🔥 ဆူးကြိုး...အခန်း(၁၁)🔥 PART(2)

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ ) 



🔥 ဆူးကြိုး...အခန်း(၁၁)🔥


PART (2)


အမျိုးသမီးငယ်တို့၏ လှပချင်သောစိတ်အခံလေးသည် ခောတ်အဆက်ဆက်တွင် တည်ရှိနေသည့် ရင်တွင်းပဋိသ‌န္ဓေကဲ့သို့ဖြစ်လေသည်။

အမေတို့သည် ဧရာ၀တီတိုင်းသူတွေဖြစ်ပြီး မြို့နှင့်ဝေးသော ကျေးလတ်သူများဖြစ်၍ အမျိုးသမီးတို့၏ ပင်ကိုယ်စိတ်အခံလေးအတိုင်း လှချင်၊ပချင်ကြသော်လည်း ကားလမ်းမပေါက် ဆိုင်ကယ်လ်ဆိုတာဘာမှန်းမသိသော အချိန်အခါဖြစ်၍ အလှပြင်ပစ္စည်းလေးများ ၀ယ်ဖို့ရန်မနည်းတရသည်။

စက်ဘီးဆိုသည်မှာလည်း တစ်ရွာလုံးပေါင်းမှ‌
လေးစီးတောင်မပြည့်ချင်တာကြောင့် မြို့သို့သွားရမည်ဆိုပါက နွားလှည်းနှင့်မဟုတ်လျှင် ထော်လာဂျီနှင့်သွားမှရသည့်ခရီးဖြစ်သည် ။
မိုးတွင်းအခါရောက်လျှင်တော့ ရေလမ်းဖြင့်သွားကြရသည်။

အမေတို့ခောတ်အခါသည် ယနေ့ခောတ်ကဲ့သို့ မြို့နယ်ခြားသည်ကိုအပထား ရေခြား၊မြေခြားဆိုလျှင်တောင် ကြိုးမဲ့စနစ်ဖြင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိပေ။ဒီဘက်ခောတ်တွင် ဆင်းရဲသားဆိုလျှင်တောင် အနည်းဆုံးကီးပတ်ဖုန်းလေးတော့ကိုင်ကြသည်။
အဒေါ်တောင် မကြာသေးမီကတစ်ခု၀ယ်ထားပါသေးတယ်။

သို့ပေမဲ့ အမေတို့ခောတ်မှာတော့ တစ်နေရာနှင့်တစ်နေရာဆက်သွယ်ချင်ပါက ကြေးနန်းရိုက်ရသည်။သို့မဟုတ်ပါက ပါးစပ်ဖြင့်လူကြုံပါးခြင်း ၊စာဖြင့်လူကြုံပါးခြင်းမျိုးပြုလုပ်ရသည်။အဖေသည် မန္တလေးမှာမွေးပေမဲ့ ရန်ကုန်တွင်အခြေချနေသူဖြစ်သောကြောင့် အမေ့ဆီသို့ခဏ၊ခဏကိုယ်တိုင်မလာနိုင်သဖြင့် စာဖြင့်လူကြုံပါး၍ အလွမ်းသယ်ရသည်။ 



အမေသည် သုံးတန်းလောက်သာ ဖွတ်ဖွတ်ညက်ညက်‌ကြေခဲ့ရသူဆို‌တော့ စာတိုက်တွင်လည်း
စာမထုတ်တတ်သလို ၊စာပို့သမားတွေကလည်း
မြို့နှင့်ဝေးသည့် အမေတို့ရွာအထိ စာလာမပို့ကြပေ။လူကြုံဆိုသည်မှာလည်း မြို့သို့ရှားရှားပါးပါးတက်သည့် ရွာခံတွေဖြစ်သောကြောင့် တစ်လနေမှစာတစ်စောင်လောက် ရသောအမေသည် ညညဆိုလျှင် မီးခွက်လေးထွန်းပြီး စာခေါက်လေးကို ခဏခဏဖွင့်၍ဖတ်ကာ အလွမ်းညွှန့်ညှိုး၍ မျက်ရည်တာကျိုးလောက်သည်အထိ ငိုခဲ့ရရှာသည်။

အမေနဲ့အဖေဟာ နယ်အဝေးကြီးမှာ ခွဲခွာနေကြရပြီး လူချင်းလည်းမတွေ့ရပဲ
တစ်လကြာမှ စာလေးတစ်စောင့်ဖြင့်သာချွေးသိပ်ရသည်ကို အချစ်မပျက်ကြခြင်းသည် အင်မတန်မှချီးကျူးစရာကောင်းသည်ဟု ထင်မိသည်။

နှလုံးသားနှစ်ခုအား ဘယ်လိုကြိုးမျိုးဖြင့် မြဲမြံစွာ ချည်နှောင်ထားသလဲဆိုတာကို သိပ်သိချင်လွန်း၍ သူတို့၏ငယ်ဘ၀လေးထဲသို့ အလည်သွားချင်ခဲ့မိသည်။အဖေနဲ့အမေလက်ထပ်ဖို့ ဖြစ်လာစဉ်မှာတော့အဖေ့ဘက်ကမိသားစုဟာ အမေ့ကိုပညာမတတ်လို့ဆိုသည့် စွဲချက်ဖြင့် မကြည်ဖြူနိုင်ခဲ့ကြပေ။

သို့ပေမဲ့ တစွတ်ထိုးဆန်ပြီး ခေါင်းမာသည့်အဖေ့ကို ဘယ်သူမှအပြစ်မဆိုရဲကြတာကြောင့်မပြောသာကြပေမဲ့ အမေ့တို့ရွာသို့လိုက်ပြီး တောင်းရန်းပေးသည်မှလွဲ၍ အဖေ့ဘက်မှဘယ်သူကမျှ မင်္ဂလာပွဲသို့တက်ရောက်ခြင်းမရှိခဲ့ကြပေ။

