(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥 ဆူးကြိုး...အခန်း(၁၁)🔥 PART(1)
လူမှာအရေးကြီးဆုံးက
စိတ်ထားနှင့် အမှန်တရားကိုမြတ်နိုးမှုပဲဖြစ်တယ်
(ဗိုလ်ချုပ်အောင်ဆန်း...)
🔥🔥🔥🔥🔥🔥🔥🔥
အနောက်တောင်မှတိုက်ခက်သော မုတ်သုံလေအေးအေးသည် မနက်ခင်း၏ အာရုဏ်နုနုအား ကလူကျီစား၍ စတင်တိုက်စားသည်။
မိုးနှောင်းသို့ ကူးလူးချင်၍ အားပြုကာနှုတ်ဆက်ရမည့်အရေး တွေးကြောက်နေသည်ထင်ရသည်။
မနေ့ညကဆိုလျှင် မိုးသီး၊မိုးပေါက်ကြီးကြီးနဲ့
ပစ်ပေါက်သကဲ့သို့ ထင်ရလောက်အောင် သွပ်အမိုးတွေဟာမြည်ခဲ့သည်။လေပြင်း၏ ခပ်ပြင်းပြင်းခရီးနှင်မှုကြောင့်လည်း အမိုးအကာများလန်ထွက်သွားမည်ကို စိုးရွံ့နေခဲ့ရသည်။ခြင်ထောင်အခြေရင်း
ဖျာစပ်တည့်တည့်အပေါ်သို့ မိုးယိုကာ ရေပေါက်များတစက်စက်ကျ၍ ကော်ခွက်ဖြင့် ခံထားခဲ့ရသည်။
အိပ်ရသော အခန်းကျဉ်းကျဉ်းလေးဟာ ခဏတာရောက်ရှိလာသည့် သည်မုတ်သုံကြောင့် တညလုံးအိပ်ရေးမ၀ဖြစ်ခဲ့ရသည်။ဆိုးလိုက်သည့် ဖြစ်ခြင်းပါပဲ။ကိုယ်တစ်ယောက်ပဲလားဆိုတော့မဟုတ်ပြန်ပေ။
ဓနိဆွေး၍ သက်ကယ်ပင်ကြွေကျချင်သော ရပ်ကွက်ထဲရှိ အိမ်ငယ်ပေါင်းများစွာ၏ ဒုက္ခပင်ဖြစ်သည်။မိုးရာသီသည် အခြေခံလူတန်းစားများအပေါ် အဲ့သည်လောက်အထိရက်စက်သည်။
အခြေခံလူတန်းစားတွေရဲ့ဘ၀သည် နွေအခါမှာ နိုင်ငံပိုင်တီဗွီချန်နယ်လ်နှင့် ရေဒီယိုမှဒီယနေ့တွင် အပူချိန်ဘယ်လောက်ဒီဂရီရှိသည်ဟု ကြော်ငြာသံကြားရပါသော်လည်း ကိုယ်နှင့်မဆိုင်သလို မျက်နှာလွှဲခဲပစ်နေရသည့် ဘ၀မျိုးတွေဖြစ်သည်။
ကမ္ဘာကြီးပူနွေးလာသည့်အကြောင်းကို သတင်းစာတွေထဲမှာတွေ့ကြသော်လည်း အေးစေလိုပါကဆောင်းဟေမန်ကိုလည်း လက်ယက်၍ခေါ်နိုင်ခွင့်
မရှိကြသလို၊မုတ်သုံကိုလည်း လေနုအေးအေးဖြတ်သန်းပေးပါဟု အမိန့်ပေးပိုင်ခွင့်မရှိပေ။
ပုံရိပ်တို့ကိုယ်တိုင်ပင်လျှင် နွေရာသီ၏ပူကျစ်နေသော မြေသားသံရည်ပူစက်ကိုဖြတ်နင်းရင်း
