🔥ဆူးကြိုး🔥 *အခန်း(၈)*
(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
ရာသီဥတု၏အပူရှိန်သည်လူကိုအင်မတန်နေမထိထိုင်မသာဖြစ်စေသည်။ဒီထပ်ဆိုးတာက အတန်းထဲတွင် လူငါးဆယ်ကျော်လောက် စုထိုင်ရသည်ကြောင့်လူ့ရဲ့အပူရှိန်ဟာ ပို၍စိတ်ကျဉ်းကြပ်စေသည်။
ဦးခေါင်းတည့်တည့်ရှိ မျက်နှာကျက်တွင်
တပ်ဆင်ထားသော ပန်ကာဟာလည်း အချိန်တိုင်းပျက်နေပါသော လျှပ်စစ်မီးကြောင့် ခလုတ်နှိပ်လိုက်၍လည်း လာမည်မထင်ပေ။
စိတ်အိုက်လာ၍ စာအုပ်နဲ့သာ အပြန်ပြန်အလှန်လှန်ယက်ခပ်နေမိသည်။
"မာမာဝေ.."
နာမည်အခေါ်ခံလိုက်ရသည့် ကျောင်းသူဟာကိုယ့်အတန်းရှေ့ကတစ်ယောက်ဖြစ်နေတာကြောင့်
ကိုယ့်အလှည့်ကိုစောင့်ရင်းနှင့် ချွေးစေးတွေပြန်ချင်လာသည်။ရီပို့ကဒ်တစ်ခုဟာ ပုံရိပ်ကိုဒီလောက်အထိ စိတ်ဖိစီးမှု ပေးနိုင်လိမ့်မယ်လို့မထင်ထားခဲ့မိပေ။
အရင်ကဆိုရင် "ငါကကျောင်းထွက်မဲ့သူပဲဟာ"
ဆိုပြီး ရီပို့ကဒ်ထဲကအမှတ်တွေကိုစိတ်မ၀င်စားခဲ့ဘူး။အဒေါ့်ကိုလည်း တော်ရုံပြန်ပြလေ့မရှိပဲ
အဒေါ်ထိုးနေကြ"သန့်"ဆိုတဲ့ လတ်မှတ်လေးကို ကိုယ်စားထိုးလိုက်ပြီး ဆရာမကိုပြန်အပ်ခဲ့တာချည်းပဲ။
အဒေါ်သာသိရင် စိတ်ဆိုးလိုက်မည့်ဖြစ်ခြင်း။
အဒေါ်ကလည်း သူ့အလုပ်နဲ့သူဒီနေ့ဈေးဘယ်လောက်ရင်းလိုက်တယ်..ဘယ်လောက်မြတ်တယ်...ဘယ်အိမ်မှာအ၀တ်လျှော်တာ ဘယ်လောက်ရခဲ့တယ်ဆိုတာတွေနဲ့တင် တိုင်ပတ်နေတတ်တော့ ရီပို့ကဒ်ကို ကိုယ်မှသတိတရမပြရင်
သူလည်း အမှတ်မရတတ်ဘူး။
အခုကတော့ အရင်နဲ့မတူတော့ဘူး။စာကြိုးစားပါ့မယ်လို့လည်း အဒေါ့်ကိုကတိတွေပေးထားပြီးပြီ။
သို့ပေမဲ့ ဒီစာမေးပွဲကအဒေါ်နဲ့သေချာလေး စကားပြောပြီး နောက်တစ်နေ့မှာဖြေရတဲ့ လပတ်စာမေးပွဲဖြစ်လို့ အမှတ်နည်းရင် ဘယ်လိုလုပ်ပါ့မလဲ။
ကိုယ်က ကျူရှင်တတ်တဲ့လူမဟုတ်တဲ့အပြင်
စာတွေကို နှစ်စတည်းကကျေအောင်လုပ်ခဲ့သူ
မဟုတ်ဘူး။
စာမေးပွဲနီးမှ ပါနိုင်ချေရှိတာတွေနဲ့ ဆရာမတွေ ကျက်ဖို့ရွေးပေးတာလေးတွေကိုပဲ လုပ်လေ့ရှိတာ။ပြီးရင် ပြန်လည်းမနွေးပဲ မေ့ပစ်လိုက်ရော။
မေးခွန်းတွေမှာ အရင်အခန်းအဟောင်းက
အီကွေးရှင်းတွေနဲ့ ပုစ္ဆာတွေပါရင် ကျော်ပစ်လိုက်မိတာပဲ။
ဒီတော့ အမှတ်ထွက်လာရင် အောင်မှတ်သာသာတွေချည်းပဲရလေ့ရှိတယ်။အဲ့ဒီ့ထက်လည်း တစ်ခါမှမကျော်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီစာမေးပွဲကတော့ ထားလိုက်ပါတော့မယ်။နောက်ထပ်စာမေးပွဲတွေတိုင်းမှာတော့ အမှတ်ကောင်းကောင်းရစေရမယ်လို့ ကိုယ့်ဘာသာကျိန်ဆိုလိုက်မိတယ်။
"ပုံရိပ်....ရီပို့ကဒ်လာယူ"
"ပုံရိပ်...နင့်ကိုခေါ်နေတယ်လေ..."
ဘေးနားမှ ယမင်းရွှေကထပ်ပြီးသတိပေးလာသည်။ကိုယ့်ကိုခေါ်နေမှန်းသိပေမဲ့ မထသွားပဲနဲ့သတိလက်လွတ်ဆက်ထိုင်နေမိခဲ့တယ်။
လေးနေသည့် စိတ်ကိုသက်ပြင်းချလျှက်သာ ဖြေလျှော့လိုက်မိသည်။ဆရာမ၏ လက်ထဲမှ
ရီပို့ကဒ်ကိုယူပြီးပေမဲ့ ပုံရိပ်ဖွင့်မကြည့်ရဲသေးဘူး။
ထိုင်ခုံမှာ ပြန်ထိုင်နေသည်အထိ ပုံရိပ်ရဲ့အကြည့်က
ကတ်ထူအဖုံးပေါ်မှာပဲ ရှိနေသေးတယ်။
"ပုံရိပ်ရယ်...ငါကတော့သုံးဘာသာကျတယ်...
နင်ရောအကုန်အောင်လား..."
ယမင်းရွှေက ပုံရိပ်ရဲ့အနားသို့ တိုးထိုင်ပြီးရီပို့ကဒ်ကို လာလှန်သည်။ပုံရိပ်လက်ကိုလွှတ်လိုက်မိသည်။
ရီပို့ကဒ်ကို သူပဲလှန်ပါစေဆိုပြီးပေါ့။ကိုယ်မဖြေနိုင်ခဲ့တာကို ကိုယ်သိနေခဲ့တော့ နည်းနေမဲ့အမှတ်တွေကို သူများကို ကိုယ်တိုင်မပြချင်ဘူး။
"ပုံရိပ်...နင်ကအဆင့်၅၀ဟ အင်္ဂလိပ်နဲ့ဘိုင်အို
ကျတယ်..."
ကိုယ်တိုင်လည်း ရီပို့ကဒ်ပေါ်ကအမှတ်တွေကိုမြင်နေရပေမဲ့ ယမင်းရွှေရဲ့ထပ်ပြီးကာရံလိုက်တဲ့ အသံဆာဆာက လေးလံနေသည့်နှလုံးသားကို ကျောက်ခဲတုံးကြီးကြီးနဲ့ ပိတ်ပေါက်လိုက်သလို ခံစားလိုက်မိသည်။နောက်စာမေးပွဲမှာတော့ ပိုကြိုးစားရမယ်လို့တွေးပြီး သက်ပြင်းတွေကိုသာ ကြိတ်ချနေမိသည်။ဒီရီပို့ကဒ်ကို ခါတိုင်းလိုပဲအဒေါ့်ကိုမပြပဲ ကိုယ့်ဘာသာ လတ်မှတ်အတုထိုးလိုက်ရမလားလို့လည်း အတွေးရောက်လာပြန်သည်။
"ယမင်း...နင်အဆင့်ဘယ်လောက်ရလဲ...."
ပုံရိပ်တို့ရဲ့ ခုံနားမှာလာရပ်နေသည့် ကျောင်းသားက
ယမင်းရွှေကို မေးလိုက်သည့်စကားပင်။သူ့ပုံစံက အရပ်ရှည်ပြီး ခန္ဓာကိုယ်ကပိန်သွယ်ကာ
တဖြောင့်တည်းဖြစ်သည်။
မျက်ခုံးမွှေးကောင်းကောင်းနှင့် နှာတံလုံးလုံးကိုပိုင်ဆိုင်ထားပြီး ယမင်းရွှေလိုအသားအရမ်းမဖြူပေမဲ့ အသားအရည်လှသူလို့ပြောရပေမည်။
ဆံပင်ကလည်း ခောတ်စားနေတဲ့ ကိုရီးယားမင်းသားကေမျိုးဖြစ်ပြီး နှဖူးပေါ်တွင် အုပ်ကြနေသည်။သူ့လက်ထဲမှာလည်း ရီပို့ကဒ်တစ်ခုကိုကိုင်ထားပြီး သိချင်လျှက်လက်တို့ဖြစ်နေသည့် ယမင်းရွှေကို ပြနေလေသည်။
မုန့်စားဆင်းချိန်တိုင်းမှာ သူတို့နှစ်ယောက်အတူတူ မုန့်ထွက်စားတာမျိုးတွေကို ခဏခဏတွေ့ရတတ်တယ်။
အရင်တုန်းကဆိုရင် အတန်းထဲကို ဘယ်သူကျောင်းပြောင်းလာလာစိတ်မ၀င်စားတတ်တဲ့ ပုံရိပ်က
အဒေါ်ပြောနေကြဖြစ်သည့်
"ကျောင်းမှာ သူငယ်ချင်းတွေဘာတွေထား...ဒါမှတိုင်ပင်ဖော် တိုင်ပင်ဖက်ရမှာ.."ဆိုသည့် စကားကြောင့် ဇွဲမလျှော့ပဲ ခဏခဏမိတ်ဆွေလာဖွဲ့တတ်သည့် ယမင်းရွှေအား တစ်ဦးတည်းသော သူငယ်ချင်းအဖြစ် စပြီးပေါင်းသင်းကြည့်မိသည်။
ဒီတစ်ယောက်ကိုလည်း ယမင်းရွှေနဲ့ပတ်သတ်ဆက်နွယ်ပြီးမှ မျက်မှန်းတန်းမိခဲ့တာပါ။
"အဲ့ဒါငါ့အစ်ကိုလေ..ဟိန်းဇေယျာထက်..."ဟုဆိုကာ
လက်ညှိုးတထိုးထိုးနှင့် သူ့အစ်ကိုကအရင်ကျောင်းမှာ စာဘယ်လောက်တော်ကြောင်း၊ဆုတွေခဏခဏရကြောင်းနှင့် ဆရာ၊ဆရာမတွေရဲ့အရေးပေးမှုခံရကြောင်းတွေကို လာပြောပြတတ်သည်။
"ဟိန်းဇေယျာထက်.."တဲ့ နာမည်နဲ့လိုက်အောင်
ထက်မြတ်မဲ့ ရုပ်ရည်မျိုးပါပဲ။မာနလည်း ကြီးမည့်ပုံပင်။
သူ့ညီမနားမှာ မတ်တပ်လာရပ်နေတာကြာပေမဲ့
ပုံရိပ်ကိုတစက်မှတောင် ဆွေမကြည့်ဘူး။
"ပုံရိပ်...ဒီမှာကြည့်စမ်း...ကိုထက်ကအဆင့်တစ်
ရတယ်ဟ...ဒီမှာကြည့်...အရမ်းတော်တာပဲနော်...
သင်္ချာနဲ့ရူပဗေဒကလွဲပြီး ကျန်တာအမှတ်အပြည့်ပဲဟ..."
ကိုယ့်ဘာသာ နှစ်ဘာသာကျလို့စိတ်ညစ်နေပါတယ်ဆိုမှ ယမင်းရွှေကလည်းအလိုက်မသိစွာ တော်လှပါသည့်သူ့အစ်ကို၏ ရီပို့ကဒ်ကို ပုံရိပ်ရှေ့မှာ လာထိုးပြနေသည်။ကျန်ဘာသာတွေက ဂုဏ်ထူးမှတ်တွေဖြစ်နေပေမဲ့ သင်္ချာနဲ့ရူပဗေဒက ဘာကြောင့်အမှတ်နည်းနေရတာလဲ။သူကတွက်စာ အားနည်းပုံရတယ်။အထူးသဖြင့် သင်္ချာမှာအမှတ်ပိုနည်းနေတယ်။ရူပကတော့ ကျက်စာတွေပါတော့ သူအမှတ်ပိုသွားပုံရတယ်။
တစ်ခန်းလုံးမှာ အဆင့်တစ်ရသည့်ကျောင်းသားရဲ့
ရီပို့ကဒ်လေးဘေးနားမှာ ယှဉ်လျှက်ကလေးဖြစ်နေသည့် ကိုယ့်ရီပို့ကဒ်ကို ကြည့်လိုက်မိတော့ အောင်မှတ်ကျော်ရုံတွေသာ ရှိသည်။
ရီပို့ကဒ်နှစ်ခုကို ယှဉ်ကြည့်နေမိရာမှ စိတ်ရှုပ်စွာ နှာခေါင်းရှုံ့ပစ်လိုက်မိသည်။
"မနာလိုတာလား...."
ခပ်လေးလေးထွက်လာသည့် အသံတစ်ခုပင်။ယမင်းရွှေထိုင်သည့် ဘက်အခြမ်းတွင် မတ်တပ်ရပ်နေသောသူနှင့် ပုံရိပ်အကြည့်ချင်းဆုံသွားခိုက် သူမျက်လုံးတွေထဲက စကားလုံးတွေကိုအဓိပ္ပာယ်ကောက်လိုက်မိသည်။
အထင်သေးနေတဲ့အကြည့်တွေနှင့် ခနဲ့နေသည့်အပြုံးက ပုံရိပ်ကိုအနုနည်းနဲ့လှောင်ပြောင်နေမှန်း သိသာတယ်။
ဘာကြောင့်လဲ။ပုံရိပ်ကရီပို့ကဒ်နှစ်ခုကို ယှဉ်ကြည့်မိပြီး နှာခေါင်းရှုံ့လိုက်တာကို မြင်လိုက်လို့များလား။
သူ့စိတ်ထဲမှာ နှစ်ဘာသာကျတဲ့သူက အဆင့်တစ်
ရတဲ့လူကို လှောင်နေတယ်လို့ ထင်သွားလို့များလား။ဒါကြောင့်သူကပုံရိပ်ကို ခနဲ့တဲ့ ပုံစံလုပ်ပြတာနေမယ်။သူ့ကိုမနာလိုဘူးလို့ ထင်နေပုံပဲ။
ဟိန်းဇေယျာထက်ရဲ့ ရီပို့ကဒ်ကို ယမင်းရွှေကနေတစ်ဆင့်မဟုတ်ပဲ ကိုယ်တိုင်ယူပြီး သူ့ရဲ့မျက်လုံးရှေ့တည့်တည့်ကို ကမ်းပေးပစ်လိုက်သည်။
ပြီးတော့ တစ်ချက်မဲ့ပြလိုက်တယ်။
သူ့လိုပဲ ပုံရိပ်လည်းခနဲ့ချင်လို့ပေါ့။
မျက်လုံးအကြည့်ကတော့ "နင့်ဘာသာ အဆင့်(၁)ရလည်း ငါအထင်မကြီးဘူး.."ဆိုသည့်အကြည့်ကို မျက်ခုံးတစ်ဖက်တွန့်ပြပြီး တမင်ကိုပို့လွှတ်ပေးလိုက်သည်။သူချက်ချင်း မျက်မှောင်ကြုံ့သွားပုံအရဆို ပုံရိပ်လုပ်ပြနေတဲ့အဓိပ္ပာယ်ကို သူသိနေတယ်။
"ဘိုင်အို...အခန်း(C)မှာအဆင့်တစ်လေးရတာကို
တစ်ကျောင်းလုံးမှာ အမှတ်အများဆုံးရတဲ့စတိုင်လ်လာဖမ်းမနေပါနဲ့...."
