🔥ဆူးကြိုး...🔥အခန်း(၁၂)🔥 ပထမပိုင်း

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

 

🔥ဆူးကြိုး...🔥အခန်း(၁၂)🔥     ပထမပိုင်း


 ပုံရိပ်သည် လမ်းမကြီးပေါ်တွင် မလှုပ်မယှက်ဖြင့် တွေငေးနေမိသည်။
ညာဘက်အခြမ်းတွင်တော့ လမ်သွယ်လေးတစ်ခုရှိပြီး ချိုးကွေ့၀င်သွားမည်ဆိုလျှင် အိမ်ဆိုသည့် နွေးထွေးရာ ရပ်၀န်းလေးဆီသို့ခြေချမိလိမ့်မည်။
ဒီလမ်းမကြီးအတိုင်းရှေ့ဆက်သွားမည်ဆိုပါက ရပ်ကွက်၏ ကျက်သရေများပေါင်းစုတည်နေရာ ဘုန်းကြီးကျောင်းသို့ ဆိုက်မြိုက်စွာရောက်နိုင်သည်။

 လမ်းစတစ်ခုသည် မျှော်လင့်ချက်ရောင်ခြည်ထွန်းလင်းနေသော လမ်းဖြစ်ပေမဲ့ တစ်ခါမျှ မစမ်းသက်ခဲ့ဖူး၍ စိမ်းသက်နေသည့်ခံစားချက်က စိုးရိမ်ပူပန်မှုတွေကိုပါ ဖြစ်လာစေသည်။
ငါအောင်မြင်ပါ့မလား။ငါ့ကိုလက်ခံပါ့မလား။တကယ်ပဲ ငါ့အတွက်အကျိုးရှိပါ့မလားဆိုသည့်
တအုံနွေး‌နွေး ပူပန်မှုတွေသည်
စတင်လှုပ်ရှားမှုမပြုခင်လေးမှာတင်
လည်ပတ်နေသော စိတ္တဇတို့ဖြစ်သည်။

"နည်းမှန် လမ်းမှန်ညွှန်ပြပေးနိုင်မည့်ဆရာ..."
ဆိုသောဟိန်းကို၏ စကားကိုအထပ်ထပ်ကြား‌
ယောင်လိုက်မိတိုင်း ပုံရိပ်၏အတွေးထဲသို့
၀င်ရောက်လာသောပထမဦးဆုံးမျက်နှာဟာ
 ဦးနေမျိုးဖြစ်နေသည်။
သူနဲ့ပုံရိပ်က ရင်းနှီးသလားဆိုရင်
ခေါင်းခါရပေလိမ့်မည်။

ရင်နှီးသည်ဆိုသော အတိုင်းအတာဟာ ဘယ်လိုပုံစံမျိုးလည်း မသိပေမဲ့ သူကပုံရိပ်ကို ဆုံးမစကားပြောတဲ့အချိန်တိုင်းမှာ ကိုယ့်ရဲ့သွေးသားရင်းချာတစ်ယောက်ဟာ ကိုယ့်အပေါ်မှာစေတနာမေတ္တာအပြည့်‌နဲ့ ဆက်ဆံပြောဆိုနေသလို ခံစားချက်မျိုး
 ရစေသည်။
ညဘက်တွေအထိ စာစုသင်ကြတဲ့သူ့ရဲ့ ကျောင်းသားတွေထဲတွင် နောက်ထပ်အသစ်
တစ်ယောက်တိုးလာမည်ဆိုပါက သူစိတ်ခုလောက်မည်မထင်ပါဘူး။

သူ့ပုံစံက အရမ်းကြီးချိုသာတဲ့ပုံမပေါ်ပေမဲ့ သဘောတော့ကောင်းလောက်သည်။
သဘောကောင်းလို့လည်း ရေခဲရေတွေကပ်ပေးပြီး
ဆန်ပြုတ်ငါးရာဖိုး ၀ယ်တိုက်ခဲ့တာပေါ့။ဒါတင်မကသေးပဲ ပုံရိပ်ကိုဘယ်သူဘယ်ဝါမှန်းမသိခင်တည်းက မိုးရေစိုနေ၍ ဘောင်းဘီနဲ့အိင်္ကျီလေးတောင်လက်‌ဆောင်ပေးခဲ့သည်။

"ငါဘာတွေ တွေးပြီးကြောက်နေရတာလဲ...
စာသင်ပေးဖို့ ကိစ္စလေးပြောရတာကိုပဲ
ဘာစိတ်လေးစရာရှိသလဲ..သူလည်းစာသင်ပေးနေတဲ့ဆရာတစ်ယောက်ပဲဥစ္စာ တပည့်တစ်ယောက်တိုးတာလောက်ကတော့ ပုံမှန်ကိစ္စလေးပါပဲ...."

ရှေ့လည်းဆက်မတိုး နောက်လည်းဆက်မရွေ့ပါပဲ ထိုလမ်းထိပ်ရှိ အုတ်ခုံတွင် ငုတ်တုတ်ထိုင်နေမိရာမှ မတ်တတ်ထရပ်လိုက်ပြီး ဘာဖြစ်ဖြစ်စမ်းကြည့်မည်ဆိုသည့်စိတ်နှင့် အားခဲလျှက်လမ်းမကြီးတည့်တည့်လျှောက်လာခဲ့လိုက်သည်။ကားလမ်းအထိပေါက်သောလမ်းမကြီးဖြစ်ပေမဲ့ နေလုံးက‌ဦးခေါင်းတည့်တည့်သို့ရောက်ရှိနေ၍ ကိုယ့်အရိပ်ကိုပြန်နင်းနေရသော အချိန်ဖြစ်၍ ဖြတ်သွားဖြတ်လာယာဥ်တွေကလည်း ရှားနေသည်။

ထီးမပါပဲ နေပူပူကိုမိုးရွာနေသည့်အလား တစ်ကိုယ်တည်းခြေလှမ်းကျဲကြီးများဖြင့် ခပ်ဆောင့်ဆောင့်နင်းလာခဲ့လိုက်သည်။မသိလျှင် ကတ္တာရာလမ်းနှင့်ကိုယ်ဟာ ရန်ဖြစ်ထားသည့်အလား။လမ်းမကြီးဘေး‌တွင်ဖြစ်၍ လမ်းဘေးအအေးဆိုင်နှင့်မုန့်ဆိုင်တွေ ရှိကြပေမဲ့ ဘုန်းကြီးကျောင်းနားသို့နီးလာလေ အိမ်ခြေက
ခပ်ကျဲကျဲတွေသာရှိလေဖြစ်သည်။

အမှန်တကယ်ဆိုရင် ကျောင်းသားတစ်ယောက်အတွက် စာသင်ဖို့ဆရာဆီသွားရတာဟာ အုပ်ထိန်းသူတွေ၏လုပ်ရိုးလုပ်စဉ်တစ်ခုလို့
ဆိုရမည်။ဒါမှလည်း ပိုလေးနက်သည်မဟုတ်ပါလား။သို့ပေမဲ့ ပုံရိပ်၏အဒေါ်က အခုအချိန်လောက်ဆိုရင် အိမ်မှာတရေးအိပ်ရင်အိပ် ၊သို့မဟုတ်ပါက အခြားအိမ်တွေမှာ အိမ်မှုကိစ္စကို အခစားနှင့်သွားလုပ်နေရလောက်သည်။
ထို့ကြောင့်  ကိုယ့်အတွက်သင်‌ပြပေးမည့်ဆရာဆီသို့ ကိုယ်တိုင်သွားလိုက်တာဟာ သူများတွေကို
အလှုပ်ရှုပ်သက်သာစေလိမ့်မည်။

"သုခချမ်းသာပရိယတ္တိဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်.."ဆိုသည့် မုခ်ဦးအ၀င်အ၀မှထွင်းထားသည့် စာတန်းကြီးကို
တစ်ချက်မျှ မော့ကြည့်လိုက်ပြီးနောက် ကျောင်း၀န်းထဲသို့ ဖိနပ်ချွတ်၍ ၀င်လာလိုက်မိသည်။စ၀င်တည်းက အလှပန်းတွေကို ပန်းအိုးအကြီးအငယ်ဖြင့်
စိုက်ထားတာကြောင့် လမ်းမအလယ်ကသာ
ခပ်ရွံ့ရွံ့၀င်မိသည်။မုန့်စားဆင်းချိန်ဖြစ်၍ ကျောင်းသားတွေဟာ အတန်းအပြင်မှာသာ အများဆုံးရှိနေကြသည်။

‌အချို့က စိန်ပြေးတမ်းကစားနေကြသည်။
အချို့က ကျောင်းထဲသို့ ၀င်လာရောင်းသည့်
ချဉ်ပေါင်းသည်အနားသို့ ဝိုင်းပတ်၍ ငုတ်တုတ်ကလေးတွေထိုင်ကာ စောင့်နေကြသည်။
အချို့ကလေးများကတော့ ပုံရိပ်ကိုသတိထားမိကြပြီး လှမ်းကြည့်ကြသည်။

