(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၃၀)🔥 ဒုတိယပိုင်း
"ငါ...သိပ်မကြာခင်ကလူတစ်ယောက်နဲ့ဆုံတယ်...
အဲ့နေ့ကမုန့်ဈေးတန်းကို ကိုထက်မပါပဲ
ငါတစ်ယောက်တည်းသွားခဲ့တာ...မုန့်၀ယ်စားတော့မုန့်ဈေးတန်းမှာကလည်း လူတွေအများကြီးဖြစ်နေတော့ ငါလည်းပိုက်ဆံကိုမုန့်ထုပ်တွေအပေါ်ကိုပစ်တင်လိုက်တာပေါ့...အဲ့ဒီ့မှာပိုက်ဆံက
မုန့်ထုပ်တွေအပေါ်ကိုမရောက်ပဲ လွင့်ပြီးမုန့်ဆိုင်ဘေးက မြောင်းလေးထဲကိုကျသွားတယ်...
ပိုက်ဆံကရွှံ့တွေပေနေလို့ ငါလည်းမကောက်ရဲ
ဖြစ်နေသလို မုန့်လည်း၀ယ်မစားရတော့မဲ့အခြေအနေဖြစ်သွားတာပေါ့...အဲ့ဒါနဲ့ငါလည်းမျက်ရည်ဝဲပြီး မြောင်းထဲကနေ ရေစီးနဲ့မျောသွားတဲ့ ပိုက်ဆံလေးကိုကြည့်နေလိုက်ရတယ်...မထင်မှတ်ထားတဲ့အခြေအနေကအဲ့ဒီ့မှာစတာပဲ...ငါငိုနေတဲ့အချိန်မှာငါ၀ယ်ထားတဲ့မုန့်ထုပ်တွေကို ကျောင်းသားတစ်ယောက်ကငါ့ကိုလာပေးတယ်
...ဒါပေမဲ့ငါမယူရဲလို့ အတင်းငြင်းမိတယ်...
ဘာကြောင့်လည်းဆိုရင်သူ့ကိုငါမြင်ဖူးသလို၊
သူဘယ်လောက်ဆိုးသလဲဆိုတာကိုလည်း
ငါကြားထားလို့ပဲ ဒါပေမဲ့သူကတော့ငါ့ကိုမသိဘူးလို့ထင်ပါတယ်...ငါလည်းသူ့ကိုကြောက်လို့အဲ့ဆိုင်ရှေ့ကနေ မြန်မြန်ထွက်လာတော့ သူကအနောက်ကနေလိုက်လာပြီး မုန့်ထုပ်တွေငါ့ကိုအတင်းလိုက်ပေးတယ်...ပြီးတော့သူကပြောသေးတယ်ဟ...
"သနားလို့စေတနာနဲ့ ၀ယ်ကျွေးတာ..ဒီမုန့်တွေက
ငါကြိုက်တဲ့မုန့်တွေမဟုတ်ဘူး...မစားချင်ရင်လွှင့်ပစ်လိုက်မယ်..."ဆိုပြီးပေါ့...သူ့အမူအရာတွေကနဲနဲတော့ကြောက်ဖို့ကောင်းတယ်...ဒါပေမဲ့အဲ့ဒါကပဲငါ့ကို အခြားသူတွေနဲ့မတူပဲ ထူးထူးခြားခြားမှတ်မိအောင်လုပ်လိုက်သလိုပဲ...နောက်နေ့တွေမှာလည်း ငါမုန့်ဈေးတန်းကိုသွားတော့ ကိုထက်မပါရင်သူလာလာနှုတ်ဆက်တယ်...ငါနဲ့စကားတွေလည်းလာလာပြောတယ်...သူ့အကြောင်းနဲ့သူ့မိသားစုအကြောင်းကိုလည်းရင်ဖွင့်တယ်..တကယ်တော့
သူဆိုးတယ်ဆိုတာ အကြောင်းပြချက်ရှိတယ်ဟ
...ပထွေးဘက်ကိုပဲ အမြဲဘက်လိုက်ပြီးစရိုက်ကြမ်းတဲ့သူ့အမေကြောင့်ရယ်...သူ့ကိုဆိုအမြဲချောင်ပိတ်ရိုက်ချင်တဲ့ပထွေးကြောင့်ဖြစ်နိုင်တယ်...ငါသူ့ကိုအရမ်းစာနာမိတယ်...
ဒါကြောင့်ယောက်ျားလေးသူငယ်ချင်း
မထားဘူးဆိုတဲ့ ငါ့ရဲ့ကန့်သတ်ချက်ကိုငါကိုယ်တိုင်ရိုက်ချိုးလိုက်မိတယ်...သူနဲ့မတွေ့ရတဲ့အခါ
ငါ့ရင်ထဲမှာတစ်ခုခုလိုအပ်နေသလိုပဲ...
သူစကားလာမပြောတဲ့အခါ ငါမနေတတ်ဘူး...
ဒီအရာကိုသေချာသိလိုက်တာက...သူကျောင်းမတတ်တဲ့နေ့ကပဲပုံရိပ်ရယ်...မကွယ်မဝှက်တမ်းပြောရရင်...အဲ့ဒီ့နေ့ကငါလေ...သူ့ကိုအရမ်းသတိရတာပဲ...သူတစ်ခုခုဖြစ်မှာကိုလည်းစိုးရိမ်မိခဲ့တယ်...
သူကအီကိုဆောင်ကလေ...
ငါအရှက်မရှိ...အကြောက်တရားဆိုတာ ဘာမှန်းမသိတော့ပဲ...သူရှိတဲ့အဆောင်အထိလိုက်သွားပြီး...
သူ့အတန်းအရှေ့မှာ သူနဲ့စကားပြောခွင့်ရအောင် သွားစောင့်နေမိတာလည်း လေး၊ငါးခါလောက်ရှိပြီ...သူကတော့ငါ့ဆီကိုတစ်ခေါက်ပဲ လာတွေ့ဖူးတယ်..သူကနောက်ပိုင်းမှာဘာကြောင့်လည်းမသိဘူး စကားနည်းလာတယ်...
အဲ့ဒီ့အရာကလည်း ငါ့အတွက်ဆွဲဆောင်မှုရှိနေပြန်ရော...ငါသူနဲ့စကားပြောတဲ့အခါတိုင်းပျော်မိတယ်
...သူငါ့ကိုလက်ဆောင်လည်းပေးတယ်...
သူ့မျက်၀န်းတွေနဲ့ညို့လိုက်တိုင်း ငါ့နှလုံးသားတွေအခုန်မြန်လာတယ်...ဒါပေမဲ့ဒီနေ့တစ်နေ့လုံး ငါသူ့ကိုမတွေ့ရဘူး...သူတို့အဆောင်ဘက်ကိုသွားတော့လည်း သူမရှိဘူး...မုန့်ဈေးတန်းမှာလည်းသူ့ကို
မတွေ့ရဘူး..."