 ထိုကိစ္စကြောင့် အမေစိတ်ဆင်းရဲတာကိုမကြည့်ရက်သည့်အဖေဟာ ရန်ကုန်သို့အမေနှင့်အတူ ပြောင်းရွေ့နေထိုင်ခဲ့လေသည်။
ပုံရိပ်ဟာ အပြင်ပုံသဏ္ဍန်အားဖြင့် အမေနှင့် တော်တော်လေးဆင်သည်ဆိုပေမဲ့ အတွင်းစိတ်မာပုံနှင့် အလုပ်လုပ်ပုံတွေဟာ အဖေနှင့်တူသည်ဟု အဒေါ်ကအကဲခတ်ပြတတ်သည်။

ပုံရိပ်စဉ်းစားနေမိတာကတော့ ဒီလိုသိပ်ချစ်ကြတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့၏တစ်ဦးတည်းသော သမီးလေးကိုထားရစ်ခဲ့ပြီး ဘာကြောင့်ထွက်သွားခဲ့ကြသလဲဆိုတာပါပဲ။ပုံရိပ်ကို မနှစ်သက်ကြတော့လို့များလား။ဒါမှမဟုတ်ရင် သူတို့နှစ်ယောက်ပဲသိတဲ့ ရင်တွင်းပဍိပက္ခတစ်ခုခုကြောင့် ပုံရိပ်ကိုအဒေါ်ဆီမှာ အပ်ခဲ့ကာစိတ်နာနာနှင့် တစ်ယောက်တစ်နေရာဆီထွက်သွားခဲ့ကြတာများလား။

"ကဲ...မုန့်စားမဆင်းခင် ဒီလပတ်အတွက်
ရီပို့ကဒ်ဝေပေးမယ်..."

ဆရာမ၏ စကားသံသည်အဝေးသို့ပျံ့လွှင့်၍ အ‌တွေးများနေသည့် စိတ်အစဉ်ကို ဆွဲလှုပ်ခါယမ်းလိုက်သကဲ့သို့ ထိတ်လန့်သွားမိသည်။
ကိုယ့်နာမည်ကိုတောင် မကြားရဲသလိုဖြစ်နေသည်။

"ပုံရိပ်....ရီပို့ကဒ်လာယူ..."

လည်ချောင်းခြောက်ခြောက်ထဲသို့ သထွေးတစ်ချက်မျိုချပစ်လိုက်ပြီး ရင်ဘတ်အရှေ့သို့ရောက်နေသော ဆံပင်တွေကို အနောက်သို့ပို့လိုက်သည်။မဝံ့မရဲသောခြေလှမ်းများဖြင့် အတန်းအရှေ့သို့သွားကာ ရီပို့ကဒ်ကိုသွားယူလိုက်မိသည်။

"‌နင်ဘာသာစုံအောင်လား....အဆင့်ဘယ်လောက်ရလဲ...."

ရီပို့ကဒ်ကိုကြည့်ပြီးသားဖြစ်နေတာကြောင့် ယမင်းကိုသာရီပို့ကဒ်အားထိုးပြလိုက်သည်။ရီပို့ကဒ်ကိုမြင်သည်နှင့် ယမင်းသည် ပုံရိပ်ကိုတစ်လှည့်
 ရီပို့ကဒ်ကို တစ်လှည့်ကြည့်နေလေသည်။

"ပုံရိပ်..နင်ကဘိုင်အိုတစ်ဘာသာကျတောင် အဆင့်(၁၀)ရနေပါလား...နင့်ကိုငါလေးစားသွားပြီ
ပုံရိပ်ရယ်...နင်အရမ်းတော်တယ်..."

သူငယ်ချင်း အချင်းချင်းကပ်၍ချီးမွှမ်းခန်းဖွင့်နေပါသော်လည်း ကိုယ်တစ်ယောက်သာမပျော်နိုင်ဖြစ်နေသည်ဟု ဆိုရသည်။
ဦးနေမျိုး၏"ကိုယ့်ကိုကိုယ်သာ ပြန်ပြိုင်ပါဟု.."
ပြောထားသောစကားကြောင့် ဟိုကောင့်ကိုနိုင်ချင်သည့်စိတ်ဟာ ဦးနှောက်ထဲတွင် အရင်လောက် ဆန္ဒမစောတော့ပေမဲ့ အဆင့်(၁)ဆိုသည့် တံခါးတစ်ချက်ကိုတော့ ဆက်လက်၍ခေါက်ကြည့်ချင်မိသည်။

"မုန့်စားဆင်းချိန်"သို့ရောက်သည့်အခါ ယမင်းရွှေက သူ့အစ်ကိုနှင့်မုန့်လိုက်၀ယ်ရန်ဟုဆိုကာ အပြင်ထွက်သွားလေသည်။ပုံရိပ်လည်း အတန်းတွင်းမှာပဲအောင်းမနေချင်တာကြောင့် စိတ်ပြေပျောက်စေရန် ကန်ဘောင်ဆီသို့ ဦးတည်၍လျှောက်လာခဲ့လိုက်သည်။

ယခင်ထိုင်နေကြ ကုက္ကိုလ်ပင် အခြေရင်းတွင်
 သစ်မြစ်အပေါ်သို့ ထိုင်ချလိုက်ပြီး ညိမ်သက်၍ အေးငြိမ့်သာယာနေသော ကန်ရေပြင်အား မျက်တောင်ခက်ဖို့မေ့လောက်သည်အထိ ငေးဆိုက်ကြည့်နေမိသည်။
ဘေးနားရှိ မြေပေါ်မှကျောက်ခဲတစ်လုံးကိုသာ
အမိအရကိုင်ပစ်လိုက်ပြီး ကန်ရေပြင်၏ညိမ်သက်မှုလေးအား အနည်းငယ်လှုပ်ခါအောင်ပြုမူလိုက်မိသည်။
"အခြားသူကို မပြိုင်ရဘူး..ကိုယ့်ကိုကိုယ်သာပြိုင်ရမယ်..."
"ကိုယ့်ရည်မှန်းချက်က ဘာလဲ???"