ပင်မကျောင်းဆောင်ကြီးနှင့် ဆက်လျှက်ရှိသော အဆောင်ငယ်လေး၏အောက်တွင်
နေအေး၍ထင်သည် ကျောင်းစိမ်းနှင့် ဆရာမလေးတွေဟာ ခုံပြန့်အကျယ်ကြီးအပေါ်သို့ ထမင်းချိုင့်ကလေးတွေကိုတင်လျှက် အပြုံးကိုယ်စီဖြင့် စားနေသောက်နေကြသည်။
သူတို့အားလုံးဟာ သူတို့လုပ်နေကြနေ့စဉ်
ဆောင်တာကို ‌လုပ်နေကြခြင်းဖြစ်ပေမဲ့ ပုံရိပ်တစ်ယောက်တည်းကသာ ထူးကဲပြီးစိုးထိတ်နေခြင်းဖြစ်သည်။

ဆရာနေမျိုးသည် တပည့်အဖြစ်လက်မခံမည်ကို ဆဲဆို၍လွှတ်လိုက်မှာထက် ပို‌ကြောက်နေမိသည်။
စာမေးပွဲမှာ ရလဒ်တွေအရင်ကထက်ပိုကောင်းလာပေမဲ့ အိင်္ဂလိပ်စာအမှတ်တွေကနည်းတုန်းပါပဲ။
မြန်မာစာနဲ့ သင်္ချာကတော့ အင်္ဂလိပ်လိုတွေမဟုတ်သေးတော့ လုပ်ရတာအခက်အခဲသိပ်မရှိပေမဲ့
ရူပနှင့်ဓာတုမှာတော့ အခက်အခဲအချို့ရှိနေသည်။

"ဆရာမ..."

ထမင်းလက်ဆုံစားနေကြသော ဆရာမလေးတွေအနားသို့ မရဲတရဲဖြင့်တိုးသွားမိသည်။ဆရာမလေးတွေကလည်း မျက်လုံးအရောင်လေးတွေတောက်ပစွာ ကြည့်လာကြသည်။ သဘောကောင်းကြမည့်ပုံတွေပါပဲ။

"ဘာပြောစရာရှိလို့လည်း သမီးရဲ့..."

ဆရာမလေးကိုကြည့်ရတာ အသက်ကဆရာနေမျိုးနှင့် သိပ်မကွာလောက်ပေ။ဒါပေမဲ့ ပုံရိပ်ကိုတော့ နွေးထွေးလွန်းစွာ သမီးဟုသုံးနှုန်း၍ စကားစလာသည်။အသားအရည်လေးက ကြည်လင်နေပြီး
တကယ့်ကိုယဉ်ယဉ်လေးနှင့် တင့်လေသည်။
အဖြူရောင် တက္ကသိုလ်ရင်ဖုံးလေးကို
၀တ်ထားသည်မို့ မျက်နှာလေးကပါ အေးမြသည်။
ပုံရိပ်လည်း ဆရာမလေးက ချိုသာစွာပြုံးပြလာ၍ အပြုံးချိုချိုနှင့် တုန့်ပြန်လိုက်သည်။

"ဆရာမ...ဆရာနေမျိုးနဲ့တွေ့ချင်လို့ပါ..."

"ဆရာနေမျိုးလား...ဆရာမကတော့မနက်တည်းကမတွေ့မိသေးဘူး...ဆရာမပန်းအေးရော
ဆရာနေမျိုးကို တွေ့မိကြလား...."

"ဟင့်အင်း...တို့ကျောင်းတက်ချိန်တည်းက နေမျိုးကိုမတွေ့မိပါဘူး...ဒီနေ့မှပျောက်ချက်သားကောင်းနေတယ်..."

ဆရာမတွေကလည်း တစ်ယောက်ကိုတစ်ယောက်မျက်ရိပ်ပြကာ ဆရာနေမျိုးအားမတွေ့မိကြောင်း ငြင်းနေကြလေသည်။
ဆိုးလိုက်သည့်ကံဟာလည်းနော် ။
စိတ်ကိုမနည်းပြင်ဆင်ပြီး တပည့်ခံဖို့လာခဲ့ကာမှ
 ဆရာပျောက်ရသည့်အဖြစ်နှင့် လာကြုံနေရသည်။လှည့်ပြန်ရမလား အခြားကိုရင်တွေ၊ဦးဇင်းတွေကိုပဲ ဆက်မေးရမလား မစဉ်းစားတတ်အာင်ပါပဲ။

"အရေးကြီးကိစ္စရှိလို့လားသမီး ဆရာမတို့မပြန်ခင်တွေ့ရင်တော့ ပြောထားပေးမယ်လေ...ဒါမှမဟုတ် သမီးစောင့်ချင်တယ်ဆိုလည်း စောင့်ပေါ့ကွယ်..."

"ဟယ်စောင့်နေလို့ဘယ်ဖြစ်မှာလဲ...
ဆရာနေမျိုးကဘယ်အချိန်ပြန်လာမလဲမှမသိတာ
...နေဦး...တို့ဦးဇင်းတစ်ယောက်ယောက်ကိုမေးပေးမယ်...ဒါမှာဘယ်အချိန်ပြန်လာမလဲ သိရမှာ..."

"ဆရာမပန်းအေး...ဟိုးမှာဦးဇင်းပြုံးချို....လာနေပြီ...လှမ်းခေါ်လိုက်မယ်..."

"ဦးဇင်း...ဦးဇင်းပြုံးချို..."

ကိုယ့်ကြောင့် ဆရာမတွေလည်း ထမင်းကောင်းကောင်းမစားရတော့သည့်အဖြစ်ကို
မြင်တွေ့နေရ၍ အားနာစိတ်တွေဖြစ်လာသည်။
မခေါ်ပါနဲ့တော့လို့ ပြောလိုက်ချင်ပေမဲ့ဆရာမတွေကလည်း သူတို့ဘာသာ‌ပြောရင်း ချက်ချင်းလက်ငင်း ကူညီပေးချင်နေကြတာကြောင့် ပုံရိပ်လည်းငြိမ်နေလိုက်ရသည်။

အနောက်ဘက်မှ ဆရာမတွေခေါ်၍လှမ်းလာနေသည့် ဦးဇင်းကိုကြည့်လိုက်မိတော့ နာမည်ပြောင်အတိုင်း မျက်နှာဟာအင်မတန်သဘောကောင်းမည့် ပုံကိုဆောင်နေသည်။ သူ့ကိုခေါ်တာစကြားတည်းက ပြုံးချည်းပြနေသည်မို့ ပြုံးချိုလို့‌အမည်တွင်တာ
 မဆန်းဘူးဟု တွေးလိုက်မိသည်။

"ဘာတုန်း ဆရာမတို့ရဲ့..."

"ဒီလိုပါဦးဇင်းရယ် ဒီကလေးမလေးက ဆရာနေမျိုးကိုလာမေးနေလို့ ဆရာနေမျိုးဘယ်သွားသလဲ ဦးဇင်းသိသလား..."

ဆရာမတွေထဲမှ အသက်အကြီးဆုံးတစ်ယောက်က စတင်လျှောက်လိုက်တာကြောင့် ဦးဇင်းသည် ပုံရိပ်ကိုသေချာအကဲခတ်လာသည်။ဒီဦးဇင်းသာ ဆရာနေမျိုးနဲ့အရမ်းရင်းနှီးမည်ဆိုပါက ပုံရိပ်သည်ဆရာနေမျိုး၏တပည့်မဟုတ်မှန်းသိနိုင်လိမ့်မည်။
ဘာကြောင့်လာသလဲလို့ မေးရင်ဘယ်လိုပြန်ဖြေရမှာပါလိမ့်။ဘုရားသားတော်ကို လိမ်လည်းမလိမ်ချင်၊အမှန်အတိုင်းလည်းမပြောချင်ဘူး။
"အို...ဆရာဆီစာသင်ချင်လို့ပါဆိုရင် ဘယ်သူကဘာလုပ်မှာမှတ်လို့...ဟုတ်တယ်ဒီအတိုင်းပဲပြောမယ်..လက်မခံဘူးဆိုလည်း ထွက်သွားယုံပေါ့.."

"ကလေးမ...မျိုးကြီးကမနက်တည်းကထွက်သွားတာ...ညနေ‌ခြောက်နာရီနီးပါးလောက်မှ ပြန်လာလောက်မယ်..."

"နေပါဦး...ဦးဇင်းရဲ့..မျိုးကြီးကဘယ်သူတုန်း..."

"ဟား...ဟား.."

ဆရာမတစ်ယောက်က ထမေးလိုက်တော့ ဦးဇင်းက တဟားဟားရယ်လေတော့သည်။
ပုံရိပ်တောင် ကြောင်သွားမိတယ်..."

"မျိုးကြီးဆိုတာ...နေမျိုးကိုပြောတာပေါ့ဟ..
သူ့ကိုတို့တသိုက်က အဲ့လိုခေါ်တာပဲ..."

"ဒါဆိုသူက သီချင်းဆိုကောင်းတယ်ပေါ့..."

