အခန်း(၇) 🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

 

]

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🌺အခန်း(၇)

🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺


"မင်းကိုငါနောက်ဆုံးအနေနဲ့ အခွင့်အရေးပေးမယ်

မင်းငါ့ကို အမှန်အတိုင်းပြော..

မဟုတ်ရင်တော့ ငါကမိန်းကလေးလည်း

ညှာတာနေမှာမဟုတ်ဘူး.."


"ကျွန်မမှာ ဘာအကြံအစည်မှ မရှိပါဘူးလို့

ဒီလောက်ပြောနေတာတောင် ရှင်ဘာလို့

မယုံကြည်ရတာလဲ.."


ချစ်ပန်းဝေက မျက်ရည်လေးများဝဲကာ

ထိုသို့ ပြန်ပြောလိုက်တော့ ရှိုင်း၏စိတ်ထဲမယ်

ရှုပ်ထွေးလာခဲ့လေသည်။

သို့ပေမဲ့ ချစ်ပန်းဝေအပေါ်မှာတော့ သံသယ

မကင်းသေးပေ။

ထို့ကြောင့် မျက်မှောင်ကြုံ့ကာ သူ့မကို

ပြန်၍စိုက်ကြည့်လိုက်သည်။


"မနေ့ညကလည်း မင်းကအသက်ကြီးတဲ့

သူမဟုတ်ပဲ အဒေါ်ကြီးတစ်ယောက်ပုံစံနဲ့

ငါ့ကိုလိမ်ခဲ့တယ်..အခုတော့ဒုတိယတစ်ခါ

အလိမ်မခံနိုင်တော့ဘူး.."


"မနေ့ညက ကျွန်မရှင့်ကို တမင်လိမ်ခဲ့တာ

မဟုတ်ဘူး..ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့

တမင် ရုပ်ဖြတ်ထားတာကို ရှင့်ဘာသာ

အထင်လွဲခဲ့တာလေ.."


သူ့ပုံစံက ချစ်ချစ်ကိုအခုချက်ချင်းပဲ

ဂုတ်ကနေဆွဲပြီး ရဲစခန်းပို့တော့မလားမှတ်ရတယ်။

ဘယ်လို အကြောင်းတရားတွေကြောင့်

လူကို ဒီလောက်အထိ လာစွပ်စွဲနေမှန်းမသိပေမဲ့

ကိုယ်အနှစ်နှစ်၊အလလ သဘောကျခဲ့ရတဲ့

ရုပ်ရှင်မင်းသားက ကိုယ့်အပေါ်ဒီလို

ဆက်ဆံလာတော့ တကယ်ကိုရင်နာမိတယ်။


"ကျွန်မရှင့်ကို လိမ်နေတာမဟုတ်ဘူး..

အမှန်အတိုင်းပြောနေတာ မယုံရင်

ဟိုကုတင်ဘေးမှာ ငှက်ပျော်သီးခိုင်ကြီး

ချထားတယ်..သွားကြည့်လိုက်ပါလား

ဒါတောင်မှ မယုံသေးရင်လည်း

ချီးတွင်းထဲသာ ခေါင်းစိုက်နေလိုက်တော့.."


"မင်း..မိန်းကလေးဖြစ်ပြီး ရိုင်းလှချည်လား.."


"ရှင်လည်း ယောက်ျားကြီးဖြစ်ပြီး

ရိုင်းတာပဲလေ..ဖယ်..ကျွန်မကိုလွှတ်.."


ချစ်ပန်းဝေလည်း လူကိုသူခိုး၊သူဝှက်လို

ချုပ်နှောင်ဖို့ ကြိုးစားနေသည့်ရှိုင်း၏

လက်ထဲမှ အတင်းရုန်းလိုက်ပေမဲ့

ဒင်းက လွှတ်မပေးသေး၍ ညာဘက်ခြေထောက်ကို

မြှောက်လိုက်ပြီး သူ့ခြေခုံအား ခပ်ပြင်းပြင်း

ထောင်းချပစ်လိုက်တော့သည်။


"အာ့..သေပါပြီ...ငါ့ခြေထောက်!!!"


"မှတ်ထား..ချစ်ပန်းဝေတဲ့..တစ်ဝေပဲရှိတယ်.."


ခြေထောက်နာသွား၍ မျက်နှာကြီး

ရှုံ့တွသွားသည့်သူ့ကို မျက်စောင်းထိုးခဲ့လိုက်ပြီး

အောက်ထပ်သို့ ပြေးဆင်းလာခဲ့လိုက်သည်။


"ဟဲ့..သမီးလေးဘာဖြစ်လာတာလဲ.."


အောက်ထပ်ကို ရောက်တော့ အန်တီစံပယ်နှင့်

တည့်တည့် တိုးလေတော့သည်။

ရှိုင်းကို ဒေါသထွက်နေမိရာမှ စိတ်က

သိပ်မပြေသေး၍ သူ့အမေကို

အကုန်လုံး တိုင်ပစ်လိုက်ဖို့

ဆုံးဖြတ်လိုက်သည်။


"အန်တီမေးနေတယ်လေ သမီးလေးရဲ့

ဘာဖြစ်လာတာလဲ မျက်နှာလည်းမကောင်းပါလား

ဘာလည်း မောင်မောင်နဲ့တွေ့လာတာလား.."


ဒေါ်စံပယ်မွှေးလည်း ပြဿနာကို

မီးမွှေး၍ ရှာတတ်လွန်းသော သားဖြစ်သူ၏

အကြောင်းကို သိနေ၍ အခြေအနေကို

ကြည့်လိုက်သည်နှင့် ချက်ချင်း

ရိပ်စားလိုက်မိပါသည်။


"အန်တီစံပယ့်သားက အရမ်းရိုင်းတာပဲ

အန်တီစံပယ်ခိုင်းလို့ သူတို့အခန်းမှာ

ငှက်ပျောခိုင် သွားထားပေးတာကို

သူခိုးဆိုပြီး အော်လွှတ်တယ်.."


"ဟယ်..ဟုတ်လား..ဒီကောင်လေးတော်တော်

ဆိုးနေပါလား.."


ချစ်ပန်းဝေက ဒေါ်စံပယ်မွှေးအား

တိုင်ပြောနေစဉ်မှာပဲ ရှိုင်းသည်လည်း

တိုင်တောနေသံကို ကြားလိုက်၍

အောက်ထပ်သို့ ဒေါနှင့်မောနှင့် 

ပြေးဆင်းလာလေတော့သည်။


"ဟေ့..မင်းငါ့ကို အမေနဲ့ဘာမှ

တိုင်ပြောနေစရာမလိုဘူး.."


ပင်ကိုယ်အသံက ကြီးပြီးသြရသည့်ကြားထဲ

အားထည့်၍ အော်ထည့်လိုက်သောကြောင့်

ကြားဟိန်းသံထက်တောင် နား၀င်ဆိုးသွား

လေသည်။


ချစ်ပန်းဝေလည်း ကိုယ့်အပေါ်မှာ

အကြောင်းအရင်း မရေရာပဲ အငြှိုးကြီးနေသည့်

သူ့ပုံစံကို ကြည့်ပြီးအံ့ဩမိသလို 

စိတ်လည်းတိုရသည်။

၀မ်းလည်းနည်းရပြန်သည်။


"တိုင်ပြောတော့ဘာဖြစ်လည်း..ရှင်က

နိုင်ငံကြော်ရုပ်ရှင်မင်းသားဆိုတိုင်း ကျွန်မက

ကြောက်နေရမှာလား..ကျွန်မပြောတဲ့အထဲမှာ

အလိမ်အညာ တစ်ခုမှမပါဘူး..

