(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥 ဆူးကြိုး..(အခန်း၁၀)🔥
"သင်လဲသွားမှာကို ကျွန်ုပ်မစိုးရိမ်ဘူး…"
သင်ပြန်မထနိုင်မှာကိုပဲစိုးရိမ်တယ်..."
"အေဗရာဟင်လင်ကွန်း..."
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ကြံကြောက်လှည်းအောက်၀င်ဆိုသည့်စကားပုံကိုအဒေါ်ခဏခဏပြောဖူးတာကြောင့်
ပုံရိပ်နဲ့အင်မတန်ရင်းနှီးနေလေပြီ။
သို့ပေမဲ့ ကိုယ်တိုင်ထိုကဲ့သို့ ကြံဖန်ပြီးကြောက်တတ်သည့်စိတ်မျိုးဖြစ်လာမည်ဟု မထင်ခဲ့မိရိုးအမှန်ပါ။
ပုံရိပ်ကို ရေခဲကပ်ပေးခဲ့သည့်ကော်ခွက်အားယူပြီး"ရေသွားသွန်လိုက်ဦးမည်"ဟု ပြောကာထွက်သွားပေမဲ့ အချိန်ဆယ်မိနစ်လောက်ကြာသည်အထိ သူရောက်မလာခဲ့ဘူး။
လူနာခုတင်မှာက ပုံရိပ်တစ်ယောက်တည်းရယ်။ငယ်ငယ်ကတော့ သွေးလွန်တုတ်ကွေးဖြစ်ဖူး၍ ကလေးဆေးရုံကြီးကို တတ်ခဲ့ရပေမဲ့အနားမှာ အဖေသို့မဟုတ် အမေကအမြဲစောင့်ပေးခဲ့တယ်။အခုတော့ ပုံရိပ်ရဲ့ဘေးမှာအဖော်ဆိုလို့ ခုတင်အလွတ်တစ်လုံးသာရှိလေသည်။
"တူမကြီး...လူနာစောင့်တွေမရှိဘူးလား..."
"အပြင်ခဏထွက်သွားတာပါဦးလေး..."
"အေးပါကွယ်...ဘုရားစာလေးဘာလေးလည်းရွတ်ထားပေါ့ တူမကြီးရဲ့ဘေးခုတင်က ဒီမနက်စောစောကပဲ ခုတင်ပေါ်တင်ပြီးချင်း သိပ်မကြာဘူးဆုံးသွားတာကွဲ့...ဦးလေးကအောက်ထပ်ခဏဆင်းဦးမယ်..
ပြန်တက်လာမှပရိတ်ရေလေး လာပေးမယ်နော်..."
ဦးလေးကြီး၏စကားက ပုံရိပ်ကိုအင်မတန်ထိတ်လန့်သွားစေတာကြောင့် အသံတောင်မထွက်နိုင်တော့ပဲ ခေါင်းသာညိမ့်ပြလိုက်မိသည်။
ဒီဦးလေးက ပြူတင်းအပြင်ဘက်အခြမ်းရှိ ခုတင်တစ်ခုမှလူနာစောင့်ဖြစ်ပုံရသည်။သူဟာပုံရိပ်ကို စေတနာနဲ့သတိပေးသွားတာပေမဲ့ လူထက်သရဲကိုကြောက်တတ်သည့်ပုံရိပ်အတွက် ဘေးကခုတင်ကိုသာ မရဲတရဲကြည့်နေမိသည်။စိတ်ထဲမှာလည်း ကြောက်လန့်စိတ်တို့တရစ်ပြီးတရစ်ပေါက်ဖွားလာသည်မို့ ရသမျှဘုရားစာတွေကို ခြစ်ကုတ်ပြီးရွတ်နေမိသည်။
ဆေးရုံ၀င်းဟာ ကားလမ်းမကြီး၏တစ်ဖက်ခြမ်းတွင် တည်ရှိတာကြောင့်ကားဟွန်းသံတွေကိုတော့
မကြားချင်မှအဆုံးပင်။တိုက်ဆိုင်တာကြောင့်ပဲလားမသိ ယာဉ်တိုက်မှုဖြစ်လျှင်လည်း ဆေးရုံရှေ့မှာအဖြစ်များသည်ဟု ခဏခဏသတင်းကြားရသည်။
လူနာအခန်းဆောင်တွေက တစ်ခန်းနှင့်တစ်ခန်းကို နံရံတစ်ခုသာခြားသည်ဖြစ်၍ အရမ်းကြီးကြောက်စရာမကောင်းပေမဲ့ တစ်ချို့လူနာတွေက ဝေဒနာကိုမခံမရပ်နိုင်ဖြစ်၍ ကြောက်စရာကောင်းလောက်အောင် ညီးညူလေ့ရှိကြသည်။လူအသွားအလာရှင်းနေသော လျှောက်လမ်းသို့အကြိမ်ပေါင်းများစွာ အကြည့်ရောက်မိပေမဲ့ ဦးနေမျိုး၏အရိပ်ကိုတောင် မမြင်ရပေ။
"ရေသွားသွန်တဲ့လူကလည်း ရေခွက်ထဲကိုခေါင်းဆိုက်နေပြီလားမသိဘူး..."
အဒေါ်ဟာဘာကြောင့်များ ပုံရိပ်ကိုဒီလူနဲ့စိတ်ချလက်ချထားခဲ့ရက်သလဲဟု တွေးမိတိုင်းစိတ်တိုလာမိသည်။ပုံရိပ်နေရတဲ့ အခန်းထဲတွင်ခုတင်တွေများစွာရှိပေမဲ့ လူဆိုလို့ပုံရိပ်တစ်ယောက်တည်းသာရှိသည်။
အခန်းကမီးလင်းနေပေမဲ့ ကြောက်တာကတော့ဖျောက်မရပေ။အဒေါ်ပြန်လာရင်တော့ အခြားလူများသည့်အခန်းရှိ ခုတင်အလွတ်တစ်ခုကိုပြောင်းဖို့ ပြောရပေမည်။တကယ်လို့ အဒေါ်သာပြန်လာရမယ်ဆိုရင် မိစုနဲ့ထွန်းကိုကဘယ်လိုလုပ်ပါ့မလဲ။ရပ်ကွက်ထဲမှာ ဆွေမျိုးရင်းချာဆိုလို့လည်း
မယ်မယ်ရရရှိတာမဟုတ်ဘူး။
ပုံရိပ်တို့ခြံ၏ မျက်နှာချင်းဆိုင်တိုက်အပေါ်ထပ်က အပျိုကြီးတွေကတော့ မိစုကိုအင်မတန်ချစ်ကြတာကြောင့် သူတို့ဆီမှာတစ်ညတာအပ်ထားခဲ့လို့ရနိုင်သည်။မိစုကအဆင်ပြေပေမဲ့ ထွန်းကိုကတော့ ဘယ်အိမ်မှာမှ အိပ်လို့အဆင်ပြေမယ်မထင်ဘူး။ထွန်းကိုကမနက်ဖက်ဆိုရင် နောက်ကျမှထတတ်သလို ညဘက်ဆိုရင်လည်းသူများအိမ်မှာ
သိုင်းကားတွေသွားသွားကြည့်ပြီး ထိုဇာတ်ကားတွေထဲကအတိုင်း ထထယောင်တတ်သည်။
ကိုယ့်ကိုကိုယ်ဂရုမစိုက်မိသည့်အကျိုးဆက်က
တစ်မိသားစုလုံးကိုပါ ဒုက္ခရောက်အောင်ဆွဲခေါ်မိတာပါလားဟု သံဝေဃရနေမိသည်။
ဒါပေမဲ့ ဒီရောဂါတွေကို ပုံရိပ်ကိုယ်တိုင်လိုလိုချင်ချင်ဖြစ်ခဲ့တာမှမဟုတ်ပဲလေ။အားနည်းတဲ့အချိန်မှာ သူ့ဘာသာ၀င်ရောက်လာခဲ့တာမဟုတ်ပါလား။သေချာတာကတော့ ဒီလပတ်စာမေးပွဲမှာလည်း အရှက်ကွဲအုံးမှာပါပဲ ။ ဟိန်းဇေယျာထက်ကတော့ ယခုတည်းကလှောင်ပြောင်ဖို့ စကားလုံးရှာနေလောက်ပြီထင်ပါတယ်။
"လာ...လာ...ဒီဘက်အခြမ်းကိုတွန်းလာ..."
တစ်ကိုယ်ရည်အတွေးတွေထဲမှာ နစ်၀င်နေမိစဉ်
လူသွားလမ်းဘက်မှ ခြေသံတွေနှင့်အလောတကြီးစကားပြောသံတွေကို ကြားလိုက်ရသောကြောင့်
ပုံရိပ်လည်းထိုနေရာသို့ ခေါင်းပြူ၍ကြည့်လိုက်မိသည်။လုံချည်အနီနှင့်ရင်ဖုံးအဖြူရောင်လေးကို၀တ်ဆင်ထားသော သူနာပြုမလေးသည် ကိုယ်တိုင်လည်းလူနာတင်လှည်းကိုဦးဆောင်တွန်းလာရင်း ပုံရိပ်ရှိနေသော အဆောင်ဘက်သို့ဦးဆောင်၍လမ်းပြနေလေသည်။
ပုံရိပ်၏ခြေရင်းဘက်ရှိ ခုတင်နားကိုရောက်တော့ အရပ်ရှည်ပြီးခန္ဓာကိုယ်တောင့်သည့် ဦးလေးတစ်ယောက်က လှည်းပေါ်တွင် အားအင်ချည့်နဲ့စွာ
လဲလျောင်းနေသောကောင်လေးကို ပွေ့ယူလိုက်လေသည်။
ထိုဦးလေးက ကောင်လေးအားပွေ့ထားစဉ်မှာ အသက်နှစ်ဆယ့်ငါးနီးပါးရှိဟန်တူသည့် အမျိုးသမီးနှင့်အသက်ငါးဆယ်ကျော်လောက်ရှိမည့်အမျိုးသမီးနှစ်ယောက်ဟာ ခုတင်ပေါ်တွင်ကော်ဇောခင်းပြီးမွေ့ယာအပါးခင်းကာ ထိုမွေ့ယာပေါ်တွင်စောင်ပါးလေးကိုထပ်ခင်းလိုက်လေသည် ။ကောင်လေးကိုပွေ့ချီထားသည့် ဦးလေးကိုပဲ ပုံရိပ်သနားမိသည်။သူလည်းအသက်ငါးဆယ်ကျော်လောက်ရှိနိုင်သည်။ခန္ဓာကိုယ်က အရပ်ရှည်ရှည် ခပ်ထွားထွားကြီးဖြစ်နေပေမဲ့ ဆံပင်တွေဖြူနေကာ ကောင်လေးကိုမထားရင်းနှင့် ချွေးတွေပြန်လာပြီး အင်မတန်ပင်ပန်းပုံပေါ်နေသည်။
"ဖြည်းဖြည်းချနော်..."
အမျိုးသမီးနှစ်ယောက်က ဦးလေးကြီးကိုဆရာလုပ်သလို လေသံနှင့်ပြောလိုက်သည်။
ခုတင်ပေါ်ကိုချလိုက်တဲ့အခါ ကောင်လေးကသတိမေ့နေတာမဟုတ်မှန်းသိလိုက်ရသည်။
ကောင်လေးရဲ့မျက်လုံးတွေကနီဆွေးနေပြီး အားအင်မဲ့နေမှန်းသိသာသည်။ပါးရိုးလေးတွေချိုင့်နေပြီး အင်မတန်နွမ်းနေပုံပေါ်သည်။
သူနာပြုဆရာမလေးက ကောင်လေးရဲ့
လက်ဒကောက်ကွေးနေရာကို အပ်ကြီးနဲ့အကြောစမ်းပြီး ဆေးချိတ်ဖို့လုပ်ပေးလေသည်။
ဆေးရုံမှာက ညဂျူတီဆိုရင် ခွဲစိတ်ဆရာ၀န်တွေသာ လာပြီးပြန်သွားတတ်လို့ မနက်မှဆရာ၀န်တွေ လှည့်မည်ဟုရှင်းပြလေသည်။
ကောင်လေးက ၀မ်းလျှော၊၀မ်းပျက်တာဟုလည်း သူတို့၏စကားတွေအရပုံရိပ်ခန့်မှန်းလိုက်မိသည် ။ညဘက်အဖျားတက်လာရင်လည်း သူနာပြုတစ်ယောက်ယောက်ကိုလာခေါ်ဖို့အတွက် မှာထားခဲ့ကာဆရာမလေးကပြန်ထွက်သွားလေသည် ။
ထိုးဆေးအချို့ကကိုယ့်ဘာသာသွား၀ယ်ရမည်ဟု ဆရာမလေးမှာထားသောကြောင့် တစ်ယောက်ကအဆောင်ထဲမှထွက်၍ အောက်ထပ်သို့သွားဟန်တူလေသည်။လူနာကလည်း ဆေးချိတ်ထားသည့်အရှိန်နှင့် မှိန်းနေလေသည်။ထိုအချိန်မှာ လူနာဘေးရှိခုံတွင်ထိုင်ရင်းနှင့် အန်တီကြီးကပုံရိပ်ဘက်သို့လှည့်လာသည်။
"တစ်ယောက်တည်းလား...လူနာစောင့်ရော"
"ရေသွားသွန်ဖို့ခဏထွက်သွားတယ်..."
