Unicode/Zawgyi 🚩
🌺အခန်း(၂၄)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
မနက်ခင်းအလင်းရောင်နဲ့အတူ
ချစ်ချစ်အိပ်ရာမှာနိုးလာခဲ့လေသည်။
အမေကတော့အိပ်မောကျနေပေမယ့်
ချစ်ချစ်ကတော့ ခရီးထွက်ရမည့်
အရေးအတွက် စိုးရိမ်စိတ်ဝင်နေမိတယ်။
ပြတင်းပေါက်လိုက်ကာတွေကို
ဆွဲဖွင့်လိုက်တော့ ကောင်းကင်က
ကြည်လင်နေလေသည်။
လသာဆောင်ကို ထွက်လိုက်ပြီး
သန့်ရှင်းလတ်ဆတ်သော လေများကို
တဝကြီးရှူရှိုက်လိုက်မိသည်။
တောင်ကြီးဆိုတာ
ရှမ်းပြည်နယ်၏မြို့တော်တခုပေါ့
ဟိုအရင်ထဲကချစ်ချစ်အရမ်းကို
သွားချင်ခဲ့တဲ့နေရာလေးပါပဲ။
အခုတော့အဲ့ဒီနေရာကို
တကယ်သွားရတော့မယ်တဲ့။
*ကိုယ်သိပ်ချစ်ရသောသူနဲ့အတူတူပေါ့..*
"ချစ်ချစ်ရေ.ငါဗိုက်ဆာတယ်.."
ကြည်လင်လတ်ဆတ်နေတဲ့
မနက်ခင်းလေးကိုကြည့်နေမိရင်း
မေမေ့အသံကိုကြားလိုက်ရ၍
ပြုံးပြီး မေမေ့ဆီသို့သွားလိုက်သည်။
"စားရမှာပေါ့ အမေရဲ့...
ဒါပေမဲ့..သွားမတိုက်ရသေးရင်
အာပုပ်ဆော်တွေနံနေပြီး...
စားတဲ့အစားအစာတွေပါ...
အရသာမကောင်းတော့ပဲနေမှာပေါ့
သွားအရင်တိုက်ကြမယ်နော်...
ပြီးတော့မှ မေမေကြိုက်တဲ့
ထမင်းကြော်လေးကို
သမီးကိုယ်တိုင်လုပ်ပေးမယ်...."
"နင်တကယ်ပြောတာနော်
မလိမ်ရဘူးနော်..."
"တကယ်ပြောတာပါအမေရဲ့
သမီးကအမေ့ကိုဘယ်တုန်းက
လိမ်ခဲ့ဖူးလို့လဲ...
လာပါ..မျက်နှာသစ်..သွားတိုက်ရအောင်
စိတ်လန်းသွားအောင်
ရေးပါတစ်ခါတည်းချိုးကြမယ်နော်.."
"ဟာ..သွားပဲတိုက်မှာနော်
ရေမချိုးချင်ဘူး..."
"ဟုတ်ပါပြီ..သွားပဲတိုက်မှာပါ..."
မေမေ့ကိုထိန်းရတာဟာ
ကလေးလေးတစ်ယောက်ကို
ထိန်းနေရသလိုပါပဲ။
စိတ်ဝေဒနာသည်ဆိုတော့
သူမလုပ်ချင်တာကို ဖိအားပေးပြီး
လုပ်ခိုင်းလို့လဲမရပြန်ဘူး။
ဒီတော့သူ့စိတ်တိုင်းကျပဲ
အရာအားလုံးကို သည်းခံပြီး
အဆင်ပြေအောင်
လုပ်ပေးရတော့တာပေါ့။
မေမေ့ကိုမျက်နှာသစ်၊သွားတိုက်
လုပ်ပေးပြီးတာနဲ့ ချစ်ချစ်ကိုယ်တိုင်လည်း
ခရီးထွက်ရမည်မို့
ရေပါတစ်ခါတည်းချိုးပစ်လိုက်သည်။
"မေမေ...သနပ်ခါးလိမ်းမယ်နော်...
ရွာကနေ ကျောက်ပြင်ရော၊
သနပ်ခါးတုံးပါ သမီးယူလာတယ်
လှသွားအောင် ပါးကွက်အကြီးကြီး
လိမ်းပေးမယ်နော်..."
"အင်းနော်....
ပါးကွက်အကြီးကြီးလိမ်းပေး
သေးသေးလေးဆို နင့်ကိုငါ
ခေါင်းခေါက်မှာနော်..."
"ဟား..ဟား...
စိတ်ချအကြီးကြီးကွက်ပေးမှာ...."
ချစ်ချစ်လည်းအမေ့စိတ်တိုင်းကျ
ပါးပေါ်မှာ ပါးကွက်အကြီးကြီး
ကွက်ပေးပစ်လိုက်သည်။
ပြီးနောက် အလှကြိုက်တတ်သည့်
အမေ့မျက်နှာရှေ့မှာ
မှန်ကလေးကိုထောင်ပြပြီး
ကြည့်ခိုင်းလိုက်သည်။
"ဘယ်လိုလဲ..သမီးလိမ်းပေးထားတာ
လှတယ်မဟုတ်လား...."
ချစ်ချစ်ကတော့
အမေကြိုက်မယ်လို့ထင်ခဲ့ပေမယ့်
မှန်ကိုကြည့်ပြီးသည်နှင့်
အမေ့မျက်နှာလေးဟာ
ချက်ချင်းရှုံ့မဲ့သွားလေသည်။
"ဘာဖြစ်လို့လဲအမေရဲ့
မကြိုက်လို့လား.."
