(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၁၃)🔥 ဒုတိယပိုင်း
အတန်းချိန်ဟာ ည၇နာရီမှ၉နာရီအထိဖြစ်တာကြောင့် အနည်းငယ်နောက်ကျသည်ဟုဆိုရမည်။ ကျန်ကလေးတွေကတော့ ဘုန်းကြီးကျောင်းနှင့် နီးသောလမ်းဖက်မှာ နေကြပေမဲ့ ကျောင်းဆင်းတာနဲ့ဆရာကပဲ သူတို့လေးတွေ၏ အိမ်အထိ လိုက်ပို့ပေးလေ့ရှိသည်။
သို့မဟုတ်ပါကလည်း ထိုအချိန်ဆိုရင်
မင်းမင်းတို့ ၀တုတ်တို့အိမ်တွေသည်
တစ်ခါတစ်လေ လာကြိုလေ့ရှိကြသည်။
ပုံရိပ်ကတော့ အတန်းကြီးနေပြီဖြစ်သောကြောင့် ဘယ်သူ့ကိုမှဒုက္ခမပေးပဲ
ကိုယ့်ဘာသာပဲအိမ်ကိုပြန်လာလိုက်သည်။
ကျောင်းမှာဆိုလျှင် အတန်းသားတွေအများကြီးကိုထိန်းရတာကြောင့် ဆရာမတွေဟာများသောအားဖြင့် မျက်နှာခပ်တည်တည်ဖြင့်သာ နေလေ့ရှိကြသည်။အတန်းထဲတွင် စာလာသင်ချိန်ကလွဲ၍ ကျန်တဲ့အချိန်တွေမှာ သူတို့အလုပ်နှင့်သာရှုပ်နေတတ်ကြတာကြောင့် စာမေးမည်ဆိုပါက ကျောင်းကျူရှင်တတ်လျှင်တတ် မဟုတ်ရင်တော့ အိမ်ကိုကိုယ်တိုင်သွားမေးမှပဲရလိမ့်မယ်။
အိမ်ကိုစာသွားမေးရအောင်လည်း
ကိုယ့်အတန်းပိုင်ရဲ့အိမ်ကိုတောင် ကိုယ်မသိဘူး။မေးလည်းမမေးရဲပါဘူးလေ။
ဆရာနေမျိုးသည် ပုံရိပ်ကိုသူ့အတန်းစတက်သည့်နေ့တည်းက ဘယ်ဘာသာတွေအားနည်းသလဲဆိုတာမေးသည်။
သင်္ချာပုစ္ဆာတွေကို တွက်ကြည့်ခိုင်းပြီး တွက်နည်း
မမှန်ခဲ့ပါက ဘာကြောင့်မှားသလဲဆိုသည့် အချက်ကိုအသေးစိတ်ရှင်းပြလေ့ရှိသည်။
ဘိုင်အိုတွေကိုလည်း သေချာနားလည်အောင်ဘာသာပြန်ပြပြီး အသံထွက်မှန်အောင်လည်း
စစ်ပေးသည်။မှားသွားခဲ့လျှင်လည်း ဆူခြင်း၊ရိုက်ခြင်းမျိုးမရှိဘဲ နားလည်သည့်တိုင်အောင် စနစ်တကျပြောပြ ၊ရှင်းပြသည်။
အင်္ဂလိပ်စာကို ဖြေကြည့်တဲ့အခါ ကိုယ့်အမှားကြောင့် အပြစ်တင်ခံရတော့မည်ဟု စိုးရိမ်စိတ်၀င်သွားတိုင်း...