"နင်လာနောက်နေတာလား...
အခန်း(C)မှာအဆင့်တစ်ရတယ်ဆိုရင်တောင်
...အခန်း(C)မှာအဆင့်ငါးဆယ်ရတဲ့လူထက်တော့ သာနေပြီမဟုတ်လား...ငါတို့ကကျောင်းပြောင်းကျောင်းသားမို့လို့ နောက်ဆုံးခန်းမှာ ထိုင်ရတာ...
မနာလိုရင်မနာလိုတယ်ပေါ့...
ယမင်း..ငါပြောတာမှန်တယ်နော်..."
"ကိုထက်..."
ယမင်းကသူ့အစ်ကိုအား ဟန့်တားသည့်မျက်၀န်းတွေနှင့်ကြည့်နေပြီး ပုံရိပ်ကိုတော့အားနာသည့်မျက်၀န်းတွေနှင့် ကြည့်လာသည်။
ပုံရိပ်ကတော့ ရင်ထဲမှာဒေါသအပူလှိုင်းထသွားသည်။သူပုံရိပ်ကို တော်တော်အထင်သေးတာပဲ။
မဟုတ်ဘူး သူ့ရုပ်ကိုကြည့်ရုံနဲ့သိနိုင်တာက သူဟာသူ့ထက်အဆင့်နိမ့်တဲ့လူတိုင်းကို အထင်သေးနေတာ။အဲ့ဒီ့အဆင့်တစ်က သူအမြဲရနိုင်မဲ့အရာလား။
အခြားသူတစ်ယောက်ကလုယူမသွားနိုင်ဘူးလား။
ကိုယ့်ကိုကိုယ် အရမ်းတော်တတ်နေပြီထင်နေပုံပဲ။
စာသေချာလုပ်ရင်ဘယ်သူမဆို အဆင့်(၁)ရအောင်လုပ်နိုင်တာပဲ။သူတစ်ယောက်တည်း လုပ်နိုင်နေသလို မာနကြီးနဲ့ တော်တော်အမြင်ကပ်ဖို့ကောင်းတယ်။
စိတ်ထဲမှာ အလိုလိုဖြစ်တည်လာတဲ့ ခံစားချက်တစ်ခုရှိနေသည်။ပုံရိပ် သူနဲ့ပြိုင်ချင်တယ်။သူ့ကိုနိုင်ချင်တယ်။စာမေးပွဲမှာသူ့ထက်သာအောင် လုပ်ပြချင်တယ်။သူ့ကို အောင်နိုင်သူအပြုံးနဲ့ပြန်ချေပချင်တယ်။ သူ့ရဲ့မာနတွေကို လက်ဖဝါးထဲမှာ ချေပစ်လိုက်ချင်တယ်။အဲ့ဒီ့မျက်လုံးတွေကနေ နောက်တစ်ခါအထင်သေးတဲ့အကြည့်နဲ့ မကြည့်ရဲအောင်ပညာပြချင်တယ်။ပုံရိပ်လုပ်နိုင်ပါ့မလား။
တစ်ခါမှ မတွေးတောဘူးတဲ့အဆင့်(၁)ဆိုတဲ့တံခါးကို ပုံရိပ်ဖွင့်နိုင်ပါ့မလား။
ဖွင့်နိုင်တယ်။ကျိန်းသေပေါက်လုပ်နိုင်တယ်။
သူလည်းလူ ကိုယ်လည်းလူပဲ။ယောက်ျားလေးဖြစ်လို့ ဦးနောက်နှစ်ခုအပိုပါတယ်ရယ်လို့မှမရှိတာ။
သူကတွက်စာမှာ အားနည်းတယ်။ပုံရိပ်ကတွက်စာမှာအားသာတယ်။ဒီလိုဆိုတော့ သူ့မှာလည်းအားနည်းချက်ရှိသေးတာပဲ။ပုံရိပ်မှာလည်း အားသာချက်တွေရှိတာပဲ။
အကောင်းမြင်စိတ်နှင့် မကောင်းမြင်စိတ်နှစ်ခုကို ယှဉ်တွဲကာကူးကလန်ခပ်လိုက်ပြီးနောက် ထိုင်နေရာမှ ထရပ်ပစ်လိုက်သည်။
သူ့မျက်လုံးထဲအထိ စူးနင့်စွာကြည့်ပစ်လိုက်သည်။
သူကလည်း သူ့ရဲ့နဂိုမူလ ခနဲ့သည့်အကြည့်တွေနဲ့ မမှိတ်မသုန်ပြန်ကြည့်သည်။
အကြည့်ချင်းပြိုင်နေသလို ဖြစ်နေသောပုံရိပ်တို့ကို မျက်နှာငယ်လေးနဲ့ ကြားထဲမှာငုတ်တုတ်ထိုင်၍ကြည့်နေရှာသော ယမင်းရွှေကတော့ ခေါင်းတကုတ်ကုတ်နဲ့စိတ်ညစ်နေလေသည်။
"နင်စောင့်ကြည့်နေလိုက် ငါလည်းအဆင့်(၁)
ရအောင်လုပ်ပြမယ်...အဲ့ဒီ့အချိန်ကြမှ...နင်ထိုင်ငိုမနေနဲ့..."
"စိန်လိုက်လေ...နင်အဆင့်တစ်ရရင် ငါတစ်ခါတည်းကျောင်းပါပြောင်းပေးလိုက်မယ်...
အဆင့်(၅၀)ကနေ ထိပ်ဆုံးနေရာကိုဘယ်လိုကျော်တက်မလဲ စောင့်ကြည့်ရတာပေါ့...
ကြည့်လည်းလုပ်အုံးနော်..
လူကောင်ကသေးရတဲ့အထဲ
မနိုင်၀န်ထမ်းပြီး ပိပြားနေအုံးမယ်..ဘိတ်ချေးလေး"
"နင်ဘာပြောတယ်..."
ရီပို့ကဒ်ကိုယူပြီး အရှေ့ဆုံးအတန်းမှာ ပြန်သွားထိုင်နေသည့်သူ့ကို မိန်းကလေးအတန်းနဲ့နောက်ဆုံးခုံမှနေ၍ ပုံရိပ်ဒေါသထွက်နေမိသည်။
"ဘိတ်ချေး.."တဲ့ ဒါပုံရိပ်ကိုတမင်ဆော်ကားပြီး စကားနိုင်လုခဲ့တာ။
အရင်လိုစိတ်မျိုးဆို ခုံပေါ်ကတစ်ခုခုကိုကိုင်ပြီး ကောက်ပေါက်ပစ်လိုက်တာကြာရောပေါ့။
ယမင်းကတော့ "သူ့အစ်ကိုကအဲ့လိုပဲ အပြောမတတ်ဘူး...သဘောတော့ကောင်းပါတယ်"
ဆိုပြီး ဖြန်ဖြည်ပေမဲ့ ပုံရိပ်ကတော့လုံး၀မကျေနပ်ဘူး။စိန်နားကပ်အရောင်နဲ့ ပါးပြောင်နေတဲ့ကောင်လို့ပဲ မြင်တယ်။မိဘကပိုက်ဆံရှိတိုင်း အလကားနေသူများကို အထင်သေးပြီ မာန်မာနထောင်လွှားနေတာ။သူ့အစွယ်တွေကို တစ်နေ့ကြရင် ရိုက်ချိုးပြမယ်လို့ ကျိန်းဝါးလိုက်သည်။
"ဟိန်းဇေယျာထက်...ငါနင့်ကိုနိုင်စေရမယ်..."
ထိုနေ့ကစပြီး ပုံရိပ်ရဲ့ရင်ထဲမှာ ယှဉ်ပြိုင်လိုစိတ်တွေ အားသန်လာခဲ့တယ်။အဒေါ့်ကို"စာကြိုးစားပါ့မယ်လို့.."ကတိပေးပြီးတဲ့အချိန်အထိ နောက်ထပ်စာမေးပွဲတိုင်းမှာ အမှတ်ကောင်းအောင် လုပ်ဖို့လောက်ပဲ တွေးထားခဲ့မိတယ်။
ဒါပေမဲ့ အခုတော့တစ်ခါမှမမက်ခဲ့ဘူးတဲ့
အဆင့်(၁)ဆိုတဲ့အိပ်မက်ကို ညတိုင်းမက်ရပေတော့မည်။
ပုံရိပ်ကသူများလို ကျူရှင်မတတ်နိုင်ဘူး။အချိူ့ကျောင်းသားတွေက ကျောင်းကျူရှင်ကို တတ်ကြပြီး အချို့ကအပြင်ကျူရှင်ကို တတ်ကြတယ်။ယမင်းတို့မောင်နှမကတော့ အိမ်မှာဂိုက်ဆရာခေါ်သင်တယ်လို့ဆိုတယ်။အင်္ဂလိပ်စာဆိုလည်း အင်္ဂလိပ်ဆရာသီးသန့်ခေါ်သင်တာဆိုပြီး ယမင်းပြောပြလို့သိခဲ့ရတယ်။
ဒါတောင် ယမင်းကသုံးဘာသာကျဖြစ်အောင်
ကျတယ်။ယမင်းတစ်ခါကပြောခဲ့ဖူးတယ်။
သူကစာတွေကို မှတ်နိုင်စွမ်းအားနည်းသူပါတဲ့။
တစ်နည်းပြောရရင်တော့ ဉာဏ်ထိုင်းတယ်လို့
ပွင့်ပွင့်လင်းလင်းရင်ဖွင့်ရှာတယ်။
အိမ်မှာဆိုရင် သူ့အဖေက သူ့အစ်ကိုကိုပဲအမြဲချီးကျူးတတ်လို့ အရမ်းအားငယ်တာပဲဆိုပြီးပြောတယ်။အမှန်မှာတော့ သူတို့နှစ်ယောက်ဟာ မောင်နှမအရင်းတွေမဟုတ်ဘဲ ယမင်းကမွေးစားသမီးဖြစ်တယ်။
ဟိန်းဇေယျာထက်ရဲ့မိခင်ဟာ သူ့သူငယ်ချင်းတို့လင်မယား ယာဉ်တိုက်မှုဖြစ်ပြီး ဆုံးပါးသွားခဲ့ပြီးနောက် ယမင်းကိုခေါ်ယူမွေးစားခဲ့တယ်။ထိုအချိန်က ယမင်းဟာအသက်ရှစ်နှစ်သာ
ရှိပါသေးတယ်။ဟိန်းဇေယျာထက်က ယမင်းထက်တစ်လကြီးတာကြောင့် သူတို့ဟာသူများမောင်နှမတွေလို အခေါ်အဝေါ်တွေလည်း ကွဲပြားသလို ရင်းနှီးမှုလည်း သိပ်မရှိကြဘူး။
ထိုနေ့က အိမ်ကိုပြန်ရောက်ရောက်ခြင်း
အဒေါ့်ကိုအနည်းငယ်ကူညီပြီးနောက် ကျောင်းသုံးစာအုပ်ကိုသာ ပြေးကိုင်မိသည်။
စာလုပ်ရမယ်ဆိုသည့် အတွေးကလည်းဦးနောက်ထဲတွင် အကြိမ်ပေါင်းများစွာသံပတ်ပေးနေခဲ့သည်။တစ်ယောက်တည်း ကြိုးစားနေတဲ့အချိန်မှာမသိသာပေမဲ့ ပြိုင်ဘက်ပေါ်လာတဲ့အခါ ပုံရိပ်ရဲ့နေ့တွေညတွေဟာ စိတ်အားထက်သန်စွာ အဓိပ္ပာယ်အပြည့်နဲ့ လည်ပတ်နေခဲ့သည်။
ကိုယ်တိုင်သတိမထားမိပေမဲ့ ဘေးကကြည့်နေတဲ့အဒေါ်ကတော့ ပုံရိပ်ရဲ့ပြောင်းလဲလာမှုကို သဘောကျပုံရတယ်။
ပုံရိပ်ကို ခဏခဏအရိပ်အကဲကြည့်ပြီးပြုံးရှာတယ်။
အစကတော့ အနိုင်ရလိုဇောကို စိတ်မှာပိုက်ပြီးစာကျက်ခဲ့တာမှန်ပေမဲ့ နောက်ပိုင်းမှာစာလုပ်ရတာကို ထမင်းစား၊ရေသောက်သလို သဘောထားမိလာတယ်။အကြောင်းကတော့ ထမင်းစားချိန်တွေမမှန်တော့သလို ရေသောက်ချိန်လည်း မမှန်ဖြစ်လာရလို့ပါပဲ ။
စာကျက်ရင်းနဲ့ တစ်ခါတစ်လေဆယ့်နှစ်နာရီထိုးသွားတတ်ပြီး တစ်ခါတစ်ရံ တစ်နာရီထိုးလောက်မှ အိပ်ရာ၀င်လေ့ရှိတယ်။
ညဉ့်နက်လို့အရမ်းအိပ်ချင်လာတဲ့အခါမျိုးဆိုရင် အိမ်ပေါ်မှာခြေသံကို ခပ်ဖွဖွနင်းပြီး တစ်ခုတည်းသော ကျောက်ရေကန်ဆီသို့သွားကာ
မျက်နှာသစ်ရုံတင်မကပဲ ရေခွက်ထဲမှာပါမျက်နှာကို စက္ကန့်ပိုင်းလောက်နှစ်ထားလိုက်မိတယ်။
လက်တွေ၊ခြေတွေကိုပါ ရေလောင်းချလိုက်တဲ့အချိန် ရေသံကြား၍အခြားအိမ်ကလူတွေ နိုးသွားမှာလည်း စိုးရိမ်ရသေးသည်။
ပုံရိပ်ဟာ နှစ်စတည်းကစာကိုသေချာမလုပ်ခဲ့တဲ့လူဖြစ်တာကြောင့် ကျောင်းခန်းထဲမှာသေချာ
နားမထောင်ခဲ့တဲ့စာတွေက အခုမှစိတ်ဒုက္ခပြန်လာပေးနေသည်။ကိုယ့်ဘာသာပြန်လေ့လာနေရသလို ဖြစ်နေတာကြောင့် မသိတာတွေလည်းများလာခဲ့သည်။
ကိုယ်ကကျူရှင်တတ်သူလည်းမဟုတ်သလို အိမ်ကလူတွေထဲမှာလည်း သင်ပြတတ်သူမရှိတော့ ကျောင်းကဆရာမတွေကိုပဲ ပြန်မေးဖို့လုပ်ရသည်။
"ဆရာမသမီး ဒီအခန်းလေးမေးချင်လို့..."
