(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၃၀)🔥 ပထမပိုင်း
ကျောင်းဆင်းခေါင်းလောင်းထိုးခါနီးချိန်ဖြစ်၍ အတန်းထဲတွင် ဆူညံတွတ်ထိုးသံများ ဝေဝေဆာ၍နေသည်။မနက်ဖြန်စာမေးပွဲ စဖြေရမည့်အချိန်ဖြစ်၍ ပုံရိပ်ကတော့ စကားတွတ်ထိုး၍မအားပေ။
စာအုပ်ထဲတွင်သာ အာရုံဆိုက်၍ထားမိသည်။ကျောင်းလွှတ်ခါနီးအချိန်ဖြစ်၍ ဆရာမသည်လည်းအတန်းထဲတွင်မရှိတော့ပဲ ကျောင်းသားတွေကိုခေါင်းမှောက်ထားခဲ့ခိုင်းပြီး အတန်းထဲမှ ထွက်သွားလေသည်။
ပုံရိပ်တွင် ဉာဥ်တစ်ခုရှိသည်။
ထိုအရာကတော့ တစ်ခုခုကိုအာရုံ၀င်စားနေပါက ဘေးနားမှာစကားလာပြောနေလည်း ထိုစကားကိုအာရုံမရောက်မိပဲရှိတတ်သည်။
ထို့ကြောင့် တခါတလေစာလုပ်နေတာပဲဖြစ်ဖြစ် ပန်းချီဆွဲနေတာပဲဖြစ်ဖြစ် အာရုံရောက်နေချိန်တွင်ဒေါ်လေးသည် ပုံရိပ်ကိုမနည်းခေါ်ယူရတတ်သည်။
သည်အကျင့်သည်မကောင်းဘူးဆိုပေမဲ့ ပုံရိပ်အဖို့အင်မတန်ဖျောက်ရခက်နေသည်။
ယခုတော့ ထိုအကျင့်ဆိုးသည် ကောင်းမွန်သောအားသာချက်တစ်ခုဖြစ်သွားခဲ့လေပြီ။အတန်းထဲတွင် အခြားကျောင်းသားများ၏ အသံများနှင့်ဆူညံပွက်လောရိုက်နေသော်လည်း ပုံရိပ်အတွက်တော့ အနှောက်အယှက်ဖြစ်မနေတော့ပေ။
အက်ဆေးတစ်ပုဒ်ကို ကျက်မှတ်ထားတာတွေနှင့်ရောပြီး ကိုယ့်အတွေးနှင့်ပေါင်းကာ ရေးနေမိသည်။
အင်္ဂလိပ်စာဆိုတာ ပုံရိပ်တို့မြန်မာတွေအတွက်ဆိုလျှင် ဒုတိယဘာသာစကားဖြစ်တဲ့အပြင်
မူလတန်းတွင်အခြေခံကျကျရေးတတ်၊ဖတ်တတ်အောင် သင်ကြားပေးခြင်းမခံခဲ့ရတော့ အထက်တန်းသို့ရောက်သည့်အခါမှာ များစွာအခက်အခဲတွေ့ခဲ့ရသည်။
ဒါပေမဲ့ အပြင်မှာအင်္ဂလိပ်သင်တန်းကို လေးနှစ်လောက်လေ့လာခဲ့ပြီးသော ဆရာ့ကြောင့်ယခုတော့ အကျွမ်းကျင်ကြီးမဟုတ်ပေမဲ့ သဒ္ဒါနှင့်အချိန်ကာလအပိုင်းအခြားအလိုက် သုံးရမည့်ကြိယာတွေကို သူ့နေရာနှင့်သူသုံးတတ်နေလေပြီ။
ဆရာသည် ပုံရိပ်ကိုlevelနိမ့်သောအင်္ဂလိပ်အခြေခံ ၀တ္ထုလေးများကို ကတ္တား၊ကြိယာနှင့်ဘယ်စာကြောင်းက ဘယ်လိုကြိယာဝိသေသနနှင့်ဖွဲ့စည်းထားသည် ၊နာမ်နေရာမှ နာမ်စားကိုဘယ်လိုသုံးသည်ဆိုကာ မြန်မာသဒ္ဒါအသုံးအနှုန်းတွေနှင့်ပါတွဲ၍ ရှင်းပြတတ်သည်။