"ကိစ္စမရှိပါဘူး..တဖြည်းဖြည်းကျင့်ယူရမှာပေါ့.."ဆိုသည့် ဆရာ့ရဲ့လေသံနုနုလေးက
ပုံရိပ်ကိုကြောက်စိတ်ပြေပြီး ပြုံးမိစေသည်။
ထိုအခါမျိုးမှာ အတန်းသားအားလုံးအရှေ့တွင် ကျောင်းသူလေး၏အမှားကို အကျယ်ကြီးကြော်ငြာပြခဲ့သည့် ရူပဗေဒဆရာမကို သွား၍သတိရမိသည်။
ပုံရိပ်ဆိုရင် ကိုယ်သဘောမကျသည့်အလုပ်ကို
လုပ်ရတဲ့အချိန်မျိုးမှာ စိတ်ဆန္ဒမှော်ပျောက်ဆုံးနေတတ်သည်။ကိုယ်မလုပ်ချင်သည့် အရာဖြစ်၍ ပျော်ရွှင်မှုလည်း အလျှင်းမရှိပေ။ထိုရူပဗေဒဆရာမနှင့် ဆရာနေမျိုးတို့နှစ်ယောက်၏ စိတ်သဘောထားကွဲပြားမှုဟာ ထိုနေရာမှစတင်သည်ဟု တွက်ဆမိသည်။
ဆရာသည် အပြင်အလုပ်လုပ်ရတာလည်း မိမိကိုယ်တိုင်ကြိုက်နှစ်သက်၍လုပ်တာဖြစ်သလို စာသင်သည့်အလုပ်ကိုလည်းဝါသနာအရင်းခံ၍ လုပ်နေသောကြောင့် ကျောင်းသားတွေအပေါ်တွင်ထားသော စေတနာနှင့်သည်းခံမှု ထူးကဲနေသည်ဟုဆိုရမည်။ စာသင်သည့်အလုပ်မှ မဟုတ်ပါဘူး။ဆရာနေမျိုးဆိုတာ ဘယ်အလုပ်အပေါ်မဆို တာ၀န်ကျေပွန်ပြီး စိတ်နစ်ထားတတ်လွန်းသည့် လူတစ်ယောက်ပင်။ပုံရိပ်တွေ့ဖူးသမျှ အမျိုးသားတွေထဲတွင် အဖေဦးမိုးရိပ်ပြီးလျှင်အလေးစားမိဆုံး
ပုဂ္ဂိုလ်ဟာဆရာနေမျိုးပါပဲ။
စနေ၊တနင်္ဂနွေရုံးပိတ်ရက်သည် ဆရာ့
အားလက်ရက်ဖြစ်တာကြောင့် ပုံရိပ်ကိုကျောင်းသို့လာခဲ့ပြီး ကိုယ်ရင်နှစ်ပါးနှင့်အတူ မြို့ထဲတွင်စာအုပ်အတူသွား၀ယ်ဖို့လိုက်ခဲ့ရန် ဖိတ်ခေါ်လာသည်။ပုံရိပ်ကို အင်္ဂလိပ်စာအတွက်အခြေခံ
အက်ဆေးစာအုပ်လေးတွေ၀ယ်ပေးချင်လို့ပါတဲ့လေ။
ထို့အတွက်ကြောင့်လည်း ရုံးပိတ်ရက်ရောက်မည့်
နေ့ကို မျှော်တလင့်လင့်ဖြင့် စောင့်စားနေမိသည်။
ပုံရိပ်၏ ကမ္ဘာငယ်ထဲကနေ၊အခန်းကျဉ်းလေးထဲကကနေ၊သည်ရပ်ကွက်ငယ်လေးထဲကနေ မတူညီတဲ့ နေရာလေးတွေကိုကျင်လည်ချင်တယ်။
စူးစမ်းမိချင်တယ်။
မနက်ပိုင်းမှာအဒေါ်ပဲပြုတ်သွားရောင်းဖို့ရန် ညနေပိုင်းတွင် ပဲသွား၀ယ်ပေးရသည့်တာ၀န်ကို ပုံရိပ်ကယူရသည်။
ညနေလေးနာရီထိုးသည်နှင့် ကိုယ့်အိမ်မှာက စက်ဘီးမရှိတော့ မျက်နှာချင်းဆိုင်တိုက်ရှိအပျိုကြီးတို့ဆီမှ စက်ဘီးလေးကိုငှားပြီး ကားလမ်းမဟိုဘက်သို့ ကူးကာပဲရောင်းသည့် အိမ်သို့သွားရလေသည်။
အဒေါ်က အခုရက်ပိုင်းဖောက်သည်တွေများလာတာကြောင့် စတော်ပဲအစို့ဖောက်ပြီးသားကို၃ပိဿာလောက်မှာရသည်။ခဏခဏလာ၀ယ်တတ်သည့်
ပုံရိပ်ကိုတောင် ဆိုင်ရှင်တွေကရင်းနီးနေ၍ သူတို့အိမ်တွင်မုန့်လုပ်သည်နှင့်တိုးပါက အိမ်အပြန်ပါဆယ်တောင်ထုပ်၍ပေးတတ်သည်။
ပြုတ်ပြီးသား ၃ပိဿာကိုနေ့တိုင်းရွက်ရသည့်အဒေါ်ကတော့ ဘယ်လိုခံစားရမလည်းမသိပေမဲ့ ၃ပိဿာထုပ်ကိုထည့်ပြီးစက်ဘီးနင်းရသည့် ပုံရိပ်ကတော့ဂိုက်ကို မလည်အောင်မနည်းထိန်း၍ အိမ်ပြန်ခဲ့ရသည်။