"ဆရာမ..အစည်းအဝေးရှိလို့ပြန်လာမှနော်သမီး.."
ဓာတုဗေဒဆရာမကို သတ္တိတွေမွေးပြီးစာမေးဖို့လုပ်မိပြန်တော့ အစည်းအဝေးရှိလို့ဆိုပြီး
ထွက်သွားလေရဲ့။ရူပဗေဒကြပြန်တော့လည်း အပေါက်ဆိုးတဲ့ဆရာမဖြစ်လို့မမေးရဲပြန်ဘူး။တစ်ခါက လပတ်စာမေးပွဲမှာ ရူပဗေဒကျတဲ့ကောင်မလေးဟာ ဆရာမကိုသူ့ရဲ့ပုစ္ဆာဘာကြောင့်မှားသလဲဆိုတာ တိတ်တိတ်လေးသွားမေးခဲ့တယ်။ရလဒ်ကတော့ ဆရာမဟာ ကောင်မလေးရဲ့အမှားကိုကျောင်းသားတွေအားလုံးအရှေ့မှာထောက်ပြပြီး ကောင်မလေးရဲ့ ပုစ္ဆာမှာတလွဲဖြစ်အောင်တွက်ထားတဲ့ ဖော်မြူလာကိုရွတ်ပြ တော့ ဆရာကြီးများအဖွဲ့က ထရယ်ကြပါလေရော။
လွယ်ကူလွန်းတဲ့ ဖော်မြူလာကိုတောင် နင်တို့တွေမှားဖြစ်အောင်မှားတယ်ဆိုကာ ကောင်မလေးကိုနမူနာထားပြီး တစ်တန်းလုံးကိုဆူပစ်လိုက်တယ်။
အတန်းသားအချင်းချင်းရဲ့ လှောင်ပြောင်မှုကို
ခံလိုက်ရတဲ့ ကျောင်းသူလေးကတော့
နောင်ဘယ်တော့မှ အတန်းအရှေ့ကိုထွက်ပြီး
စာမေးရဲတော့မယ်မထင်ဘူး။စာသင်ခန်းဆိုတာ အသိဉာဏ်ပညာကို ဖွံ့ဖြိုးတိုးတတ်အောင် လုပ်ပေးသည့်နေရာ၊ ဆယ်ကျော်သက်လူငယ်လေးတွေကို စိတ်ဓာတ်ခွန်အားပေးတဲ့ နေရာလို့ထင်ထားခဲ့မိပေမဲ့
တစ်ခါတစ်လေမှာတော့ ဒီနေရာမှာတင်
စိတ်အားငယ်မှုတွေ၊ကြောက်စိတ်တွေ
စတင်သွတ်သွင်းခံလိုက်တတ်တယ်။
ဆရာတိုင်းကို ဆိုလိုခြင်းမဟုတ်ပေမဲ့ အချို့ဆရာတွေရဲ့လုပ်ရပ်က ကျောင်းသားတွေကိုပိုပြီးစိတ်အားငယ်စေတယ်။
ဆရာမကတော့ တစ်နေ့တာလုံးစိတ်ရှုပ်နေတဲ့ ပင်ပန်းမှုတွေကြောင့် သူလုပ်လိုက်တဲ့အရာကိုသတိမထားလိုက်မိပေမဲ့ကောင်မလေးကတော့ သူထိုင်တဲ့အတန်းမှာမျက်ရည်ဝဲပြီး ခေါင်းမှောက်ကာငိုသွားရှာတယ်။ဆရာမကတော့ ဘယ်သိပါ့မလဲ။
သေချာတာကတော့ ပုံရိပ်ကိုယ်တိုင်လည်း ဒီဆရာမကို စာမမေးရဲတော့ဘူး။
ဒီတော့ စာအုပ်ထဲမှာ ရှိသမျှကိုနားလည်လည်
မလည်လည်အလွတ်သာ ကျက်ပစ်လိုက်တယ်။
သူများကို မမေးနေတော့ဘူး။လမ်းသွားရင်လည်း စာလုပ်ဖြစ်သလို ထမင်းစားရင်ဖြစ်ဖြစ်
ဘယ်နေရာ၊ဘယ်အချိန်မျိုးမှာမဆို စာအုပ်တွေဟာ ပုံရိပ်ရဲ့အဖော်ဖြစ်လာခဲ့တယ်။
ဒီလိုနဲ့ နောက်ထပ်လပတ်စာမေးပွဲတစ်ခု ပြီးမြောက်သွားခဲ့ပြန်တယ်။စာကို နေ့မနား၊ညမနားကြိုးစားခဲ့ပေမဲ့ လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့ ခံစားနေရတုန်းပဲ။ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်အ၀မရှိသေးဘူး။အမှားကို ထောက်ပြပေးမဲ့သူမရှိတော့ ကိုယ်လုပ်တာအားလုံးကို မှန်တယ်လို့ တော့ တထစ်ချယုံကြည်ထားမိတယ်။
ဟိန်းဇေယျာထက်ကတော့ ပုံရိပ်ရဲ့ဘေးနားကနေ ဖြတ်သွားတိုင်း
"ဘိတ်ချေးလေး..."ဆိုပြီး နောက်ပြောင်သွားတတ်တယ်။ထိုအချိန်မျိုးဆိုရင် သူ့ကိုအနိုင်ယူချင်တဲ့ စိတ်တွေကပိုးနိုးကြားနေတတ်တယ်။
သူကပုံရိပ်ရဲ့ စိတ်ကိုလာလာဆွနေခဲ့တာ။
သူ့မျက်နှာကိုမပြောနဲ့ သူ့ရဲ့အရိပ်ကိုမြင်ရင်တောင် အလိုလိုအမြင်ကပ်နေမိတယ်။
စိတ်ရှိတိုင်းသာဆိုရင် သူ့နောက်ကျောကိုပြေးကန်ပစ်လိုက်ချင်တယ်။
ယမင်းရွှေကတော့ သူ့အစ်ကိုဟာအရင်ကဒီလိုမဟုတ်ပါဘူးလို့ ပုံရိပ်ကိုပြောလေ့ရှိတယ်။
ကြည့်ရတာတော့ အဆင့်(၁)လေးရနေလို့
လေပေါ်ကနေမဆင်းတော့တာပဲ ဖြစ်လိမ့်မယ်။
ကြည့်နေလိုက်စမ်းပါ ။
မြောက်ကြွ မြောက်ကြွဖြစ်နေတတ်တဲ့
နင့်ကိုဆွဲချပြီး ထိပ်ကိုပိတ်ထုပြမယ်။
ပြီးရင် နင့်ရဲ့အရိုးကိုငါသွားကြားထိုးပြမယ်
အကောင်စုတ်။
"ပုံရိပ်...ရီပို့ကဒ်လာယူ...."
ဟိုကောင် ဟိန်းဇေယျာထက်ကိုစိတ်ကူးထဲမှာနှိပ်စက်နေမိရာမှ ဆရာမရဲ့ခေါ်သံကြောင့်ရင်တွေပန်းတွေပါ တုန်သွားရသည်။
အတန်းအရှေ့ဆုံးရှိ ဆရာမဆီကိုသွားနေမိတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း ခြေထောက်နဲ့မြေကြီးက ထိနေတယ်လို့ မခံစားမိဘူး။လက်တွေ၊ခြေထောက်တွေအားလုံး ထုံကျဉ်လာပြီး အေးစက်လာသည်။
စိတ်ထဲကနေ စားမေးပွဲဖြေခဲ့စဉ်က အဖြေလွှာပေါ်မှာ ဖြေခဲ့မိတဲ့အမှားတွေကို ပြန်တွေးနေမိတဲ့အခါ အဆင့်(၁)ဆိုတဲ့ဂဏန်းလေးနဲ့ ပို၍ဝေးလို့လာခဲ့သည်။ကျောင်းသားတစ်ယောက်ဟာ ကိုယ့်ရဲ့စာမေးပွဲရလဒ်ကို ကိုယ်တိုင်ခန့်မှန်းနိုင်ပါတယ်။
ရီပို့ကဒ်ကို ဆရာမဆီကနေယူလိုက်ပြီး ကိုယ့်ခုံပေါ်ကို ချလိုက်သည်အထိ ပုံရိပ်ဖွင့်မကြည့်ရဲသေးဘူး။
"ဟိန်းဇေယျာထက်..ရီပို့ကဒ်လာယူပါ...
သားကအဆင့်(၁)ရတယ်..."
အဆင့်တစ်ရကြောင်းကို တစ်တန်းလုံးကြားအောင်ဆရာမက အော်ပြောလိုက်သည်။ခေါင်းငုံ့နေမိရာမှ အတန်းအရှေ့ကိုကြည့်လိုက်မိတော့ သကောင့်သားက ရီပို့ကဒ်ကိုယူရင်း ပုံရိပ်ကိုမျက်ခုံးတွန့်ပြသွားသည်။သူဟာ အောင်နိုင်သူပေါ့ဆိုသည့် အပြုံးကလည်း ပူးတွဲကပ်ပါလာသည်။အဆင့်တစ်က
သူဆိုတော့ ပုံရိပ်ရဲ့ရီပို့ကဒ်ကို ကြည့်စရာတောင်လိုတော့မယ်မထင်ဘူး။အဆင့်တစ်ဆယ်အတွင်း၀င်ရဲ့လားဆိုတာ သိချင်တာကြောင့် ရီပို့ကဒ်ကိုဖွင့်ကြည့်လိုက်မိတော့ ပို၍စိတ်ဓာတ်ကျသွားရသည်။
"ပုံရိပ်...နင့်ကအဆင့်(၂၀)လား...ကြည့်အုံးနင့်အမှတ်တွေလည်း တက်လာတယ်...ငါကတောင်တစ်ဘာသာကျသေးတယ်...အဖေတော့ဆူတော့မှာပဲ...ငါ့အစ်ကိုကအဆင့်တစ်ဆိုတော့...တွေးရင်းနဲ့တောင် ခေါင်းကြိမ်းလာပြီ....အိမ်ကိုတောင်မပြန်ချင်တော့ဘူး...အဖေကအစ်ကိုနဲ့ယှဉ်ပြီး ငါ့ကိုအမြဲဆူနေတာ...."
"ယမင်း...နင်တိတ်တိတ်နေပေးလို့မရဘူးလား...
ငါစိတ်ရှုပ်နေလို့ပါ...."
ယမင်းကိုလေသံမာလိုက်မိပြီး ကိုယ့်နားထင်ကြောကိုလက်နှစ်ဖက်နှင့် ထောက်ကာ ရီပို့ကဒ်ကိုစိုက်ကြည့်နေမိသည်။ငါဘာတွေမှားသွားခဲ့တာလဲ။
အင်္ဂလိပ်စာမှာ ပိုပြီးအမှတ်နည်းနေခဲ့တယ်။
အခြားဘာသာတွေလည်း ဂုဏ်ထူးမှတ်ထိ တစ်ခုမှမရဘူး။
ကိုယ့်ဘာသာ ဖြေနိုင်တယ်ထင်ခဲ့ပေမဲ့ ဘာလို့အင်္ဂလိပ်က အောင်မှတ်ပဲကျော်ရတာလဲ။
အက်စေးတွေမဖြေလိုက်လို့များလား။
ဒါမှမဟုတ် ငါ့စိတ်ထဲမှာမှန်တယ်ထင်ပြီး ဖြေလိုက်မိတာက တကယ်တော့မှားနေခဲ့တာလား။
စာမေးပွဲခန်းထဲကနေ ထွက်လာရင်အခြားသူတွေက တစ်ယောက်နဲ့တစ်ယောက်အမှတ်တွေတိုက်နေကြချိန်မှာ ငါဘာလို့၀င်မပါမိခဲ့တာလဲ။
"ဘိတ်ချေးလေးကမဆိုးဘူးပဲ...အဆင့်(၅၀)ကနေ
(၂၀)ကိုခုန်တက်လာခဲ့တာပေါ့...ဆရာ့ကိုမှီဖို့တော့ ကြိုးစားလိုက်ပါအုံး...ပန်းပေးချင်ရင်ပေးလို့ရတယ်နော်..."
"နင်...ဘာလုပ်တာလဲ...."
