🔥 ဆူးကြိုး🔥အခန်း(၉)

 🔥 ဆူးကြိုး🔥အခန်း(၉)


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


စိတ်အားထက်သန်မှုတွေဟာ အရှိန်ပြင်းပြင်း‌
မောင်းနှင်လိုက်သည့် အင်ဂျင်စက်တစ်လုံးလို
အားမာန်အပြည့် လည်ပတ်နေပေမဲ့
ရည်မှန်းချက်ပျောက်နေလူအတွက် ပန်းတိုင်ဆိုတာစိတ်ကူးထဲမှာ လျှပ်တပြက်လင်းလက်သွားတဲ့ လျှပ်စီးကြောင်းတစ်ခုမျှသာဖြစ်တယ်။

🔥🔥🔥🔥🔥🔥🔥🔥🔥🔥

"ပုံပုံရေ လေးနာရီထိုးနေပြီထတော့လေ

အဒေါ့် နှိုးသံကြောင့် ပုံရိပ်၏အာရုံကြောတွေက စတင်လှုပ်ရှားလာသည်။အသံကိုကြားနေပေမဲ့ နိုးထဖို့ရာခန္ဓာကိုယ်က အားအင်မဲ့နေသယောင် ဖြစ်နေသည်။နားထင်ကြောတွေက တဆစ်ဆစ်နှင့်ကိုက်ခဲနေပြီး မျက်သားတွေကလည်း ပူရှိန်းနေသည်။မျက်လုံးတွေကို ချက်ချင်းဖွင့်ဖို့ရာ မနည်းအားတင်းနေရသည်။
အခန်းတစ်ခုလုံးဟာ တိတ်ဆိတ်မှုအတိဖြစ်နေသည့်နည်းတူ  ပြင်ပပတ်၀န်းကျင်ကလည်း တိတ်ဆိတ်မှုအတိဖြစ်နေ၍ ယခင်ကထက်ပိုမိုမြန်ဆန်နေသည့် ကိုယ့်နှလုံးခုန်သံကို‌တောင် အတိုင်းသားပြန်ကြားနေမိသည်။
တခါးဝဆီသို့ကြည့်လိုက်တော့ အောက်ခြေရှိလွတ်နေသောနေရာလေးမှ ဒေါ်လေး၏ခြေထောက်အရိပ်ကိုမြင်နေရလေသည်။အင်မတန်အချိန်တိကျသူဖြစ်၍လေးနာရီထိုးလာပါကနှိုးပါဟု ပုံရိပ်ပြောသည့်အတိုင်း လာနှိုးရှာတယ်။

"...ပုံရိပ်နိုးပြီလား.."

"...နိုးပြီဒေါ်လေး..သမီးအခုပဲစာလုပ်တော့မှာ."

"..အေးအေးဒါဆိုဒေါ်လေးလည်းပဲပြုတ်အိုးတည်လိုက်ဦးမယ်..အစားပြေစားချင်ရင်ဒေါ်လေးမသွားတုန်း..ထွက်လာစားလှည့်နော်.."

"ဟုတ်ကဲ့ဒေါ်လေး..."

ပုံရိပ်အဖို့စကားသုံးလေးခွန်းလောက်ပြောရတာကိုပင်အရမ်းအားယူနေရသည်။
လည်ချောင်းတွေသည်ခြောက်ကပ်လာကာ အနည်းငယ်နာကျင်စပြုလာသည်။
မျက်နှာတစ်ခုလုံးကလည်းမီးပြင်းပြင်းနဲ့ထိုးမြှိုက်ခံရသလို ပူစပ်ပူလောင်ဖြစ်လာသည်ဟုဘာကြောင့်ခံစားနေရတာပါလိမ့်။ခန္ဓာကိုယ်တစ်ခုလုံးကလည်းလှုပ်ဖို့မပြောနဲ့နေရာကနေတောင်မထချင်ဘူးဖြစ်နေသည်။

သို့ပေမယ့်ဒီနေ့က လပတ်စာမေးပွဲနောက်ဆုံးနေ့ဖြစ်နေတာကြောင့် မြူတမှုန်စာလောက်သာခွန်အားရှိနေ‌စေကာမူကြိုးစားမှဖြစ်မည်ဆိုသောစိတ်ကရှေ့ဆောင်နေသည်။ခြင်ထောင်ကိုခေါက်သိမ်းတာမျိုးမလုပ်ဘဲ အောက်အနားစလေးမှာအသာလုံး၍အမိုးပေါ်သို့လှမ်းတင်လိုက်သည်။
အိပ်ခန်းလေးကကျဉ်းမြောင်းတာကြောင့်ခြင်ထောင်အပြင်ဘက်သို့ထွက်လိုက်တယ်ဆိုရင်စာကြည့်ခုံဘေးသို့တကူးတကခြေအညောင်းခံစရာမလိုဘဲရောက်သွားရသည်။စာကြည့်ခုံဆိုပေမယ့်သူများတွေလိုခြေတံရှည်သစ်သားခုံလေးမဟုတ်ပဲ
ပုံရိပ်၏အဝတ်အစားအနည်းအကျဥ်းထည့်ထားသောသံသေတ္တာလေးဖြစ်သည်။၇သောင်းသာပေးရသောလုံးချင်းအိမ်လေးဖြစ်တာကြောင့်လူတစ်ယောက်စာအခန်းလေးလုပ်ပေးထားတာကပင်လွန်လှပါပြီ။

သေတ္တာလေး၏ဘေးဘက်တွင်တော့ပီနန်ကြိုးဖြင့် သွယ်တန်းထားသောကြိုးတန်းလေးရှိသည်။ကြိုးတန်းလေးပေါ်တွင်တော့ရေလဲထဘီသုံးထည်လောက်ကိုလွှားတင်ထားလိုက်သည်။
ဘာပကာသနမျှမရှိသောအခန်းကျဥ်းလေးအား
ပုံရိပ်၏ဦးခေါင်းတည့်တည့်တွင်တပ်ဆင်ထားသောမီးသီးလေးကအလင်းပေးနေရှာသည်။
ဒီရပ်ကွက်ကြီးထဲတွင်ကိုယ်တွေထက်ဆိုးဝါးသည့်အခန်းငယ်ပေါင်းများစွာတည်ရှိနေသည်ကိုသိသောပုံရိပ်အတွက် ဒီအိပ်ခန်းကျဉ်းကျဉ်းလေးဟာ
အကျည်းတန်သည်ဟုမတွေးဝံ့တော့ပေ။

"...ပုံရိပ်ရေခြင်ဆေးခွေထွန်းဦးမလား...
မထွန်းတော့ဘူးဒေါ်လေး.."

စာကြည့်စားပွဲတွင်ဘိုင်အိုစာတွေကိုနွေးနေရင်းမှ
အဒေါ့်အမေးကိုစကားကြောင်းပြန်ရသေးသည်။
စကားကိုကျယ်ကျယ်အော်ပြောလေ လည်ချောင်းကပိုမိုအက်ကွဲလေဖြစ်ကာ ပိုနာကျင်လာတာကြောင့်ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်လာသည်။
သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး နှာသီးဝမှမှုတ်ထုတ်လိုက်မိသောလေတွေဟာလေပူတွေဖြစ်နေသည်။ပုံရိပ်ဖျားချင်နေတာများလား။ကိုယ့်နဖူးကိုယ်ပြန်စမ်းကြည့်လိုက်မိတော့ကိုယ်အပူရှိန်ကအရမ်းများနေတာမျိုးမဟုတ်ပဲ ခပ်နွေးနွေးဖြစ်နေသည်။ပါးပြင်နှင့်နဖူးတို့ဟာချွေးအလျှင်းထွက်ခြင်းမရှိပဲ ခြောက်သွေ့နေသည်။
သေချာပါတယ်ပုံရိပ်ဖျားတော့မှာပါ။

မနေ့ကညဘက်ကြီးရေကိုအကြာကြီးချိုးလိုက်မိသည့်ဒဏ်ကဒီနေ့မနက်မှာပြန်ခံစားနေရပါပြီ။ခန္ဓာကိုယ်မှာဘယ်လိုပဲနာကျင်ကိုက်ခဲနေပါစေ
စာလုပ်ခြင်းကိုတော့ရပ်မပစ်လိုက်မိဘူး။
ဘိုင်အိုကကျက်စာများပြီး ပုံဆွဲရသည့်အပိုင်းလည်းများတာကြောင့်ဒီလပတ်အတွက်ပါတဲ့အခန်းတွေမှ ပုံတွေကိုသေချာလေးပြန်လေ့ကျင့်နေမိသည်။

"ပုံရိပ်ရေပန်းကန်စင်ပေါ်မှာပဲပြုတ်လေးကိုကြက်သွန်နဲ့သုတ်ထားခဲ့တယ်နော်..ထမင်းကြမ်းလေးနဲ့ရောစားလိုက်ကြားလား.."

"..ဟုတ်ကဲ့ဒေါ်လေး.."

"အေးအေး...ဘုရားစင်ပေါ်မှာမုန့်ဖိုးတွေလည်းတင်ထားခဲ့တယ်နော်..."

"ဟုတ်ကဲ့..."

ဒီတစ်ခါတော့အခန်းတံခါးကိုဖွင့်၍အခန်းအပြင်သို့ထွက်ကာပြောလိုက်သည်။ဖိနပ်ချွတ်တွင်ထိုင်ကာသူ့ယောက်ျားရဲ့ပုဆိုးအဟောင်းစလေးကိုခွေ၍ခေါင်းပေါ်တွင်တင်လိုက်သည်။

"...ဒေါ်လေးသမီးမပေးမယ်…"ဟုပါးစပ်ကလည်းပြောရင်းအဒေါ့်ဆီသို့ပြေးသွားပြီးလျှင်ပဲပြုတ်တောင်းအလေးကြီးကို ဒေါ်လေး ၏ခေါင်း
ပေါ်ရှိ ခေါင်းမှူးပေါ်သို့ပင့်တင်ပေးလိုက်သည်။
ပဲပြုတ်တောင်းကိုရွက်လျက်ဖြင့်အားတင်းကာ
ထလိုက်သော ဒေါ်လေးတစ်‌ယောက်...ခြံဝမှနေ၍
ခြံပြင်သို့တစ်လှမ်းချင်းတရွေ့ရွေ့သွားလာနေတာလေးကိုမလှုပ်မယှက်ဖြင့်သတိလက်လွတ်ငေးကြည့်နေမိသည်။

"ပဲပြုတ်...."

ညာသံပေး၍ပဲပြုတ်လည်ရောင်းနေသည့်အဒေါ်ရဲ့အသံလေးကိုကြားနိုင်သမျှနားစွင့်ရင်းနဲ့ဖိနပ်ချွတ်မှာခြေချထိုင်လိုက်မိသည်။အဒေါ်ဟာတာဝန်ကျေတာထက်ကိုပိုနေပါပြီ။
ပဲပြုတ်တောင်းကို ခေါင်းပေါ်မှာရွက်လျက်နှင့်
အားတင်းပြီးထလိုက်တဲ့အဒေါ့်ရဲ့မျက်နှာလေးကိုမြင်ရတာ ရှင်နာစရာကောင်းလိုက်တာ။ပုံရိပ်ကူညီပေးနိုင်တာဆိုလို့ပဲပြုတ်နေသည့်အချိန် ဘေးနားမှာကူဖော်လောင်ဖက်အဖြစ်ရှိနေတာမျိုးနှင့်
ပဲပြုတ်တောင်းကိုပင့်ပေးရသည့်နေရာပဲရှိတယ်။
အရင်ကဆိုရင်စမူဆာတို့အီကြာကွေးတို့ကို
ယူရောင်းရပေမယ့်ထင်ထားသလောက် မမြတ်တာကြောင့်သူနှင့်စျေးရောင်းရင်းခင်ကြသည့် ပဲပြုတ်သည်ထံမှ ပဲပြုတ်နည်းကိုယူကာ ယခုတော့ပဲပြုတ်သည်ဖြစ်လာခဲ့လေပြီ။

ပိုပြီးတော့လုပ်ရတာလက်ဝင်ပေမယ့်ပြုတ်ရင်
ပြုတ်နိုင်သလောက်အမြတ်အစွန်းပိုထွက်သည်ဟုအဒေါ်တစ်ခါကပြောပြဖူးတယ်။လက်ဖက်ရည်ဆိုင်တွေကဆိုရင်ပဲပလာတာလုပ်ဖို့အတွက်ဆိုကာ
နေ့တိုင်းမပြတ်အားပေးကြသည်ဟုအဒေါ်က
အာပေါင်အာရင်းသန်သန်နှင့်ဝမ်းမြောက်ဝမ်းသာ
စမြုပ်ပြန်တတ်သည်။
တစ်ခါတလေရောင်းအားကောင်းတဲ့နေ့တွေဆိုရင်
အဒေါ့်မျက်နှာလေးကရွှင်ပြနေတတ်သည်။
ပဲပြုတ်တွေပိုလာသည့်အခါမျိုးတွေဆိုရင်တော့အဒေါ်မျက်နှာလေးက နေလောင်ထားသည့်ပန်းကလေးလိုညှိုးကျသွားတတ်သည်။
အဒေါ့်ကိုကူညီပေးချင်တာကြောင့်စနေတနင်္ဂနွေတွေမှာငရုတ်သီးခြွေသွားချင်သည်ဟုခွင့်တောင်းပေမယ့်အဒေါ်ကခွင့်မပြုတော့အင်မတန်ခက်သည်။

အကြောင်းကတော့ငရုတ်သီးခြွေတဲ့စက်ရုံမှာကယောက်ျား၊မိန်းမလူပေါင်းစုံဖြစ်နေတာကြောင့်စက်ရုံထဲကကောင်လေးတွေနဲ့ပုံရိပ်ကိုစိတ်မချဘူးဟုဆိုလာသည်။ထိုအခါမျိုးဆိုရင်ပုံရိပ်အရမ်းရယ်ချင်မိတယ်။သမီးရည်းစားကိစ္စတွေကိုတွေးဖို့ရာ
ပုံရိပ်ရဲ့အတွေးထဲမှာတောင်မရှိပါဘူးဟုပြောလိုက်ချင်သည်။အ‌ဒေါ့်ဘက်ကတွေးပြန်တော့လည်းလူကြီးအတွေးနဲ့မို့မှန်နိုင်ပါသည်။

တနင်္ဂနွေကိုရောက်ပြီဆိုတာနဲ့မင်္ဂလာဆောင်မဏ္ဍပ်တွေဟာစည်လို့ပင်။မစပ်စုစိန်အဒေါ်ကတော့မင်္ဂလာဆောင်ကနေတစ်ခါပြန်လာတိုင်း
"....သတို့သားနှင့်သတို့သမီးကနှစ်ယောက်ပေါင်းမှအသက်အစိပ်တောင်ပြည့်ရဲ့လားမသိဘူး...
...အခုခေတ်ကလေးတွေများမလွယ်ကြပါလားနော်...အားနေ..လိုက်သွားကြတော့တာပဲ...
တို့များတုန်းက...သုံးနှစ်သုံးမိုးက...သူတို့ခေတ်မှာသုံးရက်သုံးညဖြစ်သွားပြီထင်ပါရဲ့...
ပုံရိပ်ညည်းလည်းကြည့်နေနော်...ဘာဘာညာညာကြားလို့ကတော့..တင်ပဆုံရိုးကိုဖနောင့်နဲ့ပိတ်ကန်ပစ်မယ်...."