ရေအလှူလာပေးပါသည့် ကားကြီးတွေအနားသို့တရုန်းရုန်းကပ်ကာ ပုံးကြီးပုံးငယ် ခွက်ကြီးခွက်ငယ်များဖြင့် သူသူငှာငှာလုယက်၍ ချိုးဖြူရေတပေါက်ရဖို့အရေး တိုးကြရသည်။
စိတ်ရှည်သည်းခံကာ ရေလာသည့်ကားကိုစောင့်ကြရသည်။
ရေကားသည် အခြားရပ်ကွက်တွင်ပင်ကုန်သွားသည်ဟု ကြားရသောအခါ စိတ်ပျက်လျက်ငြီးညူရင်း အိမ်သို့တပ်ပြန်ဆုတ်ကြရသည်။
ဒီလိုဆိုရင် ရေသန့်ကို ၀ယ်လို့မရဘူးလားဟုမေးနိုင်လေသည်။ရေသန့်ကို ၀ယ်လို့ရသည်။
ဘယ်နိုင်ငံကရေကိုမဆို ပိုက်ဆံရှိပါက၀ယ်နိုင်လိမ့်မည်။အခြေခံလူတန်းစားတွေအတွက်
ရက်ကွက်အစွံတွင်တဲထိုးနေရသူတွေအတွက်၊ပန်းရံအလုပ်၊သန့်ရှင်းရေးအလုပ်၊ဗူးကောက် ပလုံကောက်ရသောအလုပ်နှင့် တစ်နေ့စာတစ်နေ့တောင်နပ်မမှန်ချင်သော ၀င်ငွေရှိသည့်အိမ်ငယ်လေးတွေအတွက် ရေသန့်တစ်ပုံး၏အဖိုးအခဟာလည်း
နည်းသည်ဟုမဆိုသာပေ။
မသုံးစွဲလို့ကလည်း မဖြစ်ပြန်တော့အလကားရမည်ဆိုပါက အင်မတန်အကျိုးရှိသည့်၊အင်မတန်အဖိုးတန်လှသည့် အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။
ဤလူတန်းစားတစ်ရပ်သည် အင်မတန်
အကြောမာ၏။နွေတွင် မပူ၊မိုးတွင် မစိုစွတ်၊ဆောင်းတွင် မအေးသကဲ့သို့ခံစားမှတ်ယူနေကြသည့်နယ် အကြောတင်းကြသည်။
အဒေါ်သည် မနက်ခင်းမိုးဖွဲဖွဲကြသည်ဖြစ်စေ၊
နှင်းမြူထူသည်ဖြစ်စေ အမြဲပဲဈေးရောင်းထွက်ရှာသည်။လမ်းတွင် လေးကြမ်းတိုက်၍ မိုးမိ၍ဟု သူ၏ခံစားမှုဝေဒနာများအား တငြီးငြီးတညူညူမြည်တမ်းမနေတတ်ပဲ သားသမီးတွေမသိအောင် တိတ်ဆိတ်၍သာနေတတ်သည်။
ထို့ကြောင့်လည်း အဒေါ့်တွင်အလေးအပင်တွေ
မတာကြာလာ၍ ခါးနာခြင်းဝေဒနာစတင် ခံစားလာရသည်။
တခါတလေ သားသမီးတွေရှေ့တွင်တောင်
မနေနိုင်တော့၍ မျက်နှာလေးရှုံ့တွသွားကာ ကြိတ်၍ ငြီးမိလျှင် အဒေါ့်မျက်နှာအားတရိပ်ရိပ်ကြည့်နေတတ်သည့် ပုံရိပ်အဖို့ ကိုယ်တိုင်ခံစားရ
သလို နာမိသည်။
အဒေါ့်ကိုမှောက်ခိုင်းပြီး ထွန်းရွှေဝါဒဏ်ကြေလိမ်းဆေးအား ခါးမှအသာလိမ်း၍နှိပ်နယ်ပေးမိလျှင် အညောင်းသက်သာသည်လား မသေချာပေမဲ့ အဒေါ်ကတော့ ချီးမွှမ်းခန်းဖွင့်တတ်သည်။
