🔥ဆူးကြိုး...🔥အခန်း(၁၂)🔥 ဒုတိယပိုင်း

  (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

 

🔥ဆူးကြိုး...🔥အခန်း(၁၂)🔥      ဒုတိယပိုင်း



ထိုနေ့ကအိမ်ပြန်ရောက်သည့်အခါဆရာနေမျိုးအားစာသင်ပြပေးဖို့ရန် လိုက်ပြောပေးဖို့
အဒေါ်နဲ့တိုင်ပင်ဖြစ်ခဲ့သည်။
ဒေါ်ကလည်းကောင်းသားပဲဟုဆိုကာကြည်ကြည်ဖြူဖြူဖြင့်လက်ခံပေးခဲ့သည်။
ဒါ့အပြင်ပုံရိပ်ကို ကျူရှင်မထားနိုင်သည့်အဖြစ်အားတွေးပြီးဒေါ်လေးစိတ်မကောင်းဖြစ်ရှာသည်။

"ဒါလည်းကျူရှင်တတ်တာပါပဲ ဒေါ်လေးရာစိတ်မကောင်းမဖြစ်ပါနဲ့..."ဟုဆိုကာ ဒေါ်လေးကို
ဖြောင်းဖျမိလေသည်။
ပုံရိပ်ကြောင့်ဒေါ်လေးစိတ်ဆင်းရဲမှာစိတ်ညစ်ရမှာကိုမလိုလားပေမယ့် ဆရာနေမျိုးဆီမှာစာသင်ဖို့ကိုတော့ဒေါ်လေးလိုလူကြီးကလိုက်ပြောပေးတာပိုကောင်းလိမ့်မည်ဟုတွေးမိခဲ့သည်။
ပုံရိပ်ကိုယ်တိုင်ပြောဖို့ရာတော့ နည်းနည်းကြောက်နေမိသည်။

ည၇နာရီလောက်မှာ ပုံရိပ်နှင့်အဒေါ်သည်ထွန်းကိုနှင့်မီးစုကိုပါခေါ်ကာဘုန်းကြီးကျောင်းသို့ထွက်လာခဲ့ကြသည်။
ဒေါ်လေးကရှေ့မှဦးဆောင်၍ကျောင်းကြီးအပေါ်သို့ ခေါ်နေတာကြောင့်ပုံရိပ်လည်းဒေါ်လေးနောက်မှ
ခပ်ရွံ့ရွံ့ဖြင့် လိုက်တက်ခဲ့ရသည်။
ဒေါ်လေးသည် ပုံရိပ်၏ကိစ္စအားဘုန်းကြီးသို့
အရင်ဆုံးမလျှောက်ဘဲနဲ့ အခြားအလ္လာပသလ္လာပများနှင့်စကားအစချီလေသည်။ခဏမျှကြာတော့မှ လာရင်ကိစ္စကိုလျှောက်သည်။

"လာရင်းကိစ္စကတော့ဒီလိုပါ ဘုန်းဘုန်းရယ်
တပည့်တော်ရဲ့အကြောင်းကိုလည်းဘုန်းဘုန်းသိတဲ့အတိုင်းပဲ တပည့်တော်ကပဲပြုတ်ရောင်းရပြီးသူများအိမ်မှာချက်ပြုတ်လျှော်ဖွတ်လုပ်ရတော့
ကိုယ့်ကလေးတွေကိုလည်းဝမ်း၀ရုံနဲ့ကျောင်းလေးကိုတတ်နိုင်ရုံထားနိုင်တာကလွဲလို့သိပ်မတတ်နိုင်တဲ့ဘဝပါ..."

"အင်း...ဒကာမကြီးလည်းသိပ်ပင်ပန်းရှာမှာပဲကွယ်
...ဘုန်းဘုန်းလည်းစာနာမိပါတယ်..
လောကဓံတရားဆိုတာလူတိုင်းကြုံတွေ့ရမှာပါပဲ
...ထူးပြီးတော့စိတ်မညစ်ပါနဲ့...အကူအညီလိုလည်းဘုန်းဘုန်းတို့ကိုပြောပေါ့ဟုတ်လား..."

"မှန်ပါ့ဘုရား...အခုလည်းအကူအညီတောင်းချင်လို့လာခဲ့တာပါဘုရား...အခြားတော့မဟုတ်ပါဘူးဘုရား...ပညာရေးနဲ့ပတ်သက်ပြီးပါ....."

"ဟုတ်သလား...ပညာရေးနဲ့ပတ်သက်တယ်ဆိုရင်တော့ဘုန်းဘုန်းအတွက်အကူညီနိုင်ဆုံးပေါ့ကွယ်...ဘုန်းဘုန်းကလည်းကျောင်းဖွင့်ထားတာဆိုတော့...ပြောမှာသာပြောပါ အားမနာပါနဲ့.."

"ဒီလိုပါ... တူမလေးကလည်းကျောင်းမှာအင်္ဂလိပ်စာအခက်အခဲရှိနေတယ်လို့ပြောလာတော့ကျူရှင်ကလည်းထားဖို့ရာပိုက်ဆံကမတတ်နိုင်ဘူးဖြစ်နေတယ်...အဲဒါဘုန်းဘုန်းရဲ့ကျောင်းကဆရာနေမျိုးဆိုတာလေ သူကကလေးတွေကိုညဘက်စာပြပေးနေတယ်ဆိုလို့သူ့ဆီမှာအပ်လို့ ရနိုင်မလားဆိုပြီးအတွေးနဲ့...လာခဲ့တာပါဘုရား...မရဘူးဆိုရင်လည်းတပည့်တော်တခြားနည်းလမ်းကြည့်ပြီးစီစဉ်ရမှာပေါ့လေ..."

"ဘယ့်နှယ် တခြားနည်းလမ်းကြည့်ပြီးစီစဉ်ရမှာတုန်း....ရကိုရရမှာပေါ့ဒကာမကြီးရယ်
နေမျိုးကလည်းကျောင်းသားတွေကိုစာသင်ပေးနေတဲ့ဥစ္စာဘဲ အခုတောင်သူ့အခန်းထဲမှာကျောင်းသားတွေရောက်နေလောက်ပြီ...
..ကဲ...ဘုန်းဘုန်းနေမျိုးကိုခေါ်ခိုင်းလိုက်မယ်ဟုတ်ပြီလား....."

"တင်ပါ့ဘုရား...ဒီလိုဆိုရင်တော့အဆင်ပြေတာပေါ့ဘုရား...တပည့်တော်လည်းဝမ်းသာလွန်းလှပါတယ်
....ကလေးကလည်းသုံးယောက်ဆိုတော့တပည့်တော်လည်းဒီတစ်ယောက်တည်းကိုကွက်ပြီးကျူရှင်မထားပေးနိုင်ဘူးဘုရား အဲဒီအတွက်လည်းအင်မတန်စိတ်မကောင်းဖြစ်ရပါတယ်..."

"စိတ်မကောင်းမဖြစ်ပါနဲ့ကွယ်...ကိုရင်တို့နှစ်ယောက်...ဒီကိုလာပါအုံး..."