ဒိုင်ယာရီစာအုပ်တစ်အုပ်ကို စာမျက်နှာတစ်ရွက်ချင်းဆီလှန်ပြနေသကဲ့သို့ စီကာရီကာပြောပြနေသောယမင်းသည် လူတစ်ယောက်၏ညှို့ငင်ခြင်းကို ခံစားနေရလေပြီ။ဖြူစင်သောအသွင်နှင့် နုနယ်လွန်းသောနှလုံးသားလေးကို ဘယ်သူကများအရောင်လာဆိုးသွားရတာပါလိမ့်။ပုံရိပ်သည်လည်း ရသ၀တ္ထုများကိုဖတ်ဖူးသောသူဖြစ်၍ သူပြောပြ
နေသောအကြောင်းအရာများကို တစ်ပွင့်ဆီခြွေကောက်သလို ကောက်ကြည့်ရမည်ဆိုရင်
ယမင်းသည်ထိုလူ့ကို စွဲလမ်းနေလေပြီ။
စိတ်ကူးယဉ်ဆန်ဆန်ပြောရလျှင်တော့ ယမင်းသည်အချစ်ရူးမလေးဖြစ်နေချေပြီ။ဟိုလူက သူ့ရဲ့စိတ်ခံစားချက်တွေကို ကစားနေတာကို ဖြူစင်သူလေး
မသိပါလားဟု စိတ်မကောင်းဖြစ်နေမိသည်။
"ငါသူ့ကိုအရမ်းတွေ့ချင်တာပဲပုံရိပ်ရယ်...
သူတစ်ခါကပြောဖူးတယ်...သူကနင်နဲ့သိတယ်တဲ့
...နင်တို့နဲ့တစ်လမ်းတည်းပဲနေတာတဲ့...ဒါကြောင့်နင်ငါ့ကို သူ့အိမ်လိပ်စာပြောပြလို့ရမလားဟင်...
သူနေများမကောင်းလို့လားမသိဘူး...ငါသတင်းသွားမေးချင်လို့ပါဟယ်..."
"နေပါဦး...ငါနဲ့လည်းသိတယ်..တစ်လမ်းတည်းနေတာဆိုတော့ နင်ပြောနေတာ..
ဟိန်းကိုလား..."
"ဟုတ်တယ်ပုံရိပ်...သူပဲ..."
"ဘုရားရေ..."
ဘုရားတမိသည်အထိ အံ့ဩတုန်လှုပ်သွားမိသည်။ဟိန်းကိုလိုလူမျိုးနဲ့မှ ဘာကြောင့်ပတ်သတ်တာပါလိမ့်။ဆရာပုံရိပ်ကိုပြောဖူးသော စကားတစ်ခွန်းကိုသတိရမိသည်။
"ဒီအရွယ်မှာ...သမီးရီးစားကိစ္စတွေကိုရှောင်နိုင်အောင်လုပ်ပါ...မင်းတို့အရွယ်မှာချစ်သူရီးစားထားတာက..ဘ၀ပျက်နိုင်လောက်တဲ့စိတ်ကူးယဉ်ကစားပွဲတစ်ခုပဲ.."ဆရာသည်ထိုကဲ့သို့ လူငယ်သဘာ၀ကိစ္စကြီးထဲတွင် ရေစုန်မျောမပါသွားစေရန် အမျိုးသမီးငယ်တို့ ဖတ်ရှု့လေ့လာသင့်သောစာပေများကို ညွှန်း၍ဖတ်ခိုင်းလေသည်။
ဆရာမဂျူး၏ "သူမင်းကိုဘယ်တော့မှ"ဆိုသော ၀တ္ထုထဲတွင်ပါ၀င်သော အမျိုးသားတစ်ယောက်၏ မာယာကြွယ်သောမုသားစကားနောက်သို့ ပျော်၀င်လျှက်ဘ၀တစ်ခုလုံးပေးအပ်လိုက်ရသော ရိုးသားသည့်မိန်းကလေး၏ ဒုက္ခတွေသည်ပုံရိပ်ကို ထိုအမှားမျိုးမကျူးလွန်မိအောင် တိုက်တွန်းခဲ့လေသည်။
ယခုလည်း ယမင်းသည်ဟိန်းကို၏မာယာညွှတ်ကွင်းမှာ သက်ဆင်းနေမိလေပြီ။သူ့ရင်ထဲမှာ နစ်၀င်သွားသော ဟိန်းကို၏အဆိပ်မျှားသည် မည်မျှနက်နေပါပြီလဲ။
"ယမင်း...ဟိန်းကိုကဘယ်လိုလူလည်းဆိုတာ နင်သေချာမသိဘူးနော်...ငါသိသလောက်တော့ သူကအတ္တကြီးတယ်..သူဖြစ်ချင်တာကိုပဲကြည့်ပြီး...သူလုပ်သမျှမနာခံရင်အရမ်းလည်းပေါက်ကွဲလွယ်တယ်...ငါ့အထင်တော့ဟိုတစ်နေ့ကသူနင့်ကိုကြည့်တဲ့အကြည့်တွေက နင့်အပေါ်ကိုမရိုးသားဘူးလို့ထင်တယ်...တို့အရွယ်မှာ ဒါတွေကိုစိတ်ကူးမယဉ်သင့်သေးဘူး...နောက်ပြီးနင့်ကိစ္စကြီးမှာ သူကနင့်ကိုကြိုးရှည်ရှည်နဲ့လှန်ထားသလိုပဲ..သူနင့်ကိုကစားနေတယ်လို့ပဲမြင်တယ်...."
"ငါသိတယ်ပုံရိပ်...သူငါ့ကိုကစားနေတယ်လို့
ငါလည်းတွေးမိတယ်..."
"ဒါနဲ့များ နင်ဘာလို့ဆက်တွဲချင်နေသေးတာလည်း..မကောင်းမှန်းသိလျှက်နဲ့မိုက်တွင်း
နက်နက်တူးနေတာ...နင်ရူးသွားပြီလားဟာ..."
"ဟုတ်တယ်...ငါရူးသွားပြီပုံရိပ်...အဲ့ဒီ့ခံစားချက်ကို နင်ကိုယ်တိုင်ကြုံဖူးမှနားလည်လိမ့်မယ်...လူတစ်ယောက်ကိုချစ်မိရင်...မိုင်ပေါင်းဘယ်လောက်ဝေးဝေးအပြေးသွားချင်မိမှာပဲ..
အတ္တနဲ့တင်းခံနေတဲ့ နင့်လိုလူမျိုးက..တကယ်ချစ်မိရင် ပိုတောင်ဆိုးအုံးမယ်...."
"မဆိုင်လိုက်တာဟာ...စိတ်ကူးယဉ်ဆန်လွန်းလိုက်တာ...ဘ၀ကိုလက်တွေ့ကျကျတွေးကြည့်ပါ...
သူကနင်နဲ့မတန်ဘူး..."
"တန်တယ်မတန်ဘူးဆိုတာ ငါ့ဘာသာဆုံးဖြတ်မှာ
ပုံရိပ်...သူငါ့ကိုပြန်မချစ်ရင်နေ..ငါသူ့ကိုချစ်နေရင်ရပြီ..."
"နင်အရမ်းငယ်သေးတယ်လေ ယမင်းရယ်..
ဆရာ..ဆရာမတွေအမြဲဆုံးမတယ်လေဟာ..
အခုအရွယ်မှာရီးစားမထားဖို့...အဲ့ဒါကငါတို့အရမ်းငယ်သေးလို့ပေါ့...ငါတို့ကိုလမ်းမှားမရောက်စေချင်လို့ပဲလေ...နင်လည်းတွေးတောတတ်တာပဲ ဖြစ်သင့်လားမဖြစ်သင့်လားစဉ်းစားပေါ့...သူငယ်ချင်းတစ်ယောက်အနေနဲ့...ငါနင့်ကိုတားပါရစေ..