စက်ဘီးခြင်းလေးလည်း ကြာတော့ဟတ်တပ်ကွဲချင်လာပေမဲ့ သဘောကောင်းလွန်းသည့်အသက်သုံးဆယ်ကျော် အပျိုကြီးတို့ကမူ
တစ်ခုလပ်အဒေါ်ကို စာနာကြသူများဖြစ်၍
ခြင်းအသစ်တောင်ထပ်လဲပေးရှာသည်။အင်မတန်လည်းသဘောကောင်းကြသည်။
ပဲသွား၀ယ်ရသောအခါ အသွားအပြန်လမ်းခရီးကြာချိန်က ၁၅မိနစ်လောက်ရှိပြီးစက်ဘီးကို ဂိုက်မလည်အောင်နင်းကာ
ကားလမ်းမကို ဖြတ်မိတိုင်း ဒီလမ်းမကြီးဟာဘယ်အထိပေါက်သလဲဆိုသည့် အတွေးတွေပေါ်လာတတ်သည်။
ဆရာ့အတန်းမှာ လေးရက်ပဲတက်ရသေးပေမဲ့ အတန်းကြီးဖြစ်တဲ့ပုံရိပ်ကို ဆရာဟာအမြဲအလေးပေးတယ်။အရင်က အထူးထုတ်လေးတစ်အုပ်တောင် ၀ယ်ဖို့မတတ်နိုင်ခဲ့ဘူး။
ငရုတ်သီးချွေ၍ရခဲ့သော ပိုက်ဆံလေးနဲ့ အင်္ဂလိပ်အထူးထုတ်လေးတစ်အုပ်သာ ရှိသောပုံရိပ်၏အခန်းကျဉ်းလေးထဲရှိ သံသေတ္တာလေးအပေါ်တွင် ယခုဆိုရင်ဆရာနေမျိုးပေးတဲ့ မြန်မာစာစီစာကုံးစာအုပ်တွေနဲ့ အခြား၉တန်းအောင်ပြီးသားလူတွေဆီမှတောင်း၍ပေးထားသော မှတ်စုစာအုပ်လေးတွေပါရှိနေလေပြီ။
၉နာရီထိုး၍အိမ်သို့ပြန်ရောက်သည်နှင့်
ထိုစာအုပ်လေးတွေကို တယုတယပွေ့ကိုင်ပြီး
အမြဲဖတ်ဖြစ်သည်။ဆရာနေမျိုးနဲ့ တွေ့ဆုံလိုက်ရတာဟာ ပုံရိပ်အတွက်ကောင်းမွန်တဲ့ လာဒ်လာဘတစ်ခုကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ။
ငယ်ငယ်ကအဖေနှင့်အမေသည် ရွှေတိဂုံဘုရားနှင့်ကစားကွင်းတွေကို လိုက်ပို့ဖူးပေမဲ့
မသိတတ်သေးသည့်အရွယ်မို့ အမှတ်တရတွေကိုတစ်ခုမှ မမှတ်မိတော့ဘူး။
အဖေနဲ့အမေ ပုံရိပ်ကိုထားမသွားခဲ့ခင်
တစ်ပတ်အလိုက ရွှေတိဂုံဘုရားသို့နောက်ထပ်ပို့ပေးမည်ဟု ဂတိပေးခဲ့ကြသည်။
တပတ်ပြည့်သည့်နေ့မှာ အဒေါ့်အိမ်သို့ပို့ထားခဲ့ပြီး ထားသွားခဲ့ကြတာ ဒီနေ့ဒီအချိန်အထိပါပဲ။
အဒေါ့်ကို မေးပြန်တော့လည်းမသေချာ
မရေရာတဲ့အဖြေတွေကိုသာ ပေးလာခဲ့တယ်။
"သူကိုယ်တိုင်လည်း မသိပါဘူးတဲ့..."
ဒီနေ့အထိတိုင် သားသမီးအရင်းအချာ
တစ်ယောက်ကို ကမ္ဘာပေါ်မှာမရှိတော့သည့်ပမာ အရိပ်အရောင်တောင်လာမပြကြသည့်မိဘတွေကို နာကျည်းမိပေမဲ့ ဘယ်လိုခေါင်းစဉ်တပ်ပြီး နာကျည်းရမှန်းမသိတော့ပါဘူး။
အမေနဲ့အဖေ၏ ပျောက်ဆုံးမှုဟာ ပုံရိပ်အတွက်တော့ ပဟေဠိတစ်ပုဒ်လိုပါပဲ ။
မန္တလေးမှာရှိနေသည့် အဖေ့ဆွေမျိုးတွေဆိုတာကလည်း ပုံရိပ်ကိုတစ်ခါမှအဆက်အသွယ်မလုပ်ကြဘူး။
အဖေတစ်ခါက ပြောခဲ့တဲ့စကားကိုတော့ သတိရမိပါရဲ့။
"သမီးလေးရဲ့အမေဘက်က အဖိုး၊အဖွားတွေက ဆုံးသွားပြီဆိုပေမဲ့...အဖေ့ဘက်ကအဖိုးအဖွားတွေကတော့ သက်ရှိထင်ရှားရှိနေပါသေးတယ်...
အမေ့နာမည်ကဒေါ်ရိပ်ညို...