ဘုန်းဘုန်းက ထိုင်ခုံတွင်ခြေဆင်းထိုင်ရင်း ကျောင်းဆောင်၏ ထောင့်ဘက်ကျကျတွင်
ထိုင်နေသော ကိုရင်နှစ်ပါးကိုလှမ်းခေါ်လိုက်လေသည်။
ကိုရင်လေးတွေကလည်း လက်အုပ်လေးတွေချီကာ ရောက်လာကြသည်။
ကိုရင်ငယ်လေးတွေအနားသို့ရောက်သည်နှင့်
ဘုန်းဘုန်းသည် သင်္ကန်းခေါက်ကို ပခုံးပေါ်သို့
ပင့်တင်လျှက်  မိန့်လေသည်။

"ဒကာနေမျိုးကို သွားခေါ်စမ်းပါအုံး...
ဒီမှာအရေးကြီးဧည့်သည် ရောက်နေတယ်လို့ပြော
...ကြားလား...."

"တင်ပါ့ဘုရား..."

ကိုရင်တွေ ထွက်သွားပြီးနောက် ဘုန်းဘုန်းကချောင်းနည်းနည်းဟန့်လိုက်ပြီး သလိပ်ကိုထွေးထုတ်ဖို့ရန် ထွေးခံကို စမ်းလေရာ ဒေါ်လေးကထယူပေးလိုက်လေသည်။

"အင်း...ဒကာမရဲ့အမျိုးသားသက်ဆွေသတင်းရော ဘာကြားသေးလဲ..."

"ဘာသတင်းမှမကြားပါဘူးဘုန်းဘုန်းရယ်...
အင်မတန်နေနိုင်တဲ့လူပါ...သားမယားမျက်နှာကိုလည်းမထောက်ပါဘူး...သူလုပ်ချင်ရာလုပ်
သူနေချင်သလိုနေတာပါ..."

"သူလည်း တယ်ဆိုးတာပဲကွယ်...သားမယားကလိမ္မာပါလျှက်နဲ့ မိုက်တွင်းကသိပ်နက်တယ်...
ဒါပေမဲ့ ကျောင်းဝေယျာ‌၀စ္စေကိုတော့ လာလာလုပ်တတ်တယ် ..မနက်ဆွမ်းအလှူထွက်ရင်သူတို့က
ပါနေကြဆိုတော့ ဘုန်းဘုန်းလည်းတွေ့တုန်းတော့ ဆုံးမလွှတ်တာပါပဲ..."

"ဘုန်းဘုန်းဆုံးမလည်း မရပါဘူး...
သူကခွေးမှီးကောက် ကျီတောက်စွတ်ပါလေ..
မရှိတာပဲအေးပါတယ် ရှိရင်ထွန်းကိုလည်း
အဖေ့ခြေရာနင်းမှာစိုးရတယ်..."

အဒေါ့်ရဲ့စကားကို ထွန်းကိုသာကြားရင်တော့ဟုသာ စိတ်ထဲမှာကြိတ်၍ညီးလိုက်မိသည်။
အခုလည်း သူတို့မောင်နှမနှစ်ယောက်သည် ကျောင်းကိုရောက်တုန်း ဘုရားရင်‌ပြင်ပေါ်မှာကိုရင်ငယ်လေးတွေနှင့် သွားဆော့နေကြလေရဲ့။

ထွန်းကိုဟာ လူကသာအသက်ငယ်ပေမဲ့ စိတ်ကတော့ သိပ်ကြီးသည်။လူကြီးတွေရဲ့ စကားအကျအနကိုလည်း နားလည်လွယ်တာကြောင့် ကလေးလူကြီးလို့ပြောရမည်။အင်မတန်လည်း စကားတတ်ပြီး အခြားလူတစ်ယောက်ရဲ့ စကားကိုလည်းကလေးပေမဲ့ ဘယ်လိုချေပရမလဲ ကောင်းကောင်းသိသည်။ တစ်ခြံကျော်ဈေးဆိုင်က သူနဲ့ရွယ်တူကလေးမလေးဆိုရင် သူ့ကို
"လူလည်လေး လူလည်လေး.."ဆိုပြီးစနောက်တတ်သည်။

ဒီလောက်သိတတ်နေလို့လည်း ထွန်းကိုဟာ
သူ့အ‌ဖေကို  သိပ်မုန်းသည်။သူ့အဖေနဲ့အမေရန်ဖြစ်လျှင် ဦးသက်ဆွေကအဒေါ့်ကိုကိုယ်ထိလက်ရောက်
လုပ်လိုက်တိုင်း အားမတန်ပေမဲ့ အံတကြိတ်ကြိတ်နှင့် အဖေကိုစောင်းမဲမဲကြည့်နေတတ်သည်။

သူ့အဖေထွက်သွားပြီးနောက်ပိုင်း မိစုကသာ
အဖေကိုတပြီး
"အဖေ ဘယ်သွားသလဲ..ပြန်မလာသေးဘူးလား..."
မေးတတ်ပေမဲ့ ထွန်းကိုကတော့ အဖေဆိုသည့်
 နာမ်စားကိုတစ်စက်တောင် မဟဘူး။

မိစုက သူ့အဖေကိုမေးရင်တောင်
 "နင်ကအဖေ့ကိုပြန်ခေါ်ပြီး အမေ့ကိုရိုက်ခိုင်းမလို့လား.."ဟု ပက်ကနဲပြန်ပြောတတ်သည်။
ကလေးတွေဆိုပေမဲ့ သူတို့လေးတွေမှာလည်း
ထိရှလွယ်သည့်အသဲနှလုံးနှင့်ချင့်ချိန်နှိုင်းဆတတ်သည့်ဦး‌နှောက်ရှိသည်ဖြစ်၍ ခံစားချက်စီး၀င်လွယ်ပြီး စိတ်ဒဏ်ရာအထိနာတတ်သည်။
ပုံရိပ်တောင် မိဘနဲ့ကွဲနေတာ နှနှစ်ကျော်နေပေမဲ့ ယခုအချိန်အထိ ရင်ထဲမှာနာနေတုန်းပါပဲ။

အခုပြန်တွေးရင် အခုအသစ်ဖြစ်တယ်။
မိဘဆိုတာဟာ တန်ဖိုးဖြတ်၍မရနိုင်သည့်ရတနာတစ်ပါးဖြစ်တာကြောင့် သူတို့ပေးသွားတဲ့ဒဏ်ရာကလည်း ဘယ်သောအခါမှပျောက်တယ်ရယ်လို့ရှိမှာမဟုတ်ဘူး။
အချိန်ကြာလေ ဒဏ်ရာဟာပိုနက်လေ ၊ပိုနာလေ ၊
ပိုမုန်းလေပဲ။

"ဟော...ဟိုမှာဒကာနေမျိုးတောင်လာပြီပဲ
နေမျိုးရေ လာဒီမှာထိုင်စမ်းပါအုံး..."

ပုံရိပ်အတွေးလွန်နေစဉ်တွင် အဒေါ်နှင့်ဘုန်းဘုန်း၏
စကားပွဲလည်း ရပ်သိမ်းသွားသည့်နည်းတူ အနောက်ဘက်‌မှကျောင်းပေါ်သို့တက်လာသော
 ခြေသံတွေကိုလည်းအတိုင်းသားကြားနေရလေသည်။အဒေါ်က လှည့်ကြည့်ပေမဲ့လို့ ပုံရိပ်ကတော့ခေါင်းကိုသာတွင်တွင်ငုံ့၍ ကတီပါကော်ဇောခင်းကိုသာ ကြည့်သလို၊မကြည့်သလိုလုပ်နေလိုက်သည်။

"အရှင်ဘုရားခေါ်ခိုင်းလိုက်တယ်ဆိုလို့ ကျောင်းသားတွေကိုပစ်ထားခဲ့ရတယ်အတန်းငယ်
လေးတွေက စာမေးပွဲကြီးနီးနေပြီဘုရာ့..."

