(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌹ဆူးကြိုး🌹အခန်း၂၉(ဒုတိယပိုင်း)
ဒီနေ့၏မနက်ခင်းသည် ယခင်လိုကြည်လင်လန်းဆန်းမှုမရှိတော့ပေ။ဆောင်းရာသီ၏အေးမြမှုသည် ပူလောင်ခြင်းအသွင်သို့ဆောင်နေသည်။
ဒီနေ့မှာ ပဲပြုတ်ရောင်းမထွက်ပေမဲ့ ဒေါ်လေးသည်အိပ်ယာအစောကြီးထပြီး အိမ်ရှေ့မှာထွက်ထိုင်နေသည်။
ကျန်းမာရေးနှင့်မညီညွှတ်သော ဆေးလိပ်တွေကိုပြန်သောက်နေသည်။ဒေါ်ယဉ်တင့်လာခေါ်မည်ဖြစ်၍ ပုံရိပ်သွားလျှင်မသိလိုက်မည်ကိုစိုးရိမ်နေပုံရသည်။ပုံရိပ်ကိုယ်၌ကလည်း တစ်ညလုံး အိပ်၍မပျော်ပေ။နဖူးပေါ်လက်တင်ပြီး အရာအားလုံးကို လိုက်လံတွေးတောနေမိသည်။
မနေ့ကအိမ်ပေါ်မှာ ငိုပြီးပြောနေခဲ့သောဒေါ်လေး၏စကားသံများကို ပြန်၍ကြားယောင်နေမိသည်။ထွန်းကို၏"သားတို့နှင့်အမြဲအတူနေလို့မရဘူးလား.."ဆိုသောစကားလေးကလည်း နားထဲမှာထပ်ဆင့်လာပြန်သည်။တစ်ဆက်ထဲမှာပဲ မနေ့က
ဦးသက်ဆွေနှင့် ဒေါ်လေး၏ရန်ပွဲအကြောင်းကို ပြန်တွေးမိလေသည်။
အပျိုကြီးကတော့ သူတို့လင်မယား၏ရန်ပွဲကြောင့် ကလေးနှစ်ယောက်ကို သူတို့၏တိုက်သို့ခေါ်သွားခဲ့လေသည်။ပုံရိပ်မှာသာ အိမ်ထဲကိုလည်းမတက်ရဲပဲ အိမ်ရှေ့မှာသာရပ်ကျန် နေခဲ့မိသည်။ဒေါ်လေးကို ကိုယ်ထိလက်ရောက်ကျူးလွန်လာခဲ့ပါက အိမ်ပါ်သို့ပြေးတက်ပြီးပြန်၍တိုက်ခိုက်ဖို့အတွက်ပါပဲ။
ဒါဆိုရင် ပုံရိပ်မရှိသည့်အချိန်တွေမှာ ဒေါ်လေးရဲ့ဘက်ကနေ ဘယ်သူကကာကွယ်ပေးမှာလဲ။
"ပုံရိပ်ရေ...ထတော့လေ....မျက်နှာသစ်ပြီးပြင်ဆင်တော့လေ ဟိုကရောက်ရင်အဆင်သင့်ဖြစ်နေအောင်....."
"ဟုတ်ကဲ့...ဒေါ်လေး...သမီးနိုးနေပါပြီ..."
"ဟင်း.."
သက်ပြင်းအရှည်ကြီးတစ်ခုကိုချလိုက်ပြီးနောက် မျက်နှာသစ်၊သွားတိုက်ရန် ရစည်ရှိရာသို့ဆင်းလာခဲ့လိုက်သည်။ဘာကြောင့်မှန်းမသိ သွားခါနီးလေ စိတ်မပါတော့လေဖြစ်နေသည်။ကိုယ့်ကိုကိုယ်လည်း နားမလည်နိုင်တော့ပေ။
အစကတော့ စိတ်အားထက်သန်မှုတွေရှိခဲ့ပြီး
ယခုကြတော့ ဘာကြောင့်စိတ်မပါတော့တာလဲ။ကိုယ့်စိတ်ကိုယ်တောင် မပိုင်တော့သလိုဖြစ်နေသည်။
မျက်နှာသစ်ပြီးနောက် အိမ်ခန်းဆီသို့ပြန်လာခဲ့လိုက်ပြီး မျက်နှာသုတ်ပဝါရှိသော တန်းဆီသို့သွားနေစဉ်မှာ ဒေါ်လေးကိုကြည့်လိုက်မိတော့
ငုတ်တုတ်ကြီးထိုင်ပြီး ငိုင်နေသည်။
"ပုံပုံရေ....အသံကြားလား..အိမ်ရှေ့မှာကားရပ်သံကြားတယ်နော်...."
"ဒေါ်လေးမသွားနဲ့....သမီးဒေါ်ယဉ်တင့်နဲ့နှစ်ယောက်တည်းသီးသန့်စကားပြောစရာရှိလို့...သမီးပဲသွားလိုက်မယ်...."
တူမလေး၏မျက်နှာသည် ထူးခြားစွာမာကျော
လျှက်ရှိနေပြီး လေယူလေသိန်းကအစပြတ်သားနေသည်။အိမ်နေရင်းစပဲန့်သားအဝါရောင်လေးကို ၀တ်ဆင်ထားပြီး အိပ်ယာထခါစဆံပင်ဖွာလံကျဲလေးနှင့်ဖြစ်သော်ငြားလည်း နို့နှစ်ရောင်သန်းနေသော ဖြူ၀င်းလွန်းသည့်မျက်နှာလေးသည် ပကတိကြည်စင်အေးမြလေသည်။
သူများအပေါ်မှာ စိတ်ကောင်းနှလုံးကောင်းထားတတ်သည့်ကလေးကို အရောင်ရင့်ရင်ဆိုးပေးမည့် အသိုင်းအဝိုင်းထဲသို့ မလွှတ်ချင်တာတော့အမှန်ပင်ဖြစ်သည်။
အိမ်ကဂြိုလ်ဆိုးကြီးကြောင့်သာ မဟုတ်ရင်
ပုံရိပ်လေးကို ကိုယ်ပဲမွေးမည်ဟု ယတိပြတ်ပြောလွှတ်လို့ရသည်။
မျက်နှာသုတ်ပဝါကို ကြိုးတန်းပေါ်သို့ပြန်တင်
လျှက် ဘာပြင်ဆင်မှုမှမရှိပဲ အိမ်ပေါ်မှဆင်းသွားသောပုံပုံ့၏နောက်ကျောလေးကို အားရအာင်ငေးယူနေမိသည်။တကယ် ထွက်ခွာသွားချိန်မှာ
ဒီလိုပဲလှည့်မကြည့်စတမ်း ခွဲခွာသွားမယ်ထင်ပါတယ်။
လက်ကြားထဲတွင် ညှပ်ထားသောဆေးလိပ်သည်ပင် တုန်ယင်သည်အထိ ဒေါ်ရှင်းသန့်၏ရင်ထဲမှာ
ဗလောင်ဆူနေသည်။
အချိန်အားဖြင့် မိနှစ်(၂၀)လောက်အကြာတွင်
အိမ်တံခါး၀မှအရိပ်ကလေးတစ်ခုကို ပြန်တွေ့လိုက်ရသည်။
မျက်ရည်များနှင့်ပြည့်လျှံနေ၍ အမြင်အာရုံတွေကဝိုးတဝါးဖြစ်နေသည်။
"ဒေါ်လေးရယ်...ဘာလို့ငိုနေရတာလဲ.."