မယုံရင် ရှင့်အမေကိုမေးကြည့်လိုက်.."


စိတ်ကို အတတ်နိုင်ဆုံးမာန်တင်းထားလိုက်ပြီး

သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ကာ

ပြောပစ်လိုက်သည်။


"အန်တီစံပယ်..သမီးသွားတော့မယ်နော်"


မျက်နှာလေး ညှိုးလျှော်ပြီး အိမ်ထဲမှ

ထွက်သွားသော ချစ်ပန်းဝေကိုကြည့်မိရင်း

ဒေါ်စံပယ်တစ်ယောက် သက်ပြင်းအခါခါ

ချနေမိတော့သည်။


သားဖြစ်သူဘက်သို့ စိတ်တိုတိုနှင့်ကြည့်လိုက်တော့

ထောင်ထောင်မောင်းမောင်းအရပ်ကြီးနှင့်

ရေခဲရိုက်ထားသလား ‌ထင်ရသည်အထိ

တောင့်တောင့်ကြီး ရပ်နေတာကို

တွေ့လိုက်ရသည်။

ကိုယ်မွေးထားတာ လူလေးလား၊

ခံစားချက်မရှိတဲ့ ကျောက်ရုပ်လေးလားဆိုတာ

ကိုယ်တောင် မဝေခွဲတတ်တော့ဘူး။


"မောင်မောင်..နင်အခုဘာအပြစ်လုပ်လိုက်လည်း

ကိုယ့်ကိုကိုယ် သိရဲ့လား.."


"ကျွန်တော်ဘာအပြစ်မှ လုပ်မထားဘူး.."


တယူသန်ပြီး စူးရှသောမျက်လုံးအကြည့်တွေက

ပိုပြတ်သားနေဟန်ပေါ်ကာ တင်းတင်းစေ့ထားသော

နှုတ်ခမ်းညိုညိုတွေကလည်း ပို၍တည်တင်း

နေလေသည်။

ချစ်ပန်းဝေလေးကို မ‌ကျေမနပ်ဖြစ်နေသေးမှန်း

သူ့မျက်နှာမှာ အတိုင်းသားမြင်နေရတဲ့အထိပဲ။


"မောင်မောင်..ငါပြန်ရောက်တော့ ဒါဒါကလည်း

အပြင်ထွက်သွားတာနဲ့ ချစ်ပန်းဝေကို

နင်တို့အခန်းထဲမှာ ငှက်ပျောခိုင်

တက်ထားခိုင်းလိုက်တာဟဲ့..ဒီလောက်ကိစ္စလေးကို

ဘာလို့ အရမ်းပေါက်ကွဲပြနေရတာလဲ..

ဟိုကနင့်ထက် လေးနှစ်လောက်တောင်

ငယ်တယ်..နင်ဘာလို့သူများကို

သူခိုးဘာညာနဲ့ သွားပြီးစွပ်စွဲရတာလဲ..."


"အဲ့ဒါတွေ ကျွန်တော်မသိဘူး..နောက်တစ်ခါ

ကျွန်တော်တို့နေတဲ့ အခန်းထဲကို

သူစိမ်းမိန်းကလေးတွေ ထပ်မ၀င်ခိုင်းပါနဲ့.."


"အောင်မယ်..နင်မနေချင်ရင် ရန်ကုန်ကိုပြန်ပေါ့

ငါ့အိမ်မှာ ငါ့ဘာသာခေါ်တင်ချင်တဲ့သူကို

တင်မှာပဲ.."


"ကျွန်တော့်ကို ပြန်‌ဖို့ပြောရင်..အမေပါ

ပြန်လိုက်ခဲ့ရမယ်.."


"ငါပြန်မလိုက်ဘူးလို့ ပြောနေတာ

ဘယ်နှစ်ခေါက်ရှိနေပြီလဲ.."


"အမေတို့ကလည်းဗျာ..အသက်အရွယ်တွေလည်း

ငယ်တော့တာမဟုတ်ဘူး..ဒီအရွယ်ကြီးတွေ

ရောက်မှ ဘာလို့ဒီလိုတွေစိတ်ကောက်နေကြတာလဲ

ကျွန်တော့်ကို အကုသိုလ်ပေးနေကြတာလား.."


"ဟဲ့..မောင်မောင်..နင်စကားပြောတာဆင်ခြင်နော်

ငါကစိတ်ကောက်တာမဟုတ်ဘူးဟဲ့

စိတ်နာတာသိရဲ့လား..ရန်ကုန်ကို

ပြန်လိုက်စေချင်ရင်..နင့်အဖေကိုယ်တိုင် 

ငါ့အရှေ့မှာ ဒူးထောက်ပြီးနောက်တစ်ခါ

အရက်သေရည်မသောက်တော့ပါဘူးလို့

ကတိအထပ်ထပ်ပေးနိုင်မှ ရမယ်..

မဟုတ်ရင်တော့ ဘယ်တော့မှပြန်မလိုက်ဘူး.."


ဘယ်လိုပဲ နားချပါစေ လုံး၀စိတ်ပြောင်းလဲ

တော့မည်ပုံမပေါ်သော ‌အမေ့ကြောင့်

ရှိုင်းလည်း ပါးစပ်အညောင်းခံပြီး

ထပ်မပြောချင်တော့ပေ။


"ကောင်းပြီလေ..ဒါဆိုကျွန်တော်အဖေ့ကို

ပြောကြည့်ပါ့မယ်.."


"အဲ့ဒါအကောင်းဆုံးပဲ..စမှားတဲ့လူက

နင့်အဖေဖြစ်တဲ့အတွက် အမေ့ကို

လာပြောနေမဲ့အစား သားရဲ့အဖေကိုပဲ

သွားပြောသင့်တာ.."


ဒေါ်စံပယ်မွှေးကတော့ လုံး၀မာန်မလျော့နိုင်သည့်

ပုံစံနှင့် လက်ပိုက်၍ပြောလိုက်သောကြောင့်

ရှိုင်းလည်း စိတ်ညစ်ညစ်နှင့် အပေါ်ထပ်သို့

တက်ရန်သာ ပြင်လိုက်သည်။


"နေအုံး..ခုဏကချစ်ပန်းဝေကို မတရား

စွပ်စွဲလိုက်တဲ့ကိစ္စမှာ သားဘက်က

အရမ်းလွန်တယ်နော် ကောင်မလေးနဲ့တွေ့ရင်

ပြန်တောင်းပန်ရမယ်နော်..သူ့ခမျာ

စိတ်ဝေဒနာသည် အမေကြီးကိုပြုစုရင်းနဲ့

ရိုးရိုးသားသား အေးအေးဆေးဆေးပဲ

နေတာပါဟယ်..သားအခုလိုပြောလိုက်တော့

သူဘယ်လောက်ရှက်သွားမလဲ စဉ်းစားကြည့်စမ်း"


"သူနဲ့ပြန်တွေ့ရင် ကျွန်တော်

တောင်းပန်လိုက်ပါ့မယ်..