အဲ့ဒီ့ ရေသွားသွန်တဲ့လူအကြောင်းကိုတွေးမိလေ အင်မတန်ဒေါသထွက်ရလေပါပဲ။အသိတရားခေါင်းပါးလိုက်တာလို့လဲတွေးမိတယ်။ဘယ်လိုပဲ အလကားကူညီရအုံးတော့ အကျိုးသင့်
အကြောင်းသင့်မပြောပဲ ဒီလိုတစ်ယောက်တည်း ထားခဲ့သင့်ရဲ့လား။
ဘယ်သူကမှ ပုံရိပ်တို့အပေါ်ကိုအစစ်အမှန်
မကောင်းနိုင်ပါဘူးဟုလည်း တွေးမိပြန်သည်။
သို့ပေမဲ့အစောပိုင်းအချိန်လေးက တစ်ယောက်တည်း အတွေးတို့ရောက်တတ်ရာရာဖြစ်နေရာကနေ အခြာသူတွေ ရှိလာသည့်အခါ ကြောက်ရွံ့မှုစွတ်နေသောစိတ်ကလေးဟာ အနည်းငယ်တော့ဖြည်သာသွားမိသည်။
"သမီးကရော ဘာဖြစ်လို့ဆေးရုံတက်ရတာလဲ.."
"သမီးကအဖျားကြီးလို့ပါ မနက်ဖြန်တော့ဆင်းလို့ရပြီလို့ ဆရာ၀န်ကပြောခဲ့တယ်..."
"အော်...ဟုတ်လား...အေးအေး..ဆေးရုံ
အကြာကြီးမတက်ရတော့ တော်သေးတာပေါ့ကွယ်..ဒါမှမဟုတ်ရင်လေ..ဆေးရုံတက်ရတဲ့စရိတ်ကလည်း တစ်ရက်ဆိုတစ်ရက်ကုန်တာကွဲ့..."
အဒေါ်ကြီးရဲ့စကားကို ပြုံး၍သာနားထောင်နေရပေမဲ့ သိပ်တော့ဘ၀င်မကျမိပေ။
မသိလျှင် နေမကောင်းလို့ဆေးရုံလာတက်တဲ့လူတွေဟာ တမင်တကာပဲ ပိုက်ဆံလာဖြုန်းနေသလိုသဘောမျိုးဖြစ်နေသည်။ခောတ်ကာလအရ
အရာရာမှာ စိစစ်ချွေတာလာရမှာမှန်ပေမဲ့ ကျန်းမာရေးအတွက်တော့ ဒီလောက်မကပ်စေးသင့်ဘူးဟု တွေးမိသည်။
"သမီးက အသက်ဘယ်နှနှစ်ရှိပြီလဲကွဲ့.."
"၁၅နှစ်ရှိပါပြီ.."
"ဟာ..ဒါဆိုရင်အတော်ငယ်သေးတာပဲ..
ဒေါ်ကြီးရဲ့သားက၁၇နှစ်ရှိနေပါပြီကွယ်...
အစားအရမ်းသရမ်းလို့ ၀မ်းလျှောတာလေကိုယ်တော်က.."
ခုတင်ပေါ်မှာ ဆေးလွှတ်ထားသည့်အရှိန်ဖြင့် မှေးအိပ်နေသော သားဖြစ်သူကိုလှည့်၍လက်ညှိုးထိုးရင်းဖြင့် ခုတင်ခြေရင်းဘက်နားဆီမှနေ၍ ပုံရိပ်ဘက်ကိုလှည့်ကာ ဖောက်သည်ချနေလေသည်။
သူ့ယောက်ျားဖြစ်သူကတော့ သူ့သားအား
ယပ်တောင်တဖြပ်ဖြပ်ခပ်ပေးနေရင်းမှ သူ့မိန်းမဘက်သို့လှည့်၍ ရံဖန်ရံခါမျက်စောင်းထိုးလာသည်ကို ထိုအဒေါ်ကြီးကမသိပေမဲ့ ပုံရိပ်ကတော့ခုတင်ပေါ်တွင် ထိုင်နေရသူမို့မြင်နေရလေသည်။
"အိမ်မှာမနက်ပိုင်း သရက်သီးငါးပိချက်လေးချက်စားလိုက်တာ ဒေါ်ကြီးတို့ကနဂိုကမှအစားကို
သိပ်မက်တယ်ရယ်မဟုတ်တော့ တို့ဂဏန်းလောက်ပဲစားတာပေါ့..ဒီကောင်ကတော့မဟုတ်ဘူး..
အချဥ်၊အငံဆိုရင်သူသိပ်ငတ်တာသိလား
...ငါးပိချက်ကိုတအားထည့်ပြီး ဇလုံကြီးနဲ့မနည်းဘူးစားပစ်တာလေ...၀မ်းတွေသွားတာဆိုတာ ငါးခါလောက်ရှိတယ်...တကယ့်တကယ်ဖြစ်လာတော့ဓာတ်ဆားရည်လည်းမနိုင်တော့ဘူး...
လူကမျော့မျော့ကျန်တာပဲကြည့်ပါတော့...
သူ့အဖေကြီးဆိုတာ သားဖြစ်သူကိုအားမသန်ရတဲ့အထဲ တစ်ချိန်လုံးလှည့်ပွေ့နေရတာ..."
"မတင်ရယ်..တော်ပါတော့ကွာ..ဒီစကားကြီးပဲ တွေ့သမျှလူကိုပတ်ပြောနေတာဘယ်နှစ်ခါရှိနေပြီလည်း..မင်းပါးစပ်မို့ အမြှုပ်မထွက်တယ်..."
"အောင်မယ်..ဘာအမြှုပ်ထွက်မှာလည်း
တော်ကြီးစကားကိုကြည့်ပြောနော်..."
အဒေါ်ကြီးက ပုံရိပ်ဘက်သို့လှည့်ကာ မျက်နှာအမူအရာ၊လက်အမူအရာဖြင့် အကျအနဟောပြောတော်မူခန်းဖွင့်နေလေတော့ သူယောက်ျားကလည်း ထပြောလေတော့သည်။ပုံရိပ်ကလည်း ကိုယ့်ကိုလာပြောပြနေလေတော့ နားမထောင်ချင်ဘူးဟုပြောလိုက်ပြန်ရင်လည်း အားနာစရာဟုတွေးမိသည်။ကိုယ့်ကိုရန်ပြုစကားဆိုနေတာလည်း မဟုတ်တော့ ဘာမှပြန်မပြောမိပေမဲ့ ခေါင်းညိမ့်ပြီးတော့သာ "အင်း"ချမိလေသည်။
"မင်းစကားပြောနေတာက အရေးမကြီးဘူးကွ
ဒီမှာ ငါ့သားလေးနေမကောင်းလို့မှေးနေတာက အရေးကြီးတာ...ဆေးရုံကိုရောက်နေတာလည်း နည်းနည်းပါးပါးသတိရပါအုံး
...ရပ်ကွက်ထဲမှာ ဖရဲသီးလည်ရောင်းနေတဲ့အချိန်မဟုတ်ဘူးနော်..."
"အောင်မာ...တော်ကများကျွန်မဖရဲသီးရောင်းတာကို ရမယ်ရှာရတယ်လို့နော်..ရှင်အသုံးမကျလို့ ကျွန်မကဖရဲသီးရောင်းရတာလေ...
သမီးလေးဆိုလည်း စက်ရုံဆင်းရတာပင်ပန်းရတဲ့အထဲ သူ့မောင်ဖြစ်တော့မနေအားရှာဘူး..ကျုပ်တို့သားအမိပြောဖို့လည်းထားပါအုံး..ကိုယ့်ကြည့်တော့ ပိုက်ဆံဘယ်နှစ်ပြား၀င်အောင်မှမလုပ်နိုင်ပဲနဲ့..."
"ဟ..ငါလည်းလုပ်တာပဲလေ..ကံမကောင်းလို့
သစ်တွေရောင်းမထွက်တာတော့ ငါလည်းဘယ်တတ်နိုင်ပါ့မလဲ..."
"အမယ်လေး ကံကိုလွှဲမချပါနဲ့ရှင်..
ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကို လူတတ်ကြီး
စတိုင်လ်ဖမ်းပြီးလက်ဆော့ပစ်ပြီးတော့များ..
ဟိုလူလည်တွေက ညှပ်ချသွားတော့ လူအကြီးလိုကျန်နေခဲ့ရတာလေ...ကျုပ်တို့သားအမိကတော့
ရှင့်ကိုလည်လည်၀ယ်၀ယ်ရှိမယ်အထင်နဲ့ ယုံပြီးရှိစုမှတ်စုလေး ပုံပေးခဲ့ရတာ..အခုကိုယ့်သားဆေးရုံတက်ရတော့ သူများဆီကနေတောင် အကြွေးခံလာရတယ်..နောက်ဆုံးတော့ကျုပ်ပဲ ခေါင်းကိုဇာတ်ကျိုးမတတ်ငုံ့ပြီး အသနားခံပိုက်ဆံချေးလာခဲ့ရတာလေ...."
"အမယ်လေးကွာ...မရှိလို့ခဏချေးငှားတာပဲဥစ္စာ သူတို့ကလည်းအလကားပေးလိုက်တာမှမဟုတ်ပဲ..ဘာကိုမျက်နှာငယ်ရမှာလဲ..မင်းကိုက
အပ်နဲ့ထွင်းရတဲ့ကိစ္စကို ပေါက်စိန်နဲ့ပေါက်ရသလိုကိုပြောနေတာ.."
"အော်...ရှင်ကိုယ်တိုင်သွားချေးရတာမဟုတ်တော့ ပြောအားရှိတာပေါ့...တော့်မယားငယ်မအေးမေက ကျုပ်ကိုအားတိုင်းယားတိုင်းပိုက်ဆံလာချေးတဲ့အထာနဲ့ အော်ထုတ်သေးတယ်လေ...တော်တို့ကခေါင်းပေါ်မှာဆံပင်ငုတ်စိကိုပဲရွက်ထားရတာ
..ကျုပ်ကတောင်းကိုရွက်ပြီး ရပ်ကွက်တကာလှည့်ရောင်းရချရတာ..ကိုယ်မလုပ်ဖူးတော့ ပေါက်စိန်နဲ့အပေါက်ခံရတာကိုအပ်နဲ့ထွင်းသလောက်မှတ်နေတာပေါ့...အံ့ပါ့တော်..."
"မင်းတော့ကွာ...ကလေးနေမကောင်းဖြစ်နေပါတယ်ဆိုမှ ငါဒေါသထွက်လာပြီနော်..."
"အမယ်လေး...တော့်ဒေါသလောက်ကတော့
ကျုပ်တို့ကပုရွက်ဆိတ်ကိုက်သလောက်ရှိတယ်နော်..."
"အဖေနဲ့အမေ...ဘာဖြစ်နေကြတာလဲ..."
ဆေးထွက်၀ယ်သည့်အစ်မကြီးက ဆေးထုပ်ကိုကိုင်ရင်းပြာပြာသလဲ ၀င်လာတော့မှပုံရိပ်လည်း နည်းနည်းစိတ်အေးရတော့သည်။မဟုတ်ရင် ဘယ်တော့ရန်ပွဲကြီးအဖြစ် မီးထတောက်မလဲဆိုကာ
ရတက်မအေးဖြစ်နေရင်း ကိုယ်တိုင်ခုတင်အောက်သို့ ဆင်းပြေးရမလိုအနေအထားရောက်နေလေသည်။တကယ်တော့ ပုံရိပ်ကိုကမှားတာပါလေ။
"အဒေါ်ကြီး..သမီးနေထိုင်မကောင်းလို့ နားလိုက်အုံးမယ်ဟု.."ပြောလိုက်မိရင်ဒီလိုရန်ပွဲတွေအထိဖြစ်လာလိမ့်မယ်မထင်ဘူး။
ဒီအဒေါ်ကြီးကိုယ်တိုင်လည်း အစတည်းကသူယောက်ျားကိုပြောချင်နေတာထင်ပါရဲ့။ပုံရိပ်ကိုပြောပြသလိုလိုနဲ့ စောင်းလိုက်ရွဲ့လိုက်တဲ့ဖြစ်ခြင်း။ဒါကြောင့်သာ အဆောင်ထဲကိုစ၀င်လာတည်းက ဦးလေးကြီးရဲ့အပေါ်ကိုသူ့သမီးနဲ့သူ့မိန်းမက
နည်းနည်းနိုင်ချင်နေပုံပေါ်ခဲ့တာပေါ့။
အစကတော့ နေမကောင်းလို့ဆေးရုံတက်ရတဲ့လူနာကို တမင်အပြစ်တင်ချင်နေတယ်ဟု စိတ်ဆိုးမိပေမဲ့ ကိုမမြင်ရတဲ့တစ်ဖက်မှာလည်း သူတို့ရဲ့အခက်အခဲတွေက အများသားပါလားလို့ အသိတိုးလာခဲ့တယ်။အဒေါ်ကြီးပြောသလိုပဲ ဆံပင်ငုတ်စိလောက်ကိုသာ ရွက်ထားရတဲ့ပုံရိပ်တို့က ဈေးတောင်းကိုခေါင်းမှာရွက်ထားပြီး ရပ်ကွက်တကာလှည့် သူများ၀ယ်ချင်အောင် မျက်နှာချိုသွေးရတဲ့ဘ၀လောက်
ဘယ်ပင်ပန်းမှုကို ခံစားသိမြင်နိုင်ပါ့မလဲ။
"ညီမလေးရယ်...အစ်မမိဘတွေကြောင့်
စိတ်အနှောက်အယှက်ဖြစ်သွားသလားဟင်
..တောင်းပန်ပါတယ်နော်..."
"ရပါတယ်...အစ်မရယ်..."