ထိုအခါမျိုးဆိုရင် ပုံရိပ်လည်းပီတိဖြစ်မိသည်။
"ပုံရိပ်ကအရမ်းအလိုက်သိတာပဲကွယ်...အမေတူသမီးလေးပါပဲ...တို့အဖေပေါ့ လေဖြတ်သွားတာများ ကိုယ်တခြမ်းလှုပ်လို့မရတော့လောက်အောင်ပဲ...သိပ်သနားဖို့ကောင်းတာသိလား..ကုလားထိုင်ကြီးပေါ်မှာပဲ အမြဲတစေထိုင်ရတော့ ပုံရိပ်ရဲ့အမေ မမမေသန့်က ဗမာဆေးတွေလူး နှိပ်နှယ်ပေးတဲ့အလုပ်တော့ သိပ်လုပ်ရှာတာ ဒါကြောင့်ထင်ပါတယ်ဖေဖေကလည်း အမကြီးကိုပိုအားကိုးရှာတယ်... "
ဒေါ်လေး စတင်ငိုပါပြီ။ အရင်ကအကြောင်းလေးတွေကို ပြန်ပြောတိုင်း ဒေါ်လေးအမြဲမျက်ရည်ဝဲသည်။ဒေါ်လေး၏စကားပွဲတိုင်းတွင် အမေ့အကြောင်းအမြဲပါလေ့ရှိတယ်။
အမေ့ကို သိပ်သံယောဇဉ်ကြီးရှာသည့် အမျိုးသမီးပါလေ။အဒေါ့်ပြောစကားအရဆိုရင် အမေဟာ
ဟိုငယ်စဉ်ကအရမ်းချောသည်ဟုဆိုသည်။ ရွာ၏ကွမ်းတောင်ကိုင်၊ပန်းတောင်ကိုင်အဖြစ် နာမည်ကြီးပြီးအခြားရွာမှ ကာလသားတွေကတောင် ရွာထဲမှာအရိပ်တပျပျဖြင့် လာပိုးပန်းကြသည်တဲ့လေ။
အသားအရည်က အင်မတန်ဖြူပြီး မျက်နှာလေးဝိုင်းကာ ကိုယ်လုံးကိုယ်ထည်ကလည်းမြန်မာအမျိုးသမီးပီပီ လုံးကြီးပေါက်လှဟုဆိုရမည်။အရပ်သည် အရမ်းမရှည်ပေမဲ့ ခါးသိမ်သိမ်ဖြင့် ဆံပင်ရှည်လေးကိုတပတ်လျှိုထားတတ်ကာ
အမြဲ၀မ်းဆက်၀တ်တတ်သော အမေသည်အခြားရွာများရှိ ကွမ်းတောင်ကိုင်အပျိုချောများနှင့် ယှဉ်၍ပင်မရဟုဆိုသည်။
ခောတ်စကားအရဆိုလျှင် ပက်ပက်စက်စက်လှသူပေါ့။
အမေဒေါ်မေသန့်သည် ရက်ရက်စက်စက်လှသော ကောင်းခြင်းငါးဖြာပြည့်၀သည့် မိန်းမလှလေးဖြစ်ပေသည်။ပုံရိပ်၏အဖေ ဦးမိုးရိပ်သည် မန္တလေးသားတစ်ယောက်ဖြစ်ပြီး အမေတို့ရွာသို့အလှူလာလုပ်သော ဆွေမျိုးများနှင့်လိုက်လာရာမှ အမေ့ကိုတွေ့ကာ စဦးသောအချစ်မှာပင်ရူးခဲ့သည်ဟုဆိုသည်။ဆုံတွေ့စတွင် အမေသည်အဖေ့အားကြိုက်နှစ်သက်မှုမရှိပဲ သူ့အားအမြဲပြုံး၍ ကြည့်နေတတ်သောကြောင့် အမြင်ကပ်၍ခဏခဏမျက်စောင်းထိုးကာနေလေ့ရှိသည်။