ကျွန်တော်နဲနဲလွန်သွားမှန်း သိပါတယ်.."


ရှိုင်းလည်း အနည်းငယ်စိတ်ပြေသွားပြီဖြစ်၍

သေချာပြန်စဉ်းစားကြည့်လိုက်ရာ

မစဉ်းစားမဆင်ခြင်ပဲ တစ်ဖက်သားကို

ပုတ်ခတ်ပြောဆိုမိတာကို နောင်တရသွားမိသည်။


ထို့ကြောင့် ကောင်မလေးနှင့် နောက်တစ်ခေါက်

ပြန်တွေ့ရင် တောင်းပန်ဖို့စာရင်းမှတ်ထားလိုက်

တော့သည်။


🌺🌺🌺🌺🌺🌺🌺🌺🌺


"ချစ်ပန်းဝေ..ငါ့ကြက်ဖကြီးရော

ငါ့သားကြီးကို နင်ဘာလုပ်လိုက်ပြီလဲ.."


ခြံထဲသို့ ၀င်ရုံရှိသေး။ဂြိုလ်ဆိုးက စ၀င်လေပြီ။

အစ်ကိုဖြစ်သူ လှိုင်မြင့်ဦးတစ်ယောက်

တစ်ညလုံး အသုဘအိမ်မှာ ဖဲသွားရိုက်ပြီး

ပြန်လာတယ်ထင်ပါရဲ့။


လှိုင်မြင့်ဦးဆိုတာ ဒီနယ်တစ်ဝိုက်မှာတော့ နာမည်ကြီးလူမိုက်ဟု ဆိုနိုင်သည်။

အသားက ညိုရသည့်ကြားထဲ သူ့ကြည့်လိုက်ရင်

အမြဲတစေ အိင်္ကျီမပါပေ။


ပုဆိုးကို အမြဲပေါင်လည်လောက်အထိ 

တိုတက်နေအောင် ၀တ်ထားတတ်ပြီး

ကျောပြင်နှင့်လက်မောင်းတွေမှာ တက်တူးတွေ

ဗလဗွထိုး၍ လူမိုက်စတိုင်လ်ဖမ်းကာ လမ်းလျှောက်လျှင် ကားယားကားယားနဲ့

တအား အမြင်ကပ်စရာကောင်းသည်။


အိမ်မှာ အစ်ကိုအကြီးဆုံးဆိုပေမဲ့ အိမ်အလုပ်နှင့်

ပတ်သတ်လျှင် ဘာမှခိုင်းလို့၊ပြုလို့မရပေ။

*အဲ..ဖဲဝိုင်း၊ကြက်ဝိုင်းနဲ့ကြွင်းဝိုင်းဆိုရင်တော့

သွားမကြည့်နဲ့ သူထိပ်ဆုံးမှာရှိတယ်..*


ရပ်ထဲရွာထဲမှာ ရန်ဖြစ်သံမကြားလိုက်နဲ့

လှိုင်မြင့်ဦးပါပြီးသားပဲ။

ဖဲရိုက်ရမယ်ဆိုလို့ကတော့ အသုဘတစ်ခုပြီးတစ်ခု

 ကူးလို့မနိုင်အောင်ကို အလုပ်ရှုပ်နေတတ်သူပင်။


ရုပ်ရည်ကတော့ ကြည့်ပျော်ရှုပျော်ရှိပေမဲ့

သူ့ရဲ့မကောင်းသတင်းတွေကြောင့် ဘယ်မိန်းမကမှ

သူ့ကို ပြန်မကြိုက်တာလည်း မဆန်းတော့ပေ။

လှိုင်မြင့်ဉီးဆိုသူကလည်း မိန်းမမယူရလျှင်နေ

အရက်နှင့် လောင်းကစားကိုတော့ 

မစွန့်လွှတ်နိုင်သူဖြစ်သည်။


ဒီ့အတွက်လည်း အဒေါ်နှင့်ဦးလေးမှာ

စိတ်ဆင်းရဲရတာ အကြိမ်ရေမထိတော့ပေ။

လှိုင်မြင့်ဦး၏ ရန်ပွဲတွေကြောင့် လူကြီးအိမ်မှာ

သွားရှင်းရတာလည်း တစ်ခါ၊နှစ်ခါမက‌တော့ပေ။


ဒီလောက်ကကြီးထဲမှာ လှိုင်မြင့်ဦး

ကြောက်တာဆိုလို့ ချစ်ပန်းဝေတစ်ယောက်သာ

ရှိလေသည်။

လှိုင်မြင့်ဦးသည် ကျန်‌တာတွေကိုသာ 

တန်ဖိုးမထားတတ်ပေမဲ့ 

သူ့ကြက်ဖကြီးတွေကိုတော့ အလွန်တန်ဖိုး

ထားလေသည်။


ချစ်ပန်းဝေကလည်း ဒါကိုသိလို့

လှိုင်မြင့်ဦး အမှားလုပ်တိုင်း သူ့ကြက်တွေကို

တစ်ကောင်ပြီးတစ်ကောင် ကိစ္စတုံးပစ်တတ်သည်။


"ချစ်ပန်းဝေ..နင်ငါ့သားကြီးကို ဘာလုပ်လိုက်ပြီလဲ

ငါ့သားကြီးအခုဘယ်မှာလဲ.."


လှိုင်မြင့်ဦးက ဒေါသထွက်နေပေမဲ့

ချစ်ပန်းဝေကတော့ ကိုယ့်အစ်ကိုအကြောင်း

နှောကြေနေပြီးသားမို့ ခါးထောက်၍သာ

မျက်နှာကို တင်းထားလိုက်သည်။


"ဟဲ့..ငါမေးနေတယ်လေ..ငါ့သားကြီး

ဘယ်မှာလဲလို့.."


"ကိုကြီးတကယ်သိချင်တာလား.."


"ဟာ..သိချင်လို့မေးနေပါတယ်ဆိုနေမှ

ဒီငနာမလေးကတော့ ငါနားရင်းအုပ်ထည့်လိုက်လို့

သေတော့မှာလဲ.."


"အောင်မယ်..လုပ်ရဲရင်လုပ်ကြည့်လိုက်လေ

အစ်ကိုကြီးမွေးထားတဲ့ ကြက်တွေအကုန်လုံးကို

အမွှေးနှုတ်ပြီး တစ်ရွာလုံးလှည့်ဝေပစ်လိုက်မယ်.."


ထိုစကားကိုကြားတော့ လှိုင်မြင့်ဦးလည်း

နဲနဲတော့ လန့်သွားမိသည်။

ချစ်ပန်းဝေက အပြောနဲ့အလုပ်နဲ့တကယ်ညီတဲ့

ကောင်မလေးမို့ သူကလုပ်မယ်ဆို

တကယ်လုပ်မှာ သေချာတယ်။


*မဖြစ်ဘူး..ငါ့ဘက်ကတစ်ထစ်လျှော့မှပဲ

မဟုတ်ရင် ငါ့ကြက်တွေအကုန်လုံး

ကြက်ဂတုံးတွေ ဖြစ်ကုန်လိမ့်မယ်..*


"ညီမလေးရယ်..ကိုကြီးကစတဲ့ဥစ္စာကို

ဘာဖြစ်လို့ အဲ့ဒီလိုပြောရတာလဲ..လိမ္မာတယ်နော်

ကိုကြီးရဲ့ကြက်ဖကြီး ဘယ်မှာလဲပဲပြောပြ.."