"နင့်ပါးကွက်ကြီးကလည်း
လမင်းကြီးကြနေတာပဲ...လုံးလုံးကြီး.."
"အမေကဘယ်လိုပုံစံ..ကွက်ချင်လို့လဲ"
"ငါကကြက်ပေါင်တုံးပုံစံကွက်ချင်တာ
မနေ့ကနင်ဝယ်ကျွေးတဲ့
ကြက်ပေါင်တုံးလေ...
အရမ်းစားလို့ကောင်းတာပဲ...."
ကြည့်ရတာ ပါးကွက်ကွက်နေရင်းနဲ့
သူစားချင်တာကို တွေးလိုက်ပုံရတယ်။
"ဒီပါးကွက်ကြီးကိုမကြိုက်ပေမယ့်
ဖြတ်လိုက်ရင်လည်းနှမြောစရာကြီးနော်
ဒီလိုလုပ်ပါလား
ငါနင့်ကို ကြက်ပေါင်တုံးပါးကွက်
ပြန်ကွက်ပေးမယ်လေ..."
"ဟာ...အမေကလဲ
သမီးကခရီးသွားရမှာ...
ကြက်ပေါင်တုံးပါးကွက်ကို
ကွက်သွားလို့မရဘူးလေ...."
"ဘာလဲ..
နင်ကငါ့ကို..မချစ်တော့ဘူးလား
နင်ပြောတော့ ငါ့ကိုအလိုလိုက်မယ်ဆို
ငါစားချင်တာအကုန်လုံး
ကျွေးမယ်ဆို...
........
အခုကျတော့ ကြက်ပေါင်တုံး
ပါးကွက်လေး ကွက်ပေးချင်တာတောင်
အကွက်မခံဘူး...
.........
သွား...နင့်ကိုငါမချစ်တော့ဘူး
အီး..ဟီး...နင်အရမ်းဆိုးတာပဲ
ငါ့ကိုအခုချက်ချင်း
ရွာပြန်ပို့ပေးတော့.."
"ဟာ..အဲ့ဒီလိုတော့မငိုပါနဲ့အမေရယ်
ဟုတ်ပြီ...သမီးသဘောတူတယ်
အမေကွက်ချင်တဲ့ ကြက်ပေါင်တုံး
ပါးကွက်ကို...သမီးကွက်ပါ့မယ်
သမီးကိုတော့စိတ်မဆိုးပါနဲ့နော်...."
"နင်တကယ်ပြောတာနော်..
ပြီးတော့မှမငိုရဘူးနော်...."
အမေကတကယ်ကို ချစ်စရာကြီးပါ။
တကယ်ငိုနေတာက သူဖြစ်ပြီးတော့
ချစ်ချစ်ကိုမငိုရဘူးတဲ့။
ချစ်ချစ်ရယ်လိုက်မိပြီး အမေ့ကို
ခေါင်းညိမ့်ပြလိုက်သည်။
"သမီးလုံးဝမငိုပါဘူး...
ဟော့ဒီမှာ..ကွက်ချင်တဲ့ပါးကွက်ကို
ကွက်ပါရှင်...ကြက်ပေါင်တုံးကွက်မလား
ဝက်သားတုံးကွက်မလား...
ကြိုက်တဲ့ပုံစံသာလိမ်းပေးပါတော့..."
"ဟီ..ဟိ...အဲဒါကြောင့်မို့
နင်ကချစ်စရာကောင်းတာ..."
သူ့စိတ်တိုင်းကျလုပ်ခွင့်လည်း
ပေးလိုက်ရော ချစ်ချစ်၏ပါးလေးကို
ဆွဲညှစ်ကာ ဟက်ဟက်ပက်ပက်
ရယ်မောလေတော့သည်။
အမေ့အပြုံးလေးတွေကိုမြင်ရတော့
ချစ်ချစ်လည်းအမှန်တကယ်
စိတ်ပျော်ရွှင်ရတယ်။
*ချစ်ချစ်ရဲ့တစ်ခုတည်းသောဆန္ဒက
အမေ့ကိုစိတ်ချမ်းသာစေပြီး
အမြဲပျော်ရွှင်နေစေချင်တာပါ...*
🌺🌺🌺🌺🌺🌺🌺🌺
"မချစ်ပန်းဝေရေ...ဆရာက
ခရီးထွက်တော့မှာမို့
အဆင်သင့်ဖြစ်ပြီလားလို့
မေးခိုင်းလိုက်ပါတယ်..
အဆင်သင့်ဖြစ်ရင် ဧည့်ခန်းထဲကို
လာခဲ့ပါတဲ့....."
"ဟုတ်ကဲ့ကိုယ်ပိုင်ဇော်
ကျွန်မအခုပဲထွက်ခဲ့ပါ့မယ်.."
အခန်းအပြင်ဘက်မှာလှမ်းပြောနေသော
ကိုယ်ပိုင်ဇော်ကို ပြန်ဖြေပြီးနောက်
အမေ့အဝတ်အစားအိတ်နှင့်
ချစ်ချစ်၏အဝတ်အစားအိတ်
နှစ်ခုလုံးကိုဆွဲကာ အမေ့ကိုပါခေါ်၍
ဧည့်ခန်းဆီသို့ သွားရလေသည်။
"ရှိုင်း..ကျွန်မအဆင်သင့်ဖြစ်ပါပြီ..."
