🔥ဆူးကြိုး...🔥အခန်း(၃၁)🔥 ဒုတိယပိုင်း

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၃၁)🔥  ဒုတိယပိုင်း 


ဒီစာရွက်ခေါက်ကို ပုံရိပ်မသိတုန်းအရှေ့အတန်းမှ တစ်ယောက်ယောက်ပြစ်ချလိုက်သည်ဟု ထင်ခဲ့မိသည်။

ယခုတော့ ယမင်းတဲ့လား။

ယမင်းကရော ဘာရည်ရွယ်ချက်ကြောင့် စာရွက်ခေါက်ကို ပုံရိပ်၏ဘက်အခြမ်းသို့ လွှင့်ပစ်ရတာလဲ။


မတော်တဆလား၊တမင်ချောက်တွန်းတာလားဆိုတာ မတွေးတတ်တော့အောင်ပါပဲ။တမင်ချောက်တွန်းတာဆိုရင် ဘာကြောင့်လဲ။သူနဲ့ပုံရိပ်၏ကြားတွင် မည့်သည့်ရန်ငြှိုးမှမရှိပေ။


"ဟိန်းဇေယျာထက်....သူစာမေးပွဲမဖြေဘူးလား..."


အတန်းအရှေ့ကိုကြည့်လိုက်မိတော့ ဟိန်းဇေယျာထက်သည် ဆရာမကိုအဖြေလွှာအပ်လိုက်ပြီး အတန်းအရှေ့သို့ခပ်မြန်မြန်ထွက်၍ လွယ်အိတ်ကိုသွားယူနေလေသည်။

ပုံရိပ်သူ့ကို လိုက်ကြည့်နေမိ၍ သူ့မျက်၀န်းနှင့်အကြည့်ချင်းဆုံသွားမိသည်။


သူမျက်နှာသည် တည်တင်းနေပြီးပုံရိပ်ကိုကြည့်လာသော သူ့မျက်၀န်းများသည်စိမ်းကားမှုအပြည့်ဖြစ်နေသည်။ ချက်ချင်းပဲ သူ့ဆီမှာအကြည့်ခွာလိုက်ပြီး အဖြေလွှာစာရွက်ကိုသာအကြည့်ပြန်ပို့လိုက်မိပေမဲ့

စိတ်ထဲမှာလိပ်ပြာမလုံသလိုခံစားနေရသည်။


ပုံရိပ်ဘယ်နေရာမှာ မှားယွင်းသွားခဲ့တာလဲ။သူငယ်ချင်းနှစ်ယောက်လုံး အခုဆိုပုံရိပ်ကိုမုန်းသွားကြပြီလား။ရင်ထဲမှာနာကျင်လာ၍ မျက်ရည်တောင်ဝဲချင်လာမိသည်။‌တောင်းပန်စကားကိုဆိုချင်ပေမဲ့ ပုံရိပ်လုံး၀မမှားခဲ့ပေ။


"ကလင်...ကလင်...."


အတန်းဆင်းဘဲလ်မြည်သွားသောကြောင့် ဆရာမကိုစာရွက်အပ်လိုက်ပြီး အတန်းထဲမှထွက်လာလိုက်သည်။

ကိုယ့်လွယ်အိတ်ကို ယူလိုက်ပြီး စင်္ကြန်လမ်းအတိုင်းလျှောက်လာနေခိုက်တွင် ယမင်းကိုသတိရသွားတာကြောင့် ကျောင်းအုပ်ကြီးရုံးခန်းဘက်သို့ ခြေလှမ်းတွေကိုဦးတည်နေမိသည်။


"ကျောင်းသားတွေ...ဘေးဖယ်ကြစမ်း...."


"ဟင်...ဘာဖြစ်တာလဲ..."


ရောက်အုပ်ကြီးရုံးခန်းအနားတွင် လူများဝိုင်းအုံနေကြ၍ ပုံရိပ်လည်းအမြန်ပြေးသွားလိုက်ကာ ထိုကျောင်းသားများကြားမှ တိုးကြိတ်၍ အရှေ့သို့တိုးမိရာ ကိုယ့်အရှေ့မှ ဖြတ်လျှောက်သွားသောဆရာများကြောင့် အသိစိတ်တို့ရပ်ဆိုင်းသွားသကဲ့သို့ဖြစ်လျှက် တစ်ကိုယ်လုံးထုံကျဉ်အေးစက်သွားလေသည်။


"ဟဲ့...ဟိုကောင်မလေး..ဘာဖြစ်တာလဲ..."


"သတိမေ့နေတာလားမသိဘူးနော်..."


"ဘာဖြစ်တာလဲ မသိဘူး..."