သူ့ကိုရင်ထဲကထုတ်လိုက်ပါ...နင့်အတွက်ပိုအဆင်ပြေသွားလိမ့်မယ်...."
"သူမရှိမှ ပိုပြီးအဆင်မပြေဖြစ်မှာ.."
"ဟာ..."
"ငါတို့အရွယ်က...ဒီကိစ္စမျိုးတွေကိုမတွေးသင့်သေးဘူးဆိုပေမဲ့..သူ့ဘာသာအလိုလိုဖြစ်လာတဲ့ခံစားချက်ကို ငါဘယ်လိုထိန်းချုပ်နိုင်မှာလဲ...
အသက်ငယ်ပေမဲ့ငါလည်းတွေးတောတတ်ပါတယ်..ခံစားချက်တစ်ခုကအစစ်အမှန်ဟုတ်မဟုတ် ငါခန့်မှန်းတတ်ပါတယ်..ငယ်သေးတာနဲ့ပဲစိတ်ကစားတာဖြစ်သွားရောလား...ငါနင့်ကိုပြောမိတာတောင်မှားသွားပြီ...ပုံရိပ်ရယ်..."
ဘယ်လိုစကားလုံးမျိုးကို သုံးရမှန်းပင်မသိတော့ပေ။ကိုယ်ဉာဏ်ရည်မှီသလောက်လည်းပြောတတ်တာ ကုန်နေလေပြီ။တွေ့ဆုံချိန်ခဏလေးအတွင်းမှာ ဘာကြောင့်ဒီလောက်တွယ်တာလိုက်မိတာလဲ ယမင်းရယ်။နှလုံးရောဂါသည်ဖြစ်တဲ့အတွက် ခံစားချက်နဲ့ပတ်သတ်ရင် သတိထားရမှာပေါ့။
စိတ်ကစားတယ်ဆိုစေအုံးတော့ မိန်းမငယ်လေးတစ်ယောက်ရဲ့ ရောဂါဟာပိုပြီးထိန်းချုပ်ရခက်သည်။ဒီအတိုင်းပဲထိုင်ကြည့်ရတော့မှာပါလား။
"ကလင်...ကလင်...ကလင်..."
"ငါသွားတော့မယ်...ပုံရိပ်...."
ကျောင်းခေါင်းလောင်းထိုးသံကြားသည်နှင့် ယမင်းသည်ချက်ချင်းပဲ ထိုင်ခုံမှထ၍ အခန်းအပြင်သို့ထွက်သွားခဲ့သည်။အစိမ်းပုပ်ရောင်လွယ်အိတ်လေးကို ထုတ်လိုက်ပြီး ကိုယ့်ချိုင့်ကိုယ်ဆွဲကာ အခန်းထဲမှထွက်လာရပေမဲ့ဘာကြောင့်ရယ်မသိ ယမင်း၏ကိစ္စကြီးကိုပဲတွေးနေမိသည်။
ကျောင်းသားများနှင့်အုံကြပ်နေသော လူသွားလမ်း လေးထပ်မှာခြေလှမ်းမှန်မှန်ဖြင့် လျှောက်လာလိုက်ပြီး မိဘများဆီးကြိုနေကြသော ကျောင်း၀န်းအပြင်သို့ ရောက်သောအခါမှသာ လေးလံနေသောစိတ်တို့ကို ဖြေလျှော့ပစ်လိုက်မိသည်။ကိုယ်အတတ်နိုင်ဆုံးတော့ တားကြည့်ပြီးပြီပဲ။
ပိုးဖလံငယ်သည် မီးကိုတိုးလျှင်ဘာဖြစ်တတ်သလဲ သူကိုယ်တိုင်သိနေလျှက်နဲ့ ဆက်တိုးနေတာကတော့ သူ့မိုက်ဇာတ်ဖြစ်သွားလေပြီ။သူငယ်ချင်းကောင်းဆိုတာ ကိုယ့်သူငယ်ချင်းကောင်းစားတာကိုပဲ
မြင်ချင်ပေမဲ့ ပြောမရရင်တော့ လွှတ်ထားလိုက်မှ
ရမည်။သူများ၏ အရှုပ်ဇာတ်ထဲကိုကိုယ်က
ဘာကြောင့် ရော၀င်ပြီးကရမှာလဲ။
"ဟင်...ဟိန်းကို...ယမင်းကဘာလို့သူနဲ့လိုက်သွားတာလဲ..."
ခပ်လှမ်းလှမ်းတွင် မြင်နေရသောမြင်ကွင်းသည် ယမင်းနှင့်ဟိန်းကို၏ပုံရိပ်များပြည့်နှက်နေသည်။ဟိန်းကိုသည် ပုံရိပ်နှင့်ခင်ကာစပုံစံအတိုင်းမဟုတ်တော့ဘဲ ယခင်ကကဲ့သို့မိုက်ကန်းကန်းပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့ပြီဟု ယူဆမိသည်။
ကျောင်းစိမ်းပုဆိုးကို ခပ်တိုတို၀တ်ထားပြီး အုတ်ခဲရောင်ဘေးလွယ်အိတ်ကို ထိပ်မှာထုံးချည်၍ လည်ပင်းတွင်စွတ်ချထားသည်။မျက်နှာမှာလည်း အညိုအမဲရာတွေရှိနေသော သူသည်ဈေးသို့သွားသည့် ဘက်အခြမ်းသို့ သူ့သူငယ်ချင်းဇိုးအဖွဲ့နှင့် ပခုံးဖက်ကာခပ်မြန်မြန်သွားနေသည်။
ယမင်းကတော့ လွယ်အိတ်ကလေးကိုပိုက်ပြီး
သူတို့၏အနောက်မှ ပြေးလိုက်သွားသည်။
ယမင်းတို့အိမ်ကနေ ကားနှင့်လာမကြိုဘူးလားဟု တွေးလိုက်မိသည်။ပုံစံကိုကြည့်ရတာ ဟိန်းကိုသည် ယမင်းကိုမသိကျိုးကျွံပြုသလို လုပ်နေပြီး ယမင်းကနောက်မှတကောက်ကောက်လိုက်နေသယောင်ဖြစ်နေတယ်။
"ယမင်းရယ်...နင်ဘာလို့ဒီလောက်ရူးမိုက်ရတာလဲ...နင့်ကိုလှည့်တောင်မကြည့်တဲ့လူရဲ့နောက်ကို ဘယ်လိုသတ္တိတွေနဲ့များ နင်လိုက်နေရတာလဲ...
ငါနင့်အစားဒေါသထွက်လိုက်တာ..."
တစ်ယောက်တည်းကြုံးဝါးနေမိပြီးနောက်
မနေနိုင်တော့တဲ့အဆုံး ပုံရိပ်လည်း သူတို့အနောက်မှ ပြေးလိုက်ကာ လှမ်းအော်ပစ်လိုက်သည်။
"ယမင်း....ယမင်း...ယမင်း...."