"ဟ..ဟ..ဘယ်ကလာသီချင်းဆိုကောင်းရမလဲ.
..အသံကြီးကကြည်ပြီးဩသလောက်
သီချင်းဆိုကြသိပ်ညံ့တာ..ဒါကြောင့်သူတစ်ခါမှ သီချင်းမညီးတာပေါ့..."

"ဒါနဲ့ဦးဇင်း...နေမျိုးကဘယ်ကို ဘာသွားလုပ်တာလဲဘုရား...သူ့ကိုခုရက်ပိုင်းမတွေ့မိဘူးနော်...ဒီမှာဆရာမလေးနုနုခင်ကလွမ်းနေရှာတာတဲ့..."

"ဟယ်...ဆရာမပန်းအေး...ကြုံတုန်းလေးကျွန်မကို ချောက်ချတယ်ပေါ့..."

"ဟုတ်ပါဘူးဟယ်...တို့ကကိုယ်စားလွမ်းတေးဆိုပြတာပါ..."

"ပိုဆိုးနေပြီ..လွမ်းတေးဆိုရအောင် ကျွန်မကဘယ်မှာလွမ်းနေလို့လဲ..ဆရာမသာ..."

"အမယ်လေး...ကျုပ်ကိုမထည့်ပါနဲ့တော်ရေ..
မလွမ်းဘူးဆိုပြီး တမှိုင်မှိုင်နဲ့..."

"တော်ကြပါတော့ ဆရာမတို့ရယ်...ဒီမယ်
ဦးဇင်းနားရှက်နေပါအုံးမယ်...ကဲဦးဇင်းရေ
နေမျိုးကခုတလော ဘာတွေလုပ်နေလို့ ကျောင်းမှာမတွေ့ရတာလဲ......"

အသက်အကြီးဆုံးဆရာမသည် ထမင်းတလုတ်ခပ်စားရင်း ထပြောလိုက်တာကြောင့် ဘေးကဆရာမနှစ်ယောက်က စနောက်နေတာကို ရပ်လိုက်ကြသည်။တကယ်ပါပဲ။အချိန်ကမရှိပါဘူးဆို သူတို့ကစနောက်နေကြသေးတယ်။
အမှန်ဆိုရင် ညနေငါးနာရီလောက်မှ ပြန်ရောက်မည်ဆိုတည်းက ပုံရိပ်ထွက်သွားလို့ရနေပါပြီ။
သို့ပေမဲ့ ဦးဇင်းဆက်ပြောမည့် စကားကိုကြားချင်နေတာကြောင့် ဆက်နားထောင်နေမိသည်။

"နေမျိုးက ခုရက်ပိုင်းဆေးကုမ္ပဏီမှာ အလုပ်ဆင်းနေတယ်လေ...လစာကငါးသိန်းတဲ့နော်..."

"ဟာ...တယ်ဟုတ်ပါလား...နုနုရေ..အတွေး
မမှားနဲ့တော့နော်..ဘယ်လိုပဲဖြစ်ဖြစ်တို့ထက်တော့သာနေပြီ..."

"ကဲ...ဆရာမပန်းအေးကလည်း စဖို့နောက်ဖို့ကြီးပဲ
...နေပါအုံးဦးဇင်းရဲ့..နေမျိုးကအဲ့လိုအပြင်အလုပ်လုပ်တော့ ဆရာတော်ကြီးကမပြောဘူးလား...
ကျွန်မသာဆိုရင်ပညာရေး ကောလိပ်ပဲတက်ပြီး ကိုယ့်ကျောင်းပဲကိုယ်ပြန်ကြည့်မှာပေါ့..."

"အင်း...ဆရာမပြောချင်တာက နေမျိုးကိုတစ်ကိုယ်ကောင်းဆန်တယ်လို့ပြောချင်တာ မဟုတ်လား..."

"အေးလေ...အခုကအဲ့ဒီ့သဘောဖြစ်နေပြီ..."

ဆရာမကြီးက ပွင့်ပွင့်လင်းလင်းပြောတတ်သူထင်ပါရဲ့ ဆရာနေမျိုးကိုတကိုယ်ကောင်းဆန်သူဆိုပြီး ချက်ချင်းကောက်ချက်ချလိုက်သည်။
ဦးဇင်းကလည်း ထိုအမေးအတွက်အဖြေအဆင်သင့်ရှိသည်ထင်ပါရဲ့ ချက်ခြင်းအပြုံးရိပ်ကို ဆောင်လေသည်။

မပြုံးနိုင်တာကတော့ ပုံရိပ်ရယ်ပါလေ။
သူကအလုပ်ဆင်းနေသည်ဆိုတော့ ညဘက်တွေမှာဘယ်စာသင်နိုင်ပါတော့မလဲ။
ဒါဆိုရင် ပုံရိပ်ကိုလည်းစာသင်ပေးလို့ ပြောလို့ရမယ်မထင်တော့ဘူး။
"အော်...ဆရာနေမျိုးရယ်...ငွေကြေးမတတ်နိုင်လို့ စေတနာဆရာရှာမိပေမဲ့ ကိုယ့်အလှည့်မှ
 တမင်များကြိုသိနေလို့ အလုပ်ဆင်းသွားလေသလားရှင်...လာမိတာကိုကမှားတာပါ..."

ကိုယ့်တစ်ယောက်တည်း လာမိသည့်အရေးတွေး၍ သံဝေဃရနေစဉ်မှာ ဦးဇင်းက ခုံတစ်ခုတွင်၀င်ထိုင်၍ တရားဟောတော့မလိုပုံဖမ်းလေသည်။

"ဆရာမအထင်မလွှဲပါနဲ့...ဒကာနေမျိုးကအဲ့သည်လို မျက်နှာလွှဲခဲပစ်တတ်သူမဟုတ်ပါဘူး...
ကျေးဇူးကန်းတာလည်းမဟုတ်သလို၊
တကိုယ်‌ကောင်းဆန်တာလည်းမဟုတ်ဘူး..."

"ဒါဖြင့်ရင်...ကိုယ့်ကျောင်းကိုယ် ဘာလိုပြန်
မထောက်ရသလဲ ဦးဇင်းရယ်...ကျောင်းမှာလည်းဆရာကလောက်ငှတာမှမဟုတ်ပဲ...
ကျေးစွပ်တယ်လို့မပြောချင်ပေမဲ့
ကျေးဇူးမသိတတ်တာတော့ အမှန်ပဲ..."

"ခက်ပြန်ပါကော ဆရာမရယ်...သူအပြင်အလုပ်ထွက်လုပ်တာကလဲ ဆရာတော်ကြီးကိုယ်တိုင် လုပ်ခိုင်းတာကွဲ့...."

"ဘယ်လို ဆရာတော်ကြီးကဘာကြောင့်ဒီလိုလုပ်ခိုင်းရတာလဲ..."

"ရှင်းပါတယ်ဆရာမရယ် ဆရာတော်ကြီးကသူ့ကိုအနှောင်အဖွဲ့တွေနဲ့မချည်နောင်ချင်လို့ပေါ့...
အခုခေတ်ကလည်းပုဂ္ဂလိကဆရာမဟုတ်ရင်
အစိုးရကျောင်းဆရာတွေကလစာဘယ်လောက်ရမှာမှတ်လို့လဲ..ဆရာအလုပ်ဆိုတာကမြင့်မြတ်တယ်၊
 ဂုဏ်ကျက်သရေရှိတယ်...အင်မတန်ကုသိုလ်ရတယ်ဆိုပေမယ့် တိုးတက်ကြီးပွားဖို့ဆိုတာကတော့တော်တော်အလှမ်းဝေးတဲ့ကိစ္စပဲ...
ပြီးရင်နယ်တွေလည်း လှည့်ပြောင်းရမှာ..
ဆရာတော်ကြီးကဒါကိုစိတ်မချဘူး.. "

"ဒါနဲ့ သူကသာသနာ့ဘောင်ကို ၀င်ဖို့ရောအာသီသ
မရှိဘူးလား..."

"ငယ်ငယ်ကတော့ ခဏခဏ၀င်ပါတယ်...
 သူသာသနာ့ဘောင်ကိုအပြီးဝင်ချင်တဲ့စိတ်ရှိရင်ခုလောက်ဆို ဓမ္မာစရိယတောင်ဖြေပြီးလောက်ပြီး
....ကျောင်းဆရာအလုပ်ကိုလည်းသူဝါသနာမပါဘူးလို့တော့မပြောပါဘူး...
ဒါပေမယ့် သူ့ရဲ့ရှေ့ရေးဆိုတာလည်းရှိသေးတယ်လေ...သူဟာဒီနေရာမှာပဲတစ်သက်လုံးအခြေချလို့...ဖြစ်မှာမဟုတ်ဘူး ဘုန်းကြီးကလည်းသူ့ကိုထွန်းထွန်းပေါက်ပေါက်ဖြစ်စေချင်တယ်...."

