🔥"ဆူးကြိုး...…"🔥
(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
(အခန်း ၃)
ရပ်ကွက်လမ်းကလေးဟာ ကုန်ကားကြီးတစ်စီးစာလောက် အကျယ်အ၀န်းရှိပြီး ကတ္တာရာခင်းထားတာကြောင့် အားနှင့်ယှက်တိုက်ပြေးသည့်အခါ
ပုံရိပ်ရဲ့စင်ကြယ်ဖိနပ်လေးခမျာ ခပ်ပါးပါးသာရှိတော့သည်ဟု ခံစားနေမိသည်။ညှို့မှိုင်းနေသော တိမ်းသားထုကြီးကြားမှ အစောပိုင်းတုန်းက
ယစ်ခိုနေသည့် မိုးစက်တို့သည် ပုံရိပ်ရဲ့ကျောပြင်ပေါ်သို့ တစ်ပေါက်ပေါက်ကျဆင်းလာကြသည်။ကျောပြင်နှင့် ဦးခေါင်းတို့ဟာ ရေစက်များခိုတွဲ၍ အေးစက်လာသည်။
လမ်းပေါ်တွင် ဆော့ကစားနေသော ကလေးငယ်များကလည်း အိမ်ထဲသို့ပြေး၀င်သွားကြလေသည်။
လမ်းဘေးမှစီးကျလာသောမိုးရေများဟာလည်း ရေဆိုးမြောင်းထဲသို့ စီးဆင်းသွားကြလေသည်။
ငှက်တို့သည်လည်း သူတို့၏အသိုက်ငယ်ထဲသို့ ၀င်ရောက်ပုန်းခိုကုန်ကြသည်။
ထိုစဉ် မိုးရေထဲ၌ဘောလုံးကန်နေကြသော လူငယ်အုပ်စုဘေးမှ ဖြတ်ပြေးသွားသော ကောင်မလေးအား ဘောလုံးကန်နေကြသူတွေအားလုံးကပါ အထူးအဆန်းသဖွယ် ကြည့်ကုန်ကြလေသည်။
သူမရဲ့ခြေလှမ်းတွေဟာ အင်မတန်မြန်ဆန်နေပြီး သူမရဲ့မျက်နှာဟာ စိုးရိမ်သောကတွေလွှမ်းမိုးနေလေသည်။မိုးတွေ သည်းထန်စွာရွာနေတာကြောင့် အက်ဆီးဒန့်အလွယ်တကူ ဖြစ်နိုင်သော အခြေအနေဖြစ်နေပေမဲ့ သူမရဲ့အတွင်းစိတ်သန္တန်မှ တွန်းအားတစ်ခုက သူမအား ကမ်းမမြင်၊လမ်းမမြင် ဖြစ်နေစေသည်။ သူမအတွက် အခုအချိန်မှာ အရေးအကြီးဆုံးက ကြောင်ကလေးမျက်ပြူးပါပဲ။
ရပ်ကွက်လမ်းကြားလေးမှ လမ်းမကြီးဘက်သို့ ချိုးကွေ့၀င်လိုက်ပြီးနောက် ဘုန်းကြီးကျောင်း၀န်းထဲမှ နာရီစင်ကြီးကို လှမ်းမြင်နေရလေသည်။မိုးတွေက ပိုသည်းထန်လာပေမဲ့ ပုံရိပ်ကတော့ ပြေးနေစဲပါပဲ။ဦးတင်မောင်၏ ခြံ၀န်းဟာ ပေနှစ်ဆယ်ပတ်လည်ရှိကာ ခြံ၀န်းထဲတွင်တော့ သစ်သားအိမ်ခပ်သေးသေးတစ်လုံးကိုဆောက်ထားပြီး အမိုးတွေက သံချေးတက်နေသည်။မိုးရွာ၍ ခြံထဲမှာရေအိုင်နေပေမဲ့ ခြံ၀မှအိမ်ဆီသို့ သဲအိတ်တွေခင်းထားလေသည်။
ထိုသဲအိတ်များကိုနင်းပြီး အိမ်အပေါက်၀ဆီသို့လျှောက်သွားလိုက်သည်။ပိုမိုနီးကပ်လာလေ
အိမ်ထဲမှရယ်မောသံတွေကို ပိုကျယ်လောင်စွာ ကြားရလေပါပဲ။ရေတွေစိုရွှဲနေ၍ ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်လာသည်။အိမ်အပေါက်၀သို့ ရောက်တဲ့အခါမှာတော့ ဦးသက်ဆွေဟာသူ့ရဲ့အပေါင်းအသင်းတွေနှင့် ပြုံးပျော်ကာဖဲရိုက်နေလေသည်။
အားလုံးက သူတို့အာရုံနဲ့သူတို့ဖြစ်နေတာကြောင့်
ပုံရိပ်ရပ်နေသည်ကို သတိမထားမိကြပေ။
ထိုစဉ် အိမ်နောက်ဖေးမှ အမျိုးသမီးတစ်ယောက်ဟာပန်းကန်တစ်ခုကို ကိုင်၍အိမ်ရှေ့သို့ ထွက်လာလေသည်။
"ဒီကြောင်သားကို အရည်လေးနဲ့ချက်ပေးရမှာလား..."
ကြောင်သားဆိုတဲ့အသံကိုကြားလိုက်ရတဲ့အချိန်မှာ
ပုံရိပ်ရဲ့အာရုံကြောတွေကွဲထွက်သွားသလို ခံစားလိုက်ရသည်။ကျောရိုးတစ်လျှောက် စူးရှသည့်နာကျင်မှုတွေ စိမ့်တက်လာသည်။ဦးနှောက်တစ်ခုလုံးဟာ ပုံရိပ်ရဲ့ကြောင်လေးမဟုတ်ပါစေနဲ့ဆိုသည့် ဆုတောင်းစကားတွေနဲ့သာ ပြည့်နှက်နေသည်။
"ဟယ်...ဟိုကလေးမ...ဘာကိစ္စရှိလို့လဲ...မိုးရေတွေလည်းစိုရွှဲလို့ပါလား..."
ထိုအမျိုးသမီးက ပုံရိပ်ကိုအံ့ဩသင့်စွာမေးလာသည်။အိမ်ခေါင်မိုးပေါ်သို့မိုးစက်များ
တစ်ပေါက်ပေါက်ကျ၍ ထွက်ပေါ်လာသောအသံတွေကဲ့သို့ ပုံရိပ်ရဲ့နှလုံးခုန်သံတွေဟာလည်း ပြင်းထန်လွန်းနေသည်။ခြေလှမ်းတွေကို ပိုမြန်ဆန်လိုက်ပြီး ထိုမိန်းမကြီးရဲ့လက်ထဲကပန်းကန်ကိုလှမ်းယူဖို့ ဆုံးဖြတ်လိုက်စဉ်မှာ...
"ပုံရိပ် နင်ဒီအိမ်အထိဘာလာလုပ်တာလဲ..နင့်ရဲ့ကြောင်ကိုလာယူတာဆိုရင်တော့...အဲ့ပန်းကန်ထဲမှာ ခု တ်ထစ်ထားတာတွေကိုပဲ ကြည့်သွား...
ငါရိုက်မထုတ်ခင်..အခုချက်ချင်းအိမ်ကိုပြန်
..သွား!!!!.."
ဦးသက်ဆွေကို မျက်၀န်းနီနီတွေနဲ့စိုက်ကြည့်လိုက်မိသည်။သူ့ရဲ့စကားက ပုံရိပ်ကိုဝိဉာဉ်မဲ့သွားစေလောက်အောင်အထိ တုန်လှုပ်ချောက်ခြားသွားစေသည်။အဒေါ့်စကားကိုဆုံးအောင်နားမထောင်ပဲ ပြေးလာမိပေမဲ့ ကြောင်လေးကို ဒီလူကြီးယူသွားတယ်ဆိုတည်းက အပြီးတိုင်ဆုံးရှုံးရတော့မည်ဟု စိုးရိမ်စိတ်၀င်ခဲ့မိတယ်။
ဦးတင်မောင်ရဲ့မိန်းမကိုင်ထားတဲ့ ပန်းကန်ကိုဆွဲလုလိုက်ပြီး သေချာကြည့်လိုက်မိတဲ့အခါ ပုံရိပ်ရဲ့နားထင်ကြောတွေတင်းထွက်သွားသည်။
"အား!!!!"
"ဒုန်း!!!!...."
"ဟာ...ဘာလုပ်တာလဲ..."
ငယ်သံပါသည်အထိ ထိတ်လန့်စွာအော်ပစ်လိုက်ပြီးနောက် ပန်းကန်ကိုပါ လွှင့်ပစ်လိုက်မိသည်။
သစ်သားကြမ်းခင်းဖြစ်၍ ပန်းကန်ဟာကွဲမသွားပေမဲ့ ခုတ် ထစ်ထားသည့် အ သားအပိုင်းအစတွေဟာ ပြန့်ကျဲကုန်လေသည်။မျက်၀န်းအိမ်မှ မျက်ရည်တွေလည်း ထိန်းမနိုင်အောင် စီးကျလာပြီး လည်ချောင်းဟာလည်း အက်ကွဲလာသလိုခံစားချက်နှင့်အတူ
အသံမျှင်မျှင်လေးတောင် ထွက်မလာတော့ပေ။
၀မ်းနည်းဆို့နင့်လာမှုနှင့်အတူ ပျို့အန်ချင်လာသည့် ခံစားချက်ကြီးက ရင်ခေါင်းထဲမှလှိုက်တက်လာသည်။အတွင်းကလီစာတွေအားလုံး တုန်ခါလာသလိုခံစားချက်ကြီးက ပုံရိပ်ရဲ့ခံနိုင်ရည်အားကို ဆက်လက်တောင့်ခံမထားနိုင်အောင် ပြုလုပ်နေသည်။မောဟိုက်လာသည့် ရင်ဘတ်နေရာမှ
အိင်္ကျီစကို ဆုပ်ကိုင်ထားမိရင်းနှင့် မသိစိတ်ကပုံရိပ်
အား အိမ်အပြင်ဘက်မိုးရေတောထဲသို့ ပြန်ပြေးထွက်လာမိစေသည်။
ဘုန်းကြီးကျောင်း၀န်းရဲ့ဂိတ်၀ဘေးရှိ ရေမြောင်းနံဘေးမှာ ငုတ်တုတ်ထိုင်ချလိုက်ပြီး အော့အန်ချင်နေသည့် ဝေဒနာကိုဖြေဖျောက်နေမိသည်။
အဒေါ်လုပ်ပေးတဲ့ မနက်စာထမင်းကြော်လေးကလွဲပြီး ပုံရိပ်ရဲ့အစာအိမ်ဟာဗလာနတ္ထိဖြစ်နေသည်။
သို့ပေမဲ့ ထိခိုက်ပွန်းပဲ့သွားတဲ့ စိတ်ဝေဒနာက အစာအိမ်ထဲမှ လက်ကျန်စားကျွင်းတွေကိုပါ ပြင်ပသို့ စွန့်ထုတ်စေမိသည်။
တကယ်တော့ ပုံရိပ်အန်ထုတ်နေမိတာက နာကျင်မှု၊၀မ်းနည်းမှုနဲ့ ပြင်းအားကြီးလွန်းတဲ့ ဆုံးရှုံးမှုတွေပါပဲ။ဦးသက်ဆွေကိုတောင် ရန်မလုပ်နိုင်လောက်အောင် ပုံရိပ်အင်အားတွေမဲ့ပြီး ပြေးထွက်လာခဲ့မိတယ်။မုန်းတယ်..အဲ့ဒီ့လူကြီးကို ပုံရိပ်အရမ်းမုန်းတယ်။
"ဘာလို့...ဒီလိုလုပ်ရက်ရတာလဲ...."
မိုးရေထဲမှာငုတ်တုတ်ထိုင်ချပြီး မိုးခြိမ်းသံတွေကိုမုန်းလွန်း၍ နားရွက်နှစ်ဖက်ကိုလက်ဖြင့်အုပ်ကာ အကျယ်ကြီး အော်ဟစ်နေမိသည်။တိမ်သားထုကြီးထဲမှ လျှပ်စီးအလင်းတန်းတွေကို မမြင်လိုတာကြောင့် မျက်လုံးတွေကိုမှိတ်ထားမိသည်။မိုးရေစက်တို့ကြောင့် အေးစက်လာသည့်ဝေဒနာဟာ
ပုံရိပ်ရဲ့နှလုံးသားထဲအထိ နစ်၀င်လာသလိုပါပဲ။မျက်ရည်တို့ဟာလည်း အေးစက်လှသည့်မိုးရေစီးကြောင်းအတိုင်း မျောပါသွားခဲ့လေပြီ။
ကြောင်လေးမျက်ပြူးဆိုတာ ပုံရိပ်ရဲ့မွေးနေ့မှာ အဖေနဲ့အမေက မွေးနေ့လက်ဆောင်အဖြစ်မွေးခွင့်ပေးခဲ့တဲ့ ပထမဆုံးသော ပုံရိပ်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးပါပဲ။အရမ်းကို သံယောဇဉ်တွယ်ခဲ့ရတာကြောင့် အခုလိုဆုံးရှုံးလိုက်ရတဲ့အခါ
အသက်လောက်တန်းဖိုးထားရတဲ့ လူတစ်ယောက်က တစ်နေ့မှာပျောက်ခြင်းမလှပျောက်သွားရတဲ့ ခံစားချက်ကြီးမျိုး ဖြစ်တည်လာတယ်။
လောကကြီးထဲမှာ တွယ်တာစရာမရှိတော့ဘူး..။
ချစ်ခင်ရသူတွေအားလုံး အဝေးကိုထွက်သွားကြပြီ။
ကံကြမ္မာဟာ ပုံရိပ်အပေါ်မှာရက်စက်စွာ
ဘာကြောင့်ဖိနှိပ်ထားရတာလဲ။တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်ဆိုရင် ပုံရိပ်ပါ၀င်ရတဲ့အပိုင်းက ဘာကြောင့်ရင်နာစရာတွေချည်းဖြစ်နေရတာလဲ။
လူ့ပတ်၀န်းကျင်ဟာ အားနည်းသူကိုဖေးမဖို့ထက် ဖိနှိပ်ဖို့ပဲ အားသန်နေကြတဲ့အချိန်မှာ ကံကြမ္မာကပါ ပုံရိပ်ကိုပိုပြီး အားနည်းအောင်ပြုလုပ်လိုက်ပြီ။
အက်ကွဲနေတဲ့ စိတ်ဒဏ်ရာတွေကို ပိုပြီးကုသဖို့ ဆေးမရှိအောင် လုပ်လိုက်ကြပြီ။
ပုံရိပ်ရဲ့ စိတ်ထဲမှာယခုဖြစ်တည်နေတဲ့အရာကတော့ အိမ်ကိုလည်းမပြန်ချင်တော့သလို ဘယ်လိုကိစ္စရပ်တွေကိုမှလည်း မတွေးတောချင်တော့ဘူး။
အများအမြင်မှာ သေးငယ်တယ်လို့ထင်နိုင်တဲ့အရာတစ်ခုဟာ ပုံရိပ်အတွက်တော့ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတစ်ရပ်ပဲ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ည၏အမှောင်ထုသည် ကောင်းကင်တွင်တစ်ချက်တစ်ချက် လင်းလက်လာသောလျှပ်စီးတန်းကြီးအား ထင်းလင်းစွာမြင်ရစေသည်။မိုးရေစက်များဟာ ရိုင်းဆိုင်းခက်ထန်သောမျှားချက်တွေနယ် ကျောင်းဆောင်၏ခေါင်းမိုးပေါ်သို့ ကျဆင်းလာသည်။မိုးခြိမ်းသံကြီး မြည်ဟီးလာတိုင်း တရားထိုင်နေကြသည့် ကိုရင်ငယ်လေးတွေခမျာ ခန္ဓာကိုယ်လေးတွေ တုန်တက်သွားကြသည် ။မိုးစက်နှင့်လေနီကြမ်းသည် ရိုင်းဆိုင်းစွာခရီးနှင်နေ၍ ကျောင်းဆောင်၏တံခါးချက်တွေဟာ တဂျုန်းဂျုန်းမြည်နေသည်။
ပြန်၍မပြုပြင်ရသေးသော တံခါးချက်တစ်ခု
၏အနီးတွင် တရားမှတ်နေသည့် ကိုရင်ငယ်လေးဟာ လေပြင်းတစ်ချက်တိုက်လိုက်တိုင်း ဂတုံးပြောင်ပြောင်ပါ အေးလာသည့်ခံစားချက်ကြီးကို မနည်းကြိတ်မှိတ်သည်းခံနေရသည်။မျက်လုံးကို အသာအယာဖွင့်ကြည့်လိုက်တော့ သူ့အရှေ့တွင်ထိုင်နေသော ကိုရင်ငယ်လေးဟာလည်း သူ့နည်းတူပင် လှုပ်လှုပ်ရွရွဖြစ်နေသည်။
ကိုယ်တစ်ယောက်တည်း ဂဏှာမငြိမ်ဖြစ်နေတယ်လို့ ထင်ခဲ့မိပေမဲ့ အခုတော့ကိုယ်လို့ကိုရင်တွေ အများကြီးဖြစ်နေ၍ စိတ်အနည်းငယ်ဖြေသာသွားမိသည်။
အရေးထဲမှ ဗိုက်ကလည်းဆာလာတာများ အူတွေတောင် လှိမ့်ထွက်တော့မည်။
အစကတော့ အိပ်ငိုက်လို့ရအောင် ချောင်ကျတဲ့နေရာကိုရွေးပြီး တရားထိုင်မယ်လို့စိတ်ကူးခဲ့မိတာ အခုတော့ အိပ်ငိုက်လို့မရ၊တရားမရတဲ့အပြင် လေဖြတ်ပြီး အနိစ္စသဘောနဲ့ ကိစ္စချောရကိန်းဆိုက်နေလေပြီ။
ထိုစဉ်ကိုရင်လေးရဲ့ မျက်၀န်းများဟာ
ပြူတင်းပေါက်မှတစ်ဆင့် ကျောင်း၀န်းထဲတွင် တည်ထားသော ဘုရားကြီးရဲ့ရင်ပြင်တော်ပေါ်ရှိ အမိုးအောက်မှ အရိပ်တစ်ခုဆီသို့အကြည့်ရောက်သွားလေသည်။မီးတွေပျက်နေတာကြောင့်
ထိုအရိပ်ကိုပီသစွာတော့ မမြင်ရပေ။
သို့ပေမဲ့ တစ်ယောက်ယောက်ထိုင်နေတာတော့ သေချာတယ်။ခုချိန်ကမိုးတွေရွာထားလို့ဘုရားရင်ပြင်တစ်ခုလုံးစိုရွှဲနေတဲ့ဥစ္စာ ရူးနေတဲ့လူပဲ ဘုရားရင်ပြင်တွင်ထိုင်နေမှာ သေချာသည်။
ထိုစဉ် ဖြတ်ခနဲလင်းသွားသည့် လျှပ်စီးတန်းကြီးကြောင့် ကိုရင်လေး ထိုင်နေရာမှ ဆွေ့ကနဲထခုန်လေတော့သည်။
"အမယ်လေး...သရဲ...သရဲ...."
"ဟာ...ဘယ်မှာလည်းသရဲ.."
"ဟိုးမှာ...ဘုရားရင်ပြင်ပေါ်မှာ သရဲမကြီးထိုင်နေတာလားမသိဘူး...."
တရားထိုင်သည့်ဟောခန်းကြီးဟာ ပင်မဆောင်၏
ဒုတိယထပ်တွင်ဖြစ်တာကြောင့် ပြူတင်းပေါက်တွေမှ လှမ်းကြည့်ပါက ဘုရားကြီးအပါအ၀င် ကျောင်း၀န်းထဲရှိ နေရာတော်တော်များများကို လှမ်းမြင်နိုင်လေသည်။
ဝါနဲနဲရင့်ပြီဖြစ်တဲ့ ဦးဇင်းတွေနှင့်သက်ကြီးပိုင်းကိုရင်တွေကတော့ တည်ငြိမ်စွာထိုင်နေကြပေမဲ့ ကိုရင်ငယ်လေးတွေကတော့ ခုဏကအသံနက်ကြီးဖြင့် အော်လိုက်သော ကိုရင်လေးရှိရာပြူတင်းပေါက်ဆီသို့ စုပြုံ၍ရောက်သွားကြလေသည်။
အုံးအုံးကျွတ်ကျွတ်ဖြစ်သွားသည့် အသံတွေကြောင့် ကျောင်းထိုင်ဆရာတော်ကြီးလည်း တရားရှုသည့်ဘက်သို့ အာရုံစုစည်း၍မရဖြစ်နေတော့သည်။
"ဘယ်မှာလည်း သရဲက..."