အင်မတန်ကျက်သရေရှိတယ်..မျိုးရိုးကြီးထဲကဆင်းသက်လာခဲ့တော့ စည်းကမ်း
တအားကြီးတယ်...ချွေးမဆိုရင်အိမ်မှုကိစ္စနိုင်နင်းမှသဘောကျတယ်..ရှေးရိုးဆန်တာကြောင့်
သူ့အရှေ့မှာခောတ်ပေါ်အ၀တ်အစား၀တ်ဆင်တာကို တအားမျက်မုန်းကျိုးတာ..စန္ဒယားနဲ့မြန်မာ့ဆောင်းကို တီးခတ်ရတာဝါသနာသိပ်ထုံတာ...
အမေ့ရဲ့စနက်တွေကြောင့် အဖေတို့ဟာဥစ္စာရှိမျိုးရိုးကနေ ဆင်းသက်လာရပေမဲ့ တိုက်ပုံနဲ့ပုဆိုးကိုပဲ နှစ်သက်မိတော့တယ်...အမေကသိပ်ပြီး
ဟင်းချက်လက်ရာကောင်းတာ.ဥရောပအစားအစာတွေကိုပါ ပိုင်နိုင်သူဖြစ်လို့..
အဖေဆိုရင် သူ့အပေါင်းအသင်းတွေကို
အပြင်စားသောက်ဆိုင်ကြီးတွေကို ခေါ်သွားမဲ့အစား အိမ်ကိုပဲခေါ်လာတတ်တယ်...အဲ..ဒါပေမဲ့
အမေက မိန်းကလေးတွေကိုပညာရေးပိုင်းတော့သိပ်အားမပေးဘူး...
အဖေ့နာမည်ကတော့ မိုးမင်းလို့ခေါ်တယ်
...ထူးချွန်တဲ့ဆရာ၀န်ကြီးတစ်ယောက်လို့သာမှတ်ထားလိုက်ပါကွယ်..."
အဖေသည် သူ့မိခင်အကြောင်းကိုတော့ ရွှန်းရွှန်းဝေအောင်ပြောပြတတ်ပေမဲ့ သူ့ဖခင်အကြောင်းကိုတော့ ပြောဖို့ရာအားတက်သရောမရှိခဲ့ဘူး။အဖေနှင့်အဖိုးတို့ကြားမှာ နာကျည်းမှုတစ်စုံတစ်ရာရှိလိမ့်မည်ဟု တွေးခဲ့မိသည်။
တခါတလေမှာ အဖေ့စကားတွေကိုပြန်ကြား ယောင်လိုက်မိတိုင်း အင်မတန်ကျက်သရေရှိလှပါသည့် အဖွားဒေါ်ရိပ်ညိုနှင့် ဆရာ၀န်ကြီးအဖိုးဦးမိုးမင်းတို့သည် မန္တလေး၏ ဘယ်အရပ်တွင်ရှိနေကြသလဲဆိုတာကို သိချင်စိတ်ပြင်းပြမိလေသည်။
အဒေါ့်ကိုမေးချင်ပေမဲ့ ထိုမိသားစုဆီကိုသွားချင်သည်ဟု ထင်မည်စိုး၍ မမေးရဲပေ။
မေးခဲ့လျှင်တောင် သူတို့နေသည့်နေရာကို အဒေါ်ကသိပါ့မလား။ မိဘတွေနှင့်အတူနေခဲ့စဉ်တုန်းကတောင် ကိုယ့်သားသမီးဆီသို့
တစ်ခေါက်လေးမျှ အလည်မလာခဲ့သည့်အဖိုး၊အဖွားကို ပုံရိပ်ကဘာကြောင့် သတိရနေသင့်ပါသလဲ။
🔥🔥🔥🔥
💎ပုံရိပ်ရဲ့ အဖေဘက်ကမျိုးရိုးကလည်းမခေဘူးနော်....
ပုံရိပ်ရဲ့အဖေအမေက ဘယ်ရောက်နေသလဲ
အဖိုးအဖွားတွေက ဘာကြောင့်မဆက်သွယ်ကြသလဲ
🛑 ဘယ်မှာရှိနေကြသလဲ
🎯ဒီကောင်မလေး အဖြေရှာတွေ့လိမ့်မယ်ထင်သလား....
