရာမကို ျပန္၍ေျဖရွင္းခ်က္ထုတ္ေနမိေသာပံုရိပ္ကို အျခားအတန္းသားမ်ားကပါ လွၫ့္ၾကၫ့္လာၾကသည္။သူတို႔၏မ်က္၀န္းထဲတြင္ ပံုရိပ္သည္စာခိုးခ်ေနေသာ လူတစ္ေယာက္ျဖစ္ေနေလသည္။

အတန္းအေရ႔ွဆံုးတြင္ ထိုင္ေနေသာဟိန္းေဇယ်ာထက္သည္လည္း ပံုရိပ္ကိုမယံုႏိုင္ေသာမ်က္၀န္းမ်ိဳးျဖင့္ၾကၫ့္ေနေလသည္။


ေက်ာင္းသားမ်ားအတြက္ေတာ့ ဆရာ၊ဆရာမ၏

စကားသည္သာ အမွန္ျဖစ္၍ ပံုရိပ္သည္ဆရာမစြပ္စဲြသလို စာခိုးခ်သူျဖစ္ေနရေလသည္။

အံကိုတင္းေနေအာင္ႀကိတ္ထားၿပီး ထိုင္ေနရမွထရပ္လိုက္မိသည္။ဆရာမႏွင့္ပံုရိပ္သည္ အရပ္ခ်င္းသိပ္မကြာေပ။ကိုယ့္ကိုအတင္းလာစြပ္စဲြေန၍ 

ရင္ထဲမွာ ေၾကာက္ရြံ႔စိတ္၀င္လာၿပီး တုန္တုန္ယင္ယင္ျဖစ္လာသလို ခံစားေနရသည္။


"ဆရာမ...သမီးတကယ္ကိုစာမခိုးခ်ပါဘူး...

ဆရာမႀကိဳက္သလိုစစ္လို႔ရပါတယ္..

စာမရရင္မေျဖပဲေနလိုက္မယ္....စာခိုးခ်တဲ့အလုပ္ကိုေတာ့ ဘယ္ေတာ့မွမလုပ္ဘူး..."


"စကားအရာမွာေတာ့ ေရႊမန္းပါပဲ...စာမခိုးခ်ဘူးဆိုရင္...ညည္းရဲ့ေျခေထာက္နားက စာရြက္လိပ္က

ဘာလဲ...မိန္းကေလးျဖစ္ၿပီး....ေျဗာင္လိမ္ေျဗာင္စားနဲ႔ေတာ့..."


ဆရာမ၏စကားေၾကာင့္ ကိုယ့္စာအုပ္ခံုေအာက္သို႔ငံု႔ၾကၫ့္လိုက္မိေတာ့ တကယ္ပဲစာရြက္ကေလးတစ္ခုသည္ ပံုရိပ္၏

ေျခေထာက္ေဘးနားသို႔ေရာက္ေနေလသည္။


စာရြက္ေလးကို ေကာက္ယူၿပီးဖြင့္ၾကၫ့္မယ္လုပ္လိုက္သၫ့္အခ်ိန္မွာ ဆရာမသည္

ပံုရိပ္၏လက္ထဲမွစာရြက္ကို ဆဲြယူသြားခဲ့သည္။စာရြက္ေခါက္ေလးကို ျဖန႔္ၾကၫ့္လိုက္ၿပီးေနာက္ မဲ့ႃပံုးႃပံုးလ်ွက္ ပံုရိပ္ကိုၾကၫ့္လာသည္။


"သူခိုးကခိုးတယ္လို႔ေတာ့ ဘယ္ေျပာမွာလဲ...

စာမခိုးခ်ဘူးဆိုရင္ ဘာလို႔စာရြက္ေပၚမွာ

ဘိုင္အိုစာေတျြဖစ္ေနတာလဲ...ေယာက္်ားေလးအတန္းက ဟိုေကာင္ေလးေရာ..ညည္းေရာေက်ာင္းအုပ္ႀကီးရံုးခန္းကိုအခုလိုက္ခဲ့ၾက..သူမ်ားေတြေျဖေနတာ နင္တို႔ေၾကာင့္

အေနွာက္အယွက္ျဖစ္တယ္...."


ပံုရိပ္ကို အတင္းဆဲြေခၚေနေသာဆရာမေၾကာင့္ ေခါင္းတစ္ခုလံုးထူပူသြားရသည္။

ကိုယ္တိုင္အမွားတစ္ခုမွ မလုပ္ထားပဲ

ဘာေၾကာင့္သူခိုးဆိုၿပီး အစြပ္စဲြခံေနရသလဲ

ဆိုတာ မေတြးတတ္ေတာ့ေအာင္ပါပဲ။

စာမရရင္မေျဖပဲ ေနလိုက္မည္။


ဘယ္ေသာအခါမွခိုးခ်ေသာအလုပ္ကို မလုပ္ခဲ့ဖူးေပ။ယခုေတာ့ အတန္းသားအားလံုး၏

အေတြးထဲတြင္ စာခိုးခ်ေသာမိန္းကေလးျဖစ္ေနရေလၿပီ။ေက်ာင္းအုပ္ႀကီးရံုးခန္းကိုေရာက္လ်ွင္ အေဒါ့္ကိုေခၚခိုင္းမွာေသခ်ာသည္။


ပံုရိပ္ေၾကာင့္ အေဒၚအရွက္ရလိမ့္မည္။

စာခိုးခ်ဖူးေသာ ေက်ာင္းသားတစ္ေယာက္အျဖစ္ အမဲစက္တြင္လိမ့္မည္။ဒီလိုေတာ့ ပံုရိပ္လံုး၀အျဖစ္မခံႏိုင္ေပ။တုန္ယင္ေနေသာလက္ေတြကို လက္သီးဆုပ္အျဖစ္ေျပာင္းလိုက္ၿပီး ဆရာမ၏လက္ထဲမွ စာရြက္ေခါက္ကိုလွမ္းယူ၍ ၾကၫ့္လိုက္သည္။


"ဒါဘာလုပ္တာလဲ...ရိုင္းလွခ်ည္လား..."