သူ့ဘာသာမင်္ဂလာဆောင်သွားပြီး အကုသိုလ်ယူလာကာ ဘာမှမဆိုင်သည့်ပုံရိပ်ကိုထိုသို့ကြိမ်းတတ်လေသည်။
"....ဒေါ်လေးကလည်း..သမီးနဲ့ဘာဆိုင်လို့..လာဆူနေရတာလဲ..."ဟုဆင်ခြေပြန်တက်မိရင်

"...အမလေးဘာလို့မဆိုင်ရမလဲ။း..ညည်းကလည်းဘာမျောက်မို့လို့လဲ...အချိန်တန်အမှီးပေါက်မှာပဲအချိန်မတန်ပဲအမှီးပေါက်ရင်တော့..ပေါက်တဲ့အမှီးကို..ငါဓားနဲ့လိုက်ခုတ်မယ်..."ဟုခြိမ်းခြောက်တတ်ပြန်သည်။

ထိုအခါမျိုးမှာအဒေါ့်ကိုပုံရိပ်ပြန်ခံပြောလေ့မရှိဘူး။အဒေါ်ဟာသူ့ရဲ့အိမ်ထောင်ရေးအပေါ်မှာနာကျည်းချက်တွေရှိနေခဲ့တာကြောင့်ဆုံးမသည်ဟုပဲသတ်မှတ်လိုက်သည်။
တခါတလေမှာ"အလိုက်သိလွန်းတဲ့ကလေး.."ဟုချီးကျူးတတ်သည်။
ပုံရိပ်ဟာအဒေါ့်ရဲ့စိတ်ကိုနားလည်သည်ဟုလည်းပြောပြတတ်သည်။
စိတ်ဖိစီးမှုတွေကြောင့်ရော နေထိုင်လာခဲ့သည့်ပတ်ဝန်းကျင်ကြောင့်ပါ အဒေါ်ဟာအပြောအဆိုမတတ်ပေမယ့် တခါတလေမှာသူ့လောက်နူးညံ့တာသူပဲရှိသည်ဟုမှတ်ချက်ချမိသည်။

"...ဒီမှာသမီးမိန်းမတစ်ယောက်ဟာကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်ပဲသတ်မှတ်ရမှာ မိန်းမတစ်ယောက်ဖြစ်လို့အမြဲတမ်းနူးညံ့သိမ်မွေ့နေရမယ်..
အမြဲကြင်နာပြနေရမယ်...အမြဲကိုယ့်ကိုယ်ကိုယ်နှိမ့်ချထားရမယ်လို့ဆိုလိုတာမဟုတ်ဘူး...
လူတစ်ယောက်ဖြစ်တဲ့အတွက်အမှန်တရားကိုမြတ်နိုးရမယ်...စာနာသနားတက်တဲ့စိတ်ထားတော့ရှိရမှာပေါ့လေ...ဒါပေမယ့်ကိုယ့်ဘက်ကအလွန်
အကျူးကြင်နာပြမိရင်လည်း..ဒါကိုအားနည်းချက်တစ်ခုလို့အချို့ကသတ်မှတ်ပြီးအလွဲသုံးစားလုပ်ဖို့ဝန်မလေးတတ်ကြဘူး..
..ကိုယ်ဟာဆင်းရဲလို့ပါ.ကံအကောင်းအကြောင်း
မလှတဲ့သူတစ်ယောက်ဖြစ်လို့ပါဆိုပြီး..မလိုအပ်တဲ့အားငယ်စိတ်နဲ့သူများကိုအမြဲဦးညွတ်နေစရာလည်းမလိုဘူး...မိန်းမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်
လူတစ်ယောက်ဆီတိုင်းမှာတန်ဖိုးကိုယ်စီရှိကြပြီးသားပဲ...
ကိုယ့်တန်ဖိုးကို..ကိုယ်တိုင်မမြင်ပဲချမနင်းမိဖို့လိုတယ်...စိတ်ထားကိုလည်းအမြဲချိန်ညှိတတ်ရမယ်
..မလိုအပ်ပဲ မာန်မာနမထောင်လွှားမိဖို့လည်းလိုအပ်တယ်...အရေပြားတစ်ထောက်စာအလှမာန၊ပညာမာန၊ဓနမာန စသဖြင့်ပေါ့လေ...ဘယ်သူ့ကိုမှအလကားသက်သက်ရိုကျိုးနေစရာမလိုပေမယ့်မာနဆိုတာကိုလည်းမလိုအပ်ပဲ မသုံးမိစေနဲ့...
မဟုတ်ရင်မာန်မာနထောင်လွှားမိလို့အမုန်းပွားရတတ်တယ်...
အဒေါ်ပြောချင်တာက ကိုယ်ဟာဆင်းရဲတဲ့မိသားစုမှာကြီးပြင်းခဲ့ရလို့အမြဲစိတ်ဓာတ်ကျပြီးနိမ့်ကျလှချည်ရဲ့လို့...တွေးစရာအကြောင်းမရှိဘူး...
ခြေကောင်း၊လက်‌ကောင်းမရှိရင်တောင်ကမ္ဘာပေါ်မှာရှင်သန်ရပ်တည်နိုင်မယ့်နည်းလမ်းတွေမှအများကြီးပဲ...
သမီးကြိုးစားပါ...အရာအားလုံးပြည့်စုံနေရမယ်လို့ကတိမပေးနိုင်ပေမယ့်...သမီးရဲ့အနောက်မှာအဒေါ်ရှိနေတယ်ဆိုတာကိုတော့သတိရပေးပါ..
အဒေါ်ကိုယ်တိုင်ကကိုယ့်ရဲ့တန်ဖိုးကိုနှိမ့်ချခဲ့မိလို့တန်ဖိုးမထားတတ်တဲ့လူနဲ့ဆုံတွေ့ခဲ့ရတယ်...
အဒေါ့်ရဲ့သားသမီးနဲ့တူမလေးကိုတော့တန်ဖိုးမြင့်တဲ့လူတွေမဟုတ်ရင်တောင်...တန်ဖိုးရှိတဲ့လူတွေအဖြစ်အဒေါ်ထောက်ပံ့ပေးချင်တယ်..."

အဒေါ့်ရဲ့ဆုံးမစကားတွေကိုပြန်ကြားယောင်မိတဲ့အခါအတိုင်း အလိုလိုစိတ်ဓာတ်တက်ကြွလာသည်။ကိုယ့်ကိုယ်ကိုယ် ကံဆိုးသည့်လူတစ်ယောက်ဟုထင်ခဲ့မိပေမယ့် အဒေါ်နဲ့ဆုံတွေ့ခွင့်ရတာဟာလည်းကံကောင်းမှုတစ်ခုပါပဲလေ။
မိဘတွေနဲ့အတူနေစဉ်အခါက ဘဝရဲ့အနှစ်သာရဆိုတာ ရေတွင်း၀မှာဖြစ်လျှံနေသည့်ရေကိုအလွယ်သောက်လို့ရတယ်ဆိုရုံမျှသာ ပေါ့ပေါ့တွေးခဲ့မိတာမျိုးပေါ့။
အခုဆိုရင်ရေတွင်းရဲ့အနက်ပိုင်းအထိ ရေပြန်ကျသွားတဲ့အခါ ဘယ်လိုခွန်အားမျိုးနဲ့ရေကိုခပ်ထုတ်ရမလဲဆိုသည့်အတွေးမျိုးနှင့် ကွန့်မြူးရှင်သန်စပြုလာမိပြီ။
ရေတွင်းထဲမှရေကြည်ကို မိမိတို့အလွယ်တကူ
ခပ်ထုပ်နိုင်ဖို့အတွက် အားကြိုးမာန်တက်ရေတွင်းတူးခဲ့သူတွေရဲ့ကြိုးပမ်းမှုနဲ့အနစ်နာခံမှုတွေကိုလည်း စာနာလာမိသည်။
လူတိုင်းဟာခက်ခဲမှုအမျိုးမျိုးကြားမှရှင်သန်ရုန်းကန်ဖို့ကြိုးစားနေချိန်မှာ ပုံရိပ်ကလည်းကံကြမ္မာကိုပုံချပြီးရပ်တန့်နေလို့မရဘူး။
ပုံရိပ်ကြိုးစားရမယ်။

နေမကောင်းဖြစ်ချင်နေသည့်လက္ခဏာတွေကို
စိတ်ခွန်အားတွေနဲ့ဖိနှိပ်လိုက်ပြီး ကိုယ့်ရဲ့အခန်းငယ်ထဲသို့ပြန်သွားကာစာကိုသဲကြီးမဲကြီးလုပ်နေလိုက်သည်။
၆နာရီထိုးလောက်သည်အထိစာတွေကိုပြန်နွှေးလိုက်ပြီးနောက် ရေချိုးအဝတ်အစားလဲလိုက်ပြီး ဒေါ်လေးပြင်ပေးထားသည့် ပဲပြုတ်ဆီစမ်းနှင့်ထမင်းကိုလူးစားလိုက်သည်။
ထုံးစံအတိုင်းမိစုကိုလည်းပြင်ဆင်ပေးပြီး
ထွန်းကိုအားနှိုးခဲ့ကာ ညီအစ်မနှစ်ယောက်အိမ်မှထွက်လာလိုက်သည်။
ပုံမှန်ကျောင်းအချိန်ထက်နည်းနည်းနောက်ကျမှသွားလို့ရပေမယ့် မိစုရဲ့ကျောင်းချိန်ကြောင့်စောစောပဲထွက်လာဖြစ်လိုက်သည်။

ကျောင်းကိုရောက်တော့ ကိုယ်လိုပဲအိမ်မှစောထွက်လာသည့်ကျောင်းသားအနည်းငယ်တော့ရှိသည်။စာမေးပွဲအခန်းထဲသို့မဝင်ရသေးတာကြောင့်
မိမိနှင့်သက်ဆိုင်ရာအခန်းအရှေ့များတွင်ထိုင်၍
စာနွေးနေကြလေသည်။
ပုံရိပ်ကတော့အသံတွေဆူနေရင် မကြိုက်တာကတစ်ကြောင်း ခန္ဓာကိုယ်တစ်ခုလုံးကိုက်ခဲနာကျင်နေတာကတစ်ကြောင်းဖြစ်၍ကျောင်းကွင်းပြင်၏
ဟိုဘက်အခြမ်းရှိ ရေကန်ကြီးဆီသို့သာဦးတည်၍သွားနေမိသည်။
ထုံးစံအတိုင်းကိုယ်ထိုင်နေကြ ကုက္ကိုပင်အိုကြီး၏
မြေပြင်ပေါ်သို့ထိုးထွက်နေသည့်သစ်မြစ်ကြီးပေါ်တွင်ထိုင်ကာ စိတ်ထဲမှာမသေချာဖြစ်နေသေးသည့်စာတွေကိုပြန်နွေးနေမိသည်။

"..ဟာဆူညံနေတာပဲကွာ...အေးဆေးနားချင်လို့
ဒီနေရာကိုလာထိုင်တာပါဆို...စာကျက်ချင်ရင်လည်း...အခြားနေရာကိုသွားကျက်ပါဗျို့..."

လူရှင်းသည့်နေရာဖြစ်၍စာကျက်တာကိုအသံထွက်ပြီးကျက်နေမိစဉ်အခြားဘက်မှညီးငြူသံတစ်ခုထွက်လာသည်။အနီးနား ဝန်းကျင်ကိုမျက်လုံး
ဝေ့ပြီးကြည့်လိုက်ပေမယ့် အရိပ်တောင်မမြင်ရဘူး။အသံကကိုယ်နဲ့အရမ်းနီးတဲ့နေရာကဖြစ်တဲ့အပြင်
ပုံရိပ်ကြားဖူးနေသောအသံဖြစ်သည်။
စာအုပ်ကို ဘေးလွယ်အိတ်ထဲသို့ထည့်လိုက်ပြီးလုံးပတ်ကြီးလွန်းသော ကုက္ကိုလ်ပင်ကြီးအားလက်ယာရစ်၍သွားမိရာ သူများစာကျက်နေတာကို"ဆူညံ"ပါသည်ဟု ဝေဖန်လာသည့်
မာန်နတ်လိုကောင်နှင့်တွေ့ရလေသည်။
ပင်စည်ကိုမှီပြီးပျင်းရိပျင်းတွဲနှင့်မျက်လုံးတွေကို မှေးစဉ်းထားသည့်သူကအခြားသူမဟုတ်ပဲ
ကျောင်းတွင်မကောင်းသတင်းနှင့်နာမည်ကျော်ကြားလှသည့်ဟိန်းကိုဖြစ်နေသည်။

 အင်္ကျီအဖြူဝတ်ထားတာကိုမှအားမနာ
ကိုယ်တစ်ဝက်က ပင်စည်ကိုမှီထားပြီး
ကိုယ်တစ်၀က်ကမြေကြီးပေါ်တွင် လျှောဆင်းလျက်ခြေပစ်လက်ပစ် လှဲအိပ်နေသည်။
မသိရင်လမ်းပေါ်မှာ ပုဆိုးမနိုင်ဘာမနိုင်နှင့်
ညစ်ပေစုတ်ပြတ်နေသည့်အရက်မူးသမားကြီးနဲ့တောင်တူနေသေးသည်။
တော်သေးတာပေါ့။ကျောင်းစိမ်းနှင့်အနည်းငယ်သန့်ပြန့်သောရုပ်ရည်ကြောင့်သာ ထိုအမူးသမားကြီးနှင့်သားအဖလို့အထင်မခံရတာ။
ဆံပင်ကတော့ပုံရိပ်နဲ့နောက်ဆုံးတွေ့ခဲ့တုန်းကလိုကတုံးဆံပင်မဟုတ်တော့ပေ။

အနည်းငယ်ရှည်ပေမယ့်ခန့်ရှင်းရှင်းညှပ်ထားသည်။အိပ်နေရင်းနဲ့ပါးစပ်အစွံနားမှာ ကျလာသည့်သွားရည်ကိုယောင်ယမ်းပြီးသုတ်လိုက်သေးသည်။
ပုံရိပ်လည်းဘာကြောင့်များဒီကောင်ကိုအကုသိုလ်အဖြစ်ခံပြီးဝေဖန်နေမိသလဲမသိပါဘူး။
အစကတော့ကိုယ့်ဘာသာစာကျက်နေတာကို
တမင်ရန်လာစတာကြောင့် ပြန်ပြောမလို့တွေးမိခဲ့တာပါ။အခုသူကအိပ်နေတာသွားရည်တွေတောင်ကျနေတာကြောင့် တမင်နှိုးပြီးရန်ဖြစ်ချင်စိတ်လည်းမရှိတော့ပေ။

ကိုယ်တိုင်တောင်နေမကောင်းချင်ဖြစ်နေ၍
မနည်းစိတ်ကိုတင်းထားနေရသည်။နာရီကိုကြည့်လိုက်မိတော့ စာမေးပွဲအချိန်နီးကပ်နေတာကြောင့်သူ့ကိုလျစ်လျူရှုခဲ့ကာ ကိုယ်ဖြေရမည့်အဆောင်သို့သွားလိုက်သည်။
စာမေးပွဲဖြေရန်အချက်ပေးခေါင်းလောင်းထိုးသည်နှင့်လွယ်အိတ်ကိုအပြင်မှာထားခဲ့ကာ
စာရေးကိရိယာတွေကိုယူပြီးအတန်းထဲသို့ဝင်သွားလိုက်သည်။
ဘိုင်အိုကပုံမှန်ဘာသာတွေထက် ဖြေရတာနည်းတာကြောင့်နာရီဝက်၊မိနစ်လေးဆယ်နှင့် ဖြေပြီး၍
အခန်းထဲမှထွက်သွားကြသူတွေရှိသလို
အချို့ကလည်းမဖြေနိုင်တာတွေနှင့်ပေါင်းပြီးစာမေးပွဲခန်းထဲမှ စောထွက်ကြလေသည်။

"ဒေါက်..ဒေါက်..."

ခုံကိုလက်နဲ့လာခေါက်သူအား ကြည့်လိုက်မိတော့ယမင်းရွှေဖြစ်နေသည်။သူကပုံရိပ်ကိုအပြင်မှာစောင့်နေမည်ဟုလက်ဟန်အမူအရာနဲ့ပြနေတာကြောင့်ပုံရိပ်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
ယမင်းရွှေနဲ့ပုံရိပ်သည် စာမေးပွဲမှာတစ်ခုံတည်းထိုင်ခွင့်ရတာဟာအင်မတန်ကံကောင်းလှပေမယ့်ခုံတန်းအရှည်၏ ဟိုဘက်၊သည်ဘက်အစွန်းနှစ်ခုတွင်ခွဲ၍ထိုင်ရတာကြောင့် သူစာမရတဲ့အခါငုတ်တုတ်ထိုင်ပြီးတွေးနေတာကို မျက်လုံးအစွန်းမှခဏခဏကြည့်မိသည်။

"ဟဲ့နင်ဒီကွက်လပ်မှာဘာဖြည့်လိုက်လဲ..
ငါလေ..ဒီလောက်လွယ်တာကိုမေ့နေတာသိလား.."