ဆရာတစ်ယောက်သည် ယမင်းကိုပွေ့ချီ၍ကျောင်းလမ်းမအတိုင်းသွားနေလေသည်။ယမင်းသည် အသက်မဲ့ခန္ဓာကိုယ်အလား ပျော့ခွေကျလျှက် ပန်းသွေးရောင်သန်းနေတတ်သောမျက်နှာလေးသည်

ဖြူဖက်ဖြူလျှော်ဖြစ်၍နေသည်။ယမင်း၏မျက်၀န်းများသည် လုံးလုံးမှိတ်ကျလျှက် လက်များသည်လည်း အရိုးမဲ့နေသကဲ့သို့ လေထဲတွင်တွဲလောင်းကျလျှက် ရမ်းခါနေ‌လေဟည်။


ထိုမြင်ကွင်းအားမယုံကြည်နိုင်စွာဖြစ်လျှက်

ကိုယ့်ပါးစပ်ကိုယ် လက်ဖြင့်အုပ်လိုက်မိသည်။

ပုံရိပ်၏မျက်၀န်းထဲတွင် မျက်ရည်များပြည့်လျှံလာပြီး ဆောက်တည်ရာမရဖြစ်နေမိသည်။ထိုစဉ်အနောက်မှ ပြေးလိုက်သွားသော ဟိန်းဇေယျာထက်၏ လက်မောင်းကိုလှမ်းဆွဲလိုက်မိသည်။

ပုံရိပ်ကို မြင်တော့သူ့မျက်နှာသည် ပို၍ခက်ထန်သွားပြီး နာကျည်းမုန်းတီမှုအပြည့်ဖြစ်နေသည်။


"ကိုထက်...ယမင်း...ယမင်းဘာဖြစ်သွားတာလဲ..."


‌မပြေးပါပဲ။မောဟိုက်စွာမေးနေ‌မိသော ပုံရိပ်ကို ဟိန်းဇေယျာထက်သည် စူးစူးရဲရဲစိုက်ကြည့်လာပြီး ပုံရိပ်၏လက်တွေကိုလည်းကြမ်းတမ်းစွာ ပုတ်ထုတ်ပစ်သည်။

သူ့အပြုအမူတွေကို ပုံရိပ်မနာမိပေ။

ပုံရိပ်သိချင်သောအဖြေတစ်ခုကိုသာ စောင့်စားနေမိသည်။


"နင်ငါနဲ့လာမပတ်သတ်နဲ့...သွား!!!!နင့်ကြောင့်ယမင်းအခုလိုဖြစ်ရတာ..."


ကိုထက်၏ အသံများသည်တုန်ယင်နေပြီး သူ့မျက်၀န်းထဲမှာလည်း မျက်ရည်များပြည့်နေခဲ့သည်။ပုံရိပ်ကို အမြဲစနောက်ပြီး ပြုံးပြနေခဲ့သော

ကိုထက်သည် ယခုတော့ရန်သူတစ်ယောက်ကဲ့သို့ ကြည့်နေခဲ့သည်။

ပုံရိပ်ကို ပိတ်အော်ပြစ်ပြီး ကိုထက်သည်လည်းယမင်းကိုပွေ့ချီသွားသော ဆရာ့နောက်သို့ပြေးလိုက်သွားခဲ့သည်။အစိမ်းပုပ်ရောင် လွယ်အိတ်ကလေးကို ဆုပ်ကိုင်ထားလျှက် 

ငူငူကြီးရပ်နေမိရာမှ မျက်၀န်းတွေကိုပိတ်ချပြစ်လိုက်မိသည်။

ပုံရိပ်ဒီလောက်အထိ ဖြစ်ဖို့မရည်ရွယ်ခဲ့ပါဘူး။ဒီလိုဖြစ်မယ်မှန်းသိရင် ဆရာမကိုစာခိုးချသူဟာ ပုံရိပ်ဟု ညာပေးလိုက်မိမှာပဲ။


"ဆရာမ...ကောင်မလေးအခြေအနေကစိုးရိမ်ရလား..."


"အင်း...စိတ်လှုပ်ရှားပြီး နှလုံးခုန်နှုန်းတအားမြန်သွားတာထင်တယ် သတိလစ်သွားတော့မှ သူ့အစ်ကိုပြောတာတော့ နှလုံးရောဂါရှိတယ်တဲ့...အသက်ရှူစမ်းကြည့်တော့...

အသက်မရှုတော့ဘူး...."


"ဟယ်...သနားပါတယ်...ဒီကိစ္စကဘယ်ကနေစတာလဲ..."


"အတန်းထဲမှာ စာခိုးချလို့တဲ့အတန်းစောင့်ဆရာမက ကျောင်းအုပ်ကြီးရုံးခန်းကိုခေါ်သွားရာကနေစတာ..."


ပုံရိပ်၏နောက်ဘက်မှ ဆရာမနှစ်ယောက်၏

စကားများကို နားထောင်လိုက်ပြီးနောက်

ပုံရိပ်၏ဒူးတွေညွှတ်ခွေကျချင်လောက်အောင် အင်အားမဲ့သွားရသည်။အခြားသူတွေ ငေးကြည့်နေလည်း ဂရုမစိုက်နိုင်တော့ပဲ အင်္ကျီရင်ဘတ်စကိုသာ ဆုပ်ကိုင်၍ ငိုမိတော့သည်။


"အသက်မရှူတော့ဘူးတဲ့..."ပုံရိပ်ဟာ သူငယ်ချင်းကို ပြန်သတ်မိတဲ့လူဖြစ်သွားပြီလား။ဒါကြောင့်လည်း ဟိန်းဇေယျာထက်ကပုံရိပ်ကို ခါးခါးသီးသီးဖြစ်သွားခဲ့တာပေါ့။


ငါမရည်ရွယ်ခဲ့ပါဘူးဟာ။ငါ့ကိုမမုန်းကြပါနဲ့။


အချိန်ကိုသာနောက်ပြန်ဆုတ်လို့ရလျှင် မှားယွင်းမှုအတွက် လမ်းတစ်ကမ်းအလိုကိုပြန်ရောက်ချင်မိပါတယ်။မရည်ရွယ်ပဲ ဖြစ်ခဲ့မိသည့် အမှားများသည် ဘယ်လောက်တောင်များလွန်းနေပြီလဲ။