"အမယ်လေး ဘုန်းဘုန်းထက်အလှုပ်ရှုပ်သူနဲ့
လာတွေ့နေပါပေါ့လား...တို့အချိန်အများကြီးမယူပါဘူးကွ...အဟွတ်...အဟွတ်..."

"စကားတွေအများကြီးမပြောပါနဲ့ ဘုန်းဘုန်းရယ်
...နေကမကောင်းပါပဲ..."

ကျောင်းပေါ်သို့ မရောက်သေးပါပဲ တံခါး၀မှာတည်းက ဘုန်းကြီးနှင့်အတိုင်အဖောက်ကညီနေသည်။
နေ့လည်က ဦးဇင်းပြုံးချိုပြောခဲ့သော စကားတွေကို သတိရမိတော့ဆရာနေမျိုးကို အရမ်းလေးစားမိသည်။ကျောင်းပေါ်သို့ ခြေသံသိပ်မမြည်အောင်နင်းရင်း ဘုန်းကြီးဆီသို့ သူဦးတည်၍သွားနေလေသည် ။

ဘုန်းကြီး၏ ကြိမ်ကုလားထိုင်အခြေရင်းတွင် ချထားသောထွေးခံခွက်ကိုယူကာ ဘုန်းဘုန်းကိုသလိပ်ထွေးစေသည်။ဘုန်းဘုန်း၏ ခုံအရှေ့တွင်
ဒူးထောက်ကာနေပေမဲ့ ပုံရိပ်တို့၏ဘက်သို့ ကျောခိုင်းအနေအထားဖြစ်နေသည်ကြောင့်
သူ့ရဲ့ကျောပြင်ကို ငေးကြည့်ရဲတာဖြစ်သည်။
ပုဆိုးအပြာအကွက်ကျဲကြီးကို ဒူးနားလောက်အထိ ၀တ်ထားပြီး ခါးပုံစကိုလည်းဖြစ်သလိုရှည်ရှည်ထုတ်ထားသည်။စွတ်ကျယ်ချိုင်းပြတ်အဖြူက ကျောမှာအပေါက်အသေးလေးတွေရှိနေသည်။

ကိုယ်တွေလည်း ဆင်းရဲပေမဲ့ ဒီလိုအပေါက်အပြဲတွေ ၀တ်ပြီးတော့ လူရှေ့သူရှေ့တစ်ခါမှမထွက်ရဲခဲ့ပေ။သူကတော့ အပြင်ပန်းပုံသဏ္ဍန်ကို ဂရုစိုက်မဲ့ပုံမပေါ်ဘူး။
ဟုတ်ပါတယ်လေ လူဆိုတာအပေါ်ယံဘယ်လောက်ပဲ လှပချောမွေ့နေပါ‌စေ အတွင်းစိတ်ပုပ်နေပါက သိပ်ကိုကြောက်ဖို့ကောင်းတယ်။
ဆရာနေမျိုး၏ကျောပြင်ကို ကြည့်နေမိရာမှ
သူကဒီဘက်လှည့်လာတော့ ကတ္တီပါကော်ဇော်ပေါ်သို့သာ ပြန်ငုံ့ကြည့်နေလိုက်သည်။

"နေမျိုး...ဒီဒကာမတွေကိုတော့ သိနေပြီးသားထင်ပါတယ်....အခုဒကာမကြီးရှင်းသန့်က သူ့တူမလေးကို ဒကာ့ဆီမှာ စလာသင်ခိုင်းချင်လို့တဲ့..."


"ဟုတ်ပါတယ် မောင်နေမျိုးရယ်..အဒေါ်ကကျောင်းကျူရှင်တွေ၊အပြင်ကျူရှင်တွေ ဘာတွေလည်းထားဖို့မတတ်နိုင်ပါဘူးကွယ်...ရှိစုမှတ်စုငွေလေးနဲ့ မိသားစုလောက်ငှအောင် စားသောက်နေရတော့ ကလေးကိုပညာရေးမှာထူးချွန်စေချင်ပေမဲ့ အများကြီးလည်းမထောက်ပံ့နိုင်ဘူး...ပုံပုံလေးရဲ့ကျောင်းကအခြေအနေကိုလည်း မောင်ရင်သိပြီးဖြစ်မှာပါ.
.."

"ဟုတ်ကဲ့ ကျွန်တော်သိပါတယ် ဒေါ်ဒေါ်..."

"အေးကွယ်...ဟိုတစ်ခါဆေးရုံမှာတည်းက
သမီးလေးပုံပုံ ဘယ်လောက်‌ကြိုးစားပြုပြင်
နေကြောင်း ပြောခဲ့ပြီးသားပဲ..ဒီတော့‌မောင်ရင်
သမီးလေးကို တပည့်အဖြစ်လက်ခံပေးပါနော်...
အန်တီလေ...မောင်ရင့်အ၀တ်တွေကို့ နေ့တိုင်းလျှော်ပေးဆိုရင်တောင်...."

"ဒေါ်လေး..."

"ဟာ...ဒေါ်ဒေါ်ကလည်း မဟုတ်တာ..."

ငြိမ်ပြီးခေါင်းတညိမ့်ညိမ့်နှင့် နားထောင်နေသည့် ဆရာနေမျိုးလည်း အလန့်တကြားဖြစ်သွားသလို
 ပုံရိပ်ကိုယ်တိုင်သည်လည်း ငုံ့နေသည့်ခေါင်းဟာချက်ချင်းထောင်လာပြီး အဒေါ့်လက်ကို  ဆုပ်ကိုင်လိုက်မိသည်။

"ဒကာမကြီးရှင်းသန့်က တူမလေးကိုအတော်ချစ်ရှာတာပဲ...နေမျိုးရဲ့အ၀တ်တွေတော့လျှော်ပေးစရာ
မလိုပါဘူး...သူ့မှာလက်ပါသားပဲ..."

"ဘုန်းဘုန်းကတော့လုပ်ပြီ...."

"တပည့်တော်...စကားမှားသွားရင်ခွင့်လွှတ်ပါ
...သမီးလေးကိုလက်မခံမှာစိုးလို့ ပြောမိတာပါဘုရား..."