မျက်ရည်တွေကို အလျှင်အမြန်သုတ်လိုက်ပြီး အနားမှာလာထိုင်ကာ လက်ကိုလည်းနွေးထွေးစွာဆုပ်ကိုင်လာသည့် ပုံပုံ့ကိုကြည့်လိုက်တော့ သူ့အားသနားကြင်နာသောမျက်၀န်းများဖြင့်ကြည့်လာသည်။ထူးဆန်းတာက ပုံရိပ်၏ပေါင်ပေါ်တွင် အသွားတုန်းက ပါမသွားခဲ့သောအနက်ရောက်
အိတ်တစ်အိတ်ပါလာခဲ့သည်။
"ဒါကဘာလဲ....."
"ပိုက်ဆံလေ....သိမ်း၂၀ပေးသွားတာ...သမီးက
ငြင်းပေမဲ့ သမီးတို့လုပ်ကိုင်စားသောက်ရအောင်တဲ့...."
"ဟင်....ဒါ...ဒါဆို..."
၀မ်းနည်း၀မ်းသာဖြစ်လျှက် မျက်ရည်တို့ထပ်မံ
ဝဲလာရပြန်သောအခါ အလိုက်သိလွန်းသောကလေးမက အဒေါ်ဖြစ်သူကိုဆီး၍ဖက်လိုက်သည်။
ပုံရိပ်ကိုယ်တိုင်လည်း မျက်ရည်ဝဲရသည်။
ဒေါ်ယဉ်တင့်နှင့် စကားတွေအများကြီးပြောပြီးနောက် သဘောတူညီမှုတွေလည်းယူခဲ့ကြသည်။အဖွားကိုတော့ အားနာမိပါတယ်။
ပုံရိပ်ကို မျက်နှာမငယ်ရအောင် ပိုက်ဆံတွေပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်မိသည်။သို့ပေမဲ့ ပုံရိပ်၏ရွေးချယ်မှုအတွက်တော့ အဖွားကိုခွင့်လွှတ်ပေးဖို့ ရင်နာနာနှင့်ပင်တောင်းဆိုချင်မိသည်။
အဖွားခွင့်လွှတ်မှာပါ။
တနေ့နေ့တော့ အဖွားဆီကိုပုံရိပ်ရောက်အောင်လာခဲ့ပါ့မယ်။ဒါပေမဲ့ လောလောဆယ်မှာတော့
ကွပ်လပ်ကလေးတွေကို ဖြည့်ဆည်းပေးပါရစေ။
ပုံရိပ်သာမရှိလျှင် ဒီအိမ်ရဲ့ကွပ်လပ်ကလေးဟာ သိသာစွာအဖြေမဲ့နေလိမ့်မည်။
🔥🔥🔥🔥🔥🔥🔥🔥
"ဟိုနောက်ဆုံးတန်းရဲ့ညာဘက်ကတစ်ယောက် ထွက်လာခဲ့ပါ...."
"ယောက်ျားလေးဘက်ခြမ်းက ဟိုကောင်လေးထွက်ခဲ့..."
သင်္ချာဆရာသည် လက်ညှိုးထိုး၍ခေါ်လိုက်သောကြောင့် ပုံရိပ်လည်းစာမေးခံရမည်စိုး၍ မှောက်ထားမိသောဖိနပ်ကို ခြေထောက်နှင့်အသာလှံလိုက်ပြီး မတ်တက်ရပ်လိုက်သည်။သင်္ချာကို အတန်းရှေ့ထွက်ပြီး ယောက်ျားလေးနှင့်မိန်းကလေးပြိုင်ရသောအချိန်ဖြစ်၍ စိတ်လှုပ်ရှားမှုတော့ ရှိသည်။
သင်္ချာဆရာအချိန်မှာ တစ်ခါမှလည်း စာမေးမခံရဖူး၍ ရင်လည်းတုန်နေမိသည်။
ပုံရိပ်နည်းတူ ယောက်ျားလေးတန်မဲ့ ကောင်လေးတစ်ယောက်သည်လည်း ခပ်ရို့ရို့ပုံစံနှင့်ထွက်လာပြီး ဆော့ပဲန်ကိုခုံပေါ်မှယူလိုက်သည်။
ရင်တုန်ပြီး စိတ်လှုပ်ရှားနေ၍ထင်သည် ဆော့ပဲန်နှင့်ဆွဲလိုက်သော သုံးနားညီတြိဂံလေးသည် လက်တုန်နေ၍ နည်းနည်းတောင်တွန့်သွားသည်။
"ဟား...ဟား...အရက်မသောက်ရသေးလို့...
ရေချိန်မကိုက်သေးဘူးထင်တယ်...."
"ဟေ့...ဘယ်ကောင်လည်းကွ...စကားများတာ...
စကားများတဲ့ကောင်စာမေးမှာနော်..."