အဖြေရှာ၍မရသော ပုစ္ဆာတစ်ခုကို အကြိမ်ကြိမ်တွက်ချက်နေမိသည့် ကိုယ့်ရဲ့ညံ့ဖျင်းမှုအား ဝေဖန်အပြစ်တင်နေမိသည်။
နှုတ်ခမ်းကိုဖိကိုက်ကာဖြင့် အပြစ်မဲ့သော ကန်ရေပြင်ကိုသာ ခဲလုံးပေါင်းများစွာပစ်ပေါက်လျှက် ရမယ်ရှာနေမိသည်။

"ဘာတွေမကျေမနပ်ဖြစ်နေတာလည်း..."

ရုတ်တရက်ကြားလိုက်ရသောအသံတစ်ခုကြောင့် ထိတ်လန့်လျှက် မတ်တတ်ထရပ်လိုက်မိလေသည်။ထိုလူကိုကြည့်လိုက်မိတော့ ကျောင်းစိမ်းပုဆိုးကိုခပ်တိုတို၀တ်ထားပြီးလျှင် အိင်္ကျီအဖြူလက်ရှည်အား တစ်ဖက်တို၊တစ်ဖက်ရှည်ဖြင့် ပုံမကျပန်းမကျ လိပ်တင်ထားသည်။ဘေးလွယ်အိတ်ကိုလည်း ကောင်းကောင်းမလွယ်ပါပဲ တိုအောင်ဘုထုံးထုံးထားလျှက် လည်ပင်းတွင်စွပ်ချထားလေသည် ။
သူ့ပုံစံဟာ ယခင်မြင်နေကြအတိုင်းကွဲပြားသွားခြင်းမရှိပေမဲ့ သူ့အပေါ်သို့ပုံရိပ်၏ အမြင်ကတော့ ပြောင်းလဲသွားခဲ့လေပြီ။
အမှန်အတိုင်းပြောရလျှင် သူဟာဆိုးသွမ်းသည်‌ဆိုတာကိုတောင် မယုံချင်‌‌ တော့ပေ။

"ပုံရိပ်...နင်သတိလစ်သွားခဲ့တဲ့နေ့က နင့်ကိုအရင်ဆုံးပြေးပွေ့ပြီး ဆရာမတွေနဲ့အတူဆေးရုံအထိ လိုက်ပို့ခဲ့တာဘယ်သူလို့ ထင်သလဲ..."

"ဘယ်သူလဲ.."

"ဟိန်းကိုလေ...ငါတောင်အံ့ဩသွားတယ် အကုန်ဝိုင်းအုံနေတဲ့အချိန်မှာ ငါလည်းဘာလုပ်လို့လုပ်ရမှန်းမသိဘူး..သူကငါတို့အဆောင်ဘက်ကမဟုတ်ပေမဲ့ လူအုံလို့လာဝိုင်းကြည့်တယ်ထင်ပါရဲ့...
ငါလည်းဆရာမကိုပြေးခေါ်နေတဲ့အချိန်..သူကနင့်ကိုပွေ့လာပြီး ဆရာမတွေနဲ့အတူ ဆေးရုံကိုလိုက်သွားတော့တာပဲ...နင့်ခန္ဓာကိုယ်ကိုသူတစ်ယောက်တည်းအားနဲ့မနိုင်တာ ငါတကယ်ချီးကျူးမိတယ်သိလားပုံရိပ်...သူဟာငါတို့ထင်သလောက်လည်းမဆိုးပါဘူး...သူကဆိုးသွမ်းချင်ယောင် ဆောင်နေတာပဲဖြစ်လိမ့်မယ်..."

ယမင်းရွှေ၏ စကားလေးတွေကိုပြန်ကြားယောင်မိသည့်အခါ ယခုမြင်နေရသည့်သူ၏ အပေါ်ယံ
 ပုံသဏ္ဍန်သည် အများအမြင်မှာတွေ့တာနှင့်
 ဒီကောင်လေးဟာဒေါက်မကျိုးဘူးဟု ထင်မြင်အောင်တမင်နေသည်ဟု တွေးမှတ်မိသည်။
လူ့အကြောင်းပေါင်းမှသိဆိုသည့်စကားဟာ
 သိပ်မှန်တယ်ထင်ပါရဲ့။
ပုံရိပ်မေ့လဲခဲ့သည့် ကိစ္စနှင့်ပတ်သတ်ပြီး သူ့ကိုကျေးဇူးတင်စကားဆိုချင်မိပေမဲ့ လျှာဖျားမှာတွင် တင်ကျန်နေသည့်ထိုစကားရပ်အစား
ခဲတစ်လုံးကိုကောက်ပြီး ကန်ရေပြင်ကို အကြောင်းမဲ့သက်သက် ရန်ရှာလိုက်မိပြန်သည်။

"ငါအများကြီးလုံ့လဝီရိယဆိုက်ထုတ်ပြီးကြိုးစားနေပါလျှက်နဲ့ အောင်မြင်မှုမရသေးတာ
သိပ်စိတ်ပျက်ဖို့ကောင်းတာပဲဟာ.."

သူ့ကိုကျေးဇူးတင်ရမည့်မစား ကိုယ့်ဝေဒနာကိုသာ တောင်စဉ်ရေမရငြီးတွားလိုက်မိသည်။
သူနားလည်နိုင်မလားမသိပေမဲ့ ပုံရိပ်နှင့်
ခပ်လှမ်းလှမ်းတွင် ဒူးထောင်လျက် မြေပေါ်သို့ထိုင်ချလိုက်တာကိုတော့ သိလိုက်ပါသည်။
သူကလည်း ကန်ရေပြင်ကိုအဓိပ္ပာယ်မဲ့စွာစိုက်ကြည့်နေမည်ဟု ခန့်မှန်းလိုက်မိသည်။

"အချို့အရာတွေက လုံ့လ၊ဝီရိယဆိုက်ထုတ်တိုင်း အောင်မြင်တာမှမဟုတ်ပဲ..
နည်းမှန်လမ်းမှန်ဖြစ်ဖို့လည်း လိုအပ်တယ်..
ဖြတ်ထိုးဉာဏ်ရှိဖို့လည်း လိုအပ်တယ်..."