ချစ်ချစ်အသံပေးလိုက်တော့မှ
ရှိုင်းကချစ်ချစ်ဘက်သို့ ဆက်ခနဲ
လှည့်ကြည့်လာလေသည်။
ဘာကြောင့်ရယ်မသိ။
သူဟာချစ်ချစ်၏မျက်နှာကို
အထူးအဆန်းသဖွယ်ကြည့်လာလေသည်။
"..ချစ်ပန်းဝေ...မင်းပါးမှာ
သနပ်ခါးလိမ်းထားတာ
နည်းနည်းထူးဆန်းနေတယ်...."
"ဟင်..."
သူပြောမှပဲ ချစ်ချစ်ကိုယ့်ပါးကို
ပြန်စမ်းကြည့်မိသွားသည်။
*ဟုတ်သားဘဲ..မေမေကချစ်ချစ်ကို
ကြက်သားတုံး..ပါးကွက်ကြီး
ကွက်ပေးလိုက်တာကို
မဖြတ်ရသေးဘူး....
..........
မေမေစိတ်ချမ်းသာပါစေဆိုပြီး
ကွက်ခိုင်းလိုက်မိတာ
ပါးပေါ်မှာ...ချီးတုံးကြီး
တင်နေသလားမှတ်ရတယ်...
*မရှိတဲ့ အရှက်တွေတော့ကွဲပါပြီ..*
"ဟဲ့..နင်ကဘာသိလို့လဲ
အဲဒါ..ကြက်သားတုံးပုံစံဟဲ့..
ငါကိုယ်တိုင်..ကွက်ပေးလိုက်တာ...
ဘာလဲ..နင်ကကြက်သားစားချင်လို့လား
.......
စားချင်လဲမရဘူးနော် ချစ်ချစ်ရဲ့
ပါးပေါ်က ကြက်သားတုံးက
ငါ့အပိုင်..နင်စားလို့မရဘူး.."
*အရေးထဲမှ..အမေက
သေချာရှင်းပြနေသေးတယ်...*
"ဟင်း..ဟင်း..ဟုတ်ပါပြီဗျာ
ကျွေးချင်တဲ့စိတ်ရှိမှ စားပါ့မယ်.."
ရှက်လွန်းလို့ ခေါင်းငုံ့ထားမိရာမှ
ရှိုင်း၏ ခပ်ဟဟရယ်သံတစ်ခုကို
ကြားလိုက်ရ၍ အံ့ဩပြီး
သူ့ကိုမော့ကြည့်မိသွားလေသည်။
*အလို...ရှိုင်းကချစ်ချစ်ရဲ့မျက်နှာကို
သေချာကြည့်ပြီး
ပါးချိုင့်လေးပေါ်လာတဲ့အထိ
ရယ်လိုက်တာလား...
သူ့အပြုံးလေးက..သိပ်လှတာပဲ*
ယောက်ျားတစ်ယောက်ကိုလှသည်ဟု
ပြောမိသည်မှာ ထူးဆန်းနေနိုင်ပေမယ့်
ရိုင်းရယ်လိုက်တဲ့အချိန်
ခွက်ဝင်သွားတဲ့ ပါးချိုင့်လေးနဲ့
သွားချွန်ချွန်လေးတွေကတော့
တကယ်ကိုလှလွန်းပါတယ်။
ပုံမှန်ဆို တစ်ခုခုကို အလိုမကျတိုင်း
မှေးကျဉ်းသွားပြီး ရန်လိုတတ်တဲ့
စူးရှရှသူ့မျက်ဝန်းတွေဟာ
ယခုတော့ ချစ်ချစ်၏
ကြက်သားတုံး ပါးကွက်လေးကြောင့်
ရွှင်မြူးတဲ့ပုံစံလေးပေါက်နေလေရဲ့။
*မေမေ့ကိုတောင်ကျေးဇူးတင်ရမလိုပါပဲ..
သူအချိန်တိုင်း ပြုံးရယ်နိုင်ဖို့
ချစ်ချစ်ဟာ လူရွှင်တော်
လုပ်ပြရမယ်ဆိုလည်း
၀န်မလေးပါဘူး..*
"ဒါဆိုလည်း ငါတို့အမေ့အိမ်ကို
သွားကြတာပေါ့...အန်တီ့ကို
အမေ့အိမ်မှာ အပ်ထားခဲ့ကြမယ်...
ပြီးတော့ ဆေးရုံမှာသေချာသွားပြဖို့ပါ
ငါမှာထားပေးမယ်..."
"ကျေးဇူးတင်ပါတယ်ရှိုင်း.."
"ရပါတယ်..
ဒါငါလုပ်ပေးသင့်တာတွေပါပဲ
ကဲ..ကားပေါ်တက်ကြ"
ကိုယ်ပိုင်ဇော်တို့က အိတ်တွေကို
ကားနောက်ဖုံးထဲမှာ ထည့်ပြီးသည်နှင့်
ချစ်ချစ်နဲ့မေမေလည်း ကားနောက်ခန်းမှာ
ဝင်ပြီးနေရာယူလိုက်သည်။
အစကသတိမထားမိပေမယ့်
ကားပေါ်ရောက်တော့မှ ရှိုင်း၏မန်နေဂျာ
ကိုထက်ယံပါ ရှိနေမှန်း
သိလိုက်ရလေသည်။
"ကိုထက်ယံပါလိုက်တာလား..."
"ဟုတ်တာပေါ့ဗျာ
ကျွန်တော်မပါလို့ ဘယ်ဖြစ်မလဲ..
......