ကိုယ်တိုင်ဖတ်တတ်အောင်လည်း စာကြောင်းတစ်ခုဆီကို စိတ်ရှည်ရှည်နှင့် ရှင်းပြပေးတတ်သောကြောင့် ဆရာစာသင်ပေးလျှင်နှစ်ခါပြန်မေးစရာမလိုလောက်အောင်အထိ နားလည်လွယ်သည်။တခါတလေမှာ တွေးမိတာကတော့ ဒီလောက်တော်သည့်ဆရာသည် ကျူရှင်ဖွင့်စားလျှင် နာမည်အရမ်းကြီးနိုင်သည်ဟုပင်။သူ့ကျူရှင်မှာလည်းလူတွေပြည့်လွန်းလို့ ၀င်ငွေတွေလည်း သောက်သောက်လဲရမှာပဲဟု တွေးမိသည်။မနေနိုင်မထိုင်နိုင်ဘဲ ဆရာ့ကိုဖွင့်မေးလိုက်သောအခါမှ ဆရာပြန်ပြောသောစကားသည် ပုံရိပ်ကိုဆရာ့အပေါ်၌ ပို၍လေးစားမှုဖြစ်ပေါ်စေသည်။
"ဆရာ...ဆရာကအသင်အပြကောင်းရဲ့သားနဲ့
ဘာလို့ကျူရှင်မဖွင့်စားတာလဲဟင်..
ဆရာကရုပ်လည်းချောတယ်...စာအသင်အပြလည်းကောင်းတယ်..စေတနာလည်းပါတဲ့ဥစ္စာ
...ဆရာသာကျူရှင့်ဖွင့်စားရင် သေချာပေါက်သူဌေးကြီးဖြစ်မှာပဲ...."
ပုံရိပ်ကထို့သို့ပြောတော့ ဆရာသည် သူ၏အဖျားကော့ချွန်သဏ္ဍန် မျက်တောင်လေးများ၀န်းရံထားသောမျက်၀န်းလေးတွေ မှေးကျဉ်းသွားရအောင်အထိရယ်လေသည်။
"ပုံရိပ်ကဆရာ့ကိုဒီလိုမြှောက်ပြောတော့ နဲနဲတောင်ဘ၀င်မြင့်ချင်သွားပြီ..."
"သမီးကတကယ်ပြောတာပါဆရာရဲ့ဆရာသာ
ကျူရှင်ဖွင့်စားရင် အရမ်းအောင်မြင်မှာ..."
"မအောင်မြင်ချင်ရင်နေပါကွာ...ပညာတစ်ခုကိုအသပြာယူပြီးမသင်ပါရစေနဲ့...ဆရာ့အတွက်ကတော့ စီးပွားကသပ်သပ်..ဝါသနာကသပ်သပ်ပဲ
...အပြင်အလုပ်လုပ်တယ်ဆိုတာက ဆရာ့ရဲ့စီးပွားရေးဖြစ်ပြီး...စာသင်တဲ့အလုပ်ကတော့ဆရာ့ရဲ့ဝါသနာကိုအရင်းခံထားတဲ့ဒါနမျိုးစေ့ပဲ...
ပညာဒါနကသိပ်မွန်မြတ်တာကွ...."
"ဒါပေမဲ့ဆရာရယ်...ကိုယ်ဝါသနာပါတာနဲ့စီးပွားရှာတော့ပိုမကောင်းဘူးလား အိပ်မက်တွေထပ်တူကြတာပေါ့...ဆရာလည်းပိုပြီးပျော်ရွှင်ရတာပေါ့.."
"ဆရာပြောပြီးပြီမဟုတ်လား...ပညာသင်ပေးတာကဆရာ့ရဲ့ဒါနပြုခြင်းပါလို့...ဘယ်တော့မှအရောင်အဆိုးမခံချင်ဘူး...အခုလည်းရထားတဲ့ဘွဲ့နဲ့လုပ်နေရတဲ့အလုပ်ကိုဆရာနှစ်သက်ပါတယ်...အခုအလုပ်ကမန္တလေးဘက်ကို ပြောင်းရမယ်ဆိုလို့သာထွက်လိုက်တာ...ဆရာကဒီကျာင်းကနေမြေတောင်မြှောက်ပေးခံရသူဖြစ်လို့ ဒီကျောင်းကိုပြန်အကျိုးပြုရလိမ့်မယ်...ဒါကြောင့်ဒီကျောင်းကနေတဖဝါးမှခွာမှာမဟုတ်ဘူး..."