သူ့ဆီကနေ မထင်မှတ်ထားသော ဖြေရှင်းချက်တစ်ခုဟာ ပုံရိပ်ကိုလုံး၀အံ့ဩသင့်သွားစေသည်။
နှောက်ကျိနေသည့် ရေပြင်ဟာချက်ချင်းကြည်လင်သွားသကဲ့သို့ အံ့ဩနေမိသည်။
သူကတော့ ပုံရိပ်ကိုမကြည့်ပဲ ကန်ရေပြင်ဆီသို့သာ အာရုံမလွှဲစတမ်းကြည့်နေလေသည်။

"ဒါဆို နည်းမှန်လမ်းမှန်ဖြစ်အောင် ငါဘယ်လိုလေ့ကျင့်ယူရင်ကောင်းမလဲ..."

ထိုစကားကိုကြားတော့ သူဟာတစ်ချက်မျှ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ကန်ရေပြင်ပေါ်သို့ နေရိပ်ထိုး၍သူ့မျက်လုံးသို့ ရောင်ပြန်ဟပ်နေသည့်သဖွယ် ကြည်လင်နေသော သူ့မျက်၀န်းတွေနှင့်
 ပုံရိပ်အားကြည့်လာလေသည်။

"ဒါကလွယ်ပါတယ်...နည်းလမ်းမှန်အောင်လေ့ကျင့်ပေးနိုင်မဲ့ ဆရာတစ်ယောက်ကိုရှာလိုက်ပေါ့..."

သူ့စကားအဆုံးမှာ ပုံရိပ်၏အတွေးထဲ၌ အလင်းတန်းတစ်ခုဖြတ်ခနဲ လင်းလက်သွားခဲ့သည်။ပုံရိပ်ကျေနပ်စွာ ပြုံးလိုက်မိသည်။ထိုအပြုံးဟာ ပြီးပြည့်စုံသောအပြုံးတစ်ခုမဟုတ်ပေမဲ့  
ပုစ္ဆာတစ်ပုဒ်၏အဖြေကို ရှာတွေ့ဖို့ လမ်းကြောင်းပွင့်လာသည့် အပြုံးဖြစ်လေသည်။

ပုံရိပ်အတွက် အသင့်တော်ဆုံးနှင့် လေးစားမိဆုံး ဆရာဟာတစ်ယောက်ပဲရှိသည် ။
သူဟာ ပုံရိပ်နဲ့တွေ့လိုက်တဲ့ ခဏတာတိုင်းမှာပုံရိပ်ရဲ့ အတွေးအမြင်တွေကိုပြောင်းလဲအောင်လုပ်ပေးနိုင်သည့် တစ်ဦးတည်းသောသူပါပဲ။
သူ့ကြောင့်သာမဟုတ်ရင် ပုံရိပ်အခုလောက်ဆိုရင် ကျောင်းစာသင်ခန်းအပြင်ဘက်ကို ရွက်လွှင့်နေမိမှာသေချာတယ်။
ရင်ထဲက သိပ်ကိုတန်ဖိုးရှိတဲ့‌မိတ်ဆွေကြီးပေါ့။
အခုတော့ သူဟာပုံရိပ်၏ဆရာဖြစ်လာတော့မည်။

ထိုနေ့တွင် ကျောင်းဆင်းသည်နှင့် အိမ်ကိုတန်းမပြန်သေးပဲ ပုံရိပ်ခရီးဆက်နေမိသည်ကတော့
တစ်ခုတည်းသောရပ်ကွက်ဘုန်းကြီးကျောင်းကလေးဆီသို့ဖြစ်သည်။
ဘယ်သူနှင့်တွေ့ချင်လို့လဲဟု မေးလာပါက
"ဆရာနေမျိုး.."ဟုသာဖြေရပါလိမ့်မယ်။

အခန်း(၁၂)..ဆက်ရန်ရှိသည်***

🔥🔥🔥🔥🔥🔥🔥

ပုံရိပ်ရဲ့မိဘတွေ ဇာတ်လမ်းလေးကိုတရား၀င်မိတ်ဆက်လိုက်ပါပြီ သူတို့ရဲ့သမီးလေးကိုဘာကြောင့်များထားသွားခဲ့ကြတာလဲ 🥰

==========================================================================


🔥 ဆူးႀကိဳး...အခန္း(၁၁)🔥


PART (2)


အမ်ိဳးသမီးငယ္တို႔၏ လွပခ်င္ေသာစိတ္အခံေလးသည္ ေခာတ္အဆက္ဆက္တြင္ တည္ရိွေနသၫ့္ ရင္တြင္းပဋိသ‌ႏၶေကဲ့သို႔ျဖစ္ေလသည္။

အေမတို႔သည္ ဧရာ၀တီတိုင္းသူေတျြဖစ္ၿပီး ၿမိဳ႔ႏွင့္ေဝးေသာ ေက်းလတ္သူမ်ားျဖစ္၍ အမ်ိဳးသမီးတို႔၏ ပင္ကိုယ္စိတ္အခံေလးအတိုင္း လွခ်င္၊ပခ်င္ၾကေသာ္လည္း ကားလမ္းမေပါက္ ဆိုင္ကယ္လ္ဆိုတာဘာမွန္းမသိေသာ အခ်ိန္အခါျဖစ္၍ အလျွပင္ပစၥည္းေလးမ်ား ၀ယ္ဖို႔ရန္မနည္းတရသည္။