"ဘုန်းဘုန်းက တကယ်ကိုမေတ္တာတရားကြီးမားတာပဲ ဦးဇင်းရယ်နော်...ကိုယ့်ကျောင်းမှာမွေးစားထားပေမဲ့ ကိုယ့်ကျောင်းမှာပဲ ပြန်အလုပ်လုပ်ပေးရမယ်လို့ မသတ်မှတ်ထားဘူး တကယ်လေးစားကြည်ညိုဖို့ကောင်းတယ်.."

"...ဘုန်းဘုန်းကဝါရင့်ပြီဆိုပေမယ့်ခေတ်အမြင်လည်းရှိတယ်ကွဲ့...အတင်းဘယ်တော့မှဖိအားပေးမှာမဟုတ်ဘူး... တို့ကျောင်းမှာကလည်းမိဘမဲ့ကလေးလေးတွေကရှိတော့ နေမျိုးကိုရှေ့ဆောင်လမ်းပြအနေနဲ့အတုယူတတ်အောင်လို့ပေါ့ကွယ်...
ဒါပေမဲ့ဘယ်အလုပ်ပဲလုပ်လုပ် နေမျိုးကကျောင်းကိုပဲပြန်ထောက်မှာပါ....
သူဟာဘုန်းဘုန်းစကားကိုအင်မတန်နားထောင်တဲ့ကလေးပါ ...ဘုန်းဘုန်းသာခွင့်မပြုရင်...
သူလည်းဘယ်လုပ်ရဲပါ့မလဲ နေမျိုးဟာအင်မတန်စိတ်သဘောထားကောင်းတာကိုဆရာမတို့လည်း
သိမှာပါလေ "

"တင်ပါ့ဘုရား...အဲဒါတော့မှန်ပါတယ်...နေမျိုးဟာ...ဒီကျောင်းကလေးတွေကိုလည်းသိပ်သံယောဇဉ်ကြီးပြီး ဆရာတော်ကြီးတို့ကိုလည်းအင်မတန်ရိုသေတဲ့ကလေးပါ...
...ဘယ်လိုပဲဖြစ်ဖြစ်..ပြင်ပအတွေ့အကြုံတော့
သူရလိုက်မှာပေါ့..ဒါဟာလည်းကောင်းတဲ့ကိစ္စပါပဲ...အင်မတန်ကံကြီးလို့တနေ့သူတိုးတက်ကြီးပွားလာခဲ့ရင်လည်းဒီကျောင်းကြီးကို သူအများကြီး
ပြန်ကြည့်နိုင်မှာပေါ့..."

"မှန်တာပေါ့ဆရာမရယ် စောင့်သာကြည့်နေပေးကြပါ...နေမျိုးဟာဒီကျောင်းတော်ကြီးကို
ဘယ်သောအခါမှပစ်သွားမယ့်သူမဟုတ်ပါဘူး..."

"ဒါဆိုရင်စာသင်တဲ့ကိစ္စကကောဘုရား..
သူစာလုံး၀ဆက်မသင်တော့ဘူးလား..."

"ဘယ့်နှယ်မေးလိုက်တာလည်းဆရာမရယ်
နေမျိုးလိုလူက စာမဆက်မသင်ဘဲနေပါ့မလားဆရာမရဲ့.. ...သူကလေဘယ်တုန်းကမှရပ်နားတယ်ဆိုတာမရှိဘူး...အမြဲတစ်ခုခုလုပ်နေရမှကျေနပ်တဲ့လူ...အခုလည်းညဘက်တွေပြန်လာရင်ကလေးတွေကိုစာဝိုင်းပြပေးတယ်..စနေ၊တနင်္ဂနွေမှာလည်းစာပြတယ်..ပြီးရင်ကျောင်းဝေယျာဝစ္စလည်းလုပ်ပေးတယ်..."

"အိုး...ဒီလိုဆိုတော့လည်းသူသိပ်ပင်ပန်းမှာပေါ့ဘုရား...ခုဏကဝေဖန်မိတာတောင်မှားတယ်
..."

"...ဦးဇင်းတို့လည်းပြောပါတယ်..ဒါပေမယ့်နေမျိုးရဲ့အကြောင်းကိုသိရဲ့သားနဲ့...သူကသူလုပ်ချင်ပြီဆိုရင်...ဘယ်သူမှတားလို့ရတာမှမဟုတ်ပဲ..
အလုပ်ကနေပြန်လာပြီဆိုတာနဲ့...သိပ်မကြာဘူး..
ကျောင်းပေါ်တက်လာရော...ပြီးရင်ဆရာတော်ကြီးကိုဆေးတွေတစ်ကိုယ်လုံးလိမ်းပေးနှိပ်နဲ့ပေးနဲ့...
သူမို့မမောတယ်ဗျာ..."

"အင်းဒီလိုဆိုတော့လည်းနုနုခင်ရေ
အတွေးမမှားနဲ့နော်..."

"ဟာဆရာမကလည်း ဒီဘူတာပဲလာလာဆိုက်နေတယ်...ဒုက္ခပဲ...."

"ဒုက္ခမဟုတ်ဘူးဟေ့ သုခသုခ ..
.ဘုန်းကြီးကျောင်းသားမို့အထင်မသေးနဲ့နော်..
တစ်လငါးသိန်းတဲ့ ဒါ့အပြင်လိမ္မာလိုက်တာလဲ
ပြောမနေနဲ့...ကျုပ်သားဖြစ်လို့ကတော့
တစ်နေ့တစ်မျိုးမရိုးရအောင်ချီးကျူးနေမိမှာပဲ..."

"အဲ့လောက်တောင်ဖြစ်နေရင်လည်းဆရာမ
ပန်းအေးသာ အိမ်ခေါ်ထားလိုက်ပါတော့ရှင်...
ကြမ်းကျွံရင်နှုတ်လို့ရတယ်စကားကျွံရင်နှုတ်လို့
မရဘူးတဲ့ရှင့်..တော်ကြာနေသူ့မှာသက်ဆိုင်သူရှိနေမှဖြင့် ကျွန်မအရှက်ကွဲရချည်ရဲ့ "

"ဟာ...ဆရာမနုနုခင်ရယ်...ဒါကိုတော့ဦးဇင်းကအာမခံတယ်.. ဒကာနေမျိုးကအခုထိရည်းစားတစ်ခါမှမထားဖူးသေးဘူး...ကြိတ်ပုန်းခုတ်နေသလားတော့မပြောတတ်ပေမယ့် တို့‌တွေမျက်စိရှေ့မှာတော့ဘာသံညာသံဆိုတာတစ်ခါမှမကြားဖူးဘူး..."

"ဟာ....ဦးဇင်းကလည်းတစ်မျိုး
....တပည့်တော်မကို ကျွင်းတူးပြီးသေချင်အောင် လုပ်နေကြတာပဲ"

ဆရာမနုနုခင်ဆိုသူလည်း အရှက်လွန်ပြီး မျက်နှာတွေနီမြန်းလာကာ ချိုင့်တွေကိုသိမ်းလျှက်ထိုနေရာမှထွက်သွားလေသည်။
ပုံရိပ်လည်းထိုနေရာတွင်နေစရာအကြောင်းမရှိတော့သည်ကြောင့် ကျောင်းဝန်းထဲမှထွက်လာလိုက်သည်။ ပုံရိပ်တစ်ခုတော့ဝမ်းသာမိသွားတယ်။
ဆရာနေမျိုးဟာညဘက်တွေမှာ ကျောင်းသားတွေကိုစာပြပေးသည်ဆိုသောကြောင့် အရမ်းလည်းအားတက်မိသွားသည်။

အခန်း(၁၂) ဒုတိယပိုင်းဆက်ဖတ်ရန်

==========================================================================



🔥ဆူးႀကိဳး...🔥အခန္း(၁၂)🔥     ပထမပိုင္း


 ပံုရိပ္သည္ လမ္းမႀကီးေပၚတြင္ မလႈပ္မယွက္ျဖင့္ ေတြေငးေနမိသည္။
ညာဘက္အျခမ္းတြင္ေတာ့ လမ္သြယ္ေလးတစ္ခုရိွၿပီး ခ်ိဳးေကြ့၀င္သြားမည္ဆိုလ်ွင္ အိမ္ဆိုသၫ့္ ေနြးေထြးရာ ရပ္၀န္းေလးဆီသို႔ေျခခ်မိလိမ့္မည္။
ဒီလမ္းမႀကီးအတိုင္းေရ႔ွဆက္သြားမည္ဆိုပါက ရပ္ကြက္၏ က်က္သေရမ်ားေပါင္းစုတည္ေနရာ ဘုန္းႀကီးေက်ာင္းသို႔ ဆိုက္ၿမိဳက္စြာေရာက္ႏိုင္သည္။

 လမ္းစတစ္ခုသည္ ေမ်ွာ္လင့္ခ်က္ေရာင္ျခည္ထြန္းလင္းေနေသာ လမ္းျဖစ္ေပမဲ့ တစ္ခါမ်ွ မစမ္းသက္ခဲ့ဖူး၍ စိမ္းသက္ေနသၫ့္ခံစားခ်က္က စိုးရိမ္ပူပန္မႈေတြကိုပါ ျဖစ္လာေစသည္။
ငါေအာင္ျမင္ပါ့မလား။ငါ့ကိုလက္ခံပါ့မလား။တကယ္ပဲ ငါ့အတြက္အက်ိဳးရိွပါ့မလားဆိုသၫ့္
တအံုေနြး‌ေနြး ပူပန္မႈေတြသည္
စတင္လႈပ္ရွားမႈမျပဳခင္ေလးမွာတင္
လည္ပတ္ေနေသာ စိတၲဇတို႔ျဖစ္သည္။