"အင်း..ပုံရိပ်လည်းဆရာ့လိုဖြစ်ချင်လိုက်တာ.."
ပုံရိပ်သည် မျက်နှာလေးရှုံ့ပြီး မဖြစ်နိုင်တာကိုစိတ်ကူးယဉ်မိသလိုပုံစံဖြစ်နေတော့ ဆရာသည်
ပုံရိပ်၏ခေါင်းလေးကို ဖွဖွပုတ်လိုက်ပြီး
သဘောတကျပြုံးလေသည်။
"ဖြစ်ချင်ရင် ဖြစ်အောင်လုပ်ပေါ့ကွ...ပြောစမ်းပါအုံး...ပုံရိပ်ရဲ့ရည်မှန်းချက်ကဘာလဲ...ဒီမေးခွန်းကို ဆရာမေးနေတာကြာလှပြီ...တစ်ခါမှလည်းသေချာမဖြေဘူး.."
"မဖြေချင်လို့မဟုတ်ပါဘူးဆရာရယ်...သမီးကိုယ်တိုင် အဖြေကိုရှာမတွေ့သေးလို့ပါ...
ပန်းချီဆွဲတဲ့အချိန်ဆိုရင် ပန်းချီဆရာမဖြစ်ချင်သွားတယ်..ကလေးတွေကိုစာသင်ပေးတဲ့အချိန်ဆိုရင်
..ကျောင်းဆရာမဖြစ်ချင်တယ်...နောက်ပြီးအဖေ့ဘက်က သမီးရဲ့အဖိုးကဆရာ၀န်ဖြစ်ခဲ့ဖူးသလို...
အဖေ့ကိုလည်းဆရာ၀န်ဖြစ်စေချင်တယ်ဆိုလို့...
ဆရာ၀န်ဖြစ်ချင်ပြန်ရော...သမီးရဲ့ရင်ထဲကနေပြီး
စွဲစွဲနင့်နင့်နဲ့ ပြင်းပြင်းပျပျဖြစ်ချင်တဲ့ အရာတော့မရှိသေးဘူး..."
"ရည်မှန်းချက်ဆိုတာကို ပုံရိပ်ကအဲ့သလိုတွေးတာလား..."
"ရှင်...."
ပုံရိပ်သည်မျက်လုံးကလေးပြူးကာ အံ့ဩဟန်ပြတော့ ဆရာ့နှုတ်ခမ်းများသည် အပြုံးခပ်ရေးရေးကြောင့် ကွေးညွှတ်တတ်သွားကြပြန်သည်။
ဆရာသည် အမှန်တော့စာရေးဆရာလုပ်ဖို့ကောင်းသည်။ဆုံးမဩဝါဒခြွေရမည့်အချိန်များတွင်အလိုလို ပြုံး၍နေတတ်တာက သူ့အကျင့်ဖြစ်သည်။
သူ့အပြုံးကြောင့်လည်း သူ့စကားကိုနားထောင်ရတာ နား၀င်ချိုသလို ခံစားရတာဖြစ်နိုင်သည်။
"ရည်မှန်းချက်တစ်ခုဆီတိုင်းမှ တစ်စုံတစ်ဦးကိုဖြစ်ဖြစ် အကျိုးပြုနိုင်တဲ့ဂုဏ်သတ္တိရှိရမယ်
...ဆရာ၀န်ကြီးဖြစ်တိုင်းလည်း
လူတိုင်းကလေးစားပြီးအထင်ကြီးမှာမဟုတ်ဘူး...
လေးစားထိုက်တဲ့အရည်အချင်းရှိမှလေးစားမှာ...