ကျွန်တော်ကသူ့ရဲ့ ပင်တိုင်မန်နေဂျာလေ
ကျွန်တော်လိုက်တာတောင်မှ
မိန်းမတစ်ယောက်ရသွားတော့
........
ကျွန်တော်သာမလိုက်ရင် အေဂျင်စီက
ကျွန်တော့်ကို..ကောအလိမ့်မယ်...."
'ဟုတ်တယ်'..'မဟုတ်ဘူး'
ဖြေရင်ပြီးရောကို
မိန်းမရတာတွေ၊မရတာတွေ
ထည့်ပြောနေတော့ ချစ်ချစ်ပါ
အလိုလိုနေရင်း မျက်နှာပူလာရသည်။
"ဒါနဲ့ချစ်ပန်းဝေက...လေယာဉ်စီးတာ
မကြောက်တတ်ဘူးမဟုတ်လား..."
"ဟမ်..လေယာဉ်စီးရမယ်ဆိုတာ
ဘာကိုပြောတာလဲ..."
"ကျွန်တော်တို့ကတောင်ကြီးကို
လေယာဉ်နဲ့သွားမှာလေ..
ကားနဲ့ဆိုရင် ခရီးပန်းလွန်းလို့
လေယာဉ်နဲ့ကြတော့ စောစောရောက်
စောစောနားရတာပေါ့...."
*ကိုထက်ယံပြောမှပဲ မနေ့ညက
ချစ်ချစ်ဆီကနေ
ရိုင်း..မှတ်ပုံတင်လာတောင်းသွားတာကို
သတိရသွားမိသည်။
ကြည့်ရတာ လေယာဉ်လက်မှတ်
ဖြတ်မလို့ထင်ပါတယ်..*
"ချစ်ပန်းဝေ
လေယာဉ်မစီးဖူးဘူးမဟုတ်လား..."
"လေယာဉ်မပြောနဲ့ရထားတောင်
မစီးဖူးပါဘူး..ကိုထက်ယံရယ်..
ဒါပေမဲ့နွားလှည်းတော့စီးဖူးတယ်.."
"ဟား..ဟား..နွားလှည်းစီးဖူးရင်ရပါပြီ.."
ချစ်ပန်းဝေ၏စကားကြောင့်
ထက်ယံသဘောကျပြီး ထရယ်လိုက်သလို
အစွန်ဘက်နားတွင် ဘောင်ကို
လက်ထောက်ပြီး ထိုင်နေသော
ရှိုင်းသည်လည်း သဘောကျ၍
ပြုံးမိသွားလေသည်။
အမှန်အတိုင်းဆိုရလျှင် ချစ်ပန်းဝေ၏
ပုံစံဟာ ရှိုင်းသဘောကျလောက်သော
မိန်းကလေးပုံစံမျိုးမဟုတ်ပေမယ့်
တဖြည်းဖြည်းနှင့် သူမ၏ရိုးရှင်းသော
အတွင်းစိတ်ကလေးကို
မြင်လာရတယ်လို့
ခံစားမိတာတော့အမှန်ပါပဲ။
အသားညိုညိုနှင့်
ဒီတောသူမလေးက ကိုယ့်ထက်လည်း
လေးနှစ်လောက်ငယ်တော့
ကိုယ့်ဇနီးအဖြစ် သတ်မှတ်လို့
ရလောက်တဲ့အထိမဟုတ်ပေမယ့်
သူနဲ့ကိုယ်မကွာရှင်းခင်အချိန်အထိ
ညီမလေးတစ်ယောက်လို
ဖြူဖြူစင်စင် စောင့်ရှောက်ပေးဖို့တော့
စဉ်းစားထားမိတယ်။
"ဒါနဲ့ချစ်ပန်းဝေ...အစ်ကိုမင်းကို
တစ်ခုလောက်မေးချင်တယ်
ရမလား.."
"မေးလေ..ဘာမေးမှာလဲ.."
ကားပြတင်းအပြင်ကိုငေးလျက်
ကိုယ့်အတွေးနှင့်ကိုရှုပ်ယှက်ခတ်နေစဉ်
ထက်ယံ၏စကားသံအကျယ်ကြီးကို
ရှိုင်းထပ်ပြီး ကြားလိုက်ရလေသည်။
တစ်ဆက်တည်းမှာပဲ ချစ်ပန်းဝေ၏
အသံသေးသေးလေးကိုပါ
ကြားလိုက်ရ၍
ရှိုင်းလည်း မသိဘာသာ
နားစွင့်ထားလိုက်မိသည်။
"ချစ်ပန်းဝေ ရည်းစားဘယ်နှစ်ယောက်
ထားခဲ့ဖူးလဲ.. "
ပေါက်ကရတွေမေးနေသော ထက်ယံကို
သူလှမ်းထုလိုက်ချင်ပေမယ့်
ထိုကောင်က အရှေ့ခုံမှာဖြစ်နေ၍
လမ်းထုလို့မရပေ။
မဟုတ်ရင်တော့ ဒီကောင့်ခေါင်းမှာ
အာလူးဘူးသီး ထသွားလောက်ပြီ။
"ကျွန်မ..တစ်ယောက်မှမထားခဲ့ဖူးဘူး..."
"ဟာ..ဟုတ်လို့လားဗျာ..
အသက်ပဲနှစ်ဆယ်ကျော်နေပြီဥစ္စာကို
တစ်ယောက်မှမထားဖူးတာတော့
မဖြစ်နိုင်ပါဘူး...
ချစ်ပန်းဝေက ညိုချောလေးပဲဥစ္စာ
ကျောင်းတုန်းက ကွင်းတွေဘာတွေ
အရွေးခံရလောက်မှာပါ..."