ကိုယ့်အာရုံနဲ့ကိုယ်ဖြစ်နေတာကြောင့် ဘယ်အချိန်ကဘယ်လို ဟိုကောင်စုတ်အနောက်မှာ လာရပ်နေသလဲမသိလိုက်ပေ။ပုံရိပ်ကို ဆရာကြီးလေသံဖြင့် လာကြောသွားသည့်အပြင် ခေါင်းကိုတောင်
စနောက်ပြီး လာပုတ်သွားသည်။အံကိုတင်းနေအောင် ကြိတ်လိုက်ပြီ သူ့နောက်ကျောကိုစူးရဲစွာကြည့်လိုက်သည်။
ငါနင့်ကို နိုင်အောင်လုပ်ပြမယ် ဟိန်းဇေယျာထက်။
ဒီတစ်ကြိမ်မရရင် နောက်တစ်ကြိမ်နိုင်အောင်လုပ်ပြမယ်။"ပန်းပေးတယ်..."ဆိုတာ ကျောင်းသားတွေရဲ့ပါးစပ်ဖျားမှာ ရှုံးရင်၀န်ခံနေကြစကားလုံးဆိုပေမဲ့
ငါနင့်ဆီမှာတော့ ဘယ်တော့မှဒီစကားကိုပြောမှာမဟုတ်ဘူး။ငါ့ကိုလှောင်ပြီး ပေါက်ကရတွေလျှောက်ခေါ်တဲ့ နင့်ပါးစပ်ကနေ "ငါနိုင်သွားပါပြီ.."ဆိုတဲ့ စကားမျိုးပြောထွက်လာစေရမယ်။
ငါကနင်တို့လို ငွေသုံးပြီးပညာသင်ပေးမဲ့ဆရာကို
မခေါ်နိုင်ပေမဲ့ ငါ့အားငါကိုးပြီး အတန်းရဲ့ထိပ်ဆုံးမှာ ငါရပ်ပြမယ်။
ကျောင်းပိတ်ရက်ကိုရောက်လာတဲ့အခါမှာ အဒေါ်ကငရုတ်သီးခြွေတဲ့ စက်ရုံမှာနေ့စားသွားလုပ်မယ်ဆိုတော့ ပုံရိပ်ပါလိုက်ဖို့ခွင့်တောင်းပြီး လိုက်သွားခဲ့တယ်။ထွန်းကိုကတော့ သူ့ညီမလေးကို သူထိန်းနိုင်တယ်လို့ဆိုတာကြောင့် အိမ်ရှေ့နဲ့ခြံထဲမှာပဲ ဆော့ကြဖို့နဲ့ အဝေးကြီးကိုလျှောက်မသွားကြဖို့ မှာထားခဲ့ရတယ်။အိမ်မှာထမင်းတွေ ဟင်းတွေချက်ထားခဲ့သည့်အတွက် ကလေးတွေထမင်းဆာရင်လည်း အဆင်သင့်ဖြစ်လေသည်။
ငရုတ်သီးခြွေတဲ့ စက်ရုံဟာပုံရိပ်ထင်ထားတာထက်ပိုကျယ်သည်။သူလို၊ကိုယ်လိုလာရောက်လုပ်ကိုင်သူတွေလည်း အများသားမို့အားတော့တက်မိသည်။
ပုံရိပ်အနေနဲ့ဆိုရင် ဒါပထမဆုံးအပြင်အလုပ်ကိုလုပ်ဖူးခြင်းပါပဲ။အဒေါ်ကလည်း သူများကအဆွယ်ကောင်း၍ နေ့စားလုပ်ဖို့ဖြစ်လာခဲ့ခြင်းပင်။
ငရုတ်သီးတွေကို တမံသလင်းပေါ်တွင်ပုံချလိုက်ပြီး ဝိုင်းထိုင်ကာ လက်ဖြင့်ခြွေကြရသည်။
အညှာလေးကို ချိုးပြီးခပ်မြန်မြန်လေးလုပ်ရသည့်အလုပ်ဖြစ်လို့ ပုံရိပ်အဖို့ သိပ်ကျင့်သားမရဘူးဖြစ်နေသည်။
သူများကတစ်ဆယ်သားလောက်ရရင် ပုံရိပ်က
ငါးကျပ်သားတောင် မရချင်ပေ။ငရုတ်သီးအနံ့ကလည်း တအားမွှန်နေတာကြောင့် မျက်လုံးတွေစပ်လာပြီး မျက်ရည်တောင်ကျချင်သည်။
သို့ပေမဲ့ ပုံရိပ်ဆိုတဲ့မိန်းမကဘယ်သူမှတ်လို့လဲ။
ဟိုတလောက ပညာရေးဆောင်းပါးစာအုပ်ဟောင်းထဲမှာ ဖတ်လိုက်ရတဲ့ဆရာဇော်ဂျီရဲ့ ကဗျာထဲကလို
"ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ..."လို့ ကိုယ့်ဘာသာညီးတွားလိုက်မိတယ်။
ပုံရိပ်ဒီကို လိုက်လာရတဲ့ရည်ရွယ်ချက်က နေ့စားခ
ရရင်တစ်၀က်ကို အဒေါ့်ကိုပေးပြီး တစ်၀က်ကိုအင်္ဂလိပ်စာ အထူးထုတ်၀ယ်ချင်၍ဖြစ်သည်။
ပုံရိပ်မှာ အစိုးရကထုတ်ပေးတဲ့ ကျောင်းသုံးစာအုပ်တွေကလွှဲပြီး သူများတွေလို အထူးထုတ်တို့ ကျူရှင်ကပေးတဲ့စာရွက်တို့ဆိုတာ တစ်ခုမှမရှိဘူး။
အဒေါ့်ကိုလည်း အပူမကပ်ချင်ဘူး။
အိမ်လခနဲ့ စားစရိတ်အပြင် မီးဖိုး၊ရေဖိုးကလည်း ကုန်ကျသေးသည်မဟုတ်ပါလား။
အငယ်လေးတွေကလည်း မုန့်စားတဲ့အရွယ်လေးတွေဆိုတော့ မုန့်ဖိုးကတစ်နေ့နှစ်ရာဆီပေးရသေးသည်။နှစ်ယောက်ဆိုတော့ တစ်လကိုတစ်သောင်းကျော်နေလေပြီ။ဒေါ်လေးတစ်ယောက်ထဲရဲ့ လုပ်စာက တစ်နေ့ကိုတစ်သောင်းတောင် ပုံမှန်မ၀င်ဘူး။
ဒီကြားထဲမှာ နေမကောင်းလို့ဆေးဖိုးဆိုတာတွေပါ ထပ်ဆင့်လာတော့ ဒေါ်လေးရဲ့နေရာမှာ ပုံရိပ်သာဆို စိတ်ဖိစီးလွန်းလို့ရူးသွားနိုင်လောက်သည်။
မိဘမောင်ဘွားအရင်းဆိုလို့ ပုံရိပ်ရဲ့အမေကလည်း ဘယ်ဆီကိုရောက်လို့ရောက်နေမှန်းမသိဘူး။
နယ်မှာရှိတဲ့ မောင်နှမ၀မ်းကွဲတွေကို အားကိုးမိပြန်တော့လည်း ဆင်းရဲလွန်းတဲ့တစ်ခုလတ်မကို ဘယ်သူမှအချေးအငှားမလုပ်ပေးချင်ကြဘူး။
ဆွေမျိုးတွေကြားမှာ အဒေါ်ဟာအပယ်ခံဖြစ်နေရပေမဲ့ ပုံရိပ်အတွက်တော့ အင်မတန်မြင့်မြတ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် အမျိုးသမီးကြီးတစ်ယောက်ပါပဲ။
ငရုတ်သီးခြွေနေရင်းနှင့် အဒေါ့်ကိုကြည့်လိုက်မိတော့ လက်မှာစက်တပ်ထားသည့်နယ် မြန်လိုက်သည့်ဖြစ်ခြင်း ။ပုံရိပ်လိုဖင်ချထိုင်ပြီး အေးဆေးခြွေနေတာမျိုးမဟုတ်ပဲ ဆောင့်ကြောင့်ထိုင်ပြီးတော့ကို အားပါပါနဲ့ခြွေနေခြင်းဖြစ်သည်။ဒီပုံအတိုင်းဆိုရင် ဒီနေ့အတွက် အဒေါ့်ရဲ့နေ့စားခက အများဆုံးဖြစ်သွားနိုင်တယ်။ဒါဆို အဆင့်အနေနဲ့တွက်မယ်ဆိုရင် အဒေါ်ကအဆင့်တစ်ပေါ့။အဒေါ့်ကိုဒီလိုလျှင်မြန်သွက်လက်ပြီး စိတ်အားထက်သန်နေစေဖို့
ဘာကတွန်းအားပေးနေတာလဲ။ကျွမ်းကျင်မှုလား။အတွေ့အကြုံလား။ရင့်ကျက်မှုလား။
ဟိန်းဇေယျာထက်ကိုရော အတန်းထဲမှာအဆင့်တစ်ရအောင် ကြိုးစားဖို့ဘာကတွန်းအားပေးနေခဲ့တာလဲ။သေချာစဉ်းစားကြည့်ရင် အတန်းထဲမှာ
အိမ်မှာဂိုက်ဆရာခေါ်သင်တာက သူတို့မောင်နှမနှစ်ယောက်တည်းမှ မဟုတ်ပဲ။ဒါပေမဲ့ နောက်ဆုံးမှာသူတစ်ယောက်တည်းသာ ထိပ်ဆုံးမှာရပ်တည်နေခဲ့တယ်။အခြားလူတွေကဘာကြောင့် အဆင့်တစ်မရကြတာလဲ။ ကံကြောင့်များလား။သူကျက်တဲ့စာတွေက ကံကောင်းပြီးအကုန်ပါလာလို့များလား။
ဒါလည်းမဟုတ်ပြန်ဘူး။စာမကျက်ရင် ဘာမေးမေးဖြေနိုင်မှာမဟုတ်ဘူး။ကံကြောင့် သူကျက်လာတာနဲ့
မေးတဲ့မေးခွန်းနဲ့တိုးသွားလို့ အဆင့်တစ်ချိတ်တယ်ဆိုရင်တောင် တစ်ခါပေါ့။အခုကနှစ်ကြိမ်ဆက်တိုက်ဖြစ်နေတယ်။နောက်လရော သူပဲအဆင့်တစ်ရမှာလား။ဒီအတွေးတစ်ခုကိုတော့ ငရုတ်သီးခြွေရင်းနဲ့ ခေါင်းကိုသာခါပစ်လိုက်သည်။
ဘာကြောင့်လဲဆိုရင် နောက်လအတွက်အဆင့်တစ်က ပုံရိပ်ယူမှာဖြစ်လို့ပဲ။
အခုလောလောဆယ်မှာတော့ အဆင့်တစ်ရဖို့မပြောနဲ့ ငရုတ်သီးခြွေတာတောင် "ဘိတ်ချေး"ဖြစ်နေသည်။ဟိန်းဇေယျာထက် ဖတ်လိုက်တဲ့နိမိတ်က ငရုတ်သီးစက်ရုံအထိ ပါလားသလားမှတ်ရတယ်။
လက်တွေဆိုတာလည်း ထူပူလာလွန်းလို့ ထတောင်ခုန်ချင်သည်။ဒါပေမဲ့ ပုံရိပ်ရပ်တန့်မပစ်ဘူး။
နည်းနည်းပဲလုပ်နိုင်လုပ်နိုင် များများပဲလုပ်နိုင်လုပ်နိုင် သတ်မှတ်ထားတဲ့အချိန်အထိ ကြိုးစားပြီးလုပ်သွားမည်ဟု တွေးလိုက်သည်။
ညနေလေးနာရီထိုးတွင် နေ့စားအလုပ်သမားတစ်ယောက်ဆီဟာ ကိုယ်ခြွေပြီးထည့်ထားသည့် ငရုတ်သီးအိတ်တွေကို ဒစ်ဂျစ်တယ်လ်ချိန်စက်ပေါ်သို့ တင်၍ချိန်ကြရသည်။များများပြီးတဲ့လူကတော့ ပိုက်ဆံများများရတာပေါ့လေ။
အဒေါ်ကတော့ ရှစ်ထောင်တိတိရပြီး ပုံရိပ်ကတော့လေးထောင်သာရသည်။အဒေါ့်ရဲ့တစ်၀က်ပေါ့။ဒါပေမဲ့ပုံရိပ်ပျော်တယ်။ကိုယ့်ရဲ့ပထမဆုံးရတဲ့လုပ်အားခလေးနဲ့ စာအုပ်၀ယ်နိုင်တော့မှာဖြစ်လို့ပါပဲ။ထိုနေ့က အိမ်ကိုပြန်ရောက်တာနဲ့ ရေတောင်
မချိုးတော့ပဲ ဈေးထဲကိုပြေးပြီး ကိုးတန်းအင်္ဂလိပ်စာအထူးထုတ်လေးကို ၀ယ်လိုက်သည်။
စာမျက်နှာတစ်ရွက်ချင်းဆီကို တယုတယလှန်လောကြည့်ရတာကပင် ပျော်စရာကောင်းနေသလိုပါပဲ။ပထမဆုံးသော လုပ်ခလစာလေးနဲ့ ၀ယ်ခွင့်ရတဲ့စာအုပ်လေးမို့ ပုံရိပ်အတွက်နောက်ထပ်တန်ဖိုးထားမိတဲ့ အရာတစ်ခုဆိုရင် မမှားနိုင်ပါဘူး။ထိုနေ့ကအခန်းတံခါးကိုပိတ်ပြီး စာအုပ်ထဲက အင်္ဂလိပ်သင်ရိုးတွေကိုည(၁၂)နာရီအထိ
ထိုင်ဖတ်ပစ်လိုက်သည်။
အခန်း(၉)ဆက်ရန်ရှိသည်.....
🌹ပုံရိပ်တကယ်အနိုင်ရမယ်လို့ထင်လား....🌹
#စာရေးသူ..ဆောင်းငွေ့ဝေ
=========================================
🔥ဆူးႀကိဳး🔥 *အခန္း(၈)*
ရာသီဥတု၏အပူရိွန္သည္လူကိုအင္မတန္ေနမထိထိုင္မသာျဖစ္ေစသည္။ဒီထပ္ဆိုးတာက အတန္းထဲတြင္ လူငါးဆယ္ေက်ာ္ေလာက္ စုထိုင္ရသည္ေၾကာင့္လူ႔ရဲ့အပူရိွန္ဟာ ပို၍စိတ္က်ဉ္းၾကပ္ေစသည္။
ဦးေခါင္းတၫ့္တၫ့္ရိွ မ်က္ႏွာက်က္တြင္
တပ္ဆင္ထားေသာ ပန္ကာဟာလည္း အခ်ိန္တိုင္းပ်က္ေနပါေသာ လ်ွပ္စစ္မီးေၾကာင့္ ခလုတ္ႏိွပ္လိုက္၍လည္း လာမည္မထင္ေပ။
စိတ္အိုက္လာ၍ စာအုပ္နဲ႔သာ အျပန္ျပန္အလွန္လွန္ယက္ခပ္ေနမိသည္။
"မာမာေဝ.."