"နည္းမွန္ လမ္းမွန္ၫႊန္ျပေပးႏိုင္မၫ့္ဆရာ..."
ဆိုေသာဟိန္းကို၏ စကားကိုအထပ္ထပ္ၾကား‌
ေယာင္လိုက္မိတိုင္း ပံုရိပ္၏အေတြးထဲသို႔
၀င္ေရာက္လာေသာပထမၪီးဆံုးမ်က္ႏွာဟာ
 ဦးေနမ်ိဳးျဖစ္ေနသည္။
သူနဲ႔ပံုရိပ္က ရင္းႏွီးသလားဆိုရင္
ေခါင္းခါရေပလိမ့္မည္။

ရင္ႏွီးသည္ဆိုေသာ အတိုင္းအတာဟာ ဘယ္လိုပံုစံမ်ိဳးလည္း မသိေပမဲ့ သူကပံုရိပ္ကို ဆံုးမစကားေျပာတဲ့အခ်ိန္တိုင္းမွာ ကိုယ့္ရဲ့ေသြးသားရင္းခ်ာတစ္ေယာက္ဟာ ကိုယ့္အေပၚမွာေစတနာေမတၲာအျပၫ့္‌နဲ႔ ဆက္ဆံေျပာဆိုေနသလို ခံစားခ်က္မ်ိဳး
 ရေစသည္။
ညဘက္ေတြအထိ စာစုသင္ၾကတဲ့သူ႔ရဲ့ ေက်ာင္းသားေတြထဲတြင္ ေနာက္ထပ္အသစ္
တစ္ေယာက္တိုးလာမည္ဆိုပါက သူစိတ္ခုေလာက္မည္မထင္ပါဘူး။

သူ႔ပံုစံက အရမ္းႀကီးခ်ိဳသာတဲ့ပံုမေပၚေပမဲ့ သေဘာေတာ့ေကာင္းေလာက္သည္။
သေဘာေကာင္းလို႔လည္း ေရခဲေရေတြကပ္ေပးၿပီး
ဆန္ျပဳတ္ငါးရာဖိုး ၀ယ္တိုက္ခဲ့တာေပါ့။ဒါတင္မကေသးပဲ ပံုရိပ္ကိုဘယ္သူဘယ္ဝါမွန္းမသိခင္တည္းက မိုးေရစိုေန၍ ေဘာင္းဘီနဲ႔အိက်ႌေလးေတာင္လက္‌ေဆာင္ေပးခဲ့သည္။

"ငါဘာေတြ ေတြးၿပီးေၾကာက္ေနရတာလဲ...
စာသင္ေပးဖို႔ ကိစၥေလးေျပာရတာကိုပဲ
ဘာစိတ္ေလးစရာရိွသလဲ..သူလည္းစာသင္ေပးေနတဲ့ဆရာတစ္ေယာက္ပဲဥစၥာ တပၫ့္တစ္ေယာက္တိုးတာေလာက္ကေတာ့ ပံုမွန္ကိစၥေလးပါပဲ...."

ေရ႔ွလည္းဆက္မတိုး ေနာက္လည္းဆက္မေရြ့ပါပဲ ထိုလမ္းထိပ္ရိွ အုတ္ခံုတြင္ ငုတ္တုတ္ထိုင္ေနမိရာမွ မတ္တတ္ထရပ္လိုက္ၿပီး ဘာျဖစ္ျဖစ္စမ္းၾကၫ့္မည္ဆိုသၫ့္စိတ္ႏွင့္ အားခဲလ်ွက္လမ္းမႀကီးတၫ့္တၫ့္ေလ်ွာက္လာခဲ့လိုက္သည္။ကားလမ္းအထိေပါက္ေသာလမ္းမႀကီးျဖစ္ေပမဲ့ ေနလံုးက‌ဦးေခါင္းတည့္တၫ့္သို႔ေရာက္ရိွေန၍ ကိုယ့္အရိပ္ကိုျပန္နင္းေနရေသာ အခ်ိန္ျဖစ္၍ ျဖတ္သြားျဖတ္လာယာဥ္ေတြကလည္း ရွားေနသည္။

ထီးမပါပဲ ေနပူပူကိုမိုးရြာေနသၫ့္အလား တစ္ကိုယ္တည္းေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ခပ္ေဆာင့္ေဆာင့္နင္းလာခဲ့လိုက္သည္။မသိလ်ွင္ ကတၲာရာလမ္းႏွင့္ကိုယ္ဟာ ရန္ျဖစ္ထားသၫ့္အလား။လမ္းမႀကီးေဘး‌တြင္ျဖစ္၍ လမ္းေဘးအေအးဆိုင္ႏွင့္မုန႔္ဆိုင္ေတြ ရိွၾကေပမဲ့ ဘုန္းႀကီးေက်ာင္းနားသို႔နီးလာေလ အိမ္ေျခက
ခပ္က်ဲက်ဲေတြသာရိွေလျဖစ္သည္။

အမွန္တကယ္ဆိုရင္ ေက်ာင္းသားတစ္ေယာက္အတြက္ စာသင္ဖို႔ဆရာဆီသြားရတာဟာ အုပ္ထိန္းသူေတြ၏လုပ္ရိုးလုပ္စဉ္တစ္ခုလို႔
ဆိုရမည္။ဒါမွလည္း ပိုေလးနက္သည္မဟုတ္ပါလား။သို႔ေပမဲ့ ပံုရိပ္၏အေဒၚက အခုအခ်ိန္ေလာက္ဆိုရင္ အိမ္မွာတေရးအိပ္ရင္အိပ္ ၊သို႔မဟုတ္ပါက အျခားအိမ္ေတြမွာ အိမ္မႈကိစၥကို အခစားႏွင့္သြားလုပ္ေနရေလာက္သည္။
ထို႔ေၾကာင့္  ကိုယ့္အတြက္သင္‌ျပေပးမၫ့္ဆရာဆီသို႔ ကိုယ္တိုင္သြားလိုက္တာဟာ သူမ်ားေတြကို
အလႈပ္ရႈပ္သက္သာေစလိမ့္မည္။

"သုခခ်မ္းသာပရိယတၲိဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းတိုက္.."ဆိုသၫ့္ မုခ္ဦးအ၀င္အ၀မွထြင္းထားသၫ့္ စာတန္းႀကီးကို
တစ္ခ်က္မ်ွ ေမာ့ၾကၫ့္လိုက္ၿပီးေနာက္ ေက်ာင္း၀န္းထဲသို႔ ဖိနပ္ခၽြတ္၍ ၀င္လာလိုက္မိသည္။စ၀င္တည္းက အလွပန္းေတြကို ပန္းအိုးအႀကီးအငယ္ျဖင့္
စိုက္ထားတာေၾကာင့္ လမ္းမအလယ္ကသာ
ခပ္ရြံ႔ရြံ႔၀င္မိသည္။မုန႔္စားဆင္းခ်ိန္ျဖစ္၍ ေက်ာင္းသားေတြဟာ အတန္းအျပင္မွာသာ အမ်ားဆံုးရိွေနၾကသည္။

‌အခ်ိဳ႕က စိန္ေျပးတမ္းကစားေနၾကသည္။
အခ်ိဳ႕က ေက်ာင္းထဲသို႔ ၀င္လာေရာင္းသၫ့္
ခ်ဉ္ေပါင္းသည္အနားသို႔ ဝိုင္းပတ္၍ ငုတ္တုတ္ကေလးေတြထိုင္ကာ ေစာင့္ေနၾကသည္။
အခ်ိဳ႕ကေလးမ်ားကေတာ့ ပံုရိပ္ကိုသတိထားမိၾကၿပီး လွမ္းၾကၫ့္ၾကသည္။

ပင္မေက်ာင္းေဆာင္ႀကီးႏွင့္ ဆက္လ်ွက္ရိွေသာ အေဆာင္ငယ္ေလး၏ေအာက္တြင္
ေနေအး၍ထင္သည္ ေက်ာင္းစိမ္းႏွင့္ ဆရာမေလးေတြဟာ ခံုျပန္႔အက်ယ္ႀကီးအေပၚသို႔ ထမင္းခ်ိဳင့္ကေလးေတြကိုတင္လ်ွက္ အႃပံုးကိုယ္စီျဖင့္ စားေနေသာက္ေနၾကသည္။
သူတို႔အားလံုးဟာ သူတို႔လုပ္ေနၾကေန့စဉ္
ေဆာင္တာကို ‌လုပ္ေနၾကျခင္းျဖစ္ေပမဲ့ ပံုရိပ္တစ္ေယာက္တည္းကသာ ထူးကဲၿပီးစိုးထိတ္ေနျခင္းျဖစ္သည္။

ဆရာေနမ်ိဳးသည္ တပၫ့္အျဖစ္လက္မခံမည္ကို ဆဲဆို၍လႊတ္လိုက္မွာထက္ ပို‌ေၾကာက္ေနမိသည္။
စာေမးပဲြမွာ ရလဒ္ေတြအရင္ကထက္ပိုေကာင္းလာေပမဲ့ အိဂၤလိပ္စာအမွတ္ေတြကနည္းတုန္းပါပဲ။
ျမန္မာစာနဲ႔ သခ်ၤာကေတာ့ အဂၤလိပ္လိုေတြမဟုတ္ေသးေတာ့ လုပ္ရတာအခက္အခဲသိပ္မရိွေပမဲ့
ရူပႏွင့္ဓာတုမွာေတာ့ အခက္အခဲအခ်ိဳ႕ရိွေနသည္။

"ဆရာမ..."