စက္ဘီးဆိုသည္မွာလည္း တစ္ရြာလံုးေပါင္းမွ‌
ေလးစီးေတာင္မျပၫ့္ခ်င္တာေၾကာင့္ ၿမိဳ႔သို႔သြားရမည္ဆိုပါက ႏြားလွည္းႏွင့္မဟုတ္လ်ွင္ ေထာ္လာဂ်ီႏွင့္သြားမွရသၫ့္ခရီးျဖစ္သည္ ။
မိုးတြင္းအခါေရာက္လ်ွင္ေတာ့ ေရလမ္းျဖင့္သြားၾကရသည္။

အေမတို႔ေခာတ္အခါသည္ ယေန့ေခာတ္ကဲ့သို႔ ၿမိဳ႔နယ္ျခားသည္ကိုအပထား ေရျခား၊ေျမျခားဆိုလ်ွင္ေတာင္ ႀကိဳးမဲ့စနစ္ျဖင့္ ဆက္သြယ္ေျပာဆိုႏိုင္ျခင္းမရိွေပ။ဒီဘက္ေခာတ္တြင္ ဆင္းရဲသားဆိုလ်ွင္ေတာင္ အနည္းဆံုးကီးပတ္ဖုန္းေလးေတာ့ကိုင္ၾကသည္။
အေဒၚေတာင္ မၾကာေသးမီကတစ္ခု၀ယ္ထားပါေသးတယ္။

သို႔ေပမဲ့ အေမတို႔ေခာတ္မွာေတာ့ တစ္ေနရာႏွင့္တစ္ေနရာဆက္သြယ္ခ်င္ပါက ေၾကးနန္းရိုက္ရသည္။သို႔မဟုတ္ပါက ပါးစပ္ျဖင့္လူႄကံုပါးျခင္း ၊စာျဖင့္လူႄကံုပါးျခင္းမ်ိဳးျပဳလုပ္ရသည္။အေဖသည္ မႏၲေလးမွာေမြးေပမဲ့ ရန္ကုန္တြင္အေျခခ်ေနသူျဖစ္ေသာေၾကာင့္ အေမ့ဆီသို႔ခဏ၊ခဏကိုယ္တိုင္မလာႏိုင္သျဖင့္ စာျဖင့္လူႄကံုပါး၍ အလြမ္းသယ္ရသည္။



အေမသည္ သံုးတန္းေလာက္သာ ဖြတ္ဖြတ္ညက္ညက္‌ေၾကခဲ့ရသူဆို‌ေတာ့ စာတိုက္တြင္လည္း
စာမထုတ္တတ္သလို ၊စာပို႔သမားေတြကလည္း
ၿမိဳ႔ႏွင့္ေဝးသၫ့္ အေမတို႔ရြာအထိ စာလာမပို႔ၾကေပ။လူႄကံုဆိုသည္မွာလည္း ၿမိဳ႔သို႔ရွားရွားပါးပါးတက္သၫ့္ ရြာခံေတျြဖစ္ေသာေၾကာင့္ တစ္လေနမွစာတစ္ေစာင္ေလာက္ ရေသာအေမသည္ ညညဆိုလ်ွင္ မီးခြက္ေလးထြန္းၿပီး စာေခါက္ေလးကို ခဏခဏဖြင့္၍ဖတ္ကာ အလြမ္းၫႊန႔္ၫွိုး၍ မ်က္ရည္တာက်ိဳးေလာက္သည္အထိ ငိုခဲ့ရရွာသည္။

အေမနဲ႔အေဖဟာ နယ္အေဝးႀကီးမွာ ခဲြခြာေနၾကရၿပီး လူခ်င္းလည္းမေတြ့ရပဲ
တစ္လၾကာမွ စာေလးတစ္ေစာင့္ျဖင့္သာခၽြေးသိပ္ရသည္ကို အခ်စ္မပ်က္ၾကျခင္းသည္ အင္မတန္မွခ်ီးက်ူးစရာေကာင္းသည္ဟု ထင္မိသည္။

ႏွလံုးသားႏွစ္ခုအား ဘယ္လိုႀကိဳးမ်ိဳးျဖင့္ ၿမဲျမံစြာ ခ်ည္ေနွာင္ထားသလဲဆိုတာကို သိပ္သိခ်င္လြန္း၍ သူတို႔၏ငယ္ဘ၀ေလးထဲသို႔ အလည္သြားခ်င္ခဲ့မိသည္။အေဖနဲ႔အေမလက္ထပ္ဖို႔ ျဖစ္လာစဉ္မွာေတာ့အေဖ့ဘက္ကမိသားစုဟာ အေမ့ကိုပညာမတတ္လို႔ဆိုသၫ့္ စဲြခ်က္ျဖင့္ မၾကည္ျဖဴႏိုင္ခဲ့ၾကေပ။

သို႔ေပမဲ့ တစြတ္ထိုးဆန္ၿပီး ေခါင္းမာသၫ့္အေဖ့ကို ဘယ္သူမွအျပစ္မဆိုရဲၾကတာေၾကာင့္မေျပာသာၾကေပမဲ့ အေမ့တို႔ရြာသို႔လိုက္ၿပီး ေတာင္းရန္းေပးသည္မွလဲြ၍ အေဖ့ဘက္မွဘယ္သူကမ်ွ မဂၤလာပဲြသို႔တက္ေရာက္ျခင္းမရိွခဲ့ၾကေပ။

 ထိုကိစၥေၾကာင့္ အေမစိတ္ဆင္းရဲတာကိုမၾကၫ့္ရက္သၫ့္အေဖဟာ ရန္ကုန္သို႔အေမႏွင့္အတူ ေျပာင္းေရြ့ေနထိုင္ခဲ့ေလသည္။
ပံုရိပ္ဟာ အျပင္ပံုသ႑န္အားျဖင့္ အေမႏွင့္ ေတာ္ေတာ္ေလးဆင္သည္ဆိုေပမဲ့ အတြင္းစိတ္မာပံုႏွင့္ အလုပ္လုပ္ပံုေတြဟာ အေဖႏွင့္တူသည္ဟု အေဒၚကအကဲခတ္ျပတတ္သည္။