"ကိုထက်ယံကလည်း ကျွန်မကို
အထင်ကြီးလွန်းနေပြန်ပါပြီ
ကျွန်မတကယ်ပြောတာပါ...
အဖေနဲ့အမေကို ဘွဲ့မရပြီးမချင်း
ရည်းစားမထားပါဘူးလို့
ကတိပေးထားလို့ပါ..."
"ဒါဆိုဂတိမပေးထားရင်
ထားဖြစ်လောက်မှာပေါ့ဟုတ်လား..."
"အဲလိုလည်းမဟုတ်ဘူး...
ကျွန်မက သူငယ်ချင်းတွေနဲ့
လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး
နေရတာပဲ ကြိုက်တာ
အဲဒီ့အချိန်တုန်းကလည်း
ရည်းစားထားဖို့ သိပ်မတွေးမိသလို
ထားချင်စိတ်လည်းမရှိခဲ့ဘူးလေ..."
"အခုကြတော့ ယောက်ျားပါ
တစ်ခါတည်း တန်းရသွားရော
ဟုတ်တယ်မလား..."
"ဟာ..ကိုထက်ယံကြီးကလည်း..."
အစအနောက်သံသည့် ထက်ယံကြောင့်
ရှက်သွားပြီး သူ့ဘက်သို့
လှည့်ကြည့်လာသော ကောင်မလေးကို
ရှိုင်းလည်းမသိမသာ
ပြန်ကြည့်လိုက်မိသည်။
မထင်မှတ်ပဲ နှစ်ယောက်သား
အကြည့်ချင်းဆုံသွားကြရာ
ကောင်မလေး၏ပါးမို့လေးတွေ
ပန်းရောင်သန်းနေတာကို
တွေ့လိုက်ရသည်။
*ဒီကောင်မလေး..အရှက်သဲလိုက်တာ"ဟု
ရှိုင်းတွေးလိုက်မိပြီး
အပြင်ဘက်ပတ်ဝန်းကျင်ကို
ပြန်ငေးကြည့်နေမိပေမယ့်
ဘာကြောင့်ရယ်မသိ ကောင်မလေး၏
ရှက်မျက်နှာလေးက သူ့မျက်ဝန်းထဲမှာ
ထင်ကျန်ရစ်နေလေသည်။
သို့ပေမယ့် ထက်ယံ၏
အသံစူးစူးကြီးကြောင့် ချစ်ပန်းဝေ၏
ပုံရိပ်ကလေးဟာ သူ့အာရုံထဲမှ
ချက်ချင်းပျောက်ကွယ်သွားလေသည်။
"ချစ်ပန်းဝေ ကိုထက်တစ်ခုလောက်တော့
ပြောထားမယ်နော်..
တို့တွေတောင်ကြီးကိုရောက်ရင်
ချစ်ပန်းဝေက ရှိုင်းရဲ့မိန်းမအနေနဲ့
မဟုတ်ဘဲ...ကိုထက်ရဲ့
လက်ထောက်အဖြစ် နေပေးပါနော်..
..........
ဘာဖြစ်လို့လဲဆိုတော့..
ရှိုင်းနဲ့ချစ်ပန်းဝေရဲ့မင်္ဂလာကိစ္စကို
ဒီအနုပညာအသိုင်းအဝန်းက
သိတဲ့သူမရှိသေးဘူး...
အဲဒီတော့လျှို့ဝှက်ထားရမှဖြစ်မယ်..
..........
အခုချစ်ပန်းဝေကိုခေါ်လာတာလည်း
အေဂျင်စီက မသိသေးဘူး...
သိရင်တော့ ကိုထက်ပဲအပြောခံရမှာ
........
ချစ်ပန်းဝေနားလည်ပေးမယ်မဟုတ်လား"
"ဟုတ်ကဲ့..ကျွန်မနားလည်ပါတယ်"
"ကျေးဇူးတင်ပါတယ်..."
"ရပါတယ်ကိုထက်ယံ...ကျွန်မကြောင့်
ကိုထက်ယံတို့ တာဝန်တစ်ခု
ပိုသွားတဲ့အတွက်သာ ကျွန်မက
အားနာနေမိတာပါ.."
"အားနာစရာမလိုပါဘူး...
တောင်ကြီးကိုရောက်တဲ့အခါ
ရှိုင်းကမအားတော့ တစ်ခုခုလိုတာရှိရင်
ကိုထက်ကိုပဲလာပြောပါနော်...
လုံးဝအားမနာနဲ့သိလား..."
"ဟုတ်ကဲ့ပါကိုထက်ယံ..."
"ဟာ..ထက်ယံလို့မခေါ်ပါနဲ့...
အခုမှစသိတဲ့သူတွေလည်းမဟုတ်ပဲနဲ့...
ချစ်ပန်းဝေက အစ်ကို့ညီမအရွယ်မို့
အစ်ကိုက သူများတွေခေါ်သလို
ချစ်ချစ်လို့ခေါ်မယ်လေ..
ချစ်ချစ်ကလည်း..ကိုထက်လို့ခေါ်ပေါ့နော့်..."
"ဟုတ်ကဲ့ပါ...ကိုထက်..."