ဆရာကဆူလိုက်တော့လည်း အားလုံးတိတ်ကျသွားသည်။ဆရာကိုယ်တိုင်သည်လည်း အရက်ဖြတ်၊ဆေးဖြတ်ထားသူများလို လက်တွေတုန်နေသော
ပုံရိပ်ကိုကြည့်ပြီး ရယ်ချင်ချင်ဖြစ်နေပုံရသည်။
သို့ပေမဲ့ ကိုယ်တိုင်ကဆရာဖြစ်နေတော့ တပည့်ကိုပြန်လှောင်၍မဖြစ်ပေ။
အနားတစ်ခုဆီ၏ထောင့်ချိုးတိုင်းမှာ နာမည်မှတ်လိုက်ပြီး စတင်ထွက်လိုက်သောပုံရိပ်သည် စာတွက်သည့်အခါမှာတော့ သူများထက်မြန်လေသည်။
မေးခွန်းတစ်ခုတည်းကို အတူတွက်သောပုစ္ဆာဆိုပေမဲ့ တစ်ဖက်ကကျောင်းသားသည် ပုစ္ဆာ၏တစ်၀က်လောက်ရောက်စဉ်မှာ ပုံရိပ်ကတွက်လို့ပြီးသွားလေသည်။
တွက်ပြီးတာနှင့်အဖြေကို ဆရာကပြန်စစ်ကြည့်လိုက်ပြီး လက်မထောင်ပြသောအခါ ပုံရိပ်တို့၏အလယ်တန်း တစ်တန်းလုံးကလက်ခုပ်
ထတီးကြလေသည်။တကယ်တော့ ပုံရိပ်ဖြေရတာက ကိုယ့်တစ်ယောက်တည်းစာအတွက်မဟုတ်ပဲ အလယ်တန်းရှိ ကျောင်းသားအားလုံး၏ကိုယ်စားဖြစ်သည်။ခုဏက လှောင်ပြောင်နေသူတွေကတော့ ပါးစပ်အဟောင်းသားများ ဖြစ်လျှက် အံ့ဩနေကြလေသည်။ပုံရိပ်ကတော့ ကိုယ့်အဖြေမှန်သွား၍ ခေါင်းကိုမော့ချီလိုက်ပြီး ကိုယ့်အတန်းဆီသို့ပြန်လာခဲ့လိုက်သည်။
"တော်လိုက်တာပုံရိပ်...အဲ့ဒီ့အခန်းမှာနင်တွက်ရတဲ့ပုစ္ဆာကအခက်ဆုံးပဲ...နင့်လက်တွေတုန်နေတော့
ငါကဖြေနိုင်ပါ့မလားဆိုပြီး စိတ်ပူနေတာ...ဟိုဘက်တန်းကကောင်ကတော့ အခုထိဖြေလို့မပြီးသေးဘူး..."
"ပုံရိပ်...နင်အရမ်းတော်တယ် သိလား...."
ယမင်းက်ိုယ်တိုင်ကချီးကျူးစကားဆိုလာသည့်အပြင် အရှေ့အတန်းမှကျောင်းသူတွေကပါ အရင်လိုမခေါ်မပြောချင်ပုံစံမျိုးမဟုတ်တော့ပဲ ပုံရိပ်ကိုချီးကျူးစကားဆိုလာကြသည်။ယခုနောက်ပိုင်းမှာ အရင်လိုအခြားသူတွေကို တင်းမာခက်ထန်စွာ ဆက်ဆံလေ့မရှိသောကြောင့် အခြားအတန်းဖော်များနှင့်ပါ ပို၍ခင်မင်လာသည်။
ပုံရိပ်၏ရပ်၀န်းလေးသည် ပို၍အရောင်တောက်လာသည်ဟုဆိုရမည်။
ပုံရိပ်၏ပြိုင်ဘက် ဟိန်းဇေယျာထက်ကတော့ အစားမှားပြီး၀မ်းသွားနေသဖြင့် ဆေးရုံတင်နေရသည်ဟု ယမင်းကပြောပြလာသည်။ထို့ကြောင့် ယခုရက်ပိုင်းတွင် သူ့ကိုကျောင်းမှာမတွေ့ရပေ။
"ကလင်....ကလင်...."
မုန့်စားဆင်းချိန်ရောက်သည်နှင့်ဆရာ့ကိုနှုတ်ဆက်စကားပြောကြပြီး ပုံရိပ်လည်းကိုယ့်ထမင်းချိုင်ကိုသာဖွင့်စားလိုက်သည်။မုန့်ဖိုးပါပေမဲ့ တမင်အကျင့်မဖြစ်အောင် ကျင့်သည့်အနေဖြင့်မုန့်ထွက်၍ဝယ်
မစားမိအောင်နေသည်။
ဒေါ်လေးသည် ဒေါ်ယဉ်တင့်ပေးခဲ့သောပိုက်ဆံလေးနှင့် ရပ်ကွက်ထဲရှိနေရာထိုင်ခင်းကောင်းသော တိုက်ခန်းအောက်ထပ်တစ်ခန်းကိုငှားပြီး
ရှေ့မျက်နှာစာတွင်ဈေးဆိုင်ဖွင့်ထားလေသည်။
ပုံမှန်၀င်ငွေရှိလာ၍ ထမင်းချိုင့်ထဲမှဟင်းအမယ်လေးတွေကလည်း ဖွယ်ဖွယ်ရာရာဖြစ်လာသလို မုန့်ဖိုးလေးလည်းရလာခဲ့သည်။အခုလိုအခြေအနေကို ပုံရိပ်ကျေနပ်မိသည်။
ဒေါ်လေးတို့သာစိတ်ချမ်းသာရင် ပုံရိပ်ပျော်သည်။
"ပုံရိပ်...နင်တစ်ယောက်တည်းဖြစ်နေတာလား...
ငါတို့နဲ့ ထမင်းအတူစားကြမယ်လေ..."
"အေး...ကောင်းသားပဲ...."
အရှေ့အတန်းမှ အတန်းဖော်တွေသည် ပုံရိပ်၏ခုံဘက်သို့ နောက်ပြန်လှည့်လာပြီး သူတို့၏
ထမင်းချိုင့်တွေကို ဖွင့်၍စားကြလေသည်။
တစ်ယောက်နှင့် တစ်ယောက်ဟင်းချင်းဖလှယ်၍
စားကြသောကြောင့် ပို၍လည်းအရသာရှိသလို ခင်မင်မှုသည်လည်း ပို၍အနှစ်သာရပြည့်၀လာသည်။
ထမင်းဝိုင်းဆိုတာ ကြာရှည်တတ်သောကြောင့်
ထွေရာလေးပါးလည်း ပြောကြသည်။ပုံရိပ်ကတော့ ခေါင်းတငြိမ့်ငြိမ့်နှင့်သာ နားထောင်မိလေသည်။
ပုံရိပ်၏ ချိုင့်ထဲတွင်တော့ ကြက်သားကိုအခြောက် ကြော်ပြီး ငရုတ်သီးနှင့်မရမ်းသီးလေးကိုထောင်းကာ ချဉ်စပ်လေးရော၍ သုပ်ပေးလိုက်လေသည်။
"ဟဲ့...နင့်ငရုတ်သီးသုပ်ကစားလို့ကောင်းလိုက် ဘယ်သူသုပ်ပေးတာလဲ..."