သုံးကြိမ်မြောက်ခေါ်သံအဆုံးမှာ မျက်ရည်လေးများပြည့်လျှံလျှက် အချစ်ရူးမလေးသည်
အားငယ်သောမျက်၀န်းလေးများနှင့်ကြည့်လာသည်။ပြီးနောက် ပြန်လှည့်သွားခဲ့လေသည်။
ဟိန်းကိုသည်လည်း ပုံရိပ်ကိုတစ်ချက်မျှ
စောင်းငဲ့ကြည့်ပြီး မဲ့ပြုံးပြုံးပြသွားခဲ့သည်။
"သူ..သူငါ့ကိုဘာလို့မဲ့ပြုံး ပြုံးပြသွားရတာလဲ
..မဟုတ်မှ ယမင်းကိုချဥ်းကပ်တာငါ့ကြောင့်များလား...."
"နင်နောင်တရစေရမည်ဟု.."သူကြိမ်းဝါးခဲ့တာကိုပြန်ကြားယောင်လိုက်သည့်အခါပုံရိပ်၏နှလုံးသားတွေ တဆက်ဆက်တုန်ခါသလိုဖြစ်သွားသည်။
သူနဲ့ကိုယ်က ဘာအငြိုးမှမရှိသလို ရင်းနှီးပတ်သတ်မှုကလည်း မနက်ရှိုင်းခဲ့ပါပဲ ကိုယ့်ကိုမုန်းတီးနေသည်ဆိုတာ ဖြစ်နိုင်ပါ့မလား။
မဖြစ်နိုင်တာ သူတို့ဘာသာဖောက်ကြတဲ့လမ်းမှာ
ငါကဘာကြောင့်ပါ၀င်နေရမှာလဲ။
မဖြစ်နိုင်တာ။ငါ့ကြောင့်မဖြစ်နိုင်ဘူး။
တကယ်လို့ ဟုတ်တယ်ဆိုရင်ရော ကြားထဲကယမင်းလေးခမျာ မြေစာပင်ဖြစ်ရပြီ။
တစ်ချို့အရာတွေက တားဆီးလို့လွယ်ကူပြီး၊
အချို့အရာတွေက တားဆီးဖို့သိပ်ခက်ခဲတယ်။
အဲ့ဒီ့အထဲမှာ ဆန္ဒဆိုသော စိတ်၏လိုအင်များကို တားဆီးဖို့ကပိုခက်ခဲလိမ့်မည်။
သူငယ်ချင်းတစ်ယောက် လမ်းမှားမရောက်ဖို့ တားဆီးခဲ့ပေးပြီးပါပြီ။သူ့ကိုသုံးကြိမ်တိုင်တိုင်ခေါ်ခဲ့တယ်။
သူလည်းပြန်လှည့်ကြည့်လာတယ်။
သူဘယ်နေရာမှာ မှားနေသလဲဆိုတာသိလျှက်နှင့်
ကျွံပြီးသားခြေလှမ်းကိုနောက်ပြန်မဆုတ်တာကတော့ သူ့သမိုင်းဖြစ်သွားလေပြီ။
သူလေ..သူပေါ့..သိပ်မိုက်တဲ့မိန်းမ..
ရူးမိုက်တော့..အချစ်နွံမှာနစ်ခဲ့ရ...
🌹🌹🌹🌹🌹🌹🌹🌹
(ယမင်းနဲ့ ဟိန်းကိုရဲ့ဇာတ်လမ်းကဘာဆက်ဖြစ်မလဲ...)
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၃၀)🔥 ဒုတိယပိုင္း
ထိုအေၾကာင္းျပခ်က္သည္ ပံုရိပ္၏ဘ၀ထဲတြင္ပင္အၿမွစ္တြယ္ေနခဲ့သည္ကို ပံုရိပ္သတိမထားမိခဲ့ေပ။
အလႅာဗ၊သလႅာဗစကားမ်ာေျပာလ်ွင္ ခပ္တည္တည္ျဖင့္ေတာ္ရံုစကားျပန္ေျပာေလ့မရိွေသာဆရာသည္ အျခားသူေတြ၏ခက္ခဲေသာရင္ဖြင့္စကားသံေတြကိုေတာ့ ေလးနက္စြာနားေထာင္ေပးတတ္သည္။ဆရာသည္စကားေျပာေကာင္းသလို ေကာင္းေကာင္းနားေထာင္ေပးတတ္သူလည္းျဖစ္သည္။ဆရာ့လိုလူသည္ ဘယ္ေနရာသို႔ေရာက္ေရာက္ အခက္အခဲမွန္သမ်ွကို ရဲရင့္စြာေတာ္လွန္ႏိုင္မွာေသခ်ာသည္။ဆရာေနမ်ိဳးဆိုသည္မွာ သိန္းငွက္တစ္ေကာင္၏ စိတ္ဓာတ္မ်ိဳးႏွင့္ရွင္သန္ေနသူပင္ျဖစ္သည္။
"ပံုရိပ္....ဟဲ့...."
အက္ေဆးေရးေနရင္းႏွင့္ေခါင္းေမွာက္ထားလ်ွက္ေခၚေနေသာ ယမင္းေၾကာင့္ေရးေနေသာလက္ေတြကို ရပ္လိုက္မိသည္။ယမင္းကိုၾကၫ့္လိုက္ေတာ့
ပံုရိပ္ကို သူ႔အနားသို႔တိုးကပ္လာရန္အခ်က္ျပေနေလသည္။ပံုရိပ္လည္း ေရးလက္စစာအုပ္ကိုေဘးသို႔တြန္းပို႔လိုက္ၿပီး စာေရးခံုေပၚတြင္ေခါင္းတစ္ျခမ္းေစာင္း၍ ေမွာက္လိုက္ကာ ယမင္းႏွင့္အနီးဆံုးမွာ ေနေပးလိုက္သည္။
"ဘာေျပာမလို႔လဲ.... "
"ငါနင့္ကိုရင္ဖြင့္စရာရိွလို႔...နားေထာင္ေပးႏိုင္မလား"
ယမင္း၏တီးတိုးညင္သာေသာ စကားသံေလးသည္ သူ၏ပံုသ႑န္အတိုင္း ႏူးညံ့ျဖဴစင္လြန္းသည္။
ႏွလံုးေရာဂါသည္ေလးျဖစ္ၿပီး သူေဌးသမီးေလးလည္းျဖစ္ေတာ့ သူ႔အလွသည္ပံုရိပ္တို႔ထက္ အေရာင္အဝါပို၍ေတာက္သည္ဟုဆိုရမည္။
ပံုရိပ္၏စိတ္ထဲတြင္ေတာ့ ယမင္း၏အလွသည္
ေရွးေခာတ္အခါမွာမ်ားဆိုလ်ွင္ ရွင္ဘုရင္မ်ားစစ္မက္ပြားရေလာက္ေအာင္ ဂုဏ္သတင္း
ေက်ာ္ေဇာမၫ့္အလွမ်ိဳးျဖစ္သည္ဟု ယူဆမိသည္။
ယမင္းသည္ သူ၏ဝိုင္းစက္ေနေသာ မ်က္၀န္းေလးမ်ားကို ခပ္မိွန္မိွန္မ်က္လႊာခ်လိုက္ေလသည္။
မ်က္ႏွာကေလးသည္ ပန္းေသြးေရာင္သန္းသြား
လ်ွက္ မဝံ့မရဲျဖစ္ေနေသာပံုစံအရ သူ႔အတြက္ေျပာထြက္ဖို႔ရန္ ခက္ခဲေနေသာအရာျဖစ္ႏိုင္သည္။
ပို၍ျဖစ္ႏိုင္သည္က ပံုရိပ္ကိုပထမဦးဆံုးရင္ဖြင့္တာမ်ိဳးေပါ့။
"ဘာေျပာမလို႔လည္း ေျပာေလ...ေက်ာင္းလႊတ္ရင္
မေျပာလိုက္ရပဲ ေနအံုးမယ္...."