"စာမေးပွဲခန်းထဲကိုရောက်တော့ အလိုလိုကိုမေ့သွားတာ.."

"..ငါကတော့မဆိုးပါဘူး.."

"..နင်ကစကျွမ်းကြီးပါဟာ.."

"...ဟဲ့..ငါမှန်မှားတွေမှာငါးမှတ်ပဲမှန်တယ်ဟ

"...ဟာ..ဒီအဖြေလွဲသွားပြီ.."

"...ပုံကိုတော့မှတ်မိတယ်..လေဗယ်လ်တွေကဟာတကယ်ကိုမေ့သွားတာနင်ရောဖြေနိုင်လား..."

"..ငါကတော့စာပိုဒ်ကိုအပေါ်ပိုဒ်ရပြီး
အလယ်ပိုဒ်မေ့နေတာ အောက်အပိုဒ်လည်းမှတ်မိပေမယ့်စာလုံးပေါင်းမှန်ရဲ့လားမသိဘူး.."

"..မင်းကမှတော်သေးတယ်..ငါဆိုအပေါ်ပိုဒ်ကိုမေ့အလယ်ပိုဒ်ကိုကြမရ..အောက်ဆုံးပိုဒ်ကြတော့တလွဲ..ဟားဟား..."

"...အေးရောကွာ.."

"အထဲမှာဖြေကျန်နေခဲ့တဲ့လူတွေက
တရားမှတ်နေတာလားမသိဘူး..
ဘိုင်အိုကိုဖင်ပူအောင်ဖြေရတယ်လို့.."

"အေးလေ..အမှတ်ပြည့်လိုချင်နေကြလို့လားမှမသိတာ.."

စာမေးပွဲအဖြေလွှာစာရွက်ကိုထပ်ပြီးသူတွေဟာကိုယ့်ဖြေသည့်အခန်းရှေ့တွင်သာမကကျောင်းဝန်းထဲတွင်ပါ လှည့်ပတ်သွားလို့ရပေမယ့် သတ်မှတ်ချိန်ပြည့်သည့်ခေါင်းလောင်းမထိုးမချင်း ကျောင်းတံခါးဖွင့်မည်မဟုတ်သလိုအိမ်ပြန်၍လည်းမရကြပေ။
ထို့ကြောင့်စာသင်ခန်းအပြင်ဘက်ရှိ၀ရံတာများတွင်တစ်ယောက်နှင့်တစ်ယောက်အဖြေတိုက်သူကတိုက်၊စကားတမင်သက်သက်များသူကများနှင့်ဆူညံနေကြလေသည်။

ထိုဆူညံသံတွေကိုကြားရလေ ပုံရိပ်ရဲ့ခေါင်းတွေပို၍မူးဝေချင်လာလေပဲ။စာမေးပွဲခန်းထဲတွင်စထိုင်ပြီးဆယ်မိနစ်လောက်အကြာတည်းကခေါင်းတွေထိုးကိုက်လာခဲ့သည်။ရေးပြီးသားစာလုံးတွေကမျက်လုံးထဲမှာနှစ်ထပ်လိုဖြစ်နေပြီး ဘော့ပဲန်ကိုကိုင်ထားသည့်လက်ကပင် အားဆိုက်၍မရချင်ဖြစ်လာသည်။
ထို့ကြောင့်အခြားသူတွေတစ်ယောက်ပြီးတစ်ယောက်အဖြေလွှာကိုအပ်၍အခန်းအပြင်ထွက်သွားကြချိန်မှာ ပုံရိပ်ကတော့နေရာမှမရွှေ့ပဲ
ဆက်ထိုင်နေခဲ့ရသည်။ကိုယ်ဖြေထားတာတွေမှန်သလား၊မှားသလားဆိုတာတောင်ပြန်မစစ်နိုင်သည့်အခြေအနေပင်။

ပုံရိပ်သတိထားမိတာတစ်ခုကခန္ဓာကိုယ်တစ်ခုလုံးဟာ ယခုပင်ထတောက်တော့မည့်မီးလိုပူလောင်နေတယ်ဆိုတာပဲ။
လက်တွေဟာတုန်ယင်လာပြီး အားအင်တွေယုတ်လျော့လာသလိုခံစားနေရသည်။
မျက်ရည်တစ်စက်ဟာအဖြေလွှာစာရွက်အပေါ်သို့ကျသွား‌ခဲ့၍ စာရွက်ကလေးမှာအကွက်လေးစွန်းထင်းသွားသည်။အတန်းထဲမှတစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြပေမယ့် ပုံရိပ်တယောက်ထဲကသာစာသင်ခုံမှာစိတ်ဓာတ်ကျစွာ
ခေါင်းငိုက်ဆိုက်ချလျက်ထိုင်နေခဲ့မိသည်။
ဘောပဲန်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိပြီး အံကိုကြိတ်ထားမိသည်။

စိတ်ဓာတ်ကျစရာအတွေးတွေတစ်ခုပြီးတစ်ခုဝင်လာတဲအခါအဖြေလွှာစာရွက်ကလေးဟာပုံရိပ်ကိုလှောင်ပြောင်နေသယောင်ခံစားရ‌‌စေတယ်။မျက်ရည်ပူတွေသည်ပါးပြင်ပေါ်သို့
တလိမ့်လိမ့်စီးကျလာသည့်အခါဆရာမတွေမရိပ်မိအောင် နဖူးကိုလက်နှင့်ကာထားလိုက်မိသည်။
၀န်မခံချင်ပေမယ့် ပုံရိပ်သူ့ကိုထပ်ပြီးရှုံးနိမ့်ရပြန်တော့မယ်။သူထပ်ပြီးပုံရိပ်ကိုလှောင်ပြောင်အုံးတော့မည်။"ဘိတ်ချေး"ဆိုသည့်နာမည်ကို သရော်ကောင်းကောင်းနှင့် အာ၀ဇွန်းရွှင်စွာသူအော်ခေါ်အုံးမည်။
"နင်ငါ့ကိုမမှီနိုင်ပါဘူး.."ဆိုသည့်စကားအား
သူအားရစွာပြောပေဦးတော့မည်။
ပုံရိပ်ဆိုတဲ့နာမည်ဟာ နံပါတ်တစ်ဆိုသည့်နေရာမှာရှိဖို့မထိုက်တန်တာပဲလား။ဘယ်လောက်ပဲကြိုးစားပါစေ။ဘာဖြစ်လို့နောက်ဆုံးအကြိမ်မှာအားလုံးအမှားမှားအယွင်းယွင်းဖြစ်ကုန်ရတာလဲ။
ဒီအချက်ကိုပုံရိပ်ကိုယ်တိုင်တောင်နားမလည်ချင်တော့ပေ။

"ကလင်...ကလင်..."

အချိန်ပြည့်သွား၍ ကျောင်းခေါင်းလောင်းထိုးသံမြည်လာသည်။ဆရာမကလည်းအဖြေလွှာစာရွက်လာအပ်ရန်ပုံရိပ်အားတိုက်တွန်းလိုက်သည်။ခြေလှမ်းတွေကိုမနည်းအားတင်းကာအတန်းအရှေ့သို့လျှောက်သွားလိုက်ပြီး ဆရာမလက်ထဲသို့အဖြေလွှာစာရွက်ကိုအပ်ခဲ့လိုက်သည်။
ဘောပဲန်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျက်အတန်းအပြင်သို့ထွက်လာလိုက်မိသည်။
အခန်းအပြင်ရှိခုံပေါ်တွင်တင်ထားသောလွယ်အိတ်ကလေးကိုကောက်ကိုင်လိုက်မိသည့်အချိန်တွင်
ပုံရိပ်၏နောက်ပါးဆီမှခေါ်သံတစ်ခုကိုကြားလိုက်ရသည်။
ယမင်းရွှေအားပုံရိပ်လှည့်ကြည့်လိုက်မိစဉ်
ပုံရိပ်ရဲ့မျက်ဝန်းတွေဟာကြည်လင်နေတာမျိုးမဟုတ်ပဲ..အရောင်ခပ်မှိန်မှိန်ဖြစ်နေတာကိုပုံရိပ်ကိုယ်တိုင်ရိပ်မိလေသည်။

"နင်...ဖြေနိုင်လား..."

ယမင်းရွှေ၏မေးခွန်းကပုံရိပ်ကိုပို၍နာကျင်စေသည်။ကောင်းကိုခပ်ဆက်ဆက်လေးခါယမ်းလိုက်မိပြီးနောက် ခြေလှမ်းဖို့အားယူလိုက်စဉ်မှာ
ပုံရိပ်၏ ခန္ဓာကိုယ်ဟာ လုံး၀မဟန်နိုင်တော့ပဲ
ယိုင်ထိုးကျသွားသည်။
ဝရန်တာကိုအားပြု၍လှမ်းကိုင်လိုက်ပေမယ့် ခြေထောက်တွေဟာမတ်တပ်ရပ်ဖို့အားအင်မရှိ
တော့သည့်နယ် ညွတ်ခွေကျသွားခဲ့သည်။
ရင်ဘတ်တစ်ခုလုံးတစ်လှပ်လှပ်နှင့်မောဟိုက်လာသည့်နည်းတူ ထိုနေရာမှာပဲပုံရိပ်ပစ်လဲကျသွားခဲ့သည်။

အမှန်မှာတော့အိမ်ကနေစထွက်မလာခင်၊စာမေးပွဲအခန်းထဲသို့မဝင်ခင်အချိန်တွေထဲကဒီဝေဒနာတွေကိုတင်းခံထားခဲ့မိတာပါ။
အခန်းစောင့်ဆရာမတွေအားနေမကောင်း
၍နားခွင့်ပြုရန်ခွင့်ပန်လို့ရသလို။
အဒေါ့်ကိုလည်းနေမကောင်း၍ မနေ့ကတစ်ညလုံး
အနားမှာရှိပေးဖို့ရန် ဂျီကျလို့ရသည်။
သို့ပေမယ့်ပုံရိပ်မလုပ်ခဲ့ဘူး။
ဝေဒနာကြီးကြီးမားမားမခံစားရခင်အထိအခြားသူတွေကို ရှင်ဖွင့်လေ့မရှိသောပုံရိပ်၏
အကျင့်ဟာ အခုတော့ပုံရိပ်ကိုနှိပ်စက်နေလေပြီ။

"ပုံရိပ်!!!..."

ယမင်းရွှေ၏ အော်သံခပ်စူးစူးနဲ့တစ်ဖျပ်ဖျပ်ကြားနေရသည့်ခြေသံများဟာပုံရိပ်နောက်ဆုံးကြားလိုက်ရသောအသံများပင်ဖြစ်သည်။အချိန်ခဏလေးအတွင်းမှာပုံရိပ်၏ကမ္ဘာကြီးအမှောင်ကျသွားခဲ့သည်။အမှန်အတိုင်းဆိုရလျှင်ပုံရိပ်ရဲ့ဘဝမှာ
ဒီခံစားချက်ကို အကြိုက်နှစ်သက်ဆုံးပါပဲ။
ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့နေရာ။
ဘယ်သူမှမမြင်နိုင်တဲ့နေရာ။
ဘယ်သူမှဝေဖန် အပြစ်မတင်နိုင်သည့်နေရာ။
ဘယ်သူမှပုံရိပ်ကို မမြင်ရတဲ့နေရာတစ်ခုမှာပေါ့။
ဒီအရာဟာခဏတဖြုတ်ခံစားရတဲ့ ခံစားချက်လေးတစ်ခုဆိုရင်တောင်ပုံရိပ်နှစ်သက်တယ်။

  ပုံရိပ်ပြုံးလိုက်မိတယ်။ဒါပေမဲ့ ထိုအပြုံးကတစ်ယောက်တစ်ယောက်၏ ပြင်းထန်စွာနှောက်ယှက်မှုကြောင့် အရှိန်သတ်သွားခဲ့တယ်။ပုံရိပ်ရဲ့ ခန္ဓာကိုယ်ဟာလှုပ်ခါနေသလိုပဲ။အထူးသဖြင့် ပုံရိပ်ရဲ့လက်မောင်းနှစ်ဖက်ကို တစ်ယောက်ယောက်က
ခပ်နာနာလေးကိုင်လှုပ်နေသလို အထိအတွေ့ဟာ
အင်မတန်အနေရခက်စေသည်။မျက်လုံးတွေကို ဖွင့်ချင်ပေမဲ့အားယူလို့ မရဘူး။သားငယ်အိမ်ကိုသာ လှုပ်ရှားလို့ ရတယ်။

လက်ချောင်းတွေကို အနည်းငယ်လှုပ်ခက်ကြည့်တော့ "ရသားပဲ"ဟု စိတ်ထဲကနေရေရွတ်လိုက်မိသည်။နှုတ်ခမ်းမှလည်း ကျေနပ်သောအပြုံးတစ်ခုထပ်ပေါ်လာပြန်တယ်။ပုံရိပ်ပြုံးလေ ပုံရိပ်ကိုပို၍လှုပ်နှိုးကြလေပဲ။နားထဲမှာလည်း ခပ်ဆဆအသံတစ်ခုကို မထင်မရှားကြားနေရသည်။
ဘယ်သူစကားပြောနေတာလဲ။
သေချာလေး အာရုံစိုက်လိုက်မိတော့ ဒါဟာမိန်းမအသံမဟုတ်ပဲ ယောက်ျားတစ်ယောက်ရဲ့အသံဖြစ်နေသည်။ဒါဆိုရင် ပုံရိပ်ရဲ့လက်မောင်းတွေကို ဆုပ်ကိုင်ထားတာလဲသူပဲပေါ့။သူဘယ်သူလည်း ရာရာစစပုံရိပ်ရဲ့အသားကို လာထဲရဲတယ်ပေါ့။

"ပုံရိပ်...ပုံရိပ်..."

ခေါ်သံကို ရှင်းလင်းစွာကြားလိုက်ရသည့်အချိန်မှာ ပုံရိပ်၏မျက်လုံးတွေကလည်းပွင့်လာခဲ့တယ်။မျက်လုံးရှေ့တည့်တည့်မှာ အလင်းရောက်စူးစူးကခရီးဦးကြိုလင့်နေတော့ မျက်လုံးတွေကိုချက်ခြင်းပဲပြန်မှိတ်လိုက်မိသည်။

"ပုံပုံသတိရလာပြီ..ဒေါ်လေးသူနာပြုကိုသွားခေါ်လိုက်အုံးမယ်.."

"နေပါအန်တီ...ကျွန်တော်သွားခေါ်လိုက်ပါ့မယ်
..ကျွန်တော့်အသိဆရာ၀န်ကိုသွားခေါ်ကြည့်လိုက်မယ်..သူကဒီအလွှာမှာပဲတာ၀န်ကျတယ်..."

"ကျေးဇူးပါပဲ...မောင်နေမျိုးရယ်.."

နေမျိုးဆိုသည့် နာမည်ကြောင့် အားကုန်ထုတ်၍မျက်လုံးတွေအားဖွင့်ကြည့်လိုက်သည်။မျက်နှာကျက်တွင် တပ်ဆင်ထားသည့်ခုနက မီးချောင်းလေးကလည်းသိပ်မစူးရှတော့သ‌လိုပင်။ခေါင်းကိုဘေးစောင်းလိုက်သည့်အခါ ပုံရိပ်ဘက်သို့ကျောပေးကာ ခပ်သုပ်သုပ်သွားနေသော လူတစ်ယောက်ကိုတွေ့ရလေသည်။ရှပ်လက်တိုနှင့်ပုဆိုးအညိုအကွက်စိပ်ကို ၀တ်ဆင်ထားသည့်လူတစ်ယောက်။သူဟာ ဦးနေမျိုးများလား။

ခေါင်းတွေပြန်ကိုက်လာတာကြောင့် နားထင်ကြောတွေကို လက်ဖြင့်အုပ်ကိုင်ကာ ရှေ့တည့်တည့်သို့ပြန်ကြည့်လိုက်မိသည်။ဘေးနားမှလူနာခုတင်တွေကိုမြင်တည်းက ဆေးရုံကိုရောက်နေတယ်‌ဆိုတာ သိလိုက်ပါပြီ။စာမေးပွဲခန်းထဲကနေထွက်လာပြီးတဲ့အချိန် ခေါင်းထဲမှာမူးဝေဝေဖြစ်သွားပြီး လဲကျသွားတာကိုသိလိုက်ပေမဲ့ အဲ့ဒီ့နောက်ပိုင်းဘယ်သူတွေကဆေးရုံကိုလိုက်ပို့ပေးပြီး ဦးနေမျိုးကတိုက်ဆိုင်စွာ ဘယ်လိုရောက်လာရသလဲဆိုတာကို ဘယ်လိုမှတွေး၍မရတော့ပေ။

"ပုံပုံနေရထိုင်ရသက်သာရဲ့လား..ခေါင်းတွေမူးနေသေးလား..."