ဟိုအစ်မကသူ့အဖေနဲ့အမေကိုလည်း ထိန်းရင်းပုံရိပ်ကိုလည်း မျက်နှာငယ်ငယ်ဖြင့် တောင်းပန်စကားဆိုလာသည်။ပုံရိပ်လည်း ယဉ်ကျေးစွာပဲပြန်ပြုံးပြလိုက်ပြီးနောက် လျှောက်လမ်းဘက်အခြမ်းသို့ကြည့်လိုက်မိတော့ တရိပ်ရိပ်လျှောက်လာနေသော ဦးနေမျိုးကိုတွေ့လိုက်ရသည်။
လက်ထဲမှာ သူအသွားတုန်းကယူသွားသည့်
ကော်ခွက်လည်းပြန်ပါမလာတော့ပေ။
ကြည့်ရတာ ဆေးရုံထဲမှာရှိသည့် သူ့အသိတစ်ယောက်ယောက်ထံမှ ငှားထားပုံရတယ်။
လက်ထဲမှာလည်း ဆန်ပြုနှစ်ထုပ်ကိုဆွဲလျှက်
ချိုင့်တစ်ခုကိုလည်း သယ်လာသေးသည်။
သူသွားတုန်းက ဒီချိုင့်တွေမပါသွားတာသေချာသည်။အခုဘယ်သူ့ဆီကနေငှားခဲ့တာဖြစ်နိုင်မလဲ။
ဒီလူဟာ သူများဆီကနေချေးငှားရလည်း ၀န်တာလေးမဲ့ပုံမပေါ်ဘူး။ထိုအကြောင်းကိုတွေးမိတော့
ဟိုဘက်လူနာခုတင်က လင်မယားတွေပိုက်ဆံ
ချေးရသည့်ကိစ္စနှင့် ရန်ဖြစ်ကြတာကို သွားသတိရ
မိပြီး စိတ်ထဲကနေရယ်လိုက်မိသည်။
"စောင့်ရတာ...ကြာသွားသလား..ဆန်ပြုတ်ဆိုင်မှာ စောင့်နေရတာနဲ့ နည်းနည်းကြာသွားတယ်..."
ဦးနေမျိုးကအနားကိုရောက်လာလာခြင်း အားနာသောလေသံလေးစွတ်၍ပြောလာသည်။သူ့လက်ထဲရှိ အဆင်သင့်ပါလာသောသုံးဆင့်ချိုင့်ကလေးကို
ခုံပေါ်တင်၍ ဖွင့်ချလိုက်ပြီး ဆန်ပြုတ်လေးနှစ်ထုပ်ကို တစ်ချိုင့်ဆီသွန်ချနေသည်။
အငွေ့တထောင်းထောင်းထွက်လာသည့် ဆန်ပြုတ်လေးကြောင့် အစောတည်းကမှအူလှိမ့်အောင်
ဆာနေသည့်ပုံရိပ်အဖို့ တံထွေးပါမျိုချမိသည်အထိ ညှို့ငင်လွန်းနေသည်။ ဆန်ပြုတ်ခွက်လေးကို
တငေးတည်းငေးနေမိသော ပုံရိပ်၏ဆန္ဒကိုပဲ သိ၍ထင်၏ ဦးနေမျိုးက ဆန်ပြုတ်ထည့်ထားသော ချိုင့်တစ်ခုကိုကမ်းပေးလာသည်။ အပြင်ဆိုင်ကယူလာပုံရသည့် ကော်ဇွန်းကလေးကိုလည်း အသင့်ထည့်ထားသည်။
"ညနေတောင်စောင်းနေတော့ မင်းလည်းဆာရောပေါ့...ငါလည်းအတော်ဆာနေပြီး ဆိုင်မှာထိုင်စားချင်ပေမဲ့ မင်းအရမ်းစောင့်လိုက်ရမှာစိုးလို့ ဆန်ပြုတ်နှစ်ထုပ်ပဲ ဆွဲခဲ့လိုက်တယ်..."
သူကတော့ ရှင်းပြနေပေမဲ့ ၀မ်းဗိုက်ထဲကအူတွေကတွန့်လှိမ်ကုန်ကာ ဆိုင်းသံ၊ဗုံသံပေးချင်လာပြီဟု စိတ်ထင်နေသော ပုံရိပ်ကတော့ ဆန်ပြုတ်ကိုသာမဲ၍သောက်နေမိသည်။တစ်ဇွန်း၊နှစ်ဇွန်းမှစ၍
ဆယ်ဇွန်းနီးပါးလောက်တွင် အဆာပြေသွားသည်ကြောင့် နှုတ်ခမ်းကိုလျှာဖြင့်သပ်ပြီး မျက်လုံးပင့်ကြည့်လိုက်မိရာ ဦးနေမျိုးကဆန်ပြုတ်သောက်ပြီး၍ ငုတ်တုတ်ထိုင်ကာ ပုံရိပ်ကိုအကဲခတ်နေပုံပေါ် နေသည်။
ကိုယ်လည်း သူများကျွေးသမျှကို အငတ်ဘေးကျသလို သဲကြီးမဲကြီးဇွတ်မျိုမိခဲ့တဲ့အဖြစ်အား
ပြန်တွေးမိတော့ ရှက်ချင်သလိုလိုတော့ဖြစ်လာသည်။
ဦးနေမျိုးကို ခပ်ဆွေဆွေပြန်ကြည့်လိုက်တော့
ကုန်လုနေပြီဖြစ်သည့် လက်ထဲမှဆန်ပြုတ်ခွက်ကိုလာတောင်း၍ သူ့လက်ထဲသို့တရိုတသေပေးလိုက်ပါသည်။မပေးလို့လည်းမဖြစ်ပေ။ဆန်ပြုတ်က သူ၀ယ်တိုက်တာဆိုတော့ ကျေးဇူးရှင်မည်ထိုက်နေပြီ။
ဒါ့အပြင် ကိုယ်အပူရှိန်ကျအောင် ရေခဲရေနဲ့လည်း ကပ်ပေးသေးတဲ့အပြင် သူ့အအပေါ်မှာကျေးဇူး
တစိုးတစဉ်းမျှ မရှိပါပဲလူနာစောင့်လာကူပေးနေရှာသည်။
"မင်းရဲ့အဒေါ်က သူ့ကလေးတွေအတွက်စီစဉ်စရာလေးတွေရှိလို့ ခဏပြန်သွားတယ် သိပ်မကြာလောက်တော့ဘူး သူပြန်လာလိမ့်မယ်...
သူပြန်ရောက်ရင်တော့ ငါလည်းကျောင်းကိုပြန်ရမှာပေါ့..."
"ဟုတ်ကဲ့...အခုလိုသမီးတို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်...
ဟို..ဆန်ပြုတ်၀ယ်တိုက်တဲ့အတွက်ရောပေါ့..."
ခုတင်ဘေးနားက သူတင်လိုက်သည့် မဆေးရသေးသောစတိီးလ်ချိုင့်ကိုပုံရိပ်ကမေးငေါ့ပြတော့ သူကခပ်ပြုံးပြုံးဖြစ်သွားသည်။ဘာကြောင့်ပြုံးသလဲဟု ပုံရိပ်လည်း ထူးဆန်းစွာငေးစိုက်ကြည့်နေတုန်း
သူကပုံရိပ်ကို ရှင်းပြလိုသောအကြည့်များနှင့်ကြည့်လာသလို တဆက်တည်းမှာပဲ စာနာမှုတွေပြည့်လျှံနေသော မျက်၀န်းများဖြင့်ကြည့်လေသည်။
"ဆန်ပြုတ်က တစ်ပွဲမှငါးရာပဲရှိတာပါ...ချိုင့်ကအသိဆရာ၀န်တစ်ယောက်ဆီကနေငှားလာတာ
ကုန်တာဆိုလို့ တစ်ထောင်ပဲရှိတယ်...."
"တစ်ထောင်ဆိုလည်းနည်းသလား...သမီးဆိုရင် တစ်ခါကအဒေါ်နဲ့အတူ ငရုတ်သီးလိုက်ခြွေတာ လေးထောင်ကျော်ပဲရတယ်..လက်တွေကိုပူထူနေတာ..တစ်ထောင်ဆိုတာလည်းတန်ဖိုးရှိတာပဲလေ..."
"အံမယ်...မင်းကရင့်ကျက်နေသလို လေသံကြီးနဲ့ပါလား..မင်းရဲ့အဒေါ်ပြောတာတော့ ဒီလတွေမှာစာတွေချည်းဖိလုပ်လို့ ကျောင်းမှာမူးလဲရတာဆို.."
"ဟာ...မဟုတ်ပါဘူး...ဒီလထဲမှာ အရင်ကထက်စာပိုလုပ်တာမှန်ပေမဲ့ ဖျားတာကတော့အအေးပတ်တာပါ ဦးရယ်..."
ကောင်မလေးထံမှ "ဦး"ဆိုသော စကားရပ်တစ်ခုကသူ့အားကြက်သီးတောင်ထသွားစေသည်။
အသက်အစိပ်တောင်မပြည့်သေးတဲ့ သူ့အား
ဘယ်သူကမှ ဒီလိုသုံးနှုန်းပြီးမခေါ်ခဲ့ဖူးဘူး။
လူတော်တော်များများကတော့ "ဆရာ၊မောင်လေး၊ညီလေး၊ကိုကြီး၊အစ်ကို၊ဒကာနေမျိုး၊သား..ကိုနေ..
စသဖြင့်ခေါ်လေ့ရှိကြတယ်။ဒီကလေးမကြမှ
သူဟာ"ဦးလေးအရွယ်.."ကိုရောက်မှန်းမသိရောက်သွားရလေပြီ။ဟုတ်တာပေါ့လေ အသက်ကလည်းဆယ်နှစ်နီးပေါက်လောက်ကွာနေတော့ ဒီလိုခေါ်တာမဆန်းပါဘူး။
"ဒါနဲ့နေပါဦး...အရင်ကတော့စာကြိုးစားချင်စိတ်
မရှိပဲ အခုမှဘာလို့ဒီလောက်မအိပ်မနေကြိုးစားနေရတာလဲ...မင်းအဒေါ်ပြောတာတော့ ညဘက်ဆိုရင်တစ်နာရီ၊နှစ်နာရီလောက်အထိ စာကျက်တယ်ဆို..
မင်းကအခုမှ ကိုးတန်းပဲရှိသေးတာမဟုတ်လား...
စာကိုသူ့အချိန်လေးနဲ့သူလုပ်မှပေါ့...ဘယ်အရာမှအရမ်းကြီးအလွန်အကျွံလုပ်လိုက်လို့မရဘူးလေ..."
သူအသိပေးလိုက်တော့ ကောင်မလေးရဲ့မျက်နှာကချက်ချင်းပျက်ယွင်းသွားသည်။သူ့စကားကိုစိတ်ဆိုးခြင်းအလျှင်းမရှိပေမဲ့ ကောင်မလေးရဲ့မျက်နှာမှာစိတ်ဓာတ်ကျသော အရိပ်အယောင်တွေတော့ ပေါ်လာသည်။ပုံရိပ်က သူ့ရဲ့ခပ်တင်းတင်းဆုပ်ထားသော လက်သီးဆုပ်တွေကိုကြည့်လျှက်ဖြင့် မျက်မှောင် ကြုံ့လိုက်တာကို သူမထင်မှတ်ပဲမြင်လိုက်ရသည်။
"အမှန်အတိုင်းပြောရရင် အတန်းထဲကကျောင်းသားတစ်ယောက်ကိုနိုင်ချင်လို့ သမီးအခုလိုစာကိုအသဲအသန်လုပ်နေမိတာပါ..."
"နိုင်ချင်တယ်ဟုတ်လား...ဘာကြောင့်နိုင်ချင်ရတာလဲ..."
"သမီးကသူ့ကိုစိန်ခေါ်ထားလို့..."
ထိုစကားကိုပြောလိုက်သည့် ပုံရိပ်၏အသံကအရမ်းကိုလေးနက်လွန်း၍သူတောင် စိတ်၀င်စားသွားမိသည်။ဒီကောင်မလေးနဲ့သူ မတွေ့ဖြစ်တာ
နှစ်လကျော်လောက်ရှိသွားခဲ့ပြီ။ဒီနှစ်လအတွင်းမှာ ကောင်မလေးအရမ်းကိုပြောင်းလဲသွားသည်ဟု တွေးထင်မိသည်။စကားပြောဆိုတဲ့အသံကအစ အပြုအမူလေးတွေကအဆုံး သေချာစူးစမ်းကြည့်လျှင် ရင့်ကျက်လာမှုလေးတွေလှိုင်းခက်နေသလိုပဲ။
လွန်ခဲ့တဲ့နှစ်လကျော်လောက်ကအထိ ကျောင်းထွက်ဖို့ကိုပဲ အာသီသဖြစ်နေတဲ့ကလေးမဟာ
ယခုတော့ စာကိုတဆိုက်မတ်မတ်ကြိုးစားချင်နေဟန်ရှိသည်။ကလေးမရဲ့စိန်ခေါ်မှုလေးအကြောင်းကို သူတောင်စိတ်၀င်စားချင်သလိုရှိလာသည်။
ဒီနှစ်လကျော်လေးအတွင်းမှာ ဘယ်လိုဖြစ်ရပ်တွေကသွေးဆော်လို့ ဒီကလေးမအားကြိုးမာန်တက်တွေ ဖြစ်ကုန်သလဲဆိုတာ သိပ်သိချင်နေမိသည်။
"စိန်ခေါ်ထားတယ်ဆိုတော့ ဘယ်လိုစိန်ခေါ်ထားတာလဲ...."
"အတန်းထဲမှာ သမီးကအဆင့်၁ရအောင်လုပ်ပြမယ်ဆိုတဲ့ စိန်ခေါ်မှုမျိုးပါဦးရယ်….ဒါပေမဲ့သမီး
ဒီစိန်ခေါ်မှုကို လုပ်နိုင်တော့မယ်မထင်ပါဘူး..."
"ဘာဖြစ်လို့လဲ..."
"ပထမ မရနိုင်တော့လို့ပေါ့..ရှေ့လပတ်တုန်းကတော့ စာတွေကိုသိပ်မကြေလို့ အဆင့်၂၀ပဲရတယ်...အခုလပတ်ကြတော့ဒီနေ့ဖြေရတဲ့ဘိုင်အိုက ကျမှာပါလေ....ပြိုင်ဘက်ကိုသမီးအရှုံးပေးလိုက်တာပဲကောင်းမယ်ထင်ပါတယ်...သူကတော့သမီးကိုလှောင်အုံးတော့မှာပေါ့ ..."