"ဟိုးမှာလေ...ဟိုးမှာ..လျှပ်စီးလက်သွားတုန်းက ဆံပင်ဖျားလျားကြီးနဲ့ထိုင်နေတာကို သေချာတွေ့လိုက်တယ်.."
"ဟုတ်လို့လား...ကိုရင်ငပုရယ်...သရဲကဘုရားပေါ်မှာဘယ်လိုလုပ်ပြီး ထိုင်နိုင်မှာလဲ..."
"ဒါက...ဥစ္စာစောင့်များလား..."
"ဟိတ်...တရားထိုင်နေတဲ့အချိန် စည်းကမ်းမလိုက်
နာကြဘူးလား..တရားမထိုင်ကတင် သီလယူထားကြပြီး...ဘာတွေလျှောက်ပြောနေကြတာလဲ..
ဆရာတော်ကြီးအရှေ့မှာထိုင်နေတယ်လေ
...လေးစားမှုမရှိကြဘူးလား..."
ဦးဇင်းတစ်ပါး၏ဆူငေါက်လိုက်သည့် အသံကြောင့် ကိုရင်လေးတွေလည်းခေါင်းကြိမ်းသွားကြပြီး
ထိုင်နေကြနေရာအသီးသီးသို့ ပြန်ပြေးကုန်ကြလေသည်။
"ဟိုကိုရင်...ဘာလို့မဟုတ်မဟပ်တွေလျှောက်ပြောနေရတာလဲ...သူများတွေတရားထိုင်နေတဲ့အချိန်
စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်သင့်ဘူးလေ..."
"မဟုတ်ဘူး..ဦးဇင်းရဲ့ကိုရင်ငပုပြောတာ တကယ်ဟုတ်တယ်...ရင်ပြင်ပေါ်မှာလူတစ်ယောက်ထိုင်နေတာပါဆို...မယုံရင်ကြည့်ကြည့်..."
အသက်ဆယ့်နှနှစ်လောက်ရှိပြီဖြစ်သော ကိုရင်တစ်ယောက်က ထပြောလိုက်တာကြောင့် ဦးဇင်းလည်းဆရာတော်ကြီးကိုတစ်လှည့် ကိုရင်ငယ်လေးတွေဘက်သို့တစ်လှည့်ကြည့်လိုက်ပြီး ပြူတင်းပေါက်အနားသို့ကပ်သွားကာ ရင်ပြင်တော်ပေါ်သို့ လှမ်းကြည့်လိုက်သည်။
ထိုစဉ် လျှက်စီးတစ်ချက်လက်သွားတာကြောင့် ရင်ပြင်တော်ပေါ်ရှိ အမိုးအောက်အစွန်အဖျား
နားတွင် ဆံပင်ဖျားလျှားနှင့်လူတစ်ယောက်ထိုင်နေသည်ကို သေချာတွေ့လိုက်ရသည်။အစက ထင်ရောင်ထင်မှား ဖြစ်နေတာဟု တွေးလိုက်မိပေမဲ့ သေချာကြည့်လေ ပိုပီပြင်လာလေပဲ။
ဦးဇင်းလည်း ကိုရင်တွေစီတန်း၍ ထိုင်နေကြသည့် ကြားမှ ဖြတ်လျှောက်ကာ ဆရာတော်ဆီသွား၍ လက်အုပ်ချီကာ ၀တ်ပြုလိုက်သည်။
"ဆရာတော်ကြီး..ဘုရားရင်ပြင်ပေါ်မှာ လူတစ်ယောက်ထိုင်နေပါတယ်...မှောင်နေတော့ မိန်းမလား.
ယောက်ျားလားမသဲကွဲပေမဲ့ မိန်းကလေးဖြစ်ဖို့များပါတယ်..."
"ဟေ...ဟုတ်လား...နေအုံး...ဘုန်းဘုန်းကြည့်စမ်းမယ်...."
သက်တော်ငါးဆယ်ရှိပြီဖြစ်သော ဆရာတော်ကြီးဟာ နေရာမှချက်ချင်းထတော်မူပြီး ပြူတင်းပေါက်အနားသို့ ခပ်ဖြေးဖြေးလှမ်းသွားလေသည်။
ဦးဇင်းလေးကလည်း အနောက်မှလက်အုပ်ချီ၍လိုက်သွားကာ ပြူတင်ပေါက်နားတွင်ရပ်၍ ဆရာတော်အား လူအရိပ်ရှိရာအရပ်သို့ ညွှန်ပြလေသည်။
"ဟိုမှာပါ...ဘုရား..."
ဆရာတော်ကြီးလည်း ထိုလူရိပ်အားသေချာ
မျက်မှောင်ကြုံ့၍ကြည့်လိုက်ပြီးနောက် အလွန်အံ့ဩသွားမိလေသည်။မီးပျက်နေပေမဲ့လို့ လျှက်စီးလက်လိုက်တိုင်းထိုလူရိပ်ကို သဲကွဲစွာမြင်ရလေသည်။သူခိုးလို့ဆိုရအောင်လည်း ဒီလိုမိုးရွာနေတဲ့အချိန်မှာ ရင်ပြင်တော်ပေါ် ဘာတက်လုပ်နေမှာလဲ။ဘုန်းကြီးကျောင်းမှာ ပစ္စည်းခိုးခံရတဲ့ရာဇ၀င်လည်းမရှိခဲ့ဖူးဘူး။
"ဦးဇင်း...."
"တင်ပါ့..."
"အခုချက်ချင်းနေမျိုးကိုသွားခေါ်ပြီး ရင်ပြင်ပေါ်ကိုသွားကြည့်ကြစမ်း...ဓာတ်မီးပါယူသွား...အဝေးကနေမီးလှမ်းထိုးပြီး ဘယ်သူလည်းအရင်မေး
...စိတ်လိုက်မာန်ပါနဲ့ ထိခိုက်ဒဏ်ရာရအောင်မလုပ်မိစေနဲ့...."
"တင်ပါ့ပါဘုရား...တပည့်တော်နေမျိုးကို အခုပဲသွားခေါ်လိုက်ပါ့မယ်...."
ဦးဇင်းလည်း ဆရာတော်ကြီးအားလက်အုပ်ချီ၍
အနောက်ကိုအသာဆုတ်ခါကျောင်းပေါ်မှပြေးဆင်းသွားလေတော့သည်။
ဆရာတစ်ဖြစ်လည်းဘုန်းကြီးကျောင်းသား နေမျိုးဟာနေ့ဘက်တွင် ကျောင်းသားများကို စာသင်ရသောကျောင်းဆောင်တွေဘက်တွင်နေထိုင်လေသည်။ညခုနှစ်နာရီလောက်ပဲရှိသေးတာကြောင့် ယခုအချိန်လောက်ဆိုရင် ညဘက်မှာစာသင်ချင်သည့်ကျောင်းသားလေးတွေကို စာသင်ပေးနေမှာသေချာသည်။သို့ပေမယ့်လည်းမတတ်နိုင်စွာနှောင့်ယှက်ရ ပေတော့မည်။ကျောင်းဆောင်၏လျှောက်လှမ်းဟာမှောင်မည်းနေတာကြောင့် ဦးဇင်းလည်း မတိုက်မိမချော်လဲစေရန်သေချာမှန်းပြီးလျှောက်နေရသည်။
မကြာခင်မှာပဲမီးရောင်မှိန်ပျပျလင်းနေသောအခန်းကို တွေ့ရ၍အမြန်လျှောက်ကာတံခါးဝတွင်ရပ်လိုက်သည်။
"နေမျိုးရေ...နေမျိုး.."
"ဆရာ...ဟိုမှာဦးဇင်းခေါ်နေတယ်..."
စာသင်သည့်ဘက်သို့စျာန်ရောက်နေသောနေမျိုးဟာ တံခါးဝတွင်ရပ်နေသောဦးဇင်းဆီသို့လှမ်းကြည့်လိုက်မိသည်။မျက်မှန်ကိုလက်ညှိုးနဲ့အသာပင့်တင်လိုက်ပြီးနောက် စိုးရိမ်သောကများနေပုံပေါ်သည့်ဦးဇင်းရဲ့ပုံစံကို နားမလည်နိုင်ဖြစ်သွားရသည်။ဥဇင်းဆရာတော်ရဲ့လက်ရုံးတွေထဲမှာ
အရင့်ကျက်ဆုံးဦးဇင်းတစ်ပါးဖြစ်သည်။
ယခုဘာကြောင့်မောကြီးပန်းကြီးဖြစ်နေရတာပါလိမ့်။နေမျိုးလည်းလက်ထဲတွင်ကိုင်ထားသော
ငါးတန်းသင်္ချာစာအုပ်ကိုခုံပေါ်သို့အသာချလိုက်ပြီးအပေါက်ဝဆီသို့လျှောက်သွားလိုက်သည်။
"ဦးဇင်း...ဘာဖြစ်လာတာလဲ.."
"ဘာဖြစ်လာလဲမမေးနဲ့...ဒကာ့ဆီမှာဆရာတော်ကြီးဆီကနေငှားထားတဲ့ဓာတ်မီးရှိတယ်မဟုတ်လား..."
"..ရှိတယ်လေ...တပည့်တော်သုံးထောင်မသုံးရသေးဘူး..."
"ဟုတ်ပြီဒါဆိုအဲဒီ့ဓာတ်မီးကိုယူခဲ့...တို့နှစ်ယောက်ဘုရားရင်ပြင်တော်ဆီကိုသွားကြရအောင်.."
"မိုးတွေဒီလောက်ရွာနေတာ...ရင်ပြင်တော်ပေါ်မှာချောနေမှာပေါ့ဘုရား..."
"နေမျိုးရယ်...ဒကာ့နယ်...ဆရာဆိုတဲ့အတိုင်းစကားကလည်းရှည်လိုက်တာ...ရင်ပြင်အပေါ်မှာမသင်္ကာစရာတွေ့လို့ဟေ့...ဒီကျောင်းထဲမှာအားကောင်းမောင်းသန်ဗလကောင်းကောင်းဆိုလို့...ဒကာပဲရှိလို့အဖော်လာခေါ်တာပါ..ဟုတ်ပြီလား..လာသွားကြမယ်...အရမ်းကြာနေလို့မရဘူး...ကျောင်းပေါ်မှာကိုရင်လေးတွေလည်းကြောက်နေကြတယ်..."
နေမျိုးလည်းကျောင်းဝန်းထဲမှာဒီလိုကိစ္စမျိုးတစ်ခါမှမဖြစ်ဖူးတာကြောင့်နားမလည်နိုင်ဖြစ်ရင်းနဲ့ပဲဓာတ်မီးကိုယူ၍ဦးဇင်းနှင့်အတူလိုက်လာခဲ့ရသည်။
ထီးတစ်ယောက်တလတ်ဆီဆောင်းထားပြီး
အမှောင်ရိပ်ထဲမှာပေမယ့် ဓာတ်မီး၏အလင်းရောင်နှင့်သူတို့ရွေ့လျှားနေမိကြသည်။ကျောင်းဝန်းထဲတွင်နှစ်ချို့အပင်များစွာရှိလေသည်။ဘုရားရင်ပြင်ပေါ်တွင် ဘောင်ခပ်၍ထားသောအင်ကြင်းပန်းပင်ကြီးကလည်းအခုလောက်ဆိုလေပြင်းနှင့်မိုးကြောင့်အကိုင်းလောက်ပဲကျန်တော့မှာသေချာသည်။
ဘုရားကြီးဘေး၌ သိင်္ဃကျောင်းတစ်ခုရှိပေမယ့်
ဥပုဒ်ရက်နှင့်အခါကြီးရက်ကြီးများမှလွဲ၍တံခါးကိုဖွင့်ပေးလေ့မရှိပေ။ကျောင်းဆောင်၏အရှေ့တွင်တော့ လူငါးကိုယ်စာလောက်ရှိသည့်သက်တမ်းရင့်ခရေပင်ကြီးရှိလေသည်။
မနက်ဘက်ဆိုလျှင်ရပ်ကွက်ထဲမှ ကလေးတွေဟာအစောကြီးခရေပွင့်တွေလာလာကောက်လေ့ရှိကြသည်။
ယခုတွင်တော့ထိုအပင်ကြီးဟာအကိုင်းအခက်နှင့်အပွင့်ပါမကျန် ရေသီးရေပေါက်တို့ခိုတွဲ၍လေပြင်းနှင့်အတူယိမ်းထိုးနေရှာသည်။
"ဒုန်း..."
"အောင်မလေး...ဗုဒ္ဓေါ...*
"ဟ...ဦးဇင်းကလည်း...အုန်းသီးကြွေတာပါဗျ..."
"သိပါတယ်ကွာ...ခေါင်းတည့်တည့်မှန်ပြီးမှတ်လို့ ယောင်သွားတာပါ..."
နေမျိုးလည်းရယ်ချင်ချင်ဖြစ်သွားသည့်စိတ်ကိုမနည်းထိန်းလိုက်ရပြီး ဥဇင်းရဲ့အနောက်မှလိုက်လာခဲ့လိုက်သည်။ကျောင်းဝန်းထဲမှာက မြေသားတွေချည်းပဲဖြစ်နေတာကြောင့် ချော်မလဲစေရန်မနဲထိန်းလျှောက်နေရလေသည်။
ဦးဇင်းကလည်းသင်္ကန်းကိုရွှံ့ပေမည်ဆိုး၍
ကွတကွတနှင့် လမ်းလျှောက်နေရတာများ
သနားစိတ်တောင်၀င်မိသည်အထိပင်။
သိပ်ကြာကြာ မလျှောက်လိုက်ရပဲ ဘုရားရင်ပြင်ပေါ်သို့ရောက်ကြလေသည်။
ရွှေတိဂုံဘုရားကို တုပပြီးတည်ထားသည့်ဘုရားမို့ထုထည်ကတော့ကြီးမားလေသည်။
အမှောင်ထဲမှာတောင်ဘုရားကြီးရဲ့ကိုယ်ထည်မှရွှေရောင်အဆင်းဟာ တဖြတ်ဖြတ်လင်းလတ်
နေသလိုပါပဲ။
ဦးဇင်းဟာ တောင်ဘက်အခြမ်းမှလက်ယာရစ်ကာ လျှောက်နေတာကြောင့်အနောက်မှဓာတ်မီးထိုးပေးရင်းလိုက်ရလေတော့သည်။
"ဟာ...ဟိုမှာ...ဦးဇင်း..."
သူ့ဓာတ်မီးနှင့်ထိုးလိုက်သည့်နေရာသို့ ဦးဇင်းကလည်းမျက်လုံးပြူးပြီးလိုက်ကြည့်လေသည်။
အမိုးအောက်မှာမလုပ်မယှက်ဘဲ ထိုင်နေသည်က မိန်းကလေးတစ်ယောက်ဖြစ်သည်။
ချမ်းလို့ထင်ပါရဲ့ လက်တွေကိုဒူးဆစ်မှာကျစ်နေအောင်ရစ်သိုင်းထားပြီး မျက်နှာကိုမှောက်ထား
လေသည်။ဆံပင်ရှည်တွေက ခြေသလုံးရိုးပေါ်မှတစ်ဆင့် ရင်ပြင်နဲ့ထိနေပြီးရေစက်တွေယိုစီးကျနေလေသည်။တစ်ကိုယ်လုံးလည်းတုန်ယင်နေရှာသည်။
"ဟေ့...မင်းဘယ်သူလဲ...မိုးတွေဒီလောက်ရွာနေတာကိုယ့်အိမ်ကိုယ် မပြန်ဘဲဒီမှာဘာထိုင်လုပ်နေတာလဲ.."
နေမျိုးရဲ့အော်သံကိုကြားတော့သူမရဲ့ဦးခေါင်းကစတင်ရွေ့လျားလာသည်။
မျက်နှာကိုမော့ပြီးသူတို့ဘက်သို့ ကြည့်လိုက်တဲ့အချိန် မြင်လိုက်ရတဲ့မိန်းကလေးရဲ့မျက်နှာကသူ့ကိုအံ့သြသွားစေသည်။မျက်နှာတစ်ခုလုံးဟာဖြူဖက်နေပြီး နှုတ်ခမ်းတွေကပြာနေသည်။မိုးရေထဲမှာအချိန်အကြာကြီးရှိနေခဲ့မှန်းသိသာစေသည်။
သူမရဲ့မျက်ဝန်းတွေဟာ မှေးစင်းနေပြီး
အားအင်ပြက်လတ်နေသလို ပုံစံဖြစ်နေသည်။
ကိုယ့်ထက်ငယ်လား ကြီးလားမသိပေမယ့်ယခုမြင်ရတဲ့ ရုပ်ဆင်းကတော့အကျည်းတန်လွန်းသည်။
ဘာကြောင့်ကျောင်းဝန်းထဲမှာညမိုးချုပ်တဲ့အထိနေနေရတာပါလိမ့်။
ခရီးသွားဟန်လွဲဆိုရင်တောင် ဘုန်းကြီးတွေ၊ကိုရင်တွေကိုခွင့်တောင်းသင့်တယ်။
ဒီမိန်းကလေးကရူးနေတာများလား။
သို့မဟုတ် အိမ်ကနေထွက်ပြေးလာတာလား။မိသားစုနဲ့အဆင်မပြေလို့စိတ်ဆိုးပြီးထွက်လာတာများဖြစ်နေမလား။
ရုတ်တရက်ဆိုသလို သူနဲ့ဦးဇင်းအားမှင်သေသေပုံစံနဲ့ကြည့်လာတဲ့သူမရဲ့မျက်ဝန်းထဲမှာကြောက်ရွံ့မှုတွေလည်းထင်ဟပ်မနေသလို စိုးရွံ့မှု၊အားငယ်မှုတွေလည်းလုံးဝရှိမနေဘူး။
ဒါပေမယ့်မိုးမိထားတဲ့ဒဏ်ကြောင့်
သူမရဲ့ မျက်နှာကဖြူဖက်ပြီးညှိုးလျှော်နေလေသည်။
"မင်းဘယ်သူလဲ...ဒီရပ်ကွက်ကပဲလား....
ဘာလို့ဘုန်းကြီးကျောင်းထဲမှာမိုးတွေရွာနေတာတောင် လာထိုင်နေရတာလဲ...."
"ဒကာနေမျိုးရယ်...မေးခွန်းတွေကိုနောက်မှမေးစမ်းပါ...ကောင်မလေးကိုကြည့်ရတာအရမ်းချမ်းနေပြီထင်တယ်....နှုတ်ခမ်းတွေတောင်ပြာနေပြီ..
အရင်ဆုံး..မိုးလုံလေလုံ နေရာကိုခေါ်သွားရအောင်.."
ဦးဇင်းရဲ့အပြောကိုနေမျိုးသိပ်တော့ဘဝင်မကျပေ..။ဒီအချိန်ကြီးမှာတစ်ယောက်တည်းရင်ပြင်ပေါ်
လာထိုင်နေတည်းကသိပ်တော့မရိုးသားလှဘူး။.
ဒါပေမယ့်တစ်ဖက်ကကြည့်ပြန်တော့လည်း..
တစ်ကိုယ်လုံးရေနှူးထားသလိုပုံနဲ့ကြွက်စုတ်လိုဖြစ်နေတဲ့ကောင်မလေးက ကိုယ်တွေကို
ဘာအန္တရာယ်ပြုနိုင်မှာလဲ။သူ့ဘာသာတောင်လမ်းလျှောက်နိုင်ရဲ့လားမသိဘူး။
ဦးဇင်းဟာ ခွေးလေးကြောင်လေးတွေကအစ အရမ်းသနားဂရုဏာကြီးမားလွန်းသူမို့
ဒီမိန်းကလေးအပေါ်ဂရုဏာသက်နေတယ်ထင်ပါရဲ့။
"ဒကာမလေး...ဦးဇင်းတို့နဲ့လိုက်ခဲ့ပါ...ဒီမှာဆက်ထိုင်နေရင် အဆုတ်အအေးပတ်သွားလိမ့်မယ်..."