"တကယ္ေတာ့ ငါဒီစကားကိုေျပာရမွာနည္းနည္းရွက္ေနမိတယ္...ဒါေပမဲ့နင့္ကိုလည္းအကူအညီေတာင္းခ်င္တယ္..ရင္ဖြင့္ခ်င္တာဆိုရင္ ပိုမွန္ပါလိမ့္မယ္.."
"အင္း...ငါနားေထာင္ေပးပါ့မယ္...ဒီအတန္းထဲမွာ
နင့္အစ္ကိုၿပီးရင္ နင္နဲ႔ငါကအရင္းႏွီးဆံုးပဲေလ...
ဒီရက္ေတြမွာ စာေမးပဲြအတြက္ စာကိုပဲသခ်ာလုပ္ေနမိလို႔ နင္နဲ႔စကားမေျပာျဖစ္ဘူး...ငါနင့္ကို
လစ္လ်ွူရႈသလိုျဖစ္သြားတယ္...နင္ေျပာတာကို
ငါနားေထာင္ေပးခ်င္ပါတယ္...."
ပံုရိပ္သည္ ထိုသို႔ေျပာလိုက္ေသာအခါ ယမင္း၏မ်က္ႏွာေလးသည္ ၀င္းပသြားလ်ွက္မ်က္လံုးေလးေတြကိုလည္း သံုးရက္လျခမ္းေလးကဲ့သို႔ ေကြးၫႊတ္ေအာင္ ႃပံုးလာသည္။
"ငါ...သိပ္မၾကာခင္ကလူတစ္ေယာက္နဲ႔ဆံုတယ္...
အဲ့ေန့ကမုန႔္ေဈးတန္းကို ကိုထက္မပါပဲ
ငါတစ္ေယာက္တည္းသြားခဲ့တာ...မုန႔္၀ယ္စားေတာ့မုန႔္ေဈးတန္းမွာကလည္း လူေတြအမ်ားႀကီးျဖစ္ေနေတာ့ ငါလည္းပိုက္ဆံကိုမုန႔္ထုပ္ေတြအေပၚကိုပစ္တင္လိုက္တာေပါ့...အဲ့ဒီ့မွာပိုက္ဆံက
မုန႔္ထုပ္ေတြအေပၚကိုမေရာက္ပဲ လြင့္ၿပီးမုန႔္ဆိုင္ေဘးက ေျမာင္းေလးထဲကိုက်သြားတယ္...
ပိုက္ဆံကရႊံ႔ေတြေပေနလို႔ ငါလည္းမေကာက္ရဲ
ျဖစ္ေနသလို မုန႔္လည္း၀ယ္မစားရေတာ့မဲ့အေျခအေနျဖစ္သြားတာေပါ့...အဲ့ဒါနဲ႔ငါလည္းမ်က္ရည္ဝဲၿပီး ေျမာင္းထဲကေန ေရစီးနဲ႔ေမ်ာသြားတဲ့ ပိုက္ဆံေလးကိုၾကၫ့္ေနလိုက္ရတယ္...မထင္မွတ္ထားတဲ့အေျခအေနကအဲ့ဒီ့မွာစတာပဲ...ငါငိုေနတဲ့အခ်ိန္မွာငါ၀ယ္ထားတဲ့မုန႔္ထုပ္ေတြကို ေက်ာင္းသားတစ္ေယာက္ကငါ့ကိုလာေပးတယ္
...ဒါေပမဲ့ငါမယူရဲလို႔ အတင္းျငင္းမိတယ္...
ဘာေၾကာင့္လည္းဆိုရင္သူ႔ကိုငါျမင္ဖူးသလို၊
သူဘယ္ေလာက္ဆိုးသလဲဆိုတာကိုလည္း
ငါၾကားထားလို႔ပဲ ဒါေပမဲ့သူကေတာ့ငါ့ကိုမသိဘူးလို႔ထင္ပါတယ္...ငါလည္းသူ႔ကိုေၾကာက္လို႔အဲ့ဆိုင္ေရ႔ွကေန ျမန္ျမန္ထြက္လာေတာ့ သူကအေနာက္ကေနလိုက္လာၿပီး မုန႔္ထုပ္ေတြငါ့ကိုအတင္းလိုက္ေပးတယ္...ၿပီးေတာ့သူကေျပာေသးတယ္ဟ...
"သနားလို႔ေစတနာနဲ႔ ၀ယ္ကၽြေးတာ..ဒီမုန႔္ေတြက
ငါႀကိဳက္တဲ့မုန႔္ေတြမဟုတ္ဘူး...မစားခ်င္ရင္လႊင့္ပစ္လိုက္မယ္..."ဆိုၿပီးေပါ့...သူ႔အမူအရာေတြကနဲနဲေတာ့ေၾကာက္ဖို႔ေကာင္းတယ္...ဒါေပမဲ့အဲ့ဒါကပဲငါ့ကို အျခားသူေတြနဲ႔မတူပဲ ထူးထူးျခားျခားမွတ္မိေအာင္လုပ္လိုက္သလိုပဲ...ေနာက္ေန့ေတြမွာလည္း ငါမုန႔္ေဈးတန္းကိုသြားေတာ့ ကိုထက္မပါရင္သူလာလာႏႈတ္ဆက္တယ္...ငါနဲ႔စကားေတြလည္းလာလာေျပာတယ္...သူ႔အေၾကာင္းနဲ႔သူ႔မိသားစုအေၾကာင္းကိုလည္းရင္ဖြင့္တယ္..တကယ္ေတာ့
သူဆိုးတယ္ဆိုတာ အေၾကာင္းျပခ်က္ရိွတယ္ဟ
...ပေထြးဘက္ကိုပဲ အၿမဲဘက္လိုက္ၿပီးစရိုက္ၾကမ္းတဲ့သူ႔အေမေၾကာင့္ရယ္...သူ႔ကိုဆိုအၿမဲေခ်ာင္ပိတ္ရိုက္ခ်င္တဲ့ပေထြးေၾကာင့္ျဖစ္ႏိုင္တယ္...ငါသူ႔ကိုအရမ္းစာနာမိတယ္...
ဒါေၾကာင့္ေယာက္်ားေလးသူငယ္ခ်င္း
မထားဘူးဆိုတဲ့ ငါ့ရဲ့ကန႔္သတ္ခ်က္ကိုငါကိုယ္တိုင္ရိုက္ခ်ိဳးလိုက္မိတယ္...သူနဲ႔မေတြ့ရတဲ့အခါ
ငါ့ရင္ထဲမွာတစ္ခုခုလိုအပ္ေနသလိုပဲ...
သူစကားလာမေျပာတဲ့အခါ ငါမေနတတ္ဘူး...