==========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၁၃)🔥 ဒုတိယပိုင္း
အတန္းခ်ိန္ဟာ ည၇နာရီမွ၉နာရီအထိျဖစ္တာေၾကာင့္ အနည္းငယ္ေနာက္က်သည္ဟုဆိုရမည္။ က်န္ကေလးေတြကေတာ့ ဘုန္းႀကီးေက်ာင္းႏွင့္ နီးေသာလမ္းဖက္မွာ ေနၾကေပမဲ့ ေက်ာင္းဆင္းတာနဲ႔ဆရာကပဲ သူတို႔ေလးေတြ၏ အိမ္အထိ လိုက္ပို႔ေပးေလ့ရိွသည္။
သို႔မဟုတ္ပါကလည္း ထိုအခ်ိန္ဆိုရင္
မင္းမင္းတို႔ ၀တုတ္တို႔အိမ္ေတြသည္
တစ္ခါတစ္ေလ လာႀကိဳေလ့ရိွၾကသည္။
ပံုရိပ္ကေတာ့ အတန္းႀကီးေနၿပီျဖစ္ေသာေၾကာင့္ ဘယ္သူ႔ကိုမွဒုကၡမေပးပဲ
ကိုယ့္ဘာသာပဲအိမ္ကိုျပန္လာလိုက္သည္။
ေက်ာင္းမွာဆိုလ်ွင္ အတန္းသားေတြအမ်ားႀကီးကိုထိန္းရတာေၾကာင့္ ဆရာမေတြဟာမ်ားေသာအားျဖင့္ မ်က္ႏွာခပ္တည္တည္ျဖင့္သာ ေနေလ့ရိွၾကသည္။အတန္းထဲတြင္ စာလာသင္ခ်ိန္ကလဲြ၍ က်န္တဲ့အခ်ိန္ေတြမွာ သူတို႔အလုပ္ႏွင့္သာရႈပ္ေနတတ္ၾကတာေၾကာင့္ စာေမးမည္ဆိုပါက ေက်ာင္းက်ူရွင္တတ္လ်ွင္တတ္ မဟုတ္ရင္ေတာ့ အိမ္ကိုကိုယ္တိုင္သြားေမးမွပဲရလိမ့္မယ္။
အိမ္ကိုစာသြားေမးရေအာင္လည္း
ကိုယ့္အတန္းပိုင္ရဲ့အိမ္ကိုေတာင္ ကိုယ္မသိဘူး။ေမးလည္းမေမးရဲပါဘူးေလ။
ဆရာေနမ်ိဳးသည္ ပံုရိပ္ကိုသူ႔အတန္းစတက္သၫ့္ေန့တည္းက ဘယ္ဘာသာေတြအားနည္းသလဲဆိုတာေမးသည္။
သခ်ၤာပုစၧာေတြကို တြက္ၾကၫ့္ခိုင္းၿပီး တြက္နည္း
မမွန္ခဲ့ပါက ဘာေၾကာင့္မွားသလဲဆိုသၫ့္ အခ်က္ကိုအေသးစိတ္ရွင္းျပေလ့ရိွသည္။
ဘိုင္အိုေတြကိုလည္း ေသခ်ာနားလည္ေအာင္ဘာသာျပန္ျပၿပီး အသံထြက္မွန္ေအာင္လည္း
စစ္ေပးသည္။မွားသြားခဲ့လ်ွင္လည္း ဆူျခင္း၊ရိုက္ျခင္းမ်ိဳးမရိွဘဲ နားလည္သၫ့္တိုင္ေအာင္ စနစ္တက်ေျပာျပ ၊ရွင္းျပသည္။
အဂၤလိပ္စာကို ေျဖၾကၫ့္တဲ့အခါ ကိုယ့္အမွားေၾကာင့္ အျပစ္တင္ခံရေတာ့မည္ဟု စိုးရိမ္စိတ္၀င္သြားတိုင္း...
"ကိစၥမရိွပါဘူး..တျဖည္းျဖည္းက်င့္ယူရမွာေပါ့.."ဆိုသၫ့္ ဆရာ့ရဲ့ေလသံႏုႏုေလးက
ပံုရိပ္ကိုေၾကာက္စိတ္ေျပၿပီး ႃပံုးမိေစသည္။
ထိုအခါမ်ိဳးမွာ အတန္းသားအားလံုးအေရ႔ွတြင္ ေက်ာင္းသူေလး၏အမွားကို အက်ယ္ႀကီးေၾကာ္ျငာျပခဲ့သၫ့္ ရူပေဗဒဆရာမကို သြား၍သတိရမိသည္။
ပံုရိပ္ဆိုရင္ ကိုယ္သေဘာမက်သၫ့္အလုပ္ကို
လုပ္ရတဲ့အခ်ိန္မ်ိဳးမွာ စိတ္ဆႏၵေမွာ္ေပ်ာက္ဆံုးေနတတ္သည္။ကိုယ္မလုပ္ခ်င္သၫ့္ အရာျဖစ္၍ ေပ်ာ္ရႊင္မႈလည္း အလ်ွင္းမရိွေပ။ထိုရူပေဗဒဆရာမႏွင့္ ဆရာေနမ်ိဳးတို႔ႏွစ္ေယာက္၏ စိတ္သေဘာထားကဲြျပားမႈဟာ ထိုေနရာမွစတင္သည္ဟု တြက္ဆမိသည္။