"ငါ့အဒေါ်ပါ..."
"ဟုတ်လား...နင့်အဒေါ်ကိုနောက်နေ့ကြရင် များများသုပ်ခိုင်းပါ့လားဟယ်...တို့တွေဟင်းလဲစားကြတာပေါ့...ငါကအဲ့လိုချဉ်ချဉ်စပ်စပ်ဆိုသိပ်ကြိုက်တာ...."
"အင်း...ငါပြောကြည့်ပါမယ်...နင်တို့ကြိုက်ရင်ထည့်စားကြလေ..."
"ကျေးဇူးပဲ သူငယ်ချင်းရယ်...."
သူငယ်ချင်းဆိုသည့် စကား၏နောက်ကွယ်မှာတုန့်ဆိုင်းမှုမရှိပဲ ယူစားလိုက်ကြ၍ငရုတ်သီးချဉ်စပ်သုပ်ကလေးက ပြောင်ခါသွားလေသည်။ပုံရိပ်လည်း ဒေါ်လေး၏လက်ရာကိုအခြားသူများက ကြိုက်နှစ်သက်သည်ဆို၍ ၀မ်းသာမိပါသည်။
ထိုစဉ်ကျောင်းတံခါးဆီသို့ အကြည့်ရောက်သွားသောအခါ စကားတွေပြုံးရွှင်ကာပြောနေသော ဟိန်းကိုနှင့်ယမင်းကိုတွေ့လိုက်ရသည်။
ပုံရိပ်သည်သူတို့နှစ်ယောက်ကို တော်တော်လေးကြာအောင်စိုက်ကြည့်နေမိသည်။
နားမလည်နိုင်တာတစ်ခုက ဟိန်းကိုနဲ့ယမင်းသည်ဘယ်လိုဖြစ်ပြီး ခင်မင်သွားကြတာလဲ။
ရုတ်တရက် ယမင်းသည်ရယ်မောနေသော
ဟိန်းကို၏ ပခုံးကိုလက်ဖြင့်ပုတ်လိုက်သောအခါ ယမင်းကိုကြည့်လိုက်သောဟိန်းကို၏အကြည့်များသည် စူးရှပြီးမရိုးသားသောအပြုံးတစ်ခုကို ပြသနေသယောင်ဖြစ်နေသည်။
ပုံရိပ်ကပဲ အထင်မှားနေသလားမသိပေ။
ဟိန်းကို၏မျက်နှာမှာ အဓိပ္ပာယ်ကြီးကြီးတစ်ခုရှိနေသည်။
"ငါပြန်တော့မယ်....ရွှေ....."
"အင်း...ဂရုစိုက်ပြီးပြန်နော်..."
ယမင်းကိုနှုတ်ဆက်ပြီးနောက် ထမင်းစားဇွန်းကို
ကိုင်လျှက် သူတို့ကိုငေးနေမိသောပုံရိပ်ကို
ဟိန်းကိုသည် သူခိုးလူမိသလို အကြည့်မျိုးဖြင့်
ကြည့်လျှက် ရန်သူတစ်ယောက်လိုခပ်ထေ့ထေ့မဲ့ပြသွားခဲ့သည်။
ဘုရားရေ သူ့အကြည့်ကဘာကြောင့် ပုံရိပ်ကိုမုန်းနေသလိုခံစားနေရတာလဲ။ယမင်းနဲ့ ခင်မင်တာကရော ရိုးမှရိုးရဲ့လား။
ဟိန်းကိုထွက်သွားသည်နှင့် ပုံရိပ်တို့၏ဘက်သို့
ပြန်လှည့်လာသောယမင်းသည် ပုံရိပ်ကြည့်နေတာကို မြင်သွားသောအခါ ရှက်ပြုံးလေးပြုံးပြလာပြီး သူ့လည်ပင်းကိုသူပွတ်သပ်လေသည်။
ယမင်း၏ မျက်နှာလေးသည်လည်း နှင်းဆီပွင့်လေးကဲ့သို့ ဖြစ်နေသည်။
ပုံရိပ်၏ စိတ်ထဲမှာတစ်ခုခုကို စိုးရိမ်နေမိပေမဲ့အခြားအတန်းဖော်တွေရှိနေတာကြောင့်ရော
ကိုယ်နှင့်မဆိုင်ဘူးဟုလည်း တွေးမိပြီးနှုတ်ဆိတ်နေလိုက်မိသည်။
*ရောဂါမကျွမ်းခင်တွင်...ကုသဖို့မတိုက်တွန်းမိခဲ့ပေ
ပုံရိပ်၏ အမှားသည်ထိုနေရာမှစတင်ခဲ့သည်...
တခါတလေမှာ ကိုယ်လျစ်လျှူရှုခဲ့သောအရာများသည် ဘ၀တစ်သံသရာလုံး ကိုယ့်အနောက်သို့အရိပ်သဖွယ် လိုက်၍ခြောက်လှန့်တတ်သည်ကို
မတွေးမိခဲ့ပေ...
အင်မတန်သွေးအေးခဲ့မိသောကိုယ့်ကိုကိုယ်ပဲဒဏ်ခတ်ချင်မိပါသည်...