ထမင္းလက္ဆံုစားေနၾကေသာ ဆရာမေလးေတြအနားသို႔ မရဲတရဲျဖင့္တိုးသြားမိသည္။ဆရာမေလးေတြကလည္း မ်က္လံုးအေရာင္ေလးေတြေတာက္ပစြာ ၾကၫ့္လာၾကသည္။ သေဘာေကာင္းၾကမၫ့္ပံုေတြပါပဲ။

"ဘာေျပာစရာရိွလို႔လည္း သမီးရဲ့..."

ဆရာမေလးကိုၾကၫ့္ရတာ အသက္ကဆရာေနမ်ိဳးႏွင့္ သိပ္မကြာေလာက္ေပ။ဒါေပမဲ့ ပံုရိပ္ကိုေတာ့ ေနြးေထြးလြန္းစြာ သမီးဟုသံုးႏႈန္း၍ စကားစလာသည္။အသားအရည္ေလးက ၾကည္လင္ေနၿပီး
တကယ့္ကိုယဉ္ယဉ္ေလးႏွင့္ တင့္ေလသည္။
အျဖဴေရာင္ တကၠသိုလ္ရင္ဖံုးေလးကို
၀တ္ထားသည္မို႔ မ်က္ႏွာေလးကပါ ေအးျမသည္။
ပံုရိပ္လည္း ဆရာမေလးက ခ်ိဳသာစြာႃပံုးျပလာ၍ အႃပံုးခ်ိဳခ်ိဳႏွင့္ တုန႔္ျပန္လိုက္သည္။

"ဆရာမ...ဆရာေနမ်ိဳးနဲ႔ေတြ့ခ်င္လို႔ပါ..."

"ဆရာေနမ်ိဳးလား...ဆရာမကေတာ့မနက္တည္းကမေတြ့မိေသးဘူး...ဆရာမပန္းေအးေရာ
ဆရာေနမ်ိဳးကို ေတြ့မိၾကလား...."

"ဟင့္အင္း...တို႔ေက်ာင္းတက္ခ်ိန္တည္းက ေနမ်ိဳးကိုမေတြ့မိပါဘူး...ဒီေန့မွေပ်ာက္ခ်က္သားေကာင္းေနတယ္..."

ဆရာမေတြကလည္း တစ္ေယာက္ကိုတစ္ေယာက္မ်က္ရိပ္ျပကာ ဆရာေနမ်ိဳးအားမေတြ့မိေၾကာင္း ျငင္းေနၾကေလသည္။
ဆိုးလိုက္သၫ့္ကံဟာလည္းေနာ္ ။
စိတ္ကိုမနည္းျပင္ဆင္ၿပီး တပၫ့္ခံဖို႔လာခဲ့ကာမွ
 ဆရာေပ်ာက္ရသၫ့္အျဖစ္ႏွင့္ လာႄကံုေနရသည္။လွၫ့္ျပန္ရမလား အျခားကိုရင္ေတြ၊ဦးဇင္းေတြကိုပဲ ဆက္ေမးရမလား မစဉ္းစားတတ္အာင္ပါပဲ။

"အေရးႀကီးကိစၥရိွလို႔လားသမီး ဆရာမတို႔မျပန္ခင္ေတြ့ရင္ေတာ့ ေျပာထားေပးမယ္ေလ...ဒါမွမဟုတ္ သမီးေစာင့္ခ်င္တယ္ဆိုလည္း ေစာင့္ေပါ့ကြယ္..."

"ဟယ္ေစာင့္ေနလို႔ဘယ္ျဖစ္မွာလဲ...
ဆရာေနမ်ိဳးကဘယ္အခ်ိန္ျပန္လာမလဲမွမသိတာ
...ေနဦး...တို႔ဦးဇင္းတစ္ေယာက္ေယာက္ကိုေမးေပးမယ္...ဒါမွာဘယ္အခ်ိန္ျပန္လာမလဲ သိရမွာ..."

"ဆရာမပန္းေအး...ဟိုးမွာဦးဇင္းႃပံုးခ်ိဳ....လာေနၿပီ...လွမ္းေခၚလိုက္မယ္..."

"ဦးဇင္း...ဦးဇင္းႃပံုးခ်ိဳ..."

ကိုယ့္ေၾကာင့္ ဆရာမေတြလည္း ထမင္းေကာင္းေကာင္းမစားရေတာ့သၫ့္အျဖစ္ကို
ျမင္ေတြ့ေနရ၍ အားနာစိတ္ေတျြဖစ္လာသည္။
မေခၚပါနဲ႔ေတာ့လို႔ ေျပာလိုက္ခ်င္ေပမဲ့ဆရာမေတြကလည္း သူတို႔ဘာသာ‌ေျပာရင္း ခ်က္ခ်င္းလက္ငင္း ကူညီေပးခ်င္ေနၾကတာေၾကာင့္ ပံုရိပ္လည္းၿငိမ္ေနလိုက္ရသည္။

အေနာက္ဘက္မွ ဆရာမေတြေခၚ၍လွမ္းလာေနသၫ့္ ဦးဇင္းကိုၾကၫ့္လိုက္မိေတာ့ နာမည္ေျပာင္အတိုင္း မ်က္ႏွာဟာအင္မတန္သေဘာေကာင္းမၫ့္ ပံုကိုေဆာင္ေနသည္။ သူ႔ကိုေခၚတာစၾကားတည္းက ႃပံုးခ်ည္းျပေနသည္မို႔ ႃပံုးခ်ိဳလို႔‌အမည္တြင္တာ
 မဆန္းဘူးဟု ေတြးလိုက္မိသည္။

"ဘာတုန္း ဆရာမတို႔ရဲ့..."

"ဒီလိုပါဦးဇင္းရယ္ ဒီကေလးမေလးက ဆရာေနမ်ိဳးကိုလာေမးေနလို႔ ဆရာေနမ်ိဳးဘယ္သြားသလဲ ဦးဇင္းသိသလား..."

ဆရာမေတြထဲမွ အသက္အႀကီးဆံုးတစ္ေယာက္က စတင္ေလ်ွာက္လိုက္တာေၾကာင့္ ဦးဇင္းသည္ ပံုရိပ္ကိုေသခ်ာအကဲခတ္လာသည္။ဒီဦးဇင္းသာ ဆရာေနမ်ိဳးနဲ႔အရမ္းရင္းႏွီးမည္ဆိုပါက ပံုရိပ္သည္ဆရာေနမ်ိဳး၏တပၫ့္မဟုတ္မွန္းသိႏိုင္လိမ့္မည္။
ဘာေၾကာင့္လာသလဲလို႔ ေမးရင္ဘယ္လိုျပန္ေျဖရမွာပါလိမ့္။ဘုရားသားေတာ္ကို လိမ္လည္းမလိမ္ခ်င္၊အမွန္အတိုင္းလည္းမေျပာခ်င္ဘူး။
"အို...ဆရာဆီစာသင္ခ်င္လို႔ပါဆိုရင္ ဘယ္သူကဘာလုပ္မွာမွတ္လို႔...ဟုတ္တယ္ဒီအတိုင္းပဲေျပာမယ္..လက္မခံဘူးဆိုလည္း ထြက္သြားယံုေပါ့.."

"ကေလးမ...မ်ိဳးႀကီးကမနက္တည္းကထြက္သြားတာ...ညေန‌ေျခာက္နာရီနီးပါးေလာက္မွ ျပန္လာေလာက္မယ္..."

"ေနပါဦး...ဦးဇင္းရဲ့..မ်ိဳးႀကီးကဘယ္သူတုန္း..."

"ဟား...ဟား.."

ဆရာမတစ္ေယာက္က ထေမးလိုက္ေတာ့ ဦးဇင္းက တဟားဟားရယ္ေလေတာ့သည္။
ပံုရိပ္ေတာင္ ေၾကာင္သြားမိတယ္..."

"မ်ိဳးႀကီးဆိုတာ...ေနမ်ိဳးကိုေျပာတာေပါ့ဟ..
သူ႔ကိုတို႔တသိုက္က အဲ့လိုေခၚတာပဲ..."

"ဒါဆိုသူက သီခ်င္းဆိုေကာင္းတယ္ေပါ့..."