နာမည္အေခၚခံလိုက္ရသၫ့္ ေက်ာင္းသူဟာကိုယ့္အတန္းေရ႔ွကတစ္ေယာက္ျဖစ္ေနတာေၾကာင့္
ကိုယ့္အလွၫ့္ကိုေစာင့္ရင္းႏွင့္ ခၽြေးေစးေတျြပန္ခ်င္လာသည္။ရီပို႔ကဒ္တစ္ခုဟာ ပံုရိပ္ကိုဒီေလာက္အထိ စိတ္ဖိစီးမႈ ေပးႏိုင္လိမ့္မယ္လို႔မထင္ထားခဲ့မိေပ။
အရင္ကဆိုရင္ "ငါကေက်ာင္းထြက္မဲ့သူပဲဟာ"
ဆိုၿပီး ရီပို႔ကဒ္ထဲကအမွတ္ေတြကိုစိတ္မ၀င္စားခဲ့ဘူး။အေဒါ့္ကိုလည္း ေတာ္ရံုျပန္ျပေလ့မရိွပဲ
အေဒၚထိုးေနၾက"သန႔္"ဆိုတဲ့ လတ္မွတ္ေလးကို ကိုယ္စားထိုးလိုက္ၿပီး ဆရာမကိုျပန္အပ္ခဲ့တာခ်ည္းပဲ။
အေဒၚသာသိရင္ စိတ္ဆိုးလိုက္မၫ့္ျဖစ္ျခင္း။
အေဒၚကလည္း သူ႔အလုပ္နဲ႔သူဒီေန့ေဈးဘယ္ေလာက္ရင္းလိုက္တယ္..ဘယ္ေလာက္ျမတ္တယ္...ဘယ္အိမ္မွာအ၀တ္ေလ်ွာ္တာ ဘယ္ေလာက္ရခဲ့တယ္ဆိုတာေတြနဲ႔တင္ တိုင္ပတ္ေနတတ္ေတာ့ ရီပို႔ကဒ္ကို ကိုယ္မွသတိတရမျပရင္
သူလည္း အမွတ္မရတတ္ဘူး။
အခုကေတာ့ အရင္နဲ႔မတူေတာ့ဘူး။စာႀကိဳးစားပါ့မယ္လို႔လည္း အေဒါ့္ကိုကတိေတြေပးထားၿပီးၿပီ။
သို႔ေပမဲ့ ဒီစာေမးပဲြကအေဒၚနဲ႔ေသခ်ာေလး စကားေျပာၿပီး ေနာက္တစ္ေန့မွာေျဖရတဲ့ လပတ္စာေမးပဲြျဖစ္လို႔ အမွတ္နည္းရင္ ဘယ္လိုလုပ္ပါ့မလဲ။
ကိုယ္က က်ူရွင္တတ္တဲ့လူမဟုတ္တဲ့အျပင္
စာေတြကို ႏွစ္စတည္းကေက်ေအာင္လုပ္ခဲ့သူ
မဟုတ္ဘူး။
စာေမးပဲြနီးမွ ပါႏိုင္ေခ်ရိွတာေတြနဲ႔ ဆရာမေတြ က်က္ဖို႔ေရြးေပးတာေလးေတြကိုပဲ လုပ္ေလ့ရိွတာ။ၿပီးရင္ ျပန္လည္းမေနြးပဲ ေမ့ပစ္လိုက္ေရာ။
ေမးခြန္းေတြမွာ အရင္အခန္းအေဟာင္းက
အီေကြးရွင္းေတြနဲ႔ ပုစၧာေတြပါရင္ ေက်ာ္ပစ္လိုက္မိတာပဲ။
ဒီေတာ့ အမွတ္ထြက္လာရင္ ေအာင္မွတ္သာသာေတြခ်ည္းပဲရေလ့ရိွတယ္။အဲ့ဒီ့ထက္လည္း တစ္ခါမွမေက်ာ္ခဲ့ဘူး။ ဘာပဲျဖစ္ျဖစ္ ဒီစာေမးပဲြကေတာ့ ထားလိုက္ပါေတာ့မယ္။ေနာက္ထပ္စာေမးပဲြေတြတိုင္းမွာေတာ့ အမွတ္ေကာင္းေကာင္းရေစရမယ္လို႔ ကိုယ့္ဘာသာက်ိန္ဆိုလိုက္မိတယ္။
"ပံုရိပ္....ရီပို႔ကဒ္လာယူ"
"ပံုရိပ္...နင့္ကိုေခၚေနတယ္ေလ..."
ေဘးနားမွ ယမင္းေရႊကထပ္ၿပီးသတိေပးလာသည္။ကိုယ့္ကိုေခၚေနမွန္းသိေပမဲ့ မထသြားပဲနဲ႔သတိလက္လြတ္ဆက္ထိုင္ေနမိခဲ့တယ္။
ေလးေနသၫ့္ စိတ္ကိုသက္ျပင္းခ်လ်ွက္သာ ေျဖေလ်ွာ့လိုက္မိသည္။ဆရာမ၏ လက္ထဲမွ
ရီပို႔ကဒ္ကိုယူၿပီးေပမဲ့ ပံုရိပ္ဖြင့္မၾကၫ့္ရဲေသးဘူး။
ထိုင္ခံုမွာ ျပန္ထိုင္ေနသည္အထိ ပံုရိပ္ရဲ့အၾကၫ့္က
ကတ္ထူအဖံုးေပၚမွာပဲ ရိွေနေသးတယ္။
"ပံုရိပ္ရယ္...ငါကေတာ့သံုးဘာသာက်တယ္...
နင္ေရာအကုန္ေအာင္လား..."
ယမင္းေရႊက ပံုရိပ္ရဲ့အနားသို႔ တိုးထိုင္ၿပီးရီပို႔ကဒ္ကို လာလွန္သည္။ပံုရိပ္လက္ကိုလႊတ္လိုက္မိသည္။
ရီပို႔ကဒ္ကို သူပဲလွန္ပါေစဆိုၿပီးေပါ့။ကိုယ္မေျဖႏိုင္ခဲ့တာကို ကိုယ္သိေနခဲ့ေတာ့ နည္းေနမဲ့အမွတ္ေတြကို သူမ်ားကို ကိုယ္တိုင္မျပခ်င္ဘူး။
"ပံုရိပ္...နင္ကအဆင့္၅၀ဟ အဂၤလိပ္နဲ႔ဘိုင္အို
က်တယ္..."
ကိုယ္တိုင္လည္း ရီပို႔ကဒ္ေပၚကအမွတ္ေတြကိုျမင္ေနရေပမဲ့ ယမင္းေရႊရဲ့ထပ္ၿပီးကာရံလိုက္တဲ့ အသံဆာဆာက ေလးလံေနသၫ့္ႏွလံုးသားကို ေက်ာက္ခဲတံုးႀကီးႀကီးနဲ႔ ပိတ္ေပါက္လိုက္သလို ခံစားလိုက္မိသည္။ေနာက္စာေမးပဲြမွာေတာ့ ပိုႀကိဳးစားရမယ္လို႔ေတြးၿပီး သက္ျပင္းေတြကိုသာ ႀကိတ္ခ်ေနမိသည္။ဒီရီပို႔ကဒ္ကို ခါတိုင္းလိုပဲအေဒါ့္ကိုမျပပဲ ကိုယ့္ဘာသာ လတ္မွတ္အတုထိုးလိုက္ရမလားလို႔လည္း အေတြးေရာက္လာျပန္သည္။
"ယမင္း...နင္အဆင့္ဘယ္ေလာက္ရလဲ...."
ပံုရိပ္တို႔ရဲ့ ခံုနားမွာလာရပ္ေနသၫ့္ ေက်ာင္းသားက
ယမင္းေရႊကို ေမးလိုက္သၫ့္စကားပင္။သူ႔ပံုစံက အရပ္ရွည္ၿပီး ခႏၶာကိုယ္ကပိန္သြယ္ကာ
တေျဖာင့္တည္းျဖစ္သည္။
မ်က္ခံုးေမႊးေကာင္းေကာင္းႏွင့္ ႏွာတံလံုးလံုးကိုပိုင္ဆိုင္ထားၿပီး ယမင္းေရႊလိုအသားအရမ္းမျဖဴေပမဲ့ အသားအရည္လွသူလို႔ေျပာရေပမည္။
ဆံပင္ကလည္း ေခာတ္စားေနတဲ့ ကိုရီးယားမင္းသားေကမ်ိဳးျဖစ္ၿပီး ႏွဖူးေပၚတြင္ အုပ္ၾကေနသည္။သူ႔လက္ထဲမွာလည္း ရီပို႔ကဒ္တစ္ခုကိုကိုင္ထားၿပီး သိခ်င္လ်ွက္လက္တို႔ျဖစ္ေနသၫ့္ ယမင္းေရႊကို ျပေနေလသည္။
မုန႔္စားဆင္းခ်ိန္တိုင္းမွာ သူတို႔ႏွစ္ေယာက္အတူတူ မုန႔္ထြက္စားတာမ်ိဳးေတြကို ခဏခဏေတြ့ရတတ္တယ္။
အရင္တုန္းကဆိုရင္ အတန္းထဲကို ဘယ္သူေက်ာင္းေျပာင္းလာလာစိတ္မ၀င္စားတတ္တဲ့ ပံုရိပ္က
အေဒၚေျပာေနၾကျဖစ္သၫ့္
"ေက်ာင္းမွာ သူငယ္ခ်င္းေတြဘာေတြထား...ဒါမွတိုင္ပင္ေဖာ္ တိုင္ပင္ဖက္ရမွာ.."ဆိုသၫ့္ စကားေၾကာင့္ ဇဲြမေလ်ွာ့ပဲ ခဏခဏမိတ္ေဆြလာဖဲြ႔တတ္သၫ့္ ယမင္းေရႊအား တစ္ဦးတည္းေသာ သူငယ္ခ်င္းအျဖစ္ စၿပီးေပါင္းသင္းၾကၫ့္မိသည္။
ဒီတစ္ေယာက္ကိုလည္း ယမင္းေရႊနဲ႔ပတ္သတ္ဆက္ႏြယ္ၿပီးမွ မ်က္မွန္းတန္းမိခဲ့တာပါ။
"အဲ့ဒါငါ့အစ္ကိုေလ..ဟိန္းေဇယ်ာထက္..."ဟုဆိုကာ
လက္ၫွိုးတထိုးထိုးႏွင့္ သူ႔အစ္ကိုကအရင္ေက်ာင္းမွာ စာဘယ္ေလာက္ေတာ္ေၾကာင္း၊ဆုေတြခဏခဏရေၾကာင္းႏွင့္ ဆရာ၊ဆရာမေတြရဲ့အေရးေပးမႈခံရေၾကာင္းေတြကို လာေျပာျပတတ္သည္။
"ဟိန္းေဇယ်ာထက္.."တဲ့ နာမည္နဲ႔လိုက္ေအာင္
ထက္ျမတ္မဲ့ ရုပ္ရည္မ်ိဳးပါပဲ။မာနလည္း ႀကီးမၫ့္ပံုပင္။
သူ႔ညီမနားမွာ မတ္တပ္လာရပ္ေနတာၾကာေပမဲ့
ပံုရိပ္ကိုတစက္မွေတာင္ ေဆြမၾကၫ့္ဘူး။
"ပံုရိပ္...ဒီမွာၾကၫ့္စမ္း...ကိုထက္ကအဆင့္တစ္
ရတယ္ဟ...ဒီမွာၾကၫ့္...အရမ္းေတာ္တာပဲေနာ္...
သခ်ၤာနဲ႔ရူပေဗဒကလဲြၿပီး က်န္တာအမွတ္အျပၫ့္ပဲဟ..."
ကိုယ့္ဘာသာ ႏွစ္ဘာသာက်လို႔စိတ္ညစ္ေနပါတယ္ဆိုမွ ယမင္းေရႊကလည္းအလိုက္မသိစြာ ေတာ္လွပါသၫ့္သူ႔အစ္ကို၏ ရီပို႔ကဒ္ကို ပံုရိပ္ေရ႔ွမွာ လာထိုးျပေနသည္။က်န္ဘာသာေတြက ဂုဏ္ထူးမွတ္ေတျြဖစ္ေနေပမဲ့ သခ်ၤာနဲ႔ရူပေဗဒက ဘာေၾကာင့္အမွတ္နည္းေနရတာလဲ။သူကတြက္စာ အားနည္းပံုရတယ္။အထူးသျဖင့္ သခ်ၤာမွာအမွတ္ပိုနည္းေနတယ္။ရူပကေတာ့ က်က္စာေတြပါေတာ့ သူအမွတ္ပိုသြားပံုရတယ္။
တစ္ခန္းလံုးမွာ အဆင့္တစ္ရသၫ့္ေက်ာင္းသားရဲ့
ရီပို႔ကဒ္ေလးေဘးနားမွာ ယွဉ္လ်ွက္ကေလးျဖစ္ေနသၫ့္ ကိုယ့္ရီပို႔ကဒ္ကို ၾကၫ့္လိုက္မိေတာ့ ေအာင္မွတ္ေက်ာ္ရံုေတြသာ ရိွသည္။
ရီပို႔ကဒ္ႏွစ္ခုကို ယွဉ္ၾကၫ့္ေနမိရာမွ စိတ္ရႈပ္စြာ ႏွာေခါင္းရႈံ႔ပစ္လိုက္မိသည္။
"မနာလိုတာလား...."
ခပ္ေလးေလးထြက္လာသၫ့္ အသံတစ္ခုပင္။ယမင္းေရႊထိုင္သၫ့္ ဘက္အျခမ္းတြင္ မတ္တပ္ရပ္ေနေသာသူႏွင့္ ပံုရိပ္အၾကၫ့္ခ်င္းဆံုသြားခိုက္ သူမ်က္လံုးေတြထဲက စကားလံုးေတြကိုအဓိပၸာယ္ေကာက္လိုက္မိသည္။
အထင္ေသးေနတဲ့အၾကၫ့္ေတြႏွင့္ ခနဲ႔ေနသၫ့္အႃပံုးက ပံုရိပ္ကိုအႏုနည္းနဲ႔ေလွာင္ေျပာင္ေနမွန္း သိသာတယ္။
ဘာေၾကာင့္လဲ။ပံုရိပ္ကရီပို႔ကဒ္ႏွစ္ခုကို ယွဉ္ၾကၫ့္မိၿပီး ႏွာေခါင္းရႈံ႔လိုက္တာကို ျမင္လိုက္လို႔မ်ားလား။
သူ႔စိတ္ထဲမွာ ႏွစ္ဘာသာက်တဲ့သူက အဆင့္တစ္
ရတဲ့လူကို ေလွာင္ေနတယ္လို႔ ထင္သြားလို႔မ်ားလား။ဒါေၾကာင့္သူကပံုရိပ္ကို ခနဲ႔တဲ့ ပံုစံလုပ္ျပတာေနမယ္။သူ႔ကိုမနာလိုဘူးလို႔ ထင္ေနပံုပဲ။
ဟိန္းေဇယ်ာထက္ရဲ့ ရီပို႔ကဒ္ကို ယမင္းေရႊကေနတစ္ဆင့္မဟုတ္ပဲ ကိုယ္တိုင္ယူၿပီး သူ႔ရဲ့မ်က္လံုးေရ႔ွတၫ့္တၫ့္ကို ကမ္းေပးပစ္လိုက္သည္။
ၿပီးေတာ့ တစ္ခ်က္မဲ့ျပလိုက္တယ္။
သူ႔လိုပဲ ပံုရိပ္လည္းခနဲ႔ခ်င္လို႔ေပါ့။
မ်က္လံုးအၾကၫ့္ကေတာ့ "နင့္ဘာသာ အဆင့္(၁)ရလည္း ငါအထင္မႀကီးဘူး.."ဆိုသၫ့္အၾကၫ့္ကို မ်က္ခံုးတစ္ဖက္တြန္႔ျပၿပီး တမင္ကိုပို႔လႊတ္ေပးလိုက္သည္။သူခ်က္ခ်င္း မ်က္ေမွာင္ႄကံု႔သြားပံုအရဆို ပံုရိပ္လုပ္ျပေနတဲ့အဓိပၸာယ္ကို သူသိေနတယ္။
"ဘိုင္အို...အခန္း(C)မွာအဆင့္တစ္ေလးရတာကို
တစ္ေက်ာင္းလံုးမွာ အမွတ္အမ်ားဆံုးရတဲ့စတိုင္လ္လာဖမ္းမေနပါနဲ႔...."