(ဟိန်းကိုနဲ့ ယမင်းကဘာတွေလဲ) နောက်တပိုင်းမှာ ဆက်ဖတ်ကြပါနော်🥰
========================================================================
🌹ဆူးႀကိဳး🌹အခန္း၂၉(ဒုတိယပိုင္း)
ဒီေန့၏မနက္ခင္းသည္ ယခင္လိုၾကည္လင္လန္းဆန္းမႈမရိွေတာ့ေပ။ေဆာင္းရာသီ၏ေအးျမမႈသည္ ပူေလာင္ျခင္းအသြင္သို႔ေဆာင္ေနသည္။
ဒီေန့မွာ ပဲျပဳတ္ေရာင္းမထြက္ေပမဲ့ ေဒၚေလးသည္အိပ္ယာအေစာႀကီးထၿပီး အိမ္ေရ႔ွမွာထြက္ထိုင္ေနသည္။
က်န္းမာေရးႏွင့္မညီၫႊတ္ေသာ ေဆးလိပ္ေတြကိုျပန္ေသာက္ေနသည္။ေဒၚယဉ္တင့္လာေခၚမည္ျဖစ္၍ ပံုရိပ္သြားလ်ွင္မသိလိုက္မည္ကိုစိုးရိမ္ေနပံုရသည္။ပံုရိပ္ကိုယ္၌ကလည္း တစ္ညလံုး အိပ္၍မေပ်ာ္ေပ။နဖူးေပၚလက္တင္ၿပီး အရာအားလံုးကို လိုက္လံေတြးေတာေနမိသည္။
မေန့ကအိမ္ေပၚမွာ ငိုၿပီးေျပာေနခဲ့ေသာေဒၚေလး၏စကားသံမ်ားကို ျပန္၍ၾကားေယာင္ေနမိသည္။ထြန္းကို၏"သားတို႔ႏွင့္အၿမဲအတူေနလို႔မရဘူးလား.."ဆိုေသာစကားေလးကလည္း နားထဲမွာထပ္ဆင့္လာျပန္သည္။တစ္ဆက္ထဲမွာပဲ မေန့က
ဦးသက္ေဆြႏွင့္ ေဒၚေလး၏ရန္ပဲြအေၾကာင္းကို ျပန္ေတြးမိေလသည္။
အပ်ိဳႀကီးကေတာ့ သူတို႔လင္မယား၏ရန္ပဲြေၾကာင့္ ကေလးႏွစ္ေယာက္ကို သူတို႔၏တိုက္သို႔ေခၚသြားခဲ့ေလသည္။ပံုရိပ္မွာသာ အိမ္ထဲကိုလည္းမတက္ရဲပဲ အိမ္ေရ႔ွမွာသာရပ္က်န္ ေနခဲ့မိသည္။ေဒၚေလးကို ကိုယ္ထိလက္ေရာက္က်ူးလြန္လာခဲ့ပါက အိမ္ပၚသို႔ေျပးတက္ၿပီးျပန္၍တိုက္ခိုက္ဖို႔အတြက္ပါပဲ။
ဒါဆိုရင္ ပံုရိပ္မရိွသၫ့္အခ်ိန္ေတြမွာ ေဒၚေလးရဲ့ဘက္ကေန ဘယ္သူကကာကြယ္ေပးမွာလဲ။
"ပံုရိပ္ေရ...ထေတာ့ေလ....မ်က္ႏွာသစ္ၿပီးျပင္ဆင္ေတာ့ေလ ဟိုကေရာက္ရင္အဆင္သင့္ျဖစ္ေနေအာင္....."
"ဟုတ္ကဲ့...ေဒၚေလး...သမီးႏိုးေနပါၿပီ..."
"ဟင္း.."
သက္ျပင္းအရွည္ႀကီးတစ္ခုကိုခ်လိုက္ၿပီးေနာက္ မ်က္ႏွာသစ္၊သြားတိုက္ရန္ ရစည္ရိွရာသို႔ဆင္းလာခဲ့လိုက္သည္။ဘာေၾကာင့္မွန္းမသိ သြားခါနီးေလ စိတ္မပါေတာ့ေလျဖစ္ေနသည္။ကိုယ့္ကိုကိုယ္လည္း နားမလည္ႏိုင္ေတာ့ေပ။
အစကေတာ့ စိတ္အားထက္သန္မႈေတြရိွခဲ့ၿပီး
ယခုၾကေတာ့ ဘာေၾကာင့္စိတ္မပါေတာ့တာလဲ။ကိုယ့္စိတ္ကိုယ္ေတာင္ မပိုင္ေတာ့သလိုျဖစ္ေနသည္။
မ်က္ႏွာသစ္ၿပီးေနာက္ အိမ္ခန္းဆီသို႔ျပန္လာခဲ့လိုက္ၿပီး မ်က္ႏွာသုတ္ပဝါရိွေသာ တန္းဆီသို႔သြားေနစဉ္မွာ ေဒၚေလးကိုၾကၫ့္လိုက္မိေတာ့
ငုတ္တုတ္ႀကီးထိုင္ၿပီး ငိုင္ေနသည္။
"ပံုပံုေရ....အသံၾကားလား..အိမ္ေရ႔ွမွာကားရပ္သံၾကားတယ္ေနာ္...."
"ေဒၚေလးမသြားနဲ႔....သမီးေဒၚယဉ္တင့္နဲ႔ႏွစ္ေယာက္တည္းသီးသန႔္စကားေျပာစရာရိွလို႔...သမီးပဲသြားလိုက္မယ္...."
တူမေလး၏မ်က္ႏွာသည္ ထူးျခားစြာမာေက်ာ
လ်ွက္ရိွေနၿပီး ေလယူေလသိန္းကအစျပတ္သားေနသည္။အိမ္ေနရင္းစပဲန႔္သားအဝါေရာင္ေလးကို ၀တ္ဆင္ထားၿပီး အိပ္ယာထခါစဆံပင္ဖြာလံက်ဲေလးႏွင့္ျဖစ္ေသာ္ျငားလည္း ႏို႔ႏွစ္ေရာင္သန္းေနေသာ ျဖဴ၀င္းလြန္းသၫ့္မ်က္ႏွာေလးသည္ ပကတိၾကည္စင္ေအးျမေလသည္။
သူမ်ားအေပၚမွာ စိတ္ေကာင္းႏွလံုးေကာင္းထားတတ္သၫ့္ကေလးကို အေရာင္ရင့္ရင္ဆိုးေပးမၫ့္ အသိုင္းအဝိုင္းထဲသို႔ မလႊတ္ခ်င္တာေတာ့အမွန္ပင္ျဖစ္သည္။
အိမ္ကၿဂိဳလ္ဆိုးႀကီးေၾကာင့္သာ မဟုတ္ရင္
ပံုရိပ္ေလးကို ကိုယ္ပဲေမြးမည္ဟု ယတိျပတ္ေျပာလႊတ္လို႔ရသည္။
မ်က္ႏွာသုတ္ပဝါကို ႀကိဳးတန္းေပၚသို႔ျပန္တင္
လ်ွက္ ဘာျပင္ဆင္မႈမွမရိွပဲ အိမ္ေပၚမွဆင္းသြားေသာပံုပံု႔၏ေနာက္ေက်ာေလးကို အားရအာင္ေငးယူေနမိသည္။တကယ္ ထြက္ခြာသြားခ်ိန္မွာ
ဒီလိုပဲလွၫ့္မၾကၫ့္စတမ္း ခဲြခြာသြားမယ္ထင္ပါတယ္။
လက္ၾကားထဲတြင္ ၫွပ္ထားေသာေဆးလိပ္သည္ပင္ တုန္ယင္သည္အထိ ေဒၚရွင္းသန႔္၏ရင္ထဲမွာ
ဗေလာင္ဆူေနသည္။
အခ်ိန္အားျဖင့္ မိႏွစ္(၂၀)ေလာက္အၾကာတြင္
အိမ္တံခါး၀မွအရိပ္ကေလးတစ္ခုကို ျပန္ေတြ့လိုက္ရသည္။
မ်က္ရည္မ်ားႏွင့္ျပၫ့္လ်ွံေန၍ အျမင္အာရံုေတြကဝိုးတဝါးျဖစ္ေနသည္။
"ေဒၚေလးရယ္...ဘာလို႔ငိုေနရတာလဲ.."