အငယ်ဖြစ်သော ဒေါ်ရှင်းသန့်ကတော့ ဥစ္စာအတန်အသင့်ပြည့်စုံသည့်အပြင် ရုပ်ရည်အသင့်အတင့်ကြည့်ကောင်းလှသော မိုးရိပ်ဆိုသူနှင့် သူငယ်ချင်းများအုပ်စုဖွဲ့၍ ဖူးစာကြိုးချင်းရစ်ပတ်ပေးခဲ့ကြလေသည်။သူများတွေ၏ အဆက်အဟပ်ကောင်းပုံကြောင့် အစောပိုင်းက တစောင်းစေးနှင့်မျက်ချေးဖြစ်နေသောအမေဟာ နံ့သာဆီကို ရင်၀ယ်ပိုက်သကဲ့သို့ အသားညိုညို ၊မျက်ခုံးမျက်ဖန်ကောင်းကောင်းနှင့်ခန္ဓာကိုယ်ခပ်ထွားထွားဖြစ်သော သဘောမနောကောင်းသူကြီးဖြစ်သည့် အထက်ဌာနေမှ အညာသားကြီးကို နှစ်နှစ်ကာကာအသဲအိုင်ပွက်မတတ် ချစ်ခင်စုံမက်ခဲ့ပါသည်ဟု အဒေါ်က ပြုံး၍ပြောပြတတ်သည်။
အဒေါ်ဟာ အမေနှင့်အဖေ၏အချစ်လမ်းခရီးအား အစ၊အဆုံးသိသူဖြစ်သည်။
အကြောင်းကတော့ အရှက်ကြီးသည့် ရွာ့ကွမ်း
တောင်ကိုင်မိန်းမလှလေး အမေဒေါ်မေသန့်သည် အဖေနှင့်ချိန်းတွေ့လျှင်တောင် ညီမဖြစ်သူကို အဖော်ခေါ်တတ်သောကြောင့်ဖြစ်သည်။
မလိုက်လိုက်အောင် မျက်နှာချေမှုန့်၀ယ်ပေးပါ့မည်ဟု မြှူကာခေါ်လေတော့ ဘယ်လိုမှမငြင်းရှာနိုင်တော့ဘူးပေါ့။
အခန်း (၁၁) Part 2 ဆက်ဖတ်ရန်
=============================================================================
🔥 ဆူးႀကိဳး...အခန္း(၁၁)🔥 PART (1)
လူမွာအေရးႀကီးဆံုးက
စိတ္ထားႏွင့္ အမွန္တရားကိုျမတ္ႏိုးမႈပဲျဖစ္တယ္
(ဗိုလ္ခ်ဳပ္ေအာင္ဆန္း...)
🔥🔥🔥🔥🔥🔥🔥🔥
အေနာက္ေတာင္မွတိုက္ခက္ေသာ မုတ္သံုေလေအးေအးသည္ မနက္ခင္း၏ အာရုဏ္ႏုႏုအား ကလူက်ီစား၍ စတင္တိုက္စားသည္။
မိုးေနွာင္းသို႔ ကူးလူးခ်င္၍ အားျပဳကာႏႈတ္ဆက္ရမၫ့္အေရး ေတြးေၾကာက္ေနသည္ထင္ရသည္။
မေန့ညကဆိုလ်ွင္ မိုးသီး၊မိုးေပါက္ႀကီးႀကီးနဲ႔
ပစ္ေပါက္သကဲ့သို႔ ထင္ရေလာက္ေအာင္ သြပ္အမိုးေတြဟာျမည္ခဲ့သည္။ေလျပင္း၏ ခပ္ျပင္းျပင္းခရီးႏွင္မႈေၾကာင့္လည္း အမိုးအကာမ်ားလန္ထြက္သြားမည္ကို စိုးရြံ႔ေနခဲ့ရသည္။ျခင္ေထာင္အေျခရင္း
ဖ်ာစပ္တၫ့္တၫ့္အေပၚသို႔ မိုးယိုကာ ေရေပါက္မ်ားတစက္စက္က်၍ ေကာ္ခြက္ျဖင့္ ခံထားခဲ့ရသည္။