အဲ့ဒီ့အရည်အချင်းရှိဖို့အတွက် ကျိုးစားအားထုတ်မှုတွေအများကြီးလိုအပ်တယ်...ကျိုးစားချင်ရတဲ့အကြောင်းပြချက်ကောင်းကောင်းလည်း လိုအပ်တယ်...အဲ့ဒီ့အကြောင်းပြချက်ကိုရှာဖွေကြည့်ပါ..."
ထိုနေ့မှာဆရာဘာကို ဆိုလိုချင်သလဲဆိုတာကို
ပုံရိပ်သိပ်နားမလည်ခဲ့ပေ။နားမလည်ရခြင်းကတော့ ဆရာပြောသော အကြောင်းပြချက်တစ်ခုကိုရှာဖွေ၍ မတွေ့သေးသောကြောင့်ဖြစ်နိုင်သည်။
ထိုအကြောင်းပြချက်သည် ပုံရိပ်၏ဘ၀ထဲတွင်ပင်အမြှစ်တွယ်နေခဲ့သည်ကို ပုံရိပ်သတိမထားမိခဲ့ပေ။
အလ္လာဗ၊သလ္လာဗစကားမျာပြောလျှင် ခပ်တည်တည်ဖြင့်တော်ရုံစကားပြန်ပြောလေ့မရှိသောဆရာသည် အခြားသူတွေ၏ခက်ခဲသောရင်ဖွင့်စကားသံတွေကိုတော့ လေးနက်စွာနားထောင်ပေးတတ်သည်။ဆရာသည်စကားပြောကောင်းသလို ကောင်းကောင်းနားထောင်ပေးတတ်သူလည်းဖြစ်သည်။ဆရာ့လိုလူသည် ဘယ်နေရာသို့ရောက်ရောက် အခက်အခဲမှန်သမျှကို ရဲရင့်စွာတော်လှန်နိုင်မှာသေချာသည်။ဆရာနေမျိုးဆိုသည်မှာ သိန်းငှက်တစ်ကောင်၏ စိတ်ဓာတ်မျိုးနှင့်ရှင်သန်နေသူပင်ဖြစ်သည်။
"ပုံရိပ်....ဟဲ့...."
အက်ဆေးရေးနေရင်းနှင့်ခေါင်းမှောက်ထားလျှက်ခေါ်နေသော ယမင်းကြောင့်ရေးနေသောလက်တွေကို ရပ်လိုက်မိသည်။ယမင်းကိုကြည့်လိုက်တော့
ပုံရိပ်ကို သူ့အနားသို့တိုးကပ်လာရန်အချက်ပြနေလေသည်။ပုံရိပ်လည်း ရေးလက်စစာအုပ်ကိုဘေးသို့တွန်းပို့လိုက်ပြီး စာရေးခုံပေါ်တွင်ခေါင်းတစ်ခြမ်းစောင်း၍ မှောက်လိုက်ကာ ယမင်းနှင့်အနီးဆုံးမှာ နေပေးလိုက်သည်။
"ဘာပြောမလို့လဲ.... "
"ငါနင့်ကိုရင်ဖွင့်စရာရှိလို့...နားထောင်ပေးနိုင်မလား"
ယမင်း၏တီးတိုးညင်သာသော စကားသံလေးသည် သူ၏ပုံသဏ္ဍန်အတိုင်း နူးညံ့ဖြူစင်လွန်းသည်။
နှလုံးရောဂါသည်လေးဖြစ်ပြီး သူဌေးသမီးလေးလည်းဖြစ်တော့ သူ့အလှသည်ပုံရိပ်တို့ထက် အရောင်အဝါပို၍တောက်သည်ဟုဆိုရမည်။
ပုံရိပ်၏စိတ်ထဲတွင်တော့ ယမင်း၏အလှသည်
ရှေးခောတ်အခါမှာများဆိုလျှင် ရှင်ဘုရင်များစစ်မက်ပွားရလောက်အောင် ဂုဏ်သတင်း
ကျော်ဇောမည့်အလှမျိုးဖြစ်သည်ဟု ယူဆမိသည်။
ယမင်းသည် သူ၏ဝိုင်းစက်နေသော မျက်၀န်းလေးများကို ခပ်မှိန်မှိန်မျက်လွှာချလိုက်လေသည်။
မျက်နှာကလေးသည် ပန်းသွေးရောင်သန်းသွား
လျှက် မဝံ့မရဲဖြစ်နေသောပုံစံအရ သူ့အတွက်ပြောထွက်ဖို့ရန် ခက်ခဲနေသောအရာဖြစ်နိုင်သည်။
ပို၍ဖြစ်နိုင်သည်က ပုံရိပ်ကိုပထမဦးဆုံးရင်ဖွင့်တာမျိုးပေါ့။
"ဘာပြောမလို့လည်း ပြောလေ...ကျောင်းလွှတ်ရင်
မပြောလိုက်ရပဲ နေအုံးမယ်...."