ပုံရိပ်၏လက်တွေ၊ခြေတွေနဲ့နဖူးကိုပါလာစမ်းသပ်နေသည့်အဒေါ့်ရဲ့မျက်ဝန်းလေးတွေဟာ စိုးရိမ်မှု
အပြည့်ဖုံးလွှမ်းနေသည်။

"ကိုယ်တွေတော့ပူနေသေးတယ်..ပေါ့လို့မဖြစ်ဘူး.."ဟုပါးစပ်ကလည်းညီးတွားနေလေသည်။
ပုံရိပ်လည်း စိတ်မကောင်းဖြစ်မိသည်။
အဒေါ့်ကိုအလုပ်ရှုပ်စေမိပြီ။
အဒေါ့်ရဲ့ လက်ကိုကိုင်လိုက်ပြီး ဖြူဖတ်ဖြူလျှော်ဖြစ်နေသော နှုတ်ခမ်းများနှင့် အားယူကာခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။အဒေါ်ကတော့ စိုးရိမ်မှုများအလျှင်းလျော့မသွားသော မျက်၀န်းများနှင့်ကြည့်လာပြန်သည်။

"ပုံရိပ်...အဆင်ပြေပါတယ်...ဒေါ်လေး...ဒေါ်လေးကိုအလုပ်ပိုစေမိပြီ..."

"ဒီလိုမပြောရဘူးလေပုံရိပ်ရယ် အဒေါ်တို့ကသူစိမ်းတွေမှာမဟုတ်ပဲနဲ့...ပုံရိပ်ဟာအဒေါ်ရဲ့တူမဖြစ်ပေမယ့်အဒေါ့်ရဲ့သမီးအရင်းလေးလိုပဲ..အဒေါ်ကသတ်မှတ်တာ...နောက်တစ်ခါဒီလိုသူစိမ်းဆန်တဲ့စကားတွေမပြောပါနဲ့...အဒေါ်မကြိုက်ဘူး..."

အဒေါ်ရဲ့စိတ်ဆိုးသွားတဲ့အမူအရာကြောင့်ပုံရိပ်ချက်ချင်းပဲတောင်းပန်ဖို့ကြိုးစားမိတယ်။
ပုံရိပ်ရဲ့အပေါ်မှာအဒေါ်ငြိုငြင်သွားမှာကိုပုံရိပ်
မလိုလားဘူး။ထို့ကြောင့်လက်ကိုအားပြုပြီးခုတင်ပေါ်တွင်ထိုင်ဖို့ကြိုးစားမိသည်။

"သမီးရယ်..ဘာလုပ်နေတာလဲ..ပြန်လှဲနေစမ်းပါ
...လူကဖြင့်ကောင်းသေးတာလည်းမဟုတ်ပဲနဲ့..
..အဒေါ်ကစိတ်မဆိုးပါဘူးကွယ်..
စိတ်မကောင်းဖြစ်လို့ပြောလိုက်မိတာပါ...
အခုတောင်သမီးလေးနေမကောင်းဖြစ်တာနောက်ဆုံးမှသိလိုက်ရလို့..အဒေါ့်ရင်ထဲမှာမချိဘူးကွယ်...နောက်ဆိုရင်လေ...ဘာပဲဖြစ်ဖြစ်ဘယ်လိုအကြောင်းမျိုးမဆို...အဒေါ့်ကိုတိုင်ပင်ပါ...
ရှင်ဖွင့်ပါပုံပုံရယ်...အဒေါ်စိတ်မကောင်းဖြစ်မိလိမ့်မယ်.."

နေမကောင်းဖြစ်နေသောကြောင့်ပို၍အားငယ်နေသောစိတ်ဟာမျက်ရည်များဖြင့်ရီဝေဝေဖြစ်လာစေသည်။နှုတ်ခမ်းပါးမှလည်းခပ်‌ရေးရေးအပြုံးတစ်ခုအား နှစ်ခြိုက်စွာပြုံးလိုက်မိသည်။ကျေးဇူးတင်လိုက်တာအဒေါ်ရယ်ဟုပုံရိပ်အကျယ်ကြီးအော်ပြောလိုက်ချင်မိတယ်။

"ဒါဖြင့်..အဒေါ်ဒီကိုဘယ်လိုရောက်လာရတာလည်း
ပုံရိပ်ကိုရောဘယ်သူတွေကဆေးရုံလာတင်ခဲ့တာလဲ...."

"သမီးလေးကိုကျောင်းကဆရာမတွေနဲ့ကျောင်းသားအချို့ကဆေးရုံလာတင်သွားခဲ့တာ
ဒီကိုရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်မောင်နေမျိုးနဲ့တွေ့ကြရော..မောင်နေမျိုးကတော့သူ့အသိဆရာဝန်တစ်ယောက်ဆီကိုလာတယ်လို့ပြောတာပါပဲ..
သမီးလေးဆေးရုံတင်ရတာကိုတွေ့လိုက်တာကြောင့်...အဒေါ့်ကိုချက်ချင်းအိမ်အထိလာခေါ်ရှာတယ်....အဒေါ်လည်းသိသိချင်းဆေးရုံကိုချက်ချင်းလိုက်လာခဲ့တာပေါ့....မောင်နေမျိုးကြောင့်သာမဟုတ်ရင်အဒေါ့်လိပ်စာကိုလည်းဘယ်သူမှမသိလို့
..အဒေါ်လည်းသမီးလေးဘာဖြစ်မှန်းတောင်သိလိုက်ရမှာမဟုတ်ဘူး..."

လူနာခုတင်ဘေးတွင် ပစ္စည်းတင်ရန်ထားသည့်
ခုံလေးအား ရှင်းလင်း၍လိုအပ်သည့်ပစ္စည်းလေးတွေကို နေရာချနေရင်းမှ အဒေါ်ကစိတ်မကောင်းစွာရင်ဖွင့်လာသည်။အမှန်တော့ အားလုံးကပုံရိပ်ရဲ့အမှားတွေပါလေ။နေမကောင်းတာကို အဒေါ့်ဆီကြိုပြောမိခဲ့ရင် ဆရာ၊ဆရာမတွေကိုပါ ရောပြီးဒုက္ခပေးသလို ဖြစ်ခဲ့မှာမဟုတ်ဘူး။
မူးလဲတဲ့ကိစ္စက အခုလောက်ဆိုရင်ကျောင်းမှာ ပြန့်နေလောက်ပြီ။
ဟိန်းဇေယျာထက်ကတော့ စာတွေအကျက်လွန်ပြီး မူးလဲတယ်ဆိုကာ လှောင်စရာစကားလုံးအသစ်ရှာနေလောက်ပြီထင်တယ်။

"ဟော...ဟိုမှာမောင်နေမျိုးနဲ့ ဆရာ၀န်မ‌လေးလာနေပြီ...."

ဦးနေမျိုးဆိုသည့်အသံကိုကြားတော့ ခေါင်းကိုအခြားဘက်သို့ဆောင်းလိုက်မိသည်။သူနဲ့မျက်နှာချင်းမဆိုင်ရဲတာ ဘာကြောင့်များလဲ။နဂိုကမှတုန်ယင်နေသည့် စိတ်ကယခုတော့ပို၍တုန်ယင်လာသည်။ပုံရိပ်သူနဲ့တွေ့ရမှာကို ကြောက်နေတာများလား။‌ ဒေါက်တာက ပုံရိပ်ကိုသွေးပေါင်ချိန်စစ်ပေးသလို နှလုံးနှင့်အ‌ဆုတ်ကိုလည်းစစ်ဆေးပေးလေသည်။အဖျားကလည်းမကျသေးတာကြောင့် ဆေးရုံမှာအားဆေးလွှတ်ရင်း တစ်ညနေဖို့အဒေါ့်ကိုပြောသည်။အဒေါ်ကတော့ ခေါင်းတညိမ့်ညိမ့်နှင့်မျက်လုံးလေးပုတ်ခက်ပုတ်ခက်လုပ်လျှက် နားထောင်နေသည်။

ဦးနေမျိုးကတော့ အနားမှာငုတ်တုတ်ထိုင်လျှက်ဖြင့် အဒေါ်နှင့်ဒေါက်တာပြောနေသည့်စကားများကိုသာ နားထောင်နေသည်။
ပြီးနောက် ဒေါက်တာ၏ဆေးအိတ်ကိုဆွဲပေးကာ
ပြန်ထွက်သွားသည်။ပုံရိပ်လည်း အဖျားရှိန်ကြောင့်
မှေးရင်းနှင့် အိပ်ပျော်သွားလေတော့သည်။
ပုံရိပ်ပြန်နိုးလာတဲ့အခါမှ ခြေရင်းဘက်အခြမ်းသို့ကြည့်လိုက်မိတော့ ပြူတင်းပေါက်မှလှမ်းမြင်နေသော ကောင်းကင်အရောင်ဟာ နီညိုရောင်ယစ်သိုင်းနေသည်။
တိမ်သားထုတွေဟာ ခရမ်းရင့်ရောင်အသွင်သို့လည်း ပြောင်းချင်နေပြန်သည်။နေ၀င်သွားခဲ့၍ ညနေခင်းကိုတောင်ရောက်ခဲ့ပြီ။

အင်အားအနည်းငယ်ပြည့်လာပြီဟု ခံစားမိတာကြောင့် ထိုင်ဖို့လုပ်မိတဲ့အချိန်မှာ တစ်ယောက်ယောက်က ကူပေးဖို့ကြိုးစားလာသည်။ထိုလူကိုကြည့်လိုက်မိတော့ ပုံရိပ်၏မျက်လုံးတွေပြူးကျယ်သွားရသည်။
ဦးနေမျိုးကဘေးမှာငုတ်တုတ်ကြီး ထိုင်နေတာကို
ပုံရိပ်သတိမထားမိခဲ့ဘူး။အဒေါ်ကဘယ်ကိုသွားနေလို့လဲ။ကိုယ့်အတွေးနှင့်ကိုယ် နစ်မူးနေစဉ်မှာဦးနေမျိုးက ပစ္စည်းတင်တဲ့ခုံပေါ်မှ ရေထည့်ထားသည့်ကော်ခွက်နှင့်သဘတ်တစ်ထည်ကိုယူလိုက်သည်။

"ရေသွားသွန်လိုက်အုံးမယ်..."

ကော်ခွက်အားသူမေးဆတ်ပြ၍ထွက်သွားတော့မှ ကိုယ့်နဖူးကိုယ်ပြန်စမ်းကြည့်လိုက်မိသည်။
ရေခဲရေဖြင့် နဖူးကိုကပ်ပေးထားတာကြောင့် အေးစက်စက်ဖြစ်နေသည်ကို ခံစားလိုက်မိသည်။နဖူးပြင်မှာလည်း ရေစက်တို့ခိုတွဲနေသည်။
သူကပုံရိပ်ကို ကိုယ်အပူကျအောင် ရေခဲရေနဲ့ကပ်ပေးနေခဲ့တာပဲ။
အဒေါ်ကပုံရိပ်အိပ်နေသည့်အချိန်ကထွက်သွားခဲ့တာဆိုရင် အဒေါ်ပြောခဲ့တာနှင့်ဆက်စပ်မိပါက
သူကပုံရိပ်ဆေးရုံကိုစရောက်တည်းက စောင့်ပေးနေခဲ့တာ‌ပေါ့။ သူ့မှာအခြားလုပ်စရာတွေမရှိဘူးလား။
ဒါမှမဟုတ် အခြားလုပ်စရာတွေကိုခဏပစ်ထားပြီး ပုံရိပ်တို့ကိုကူညီပေးနေတာများလား။
အဒေါ်တစ်ယောက်ပဲ ဆေးရုံစောင့်ပေးဖို့ရှိတဲ့ပုံရိပ်ကို သူသနားသွားတာနေမယ်။
သူကတကယ့်ကို စိတ်နှလုံးကောင်းတဲ့လူတစ်ယောက်ပဲ။

🔥🔥🔥🔥🔥

ရည်မှန်းချက်ပျောက်နေတဲ့ပုံရိပ် ဦးနေမျိုးနဲ့ပြန်တွေ့ပြန်ပြီ ဒီ၀တ္ထုလေးကရို့မန့်ပါပေမဲ့ ခုတွေ့ခုကြိုက်ပုဲမျိုးမဖန်တီးထားပဲတစ်ဦးပေါ်တစ်ဦးပံ့ပိုးမှုတွေကြားကနေသွားမှာပါ...အဓိကအမျိုးသားဇာတ်ကောင်ကတော့ စုံသွားပါပြီ..
နေမျိုး၊ဟိန်းဇေယျာထက်နဲ့ဟိန်းကို🥰ဘယ်လိုအလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာတော့ ဆက်လက်စောင့်မျှော်ပေးကြပါအုံး update ကိုတတ်နိုင်သမျှ မြန်ပေးပါတော့မယ်ရှင့်

==========================================

🔥 ဆူးႀကိဳး🔥အခန္း(၉)

စိတ္အားထက္သန္မႈေတြဟာ အရိွန္ျပင္းျပင္း‌
ေမာင္းႏွင္လိုက္သၫ့္ အင္ဂ်င္စက္တစ္လံုးလို
အားမာန္အျပၫ့္ လည္ပတ္ေနေပမဲ့
ရည္မွန္းခ်က္ေပ်ာက္ေနလူအတြက္ ပန္းတိုင္ဆိုတာစိတ္ကူးထဲမွာ လ်ွပ္တျပက္လင္းလက္သြားတဲ့ လ်ွပ္စီးေၾကာင္းတစ္ခုမ်ွသာျဖစ္တယ္။

🔥🔥🔥🔥🔥🔥🔥🔥🔥🔥

"ပံုပံုေရ ေလးနာရီထိုးေနၿပီထေတာ့ေလ

အေဒါ့္ ႏိႈးသံေၾကာင့္ ပံုရိပ္၏အာရံုေၾကာေတြက စတင္လႈပ္ရွားလာသည္။အသံကိုၾကားေနေပမဲ့ ႏိုးထဖို႔ရာခႏၶာကိုယ္က အားအင္မဲ့ေနသေယာင္ ျဖစ္ေနသည္။နားထင္ေၾကာေတြက တဆစ္ဆစ္ႏွင့္ကိုက္ခဲေနၿပီး မ်က္သားေတြကလည္း ပူရိွန္းေနသည္။မ်က္လံုးေတြကို ခ်က္ခ်င္းဖြင့္ဖို႔ရာ မနည္းအားတင္းေနရသည္။
အခန္းတစ္ခုလံုးဟာ တိတ္ဆိတ္မႈအတိျဖစ္ေနသၫ့္နည္းတူ  ျပင္ပပတ္၀န္းက်င္ကလည္း တိတ္ဆိတ္မႈအတိျဖစ္ေန၍ ယခင္ကထက္ပိုမိုျမန္ဆန္ေနသၫ့္ ကိုယ့္ႏွလံုးခုန္သံကို‌ေတာင္ အတိုင္းသားျပန္ၾကားေနမိသည္။
တခါးဝဆီသို႔ၾကၫ့္လိုက္ေတာ့ ေအာက္ေျခရိွလြတ္ေနေသာေနရာေလးမွ ေဒၚေလး၏ေျခေထာက္အရိပ္ကိုျမင္ေနရေလသည္။အင္မတန္အခ်ိန္တိက်သူျဖစ္၍ေလးနာရီထိုးလာပါကႏိႈးပါဟု ပံုရိပ္ေျပာသၫ့္အတိုင္း လာႏိႈးရွာတယ္။

"...ပံုရိပ္ႏိုးၿပီလား.."

"...ႏိုးၿပီေဒၚေလး..သမီးအခုပဲစာလုပ္ေတာ့မွာ."