ဒီကျောင်းကြီးပေါ်သို့ တက်မလာခင်အထိ အင်မတန်စိတ်ဓာတ်သန်မာလှပါသည်ဟု
ပုံရိပ်ထင်မှတ်ထားသောအဒေါ်ဟာ အခုတော့
ကိုယ့်ထက် အသက်အများကြီးငယ်တဲ့သူကို
 ရိုကျိုးစွာ ရှိခိုးမတတ်အသနားခံနေသည်။
အကြောင်းမဲ့သက်သက် ဘယ်သူ့ကိုမှ ရိုကျိုးပြနေ‌စရာမလိုဘူးဟု ဆုံးမခဲ့သည့်အဒေါ့်အတွက်
ယခုအချိန်မှာအကြောင်းပြချက်က ပုံရိပ်ဖြစ်နေမှာသေချာသည်။၀မ်းနည်းမိတယ်။
ရင်ထဲမှာ လှိုက်တက်လာပြီး ငိုချလိုက်ချင်မိတယ်။

အဒေါ့်ကိုလည်းလေးစားမိတယ်။အရင်ကထက်လည်း နှစ်ဆလောက်ချစ်ခင်မိတယ်။
ပုံရိပ်အတွက် သူ့ကိုသူနင်းပြားအဆင့်မှာ ထားထားသည့်အဒေါ်ဟာ မိထွေးတော်ဂေါဒမီလို မိန်းမမျိုးပါပဲ။ကိုယ့်ရင်နဲ့လွယ်ပြီး မွေးခဲ့တာမျိုးမရှိပါပဲ တစ်ဆင့်ခံ၍နှီးမှ နီးမည့်သွေးသားကို သူ့ရင်မှာတန်ဖိုးထားပေးရှာတယ်။
ပုံရိပ်ရဲ့အမေသာ အဒေါ့်လိုစိတ်ထားမျိုးရှိခဲ့ရင် သိပ်ကောင်းမှာပဲ။
"အမေရယ် သမီးကိုအသက်စွန့်မွေးခဲ့ပါလျှက် ဆယ်နှစ်ကျော်လောက်စောင့်ရှောက်ခဲ့ပါလျှက်နဲ့
ဘာအကြောင်းကြောင့် စွန့်ထားပစ်ရက်ရတာလဲ..."

"ကဲ...နေမျိုးရေ..ကျောင်းသားမိဘကဒီလောက်အထိ ပြောနေမှတော့လက်ခံပေးလိုက်ပါကွယ်...
ဒီကလေးက ကိုးတန်းဆိုတော့ ဒကာနိုင်တယ်မဟုတ်လား..."

"တပည့်တော်ကအဆင်ပြေပါတယ်...ကလေးမကိုသာ တပည့်တော်နဲ့သင်ချင်ရဲ့လားလို့...
မေးကြည့်ပါအုံး..."

"ဟေ...သင်ချင်လို့ပဲ ဒီအထိရောက်လာခဲ့တာမဟုတ်လား...မင်းနယ်ရစ်ပြန်ပြီ..."

"...မရစ်ပါဘူး...တပည့်တော်မေးပါရစေ...
ပုံရိပ်....တို့ဆီမှာတကယ်ပဲလာသင်ချင်သလား..."

နေမျိုးသည် ဆရာတော်ကြီးအားနှိပ်နယ်ပေးရင်းဖြင့် ခေါင်းကိုတွင်တွင်ငုံ့ကာထားသော ကလေးမကိုသေချာကြည့်၍ မေးခွန်းထုတ်လိုက်သည်။
ကိုယ့်မှာလည်း အချိန်ကလုနေရသည်။
အတန်းငယ်သည့်ကလေးတွေဟာ မကြာခင် အတန်းတင်စာမေးပွဲကြီးစတော့မည်ဖြစ်တာကြောင့် စာသေချာကူလုပ်ပေးရမည့်အချိန်ဖြစ်နေသည်။
စိတ်မရှည်နိုင်တော့သည့်အဆုံး ကောင်မလေးဘက်သို့မျက်မှောင်ကြုတ်၍ ကြည့်လိုက်မိတော့ တဖြည်းဖြည်းမော့ယူလာသည့် မျက်နှာလေးတွင် စိုးရွံ့ခြင်းတို့အနည်းငယ်စွန်းထင်းနေသည်။
သူမ၏ အဒေါ်စကားကြောင့်ရှက်သွားတာလား၊
၀မ်းနည်းသွားသလားတော့မပြောတတ်ပေ။

"သမီး...ဆရာ့ဆီမှာ စာသင်ချင်ပါတယ်...
သမီးတကယ်ကို ကြိုးစားပါ့မယ်ဆရာ..."

ကတိပေးသံ တိုးညှင်းညှင်းလေးသည် လေပြေတိုးသည့်နောက်သို့ ခပ်ယဲ့ယဲ့ပါသွားနိုင်ပေမဲ့
နေမျိုးကတော့ ကြားဖြစ်အောင်ကြားလိုက်သည်။
ဟိုတစ်နေ့ကပဲ "ဦး"လို့သုံးနှုန်းခဲ့ရာကနေ
ယခုတော့"ဆရာ"ဟု လေသံမပျော့မမာဖြင့်
ခေါ်ပြန်လေပြီ။
လုံး၀မထင်မှတ်ထားသည့် ရေစက်ဟာအင်မတန်ကိုထူးဆန်းသည်။
မိုးရေထဲမှာ ပေကပ်ကပ်ထိုင်နေသည့်
သူစိမ်းမိန်းကလေးကို စိတ်တိုတိုနှင့်အော်ငေါက်ခဲ့သည်။ နောက်တဖန် သူကကိုယ့်ကိုကျောင်းအထိ လာရှာပြီး သူ့အဒေါ်ကိုဆရာမနဲ့တွေ့ဖို့စီစဉ်ပေးမိသည့်အတွက် ရန်လာလုပ်ပြီး သူ့ကိုတဖန်ပြန်အော်ခဲ့သည်။ ဆေးရုံကအသိတစ်ယောက်ဆီကို သွားတော့လည်း ဒီကလေးမသတိလစ်ပြီး ဆေးရုံတင်ရတာတွေ့၍ ကူညီခဲ့မိပြန်သည်။
"ဟော...အခုလည်းတပည့်တော်ရအုံးမည်တဲ့..."

အခန်း(၁၃)ဆက်ရန်ရှိသည်....

🌹🌹🌹🌹🌹🌹🌹🌹🌹🌹

ဒီဇာတ်လမ်းမှာ အချိုးအကွေ့တွေများစွာရှိသေးတာကြောင့် ပုံရိပ်ရဲ့ဘ၀လေးကိုဆင်လက်စောင့်ကြည့်ပေးကြပါအုံးနော်...
🔥ခုတော့ ဆရာနေမျိုးဆီမှာတပည့်ခံလိုက်ပါအုံးမယ်😄

===========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၁၂)🔥      ဒုတိယပိုင္း



ထိုေန့ကအိမ္ျပန္ေရာက္သၫ့္အခါဆရာေနမ်ိဳးအားစာသင္ျပေပးဖို႔ရန္ လိုက္ေျပာေပးဖို႔
အေဒၚနဲ႔တိုင္ပင္ျဖစ္ခဲ့သည္။
ေဒၚကလည္းေကာင္းသားပဲဟုဆိုကာၾကည္ၾကည္ျဖဴႁဖူျဖင့္လက္ခံေပးခဲ့သည္။
ဒါ့အျပင္ပံုရိပ္ကို က်ူရွင္မထားႏိုင္သၫ့္အျဖစ္အားေတြးၿပီးေဒၚေလးစိတ္မေကာင္းျဖစ္ရွာသည္။