ဦးဇင်းကဒီလောက်လေသံပျော့ပျော့နဲ့ ခေါ်နေတာတောင်ဒီမိန်းကလေးက အင်းမလှုပ်၊အဲမလှုပ်နဲ့
စိုက်ပဲကြည့်နေသည်။ဘယ်လိုမိန်းကလေးပါလိမ့်။အနည်းနဲ့အများတော့သင်္ကန်းဝတ်ထားတဲ့သံဃာတော်ကိုရိုသေမှုတော့ရှိသင့်တယ်။
မျက်လုံးတွေကလည်းဘာအဓိပ္ပာယ်သက်ရောက်လို့ရောက်မှန်းမသိ။ ကြောင်တောင်တောင်နဲ့ ။
ဒီလိုမိန်းကလေးမျိုးဒီတခါပဲတွေ့ဖူးတယ်။
ဦးဇင်းကလည်း ပေကပ်ကပ်လုပ်နေသည့်ကောင်မလေးကို ဇွဲမလျော့တမ်းဆက်ခေါ်နေသည်။မခေါ်လို့လည်းမဖြစ်ဘူး။
တော်ကြာ ဘုန်းကြီးကျောင်းထဲမှာတစ်ခုခုဖြစ်သွားခဲ့ရင် ဆရာတော်ကြီးရောကိုယ်တွေပါပြဿနာတောထဲကိုတိုးဝင်နေမိမှာသေချာတယ်။
"ဒီမှာ...မင်းဘုန်းကြီးကျောင်းထဲမှာညကြီးအချိန်မတော်ရှိနေတာ...တစ်ခုခုဖြစ်သွားရင်တို့တွေရော ဆရာတော်ကြီးပါ...ပြဿနာထဲပါကုန်လိမ့်မယ်...ငါတို့ကိုဒုက္ခရောက်အောင်မလုပ်ပါနဲ့..
မင်းကိုလုံခြုံတဲ့နေရာဆီခေါ်သွားပေးမယ်..
ဒီမှာဆက်ထိုင်နေရင်..မင်းသေသွားလိမ့်မယ်..
ဟိုးအပေါ်ထပ်ကနေ လှမ်းကြည့်နေကြတဲ့ကိုရင်တွေက မင်းကိုသရဲထင်ပြီးကြောက်နေကြတယ်..မင်းကြောင့်ဆရာတော်ကြီးတို့ပုံမှန်တရားထိုင်တဲ့အချိန်တွေကြန့်ကြာကုန်ပြီ..
တို့တွေနဲ့အမြန်လိုက်ခဲ့ပါ..ဆရာတော်ကြီးကိုလည်းသွားအကြောင်းကြားရဦးမယ်......"
အရက်ရှည်ရှည်၊ခန္ဓာကိုယ်ခပ်ထွားထွားနှင့်ပုဆိုးကိုဒူးလောက်အထိရောက်အောင်ဝတ်ထားသည့်လူကိုပုံရိပ်သေချာစိုက်ကြည့်လိုက်မိသည်။
သူ့ရဲ့ဓာတ်မီးအလင်းရောင်က ပုံရိပ်ဘက်ကိုချိန်ထိုးထားတာကြောင့် သူ့ရဲ့ပုံသဏ္ဍာန်ကိုသေချာကြည့်လို့မရဘူးဖြစ်နေတယ်။
ပုံရိပ်ရဲ့ဘေးနားမှာရပ်နေသည့်ဦးဇင်းကတော့အရပ်ပုပုနှင့်ခပ်ပိန်ပိန်ဖြစ်ကာ အသက်ကသုံးဆယ်ကျော်လောက်ရှိမည်။
ပုံရိပ်ကိုဓာတ်မီးနဲ့ချိန်ထိုးထားသူကတော့သူ့ရုပ်ကို
မမြင်ရပေမယ့်သူ့ရဲ့အသံမှာတင် ဩဇာလွှမ်းမိုးမှုတစ်ခုရှိနေသည်။
ဆရာတစ်ယောက်က တပည့်တစ်ယောက်ကို
ဆူသလို၊မာန်သလိုလေသံမျိုး ။
အသံအနိမ့်အမြင့်နဲ့ပြောနေပုံက နေရာတကာဆရာကြီးလုပ်ချင်သည့်ပုံစံမျိုးပင်။
ဒါပေမဲ့ သူပြောတာကိုသေချာစဉ်းစားကြည့်လိုက်တော့ ပုံရိပ်ကြောင့်ကိုရင်တွေထိတ်လန့်သွားကြပုံပဲ။သံဃာတော်တွေကိုပါ ပုံရိပ်ဒုက္ခပေးမိသလိုဖြစ် နေပြီ။
"ကြာတယ်ကွာ...လာမြန်မြန်ထ..."
ပုံရိပ်ရဲ့လက်မောင်းကနေဆွဲထူလိုက်သည့်
ထိုလူ့ကြောင့် ထုံကျင်နေသည့်ခြေထောက်တွေဟာ
ယိုင်နဲ့စွာပင် မတ်တပ်ရပ်လျက်အနေအထားဖြစ်သွားရသည်။ထိုင်ပါများလို့အေးခဲထုံကျင်နေတဲ့ခြေဖဝါးတွေက ဘုရားရင်ပြင်နဲ့ထိလို့ထိမှန်းတောင်မသိသာဘူး။
"ကိုယ့်ဘာသာ လျှောက်နိုင်လား...*
နောက်ထပ် မာထန်နေသောဆရာကြီးလေသံဖြင့်မေးလာသည့် သူ့ကိုမော့ကြည့်လိုက်တော့
သူကအရင်မျက်နှာလွှဲသွားလေသည်။
အရပ်ရှည်တယ်။မျက်နှာကြောတင်းတယ်။
စိတ်မရှည်ဘူး။
ဘုန်းကြီးကျောင်းမှာဒီလူကဘာရာထူးပါလိမ့်။
"ဒကာမလေး.. ရော့...ဒီထီးကိုဆောင်းထား
ဦးဇင်းတို့ရဲ့နောက်ကနေလိုက်ခဲ့..."
ဦးဇင်း၏ လက်ထဲမှထီးကိုယူလိုက်ပြီး
ပုံရိပ်လည်းအနောက်ကနေလျှောက်လာခဲ့လိုက်သည်။
ထိုစဉ်လျှပ်စစ်မီးရောင်တွေဟာဘုန်းကြီးကျောင်းဝန်းတစ်ခုလုံးအား ထိန်းညီးသွားစေတော့သည်။နေ့ခင်းဘက်ထဲက ပျက်တဲ့မီးဟာမိုးနည်းနည်းစဲတော့မှပြန်လာခြင်းဖြစ်သည်။
ကျောင်းဆောင်တစ်ခုဘေးနားသို့ရောက်တော့
ဦးဇင်းကပုံရိပ်ကိုတစ်လှည့် ဟိုလူ့ကိုတစ်လှည့်ကြည့်လာသည်။
"နေမျိုး..ဒကာမလေးကိုမင်းခဏခေါ်ထားလိုက်စမ်းကွာ..ဘုန်းဘုန်းတို့ကို အကျိုးအကြောင်းရှင်းပြလိုက်မယ်...ဒကာမလေးက ရေတွေစိုရွှဲနေတော့ကျောင်းပေါ်ကိုခေါ်သွားလို့မဖြစ်ဘူး..
တရားထိုင်ရမယ့်အချိန်ကြီးလည်းဖြစ်နေတော့
...အချိန်စေ့မှဆရာတော်နဲ့ငါလိုက်လာခဲ့မယ်..."
ဦးဇင်းက နေမျိုးရဲ့အနားသို့တိုးကပ်လိုက်ပြီး "..
ဒကာမလေးကိုနည်းနည်းပါးပါး..မေးမြန်းထားလိုက်ဦး...အရမ်းနောက်မကျခင်အိမ်ပြန်ပို့ပေးလို့ရအောင်..."ဟုမှာခဲ့ကာ တရားထိုင်ရသည့်
ပင်မဆောင်ဘက်သို့ကူးသွားလေသည်။
နေမျိုးလည်းသက်ပြင်းတစ်ချက်ချလိုက်ပြီး
ထိုကောင်မလေးကိုသူနေထိုင်သည့် ကျောင်းဆောင်ဘက်သို့ခေါ်လာလိုက်သည်။
ထူးဆန်းနေတာက ဒီမိန်းကလေးဟာအခုထိစကားတစ်လုံးမှမပြောသေးတာပဲ။
အနေတာလည်းမဖြစ်နိုင်သလို ဘယ်လိုကိစ္စတွေ ကြုံတွေ့လာခဲ့ရလို့ စကားတစ်ခွန်းတောင်မပြောချင်ရသလဲဆိုတာကို သိချင်စိတ်တော့ဖြစ်မိသည်။
"လာ...လောလောဆယ်ဒီအခန်းမှာခဏဝင်ထိုင်နေ"
ထိုလူဝင်ခိုင်းတဲ့အခန်းထဲကိုကြည့်လိုက်တော့ကလေးသုံး၊လေးယောက်က စာကြည့်စားပွဲတစ်လုံး ဘေးနားမှာဝိုင်းထိုင်နေကြတာကိုတွေ့လိုက်ရသည်။အခန်းထဲမှာသစ်သားကုတင်တစ်လုံးလည်းရှိနေပြီးထိုကုတင်ပေါ်တွင် စောင်နဲ့ခေါင်းအုံးကိုသေချာခေါက်ပြီးတင်ထားလေသည်။
ဒါကဒီလူနေတဲ့အခန်းထင်တယ်။
အခန်းတစ်ခုလုံးကသပ်ရပ်နေပြီး အပြင်ကနေမြင်နိုင်တဲ့အဝတ်ဘီဒိုလေးထဲတွင်တော့ သေသပ်စွာ
စီရီထားသော ခေါက်ပြီးသားအဝတ်အထပ်လိုက်ကိုတွေ့လိုက်ရသည်။
ဒီလူကအသန့်အပြန်ကြိုက်မယ့်ပုံပဲ။
"ဒီမှာထိုင်နေဦး...အရမ်းချမ်းနေတယ်မလား..
ဒီစောင်ကိုခဏခြုံထားလိုက်..."
မထင်မှတ်ထားဘဲထိုလူကသူ့ရဲ့သစ်သားကုတင်ပေါ်မှာပုံရိပ်ကိုထိုင်ခွင့်ပြုလိုက်သလိုသူ့ရဲ့ခေါင်းအုံးပေါ်မှာသေသေသပ်သပ်တင်ထားသည့်စောင်လေးကိုလည်းပုံရိပ်ရဲ့ပခုံးပေါ်ကိုလာတင်ပေးလေသည်။ပုံရိပ်မော့ကြည့်လိုက်တော့သူ့ရဲ့မျက်ဝန်းတွေထဲမှာသနားတဲ့အရိပ်အယောင်တွေပေါ်ပေါက်နေသည်။သူပုံရိပ်ကိုသနားနေတာများလား။
"စုရည်..ဆရာခုဏက..သမီးကိုမွေးနေ့လက်ဆောင်ပေးထားတဲ့ အိင်္ကျီ၀မ်းဆက်ကိုပြန်ပေးပါလား။ဆရာနောက်မှထပ်ဝယ်ပေးပါ့မယ်...."
"ဆရာကလည်းပေးပြီးစလစ်နံပါတ်တစ်လေ
မွေးနေ့လက်ဆောင်ပေးပြီး ပြန်တောင်းရတယ်လို့.."
"ဟာ...နံပါတ်တစ်တွေ နှစ်တွေလုပ်မနေပါနဲ့...
သူများကရေတွေစိုထားတာ...ချမ်းနေပြီ...
အမြန်လာပေးစမ်းပါ...နောက်မှပြန်ဝယ်ပေးပါ့မယ်..ကြီးတော်ရဲ့"
စုရည်ဆိုတဲ့ကောင်မလေးကလည်း သူ့လက်ထဲမှလက်ဆောင်ထုပ်လေးအား နှမျောသလိုပုံလေးနဲ့
ဟိုလူ့ရဲ့လက်ထဲသို့ထည့်လိုက်လေသည်။
ပုံရိပ်ကိုလည်း မကျေနပ်သလိုပုံနဲ့နှုတ်ခမ်းလေးကိုစူပုပ်ပုပ်လုပ်၍ ကြည့်သွားသေးသည်။
ဒီဆရာဆိုတဲ့လူက ပုံရိပ်အတွက်နဲ့သူ့တပည့်ကို
ပေးပြီးသားလက်ဆောင်ထုပ်အား ပြန်ယူသည်တဲ့။ဒီဝတ်စုံကို ပုံရိပ်ဝတ်ပြီးရင်လည်း ဒီကလေးမကိုပြန်ပေးလို့လည်း ကောင်းမှာမဟုတ်ဘူး။
ဝတ်စုံအသစ်ကြီးကို ဒီလိုရက်ရက်ရောရောပေးနိုင်ရလောက်အောင် သဘောကောင်းနေတာလား။
သူ့မျက်နှာကို မော့ကြည့်လိုက်တော့
သူကပုံရိပ်ရဲ့ မျက်နှာရှေ့သို့ အဝတ်ထုပ်ကိုကမ်းပေးလာသည်။
" ရော့...ဟိုဘက်အခန်းမှာအဝတ်သွားလဲလိုက်..
မင်းရဲ့စိတ်ကဘယ်လိုအခြေအနေဖြစ်နေမှန်းမသိပေမယ့် မင်းရဲ့ခန္ဓာကိုယ်ကိုတော့ဂရုစိုက်ရမယ်..
လူ့ပြည်မှာ ခြေကောင်းလက်ကောင်းနဲ့လူလာဖြစ်ဖို့ဆိုတာတော်ရုံကုသိုလ်နဲ့ရတာမဟုတ်ဘူး..
ကိုယ့်အသက်တစ်ချောင်းကိုတန်ဖိုးထားပါ..
ဒီအဝတ်ကမင်းကိုအပြီးပေးလိုက်တာပြန်ပေးဖို့မလိုတော့ဘူး..."
သူပေးတဲ့အထုပ်ကိုကြည့်ပြီး ပုံရိပ်လည်းမျက်မှောင်ကြုံ့ပစ်လိုက်မိသည်။အဝတ်အစားလဲလိုက်လို့ ရိုးရိုးပြောလည်း ဒီစကားပဲဥစ္စာ ဆရာကြီးအထှာနဲ့ ရှည်ရှည်ဝေးဝေးတွေလာပြောနေတယ်။
ပုံရိပ်ကလည်းခေါင်းမာသူတစ်ယောက်ပင်။အအေးပတ်လို့သေချင်သေသွားပါစေ။
သူတစ်ပါးရဲ့ပစ္စည်းကိုတော့အလကားမယူချင်ဘူး။ဒါကြောင့်သူ့မျက်နှာကိုတည့်တည့်ကြည့်လိုက်ပြီးခေါင်းခါပြလိုက်သည်။
"မကြီးကလည်းယူလိုက်ပါ...ဆရာကသူများကိုတော်ရုံလက်ဆောင်ပေးတာမဟုတ်ဘူး..."
"ဝယ်ပေးဖို့ပိုက်ဆံမရှိတာဆိုပိုမှန်ပါလိမ့်မယ်.."
"ဟား...ဟား..."
"နင်တို့ကလည်းအဲ့လိုမပြောကြပါနဲ့...ငါတို့ရဲ့ဆရာကနည်းနည်းပဲမွဲတာပါ..."
"များများမွဲတာပါဟာ..ဟိုတစ်နေ့ကငါမနက်အစောကြီး ဒီကိုလာတော့ ကုန်နေတဲ့သွားတိုက်ဆေးကို ဆရာသွားနဲ့ကိုက်ပြီး ခြစ်ထုတ်နေတာတွေ့တယ်...."
"ဟား...ဟား...ဟုတ်လားဆရာ..."
"ဟိတ်!!!!မင်းတို့တော်ကြစမ်း...ဘယ်ကတည်းကကိုယ့်ဆရာရဲ့အတင်းကိုတုပ်ချင်နေကြတာလဲ..ဟမ်.."
"နဲနဲပါ...ဆရာရယ်..."
"နဲနဲလည်းမပြောနဲ့များများလည်းမပြောနဲ့...ခုဏကတွက်ခိုင်းထားတဲ့ပုစ္ဆာတွေမှန်လားစစ်ရမယ်...
မှားတဲ့လူကတော့တွေ့ပြီပဲ...ငါ့အတင်းကိုတုပ်ကြတာ....."
"ဟာမလုပ်ပါနဲ့ဆရာရယ်..."
"လုပ်မှာပဲ..ငါလာပြီ...ရော့..မင်းလည်းအဝတ်အစားအမြန်သွားလဲတော့....."
ပုံရိပ်ရဲ့လက်ထဲကိုအဝတ်ထုပ်အားထည့်ပေးသွားပြီး သူ့တပည့်တွေရှိရာစာကြည့်စားပွဲအနားသို့လျှောက်သွားနေသည့် သူ့နောက်ကျောကိုကြည့်လိုက်မိလေသည်။ ခုဏက သူ့တပည့်တွေကိုစကားပြောနေတဲ့ပုံစံနဲ့ဘုရားရင်ပြင်ပေါ်မှာစတွေ့တုန်းကပုံစံဟာ လုံးဝမတူတော့သလိုပဲ။
လူ့အကြောင်းကိုပေါင်းကြည့်မှသိဆိုသလို ဒီလူရဲ့အပြုအမူတွေဟာ သတိထားလိုက်မိတဲ့အချိန်ခဏလေးအတွင်းမှာပဲပြောင်းလဲလာခဲ့တယ်။
သူ့တပည့်တွေက သူ့ကိုငမွဲလို့ခေါ်တာတောင်လုံးဝစိတ်မဆိုးတဲ့အပြင် ရယ်ပြုံးပြုံးနဲ့ပြန်စနောက်လိုက်သေးတယ်။
သွားတိုက်ဆေးဘူးအကုန်ကိုတောင် ခြစ်ထုတ်ပြီးသုံးတဲ့လူတစ်ယောက်က သူနဲ့ဒီညမှစတွေ့တဲ့
ပုံရိပ်ဆီ အသစ်စက်စက်ဝတ်စုံကိုအပိုင်ပေးသတဲ့။အပြောမချိုပေမယ့် စိတ်ကောင်းစေတနာရှိတဲ့လူတစ်ယောက်လို့ယူဆလိုက်မိတယ်။
ပုံရိပ်ဆက်ထိုင်နေရင် ကုတင်တွေရော စောင်တွေပါ ရေစိုကုန်မှာစိုးတာကြောင့်လူမရှိသည့်ဟိုဘက်အခန်းသို့ကူးသွားလိုက်ပြီးအဝတ်အစားလဲလိုက်သည်။
ဒီဘက်အခန်းသို့ပြန်ကူးလာတော့ ကလေးတွေကစာအုပ်တွေကိုသိမ်းပြီးလွယ်အိတ်ထဲသို့ထည့်
နေကြလေပြီ။မိုးကလည်းတိတ်သွားပြီမို့သူတို့အတွက် အိမ်ပြန်ဖို့လွယ်ကူနေမှာသေချာပါတယ်။
"မကြီး....သားတို့သွားတော့မယ်နော်။.."
ထိုကလေးအုပ်စုထဲမှ ခပ်ဝဝနဲ့ကောင်လေးတစ်ယောက်ဟာတံခါးအနားမှာရပ်နေသောပုံရိပ်ကိုပြုံး၍လာနှုတ်ဆက်တာကြောင့်ပုံရိပ်လည်းပြန်ပြုံးပြလိုက်မိသည်။စုရည်ဆိုတဲ့ကောင်မလေးကတော့သူ့ရဲ့မွေးနေ့လက်ဆောင်ဝတ်စုံလေးကို
ပုံရိပ်ဝတ်ထားတာကြည့်ပြီးနှုတ်ခမ်းလေးထော်ကာမျက်စောင်းတောင်ထိုးသွားသေးသည်။
ကလေးတွေတစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြပြီးနောက်အခန်းထဲကိုကြည့်လိုက်တော့ဟိုလူက
စာကြည့်စားပွဲကို နံရံနားမှာထောင်ထားပြီးတံခါးဝဆီသို့လှည့်ကြည့်လာလေသည်။
"အဲ့ဒီ့မှာ ရပ်မနေနဲ့လေ..ဒီမှာလာထိုင်..."