စာမေးပွဲပြီး၍ နောက်တစ်နေ့သည်စနေ၊တနင်္ဂနွေပိတ်ရက်ဖြစ်နေပေမဲ့ နားရ၍လည်းပုံရိပ်မပျော်ခဲ့ပေ။ယခုအချိန်ဆိုလျှင် ယမင်း‌တစ်ယောက်ဆေးရုံမှာပဲ ရှိနေမလား။အိမ်ကိုပြန်သွားပြီလားဆိုတာကို သိချင်မိ၍ နေလို့ထိုင်လို့မရသည့်အထိပါပဲ။

ယမင်း၏ အခြေအနေစိုးရိမ်ရသလားဆိုတာကို

သိချင်မိပေမဲ့ ဘယ်ဆေးရုံမှာတင်လိုက်သလဲဆိုတာကို မသိ၍ လူနားသွားမေးလို့လဲမရပေ။

ပုံရိပ်တွင် ယမင်းတို့၏အိမ်ဖုန်းနံပါတ်ရှိ၍

ဆက်ချင်ပေမဲ့ ကိုယ့်အပြစ်နှင့်ကိုယ်မို့ မဆက်ရဲပေ။

သို့ပေမဲ့ ယမင်း၏အခြေအနေကိုလည်း သိချင်မိတာကြောင့် ဒေါ်လေး၏ခလုတ်ဖုန်းလေးကို ယူပြီး ကိုယ့်အခန်းထဲသို့ ၀င်ကာဆက်ကြည့်လိုက်မိသည်။


"တူ.....တူ......"


"ဟယ်လို...."


ဟိုဘက်မှ ဖုန်းလာကိုင်သူသည် ယောက်ျားလေးတစ်ယောက်၏ အသံဖြစ်နေလေသည်။

ဒီအသံသည် ပုံရိပ်သိပ်ကိုရင်းနှီးသော အသံပင်ဖြစ်သည်။


"ဟယ်လို...ဘယ်သူပါလဲ..."


တစ်ဖက်မှ ဟိန်းဇေယျာထက်သည် ထပ်မံ၍မေးလာခဲ့ပြန်သည်။""နင်ငါနဲ့လာမပတ်သတ်နဲ့"ဆိုသော စကားကိုပြန်ကြားယောင်လိုက်မိချိန်တွင် စကားတစ်ခွန်းထွက်ဖို့တောင် တွန့်ဆုတ်နေခဲ့မိသည်။

သက်ပြင်းကို ခပ်လေးလေးချလိုက်ပြီးနောက် လက်သီးကိုဆုပ်၍ အားတင်းထားလိုက်မိသည်။


"ကိုထက်...ငါပုံရိပ်ပါ...ယမင်းအခြေအနေကိုမေးချင်လို့....ယမင်းသက်သာရဲ့လားဟင်...."


ပုံရိပ်၏အမေးကို ချက်ချင်းပြန်မဖြေပဲ ငြိမ်ကျနေသော ကိုထက်၏အခြေအနေကြောင့် ပုံရိပ်အရမ်းစိုးရိမ်သွားမိသည်။ရင်ခုန်နှုန်းတွေက မြင်းရိုင်းတစ်ကောင်ကဲ့သို့ ကဆုန်ပေါက်နေ၍ ထပ်မံမေးဖို့ရာတောင် မဝံ့ရဲတော့ပေ။


"ဆုံးပြီ....အဲ့ဒီ့နေ့က ဆေးရုံရောက်ရောက်ခြင်းပဲ...

အသက်ပါမလာတော့ဘူး...နင်ကြားချင်တာဒါမဟုတ်လား...ငါမထင်ထားခဲ့ဘူးပုံရိပ်...နင်ဟာသိပ်ရက်စက်တဲ့မိန်းမပဲ....နင့်ကြောင့်ယမင်းအခုလိုဖြစ်ရတာ...နင့်ပယောဃကြောင့် ယမင်းအခုလိုနာကျင်ရတာ...ယမင်းရဲ့နှလုံးသားရော...ခန္ဓာရောက...

နင်နဲ့ပတ်သတ်တဲ့လူကြောင့်ကြေမွရတာ...

ငါနင့်ကိုလုံး၀ခွင့်မလွှတ်ဘူး....နောက်ထပ်ဖုန်းဘယ်တော့မှမဆက်နဲ့....."


ရက်စက်စွာ ပြောထွက်လာသာဟိန်းဇေယျာထက်၏စကားလုံးတစ်လုံးဆီတိုင်းသည် ပုံရိပ်၏

လက်ထဲမှ ဖုန်းလေးလွတ်ကျရလောက်သည်အထိ ခါးသက်နေသည်။"နင့်ကြောင့်.."ဆိုသောစကားလုံးတွေသာ ပဲ့တင်ထပ်နေသော သူ့ရဲ့စွပ်စွဲချက်များကြောင့် ခေါင်းကိုသာတွင်တွင်ခါယမ်းလျှက် အိပ်ရာထဲမှာခေါင်းမှောက်၍ ငိုမိသည်။