အိပ္ရေသာ အခန္းက်ဉ္းက်ဉ္းေလးဟာ ခဏတာေရာက္ရိွလာသၫ့္ သည္မုတ္သံုေၾကာင့္ တညလံုးအိပ္ေရးမ၀ျဖစ္ခဲ့ရသည္။ဆိုးလိုက္သၫ့္ ျဖစ္ျခင္းပါပဲ။ကိုယ္တစ္ေယာက္ပဲလားဆိုေတာ့မဟုတ္ျပန္ေပ။
ဓနိေဆြး၍ သက္ကယ္ပင္ႂကြေက်ခ်င္ေသာ ရပ္ကြက္ထဲရိွ အိမ္ငယ္ေပါင္းမ်ားစြာ၏ ဒုကၡပင္ျဖစ္သည္။မိုးရာသီသည္ အေျခခံလူတန္းစားမ်ားအေပၚ အဲ့သည္ေလာက္အထိရက္စက္သည္။
အေျခခံလူတန္းစားေတြရဲ့ဘ၀သည္ ေနြအခါမွာ ႏိုင္ငံပိုင္တီဗီြခ်န္နယ္လ္ႏွင့္ ေရဒီယိုမွဒီယေန့တြင္ အပူခ်ိန္ဘယ္ေလာက္ဒီဂရီရိွသည္ဟု ေၾကာ္ျငာသံၾကားရပါေသာ္လည္း ကိုယ္ႏွင့္မဆိုင္သလို မ်က္ႏွာလႊဲခဲပစ္ေနရသၫ့္ ဘ၀မ်ိဳးေတျြဖစ္သည္။
ကမ႓ာႀကီးပူေနြးလာသၫ့္အေၾကာင္းကို သတင္းစာေတြထဲမွာေတြ့ၾကေသာ္လည္း ေအးေစလိုပါကေဆာင္းေဟမန္ကိုလည္း လက္ယက္၍ေခၚႏိုင္ခြင့္
မရိွၾကသလို၊မုတ္သံုကိုလည္း ေလႏုေအးေအးျဖတ္သန္းေပးပါဟု အမိန႔္ေပးပိုင္ခြင့္မရိွေပ။
ပံုရိပ္တို႔ကိုယ္တိုင္ပင္လ်ွင္ ေနြရာသီ၏ပူက်စ္ေနေသာ ေျမသားသံရည္ပူစက္ကိုျဖတ္နင္းရင္း
ေရအလႉလာေပးပါသၫ့္ ကားႀကီးေတြအနားသို႔တရုန္းရုန္းကပ္ကာ ပံုးႀကီးပံုးငယ္ ခြက္ႀကီးခြက္ငယ္မ်ားျဖင့္ သူသူငွာငွာလုယက္၍ ခ်ိဳးျဖဴေရတေပါက္ရဖို႔အေရး တိုးၾကရသည္။
စိတ္ရွည္သည္းခံကာ ေရလာသၫ့္ကားကိုေစာင့္ၾကရသည္။
ေရကားသည္ အျခားရပ္ကြက္တြင္ပင္ကုန္သြားသည္ဟု ၾကားရေသာအခါ စိတ္ပ်က္လ်က္ၿငီးၫူရင္း အိမ္သို႔တပ္ျပန္ဆုတ္ၾကရသည္။
ဒီလိုဆိုရင္ ေရသန႔္ကို ၀ယ္လို႔မရဘူးလားဟုေမးႏိုင္ေလသည္။ေရသန႔္ကို ၀ယ္လို႔ရသည္။
ဘယ္ႏိုင္ငံကေရကိုမဆို ပိုက္ဆံရိွပါက၀ယ္ႏိုင္လိမ့္မည္။အေျခခံလူတန္းစားေတြအတြက္
ရက္ကြက္အစြံတြင္တဲထိုးေနရသူေတြအတြက္၊ပန္းရံအလုပ္၊သန႔္ရွင္းေရးအလုပ္၊ဗူးေကာက္ ပလံုေကာက္ရေသာအလုပ္ႏွင့္ တစ္ေန့စာတစ္ေန့ေတာင္နပ္မမွန္ခ်င္ေသာ ၀င္ေငြရိွသည့္အိမ္ငယ္ေလးေတြအတြက္ ေရသန႔္တစ္ပံုး၏အဖိုးအခဟာလည္း
နည္းသည္ဟုမဆိုသာေပ။
မသံုးစဲြလို႔ကလည္း မျဖစ္ျပန္ေတာ့အလကားရမည္ဆိုပါက အင္မတန္အက်ိဳးရိွသၫ့္၊အင္မတန္အဖိုးတန္လွသၫ့္ အခြင့္အေရးတစ္ရပ္ပင္ျဖစ္သည္။
ဤလူတန္းစားတစ္ရပ္သည္ အင္မတန္