သူကနံရံနားမှာကပ်ထားသည့် ခြေတန်ရှည်ခုံတစ်ခုဘေးနားရှိ သူစာသင်စဉ်မှာထိုင်ခဲ့တဲ့ ကျောမှီကုလားထိုင်ကိုမေးငေါ့ပြလာလေသည်။
ပုံရိပ်လည်း ထိုထိုင်ခုံမှာခပ်ကြုံ့ကြုံ့လေး၀င်ထိုင်လိုက်မိသည်။
လူနှစ်ယောက်ပဲရှိသည့်အခန်းထဲတွင် တိတ်ဆိတ်လွန်းမှုကြောင့် လေထုဟာအေးစက်သွားသလိုခံစားချက်ကြီးဖြစ်နေသည်။
ခေါင်းကိုတွင်တွင်ငုံ့ထားမိတာကြောင့်
ထိုလူကသစ်သားကုတင်ပေါ်မှ ခြေချထိုင်လိုက်တဲ့အခါ သူ့မျက်နှာအစားသူ့ခြေထောက်တွေကိုပဲ
မြင်နေရလေသည်။
အပေါ်မှလျှပ်စစ်မီးသီးရဲ့အလင်းရောင်ကြောင့်
သူ့ခြေဖမိုးအပေါ်မှ အကြောခပ်စိမ်းစိမ်းတွေကိုတောင်မြင်နေရသည်။
သူ့ခြေချောင်းတွေဟာပုံရိပ်လိုကျဲမနေဘဲ
ရှူးဖိနပ်စီးထားသလို စုစုလေးဖြစ်နေသည်။
မိုးရွာထားတာကြောင့်တမံသလင်းက အေးစက်နေပေမယ့် သူဖိနပ်မစီးထားဘူး။
ပုံရိပ်ရဲ့ခြေထောက်မှာလည်းဖိနပ်တွေရှိမနေပါဘူး။ဦးတင်မောင်တို့အိမ်မှာ ကိုယ်အရမ်းချစ်ရတဲ့ကြောင်လေးကိုအညှာအတာမဲ့ ခု တ်ထစ်ထားတာကိုမြင်ပြီးကတည်းက ရင်ထဲမှာမခံမရပ်နိုင်အောင်ပျို့အန်ချင်လာမိပြီး ဖိနပ်တောင်စီးဖို့
မေ့ခဲ့လောက်အောင် အပြင်ကိုချက်ချင်းပြေးထွက်လာမိခဲ့တယ်။
အခုတော့ဖိနပ်မစီးထားမိတာကြောင့်စိတ်ထဲမှာလုံခြုံမှု မရှိသလိုခံစားနေရလေသည်။
တိတ်ဆိတ်လွန်းတဲ့အခြေအနေကအပြင်ဘက်
တံဇက်မိတ်မှကျလာသည့် ရေစက်လေးတွေ၏အသံတွေကိုတောင်ကြားနေရသလိုပါပဲ။
"ဂွီ..."
ဗိုက်ထဲကနေဆာလောင်လာမှုကြောင့်ထွက်ပေါ်လာသည့်အသံဟာတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သလိုပါပဲ။သူစိမ်းရှေ့မှာမို့ နည်းနည်းလည်းရှက်နေမိတယ်။
သူ့မျက်နှာကိုမော့ကြည့်လိုက်မိတော့ ခပ်စုစုဖြစ်နေသည့် သူ့နှုတ်ခမ်းတွေဟာပြုံးရောင်သမ်းသွားပြီးရုတ်တရက် ထရပ်လိုက်ကာ ခုံပေါ်မှထမင်းချိုင့်ကိုဖွင့်နေလေသည်။
ကြည့်ရတာ သူလည်းဗိုက်ဆာလာလို့ထင်ပါတယ်။ ခုံကပုံရိပ်ထိုင်နေသည့် ဘေးတွင်ဖြစ်နေတာကြောင့်ချိုင့်ခွက်တွေထဲမှ ဟင်းအမယ်တွေကိုမြင်လိုက်ရတဲ့အချိန်မှာ ပုံရိပ်အဖို့ဆာလောင်လာမှုက ပိုလို့တိုးလာခဲ့ လေသည် ။
" ရော့...ဇွန်းယူပြီးစားလိုက်...မဟုတ်ရင် မင်းအားပျက်သွားလိမ့်မယ်...အမှန်တော့ဒါက...ဒီညအတွက်ကိုယ့်ဝေစုပဲ...ကိုယ်ကတော့ဗိုက်မဆာဘူး..ဒီအတိုင်းထားရင်သိုးကုန်မှာသေချာတယ်...အဲ့ဒါကြောင့်...
မင်းအကုန်စားလိုက်လို့ရတယ်.."
ခုသူပြောနေတဲ့စကားတွေက အိမ်မှာထမင်းစားတဲ့အချိန် ဝမ်းကွဲမောင်နဲ့ညီမလေးတွေကို
ပုံရိပ်ပြောနေကျစကားတွေနဲ့သိပ်တူနေတယ်။
စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာအဒေါ်ကသူများအိမ်ကို အဝတ်သွားလျှော်ပေးရရင်
ပုံရိပ်ကအိမ်မှာထမင်း၊ဟင်းချက်ပေးလေ့ရှိတယ်။တစ်ခါတစ်လေ အဒေါ်နောက်ကျတဲ့ရက်ဆိုရင်ကလေးတွေကို ထမင်းကြိုကျွေးထားပေးရလေ့ရှိတယ်။
ဟင်းမလောက်မှာစိုးတိုင်း ကလေးတွေကို
"ငါကဗိုက်မဆာလို့မစားတော့ဘူး...နင်တို့တွေပဲဟင်းကိုကုန်အောင်စားကြနော်....သိုးသွားရင်အကုန်လွှင့်ပစ်ရမှာ....နှမျောဖို့ကောင်းတယ်.."ဟုပြောနေကြပင်။
တကယ်တော့ကိုယ်နဲ့မျှဝေစားရရင် သူတို့လေးတွေဗိုက်မဝမှာကို စိုးရိမ်မိခဲ့တာကြောင့် ပြောမိခြင်းပါပဲ။
အခုလည်း ဒီလူကသူ့ရဲ့ဝေစုကို ပုံရိပ်ဘက်ကနေအားနာပြီး မစားမှာစိုးလို့တမင်လိမ်ပြောနေတာပဲဟု တွေးနေမိ၍ ပုံရိပ်ပိုအားနာနေမိသည်။
ပုံရိပ်လည်းအမှန်တော့ ဗိုက်ဆာလွန်းလို့အူတွေတောင်တုန်လာသလို ခံစားနေရတယ်။
ဒါကြောင့်အာသာပြေရုံ သုံးဇွန်းလောက်ပဲစားဖို့စဉ်းစားလိုက်ပြီး သူကမ်းပေးလာတဲ့ဇွန်းကိုယူလိုက်သည်။ပုစွန်ဟင်းနဲ့ထမင်းတစ်လုတ်ကို ကြေညက်အောင်ဝါးနေစဉ်မှာ သူ့ဆီကနေစကားသံတစ်ခုထွက်လာခဲ့သည်။
"အိမ်ကမိသားစုတွေ..အခုလောက်ဆိုရင် စိုးရိမ်နေကြလောက်ရောပေါ့..မင်းကဘယ်ရပ်ကွက်မှာနေတာလဲ......"
ဒုတိယထမင်းလုတ်ကိုစားသောမည့်ပုံရိပ်ရဲ့လက်တွေဟာလေထဲမှာပဲရပ်တန့်သွားလေသည်။
သူစိမ်းတစ်ယောက်ရဲ့အရှေ့မှာမျက်ရည်မကျချင်ဘူး။
ဇွန်းကို ကိုင်ထားမိတဲ့လက်တွေက တုန်ယင်လာတာကြောင့် ချိုင့်ခွက်ထဲကိုပြန်ထည့်ထားလိုက်မိသည်။ရင်ထဲမှာစို့နင့်လာသည့် ခံစားချက်က တစ်ဖန်၀င်လာပြန်တော့ ဆက်စားနေလည်းဒီထမင်းလုတ်က
မျိုကျတော့မှာမဟုတ်ဘူး။
ပုံရိပ်သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီးသူ့မျက်ဝန်းတွေနဲ့အကြည့်ချင်းဆုံလိုက်မိသည်။
"အိမ်ကိုမပြန်ချင်ဘူး....မတွေ့ချင်တဲ့လူရှိနေလို့.."
သူမရဲ့ အသံကိုကြားလိုက်ရတဲ့အချိန်မှာနေမျိုးအဖို့အရမ်းကို ထူးဆန်းသွားမိသည်။
ဒါဟာသူမဆီကနေပထမဆုံးကြားရတဲ့စကားသံပဲ။
"..အိမ်ကိုမပြန်ချင်ဘူး...မတွေ့ချင်တဲ့လူရှိလို့.."
ဆိုတဲ့စကားရပ်က တိုတောင်းပေမယ့်
အဓိပ္ပာယ်သက်ရောက်မှုကနက်နဲတယ်။
သူမရဲ့ အိမ်ကလူတစ်ယောက်ယောက်ဟာ ဒီလိုမိုးရေထဲမှာနေပြီးညမိုးချုပ်အထိအိမ်မပြန်ချင်လောက်အောင်ပြုလုပ်ခဲ့မှာသေချာတယ်။
အိမ်ဆိုတာနွေးထွေးကြင်နာမှုတွေနဲ့ ဖွဲ့စည်းထားတဲ့နေရာမဟုတ်ရင်ဘယ်သူကမှ ပြန်ချင်မှာမဟုတ်ဘူး။
ပူလောင်မှုတွေ ပြည့်နေတဲ့အိမ်ကိုပြန်မယ့်အစား
ခြေဦးတည့်ရာကို လျှောက်သွားတာကမှစိတ်သက်သာရာရဦးမယ်လို့ သူမတွေးခဲ့တယ်ထင်ပါတယ်။
"နေမျိုးရေ...နေမျိုး.."
ဦးဇင်းရဲ့ကျယ်လောင်သည့်ခေါ်သံနှင့်အတူ
တမံသလင်းအားခပ်ပြင်းပြင်းရှပ်တိုက်လာကြသောခြေလှမ်းတွေကြောင့်နေမျိုးရော ပုံရိပ်ပါတံခါးဝဆီသို့ပြိုင်တူလှည့်ကြည့်လိုက်မိကြလေသည်။
ထိုစဉ်တံခါးဝတွင်ပေါ်လာသော အမျိုးသမီးတစ်ယောက်ကြောင့်ကောင်မလေးရဲ့မျက်ဝန်းတွေအံ့ဩမှုနှင့်အတူတုန်လှုပ်သွားတာကို နေမျိုးသေချာတွေ့လိုက်ရသည်။
"ပုံပုံ...ဘာလို့ဒီလိုလုပ်ရတာလဲကွယ်...ဒေါ်လေးမှာစိတ်ပူလိုက်ရတာ"
ဒေါ်ရှင်းသန့်လည်းတံခါးဝမှ ပုံပုံရှိရာဆီသို့ပြေးသွားလိုက်ပြီး သူ့တူမလေးရဲ့လက်တွေကိုခပ်ဖွဖွလေးဆုပ်ကိုင်ထားလိုက်မိသည်။
ထိုအချိန်မှာဝမ်းနည်းသွားတဲ့မျက်ဝန်းတွေနဲ့အတူ သူမရဲ့ပါးပြင်ပေါ်သို့ ပုံပုံကလက်ဖဝါးနုနုလေးတွေနဲ့ ပွတ်သပ်လာလေသည်။
ပုံပုံရဲ့မျက်ဝန်းမှာ ဝေ့တတ်လာတဲ့မျက်ရည်တွေကိုမြင်တော့မှ ကိုယ်သက်ဆွေနဲ့ဒီညနေကမှရန်ဖြစ်ခဲ့တဲ့ကိစ္စကိုတွေးမိပြီး ပါးမှာညိုနေတဲ့ဒဏ်ရာကို
တူမလေး မမြင်စေဖို့မျက်နှာကိုတစ်ဖက်သို့လွှဲဖို့ကြိုးစားလိုက်မိသည်။သို့ပေမဲ့ ပုံရိပ်မြင်သွားခဲ့လေသည်။
"အဲဒီ့လူကြီး..ဒေါ်လေးကိုရိုက်ပြန်ပြီလား..
ဒီတစ်ခါပုံရိပ်ကြောင့်ရိုက်ခံရတာပေါ့ဟုတ်လား.."
အက်ကွဲသံကြီးနှင့်ပြောလာသည့်ပုံရိပ်အား
ဒေါ်ရှင်းသန့်လည်း ပြန်ပြုံးပြလိုက်ပြီး နာတာကိုမနာချင်ဟန်ဆောင်နေမိသည်။
ပုံရိပ်ပျောက်သွားလို့ သူမလိုက်ရှာနေရင်းက
ညခုနှစ်နာရီကျော်လာတာကြောင့် မိုးတိတ်တာနဲ့ကလေးတွေကိုသူများအိမ်မှာအပ်ထားခဲ့လိုက်ပြီးဘုန်းကြီးကျောင်းမှာ အသံချဲ့စက်ငှားကာရပ်ကွက်ထဲလူပျောက် ကြေငြာဖို့လုပ်မည်ဟုစိတ်ကူးပြီးလာခဲ့မိခြင်းပါပဲ။နောက်ဆုံး လုံး၀ရှာမရရင်ရဲစခန်းမှာ တိုင်ချက်ဖွင့်မည်ဟု စိတ်ကူးခဲ့မိသည်။
ဒီရောက်တော့ဆရာတော်ကြီးကိုအကျိုးအကြောင်းလျှောက်လိုက်တဲ့အခါ မိန်းကလေးတစ်ယောက်ကျောင်းထဲကိုဝင်လာပြီး ရင်ပြင်ပေါ်မှာထိုင်နေတာတွေ့တယ်ဆိုပြီးပြောလာခဲ့တယ်။
ဦးဇင်းကမိန်းကလေးရဲ့ပုံသဏ္ဍာန်နဲ့အဝတ်အစားအရောင်ကိုပြောပြလာတော့ ပုံပုံဖြစ်နေမှန်းသိပြီးအရမ်းဝမ်းသာသွားခဲ့ရတယ်။
မသေကောင်း၊မပျောက်ကောင်းပြန်ရှာတွေ့တာနဲ့တင် သူမမှာရင်ထဲကအလုံးကြီးကျသွားရသလိုပါပဲ။
"ပုံပုံ...ဟိုကောင်သက်ဆွေနဲ့ ဒေါ်လေးညနေကစကားများပြီး သူ အိမ်ပေါ်ကနေဆင်းသွားတယ်
သိလား...ဒီတစ်ခါအိမ်ပေါ်ကိုပြန်တက်လာလည်း..
ဒေါ်လေး ဒင်းကို လက်ခံတော့မှာမဟုတ်ဘူး...
ဒီလောက်အကျင့်မကောင်းတဲ့ကောင်ကို
ဒေါ်လေးလည်းရွံတယ်...သက်ဆွေလည်းမရှိတော့ဘူးဆိုတော့ သမီးလေး...ဒေါ်လေးနဲ့အိမ်ပြန်လိုက်ခဲ့ပါနော်..."
"...ပြန်လိုက်သွားလိုက်ပါ...ဘာတွေဖြစ်ခဲ့လဲဆိုတာမသိပေမယ့် မင်းအတွက်အလုံးခြုံဆုံးနဲ့အသင့်တော်ဆုံးနေရာက မင်းရဲ့အဒေါ်အိမ်ပဲ...။"
လေပြေအေးနဲ့ပြောလာသည့်သူ့အသံကြောင့်ပုံရိပ်သူ့ကိုမော့ကြည့်လိုက်ပြီး ဒေါ်လေးဘက်သို့လှည့်ကာ ခေါင်းညိမ့်ပြလိုက်မိသည်။
ဒေါ်လေးရဲ့မျက်နှာက ချက်ချင်းပဲဝမ်းသာရိပ်
သမ်းသွားပြီးပုံရိပ်ရဲ့လက်ကိုဆွဲကာဆရာတော်ကြီးအား အတူသွားကန်တော့ဖို့ခေါ်လေသည်။
ဒေါ်လေးရဲ့ ခေါ်ရာနောက်သို့လိုက်နေမိရင်း
အနောက်ကို လှည့်ကြည့်လိုက်မိတော့ သူကပုံရိပ်ကိုပြုံးပြလာတယ်။
ရင်ပြင်ပေါ်မှာစတွေ့တုန်းကလို မယုံသင်္ကာအကြည့်မျိုးတွေနဲ့ မဟုတ်ပဲ မိတ်ဆွေတစ်ယောက်က
ဖော်ရွေ့စွာပြုံးပြနေသောအပြုံးလိုမျိုးနွေးထွေးမှုရှိ နေသည်။
"နောက်လည်း ကျောင်းကိုခဏခဏလာခဲ့ပေါ့
အဒေါ့်ကိုတော့အသိပေးပြီးမှလာခဲ့ရမယ်နော်..."
သူ့ရဲ့စကားအဆုံးမှာပုံရိပ် ခေါင်းတစ်ချက်ညိမ့်
ပြလိုက်ပြီး အခန်းထဲမှထွက်လာခဲ့လိုက်သည်။
ထိုနေ့မှစ၍ ပုံရိပ်ရဲ့နှလုံးသားအခန်းငယ်ထဲတွင်ဆရာနေမျိုးဆိုသူကို ပထမဦးဆုံးသောမိတ်ဆွေတစ်ယောက်အနေနဲ့အမှတ်အသားပြုထားလိုက်မိ တော့သည်။
အပိုင်း(၄)ဆက်ရန်ရှိသည်....🔥🔥🔥
ပုံရိပ်လေးရဲ့ ဘ၀ထဲကိုစတင်၀င်ရောက်လာသူက ဆရာနေမျိုးပါတဲ့နော်...😍😍😍
စာရေးသူ...ဆောင်းငွေ့ဝေ
#ဆူးကြိုး...
#ဆောင်းငွေ့ဝေ၏၀တ္ထုများpageမှတင်ဆက်သည်
==========================================================================
🔥"ဆူးႀကိဳး...…"🔥
(အခန္း ၃)
ရပ္ကြက္လမ္းကေလးဟာ ကုန္ကားႀကီးတစ္စီးစာေလာက္ အက်ယ္အ၀န္းရိွၿပီး ကတၲာရာခင္းထားတာေၾကာင့္ အားႏွင့္ယွက္တိုက္ေျပးသၫ့္အခါ
ပံုရိပ္ရဲ့စင္ၾကယ္ဖိနပ္ေလးခမ်ာ ခပ္ပါးပါးသာရိွေတာ့သည္ဟု ခံစားေနမိသည္။ၫွို႔မိႈင္းေနေသာ တိမ္းသားထုႀကီးၾကားမွ အေစာပိုင္းတုန္းက
ယစ္ခိုေနသၫ့္ မိုးစက္တို႔သည္ ပံုရိပ္ရဲ့ေက်ာျပင္ေပၚသို႔ တစ္ေပါက္ေပါက္က်ဆင္းလာၾကသည္။ေက်ာျပင္ႏွင့္ ဦးေခါင္းတို႔ဟာ ေရစက္မ်ားခိုတဲြ၍ ေအးစက္လာသည္။
လမ္းေပၚတြင္ ေဆာ့ကစားေနေသာ ကေလးငယ္မ်ားကလည္း အိမ္ထဲသို႔ေျပး၀င္သြားၾကေလသည္။
လမ္းေဘးမွစီးက်လာေသာမိုးေရမ်ားဟာလည္း ေရဆိုးေျမာင္းထဲသို႔ စီးဆင္းသြားၾကေလသည္။
ငွက္တို႔သည္လည္း သူတို႔၏အသိုက္ငယ္ထဲသို႔ ၀င္ေရာက္ပုန္းခိုကုန္ၾကသည္။
ထိုစဉ္ မိုးေရထဲ၌ေဘာလံုးကန္ေနၾကေသာ လူငယ္အုပ္စုေဘးမွ ျဖတ္ေျပးသြားေသာ ေကာင္မေလးအား ေဘာလံုးကန္ေနၾကသူေတြအားလံုးကပါ အထူးအဆန္းသဖြယ္ ၾကၫ့္ကုန္ၾကေလသည္။
သူမရဲ့ေျခလွမ္းေတြဟာ အင္မတန္ျမန္ဆန္ေနၿပီး သူမရဲ့မ်က္ႏွာဟာ စိုးရိမ္ေသာကေတြလႊမ္းမိုးေနေလသည္။မိုးေတြ သည္းထန္စြာရြာေနတာေၾကာင့္ အက္ဆီးဒန္႔အလြယ္တကူ ျဖစ္ႏိုင္ေသာ အေျခအေနျဖစ္ေနေပမဲ့ သူမရဲ့အတြင္းစိတ္သႏၲန္မွ တြန္းအားတစ္ခုက သူမအား ကမ္းမျမင္၊လမ္းမျမင္ ျဖစ္ေနေစသည္။ သူမအတြက္ အခုအခ်ိန္မွာ အေရးအႀကီးဆံုးက ေၾကာင္ကေလးမ်က္ျပဴးပါပဲ။
ရပ္ကြက္လမ္းၾကားေလးမွ လမ္းမႀကီးဘက္သို႔ ခ်ိဳးေကြ့၀င္လိုက္ၿပီးေနာက္ ဘုန္းႀကီးေက်ာင္း၀န္းထဲမွ နာရီစင္ႀကီးကို လွမ္းျမင္ေနရေလသည္။မိုးေတြက ပိုသည္းထန္လာေပမဲ့ ပံုရိပ္ကေတာ့ ေျပးေနစဲပါပဲ။ဦးတင္ေမာင္၏ ၿခံ၀န္းဟာ ေပႏွစ္ဆယ္ပတ္လည္ရိွကာ ၿခံ၀န္းထဲတြင္ေတာ့ သစ္သားအိမ္ခပ္ေသးေသးတစ္လံုးကိုေဆာက္ထားၿပီး အမိုးေတြက သံေခ်းတက္ေနသည္။မိုးရြာ၍ ၿခံထဲမွာေရအိုင္ေနေပမဲ့ ၿခံ၀မွအိမ္ဆီသို႔ သဲအိတ္ေတြခင္းထားေလသည္။
ထိုသဲအိတ္မ်ားကိုနင္းၿပီး အိမ္အေပါက္၀ဆီသို႔ေလ်ွာက္သြားလိုက္သည္။ပိုမိုနီးကပ္လာေလ
အိမ္ထဲမွရယ္ေမာသံေတြကို ပိုက်ယ္ေလာင္စြာ ၾကားရေလပါပဲ။ေရေတြစိုရႊဲေန၍ ခႏၶာကိုယ္တစ္ခုလံုးတုန္ယင္လာသည္။အိမ္အေပါက္၀သို႔ ေရာက္တဲ့အခါမွာေတာ့ ဦးသက္ေဆြဟာသူ႔ရဲ့အေပါင္းအသင္းေတြႏွင့္ ႃပံုးေပ်ာ္ကာဖဲရိုက္ေနေလသည္။
အားလံုးက သူတို႔အာရံုနဲ႔သူတို႔ျဖစ္ေနတာေၾကာင့္
ပံုရိပ္ရပ္ေနသည္ကို သတိမထားမိၾကေပ။
ထိုစဉ္ အိမ္ေနာက္ေဖးမွ အမ်ိဳးသမီးတစ္ေယာက္ဟာပန္းကန္တစ္ခုကို ကိုင္၍အိမ္ေရ႔ွသို႔ ထြက္လာေလသည္။
"ဒီေၾကာင္သားကို အရည္ေလးနဲ႔ခ်က္ေပးရမွာလား..."