"..ေအးေအးဒါဆိုေဒၚေလးလည္းပဲျပဳတ္အိုးတည္လိုက္ဦးမယ္..အစားေျပစားခ်င္ရင္ေဒၚေလးမသြားတုန္း..ထြက္လာစားလွၫ့္ေနာ္.."

"ဟုတ္ကဲ့ေဒၚေလး..."

ပံုရိပ္အဖို႔စကားသံုးေလးခြန္းေလာက္ေျပာရတာကိုပင္အရမ္းအားယူေနရသည္။
လည္ေခ်ာင္းေတြသည္ေျခာက္ကပ္လာကာ အနည္းငယ္နာက်င္စျပဳလာသည္။
မ်က္ႏွာတစ္ခုလံုးကလည္းမီးျပင္းျပင္းနဲ႔ထိုးႃမွိုက္ခံရသလို ပူစပ္ပူေလာင္ျဖစ္လာသည္ဟုဘာေၾကာင့္ခံစားေနရတာပါလိမ့္။ခႏၶာကိုယ္တစ္ခုလံုးကလည္းလႈပ္ဖို႔မေျပာနဲ႔ေနရာကေနေတာင္မထခ်င္ဘူးျဖစ္ေနသည္။

သို႔ေပမယ့္ဒီေန့က လပတ္စာေမးပဲြေနာက္ဆံုးေန့ျဖစ္ေနတာေၾကာင့္ ျမဴတမႈန္စာေလာက္သာခြန္အားရိွေန‌ေစကာမူႀကိဳးစားမျွဖစ္မည္ဆိုေသာစိတ္ကေရ႔ွေဆာင္ေနသည္။ျခင္ေထာင္ကိုေခါက္သိမ္းတာမ်ိဳးမလုပ္ဘဲ ေအာက္အနားစေလးမွာအသာလံုး၍အမိုးေပၚသို႔လွမ္းတင္လိုက္သည္။
အိပ္ခန္းေလးကက်ဉ္းေျမာင္းတာေၾကာင့္ျခင္ေထာင္အျပင္ဘက္သို႔ထြက္လိုက္တယ္ဆိုရင္စာၾကၫ့္ခံုေဘးသို႔တကူးတကေျခအေညာင္းခံစရာမလိုဘဲေရာက္သြားရသည္။စာၾကၫ့္ခံုဆိုေပမယ့္သူမ်ားေတြလိုေျခတံရွည္သစ္သားခံုေလးမဟုတ္ပဲ
ပံုရိပ္၏အဝတ္အစားအနည္းအက်ဥ္းထၫ့္ထားေသာသံေသတၲာေလးျဖစ္သည္။၇ေသာင္းသာေပးရေသာလံုးခ်င္းအိမ္ေလးျဖစ္တာေၾကာင့္လူတစ္ေယာက္စာအခန္းေလးလုပ္ေပးထားတာကပင္လြန္လွပါၿပီ။

ေသတၲာေလး၏ေဘးဘက္တြင္ေတာ့ပီနန္ႀကိဳးျဖင့္ သြယ္တန္းထားေသာႀကိဳးတန္းေလးရိွသည္။ႀကိဳးတန္းေလးေပၚတြင္ေတာ့ေရလဲထဘီသံုးထည္ေလာက္ကိုလႊားတင္ထားလိုက္သည္။
ဘာပကာသနမ်ွမရိွေသာအခန္းက်ဥ္းေလးအား
ပံုရိပ္၏ဦးေခါင္းတၫ့္တၫ့္တြင္တပ္ဆင္ထားေသာမီးသီးေလးကအလင္းေပးေနရွာသည္။
ဒီရပ္ကြက္ႀကီးထဲတြင္ကိုယ္ေတြထက္ဆိုးဝါးသၫ့္အခန္းငယ္ေပါင္းမ်ားစြာတည္ရိွေနသည္ကိုသိေသာပံုရိပ္အတြက္ ဒီအိပ္ခန္းက်ဉ္းက်ဉ္းေလးဟာ
အက်ည္းတန္သည္ဟုမေတြးဝံ့ေတာ့ေပ။

"...ပံုရိပ္ေရျခင္ေဆးေခြထြန္းဦးမလား...
မထြန္းေတာ့ဘူးေဒၚေလး.."

စာၾကၫ့္စားပဲြတြင္ဘိုင္အိုစာေတြကိုေနြးေနရင္းမွ
အေဒါ့္အေမးကိုစကားေၾကာင္းျပန္ရေသးသည္။
စကားကိုက်ယ္က်ယ္ေအာ္ေျပာေလ လည္ေခ်ာင္းကပိုမိုအက္ကဲြေလျဖစ္ကာ ပိုနာက်င္လာတာေၾကာင့္ကိုယ့္ကိုယ္ကိုယ္အားမလိုအားမရျဖစ္လာသည္။
သက္ျပင္းတစ္ခ်က္ရိႈက္လိုက္ၿပီး ႏွာသီးဝမွမႈတ္ထုတ္လိုက္မိေသာေလေတြဟာေလပူေတျြဖစ္ေနသည္။ပံုရိပ္ဖ်ားခ်င္ေနတာမ်ားလား။ကိုယ့္နဖူးကိုယ္ျပန္စမ္းၾကၫ့္လိုက္မိေတာ့ကိုယ္အပူရိွန္ကအရမ္းမ်ားေနတာမ်ိဳးမဟုတ္ပဲ ခပ္ေနြးေနြးျဖစ္ေနသည္။ပါးျပင္ႏွင့္နဖူးတို႔ဟာခၽြေးအလ်ွင္းထြက္ျခင္းမရိွပဲ ေျခာက္ေသြ့ေနသည္။
ေသခ်ာပါတယ္ပံုရိပ္ဖ်ားေတာ့မွာပါ။

မေန့ကညဘက္ႀကီးေရကိုအၾကာႀကီးခ်ိဳးလိုက္မိသၫ့္ဒဏ္ကဒီေန့မနက္မွာျပန္ခံစားေနရပါၿပီ။ခႏၶာကိုယ္မွာဘယ္လိုပဲနာက်င္ကိုက္ခဲေနပါေစ
စာလုပ္ျခင္းကိုေတာ့ရပ္မပစ္လိုက္မိဘူး။
ဘိုင္အိုကက်က္စာမ်ားၿပီး ပံုဆဲြရသၫ့္အပိုင္းလည္းမ်ားတာေၾကာင့္ဒီလပတ္အတြက္ပါတဲ့အခန္းေတြမွ ပံုေတြကိုေသခ်ာေလးျပန္ေလ့က်င့္ေနမိသည္။

"ပံုရိပ္ေရပန္းကန္စင္ေပၚမွာပဲျပဳတ္ေလးကိုၾကက္သြန္နဲ႔သုတ္ထားခဲ့တယ္ေနာ္..ထမင္းၾကမ္းေလးနဲ႔ေရာစားလိုက္ၾကားလား.."

"..ဟုတ္ကဲ့ေဒၚေလး.."

"ေအးေအး...ဘုရားစင္ေပၚမွာမုန႔္ဖိုးေတြလည္းတင္ထားခဲ့တယ္ေနာ္..."

"ဟုတ္ကဲ့..."

ဒီတစ္ခါေတာ့အခန္းတံခါးကိုဖြင့္၍အခန္းအျပင္သို႔ထြက္ကာေျပာလိုက္သည္။ဖိနပ္ခၽြတ္တြင္ထိုင္ကာသူ႔ေယာက္်ားရဲ့ပုဆိုးအေဟာင္းစေလးကိုေခြ၍ေခါင္းေပၚတြင္တင္လိုက္သည္။

"...ေဒၚေလးသမီးမေပးမယ္…"ဟုပါးစပ္ကလည္းေျပာရင္းအေဒၚ့ဆီသို႔ေျပးသြားၿပီးလ်ွင္ပဲျပဳတ္ေတာင္းအေလးႀကီးကို ေဒၚေလး ၏ေခါင္း
ေပၚရိွ ေခါင္းမွဴးေပၚသို႔ပင့္တင္ေပးလိုက္သည္။
ပဲျပဳတ္ေတာင္းကိုရြက္လ်က္ျဖင့္အားတင္းကာ
ထလိုက္ေသာ ေဒၚေလးတစ္‌ေယာက္...ၿခံဝမွေန၍
ၿခံျပင္သို႔တစ္လွမ္းခ်င္းတေရြ့ေရြ့သြားလာေနတာေလးကိုမလႈပ္မယွက္ျဖင့္သတိလက္လြတ္ေငးၾကၫ့္ေနမိသည္။

"ပဲျပဳတ္...."

ညာသံေပး၍ပဲျပဳတ္လည္ေရာင္းေနသၫ့္အေဒၚရဲ့အသံေလးကိုၾကားႏိုင္သမ်ွနားစြင့္ရင္းနဲ႔ဖိနပ္ခၽြတ္မွာေျခခ်ထိုင္လိုက္မိသည္။အေဒၚဟာတာဝန္ေက်တာထက္ကိုပိုေနပါၿပီ။
ပဲျပဳတ္ေတာင္းကို ေခါင္းေပၚမွာရြက္လ်က္ႏွင့္
အားတင္းၿပီးထလိုက္တဲ့အေဒါ့္ရဲ့မ်က္ႏွာေလးကိုျမင္ရတာ ရွင္နာစရာေကာင္းလိုက္တာ။ပံုရိပ္ကူညီေပးႏိုင္တာဆိုလို႔ပဲျပဳတ္ေနသၫ့္အခ်ိန္ ေဘးနားမွာကူေဖာ္ေလာင္ဖက္အျဖစ္ရိွေနတာမ်ိဳးႏွင့္
ပဲျပဳတ္ေတာင္းကိုပင့္ေပးရသၫ့္ေနရာပဲရိွတယ္။
အရင္ကဆိုရင္စမူဆာတို႔အီၾကာေကြးတို႔ကို
ယူေရာင္းရေပမယ့္ထင္ထားသေလာက္ မျမတ္တာေၾကာင့္သူႏွင့္ေစ်းေရာင္းရင္းခင္ၾကသၫ့္ ပဲျပဳတ္သည္ထံမွ ပဲျပဳတ္နည္းကိုယူကာ ယခုေတာ့ပဲျပဳတ္သည္ျဖစ္လာခဲ့ေလၿပီ။

ပိုၿပီးေတာ့လုပ္ရတာလက္ဝင္ေပမယ့္ျပဳတ္ရင္
ျပဳတ္ႏိုင္သေလာက္အျမတ္အစြန္းပိုထြက္သည္ဟုအေဒၚတစ္ခါကေျပာျပဖူးတယ္။လက္ဖက္ရည္ဆိုင္ေတြကဆိုရင္ပဲပလာတာလုပ္ဖို႔အတြက္ဆိုကာ
ေန့တိုင္းမျပတ္အားေပးၾကသည္ဟုအေဒၚက
အာေပါင္အာရင္းသန္သန္ႏွင့္ဝမ္းေျမာက္ဝမ္းသာ
စျမဳပ္ျပန္တတ္သည္။
တစ္ခါတေလေရာင္းအားေကာင္းတဲ့ေန့ေတြဆိုရင္
အေဒၚ့မ်က္ႏွာေလးကရႊင္ျပေနတတ္သည္။
ပဲျပဳတ္ေတြပိုလာသၫ့္အခါမ်ိဳးေတြဆိုရင္ေတာ့အေဒၚမ်က္ႏွာေလးက ေနေလာင္ထားသၫ့္ပန္းကေလးလိုၫွိုးက်သြားတတ္သည္။
အေဒၚ့ကိုကူညီေပးခ်င္တာေၾကာင့္စေနတနဂၤေနြေတြမွာငရုတ္သီးႁခြေသြားခ်င္သည္ဟုခြင့္ေတာင္းေပမယ့္အေဒၚကခြင့္မျပဳေတာ့အင္မတန္ခက္သည္။

အေၾကာင္းကေတာ့ငရုတ္သီးႁခြေတဲ့စက္ရံုမွာကေယာက္်ား၊မိန္းမလူေပါင္းစံုျဖစ္ေနတာေၾကာင့္စက္ရံုထဲကေကာင္ေလးေတြနဲ႔ပံုရိပ္ကိုစိတ္မခ်ဘူးဟုဆိုလာသည္။ထိုအခါမ်ိဳးဆိုရင္ပံုရိပ္အရမ္းရယ္ခ်င္မိတယ္။သမီးရည္းစားကိစၥေတြကိုေတြးဖို႔ရာ
ပံုရိပ္ရဲ့အေတြးထဲမွာေတာင္မရိွပါဘူးဟုေျပာလိုက္ခ်င္သည္။အ‌ေဒါ့္ဘက္ကေတြးျပန္ေတာ့လည္းလူႀကီးအေတြးနဲ႔မို႔မွန္ႏိုင္ပါသည္။

တနဂၤေနြကိုေရာက္ၿပီဆိုတာနဲ႔မဂၤလာေဆာင္မ႑ပ္ေတြဟာစည္လို႔ပင္။မစပ္စုစိန္အေဒၚကေတာ့မဂၤလာေဆာင္ကေနတစ္ခါျပန္လာတိုင္း
"....သတို႔သားႏွင့္သတို႔သမီးကႏွစ္ေယာက္ေပါင္းမွအသက္အစိပ္ေတာင္ျပည့္ရဲ့လားမသိဘူး...
...အခုေခတ္ကေလးေတြမ်ားမလြယ္ၾကပါလားေနာ္...အားေန..လိုက္သြားၾကေတာ့တာပဲ...
တို႔မ်ားတုန္းက...သံုးႏွစ္သံုးမိုးက...သူတို႔ေခတ္မွာသံုးရက္သံုးညျဖစ္သြားၿပီထင္ပါရဲ့...
ပံုရိပ္ညည္းလည္းၾကည့္ေနေနာ္...ဘာဘာညာညာၾကားလို႔ကေတာ့..တင္ပဆံုရိုးကိုဖေနာင့္နဲ႔ပိတ္ကန္ပစ္မယ္...."