"နင္လာေနာက္ေနတာလား...
အခန္း(C)မွာအဆင့္တစ္ရတယ္ဆိုရင္ေတာင္
...အခန္း(C)မွာအဆင့္ငါးဆယ္ရတဲ့လူထက္ေတာ့ သာေနၿပီမဟုတ္လား...ငါတို႔ကေက်ာင္းေျပာင္းေက်ာင္းသားမို႔လို႔ ေနာက္ဆံုးခန္းမွာ ထိုင္ရတာ...
မနာလိုရင္မနာလိုတယ္ေပါ့...
ယမင္း..ငါေျပာတာမွန္တယ္ေနာ္..."
"ကိုထက္..."
ယမင္းကသူ႔အစ္ကိုအား ဟန႔္တားသၫ့္မ်က္၀န္းေတြႏွင့္ၾကၫ့္ေနၿပီး ပံုရိပ္ကိုေတာ့အားနာသၫ့္မ်က္၀န္းေတြႏွင့္ ၾကၫ့္လာသည္။
ပံုရိပ္ကေတာ့ ရင္ထဲမွာေဒါသအပူလိႈင္းထသြားသည္။သူပံုရိပ္ကို ေတာ္ေတာ္အထင္ေသးတာပဲ။
မဟုတ္ဘူး သူ႔ရုပ္ကိုၾကၫ့္ရံုနဲ႔သိႏိုင္တာက သူဟာသူ႔ထက္အဆင့္နိမ့္တဲ့လူတိုင္းကို အထင္ေသးေနတာ။အဲ့ဒီ့အဆင့္တစ္က သူအၿမဲရႏိုင္မဲ့အရာလား။
အျခားသူတစ္ေယာက္ကလုယူမသြားႏိုင္ဘူးလား။
ကိုယ့္ကိုကိုယ္ အရမ္းေတာ္တတ္ေနၿပီထင္ေနပံုပဲ။
စာေသခ်ာလုပ္ရင္ဘယ္သူမဆို အဆင့္(၁)ရေအာင္လုပ္ႏိုင္တာပဲ။သူတစ္ေယာက္တည္း လုပ္ႏိုင္ေနသလို မာနႀကီးနဲ႔ ေတာ္ေတာ္အျမင္ကပ္ဖို႔ေကာင္းတယ္။
စိတ္ထဲမွာ အလိုလိုျဖစ္တည္လာတဲ့ ခံစားခ်က္တစ္ခုရိွေနသည္။ပံုရိပ္ သူနဲ႔ၿပိဳင္ခ်င္တယ္။သူ႔ကိုႏိုင္ခ်င္တယ္။စာေမးပဲြမွာသူ႔ထက္သာေအာင္ လုပ္ျပခ်င္တယ္။သူ႔ကို ေအာင္ႏိုင္သူအႃပံုးနဲ႔ျပန္ေခ်ပခ်င္တယ္။ သူ႔ရဲ့မာနေတြကို လက္ဖဝါးထဲမွာ ေခ်ပစ္လိုက္ခ်င္တယ္။အဲ့ဒီ့မ်က္လံုးေတြကေန ေနာက္တစ္ခါအထင္ေသးတဲ့အၾကၫ့္နဲ႔ မၾကၫ့္ရဲေအာင္ပညာျပခ်င္တယ္။ပံုရိပ္လုပ္ႏိုင္ပါ့မလား။
တစ္ခါမွ မေတြးေတာဘူးတဲ့အဆင့္(၁)ဆိုတဲ့တံခါးကို ပံုရိပ္ဖြင့္ႏိုင္ပါ့မလား။
ဖြင့္ႏိုင္တယ္။က်ိန္းေသေပါက္လုပ္ႏိုင္တယ္။
သူလည္းလူ ကိုယ္လည္းလူပဲ။ေယာက္်ားေလးျဖစ္လို႔ ဦးေနာက္ႏွစ္ခုအပိုပါတယ္ရယ္လို႔မွမရိွတာ။
သူကတြက္စာမွာ အားနည္းတယ္။ပံုရိပ္ကတြက္စာမွာအားသာတယ္။ဒီလိုဆိုေတာ့ သူ႔မွာလည္းအားနည္းခ်က္ရိွေသးတာပဲ။ပံုရိပ္မွာလည္း အားသာခ်က္ေတြရိွတာပဲ။
အေကာင္းျမင္စိတ္ႏွင့္ မေကာင္းျမင္စိတ္ႏွစ္ခုကို ယွဉ္တဲြကာကူးကလန္ခပ္လိုက္ၿပီးေနာက္ ထိုင္ေနရာမွ ထရပ္ပစ္လိုက္သည္။
သူ႔မ်က္လံုးထဲအထိ စူးနင့္စြာၾကၫ့္ပစ္လိုက္သည္။
သူကလည္း သူ႔ရဲ့နဂိုမူလ ခနဲ႔သၫ့္အၾကၫ့္ေတြနဲ႔ မမိွတ္မသုန္ျပန္ၾကၫ့္သည္။
အၾကၫ့္ခ်င္းၿပိဳင္ေနသလို ျဖစ္ေနေသာပံုရိပ္တို႔ကို မ်က္ႏွာငယ္ေလးနဲ႔ ၾကားထဲမွာငုတ္တုတ္ထိုင္၍ၾကၫ့္ေနရွာေသာ ယမင္းေရႊကေတာ့ ေခါင္းတကုတ္ကုတ္နဲ႔စိတ္ညစ္ေနေလသည္။
"နင္ေစာင့္ၾကၫ့္ေနလိုက္ ငါလည္းအဆင့္(၁)
ရေအာင္လုပ္ျပမယ္...အဲ့ဒီ့အခ်ိန္ၾကမွ...နင္ထိုင္ငိုမေနနဲ႔..."
"စိန္လိုက္ေလ...နင္အဆင့္တစ္ရရင္ ငါတစ္ခါတည္းေက်ာင္းပါေျပာင္းေပးလိုက္မယ္...
အဆင့္(၅၀)ကေန ထိပ္ဆံုးေနရာကိုဘယ္လိုေက်ာ္တက္မလဲ ေစာင့္ၾကၫ့္ရတာေပါ့...
ၾကၫ့္လည္းလုပ္အံုးေနာ္..
လူေကာင္ကေသးရတဲ့အထဲ
မႏိုင္၀န္ထမ္းၿပီး ပိျပားေနအံုးမယ္..ဘိတ္ေခ်းေလး"
"နင္ဘာေျပာတယ္..."
ရီပို႔ကဒ္ကိုယူၿပီး အေရ႔ွဆံုးအတန္းမွာ ျပန္သြားထိုင္ေနသၫ့္သူ႔ကို မိန္းကေလးအတန္းနဲ႔ေနာက္ဆံုးခံုမွေန၍ ပံုရိပ္ေဒါသထြက္ေနမိသည္။
"ဘိတ္ေခ်း.."တဲ့ ဒါပံုရိပ္ကိုတမင္ေဆာ္ကားၿပီး စကားႏိုင္လုခဲ့တာ။
အရင္လိုစိတ္မ်ိဳးဆို ခံုေပၚကတစ္ခုခုကိုကိုင္ၿပီး ေကာက္ေပါက္ပစ္လိုက္တာၾကာေရာေပါ့။
ယမင္းကေတာ့ "သူ႔အစ္ကိုကအဲ့လိုပဲ အေျပာမတတ္ဘူး...သေဘာေတာ့ေကာင္းပါတယ္"
ဆိုၿပီး ျဖန္ျဖည္ေပမဲ့ ပံုရိပ္ကေတာ့လံုး၀မေက်နပ္ဘူး။စိန္နားကပ္အေရာင္နဲ႔ ပါးေျပာင္ေနတဲ့ေကာင္လို႔ပဲ ျမင္တယ္။မိဘကပိုက္ဆံရိွတိုင္း အလကားေနသူမ်ားကို အထင္ေသးၿပီ မာန္မာနေထာင္လႊားေနတာ။သူ႔အစြယ္ေတြကို တစ္ေန့ၾကရင္ ရိုက္ခ်ိဳးျပမယ္လို႔ က်ိန္းဝါးလိုက္သည္။
"ဟိန္းေဇယ်ာထက္...ငါနင့္ကိုႏိုင္ေစရမယ္..."
ထိုေန့ကစၿပီး ပံုရိပ္ရဲ့ရင္ထဲမွာ ယွဉ္ၿပိဳင္လိုစိတ္ေတြ အားသန္လာခဲ့တယ္။အေဒါ့္ကို"စာႀကိဳးစားပါ့မယ္လို႔.."ကတိေပးၿပီးတဲ့အခ်ိန္အထိ ေနာက္ထပ္စာေမးပဲြတိုင္းမွာ အမွတ္ေကာင္းေအာင္ လုပ္ဖို႔ေလာက္ပဲ ေတြးထားခဲ့မိတယ္။
ဒါေပမဲ့ အခုေတာ့တစ္ခါမွမမက္ခဲ့ဘူးတဲ့
အဆင့္(၁)ဆိုတဲ့အိပ္မက္ကို ညတိုင္းမက္ရေပေတာ့မည္။
ပံုရိပ္ကသူမ်ားလို က်ူရွင္မတတ္ႏိုင္ဘူး။အခ်ိူ႔ေက်ာင္းသားေတြက ေက်ာင္းက်ူရွင္ကို တတ္ၾကၿပီး အခ်ိဳ႕ကအျပင္က်ူရွင္ကို တတ္ၾကတယ္။ယမင္းတို႔ေမာင္ႏွမကေတာ့ အိမ္မွာဂိုက္ဆရာေခၚသင္တယ္လို႔ဆိုတယ္။အဂၤလိပ္စာဆိုလည္း အဂၤလိပ္ဆရာသီးသန႔္ေခၚသင္တာဆိုၿပီး ယမင္းေျပာျပလို႔သိခဲ့ရတယ္။
ဒါေတာင္ ယမင္းကသံုးဘာသာက်ျဖစ္ေအာင္
က်တယ္။ယမင္းတစ္ခါကေျပာခဲ့ဖူးတယ္။
သူကစာေတြကို မွတ္ႏိုင္စြမ္းအားနည္းသူပါတဲ့။
တစ္နည္းေျပာရရင္ေတာ့ ဉာဏ္ထိုင္းတယ္လို႔
ပြင့္ပြင့္လင္းလင္းရင္ဖြင့္ရွာတယ္။
အိမ္မွာဆိုရင္ သူ႔အေဖက သူ႔အစ္ကိုကိုပဲအၿမဲခ်ီးက်ူးတတ္လို႔ အရမ္းအားငယ္တာပဲဆိုၿပီးေျပာတယ္။အမွန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ေမာင္ႏွမအရင္းေတြမဟုတ္ဘဲ ယမင္းကေမြးစားသမီးျဖစ္တယ္။
ဟိန္းေဇယ်ာထက္ရဲ့မိခင္ဟာ သူ႔သူငယ္ခ်င္းတို႔လင္မယား ယာဉ္တိုက္မႈျဖစ္ၿပီး ဆံုးပါးသြားခဲ့ၿပီးေနာက္ ယမင္းကိုေခၚယူေမြးစားခဲ့တယ္။ထိုအခ်ိန္က ယမင္းဟာအသက္ရွစ္ႏွစ္သာ
ရိွပါေသးတယ္။ဟိန္းေဇယ်ာထက္က ယမင္းထက္တစ္လႀကီးတာေၾကာင့္ သူတို႔ဟာသူမ်ားေမာင္ႏွမေတြလို အေခၚအေဝၚေတြလည္း ကဲြျပားသလို ရင္းႏွီးမႈလည္း သိပ္မရိွၾကဘူး။
ထိုေန့က အိမ္ကိုျပန္ေရာက္ေရာက္ျခင္း
အေဒါ့္ကိုအနည္းငယ္ကူညီၿပီးေနာက္ ေက်ာင္းသံုးစာအုပ္ကိုသာ ေျပးကိုင္မိသည္။
စာလုပ္ရမယ္ဆိုသၫ့္ အေတြးကလည္းဦးေနာက္ထဲတြင္ အႀကိမ္ေပါင္းမ်ားစြာသံပတ္ေပးေနခဲ့သည္။တစ္ေယာက္တည္း ႀကိဳးစားေနတဲ့အခ်ိန္မွာမသိသာေပမဲ့ ၿပိဳင္ဘက္ေပၚလာတဲ့အခါ ပံုရိပ္ရဲ့ေန့ေတြညေတြဟာ စိတ္အားထက္သန္စြာ အဓိပၸာယ္အျပၫ့္နဲ႔ လည္ပတ္ေနခဲ့သည္။
ကိုယ္တိုင္သတိမထားမိေပမဲ့ ေဘးကၾကၫ့္ေနတဲ့အေဒၚကေတာ့ ပံုရိပ္ရဲ့ေျပာင္းလဲလာမႈကို သေဘာက်ပံုရတယ္။
ပံုရိပ္ကို ခဏခဏအရိပ္အကဲၾကၫ့္ၿပီးႃပံုးရွာတယ္။
အစကေတာ့ အႏိုင္ရလိုေဇာကို စိတ္မွာပိုက္ၿပီးစာက်က္ခဲ့တာမွန္ေပမဲ့ ေနာက္ပိုင္းမွာစာလုပ္ရတာကို ထမင္းစား၊ေရေသာက္သလို သေဘာထားမိလာတယ္။အေၾကာင္းကေတာ့ ထမင္းစားခ်ိန္ေတြမမွန္ေတာ့သလို ေရေသာက္ခ်ိန္လည္း မမွန္ျဖစ္လာရလို႔ပါပဲ ။
စာက်က္ရင္းနဲ႔ တစ္ခါတစ္ေလဆယ့္ႏွစ္နာရီထိုးသြားတတ္ၿပီး တစ္ခါတစ္ရံ တစ္နာရီထိုးေလာက္မွ အိပ္ရာ၀င္ေလ့ရိွတယ္။
ညၪ့္နက္လို႔အရမ္းအိပ္ခ်င္လာတဲ့အခါမ်ိဳးဆိုရင္ အိမ္ေပၚမွာေျခသံကို ခပ္ဖြဖြနင္းၿပီး တစ္ခုတည္းေသာ ေက်ာက္ေရကန္ဆီသို႔သြားကာ
မ်က္ႏွာသစ္ရံုတင္မကပဲ ေရခြက္ထဲမွာပါမ်က္ႏွာကို စကၠန႔္ပိုင္းေလာက္ႏွစ္ထားလိုက္မိတယ္။
လက္ေတြ၊ေျခေတြကိုပါ ေရေလာင္းခ်လိုက္တဲ့အခ်ိန္ ေရသံၾကား၍အျခားအိမ္ကလူေတြ ႏိုးသြားမွာလည္း စိုးရိမ္ရေသးသည္။
ပံုရိပ္ဟာ ႏွစ္စတည္းကစာကိုေသခ်ာမလုပ္ခဲ့တဲ့လူျဖစ္တာေၾကာင့္ ေက်ာင္းခန္းထဲမွာေသခ်ာ
နားမေထာင္ခဲ့တဲ့စာေတြက အခုမွစိတ္ဒုႂကၡပန္လာေပးေနသည္။ကိုယ့္ဘာသာျပန္ေလ့လာေနရသလို ျဖစ္ေနတာေၾကာင့္ မသိတာေတြလည္းမ်ားလာခဲ့သည္။
ကိုယ္ကက်ူရွင္တတ္သူလည္းမဟုတ္သလို အိမ္ကလူေတြထဲမွာလည္း သင္ျပတတ္သူမရိွေတာ့ ေက်ာင္းကဆရာမေတြကိုပဲ ျပန္ေမးဖို႔လုပ္ရသည္။
"ဆရာမသမီး ဒီအခန္းေလးေမးခ်င္လို႔..."