"အင်း..ကိုယ့်အစ်ကိုကြီးဆိုတော့ သနားလို့

ပြောပြလိုက်ပါ့မယ်လေ..ကိုကြီးရဲ့

ကြက်ဖကြီးရှိတဲ့နေရာကို ဖော်ပြဖို့

စကား*သုံးလုံး*ပဲလိုတယ်.."


"ဟင်..ဟုတ်လား..ဘယ်မှာလဲ.."

*

*

*

"အိုးထဲမှာ...!!!!**     


  "ဘာ!!!!!"


"..လန့်တာဟယ်..ပါးစပ်ကြီးလည်း

ကွဲထွက်သွားပါအုံးမယ်.."


"ချစ်ပန်းဝေ..နင်ငါ့ကိုနောက်နေတာမဟုတ်လား

ငါ့ကြက်ဖကြီးကို ထုတ်ပေးစမ်းပါဟာ.."


လှိုင်မြင့်ဦးလည်း ချစ်ပန်းဝေကပြောရင်

ပြောသည့်အတိုင်း လုပ်တတ်သူမှန်းသိပေမဲ့

ကြက်ဖကြီး မရှိတော့တာကိုအခုထိ

မယုံနိုင်သေးပေ။


"ဒီလောက်တောင် ထုတ်ပေးစေချင်နေရင်လည်း

နေမကောင်းဖြစ်နေတဲ့ ကိုကြီးရဲ့အမေကိုသာ

ပြန်အံထုတ်ခိုင်းလိုက်တော့.."


"ဘာဆိုင်လို့လဲဟ.."


"ဆိုင်တာပေါ့..ကိုကြီးရဲ့ကြက်သားတစ်၀က်ကို

ဒေါ်ကြီးအတွက်

 ကြက်စွပ်ပြုတ်လုပ်ပေးရတယ်လေ.."


"ဟာ!!!..ကုန်ပါပြီ..ချစ်ပန်းဝေ

နင်မိန်းကလေးဖြစ်ပြီး ရက်စက်လှချည်လား

ငါ့ကိုမကျေနပ်ရင်လည်း ငါ့ဆီကို

တိုက်ရိုက်လာရှင်းပါလားဟာ..ဘာလို့

ငါ့သားကြီးတွေကို တစ်ကောင်ပြီးတစ်ကောင်

လုပ်ကြံနေရတာလဲ..

တစ်ခါနှစ်ခါ မကတော့ဘူးနော်.."


"ကိုကြီးကိုပြောလည်း ပြောတုန်းပဲလေ

နောက်ပြီးကြ အချိုးကပြောင်းလို့လား..

ဟိုတစ်နေ့က လယ်ထဲမှာသွားစောင့်နေပါလို့

အတန်တန်ပြောနေတဲ့ကြားက ဖဲဝိုင်းကို

ရောက်ဖြစ်အောင် ရောက်သွားတယ်လေ..

အဲ့တော့ ဘာမှလာမပြောနဲ့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ.."


ချစ်ပန်းဝေလည်း ရှိုင်းတို့အိမ်မှာ ပြဿနာ

ဖြစ်လာတာနှင့်ရောပြီး ကိုကြီးအပေါ်

အပြစ်တွေအားလုံး ပုံချပစ်လိုက်ကာ

အိမ်ပေါ်သို့ တင်ရန်ပြင်လိုက်သည်။


"ချစ်ပန်းဝေ.."


"ဘာလဲ.."


"နင်ငါ့ကြက်ဖကြီးကို ချက်စားပစ်တဲ့အတွက်

ဒီအတိုင်းပြီးသွားမယ်တော့မထင်နဲ့

ငါ့ကိုတစ်ခုပြန်လုပ်ပေးရမယ်.."


"အောင်မယ်..ဒီအတိုင်းမပြီးသွားဘူးဆိုတော့

ကိုကြီးက ဘာဖြစ်ချင်တာလဲ.."


လှိုင်မြင့်ဦးလည်း ဒီငမိုက်မလေးကို 

အပြစ်ပေးချင်ပေမဲ့ နောက်ထပ်ကြက်ဖတွေကို

ထပ်၍ အဆုံးရှုံးမခံနိုင်တော့ပေ။

ထို့ကြောင့် ပါးစပ်ဟထားရပေမဲ့ တွေးတာက

တစ်ခြား ပြောမိတာကတစ်ခြားဖြစ်သွားလေသည်။


"ကြက်သားကို ငါ့အတွက်လည်း

ချန်ထားရမယ်..ငါကကြက်တစ်ကောင်လုံး

ဆုံးရှုံးထားရတာလေ..မစားလိုက်ရရင်

ငါနစ်နာတာပေါ့..ငါ့ကိုအခုချက်ချင်း

ထမင်းလိုက်ခူးပေး.."


"ကောင်းပြီလေ..ဒီတစ်ခုတော့ 

လိုက်လျောပေးလိုက်ပါ့မယ်.."


လှိုင်မြင့်ဦးအဖို့ မတတ်နိုင်တော့တဲ့အဆုံး

ကိုယ့်ကြက်လေးကို သူများတွေစားလို့မကုန်ခင်

အရင်ဦးအောင် စားဖို့ဆုံးဖြတ်လိုက်ရတော့သည်။


"ရော့..ဒီမှာ..လိုချင်ရင်ထပ်ခပ်စားလို့ရတယ်

ထမင်းစားပြီးတဲ့အခါကြရင် လယ်ထဲကို

လိုက်လာခဲ့.."


ကြက်သားဟင်းပန်းကန်နှင့် ထမင်းပန်းကန်ကို

ခူးပေးကာ အမိန့်ပါပေးနေသည့်

ချစ်ပန်းဝေကြောင့် လှိုင်မြင့်ဦးထပ်ပြီး

စိတ်ညစ်နေရပြန်သည်။

ထို့ကြောင့် ခေါင်းကိုကုတ်ကာ မျက်နှာကြီး

ရှုံ့မဲ့သွားလေသည်။


"မလိုက်လို့မရဘူးလားဟာ..ညကြရင်

ဟိုဘက်ကမ်းမှာ အသုဘရှိတယ်ဟ

ငါသွားစောင့်ပေးရအုံးမယ်.."


"လာပြန်ပြီ..နောက်ထပ်ကြက်ဖတစ်ကောင်

ထပ်ပြီး အိုးထဲကိုရောက်သွားစေချင်လို့လား

..ဒီည..တို့လယ်ရိတ်ရမှာလေ

ကိုကြီးမသွားရင် လေးလေးကသွားနေရမှာပေါ့..