"နေပါအုံး...ဘိုင်အိုပဲကျမယ်ဆိုတော့ အခြားဘာသာတွေကအမှတ်ပြည့်ရမယ်ဆိုတဲ့သဘောလား.…"
"အဲ့လိုတော့ မဟုတ်ဘူးပေါ့ဦးရယ်...သမီးကတော့စာသေချာလုပ်ပြီး အကောင်းဆုံးဖြေခဲ့တာပဲ
….အကုန်အမှတ်ပြည့်ရမယ်လို့တော့ မဆိုလိုပါဘူး.."
ကောင်မလေး၏စကားများကို သူသေချာလေးနားထောင်ကြည့်နေမိသည်။အခြားလူတစ်ယောက်ကို နိုင်ချင်ဇောနဲ့စိန်ခေါ်လိုက်မိပေမဲ့ သူမကိုယ်သူမလည်းယုံကြည်မှုအပြည့်ရှိမနေဘူး။ကိုယ်လုပ်နိုင်တာ ကြိမ်းသေလို့စိန်ခေါ်လိုက်တာမျိုးမဟုတ်ပဲ
မခံနိုင်သည့် စိတ်တစ်ခုတည်းနဲ့ စိန်ခေါ်လိုက်တာမျိုး။
"ပုံရိပ်...မင်းကဓားကိုအရင်မသွေးထားမိပဲ တိုက်ပွဲ၀င်ဖို့ကြိုးစားနေတာနဲ့တူနေတယ်...."
"ဘယ်လို..."
ခြေထောက်ကိုချိပ်ထိုင်ကာ တံထောင်ထောက်
လျှက် မေးဖျားကိုမှေးတင်ထားရင်းဖြင့် ပုံရိပ်ကိုတည်ကြည်စွာကြည့်၍ သူပြောလိုက်ခြင်းပင်။
သူပြောတဲ့အဓိပ္ပာယ်ကိုတော့ ပုံရိပ်လုံး၀နားမလည်ဘူး။ဒါပေမဲ့ သူဘာဆက်ပြောမလဲဆိုတာကိုတော့ သိချင်မိတယ်။
"ဦးဘာကို ပြောချင်တာလဲ...."
"အဟင်း..တို့ပြောချင်တာက...မင်းဟာအရင်က
စာကိုပုံမှန်လေးမလုပ်ခဲ့ပဲ...စိန်ခေါ်မှုလုပ်ပြီးမှ
အသဲအသန်ထလုပ်တဲ့ကိစ္စကို ဓားတုံးကြီးနဲ့တိုက်ပွဲ၀င်မိတဲ့အဖြစ်နဲ့ ဥပမာပေးချင်တာပါ...
ဓားဆိုတာပုံမှန်လေး သွေးပေးမှအမြဲထက်နေနိုင်သလိုပဲ....စာဆိုတာလည်း အရင်တည်းကမှန်မှန်လေး တစ်နေ့စာတစ်နေ့ကြေအောင် လုပ်ထားကာမှ စာမေးပွဲနီးတဲ့အခါ ကိုယ်သက်သာမှာပေါ့...
မဟုတ်ဘူးလား...မင်းဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ ဦးနှောက်ကိုအမြဲတမ်းသွေးနေတဲ့ လူနဲ့ယှဉ်လိုက်မိတဲ့အခါ...အခုမှ စပြီးလှုပ်ရှားမှုပြုတဲ့မင်းက တစ်လှမ်းနောက်ကျနေသေးတာ
မဆန်းပါဘူး....တစ်ခုတော့ပြောချင်တယ်
....မင်းပြိုင်ရမှာကသူ့ကိုမဟုတ်ဘူး..."
"ဘယ်လို....သမီးကသူနဲ့စိန်ခေါ်ထားတာလေ...
သူကသမီးရဲ့ ပြိုင်ဘက်မဟုတ်လို့ ဘာလဲ...
ဦးပြောချင်တာကို နားမလည်တော့ဘူး...."
"ဒီမှာပုံရိပ်....အခုမှမင်းကကျောင်းနေအရွယ်ပဲရှိသေးတယ်...နောင်မှာ...မင်းဆယ်တန်းပြီးသွားရင်တက္ကသိုလ်ဆက်တက်ရအုံးမယ်...ဟော..တက္ကသိုလ်တက်ပြီးရင်...အလုပ်ခွင်ကို၀င်ရမယ်...
အသက်မွေး၀မ်းကြောင်းတစ်ခုကိုရှာရတော့မယ်
...မင်းမိသားစုအတွက်...မင်းကိုယ်တိုင်အတွက်...
အခုထက်နှစ်ဆလောက် အားထုတ်ပြီးကြိုးစားရတော့မယ်လေ...."
ပုံရိပ်လည်း ကိုယ့်ကိုစိတ်ရှည်စွာ လေပြည်အေးဖြင့်ရှင်းပြလာတာကြောင့် ခေါင်းလေးညိမ့်ပြကာ တရိုတသေဖြင့် နားထောင်မိလေသည်။သူကတော့ အေးဆေးတည်ငြိမ်သော အသွင်ဖြင့်ပင် ထပ်မံရှင်းပြလာသည်။
"တို့ပြောချင်တာက မင်းမှာရှေ့ဆက်ရမဲ့လမ်းက အရှည်ကြီးကျန်နေပါသေးတယ်...ရှေ့ဆက်ဖြတ်သန်းရမဲ့ လမ်းတစ်လျှောက်လုံးမှာ လူအမျိုးမျိုးနဲ့မင်း ကြုံတွေ့ရလိမ့်မယ်...မင်းကိုကဲ့ရဲ့ချင်တဲ့လူ...ချစ်တဲ့လူ...မုန်းတဲ့လူ ..ဟန်ဆောင်လိမ်ညာပြီးခင်မင်ချင်တဲ့လူ...အပေါ်ယံကမကောင်းဘူးထင်ရပြီး တကယ့်တကယ်မင်းအပေါ်ကိုဂရုစိုက်တဲ့လူ...
အမျိုးမျိူးပေါ့ကွာ...တို့မေးခွန်းတစ်ခုမေးမယ်...
ခုဏကပြောတဲ့လူတိုင်းကို မင်းရဲ့ပြိုင်ဘက်လို့သဘောထားလို့ရမလား...."
"ဘယ်ရမလဲဦးရယ်...အကုန်လုံးကိုပြိုင်ဘက်အဖြစ်သဘောထားမိရင်....ဘယ်လိုခရီးဆက်နှင်နိုင်ပါတော့မလဲ....."
ပြုံရိပ်၏ အဖြေစကားကိုကြားတော့ ဦးနေမျိုးကကျေနပ်သော အပြုံးမျိုးဖြင့် ခပ်ရိပ်ရိပ်ရယ်ပြလာသည်။
"မင်းပြောတာမှန်တယ်....တို့ပြောချင်တဲ့အဓိပ္ပာယ်ကိုမင်းမြင်နေပြီ.…လူတိုင်းကိုလိုက်ပြိုင်နေရင်
စိတ်မောရမှာပဲအဖက်တင်မယ်...
ကိုယ့်ကိုမကောင်းပြောတဲ့လူတိုင်းကို လိုက်တုန့်ပြန်နေရင်လည်း ကိုယ်ပဲစိတ်ညစ်ရတယ်....
မင်းဖြတ်သန်းရမဲ့ဘ၀တစ်လျှောက်ကြုံတွေ့ဆက်ဆံရမဲ့လူတိုင်းက မင်းရဲ့ပြိုင်ဘက်တွေမဟုတ်ဘူးပုံရိပ်...သူတို့ဟာမင်းရဲ့ဘ၀အဆောက်အအုံထဲမှာ ခဏတာလာရောက်နားခိုသွားကြတဲ့သဘောလောက်ပဲရှိတယ်..
**မင်းရဲ့ပြိုင်ဘက်က..မင်းကိုယ်တိုင်ပဲ*
အခြားသူကိုပြိုင်ရမှာ မဟုတ်ပဲမင်းကိုယ်မင်း ပြန်ပြိုင်ရမှာ....အခြားသူတစ်ယောက်ကြောင့် ပြောင်းလဲဖို့ကြိုးစားကြည့်ချင်တာမျိုးထက်...
မင်းကိုယ်တိုင်ရဲ့ အသွေးအသားထဲကနေပြောင်းလဲချင်စိတ်ပေါ်လာတာမျိုးဟာ ပိုပြီးတာရှည်ခံလိမ့်မယ်...မဟုတ်ရင်တော့ မင်းရဲ့မခံမရပ်နိုင်တဲ့စိတ်ဆန္ဒဟာ ခဏတာလေး ထတောက်တဲ့မီးတောက်တစ်ခုနဲ့ မခြားနိုင်ဘူး....."
မှားခဲ့တဲ့အမှားတွေကို ပြန်သုံးသပ်ပြီး ထပ်မမှားအောင်ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်နေရမှာ...အခြားသူလုပ်တဲ့အလုပ် မှန်သလား၊မှားသလားသွားကြည့်တာမျိုးထက်...မင်းလုပ်တာရောမှန်နေသလားဆိုတာ တွေးဆရမှာ...သူအောင်မြင်တာဟာ သူတော်လို့ဖြစ်ပြီး မင်းကျရှုံးတာဟာ မင်းကိုယ်တိုင်စီမံကွပ်ကဲမှုညံ့နေသေးလို့ပဲ...သူလုပ်တာသူ့အလုပ်
...ကိုယ်လုပ်တာဟာကိုယ့်အလုပ်ပဲ...နောက်ဆုံးမှာကောင်းတာရော၊ဆိုးတာရော မင်းကိုယ်တိုင်ပဲခံစားရမှာ...ဒါကြောင့်မင်းကိုယ်မင်းပဲပြန်ပြိုင်ပါ...
ကိုယ့်ရဲ့ပြင်ပပြိုင်ဘက်ထက် ဘ၀ရည်မှန်းချက်ကိုရှာပါ....မင်းဟာဘယ်လိုလူမျိုးဖြစ်ချင်လည်း...
မင်းရဲ့ဘ၀ရည်မှန်းချက်ကဘာလဲ????..."
သည်နေ့မှာ ပုံရိပ်အတွက်မေးခွန်းတစ်ခုပိုလာခဲ့လေပြီ။"ဘ၀ရည်မှန်းချက်တဲ့...."ဒီအကြောင်းကိုစဉ်းစားဖို့ တစ်ခါမှဖြစ်တည်မလာခဲ့ဖူးဘူး။
"ကိုယ့်ကိုကိုယ်သာ ပြန်ယှဉ်ပြိုင်သင့်တာကို "
နားလည်ပေမဲ့ ဘ၀ရည်မှန်းချက်ဆိုတာဟာ သိပ်ကိုနက်နဲပြီး ဦးနှောက်ထဲမှာတစ်ခါဖူးမှ ၀င်ရောက်မလာခဲ့ဖူးသော ပုစ္ဆာတစ်ပုဒ်ပါပဲ။သိပ်ခက်ခဲတယ်။
သိပ်ကို တန်ဖိုးကြီးလွန်းသော အစိုင်အခဲကြီးတစ်ခုပါပဲ။ပုံရိပ်ရဲ့ဘ၀ရည်မှန်းချက်ကို ဘယ်လိုရှာရမှာလဲ။ ပုံရိပ်ရဲ့ ရည်မှန်းချက်ကဘာလဲ။
🌹🌹🌹🌹🌹
(ဦးနေမျိုးကတော့ တွေ့တုန်းလေးတရားဟောလိုက်ပါပြီး ပုံရိပ်တစ်ယောက်သူ့ရည်မှန်းချက်ကို ရှာဖွေနိုင်မလား သူ့ပြိုင်ဘက်ဟိန်းဇေယျာထက်ကို အောင်နိုင်မလား ဆက်လက်စောင့်မျှော်ပေးကြပါအုံးနော်..."
==========================================================================
Zawgyi 🌹🌹🌹
🔥 ဆူးကြိုး..(အခန်း၁၀)🔥
"သင္လဲသြားမွာကို ကြၽႏ္ုပ္မစိုးရိမ္ဘူး…"
သင္ျပန္မထႏိုင္မွာကိုပဲ စိုးရိမ္တယ္..."
"ေအဗရာဟင္လင္ကြန္း..."
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ႀကံေၾကာက္လွည္းေအာက္၀င္ဆိုသည့္စကားပုံကိုအေဒၚခဏခဏေျပာဖူးတာေၾကာင့္
ပုံရိပ္နဲ႔အင္မတန္ရင္းႏွီးေနေလၿပီ။
သို႔ေပမဲ့ ကိုယ္တိုင္ထိုကဲ့သို႔ ႀကံဖန္ၿပီးေၾကာက္တတ္သည့္စိတ္မ်ိဳးျဖစ္လာမည္ဟု မထင္ခဲ့မိ႐ိုးအမွန္ပါ။
ပုံရိပ္ကို ေရခဲကပ္ေပးခဲ့သည့္ေကာ္ခြက္အားယူၿပီး"ေရသြားသြန္လိုက္ဦးမည္"ဟု ေျပာကာထြက္သြားေပမဲ့ အခ်ိန္ဆယ္မိနစ္ေလာက္ၾကာသည္အထိ သူေရာက္မလာခဲ့ဘူး။
လူနာခုတင္မွာက ပုံရိပ္တစ္ေယာက္တည္းရယ္။ငယ္ငယ္ကေတာ့ ေသြးလြန္တုတ္ေကြးျဖစ္ဖူး၍ ကေလးေဆး႐ုံႀကီးကို တတ္ခဲ့ရေပမဲ့အနားမွာ အေဖသို႔မဟုတ္ အေမကအၿမဲေစာင့္ေပးခဲ့တယ္။အခုေတာ့ ပုံရိပ္ရဲ႕ေဘးမွာအေဖာ္ဆိုလို႔ ခုတင္အလြတ္တစ္လုံးသာရွိေလသည္။
"တူမႀကီး...လူနာေစာင့္ေတြမရွိဘူးလား..."