ယမင်းဆုံးပြီတဲ့။


အနည်းဆုံး ကိုယ်သူငယ်ချင်းရဲ့အသုဘကိုတောင် သွားခွင့်မရှိတဲ့အဖြစ်ကို ရင်နာ၍မဆုံးပေ။

ကိုယ့်ကိုကိုယ် ဘယ်နေရာမှာ မှားယွင်းနေသလဲ

မသိလိုက်ခင်မှာပဲ အရာရာဟာအဖက်ဆယ်၍

မရတော့ပေ။ဘယ်သူ့ကိုအပြစ်တင်ရပါ့မလဲ။

ဘယ်သူ့ကိုမှ အပြစ်မတင်ရဲပေ။အရာအားလုံးသည် ပုံရိပ်ဆီမှ မြစ်ဖျားခံ၍စီးဆင်းခဲ့ခြင်းပင်ဖြစ်သည်။

ပုံရိပ်သည် အပယ်ခံဖြစ်ဖို့ပဲထိုက်တန်သည်။

 နွေးထွေးသောအသိုက်အမြုံနှင့် နေခွင့်‌ရသော ဘ၀သည်ပုံရိပ်နှင့်မထိုက်တန်ပေ။


ကျောင်းပြန်ဖွင့်သောရက်များတွင် ဟိန်းဇေယျာထက်ကို တွေ့ပေမဲ့ပုံရိပ်နှုတ်မဆက်ရဲခဲ့ပေ။

သူ့ကိုခေါ်ချင်ပေမဲ့ ပုံရိပ်ကိုတွေ့လိုက်သည့်အခါတိုင်း မျက်နှာတည်သွားတတ်သောသူ့ကို စေ့စေ့တောင်မကြည့်ရဲတော့ပေ။အရာအားလုံးအတွက် ကိုယ့်ကိုကိုယ်သာအပြစ်ပုံချမိနေ၍ဖြစ်သည်။


"ပုံရိပ်....ရီပို့ကဒ်လာယူပါ...."


အတန်းအရှေ့သို့ ထွက်၍ ရီပို့ကဒ်ကိုယူလိုက်ပြီး ဖွင့်ကြည့်လိုက်သောအခါ ပုံရိပ်သည်အဆင့်တစ်ဖြစ်နေခဲ့သည်။ဟိန်းဇေယျာထက်ကို ကြည့်လိုက်မိတော့ မျက်နှာမသာမယာနှင့် ရီပို့ကဒ်ပေါ်သို့ ခေါင်းမှောက်၍အိပ်နေလေသည်။

အဆင့်တစ်ရပေမဲ့ ပုံရိပ်မပျော်မိပေ။

ဟိန်းဇေယျာထက်သာ ဘိုင်အိုနောက်ဆုံးနေ့က စာရွက်ကိုအမြန်မအပ်ခဲ့လျှင် ရလဒ်ကပြောင်းလဲသွားနိုင်မည်ဟု ထင်မိသည်။


"ဒီလ...အဆင့်တစ်ရတဲ့လူကတော့ ပုံရိပ်ပါ...

ကဲ..သူများကိုအတုယူကြနော်...ကြိုးစားရင်ဘာမဆိုဖြစ်တယ်ဆိုတာ ပုံရိပ်ကသက်သေပြသွားတာပဲ..."


ဆရာမက ပုံရိပ်ကိုချီးကျူးစကားများပြောနေသည့်အချိန်တွင် မှောက်အိပ်နေရာမှခေါင်းထောင်လာသောဟိန်းကိုသည် မဲ့ပြုံးပြုံး၍ မထီမြင်မဲ့စွာကြည့်လာသည်။

ပုံရိပ်တွင် ရန်သူတစ်ယောက်တိုးခဲ့လေပြီ။

ထိုရန်သူသည် တချိန်က ကိုယ့်ကိုခင်မင်ချင်၍

အနောက်မှ တစ်ချိန်လုံးလိုက်ကပ်နေသောသူဖြစ်ခဲ့သည်။


"ချစ်သောသူတွေဟာ...ရန်သူအဖြစ်ပြောင်းလဲသွားသောအခါ ပို၍အငြှိုးကြီးတတ်သည်ထင်ပါရဲ့...

စိတ်မကောင်းဖြစ်သလို....ယူကြုံးမရဖြစ်ခဲ့ပေမဲ့...

ပုံရိပ်သူ့ကို မတောင်းပန်ခဲ့မိပေ...

ထိုအမှားသည်ပုံရိပ်၏ တတိယအမှားတစ်ခုဖြစ်ခဲ့သည်...."


(နောက်တစ်ခန်း၃၂ကတော့ ဒီ၀တ္ထုရဲ့ဇာတ်ရှိနအမြင့်ဆုံးအခန်းတွေထဲက တစ်ခန်းဖြစ်လာပါလိမ့်မယ်)


=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၃၁)🔥  ဒုတိယပိုင္း 


ဒီစာရြက္ေခါက္ကို ပံုရိပ္မသိတုန္းအေရ႔ွအတန္းမွ တစ္ေယာက္ေယာက္ျပစ္ခ်လိုက္သည္ဟု ထင္ခဲ့မိသည္။

ယခုေတာ့ ယမင္းတဲ့လား။

ယမင္းကေရာ ဘာရည္ရြယ္ခ်က္ေၾကာင့္ စာရြက္ေခါက္ကို ပံုရိပ္၏ဘက္အျခမ္းသို႔ လႊင့္ပစ္ရတာလဲ။


မေတာ္တဆလား၊တမင္ေခ်ာက္တြန္းတာလားဆိုတာ မေတြးတတ္ေတာ့ေအာင္ပါပဲ။တမင္ေခ်ာက္တြန္းတာဆိုရင္ ဘာေၾကာင့္လဲ။သူနဲ႔ပံုရိပ္၏ၾကားတြင္ မၫ့္သၫ့္ရန္ႃငွိုးမွမရိွေပ။


"ဟိန္းေဇယ်ာထက္....သူစာေမးပဲြမေျဖဘူးလား..."