ေၾကာင္သားဆိုတဲ့အသံကိုၾကားလိုက္ရတဲ့အခ်ိန္မွာ
ပံုရိပ္ရဲ့အာရံုေၾကာေတြကဲြထြက္သြားသလို ခံစားလိုက္ရသည္။ေက်ာရိုးတစ္ေလ်ွာက္ စူးရွသၫ့္နာက်င္မႈေတြ စိမ့္တက္လာသည္။ဦးေနွာက္တစ္ခုလံုးဟာ ပံုရိပ္ရဲ့ေၾကာင္ေလးမဟုတ္ပါေစနဲ႔ဆိုသၫ့္ ဆုေတာင္းစကားေတြနဲ႔သာ ျပၫ့္ႏွက္ေနသည္။
"ဟယ္...ဟိုကေလးမ...ဘာကိစၥရိွလို႔လဲ...မိုးေရေတြလည္းစိုရႊဲလို႔ပါလား..."
ထိုအမ်ိဳးသမီးက ပံုရိပ္ကိုအံ့ဩသင့္စြာေမးလာသည္။အိမ္ေခါင္မိုးေပၚသို႔မိုးစက္မ်ား
တစ္ေပါက္ေပါက္က်၍ ထြက္ေပၚလာေသာအသံေတြကဲ့သို႔ ပံုရိပ္ရဲ့ႏွလံုးခုန္သံေတြဟာလည္း ျပင္းထန္လြန္းေနသည္။ေျခလွမ္းေတြကို ပိုျမန္ဆန္လိုက္ၿပီး ထိုမိန္းမႀကီးရဲ့လက္ထဲကပန္းကန္ကိုလွမ္းယူဖို႔ ဆံုးျဖတ္လိုက္စဉ္မွာ...
"ပံုရိပ္ နင္ဒီအိမ္အထိဘာလာလုပ္တာလဲ..နင့္ရဲ့ေၾကာင္ကိုလာယူတာဆိုရင္ေတာ့...အဲ့ပန္းကန္ထဲမွာ ခု တ္ထစ္ထားတာေတြကိုပဲ ၾကၫ့္သြား...
ငါရိုက္မထုတ္ခင္..အခုခ်က္ခ်င္းအိမ္ကိုျပန္
..သြား!!!!.."
ဦးသက္ေဆြကို မ်က္၀န္းနီနီေတြနဲ႔စိုက္ၾကၫ့္လိုက္မိသည္။သူ႔ရဲ့စကားက ပံုရိပ္ကိုဝိဉာဉ္မဲ့သြားေစေလာက္ေအာင္အထိ တုန္လႈပ္ေခ်ာက္ျခားသြားေစသည္။အေဒါ့္စကားကိုဆံုးေအာင္နားမေထာင္ပဲ ေျပးလာမိေပမဲ့ ေၾကာင္ေလးကို ဒီလူႀကီးယူသြားတယ္ဆိုတည္းက အၿပီးတိုင္ဆံုးရႈံးရေတာ့မည္ဟု စိုးရိမ္စိတ္၀င္ခဲ့မိတယ္။
ဦးတင္ေမာင္ရဲ့မိန္းမကိုင္ထားတဲ့ ပန္းကန္ကိုဆဲြလုလိုက္ၿပီး ေသခ်ာၾကၫ့္လိုက္မိတဲ့အခါ ပံုရိပ္ရဲ့နားထင္ေၾကာေတြတင္းထြက္သြားသည္။
"အား!!!!"
"ဒုန္း!!!!...."
"ဟာ...ဘာလုပ္တာလဲ..."
ငယ္သံပါသည္အထိ ထိတ္လန႔္စြာေအာ္ပစ္လိုက္ၿပီးေနာက္ ပန္းကန္ကိုပါ လႊင့္ပစ္လိုက္မိသည္။
သစ္သားၾကမ္းခင္းျဖစ္၍ ပန္းကန္ဟာကဲြမသြားေပမဲ့ ခုတ္ ထစ္ထားသၫ့္ အ သားအပိုင္းအစေတြဟာ ျပန႔္က်ဲကုန္ေလသည္။မ်က္၀န္းအိမ္မွ မ်က္ရည္ေတြလည္း ထိန္းမႏိုင္ေအာင္ စီးက်လာၿပီး လည္ေခ်ာင္းဟာလည္း အက္ကဲြလာသလိုခံစားခ်က္ႏွင့္အတူ
အသံမ်ွင္မ်ွင္ေလးေတာင္ ထြက္မလာေတာ့ေပ။
၀မ္းနည္းဆို႔နင့္လာမႈႏွင့္အတူ ပ်ိဳ႕အန္ခ်င္လာသၫ့္ ခံစားခ်က္ႀကီးက ရင္ေခါင္းထဲမွလိႈက္တက္လာသည္။အတြင္းကလီစာေတြအားလံုး တုန္ခါလာသလိုခံစားခ်က္ႀကီးက ပံုရိပ္ရဲ့ခံႏိုင္ရည္အားကို ဆက္လက္ေတာင့္ခံမထားႏိုင္ေအာင္ ျပဳလုပ္ေနသည္။ေမာဟိုက္လာသၫ့္ ရင္ဘတ္ေနရာမွ
အိက်ႌစကို ဆုပ္ကိုင္ထားမိရင္းႏွင့္ မသိစိတ္ကပံုရိပ္
အား အိမ္အျပင္ဘက္မိုးေရေတာထဲသို႔ ျပန္ေျပးထြက္လာမိေစသည္။
ဘုန္းႀကီးေက်ာင္း၀န္းရဲ့ဂိတ္၀ေဘးရိွ ေရေျမာင္းနံေဘးမွာ ငုတ္တုတ္ထိုင္ခ်လိုက္ၿပီး ေအာ့အန္ခ်င္ေနသၫ့္ ေဝဒနာကိုေျဖေဖ်ာက္ေနမိသည္။
အေဒၚလုပ္ေပးတဲ့ မနက္စာထမင္းေၾကာ္ေလးကလဲြၿပီး ပံုရိပ္ရဲ့အစာအိမ္ဟာဗလာနႄတၴဖစ္ေနသည္။
သို႔ေပမဲ့ ထိခိုက္ပြန္းပဲ့သြားတဲ့ စိတ္ေဝဒနာက အစာအိမ္ထဲမွ လက္က်န္စားကၽြင္းေတြကိုပါ ျပင္ပသို႔ စြန႔္ထုတ္ေစမိသည္။
တကယ္ေတာ့ ပံုရိပ္အန္ထုတ္ေနမိတာက နာက်င္မႈ၊၀မ္းနည္းမႈနဲ႔ ျပင္းအားႀကီးလြန္းတဲ့ ဆံုးရႈံးမႈေတြပါပဲ။ဦးသက္ေဆြကိုေတာင္ ရန္မလုပ္ႏိုင္ေလာက္ေအာင္ ပံုရိပ္အင္အားေတြမဲ့ၿပီး ေျပးထြက္လာခဲ့မိတယ္။မုန္းတယ္..အဲ့ဒီ့လူႀကီးကို ပံုရိပ္အရမ္းမုန္းတယ္။
"ဘာလို႔...ဒီလိုလုပ္ရက္ရတာလဲ...."
မိုးေရထဲမွာငုတ္တုတ္ထိုင္ခ်ၿပီး မိုးၿခိမ္းသံေတြကိုမုန္းလြန္း၍ နားရြက္ႏွစ္ဖက္ကိုလက္ျဖင့္အုပ္ကာ အက်ယ္ႀကီး ေအာ္ဟစ္ေနမိသည္။တိမ္သားထုႀကီးထဲမွ လ်ွပ္စီးအလင္းတန္းေတြကို မျမင္လိုတာေၾကာင့္ မ်က္လံုးေတြကိုမိွတ္ထားမိသည္။မိုးေရစက္တို႔ေၾကာင့္ ေအးစက္လာသၫ့္ေဝဒနာဟာ
ပံုရိပ္ရဲ့ႏွလံုးသားထဲအထိ နစ္၀င္လာသလိုပါပဲ။မ်က္ရည္တို႔ဟာလည္း ေအးစက္လွသၫ့္မိုးေရစီးေၾကာင္းအတိုင္း ေမ်ာပါသြားခဲ့ေလၿပီ။
ေၾကာင္ေလးမ်က္ျပဴးဆိုတာ ပံုရိပ္ရဲ့ေမြးေန့မွာ အေဖနဲ႔အေမက ေမြးေန့လက္ေဆာင္အျဖစ္ေမြးခြင့္ေပးခဲ့တဲ့ ပထမဆံုးေသာ ပံုရိပ္ရဲ့အိမ္ေမြးတိရိစၧာန္ေလးပါပဲ။အရမ္းကို သံေယာဇဉ္တြယ္ခဲ့ရတာေၾကာင့္ အခုလိုဆံုးရႈံးလိုက္ရတဲ့အခါ
အသက္ေလာက္တန္းဖိုးထားရတဲ့ လူတစ္ေယာက္က တစ္ေန့မွာေပ်ာက္ျခင္းမလွေပ်ာက္သြားရတဲ့ ခံစားခ်က္ႀကီးမ်ိဳး ျဖစ္တည္လာတယ္။
ေလာကႀကီးထဲမွာ တြယ္တာစရာမရိွေတာ့ဘူး..။
ခ်စ္ခင္ရသူေတြအားလံုး အေဝးကိုထြက္သြားၾကၿပီ။
ကံၾကမၼာဟာ ပံုရိပ္အေပၚမွာရက္စက္စြာ
ဘာေၾကာင့္ဖိႏိွပ္ထားရတာလဲ။တစ္ခန္းရပ္ျပဇာတ္တစ္ပုဒ္ဆိုရင္ ပံုရိပ္ပါ၀င္ရတဲ့အပိုင္းက ဘာေၾကာင့္ရင္နာစရာေတြခ်ည္းျဖစ္ေနရတာလဲ။
လူ႔ပတ္၀န္းက်င္ဟာ အားနည္းသူကိုေဖးမဖို႔ထက္ ဖိႏိွပ္ဖို႔ပဲ အားသန္ေနၾကတဲ့အခ်ိန္မွာ ကံၾကမၼာကပါ ပံုရိပ္ကိုပိုၿပီး အားနည္းေအာင္ျပဳလုပ္လိုက္ၿပီ။
အက္ကဲြေနတဲ့ စိတ္ဒဏ္ရာေတြကို ပိုၿပီးကုသဖို႔ ေဆးမရိွေအာင္ လုပ္လိုက္ၾကၿပီ။
ပံုရိပ္ရဲ့ စိတ္ထဲမွာယခုျဖစ္တည္ေနတဲ့အရာကေတာ့ အိမ္ကိုလည္းမျပန္ခ်င္ေတာ့သလို ဘယ္လိုကိစၥရပ္ေတြကိုမွလည္း မေတြးေတာခ်င္ေတာ့ဘူး။
အမ်ားအျမင္မွာ ေသးငယ္တယ္လို႔ထင္ႏိုင္တဲ့အရာတစ္ခုဟာ ပံုရိပ္အတြက္ေတာ့ အစားထိုးလို႔မရတဲ့ ဆံုးရႈံးမႈတစ္ရပ္ပဲ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ည၏အေမွာင္ထုသည္ ေကာင္းကင္တြင္တစ္ခ်က္တစ္ခ်က္ လင္းလက္လာေသာလ်ွပ္စီးတန္းႀကီးအား ထင္းလင္းစြာျမင္ရေစသည္။မိုးေရစက္မ်ားဟာ ရိုင္းဆိုင္းခက္ထန္ေသာမ်ွားခ်က္ေတြနယ္ ေက်ာင္းေဆာင္၏ေခါင္းမိုးေပၚသို႔ က်ဆင္းလာသည္။မိုးၿခိမ္းသံႀကီး ျမည္ဟီးလာတိုင္း တရားထိုင္ေနၾကသၫ့္ ကိုရင္ငယ္ေလးေတြခမ်ာ ခႏၶာကိုယ္ေလးေတြ တုန္တက္သြားၾကသည္ ။မိုးစက္ႏွင့္ေလနီၾကမ္းသည္ ရိုင္းဆိုင္းစြာခရီးႏွင္ေန၍ ေက်ာင္းေဆာင္၏တံခါးခ်က္ေတြဟာ တဂ်ဳန္းဂ်ဳန္းျမည္ေနသည္။
ျပန္၍မျပဳျပင္ရေသးေသာ တံခါးခ်က္တစ္ခု
၏အနီးတြင္ တရားမွတ္ေနသၫ့္ ကိုရင္ငယ္ေလးဟာ ေလျပင္းတစ္ခ်က္တိုက္လိုက္တိုင္း ဂတံုးေျပာင္ေျပာင္ပါ ေအးလာသၫ့္ခံစားခ်က္ႀကီးကို မနည္းႀကိတ္မိွတ္သည္းခံေနရသည္။မ်က္လံုးကို အသာအယာဖြင့္ၾကၫ့္လိုက္ေတာ့ သူ႔အေရ႔ွတြင္ထိုင္ေနေသာ ကိုရင္ငယ္ေလးဟာလည္း သူ႔နည္းတူပင္ လႈပ္လႈပ္ရြရျြဖစ္ေနသည္။
ကိုယ္တစ္ေယာက္တည္း ဂဏွာမၿငိမ္ျဖစ္ေနတယ္လို႔ ထင္ခဲ့မိေပမဲ့ အခုေတာ့ကိုယ္လို႔ကိုရင္ေတြ အမ်ားႀကီးျဖစ္ေန၍ စိတ္အနည္းငယ္ေျဖသာသြားမိသည္။
အေရးထဲမွ ဗိုက္ကလည္းဆာလာတာမ်ား အူေတြေတာင္ လိွမ့္ထြက္ေတာ့မည္။
အစကေတာ့ အိပ္ငိုက္လို႔ရေအာင္ ေခ်ာင္က်တဲ့ေနရာကိုေရြးၿပီး တရားထိုင္မယ္လို႔စိတ္ကူးခဲ့မိတာ အခုေတာ့ အိပ္ငိုက္လို႔မရ၊တရားမရတဲ့အျပင္ ေလျဖတ္ၿပီး အနိစၥသေဘာနဲ႔ ကိစၥေခ်ာရကိန္းဆိုက္ေနေလၿပီ။
ထိုစဉ္ကိုရင္ေလးရဲ့ မ်က္၀န္းမ်ားဟာ
ျပဴတင္းေပါက္မွတစ္ဆင့္ ေက်ာင္း၀န္းထဲတြင္ တည္ထားေသာ ဘုရားႀကီးရဲ့ရင္ျပင္ေတာ္ေပၚရိွ အမိုးေအာက္မွ အရိပ္တစ္ခုဆီသို႔အၾကၫ့္ေရာက္သြားေလသည္။မီးေတြပ်က္ေနတာေၾကာင့္
ထိုအရိပ္ကိုပီသစြာေတာ့ မျမင္ရေပ။
သို႔ေပမဲ့ တစ္ေယာက္ေယာက္ထိုင္ေနတာေတာ့ ေသခ်ာတယ္။ခုခ်ိန္ကမိုးေတြရြာထားလို႔ဘုရားရင္ျပင္တစ္ခုလံုးစိုရႊဲေနတဲ့ဥစၥာ ရူးေနတဲ့လူပဲ ဘုရားရင္ျပင္တြင္ထိုင္ေနမွာ ေသခ်ာသည္။
ထိုစဉ္ ျဖတ္ခနဲလင္းသြားသၫ့္ လ်ွပ္စီးတန္းႀကီးေၾကာင့္ ကိုရင္ေလး ထိုင္ေနရာမွ ေဆြ့ကနဲထခုန္ေလေတာ့သည္။
"အမယ္ေလး...သရဲ...သရဲ...."
"ဟာ...ဘယ္မွာလည္းသရဲ.."
"ဟိုးမွာ...ဘုရားရင္ျပင္ေပၚမွာ သရဲမႀကီးထိုင္ေနတာလားမသိဘူး...."
တရားထိုင္သၫ့္ေဟာခန္းႀကီးဟာ ပင္မေဆာင္၏
ဒုတိယထပ္တြင္ျဖစ္တာေၾကာင့္ ျပဴတင္းေပါက္ေတြမွ လွမ္းၾကၫ့္ပါက ဘုရားႀကီးအပါအ၀င္ ေက်ာင္း၀န္းထဲရိွ ေနရာေတာ္ေတာ္မ်ားမ်ားကို လွမ္းျမင္ႏိုင္ေလသည္။
ဝါနဲနဲရင့္ၿပီျဖစ္တဲ့ ဦးဇင္းေတြႏွင့္သက္ႀကီးပိုင္းကိုရင္ေတြကေတာ့ တည္ၿငိမ္စြာထိုင္ေနၾကေပမဲ့ ကိုရင္ငယ္ေလးေတြကေတာ့ ခုဏကအသံနက္ႀကီးျဖင့္ ေအာ္လိုက္ေသာ ကိုရင္ေလးရိွရာျပဴတင္းေပါက္ဆီသို႔ စုႃပံု၍ေရာက္သြားၾကေလသည္။
အံုးအံုးကၽြတ္ကၽြတ္ျဖစ္သြားသၫ့္ အသံေတြေၾကာင့္ ေက်ာင္းထိုင္ဆရာေတာ္ႀကီးလည္း တရားရႈသၫ့္ဘက္သို႔ အာရံုစုစည္း၍မရျဖစ္ေနေတာ့သည္။
"ဘယ္မွာလည္း သရဲက..."
"ဟိုးမွာေလ...ဟိုးမွာ..လ်ွပ္စီးလက္သြားတုန္းက ဆံပင္ဖ်ားလ်ားႀကီးနဲ႔ထိုင္ေနတာကို ေသခ်ာေတြ့လိုက္တယ္.."
"ဟုတ္လို႔လား...ကိုရင္ငပုရယ္...သရဲကဘုရားေပၚမွာဘယ္လိုလုပ္ၿပီး ထိုင္ႏိုင္မွာလဲ..."
"ဒါက...ဥစၥာေစာင့္မ်ားလား..."
"ဟိတ္...တရားထိုင္ေနတဲ့အခ်ိန္ စည္းကမ္းမလိုက္
နာၾကဘူးလား..တရားမထိုင္ကတင္ သီလယူထားၾကၿပီး...ဘာေတြေလ်ွာက္ေျပာေနၾကတာလဲ..
ဆရာေတာ္ႀကီးအေရ႔ွမွာထိုင္ေနတယ္ေလ
...ေလးစားမႈမရိွၾကဘူးလား..."
ဦးဇင္းတစ္ပါး၏ဆူေငါက္လိုက္သၫ့္ အသံေၾကာင့္ ကိုရင္ေလးေတြလည္းေခါင္းႀကိမ္းသြားၾကၿပီး
ထိုင္ေနၾကေနရာအသီးသီးသို႔ ျပန္ေျပးကုန္ၾကေလသည္။
"ဟိုကိုရင္...ဘာလို႔မဟုတ္မဟပ္ေတြေလ်ွာက္ေျပာေနရတာလဲ...သူမ်ားေတြတရားထိုင္ေနတဲ့အခ်ိန္
စိတ္အေနွာက္အယွက္ျဖစ္ေအာင္ မလုပ္သင့္ဘူးေလ..."