အလကားနေ သူများအိမ်ကအသုဘမှာ

ဖဲသွားရိုက်ဖို့ပဲ ချောင်းနေတယ်

...ကိုယ့်အိမ်ကိစ္စလည်း

ကိုယ်ကူလုပ်အုံး..ဖဲမရိုက်ရမှာကို

ပူမနေနဲ့..အသုဘနဲ့မင်္ဂလာဆောင်ဆိုတာ

အပတ်တိုင်းရှိတယ်..ထင်းခွေမကြုံရင်

ရေခပ်တော့ ကြုံအုံးမှာပဲ...အမယ်လေး

သူ့ပြောရတာနဲ့ အာတွေပါညောင်းတယ်.."


"အေးပါ..ဆရာမကြီးရယ်..နင်ကငါ့အမေပါ

..နင်ပြောတာပဲ ငါနားထောင်ပါ့မယ်

ရှိကြီးခိုးပါရဲ့ ငါ့ကြက်တွေကိုတော့

ဘာမှမလုပ်ပါနဲ့.."


"အဲ့ဒါကတော့ ကိုကြီးရဲ့လုပ်ရပ်အပေါ်

မူတည်တာပေါ့.."


မီးဖိုချောင်ထဲမှ ချစ်ပန်းဝေထွက်သွားတော့မှသာ

လှိုင်မြင့်ဦးလည်း နားအေးသက်သာ

သွားတော့သည်။

အစပိုင်းမှာတော့ ချစ်ပန်းဝေရဲ့လက်ရာလေးက

စားကောင်း၍ စားနေမိပေမဲ့

ဟင်းခွက်ထဲမှ နောက်ဆုံးဟင်းတစ်တုံးကိုခပ်ပြီး

ထမင်းပန်းကန်ထဲသို့ ထည့်လိုက်စဉ်မှာတော့..


"ဟင်..ကြက်ခေါင်းကြီး..တောက်!!

ဒီငနာမလေးတော့ ငါ့ကိုထည့်ပေးစရာရှားလို့

ကြက်ခေါင်းကြီးမှ ရွေးပြီးထည့်ပေးရတယ်လို့..

ငါဘယ်လို ဆက်စားရတော့မှာလဲဟ.."


ထမင်းပန်းကန်ထဲမှာ ကြက်ခေါင်းလေးက

တင်နေပြီး မျက်လုံးလေးကမှိတ်ထားပေမဲ့

ထောင်နေတဲ့ အမှောက်လေးကြောင့်

မျက်ရည်က ဝဲချင်လာသည်။


"အမယ်လေး..ဖေ့သားကြီးရဲ့ မနေ့ကတင်

အသေအကြေခွပ်ပေးခဲ့ပြီး ဒီနေ့တော့

ဟင်းအိုးထဲ တန်းရောက်ရတယ်လို့

ဖေကြီးက နောက်တစ်ပွဲလောက် ထပ်နွှဲဖို့

အားတင်းထားခဲ့တာကွ..အီဟီး..

တောင်းပန်ပါတယ် ဖေ့သားကြီးရယ်..."


လှိုင်မြင့်ဦးလည်း ကြက်ဖကြီးကို ဆုံးရှုံးလိုက်ရ၍

ငိုရင်းနှင့်ပဲ 🐔ကြက်သားကို

မနည်းမြိုချလိုက်ရလေသည်။

ကြက်ဖကြီးကို သနားတော့သနားပေမဲ့

မစားလိုက်ရင် နှမျောစရာကြီးမို့

ကုန်အောင်တော့ စားလိုက်ပါသည်။


🐔🐔🐔🐔🐔🐔🐔


မစားဘူးလို့ ထင်ထားကြတာမဟုတ်လား😃

(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို

ကျေးဇူးအထူး တင်ရှိပါတယ်နော်

ဝေဝေဒီရက်ပိုင်းမှာ အခြားအလုပ်လေးတွေ

ရှိလို့ updateလေး ကြာသွားပါတယ်..

အရင်လို အရှည်ကြီးမတင်ပေးနိုင်တဲ့အတွက်လည်း

စိတ်မရှိကြပါနဲ့နော်..)

===============================

==============================

🌺အခန္း(၇)

🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺


"မင္းကိုငါေနာက္ဆုံးအေနနဲ႔ အခြင့္အေရးေပးမယ္

မင္းငါ့ကို အမွန္အတိုင္းေျပာ..

မဟုတ္ရင္ေတာ့ ငါကမိန္းကေလးလည္း

ညႇာတာေနမွာမဟုတ္ဘူး.."


"ကြၽန္မမွာ ဘာအႀကံအစည္မွ မရွိပါဘူးလို႔

ဒီေလာက္ေျပာေနတာေတာင္ ရွင္ဘာလို႔

မယုံၾကည္ရတာလဲ.."


ခ်စ္ပန္းေဝက မ်က္ရည္ေလးမ်ားဝဲကာ

ထိုသို႔ ျပန္ေျပာလိုက္ေတာ့ ရႈိင္း၏စိတ္ထဲမယ္

ရႈပ္ေထြးလာခဲ့ေလသည္။

သို႔ေပမဲ့ ခ်စ္ပန္းေဝအေပၚမွာေတာ့ သံသယ

မကင္းေသးေပ။

ထို႔ေၾကာင့္ မ်က္ေမွာင္ႀကဳံ႕ကာ သူ႔မကို

ျပန္၍စိုက္ၾကည့္လိုက္သည္။


"မေန႔ညကလည္း မင္းကအသက္ႀကီးတဲ့

သူမဟုတ္ပဲ အေဒၚႀကီးတစ္ေယာက္ပုံစံနဲ႔

ငါ့ကိုလိမ္ခဲ့တယ္..အခုေတာ့ဒုတိယတစ္ခါ

အလိမ္မခံႏိုင္ေတာ့ဘူး.."


"မေန႔ညက ကြၽန္မရွင့္ကို တမင္လိမ္ခဲ့တာ

မဟုတ္ဘူး..ကိုယ့္ကိုကိုယ္ ကာကြယ္တဲ့အေနနဲ႔

တမင္ ႐ုပ္ျဖတ္ထားတာကို ရွင့္ဘာသာ

အထင္လြဲခဲ့တာေလ.."


သူ႔ပုံစံက ခ်စ္ခ်စ္ကိုအခုခ်က္ခ်င္းပဲ

ဂုတ္ကေနဆြဲၿပီး ရဲစခန္းပို႔ေတာ့မလားမွတ္ရတယ္။

ဘယ္လို အေၾကာင္းတရားေတြေၾကာင့္

လူကို ဒီေလာက္အထိ လာစြပ္စြဲေနမွန္းမသိေပမဲ့

ကိုယ္အႏွစ္ႏွစ္၊အလလ သေဘာက်ခဲ့ရတဲ့

႐ုပ္ရွင္မင္းသားက ကိုယ့္အေပၚဒီလို

ဆက္ဆံလာေတာ့ တကယ္ကိုရင္နာမိတယ္။


"ကြၽန္မရွင့္ကို လိမ္ေနတာမဟုတ္ဘူး..