မ်က္ရည္ေတြကို အလ်ွင္အျမန္သုတ္လိုက္ၿပီး အနားမွာလာထိုင္ကာ လက္ကိုလည္းေနြးေထြးစြာဆုပ္ကိုင္လာသၫ့္ ပံုပံု႔ကိုၾကၫ့္လိုက္ေတာ့ သူ႔အားသနားၾကင္နာေသာမ်က္၀န္းမ်ားျဖင့္ၾကၫ့္လာသည္။ထူးဆန္းတာက ပံုရိပ္၏ေပါင္ေပၚတြင္ အသြားတုန္းက ပါမသြားခဲ့ေသာအနက္ေရာက္
အိတ္တစ္အိတ္ပါလာခဲ့သည္။
"ဒါကဘာလဲ....."
"ပိုက္ဆံေလ....သိမ္း၂၀ေပးသြားတာ...သမီးက
ျငင္းေပမဲ့ သမီးတို႔လုပ္ကိုင္စားေသာက္ရေအာင္တဲ့...."
"ဟင္....ဒါ...ဒါဆို..."
၀မ္းနည္း၀မ္းသာျဖစ္လ်ွက္ မ်က္ရည္တို႔ထပ္မံ
ဝဲလာရျပန္ေသာအခါ အလိုက္သိလြန္းေသာကေလးမက အေဒၚျဖစ္သူကိုဆီး၍ဖက္လိုက္သည္။
ပံုရိပ္ကိုယ္တိုင္လည္း မ်က္ရည္ဝဲရသည္။
ေဒၚယဉ္တင့္ႏွင့္ စကားေတြအမ်ားႀကီးေျပာၿပီးေနာက္ သေဘာတူညီမႈေတြလည္းယူခဲ့ၾကသည္။အဖြားကိုေတာ့ အားနာမိပါတယ္။
ပံုရိပ္ကို မ်က္ႏွာမငယ္ရေအာင္ ပိုက္ဆံေတြေပးခဲ့သၫ့္အတြက္လည္း ေက်းဇူးတင္မိသည္။သို႔ေပမဲ့ ပံုရိပ္၏ေရြးခ်ယ္မႈအတြက္ေတာ့ အဖြားကိုခြင့္လႊတ္ေပးဖို႔ ရင္နာနာႏွင့္ပင္ေတာင္းဆိုခ်င္မိသည္။
အဖြားခြင့္လႊတ္မွာပါ။
တေန့ေန့ေတာ့ အဖြားဆီကိုပံုရိပ္ေရာက္ေအာင္လာခဲ့ပါ့မယ္။ဒါေပမဲ့ ေလာေလာဆယ္မွာေတာ့
ကြပ္လပ္ကေလးေတြကို ျဖၫ့္ဆည္းေပးပါရေစ။
ပံုရိပ္သာမရိွလ်ွင္ ဒီအိမ္ရဲ့ကြပ္လပ္ကေလးဟာ သိသာစြာအေျဖမဲ့ေနလိမ့္မည္။
🔥🔥🔥🔥🔥🔥🔥🔥
"ဟိုေနာက္ဆံုးတန္းရဲ့ညာဘက္ကတစ္ေယာက္ ထြက္လာခဲ့ပါ...."
"ေယာက္်ားေလးဘက္ျခမ္းက ဟိုေကာင္ေလးထြက္ခဲ့..."
သခ်ၤာဆရာသည္ လက္ၫွိုးထိုး၍ေခၚလိုက္ေသာေၾကာင့္ ပံုရိပ္လည္းစာေမးခံရမည္စိုး၍ ေမွာက္ထားမိေသာဖိနပ္ကို ေျခေထာက္ႏွင့္အသာလွံလိုက္ၿပီး မတ္တက္ရပ္လိုက္သည္။သခ်ၤာကို အတန္းေရ႔ွထြက္ၿပီး ေယာက္်ားေလးႏွင့္မိန္းကေလးၿပိဳင္ရေသာအခ်ိန္ျဖစ္၍ စိတ္လႈပ္ရွားမႈေတာ့ ရိွသည္။
သခ်ၤာဆရာအခ်ိန္မွာ တစ္ခါမွလည္း စာေမးမခံရဖူး၍ ရင္လည္းတုန္ေနမိသည္။
ပံုရိပ္နည္းတူ ေယာက္်ားေလးတန္မဲ့ ေကာင္ေလးတစ္ေယာက္သည္လည္း ခပ္ရို႔ရို႔ပံုစံႏွင့္ထြက္လာၿပီး ေဆာ့ပဲန္ကိုခံုေပၚမွယူလိုက္သည္။
ရင္တုန္ၿပီး စိတ္လႈပ္ရွားေန၍ထင္သည္ ေဆာ့ပဲန္ႏွင့္ဆဲြလိုက္ေသာ သံုးနားညီႀတိဂံေလးသည္ လက္တုန္ေန၍ နည္းနည္းေတာင္တြန႔္သြားသည္။
"ဟား...ဟား...အရက္မေသာက္ရေသးလို႔...
ေရခ်ိန္မကိုက္ေသးဘူးထင္တယ္...."
"ေဟ့...ဘယ္ေကာင္လည္းကြ...စကားမ်ားတာ...
စကားမ်ားတဲ့ေကာင္စာေမးမွာေနာ္..."