"ဆရာမ..အစည္းအေဝးရိွလို႔ျပန္လာမွေနာ္သမီး.."
ဓာတုေဗဒဆရာမကို သတၲိေတြေမြးၿပီးစာေမးဖို႔လုပ္မိျပန္ေတာ့ အစည္းအေဝးရိွလို႔ဆိုၿပီး
ထြက္သြားေလရဲ့။ရူပေဗဒၾကျပန္ေတာ့လည္း အေပါက္ဆိုးတဲ့ဆရာမျဖစ္လို႔မေမးရဲျပန္ဘူး။တစ္ခါက လပတ္စာေမးပဲြမွာ ရူပေဗဒက်တဲ့ေကာင္မေလးဟာ ဆရာမကိုသူ႔ရဲ့ပုစၧာဘာေၾကာင့္မွားသလဲဆိုတာ တိတ္တိတ္ေလးသြားေမးခဲ့တယ္။ရလဒ္ကေတာ့ ဆရာမဟာ ေကာင္မေလးရဲ့အမွားကိုေက်ာင္းသားေတြအားလံုးအေရ႔ွမွာေထာက္ျပၿပီး ေကာင္မေလးရဲ့ ပုစၧာမွာတလဲြျဖစ္ေအာင္တြက္ထားတဲ့ ေဖာ္ျမဴလာကိုရြတ္ျပ ေတာ့ ဆရာႀကီးမ်ားအဖဲြ႔က ထရယ္ၾကပါေလေရာ။
လြယ္ကူလြန္းတဲ့ ေဖာ္ျမဴလာကိုေတာင္ နင္တို႔ေတြမွားျဖစ္ေအာင္မွားတယ္ဆိုကာ ေကာင္မေလးကိုနမူနာထားၿပီး တစ္တန္းလံုးကိုဆူပစ္လိုက္တယ္။
အတန္းသားအခ်င္းခ်င္းရဲ့ ေလွာင္ေျပာင္မႈကို
ခံလိုက္ရတဲ့ ေက်ာင္းသူေလးကေတာ့
ေနာင္ဘယ္ေတာ့မွ အတန္းအေရ႔ွကိုထြက္ၿပီး
စာေမးရဲေတာ့မယ္မထင္ဘူး။စာသင္ခန္းဆိုတာ အသိဉာဏ္ပညာကို ဖြံ႔ၿဖိဳးတိုးတတ္ေအာင္ လုပ္ေပးသည့္ေနရာ၊ ဆယ္ေက်ာ္သက္လူငယ္ေလးေတြကို စိတ္ဓာတ္ခြန္အားေပးတဲ့ ေနရာလို႔ထင္ထားခဲ့မိေပမဲ့
တစ္ခါတစ္ေလမွာေတာ့ ဒီေနရာမွာတင္
စိတ္အားငယ္မႈေတြ၊ေၾကာက္စိတ္ေတြ
စတင္သြတ္သြင္းခံလိုက္တတ္တယ္။
ဆရာတိုင္းကို ဆိုလိုျခင္းမဟုတ္ေပမဲ့ အခ်ိဳ႕ဆရာေတြရဲ့လုပ္ရပ္က ေက်ာင္းသားေတြကိုပိုၿပီးစိတ္အားငယ္ေစတယ္။
ဆရာမကေတာ့ တစ္ေန့တာလံုးစိတ္ရႈပ္ေနတဲ့ ပင္ပန္းမႈေတြေၾကာင့္ သူလုပ္လိုက္တဲ့အရာကိုသတိမထားလိုက္မိေပမဲ့ေကာင္မေလးကေတာ့ သူထိုင္တဲ့အတန္းမွာမ်က္ရည္ဝဲၿပီး ေခါင္းေမွာက္ကာငိုသြားရွာတယ္။ဆရာမကေတာ့ ဘယ္သိပါ့မလဲ။
ေသခ်ာတာကေတာ့ ပံုရိပ္ကိုယ္တိုင္လည္း ဒီဆရာမကို စာမေမးရဲေတာ့ဘူး။
ဒီေတာ့ စာအုပ္ထဲမွာ ရိွသမ်ွကိုနားလည္လည္
မလည္လည္အလြတ္သာ က်က္ပစ္လိုက္တယ္။
သူမ်ားကို မေမးေနေတာ့ဘူး။လမ္းသြားရင္လည္း စာလုပ္ျဖစ္သလို ထမင္းစားရင္ျဖစ္ျဖစ္
ဘယ္ေနရာ၊ဘယ္အခ်ိန္မ်ိဳးမွာမဆို စာအုပ္ေတြဟာ ပံုရိပ္ရဲ့အေဖာ္ျဖစ္လာခဲ့တယ္။
ဒီလိုနဲ႔ ေနာက္ထပ္လပတ္စာေမးပဲြတစ္ခု ၿပီးေျမာက္သြားခဲ့ျပန္တယ္။စာကို ေန့မနား၊ညမနားႀကိဳးစားခဲ့ေပမဲ့ လိုအပ္ခ်က္ေတြအမ်ားႀကီးရိွေနေသးတယ္လို႔ ခံစားေနရတုန္းပဲ။ကိုယ့္ကိုကိုယ္ ယံုၾကည္မႈအျပၫ့္အ၀မရိွေသးဘူး။အမွားကို ေထာက္ျပေပးမဲ့သူမရိွေတာ့ ကိုယ္လုပ္တာအားလံုးကို မွန္တယ္လို႔ ေတာ့ တထစ္ခ်ယံုၾကည္ထားမိတယ္။
ဟိန္းေဇယ်ာထက္ကေတာ့ ပံုရိပ္ရဲ့ေဘးနားကေန ျဖတ္သြားတိုင္း
"ဘိတ္ေခ်းေလး..."ဆိုၿပီး ေနာက္ေျပာင္သြားတတ္တယ္။ထိုအခ်ိန္မ်ိဳးဆိုရင္ သူ႔ကိုအႏိုင္ယူခ်င္တဲ့ စိတ္ေတြကပိုးႏိုးၾကားေနတတ္တယ္။
သူကပံုရိပ္ရဲ့ စိတ္ကိုလာလာဆြေနခဲ့တာ။
သူ႔မ်က္ႏွာကိုမေျပာနဲ႔ သူ႔ရဲ့အရိပ္ကိုျမင္ရင္ေတာင္ အလိုလိုအျမင္ကပ္ေနမိတယ္။
စိတ္ရိွတိုင္းသာဆိုရင္ သူ႔ေနာက္ေက်ာကိုေျပးကန္ပစ္လိုက္ခ်င္တယ္။
ယမင္းေရႊကေတာ့ သူ႔အစ္ကိုဟာအရင္ကဒီလိုမဟုတ္ပါဘူးလို႔ ပံုရိပ္ကိုေျပာေလ့ရိွတယ္။
ၾကၫ့္ရတာေတာ့ အဆင့္(၁)ေလးရေနလို႔
ေလေပၚကေနမဆင္းေတာ့တာပဲ ျဖစ္လိမ့္မယ္။
ၾကၫ့္ေနလိုက္စမ္းပါ ။
ေျမာက္ႂကြ ေျမာက္ႂကျြဖစ္ေနတတ္တဲ့
နင့္ကိုဆဲြခ်ၿပီး ထိပ္ကိုပိတ္ထုျပမယ္။
ၿပီးရင္ နင့္ရဲ့အရိုးကိုငါသြားၾကားထိုးျပမယ္
အေကာင္စုတ္။
"ပံုရိပ္...ရီပို႔ကဒ္လာယူ...."
ဟိုေကာင္ ဟိန္းေဇယ်ာထက္ကိုစိတ္ကူးထဲမွာႏိွပ္စက္ေနမိရာမွ ဆရာမရဲ့ေခၚသံေၾကာင့္ရင္ေတြပန္းေတြပါ တုန္သြားရသည္။
အတန္းအေရ႔ွဆံုးရိွ ဆရာမဆီကိုသြားေနမိတဲ့ လမ္းတစ္ေလ်ွာက္လံုးမွာလည္း ေျခေထာက္နဲ႔ေျမၾကီးက ထိေနတယ္လို႔ မခံစားမိဘူး။လက္ေတြ၊ေျခေထာက္ေတြအားလံုး ထံုက်ဉ္လာၿပီး ေအးစက္လာသည္။
စိတ္ထဲကေန စားေမးပဲြေျဖခဲ့စဉ္က အေျဖလႊာေပၚမွာ ေျဖခဲ့မိတဲ့အမွားေတြကို ျပန္ေတြးေနမိတဲ့အခါ အဆင့္(၁)ဆိုတဲ့ဂဏန္းေလးနဲ႔ ပို၍ေဝးလို႔လာခဲ့သည္။ေက်ာင္းသားတစ္ေယာက္ဟာ ကိုယ့္ရဲ့စာေမးပဲြရလဒ္ကို ကိုယ္တိုင္ခန႔္မွန္းႏိုင္ပါတယ္။
ရီပို႔ကဒ္ကို ဆရာမဆီကေနယူလိုက္ၿပီး ကိုယ့္ခံုေပၚကို ခ်လိုက္သည္အထိ ပံုရိပ္ဖြင့္မၾကၫ့္ရဲေသးဘူး။
"ဟိန္းေဇယ်ာထက္..ရီပို႔ကဒ္လာယူပါ...
သားကအဆင့္(၁)ရတယ္..."
အဆင့္တစ္ရေၾကာင္းကို တစ္တန္းလံုးၾကားေအာင္ဆရာမက ေအာ္ေျပာလိုက္သည္။ေခါင္းငံု႔ေနမိရာမွ အတန္းအေရ႔ွကိုၾကၫ့္လိုက္မိေတာ့ သေကာင့္သားက ရီပို႔ကဒ္ကိုယူရင္း ပံုရိပ္ကိုမ်က္ခံုးတြန႔္ျပသြားသည္။သူဟာ ေအာင္ႏိုင္သူေပါ့ဆိုသၫ့္ အႃပံုးကလည္း ပူးတဲြကပ္ပါလာသည္။အဆင့္တစ္က
သူဆိုေတာ့ ပံုရိပ္ရဲ့ရီပို႔ကဒ္ကို ၾကၫ့္စရာေတာင္လိုေတာ့မယ္မထင္ဘူး။အဆင့္တစ္ဆယ္အတြင္း၀င္ရဲ့လားဆိုတာ သိခ်င္တာေၾကာင့္ ရီပို႔ကဒ္ကိုဖြင့္ၾကၫ့္လိုက္မိေတာ့ ပို၍စိတ္ဓာတ္က်သြားရသည္။
"ပံုရိပ္...နင့္ကအဆင့္(၂၀)လား...ၾကၫ့္အံုးနင့္အမွတ္ေတြလည္း တက္လာတယ္...ငါကေတာင္တစ္ဘာသာက်ေသးတယ္...အေဖေတာ့ဆူေတာ့မွာပဲ...ငါ့အစ္ကိုကအဆင့္တစ္ဆိုေတာ့...ေတြးရင္းနဲ႔ေတာင္ ေခါင္းႀကိမ္းလာၿပီ....အိမ္ကိုေတာင္မျပန္ခ်င္ေတာ့ဘူး...အေဖကအစ္ကိုနဲ႔ယွဉ္ၿပီး ငါ့ကိုအၿမဲဆူေနတာ...."
"ယမင္း...နင္တိတ္တိတ္ေနေပးလို႔မရဘူးလား...
ငါစိတ္ရႈပ္ေနလို႔ပါ...."
ယမင္းကိုေလသံမာလိုက္မိၿပီး ကိုယ့္နားထင္ေၾကာကိုလက္ႏွစ္ဖက္ႏွင့္ ေထာက္ကာ ရီပို႔ကဒ္ကိုစိုက္ၾကၫ့္ေနမိသည္။ငါဘာေတြမွားသြားခဲ့တာလဲ။
အဂၤလိပ္စာမွာ ပိုၿပီးအမွတ္နည္းေနခဲ့တယ္။
အျခားဘာသာေတြလည္း ဂုဏ္ထူးမွတ္ထိ တစ္ခုမွမရဘူး။
ကိုယ့္ဘာသာ ေျဖႏိုင္တယ္ထင္ခဲ့ေပမဲ့ ဘာလို႔အဂၤလိပ္က ေအာင္မွတ္ပဲေက်ာ္ရတာလဲ။
အက္ေစးေတြမေျဖလိုက္လို႔မ်ားလား။
ဒါမွမဟုတ္ ငါ့စိတ္ထဲမွာမွန္တယ္ထင္ၿပီး ေျဖလိုက္မိတာက တကယ္ေတာ့မွားေနခဲ့တာလား။
စာေမးပဲြခန္းထဲကေန ထြက္လာရင္အျခားသူေတြက တစ္ေယာက္နဲ႔တစ္ေယာက္အမွတ္ေတြတိုက္ေနၾကခ်ိန္မွာ ငါဘာလို႔၀င္မပါမိခဲ့တာလဲ။
"ဘိတ္ေခ်းေလးကမဆိုးဘူးပဲ...အဆင့္(၅၀)ကေန
(၂၀)ကိုခုန္တက္လာခဲ့တာေပါ့...ဆရာ့ကိုမွီဖို႔ေတာ့ ႀကိဳးစားလိုက္ပါအံုး...ပန္းေပးခ်င္ရင္ေပးလို႔ရတယ္ေနာ္..."
"နင္...ဘာလုပ္တာလဲ...."