အတန္းအေရ႔ွကိုၾကၫ့္လိုက္မိေတာ့ ဟိန္းေဇယ်ာထက္သည္ ဆရာမကိုအေျဖလႊာအပ္လိုက္ၿပီး အတန္းအေရ႔ွသို႔ခပ္ျမန္ျမန္ထြက္၍ လြယ္အိတ္ကိုသြားယူေနေလသည္။

ပံုရိပ္သူ႔ကို လိုက္ၾကၫ့္ေနမိ၍ သူ႔မ်က္၀န္းႏွင့္အၾကၫ့္ခ်င္းဆံုသြားမိသည္။


သူမ်က္ႏွာသည္ တည္တင္းေနၿပီးပံုရိပ္ကိုၾကၫ့္လာေသာ သူ႔မ်က္၀န္းမ်ားသည္စိမ္းကားမႈအျပၫ့္ျဖစ္ေနသည္။ ခ်က္ခ်င္းပဲ သူ႔ဆီမွာအၾကၫ့္ခြာလိုက္ၿပီး အေျဖလႊာစာရြက္ကိုသာအၾကၫ့္ျပန္ပို႔လိုက္မိေပမဲ့

စိတ္ထဲမွာလိပ္ျပာမလံုသလိုခံစားေနရသည္။


ပံုရိပ္ဘယ္ေနရာမွာ မွားယြင္းသြားခဲ့တာလဲ။သူငယ္ခ်င္းႏွစ္ေယာက္လံုး အခုဆိုပံုရိပ္ကိုမုန္းသြားၾကၿပီလား။ရင္ထဲမွာနာက်င္လာ၍ မ်က္ရည္ေတာင္ဝဲခ်င္လာမိသည္။‌ေတာင္းပန္စကားကိုဆိုခ်င္ေပမဲ့ ပံုရိပ္လံုး၀မမွားခဲ့ေပ။


"ကလင္...ကလင္...."


အတန္းဆင္းဘဲလ္ျမည္သြားေသာေၾကာင့္ ဆရာမကိုစာရြက္အပ္လိုက္ၿပီး အတန္းထဲမွထြက္လာလိုက္သည္။

ကိုယ့္လြယ္အိတ္ကို ယူလိုက္ၿပီး စႀကၤန္လမ္းအတိုင္းေလ်ွာက္လာေနခိုက္တြင္ ယမင္းကိုသတိရသြားတာေၾကာင့္ ေက်ာင္းအုပ္ႀကီးရံုးခန္းဘက္သို႔ ေျခလွမ္းေတြကိုဦးတည္ေနမိသည္။


"ေက်ာင္းသားေတြ...ေဘးဖယ္ၾကစမ္း...."


"ဟင္...ဘာျဖစ္တာလဲ..."


ေရာက္အုပ္ႀကီးရံုးခန္းအနားတြင္ လူမ်ားဝိုင္းအံုေနၾက၍ ပံုရိပ္လည္းအျမန္ေျပးသြားလိုက္ကာ ထိုေက်ာင္းသားမ်ားၾကားမွ တိုးႀကိတ္၍ အေရ႔ွသို႔တိုးမိရာ ကိုယ့္အေရ႔ွမွ ျဖတ္ေလ်ွာက္သြားေသာဆရာမ်ားေၾကာင့္ အသိစိတ္တို႔ရပ္ဆိုင္းသြားသကဲ့သို႔ျဖစ္လ်ွက္ တစ္ကိုယ္လံုးထံုက်ဉ္ေအးစက္သြားေလသည္။


"ဟဲ့...ဟိုေကာင္မေလး..ဘာျဖစ္တာလဲ..."


"သတိေမ့ေနတာလားမသိဘူးေနာ္..."


"ဘာျဖစ္တာလဲ မသိဘူး..."


ဆရာတစ္ေယာက္သည္ ယမင္းကိုေပြ့ခ်ီ၍ေက်ာင္းလမ္းမအတိုင္းသြားေနေလသည္။ယမင္းသည္ အသက္မဲ့ခႏၶာကိုယ္အလား ေပ်ာ့ေခြက်လ်ွက္ ပန္းေသြးေရာင္သန္းေနတတ္ေသာမ်က္ႏွာေလးသည္

ျဖဴဖက္ျဖဴေလ်ွာ္ျဖစ္၍ေနသည္။ယမင္း၏မ်က္၀န္းမ်ားသည္ လံုးလံုးမိွတ္က်လ်ွက္ လက္မ်ားသည္လည္း အရိုးမဲ့ေနသကဲ့သို႔ ေလထဲတြင္တဲြေလာင္းက်လ်ွက္ ရမ္းခါေန‌ေလဟည္။


ထိုျမင္ကြင္းအားမယံုၾကည္ႏိုင္စြာျဖစ္လ်ွက္

ကိုယ့္ပါးစပ္ကိုယ္ လက္ျဖင့္အုပ္လိုက္မိသည္။

ပံုရိပ္၏မ်က္၀န္းထဲတြင္ မ်က္ရည္မ်ားျပၫ့္လ်ွံလာၿပီး ေဆာက္တည္ရာမရျဖစ္ေနမိသည္။ထိုစဉ္အေနာက္မွ ေျပးလိုက္သြားေသာ ဟိန္းေဇယ်ာထက္၏ လက္ေမာင္းကိုလွမ္းဆဲြလိုက္မိသည္။

ပံုရိပ္ကို ျမင္ေတာ့သူ႔မ်က္ႏွာသည္ ပို၍ခက္ထန္သြားၿပီး နာက်ည္းမုန္းတီမႈအျပၫ့္ျဖစ္ေနသည္။


"ကိုထက္...ယမင္း...ယမင္းဘာျဖစ္သြားတာလဲ..."