ဆရာကဆူလိုက္ေတာ့လည္း အားလံုးတိတ္က်သြားသည္။ဆရာကိုယ္တိုင္သည္လည္း အရက္ျဖတ္၊ေဆးျဖတ္ထားသူမ်ားလို လက္ေတြတုန္ေနေသာ
ပံုရိပ္ကိုၾကၫ့္ၿပီး ရယ္ခ်င္ခ်င္ျဖစ္ေနပံုရသည္။
သို႔ေပမဲ့ ကိုယ္တိုင္ကဆရာျဖစ္ေနေတာ့ တပၫ့္ကိုျပန္ေလွာင္၍မျဖစ္ေပ။
အနားတစ္ခုဆီ၏ေထာင့္ခ်ိဳးတိုင္းမွာ နာမည္မွတ္လိုက္ၿပီး စတင္ထြက္လိုက္ေသာပံုရိပ္သည္ စာတြက္သၫ့္အခါမွာေတာ့ သူမ်ားထက္ျမန္ေလသည္။
ေမးခြန္းတစ္ခုတည္းကို အတူတြက္ေသာပုစၧာဆိုေပမဲ့ တစ္ဖက္ကေက်ာင္းသားသည္ ပုစၧာ၏တစ္၀က္ေလာက္ေရာက္စဉ္မွာ ပံုရိပ္ကတြက္လို႔ၿပီးသြားေလသည္။
တြက္ၿပီးတာႏွင့္အေျဖကို ဆရာကျပန္စစ္ၾကၫ့္လိုက္ၿပီး လက္မေထာင္ျပေသာအခါ ပံုရိပ္တို႔၏အလယ္တန္း တစ္တန္းလံုးကလက္ခုပ္
ထတီးၾကေလသည္။တကယ္ေတာ့ ပံုရိပ္ေျဖရတာက ကိုယ့္တစ္ေယာက္တည္းစာအတြက္မဟုတ္ပဲ အလယ္တန္းရိွ ေက်ာင္းသားအားလံုး၏ကိုယ္စားျဖစ္သည္။ခုဏက ေလွာင္ေျပာင္ေနသူေတြကေတာ့ ပါးစပ္အေဟာင္းသားမ်ား ျဖစ္လ်ွက္ အံ့ဩေနၾကေလသည္။ပံုရိပ္ကေတာ့ ကိုယ့္အေျဖမွန္သြား၍ ေခါင္းကိုေမာ့ခ်ီလိုက္ၿပီး ကိုယ့္အတန္းဆီသို႔ျပန္လာခဲ့လိုက္သည္။
"ေတာ္လိုက္တာပံုရိပ္...အဲ့ဒီ့အခန္းမွာနင္တြက္ရတဲ့ပုစၧာကအခက္ဆံုးပဲ...နင့္လက္ေတြတုန္ေနေတာ့
ငါကေျဖႏိုင္ပါ့မလားဆိုၿပီး စိတ္ပူေနတာ...ဟိုဘက္တန္းကေကာင္ကေတာ့ အခုထိေျဖလို႔မၿပီးေသးဘူး..."
"ပံုရိပ္...နင္အရမ္းေတာ္တယ္ သိလား...."
ယမင္းက္ိုယ္တိုင္ကခ်ီးက်ူးစကားဆိုလာသၫ့္အျပင္ အေရ႔ွအတန္းမွေက်ာင္းသူေတြကပါ အရင္လိုမေခၚမေျပာခ်င္ပံုစံမ်ိဳးမဟုတ္ေတာ့ပဲ ပံုရိပ္ကိုခ်ီးက်ူးစကားဆိုလာၾကသည္။ယခုေနာက္ပိုင္းမွာ အရင္လိုအျခားသူေတြကို တင္းမာခက္ထန္စြာ ဆက္ဆံေလ့မရိွေသာေၾကာင့္ အျခားအတန္းေဖာ္မ်ားႏွင့္ပါ ပို၍ခင္မင္လာသည္။
ပံုရိပ္၏ရပ္၀န္းေလးသည္ ပို၍အေရာင္ေတာက္လာသည္ဟုဆိုရမည္။
ပံုရိပ္၏ၿပိဳင္ဘက္ ဟိန္းေဇယ်ာထက္ကေတာ့ အစားမွားၿပီး၀မ္းသြားေနသျဖင့္ ေဆးရံုတင္ေနရသည္ဟု ယမင္းကေျပာျပလာသည္။ထို႔ေၾကာင့္ ယခုရက္ပိုင္းတြင္ သူ႔ကိုေက်ာင္းမွာမေတြ့ရေပ။
"ကလင္....ကလင္...."
မုန႔္စားဆင္းခ်ိန္ေရာက္သည္ႏွင့္ဆရာ့ကိုႏႈတ္ဆက္စကားေျပာၾကၿပီး ပံုရိပ္လည္းကိုယ့္ထမင္းခ်ိဳင္ကိုသာဖြင့္စားလိုက္သည္။မုန႔္ဖိုးပါေပမဲ့ တမင္အက်င့္မျဖစ္ေအာင္ က်င့္သၫ့္အေနျဖင့္မုန႔္ထြက္၍ဝယ္
မစားမိေအာင္ေနသည္။
ေဒၚေလးသည္ ေဒၚယဉ္တင့္ေပးခဲ့ေသာပိုက္ဆံေလးႏွင့္ ရပ္ကြက္ထဲရိွေနရာထိုင္ခင္းေကာင္းေသာ တိုက္ခန္းေအာက္ထပ္တစ္ခန္းကိုငွားၿပီး
ေရ႔ွမ်က္ႏွာစာတြင္ေဈးဆိုင္ဖြင့္ထားေလသည္။
ပံုမွန္၀င္ေငြရိွလာ၍ ထမင္းခ်ိဳင့္ထဲမွဟင္းအမယ္ေလးေတြကလည္း ဖြယ္ဖြယ္ရာရာျဖစ္လာသလို မုန႔္ဖိုးေလးလည္းရလာခဲ့သည္။အခုလိုအေျခအေနကို ပံုရိပ္ေက်နပ္မိသည္။
ေဒၚေလးတို႔သာစိတ္ခ်မ္းသာရင္ ပံုရိပ္ေပ်ာ္သည္။
"ပံုရိပ္...နင္တစ္ေယာက္တည္းျဖစ္ေနတာလား...
ငါတို႔နဲ႔ ထမင္းအတူစားၾကမယ္ေလ..."
"ေအး...ေကာင္းသားပဲ...."
အေရ႔ွအတန္းမွ အတန္းေဖာ္ေတြသည္ ပံုရိပ္၏ခံုဘက္သို႔ ေနာက္ျပန္လွၫ့္လာၿပီး သူတို႔၏
ထမင္းခ်ိဳင့္ေတြကို ဖြင့္၍စားၾကေလသည္။
တစ္ေယာက္ႏွင့္ တစ္ေယာက္ဟင္းခ်င္းဖလွယ္၍
စားၾကေသာေၾကာင့္ ပို၍လည္းအရသာရိွသလို ခင္မင္မႈသည္လည္း ပို၍အႏွစ္သာရျပၫ့္၀လာသည္။
ထမင္းဝိုင္းဆိုတာ ၾကာရွည္တတ္ေသာေၾကာင့္
ေထြရာေလးပါးလည္း ေျပာၾကသည္။ပံုရိပ္ကေတာ့ ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္သာ နားေထာင္မိေလသည္။
ပံုရိပ္၏ ခ်ိဳင့္ထဲတြင္ေတာ့ ၾကက္သားကိုအေျခာက္ ေၾကာ္ၿပီး ငရုတ္သီးႏွင့္မရမ္းသီးေလးကိုေထာင္းကာ ခ်ဉ္စပ္ေလးေရာ၍ သုပ္ေပးလိုက္ေလသည္။
"ဟဲ့...နင့္ငရုတ္သီးသုပ္ကစားလို႔ေကာင္းလိုက္ ဘယ္သူသုပ္ေပးတာလဲ..."