ဒီအရာကိုေသခ်ာသိလိုက္တာက...သူေက်ာင္းမတတ္တဲ့ေန့ကပဲပံုရိပ္ရယ္...မကြယ္မဝွက္တမ္းေျပာရရင္...အဲ့ဒီ့ေန့ကငါေလ...သူ႔ကိုအရမ္းသတိရတာပဲ...သူတစ္ခုခုျဖစ္မွာကိုလည္းစိုးရိမ္မိခဲ့တယ္...
သူကအီကိုေဆာင္ကေလ...
ငါအရွက္မရိွ...အေၾကာက္တရားဆိုတာ ဘာမွန္းမသိေတာ့ပဲ...သူရိွတဲ့အေဆာင္အထိလိုက္သြားၿပီး...
သူ႔အတန္းအေရ႔ွမွာ သူနဲ႔စကားေျပာခြင့္ရေအာင္ သြားေစာင့္ေနမိတာလည္း ေလး၊ငါးခါေလာက္ရိွၿပီ...သူကေတာ့ငါ့ဆီကိုတစ္ေခါက္ပဲ လာေတြ့ဖူးတယ္..သူကေနာက္ပိုင္းမွာဘာေၾကာင့္လည္းမသိဘူး စကားနည္းလာတယ္...
အဲ့ဒီ့အရာကလည္း ငါ့အတြက္ဆဲြေဆာင္မႈရိွေနျပန္ေရာ...ငါသူနဲ႔စကားေျပာတဲ့အခါတိုင္းေပ်ာ္မိတယ္
...သူငါ့ကိုလက္ေဆာင္လည္းေပးတယ္...
သူ႔မ်က္၀န္းေတြနဲ႔ညို႔လိုက္တိုင္း ငါ့ႏွလံုးသားေတြအခုန္ျမန္လာတယ္...ဒါေပမဲ့ဒီေန့တစ္ေန့လံုး ငါသူ႔ကိုမေတြ့ရဘူး...သူတို႔အေဆာင္ဘက္ကိုသြားေတာ့လည္း သူမရိွဘူး...မုန႔္ေဈးတန္းမွာလည္းသူ႔ကို
မေတြ့ရဘူး..."
ဒိုင္ယာရီစာအုပ္တစ္အုပ္ကို စာမ်က္ႏွာတစ္ရြက္ခ်င္းဆီလွန္ျပေနသကဲ့သို႔ စီကာရီကာေျပာျပေနေသာယမင္းသည္ လူတစ္ေယာက္၏ၫွို႔ငင္ျခင္းကို ခံစားေနရေလၿပီ။ျဖဴစင္ေသာအသြင္ႏွင့္ ႏုနယ္လြန္းေသာႏွလံုးသားေလးကို ဘယ္သူကမ်ားအေရာင္လာဆိုးသြားရတာပါလိမ့္။ပံုရိပ္သည္လည္း ရသ၀တၴုမ်ားကိုဖတ္ဖူးေသာသူျဖစ္၍ သူေျပာျပ
ေနေသာအေၾကာင္းအရာမ်ားကို တစ္ပြင့္ဆီႁခြေကာက္သလို ေကာက္ၾကၫ့္ရမည္ဆိုရင္
ယမင္းသည္ထိုလူ႔ကို စဲြလမ္းေနေလၿပီ။
စိတ္ကူးယဉ္ဆန္ဆန္ေျပာရလ်ွင္ေတာ့ ယမင္းသည္အခ်စ္ရူးမေလးျဖစ္ေနေခ်ၿပီ။ဟိုလူက သူ႔ရဲ့စိတ္ခံစားခ်က္ေတြကို ကစားေနတာကို ျဖဴစင္သူေလး
မသိပါလားဟု စိတ္မေကာင္းျဖစ္ေနမိသည္။
"ငါသူ႔ကိုအရမ္းေတြ့ခ်င္တာပဲပံုရိပ္ရယ္...
သူတစ္ခါကေျပာဖူးတယ္...သူကနင္နဲ႔သိတယ္တဲ့
...နင္တို႔နဲ႔တစ္လမ္းတည္းပဲေနတာတဲ့...ဒါေၾကာင့္နင္ငါ့ကို သူ႔အိမ္လိပ္စာေျပာျပလို႔ရမလားဟင္...
သူေနမ်ားမေကာင္းလို႔လားမသိဘူး...ငါသတင္းသြားေမးခ်င္လို႔ပါဟယ္..."
"ေနပါဦး...ငါနဲ႔လည္းသိတယ္..တစ္လမ္းတည္းေနတာဆိုေတာ့ နင္ေျပာေနတာ..
ဟိန္းကိုလား..."
"ဟုတ္တယ္ပံုရိပ္...သူပဲ..."
"ဘုရားေရ..."
ဘုရားတမိသည္အထိ အံ့ဩတုန္လႈပ္သြားမိသည္။ဟိန္းကိုလိုလူမ်ိဳးနဲ႔မွ ဘာေၾကာင့္ပတ္သတ္တာပါလိမ့္။ဆရာပံုရိပ္ကိုေျပာဖူးေသာ စကားတစ္ခြန္းကိုသတိရမိသည္။
"ဒီအရြယ္မွာ...သမီးရီးစားကိစၥေတြကိုေရွာင္ႏိုင္ေအာင္လုပ္ပါ...မင္းတို႔အရြယ္မွာခ်စ္သူရီးစားထားတာက..ဘ၀ပ်က္ႏိုင္ေလာက္တဲ့စိတ္ကူးယဉ္ကစားပဲြတစ္ခုပဲ.."ဆရာသည္ထိုကဲ့သို႔ လူငယ္သဘာ၀ကိႁစၥကီးထဲတြင္ ေရစုန္ေမ်ာမပါသြားေစရန္ အမ်ိဳးသမီးငယ္တို႔ ဖတ္ရႈ႔ေလ့လာသင့္ေသာစာေပမ်ားကို ၫႊန္း၍ဖတ္ခိုင္းေလသည္။
ဆရာမဂ်ူး၏ "သူမင္းကိုဘယ္ေတာ့မွ"ဆိုေသာ ၀တၴုထဲတြင္ပါ၀င္ေသာ အမ်ိဳးသားတစ္ေယာက္၏ မာယာႂကြယ္ေသာမုသားစကားေနာက္သို႔ ေပ်ာ္၀င္လ်ွက္ဘ၀တစ္ခုလံုးေပးအပ္လိုက္ရေသာ ရိုးသားသၫ့္မိန္းကေလး၏ ဒုကၡေတြသည္ပံုရိပ္ကို ထိုအမွားမ်ိဳးမက်ူးလြန္မိေအာင္ တိုက္တြန္းခဲ့ေလသည္။
ယခုလည္း ယမင္းသည္ဟိန္းကို၏မာယာၫႊတ္ကြင္းမွာ သက္ဆင္းေနမိေလၿပီ။သူ႔ရင္ထဲမွာ နစ္၀င္သြားေသာ ဟိန္းကို၏အဆိပ္မ်ွားသည္ မည္မ်ွနက္ေနပါၿပီလဲ။
"ယမင္း...ဟိန္းကိုကဘယ္လိုလူလည္းဆိုတာ နင္ေသခ်ာမသိဘူးေနာ္...ငါသိသေလာက္ေတာ့ သူကအႂတၲကီးတယ္..သူျဖစ္ခ်င္တာကိုပဲၾကၫ့္ၿပီး...သူလုပ္သမ်ွမနာခံရင္အရမ္းလည္းေပါက္ကဲြလြယ္တယ္...ငါ့အထင္ေတာ့ဟိုတစ္ေန့ကသူနင့္ကိုၾကၫ့္တဲ့အၾကၫ့္ေတြက နင့္အေပၚကိုမရိုးသားဘူးလို႔ထင္တယ္...တို႔အရြယ္မွာ ဒါေတြကိုစိတ္ကူးမယဉ္သင့္ေသးဘူး...ေနာက္ၿပီးနင့္ကိႁစၥကီးမွာ သူကနင့္ကိုႀကိဳးရွည္ရွည္နဲ႔လွန္ထားသလိုပဲ..သူနင့္ကိုကစားေနတယ္လို႔ပဲျမင္တယ္...."