အေၾကာမာ၏။ေနြတြင္ မပူ၊မိုးတြင္ မစိုစြတ္၊ေဆာင္းတြင္ မေအးသကဲ့သို႔ခံစားမွတ္ယူေနၾကသၫ့္နယ္ အေၾကာတင္းၾကသည္။
အေဒၚသည္ မနက္ခင္းမိုးဖဲြဖဲြၾကသည္ျဖစ္ေစ၊
ႏွင္းျမဴထူသည္ျဖစ္ေစ အၿမဲပဲေဈးေရာင္းထြက္ရွာသည္။လမ္းတြင္ ေလးၾကမ္းတိုက္၍ မိုးမိ၍ဟု သူ၏ခံစားမႈေဝဒနာမ်ားအား တၿငီးၿငီးတၫူၫူျမည္တမ္းမေနတတ္ပဲ သားသမီးေတြမသိေအာင္ တိတ္ဆိတ္၍သာေနတတ္သည္။
ထို႔ေၾကာင့္လည္း အေဒါ့္တြင္အေလးအပင္ေတြ
မတာၾကာလာ၍ ခါးနာျခင္းေဝဒနာစတင္ ခံစားလာရသည္။
တခါတေလ သားသမီးေတြေရ႔ွတြင္ေတာင္
မေနႏိုင္ေတာ့၍ မ်က္ႏွာေလးရႈံ႔တြသြားကာ ႀကိတ္၍ ၿငီးမိလ်ွင္ အေဒါ့္မ်က္ႏွာအားတရိပ္ရိပ္ၾကၫ့္ေနတတ္သၫ့္ ပံုရိပ္အဖို႔ ကိုယ္တိုင္ခံစားရ
သလို နာမိသည္။
အေဒါ့္ကိုေမွာက္ခိုင္းၿပီး ထြန္းေရႊဝါဒဏ္ေၾကလိမ္းေဆးအား ခါးမွအသာလိမ္း၍ႏိွပ္နယ္ေပးမိလ်ွင္ အေညာင္းသက္သာသည္လား မေသခ်ာေပမဲ့ အေဒၚကေတာ့ ခ်ီးမႊမ္းခန္းဖြင့္တတ္သည္။
ထိုအခါမ်ိဳးဆိုရင္ ပံုရိပ္လည္းပီတိျဖစ္မိသည္။
"ပံုရိပ္ကအရမ္းအလိုက္သိတာပဲကြယ္...အေမတူသမီးေလးပါပဲ...တို႔အေဖေပါ့ ေလျဖတ္သြားတာမ်ား ကိုယ္တျခမ္းလႈပ္လို႔မရေတာ့ေလာက္ေအာင္ပဲ...သိပ္သနားဖို႔ေကာင္းတာသိလား..ကုလားထိုင္ႀကီးေပၚမွာပဲ အၿမဲတေစထိုင္ရေတာ့ ပံုရိပ္ရဲ့အေမ မမေမသန႔္က ဗမာေဆးေတြလူး ႏိွပ္ႏွယ္ေပးတဲ့အလုပ္ေတာ့ သိပ္လုပ္ရွာတာ ဒါေၾကာင့္ထင္ပါတယ္ေဖေဖကလည္း အမႀကီးကိုပိုအားကိုးရွာတယ္... "
ေဒၚေလး စတင္ငိုပါၿပီ။ အရင္ကအေၾကာင္းေလးေတြကို ျပန္ေျပာတိုင္း ေဒၚေလးအၿမဲမ်က္ရည္ဝဲသည္။ေဒၚေလး၏စကားပဲြတိုင္းတြင္ အေမ့အေၾကာင္းအၿမဲပါေလ့ရိွတယ္။
အေမ့ကို သိပ္သံေယာဇဉ္ႀကီးရွာသၫ့္ အမ်ိဳးသမီးပါေလ။အေဒါ့္ေျပာစကားအရဆိုရင္ အေမဟာ
ဟိုငယ္စဉ္ကအရမ္းေခ်ာသည္ဟုဆိုသည္။ ရြာ၏ကြမ္းေတာင္ကိုင္၊ပန္းေတာင္ကိုင္အျဖစ္ နာမည္ႀကီးၿပီးအျခားရြာမွ ကာလသားေတြကေတာင္ ရြာထဲမွာအရိပ္တပ်ပ်ျဖင့္ လာပိုးပန္းၾကသည္တဲ့ေလ။