"တကယ်တော့ ငါဒီစကားကိုပြောရမှာနည်းနည်းရှက်နေမိတယ်...ဒါပေမဲ့နင့်ကိုလည်းအကူအညီတောင်းချင်တယ်..ရင်ဖွင့်ချင်တာဆိုရင် ပိုမှန်ပါလိမ့်မယ်.."
"အင်း...ငါနားထောင်ပေးပါ့မယ်...ဒီအတန်းထဲမှာ
နင့်အစ်ကိုပြီးရင် နင်နဲ့ငါကအရင်းနှီးဆုံးပဲလေ...
ဒီရက်တွေမှာ စာမေးပွဲအတွက် စာကိုပဲသချာလုပ်နေမိလို့ နင်နဲ့စကားမပြောဖြစ်ဘူး...ငါနင့်ကို
လစ်လျှူရှုသလိုဖြစ်သွားတယ်...နင်ပြောတာကို
ငါနားထောင်ပေးချင်ပါတယ်...."
ပုံရိပ်သည် ထိုသို့ပြောလိုက်သောအခါ ယမင်း၏မျက်နှာလေးသည် ၀င်းပသွားလျှက်မျက်လုံးလေးတွေကိုလည်း သုံးရက်လခြမ်းလေးကဲ့သို့ ကွေးညွှတ်အောင် ပြုံးလာသည်။
🔥ဆူးကြိုး...🔥အခန်း(၃၀)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၃၀)🔥 ပထမပိုင္း
ေက်ာင္းဆင္းေခါင္းေလာင္းထိုးခါနီးခ်ိန္ျဖစ္၍ အတန္းထဲတြင္ ဆူညံတြတ္ထိုးသံမ်ား ေဝေဝဆာ၍ေနသည္။မနက္ျဖန္စာေမးပဲြ စေျဖရမၫ့္အခ်ိန္ျဖစ္၍ ပံုရိပ္ကေတာ့ စကားတြတ္ထိုး၍မအားေပ။
စာအုပ္ထဲတြင္သာ အာရံုဆိုက္၍ထားမိသည္။ေက်ာင္းလႊတ္ခါနီးအခ်ိန္ျဖစ္၍ ဆရာမသည္လည္းအတန္းထဲတြင္မရိွေတာ့ပဲ ေက်ာင္းသားေတြကိုေခါင္းေမွာက္ထားခဲ့ခိုင္းၿပီး အတန္းထဲမွ ထြက္သြားေလသည္။
ပံုရိပ္တြင္ ဉာဥ္တစ္ခုရိွသည္။
ထိုအရာကေတာ့ တစ္ခုခုကိုအာရံု၀င္စားေနပါက ေဘးနားမွာစကားလာေျပာေနလည္း ထိုစကားကိုအာရံုမေရာက္မိပဲရိွတတ္သည္။
ထို႔ေၾကာင့္ တခါတေလစာလုပ္ေနတာပဲျဖစ္ျဖစ္ ပန္းခ်ီဆဲြေနတာပဲျဖစ္ျဖစ္ အာရံုေရာက္ေနခ်ိန္တြင္ေဒၚေလးသည္ ပံုရိပ္ကိုမနည္းေခၚယူရတတ္သည္။
သည္အက်င့္သည္မေကာင္းဘူးဆိုေပမဲ့ ပံုရိပ္အဖို႔အင္မတန္ေဖ်ာက္ရခက္ေနသည္။