အမွန္အတိုင္းေျပာေနတာ မယုံရင္

ဟိုကုတင္ေဘးမွာ ငွက္ေပ်ာ္သီးခိုင္ႀကီး

ခ်ထားတယ္..သြားၾကည့္လိုက္ပါလား

ဒါေတာင္မွ မယုံေသးရင္လည္း

ခ်ီးတြင္းထဲသာ ေခါင္းစိုက္ေနလိုက္ေတာ့.."


"မင္း..မိန္းကေလးျဖစ္ၿပီး ႐ိုင္းလွခ်ည္လား.."


"ရွင္လည္း ေယာက္်ားႀကီးျဖစ္ၿပီး

႐ိုင္းတာပဲေလ..ဖယ္..ကြၽန္မကိုလႊတ္.."


ခ်စ္ပန္းေဝလည္း လူကိုသူခိုး၊သူဝွက္လို

ခ်ဳပ္ေႏွာင္ဖို႔ ႀကိဳးစားေနသည့္ရႈိင္း၏

လက္ထဲမွ အတင္း႐ုန္းလိုက္ေပမဲ့

ဒင္းက လႊတ္မေပးေသး၍ ညာဘက္ေျခေထာက္ကို

ေျမႇာက္လိုက္ၿပီး သူ႔ေျခခုံအား ခပ္ျပင္းျပင္း

ေထာင္းခ်ပစ္လိုက္ေတာ့သည္။


"အာ့..ေသပါၿပီ...ငါ့ေျခေထာက္!!!"


"မွတ္ထား..ခ်စ္ပန္းေဝတဲ့..တစ္ေဝပဲရွိတယ္.."


ေျခေထာက္နာသြား၍ မ်က္ႏွာႀကီး

ရႈံ႕တြသြားသည့္သူ႔ကို မ်က္ေစာင္းထိုးခဲ့လိုက္ၿပီး

ေအာက္ထပ္သို႔ ေျပးဆင္းလာခဲ့လိုက္သည္။


"ဟဲ့..သမီးေလးဘာျဖစ္လာတာလဲ.."


ေအာက္ထပ္ကို ေရာက္ေတာ့ အန္တီစံပယ္ႏွင့္

တည့္တည့္ တိုးေလေတာ့သည္။

ရႈိင္းကို ေဒါသထြက္ေနမိရာမွ စိတ္က

သိပ္မေျပေသး၍ သူ႔အေမကို

အကုန္လုံး တိုင္ပစ္လိုက္ဖို႔

ဆုံးျဖတ္လိုက္သည္။


"အန္တီေမးေနတယ္ေလ သမီးေလးရဲ႕

ဘာျဖစ္လာတာလဲ မ်က္ႏွာလည္းမေကာင္းပါလား

ဘာလည္း ေမာင္ေမာင္နဲ႔ေတြ႕လာတာလား.."


ေဒၚစံပယ္ေမႊးလည္း ျပႆနာကို

မီးေမႊး၍ ရွာတတ္လြန္းေသာ သားျဖစ္သူ၏

အေၾကာင္းကို သိေန၍ အေျခအေနကို

ၾကည့္လိုက္သည္ႏွင့္ ခ်က္ခ်င္း

ရိပ္စားလိုက္မိပါသည္။


"အန္တီစံပယ့္သားက အရမ္း႐ိုင္းတာပဲ

အန္တီစံပယ္ခိုင္းလို႔ သူတို႔အခန္းမွာ

ငွက္ေပ်ာခိုင္ သြားထားေပးတာကို

သူခိုးဆိုၿပီး ေအာ္လႊတ္တယ္.."


"ဟယ္..ဟုတ္လား..ဒီေကာင္ေလးေတာ္ေတာ္

ဆိုးေနပါလား.."


ခ်စ္ပန္းေဝက ေဒၚစံပယ္ေမႊးအား

တိုင္ေျပာေနစဥ္မွာပဲ ရႈိင္းသည္လည္း

တိုင္ေတာေနသံကို ၾကားလိုက္၍

ေအာက္ထပ္သို႔ ေဒါႏွင့္ေမာႏွင့္ 

ေျပးဆင္းလာေလေတာ့သည္။


"ေဟ့..မင္းငါ့ကို အေမနဲ႔ဘာမွ

တိုင္ေျပာေနစရာမလိုဘူး.."


ပင္ကိုယ္အသံက ႀကီးၿပီးၾသရသည့္ၾကားထဲ

အားထည့္၍ ေအာ္ထည့္လိုက္ေသာေၾကာင့္

ၾကားဟိန္းသံထက္ေတာင္ နား၀င္ဆိုးသြား

ေလသည္။


ခ်စ္ပန္းေဝလည္း ကိုယ့္အေပၚမွာ

အေၾကာင္းအရင္း မေရရာပဲ အျငႇိဳးႀကီးေနသည့္

သူ႔ပုံစံကို ၾကည့္ၿပီးအံ့ဩမိသလို 

စိတ္လည္းတိုရသည္။

၀မ္းလည္းနည္းရျပန္သည္။


"တိုင္ေျပာေတာ့ဘာျဖစ္လည္း..ရွင္က

ႏိုင္ငံေၾကာ္႐ုပ္ရွင္မင္းသားဆိုတိုင္း ကြၽန္မက

ေၾကာက္ေနရမွာလား..ကြၽန္မေျပာတဲ့အထဲမွာ

အလိမ္အညာ တစ္ခုမွမပါဘူး..

မယုံရင္ ရွင့္အေမကိုေမးၾကည့္လိုက္.."


စိတ္ကို အတတ္ႏိုင္ဆုံးမာန္တင္းထားလိုက္ၿပီး

သူ႔မ်က္လုံးေတြကို တည့္တည့္ၾကည့္ကာ

ေျပာပစ္လိုက္သည္။


"အန္တီစံပယ္..သမီးသြားေတာ့မယ္ေနာ္"


မ်က္ႏွာေလး ညႇိဳးေလွ်ာ္ၿပီး အိမ္ထဲမွ

ထြက္သြားေသာ ခ်စ္ပန္းေဝကိုၾကည့္မိရင္း

ေဒၚစံပယ္တစ္ေယာက္ သက္ျပင္းအခါခါ

ခ်ေနမိေတာ့သည္။


သားျဖစ္သူဘက္သို႔ စိတ္တိုတိုႏွင့္ၾကည့္လိုက္ေတာ့

ေထာင္ေထာင္ေမာင္းေမာင္းအရပ္ႀကီးႏွင့္

ေရခဲ႐ိုက္ထားသလား ‌ထင္ရသည္အထိ

ေတာင့္ေတာင့္ႀကီး ရပ္ေနတာကို

ေတြ႕လိုက္ရသည္။

ကိုယ္ေမြးထားတာ လူေလးလား၊

ခံစားခ်က္မရွိတဲ့ ေက်ာက္႐ုပ္ေလးလားဆိုတာ

ကိုယ္ေတာင္ မေဝခြဲတတ္ေတာ့ဘူး။


"ေမာင္ေမာင္..နင္အခုဘာအျပစ္လုပ္လိုက္လည္း

ကိုယ့္ကိုကိုယ္ သိရဲ႕လား.."


"ကြၽန္ေတာ္ဘာအျပစ္မွ လုပ္မထားဘူး.."