‌မေျပးပါပဲ။ေမာဟိုက္စြာေမးေန‌မိေသာ ပံုရိပ္ကို ဟိန္းေဇယ်ာထက္သည္ စူးစူးရဲရဲစိုက္ၾကၫ့္လာၿပီး ပံုရိပ္၏လက္ေတြကိုလည္းၾကမ္းတမ္းစြာ ပုတ္ထုတ္ပစ္သည္။

သူ႔အျပဳအမူေတြကို ပံုရိပ္မနာမိေပ။

ပံုရိပ္သိခ်င္ေသာအေျဖတစ္ခုကိုသာ ေစာင့္စားေနမိသည္။


"နင္ငါနဲ႔လာမပတ္သတ္နဲ႔...သြား!!!!နင့္ေၾကာင့္ယမင္းအခုလိုျဖစ္ရတာ..."


ကိုထက္၏ အသံမ်ားသည္တုန္ယင္ေနၿပီး သူ႔မ်က္၀န္းထဲမွာလည္း မ်က္ရည္မ်ားျပၫ့္ေနခဲ့သည္။ပံုရိပ္ကို အၿမဲစေနာက္ၿပီး ႃပံုးျပေနခဲ့ေသာ

ကိုထက္သည္ ယခုေတာ့ရန္သူတစ္ေယာက္ကဲ့သို႔ ၾကၫ့္ေနခဲ့သည္။

ပံုရိပ္ကို ပိတ္ေအာ္ျပစ္ၿပီး ကိုထက္သည္လည္းယမင္းကိုေပြ့ခ်ီသြားေသာ ဆရာ့ေနာက္သို႔ေျပးလိုက္သြားခဲ့သည္။အစိမ္းပုပ္ေရာင္ လြယ္အိတ္ကေလးကို ဆုပ္ကိုင္ထားလ်ွက္ 

ငူငူႀကီးရပ္ေနမိရာမွ မ်က္၀န္းေတြကိုပိတ္ခ်ျပစ္လိုက္မိသည္။

ပံုရိပ္ဒီေလာက္အထိ ျဖစ္ဖို႔မရည္ရြယ္ခဲ့ပါဘူး။ဒီလိုျဖစ္မယ္မွန္းသိရင္ ဆရာမကိုစာခိုးခ်သူဟာ ပံုရိပ္ဟု ညာေပးလိုက္မိမွာပဲ။


"ဆရာမ...ေကာင္မေလးအေျခအေနကစိုးရိမ္ရလား..."


"အင္း...စိတ္လႈပ္ရွားၿပီး ႏွလံုးခုန္ႏႈန္းတအားျမန္သြားတာထင္တယ္ သတိလစ္သြားေတာ့မွ သူ႔အစ္ကိုေျပာတာေတာ့ ႏွလံုးေရာဂါရိွတယ္တဲ့...အသက္ရႉစမ္းၾကၫ့္ေတာ့...

အသက္မရႈေတာ့ဘူး...."


"ဟယ္...သနားပါတယ္...ဒီကိစၥကဘယ္ကေနစတာလဲ..."


"အတန္းထဲမွာ စာခိုးခ်လို႔တဲ့အတန္းေစာင့္ဆရာမက ေက်ာင္းအုပ္ႀကီးရံုးခန္းကိုေခၚသြားရာကေနစတာ..."


ပံုရိပ္၏ေနာက္ဘက္မွ ဆရာမႏွစ္ေယာက္၏

စကားမ်ားကို နားေထာင္လိုက္ၿပီးေနာက္

ပံုရိပ္၏ဒူးေတြၫႊတ္ေခြက်ခ်င္ေလာက္ေအာင္ အင္အားမဲ့သြားရသည္။အျခားသူေတြ ေငးၾကၫ့္ေနလည္း ဂရုမစိုက္ႏိုင္ေတာ့ပဲ အက်ႌရင္ဘတ္စကိုသာ ဆုပ္ကိုင္၍ ငိုမိေတာ့သည္။


"အသက္မရႉေတာ့ဘူးတဲ့..."ပံုရိပ္ဟာ သူငယ္ခ်င္းကို ျပန္သတ္မိတဲ့လူျဖစ္သြားၿပီလား။ဒါေၾကာင့္လည္း ဟိန္းေဇယ်ာထက္ကပံုရိပ္ကို ခါးခါးသီးသီးျဖစ္သြားခဲ့တာေပါ့။


ငါမရည္ရြယ္ခဲ့ပါဘူးဟာ။ငါ့ကိုမမုန္းၾကပါနဲ႔။


အခ်ိန္ကိုသာေနာက္ျပန္ဆုတ္လို႔ရလ်ွင္ မွားယြင္းမႈအတြက္ လမ္းတစ္ကမ္းအလိုကိုျပန္ေရာက္ခ်င္မိပါတယ္။မရည္ရြယ္ပဲ ျဖစ္ခဲ့မိသၫ့္ အမွားမ်ားသည္ ဘယ္ေလာက္ေတာင္မ်ားလြန္းေနၿပီလဲ။