"မဟုတ္ဘူး..ဦးဇင္းရဲ့ကိုရင္ငပုေျပာတာ တကယ္ဟုတ္တယ္...ရင္ျပင္ေပၚမွာလူတစ္ေယာက္ထိုင္ေနတာပါဆို...မယံုရင္ၾကၫ့္ၾကၫ့္..."
အသက္ဆယ့္ႏွႏွစ္ေလာက္ရိွၿပီျဖစ္ေသာ ကိုရင္တစ္ေယာက္က ထေျပာလိုက္တာေၾကာင့္ ဦးဇင္းလည္းဆရာေတာ္ႀကီးကိုတစ္လွၫ့္ ကိုရင္ငယ္ေလးေတြဘက္သို႔တစ္လွၫ့္ၾကၫ့္လိုက္ၿပီး ျပဴတင္းေပါက္အနားသို႔ကပ္သြားကာ ရင္ျပင္ေတာ္ေပၚသို႔ လွမ္းၾကၫ့္လိုက္သည္။
ထိုစဉ္ လ်ွက္စီးတစ္ခ်က္လက္သြားတာေၾကာင့္ ရင္ျပင္ေတာ္ေပၚရိွ အမိုးေအာက္အစြန္အဖ်ား
နားတြင္ ဆံပင္ဖ်ားလ်ွားႏွင့္လူတစ္ေယာက္ထိုင္ေနသည္ကို ေသခ်ာေတြ့လိုက္ရသည္။အစက ထင္ေရာင္ထင္မွား ျဖစ္ေနတာဟု ေတြးလိုက္မိေပမဲ့ ေသခ်ာၾကၫ့္ေလ ပိုပီျပင္လာေလပဲ။
ဦးဇင္းလည္း ကိုရင္ေတြစီတန္း၍ ထိုင္ေနၾကသၫ့္ ၾကားမွ ျဖတ္ေလ်ွာက္ကာ ဆရာေတာ္ဆီသြား၍ လက္အုပ္ခ်ီကာ ၀တ္ျပဳလိုက္သည္။
"ဆရာေတာ္ႀကီး..ဘုရားရင္ျပင္ေပၚမွာ လူတစ္ေယာက္ထိုင္ေနပါတယ္...ေမွာင္ေနေတာ့ မိန္းမလား.
ေယာက္်ားလားမသဲကဲြေပမဲ့ မိန္းကေလးျဖစ္ဖို႔မ်ားပါတယ္..."
"ေဟ...ဟုတ္လား...ေနအံုး...ဘုန္းဘုန္းၾကၫ့္စမ္းမယ္...."
သက္ေတာ္ငါးဆယ္ရိွၿပီျဖစ္ေသာ ဆရာေတာ္ႀကီးဟာ ေနရာမွခ်က္ခ်င္းထေတာ္မူၿပီး ျပဴတင္းေပါက္အနားသို႔ ခပ္ေျဖးေျဖးလွမ္းသြားေလသည္။
ဦးဇင္းေလးကလည္း အေနာက္မွလက္အုပ္ခ်ီ၍လိုက္သြားကာ ျပဴတင္ေပါက္နားတြင္ရပ္၍ ဆရာေတာ္အား လူအရိပ္ရိွရာအရပ္သို႔ ၫႊန္ျပေလသည္။
"ဟိုမွာပါ...ဘုရား..."
ဆရာေတာ္ႀကီးလည္း ထိုလူရိပ္အားေသခ်ာ
မ်က္ေမွာင္ႄကံု႔၍ၾကၫ့္လိုက္ၿပီးေနာက္ အလြန္အံ့ဩသြားမိေလသည္။မီးပ်က္ေနေပမဲ့လို႔ လ်ွက္စီးလက္လိုက္တိုင္းထိုလူရိပ္ကို သဲကဲြစြာျမင္ရေလသည္။သူခိုးလို႔ဆိုရေအာင္လည္း ဒီလိုမိုးရြာေနတဲ့အခ်ိန္မွာ ရင္ျပင္ေတာ္ေပၚ ဘာတက္လုပ္ေနမွာလဲ။ဘုန္းႀကီးေက်ာင္းမွာ ပစၥည္းခိုးခံရတဲ့ရာဇ၀င္လည္းမရိွခဲ့ဖူးဘူး။
"ဦးဇင္း...."
"တင္ပါ့..."
"အခုခ်က္ခ်င္းေနမ်ိဳးကိုသြားေခၚၿပီး ရင္ျပင္ေပၚကိုသြားၾကၫ့္ၾကစမ္း...ဓာတ္မီးပါယူသြား...အေဝးကေနမီးလွမ္းထိုးၿပီး ဘယ္သူလည္းအရင္ေမး
...စိတ္လိုက္မာန္ပါနဲ႔ ထိခိုက္ဒဏ္ရာရေအာင္မလုပ္မိေစနဲ႔...."
"တင္ပါ့ပါဘုရား...တပၫ့္ေတာ္ေနမ်ိဳးကို အခုပဲသြားေခၚလိုက္ပါ့မယ္...."
ဦးဇင္းလည္း ဆရာေတာ္ႀကီးအားလက္အုပ္ခ်ီ၍
အေနာက္ကိုအသာဆုတ္ခါေက်ာင္းေပၚမွေျပးဆင္းသြားေလေတာ့သည္။
ဆရာတစ္ျဖစ္လည္းဘုန္းႀကီးေက်ာင္းသား ေနမ်ိဳးဟာေန့ဘက္တြင္ ေက်ာင္းသားမ်ားကို စာသင္ရေသာေက်ာင္းေဆာင္ေတြဘက္တြင္ေနထိုင္ေလသည္။ညခုႏွစ္နာရီေလာက္ပဲရိွေသးတာေၾကာင့္ ယခုအခ်ိန္ေလာက္ဆိုရင္ ညဘက္မွာစာသင္ခ်င္သၫ့္ေက်ာင္းသားေလးေတြကို စာသင္ေပးေနမွာေသခ်ာသည္။သို႔ေပမယ့္လည္းမတတ္ႏိုင္စြာေနွာင့္ယွက္ရ ေပေတာ့မည္။ေက်ာင္းေဆာင္၏ေလ်ွာက္လွမ္းဟာေမွာင္မည္းေနတာေၾကာင့္ ဦးဇင္းလည္း မတိုက္မိမေခ်ာ္လဲေစရန္ေသခ်ာမွန္းၿပီးေလ်ွာက္ေနရသည္။
မၾကာခင္မွာပဲမီးေရာင္မိွန္ပ်ပ်လင္းေနေသာအခန္းကို ေတြ့ရ၍အျမန္ေလ်ွာက္ကာတံခါးဝတြင္ရပ္လိုက္သည္။
"ေနမ်ိဳးေရ...ေနမ်ိဳး.."
"ဆရာ...ဟိုမွာဦးဇင္းေခၚေနတယ္..."
စာသင္သၫ့္ဘက္သို႔စ်ာန္ေရာက္ေနေသာေနမ်ိဳးဟာ တံခါးဝတြင္ရပ္ေနေသာၪီးဇင္းဆီသို႔လွမ္းၾကၫ့္လိုက္မိသည္။မ်က္မွန္ကိုလက္ၫွိုးနဲ႔အသာပင့္တင္လိုက္ၿပီးေနာက္ စိုးရိမ္ေသာကမ်ားေနပံုေပၚသၫ့္ၪီးဇင္းရဲ့ပံုစံကို နားမလည္ႏိုင္ျဖစ္သြားရသည္။ဥဇင္းဆရာေတာ္ရဲ့လက္ရံုးေတြထဲမွာ
အရင့္က်က္ဆံုးၪီးဇင္းတစ္ပါးျဖစ္သည္။
ယခုဘာေၾကာင့္ေမာႀကီးပန္းႀကီးျဖစ္ေနရတာပါလိမ့္။ေနမ်ိဳးလည္းလက္ထဲတြင္ကိုင္ထားေသာ
ငါးတန္းသခ်ၤာစာအုပ္ကိုခံုေပၚသို႔အသာခ်လိုက္ၿပီးအေပါက္ဝဆီသို႔ေလ်ွာက္သြားလိုက္သည္။
"ဦးဇင္း...ဘာျဖစ္လာတာလဲ.."
"ဘာျဖစ္လာလဲမေမးနဲ႔...ဒကာ့ဆီမွာဆရာေတာ္ႀကီးဆီကေနငွားထားတဲ့ဓာတ္မီးရိွတယ္မဟုတ္လား..."
"..ရိွတယ္ေလ...တပၫ့္ေတာ္သံုးေထာင္မသံုးရေသးဘူး..."
"ဟုတ္ၿပီဒါဆိုအဲဒီ့ဓာတ္မီးကိုယူခဲ့...တို႔ႏွစ္ေယာက္ဘုရားရင္ျပင္ေတာ္ဆီကိုသြားၾကရေအာင္.."
"မိုးေတြဒီေလာက္ရြာေနတာ...ရင္ျပင္ေတာ္ေပၚမွာေခ်ာေနမွာေပါ့ဘုရား..."
"ေနမ်ိဳးရယ္...ဒကာ့နယ္...ဆရာဆိုတဲ့အတိုင္းစကားကလည္းရွည္လိုက္တာ...ရင္ျပင္အေပၚမွာမသကၤာစရာေတြ့လို႔ေဟ့...ဒီေက်ာင္းထဲမွာအားေကာင္းေမာင္းသန္ဗလေကာင္းေကာင္းဆိုလို႔...ဒကာပဲရိွလို႔အေဖာ္လာေခၚတာပါ..ဟုတ္ၿပီလား..လာသြားၾကမယ္...အရမ္းၾကာေနလို႔မရဘူး...ေက်ာင္းေပၚမွာကိုရင္ေလးေတြလည္းေၾကာက္ေနၾကတယ္..."
ေနမ်ိဳးလည္းေက်ာင္းဝန္းထဲမွာဒီလိုကိစၥမ်ိဳးတစ္ခါမွမျဖစ္ဖူးတာေၾကာင့္နားမလည္ႏိုင္ျဖစ္ရင္းနဲ႔ပဲဓာတ္မီးကိုယူ၍ဦးဇင္းႏွင့္အတူလိုက္လာခဲ့ရသည္။
ထီးတစ္ေယာက္တလတ္ဆီေဆာင္းထားၿပီး
အေမွာင္ရိပ္ထဲမွာေပမယ့္ ဓာတ္မီး၏အလင္းေရာင္ႏွင့္သူတို႔ေရြ့လ်ွားေနမိၾကသည္။ေက်ာင္းဝန္းထဲတြင္ႏွစ္ခ်ိဳ႕အပင္မ်ားစြာရိွေလသည္။ဘုရားရင္ျပင္ေပၚတြင္ ေဘာင္ခပ္၍ထားေသာအင္ၾကင္းပန္းပင္ႀကီးကလည္းအခုေလာက္ဆိုေလျပင္းႏွင့္မိုးေၾကာင့္အကိုင္းေလာက္ပဲက်န္ေတာ့မွာေသခ်ာသည္။
ဘုရားႀကီးေဘး၌ သိဃၤေက်ာင္းတစ္ခုရိွေပမယ့္
ဥပုဒ္ရက္ႏွင့္အခါႀကီးရက္ႀကီးမ်ားမွလဲြ၍တံခါးကိုဖြင့္ေပးေလ့မရိွေပ။ေက်ာင္းေဆာင္၏အေရ႔ွတြင္ေတာ့ လူငါးကိုယ္စာေလာက္ရိွသၫ့္သက္တမ္းရင့္ခေရပင္ႀကီးရိွေလသည္။
မနက္ဘက္ဆိုလ်ွင္ရပ္ကြက္ထဲမွ ကေလးေတြဟာအေစာႀကီးခေရပြင့္ေတြလာလာေကာက္ေလ့ရိွၾကသည္။
ယခုတြင္ေတာ့ထိုအပင္ႀကီးဟာအကိုင္းအခက္ႏွင့္အပြင့္ပါမက်န္ ေရသီးေရေပါက္တို႔ခိုတဲြ၍ေလျပင္းႏွင့္အတူယိမ္းထိုးေနရွာသည္။
"ဒုန္း..."
"ေအာင္မေလး...ဗုဒၶေါ...*
"ဟ...ဦးဇင္းကလည္း...အုန္းသီးႂကြေတာပါဗ်..."
"သိပါတယ္ကြာ...ေခါင္းတၫ့္တၫ့္မွန္ၿပီးမွတ္လို႔ ေယာင္သြားတာပါ..."
ေနမ်ိဳးလည္းရယ္ခ်င္ခ်င္ျဖစ္သြားသၫ့္စိတ္ကိုမနည္းထိန္းလိုက္ရၿပီး ဥဇင္းရဲ့အေနာက္မွလိုက္လာခဲ့လိုက္သည္။ေက်ာင္းဝန္းထဲမွာက ေျမသားေတြခ်ည္းပဲျဖစ္ေနတာေၾကာင့္ ေခ်ာ္မလဲေစရန္မနဲထိန္းေလ်ွာက္ေနရေလသည္။
ဦးဇင္းကလည္းသကၤန္းကိုရႊံ႔ေပမည္ဆိုး၍
ကြတကြတႏွင့္ လမ္းေလ်ွာက္ေနရတာမ်ား
သနားစိတ္ေတာင္၀င္မိသည္အထိပင္။
သိပ္ၾကာၾကာ မေလ်ွာက္လိုက္ရပဲ ဘုရားရင္ျပင္ေပၚသို႔ေရာက္ၾကေလသည္။
ေရႊတိဂံုဘုရားကို တုပၿပီးတည္ထားသၫ့္ဘုရားမို႔ထုထည္ကေတာ့ႀကီးမားေလသည္။
အေမွာင္ထဲမွာေတာင္ဘုရားႀကီးရဲ့ကိုယ္ထည္မွေရႊေရာင္အဆင္းဟာ တျဖတ္ျဖတ္လင္းလတ္
ေနသလိုပါပဲ။
ဦးဇင္းဟာ ေတာင္ဘက္အျခမ္းမွလက္ယာရစ္ကာ ေလ်ွာက္ေနတာေၾကာင့္အေနာက္မွဓာတ္မီးထိုးေပးရင္းလိုက္ရေလေတာ့သည္။
"ဟာ...ဟိုမွာ...ဦးဇင္း..."
သူ႔ဓာတ္မီးႏွင့္ထိုးလိုက္သၫ့္ေနရာသို႔ ဦးဇင္းကလည္းမ်က္လံုးျပဴးၿပီးလိုက္ၾကၫ့္ေလသည္။
အမိုးေအာက္မွာမလုပ္မယွက္ဘဲ ထိုင္ေနသည္က မိန္းကေလးတစ္ေယာက္ျဖစ္သည္။
ခ်မ္းလို႔ထင္ပါရဲ့ လက္ေတြကိုဒူးဆစ္မွာက်စ္ေနေအာင္ရစ္သိုင္းထားၿပီး မ်က္ႏွာကိုေမွာက္ထား
ေလသည္။ဆံပင္ရွည္ေတြက ေျခသလံုးရိုးေပၚမွတစ္ဆင့္ ရင္ျပင္နဲ႔ထိေနၿပီးေရစက္ေတြယိုစီးက်ေနေလသည္။တစ္ကိုယ္လံုးလည္းတုန္ယင္ေနရွာသည္။
"ေဟ့...မင္းဘယ္သူလဲ...မိုးေတြဒီေလာက္ရြာေနတာကိုယ့္အိမ္ကိုယ္ မျပန္ဘဲဒီမွာဘာထိုင္လုပ္ေနတာလဲ.."
ေနမ်ိဳးရဲ့ေအာ္သံကိုၾကားေတာ့သူမရဲ့ဦးေခါင္းကစတင္ေရြ့လ်ားလာသည္။
မ်က္ႏွာကိုေမာ့ၿပီးသူတို႔ဘက္သို႔ ၾကၫ့္လိုက္တဲ့အခ်ိန္ ျမင္လိုက္ရတဲ့မိန္းကေလးရဲ့မ်က္ႏွာကသူ႔ကိုအံ့ၾသသြားေစသည္။မ်က္ႏွာတစ္ခုလံုးဟာျဖဴဖက္ေနၿပီး ႏႈတ္ခမ္းေတြကျပာေနသည္။မိုးေရထဲမွာအခ်ိန္အၾကာႀကီးရိွေနခဲ့မွန္းသိသာေစသည္။
သူမရဲ့မ်က္ဝန္းေတြဟာ ေမွးစင္းေနၿပီး
အားအင္ျပက္လတ္ေနသလို ပံုစံျဖစ္ေနသည္။
ကိုယ့္ထက္ငယ္လား ႀကီးလားမသိေပမယ့္ယခုျမင္ရတဲ့ ရုပ္ဆင္းကေတာ့အက်ည္းတန္လြန္းသည္။
ဘာေၾကာင့္ေက်ာင္းဝန္းထဲမွာညမိုးခ်ဳပ္တဲ့အထိေနေနရတာပါလိမ့္။
ခရီးသြားဟန္လဲြဆိုရင္ေတာင္ ဘုန္းႀကီးေတြ၊ကိုရင္ေတြကိုခြင့္ေတာင္းသင့္တယ္။
ဒီမိန္းကေလးကရူးေနတာမ်ားလား။
သို႔မဟုတ္ အိမ္ကေနထြက္ေျပးလာတာလား။မိသားစုနဲ႔အဆင္မေျပလို႔စိတ္ဆိုးၿပီးထြက္လာတာမ်ားျဖစ္ေနမလား။
ရုတ္တရက္ဆိုသလို သူနဲ႔ၪီးဇင္းအားမွင္ေသေသပံုစံနဲ႔ၾကၫ့္လာတဲ့သူမရဲ့မ်က္ဝန္းထဲမွာေၾကာက္ရြံ႔မႈေတြလည္းထင္ဟပ္မေနသလို စိုးရြံ႔မႈ၊အားငယ္မႈေတြလည္းလံုးဝရိွမေနဘူး။
ဒါေပမယ့္မိုးမိထားတဲ့ဒဏ္ေၾကာင့္
သူမရဲ့ မ်က္ႏွာကျဖဴဖက္ၿပီးၫွိုးေလ်ွာ္ေနေလသည္။
"မင္းဘယ္သူလဲ...ဒီရပ္ကြက္ကပဲလား....
ဘာလို႔ဘုန္းႀကီးေက်ာင္းထဲမွာမိုးေတြရြာေနတာေတာင္ လာထိုင္ေနရတာလဲ...."
"ဒကာေနမ်ိဳးရယ္...ေမးခြန္းေတြကိုေနာက္မွေမးစမ္းပါ...ေကာင္မေလးကိုၾကၫ့္ရတာအရမ္းခ်မ္းေနၿပီထင္တယ္....ႏႈတ္ခမ္းေတြေတာင္ျပာေနၿပီ..
အရင္ဆံုး..မိုးလံုေလလံု ေနရာကိုေခၚသြားရေအာင္.."
ဦးဇင္းရဲ့အေျပာကိုေနမ်ိဳးသိပ္ေတာ့ဘဝင္မက်ေပ..။ဒီအခ်ိန္ႀကီးမွာတစ္ေယာက္တည္းရင္ျပင္ေပၚ
လာထိုင္ေနတည္းကသိပ္ေတာ့မရိုးသားလွဘူး။.
ဒါေပမယ့္တစ္ဖက္ကၾကၫ့္ျပန္ေတာ့လည္း..
တစ္ကိုယ္လံုးေရႏႉးထားသလိုပံုနဲ႔ႂကြက္စုတ္လိုျဖစ္ေနတဲ့ေကာင္မေလးက ကိုယ္ေတြကို
ဘာအႏၲရာယ္ျပဳႏိုင္မွာလဲ။သူ႔ဘာသာေတာင္လမ္းေလ်ွာက္ႏိုင္ရဲ့လားမသိဘူး။
ၪီးဇင္းဟာ ေခြးေလးေၾကာင္ေလးေတြကအစ အရမ္းသနားဂရုဏာႀကီးမားလြန္းသူမို႔
ဒီမိန္းကေလးအေပၚဂရုဏာသက္ေနတယ္ထင္ပါရဲ့။
"ဒကာမေလး...ဦးဇင္းတို႔နဲ႔လိုက္ခဲ့ပါ...ဒီမွာဆက္ထိုင္ေနရင္ အဆုတ္အေအးပတ္သြားလိမ့္မယ္..."