သူ႔ဘာသာမဂၤလာေဆာင္သြားၿပီး အကုသိုလ္ယူလာကာ ဘာမွမဆိုင္သၫ့္ပံုရိပ္ကိုထိုသို႔ႀကိမ္းတတ္ေလသည္။
"....ေဒၚေလးကလည္း..သမီးနဲ႔ဘာဆိုင္လို႔..လာဆူေနရတာလဲ..."ဟုဆင္ေျချပန္တက္မိရင္

"...အမေလးဘာလို႔မဆိုင္ရမလဲ။း..ညည္းကလည္းဘာေမ်ာက္မို႔လို႔လဲ...အခ်ိန္တန္အမွီးေပါက္မွာပဲအခ်ိန္မတန္ပဲအမွီးေပါက္ရင္ေတာ့..ေပါက္တဲ့အမွီးကို..ငါဓားနဲ႔လိုက္ခုတ္မယ္..."ဟုၿခိမ္းေျခာက္တတ္ျပန္သည္။

ထိုအခါမ်ိဳးမွာအေဒၚ့ကိုပံုရိပ္ျပန္ခံေျပာေလ့မရိွဘူး။အေဒၚဟာသူ႔ရဲ့အိမ္ေထာင္ေရးအေပၚမွာနာက်ည္းခ်က္ေတြရိွေနခဲ့တာေၾကာင့္ဆံုးမသည္ဟုပဲသတ္မွတ္လိုက္သည္။
တခါတေလမွာ"အလိုက္သိလြန္းတဲ့ကေလး.."ဟုခ်ီးက်ူးတတ္သည္။
ပံုရိပ္ဟာအေဒါ့္ရဲ့စိတ္ကိုနားလည္သည္ဟုလည္းေျပာျပတတ္သည္။
စိတ္ဖိစီးမႈေတြေၾကာင့္ေရာ ေနထိုင္လာခဲ့သၫ့္ပတ္ဝန္းက်င္ေၾကာင့္ပါ အေဒၚဟာအေျပာအဆိုမတတ္ေပမယ့္ တခါတေလမွာသူ႔ေလာက္ႏူးညံ့တာသူပဲရိွသည္ဟုမွတ္ခ်က္ခ်မိသည္။

"...ဒီမွာသမီးမိန္းမတစ္ေယာက္ဟာကိုယ့္ရဲ့တန္ဖိုးကိုကိုယ္တိုင္ပဲသတ္မွတ္ရမွာ မိန္းမတစ္ေယာက္ျဖစ္လို႔အၿမဲတမ္းႏူးညံ့သိမ္ေမြ့ေနရမယ္..
အၿမဲၾကင္နာျပေနရမယ္...အၿမဲကိုယ့္ကိုယ္ကိုယ္ႏိွမ့္ခ်ထားရမယ္လို႔ဆိုလိုတာမဟုတ္ဘူး...
လူတစ္ေယာက္ျဖစ္တဲ့အတြက္အမွန္တရားကိုျမတ္ႏိုးရမယ္...စာနာသနားတက္တဲ့စိတ္ထားေတာ့ရိွရမွာေပါ့ေလ...ဒါေပမယ့္ကိုယ့္ဘက္ကအလြန္
အက်ူးၾကင္နာျပမိရင္လည္း..ဒါကိုအားနည္းခ်က္တစ္ခုလို႔အခ်ိဳ႕ကသတ္မွတ္ၿပီးအလဲြသံုးစားလုပ္ဖို႔ဝန္မေလးတတ္ၾကဘူး..
..ကိုယ္ဟာဆင္းရဲလို႔ပါ.ကံအေကာင္းအေၾကာင္း
မလွတဲ့သူတစ္ေယာက္ျဖစ္လို႔ပါဆိုၿပီး..မလိုအပ္တဲ့အားငယ္စိတ္နဲ႔သူမ်ားကိုအၿမဲဦးၫြတ္ေနစရာလည္းမလိုဘူး...မိန္းမျဖစ္ျဖစ္ေယာက္်ားျဖစ္ျဖစ္
လူတစ္ေယာက္ဆီတိုင္းမွာတန္ဖိုးကိုယ္စီရိွၾကၿပီးသားပဲ...
ကိုယ့္တန္ဖိုးကို..ကိုယ္တိုင္မျမင္ပဲခ်မနင္းမိဖို႔လိုတယ္...စိတ္ထားကိုလည္းအၿမဲခ်ိန္ၫွိတတ္ရမယ္
..မလိုအပ္ပဲ မာန္မာနမေထာင္လႊားမိဖို႔လည္းလိုအပ္တယ္...အေရျပားတစ္ေထာက္စာအလွမာန၊ပညာမာန၊ဓနမာန စသျဖင့္ေပါ့ေလ...ဘယ္သူ႔ကိုမွအလကားသက္သက္ရိုက်ိဳးေနစရာမလိုေပမယ့္မာနဆိုတာကိုလည္းမလိုအပ္ပဲ မသံုးမိေစနဲ႔...
မဟုတ္ရင္မာန္မာနေထာင္လႊားမိလို႔အမုန္းပြားရတတ္တယ္...
အေဒၚေျပာခ်င္တာက ကိုယ္ဟာဆင္းရဲတဲ့မိသားစုမွာႀကီးျပင္းခဲ့ရလို႔အၿမဲစိတ္ဓာတ္က်ၿပီးနိမ့္က်လွခ်ည္ရဲ့လို႔...ေတြးစရာအေၾကာင္းမရိွဘူး...
ေျခေကာင္း၊လက္‌ေကာင္းမရိွရင္ေတာင္ကမ႓ာေပၚမွာရွင္သန္ရပ္တည္ႏိုင္မယ့္နည္းလမ္းေတြမွအမ်ားႀကီးပဲ...
သမီးႀကိဳးစားပါ...အရာအားလံုးျပၫ့္စံုေနရမယ္လို႔ကတိမေပးႏိုင္ေပမယ့္...သမီးရဲ့အေနာက္မွာအေဒၚရိွေနတယ္ဆိုတာကိုေတာ့သတိရေပးပါ..
အေဒၚကိုယ္တိုင္ကကိုယ့္ရဲ့တန္ဖိုးကိုႏိွမ့္ခ်ခဲ့မိလို႔တန္ဖိုးမထားတတ္တဲ့လူနဲ႔ဆံုေတြ့ခဲ့ရတယ္...
အေဒါ့္ရဲ့သားသမီးနဲ႔တူမေလးကိုေတာ့တန္ဖိုးျမင့္တဲ့လူေတြမဟုတ္ရင္ေတာင္...တန္ဖိုးရိွတဲ့လူေတြအျဖစ္အေဒၚေထာက္ပံ့ေပးခ်င္တယ္..."

အေဒၚ့ရဲ့ဆံုးမစကားေတြကိုျပန္ၾကားေယာင္မိတဲ့အခါအတိုင္း အလိုလိုစိတ္ဓာတ္တက္ႂကြလာသည္။ကိုယ့္ကိုယ္ကိုယ္ ကံဆိုးသၫ့္လူတစ္ေယာက္ဟုထင္ခဲ့မိေပမယ့္ အေဒၚနဲ႔ဆံုေတြ့ခြင့္ရတာဟာလည္းကံေကာင္းမႈတစ္ခုပါပဲေလ။
မိဘေတြနဲ႔အတူေနစဉ္အခါက ဘဝရဲ့အႏွစ္သာရဆိုတာ ေရတြင္း၀မွာျဖစ္လ်ွံေနသၫ့္ေရကိုအလြယ္ေသာက္လို႔ရတယ္ဆိုရံုမ်ွသာ ေပါ့ေပါ့ေတြးခဲ့မိတာမ်ိဳးေပါ့။
အခုဆိုရင္ေရတြင္းရဲ့အနက္ပိုင္းအထိ ေရျပန္က်သြားတဲ့အခါ ဘယ္လိုခြန္အားမ်ိဳးနဲ႔ေရကိုခပ္ထုတ္ရမလဲဆိုသၫ့္အေတြးမ်ိဳးႏွင့္ ကြန္႔ျမဴးရွင္သန္စျပဳလာမိၿပီ။
ေရတြင္းထဲမွေရၾကည္ကို မိမိတို႔အလြယ္တကူ
ခပ္ထုပ္ႏိုင္ဖို႔အတြက္ အားႀကိဳးမာန္တက္ေရတြင္းတူးခဲ့သူေတြရဲ့ႀကိဳးပမ္းမႈနဲ႔အနစ္နာခံမႈေတြကိုလည္း စာနာလာမိသည္။
လူတိုင္းဟာခက္ခဲမႈအမ်ိဳးမ်ိဳးၾကားမွရွင္သန္ရုန္းကန္ဖို႔ႀကိဳးစားေနခ်ိန္မွာ ပံုရိပ္ကလည္းကံၾကမၼာကိုပံုခ်ၿပီးရပ္တန႔္ေနလို႔မရဘူး။
ပံုရိပ္ႀကိဳးစားရမယ္။

ေနမေကာင္းျဖစ္ခ်င္ေနသၫ့္လကၡဏာေတြကို
စိတ္ခြန္အားေတြနဲ႔ဖိႏိွပ္လိုက္ၿပီး ကိုယ့္ရဲ့အခန္းငယ္ထဲသို႔ျပန္သြားကာစာကိုသဲႀကီးမဲႀကီးလုပ္ေနလိုက္သည္။
၆နာရီထိုးေလာက္သည္အထိစာေတြကိုျပန္ေနႊးလိုက္ၿပီးေနာက္ ေရခ်ိဳးအဝတ္အစားလဲလိုက္ၿပီး ေဒၚေလးျပင္ေပးထားသၫ့္ ပဲျပဳတ္ဆီစမ္းႏွင့္ထမင္းကိုလူးစားလိုက္သည္။
ထံုးစံအတိုင္းမိစုကိုလည္းျပင္ဆင္ေပးၿပီး
ထြန္းကိုအားႏိႈးခဲ့ကာ ညီအစ္မႏွစ္ေယာက္အိမ္မွထြက္လာလိုက္သည္။
ပံုမွန္ေက်ာင္းအခ်ိန္ထက္နည္းနည္းေနာက္က်မွသြားလို႔ရေပမယ့္ မိစုရဲ့ေက်ာင္းခ်ိန္ေၾကာင့္ေစာေစာပဲထြက္လာျဖစ္လိုက္သည္။

ေက်ာင္းကိုေရာက္ေတာ့ ကိုယ္လိုပဲအိမ္မွေစာထြက္လာသၫ့္ေက်ာင္းသားအနည္းငယ္ေတာ့ရိွသည္။စာေမးပဲြအခန္းထဲသို႔မဝင္ရေသးတာေၾကာင့္
မိမိႏွင့္သက္ဆိုင္ရာအခန္းအေရ႔ွမ်ားတြင္ထိုင္၍
စာေနြးေနၾကေလသည္။
ပံုရိပ္ကေတာ့အသံေတြဆူေနရင္ မႀကိဳက္တာကတစ္ေၾကာင္း ခႏၶာကိုယ္တစ္ခုလံုးကိုက္ခဲနာက်င္ေနတာကတစ္ေၾကာင္းျဖစ္၍ေက်ာင္းကြင္းျပင္၏
ဟိုဘက္အျခမ္းရိွ ေရကန္ႀကီးဆီသို႔သာဦးတည္၍သြားေနမိသည္။
ထံုးစံအတိုင္းကိုယ္ထိုင္ေနၾက ကုကၠိုပင္အိုႀကီး၏
ေျမျပင္ေပၚသို႔ထိုးထြက္ေနသၫ့္သစ္ျမစ္ႀကီးေပၚတြင္ထိုင္ကာ စိတ္ထဲမွာမေသခ်ာျဖစ္ေနေသးသၫ့္စာေတြကိုျပန္ေနြးေနမိသည္။

"..ဟာဆူညံေနတာပဲကြာ...ေအးေဆးနားခ်င္လို႔
ဒီေနရာကိုလာထိုင္တာပါဆို...စာက်က္ခ်င္ရင္လည္း...အျခားေနရာကိုသြားက်က္ပါဗ်ိဳ႕..."

လူရွင္းသၫ့္ေနရာျဖစ္၍စာက်က္တာကိုအသံထြက္ၿပီးက်က္ေနမိစဉ္အျခားဘက္မွညီးျငဴသံတစ္ခုထြက္လာသည္။အနီးနား ဝန္းက်င္ကိုမ်က္လံုး
ေဝ့ၿပီးၾကၫ့္လိုက္ေပမယ့္ အရိပ္ေတာင္မျမင္ရဘူး။အသံကကိုယ္နဲ႔အရမ္းနီးတဲ့ေနရာကျဖစ္တဲ့အျပင္
ပံုရိပ္ၾကားဖူးေနေသာအသံျဖစ္သည္။
စာအုပ္ကို ေဘးလြယ္အိတ္ထဲသို႔ထၫ့္လိုက္ၿပီးလံုးပတ္ႀကီးလြန္းေသာ ကုကၠိုလ္ပင္ႀကီးအားလက္ယာရစ္၍သြားမိရာ သူမ်ားစာက်က္ေနတာကို"ဆူညံ"ပါသည္ဟု ေဝဖန္လာသၫ့္
မာန္နတ္လိုေကာင္ႏွင့္ေတြ့ရေလသည္။
ပင္စည္ကိုမွီၿပီးပ်င္းရိပ်င္းတဲြႏွင့္မ်က္လံုးေတြကို ေမွးစဉ္းထားသၫ့္သူကအျခားသူမဟုတ္ပဲ
ေက်ာင္းတြင္မေကာင္းသတင္းႏွင့္နာမည္ေက်ာ္ၾကားလွသၫ့္ဟိန္းကိုျဖစ္ေနသည္။

 အက်ႌအျဖဴဝတ္ထားတာကိုမွအားမနာ
ကိုယ္တစ္ဝက္က ပင္စည္ကိုမွီထားၿပီး
ကိုယ္တစ္၀က္ကေျမၾကီးေပၚတြင္ ေလ်ွာဆင္းလ်က္ေျခပစ္လက္ပစ္ လွဲအိပ္ေနသည္။
မသိရင္လမ္းေပၚမွာ ပုဆိုးမႏိုင္ဘာမႏိုင္ႏွင့္
ညစ္ေပစုတ္ျပတ္ေနသၫ့္အရက္မူးသမားႀကီးနဲ႔ေတာင္တူေနေသးသည္။
ေတာ္ေသးတာေပါ့။ေက်ာင္းစိမ္းႏွင့္အနည္းငယ္သန႔္ျပန႔္ေသာရုပ္ရည္ေၾကာင့္သာ ထိုအမူးသမားႀကီးႏွင့္သားအဖလို႔အထင္မခံရတာ။
ဆံပင္ကေတာ့ပံုရိပ္နဲ႔ေနာက္ဆံုးေတြ့ခဲ့တုန္းကလိုကတံုးဆံပင္မဟုတ္ေတာ့ေပ။

အနည္းငယ္ရွည္ေပမယ့္ခန႔္ရွင္းရွင္းၫွပ္ထားသည္။အိပ္ေနရင္းနဲ႔ပါးစပ္အစြံနားမွာ က်လာသၫ့္သြားရည္ကိုေယာင္ယမ္းၿပီးသုတ္လိုက္ေသးသည္။
ပံုရိပ္လည္းဘာေၾကာင့္မ်ားဒီေကာင္ကိုအကုသိုလ္အျဖစ္ခံၿပီးေဝဖန္ေနမိသလဲမသိပါဘူး။
အစကေတာ့ကိုယ့္ဘာသာစာက်က္ေနတာကို
တမင္ရန္လာစတာေၾကာင့္ ျပန္ေျပာမလို႔ေတြးမိခဲ့တာပါ။အခုသူကအိပ္ေနတာသြားရည္ေတြေတာင္က်ေနတာေၾကာင့္ တမင္ႏိႈးၿပီးရန္ျဖစ္ခ်င္စိတ္လည္းမရိွေတာ့ေပ။

ကိုယ္တိုင္ေတာင္ေနမေကာင္းခ်င္ျဖစ္ေန၍
မနည္းစိတ္ကိုတင္းထားေနရသည္။နာရီကိုၾကၫ့္လိုက္မိေတာ့ စာေမးပဲြအခ်ိန္နီးကပ္ေနတာေၾကာင့္သူ႔ကိုလ်စ္လ်ူရႈခဲ့ကာ ကိုယ္ေျဖရမၫ့္အေဆာင္သို႔သြားလိုက္သည္။
စာေမးပဲြေျဖရန္အခ်က္ေပးေခါင္းေလာင္းထိုးသည္ႏွင့္လြယ္အိတ္ကိုအျပင္မွာထားခဲ့ကာ
စာေရးကိရိယာေတြကိုယူၿပီးအတန္းထဲသို႔ဝင္သြားလိုက္သည္။
ဘိုင္အိုကပံုမွန္ဘာသာေတြထက္ ေျဖရတာနည္းတာေၾကာင့္နာရီဝက္၊မိနစ္ေလးဆယ္ႏွင့္ ေျဖၿပီး၍
အခန္းထဲမွထြက္သြားၾကသူေတြရိွသလို
အခ်ိဳ႕ကလည္းမေျဖႏိုင္တာေတြႏွင့္ေပါင္းၿပီးစာေမးပဲြခန္းထဲမွ ေစာထြက္ၾကေလသည္။

"ေဒါက္..ေဒါက္..."

ခံုကိုလက္နဲ႔လာေခါက္သူအား ၾကည့္လိုက္မိေတာ့ယမင္းေရႊျဖစ္ေနသည္။သူကပံုရိပ္ကိုအျပင္မွာေစာင့္ေနမည္ဟုလက္ဟန္အမူအရာနဲ႔ျပေနတာေၾကာင့္ပံုရိပ္လည္း ေခါင္းၿငိမ့္ျပလိုက္သည္။
ယမင္းေရႊနဲ႔ပံုရိပ္သည္ စာေမးပဲြမွာတစ္ခံုတည္းထိုင္ခြင့္ရတာဟာအင္မတန္ကံေကာင္းလွေပမယ့္ခံုတန္းအရွည္၏ ဟိုဘက္၊သည္ဘက္အစြန္းႏွစ္ခုတြင္ခဲြ၍ထိုင္ရတာေၾကာင့္ သူစာမရတဲ့အခါငုတ္တုတ္ထိုင္ၿပီးေတြးေနတာကို မ်က္လံုးအစြန္းမွခဏခဏၾကၫ့္မိသည္။

"ဟဲ့နင္ဒီကြက္လပ္မွာဘာျဖည့္လိုက္လဲ..
ငါေလ..ဒီေလာက္လြယ္တာကိုေမ့ေနတာသိလား.."