ယခုေတာ့ ထိုအက်င့္ဆိုးသည္ ေကာင္းမြန္ေသာအားသာခ်က္တစ္ခုျဖစ္သြားခဲ့ေလၿပီ။အတန္းထဲတြင္ အျခားေက်ာင္းသားမ်ား၏ အသံမ်ားႏွင့္ဆူညံပြက္ေလာရိုက္ေနေသာ္လည္း ပံုရိပ္အတြက္ေတာ့ အေနွာက္အယွက္ျဖစ္မေနေတာ့ေပ။
အက္ေဆးတစ္ပုဒ္ကို က်က္မွတ္ထားတာေတြႏွင့္ေရာၿပီး ကိုယ့္အေတြးႏွင့္ေပါင္းကာ ေရးေနမိသည္။
အဂၤလိပ္စာဆိုတာ ပံုရိပ္တို႔ျမန္မာေတြအတြက္ဆိုလ်ွင္ ဒုတိယဘာသာစကားျဖစ္တဲ့အျပင္
မူလတန္းတြင္အေျခခံက်က်ေရးတတ္၊ဖတ္တတ္ေအာင္ သင္ၾကားေပးျခင္းမခံခဲ့ရေတာ့ အထက္တန္းသို႔ေရာက္သၫ့္အခါမွာ မ်ားစြာအခက္အခဲေတြ့ခဲ့ရသည္။
ဒါေပမဲ့ အျပင္မွာအဂၤလိပ္သင္တန္းကို ေလးႏွစ္ေလာက္ေလ့လာခဲ့ၿပီးေသာ ဆရာ့ေၾကာင့္ယခုေတာ့ အကၽြမ္းက်င္ႀကီးမဟုတ္ေပမဲ့ သဒၵါႏွင့္အခ်ိန္ကာလအပိုင္းအျခားအလိုက္ သံုးရမၫ့္ႀကိယာေတြကို သူ႔ေနရာႏွင့္သူသံုးတတ္ေနေလၿပီ။
ဆရာသည္ ပံုရိပ္ကိုlevelနိမ့္ေသာအဂၤလိပ္အေျခခံ ၀တၴုေလးမ်ားကို ကတၲား၊ႀကိယာႏွင့္ဘယ္စာေၾကာင္းက ဘယ္လိုႀကိယာဝိေသသနႏွင့္ဖဲြ႔စည္းထားသည္ ၊နာမ္ေနရာမွ နာမ္စားကိုဘယ္လိုသံုးသည္ဆိုကာ ျမန္မာသဒၵါအသံုးအႏႈန္းေတြႏွင့္ပါတဲြ၍ ရွင္းျပတတ္သည္။
ကိုယ္တိုင္ဖတ္တတ္ေအာင္လည္း စာေၾကာင္းတစ္ခုဆီကို စိတ္ရွည္ရွည္ႏွင့္ ရွင္းျပေပးတတ္ေသာေၾကာင့္ ဆရာစာသင္ေပးလ်ွင္ႏွစ္ခါျပန္ေမးစရာမလိုေလာက္ေအာင္အထိ နားလည္လြယ္သည္။တခါတေလမွာ ေတြးမိတာကေတာ့ ဒီေလာက္ေတာ္သၫ့္ဆရာသည္ က်ူရွင္ဖြင့္စားလ်ွင္ နာမည္အရမ္းႀကီးႏိုင္သည္ဟုပင္။သူ႔က်ူရွင္မွာလည္းလူေတျြပၫ့္လြန္းလို႔ ၀င္ေငြေတြလည္း ေသာက္ေသာက္လဲရမွာပဲဟု ေတြးမိသည္။မေနႏိုင္မထိုင္ႏိုင္ဘဲ ဆရာ့ကိုဖြင့္ေမးလိုက္ေသာအခါမွ ဆရာျပန္ေျပာေသာစကားသည္ ပံုရိပ္ကိုဆရာ့အေပၚ၌ ပို၍ေလးစားမႈျဖစ္ေပၚေစသည္။
"ဆရာ...ဆရာကအသင္အျပေကာင္းရဲ့သားနဲ႔
ဘာလို႔က်ူရွင္မဖြင့္စားတာလဲဟင္..