စာေမးပဲြၿပီး၍ ေနာက္တစ္ေန့သည္စေန၊တနဂၤေနြပိတ္ရက္ျဖစ္ေနေပမဲ့ နားရ၍လည္းပံုရိပ္မေပ်ာ္ခဲ့ေပ။ယခုအခ်ိန္ဆိုလ်ွင္ ယမင္း‌တစ္ေယာက္ေဆးရံုမွာပဲ ရိွေနမလား။အိမ္ကိုျပန္သြားၿပီလားဆိုတာကို သိခ်င္မိ၍ ေနလို႔ထိုင္လို႔မရသၫ့္အထိပါပဲ။

ယမင္း၏ အေျခအေနစိုးရိမ္ရသလားဆိုတာကို

သိခ်င္မိေပမဲ့ ဘယ္ေဆးရံုမွာတင္လိုက္သလဲဆိုတာကို မသိ၍ လူနားသြားေမးလို႔လဲမရေပ။

ပံုရိပ္တြင္ ယမင္းတို႔၏အိမ္ဖုန္းနံပါတ္ရိွ၍

ဆက္ခ်င္ေပမဲ့ ကိုယ့္အျပစ္ႏွင့္ကိုယ္မို႔ မဆက္ရဲေပ။

သို႔ေပမဲ့ ယမင္း၏အေျခအေနကိုလည္း သိခ်င္မိတာေၾကာင့္ ေဒၚေလး၏ခလုတ္ဖုန္းေလးကို ယူၿပီး ကိုယ့္အခန္းထဲသို႔ ၀င္ကာဆက္ၾကၫ့္လိုက္မိသည္။


"တူ.....တူ......"


"ဟယ္လို...."


ဟိုဘက္မွ ဖုန္းလာကိုင္သူသည္ ေယာက္်ားေလးတစ္ေယာက္၏ အသံျဖစ္ေနေလသည္။

ဒီအသံသည္ ပံုရိပ္သိပ္ကိုရင္းႏွီးေသာ အသံပင္ျဖစ္သည္။


"ဟယ္လို...ဘယ္သူပါလဲ..."


တစ္ဖက္မွ ဟိန္းေဇယ်ာထက္သည္ ထပ္မံ၍ေမးလာခဲ့ျပန္သည္။""နင္ငါနဲ႔လာမပတ္သတ္နဲ႔"ဆိုေသာ စကားကိုျပန္ၾကားေယာင္လိုက္မိခ်ိန္တြင္ စကားတစ္ခြန္းထြက္ဖို႔ေတာင္ တြန႔္ဆုတ္ေနခဲ့မိသည္။

သက္ျပင္းကို ခပ္ေလးေလးခ်လိုက္ၿပီးေနာက္ လက္သီးကိုဆုပ္၍ အားတင္းထားလိုက္မိသည္။


"ကိုထက္...ငါပံုရိပ္ပါ...ယမင္းအေျခအေနကိုေမးခ်င္လို႔....ယမင္းသက္သာရဲ့လားဟင္...."


ပံုရိပ္၏အေမးကို ခ်က္ခ်င္းျပန္မေျဖပဲ ၿငိမ္က်ေနေသာ ကိုထက္၏အေျခအေနေၾကာင့္ ပံုရိပ္အရမ္းစိုးရိမ္သြားမိသည္။ရင္ခုန္ႏႈန္းေတြက ျမင္းရိုင္းတစ္ေကာင္ကဲ့သို႔ ကဆုန္ေပါက္ေန၍ ထပ္မံေမးဖို႔ရာေတာင္ မဝံ့ရဲေတာ့ေပ။


"ဆံုးၿပီ....အဲ့ဒီ့ေန့က ေဆးရံုေရာက္ေရာက္ျခင္းပဲ...

အသက္ပါမလာေတာ့ဘူး...နင္ၾကားခ်င္တာဒါမဟုတ္လား...ငါမထင္ထားခဲ့ဘူးပံုရိပ္...နင္ဟာသိပ္ရက္စက္တဲ့မိန္းမပဲ....နင့္ေၾကာင့္ယမင္းအခုလိုျဖစ္ရတာ...နင့္ပေယာဃေၾကာင့္ ယမင္းအခုလိုနာက်င္ရတာ...ယမင္းရဲ့ႏွလံုးသားေရာ...ခႏၶာေရာက...

နင္နဲ႔ပတ္သတ္တဲ့လူေၾကာင့္ေၾကမြရတာ...

ငါနင့္ကိုလံုး၀ခြင့္မလႊတ္ဘူး....ေနာက္ထပ္ဖုန္းဘယ္ေတာ့မွမဆက္နဲ႔....."