"ငါသိတယ္ပံုရိပ္...သူငါ့ကိုကစားေနတယ္လို႔
ငါလည္းေတြးမိတယ္..."
"ဒါနဲ႔မ်ား နင္ဘာလို႔ဆက္တဲြခ်င္ေနေသးတာလည္း..မေကာင္းမွန္းသိလ်ွက္နဲ႔မိုက္တြင္း
နက္နက္တူးေနတာ...နင္ရူးသြားၿပီလားဟာ..."
"ဟုတ္တယ္...ငါရူးသြားၿပီပံုရိပ္...အဲ့ဒီ့ခံစားခ်က္ကို နင္ကိုယ္တိုင္ႄကံုဖူးမွနားလည္လိမ့္မယ္...လူတစ္ေယာက္ကိုခ်စ္မိရင္...မိုင္ေပါင္းဘယ္ေလာက္ေဝးေဝးအေျပးသြားခ်င္မိမွာပဲ..
အတၲနဲ႔တင္းခံေနတဲ့ နင့္လိုလူမ်ိဳးက..တကယ္ခ်စ္မိရင္ ပိုေတာင္ဆိုးအံုးမယ္...."
"မဆိုင္လိုက္တာဟာ...စိတ္ကူးယဉ္ဆန္လြန္းလိုက္တာ...ဘ၀ကိုလက္ေတြ့က်က်ေတြးၾကၫ့္ပါ...
သူကနင္နဲ႔မတန္ဘူး..."
"တန္တယ္မတန္ဘူးဆိုတာ ငါ့ဘာသာဆံုးျဖတ္မွာ
ပံုရိပ္...သူငါ့ကိုျပန္မခ်စ္ရင္ေန..ငါသူ႔ကိုခ်စ္ေနရင္ရၿပီ..."
"နင္အရမ္းငယ္ေသးတယ္ေလ ယမင္းရယ္..
ဆရာ..ဆရာမေတြအၿမဲဆံုးမတယ္ေလဟာ..
အခုအရြယ္မွာရီးစားမထားဖို႔...အဲ့ဒါကငါတို႔အရမ္းငယ္ေသးလို႔ေပါ့...ငါတို႔ကိုလမ္းမွားမေရာက္ေစခ်င္လို႔ပဲေလ...နင္လည္းေတြးေတာတတ္တာပဲ ျဖစ္သင့္လားမျဖစ္သင့္လားစဉ္းစားေပါ့...သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔...ငါနင့္ကိုတားပါရေစ..
သူ႔ကိုရင္ထဲကထုတ္လိုက္ပါ...နင့္အတြက္ပိုအဆင္ေျပသြားလိမ့္မယ္...."
"သူမရိွမွ ပိုၿပီးအဆင္မေျပျဖစ္မွာ.."
"ဟာ..."
"ငါတို႔အရြယ္က...ဒီကိစၥမ်ိဳးေတြကိုမေတြးသင့္ေသးဘူးဆိုေပမဲ့..သူ႔ဘာသာအလိုလိုျဖစ္လာတဲ့ခံစားခ်က္ကို ငါဘယ္လိုထိန္းခ်ဳပ္ႏိုင္မွာလဲ...
အသက္ငယ္ေပမဲ့ငါလည္းေတြးေတာတတ္ပါတယ္..ခံစားခ်က္တစ္ခုကအစစ္အမွန္ဟုတ္မဟုတ္ ငါခန႔္မွန္းတတ္ပါတယ္..ငယ္ေသးတာနဲ႔ပဲစိတ္ကစားတာျဖစ္သြားေရာလား...ငါနင့္ကိုေျပာမိတာေတာင္မွားသြားၿပီ...ပံုရိပ္ရယ္..."
ဘယ္လိုစကားလံုးမ်ိဳးကို သံုးရမွန္းပင္မသိေတာ့ေပ။ကိုယ္ဉာဏ္ရည္မွီသေလာက္လည္းေျပာတတ္တာ ကုန္ေနေလၿပီ။ေတြ့ဆံုခ်ိန္ခဏေလးအတြင္းမွာ ဘာေၾကာင့္ဒီေလာက္တြယ္တာလိုက္မိတာလဲ ယမင္းရယ္။ႏွလံုးေရာဂါသည္ျဖစ္တဲ့အတြက္ ခံစားခ်က္နဲ႔ပတ္သတ္ရင္ သတိထားရမွာေပါ့။
စိတ္ကစားတယ္ဆိုေစအံုးေတာ့ မိန္းမငယ္ေလးတစ္ေယာက္ရဲ့ ေရာဂါဟာပိုၿပီးထိန္းခ်ဳပ္ရခက္သည္။ဒီအတိုင္းပဲထိုင္ၾကၫ့္ရေတာ့မွာပါလား။
"ကလင္...ကလင္...ကလင္..."
"ငါသြားေတာ့မယ္...ပံုရိပ္...."
ေက်ာင္းေခါင္းေလာင္းထိုးသံၾကားသည္ႏွင့္ ယမင္းသည္ခ်က္ခ်င္းပဲ ထိုင္ခံုမွထ၍ အခန္းအျပင္သို႔ထြက္သြားခဲ့သည္။အစိမ္းပုပ္ေရာင္လြယ္အိတ္ေလးကို ထုတ္လိုက္ၿပီး ကိုယ့္ခ်ိဳင့္ကိုယ္ဆဲြကာ အခန္းထဲမွထြက္လာရေပမဲ့ဘာေၾကာင့္ရယ္မသိ ယမင္း၏ကိႁစၥကီးကိုပဲေတြးေနမိသည္။
ေက်ာင္းသားမ်ားႏွင့္အံုၾကပ္ေနေသာ လူသြားလမ္း ေလးထပ္မွာေျခလွမ္းမွန္မွန္ျဖင့္ ေလ်ွာက္လာလိုက္ၿပီး မိဘမ်ားဆီးႀကိဳေနၾကေသာ ေက်ာင္း၀န္းအျပင္သို႔ ေရာက္ေသာအခါမွသာ ေလးလံေနေသာစိတ္တို႔ကို ေျဖေလ်ွာ့ပစ္လိုက္မိသည္။ကိုယ္အတတ္ႏိုင္ဆံုးေတာ့ တားၾကၫ့္ၿပီးၿပီပဲ။
ပိုးဖလံငယ္သည္ မီးကိုတိုးလ်ွင္ဘာျဖစ္တတ္သလဲ သူကိုယ္တိုင္သိေနလ်ွက္နဲ႔ ဆက္တိုးေနတာကေတာ့ သူ႔မိုက္ဇာတ္ျဖစ္သြားေလၿပီ။သူငယ္ခ်င္းေကာင္းဆိုတာ ကိုယ့္သူငယ္ခ်င္းေကာင္းစားတာကိုပဲ
ျမင္ခ်င္ေပမဲ့ ေျပာမရရင္ေတာ့ လႊတ္ထားလိုက္မွ
ရမည္။သူမ်ား၏ အရႈပ္ဇာတ္ထဲကိုကိုယ္က
ဘာေၾကာင့္ ေရာ၀င္ၿပီးကရမွာလဲ။
"ဟင္...ဟိန္းကို...ယမင္းကဘာလို႔သူနဲ႔လိုက္သြားတာလဲ..."