ဆရာကရုပ္လည္းေခ်ာတယ္...စာအသင္အျပလည္းေကာင္းတယ္..ေစတနာလည္းပါတဲ့ဥစၥာ
...ဆရာသာက်ူရွင့္ဖြင့္စားရင္ ေသခ်ာေပါက္သူေဌးႀကီးျဖစ္မွာပဲ...."
ပံုရိပ္ကထို႔သို႔ေျပာေတာ့ ဆရာသည္ သူ၏အဖ်ားေကာ့ခၽြန္သ႑န္ မ်က္ေတာင္ေလးမ်ား၀န္းရံထားေသာမ်က္၀န္းေလးေတြ ေမွးက်ဉ္းသြားရေအာင္အထိရယ္ေလသည္။
"ပံုရိပ္ကဆရာ့ကိုဒီလိုၿမွောက္ေျပာေတာ့ နဲနဲေတာင္ဘ၀င္ျမင့္ခ်င္သြားၿပီ..."
"သမီးကတကယ္ေျပာတာပါဆရာရဲ့ဆရာသာ
က်ူရွင္ဖြင့္စားရင္ အရမ္းေအာင္ျမင္မွာ..."
"မေအာင္ျမင္ခ်င္ရင္ေနပါကြာ...ပညာတစ္ခုကိုအသျပာယူၿပီးမသင္ပါရေစနဲ႔...ဆရာ့အတြက္ကေတာ့ စီးပြားကသပ္သပ္..ဝါသနာကသပ္သပ္ပဲ
...အျပင္အလုပ္လုပ္တယ္ဆိုတာက ဆရာ့ရဲ့စီးပြားေရးျဖစ္ၿပီး...စာသင္တဲ့အလုပ္ကေတာ့ဆရာ့ရဲ့ဝါသနာကိုအရင္းခံထားတဲ့ဒါနမ်ိဳးေစ့ပဲ...
ပညာဒါနကသိပ္မြန္ျမတ္တာကြ...."
"ဒါေပမဲ့ဆရာရယ္...ကိုယ္ဝါသနာပါတာနဲ႔စီးပြားရွာေတာ့ပိုမေကာင္းဘူးလား အိပ္မက္ေတြထပ္တူၾကတာေပါ့...ဆရာလည္းပိုၿပီးေပ်ာ္ရႊင္ရတာေပါ့.."
"ဆရာေျပာၿပီးၿပီမဟုတ္လား...ပညာသင္ေပးတာကဆရာ့ရဲ့ဒါနျပဳျခင္းပါလို႔...ဘယ္ေတာ့မွအေရာင္အဆိုးမခံခ်င္ဘူး...အခုလည္းရထားတဲ့ဘဲြ႔နဲ႔လုပ္ေနရတဲ့အလုပ္ကိုဆရာႏွစ္သက္ပါတယ္...အခုအလုပ္ကမႏၲေလးဘက္ကို ေျပာင္းရမယ္ဆိုလို႔သာထြက္လိုက္တာ...ဆရာကဒီက်ာင္းကေနေျမေတာင္ၿမွောက္ေပးခံရသူျဖစ္လို႔ ဒီေက်ာင္းကိုျပန္အက်ိဳးျပဳရလိမ့္မယ္...ဒါေၾကာင့္ဒီေက်ာင္းကေနတဖဝါးမွခြာမွာမဟုတ္ဘူး..."
"အင္း..ပံုရိပ္လည္းဆရာ့လိုျဖစ္ခ်င္လိုက္တာ.."
ပံုရိပ္သည္ မ်က္ႏွာေလးရႈံ႔ၿပီး မျဖစ္ႏိုင္တာကိုစိတ္ကူးယဉ္မိသလိုပံုစံျဖစ္ေနေတာ့ ဆရာသည္
ပံုရိပ္၏ေခါင္းေလးကို ဖြဖြပုတ္လိုက္ၿပီး
သေဘာတက်ႃပံုးေလသည္။
"ျဖစ္ခ်င္ရင္ ျဖစ္ေအာင္လုပ္ေပါ့ကြ...ေျပာစမ္းပါအံုး...ပံုရိပ္ရဲ့ရည္မွန္းခ်က္ကဘာလဲ...ဒီေမးခြန္းကို ဆရာေမးေနတာၾကာလွၿပီ...တစ္ခါမွလည္းေသခ်ာမေျဖဘူး.."