"အျပင္ခဏထြက္သြားတာပါဦးေလး..."
"ေအးပါကြယ္...ဘုရားစာေလးဘာေလးလည္း႐ြတ္ထားေပါ့ တူမႀကီးရဲ႕ေဘးခုတင္က ဒီမနက္ေစာေစာကပဲ ခုတင္ေပၚတင္ၿပီးခ်င္း သိပ္မၾကာဘူးဆုံးသြားတာကြဲ႕...ဦးေလးကေအာက္ထပ္ခဏဆင္းဦးမယ္..
ျပန္တက္လာမွပရိတ္ေရေလး လာေပးမယ္ေနာ္..."
ဦးေလးႀကီး၏စကားက ပုံရိပ္ကိုအင္မတန္ထိတ္လန႔္သြားေစတာေၾကာင့္ အသံေတာင္မထြက္ႏိုင္ေတာ့ပဲ ေခါင္းသာညိမ့္ျပလိုက္မိသည္။
ဒီဦးေလးက ျပဴတင္းအျပင္ဘက္အျခမ္းရွိ ခုတင္တစ္ခုမွလူနာေစာင့္ျဖစ္ပုံရသည္။သူဟာပုံရိပ္ကို ေစတနာနဲ႔သတိေပးသြားတာေပမဲ့ လူထက္သရဲကိုေၾကာက္တတ္သည့္ပုံရိပ္အတြက္ ေဘးကခုတင္ကိုသာ မရဲတရဲၾကည့္ေနမိသည္။စိတ္ထဲမွာလည္း ေၾကာက္လန႔္စိတ္တို႔တရစ္ၿပီးတရစ္ေပါက္ဖြားလာသည္မို႔ ရသမွ်ဘုရားစာေတြကို ျခစ္ကုတ္ၿပီး႐ြတ္ေနမိသည္။
ေဆး႐ုံ၀င္းဟာ ကားလမ္းမႀကီး၏တစ္ဖက္ျခမ္းတြင္ တည္ရွိတာေၾကာင့္ကားဟြန္းသံေတြကိုေတာ့
မၾကားခ်င္မွအဆုံးပင္။တိုက္ဆိုင္တာေၾကာင့္ပဲလားမသိ ယာဥ္တိုက္မႈျဖစ္လွ်င္လည္း ေဆး႐ုံေရွ႕မွာအျဖစ္မ်ားသည္ဟု ခဏခဏသတင္းၾကားရသည္။
လူနာအခန္းေဆာင္ေတြက တစ္ခန္းႏွင့္တစ္ခန္းကို နံရံတစ္ခုသာျခားသည္ျဖစ္၍ အရမ္းႀကီးေၾကာက္စရာမေကာင္းေပမဲ့ တစ္ခ်ိဳ႕လူနာေတြက ေဝဒနာကိုမခံမရပ္ႏိုင္ျဖစ္၍ ေၾကာက္စရာေကာင္းေလာက္ေအာင္ ညီးညဴေလ့ရွိၾကသည္။လူအသြားအလာရွင္းေနေသာ ေလွ်ာက္လမ္းသို႔အႀကိမ္ေပါင္းမ်ားစြာ အၾကည့္ေရာက္မိေပမဲ့ ဦးေနမ်ိဳး၏အရိပ္ကိုေတာင္ မျမင္ရေပ။
"ေရသြားသြန္တဲ့လူကလည္း ေရခြက္ထဲကိုေခါင္းဆိုက္ေနၿပီလားမသိဘူး..."
အေဒၚဟာဘာေၾကာင့္မ်ား ပုံရိပ္ကိုဒီလူနဲ႔စိတ္ခ်လက္ခ်ထားခဲ့ရက္သလဲဟု ေတြးမိတိုင္းစိတ္တိုလာမိသည္။ပုံရိပ္ေနရတဲ့ အခန္းထဲတြင္ခုတင္ေတြမ်ားစြာရွိေပမဲ့ လူဆိုလို႔ပုံရိပ္တစ္ေယာက္တည္းသာရွိသည္။
အခန္းကမီးလင္းေနေပမဲ့ ေၾကာက္တာကေတာ့ေဖ်ာက္မရေပ။အေဒၚျပန္လာရင္ေတာ့ အျခားလူမ်ားသည့္အခန္းရွိ ခုတင္အလြတ္တစ္ခုကိုေျပာင္းဖို႔ ေျပာရေပမည္။တကယ္လို႔ အေဒၚသာျပန္လာရမယ္ဆိုရင္ မိစုနဲ႔ထြန္းကိုကဘယ္လိုလုပ္ပါ့မလဲ။ရပ္ကြက္ထဲမွာ ေဆြမ်ိဳးရင္းခ်ာဆိုလို႔လည္း
မယ္မယ္ရရရွိတာမဟုတ္ဘူး။
ပုံရိပ္တို႔ၿခံ၏ မ်က္ႏွာခ်င္းဆိုင္တိုက္အေပၚထပ္က အပ်ိဳႀကီးေတြကေတာ့ မိစုကိုအင္မတန္ခ်စ္ၾကတာေၾကာင့္ သူတို႔ဆီမွာတစ္ညတာအပ္ထားခဲ့လို႔ရႏိုင္သည္။မိစုကအဆင္ေျပေပမဲ့ ထြန္းကိုကေတာ့ ဘယ္အိမ္မွာမွ အိပ္လို႔အဆင္ေျပမယ္မထင္ဘူး။ထြန္းကိုကမနက္ဖက္ဆိုရင္ ေနာက္က်မွထတတ္သလို ညဘက္ဆိုရင္လည္းသူမ်ားအိမ္မွာ
သိုင္းကားေတြသြားသြားၾကည့္ၿပီး ထိုဇာတ္ကားေတြထဲကအတိုင္း ထထေယာင္တတ္သည္။
ကိုယ့္ကိုကိုယ္ဂ႐ုမစိုက္မိသည့္အက်ိဳးဆက္က
တစ္မိသားစုလုံးကိုပါ ဒုကၡေရာက္ေအာင္ဆြဲေခၚမိတာပါလားဟု သံေဝဃရေနမိသည္။
ဒါေပမဲ့ ဒီေရာဂါေတြကို ပုံရိပ္ကိုယ္တိုင္လိုလိုခ်င္ခ်င္ျဖစ္ခဲ့တာမွမဟုတ္ပဲေလ။အားနည္းတဲ့အခ်ိန္မွာ သူ႔ဘာသာ၀င္ေရာက္လာခဲ့တာမဟုတ္ပါလား။ေသခ်ာတာကေတာ့ ဒီလပတ္စာေမးပြဲမွာလည္း အရွက္ကြဲအုံးမွာပါပဲ ။ ဟိန္းေဇယ်ာထက္ကေတာ့ ယခုတည္းကေလွာင္ေျပာင္ဖို႔ စကားလုံးရွာေနေလာက္ၿပီထင္ပါတယ္။
"လာ...လာ...ဒီဘက္အျခမ္းကိုတြန္းလာ..."
တစ္ကိုယ္ရည္အေတြးေတြထဲမွာ နစ္၀င္ေနမိစဥ္
လူသြားလမ္းဘက္မွ ေျခသံေတြႏွင့္အေလာတႀကီးစကားေျပာသံေတြကို ၾကားလိုက္ရေသာေၾကာင့္
ပုံရိပ္လည္းထိုေနရာသို႔ ေခါင္းျပဴ၍ၾကည့္လိုက္မိသည္။လုံခ်ည္အနီႏွင့္ရင္ဖုံးအျဖဴေရာင္ေလးကို၀တ္ဆင္ထားေသာ သူနာျပဳမေလးသည္ ကိုယ္တိုင္လည္းလူနာတင္လွည္းကိုဦးေဆာင္တြန္းလာရင္း ပုံရိပ္ရွိေနေသာ အေဆာင္ဘက္သို႔ဦးေဆာင္၍လမ္းျပေနေလသည္။
ပုံရိပ္၏ေျခရင္းဘက္ရွိ ခုတင္နားကိုေရာက္ေတာ့ အရပ္ရွည္ၿပီးခႏၶာကိုယ္ေတာင့္သည့္ ဦးေလးတစ္ေယာက္က လွည္းေပၚတြင္ အားအင္ခ်ည့္နဲ႔စြာ
လဲေလ်ာင္းေနေသာေကာင္ေလးကို ေပြ႕ယူလိုက္ေလသည္။
ထိုဦးေလးက ေကာင္ေလးအားေပြ႕ထားစဥ္မွာ အသက္ႏွစ္ဆယ့္ငါးနီးပါးရွိဟန္တူသည့္ အမ်ိဳးသမီးႏွင့္အသက္ငါးဆယ္ေက်ာ္ေလာက္ရွိမည့္အမ်ိဳးသမီးႏွစ္ေယာက္ဟာ ခုတင္ေပၚတြင္ေကာ္ေဇာခင္းၿပီးေမြ႕ယာအပါးခင္းကာ ထိုေမြ႕ယာေပၚတြင္ေစာင္ပါးေလးကိုထပ္ခင္းလိုက္ေလသည္ ။ေကာင္ေလးကိုေပြ႕ခ်ီထားသည့္ ဦးေလးကိုပဲ ပုံရိပ္သနားမိသည္။သူလည္းအသက္ငါးဆယ္ေက်ာ္ေလာက္ရွိႏိုင္သည္။ခႏၶာကိုယ္က အရပ္ရွည္ရွည္ ခပ္ထြားထြားႀကီးျဖစ္ေနေပမဲ့ ဆံပင္ေတြျဖဴေနကာ ေကာင္ေလးကိုမထားရင္းႏွင့္ ေခြၽးေတြျပန္လာၿပီး အင္မတန္ပင္ပန္းပုံေပၚေနသည္။
"ျဖည္းျဖည္းခ်ေနာ္..."
အမ်ိဳးသမီးႏွစ္ေယာက္က ဦးေလးႀကီးကိုဆရာလုပ္သလို ေလသံႏွင့္ေျပာလိုက္သည္။
ခုတင္ေပၚကိုခ်လိုက္တဲ့အခါ ေကာင္ေလးကသတိေမ့ေနတာမဟုတ္မွန္းသိလိုက္ရသည္။
ေကာင္ေလးရဲ႕မ်က္လုံးေတြကနီေဆြးေနၿပီး အားအင္မဲ့ေနမွန္းသိသာသည္။ပါး႐ိုးေလးေတြခ်ိဳင့္ေနၿပီး အင္မတန္ႏြမ္းေနပုံေပၚသည္။
သူနာျပဳဆရာမေလးက ေကာင္ေလးရဲ႕
လက္ဒေကာက္ေကြးေနရာကို အပ္ႀကီးနဲ႔အေၾကာစမ္းၿပီး ေဆးခ်ိတ္ဖို႔လုပ္ေပးေလသည္။
ေဆး႐ုံမွာက ညဂ်ဴတီဆိုရင္ ခြဲစိတ္ဆရာ၀န္ေတြသာ လာၿပီးျပန္သြားတတ္လို႔ မနက္မွဆရာ၀န္ေတြ လွည့္မည္ဟုရွင္းျပေလသည္။
ေကာင္ေလးက ၀မ္းေလွ်ာ၊၀မ္းပ်က္တာဟုလည္း သူတို႔၏စကားေတြအရပုံရိပ္ခန႔္မွန္းလိုက္မိသည္ ။ညဘက္အဖ်ားတက္လာရင္လည္း သူနာျပဳတစ္ေယာက္ေယာက္ကိုလာေခၚဖို႔အတြက္ မွာထားခဲ့ကာဆရာမေလးကျပန္ထြက္သြားေလသည္ ။
ထိုးေဆးအခ်ိဳ႕ကကိုယ့္ဘာသာသြား၀ယ္ရမည္ဟု ဆရာမေလးမွာထားေသာေၾကာင့္ တစ္ေယာက္ကအေဆာင္ထဲမွထြက္၍ ေအာက္ထပ္သို႔သြားဟန္တူေလသည္။လူနာကလည္း ေဆးခ်ိတ္ထားသည့္အရွိန္ႏွင့္ မွိန္းေနေလသည္။ထိုအခ်ိန္မွာ လူနာေဘးရွိခုံတြင္ထိုင္ရင္းႏွင့္ အန္တီႀကီးကပုံရိပ္ဘက္သို႔လွည့္လာသည္။
"တစ္ေယာက္တည္းလား...လူနာေစာင့္ေရာ"
"ေရသြားသြန္ဖို႔ခဏထြက္သြားတယ္..."
အဲ့ဒီ့ ေရသြားသြန္တဲ့လူအေၾကာင္းကိုေတြးမိေလ အင္မတန္ေဒါသထြက္ရေလပါပဲ။အသိတရားေခါင္းပါးလိုက္တာလို႔လဲေတြးမိတယ္။ဘယ္လိုပဲ အလကားကူညီရအုံးေတာ့ အက်ိဳးသင့္
အေၾကာင္းသင့္မေျပာပဲ ဒီလိုတစ္ေယာက္တည္း ထားခဲ့သင့္ရဲ႕လား။
ဘယ္သူကမွ ပုံရိပ္တို႔အေပၚကိုအစစ္အမွန္
မေကာင္းႏိုင္ပါဘူးဟုလည္း ေတြးမိျပန္သည္။
သို႔ေပမဲ့အေစာပိုင္းအခ်ိန္ေလးက တစ္ေယာက္တည္း အေတြးတို႔ေရာက္တတ္ရာရာျဖစ္ေနရာကေန အျခာသူေတြ ရွိလာသည့္အခါ ေၾကာက္႐ြံ႕မႈစြတ္ေနေသာစိတ္ကေလးဟာ အနည္းငယ္ေတာ့ျဖည္သာသြားမိသည္။
"သမီးကေရာ ဘာျဖစ္လို႔ေဆး႐ုံတက္ရတာလဲ.."
"သမီးကအဖ်ားႀကီးလို႔ပါ မနက္ျဖန္ေတာ့ဆင္းလို႔ရၿပီလို႔ ဆရာ၀န္ကေျပာခဲ့တယ္..."