"ချစ်ချစ်တွေ...ကိုထက်တွေ"နဲ့
အတိုင်းအဖောက်ညီနေသော
နှစ်ယောက်ကို မျက်မှောင်ကြုံ့၍
တစ်ချက်ဆွေကြည့်လိုက်ပြီး
ရှိုင်းတစ်ယောက်
မြင်ပြင်းကပ်လာလေသည်။
သူ့တစ်ကိုယ်လုံးပူလောင်လာပြီး
ပေါင်ပေါ်မှာတင်ထားသည့်
လက်ဖဝါးကလည်း လက်သီးဆုပ်အဖြစ်
ပြောင်းလဲသွားလေသည်။
"ထက်ယံ...မင်းတိတ်တိတ်နေပေးလို့
မရဘူးလား...
ငါတော်တော်နားညီးလာပြီနော်..."
"နားညီးရင်..နားပိတ်ထားလိုက်ပေါ့ကွာ"
ထိုအချိန်မှာပဲ ကိုယ်နှင့်အရင်းနီးဆုံး
သူငယ်ချင်းအား
အလုပ်မခန့်သင့်ကြောင်းကို
တွေးမိပြီး နောင်တရနေမိလေသည်။
ထက်ယံဆိုတာ
ကိုယ့်လက်အောက်ငယ်သား
ဖြစ်ပေမယ့် သူငယ်ချင်းအရင်းကြီးလည်း
ဖြစ်နေတော့ ကိုယ်ပြောလည်း
သူကတစ်စက်မှနားမထောင်ဘူး။
🌺🌺🌺🌺🌺🌺🌺
ဒီနေ့မိုးမရွာပဲ နေသာနေ၍
ပတ်ဝန်းကျင်တစ်ခုလုံး ကြည်လင်နေပြီး
နေရထိုင်ရတာလည်း
အလွန်သက်သောင့်သက်သာရှိသည်။
ကိုထက်ယံနှင့်စကားဖောင်ဖွဲ့ပြီးနောက်
စုံလင်လှစွာသော
ကားအမျိုးအစားပေါင်းများစွာ
ပြေးဆွဲနေသည့် လမ်းမကြီးပေါ်သို့
လိုက်ကြည့်နေမိရင်း အလုပ်ရှုပ်နေမိသည်။
ရန်ကုန်မြို့ထဲမှာက ချစ်ချစ်တို့
နယ်ဘက်လိုမဟုတ်ပဲနဲ့ တိုက်တွေဟာ
တစ်ခုနှင့်တစ်ခု
ကပ်ပြီးဆောက်ထားကြတာများ
မသိရင်အမျိုးတွေအကုန်
စုပြီးနေကြသလားမှတ်ရတဲ့အထိပဲ။
မီးပွိုင့်မှာကားရပ်လိုက်တဲ့အချိန်
တစ်ဖက်ဘတ်စ်ကားပေါ်ကို
ကြည့်လိုက်မိတော့ မျက်လုံးတွေပါ
ပြူးကျယ်သွားမိတယ်။
ကားပေါ်မှာလူတွေကကြပ်သိပ်နေပြီး
တစ်ယောက်နဲ့တစ်ယောက်
ပူးကပ်နေကြတာများ
ကြည့်နေမိတဲ့ကိုယ်ပါ
အသက်ရှူကြပ်လာမိတယ်။
မျက်နှာတွေကလည်း မသာမယာနဲ့
မသေခင်တည်းက ငရဲကျနေရတယ်လို့
သူတို့တွေးနေမလားမသိဘူး။
သူတို့ကိုကြည့်ပြီး ကိုယ့်ကိုကိုယ်
ပြန်ကြည့်လိုက်မိတော့ ချစ်ချစ်က
ကံကောင်းသေးပါလားဟု
တွေးလိုက်မိတယ်။
ကားလမ်းဘေးတစ်နေရာသို့
ကြည့်လိုက်မိတော့ ပိုပြီးရင်နှင့်ရသည့်
မြင်ကွင်းနဲ့သွားဆုံလေသည်။
ညစ်ပတ်ပေရည်နေသည့်
အမျိုးသမီးတစ်ယောက်ဟာ
လသားအရွယ် လူမမယ်ကလေးလေးကို
ရင်ခွင်ထဲမှာပိုက်ထားပြီး
ကော်ခွက်လေးတစ်ခုကို ရှေ့မှာချကာ
တောင်းရမ်းနေလေရဲ့။
*တကယ်ကို မကြည့်ရက်စရာပါလား..*
ကားလမ်းမအလယ်မှာ ကားကို
ရပ်ထားတာသာမဟုတ်ရင်
အခုပဲပြေးသွားပြီး လှူလိုက်ချင်ပါရဲ့။
ချစ်ချစ်ရဲ့ပိုက်ဆံအိတ်ကလေးထဲမှာ
ပါလာသည့် အကြွေငါးရာတန်လေးကို
ဆုပ်ကိုင်လိုက်မိရင်း စိတ်ထဲမှာ
နေလို့ထိုင်လို့ လုံးဝမကောင်းတော့ပေ။
*ရန်ကုန်ဟာ..