ၪီးဇင္းကဒီေလာက္ေလသံေပ်ာ့ေပ်ာ့နဲ႔ ေခၚေနတာေတာင္ဒီမိန္းကေလးက အင္းမလႈပ္၊အဲမလႈပ္နဲ႔
စိုက္ပဲၾကၫ့္ေနသည္။ဘယ္လိုမိန္းကေလးပါလိမ့္။အနည္းနဲ႔အမ်ားေတာ့သကၤန္းဝတ္ထားတဲ့သံဃာေတာ္ကိုရိုေသမႈေတာ့ရိွသင့္တယ္။
မ်က္လံုးေတြကလည္းဘာအဓိပၸာယ္သက္ေရာက္လို႔ေရာက္မွန္းမသိ။ ေၾကာင္ေတာင္ေတာင္နဲ႔ ။
ဒီလိုမိန္းကေလးမ်ိဳးဒီတခါပဲေတြ့ဖူးတယ္။
ၪီးဇင္းကလည္း ေပကပ္ကပ္လုပ္ေနသည့္ေကာင္မေလးကို ဇဲြမေလ်ာ့တမ္းဆက္ေခၚေနသည္။မေခၚလို႔လည္းမျဖစ္ဘူး။
ေတာ္ၾကာ ဘုန္းႀကီးေက်ာင္းထဲမွာတစ္ခုခုျဖစ္သြားခဲ့ရင္ ဆရာေတာ္ႀကီးေရာကိုယ္ေတြပါျပႆနာေတာထဲကိုတိုးဝင္ေနမိမွာေသခ်ာတယ္။
"ဒီမွာ...မင္းဘုန္းႀကီးေက်ာင္းထဲမွာညႀကီးအခ်ိန္မေတာ္ရိွေနတာ...တစ္ခုခုျဖစ္သြားရင္တို႔ေတြေရာ ဆရာေတာ္ႀကီးပါ...ျပႆနာထဲပါကုန္လိမ့္မယ္...ငါတို႔ကိုဒုကၡေရာက္ေအာင္မလုပ္ပါနဲ႔..
မင္းကိုလံုႃခံုတဲ့ေနရာဆီေခၚသြားေပးမယ္..
ဒီမွာဆက္ထိုင္ေနရင္..မင္းေသသြားလိမ့္မယ္..
ဟိုးအေပၚထပ္ကေန လွမ္းၾကၫ့္ေနၾကတဲ့ကိုရင္ေတြက မင္းကိုသရဲထင္ၿပီးေၾကာက္ေနၾကတယ္..မင္းေၾကာင့္ဆရာေတာ္ႀကီးတို႔ပံုမွန္တရားထိုင္တဲ့အခ်ိန္ေတြၾကန႔္ၾကာကုန္ၿပီ..
တို႔ေတြနဲ႔အျမန္လိုက္ခဲ့ပါ..ဆရာေတာ္ႀကီးကိုလည္းသြားအေၾကာင္းၾကားရဦးမယ္......"
အရက္ရွည္ရွည္၊ခႏၶာကိုယ္ခပ္ထြားထြားႏွင့္ပုဆိုးကိုဒူးေလာက္အထိေရာက္ေအာင္ဝတ္ထားသၫ့္လူကိုပံုရိပ္ေသခ်ာစိုက္ၾကၫ့္လိုက္မိသည္။
သူ႔ရဲ့ဓာတ္မီးအလင္းေရာင္က ပံုရိပ္ဘက္ကိုခ်ိန္ထိုးထားတာေၾကာင့္ သူ႔ရဲ့ပံုသ႑ာန္ကိုေသခ်ာၾကၫ့္လို႔မရဘူးျဖစ္ေနတယ္။
ပံုရိပ္ရဲ့ေဘးနားမွာရပ္ေနသၫ့္ဦးဇင္းကေတာ့အရပ္ပုပုႏွင့္ခပ္ပိန္ပိန္ျဖစ္ကာ အသက္ကသံုးဆယ္ေက်ာ္ေလာက္ရိွမည္။
ပံုရိပ္ကိုဓာတ္မီးနဲ႔ခ်ိန္ထိုးထားသူကေတာ့သူ႔ရုပ္ကို
မျမင္ရေပမယ့္သူ႔ရဲ့အသံမွာတင္ ဩဇာလႊမ္းမိုးမႈတစ္ခုရိွေနသည္။
ဆရာတစ္ေယာက္က တပၫ့္တစ္ေယာက္ကို
ဆူသလို၊မာန္သလိုေလသံမ်ိဳး ။
အသံအနိမ့္အျမင့္နဲ႔ေျပာေနပံုက ေနရာတကာဆရာႀကီးလုပ္ခ်င္သည့္ပံုစံမ်ိဳးပင္။
ဒါေပမဲ့ သူေျပာတာကိုေသခ်ာစဉ္းစားၾကၫ့္လိုက္ေတာ့ ပံုရိပ္ေၾကာင့္ကိုရင္ေတြထိတ္လန႔္သြားၾကပံုပဲ။သံဃာေတာ္ေတြကိုပါ ပံုရိပ္ဒုကၡေပးမိသလိုျဖစ္ ေနၿပီ။
"ၾကာတယ္ကြာ...လာျမန္ျမန္ထ..."
ပံုရိပ္ရဲ့လက္ေမာင္းကေနဆဲြထူလိုက္သၫ့္
ထိုလူ႔ေၾကာင့္ ထံုက်င္ေနသၫ့္ေျခေထာက္ေတြဟာ
ယိုင္နဲ႔စြာပင္ မတ္တပ္ရပ္လ်က္အေနအထားျဖစ္သြားရသည္။ထိုင္ပါမ်ားလို႔ေအးခဲထံုက်င္ေနတဲ့ေျခဖဝါးေတြက ဘုရားရင္ျပင္နဲ႔ထိလို႔ထိမွန္းေတာင္မသိသာဘူး။
"ကိုယ့္ဘာသာ ေလ်ွာက္ႏိုင္လား...*
ေနာက္ထပ္ မာထန္ေနေသာဆရာႀကီးေလသံျဖင့္ေမးလာသၫ့္ သူ႔ကိုေမာ့ၾကၫ့္လိုက္ေတာ့
သူကအရင္မ်က္ႏွာလႊဲသြားေလသည္။
အရပ္ရွည္တယ္။မ်က္ႏွာေၾကာတင္းတယ္။
စိတ္မရွည္ဘူး။
ဘုန္းႀကီးေက်ာင္းမွာဒီလူကဘာရာထူးပါလိမ့္။
"ဒကာမေလး.. ေရာ့...ဒီထီးကိုေဆာင္းထား
ဦးဇင္းတို႔ရဲ့ေနာက္ကေနလိုက္ခဲ့..."
ဦးဇင္း၏ လက္ထဲမွထီးကိုယူလိုက္ၿပီး
ပံုရိပ္လည္းအေနာက္ကေနေလ်ွာက္လာခဲ့လိုက္သည္။
ထိုစဉ္လ်ွပ္စစ္မီးေရာင္ေတြဟာဘုန္းႀကီးေက်ာင္းဝန္းတစ္ခုလံုးအား ထိန္းညီးသြားေစေတာ့သည္။ေန့ခင္းဘက္ထဲက ပ်က္တဲ့မီးဟာမိုးနည္းနည္းစဲေတာ့မျွပန္လာျခင္းျဖစ္သည္။
ေက်ာင္းေဆာင္တစ္ခုေဘးနားသို႔ေရာက္ေတာ့
ဦးဇင္းကပံုရိပ္ကိုတစ္လွၫ့္ ဟိုလူ႔ကိုတစ္လွၫ့္ၾကၫ့္လာသည္။
"ေနမ်ိဳး..ဒကာမေလးကိုမင္းခဏေခၚထားလိုက္စမ္းကြာ..ဘုန္းဘုန္းတို႔ကို အက်ိဳးအေၾကာင္းရွင္းျပလိုက္မယ္...ဒကာမေလးက ေရေတြစိုရႊဲေနေတာ့ေက်ာင္းေပၚကိုေခၚသြားလို႔မျဖစ္ဘူး..
တရားထိုင္ရမယ့္အခ်ိန္ႀကီးလည္းျဖစ္ေနေတာ့
...အခ်ိန္ေစ့မွဆရာေတာ္နဲ႔ငါလိုက္လာခဲ့မယ္..."
ၪီးဇင္းက ေနမ်ိဳးရဲ့အနားသို႔တိုးကပ္လိုက္ၿပီး "..
ဒကာမေလးကိုနည္းနည္းပါးပါး..ေမးျမန္းထားလိုက္ဦး...အရမ္းေနာက္မက်ခင္အိမ္ျပန္ပို႔ေပးလို႔ရေအာင္..."ဟုမွာခဲ့ကာ တရားထိုင္ရသၫ့္
ပင္မေဆာင္ဘက္သို႔ကူးသြားေလသည္။
ေနမ်ိဳးလည္းသက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး
ထိုေကာင္မေလးကိုသူေနထိုင္သၫ့္ ေက်ာင္းေဆာင္ဘက္သို႔ေခၚလာလိုက္သည္။
ထူးဆန္းေနတာက ဒီမိန္းကေလးဟာအခုထိစကားတစ္လံုးမွမေျပာေသးတာပဲ။
အေနတာလည္းမျဖစ္ႏိုင္သလို ဘယ္လိုကိစၥေတြ ႄကံုေတြ့လာခဲ့ရလို႔ စကားတစ္ခြန္းေတာင္မေျပာခ်င္ရသလဲဆိုတာကို သိခ်င္စိတ္ေတာ့ျဖစ္မိသည္။
"လာ...ေလာေလာဆယ္ဒီအခန္းမွာခဏဝင္ထိုင္ေန"
ထိုလူဝင္ခိုင္းတဲ့အခန္းထဲကိုၾကၫ့္လိုက္ေတာ့ကေလးသံုး၊ေလးေယာက္က စာၾကၫ့္စားပဲြတစ္လံုး ေဘးနားမွာဝိုင္းထိုင္ေနၾကတာကိုေတြ့လိုက္ရသည္။အခန္းထဲမွာသစ္သားကုတင္တစ္လံုးလည္းရိွေနၿပီးထိုကုတင္ေပၚတြင္ ေစာင္နဲ႔ေခါင္းအံုးကိုေသခ်ာေခါက္ၿပီးတင္ထားေလသည္။
ဒါကဒီလူေနတဲ့အခန္းထင္တယ္။
အခန္းတစ္ခုလံုးကသပ္ရပ္ေနၿပီး အျပင္ကေနျမင္ႏိုင္တဲ့အဝတ္ဘီဒိုေလးထဲတြင္ေတာ့ ေသသပ္စြာ
စီရီထားေသာ ေခါက္ၿပီးသားအဝတ္အထပ္လိုက္ကိုေတြ့လိုက္ရသည္။
ဒီလူကအသန္႔အျပန္ႀကိဳက္မယ့္ပံုပဲ။
"ဒီမွာထိုင္ေနဦး...အရမ္းခ်မ္းေနတယ္မလား..
ဒီေစာင္ကိုခဏႃခံုထားလိုက္..."
မထင္မွတ္ထားဘဲထိုလူကသူ႔ရဲ့သစ္သားကုတင္ေပၚမွာပံုရိပ္ကိုထိုင္ခြင့္ျပဳလိုက္သလိုသူ႔ရဲ့ေခါင္းအံုးေပၚမွာေသေသသပ္သပ္တင္ထားသၫ့္ေစာင္ေလးကိုလည္းပံုရိပ္ရဲ့ပခံုးေပၚကိုလာတင္ေပးေလသည္။ပံုရိပ္ေမာ့ၾကၫ့္လိုက္ေတာ့သူ႔ရဲ့မ်က္ဝန္းေတြထဲမွာသနားတဲ့အရိပ္အေယာင္ေတြေပၚေပါက္ေနသည္။သူပံုရိပ္ကိုသနားေနတာမ်ားလား။
"စုရည္..ဆရာခုဏက..သမီးကိုေမြးေန့လက္ေဆာင္ေပးထားတဲ့ အိက်ႌ၀မ္းဆက္ကိုျပန္ေပးပါလား။ဆရာေနာက္မွထပ္ဝယ္ေပးပါ့မယ္...."
"ဆရာကလည္းေပးၿပီးစလစ္နံပါတ္တစ္ေလ
ေမြးေန့လက္ေဆာင္ေပးၿပီး ျပန္ေတာင္းရတယ္လို႔.."
"ဟာ...နံပါတ္တစ္ေတြ ႏွစ္ေတြလုပ္မေနပါနဲ႔...
သူမ်ားကေရေတြစိုထားတာ...ခ်မ္းေနၿပီ...
အျမန္လာေပးစမ္းပါ...ေနာက္မျွပန္ဝယ္ေပးပါ့မယ္..ႀကီးေတာ္ရဲ့"
စုရည္ဆိုတဲ့ေကာင္မေလးကလည္း သူ႔လက္ထဲမွလက္ေဆာင္ထုပ္ေလးအား ႏွေမ်ာသလိုပံုေလးနဲ႔
ဟိုလူ႔ရဲ့လက္ထဲသို႔ထၫ့္လိုက္ေလသည္။
ပံုရိပ္ကိုလည္း မေက်နပ္သလိုပံုနဲ႔ႏႈတ္ခမ္းေလးကိုစူပုပ္ပုပ္လုပ္၍ ၾကၫ့္သြားေသးသည္။
ဒီဆရာဆိုတဲ့လူက ပံုရိပ္အတြက္နဲ႔သူ႔တပၫ့္ကို
ေပးၿပီးသားလက္ေဆာင္ထုပ္အား ျပန္ယူသည္တဲ့။ဒီဝတ္စံုကို ပံုရိပ္ဝတ္ၿပီးရင္လည္း ဒီကေလးမကိုျပန္ေပးလို႔လည္း ေကာင္းမွာမဟုတ္ဘူး။
ဝတ္စံုအသစ္ႀကီးကို ဒီလိုရက္ရက္ေရာေရာေပးႏိုင္ရေလာက္ေအာင္ သေဘာေကာင္းေနတာလား။
သူ႔မ်က္ႏွာကို ေမာ့ၾကၫ့္လိုက္ေတာ့
သူကပံုရိပ္ရဲ့ မ်က္ႏွာေရ႔ွသို႔ အဝတ္ထုပ္ကိုကမ္းေပးလာသည္။
" ေရာ့...ဟိုဘက္အခန္းမွာအဝတ္သြားလဲလိုက္..
မင္းရဲ့စိတ္ကဘယ္လိုအေျခအေနျဖစ္ေနမွန္းမသိေပမယ့္ မင္းရဲ့ခႏၶာကိုယ္ကိုေတာ့ဂရုစိုက္ရမယ္..
လူ႔ျပည္မွာ ေျခေကာင္းလက္ေကာင္းနဲ႔လူလာျဖစ္ဖို႔ဆိုတာေတာ္ရံုကုသိုလ္နဲ႔ရတာမဟုတ္ဘူး..
ကိုယ့္အသက္တစ္ေခ်ာင္းကိုတန္ဖိုးထားပါ..
ဒီအဝတ္ကမင္းကိုအၿပီးေပးလိုက္တာျပန္ေပးဖို႔မလိုေတာ့ဘူး..."
သူေပးတဲ့အထုပ္ကိုၾကၫ့္ၿပီး ပံုရိပ္လည္းမ်က္ေမွာင္ႄကံု႔ပစ္လိုက္မိသည္။အဝတ္အစားလဲလိုက္လို႔ ရိုးရိုးေျပာလည္း ဒီစကားပဲဥစၥာ ဆရာႀကီးအထွာနဲ႔ ရွည္ရွည္ေဝးေဝးေတြလာေျပာေနတယ္။
ပံုရိပ္ကလည္းေခါင္းမာသူတစ္ေယာက္ပင္။အေအးပတ္လို႔ေသခ်င္ေသသြားပါေစ။
သူတစ္ပါးရဲ့ပစၥည္းကိုေတာ့အလကားမယူခ်င္ဘူး။ဒါေၾကာင့္သူ႔မ်က္ႏွာကိုတၫ့္တၫ့္ၾကၫ့္လိုက္ၿပီးေခါင္းခါျပလိုက္သည္။
"မႀကီးကလည္းယူလိုက္ပါ...ဆရာကသူမ်ားကိုေတာ္ရံုလက္ေဆာင္ေပးတာမဟုတ္ဘူး..."
"ဝယ္ေပးဖို႔ပိုက္ဆံမရိွတာဆိုပိုမွန္ပါလိမ့္မယ္.."
"ဟား...ဟား..."
"နင္တို႔ကလည္းအဲ့လိုမေျပာၾကပါနဲ႔...ငါတို႔ရဲ့ဆရာကနည္းနည္းပဲမဲြတာပါ..."
"မ်ားမ်ားမဲြတာပါဟာ..ဟိုတစ္ေန့ကငါမနက္အေစာႀကီး ဒီကိုလာေတာ့ ကုန္ေနတဲ့သြားတိုက္ေဆးကို ဆရာသြားနဲ႔ကိုက္ၿပီး ျခစ္ထုတ္ေနတာေတြ့တယ္...."
"ဟား...ဟား...ဟုတ္လားဆရာ..."
"ဟိတ္!!!!မင္းတို႔ေတာ္ၾကစမ္း...ဘယ္ကတည္းကကိုယ့္ဆရာရဲ့အတင္းကိုတုပ္ခ်င္ေနၾကတာလဲ..ဟမ္.."
"နဲနဲပါ...ဆရာရယ္..."
"နဲနဲလည္းမေျပာနဲ႔မ်ားမ်ားလည္းမေျပာနဲ႔...ခုဏကတြက္ခိုင္းထားတဲ့ပုစၧာေတြမွန္လားစစ္ရမယ္...
မွားတဲ့လူကေတာ့ေတြ့ၿပီပဲ...ငါ့အတင္းကိုတုပ္ၾကတာ....."
"ဟာမလုပ္ပါနဲ႔ဆရာရယ္..."
"လုပ္မွာပဲ..ငါလာၿပီ...ေရာ့..မင္းလည္းအဝတ္အစားအျမန္သြားလဲေတာ့....."
ပံုရိပ္ရဲ့လက္ထဲကိုအဝတ္ထုပ္အားထၫ့္ေပးသြားၿပီး သူ႔တပၫ့္ေတြရိွရာစာၾကၫ့္စားပဲြအနားသို႔ေလ်ွာက္သြားေနသၫ့္ သူ႔ေနာက္ေက်ာကိုၾကၫ့္လိုက္မိေလသည္။ ခုဏက သူ႔တပၫ့္ေတြကိုစကားေျပာေနတဲ့ပံုစံနဲ႔ဘုရားရင္ျပင္ေပၚမွာစေတြ့တုန္းကပံုစံဟာ လံုးဝမတူေတာ့သလိုပဲ။
လူ႔အေၾကာင္းကိုေပါင္းၾကၫ့္မွသိဆိုသလို ဒီလူရဲ့အျပဳအမူေတြဟာ သတိထားလိုက္မိတဲ့အခ်ိန္ခဏေလးအတြင္းမွာပဲေျပာင္းလဲလာခဲ့တယ္။
သူ႔တပၫ့္ေတြက သူ႔ကိုငမဲြလို႔ေခၚတာေတာင္လံုးဝစိတ္မဆိုးတဲ့အျပင္ ရယ္ႃပံုးႃပံုးနဲ႔ျပန္စေနာက္လိုက္ေသးတယ္။
သြားတိုက္ေဆးဘူးအကုန္ကိုေတာင္ ျခစ္ထုတ္ၿပီးသံုးတဲ့လူတစ္ေယာက္က သူနဲ႔ဒီညမွစေတြ့တဲ့
ပံုရိပ္ဆီ အသစ္စက္စက္ဝတ္စံုကိုအပိုင္ေပးသတဲ့။အေျပာမခ်ိဳေပမယ့္ စိတ္ေကာင္းေစတနာရိွတဲ့လူတစ္ေယာက္လို႔ယူဆလိုက္မိတယ္။
ပံုရိပ္ဆက္ထိုင္ေနရင္ ကုတင္ေတြေရာ ေစာင္ေတြပါ ေရစိုကုန္မွာစိုးတာေၾကာင့္လူမရိွသၫ့္ဟိုဘက္အခန္းသို႔ကူးသြားလိုက္ၿပီးအဝတ္အစားလဲလိုက္သည္။
ဒီဘက္အခန္းသို႔ျပန္ကူးလာေတာ့ ကေလးေတြကစာအုပ္ေတြကိုသိမ္းၿပီးလြယ္အိတ္ထဲသို႔ထည့္
ေနၾကေလၿပီ။မိုးကလည္းတိတ္သြားၿပီမို႔သူတို႔အတြက္ အိမ္ျပန္ဖို႔လြယ္ကူေနမွာေသခ်ာပါတယ္။
"မႀကီး....သားတို႔သြားေတာ့မယ္ေနာ္။.."