"ေအာ္...ဟုတ္လား...ေအးေအး..ေဆး႐ုံ
အၾကာႀကီးမတက္ရေတာ့ ေတာ္ေသးတာေပါ့ကြယ္..ဒါမွမဟုတ္ရင္ေလ..ေဆး႐ုံတက္ရတဲ့စရိတ္ကလည္း တစ္ရက္ဆိုတစ္ရက္ကုန္တာကြဲ႕..."
အေဒၚႀကီးရဲ႕စကားကို ၿပဳံး၍သာနားေထာင္ေနရေပမဲ့ သိပ္ေတာ့ဘ၀င္မက်မိေပ။
မသိလွ်င္ ေနမေကာင္းလို႔ေဆး႐ုံလာတက္တဲ့လူေတြဟာ တမင္တကာပဲ ပိုက္ဆံလာျဖဳန္းေနသလိုသေဘာမ်ိဳးျဖစ္ေနသည္။ေခာတ္ကာလအရ
အရာရာမွာ စိစစ္ေခြၽတာလာရမွာမွန္ေပမဲ့ က်န္းမာေရးအတြက္ေတာ့ ဒီေလာက္မကပ္ေစးသင့္ဘူးဟု ေတြးမိသည္။
"သမီးက အသက္ဘယ္ႏွႏွစ္ရွိၿပီလဲကြဲ႕.."
"၁၅ႏွစ္ရွိပါၿပီ.."
"ဟာ..ဒါဆိုရင္အေတာ္ငယ္ေသးတာပဲ..
ေဒၚႀကီးရဲ႕သားက၁၇ႏွစ္ရွိေနပါၿပီကြယ္...
အစားအရမ္းသရမ္းလို႔ ၀မ္းေလွ်ာတာေလကိုယ္ေတာ္က.."
ခုတင္ေပၚမွာ ေဆးလႊတ္ထားသည့္အရွိန္ျဖင့္ ေမွးအိပ္ေနေသာ သားျဖစ္သူကိုလွည့္၍လက္ညႇိဳးထိုးရင္းျဖင့္ ခုတင္ေျခရင္းဘက္နားဆီမွေန၍ ပုံရိပ္ဘက္ကိုလွည့္ကာ ေဖာက္သည္ခ်ေနေလသည္။
သူ႔ေယာက္်ားျဖစ္သူကေတာ့ သူ႔သားအား
ယပ္ေတာင္တျဖပ္ျဖပ္ခပ္ေပးေနရင္းမွ သူ႔မိန္းမဘက္သို႔လွည့္၍ ရံဖန္ရံခါမ်က္ေစာင္းထိုးလာသည္ကို ထိုအေဒၚႀကီးကမသိေပမဲ့ ပုံရိပ္ကေတာ့ခုတင္ေပၚတြင္ ထိုင္ေနရသူမို႔ျမင္ေနရေလသည္။
"အိမ္မွာမနက္ပိုင္း သရက္သီးငါးပိခ်က္ေလးခ်က္စားလိုက္တာ ေဒၚႀကီးတို႔ကနဂိုကမွအစားကို
သိပ္မက္တယ္ရယ္မဟုတ္ေတာ့ တို႔ဂဏန္းေလာက္ပဲစားတာေပါ့..ဒီေကာင္ကေတာ့မဟုတ္ဘူး..
အခ်ဥ္၊အငံဆိုရင္သူသိပ္ငတ္တာသိလား
...ငါးပိခ်က္ကိုတအားထည့္ၿပီး ဇလုံႀကီးနဲ႔မနည္းဘူးစားပစ္တာေလ...၀မ္းေတြသြားတာဆိုတာ ငါးခါေလာက္ရွိတယ္...တကယ့္တကယ္ျဖစ္လာေတာ့ဓာတ္ဆားရည္လည္းမႏိုင္ေတာ့ဘူး...
လူကေမ်ာ့ေမ်ာ့က်န္တာပဲၾကည့္ပါေတာ့...
သူ႔အေဖႀကီးဆိုတာ သားျဖစ္သူကိုအားမသန္ရတဲ့အထဲ တစ္ခ်ိန္လုံးလွည့္ေပြ႕ေနရတာ..."
"မတင္ရယ္..ေတာ္ပါေတာ့ကြာ..ဒီစကားႀကီးပဲ ေတြ႕သမွ်လူကိုပတ္ေျပာေနတာဘယ္ႏွစ္ခါရွိေနၿပီလည္း..မင္းပါးစပ္မို႔ အျမႇဳပ္မထြက္တယ္..."
"ေအာင္မယ္..ဘာအျမႇဳပ္ထြက္မွာလည္း
ေတာ္ႀကီးစကားကိုၾကည့္ေျပာေနာ္..."
အေဒၚႀကီးက ပုံရိပ္ဘက္သို႔လွည့္ကာ မ်က္ႏွာအမူအရာ၊လက္အမူအရာျဖင့္ အက်အနေဟာေျပာေတာ္မူခန္းဖြင့္ေနေလေတာ့ သူေယာက္်ားကလည္း ထေျပာေလေတာ့သည္။ပုံရိပ္ကလည္း ကိုယ့္ကိုလာေျပာျပေနေလေတာ့ နားမေထာင္ခ်င္ဘူးဟုေျပာလိုက္ျပန္ရင္လည္း အားနာစရာဟုေတြးမိသည္။ကိုယ့္ကိုရန္ျပဳစကားဆိုေနတာလည္း မဟုတ္ေတာ့ ဘာမွျပန္မေျပာမိေပမဲ့ ေခါင္းညိမ့္ၿပီးေတာ့သာ "အင္း"ခ်မိေလသည္။
"မင္းစကားေျပာေနတာက အေရးမႀကီးဘူးကြ
ဒီမွာ ငါ့သားေလးေနမေကာင္းလို႔ေမွးေနတာက အေရးႀကီးတာ...ေဆး႐ုံကိုေရာက္ေနတာလည္း နည္းနည္းပါးပါးသတိရပါအုံး
...ရပ္ကြက္ထဲမွာ ဖရဲသီးလည္ေရာင္းေနတဲ့အခ်ိန္မဟုတ္ဘူးေနာ္..."
"ေအာင္မာ...ေတာ္ကမ်ားကြၽန္မဖရဲသီးေရာင္းတာကို ရမယ္ရွာရတယ္လို႔ေနာ္..ရွင္အသုံးမက်လို႔ ကြၽန္မကဖရဲသီးေရာင္းရတာေလ...
သမီးေလးဆိုလည္း စက္႐ုံဆင္းရတာပင္ပန္းရတဲ့အထဲ သူ႔ေမာင္ျဖစ္ေတာ့မေနအားရွာဘူး..က်ဳပ္တို႔သားအမိေျပာဖို႔လည္းထားပါအုံး..ကိုယ့္ၾကည့္ေတာ့ ပိုက္ဆံဘယ္ႏွစ္ျပား၀င္ေအာင္မွမလုပ္ႏိုင္ပဲနဲ႔..."
"ဟ..ငါလည္းလုပ္တာပဲေလ..ကံမေကာင္းလို႔
သစ္ေတြေရာင္းမထြက္တာေတာ့ ငါလည္းဘယ္တတ္ႏိုင္ပါ့မလဲ..."
"အမယ္ေလး ကံကိုလႊဲမခ်ပါနဲ႔ရွင္..
ကိုယ္မကြၽမ္းက်င္တဲ့အလုပ္ကို လူတတ္ႀကီး
စတိုင္လ္ဖမ္းၿပီးလက္ေဆာ့ပစ္ၿပီးေတာ့မ်ား..
ဟိုလူလည္ေတြက ညႇပ္ခ်သြားေတာ့ လူအႀကီးလိုက်န္ေနခဲ့ရတာေလ...က်ဳပ္တို႔သားအမိကေတာ့
ရွင့္ကိုလည္လည္၀ယ္၀ယ္ရွိမယ္အထင္နဲ႔ ယုံၿပီးရွိစုမွတ္စုေလး ပုံေပးခဲ့ရတာ..အခုကိုယ့္သားေဆး႐ုံတက္ရေတာ့ သူမ်ားဆီကေနေတာင္ အေႂကြးခံလာရတယ္..ေနာက္ဆုံးေတာ့က်ဳပ္ပဲ ေခါင္းကိုဇာတ္က်ိဳးမတတ္ငုံ႔ၿပီး အသနားခံပိုက္ဆံေခ်းလာခဲ့ရတာေလ...."
"အမယ္ေလးကြာ...မရွိလို႔ခဏေခ်းငွားတာပဲဥစၥာ သူတို႔ကလည္းအလကားေပးလိုက္တာမွမဟုတ္ပဲ..ဘာကိုမ်က္ႏွာငယ္ရမွာလဲ..မင္းကိုက
အပ္နဲ႔ထြင္းရတဲ့ကိစၥကို ေပါက္စိန္နဲ႔ေပါက္ရသလိုကိုေျပာေနတာ.."
"ေအာ္...ရွင္ကိုယ္တိုင္သြားေခ်းရတာမဟုတ္ေတာ့ ေျပာအားရွိတာေပါ့...ေတာ့္မယားငယ္မေအးေမက က်ဳပ္ကိုအားတိုင္းယားတိုင္းပိုက္ဆံလာေခ်းတဲ့အထာနဲ႔ ေအာ္ထုတ္ေသးတယ္ေလ...ေတာ္တို႔ကေခါင္းေပၚမွာဆံပင္ငုတ္စိကိုပဲ႐ြက္ထားရတာ
..က်ဳပ္ကေတာင္းကို႐ြက္ၿပီး ရပ္ကြက္တကာလွည့္ေရာင္းရခ်ရတာ..ကိုယ္မလုပ္ဖူးေတာ့ ေပါက္စိန္နဲ႔အေပါက္ခံရတာကိုအပ္နဲ႔ထြင္းသေလာက္မွတ္ေနတာေပါ့...အံ့ပါ့ေတာ္..."
"မင္းေတာ့ကြာ...ကေလးေနမေကာင္းျဖစ္ေနပါတယ္ဆိုမွ ငါေဒါသထြက္လာၿပီေနာ္..."
"အမယ္ေလး...ေတာ့္ေဒါသေလာက္ကေတာ့
က်ဳပ္တို႔ကပု႐ြက္ဆိတ္ကိုက္သေလာက္ရွိတယ္ေနာ္..."
"အေဖနဲ႔အေမ...ဘာျဖစ္ေနၾကတာလဲ..."
ေဆးထြက္၀ယ္သည့္အစ္မႀကီးက ေဆးထုပ္ကိုကိုင္ရင္းျပာျပာသလဲ ၀င္လာေတာ့မွပုံရိပ္လည္း နည္းနည္းစိတ္ေအးရေတာ့သည္။မဟုတ္ရင္ ဘယ္ေတာ့ရန္ပြဲႀကီးအျဖစ္ မီးထေတာက္မလဲဆိုကာ
ရတက္မေအးျဖစ္ေနရင္း ကိုယ္တိုင္ခုတင္ေအာက္သို႔ ဆင္းေျပးရမလိုအေနအထားေရာက္ေနေလသည္။တကယ္ေတာ့ ပုံရိပ္ကိုကမွားတာပါေလ။
"အေဒၚႀကီး..သမီးေနထိုင္မေကာင္းလို႔ နားလိုက္အုံးမယ္ဟု.."ေျပာလိုက္မိရင္ဒီလိုရန္ပြဲေတြအထိျဖစ္လာလိမ့္မယ္မထင္ဘူး။
ဒီအေဒၚႀကီးကိုယ္တိုင္လည္း အစတည္းကသူေယာက္်ားကိုေျပာခ်င္ေနတာထင္ပါရဲ႕။ပုံရိပ္ကိုေျပာျပသလိုလိုနဲ႔ ေစာင္းလိုက္႐ြဲ႕လိုက္တဲ့ျဖစ္ျခင္း။ဒါေၾကာင့္သာ အေဆာင္ထဲကိုစ၀င္လာတည္းက ဦးေလးႀကီးရဲ႕အေပၚကိုသူ႔သမီးနဲ႔သူ႔မိန္းမက
နည္းနည္းႏိုင္ခ်င္ေနပုံေပၚခဲ့တာေပါ့။
အစကေတာ့ ေနမေကာင္းလို႔ေဆး႐ုံတက္ရတဲ့လူနာကို တမင္အျပစ္တင္ခ်င္ေနတယ္ဟု စိတ္ဆိုးမိေပမဲ့ ကိုမျမင္ရတဲ့တစ္ဖက္မွာလည္း သူတို႔ရဲ႕အခက္အခဲေတြက အမ်ားသားပါလားလို႔ အသိတိုးလာခဲ့တယ္။အေဒၚႀကီးေျပာသလိုပဲ ဆံပင္ငုတ္စိေလာက္ကိုသာ ႐ြက္ထားရတဲ့ပုံရိပ္တို႔က ေဈးေတာင္းကိုေခါင္းမွာ႐ြက္ထားၿပီး ရပ္ကြက္တကာလွည့္ သူမ်ား၀ယ္ခ်င္ေအာင္ မ်က္ႏွာခ်ိဳေသြးရတဲ့ဘ၀ေလာက္
ဘယ္ပင္ပန္းမႈကို ခံစားသိျမင္ႏိုင္ပါ့မလဲ။
"ညီမေလးရယ္...အစ္မမိဘေတြေၾကာင့္
စိတ္အေႏွာက္အယွက္ျဖစ္သြားသလားဟင္
..ေတာင္းပန္ပါတယ္ေနာ္..."
"ရပါတယ္...အစ္မရယ္..."