တကယ်ကိုကာလာစုံတဲ့နေရာပါလား...*
🌺🌺🌺🌺🌺🌺
နာရီဝက်လောက် ကားစီးပြီးနောက်
အန်တီစံပယ်မွှေးတို့နေကြသော
အိမ်သို့ရောက်လေသည်။
ကွန်ဒိုတစ်ခုလုံးပိုင်သော ရိုင်းကို
အရမ်းချမ်းသာသည်ဟု ထင်ခဲ့မိတယ်။
အန်တီစံပယ်တို့အိမ်ကို
မြင်လိုက်တဲ့အချိန်မှာတော့
ချစ်ချစ်မျက်လုံးပြူးသွားရလေသည်။
လူနည်းနည်းလေးနေတဲ့အိမ်ဟာ
ဟိုတယ်ကြီးတစ်ခုကဲ့သို့ ခမ်းခမ်းနားနား
ဆောက်ထားလေရဲ့။
ချစ်ချစ်အတွက်တော့ အရာရာတိုင်းဟာ
အင်မတန်ကိုဆန်းပြားလွန်းပါတယ်။
သေချာပြန်တွေးကြည့်လေ
ချစ်ချစ်ဟာရှိုင်းလိုလူနဲ့
မတန်ဘူးဟုထင်မိလေပါပဲ။
ရှိုင်းတစ်ယောက်ဘာကြောင့်
ချစ်ချစ်ကို ခါးခါးသီးသီး
ငြင်းခဲ့သလဲဆိုတာ
ပိုနားလည်လာသလိုပဲ။
ရွှေဇွန်းကိုက်ပြီးမွေးလာခဲ့တဲ့
မင်းသားလေးဟာ
ဟိုး..တောကြိုအုံကြားက
သာမာန်မိန်းကလေးတစ်ယောက်နဲ့
တစ်နေ့မှာလက်ထပ်ရလိမ့်မယ်လို့
ယောင်လို့တောင်
သူတွေးခဲ့မိမယ်မထင်ဘူး။
*ရှိုင်းလုပ်သမျှ..ပြောသမျှအားလုံး
မှန်ခဲ့ပါတယ်...
ဖြစ်လည်းဖြစ်သင့်ပါတယ်
ချစ်ချစ်ကသာ သူ့ဘဝလမ်းကြောင်း
မှားယွင်းသွားအောင်လုပ်ခဲ့မိသူပါ..*
"သားတို့သမီးတို့လာကြလေ...
သားတို့လာမယ်ဆိုလို့ အမေက
စောင့်နေတာ..မနက်စာရော
စား..ပြီးခဲ့ကြပြီလား"
အိမ်ထဲသို့ဝင်လိုက်သည်နှင့်
အန်တီစံပင်က ဝမ်းသာအားရ
ကြိုဆိုလာလေသည်။
ရှိုင်းကိုကြည့်လိုက်တော့
ပြုံးလည်းမပြုံးသလို
အန်တီစံပယ်ခေါ်သည့်နောက်သို့
လိုက်ဟန်လည်းမပြုတော့
ချစ်ချစ်လည်းဘာမှ၀င်မပြောရဲပဲ
သူ့အနောက်မှာသာ ရပ်နေလိုက်မိသည်။
"အမေ..သားတို့က
အန်တီခိုင့်ကို လာပို့တာပါ
လေယာဉ်ချိန်လည်းနီးနေပြီဆိုတော့
သားတို့ ဒီမှာမထိုင်တော့ဘူး
အန်တီခိုင့်ကို အမေပဲသေချာ
ဂရုစိုက်ပေးပါနော်...
နောက်ပြီး ဆေးရုံမှာပါရဂူကြီးတွေနဲ့
အန်တီခိုင့်ရောဂါကို သေချာလေး
ပြပေးပါ..."
"အေးအေး..အဲ့ဒါဆိုလည်း
သွားကြတော့လေ..
မမခိုင်ကိစ္စက...အမေသေချာလေး
ဆေးရုံပြပေးပါ့မယ်...."
အန်တီစံပယ်ဘက်မှ ပြုံးရွှင်ကာ
ကတိပေးလာလေရာ
ချစ်ချစ်အလွန်ဝမ်းသာသွားမိတယ်။
တကယ်ကိုပြောမပြတတ်အောင်ပါပဲ။
အန်တီစံပယ့်နေရာမှာ ချစ်ချစ်ရဲ့
အဒေါ်ကြီးသာဆိုရင်
ဒီလိုပြုံးပြီးပြန်ပြောမှာမဟုတ်ဘူး။
အန်တီစံပယ်က တကယ်ကို
စိတ်ထားပြည့်ဝတာပဲ။
ဒီလိုအမေမျိုးကိုရထားတဲ့
ရိုင်းဟာအရမ်းကို ကံကောင်းတဲ့သူပါ။
"ကျေးဇူးတင်ပါတယ်..အန်တီစံပယ်
အန်တီစံပယ့်ကျေးဇူးကို
ချစ်ချစ်အမြဲအမှတ်ရနေမှာပါ..."
"အမယ်လေး..ချွေးမလေးကလည်း
ဒီလောက်ကတော့ ဘာမှကြီးကြီးမားမား
မဟုတ်ပါဘူးကွယ်...
နောက်ပြီးအန်တီစံပယ်လို့
မခေါ်နဲ့တော့နော်...ခေါ်ချင်ရင်
အမေသို့မဟုတ်..
မေမွှေးလို့ပြောင်းခေါ်ရမယ်..."
"ဟုတ်ကဲ့ပါမေမွှေး
သမီးမှတ်ထားပါ့မယ်..."
"အင်း...ငါချွေးမလေးက
တော်လိုက်တာကွယ်...
တစ်စုံတစ်မောင်ထက်ပိုလိမ္မာတယ်.."
မေမွှေးက ချစ်ချစ်၏မေးစေ့လေးကို
ချစ်စနိုးလေး ဖျစ်ညှစ်လာ၍
ချစ်ချစ်လည်းပြုံးမိသွားလေသည်။
ဘေးနားမှာရပ်နေတဲ့ ရှိုင်းကတော့
မျက်နှာကြီး စူပုပ်နေတော့တာပေါ့။
"အမေကျွန်တော်တို့သွားတော့မယ်.."