တယူသန္ၿပီး စူးရွေသာမ်က္လုံးအၾကည့္ေတြက

ပိုျပတ္သားေနဟန္ေပၚကာ တင္းတင္းေစ့ထားေသာ

ႏႈတ္ခမ္းညိဳညိဳေတြကလည္း ပို၍တည္တင္း

ေနေလသည္။

ခ်စ္ပန္းေဝေလးကို မ‌ေက်မနပ္ျဖစ္ေနေသးမွန္း

သူ႔မ်က္ႏွာမွာ အတိုင္းသားျမင္ေနရတဲ့အထိပဲ။


"ေမာင္ေမာင္..ငါျပန္ေရာက္ေတာ့ ဒါဒါကလည္း

အျပင္ထြက္သြားတာနဲ႔ ခ်စ္ပန္းေဝကို

နင္တို႔အခန္းထဲမွာ ငွက္ေပ်ာခိုင္

တက္ထားခိုင္းလိုက္တာဟဲ့..ဒီေလာက္ကိစၥေလးကို

ဘာလို႔ အရမ္းေပါက္ကြဲျပေနရတာလဲ..

ဟိုကနင့္ထက္ ေလးႏွစ္ေလာက္ေတာင္

ငယ္တယ္..နင္ဘာလို႔သူမ်ားကို

သူခိုးဘာညာနဲ႔ သြားၿပီးစြပ္စြဲရတာလဲ..."


"အဲ့ဒါေတြ ကြၽန္ေတာ္မသိဘူး..ေနာက္တစ္ခါ

ကြၽန္ေတာ္တို႔ေနတဲ့ အခန္းထဲကို

သူစိမ္းမိန္းကေလးေတြ ထပ္မ၀င္ခိုင္းပါနဲ႔.."


"ေအာင္မယ္..နင္မေနခ်င္ရင္ ရန္ကုန္ကိုျပန္ေပါ့

ငါ့အိမ္မွာ ငါ့ဘာသာေခၚတင္ခ်င္တဲ့သူကို

တင္မွာပဲ.."


"ကြၽန္ေတာ့္ကို ျပန္‌ဖို႔ေျပာရင္..အေမပါ

ျပန္လိုက္ခဲ့ရမယ္.."


"ငါျပန္မလိုက္ဘူးလို႔ ေျပာေနတာ

ဘယ္ႏွစ္ေခါက္ရွိေနၿပီလဲ.."


"အေမတို႔ကလည္းဗ်ာ..အသက္အ႐ြယ္ေတြလည္း

ငယ္ေတာ့တာမဟုတ္ဘူး..ဒီအ႐ြယ္ႀကီးေတြ

ေရာက္မွ ဘာလို႔ဒီလိုေတြစိတ္ေကာက္ေနၾကတာလဲ

ကြၽန္ေတာ့္ကို အကုသိုလ္ေပးေနၾကတာလား.."


"ဟဲ့..ေမာင္ေမာင္..နင္စကားေျပာတာဆင္ျခင္ေနာ္

ငါကစိတ္ေကာက္တာမဟုတ္ဘူးဟဲ့

စိတ္နာတာသိရဲ႕လား..ရန္ကုန္ကို

ျပန္လိုက္ေစခ်င္ရင္..နင့္အေဖကိုယ္တိုင္ 

ငါ့အေရွ႕မွာ ဒူးေထာက္ၿပီးေနာက္တစ္ခါ

အရက္ေသရည္မေသာက္ေတာ့ပါဘူးလို႔

ကတိအထပ္ထပ္ေပးႏိုင္မွ ရမယ္..

မဟုတ္ရင္ေတာ့ ဘယ္ေတာ့မွျပန္မလိုက္ဘူး.."


ဘယ္လိုပဲ နားခ်ပါေစ လုံး၀စိတ္ေျပာင္းလဲ

ေတာ့မည္ပုံမေပၚေသာ ‌အေမ့ေၾကာင့္

ရႈိင္းလည္း ပါးစပ္အေညာင္းခံၿပီး

ထပ္မေျပာခ်င္ေတာ့ေပ။


"ေကာင္းၿပီေလ..ဒါဆိုကြၽန္ေတာ္အေဖ့ကို

ေျပာၾကည့္ပါ့မယ္.."


"အဲ့ဒါအေကာင္းဆုံးပဲ..စမွားတဲ့လူက

နင့္အေဖျဖစ္တဲ့အတြက္ အေမ့ကို

လာေျပာေနမဲ့အစား သားရဲ႕အေဖကိုပဲ

သြားေျပာသင့္တာ.."


ေဒၚစံပယ္ေမႊးကေတာ့ လုံး၀မာန္မေလ်ာ့ႏိုင္သည့္

ပုံစံႏွင့္ လက္ပိုက္၍ေျပာလိုက္ေသာေၾကာင့္

ရႈိင္းလည္း စိတ္ညစ္ညစ္ႏွင့္ အေပၚထပ္သို႔

တက္ရန္သာ ျပင္လိုက္သည္။


"ေနအုံး..ခုဏကခ်စ္ပန္းေဝကို မတရား

စြပ္စြဲလိုက္တဲ့ကိစၥမွာ သားဘက္က

အရမ္းလြန္တယ္ေနာ္ ေကာင္မေလးနဲ႔ေတြ႕ရင္

ျပန္ေတာင္းပန္ရမယ္ေနာ္..သူ႔ခမ်ာ

စိတ္ေဝဒနာသည္ အေမႀကီးကိုျပဳစုရင္းနဲ႔

႐ိုး႐ိုးသားသား ေအးေအးေဆးေဆးပဲ

ေနတာပါဟယ္..သားအခုလိုေျပာလိုက္ေတာ့

သူဘယ္ေလာက္ရွက္သြားမလဲ စဥ္းစားၾကည့္စမ္း"


"သူနဲ႔ျပန္ေတြ႕ရင္ ကြၽန္ေတာ္

ေတာင္းပန္လိုက္ပါ့မယ္..

ကြၽန္ေတာ္နဲနဲလြန္သြားမွန္း သိပါတယ္.."


ရႈိင္းလည္း အနည္းငယ္စိတ္ေျပသြားၿပီျဖစ္၍

ေသခ်ာျပန္စဥ္းစားၾကည့္လိုက္ရာ

မစဥ္းစားမဆင္ျခင္ပဲ တစ္ဖက္သားကို

ပုတ္ခတ္ေျပာဆိုမိတာကို ေနာင္တရသြားမိသည္။


ထို႔ေၾကာင့္ ေကာင္မေလးႏွင့္ ေနာက္တစ္ေခါက္

ျပန္ေတြ႕ရင္ ေတာင္းပန္ဖို႔စာရင္းမွတ္ထားလိုက္

ေတာ့သည္။


🌺🌺🌺🌺🌺🌺🌺🌺🌺


"ခ်စ္ပန္းေဝ..ငါ့ၾကက္ဖႀကီးေရာ

ငါ့သားႀကီးကို နင္ဘာလုပ္လိုက္ၿပီလဲ.."