"စာေမးပဲြခန္းထဲကိုေရာက္ေတာ့ အလိုလိုကိုေမ့သြားတာ.."

"..ငါကေတာ့မဆိုးပါဘူး.."

"..နင္ကစကၽြမ္းႀကီးပါဟာ.."

"...ဟဲ့..ငါမွန္မွားေတြမွာငါးမွတ္ပဲမွန္တယ္ဟ

"...ဟာ..ဒီအေျဖလဲြသြားၿပီ.."

"...ပံုကိုေတာ့မွတ္မိတယ္..ေလဗယ္လ္ေတြကဟာတကယ္ကိုေမ့သြားတာနင္ေရာေျဖႏိုင္လား..."

"..ငါကေတာ့စာပိုဒ္ကိုအေပၚပိုဒ္ရၿပီး
အလယ္ပိုဒ္ေမ့ေနတာ ေအာက္အပိုဒ္လည္းမွတ္မိေပမယ့္စာလံုးေပါင္းမွန္ရဲ့လားမသိဘူး.."

"..မင္းကမွေတာ္ေသးတယ္..ငါဆိုအေပၚပိုဒ္ကိုေမ့အလယ္ပိုဒ္ကိုၾကမရ..ေအာက္ဆံုးပိုဒ္ၾကေတာ့တလဲြ..ဟားဟား..."

"...ေအးေရာကြာ.."

"အထဲမွာေျဖက်န္ေနခဲ့တဲ့လူေတြက
တရားမွတ္ေနတာလားမသိဘူး..
ဘိုင္အိုကိုဖင္ပူေအာင္ေျဖရတယ္လို႔.."

"ေအးေလ..အမွတ္ျပၫ့္လိုခ်င္ေနၾကလို႔လားမွမသိတာ.."

စာေမးပဲြအေျဖလႊာစာရြက္ကိုထပ္ၿပီးသူေတြဟာကိုယ့္ေျဖသၫ့္အခန္းေရ႔ွတြင္သာမကေက်ာင္းဝန္းထဲတြင္ပါ လွၫ့္ပတ္သြားလို႔ရေပမယ့္ သတ္မွတ္ခ်ိန္ျပည့္သၫ့္ေခါင္းေလာင္းမထိုးမခ်င္း ေက်ာင္းတံခါးဖြင့္မည္မဟုတ္သလိုအိမ္ျပန္၍လည္းမရၾကေပ။
ထို႔ေၾကာင့္စာသင္ခန္းအျပင္ဘက္ရိွ၀ရံတာမ်ားတြင္တစ္ေယာက္ႏွင့္တစ္ေယာက္အေျဖတိုက္သူကတိုက္၊စကားတမင္သက္သက္မ်ားသူကမ်ားႏွင့္ဆူညံေနၾကေလသည္။

ထိုဆူညံသံေတြကိုၾကားရေလ ပံုရိပ္ရဲ့ေခါင္းေတြပို၍မူးေဝခ်င္လာေလပဲ။စာေမးပဲြခန္းထဲတြင္စထိုင္ၿပီးဆယ္မိနစ္ေလာက္အၾကာတည္းကေခါင္းေတြထိုးကိုက္လာခဲ့သည္။ေရးၿပီးသားစာလံုးေတြကမ်က္လံုးထဲမွာႏွစ္ထပ္လိုျဖစ္ေနၿပီး ေဘာ့ပဲန္ကိုကိုင္ထားသၫ့္လက္ကပင္ အားဆိုက္၍မရခ်င္ျဖစ္လာသည္။
ထို႔ေၾကာင့္အျခားသူေတြတစ္ေယာက္ၿပီးတစ္ေယာက္အေျဖလႊာကိုအပ္၍အခန္းအျပင္ထြက္သြားၾကခ်ိန္မွာ ပံုရိပ္ကေတာ့ေနရာမွမေရႊ့ပဲ
ဆက္ထိုင္ေနခဲ့ရသည္။ကိုယ္ေျဖထားတာေတြမွန္သလား၊မွားသလားဆိုတာေတာင္ျပန္မစစ္ႏိုင္သၫ့္အေျခအေနပင္။

ပံုရိပ္သတိထားမိတာတစ္ခုကခႏၶာကိုယ္တစ္ခုလံုးဟာ ယခုပင္ထေတာက္ေတာ့မၫ့္မီးလိုပူေလာင္ေနတယ္ဆိုတာပဲ။
လက္ေတြဟာတုန္ယင္လာၿပီး အားအင္ေတြယုတ္ေလ်ာ့လာသလိုခံစားေနရသည္။
မ်က္ရည္တစ္စက္ဟာအေျဖလႊာစာရြက္အေပၚသို႔က်သြား‌ခဲ့၍ စာရြက္ကေလးမွာအကြက္ေလးစြန္းထင္းသြားသည္။အတန္းထဲမွတစ္ေယာက္ၿပီးတစ္ေယာက္ထြက္သြားၾကေပမယ့္ ပံုရိပ္တေယာက္ထဲကသာစာသင္ခံုမွာစိတ္ဓာတ္က်စြာ
ေခါင္းငိုက္ဆိုက္ခ်လ်က္ထိုင္ေနခဲ့မိသည္။
ေဘာပဲန္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားမိၿပီး အံကိုႀကိတ္ထားမိသည္။

စိတ္ဓာတ္က်စရာအေတြးေတြတစ္ခုၿပီးတစ္ခုဝင္လာတဲအခါအေျဖလႊာစာရြက္ကေလးဟာပံုရိပ္ကိုေလွာင္ေျပာင္ေနသေယာင္ခံစားရ‌‌ေစတယ္။မ်က္ရည္ပူေတြသည္ပါးျပင္ေပၚသို႔
တလိမ့္လိမ့္စီးက်လာသၫ့္အခါဆရာမေတြမရိပ္မိေအာင္ နဖူးကိုလက္ႏွင့္ကာထားလိုက္မိသည္။
၀န္မခံခ်င္ေပမယ့္ ပံုရိပ္သူ႔ကိုထပ္ၿပီးရႈံးနိမ့္ရျပန္ေတာ့မယ္။သူထပ္ၿပီးပံုရိပ္ကိုေလွာင္ေျပာင္အံုးေတာ့မည္။"ဘိတ္ေခ်း"ဆိုသၫ့္နာမည္ကို သေရာ္ေကာင္းေကာင္းႏွင့္ အာ၀ဇြန္းရႊင္စြာသူေအာ္ေခၚအံုးမည္။
"နင္ငါ့ကိုမမွီႏိုင္ပါဘူး.."ဆိုသၫ့္စကားအား
သူအားရစြာေျပာေပဦးေတာ့မည္။
ပံုရိပ္ဆိုတဲ့နာမည္ဟာ နံပါတ္တစ္ဆိုသည့္ေနရာမွာရိွဖို႔မထိုက္တန္တာပဲလား။ဘယ္ေလာက္ပဲႀကိဳးစားပါေစ။ဘာျဖစ္လို႔ေနာက္ဆံုးအႀကိမ္မွာအားလံုးအမွားမွားအယြင္းယြင္းျဖစ္ကုန္ရတာလဲ။
ဒီအခ်က္ကိုပံုရိပ္ကိုယ္တိုင္ေတာင္နားမလည္ခ်င္ေတာ့ေပ။

"ကလင္...ကလင္..."

အခ်ိန္ျပၫ့္သြား၍ ေက်ာင္းေခါင္းေလာင္းထိုးသံျမည္လာသည္။ဆရာမကလည္းအေျဖလႊာစာရြက္လာအပ္ရန္ပံုရိပ္အားတိုက္တြန္းလိုက္သည္။ေျခလွမ္းေတြကိုမနည္းအားတင္းကာအတန္းအေရ႔ွသို႔ေလ်ွာက္သြားလိုက္ၿပီး ဆရာမလက္ထဲသို႔အေျဖလႊာစာရြက္ကိုအပ္ခဲ့လိုက္သည္။
ေဘာပဲန္ကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္လ်က္အတန္းအျပင္သို႔ထြက္လာလိုက္မိသည္။
အခန္းအျပင္ရိွခံုေပၚတြင္တင္ထားေသာလြယ္အိတ္ကေလးကိုေကာက္ကိုင္လိုက္မိသၫ့္အခ်ိန္တြင္
ပံုရိပ္၏ေနာက္ပါးဆီမွေခၚသံတစ္ခုကိုၾကားလိုက္ရသည္။
ယမင္းေရႊအားပံုရိပ္လွၫ့္ၾကၫ့္လိုက္မိစဉ္
ပံုရိပ္ရဲ့မ်က္ဝန္းေတြဟာၾကည္လင္ေနတာမ်ိဳးမဟုတ္ပဲ..အေရာင္ခပ္မိွန္မိွန္ျဖစ္ေနတာကိုပံုရိပ္ကိုယ္တိုင္ရိပ္မိေလသည္။

"နင္...ေျဖႏိုင္လား..."

ယမင္းေရႊ၏ေမးခြန္းကပံုရိပ္ကိုပို၍နာက်င္ေစသည္။ေကာင္းကိုခပ္ဆက္ဆက္ေလးခါယမ္းလိုက္မိၿပီးေနာက္ ေျခလွမ္းဖို႔အားယူလိုက္စဉ္မွာ
ပံုရိပ္၏ ခႏၶာကိုယ္ဟာ လံုး၀မဟန္ႏိုင္ေတာ့ပဲ
ယိုင္ထိုးက်သြားသည္။
ဝရန္တာကိုအားျပဳ၍လွမ္းကိုင္လိုက္ေပမယ့္ ေျခေထာက္ေတြဟာမတ္တပ္ရပ္ဖို႔အားအင္မရိွ
ေတာ့သၫ့္နယ္ ၫြတ္ေခြက်သြားခဲ့သည္။
ရင္ဘတ္တစ္ခုလံုးတစ္လွပ္လွပ္ႏွင့္ေမာဟိုက္လာသၫ့္နည္းတူ ထိုေနရာမွာပဲပံုရိပ္ပစ္လဲက်သြားခဲ့သည္။

အမွန္မွာေတာ့အိမ္ကေနစထြက္မလာခင္၊စာေမးပဲြအခန္းထဲသို႔မဝင္ခင္အခ်ိန္ေတြထဲကဒီေဝဒနာေတြကိုတင္းခံထားခဲ့မိတာပါ။
အခန္းေစာင့္ဆရာမေတြအားေနမေကာင္း
၍နားခြင့္ျပဳရန္ခြင့္ပန္လို႔ရသလို။
အေဒၚ့ကိုလည္းေနမေကာင္း၍ မေန့ကတစ္ညလံုး
အနားမွာရိွေပးဖို႔ရန္ ဂ်ီက်လို႔ရသည္။
သို႔ေပမယ့္ပံုရိပ္မလုပ္ခဲ့ဘူး။
ေဝဒနာႀကီးႀကီးမားမားမခံစားရခင္အထိအျခားသူေတြကို ရွင္ဖြင့္ေလ့မရိွေသာပံုရိပ္၏
အက်င့္ဟာ အခုေတာ့ပံုရိပ္ကိုႏိွပ္စက္ေနေလၿပီ။

"ပံုရိပ္!!!..."

ယမင္းေရႊ၏ ေအာ္သံခပ္စူးစူးနဲ႔တစ္ဖ်ပ္ဖ်ပ္ၾကားေနရသၫ့္ေျခသံမ်ားဟာပံုရိပ္ေနာက္ဆံုးၾကားလိုက္ရေသာအသံမ်ားပင္ျဖစ္သည္။အခ်ိန္ခဏေလးအတြင္းမွာပံုရိပ္၏ကမ႓ာႀကီးအေမွာင္က်သြားခဲ့သည္။အမွန္အတိုင္းဆိုရလ်ွင္ပံုရိပ္ရဲ့ဘဝမွာ
ဒီခံစားခ်က္ကို အႀကိဳက္ႏွစ္သက္ဆံုးပါပဲ။
ဘယ္သူ႔ကိုမွ ဂရုစိုက္စရာမလိုတဲ့ေနရာ။
ဘယ္သူမွမျမင္ႏိုင္တဲ့ေနရာ။
ဘယ္သူမွေဝဖန္ အျပစ္မတင္ႏိုင္သၫ့္ေနရာ။
ဘယ္သူမွပံုရိပ္ကို မျမင္ရတဲ့ေနရာတစ္ခုမွာေပါ့။
ဒီအရာဟာခဏတျဖဳတ္ခံစားရတဲ့ ခံစားခ်က္ေလးတစ္ခုဆိုရင္ေတာင္ပံုရိပ္ႏွစ္သက္တယ္။

  ပံုရိပ္ႃပံုးလိုက္မိတယ္။ဒါေပမဲ့ ထိုအႃပံုးကတစ္ေယာက္တစ္ေယာက္၏ ျပင္းထန္စြာေနွာက္ယွက္မႈေၾကာင့္ အရိွန္သတ္သြားခဲ့တယ္။ပံုရိပ္ရဲ့ ခႏၶာကိုယ္ဟာလႈပ္ခါေနသလိုပဲ။အထူးသျဖင့္ ပံုရိပ္ရဲ့လက္ေမာင္းႏွစ္ဖက္ကို တစ္ေယာက္ေယာက္က
ခပ္နာနာေလးကိုင္လႈပ္ေနသလို အထိအေတြ့ဟာ
အင္မတန္အေနရခက္ေစသည္။မ်က္လံုးေတြကို ဖြင့္ခ်င္ေပမဲ့အားယူလို႔ မရဘူး။သားငယ္အိမ္ကိုသာ လႈပ္ရွားလို႔ ရတယ္။

လက္ေခ်ာင္းေတြကို အနည္းငယ္လႈပ္ခက္ၾကၫ့္ေတာ့ "ရသားပဲ"ဟု စိတ္ထဲကေနေရရြတ္လိုက္မိသည္။ႏႈတ္ခမ္းမွလည္း ေက်နပ္ေသာအႃပံုးတစ္ခုထပ္ေပၚလာျပန္တယ္။ပံုရိပ္ႃပံုးေလ ပံုရိပ္ကိုပို၍လႈပ္ႏိႈးၾကေလပဲ။နားထဲမွာလည္း ခပ္ဆဆအသံတစ္ခုကို မထင္မရွားၾကားေနရသည္။
ဘယ္သူစကားေျပာေနတာလဲ။
ေသခ်ာေလး အာရံုစိုက္လိုက္မိေတာ့ ဒါဟာမိန္းမအသံမဟုတ္ပဲ ေယာက္်ားတစ္ေယာက္ရဲ့အသံျဖစ္ေနသည္။ဒါဆိုရင္ ပံုရိပ္ရဲ့လက္ေမာင္းေတြကို ဆုပ္ကိုင္ထားတာလဲသူပဲေပါ့။သူဘယ္သူလည္း ရာရာစစပံုရိပ္ရဲ့အသားကို လာထဲရဲတယ္ေပါ့။

"ပံုရိပ္...ပံုရိပ္..."

ေခၚသံကို ရွင္းလင္းစြာၾကားလိုက္ရသၫ့္အခ်ိန္မွာ ပံုရိပ္၏မ်က္လံုးေတြကလည္းပြင့္လာခဲ့တယ္။မ်က္လံုးေရ႔ွတၫ့္တၫ့္မွာ အလင္းေရာက္စူးစူးကခရီးဦးႀကိဳလင့္ေနေတာ့ မ်က္လံုးေတြကိုခ်က္ျခင္းပဲျပန္မိွတ္လိုက္မိသည္။

"ပံုပံုသတိရလာၿပီ..ေဒၚေလးသူနာျပဳကိုသြားေခၚလိုက္အံုးမယ္.."

"ေနပါအန္တီ...ကၽြန္ေတာ္သြားေခၚလိုက္ပါ့မယ္
..ကၽြန္ေတာ့္အသိဆရာ၀န္ကိုသြားေခၚၾကၫ့္လိုက္မယ္..သူကဒီအလႊာမွာပဲတာ၀န္က်တယ္..."

"ေက်းဇူးပါပဲ...ေမာင္ေနမ်ိဳးရယ္.."