ရက္စက္စြာ ေျပာထြက္လာသာဟိန္းေဇယ်ာထက္၏စကားလံုးတစ္လံုးဆီတိုင္းသည္ ပံုရိပ္၏

လက္ထဲမွ ဖုန္းေလးလြတ္က်ရေလာက္သည္အထိ ခါးသက္ေနသည္။"နင့္ေၾကာင့္.."ဆိုေသာစကားလံုးေတြသာ ပဲ့တင္ထပ္ေနေသာ သူ႔ရဲ့စြပ္စဲြခ်က္မ်ားေၾကာင့္ ေခါင္းကိုသာတြင္တြင္ခါယမ္းလ်ွက္ အိပ္ရာထဲမွာေခါင္းေမွာက္၍ ငိုမိသည္။

ယမင္းဆံုးၿပီတဲ့။


အနည္းဆံုး ကိုယ္သူငယ္ခ်င္းရဲ့အသုဘကိုေတာင္ သြားခြင့္မရိွတဲ့အျဖစ္ကို ရင္နာ၍မဆံုးေပ။

ကိုယ့္ကိုကိုယ္ ဘယ္ေနရာမွာ မွားယြင္းေနသလဲ

မသိလိုက္ခင္မွာပဲ အရာရာဟာအဖက္ဆယ္၍

မရေတာ့ေပ။ဘယ္သူ႔ကိုအျပစ္တင္ရပါ့မလဲ။

ဘယ္သူ႔ကိုမွ အျပစ္မတင္ရဲေပ။အရာအားလံုးသည္ ပံုရိပ္ဆီမွ ျမစ္ဖ်ားခံ၍စီးဆင္းခဲ့ျခင္းပင္ျဖစ္သည္။

ပံုရိပ္သည္ အပယ္ခံျဖစ္ဖို႔ပဲထိုက္တန္သည္။

 ေနြးေထြးေသာအသိုက္အႃမံုႏွင့္ ေနခြင့္‌ရေသာ ဘ၀သည္ပံုရိပ္ႏွင့္မထိုက္တန္ေပ။


ေက်ာင္းျပန္ဖြင့္ေသာရက္မ်ားတြင္ ဟိန္းေဇယ်ာထက္ကို ေတြ့ေပမဲ့ပံုရိပ္ႏႈတ္မဆက္ရဲခဲ့ေပ။

သူ႔ကိုေခၚခ်င္ေပမဲ့ ပံုရိပ္ကိုေတြ့လိုက္သၫ့္အခါတိုင္း မ်က္ႏွာတည္သြားတတ္ေသာသူ႔ကို ေစ့ေစ့ေတာင္မၾကၫ့္ရဲေတာ့ေပ။အရာအားလံုးအတြက္ ကိုယ့္ကိုကိုယ္သာအျပစ္ပံုခ်မိေန၍ျဖစ္သည္။


"ပံုရိပ္....ရီပို႔ကဒ္လာယူပါ...."


အတန္းအေရ႔ွသို႔ ထြက္၍ ရီပို႔ကဒ္ကိုယူလိုက္ၿပီး ဖြင့္ၾကၫ့္လိုက္ေသာအခါ ပံုရိပ္သည္အဆင့္တစ္ျဖစ္ေနခဲ့သည္။ဟိန္းေဇယ်ာထက္ကို ၾကၫ့္လိုက္မိေတာ့ မ်က္ႏွာမသာမယာႏွင့္ ရီပို႔ကဒ္ေပၚသို႔ ေခါင္းေမွာက္၍အိပ္ေနေလသည္။

အဆင့္တစ္ရေပမဲ့ ပံုရိပ္မေပ်ာ္မိေပ။

ဟိန္းေဇယ်ာထက္သာ ဘိုင္အိုေနာက္ဆံုးေန့က စာရြက္ကိုအျမန္မအပ္ခဲ့လ်ွင္ ရလဒ္ကေျပာင္းလဲသြားႏိုင္မည္ဟု ထင္မိသည္။


"ဒီလ...အဆင့္တစ္ရတဲ့လူကေတာ့ ပံုရိပ္ပါ...

ကဲ..သူမ်ားကိုအတုယူၾကေနာ္...ႀကိဳးစားရင္ဘာမဆိုျဖစ္တယ္ဆိုတာ ပံုရိပ္ကသက္ေသျပသြားတာပဲ..."


ဆရာမက ပံုရိပ္ကိုခ်ီးက်ူးစကားမ်ားေျပာေနသၫ့္အခ်ိန္တြင္ ေမွာက္အိပ္ေနရာမွေခါင္းေထာင္လာေသာဟိန္းကိုသည္ မဲ့ႃပံုးႃပံုး၍ မထီျမင္မဲ့စြာၾကၫ့္လာသည္။

ပံုရိပ္တြင္ ရန္သူတစ္ေယာက္တိုးခဲ့ေလၿပီ။

ထိုရန္သူသည္ တခ်ိန္က ကိုယ့္ကိုခင္မင္ခ်င္၍

အေနာက္မွ တစ္ခ်ိန္လံုးလိုက္ကပ္ေနေသာသူျဖစ္ခဲ့သည္။


"ခ်စ္ေသာသူေတြဟာ...ရန္သူအျဖစ္ေျပာင္းလဲသြားေသာအခါ ပို၍အႃငွိုးႀကီးတတ္သည္ထင္ပါရဲ့...

စိတ္မေကာင္းျဖစ္သလို....ယူႄကံုးမရျဖစ္ခဲ့ေပမဲ့...

ပံုရိပ္သူ႔ကို မေတာင္းပန္ခဲ့မိေပ...

ထိုအမွားသည္ပံုရိပ္၏ တတိယအမွားတစ္ခုျဖစ္ခဲ့သည္...."


(ေနာက္တစ္ခန္း၃၂ကေတာ့ ဒီ၀တၴုရဲ့ဇာတ္ရိွနအျမင့္ဆံုးအခန္းေတြထဲက တစ္ခန္းျဖစ္လာပါလိမ့္မယ္)

No comments:

Post a Comment