ဟိုအစ္မကသူ႔အေဖနဲ႔အေမကိုလည္း ထိန္းရင္းပုံရိပ္ကိုလည္း မ်က္ႏွာငယ္ငယ္ျဖင့္ ေတာင္းပန္စကားဆိုလာသည္။ပုံရိပ္လည္း ယဥ္ေက်းစြာပဲျပန္ၿပဳံးျပလိုက္ၿပီးေနာက္ ေလွ်ာက္လမ္းဘက္အျခမ္းသို႔ၾကည့္လိုက္မိေတာ့ တရိပ္ရိပ္ေလွ်ာက္လာေနေသာ ဦးေနမ်ိဳးကိုေတြ႕လိုက္ရသည္။
လက္ထဲမွာ သူအသြားတုန္းကယူသြားသည့္
ေကာ္ခြက္လည္းျပန္ပါမလာေတာ့ေပ။
ၾကည့္ရတာ ေဆး႐ုံထဲမွာရွိသည့္ သူ႔အသိတစ္ေယာက္ေယာက္ထံမွ ငွားထားပုံရတယ္။
လက္ထဲမွာလည္း ဆန္ျပဳႏွစ္ထုပ္ကိုဆြဲလွ်က္
ခ်ိဳင့္တစ္ခုကိုလည္း သယ္လာေသးသည္။
သူသြားတုန္းက ဒီခ်ိဳင့္ေတြမပါသြားတာေသခ်ာသည္။အခုဘယ္သူ႔ဆီကေနငွားခဲ့တာျဖစ္ႏိုင္မလဲ။
ဒီလူဟာ သူမ်ားဆီကေနေခ်းငွားရလည္း ၀န္တာေလးမဲ့ပုံမေပၚဘူး။ထိုအေၾကာင္းကိုေတြးမိေတာ့
ဟိုဘက္လူနာခုတင္က လင္မယားေတြပိုက္ဆံ
ေခ်းရသည့္ကိစၥႏွင့္ ရန္ျဖစ္ၾကတာကို သြားသတိရ
မိၿပီး စိတ္ထဲကေနရယ္လိုက္မိသည္။
"ေစာင့္ရတာ...ၾကာသြားသလား..ဆန္ျပဳတ္ဆိုင္မွာ ေစာင့္ေနရတာနဲ႔ နည္းနည္းၾကာသြားတယ္..."
ဦးေနမ်ိဳးကအနားကိုေရာက္လာလာျခင္း အားနာေသာေလသံေလးစြတ္၍ေျပာလာသည္။သူ႔လက္ထဲရွိ အဆင္သင့္ပါလာေသာသုံးဆင့္ခ်ိဳင့္ကေလးကို
ခုံေပၚတင္၍ ဖြင့္ခ်လိုက္ၿပီး ဆန္ျပဳတ္ေလးႏွစ္ထုပ္ကို တစ္ခ်ိဳင့္ဆီသြန္ခ်ေနသည္။
အေငြ႕တေထာင္းေထာင္းထြက္လာသည့္ ဆန္ျပဳတ္ေလးေၾကာင့္ အေစာတည္းကမွအူလွိမ့္ေအာင္
ဆာေနသည့္ပုံရိပ္အဖို႔ တံေထြးပါမ်ိဳခ်မိသည္အထိ ညႇိဳ႕ငင္လြန္းေနသည္။ ဆန္ျပဳတ္ခြက္ေလးကို
တေငးတည္းေငးေနမိေသာ ပုံရိပ္၏ဆႏၵကိုပဲ သိ၍ထင္၏ ဦးေနမ်ိဳးက ဆန္ျပဳတ္ထည့္ထားေသာ ခ်ိဳင့္တစ္ခုကိုကမ္းေပးလာသည္။ အျပင္ဆိုင္ကယူလာပုံရသည့္ ေကာ္ဇြန္းကေလးကိုလည္း အသင့္ထည့္ထားသည္။
"ညေနေတာင္ေစာင္းေနေတာ့ မင္းလည္းဆာေရာေပါ့...ငါလည္းအေတာ္ဆာေနၿပီး ဆိုင္မွာထိုင္စားခ်င္ေပမဲ့ မင္းအရမ္းေစာင့္လိုက္ရမွာစိုးလို႔ ဆန္ျပဳတ္ႏွစ္ထုပ္ပဲ ဆြဲခဲ့လိုက္တယ္..."
သူကေတာ့ ရွင္းျပေနေပမဲ့ ၀မ္းဗိုက္ထဲကအူေတြကတြန႔္လွိမ္ကုန္ကာ ဆိုင္းသံ၊ဗုံသံေပးခ်င္လာၿပီဟု စိတ္ထင္ေနေသာ ပုံရိပ္ကေတာ့ ဆန္ျပဳတ္ကိုသာမဲ၍ေသာက္ေနမိသည္။တစ္ဇြန္း၊ႏွစ္ဇြန္းမွစ၍
ဆယ္ဇြန္းနီးပါးေလာက္တြင္ အဆာေျပသြားသည္ေၾကာင့္ ႏႈတ္ခမ္းကိုလွ်ာျဖင့္သပ္ၿပီး မ်က္လုံးပင့္ၾကည့္လိုက္မိရာ ဦးေနမ်ိဳးကဆန္ျပဳတ္ေသာက္ၿပီး၍ ငုတ္တုတ္ထိုင္ကာ ပုံရိပ္ကိုအကဲခတ္ေနပုံေပၚ ေနသည္။
ကိုယ္လည္း သူမ်ားေကြၽးသမွ်ကို အငတ္ေဘးက်သလို သဲႀကီးမဲႀကီးဇြတ္မ်ိဳမိခဲ့တဲ့အျဖစ္အား
ျပန္ေတြးမိေတာ့ ရွက္ခ်င္သလိုလိုေတာ့ျဖစ္လာသည္။
ဦးေနမ်ိဳးကို ခပ္ေဆြေဆြျပန္ၾကည့္လိုက္ေတာ့
ကုန္လုေနၿပီျဖစ္သည့္ လက္ထဲမွဆန္ျပဳတ္ခြက္ကိုလာေတာင္း၍ သူ႔လက္ထဲသို႔တ႐ိုတေသေပးလိုက္ပါသည္။မေပးလို႔လည္းမျဖစ္ေပ။ဆန္ျပဳတ္က သူ၀ယ္တိုက္တာဆိုေတာ့ ေက်းဇူးရွင္မည္ထိုက္ေနၿပီ။
ဒါ့အျပင္ ကိုယ္အပူရွိန္က်ေအာင္ ေရခဲေရနဲ႔လည္း ကပ္ေပးေသးတဲ့အျပင္ သူ႔အအေပၚမွာေက်းဇူး
တစိုးတစဥ္းမွ် မရွိပါပဲလူနာေစာင့္လာကူေပးေနရွာသည္။
"မင္းရဲ႕အေဒၚက သူ႔ကေလးေတြအတြက္စီစဥ္စရာေလးေတြရွိလို႔ ခဏျပန္သြားတယ္ သိပ္မၾကာေလာက္ေတာ့ဘူး သူျပန္လာလိမ့္မယ္...
သူျပန္ေရာက္ရင္ေတာ့ ငါလည္းေက်ာင္းကိုျပန္ရမွာေပါ့..."
"ဟုတ္ကဲ့...အခုလိုသမီးတို႔ကို ကူညီေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္...
ဟို..ဆန္ျပဳတ္၀ယ္တိုက္တဲ့အတြက္ေရာေပါ့..."
ခုတင္ေဘးနားက သူတင္လိုက္သည့္ မေဆးရေသးေသာစတိီးလ္ခ်ိဳင့္ကိုပုံရိပ္ကေမးေငါ့ျပေတာ့ သူကခပ္ၿပဳံးၿပဳံးျဖစ္သြားသည္။ဘာေၾကာင့္ၿပဳံးသလဲဟု ပုံရိပ္လည္း ထူးဆန္းစြာေငးစိုက္ၾကည့္ေနတုန္း
သူကပုံရိပ္ကို ရွင္းျပလိုေသာအၾကည့္မ်ားႏွင့္ၾကည့္လာသလို တဆက္တည္းမွာပဲ စာနာမႈေတြျပည့္လွ်ံေနေသာ မ်က္၀န္းမ်ားျဖင့္ၾကည့္ေလသည္။
"ဆန္ျပဳတ္က တစ္ပြဲမွငါးရာပဲရွိတာပါ...ခ်ိဳင့္ကအသိဆရာ၀န္တစ္ေယာက္ဆီကေနငွားလာတာ
ကုန္တာဆိုလို႔ တစ္ေထာင္ပဲရွိတယ္...."
"တစ္ေထာင္ဆိုလည္းနည္းသလား...သမီးဆိုရင္ တစ္ခါကအေဒၚနဲ႔အတူ င႐ုတ္သီးလိုက္ေႁခြတာ ေလးေထာင္ေက်ာ္ပဲရတယ္..လက္ေတြကိုပူထူေနတာ..တစ္ေထာင္ဆိုတာလည္းတန္ဖိုးရွိတာပဲေလ..."
"အံမယ္...မင္းကရင့္က်က္ေနသလို ေလသံႀကီးနဲ႔ပါလား..မင္းရဲ႕အေဒၚေျပာတာေတာ့ ဒီလေတြမွာစာေတြခ်ည္းဖိလုပ္လို႔ ေက်ာင္းမွာမူးလဲရတာဆို.."
"ဟာ...မဟုတ္ပါဘူး...ဒီလထဲမွာ အရင္ကထက္စာပိုလုပ္တာမွန္ေပမဲ့ ဖ်ားတာကေတာ့အေအးပတ္တာပါ ဦးရယ္..."
ေကာင္မေလးထံမွ "ဦး"ဆိုေသာ စကားရပ္တစ္ခုကသူ႔အားၾကက္သီးေတာင္ထသြားေစသည္။
အသက္အစိပ္ေတာင္မျပည့္ေသးတဲ့ သူ႔အား
ဘယ္သူကမွ ဒီလိုသုံးႏႈန္းၿပီးမေခၚခဲ့ဖူးဘူး။
လူေတာ္ေတာ္မ်ားမ်ားကေတာ့ "ဆရာ၊ေမာင္ေလး၊ညီေလး၊ကိုႀကီး၊အစ္ကို၊ဒကာေနမ်ိဳး၊သား..ကိုေန..
စသျဖင့္ေခၚေလ့ရွိၾကတယ္။ဒီကေလးမၾကမွ
သူဟာ"ဦးေလးအ႐ြယ္.."ကိုေရာက္မွန္းမသိေရာက္သြားရေလၿပီ။ဟုတ္တာေပါ့ေလ အသက္ကလည္းဆယ္ႏွစ္နီးေပါက္ေလာက္ကြာေနေတာ့ ဒီလိုေခၚတာမဆန္းပါဘူး။
"ဒါနဲ႔ေနပါဦး...အရင္ကေတာ့စာႀကိဳးစားခ်င္စိတ္
မရွိပဲ အခုမွဘာလို႔ဒီေလာက္မအိပ္မေနႀကိဳးစားေနရတာလဲ...မင္းအေဒၚေျပာတာေတာ့ ညဘက္ဆိုရင္တစ္နာရီ၊ႏွစ္နာရီေလာက္အထိ စာက်က္တယ္ဆို..
မင္းကအခုမွ ကိုးတန္းပဲရွိေသးတာမဟုတ္လား...
စာကိုသူ႔အခ်ိန္ေလးနဲ႔သူလုပ္မွေပါ့...ဘယ္အရာမွအရမ္းႀကီးအလြန္အကြၽံလုပ္လိုက္လို႔မရဘူးေလ..."
သူအသိေပးလိုက္ေတာ့ ေကာင္မေလးရဲ႕မ်က္ႏွာကခ်က္ခ်င္းပ်က္ယြင္းသြားသည္။သူ႔စကားကိုစိတ္ဆိုးျခင္းအလွ်င္းမရွိေပမဲ့ ေကာင္မေလးရဲ႕မ်က္ႏွာမွာစိတ္ဓာတ္က်ေသာ အရိပ္အေယာင္ေတြေတာ့ ေပၚလာသည္။ပုံရိပ္က သူ႔ရဲ႕ခပ္တင္းတင္းဆုပ္ထားေသာ လက္သီးဆုပ္ေတြကိုၾကည့္လွ်က္ျဖင့္ မ်က္ေမွာင္ ႀကဳံ႕လိုက္တာကို သူမထင္မွတ္ပဲျမင္လိုက္ရသည္။
"အမွန္အတိုင္းေျပာရရင္ အတန္းထဲကေက်ာင္းသားတစ္ေယာက္ကိုႏိုင္ခ်င္လို႔ သမီးအခုလိုစာကိုအသဲအသန္လုပ္ေနမိတာပါ..."
"ႏိုင္ခ်င္တယ္ဟုတ္လား...ဘာေၾကာင့္ႏိုင္ခ်င္ရတာလဲ..."
"သမီးကသူ႔ကိုစိန္ေခၚထားလို႔..."
ထိုစကားကိုေျပာလိုက္သည့္ ပုံရိပ္၏အသံကအရမ္းကိုေလးနက္လြန္း၍သူေတာင္ စိတ္၀င္စားသြားမိသည္။ဒီေကာင္မေလးနဲ႔သူ မေတြ႕ျဖစ္တာ
ႏွစ္လေက်ာ္ေလာက္ရွိသြားခဲ့ၿပီ။ဒီႏွစ္လအတြင္းမွာ ေကာင္မေလးအရမ္းကိုေျပာင္းလဲသြားသည္ဟု ေတြးထင္မိသည္။စကားေျပာဆိုတဲ့အသံကအစ အျပဳအမူေလးေတြကအဆုံး ေသခ်ာစူးစမ္းၾကည့္လွ်င္ ရင့္က်က္လာမႈေလးေတြလႈိင္းခက္ေနသလိုပဲ။
လြန္ခဲ့တဲ့ႏွစ္လေက်ာ္ေလာက္ကအထိ ေက်ာင္းထြက္ဖို႔ကိုပဲ အာသီသျဖစ္ေနတဲ့ကေလးမဟာ
ယခုေတာ့ စာကိုတဆိုက္မတ္မတ္ႀကိဳးစားခ်င္ေနဟန္ရွိသည္။ကေလးမရဲ႕စိန္ေခၚမႈေလးအေၾကာင္းကို သူေတာင္စိတ္၀င္စားခ်င္သလိုရွိလာသည္။
ဒီႏွစ္လေက်ာ္ေလးအတြင္းမွာ ဘယ္လိုျဖစ္ရပ္ေတြကေသြးေဆာ္လို႔ ဒီကေလးမအားႀကိဳးမာန္တက္ေတြ ျဖစ္ကုန္သလဲဆိုတာ သိပ္သိခ်င္ေနမိသည္။
"စိန္ေခၚထားတယ္ဆိုေတာ့ ဘယ္လိုစိန္ေခၚထားတာလဲ...."