အသားအရည္က အင္မတန္ျဖဴျပီး မ်က္ႏွာေလးဝိုင္းကာ ကိုယ္လံုးကိုယ္ထည္ကလည္းျမန္မာအမ်ိဳးသမီးပီပီ လံုးႀကီးေပါက္လွဟုဆိုရမည္။အရပ္သည္ အရမ္းမရွည္ေပမဲ့ ခါးသိမ္သိမ္ျဖင့္ ဆံပင္ရွည္ေလးကိုတပတ္လ်ိႈထားတတ္ကာ
အၿမဲ၀မ္းဆက္၀တ္တတ္ေသာ အေမသည္အျခားရြာမ်ားရိွ ကြမ္းေတာင္ကိုင္အပ်ိဳေခ်ာမ်ားႏွင့္ ယွဉ္၍ပင္မရဟုဆိုသည္။
ေခာတ္စကားအရဆိုလ်ွင္ ပက္ပက္စက္စက္လွသူေပါ့။
အေမေဒၚေမသန႔္သည္ ရက္ရက္စက္စက္လွေသာ ေကာင္းျခင္းငါးျဖာျပၫ့္၀သၫ့္ မိန္းမလွေလးျဖစ္ေပသည္။ပံုရိပ္၏အေဖ ဦးမိုးရိပ္သည္ မႏၲေလးသားတစ္ေယာက္ျဖစ္ၿပီး အေမတို႔ရြာသို႔အလႉလာလုပ္ေသာ ေဆြမ်ိဳးမ်ားႏွင့္လိုက္လာရာမွ အေမ့ကိုေတြ့ကာ စဦးေသာအခ်စ္မွာပင္ရူးခဲ့သည္ဟုဆိုသည္။ဆံုေတြ့စတြင္ အေမသည္အေဖ့အားႀကိဳက္ႏွစ္သက္မႈမရိွပဲ သူ႔အားအၿမဲျပဳံး၍ ၾကၫ့္ေနတတ္ေသာေၾကာင့္ အျမင္ကပ္၍ခဏခဏမ်က္ေစာင္းထိုးကာေနေလ့ရိွသည္။
အငယ္ျဖစ္ေသာ ေဒၚရွင္းသန႔္ကေတာ့ ဥစၥာအတန္အသင့္ျပၫ့္စံုသၫ့္အျပင္ ရုပ္ရည္အသင့္အတင့္ၾကၫ့္ေကာင္းလွေသာ မိုးရိပ္ဆိုသူႏွင့္ သူငယ္ခ်င္းမ်ားအုပ္စုဖဲြ႔၍ ဖူးစာႀကိဳးခ်င္းရစ္ပတ္ေပးခဲ့ၾကေလသည္။သူမ်ားေတြ၏ အဆက္အဟပ္ေကာင္းပံုေၾကာင့္ အေစာပိုင္းက တေစာင္းေစးႏွင့္မ်က္ေခ်းျဖစ္ေနေသာအေမဟာ နံ႔သာဆီကို ရင္၀ယ္ပိုက္သကဲ့သို႔ အသားညိုညို ၊မ်က္ခံုးမ်က္ဖန္ေကာင္းေကာင္းႏွင့္ခႏၶာကိုယ္ခပ္ထြားထြားျဖစ္ေသာ သေဘာမေနာေကာင္းသူႀကီးျဖစ္သည့္ အထက္ဌာေနမွ အညာသားႀကီးကို ႏွစ္ႏွစ္ကာကာအသဲအိုင္ပြက္မတတ္ ခ်စ္ခင္စံုမက္ခဲ့ပါသည္ဟု အေဒၚက ႃပံုး၍ေျပာျပတတ္သည္။
အေဒၚဟာ အေမႏွင့္အေဖ၏အခ်စ္လမ္းခရီးအား အစ၊အဆံုးသိသူျဖစ္သည္။
အေၾကာင္းကေတာ့ အရွက္ႀကီးသၫ့္ ရြာ့ကြမ္း
ေတာင္ကိုင္မိန္းမလွေလး အေမေဒၚေမသန႔္သည္ အေဖႏွင့္ခ်ိန္းေတြ့လ်ွင္ေတာင္ ညီမျဖစ္သူကို အေဖာ္ေခၚတတ္ေသာေၾကာင့္ျဖစ္သည္။
မလိုက္လိုက္ေအာင္ မ်က္ႏွာေခ်မႈန႔္၀ယ္ေပးပါ့မည္ဟု ၿမွူကာေခၚေလေတာ့ ဘယ္လိုမွမျငင္းရွာႏိုင္ေတာ့ဘူးေပါ့။ အခန္း (၁၁) Part( 2)ဆက္ဖတ္ရန္
No comments:
Post a Comment