ပံုရိပ္စဉ္းစားေနမိတာကေတာ့ ဒီလိုသိပ္ခ်စ္ၾကတဲ့ လင္မယားႏွစ္ေယာက္ဟာ သူတို႔၏တစ္ဦးတည္းေသာ သမီးေလးကိုထားရစ္ခဲ့ၿပီး ဘာေၾကာင့္ထြက္သြားခဲ့ၾကသလဲဆိုတာပါပဲ။ပံုရိပ္ကို မႏွစ္သက္ၾကေတာ့လို႔မ်ားလား။ဒါမွမဟုတ္ရင္ သူတို႔ႏွစ္ေယာက္ပဲသိတဲ့ ရင္တြင္းပဍိပကၡတစ္ခုခုေၾကာင့္ ပံုရိပ္ကိုအေဒၚဆီမွာ အပ္ခဲ့ကာစိတ္နာနာႏွင့္ တစ္ေယာက္တစ္ေနရာဆီထြက္သြားခဲ့ၾကတာမ်ားလား။

"ကဲ...မုန႔္စားမဆင္းခင္ ဒီလပတ္အတြက္
ရီပို႔ကဒ္ေဝေပးမယ္..."

ဆရာမ၏ စကားသံသည္အေဝးသို႔ပ်ံ႔လႊင့္၍ အ‌ေတြးမ်ားေနသၫ့္ စိတ္အစဉ္ကို ဆဲြလႈပ္ခါယမ္းလိုက္သကဲ့သို႔ ထိတ္လန႔္သြားမိသည္။
ကိုယ့္နာမည္ကိုေတာင္ မၾကားရဲသလိုျဖစ္ေနသည္။

"ပံုရိပ္....ရီပို႔ကဒ္လာယူ..."

လည္ေခ်ာင္းေျခာက္ေျခာက္ထဲသို႔ သေထြးတစ္ခ်က္မ်ိဳခ်ပစ္လိုက္ၿပီး ရင္ဘတ္အေရ႔ွသို႔ေရာက္ေနေသာ ဆံပင္ေတြကို အေနာက္သို႔ပို႔လိုက္သည္။မဝံ့မရဲေသာေျခလွမ္းမ်ားျဖင့္ အတန္းအေရ႔ွသို႔သြားကာ ရီပို႔ကဒ္ကိုသြားယူလိုက္မိသည္။

"‌နင္ဘာသာစံုေအာင္လား....အဆင့္ဘယ္ေလာက္ရလဲ...."

ရီပို႔ကဒ္ကိုၾကၫ့္ၿပီးသားျဖစ္ေနတာေၾကာင့္ ယမင္းကိုသာရီပို႔ကဒ္အားထိုးျပလိုက္သည္။ရီပို႔ကဒ္ကိုျမင္သည္ႏွင့္ ယမင္းသည္ ပံုရိပ္ကိုတစ္လွၫ့္
 ရီပို႔ကဒ္ကို တစ္လွၫ့္ၾကၫ့္ေနေလသည္။

"ပံုရိပ္..နင္ကဘိုင္အိုတစ္ဘာသာက်ေတာင္ အဆင့္(၁၀)ရေနပါလား...နင့္ကိုငါေလးစားသြားၿပီ
ပံုရိပ္ရယ္...နင္အရမ္းေတာ္တယ္..."

သူငယ္ခ်င္း အခ်င္းခ်င္းကပ္၍ခ်ီးမႊမ္းခန္းဖြင့္ေနပါေသာ္လည္း ကိုယ္တစ္ေယာက္သာမေပ်ာ္ႏိုင္ျဖစ္ေနသည္ဟု ဆိုရသည္။
ဦးေနမ်ိဳး၏"ကိုယ့္ကိုကိုယ္သာ ျပန္ၿပိဳင္ပါဟု.."
ေျပာထားေသာစကားေၾကာင့္ ဟိုေကာင့္ကိုႏိုင္ခ်င္သည့္စိတ္ဟာ ဦးေနွာက္ထဲတြင္ အရင္ေလာက္ ဆႏၵမေစာေတာ့ေပမဲ့ အဆင့္(၁)ဆိုသၫ့္ တံခါးတစ္ခ်က္ကိုေတာ့ ဆက္လက္၍ေခါက္ၾကၫ့္ခ်င္မိသည္။

"မုန႔္စားဆင္းခ်ိန္"သို႔ေရာက္သၫ့္အခါ ယမင္းေရႊက သူ႔အစ္ကိုႏွင့္မုန႔္လိုက္၀ယ္ရန္ဟုဆိုကာ အျပင္ထြက္သြားေလသည္။ပံုရိပ္လည္း အတန္းတြင္းမွာပဲေအာင္းမေနခ်င္တာေၾကာင့္ စိတ္ေျပေပ်ာက္ေစရန္ ကန္ေဘာင္ဆီသို႔ ဦးတည္၍ေလ်ွာက္လာခဲ့လိုက္သည္။

ယခင္ထိုင္ေနၾက ကုကၠိုလ္ပင္ အေျခရင္းတြင္
 သစ္ျမစ္အေပၚသို႔ ထိုင္ခ်လိုက္ၿပီး ညိမ္သက္၍ ေအးၿငိမ့္သာယာေနေသာ ကန္ေရျပင္အား မ်က္ေတာင္ခက္ဖို႔ေမ့ေလာက္သည္အထိ ေငးဆိုက္ၾကၫ့္ေနမိသည္။
ေဘးနားရိွ ေျမေပၚမွေက်ာက္ခဲတစ္လံုးကိုသာ
အမိအရကိုင္ပစ္လိုက္ၿပီး ကန္ေရျပင္၏ညိမ္သက္မႈေလးအား အနည္းငယ္လႈပ္ခါေအာင္ျပဳမူလိုက္မိသည္။
"အျခားသူကို မၿပိဳင္ရဘူး..ကိုယ့္ကိုကိုယ္သာၿပိဳင္ရမယ္..."
"ကိုယ့္ရည္မွန္းခ်က္က ဘာလဲ???"