"ဒါလည္းက်ူရွင္တတ္တာပါပဲ ေဒၚေလးရာစိတ္မေကာင္းမျဖစ္ပါနဲ႔..."ဟုဆိုကာ ေဒၚေလးကို
ေျဖာင္းဖ်မိေလသည္။
ပံုရိပ္ေၾကာင့္ေဒၚေလးစိတ္ဆင္းရဲမွာစိတ္ညစ္ရမွာကိုမလိုလားေပမယ့္ ဆရာေနမ်ိဳးဆီမွာစာသင္ဖို႔ကိုေတာ့ေဒၚေလးလိုလူႀကီးကလိုက္ေျပာေပးတာပိုေကာင္းလိမ့္မည္ဟုေတြးမိခဲ့သည္။
ပံုရိပ္ကိုယ္တိုင္ေျပာဖို႔ရာေတာ့ နည္းနည္းေၾကာက္ေနမိသည္။

ည၇နာရီေလာက္မွာ ပံုရိပ္ႏွင့္အေဒၚသည္ထြန္းကိုႏွင့္မီးစုကိုပါေခၚကာဘုန္းႀကီးေက်ာင္းသို႔ထြက္လာခဲ့ၾကသည္။
ေဒၚေလးကေရ႔ွမွဦးေဆာင္၍ေက်ာင္းႀကီးအေပၚသို႔ ေခၚေနတာေၾကာင့္ပံုရိပ္လည္းေဒၚေလးေနာက္မွ
ခပ္ရြံ႔ရြံ႔ျဖင့္ လိုက္တက္ခဲ့ရသည္။
ေဒၚေလးသည္ ပံုရိပ္၏ကိစၥအားဘုန္းႀကီးသို႔
အရင္ဆံုးမေလ်ွာက္ဘဲနဲ႔ အျခားအလႅာပသလႅာပမ်ားႏွင့္စကားအစခ်ီေလသည္။ခဏမ်ွၾကာေတာ့မွ လာရင္ကိစၥကိုေလ်ွာက္သည္။

"လာရင္းကိစၥကေတာ့ဒီလိုပါ ဘုန္းဘုန္းရယ္
တပၫ့္ေတာ္ရဲ့အေၾကာင္းကိုလည္းဘုန္းဘုန္းသိတဲ့အတိုင္းပဲ တပၫ့္ေတာ္ကပဲျပဳတ္ေရာင္းရၿပီးသူမ်ားအိမ္မွာခ်က္ျပဳတ္ေလ်ွာ္ဖြတ္လုပ္ရေတာ့
ကိုယ့္ကေလးေတြကိုလည္းဝမ္း၀ရံုနဲ႔ေက်ာင္းေလးကိုတတ္ႏိုင္ရံုထားႏိုင္တာကလဲြလို႔သိပ္မတတ္ႏိုင္တဲ့ဘဝပါ..."

"အင္း...ဒကာမႀကီးလည္းသိပ္ပင္ပန္းရွာမွာပဲကြယ္
...ဘုန္းဘုန္းလည္းစာနာမိပါတယ္..
ေလာကဓံတရားဆိုတာလူတိုင္းႄကံုေတြ့ရမွာပါပဲ
...ထူးၿပီးေတာ့စိတ္မညစ္ပါနဲ႔...အကူအညီလိုလည္းဘုန္းဘုန္းတို႔ကိုေျပာေပါ့ဟုတ္လား..."

"မွန္ပါ့ဘုရား...အခုလည္းအကူအညီေတာင္းခ်င္လို႔လာခဲ့တာပါဘုရား...အျခားေတာ့မဟုတ္ပါဘူးဘုရား...ပညာေရးနဲ႔ပတ္သက္ၿပီးပါ....."

"ဟုတ္သလား...ပညာေရးနဲ႔ပတ္သက္တယ္ဆိုရင္ေတာ့ဘုန္းဘုန္းအတြက္အကူညီႏိုင္ဆံုးေပါ့ကြယ္...ဘုန္းဘုန္းကလည္းေက်ာင္းဖြင့္ထားတာဆိုေတာ့...ေျပာမွာသာေျပာပါ အားမနာပါနဲ႔.."

"ဒီလိုပါ... တူမေလးကလည္းေက်ာင္းမွာအဂၤလိပ္စာအခက္အခဲရိွေနတယ္လို႔ေျပာလာေတာ့က်ူရွင္ကလည္းထားဖို႔ရာပိုက္ဆံကမတတ္ႏိုင္ဘူးျဖစ္ေနတယ္...အဲဒါဘုန္းဘုန္းရဲ့ေက်ာင္းကဆရာေနမ်ိဳးဆိုတာေလ သူကကေလးေတြကိုညဘက္စာျပေပးေနတယ္ဆိုလို႔သူ႔ဆီမွာအပ္လို႔ ရႏိုင္မလားဆိုၿပီးအေတြးနဲ႔...လာခဲ့တာပါဘုရား...မရဘူးဆိုရင္လည္းတပၫ့္ေတာ္တျခားနည္းလမ္းၾကၫ့္ၿပီးစီစဉ္ရမွာေပါ့ေလ..."

"ဘယ့္ႏွယ္ တျခားနည္းလမ္းၾကၫ့္ၿပီးစီစဉ္ရမွာတုန္း....ရကိုရရမွာေပါ့ဒကာမႀကီးရယ္
ေနမ်ိဳးကလည္းေက်ာင္းသားေတြကိုစာသင္ေပးေနတဲ့ဥစၥာဘဲ အခုေတာင္သူ႔အခန္းထဲမွာေက်ာင္းသားေတြေရာက္ေနေလာက္ၿပီ...
..ကဲ...ဘုန္းဘုန္းေနမ်ိဳးကိုေခၚခိုင္းလိုက္မယ္ဟုတ္ၿပီလား....."

"တင္ပါ့ဘုရား...ဒီလိုဆိုရင္ေတာ့အဆင္ေျပတာေပါ့ဘုရား...တပၫ့္ေတာ္လည္းဝမ္းသာလြန္းလွပါတယ္
....ကေလးကလည္းသံုးေယာက္ဆိုေတာ့တပၫ့္ေတာ္လည္းဒီတစ္ေယာက္တည္းကိုကြက္ၿပီးက်ူရွင္မထားေပးႏိုင္ဘူးဘုရား အဲဒီအတြက္လည္းအင္မတန္စိတ္မေကာင္းျဖစ္ရပါတယ္..."

"စိတ္မေကာင္းမျဖစ္ပါနဲ႔ကြယ္...ကိုရင္တို႔ႏွစ္ေယာက္...ဒီကိုလာပါအံုး..."

ဘုန္းဘုန္းက ထိုင္ခံုတြင္ေျခဆင္းထိုင္ရင္း ေက်ာင္းေဆာင္၏ ေထာင့္ဘက္က်က်တြင္
ထိုင္ေနေသာ ကိုရင္ႏွစ္ပါးကိုလွမ္းေခၚလိုက္ေလသည္။
ကိုရင္ေလးေတြကလည္း လက္အုပ္ေလးေတြခ်ီကာ ေရာက္လာၾကသည္။
ကိုရင္ငယ္ေလးေတြအနားသို႔ေရာက္သည္ႏွင့္
ဘုန္းဘုန္းသည္ သကၤန္းေခါက္ကို ပခံုးေပၚသို႔
ပင့္တင္လ်ွက္  မိန႔္ေလသည္။

"ဒကာေနမ်ိဳးကို သြားေခၚစမ္းပါအံုး...
ဒီမွာအေရးႀကီးဧၫ့္သည္ ေရာက္ေနတယ္လို႔ေျပာ
...ၾကားလား...."

"တင္ပါ့ဘုရား..."