"ဟ..ဟ..ဘယ္ကလာသီခ်င္းဆိုေကာင္းရမလဲ.
..အသံႀကီးကၾကည္ၿပီးဩသေလာက္
သီခ်င္းဆိုၾကသိပ္ညံ့တာ..ဒါေၾကာင့္သူတစ္ခါမွ သီခ်င္းမညီးတာေပါ့..."

"ဒါနဲ႔ဦးဇင္း...ေနမ်ိဳးကဘယ္ကို ဘာသြားလုပ္တာလဲဘုရား...သူ႔ကိုခုရက္ပိုင္းမေတြ့မိဘူးေနာ္...ဒီမွာဆရာမေလးႏုႏုခင္ကလြမ္းေနရွာတာတဲ့..."

"ဟယ္...ဆရာမပန္းေအး...ႄကံုတုန္းေလးကၽြန္မကို ေခ်ာက္ခ်တယ္ေပါ့..."

"ဟုတ္ပါဘူးဟယ္...တို႔ကကိုယ္စားလြမ္းေတးဆိုျပတာပါ..."

"ပိုဆိုးေနၿပီ..လြမ္းေတးဆိုရေအာင္ ကၽြန္မကဘယ္မွာလြမ္းေနလို႔လဲ..ဆရာမသာ..."

"အမယ္ေလး...က်ဳပ္ကိုမထၫ့္ပါနဲ႔ေတာ္ေရ..
မလြမ္းဘူးဆိုၿပီး တမိႈင္မိႈင္နဲ႔..."

"ေတာ္ၾကပါေတာ့ ဆရာမတို႔ရယ္...ဒီမယ္
ဦးဇင္းနားရွက္ေနပါအံုးမယ္...ကဲဦးဇင္းေရ
ေနမ်ိဳးကခုတေလာ ဘာေတြလုပ္ေနလို႔ ေက်ာင္းမွာမေတြ့ရတာလဲ......"

အသက္အႀကီးဆံုးဆရာမသည္ ထမင္းတလုတ္ခပ္စားရင္း ထေျပာလိုက္တာေၾကာင့္ ေဘးကဆရာမႏွစ္ေယာက္က စေနာက္ေနတာကို ရပ္လိုက္ၾကသည္။တကယ္ပါပဲ။အခ်ိန္ကမရိွပါဘူးဆို သူတို႔ကစေနာက္ေနၾကေသးတယ္။
အမွန္ဆိုရင္ ညေနငါးနာရီေလာက္မွ ျပန္ေရာက္မည္ဆိုတည္းက ပံုရိပ္ထြက္သြားလို႔ရေနပါၿပီ။
သို႔ေပမဲ့ ဦးဇင္းဆက္ေျပာမၫ့္ စကားကိုၾကားခ်င္ေနတာေၾကာင့္ ဆက္နားေထာင္ေနမိသည္။

"ေနမ်ိဳးက ခုရက္ပိုင္းေဆးကုမၸဏီမွာ အလုပ္ဆင္းေနတယ္ေလ...လစာကငါးသိန္းတဲ့ေနာ္..."

"ဟာ...တယ္ဟုတ္ပါလား...ႏုႏုေရ..အေတြး
မမွားနဲ႔ေတာ့ေနာ္..ဘယ္လိုပဲျဖစ္ျဖစ္တို႔ထက္ေတာ့သာေနၿပီ..."

"ကဲ...ဆရာမပန္းေအးကလည္း စဖို႔ေနာက္ဖို႔ႀကီးပဲ
...ေနပါအံုးဦးဇင္းရဲ့..ေနမ်ိဳးကအဲ့လိုအျပင္အလုပ္လုပ္ေတာ့ ဆရာေတာ္ႀကီးကမေျပာဘူးလား...
ကၽြန္မသာဆိုရင္ပညာေရး ေကာလိပ္ပဲတက္ၿပီး ကိုယ့္ေက်ာင္းပဲကိုယ္ျပန္ၾကၫ့္မွာေပါ့..."

"အင္း...ဆရာမေျပာခ်င္တာက ေနမ်ိဳးကိုတစ္ကိုယ္ေကာင္းဆန္တယ္လို႔ေျပာခ်င္တာ မဟုတ္လား..."

"ေအးေလ...အခုကအဲ့ဒီ့သေဘာျဖစ္ေနၿပီ..."

ဆရာမႀကီးက ပြင့္ပြင့္လင္းလင္းေျပာတတ္သူထင္ပါရဲ့ ဆရာေနမ်ိဳးကိုတကိုယ္ေကာင္းဆန္သူဆိုၿပီး ခ်က္ခ်င္းေကာက္ခ်က္ခ်လိုက္သည္။
ဦးဇင္းကလည္း ထိုအေမးအတြက္အေျဖအဆင္သင့္ရိွသည္ထင္ပါရဲ့ ခ်က္ျခင္းအႃပံုးရိပ္ကို ေဆာင္ေလသည္။

မႃပံုးႏိုင္တာကေတာ့ ပံုရိပ္ရယ္ပါေလ။
သူကအလုပ္ဆင္းေနသည္ဆိုေတာ့ ညဘက္ေတြမွာဘယ္စာသင္ႏိုင္ပါေတာ့မလဲ။
ဒါဆိုရင္ ပံုရိပ္ကိုလည္းစာသင္ေပးလို႔ ေျပာလို႔ရမယ္မထင္ေတာ့ဘူး။
"ေအာ္...ဆရာေနမ်ိဳးရယ္...ေငြေၾကးမတတ္ႏိုင္လို႔ ေစတနာဆရာရွာမိေပမဲ့ ကိုယ့္အလွၫ့္မွ
 တမင္မ်ားႀကိဳသိေနလို႔ အလုပ္ဆင္းသြားေလသလားရွင္...လာမိတာကိုကမွားတာပါ..."

ကိုယ့္တစ္ေယာက္တည္း လာမိသၫ့္အေရးေတြး၍ သံေဝဃရေနစဉ္မွာ ဦးဇင္းက ခံုတစ္ခုတြင္၀င္ထိုင္၍ တရားေဟာေတာ့မလိုပံုဖမ္းေလသည္။

"ဆရာမအထင္မလႊဲပါနဲ႔...ဒကာေနမ်ိဳးကအဲ့သည္လို မ်က္ႏွာလႊဲခဲပစ္တတ္သူမဟုတ္ပါဘူး...
ေက်းဇူးကန္းတာလည္းမဟုတ္သလို၊
တကိုယ္‌ေကာင္းဆန္တာလည္းမဟုတ္ဘူး..."

"ဒါျဖင့္ရင္...ကိုယ့္ေက်ာင္းကိုယ္ ဘာလိုျပန္
မေထာက္ရသလဲ ဦးဇင္းရယ္...ေက်ာင္းမွာလည္းဆရာကေလာက္ငွတာမွမဟုတ္ပဲ...
ေက်းစြပ္တယ္လို႔မေျပာခ်င္ေပမဲ့
ေက်းဇူးမသိတတ္တာေတာ့ အမွန္ပဲ..."

"ခက္ျပန္ပါေကာ ဆရာမရယ္...သူအျပင္အလုပ္ထြက္လုပ္တာကလဲ ဆရာေတာ္ႀကီးကိုယ္တိုင္ လုပ္ခိုင္းတာကဲြ႔...."

"ဘယ္လို ဆရာေတာ္ႀကီးကဘာေၾကာင့္ဒီလိုလုပ္ခိုင္းရတာလဲ..."

"ရွင္းပါတယ္ဆရာမရယ္ ဆရာေတာ္ႀကီးကသူ႔ကိုအေနွာင္အဖဲြ႔ေတြနဲ႔မခ်ည္ေနာင္ခ်င္လို႔ေပါ့...
အခုေခတ္ကလည္းပုဂၢလိကဆရာမဟုတ္ရင္
အစိုးရေက်ာင္းဆရာေတြကလစာဘယ္ေလာက္ရမွာမွတ္လို႔လဲ..ဆရာအလုပ္ဆိုတာကျမင့္ျမတ္တယ္၊
 ဂုဏ္က်က္သေရရိွတယ္...အင္မတန္ကုသိုလ္ရတယ္ဆိုေပမယ့္ တိုးတက္ႀကီးပြားဖို႔ဆိုတာကေတာ့ေတာ္ေတာ္အလွမ္းေဝးတဲ့ကိစၥပဲ...
ၿပီးရင္နယ္ေတြလည္း လွၫ့္ေျပာင္းရမွာ..
ဆရာေတာ္ႀကီးကဒါကိုစိတ္မခ်ဘူး.. "

"ဒါနဲ႔ သူကသာသနာ့ေဘာင္ကို ၀င္ဖို႔ေရာအာသီသ
မရိွဘူးလား..."