ဆရာသည္ အျပင္အလုပ္လုပ္ရတာလည္း မိမိကိုယ္တိုင္ႀကိဳက္ႏွစ္သက္၍လုပ္တာျဖစ္သလို စာသင္သၫ့္အလုပ္ကိုလည္းဝါသနာအရင္းခံ၍ လုပ္ေနေသာေၾကာင့္ ေက်ာင္းသားေတြအေပၚတြင္ထားေသာ ေစတနာႏွင့္သည္းခံမႈ ထူးကဲေနသည္ဟုဆိုရမည္။ စာသင္သၫ့္အလုပ္မွ မဟုတ္ပါဘူး။ဆရာေနမ်ိဳးဆိုတာ ဘယ္အလုပ္အေပၚမဆို တာ၀န္ေက်ပြန္ၿပီး စိတ္နစ္ထားတတ္လြန္းသၫ့္ လူတစ္ေယာက္ပင္။ပံုရိပ္ေတြ့ဖူးသမ်ွ အမ်ိဳးသားေတြထဲတြင္ အေဖၪီးမိုးရိပ္ၿပီးလ်ွင္အေလးစားမိဆံုး
ပုဂၢိုလ္ဟာဆရာေနမ်ိဳးပါပဲ။
စေန၊တနဂၤေနြရံုးပိတ္ရက္သည္ ဆရာ့
အားလက္ရက္ျဖစ္တာေၾကာင့္ ပံုရိပ္ကိုေက်ာင္းသို႔လာခဲ့ၿပီး ကိုယ္ရင္ႏွစ္ပါးႏွင့္အတူ ၿမိဳ႔ထဲတြင္စာအုပ္အတူသြား၀ယ္ဖို႔လိုက္ခဲ့ရန္ ဖိတ္ေခၚလာသည္။ပံုရိပ္ကို အဂၤလိပ္စာအတြက္အေျခခံ
အက္ေဆးစာအုပ္ေလးေတြ၀ယ္ေပးခ်င္လို႔ပါတဲ့ေလ။
ထို႔အတြက္ေၾကာင့္လည္း ရံုးပိတ္ရက္ေရာက္မၫ့္
ေန့ကို ေမ်ွာ္တလင့္လင့္ျဖင့္ ေစာင့္စားေနမိသည္။
ပံုရိပ္၏ ကမ႓ာငယ္ထဲကေန၊အခန္းက်ဉ္းေလးထဲကကေန၊သည္ရပ္ကြက္ငယ္ေလးထဲကေန မတူညီတဲ့ ေနရာေလးေတြကိုက်င္လည္ခ်င္တယ္။
စူးစမ္းမိခ်င္တယ္။
မနက္ပိုင္းမွာအေဒၚပဲျပဳတ္သြားေရာင္းဖို႔ရန္ ညေနပိုင္းတြင္ ပဲသြား၀ယ္ေပးရသည့္တာ၀န္ကို ပံုရိပ္ကယူရသည္။
ညေနေလးနာရီထိုးသည္ႏွင့္ ကိုယ့္အိမ္မွာက စက္ဘီးမရိွေတာ့ မ်က္ႏွာခ်င္းဆိုင္တိုက္ရိွအပ်ိဳႀကီးတို႔ဆီမွ စက္ဘီးေလးကိုငွားၿပီး ကားလမ္းမဟိုဘက္သို႔ ကူးကာပဲေရာင္းသၫ့္ အိမ္သို႔သြားရေလသည္။
အေဒၚက အခုရက္ပိုင္းေဖာက္သည္ေတြမ်ားလာတာေၾကာင့္ စေတာ္ပဲအစို႔ေဖာက္ၿပီးသားကို၃ပိႆာေလာက္မွာရသည္။ခဏခဏလာ၀ယ္တတ္သၫ့္
ပံုရိပ္ကိုေတာင္ ဆိုင္ရွင္ေတြကရင္းနီးေန၍ သူတို႔အိမ္တြင္မုန႔္လုပ္သည္ႏွင့္တိုးပါက အိမ္အျပန္ပါဆယ္ေတာင္ထုပ္၍ေပးတတ္သည္။
ျပဳတ္ၿပီးသား ၃ပိႆာကိုေန့တိုင္းရြက္ရသၫ့္အေဒၚကေတာ့ ဘယ္လိုခံစားရမလည္းမသိေပမဲ့ ၃ပိႆာထုပ္ကိုထၫ့္ၿပီးစက္ဘီးနင္းရသၫ့္ ပံုရိပ္ကေတာ့ဂိုက္ကို မလည္ေအာင္မနည္းထိန္း၍ အိမ္ျပန္ခဲ့ရသည္။
စက္ဘီးျခင္းေလးလည္း ၾကာေတာ့ဟတ္တပ္ကဲြခ်င္လာေပမဲ့ သေဘာေကာင္းလြန္းသည့္အသက္သံုးဆယ္ေက်ာ္ အပ်ိဳႀကီးတို႔ကမူ