အေျဖရွာ၍မရေသာ ပုစၧာတစ္ခုကို အႀကိမ္ႀကိမ္တြက္ခ်က္ေနမိသၫ့္ ကိုယ့္ရဲ့ညံ့ဖ်င္းမႈအား ေဝဖန္အျပစ္တင္ေနမိသည္။
ႏႈတ္ခမ္းကိုဖိကိုက္ကာျဖင့္ အျပစ္မဲ့ေသာ ကန္ေရျပင္ကိုသာ ခဲလံုးေပါင္းမ်ားစြာပစ္ေပါက္လ်ွက္ ရမယ္ရွာေနမိသည္။

"ဘာေတြမေက်မနပ္ျဖစ္ေနတာလည္း..."

ရုတ္တရက္ၾကားလိုက္ရေသာအသံတစ္ခုေၾကာင့္ ထိတ္လန႔္လ်ွက္ မတ္တတ္ထရပ္လိုက္မိေလသည္။ထိုလူကိုၾကၫ့္လိုက္မိေတာ့ ေက်ာင္းစိမ္းပုဆိုးကိုခပ္တိုတို၀တ္ထားၿပီးလ်ွင္ အိက်ႌအျဖဴလက္ရွည္အား တစ္ဖက္တို၊တစ္ဖက္ရွည္ျဖင့္ ပံုမက်ပန္းမက် လိပ္တင္ထားသည္။ေဘးလြယ္အိတ္ကိုလည္း ေကာင္းေကာင္းမလြယ္ပါပဲ တိုေအာင္ဘုထံုးထံုးထားလ်ွက္ လည္ပင္းတြင္စြပ္ခ်ထားေလသည္ ။
သူ႔ပံုစံဟာ ယခင္ျမင္ေနၾကအတိုင္းကဲြျပားသြားျခင္းမရိွေပမဲ့ သူ႔အေပၚသို႔ပံုရိပ္၏ အျမင္ကေတာ့ ေျပာင္းလဲသြားခဲ့ေလၿပီ။
အမွန္အတိုင္းေျပာရလ်ွင္ သူဟာဆိုးသြမ္းသည္‌ဆိုတာကိုေတာင္ မယံုခ်င္‌‌ ေတာ့ေပ။

"ပံုရိပ္...နင္သတိလစ္သြားခဲ့တဲ့ေန့က နင့္ကိုအရင္ဆံုးေျပးေပြ့ၿပီး ဆရာမေတြနဲ႔အတူေဆးရံုအထိ လိုက္ပို႔ခဲ့တာဘယ္သူလို႔ ထင္သလဲ..."

"ဘယ္သူလဲ.."

"ဟိန္းကိုေလ...ငါေတာင္အံ့ဩသြားတယ္ အကုန္ဝိုင္းအံုေနတဲ့အခ်ိန္မွာ ငါလည္းဘာလုပ္လို႔လုပ္ရမွန္းမသိဘူး..သူကငါတို႔အေဆာင္ဘက္ကမဟုတ္ေပမဲ့ လူအံုလို႔လာဝိုင္းၾကၫ့္တယ္ထင္ပါရဲ့...
ငါလည္းဆရာမကိုေျပးေခၚေနတဲ့အခ်ိန္..သူကနင့္ကိုေပြ့လာၿပီး ဆရာမေတြနဲ႔အတူ ေဆးရံုကိုလိုက္သြားေတာ့တာပဲ...နင့္ခႏၶာကိုယ္ကိုသူတစ္ေယာက္တည္းအားနဲ႔မႏိုင္တာ ငါတကယ္ခ်ီးက်ူးမိတယ္သိလားပံုရိပ္...သူဟာငါတို႔ထင္သေလာက္လည္းမဆိုးပါဘူး...သူကဆိုးသြမ္းခ်င္ေယာင္ ေဆာင္ေနတာပဲျဖစ္လိမ့္မယ္..."

ယမင္းေရႊ၏ စကားေလးေတြကိုျပန္ၾကားေယာင္မိသၫ့္အခါ ယခုျမင္ေနရသၫ့္သူ၏ အေပၚယံ
 ပံုသ႑န္သည္ အမ်ားအျမင္မွာေတြ့တာႏွင့္
 ဒီေကာင္ေလးဟာေဒါက္မက်ိဳးဘူးဟု ထင္ျမင္ေအာင္တမင္ေနသည္ဟု ေတြးမွတ္မိသည္။
လူ႔အေၾကာင္းေပါင္းမွသိဆိုသၫ့္စကားဟာ
 သိပ္မွန္တယ္ထင္ပါရဲ့။
ပံုရိပ္ေမ့လဲခဲ့သၫ့္ ကိစၥႏွင့္ပတ္သတ္ၿပီး သူ႔ကိုေက်းဇူးတင္စကားဆိုခ်င္မိေပမဲ့ လ်ွာဖ်ားမွာတြင္ တင္က်န္ေနသၫ့္ထိုစကားရပ္အစား
ခဲတစ္လံုးကိုေကာက္ၿပီး ကန္ေရျပင္ကို အေၾကာင္းမဲ့သက္သက္ ရန္ရွာလိုက္မိျပန္သည္။

"ငါအမ်ားႀကီးလံု႔လဝီရိယဆိုက္ထုတ္ၿပီးႀကိဳးစားေနပါလ်ွက္နဲ႔ ေအာင္ျမင္မႈမရေသးတာ
သိပ္စိတ္ပ်က္ဖို႔ေကာင္းတာပဲဟာ.."