ကိုရင္ေတြ ထြက္သြားၿပီးေနာက္ ဘုန္းဘုန္းကေခ်ာင္းနည္းနည္းဟန႔္လိုက္ၿပီး သလိပ္ကိုေထြးထုတ္ဖို႔ရန္ ေထြးခံကို စမ္းေလရာ ေဒၚေလးကထယူေပးလိုက္ေလသည္။

"အင္း...ဒကာမရဲ့အမ်ိဳးသားသက္ေဆြသတင္းေရာ ဘာၾကားေသးလဲ..."

"ဘာသတင္းမွမၾကားပါဘူးဘုန္းဘုန္းရယ္...
အင္မတန္ေနႏိုင္တဲ့လူပါ...သားမယားမ်က္ႏွာကိုလည္းမေထာက္ပါဘူး...သူလုပ္ခ်င္ရာလုပ္
သူေနခ်င္သလိုေနတာပါ..."

"သူလည္း တယ္ဆိုးတာပဲကြယ္...သားမယားကလိမၼာပါလ်ွက္နဲ႔ မိုက္တြင္းကသိပ္နက္တယ္...
ဒါေပမဲ့ ေက်ာင္းေဝယ်ာ‌၀စၥေကိုေတာ့ လာလာလုပ္တတ္တယ္ ..မနက္ဆြမ္းအလႉထြက္ရင္သူတို႔က
ပါေနၾကဆိုေတာ့ ဘုန္းဘုန္းလည္းေတြ့တုန္းေတာ့ ဆံုးမလႊတ္တာပါပဲ..."

"ဘုန္းဘုန္းဆံုးမလည္း မရပါဘူး...
သူကေခြးမွီးေကာက္ က်ီေတာက္စြတ္ပါေလ..
မရိွတာပဲေအးပါတယ္ ရိွရင္ထြန္းကိုလည္း
အေဖ့ေျခရာနင္းမွာစိုးရတယ္..."

အေဒါ့္ရဲ့စကားကို ထြန္းကိုသာၾကားရင္ေတာ့ဟုသာ စိတ္ထဲမွာႀကိတ္၍ညီးလိုက္မိသည္။
အခုလည္း သူတို႔ေမာင္ႏွမႏွစ္ေယာက္သည္ ေက်ာင္းကိုေရာက္တုန္း ဘုရားရင္‌ျပင္ေပၚမွာကိုရင္ငယ္ေလးေတြႏွင့္ သြားေဆာ့ေနၾကေလရဲ့။

ထြန္းကိုဟာ လူကသာအသက္ငယ္ေပမဲ့ စိတ္ကေတာ့ သိပ္ႀကီးသည္။လူႀကီးေတြရဲ့ စကားအက်အနကိုလည္း နားလည္လြယ္တာေၾကာင့္ ကေလးလူႀကီးလို႔ေျပာရမည္။အင္မတန္လည္း စကားတတ္ၿပီး အျခားလူတစ္ေယာက္ရဲ့ စကားကိုလည္းကေလးေပမဲ့ ဘယ္လိုေခ်ပရမလဲ ေကာင္းေကာင္းသိသည္။ တစ္ၿခံေက်ာ္ေဈးဆိုင္က သူနဲ႔ရြယ္တူကေလးမေလးဆိုရင္ သူ႔ကို
"လူလည္ေလး လူလည္ေလး.."ဆိုၿပီးစေနာက္တတ္သည္။

ဒီေလာက္သိတတ္ေနလို႔လည္း ထြန္းကိုဟာ
သူ႔အ‌ေဖကို  သိပ္မုန္းသည္။သူ႔အေဖနဲ႔အေမရန္ျဖစ္လ်ွင္ ဦးသက္ေဆြကအေဒါ့္ကိုကိုယ္ထိလက္ေရာက္
လုပ္လိုက္တိုင္း အားမတန္ေပမဲ့ အံတႀကိတ္ႀကိတ္ႏွင့္ အေဖကိုေစာင္းမဲမဲၾကၫ့္ေနတတ္သည္။

သူ႔အေဖထြက္သြားၿပီးေနာက္ပိုင္း မိစုကသာ
အေဖကိုတၿပီး
"အေဖ ဘယ္သြားသလဲ..ျပန္မလာေသးဘူးလား..."
ေမးတတ္ေပမဲ့ ထြန္းကိုကေတာ့ အေဖဆိုသၫ့္
 နာမ္စားကိုတစ္စက္ေတာင္ မဟဘူး။

မိစုက သူ႔အေဖကိုေမးရင္ေတာင္
 "နင္ကအေဖ့ကိုျပန္ေခၚၿပီး အေမ့ကိုရိုက္ခိုင္းမလို႔လား.."ဟု ပက္ကနဲျပန္ေျပာတတ္သည္။
ကေလးေတြဆိုေပမဲ့ သူတို႔ေလးေတြမွာလည္း
ထိရွလြယ္သၫ့္အသဲႏွလံုးႏွင့္ခ်င့္ခ်ိန္ႏိႈင္းဆတတ္သည့္ၪီး‌ေနွာက္ရိွသည္ျဖစ္၍ ခံစားခ်က္စီး၀င္လြယ္ၿပီး စိတ္ဒဏ္ရာအထိနာတတ္သည္။
ပံုရိပ္ေတာင္ မိဘနဲ႔ကဲြေနတာ ႏွႏွစ္ေက်ာ္ေနေပမဲ့ ယခုအခ်ိန္အထိ ရင္ထဲမွာနာေနတုန္းပါပဲ။

အခုျပန္ေတြးရင္ အခုအသစ္ျဖစ္တယ္။
မိဘဆိုတာဟာ တန္ဖိုးျဖတ္၍မရႏိုင္သည့္ရတနာတစ္ပါးျဖစ္တာေၾကာင့္ သူတို႔ေပးသြားတဲ့ဒဏ္ရာကလည္း ဘယ္ေသာအခါမွေပ်ာက္တယ္ရယ္လို႔ရိွမွာမဟုတ္ဘူး။
အခ်ိန္ၾကာေလ ဒဏ္ရာဟာပိုနက္ေလ ၊ပိုနာေလ ၊
ပိုမုန္းေလပဲ။

"ေဟာ...ဟိုမွာဒကာေနမ်ိဳးေတာင္လာၿပီပဲ
ေနမ်ိဳးေရ လာဒီမွာထိုင္စမ္းပါအံုး..."

ပံုရိပ္အေတြးလြန္ေနစဉ္တြင္ အေဒၚႏွင့္ဘုန္းဘုန္း၏
စကားပဲြလည္း ရပ္သိမ္းသြားသၫ့္နည္းတူ အေနာက္ဘက္‌မွေက်ာင္းေပၚသို႔တက္လာေသာ
 ေျခသံေတြကိုလည္းအတိုင္းသားၾကားေနရေလသည္။အေဒၚက လွၫ့္ၾကၫ့္ေပမဲ့လို႔ ပံုရိပ္ကေတာ့ေခါင္းကိုသာတြင္တြင္ငံု႔၍ ကတီပါေကာ္ေဇာခင္းကိုသာ ၾကၫ့္သလို၊မၾကၫ့္သလိုလုပ္ေနလိုက္သည္။

"အရွင္ဘုရားေခၚခိုင္းလိုက္တယ္ဆိုလို႔ ေက်ာင္းသားေတြကိုပစ္ထားခဲ့ရတယ္အတန္းငယ္
ေလးေတြက စာေမးပဲြႀကီးနီးေနၿပီဘုရာ့..."