ကိုယ့္အာရံုနဲ႔ကိုယ္ျဖစ္ေနတာေၾကာင့္ ဘယ္အခ်ိန္ကဘယ္လို ဟိုေကာင္စုတ္အေနာက္မွာ လာရပ္ေနသလဲမသိလိုက္ေပ။ပံုရိပ္ကို ဆရာႀကီးေလသံျဖင့္ လာေၾကာသြားသၫ့္အျပင္ ေခါင္းကိုေတာင္
စေနာက္ၿပီး လာပုတ္သြားသည္။အံကိုတင္းေနေအာင္ ႀကိတ္လိုက္ၿပီ သူ႔ေနာက္ေက်ာကိုစူးရဲစြာၾကၫ့္လိုက္သည္။
ငါနင့္ကို ႏိုင္ေအာင္လုပ္ျပမယ္ ဟိန္းေဇယ်ာထက္။
ဒီတစ္ႀကိမ္မရရင္ ေနာက္တစ္ႀကိမ္ႏိုင္ေအာင္လုပ္ျပမယ္။"ပန္းေပးတယ္..."ဆိုတာ ေက်ာင္းသားေတြရဲ့ပါးစပ္ဖ်ားမွာ ရႈံးရင္၀န္ခံေနၾကစကားလံုးဆိုေပမဲ့
ငါနင့္ဆီမွာေတာ့ ဘယ္ေတာ့မွဒီစကားကိုေျပာမွာမဟုတ္ဘူး။ငါ့ကိုေလွာင္ၿပီး ေပါက္ကရေတြေလ်ွာက္ေခၚတဲ့ နင့္ပါးစပ္ကေန "ငါႏိုင္သြားပါၿပီ.."ဆိုတဲ့ စကားမ်ိဳးေျပာထြက္လာေစရမယ္။
ငါကနင္တို႔လို ေငြသံုးၿပီးပညာသင္ေပးမဲ့ဆရာကို
မေခၚႏိုင္ေပမဲ့ ငါ့အားငါကိုးၿပီး အတန္းရဲ့ထိပ္ဆံုးမွာ ငါရပ္ျပမယ္။
ေက်ာင္းပိတ္ရက္ကိုေရာက္လာတဲ့အခါမွာ အေဒၚကငရုတ္သီးႁခြေတဲ့ စက္ရံုမွာေန့စားသြားလုပ္မယ္ဆိုေတာ့ ပံုရိပ္ပါလိုက္ဖို႔ခြင့္ေတာင္းၿပီး လိုက္သြားခဲ့တယ္။ထြန္းကိုကေတာ့ သူ႔ညီမေလးကို သူထိန္းႏိုင္တယ္လို႔ဆိုတာေၾကာင့္ အိမ္ေရ႔ွနဲ႔ၿခံထဲမွာပဲ ေဆာ့ၾကဖို႔နဲ႔ အေဝးႀကီးကိုေလ်ွာက္မသြားၾကဖို႔ မွာထားခဲ့ရတယ္။အိမ္မွာထမင္းေတြ ဟင္းေတြခ်က္ထားခဲ့သၫ့္အတြက္ ကေလးေတြထမင္းဆာရင္လည္း အဆင္သင့္ျဖစ္ေလသည္။
ငရုတ္သီးႁခြေတဲ့ စက္ရံုဟာပံုရိပ္ထင္ထားတာထက္ပိုက်ယ္သည္။သူလို၊ကိုယ္လိုလာေရာက္လုပ္ကိုင္သူေတြလည္း အမ်ားသားမို႔အားေတာ့တက္မိသည္။
ပံုရိပ္အေနနဲ႔ဆိုရင္ ဒါပထမဆံုးအျပင္အလုပ္ကိုလုပ္ဖူးျခင္းပါပဲ။အေဒၚကလည္း သူမ်ားကအဆြယ္ေကာင္း၍ ေန့စားလုပ္ဖို႔ျဖစ္လာခဲ့ျခင္းပင္။
ငရုတ္သီးေတြကို တမံသလင္းေပၚတြင္ပံုခ်လိုက္ၿပီး ဝိုင္းထိုင္ကာ လက္ျဖင့္ႁခြေၾကရသည္။
အၫွာေလးကို ခ်ိဳးၿပီးခပ္ျမန္ျမန္ေလးလုပ္ရသၫ့္အလုပ္ျဖစ္လို႔ ပံုရိပ္အဖို႔ သိပ္က်င့္သားမရဘူးျဖစ္ေနသည္။
သူမ်ားကတစ္ဆယ္သားေလာက္ရရင္ ပံုရိပ္က
ငါးက်ပ္သားေတာင္ မရခ်င္ေပ။ငရုတ္သီးအနံ႔ကလည္း တအားမႊန္ေနတာေၾကာင့္ မ်က္လံုးေတြစပ္လာၿပီး မ်က္ရည္ေတာင္က်ခ်င္သည္။
သို႔ေပမဲ့ ပံုရိပ္ဆိုတဲ့မိန္းမကဘယ္သူမွတ္လို႔လဲ။
ဟိုတေလာက ပညာေရးေဆာင္းပါးစာအုပ္ေဟာင္းထဲမွာ ဖတ္လိုက္ရတဲ့ဆရာေဇာ္ဂ်ီရဲ့ ကဗ်ာထဲကလို
"ေဗဒါပ်ံ အံကိုခဲ ပန္းပန္လ်ွက္ပဲ..."လို႔ ကိုယ့္ဘာသာညီးတြားလိုက္မိတယ္။
ပံုရိပ္ဒီကို လိုက္လာရတဲ့ရည္ရြယ္ခ်က္က ေန့စားခ
ရရင္တစ္၀က္ကို အေဒါ့္ကိုေပးၿပီး တစ္၀က္ကိုအဂၤလိပ္စာ အထူးထုတ္၀ယ္ခ်င္၍ျဖစ္သည္။
ပံုရိပ္မွာ အစိုးရကထုတ္ေပးတဲ့ ေက်ာင္းသံုးစာအုပ္ေတြကလႊဲၿပီး သူမ်ားေတြလို အထူးထုတ္တို႔ က်ူရွင္ကေပးတဲ့စာရြက္တို႔ဆိုတာ တစ္ခုမွမရိွဘူး။
အေဒါ့္ကိုလည္း အပူမကပ္ခ်င္ဘူး။
အိမ္လခနဲ႔ စားစရိတ္အျပင္ မီးဖိုး၊ေရဖိုးကလည္း ကုန္က်ေသးသည္မဟုတ္ပါလား။
အငယ္ေလးေတြကလည္း မုန႔္စားတဲ့အရြယ္ေလးေတြဆိုေတာ့ မုန႔္ဖိုးကတစ္ေန့ႏွစ္ရာဆီေပးရေသးသည္။ႏွစ္ေယာက္ဆိုေတာ့ တစ္လကိုတစ္ေသာင္းေက်ာ္ေနေလၿပီ။ေဒၚေလးတစ္ေယာက္ထဲရဲ့ လုပ္စာက တစ္ေန့ကိုတစ္ေသာင္းေတာင္ ပံုမွန္မ၀င္ဘူး။
ဒီၾကားထဲမွာ ေနမေကာင္းလို႔ေဆးဖိုးဆိုတာေတြပါ ထပ္ဆင့္လာေတာ့ ေဒၚေလးရဲ့ေနရာမွာ ပံုရိပ္သာဆို စိတ္ဖိစီးလြန္းလို႔ရူးသြားႏိုင္ေလာက္သည္။
မိဘေမာင္ဘြားအရင္းဆိုလို႔ ပံုရိပ္ရဲ့အေမကလည္း ဘယ္ဆီကိုေရာက္လို႔ေရာက္ေနမွန္းမသိဘူး။
နယ္မွာရိွတဲ့ ေမာင္ႏွမ၀မ္းကဲြေတြကို အားကိုးမိျပန္ေတာ့လည္း ဆင္းရဲလြန္းတဲ့တစ္ခုလတ္မကို ဘယ္သူမွအေခ်းအငွားမလုပ္ေပးခ်င္ၾကဘူး။
ေဆြမ်ိဳးေတြၾကားမွာ အေဒၚဟာအပယ္ခံျဖစ္ေနရေပမဲ့ ပံုရိပ္အတြက္ေတာ့ အင္မတန္ျမင့္ျမတ္ၿပီး တန္ဖိုးမျဖတ္ႏိုင္သၫ့္ အမ်ိဳးသမီးႀကီးတစ္ေယာက္ပါပဲ။
ငရုတ္သီးႁခြေနရင္းႏွင့္ အေဒါ့္ကိုၾကၫ့္လိုက္မိေတာ့ လက္မွာစက္တပ္ထားသၫ့္နယ္ ျမန္လိုက္သၫ့္ျဖစ္ျခင္း ။ပံုရိပ္လိုဖင္ခ်ထိုင္ၿပီး ေအးေဆးႁခြေနတာမ်ိဳးမဟုတ္ပဲ ေဆာင့္ေၾကာင့္ထိုင္ၿပီးေတာ့ကို အားပါပါနဲ႔ႁခြေနျခင္းျဖစ္သည္။ဒီပံုအတိုင္းဆိုရင္ ဒီေန့အတြက္ အေဒါ့္ရဲ့ေန့စားခက အမ်ားဆံုးျဖစ္သြားႏိုင္တယ္။ဒါဆို အဆင့္အေနနဲ႔တြက္မယ္ဆိုရင္ အေဒၚကအဆင့္တစ္ေပါ့။အေဒါ့္ကိုဒီလိုလ်ွင္ျမန္သြက္လက္ၿပီး စိတ္အားထက္သန္ေနေစဖို႔
ဘာကတြန္းအားေပးေနတာလဲ။ကၽြမ္းက်င္မႈလား။အေတြ့အႄကံုလား။ရင့္က်က္မႈလား။
ဟိန္းေဇယ်ာထက္ကိုေရာ အတန္းထဲမွာအဆင့္တစ္ရေအာင္ ႀကိဳးစားဖို႔ဘာကတြန္းအားေပးေနခဲ့တာလဲ။ေသခ်ာစဉ္းစားၾကၫ့္ရင္ အတန္းထဲမွာ
အိမ္မွာဂိုက္ဆရာေခၚသင္တာက သူတို႔ေမာင္ႏွမႏွစ္ေယာက္တည္းမွ မဟုတ္ပဲ။ဒါေပမဲ့ ေနာက္ဆံုးမွာသူတစ္ေယာက္တည္းသာ ထိပ္ဆံုးမွာရပ္တည္ေနခဲ့တယ္။အျခားလူေတြကဘာေၾကာင့္ အဆင့္တစ္မရၾကတာလဲ။ ကံေၾကာင့္မ်ားလား။သူက်က္တဲ့စာေတြက ကံေကာင္းၿပီးအကုန္ပါလာလို႔မ်ားလား။
ဒါလည္းမဟုတ္ျပန္ဘူး။စာမက်က္ရင္ ဘာေမးေမးေျဖႏိုင္မွာမဟုတ္ဘူး။ကံေၾကာင့္ သူက်က္လာတာနဲ႔
ေမးတဲ့ေမးခြန္းနဲ႔တိုးသြားလို႔ အဆင့္တစ္ခ်ိတ္တယ္ဆိုရင္ေတာင္ တစ္ခါေပါ့။အခုကႏွစ္ႀကိမ္ဆက္တိုက္ျဖစ္ေနတယ္။ေနာက္လေရာ သူပဲအဆင့္တစ္ရမွာလား။ဒီအေတြးတစ္ခုကိုေတာ့ ငရုတ္သီးႁခြေရင္းနဲ႔ ေခါင္းကိုသာခါပစ္လိုက္သည္။
ဘာေၾကာင့္လဲဆိုရင္ ေနာက္လအတြက္အဆင့္တစ္က ပံုရိပ္ယူမွာျဖစ္လို႔ပဲ။
အခုေလာေလာဆယ္မွာေတာ့ အဆင့္တစ္ရဖို႔မေျပာနဲ႔ ငရုတ္သီးႁခြေတာေတာင္ "ဘိတ္ေခ်း"ျဖစ္ေနသည္။ဟိန္းေဇယ်ာထက္ ဖတ္လိုက္တဲ့နိမိတ္က ငရုတ္သီးစက္ရံုအထိ ပါလားသလားမွတ္ရတယ္။
လက္ေတြဆိုတာလည္း ထူပူလာလြန္းလို႔ ထေတာင္ခုန္ခ်င္သည္။ဒါေပမဲ့ ပံုရိပ္ရပ္တန႔္မပစ္ဘူး။
နည္းနည္းပဲလုပ္ႏိုင္လုပ္ႏိုင္ မ်ားမ်ားပဲလုပ္ႏိုင္လုပ္ႏိုင္ သတ္မွတ္ထားတဲ့အခ်ိန္အထိ ႀကိဳးစားၿပီးလုပ္သြားမည္ဟု ေတြးလိုက္သည္။
ညေနေလးနာရီထိုးတြင္ ေန့စားအလုပ္သမားတစ္ေယာက္ဆီဟာ ကိုယ္ႁခြေၿပီးထၫ့္ထားသၫ့္ ငရုတ္သီးအိတ္ေတြကို ဒစ္ဂ်စ္တယ္လ္ခ်ိန္စက္ေပၚသို႔ တင္၍ခ်ိန္ၾကရသည္။မ်ားမ်ားၿပီးတဲ့လူကေတာ့ ပိုက္ဆံမ်ားမ်ားရတာေပါ့ေလ။
အေဒၚကေတာ့ ရွစ္ေထာင္တိတိရၿပီး ပံုရိပ္ကေတာ့ေလးေထာင္သာရသည္။အေဒါ့္ရဲ့တစ္၀က္ေပါ့။ဒါေပမဲ့ပံုရိပ္ေပ်ာ္တယ္။ကိုယ့္ရဲ့ပထမဆံုးရတဲ့လုပ္အားခေလးနဲ႔ စာအုပ္၀ယ္ႏိုင္ေတာ့မွာျဖစ္လို႔ပါပဲ။ထိုေန့က အိမ္ကိုျပန္ေရာက္တာနဲ႔ ေရေတာင္
မခ်ိဳးေတာ့ပဲ ေဈးထဲကိုေျပးၿပီး ကိုးတန္းအဂၤလိပ္စာအထူးထုတ္ေလးကို ၀ယ္လိုက္သည္။
စာမ်က္ႏွာတစ္ရြက္ခ်င္းဆီကို တယုတယလွန္ေလာၾကၫ့္ရတာကပင္ ေပ်ာ္စရာေကာင္းေနသလိုပါပဲ။ပထမဆံုးေသာ လုပ္ခလစာေလးနဲ႔ ၀ယ္ခြင့္ရတဲ့စာအုပ္ေလးမို႔ ပံုရိပ္အတြက္ေနာက္ထပ္တန္ဖိုးထားမိတဲ့ အရာတစ္ခုဆိုရင္ မမွားႏိုင္ပါဘူး။ထိုေန့ကအခန္းတံခါးကိုပိတ္ၿပီး စာအုပ္ထဲက အဂၤလိပ္သင္ရိုးေတြကိုည(၁၂)နာရီအထိ
ထိုင္ဖတ္ပစ္လိုက္သည္။
အခန္း(၉)ဆက္ရန္ရိွသည္.....
🌹ပံုရိပ္တကယ္အႏိုင္ရမယ္လို႔ထင္လား....🌹
#စာေရးသူ..ေဆာင္းေငြ့ေဝ
No comments:
Post a Comment