ေနမ်ိဳးဆိုသၫ့္ နာမည္ေၾကာင့္ အားကုန္ထုတ္၍မ်က္လံုးေတြအားဖြင့္ၾကၫ့္လိုက္သည္။မ်က္ႏွာက်က္တြင္ တပ္ဆင္ထားသၫ့္ခုနက မီးေခ်ာင္းေလးကလည္းသိပ္မစူးရွေတာ့သ‌လိုပင္။ေခါင္းကိုေဘးေစာင္းလိုက္သၫ့္အခါ ပံုရိပ္ဘက္သို႔ေက်ာေပးကာ ခပ္သုပ္သုပ္သြားေနေသာ လူတစ္ေယာက္ကိုေတြ့ရေလသည္။ရွပ္လက္တိုႏွင့္ပုဆိုးအညိုအကြက္စိပ္ကို ၀တ္ဆင္ထားသၫ့္လူတစ္ေယာက္။သူဟာ ဦးေနမ်ိဳးမ်ားလား။

ေခါင္းေတျြပန္ကိုက္လာတာေၾကာင့္ နားထင္ေၾကာေတြကို လက္ျဖင့္အုပ္ကိုင္ကာ ေရ႔ွတၫ့္တၫ့္သို႔ျပန္ၾကၫ့္လိုက္မိသည္။ေဘးနားမွလူနာခုတင္ေတြကိုျမင္တည္းက ေဆးရံုကိုေရာက္ေနတယ္‌ဆိုတာ သိလိုက္ပါၿပီ။စာေမးပဲြခန္းထဲကေနထြက္လာၿပီးတဲ့အခ်ိန္ ေခါင္းထဲမွာမူးေဝေဝျဖစ္သြားၿပီး လဲက်သြားတာကိုသိလိုက္ေပမဲ့ အဲ့ဒီ့ေနာက္ပိုင္းဘယ္သူေတြကေဆးရံုကိုလိုက္ပို႔ေပးၿပီး ဦးေနမ်ိဳးကတိုက္ဆိုင္စြာ ဘယ္လိုေရာက္လာရသလဲဆိုတာကို ဘယ္လိုမွေတြး၍မရေတာ့ေပ။

"ပံုပံုေနရထိုင္ရသက္သာရဲ့လား..ေခါင္းေတြမူးေနေသးလား..."

ပံုရိပ္၏လက္ေတြ၊ေျခေတြနဲ႔နဖူးကိုပါလာစမ္းသပ္ေနသၫ့္အေဒါ့္ရဲ့မ်က္ဝန္းေလးေတြဟာ စိုးရိမ္မႈ
အျပည့္ဖံုးလႊမ္းေနသည္။

"ကိုယ္ေတြေတာ့ပူေနေသးတယ္..ေပါ့လို႔မျဖစ္ဘူး.."ဟုပါးစပ္ကလည္းညီးတြားေနေလသည္။
ပံုရိပ္လည္း စိတ္မေကာင္းျဖစ္မိသည္။
အေဒါ့္ကိုအလုပ္ရႈပ္ေစမိၿပီ။
အေဒါ့္ရဲ့ လက္ကိုကိုင္လိုက္ၿပီး ျဖဴဖတ္ျဖဴေလ်ွာ္ျဖစ္ေနေသာ ႏႈတ္ခမ္းမ်ားႏွင့္ အားယူကာခပ္ယဲ့ယဲ့ႃပံုးျပလိုက္သည္။အေဒၚကေတာ့ စိုးရိမ္မႈမ်ားအလ်ွင္းေလ်ာ့မသြားေသာ မ်က္၀န္းမ်ားႏွင့္ၾကၫ့္လာျပန္သည္။

"ပံုရိပ္...အဆင္ေျပပါတယ္...ေဒၚေလး...ေဒၚေလးကိုအလုပ္ပိုေစမိၿပီ..."

"ဒီလိုမေျပာရဘူးေလပံုရိပ္ရယ္ အေဒၚတို႔ကသူစိမ္းေတြမွာမဟုတ္ပဲနဲ႔...ပံုရိပ္ဟာအေဒၚရဲ့တူမျဖစ္ေပမယ့္အေဒၚ့ရဲ့သမီးအရင္းေလးလိုပဲ..အေဒၚကသတ္မွတ္တာ...ေနာက္တစ္ခါဒီလိုသူစိမ္းဆန္တဲ့စကားေတြမေျပာပါနဲ႔...အေဒၚမႀကိဳက္ဘူး..."

အေဒၚရဲ့စိတ္ဆိုးသြားတဲ့အမူအရာေၾကာင့္ပံုရိပ္ခ်က္ခ်င္းပဲေတာင္းပန္ဖို႔ႀကိဳးစားမိတယ္။
ပံုရိပ္ရဲ့အေပၚမွာအေဒၚၿငိဳျငင္သြားမွာကိုပံုရိပ္
မလိုလားဘူး။ထို႔ေၾကာင့္လက္ကိုအားျပဳျပီးခုတင္ေပၚတြင္ထိုင္ဖို႔ႀကိဳးစားမိသည္။

"သမီးရယ္..ဘာလုပ္ေနတာလဲ..ျပန္လွဲေနစမ္းပါ
...လူကျဖင့္ေကာင္းေသးတာလည္းမဟုတ္ပဲနဲ႔..
..အေဒၚကစိတ္မဆိုးပါဘူးကြယ္..
စိတ္မေကာင္းျဖစ္လို႔ေျပာလိုက္မိတာပါ...
အခုေတာင္သမီးေလးေနမေကာင္းျဖစ္တာေနာက္ဆံုးမွသိလိုက္ရလို႔..အေဒၚ့ရင္ထဲမွာမခ်ိဘူးကြယ္...ေနာက္ဆိုရင္ေလ...ဘာပဲျဖစ္ျဖစ္ဘယ္လိုအေၾကာင္းမ်ိဳးမဆို...အေဒၚ့ကိုတိုင္ပင္ပါ...
ရွင္ဖြင့္ပါပံုပံုရယ္...အေဒၚစိတ္မေကာင္းျဖစ္မိလိမ့္မယ္.."

ေနမေကာင္းျဖစ္ေနေသာေၾကာင့္ပို၍အားငယ္ေနေသာစိတ္ဟာမ်က္ရည္မ်ားျဖင့္ရီေဝေဝျဖစ္လာေစသည္။ႏႈတ္ခမ္းပါးမွလည္းခပ္‌ေရးေရးအႃပံုးတစ္ခုအား ႏွစ္ၿခိဳက္စြာႃပံုးလိုက္မိသည္။ေက်းဇူးတင္လိုက္တာအေဒၚရယ္ဟုပံုရိပ္အက်ယ္ႀကီးေအာ္ေျပာလိုက္ခ်င္မိတယ္။

"ဒါျဖင့္..အေဒၚဒီကိုဘယ္လိုေရာက္လာရတာလည္း
ပံုရိပ္ကိုေရာဘယ္သူေတြကေဆးရံုလာတင္ခဲ့တာလဲ...."

"သမီးေလးကိုေက်ာင္းကဆရာမေတြနဲ႔ေက်ာင္းသားအခ်ိဳ႕ကေဆးရံုလာတင္သြားခဲ့တာ
ဒီကိုေရာက္ေတာ့ တိုက္တိုက္ဆိုင္ဆိုင္ေမာင္ေနမ်ိဳးနဲ႔ေတြ့ၾကေရာ..ေမာင္ေနမ်ိဳးကေတာ့သူ႔အသိဆရာဝန္တစ္ေယာက္ဆီကိုလာတယ္လို႔ေျပာတာပါပဲ..
သမီးေလးေဆးရံုတင္ရတာကိုေတြ့လိုက္တာေၾကာင့္...အေဒၚ့ကိုခ်က္ခ်င္းအိမ္အထိလာေခၚရွာတယ္....အေဒၚလည္းသိသိခ်င္းေဆးရံုကိုခ်က္ခ်င္းလိုက္လာခဲ့တာေပါ့....ေမာင္ေနမ်ိဳးေၾကာင့္သာမဟုတ္ရင္အေဒၚ့လိပ္စာကိုလည္းဘယ္သူမွမသိလို႔
..အေဒၚလည္းသမီးေလးဘာျဖစ္မွန္းေတာင္သိလိုက္ရမွာမဟုတ္ဘူး..."

လူနာခုတင္ေဘးတြင္ ပစၥည္းတင္ရန္ထားသၫ့္
ခံုေလးအား ရွင္းလင္း၍လိုအပ္သည့္ပစၥည္းေလးေတြကို ေနရာခ်ေနရင္းမွ အေဒၚကစိတ္မေကာင္းစြာရင္ဖြင့္လာသည္။အမွန္ေတာ့ အားလံုးကပံုရိပ္ရဲ့အမွားေတြပါေလ။ေနမေကာင္းတာကို အေဒါ့္ဆီႀကိဳေျပာမိခဲ့ရင္ ဆရာ၊ဆရာမေတြကိုပါ ေရာၿပီးဒုကၡေပးသလို ျဖစ္ခဲ့မွာမဟုတ္ဘူး။
မူးလဲတဲ့ကိစၥက အခုေလာက္ဆိုရင္ေက်ာင္းမွာ ျပန႔္ေနေလာက္ၿပီ။
ဟိန္းေဇယ်ာထက္ကေတာ့ စာေတြအက်က္လြန္ၿပီး မူးလဲတယ္ဆိုကာ ေလွာင္စရာစကားလံုးအသစ္ရွာေနေလာက္ၿပီထင္တယ္။

"ေဟာ...ဟိုမွာေမာင္ေနမ်ိဳးနဲ႔ ဆရာ၀န္မ‌ေလးလာေနၿပီ...."

ဦးေနမ်ိဳးဆိုသၫ့္အသံကိုၾကားေတာ့ ေခါင္းကိုအျခားဘက္သို႔ေဆာင္းလိုက္မိသည္။သူနဲ႔မ်က္ႏွာခ်င္းမဆိုင္ရဲတာ ဘာေၾကာင့္မ်ားလဲ။နဂိုကမွတုန္ယင္ေနသၫ့္ စိတ္ကယခုေတာ့ပို၍တုန္ယင္လာသည္။ပံုရိပ္သူနဲ႔ေတြ့ရမွာကို ေၾကာက္ေနတာမ်ားလား။‌ ေဒါက္တာက ပံုရိပ္ကိုေသြးေပါင္ခ်ိန္စစ္ေပးသလို ႏွလံုးႏွင့္အ‌ဆုတ္ကိုလည္းစစ္ေဆးေပးေလသည္။အဖ်ားကလည္းမက်ေသးတာေၾကာင့္ ေဆးရံုမွာအားေဆးလႊတ္ရင္း တစ္ညေနဖို႔အေဒါ့္ကိုေျပာသည္။အေဒၚကေတာ့ ေခါင္းတညိမ့္ညိမ့္ႏွင့္မ်က္လံုးေလးပုတ္ခက္ပုတ္ခက္လုပ္လ်ွက္ နားေထာင္ေနသည္။

ဦးေနမ်ိဳးကေတာ့ အနားမွာငုတ္တုတ္ထိုင္လ်ွက္ျဖင့္ အေဒၚႏွင့္ေဒါက္တာေျပာေနသၫ့္စကားမ်ားကိုသာ နားေထာင္ေနသည္။
ၿပီးေနာက္ ေဒါက္တာ၏ေဆးအိတ္ကိုဆဲြေပးကာ
ျပန္ထြက္သြားသည္။ပံုရိပ္လည္း အဖ်ားရိွန္ေၾကာင့္
ေမွးရင္းႏွင့္ အိပ္ေပ်ာ္သြားေလေတာ့သည္။
ပံုရိပ္ျပန္ႏိုးလာတဲ့အခါမွ ေျခရင္းဘက္အျခမ္းသို႔ၾကၫ့္လိုက္မိေတာ့ ျပဴတင္းေပါက္မွလွမ္းျမင္ေနေသာ ေကာင္းကင္အေရာင္ဟာ နီညိုေရာင္ယစ္သိုင္းေနသည္။
တိမ္သားထုေတြဟာ ခရမ္းရင့္ေရာင္အသြင္သို႔လည္း ေျပာင္းခ်င္ေနျပန္သည္။ေန၀င္သြားခဲ့၍ ညေနခင္းကိုေတာင္ေရာက္ခဲ့ၿပီ။

အင္အားအနည္းငယ္ျပၫ့္လာၿပီဟု ခံစားမိတာေၾကာင့္ ထိုင္ဖို႔လုပ္မိတဲ့အခ်ိန္မွာ တစ္ေယာက္ေယာက္က ကူေပးဖို႔ႀကိဳးစားလာသည္။ထိုလူကိုၾကၫ့္လိုက္မိေတာ့ ပံုရိပ္၏မ်က္လံုးေတျြပဴးက်ယ္သြားရသည္။
ဦးေနမ်ိဳးကေဘးမွာငုတ္တုတ္ႀကီး ထိုင္ေနတာကို
ပံုရိပ္သတိမထားမိခဲ့ဘူး။အေဒၚကဘယ္ကိုသြားေနလို႔လဲ။ကိုယ့္အေတြးႏွင့္ကိုယ္ နစ္မူးေနစဉ္မွာဦးေနမ်ိဳးက ပစၥည္းတင္တဲ့ခံုေပၚမွ ေရထၫ့္ထားသၫ့္ေကာ္ခြက္ႏွင့္သဘတ္တစ္ထည္ကိုယူလိုက္သည္။

"ေရသြားသြန္လိုက္အံုးမယ္..."

ေကာ္ခြက္အားသူေမးဆတ္ျပ၍ထြက္သြားေတာ့မွ ကိုယ့္နဖူးကိုယ္ျပန္စမ္းၾကၫ့္လိုက္မိသည္။
ေရခဲေရျဖင့္ နဖူးကိုကပ္ေပးထားတာေၾကာင့္ ေအးစက္စက္ျဖစ္ေနသည္ကို ခံစားလိုက္မိသည္။နဖူးျပင္မွာလည္း ေရစက္တို႔ခိုတဲြေနသည္။
သူကပံုရိပ္ကို ကိုယ္အပူက်ေအာင္ ေရခဲေရနဲ႔ကပ္ေပးေနခဲ့တာပဲ။
အေဒၚကပံုရိပ္အိပ္ေနသၫ့္အခ်ိန္ကထြက္သြားခဲ့တာဆိုရင္ အေဒၚေျပာခဲ့တာႏွင့္ဆက္စပ္မိပါက
သူကပံုရိပ္ေဆးရံုကိုစေရာက္တည္းက ေစာင့္ေပးေနခဲ့တာ‌ေပါ့။ သူ႔မွာအျခားလုပ္စရာေတြမရိွဘူးလား။
ဒါမွမဟုတ္ အျခားလုပ္စရာေတြကိုခဏပစ္ထားၿပီး ပံုရိပ္တို႔ကိုကူညီေပးေနတာမ်ားလား။
အေဒၚတစ္ေယာက္ပဲ ေဆးရံုေစာင့္ေပးဖို႔ရိွတဲ့ပံုရိပ္ကို သူသနားသြားတာေနမယ္။
သူကတကယ့္ကို စိတ္ႏွလံုးေကာင္းတဲ့လူတစ္ေယာက္ပဲ။

🔥🔥🔥🔥🔥

ရည္မွန္းခ်က္ေပ်ာက္ေနတဲ့ပံုရိပ္ ဦးေနမ်ိဳးနဲ႔ျပန္ေတြ့ျပန္ၿပီ ဒီ၀တၴုေလးကရို႔မန႔္ပါေပမဲ့ ခုေတြ့ခုႀကိဳက္ပဲုမ်ိဳးမဖန္တီးထားပဲတစ္ဦးေပၚတစ္ဦးပံ့ပိုးမႈေတြၾကားကေနသြားမွာပါ...အဓိကအမ်ိဳးသားဇာတ္ေကာင္ကေတာ့ စံုသြားပါၿပီ..
ေနမ်ိဳး၊ဟိန္းေဇယ်ာထက္နဲ႔ဟိန္းကို🥰ဘယ္လိုအလွၫ့္အေျပာင္းေတျြဖစ္လာမလဲဆိုတာေတာ့ ဆက္လက္ေစာင့္ေမ်ွာ္ေပးၾကပါအံုး update ကိုတတ္ႏိုင္သမ်ွ ျမန္ေပးပါေတာ့မယ္ရွင့္

No comments:

Post a Comment