"အမယ္ေလး ဘုန္းဘုန္းထက္အလႈပ္ရႈပ္သူနဲ႔
လာေတြ့ေနပါေပါ့လား...တို႔အခ်ိန္အမ်ားႀကီးမယူပါဘူးကြ...အဟြတ္...အဟြတ္..."

"စကားေတြအမ်ားႀကီးမေျပာပါနဲ႔ ဘုန္းဘုန္းရယ္
...ေနကမေကာင္းပါပဲ..."

ေက်ာင္းေပၚသို႔ မေရာက္ေသးပါပဲ တံခါး၀မွာတည္းက ဘုန္းႀကီးႏွင့္အတိုင္အေဖာက္ကညီေနသည္။
ေန့လည္က ဦးဇင္းႃပံုးခ်ိဳေျပာခဲ့ေသာ စကားေတြကို သတိရမိေတာ့ဆရာေနမ်ိဳးကို အရမ္းေလးစားမိသည္။ေက်ာင္းေပၚသို႔ ေျခသံသိပ္မျမည္ေအာင္နင္းရင္း ဘုန္းႀကီးဆီသို႔ သူဦးတည္၍သြားေနေလသည္ ။

ဘုန္းႀကီး၏ ႀကိမ္ကုလားထိုင္အေျခရင္းတြင္ ခ်ထားေသာေထြးခံခြက္ကိုယူကာ ဘုန္းဘုန္းကိုသလိပ္ေထြးေစသည္။ဘုန္းဘုန္း၏ ခံုအေရ႔ွတြင္
ဒူးေထာက္ကာေနေပမဲ့ ပံုရိပ္တို႔၏ဘက္သို႔ ေက်ာခိုင္းအေနအထားျဖစ္ေနသည္ေၾကာင့္
သူ႔ရဲ့ေက်ာျပင္ကို ေငးၾကၫ့္ရဲတာျဖစ္သည္။
ပုဆိုးအျပာအကြက္က်ဲႀကီးကို ဒူးနားေလာက္အထိ ၀တ္ထားၿပီး ခါးပံုစကိုလည္းျဖစ္သလိုရွည္ရွည္ထုတ္ထားသည္။စြတ္က်ယ္ခ်ိဳင္းျပတ္အျဖဴက ေက်ာမွာအေပါက္အေသးေလးေတြရိွေနသည္။

ကိုယ္ေတြလည္း ဆင္းရဲေပမဲ့ ဒီလိုအေပါက္အၿပဲေတြ ၀တ္ၿပီးေတာ့ လူေရ႔ွသူေရ႔ွတစ္ခါမွမထြက္ရဲခဲ့ေပ။သူကေတာ့ အျပင္ပန္းပံုသ႑န္ကို ဂရုစိုက္မဲ့ပံုမေပၚဘူး။
ဟုတ္ပါတယ္ေလ လူဆိုတာအေပၚယံဘယ္ေလာက္ပဲ လွပေခ်ာေမြ့ေနပါ‌ေစ အတြင္းစိတ္ပုပ္ေနပါက သိပ္ကိုေၾကာက္ဖို႔ေကာင္းတယ္။
ဆရာေနမ်ိဳး၏ေက်ာျပင္ကို ၾကၫ့္ေနမိရာမွ
သူကဒီဘက္လွၫ့္လာေတာ့ ကတၲီပါေကာ္ေဇာ္ေပၚသို႔သာ ျပန္ငံု႔ၾကၫ့္ေနလိုက္သည္။

"ေနမ်ိဳး...ဒီဒကာမေတြကိုေတာ့ သိေနၿပီးသားထင္ပါတယ္....အခုဒကာမႀကီးရွင္းသန႔္က သူ႔တူမေလးကို ဒကာ့ဆီမွာ စလာသင္ခိုင္းခ်င္လို႔တဲ့..."


"ဟုတ္ပါတယ္ ေမာင္ေနမ်ိဳးရယ္..အေဒၚကေက်ာင္းက်ူရွင္ေတြ၊အျပင္က်ူရွင္ေတြ ဘာေတြလည္းထားဖို႔မတတ္ႏိုင္ပါဘူးကြယ္...ရိွစုမွတ္စုေငြေလးနဲ႔ မိသားစုေလာက္ငွေအာင္ စားေသာက္ေနရေတာ့ ကေလးကိုပညာေရးမွာထူးခၽြန္ေစခ်င္ေပမဲ့ အမ်ားႀကီးလည္းမေထာက္ပံ့ႏိုင္ဘူး...ပံုပံုေလးရဲ့ေက်ာင္းကအေျခအေနကိုလည္း ေမာင္ရင္သိၿပီးျဖစ္မွာပါ.
.."

"ဟုတ္ကဲ့ ကၽြန္ေတာ္သိပါတယ္ ေဒၚေဒၚ..."

"ေအးကြယ္...ဟိုတစ္ခါေဆးရံုမွာတည္းက
သမီးေလးပံုပံု ဘယ္ေလာက္‌ႀကိဳးစားျပဳျပင္
ေနေၾကာင္း ေျပာခဲ့ၿပီးသားပဲ..ဒီေတာ့‌ေမာင္ရင္
သမီးေလးကို တပၫ့္အျဖစ္လက္ခံေပးပါေနာ္...
အန္တီေလ...ေမာင္ရင့္အ၀တ္ေတြကို႔ ေန့တိုင္းေလ်ွာ္ေပးဆိုရင္ေတာင္...."

"ေဒၚေလး..."

"ဟာ...ေဒၚေဒၚကလည္း မဟုတ္တာ..."

ၿငိမ္ၿပီးေခါင္းတညိမ့္ညိမ့္ႏွင့္ နားေထာင္ေနသၫ့္ ဆရာေနမ်ိဳးလည္း အလန႔္တၾကားျဖစ္သြားသလို
 ပံုရိပ္ကိုယ္တိုင္သည္လည္း ငံု႔ေနသၫ့္ေခါင္းဟာခ်က္ခ်င္းေထာင္လာၿပီး အေဒါ့္လက္ကို  ဆုပ္ကိုင္လိုက္မိသည္။

"ဒကာမႀကီးရွင္းသန႔္က တူမေလးကိုအေတာ္ခ်စ္ရွာတာပဲ...ေနမ်ိဳးရဲ့အ၀တ္ေတြေတာ့ေလ်ွာ္ေပးစရာ
မလိုပါဘူး...သူ႔မွာလက္ပါသားပဲ..."

"ဘုန္းဘုန္းကေတာ့လုပ္ၿပီ...."

"တပၫ့္ေတာ္...စကားမွားသြားရင္ခြင့္လႊတ္ပါ
...သမီးေလးကိုလက္မခံမွာစိုးလို႔ ေျပာမိတာပါဘုရား..."