တစ္ခုလပ္အေဒၚကို စာနာၾကသူမ်ားျဖစ္၍
ျခင္းအသစ္ေတာင္ထပ္လဲေပးရွာသည္။အင္မတန္လည္းသေဘာေကာင္းၾကသည္။
ပဲသြား၀ယ္ရေသာအခါ အသြားအျပန္လမ္းခရီးၾကာခ်ိန္က ၁၅မိနစ္ေလာက္ရိွၿပီးစက္ဘီးကို ဂိုက္မလည္ေအာင္နင္းကာ
ကားလမ္းမကို ျဖတ္မိတိုင္း ဒီလမ္းမႀကီးဟာဘယ္အထိေပါက္သလဲဆိုသၫ့္ အေတြးေတြေပၚလာတတ္သည္။
ဆရာ့အတန္းမွာ ေလးရက္ပဲတက္ရေသးေပမဲ့ အတန္းႀကီးျဖစ္တဲ့ပံုရိပ္ကို ဆရာဟာအၿမဲအေလးေပးတယ္။အရင္က အထူးထုတ္ေလးတစ္အုပ္ေတာင္ ၀ယ္ဖို႔မတတ္ႏိုင္ခဲ့ဘူး။
ငရုတ္သီးခၽြေ၍ရခဲ့ေသာ ပိုက္ဆံေလးနဲ႔ အဂၤလိပ္အထူးထုတ္ေလးတစ္အုပ္သာ ရိွေသာပံုရိပ္၏အခန္းက်ဉ္းေလးထဲရိွ သံေသတၲာေလးအေပၚတြင္ ယခုဆိုရင္ဆရာေနမ်ိဳးေပးတဲ့ ျမန္မာစာစီစာကံုးစာအုပ္ေတြနဲ႔ အျခား၉တန္းေအာင္ၿပီးသားလူေတြဆီမွေတာင္း၍ေပးထားေသာ မွတ္စုစာအုပ္ေလးေတြပါရိွေနေလၿပီ။
၉နာရီထိုး၍အိမ္သို႔ျပန္ေရာက္သည္ႏွင့္
ထိုစာအုပ္ေလးေတြကို တယုတယေပြ့ကိုင္ၿပီး
အၿမဲဖတ္ျဖစ္သည္။ဆရာေနမ်ိဳးနဲ႔ ေတြ့ဆံုလိုက္ရတာဟာ ပံုရိပ္အတြက္ေကာင္းမြန္တဲ့ လာဒ္လာဘတစ္ခုကို ပိုင္ဆိုင္လိုက္ရသလိုပါပဲ။
ငယ္ငယ္ကအေဖႏွင့္အေမသည္ ေရႊတိဂံုဘုရားႏွင့္ကစားကြင္းေတြကို လိုက္ပို႔ဖူးေပမဲ့
မသိတတ္ေသးသၫ့္အရြယ္မို႔ အမွတ္တရေတြကိုတစ္ခုမွ မမွတ္မိေတာ့ဘူး။
အေဖနဲ႔အေမ ပံုရိပ္ကိုထားမသြားခဲ့ခင္
တစ္ပတ္အလိုက ေရႊတိဂံုဘုရားသို႔ေနာက္ထပ္ပို႔ေပးမည္ဟု ဂတိေပးခဲ့ၾကသည္။
တပတ္ျပၫ့္သၫ့္ေန့မွာ အေဒါ့္အိမ္သို႔ပို႔ထားခဲ့ၿပီး ထားသြားခဲ့ၾကတာ ဒီေန့ဒီအခ်ိန္အထိပါပဲ။
အေဒါ့္ကို ေမးျပန္ေတာ့လည္းမေသခ်ာ
မေရရာတဲ့အေျဖေတြကိုသာ ေပးလာခဲ့တယ္။
"သူကိုယ္တိုင္လည္း မသိပါဘူးတဲ့..."
ဒီေန့အထိတိုင္ သားသမီးအရင္းအခ်ာ
တစ္ေယာက္ကို ကမ႓ာေပၚမွာမရိွေတာ့သၫ့္ပမာ အရိပ္အေရာင္ေတာင္လာမျပၾကသၫ့္မိဘေတြကို နာက်ည္းမိေပမဲ့ ဘယ္လိုေခါင္းစဉ္တပ္ၿပီး နာက်ည္းရမွန္းမသိေတာ့ပါဘူး။
အေမနဲ႔အေဖ၏ ေပ်ာက္ဆံုးမႈဟာ ပံုရိပ္အတြက္ေတာ့ ပေဟဠိတစ္ပုဒ္လိုပါပဲ ။
မႏၲေလးမွာရိွေနသၫ့္ အေဖ့ေဆြမ်ိဳးေတြဆိုတာကလည္း ပံုရိပ္ကိုတစ္ခါမွအဆက္အသြယ္မလုပ္ၾကဘူး။
အေဖတစ္ခါက ေျပာခဲ့တဲ့စကားကိုေတာ့ သတိရမိပါရဲ့။
"သမီးေလးရဲ့အေမဘက္က အဖိုး၊အဖြားေတြက ဆံုးသြားၿပီဆိုေပမဲ့...အေဖ့ဘက္ကအဖိုးအဖြားေတြကေတာ့ သက္ရိွထင္ရွားရိွေနပါေသးတယ္...