"ငယ္ငယ္ကေတာ့ ခဏခဏ၀င္ပါတယ္...
 သူသာသနာ့ေဘာင္ကိုအၿပီးဝင္ခ်င္တဲ့စိတ္ရိွရင္ခုေလာက္ဆို ဓမၼာစရိယေတာင္ေျဖၿပီးေလာက္ၿပီး
....ေက်ာင္းဆရာအလုပ္ကိုလည္းသူဝါသနာမပါဘူးလို႔ေတာ့မေျပာပါဘူး...
ဒါေပမယ့္ သူ႔ရဲ့ေရ႔ွေရးဆိုတာလည္းရိွေသးတယ္ေလ...သူဟာဒီေနရာမွာပဲတစ္သက္လံုးအေျခခ်လို႔...ျဖစ္မွာမဟုတ္ဘူး ဘုန္းႀကီးကလည္းသူ႔ကိုထြန္းထြန္းေပါက္ေပါက္ျဖစ္ေစခ်င္တယ္...."

"ဘုန္းဘုန္းက တကယ္ကိုေမတၲာတရားႀကီးမားတာပဲ ဦးဇင္းရယ္ေနာ္...ကိုယ့္ေက်ာင္းမွာေမြးစားထားေပမဲ့ ကိုယ့္ေက်ာင္းမွာပဲ ျပန္အလုပ္လုပ္ေပးရမယ္လို႔ မသတ္မွတ္ထားဘူး တကယ္ေလးစားၾကည္ညိုဖို႔ေကာင္းတယ္.."

"...ဘုန္းဘုန္းကဝါရင့္ၿပီဆိုေပမယ့္ေခတ္အျမင္လည္းရိွတယ္ကဲြ႔...အတင္းဘယ္ေတာ့မွဖိအားေပးမွာမဟုတ္ဘူး... တို႔ေက်ာင္းမွာကလည္းမိဘမဲ့ကေလးေလးေတြကရိွေတာ့ ေနမ်ိဳးကိုေရ႔ွေဆာင္လမ္းျပအေနနဲ႔အတုယူတတ္ေအာင္လို႔ေပါ့ကြယ္...
ဒါေပမဲ့ဘယ္အလုပ္ပဲလုပ္လုပ္ ေနမ်ိဳးကေက်ာင္းကိုပဲျပန္ေထာက္မွာပါ....
သူဟာဘုန္းဘုန္းစကားကိုအင္မတန္နားေထာင္တဲ့ကေလးပါ ...ဘုန္းဘုန္းသာခြင့္မျပဳရင္...
သူလည္းဘယ္လုပ္ရဲပါ့မလဲ ေနမ်ိဳးဟာအင္မတန္စိတ္သေဘာထားေကာင္းတာကိုဆရာမတို႔လည္း
သိမွာပါေလ "

"တင္ပါ့ဘုရား...အဲဒါေတာ့မွန္ပါတယ္...ေနမ်ိဳးဟာ...ဒီေက်ာင္းကေလးေတြကိုလည္းသိပ္သံေယာဇဉ္ႀကီးၿပီး ဆရာေတာ္ႀကီးတို႔ကိုလည္းအင္မတန္ရိုေသတဲ့ကေလးပါ...
...ဘယ္လိုပဲျဖစ္ျဖစ္..ျပင္ပအေတြ့အႄကံုေတာ့
သူရလိုက္မွာေပါ့..ဒါဟာလည္းေကာင္းတဲ့ကိစၥပါပဲ...အင္မတန္ကံႀကီးလို႔တေန့သူတိုးတက္ႀကီးပြားလာခဲ့ရင္လည္းဒီေက်ာင္းႀကီးကို သူအမ်ားႀကီး
ျပန္ၾကၫ့္ႏိုင္မွာေပါ့..."

"မွန္တာေပါ့ဆရာမရယ္ ေစာင့္သာၾကၫ့္ေနေပးၾကပါ...ေနမ်ိဳးဟာဒီေက်ာင္းေတာ္ႀကီးကို
ဘယ္ေသာအခါမွပစ္သြားမယ့္သူမဟုတ္ပါဘူး..."

"ဒါဆိုရင္စာသင္တဲ့ကိစၥကေကာဘုရား..
သူစာလံုး၀ဆက္မသင္ေတာ့ဘူးလား..."

"ဘယ့္ႏွယ္ေမးလိုက္တာလည္းဆရာမရယ္
ေနမ်ိဳးလိုလူက စာမဆက္မသင္ဘဲေနပါ့မလားဆရာမရဲ့.. ...သူကေလဘယ္တုန္းကမွရပ္နားတယ္ဆိုတာမရိွဘူး...အၿမဲတစ္ခုခုလုပ္ေနရမွေက်နပ္တဲ့လူ...အခုလည္းညဘက္ေတျြပန္လာရင္ကေလးေတြကိုစာဝိုင္းျပေပးတယ္..စေန၊တနဂၤေနြမွာလည္းစာျပတယ္..ၿပီးရင္ေက်ာင္းေဝယ်ာဝစၥလည္းလုပ္ေပးတယ္..."

"အိုး...ဒီလိုဆိုေတာ့လည္းသူသိပ္ပင္ပန္းမွာေပါ့ဘုရား...ခုဏကေဝဖန္မိတာေတာင္မွားတယ္
..."

"...ဦးဇင္းတို႔လည္းေျပာပါတယ္..ဒါေပမယ့္ေနမ်ိဳးရဲ့အေၾကာင္းကိုသိရဲ့သားနဲ႔...သူကသူလုပ္ခ်င္ၿပီဆိုရင္...ဘယ္သူမွတားလို႔ရတာမွမဟုတ္ပဲ..
အလုပ္ကေနျပန္လာၿပီဆိုတာနဲ႔...သိပ္မၾကာဘူး..
ေက်ာင္းေပၚတက္လာေရာ...ၿပီးရင္ဆရာေတာ္ႀကီးကိုေဆးေတြတစ္ကိုယ္လံုးလိမ္းေပးႏိွပ္နဲ႔ေပးနဲ႔...
သူမို႔မေမာတယ္ဗ်ာ..."

"အင္းဒီလိုဆိုေတာ့လည္းႏုႏုခင္ေရ
အေတြးမမွားနဲ႔ေနာ္..."

"ဟာဆရာမကလည္း ဒီဘူတာပဲလာလာဆိုက္ေနတယ္...ဒုကၡပဲ...."

"ဒုကၡမဟုတ္ဘူးေဟ့ သုခသုခ ..
.ဘုန္းႀကီးေက်ာင္းသားမို႔အထင္မေသးနဲ႔ေနာ္..
တစ္လငါးသိန္းတဲ့ ဒါ့အျပင္လိမၼာလိုက္တာလဲ
ေျပာမေနနဲ႔...က်ဳပ္သားျဖစ္လို႔ကေတာ့
တစ္ေန့တစ္မ်ိဳးမရိုးရေအာင္ခ်ီးက်ူးေနမိမွာပဲ..."

"အဲ့ေလာက္ေတာင္ျဖစ္ေနရင္လည္းဆရာမ
ပန္းေအးသာ အိမ္ေခၚထားလိုက္ပါေတာ့ရွင္...
ၾကမ္းကၽြံရင္ႏႈတ္လို႔ရတယ္စကားကၽြံရင္ႏႈတ္လို႔
မရဘူးတဲ့ရွင့္..ေတာ္ၾကာေနသူ႔မွာသက္ဆိုင္သူရိွေနမျွဖင့္ ကၽြန္မအရွက္ကဲြရခ်ည္ရဲ့ "

"ဟာ...ဆရာမႏုႏုခင္ရယ္...ဒါကိုေတာ့ဦးဇင္းကအာမခံတယ္.. ဒကာေနမ်ိဳးကအခုထိရည္းစားတစ္ခါမွမထားဖူးေသးဘူး...ႀကိတ္ပုန္းခုတ္ေနသလားေတာ့မေျပာတတ္ေပမယ့္ တို႔‌ေတြမ်က္စိေရ႔ွမွာေတာ့ဘာသံညာသံဆိုတာတစ္ခါမွမၾကားဖူးဘူး..."

"ဟာ....ဦးဇင္းကလည္းတစ္မ်ိဳး
....တပၫ့္ေတာ္မကို ကၽြင္းတူးၿပီးေသခ်င္ေအာင္ လုပ္ေနၾကတာပဲ"

ဆရာမႏုႏုခင္ဆိုသူလည္း အရွက္လြန္ၿပီး မ်က္ႏွာေတြနီျမန္းလာကာ ခ်ိဳင့္ေတြကိုသိမ္းလ်ွက္ထိုေနရာမွထြက္သြားေလသည္။
ပံုရိပ္လည္းထိုေနရာတြင္ေနစရာအေၾကာင္းမရိွေတာ့သည္ေၾကာင့္ ေက်ာင္းဝန္းထဲမွထြက္လာလိုက္သည္။ ပံုရိပ္တစ္ခုေတာ့ဝမ္းသာမိသြားတယ္။
ဆရာေနမ်ိဳးဟာညဘက္ေတြမွာ ေက်ာင္းသားေတြကိုစာျပေပးသည္ဆိုေသာေၾကာင့္ အရမ္းလည္းအားတက္မိသြားသည္။

အခန္း(၁၂) ဒုတိယပိုင္းဆက္ဖတ္ရန္

==========================================================================

No comments:

Post a Comment