ခပ္လွမ္းလွမ္းတြင္ ျမင္ေနရေသာျမင္ကြင္းသည္ ယမင္းႏွင့္ဟိန္းကို၏ပံုရိပ္မ်ားျပၫ့္ႏွက္ေနသည္။ဟိန္းကိုသည္ ပံုရိပ္ႏွင့္ခင္ကာစပံုစံအတိုင္းမဟုတ္ေတာ့ဘဲ ယခင္ကကဲ့သို႔မိုက္ကန္းကန္းပံုစံအတိုင္း ျပန္ျဖစ္သြားခဲ့ၿပီဟု ယူဆမိသည္။
ေက်ာင္းစိမ္းပုဆိုးကို ခပ္တိုတို၀တ္ထားၿပီး အုတ္ခဲေရာင္ေဘးလြယ္အိတ္ကို ထိပ္မွာထံုးခ်ည္၍ လည္ပင္းတြင္စြတ္ခ်ထားသည္။မ်က္ႏွာမွာလည္း အညိုအမဲရာေတြရိွေနေသာ သူသည္ေဈးသို႔သြားသၫ့္ ဘက္အျခမ္းသို႔ သူ႔သူငယ္ခ်င္းဇိုးအဖဲြ႔ႏွင့္ ပခံုးဖက္ကာခပ္ျမန္ျမန္သြားေနသည္။
ယမင္းကေတာ့ လြယ္အိတ္ကေလးကိုပိုက္ၿပီး
သူတို႔၏အေနာက္မွ ေျပးလိုက္သြားသည္။
ယမင္းတို႔အိမ္ကေန ကားႏွင့္လာမႀကိဳဘူးလားဟု ေတြးလိုက္မိသည္။ပံုစံကိုၾကၫ့္ရတာ ဟိန္းကိုသည္ ယမင္းကိုမသိက်ိဳးကၽြံျပဳသလို လုပ္ေနၿပီး ယမင္းကေနာက္မွတေကာက္ေကာက္လိုက္ေနသေယာင္ျဖစ္ေနတယ္။
"ယမင္းရယ္...နင္ဘာလို႔ဒီေလာက္ရူးမိုက္ရတာလဲ...နင့္ကိုလွၫ့္ေတာင္မၾကၫ့္တဲ့လူရဲ့ေနာက္ကို ဘယ္လိုသတၲိေတြနဲ႔မ်ား နင္လိုက္ေနရတာလဲ...
ငါနင့္အစားေဒါသထြက္လိုက္တာ..."
တစ္ေယာက္တည္းႄကံုးဝါးေနမိၿပီးေနာက္
မေနႏိုင္ေတာ့တဲ့အဆံုး ပံုရိပ္လည္း သူတို႔အေနာက္မွ ေျပးလိုက္ကာ လွမ္းေအာ္ပစ္လိုက္သည္။
"ယမင္း....ယမင္း...ယမင္း...."
သံုးႀကိမ္ေျမာက္ေခၚသံအဆံုးမွာ မ်က္ရည္ေလးမ်ားျပၫ့္လ်ွံလ်ွက္ အခ်စ္ရူးမေလးသည္
အားငယ္ေသာမ်က္၀န္းေလးမ်ားႏွင့္ၾကည့္လာသည္။ၿပီးေနာက္ ျပန္လွၫ့္သြားခဲ့ေလသည္။
ဟိန္းကိုသည္လည္း ပံုရိပ္ကိုတစ္ခ်က္မ်ွ
ေစာင္းငဲ့ၾကၫ့္ၿပီး မဲ့ႃပံုးႃပံုးျပသြားခဲ့သည္။
"သူ..သူငါ့ကိုဘာလို႔မဲ့ႃပံုး ႃပံုးျပသြားရတာလဲ
..မဟုတ္မွ ယမင္းကိုခ်ဥ္းကပ္တာငါ့ေၾကာင့္မ်ားလား...."
"နင္ေနာင္တရေစရမည္ဟု.."သူႀကိမ္းဝါးခဲ့တာကိုျပန္ၾကားေယာင္လိုက္သၫ့္အခါပံုရိပ္၏ႏွလံုးသားေတြ တဆက္ဆက္တုန္ခါသလိုျဖစ္သြားသည္။
သူနဲ႔ကိုယ္က ဘာအၿငိဳးမွမရိွသလို ရင္းႏွီးပတ္သတ္မႈကလည္း မနက္ရိႈင္းခဲ့ပါပဲ ကိုယ့္ကိုမုန္းတီးေနသည္ဆိုတာ ျဖစ္ႏိုင္ပါ့မလား။
မျဖစ္ႏိုင္တာ သူတို႔ဘာသာေဖာက္ၾကတဲ့လမ္းမွာ
ငါကဘာေၾကာင့္ပါ၀င္ေနရမွာလဲ။
မျဖစ္ႏိုင္တာ။ငါ့ေၾကာင့္မျဖစ္ႏိုင္ဘူး။
တကယ္လို႔ ဟုတ္တယ္ဆိုရင္ေရာ ၾကားထဲကယမင္းေလးခမ်ာ ေျမစာပင္ျဖစ္ရၿပီ။
တစ္ခ်ိဳ႕အရာေတြက တားဆီးလို႔လြယ္ကူၿပီး၊
အခ်ိဳ႕အရာေတြက တားဆီးဖို႔သိပ္ခက္ခဲတယ္။
အဲ့ဒီ့အထဲမွာ ဆႏၵဆိုေသာ စိတ္၏လိုအင္မ်ားကို တားဆီးဖို႔ကပိုခက္ခဲလိမ့္မည္။
သူငယ္ခ်င္းတစ္ေယာက္ လမ္းမွားမေရာက္ဖို႔ တားဆီးခဲ့ေပးၿပီးပါၿပီ။သူ႔ကိုသံုးႀကိမ္တိုင္တိုင္ေခၚခဲ့တယ္။
သူလည္းျပန္လွၫ့္ၾကၫ့္လာတယ္။
သူဘယ္ေနရာမွာ မွားေနသလဲဆိုတာသိလ်ွက္ႏွင့္
ကၽြံၿပီးသားေျခလွမ္းကိုေနာက္ျပန္မဆုတ္တာကေတာ့ သူ႔သမိုင္းျဖစ္သြားေလၿပီ။
သူေလ..သူေပါ့..သိပ္မိုက္တဲ့မိန္းမ..
ရူးမိုက္ေတာ့..အခ်စ္ႏြံမွာနစ္ခဲ့ရ...
🌹🌹🌹🌹🌹🌹🌹🌹
(ယမင္းနဲ႔ ဟိန္းကိုရဲ့ဇာတ္လမ္းကဘာဆက္ျဖစ္မလဲ...)
No comments:
Post a Comment