သူ႔ကိုေက်းဇူးတင္ရမၫ့္မစား ကိုယ့္ေဝဒနာကိုသာ ေတာင္စဉ္ေရမရၿငီးတြားလိုက္မိသည္။
သူနားလည္ႏိုင္မလားမသိေပမဲ့ ပံုရိပ္ႏွင့္
ခပ္လွမ္းလွမ္းတြင္ ဒူးေထာင္လ်က္ ေျမေပၚသို႔ထိုင္ခ်လိုက္တာကိုေတာ့ သိလိုက္ပါသည္။
သူကလည္း ကန္ေရျပင္ကိုအဓိပၸာယ္မဲ့စြာစိုက္ၾကၫ့္ေနမည္ဟု ခန႔္မွန္းလိုက္မိသည္။

"အခ်ိဳ႕အရာေတြက လံု႔လ၊ဝီရိယဆိုက္ထုတ္တိုင္း ေအာင္ျမင္တာမွမဟုတ္ပဲ..
နည္းမွန္လမ္းမွန္ျဖစ္ဖို႔လည္း လိုအပ္တယ္..
ျဖတ္ထိုးဉာဏ္ရိွဖို႔လည္း လိုအပ္တယ္..."

သူ႔ဆီကေန မထင္မွတ္ထားေသာ ေျဖရွင္းခ်က္တစ္ခုဟာ ပံုရိပ္ကိုလံုး၀အံ့ဩသင့္သြားေစသည္။
ေနွာက္က်ိေနသၫ့္ ေရျပင္ဟာခ်က္ခ်င္းၾကည္လင္သြားသကဲ့သို႔ အံ့ဩေနမိသည္။
သူကေတာ့ ပံုရိပ္ကိုမၾကၫ့္ပဲ ကန္ေရျပင္ဆီသို႔သာ အာရံုမလႊဲစတမ္းၾကၫ့္ေနေလသည္။

"ဒါဆို နည္းမွန္လမ္းမွန္ျဖစ္ေအာင္ ငါဘယ္လိုေလ့က်င့္ယူရင္ေကာင္းမလဲ..."

ထိုစကားကိုၾကားေတာ့ သူဟာတစ္ခ်က္မ်ွ ႏႈတ္ခမ္းတြန႔္ရံုႃပံုးလိုက္သည္။ကန္ေရျပင္ေပၚသို႔ ေနရိပ္ထိုး၍သူ႔မ်က္လံုးသို႔ ေရာင္ျပန္ဟပ္ေနသၫ့္သဖြယ္ ၾကည္လင္ေနေသာ သူ႔မ်က္၀န္းေတြႏွင့္
 ပံုရိပ္အားၾကၫ့္လာေလသည္။

"ဒါကလြယ္ပါတယ္...နည္းလမ္းမွန္ေအာင္ေလ့က်င့္ေပးႏိုင္မဲ့ ဆရာတစ္ေယာက္ကိုရွာလိုက္ေပါ့..."

သူ႔စကားအဆံုးမွာ ပံုရိပ္၏အေတြးထဲ၌ အလင္းတန္းတစ္ခုျဖတ္ခနဲ လင္းလက္သြားခဲ့သည္။ပံုရိပ္ေက်နပ္စြာ ႃပံုးလိုက္မိသည္။ထိုအႃပံုးဟာ ၿပီးျပၫ့္စံုေသာအႃပံုးတစ္ခုမဟုတ္ေပမဲ့  
ပုစၧာတစ္ပုဒ္၏အေျဖကို ရွာေတြ့ဖို႔ လမ္းေၾကာင္းပြင့္လာသၫ့္ အႃပံုးျဖစ္ေလသည္။

ပံုရိပ္အတြက္ အသင့္ေတာ္ဆံုးႏွင့္ ေလးစားမိဆံုး ဆရာဟာတစ္ေယာက္ပဲရိွသည္ ။
သူဟာ ပံုရိပ္နဲ႔ေတြ့လိုက္တဲ့ ခဏတာတိုင္းမွာပံုရိပ္ရဲ့ အေတြးအျမင္ေတြကိုေျပာင္းလဲေအာင္လုပ္ေပးႏိုင္သၫ့္ တစ္ဦးတည္းေသာသူပါပဲ။
သူ႔ေၾကာင့္သာမဟုတ္ရင္ ပံုရိပ္အခုေလာက္ဆိုရင္ ေက်ာင္းစာသင္ခန္းအျပင္ဘက္ကို ရြက္လႊင့္ေနမိမွာေသခ်ာတယ္။
ရင္ထဲက သိပ္ကိုတန္ဖိုးရိွတဲ့‌မိတ္ေဆြႀကီးေပါ့။
အခုေတာ့ သူဟာပံုရိပ္၏ဆရာျဖစ္လာေတာ့မည္။

ထိုေန့တြင္ ေက်ာင္းဆင္းသည္ႏွင့္ အိမ္ကိုတန္းမျပန္ေသးပဲ ပံုရိပ္ခရီးဆက္ေနမိသည္ကေတာ့
တစ္ခုတည္းေသာရပ္ကြက္ဘုန္းႀကီးေက်ာင္းကေလးဆီသို႔ျဖစ္သည္။
ဘယ္သူႏွင့္ေတြ့ခ်င္လို႔လဲဟု ေမးလာပါက
"ဆရာေနမ်ိဳး.."ဟုသာေျဖရပါလိမ့္မယ္။

အခန္း(၁၂)..ဆက္ရန္ရိွသည္***

🔥🔥🔥🔥🔥🔥🔥

ပံုရိပ္ရဲ့မိဘေတြ ဇာတ္လမ္းေလးကိုတရား၀င္မိတ္ဆက္လိုက္ပါၿပီ သူတို႔ရဲ့သမီးေလးကိုဘာေၾကာင့္မ်ားထားသြားခဲ့ၾကတာလဲ 🥰



No comments:

Post a Comment