ထိုကေလးအုပ္စုထဲမွ ခပ္ဝဝနဲ႔ေကာင္ေလးတစ္ေယာက္ဟာတံခါးအနားမွာရပ္ေနေသာပံုရိပ္ကိုႃပံုး၍လာႏႈတ္ဆက္တာေၾကာင့္ပံုရိပ္လည္းျပန္ႃပံုးျပလိုက္မိသည္။စုရည္ဆိုတဲ့ေကာင္မေလးကေတာ့သူ႔ရဲ့ေမြးေန့လက္ေဆာင္ဝတ္စံုေလးကို
ပံုရိပ္ဝတ္ထားတာၾကၫ့္ၿပီးႏႈတ္ခမ္းေလးေထာ္ကာမ်က္ေစာင္းေတာင္ထိုးသြားေသးသည္။
ကေလးေတြတစ္ေယာက္ၿပီးတစ္ေယာက္ထြက္သြားၾကၿပီးေနာက္အခန္းထဲကိုၾကၫ့္လိုက္ေတာ့ဟိုလူက
စာၾကၫ့္စားပဲြကို နံရံနားမွာေထာင္ထားၿပီးတံခါးဝဆီသို႔လွၫ့္ၾကၫ့္လာေလသည္။
"အဲ့ဒီ့မွာ ရပ္မေနနဲ႔ေလ..ဒီမွာလာထိုင္..."
သူကနံရံနားမွာကပ္ထားသၫ့္ ေျခတန္ရွည္ခံုတစ္ခုေဘးနားရိွ သူစာသင္စဉ္မွာထိုင္ခဲ့တဲ့ ေက်ာမွီကုလားထိုင္ကိုေမးေငါ့ျပလာေလသည္။
ပံုရိပ္လည္း ထိုထိုင္ခံုမွာခပ္ႄကံု႔ႄကံု႔ေလး၀င္ထိုင္လိုက္မိသည္။
လူႏွစ္ေယာက္ပဲရိွသည့္အခန္းထဲတြင္ တိတ္ဆိတ္လြန္းမႈေၾကာင့္ ေလထုဟာေအးစက္သြားသလိုခံစားခ်က္ႀကီးျဖစ္ေနသည္။
ေခါင္းကိုတြင္တြင္ငံု႔ထားမိတာေၾကာင့္
ထိုလူကသစ္သားကုတင္ေပၚမွ ေျခခ်ထိုင္လိုက္တဲ့အခါ သူ႔မ်က္ႏွာအစားသူ႔ေျခေထာက္ေတြကိုပဲ
ျမင္ေနရေလသည္။
အေပၚမွလ်ွပ္စစ္မီးသီးရဲ့အလင္းေရာင္ေၾကာင့္
သူ႔ေျခဖမိုးအေပၚမွ အေၾကာခပ္စိမ္းစိမ္းေတြကိုေတာင္ျမင္ေနရသည္။
သူ႔ေျခေခ်ာင္းေတြဟာပံုရိပ္လိုက်ဲမေနဘဲ
ရႉးဖိနပ္စီးထားသလို စုစုေလးျဖစ္ေနသည္။
မိုးရြာထားတာေၾကာင့္တမံသလင္းက ေအးစက္ေနေပမယ့္ သူဖိနပ္မစီးထားဘူး။
ပံုရိပ္ရဲ့ေျခေထာက္မွာလည္းဖိနပ္ေတြရိွမေနပါဘူး။ဦးတင္ေမာင္တို႔အိမ္မွာ ကိုယ္အရမ္းခ်စ္ရတဲ့ေၾကာင္ေလးကိုအၫွာအတာမဲ့ ခု တ္ထစ္ထားတာကိုျမင္ၿပီးကတည္းက ရင္ထဲမွာမခံမရပ္ႏိုင္ေအာင္ပ်ိဳ႕အန္ခ်င္လာမိၿပီး ဖိနပ္ေတာင္စီးဖို႔
ေမ့ခဲ့ေလာက္ေအာင္ အျပင္ကိုခ်က္ခ်င္းေျပးထြက္လာမိခဲ့တယ္။
အခုေတာ့ဖိနပ္မစီးထားမိတာေၾကာင့္စိတ္ထဲမွာလံုႃခံုမႈ မရိွသလိုခံစားေနရေလသည္။
တိတ္ဆိတ္လြန္းတဲ့အေျခအေနကအျပင္ဘက္
တံဇက္မိတ္မွက်လာသည့္ ေရစက္ေလးေတြ၏အသံေတြကိုေတာင္ၾကားေနရသလိုပါပဲ။
"ဂီြ..."
ဗိုက္ထဲကေနဆာေလာင္လာမႈေၾကာင့္ထြက္ေပၚလာသၫ့္အသံဟာတိတ္ဆိတ္မႈကိုၿဖိဳခဲြလိုက္သလိုပါပဲ။သူစိမ္းေရ႔ွမွာမို႔ နည္းနည္းလည္းရွက္ေနမိတယ္။
သူ႔မ်က္ႏွာကိုေမာ့ၾကၫ့္လိုက္မိေတာ့ ခပ္စုစုျဖစ္ေနသည့္ သူ႔ႏႈတ္ခမ္းေတြဟာႃပံုးေရာင္သမ္းသြားၿပီးရုတ္တရက္ ထရပ္လိုက္ကာ ခံုေပၚမွထမင္းခ်ိဳင့္ကိုဖြင့္ေနေလသည္။
ၾကၫ့္ရတာ သူလည္းဗိုက္ဆာလာလို႔ထင္ပါတယ္။ ခံုကပံုရိပ္ထိုင္ေနသၫ့္ ေဘးတြင္ျဖစ္ေနတာေၾကာင့္ခ်ိဳင့္ခြက္ေတြထဲမွ ဟင္းအမယ္ေတြကိုျမင္လိုက္ရတဲ့အခ်ိန္မွာ ပံုရိပ္အဖို႔ဆာေလာင္လာမႈက ပိုလို႔တိုးလာခဲ့ ေလသည္ ။
" ေရာ့...ဇြန္းယူၿပီးစားလိုက္...မဟုတ္ရင္ မင္းအားပ်က္သြားလိမ့္မယ္...အမွန္ေတာ့ဒါက...ဒီညအတြက္ကိုယ့္ေဝစုပဲ...ကိုယ္ကေတာ့ဗိုက္မဆာဘူး..ဒီအတိုင္းထားရင္သိုးကုန္မွာေသခ်ာတယ္...အဲ့ဒါေၾကာင့္...
မင္းအကုန္စားလိုက္လို႔ရတယ္.."
ခုသူေျပာေနတဲ့စကားေတြက အိမ္မွာထမင္းစားတဲ့အခ်ိန္ ဝမ္းကဲြေမာင္နဲ႔ညီမေလးေတြကို
ပံုရိပ္ေျပာေနက်စကားေတြနဲ႔သိပ္တူေနတယ္။
စေန၊တနဂၤေနြေက်ာင္းပိတ္ရက္ေတြမွာအေဒၚကသူမ်ားအိမ္ကို အဝတ္သြားေလ်ွာ္ေပးရရင္
ပံုရိပ္ကအိမ္မွာထမင္း၊ဟင္းခ်က္ေပးေလ့ရိွတယ္။တစ္ခါတစ္ေလ အေဒၚေနာက္က်တဲ့ရက္ဆိုရင္ကေလးေတြကို ထမင္းႀကိဳကၽြေးထားေပးရေလ့ရိွတယ္။
ဟင္းမေလာက္မွာစိုးတိုင္း ကေလးေတြကို
"ငါကဗိုက္မဆာလို႔မစားေတာ့ဘူး...နင္တို႔ေတြပဲဟင္းကိုကုန္ေအာင္စားၾကေနာ္....သိုးသြားရင္အကုန္လႊင့္ပစ္ရမွာ....ႏွေမ်ာဖို႔ေကာင္းတယ္.."ဟုေျပာေနၾကပင္။
တကယ္ေတာ့ကိုယ္နဲ႔မ်ွေဝစားရရင္ သူတို႔ေလးေတြဗိုက္မဝမွာကို စိုးရိမ္မိခဲ့တာေၾကာင့္ ေျပာမိျခင္းပါပဲ။
အခုလည္း ဒီလူကသူ႔ရဲ့ေဝစုကို ပံုရိပ္ဘက္ကေနအားနာၿပီး မစားမွာစိုးလို႔တမင္လိမ္ေျပာေနတာပဲဟု ေတြးေနမိ၍ ပံုရိပ္ပိုအားနာေနမိသည္။
ပံုရိပ္လည္းအမွန္ေတာ့ ဗိုက္ဆာလြန္းလို႔အူေတြေတာင္တုန္လာသလို ခံစားေနရတယ္။
ဒါေၾကာင့္အာသာေျပရံု သံုးဇြန္းေလာက္ပဲစားဖို႔စဉ္းစားလိုက္ၿပီး သူကမ္းေပးလာတဲ့ဇြန္းကိုယူလိုက္သည္။ပုစြန္ဟင္းနဲ႔ထမင္းတစ္လုတ္ကို ေၾကညက္ေအာင္ဝါးေနစဉ္မွာ သူ႔ဆီကေနစကားသံတစ္ခုထြက္လာခဲ့သည္။
"အိမ္ကမိသားစုေတြ..အခုေလာက္ဆိုရင္ စိုးရိမ္ေနၾကေလာက္ေရာေပါ့..မင္းကဘယ္ရပ္ကြက္မွာေနတာလဲ......"
ဒုတိယထမင္းလုတ္ကိုစားေသာမၫ့္ပံုရိပ္ရဲ့လက္ေတြဟာေလထဲမွာပဲရပ္တန႔္သြားေလသည္။
သူစိမ္းတစ္ေယာက္ရဲ့အေရ႔ွမွာမ်က္ရည္မက်ခ်င္ဘူး။
ဇြန္းကို ကိုင္ထားမိတဲ့လက္ေတြက တုန္ယင္လာတာေၾကာင့္ ခ်ိဳင့္ခြက္ထဲကိုျပန္ထၫ့္ထားလိုက္မိသည္။ရင္ထဲမွာစို႔နင့္လာသည့္ ခံစားခ်က္က တစ္ဖန္၀င္လာျပန္ေတာ့ ဆက္စားေနလည္းဒီထမင္းလုတ္က
မ်ိဳက်ေတာ့မွာမဟုတ္ဘူး။
ပံုရိပ္သူ႔ဘက္သို႔ လွၫ့္ၾကၫ့္လိုက္ၿပီးသူ႔မ်က္ဝန္းေတြနဲ႔အၾကၫ့္ခ်င္းဆံုလိုက္မိသည္။
"အိမ္ကိုမျပန္ခ်င္ဘူး....မေတြ့ခ်င္တဲ့လူရိွေနလို႔.."
သူမရဲ့ အသံကိုၾကားလိုက္ရတဲ့အခ်ိန္မွာေနမ်ိဳးအဖို႔အရမ္းကို ထူးဆန္းသြားမိသည္။
ဒါဟာသူမဆီကေနပထမဆံုးၾကားရတဲ့စကားသံပဲ။
"..အိမ္ကိုမျပန္ခ်င္ဘူး...မေတြ့ခ်င္တဲ့လူရိွလို႔.."
ဆိုတဲ့စကားရပ္က တိုေတာင္းေပမယ့္
အဓိပၸာယ္သက္ေရာက္မႈကနက္နဲတယ္။
သူမရဲ့ အိမ္ကလူတစ္ေယာက္ေယာက္ဟာ ဒီလိုမိုးေရထဲမွာေနၿပီးညမိုးခ်ဳပ္အထိအိမ္မျပန္ခ်င္ေလာက္ေအာင္ျပဳလုပ္ခဲ့မွာေသခ်ာတယ္။
အိမ္ဆိုတာေနြးေထြးၾကင္နာမႈေတြနဲ႔ ဖဲြ႔စည္းထားတဲ့ေနရာမဟုတ္ရင္ဘယ္သူကမွ ျပန္ခ်င္မွာမဟုတ္ဘူး။
ပူေလာင္မႈေတြ ျပၫ့္ေနတဲ့အိမ္ကိုျပန္မယ့္အစား
ေျခဦးတည့္ရာကို ေလ်ွာက္သြားတာကမွစိတ္သက္သာရာရဦးမယ္လို႔ သူမေတြးခဲ့တယ္ထင္ပါတယ္။
"ေနမ်ိဳးေရ...ေနမ်ိဳး.."
ဦးဇင္းရဲ့က်ယ္ေလာင္သၫ့္ေခၚသံႏွင့္အတူ
တမံသလင္းအားခပ္ျပင္းျပင္းရွပ္တိုက္လာၾကေသာေျခလွမ္းေတြေၾကာင့္ေနမ်ိဳးေရာ ပံုရိပ္ပါတံခါးဝဆီသို႔ၿပိဳင္တူလွၫ့္ၾကၫ့္လိုက္မိၾကေလသည္။
ထိုစဉ္တံခါးဝတြင္ေပၚလာေသာ အမ်ိဳးသမီးတစ္ေယာက္ေၾကာင့္ေကာင္မေလးရဲ့မ်က္ဝန္းေတြအံ့ဩမႈႏွင့္အတူတုန္လႈပ္သြားတာကို ေနမ်ိဳးေသခ်ာေတြ့လိုက္ရသည္။
"ပံုပံု...ဘာလို႔ဒီလိုလုပ္ရတာလဲကြယ္...ေဒၚေလးမွာစိတ္ပူလိုက္ရတာ"
ေဒၚရွင္းသန႔္လည္းတံခါးဝမွ ပံုပံုရိွရာဆီသို႔ေျပးသြားလိုက္ၿပီး သူ႔တူမေလးရဲ့လက္ေတြကိုခပ္ဖြဖြေလးဆုပ္ကိုင္ထားလိုက္မိသည္။
ထိုအခ်ိန္မွာဝမ္းနည္းသြားတဲ့မ်က္ဝန္းေတြနဲ႔အတူ သူမရဲ့ပါးျပင္ေပၚသို႔ ပံုပံုကလက္ဖဝါးႏုႏုေလးေတြနဲ႔ ပြတ္သပ္လာေလသည္။
ပံုပံုရဲ့မ်က္ဝန္းမွာ ေဝ့တတ္လာတဲ့မ်က္ရည္ေတြကိုျမင္ေတာ့မွ ကိုယ္သက္ေဆြနဲ႔ဒီညေနကမွရန္ျဖစ္ခဲ့တဲ့ကိစၥကိုေတြးမိၿပီး ပါးမွာညိုေနတဲ့ဒဏ္ရာကို
တူမေလး မျမင္ေစဖို႔မ်က္ႏွာကိုတစ္ဖက္သို႔လႊဲဖို႔ႀကိဳးစားလိုက္မိသည္။သို႔ေပမဲ့ ပံုရိပ္ျမင္သြားခဲ့ေလသည္။
"အဲဒီ့လူႀကီး..ေဒၚေလးကိုရိုက္ျပန္ၿပီလား..
ဒီတစ္ခါပံုရိပ္ေၾကာင့္ရိုက္ခံရတာေပါ့ဟုတ္လား.."
အက္ကဲြသံႀကီးႏွင့္ေျပာလာသၫ့္ပံုရိပ္အား
ေဒၚရွင္းသန္႔လည္း ျပန္ႃပံုးျပလိုက္ၿပီး နာတာကိုမနာခ်င္ဟန္ေဆာင္ေနမိသည္။
ပံုရိပ္ေပ်ာက္သြားလို႔ သူမလိုက္ရွာေနရင္းက
ညခုႏွစ္နာရီေက်ာ္လာတာေၾကာင့္ မိုးတိတ္တာနဲ႔ကေလးေတြကိုသူမ်ားအိမ္မွာအပ္ထားခဲ့လိုက္ၿပီးဘုန္းႀကီးေက်ာင္းမွာ အသံခ်ဲ႔စက္ငွားကာရပ္ကြက္ထဲလူေပ်ာက္ ေၾကျငာဖို႔လုပ္မည္ဟုစိတ္ကူးၿပီးလာခဲ့မိျခင္းပါပဲ။ေနာက္ဆံုး လံုး၀ရွာမရရင္ရဲစခန္းမွာ တိုင္ခ်က္ဖြင့္မည္ဟု စိတ္ကူးခဲ့မိသည္။
ဒီေရာက္ေတာ့ဆရာေတာ္ႀကီးကိုအက်ိဳးအေၾကာင္းေလ်ွာက္လိုက္တဲ့အခါ မိန္းကေလးတစ္ေယာက္ေက်ာင္းထဲကိုဝင္လာၿပီး ရင္ျပင္ေပၚမွာထိုင္ေနတာေတြ့တယ္ဆိုၿပီးေျပာလာခဲ့တယ္။
ဦးဇင္းကမိန္းကေလးရဲ့ပံုသ႑ာန္နဲ႔အဝတ္အစားအေရာင္ကိုေျပာျပလာေတာ့ ပံုပံုျဖစ္ေနမွန္းသိၿပီးအရမ္းဝမ္းသာသြားခဲ့ရတယ္။
မေသေကာင္း၊မေပ်ာက္ေကာင္းျပန္ရွာေတြ့တာနဲ႔တင္ သူမမွာရင္ထဲကအလံုးႀကီးက်သြားရသလိုပါပဲ။
"ပံုပံု...ဟိုေကာင္သက္ေဆြနဲ႔ ေဒၚေလးညေနကစကားမ်ားၿပီး သူ အိမ္ေပၚကေနဆင္းသြားတယ္
သိလား...ဒီတစ္ခါအိမ္ေပၚကိုျပန္တက္လာလည္း..
ေဒၚေလး ဒင္းကို လက္ခံေတာ့မွာမဟုတ္ဘူး...
ဒီေလာက္အက်င့္မေကာင္းတဲ့ေကာင္ကို
ေဒၚေလးလည္းရြံတယ္...သက္ေဆြလည္းမရိွေတာ့ဘူးဆိုေတာ့ သမီးေလး...ေဒၚေလးနဲ႔အိမ္ျပန္လိုက္ခဲ့ပါေနာ္..."
"...ျပန္လိုက္သြားလိုက္ပါ...ဘာေတျြဖစ္ခဲ့လဲဆိုတာမသိေပမယ့္ မင္းအတြက္အလံုးႃခံုဆံုးနဲ႔အသင့္ေတာ္ဆံုးေနရာက မင္းရဲ့အေဒၚအိမ္ပဲ...။"
ေလေျပေအးနဲ႔ေျပာလာသၫ့္သူ႔အသံေၾကာင့္ပံုရိပ္သူ႔ကိုေမာ့ၾကၫ့္လိုက္ၿပီး ေဒၚေလးဘက္သို႔လွၫ့္ကာ ေခါင္းညိမ့္ျပလိုက္မိသည္။
ေဒၚေလးရဲ့မ်က္ႏွာက ခ်က္ခ်င္းပဲဝမ္းသာရိပ္
သမ္းသြားၿပီးပံုရိပ္ရဲ့လက္ကိုဆဲြကာဆရာေတာ္ႀကီးအား အတူသြားကန္ေတာ့ဖို႔ေခၚေလသည္။
ေဒၚေလးရဲ့ ေခၚရာေနာက္သို႔လိုက္ေနမိရင္း
အေနာက္ကို လွၫ့္ၾကၫ့္လိုက္မိေတာ့ သူကပံုရိပ္ကိုႃပံုးျပလာတယ္။
ရင္ျပင္ေပၚမွာစေတြ့တုန္းကလို မယံုသကၤာအၾကည့္မ်ိဳးေတြနဲ႔ မဟုတ္ပဲ မိတ္ေဆြတစ္ေယာက္က
ေဖာ္ေရြ့စြာႃပံုးျပေနေသာအႃပံုးလိုမ်ိဳးေနြးေထြးမႈရိွ ေနသည္။
"ေနာက္လည္း ေက်ာင္းကိုခဏခဏလာခဲ့ေပါ့
အေဒၚ့ကိုေတာ့အသိေပးၿပီးမွလာခဲ့ရမယ္ေနာ္..."
သူ႔ရဲ့စကားအဆံုးမွာပံုရိပ္ ေခါင္းတစ္ခ်က္ညိမ့္
ျပလိုက္ၿပီး အခန္းထဲမွထြက္လာခဲ့လိုက္သည္။
ထိုေန့မွစ၍ ပံုရိပ္ရဲ့ႏွလံုးသားအခန္းငယ္ထဲတြင္ဆရာေနမ်ိဳးဆိုသူကို ပထမဦးဆံုးေသာမိတ္ေဆြတစ္ေယာက္အေနနဲ႔အမွတ္အသားျပဳထားလိုက္မိ ေတာ့သည္။
အပိုင္း(၄)ဆက္ရန္ရိွသည္....🔥🔥🔥
ပံုရိပ္ေလးရဲ့ ဘ၀ထဲကိုစတင္၀င္ေရာက္လာသူက ဆရာေနမ်ိဳးပါတဲ့ေနာ္...😍😍😍
စာေရးသူ...ေဆာင္းေငြ့ေဝ
#ဆူးႀကိဳး...
#ေဆာင္းေငြ့ေဝ၏၀တၴုမ်ားpageမွတင္ဆက္သည္

No comments:
Post a Comment