အေမ့နာမည္ကေဒၚရိပ္ညို...
အင္မတန္က်က္သေရရိွတယ္..မ်ိဳးရိုးႀကီးထဲကဆင္းသက္လာခဲ့ေတာ့ စည္းကမ္း
တအားႀကီးတယ္...ခၽြေးမဆိုရင္အိမ္မႈကိစၥႏိုင္နင္းမွသေဘာက်တယ္..ေရွးရိုးဆန္တာေၾကာင့္
သူ႔အေရ႔ွမွာေခာတ္ေပၚအ၀တ္အစား၀တ္ဆင္တာကို တအားမ်က္မုန္းက်ိဳးတာ..စႏၵယားနဲ႔ျမန္မာ့ေဆာင္းကို တီးခတ္ရတာဝါသနာသိပ္ထံုတာ...
အေမ့ရဲ့စနက္ေတြေၾကာင့္ အေဖတို႔ဟာဥစၥာရိွမ်ိဳးရိုးကေန ဆင္းသက္လာရေပမဲ့ တိုက္ပံုနဲ႔ပုဆိုးကိုပဲ ႏွစ္သက္မိေတာ့တယ္...အေမကသိပ္ၿပီး
ဟင္းခ်က္လက္ရာေကာင္းတာ.ဥေရာပအစားအစာေတြကိုပါ ပိုင္ႏိုင္သူျဖစ္လို႔..
အေဖဆိုရင္ သူ႔အေပါင္းအသင္းေတြကို
အျပင္စားေသာက္ဆိုင္ႀကီးေတြကို ေခၚသြားမဲ့အစား အိမ္ကိုပဲေခၚလာတတ္တယ္...အဲ..ဒါေပမဲ့
အေမက မိန္းကေလးေတြကိုပညာေရးပိုင္းေတာ့သိပ္အားမေပးဘူး...
အေဖ့နာမည္ကေတာ့ မိုးမင္းလို႔ေခၚတယ္
...ထူးခၽြန္တဲ့ဆရာ၀န္ႀကီးတစ္ေယာက္လို႔သာမွတ္ထားလိုက္ပါကြယ္..."
အေဖသည္ သူ႔မိခင္အေၾကာင္းကိုေတာ့ ရႊန္းရႊန္းေဝေအာင္ေျပာျပတတ္ေပမဲ့ သူ႔ဖခင္အေၾကာင္းကိုေတာ့ ေျပာဖို႔ရာအားတက္သေရာမရိွခဲ့ဘူး။အေဖႏွင့္အဖိုးတို႔ၾကားမွာ နာက်ည္းမႈတစ္စံုတစ္ရာရိွလိမ့္မည္ဟု ေတြးခဲ့မိသည္။
တခါတေလမွာ အေဖ့စကားေတြကိုျပန္ၾကား ေယာင္လိုက္မိတိုင္း အင္မတန္က်က္သေရရိွလွပါသၫ့္ အဖြားေဒၚရိပ္ညိုႏွင့္ ဆရာ၀န္ႀကီးအဖိုးဦးမိုးမင္းတို႔သည္ မႏၲေလး၏ ဘယ္အရပ္တြင္ရိွေနၾကသလဲဆိုတာကို သိခ်င္စိတ္ျပင္းျပမိေလသည္။
အေဒါ့္ကိုေမးခ်င္ေပမဲ့ ထိုမိသားစုဆီကိုသြားခ်င္သည္ဟု ထင္မည္စိုး၍ မေမးရဲေပ။
ေမးခဲ့လ်ွင္ေတာင္ သူတို႔ေနသၫ့္ေနရာကို အေဒၚကသိပါ့မလား။ မိဘေတြႏွင့္အတူေနခဲ့စဉ္တုန္းကေတာင္ ကိုယ့္သားသမီးဆီသို႔
တစ္ေခါက္ေလးမ်ွ အလည္မလာခဲ့သၫ့္အဖိုး၊အဖြားကို ပံုရိပ္ကဘာေၾကာင့္ သတိရေနသင့္ပါသလဲ။
🔥🔥🔥🔥
💎ပံုရိပ္ရဲ့ အေဖဘက္ကမ်ိဳးရိုးကလည္းမေခဘူးေနာ္....
ပံုရိပ္ရဲ့အေဖအေမက ဘယ္ေရာက္ေနသလဲ
အဖိုးအဖြားေတြက ဘာေၾကာင့္မဆက္သြယ္ၾကသလဲ
🛑 ဘယ္မွာရိွေနၾကသလဲ
🎯ဒီေကာင္မေလး အေျဖရွာေတြ့လိမ့္မယ္ထင္သလား....
No comments:
Post a Comment