"ငါ့အေဒၚပါ..."
"ဟုတ္လား...နင့္အေဒၚကိုေနာက္ေန့ၾကရင္ မ်ားမ်ားသုပ္ခိုင္းပါ့လားဟယ္...တို႔ေတြဟင္းလဲစားၾကတာေပါ့...ငါကအဲ့လိုခ်ဉ္ခ်ဉ္စပ္စပ္ဆိုသိပ္ႀကိဳက္တာ...."
"အင္း...ငါေျပာၾကၫ့္ပါမယ္...နင္တို႔ႀကိဳက္ရင္ထၫ့္စားၾကေလ..."
"ေက်းဇူးပဲ သူငယ္ခ်င္းရယ္...."
သူငယ္ခ်င္းဆိုသၫ့္ စကား၏ေနာက္ကြယ္မွာတုန႔္ဆိုင္းမႈမရိွပဲ ယူစားလိုက္ၾက၍ငရုတ္သီးခ်ဉ္စပ္သုပ္ကေလးက ေျပာင္ခါသြားေလသည္။ပံုရိပ္လည္း ေဒၚေလး၏လက္ရာကိုအျခားသူမ်ားက ႀကိဳက္ႏွစ္သက္သည္ဆို၍ ၀မ္းသာမိပါသည္။
ထိုစဉ္ေက်ာင္းတံခါးဆီသို႔ အၾကၫ့္ေရာက္သြားေသာအခါ စကားေတြႃပံုးရႊင္ကာေျပာေနေသာ ဟိန္းကိုႏွင့္ယမင္းကိုေတြ့လိုက္ရသည္။
ပံုရိပ္သည္သူတို႔ႏွစ္ေယာက္ကို ေတာ္ေတာ္ေလးၾကာေအာင္စိုက္ၾကၫ့္ေနမိသည္။
နားမလည္ႏိုင္တာတစ္ခုက ဟိန္းကိုနဲ႔ယမင္းသည္ဘယ္လိုျဖစ္ၿပီး ခင္မင္သြားၾကတာလဲ။
ရုတ္တရက္ ယမင္းသည္ရယ္ေမာေနေသာ
ဟိန္းကို၏ ပခံုးကိုလက္ျဖင့္ပုတ္လိုက္ေသာအခါ ယမင္းကိုၾကၫ့္လိုက္ေသာဟိန္းကို၏အၾကၫ့္မ်ားသည္ စူးရွၿပီးမရိုးသားေသာအႃပံုးတစ္ခုကို ျပသေနသေယာင္ျဖစ္ေနသည္။
ပံုရိပ္ကပဲ အထင္မွားေနသလားမသိေပ။
ဟိန္းကို၏မ်က္ႏွာမွာ အဓိပၸာယ္ႀကီးႀကီးတစ္ခုရိွေနသည္။
"ငါျပန္ေတာ့မယ္....ေရႊ....."
"အင္း...ဂရုစိုက္ၿပီးျပန္ေနာ္..."
ယမင္းကိုႏႈတ္ဆက္ၿပီးေနာက္ ထမင္းစားဇြန္းကို
ကိုင္လ်ွက္ သူတို႔ကိုေငးေနမိေသာပံုရိပ္ကို
ဟိန္းကိုသည္ သူခိုးလူမိသလို အၾကၫ့္မ်ိဳးျဖင့္
ၾကၫ့္လ်ွက္ ရန္သူတစ္ေယာက္လိုခပ္ေထ့ေထ့မဲ့ျပသြားခဲ့သည္။
ဘုရားေရ သူ႔အၾကၫ့္ကဘာေၾကာင့္ ပံုရိပ္ကိုမုန္းေနသလိုခံစားေနရတာလဲ။ယမင္းနဲ႔ ခင္မင္တာကေရာ ရိုးမွရိုးရဲ့လား။
ဟိန္းကိုထြက္သြားသည္ႏွင့္ ပံုရိပ္တို႔၏ဘက္သို႔
ျပန္လွၫ့္လာေသာယမင္းသည္ ပံုရိပ္ၾကၫ့္ေနတာကို ျမင္သြားေသာအခါ ရွက္ႃပံုးေလးႃပံုးျပလာၿပီး သူ႔လည္ပင္းကိုသူပြတ္သပ္ေလသည္။
ယမင္း၏ မ်က္ႏွာေလးသည္လည္း ႏွင္းဆီပြင့္ေလးကဲ့သို႔ ျဖစ္ေနသည္။
ပံုရိပ္၏ စိတ္ထဲမွာတစ္ခုခုကို စိုးရိမ္ေနမိေပမဲ့အျခားအတန္းေဖာ္ေတြရိွေနတာေၾကာင့္ေရာ
ကိုယ္ႏွင့္မဆိုင္ဘူးဟုလည္း ေတြးမိၿပီးႏႈတ္ဆိတ္ေနလိုက္မိသည္။
*ေရာဂါမကၽြမ္းခင္တြင္...ကုသဖို႔မတိုက္တြန္းမိခဲ့ေပ
ပံုရိပ္၏ အမွားသည္ထိုေနရာမွစတင္ခဲ့သည္...
တခါတေလမွာ ကိုယ္လ်စ္လ်ွူရႈခဲ့ေသာအရာမ်ားသည္ ဘ၀တစ္သံသရာလံုး ကိုယ့္အေနာက္သို႔အရိပ္သဖြယ္ လိုက္၍ေျခာက္လွန႔္တတ္သည္ကို
မေတြးမိခဲ့ေပ...
အင္မတန္ေသြးေအးခဲ့မိေသာကိုယ့္ကိုကိုယ္ပဲဒဏ္ခတ္ခ်င္မိပါသည္...
(ဟိန္းကိုနဲ႔ ယမင္းကဘာေတြလဲ) ေနာက္တပိုင္းမွာ ဆက္ဖတ္ၾကပါေနာ္🥰
No comments:
Post a Comment