"အတန္းထဲမွာ သမီးကအဆင့္၁ရေအာင္လုပ္ျပမယ္ဆိုတဲ့ စိန္ေခၚမႈမ်ိဳးပါဦးရယ္….ဒါေပမဲ့သမီး
ဒီစိန္ေခၚမႈကို လုပ္ႏိုင္ေတာ့မယ္မထင္ပါဘူး..."
"ဘာျဖစ္လို႔လဲ..."
"ပထမ မရႏိုင္ေတာ့လို႔ေပါ့..ေရွ႕လပတ္တုန္းကေတာ့ စာေတြကိုသိပ္မေၾကလို႔ အဆင့္၂၀ပဲရတယ္...အခုလပတ္ၾကေတာ့ဒီေန႔ေျဖရတဲ့ဘိုင္အိုက က်မွာပါေလ....ၿပိဳင္ဘက္ကိုသမီးအရႈံးေပးလိုက္တာပဲေကာင္းမယ္ထင္ပါတယ္...သူကေတာ့သမီးကိုေလွာင္အုံးေတာ့မွာေပါ့ ..."
"ေနပါအုံး...ဘိုင္အိုပဲက်မယ္ဆိုေတာ့ အျခားဘာသာေတြကအမွတ္ျပည့္ရမယ္ဆိုတဲ့သေဘာလား.…"
"အဲ့လိုေတာ့ မဟုတ္ဘူးေပါ့ဦးရယ္...သမီးကေတာ့စာေသခ်ာလုပ္ၿပီး အေကာင္းဆုံးေျဖခဲ့တာပဲ
….အကုန္အမွတ္ျပည့္ရမယ္လို႔ေတာ့ မဆိုလိုပါဘူး.."
ေကာင္မေလး၏စကားမ်ားကို သူေသခ်ာေလးနားေထာင္ၾကည့္ေနမိသည္။အျခားလူတစ္ေယာက္ကို ႏိုင္ခ်င္ေဇာနဲ႔စိန္ေခၚလိုက္မိေပမဲ့ သူမကိုယ္သူမလည္းယုံၾကည္မႈအျပည့္ရွိမေနဘူး။ကိုယ္လုပ္ႏိုင္တာ ႀကိမ္းေသလို႔စိန္ေခၚလိုက္တာမ်ိဳးမဟုတ္ပဲ
မခံႏိုင္သည့္ စိတ္တစ္ခုတည္းနဲ႔ စိန္ေခၚလိုက္တာမ်ိဳး။
"ပုံရိပ္...မင္းကဓားကိုအရင္မေသြးထားမိပဲ တိုက္ပြဲ၀င္ဖို႔ႀကိဳးစားေနတာနဲ႔တူေနတယ္...."
"ဘယ္လို..."
ေျခေထာက္ကိုခ်ိပ္ထိုင္ကာ တံေထာင္ေထာက္
လွ်က္ ေမးဖ်ားကိုေမွးတင္ထားရင္းျဖင့္ ပုံရိပ္ကိုတည္ၾကည္စြာၾကည့္၍ သူေျပာလိုက္ျခင္းပင္။
သူေျပာတဲ့အဓိပၸာယ္ကိုေတာ့ ပုံရိပ္လုံး၀နားမလည္ဘူး။ဒါေပမဲ့ သူဘာဆက္ေျပာမလဲဆိုတာကိုေတာ့ သိခ်င္မိတယ္။
"ဦးဘာကို ေျပာခ်င္တာလဲ...."
"အဟင္း..တို႔ေျပာခ်င္တာက...မင္းဟာအရင္က
စာကိုပုံမွန္ေလးမလုပ္ခဲ့ပဲ...စိန္ေခၚမႈလုပ္ၿပီးမွ
အသဲအသန္ထလုပ္တဲ့ကိစၥကို ဓားတုံးႀကီးနဲ႔တိုက္ပြဲ၀င္မိတဲ့အျဖစ္နဲ႔ ဥပမာေပးခ်င္တာပါ...
ဓားဆိုတာပုံမွန္ေလး ေသြးေပးမွအၿမဲထက္ေနႏိုင္သလိုပဲ....စာဆိုတာလည္း အရင္တည္းကမွန္မွန္ေလး တစ္ေန႔စာတစ္ေန႔ေၾကေအာင္ လုပ္ထားကာမွ စာေမးပြဲနီးတဲ့အခါ ကိုယ္သက္သာမွာေပါ့...
မဟုတ္ဘူးလား...မင္းဘယ္ေလာက္ပဲ ဉာဏ္ေကာင္းပါေစ ဦးေႏွာက္ကိုအၿမဲတမ္းေသြးေနတဲ့ လူနဲ႔ယွဥ္လိုက္မိတဲ့အခါ...အခုမွ စၿပီးလႈပ္ရွားမႈျပဳတဲ့မင္းက တစ္လွမ္းေနာက္က်ေနေသးတာ
မဆန္းပါဘူး....တစ္ခုေတာ့ေျပာခ်င္တယ္
....မင္းၿပိဳင္ရမွာကသူ႔ကိုမဟုတ္ဘူး..."
"ဘယ္လို....သမီးကသူနဲ႔စိန္ေခၚထားတာေလ...
သူကသမီးရဲ႕ ၿပိဳင္ဘက္မဟုတ္လို႔ ဘာလဲ...
ဦးေျပာခ်င္တာကို နားမလည္ေတာ့ဘူး...."
"ဒီမွာပုံရိပ္....အခုမွမင္းကေက်ာင္းေနအ႐ြယ္ပဲရွိေသးတယ္...ေနာင္မွာ...မင္းဆယ္တန္းၿပီးသြားရင္တကၠသိုလ္ဆက္တက္ရအုံးမယ္...ေဟာ..တကၠသိုလ္တက္ၿပီးရင္...အလုပ္ခြင္ကို၀င္ရမယ္...
အသက္ေမြး၀မ္းေၾကာင္းတစ္ခုကိုရွာရေတာ့မယ္
...မင္းမိသားစုအတြက္...မင္းကိုယ္တိုင္အတြက္...
အခုထက္ႏွစ္ဆေလာက္ အားထုတ္ၿပီးႀကိဳးစားရေတာ့မယ္ေလ...."
ပုံရိပ္လည္း ကိုယ့္ကိုစိတ္ရွည္စြာ ေလျပည္ေအးျဖင့္ရွင္းျပလာတာေၾကာင့္ ေခါင္းေလးညိမ့္ျပကာ တ႐ိုတေသျဖင့္ နားေထာင္မိေလသည္။သူကေတာ့ ေအးေဆးတည္ၿငိမ္ေသာ အသြင္ျဖင့္ပင္ ထပ္မံရွင္းျပလာသည္။
"တို႔ေျပာခ်င္တာက မင္းမွာေရွ႕ဆက္ရမဲ့လမ္းက အရွည္ႀကီးက်န္ေနပါေသးတယ္...ေရွ႕ဆက္ျဖတ္သန္းရမဲ့ လမ္းတစ္ေလွ်ာက္လုံးမွာ လူအမ်ိဳးမ်ိဳးနဲ႔မင္း ႀကဳံေတြ႕ရလိမ့္မယ္...မင္းကိုကဲ့ရဲ႕ခ်င္တဲ့လူ...ခ်စ္တဲ့လူ...မုန္းတဲ့လူ ..ဟန္ေဆာင္လိမ္ညာၿပီးခင္မင္ခ်င္တဲ့လူ...အေပၚယံကမေကာင္းဘူးထင္ရၿပီး တကယ့္တကယ္မင္းအေပၚကိုဂ႐ုစိုက္တဲ့လူ...
အမ်ိဳးမ်ိဴးေပါ့ကြာ...တို႔ေမးခြန္းတစ္ခုေမးမယ္...
ခုဏကေျပာတဲ့လူတိုင္းကို မင္းရဲ႕ၿပိဳင္ဘက္လို႔သေဘာထားလို႔ရမလား...."
"ဘယ္ရမလဲဦးရယ္...အကုန္လုံးကိုၿပိဳင္ဘက္အျဖစ္သေဘာထားမိရင္....ဘယ္လိုခရီးဆက္ႏွင္ႏိုင္ပါေတာ့မလဲ....."
ၿပဳံရိပ္၏ အေျဖစကားကိုၾကားေတာ့ ဦးေနမ်ိဳးကေက်နပ္ေသာ အၿပဳံးမ်ိဳးျဖင့္ ခပ္ရိပ္ရိပ္ရယ္ျပလာသည္။
"မင္းေျပာတာမွန္တယ္....တို႔ေျပာခ်င္တဲ့အဓိပၸာယ္ကိုမင္းျမင္ေနၿပီ.…လူတိုင္းကိုလိုက္ၿပိဳင္ေနရင္
စိတ္ေမာရမွာပဲအဖက္တင္မယ္...
ကိုယ့္ကိုမေကာင္းေျပာတဲ့လူတိုင္းကို လိုက္တုန႔္ျပန္ေနရင္လည္း ကိုယ္ပဲစိတ္ညစ္ရတယ္....
မင္းျဖတ္သန္းရမဲ့ဘ၀တစ္ေလွ်ာက္ႀကဳံေတြ႕ဆက္ဆံရမဲ့လူတိုင္းက မင္းရဲ႕ၿပိဳင္ဘက္ေတြမဟုတ္ဘူးပုံရိပ္...သူတို႔ဟာမင္းရဲ႕ဘ၀အေဆာက္အအုံထဲမွာ ခဏတာလာေရာက္နားခိုသြားၾကတဲ့သေဘာေလာက္ပဲရွိတယ္..
**မင္းရဲ႕ၿပိဳင္ဘက္က..မင္းကိုယ္တိုင္ပဲ*
အျခားသူကိုၿပိဳင္ရမွာ မဟုတ္ပဲမင္းကိုယ္မင္း ျပန္ၿပိဳင္ရမွာ....အျခားသူတစ္ေယာက္ေၾကာင့္ ေျပာင္းလဲဖို႔ႀကိဳးစားၾကည့္ခ်င္တာမ်ိဳးထက္...
မင္းကိုယ္တိုင္ရဲ႕ အေသြးအသားထဲကေနေျပာင္းလဲခ်င္စိတ္ေပၚလာတာမ်ိဳးဟာ ပိုၿပီးတာရွည္ခံလိမ့္မယ္...မဟုတ္ရင္ေတာ့ မင္းရဲ႕မခံမရပ္ႏိုင္တဲ့စိတ္ဆႏၵဟာ ခဏတာေလး ထေတာက္တဲ့မီးေတာက္တစ္ခုနဲ႔ မျခားႏိုင္ဘူး....."
မွားခဲ့တဲ့အမွားေတြကို ျပန္သုံးသပ္ၿပီး ထပ္မမွားေအာင္ကိုယ့္ကိုကိုယ္ျပန္ဆင္ျခင္ေနရမွာ...အျခားသူလုပ္တဲ့အလုပ္ မွန္သလား၊မွားသလားသြားၾကည့္တာမ်ိဳးထက္...မင္းလုပ္တာေရာမွန္ေနသလားဆိုတာ ေတြးဆရမွာ...သူေအာင္ျမင္တာဟာ သူေတာ္လို႔ျဖစ္ၿပီး မင္းက်ရႈံးတာဟာ မင္းကိုယ္တိုင္စီမံကြပ္ကဲမႈညံ့ေနေသးလို႔ပဲ...သူလုပ္တာသူ႔အလုပ္
...ကိုယ္လုပ္တာဟာကိုယ့္အလုပ္ပဲ...ေနာက္ဆုံးမွာေကာင္းတာေရာ၊ဆိုးတာေရာ မင္းကိုယ္တိုင္ပဲခံစားရမွာ...ဒါေၾကာင့္မင္းကိုယ္မင္းပဲျပန္ၿပိဳင္ပါ...
ကိုယ့္ရဲ႕ျပင္ပၿပိဳင္ဘက္ထက္ ဘ၀ရည္မွန္းခ်က္ကိုရွာပါ....မင္းဟာဘယ္လိုလူမ်ိဳးျဖစ္ခ်င္လည္း...
မင္းရဲ႕ဘ၀ရည္မွန္းခ်က္ကဘာလဲ????..."
သည္ေန႔မွာ ပုံရိပ္အတြက္ေမးခြန္းတစ္ခုပိုလာခဲ့ေလၿပီ။"ဘ၀ရည္မွန္းခ်က္တဲ့...."ဒီအေၾကာင္းကိုစဥ္းစားဖို႔ တစ္ခါမွျဖစ္တည္မလာခဲ့ဖူးဘူး။
"ကိုယ့္ကိုကိုယ္သာ ျပန္ယွဥ္ၿပိဳင္သင့္တာကို "
နားလည္ေပမဲ့ ဘ၀ရည္မွန္းခ်က္ဆိုတာဟာ သိပ္ကိုနက္နဲၿပီး ဦးေႏွာက္ထဲမွာတစ္ခါဖူးမွ ၀င္ေရာက္မလာခဲ့ဖူးေသာ ပုစာၦတစ္ပုဒ္ပါပဲ။သိပ္ခက္ခဲတယ္။
သိပ္ကို တန္ဖိုးႀကီးလြန္းေသာ အစိုင္အခဲႀကီးတစ
No comments:
Post a Comment