ဒီေက်ာင္းႀကီးေပၚသို႔ တက္မလာခင္အထိ အင္မတန္စိတ္ဓာတ္သန္မာလွပါသည္ဟု
ပံုရိပ္ထင္မွတ္ထားေသာအေဒၚဟာ အခုေတာ့
ကိုယ့္ထက္ အသက္အမ်ားႀကီးငယ္တဲ့သူကို
 ရိုက်ိဳးစြာ ရိွခိုးမတတ္အသနားခံေနသည္။
အေၾကာင္းမဲ့သက္သက္ ဘယ္သူ႔ကိုမွ ရိုက်ိဳးျပေန‌စရာမလိုဘူးဟု ဆံုးမခဲ့သၫ့္အေဒါ့္အတြက္
ယခုအခ်ိန္မွာအေၾကာင္းျပခ်က္က ပံုရိပ္ျဖစ္ေနမွာေသခ်ာသည္။၀မ္းနည္းမိတယ္။
ရင္ထဲမွာ လိႈက္တက္လာၿပီး ငိုခ်လိုက္ခ်င္မိတယ္။

အေဒါ့္ကိုလည္းေလးစားမိတယ္။အရင္ကထက္လည္း ႏွစ္ဆေလာက္ခ်စ္ခင္မိတယ္။
ပံုရိပ္အတြက္ သူ႔ကိုသူနင္းျပားအဆင့္မွာ ထားထားသၫ့္အေဒၚဟာ မိေထြးေတာ္ေဂါဒမီလို မိန္းမမ်ိဳးပါပဲ။ကိုယ့္ရင္နဲ႔လြယ္ၿပီး ေမြးခဲ့တာမ်ိဳးမရိွပါပဲ တစ္ဆင့္ခံ၍ႏွီးမွ နီးမၫ့္ေသြးသားကို သူ႔ရင္မွာတန္ဖိုးထားေပးရွာတယ္။
ပံုရိပ္ရဲ့အေမသာ အေဒါ့္လိုစိတ္ထားမ်ိဳးရိွခဲ့ရင္ သိပ္ေကာင္းမွာပဲ။
"အေမရယ္ သမီးကိုအသက္စြန႔္ေမြးခဲ့ပါလ်ွက္ ဆယ္ႏွစ္ေက်ာ္ေလာက္ေစာင့္ေရွာက္ခဲ့ပါလ်ွက္နဲ႔
ဘာအေၾကာင္းေၾကာင့္ စြန႔္ထားပစ္ရက္ရတာလဲ..."

"ကဲ...ေနမ်ိဳးေရ..ေက်ာင္းသားမိဘကဒီေလာက္အထိ ေျပာေနမွေတာ့လက္ခံေပးလိုက္ပါကြယ္...
ဒီကေလးက ကိုးတန္းဆိုေတာ့ ဒကာႏိုင္တယ္မဟုတ္လား..."

"တပၫ့္ေတာ္ကအဆင္ေျပပါတယ္...ကေလးမကိုသာ တပၫ့္ေတာ္နဲ႔သင္ခ်င္ရဲ့လားလို႔...
ေမးၾကၫ့္ပါအံုး..."

"ေဟ...သင္ခ်င္လို႔ပဲ ဒီအထိေရာက္လာခဲ့တာမဟုတ္လား...မင္းနယ္ရစ္ျပန္ၿပီ..."

"...မရစ္ပါဘူး...တပၫ့္ေတာ္ေမးပါရေစ...
ပံုရိပ္....တို႔ဆီမွာတကယ္ပဲလာသင္ခ်င္သလား..."

ေနမ်ိဳးသည္ ဆရာေတာ္ႀကီးအားႏိွပ္နယ္ေပးရင္းျဖင့္ ေခါင္းကိုတြင္တြင္ငံု႔ကာထားေသာ ကေလးမကိုေသခ်ာၾကၫ့္၍ ေမးခြန္းထုတ္လိုက္သည္။
ကိုယ့္မွာလည္း အခ်ိန္ကလုေနရသည္။
အတန္းငယ္သၫ့္ကေလးေတြဟာ မၾကာခင္ အတန္းတင္စာေမးပဲြႀကီးစေတာ့မည္ျဖစ္တာေၾကာင့္ စာေသခ်ာကူလုပ္ေပးရမၫ့္အခ်ိန္ျဖစ္ေနသည္။
စိတ္မရွည္ႏိုင္ေတာ့သၫ့္အဆံုး ေကာင္မေလးဘက္သို႔မ်က္ေမွာင္ၾကဳတ္၍ ၾကၫ့္လိုက္မိေတာ့ တျဖည္းျဖည္းေမာ့ယူလာသၫ့္ မ်က္ႏွာေလးတြင္ စိုးရြံ႔ျခင္းတို႔အနည္းငယ္စြန္းထင္းေနသည္။
သူမ၏ အေဒၚစကားေၾကာင့္ရွက္သြားတာလား၊
၀မ္းနည္းသြားသလားေတာ့မေျပာတတ္ေပ။

"သမီး...ဆရာ့ဆီမွာ စာသင္ခ်င္ပါတယ္...
သမီးတကယ္ကို ႀကိဳးစားပါ့မယ္ဆရာ..."

ကတိေပးသံ တိုးၫွင္းၫွင္းေလးသည္ ေလေျပတိုးသၫ့္ေနာက္သို႔ ခပ္ယဲ့ယဲ့ပါသြားႏိုင္ေပမဲ့
ေနမ်ိဳးကေတာ့ ၾကားျဖစ္ေအာင္ၾကားလိုက္သည္။
ဟိုတစ္ေန့ကပဲ "ဦး"လို႔သံုးႏႈန္းခဲ့ရာကေန
ယခုေတာ့"ဆရာ"ဟု ေလသံမေပ်ာ့မမာျဖင့္
ေခၚျပန္ေလၿပီ။
လံုး၀မထင္မွတ္ထားသၫ့္ ေရစက္ဟာအင္မတန္ကိုထူးဆန္းသည္။
မိုးေရထဲမွာ ေပကပ္ကပ္ထိုင္ေနသၫ့္
သူစိမ္းမိန္းကေလးကို စိတ္တိုတိုႏွင့္ေအာ္ေငါက္ခဲ့သည္။ ေနာက္တဖန္ သူကကိုယ့္ကိုေက်ာင္းအထိ လာရွာၿပီး သူ႔အေဒၚကိုဆရာမနဲ႔ေတြ့ဖို႔စီစဉ္ေပးမိသၫ့္အတြက္ ရန္လာလုပ္ၿပီး သူ႔ကိုတဖန္ျပန္ေအာ္ခဲ့သည္။ ေဆးရံုကအသိတစ္ေယာက္ဆီကို သြားေတာ့လည္း ဒီကေလးမသတိလစ္ၿပီး ေဆးရံုတင္ရတာေတြ့၍ ကူညီခဲ့မိျပန္သည္။
"ေဟာ...အခုလည္းတပၫ့္ေတာ္ရအံုးမည္တဲ့..."

အခန္း(၁၃)ဆက္ရန္ရိွသည္....

🌹🌹🌹🌹🌹🌹🌹🌹🌹🌹

ဒီဇာတ္လမ္းမွာ အခ်ိဳးအေကြ့ေတြမ်ားစြာရိွေသးတာေၾကာင့္ ပံုရိပ္ရဲ့ဘ၀ေလးကိုဆင္လက္ေစာင့္ၾကၫ့္ေပးၾကပါအံုးေနာ္...
🔥ခုေတာ့ ဆရာေနမ်ိဳးဆီမွာတပၫ့္ခံလိုက္ပါအံုးမယ္😄

No comments:

Post a Comment