ဆရာမဆူေန‌လည္းပဲ ဂရုမစိုက္ေတာ့ပဲ စာရြက္ေခါက္ထဲမွစာလံုးတစ္လံုးခ်င္းဆီကိုလိုက္ၾကၫ့္ေနမိသည္။ဒီကိစၥကို ဒီေနရာမွာ

မရွင္းႏိုင္ရင္ ပံုရိပ္၏ဘ၀သည္ အမ်ားႀကီးနစ္နာသြားႏိုင္သည္။ကိုယ္မဟုတ္ပါပဲ လံုး၀အနစ္မြန္းမခံႏိုင္ေပ။စာလံုးေတြကို ေသခ်ာစစ္ၾကၫ့္လိုက္ေတာ့ လက္ေရးက

ပံုရိပ္၏အေျဖလႊာထဲမွလက္ေရးႏွင့္ ဆင္တူသည္ထင္ရေပမဲ့ လံုး၀ကဲြျပားေနသည္။


"ဆရာမ...ဒါသမီးရဲ့လက္ေရးမဟုတ္ဘူး...."


"ဘာ...."


ဆရာမသည္ အံဩတႀကီးျဖစ္လ်ွက္ စာရြက္ေခါက္ကိုလွမ္း၍ဆဲြယူကာ ပံုရိပ္၏အေျဖလႊာစာရြက္ႏွင့္တိုက္ၾကၫ့္သည္။ၿပီးေနာက္ေခါင္းတဆက္ဆက္ၿငိမ့္ျပလာသည္။

ထိုေတာ့မွပံုရိပ္လည္း ရင္ေအးသြားရသည္။သို႔ေပမဲ့ ဆရာမ၏ေနာက္ဆက္တဲြေမးလိုက္ေသာ စကားေၾကာင့္ ပံုရိပ္၏ဆံုးျဖတ္ခ်က္သည္အမွားႀကီးမွားသြားမွန္းသိလိုက္ရသည္။


"ဟိုေကာင္မေလး ..ဒီစာရြက္ကသူ႔ဟာမဟုတ္ရင္...ညည္းဟာေပါ့..."


"ရွင္...ဆရာ...ဆရာမ...သမီးဟာမဟုတ္ပါဘူး..."


ဆရာမသည္ယမင္းကိုလွမ္း၍ ေမးလ်ွက္ႏွင့္ပင္ ယမင္းထိုင္ေနေသာဘက္အျခမ္းသို႔ကူးသြားေလသည္။ဒီေလာက္ေလးေမးရံုမ်ွႏွင့္မ်က္ရည္မ်ား တလိမ့္လိမ့္က်ဆင္းလာေသာယမင္းကိုၾကၫ့္ၿပီး ပံုရိပ္နားလည္လိုက္ေလသည္။


ဆရာမသည္ စာရြက္ေခါက္ေလးကိုျဖန႔္လိုက္ၿပီး ယမင္း၏အေျဖလႊာစာရြက္ႏွင့္တိုက္စစ္ၾကၫ့္ေနေလသည္။ခဏအၾကာတြင္ ေဒါသရိပ္ေၾကာင့္ ဆရာမ၏မ်က္ႏွာႀကီး နီရဲလာၿပီး ယမင္းကိုလည္းခပ္စူးစူးစိုက္ၾကၫ့္ေနေလသည္။


ယမင္းကေတာ့ ေခါင္းကိုသာတြင္တြင့္ငံု႔လ်ွက္ရိွေနသည္။သူ႔မ်က္ရည္မ်ားသည္ သူ၏အေျဖလႊာစာရြက္ေပၚသို႔ တစ္ေပါက္ခ်င္းစီးက်လာသည္။ယမင္းငိုေနသည္ကိုေတြ့ေတာ့ ပံုရိပ္လံုး၀စိတ္မေကာင္းေပ။


ဘာေၾကာင့္မ်ား စာခိုးခ်ဖို႔လုပ္ရတာလဲဟု ေမးလိုက္ခ်င္သည္။ပံုရိပ္တစ္ေယာက္လံုးကို စာျပခိုင္းလို႔ရပါလ်ွက္နဲ႔ ဘာေၾကာင့္မေခၚ

မေျပာႏိုင္ျဖစ္ေနရသလဲ မသိေပ။


"လာ...ဟိုေကာင္ေလးေရာ...နင္ေရာ..

ေက်ာင္းအုပ္ႀကီးရံုးခန္းကိုလိုက္ခဲ့ၾက...."


ဆရာမ၏ေခၚေဆာင္သြားမႈေနာက္သို႔ ရိႈက္သံတလြင္လြင္ျပဳလ်ွက္ယမင္းပါသြားခဲ့ေလသည္။စာကိုဆက္ေျဖရန္အားမရိွေတာ့ေလာက္ေအာင္ ပံုရိပ္ေခါင္းငိုက္ဆိုက္ၾကသြားမိသည္။ကိုယ့္အျပစ္လြတ္ခ်င္၍ လုပ္လိုက္မိေသာအရာသည္ ကိုယ့္သူငယ္ခ်င္းကိုသြား၍ထိခိုက္လိမ့္မည္ဟု လံုး၀မထင္ခဲ့ေပ။


🔥ဆူးႀကိဳး...🔥အခန္း(၃၁)🔥  ဒုတိယပိုင္း ဆက္ဖတ္ရန္

No comments:

Post a Comment