"မေျဖခ်င္လို႔မဟုတ္ပါဘူးဆရာရယ္...သမီးကိုယ္တိုင္ အေျဖကိုရွာမေတြ့ေသးလို႔ပါ...
ပန္းခ်ီဆဲြတဲ့အခ်ိန္ဆိုရင္ ပန္းခ်ီဆရာမျဖစ္ခ်င္သြားတယ္..ကေလးေတြကိုစာသင္ေပးတဲ့အခ်ိန္ဆိုရင္
..ေက်ာင္းဆရာမျဖစ္ခ်င္တယ္...ေနာက္ၿပီးအေဖ့ဘက္က သမီးရဲ့အဖိုးကဆရာ၀န္ျဖစ္ခဲ့ဖူးသလို...
အေဖ့ကိုလည္းဆရာ၀န္ျဖစ္ေစခ်င္တယ္ဆိုလို႔...
ဆရာ၀န္ျဖစ္ခ်င္ျပန္ေရာ...သမီးရဲ့ရင္ထဲကေနၿပီး
စဲြစဲြနင့္နင့္နဲ႔ ျပင္းျပင္းပ်ပ်ျဖစ္ခ်င္တဲ့ အရာေတာ့မရိွေသးဘူး..."
"ရည္မွန္းခ်က္ဆိုတာကို ပံုရိပ္ကအဲ့သလိုေတြးတာလား..."
"ရွင္...."
ပံုရိပ္သည္မ်က္လံုးကေလးျပဴးကာ အံ့ဩဟန္ျပေတာ့ ဆရာ့ႏႈတ္ခမ္းမ်ားသည္ အႃပံုးခပ္ေရးေရးေၾကာင့္ ေကြးၫႊတ္တတ္သြားၾကျပန္သည္။
ဆရာသည္ အမွန္ေတာ့စာေရးဆရာလုပ္ဖို႔ေကာင္းသည္။ဆံုးမဩဝါဒႁခြေရမၫ့္အခ်ိန္မ်ားတြင္အလိုလို ႃပံုး၍ေနတတ္တာက သူ႔အက်င့္ျဖစ္သည္။
သူ႔အႃပံုးေၾကာင့္လည္း သူ႔စကားကိုနားေထာင္ရတာ နား၀င္ခ်ိဳသလို ခံစားရတာျဖစ္ႏိုင္သည္။
"ရည္မွန္းခ်က္တစ္ခုဆီတိုင္းမွ တစ္စံုတစ္ဦးကိုျဖစ္ျဖစ္ အက်ိဳးျပဳႏိုင္တဲ့ဂုဏ္သတၲိရိွရမယ္
...ဆရာ၀န္ႀကီးျဖစ္တိုင္းလည္း
လူတိုင္းကေလးစားၿပီးအထင္ႀကီးမွာမဟုတ္ဘူး...
ေလးစားထိုက္တဲ့အရည္အခ်င္းရိွမွေလးစားမွာ...
အဲ့ဒီ့အရည္အခ်င္းရိွဖို႔အတြက္ က်ိဳးစားအားထုတ္မႈေတြအမ်ားႀကီးလိုအပ္တယ္...က်ိဳးစားခ်င္ရတဲ့အေၾကာင္းျပခ်က္ေကာင္းေကာင္းလည္း လိုအပ္တယ္...အဲ့ဒီ့အေၾကာင္းျပခ်က္ကိုရွာေဖြၾကၫ့္ပါ..."
ထိုေန့မွာဆရာဘာကို ဆိုလိုခ်င္သလဲဆိုတာကို
ပံုရိပ္သိပ္နားမလည္ခဲ့ေပ။နားမလည္ရျခင္းကေတာ့ ဆရာေျပာေသာ အေၾကာင္းျပခ်က္တစ္ခုကိုရွာေဖြ၍ မေတြ့ေသးေသာေၾကာင့္ျဖစ္ႏိုင္သည္။
🔥ဆူးႀကိဳး...🔥အခန္း(၃၀)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္
No comments:
Post a Comment