"အေးအေး..ဂရုစိုက်ပြီးသွားကြနော်..
ငါချွေးမလေးကိုလည်းဂရုစိုက်
ချစ်ချစ်တစ်ခုခုဖြစ်လို့ကတော့
နင်အသေပဲနော်မောင်မောင်...."
ယူထားသည့်ယောက်ျားတောင်
သူ့လောက်စိတ်ပူမပြရဘဲ
ဘာမဆိုင် ညာမဆိုင်ဝင်၍
အကဲပိုပြနေသောအမေ့ကို
ရိုင်းလည်းနည်းနည်း
အမြင်ကပ်လာလေသည်။
"ဟဲ့မောင်မောင်...
ငါပြောတာကြားလားလို့.."
"ကြားပါတယ်အမေရာ...
မသိရင်ချစ်ပန်းဝေကို
အမေယူထားတာလား
သားယူထားတာလားတောင်
မသဲကွဲတော့ဘူး...
သားကသူ့ယောက်ျားပါ...
သားလုပ်ရမယ့်ကိစ္စကို
သားသိပါတယ်..."
"အေး..သိရင်လည်းပြီးရော
သွားကြတော့..နောက်ကျနေဦးမယ်
ချစ်ချစ်တာ့တာနော်..မမခိုင်ကို
အမေသေချာစောင့်ရှောက်ထားမှာမို့
ဟိုမှာအေးအေးဆေးဆေး
လည်ပတ်ခဲ့နော်
လုံးဝနောက်ဆံမတင်းနဲ့သိလား..."
"ဟုတ်ကဲ့ပါ...မေမွှေး..
အမေ..တာ့တာနော်..."
မေမွှေး၏ဘေးနားမှာ
မတ်တပ်ရပ်နေသော
ချစ်ချစ်၏အမေ့ကိုပါ
တာ့တာပြလိုက်တော့ အမေက
အံ့သြနေဟန်လေးနဲ့
တာ့တာပြန်ပြလာလေသည်။
*ချစ်ချစ်အတွက်တော့..
အမေစိတ်ရောဂါဝေဒနာဖြစ်ပြီးနောက်
ခွဲခွာရတာ ဒါပထမဦးဆုံးပါပဲ..
ရှိုင်း၏ ရိုက်ကူးရေးက
ဘယ်အချိန်လောက်ပြီးမယ်မှန်းမသိတော့
အမေ့ကိုအကြာကြီးထားခဲ့ရမှာ
တကယ်ကိုစိတ်မချနိုင်ဘူး....*
🌺🌺🌺🌺🌺🌺🌺
နောက်ထပ်အပိုင်းလေးမျှော်နေမယ်နော်ဝေရေ
ReplyDeleteမျှော်
ReplyDeleteအရမ်းတေကြိုက်
ReplyDeleteမျှော်
ReplyDeleteမျှော်ရတာမောပေါ့
ReplyDeleteကျေးဇူးပါ
ReplyDeleteအားပေးနေတာ
ReplyDeleteမျှော်ရပြန်ပြီ
ReplyDeleteမျှော်နေမယ်နော်
ReplyDeleteကောင်းတယ်
ReplyDeleteအမေကစိတ်ဝေဒနါသည်ဆိုတော့အကြာကြီးခွဲထားခဲ့ရမှာစိတ်ဘယ်ချနိုင်ပါ့မလဲလေ
ReplyDeleteစံပယ်မွှေးဆိုတဲ့အတိုင်း ဖြူစင်မွှေးပြန့်တဲ့စိတ်သဘေားထားပြည့်ဝလိုက်တာ ..အမေမတူသားရှိုင်းမဲ 😍
ReplyDeleteအရမ်းကြိုက်မျှော်ရတာမော
ReplyDeleteအရမ်းကြိုက်
ReplyDeleteအမြဲတမ်းမျှော်နေတာပါကွယ်ချစ်ချစ်လေးစိတ်ချမ်းသာပါစေ
ReplyDeleteအမြဲတမ်းမျှော်နေတာ
ReplyDeleteအမြဲတမ်းမျှော်နေတာ
ReplyDelete🥰🥰🥰🥰🥰ေကျေးဇူးပါသာသာ
ReplyDeleteမျှော်နေတာ ။
ReplyDeleteမျှော်လိုက်ရတာ🥰🥰🥰
ReplyDeleteအပိုင်း25မတင်သေးဘူးလားရှင့်မျှောရတာမော
ReplyDeleteအပိုင်း25မတင်သေးဘူးလားရှင့်မျှော်နေပါတယ်
ReplyDeleteအပိုင်း25ဆက်မရေးတော့ဘူးလားရှင်
ReplyDeleteအပိုင်း25မျှော်နေမယ်ဆရာဝေ
ReplyDeleteဆရာမလေးဝေးဝေးမတင်တော့ဘူးလားလို့မျှော်ရတာလဲမောလိုက်တာ🥰
ReplyDeleteဆရာမဝေရေမတင်သေးဘူးလားမျှော်နေပါတယ်နော်
ReplyDeleteစာဆက်မတင်တော့ဘူးလားရှင့်မျှော်နေပါတယ်
ReplyDeleteအခုချိန်ထိမျှော်နေပါတယ်
ReplyDeleteဆရာမဝေမရေးတော်ဘူးရှင် မျှော်ရတာ၁၁လပိုင်းထဲကအခုထိမရသေးဘူး၆လပြည့်တော့မယ်ရှင်ဆောက်ရတာ
ReplyDelete