ၿခံထဲသို႔ ၀င္႐ုံရွိေသး။ၿဂိဳလ္ဆိုးက စ၀င္ေလၿပီ။

အစ္ကိုျဖစ္သူ လႈိင္ျမင့္ဦးတစ္ေယာက္

တစ္ညလုံး အသုဘအိမ္မွာ ဖဲသြား႐ိုက္ၿပီး

ျပန္လာတယ္ထင္ပါရဲ႕။


လႈိင္ျမင့္ဦးဆိုတာ ဒီနယ္တစ္ဝိုက္မွာေတာ့ နာမည္ႀကီးလူမိုက္ဟု ဆိုႏိုင္သည္။

အသားက ညိဳရသည့္ၾကားထဲ သူ႔ၾကည့္လိုက္ရင္

အၿမဲတေစ အိက်ႌမပါေပ။


ပုဆိုးကို အၿမဲေပါင္လည္ေလာက္အထိ 

တိုတက္ေနေအာင္ ၀တ္ထားတတ္ၿပီး

ေက်ာျပင္ႏွင့္လက္ေမာင္းေတြမွာ တက္တူးေတြ

ဗလဗြထိုး၍ လူမိုက္စတိုင္လ္ဖမ္းကာ လမ္းေလွ်ာက္လွ်င္ ကားယားကားယားနဲ႔

တအား အျမင္ကပ္စရာေကာင္းသည္။


အိမ္မွာ အစ္ကိုအႀကီးဆုံးဆိုေပမဲ့ အိမ္အလုပ္ႏွင့္

ပတ္သတ္လွ်င္ ဘာမွခိုင္းလို႔၊ျပဳလို႔မရေပ။

*အဲ..ဖဲဝိုင္း၊ၾကက္ဝိုင္းနဲ႔ႂကြင္းဝိုင္းဆိုရင္ေတာ့

သြားမၾကည့္နဲ႔ သူထိပ္ဆုံးမွာရွိတယ္..*


ရပ္ထဲ႐ြာထဲမွာ ရန္ျဖစ္သံမၾကားလိုက္နဲ႔

လႈိင္ျမင့္ဦးပါၿပီးသားပဲ။

ဖဲ႐ိုက္ရမယ္ဆိုလို႔ကေတာ့ အသုဘတစ္ခုၿပီးတစ္ခု

 ကူးလို႔မႏိုင္ေအာင္ကို အလုပ္ရႈပ္ေနတတ္သူပင္။


႐ုပ္ရည္ကေတာ့ ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိေပမဲ့

သူ႔ရဲ႕မေကာင္းသတင္းေတြေၾကာင့္ ဘယ္မိန္းမကမွ

သူ႔ကို ျပန္မႀကိဳက္တာလည္း မဆန္းေတာ့ေပ။

လႈိင္ျမင့္ဉီးဆိုသူကလည္း မိန္းမမယူရလွ်င္ေန

အရက္ႏွင့္ ေလာင္းကစားကိုေတာ့ 

မစြန႔္လႊတ္ႏိုင္သူျဖစ္သည္။


ဒီ့အတြက္လည္း အေဒၚႏွင့္ဦးေလးမွာ

စိတ္ဆင္းရဲရတာ အႀကိမ္ေရမထိေတာ့ေပ။

လႈိင္ျမင့္ဦး၏ ရန္ပြဲေတြေၾကာင့္ လူႀကီးအိမ္မွာ

သြားရွင္းရတာလည္း တစ္ခါ၊ႏွစ္ခါမက‌ေတာ့ေပ။


ဒီေလာက္ကႀကီးထဲမွာ လႈိင္ျမင့္ဦး

ေၾကာက္တာဆိုလို႔ ခ်စ္ပန္းေဝတစ္ေယာက္သာ

ရွိေလသည္။

လႈိင္ျမင့္ဦးသည္ က်န္‌တာေတြကိုသာ 

တန္ဖိုးမထားတတ္ေပမဲ့ 

သူ႔ၾကက္ဖႀကီးေတြကိုေတာ့ အလြန္တန္ဖိုး

ထားေလသည္။


ခ်စ္ပန္းေဝကလည္း ဒါကိုသိလို႔

လႈိင္ျမင့္ဦး အမွားလုပ္တိုင္း သူ႔ၾကက္ေတြကို

တစ္ေကာင္ၿပီးတစ္ေကာင္ ကိစၥတုံးပစ္တတ္သည္။


"ခ်စ္ပန္းေဝ..နင္ငါ့သားႀကီးကို ဘာလုပ္လိုက္ၿပီလဲ

ငါ့သားႀကီးအခုဘယ္မွာလဲ.."


လႈိင္ျမင့္ဦးက ေဒါသထြက္ေနေပမဲ့

ခ်စ္ပန္းေဝကေတာ့ ကိုယ့္အစ္ကိုအေၾကာင္း

ေႏွာေၾကေနၿပီးသားမို႔ ခါးေထာက္၍သာ

မ်က္ႏွာကို တင္းထားလိုက္သည္။


"ဟဲ့..ငါေမးေနတယ္ေလ..ငါ့သားႀကီး

ဘယ္မွာလဲလို႔.."


"ကိုႀကီးတကယ္သိခ်င္တာလား.."


"ဟာ..သိခ်င္လို႔ေမးေနပါတယ္ဆိုေနမွ

ဒီငနာမေလးကေတာ့ ငါနားရင္းအုပ္ထည့္လိုက္လို႔

ေသေတာ့မွာလဲ.."


"ေအာင္မယ္..လုပ္ရဲရင္လုပ္ၾကည့္လိုက္ေလ

အစ္ကိုႀကီးေမြးထားတဲ့ ၾကက္ေတြအကုန္လုံးကို

အေမႊးႏႈတ္ၿပီး တစ္႐ြာလုံးလွည့္ေဝပစ္လိုက္မယ္.."


ထိုစကားကိုၾကားေတာ့ လႈိင္ျမင့္ဦးလည္း

နဲနဲေတာ့ လန႔္သြားမိသည္။

ခ်စ္ပန္းေဝက အေျပာနဲ႔အလုပ္နဲ႔တကယ္ညီတဲ့

ေကာင္မေလးမို႔ သူကလုပ္မယ္ဆို

တကယ္လုပ္မွာ ေသခ်ာတယ္။


*မျဖစ္ဘူး..ငါ့ဘက္ကတစ္ထစ္ေလွ်ာ့မွပဲ

မဟုတ္ရင္ ငါ့ၾကက္ေတြအကုန္လုံး

ၾကက္ဂတုံးေတြ ျဖစ္ကုန္လိမ့္မယ္..*


"ညီမေလးရယ္..ကိုႀကီးကစတဲ့ဥစၥာကို

ဘာျဖစ္လို႔ အဲ့ဒီလိုေျပာရတာလဲ..လိမၼာတယ္ေနာ္

ကိုႀကီးရဲ႕ၾကက္ဖႀကီး ဘယ္မွာလဲပဲေျပာျပ.."


"အင္း..ကိုယ့္အစ္ကိုႀကီးဆိုေတာ့ သနားလို႔

ေျပာျပလိုက္ပါ့မယ္ေလ..ကိုႀကီးရဲ႕

ၾကက္ဖႀကီးရွိတဲ့ေနရာကို ေဖာ္ျပဖို႔

စကား*သုံးလုံး*ပဲလိုတယ္.."


"ဟင္..ဟုတ္လား..ဘယ္မွာလဲ.."

*

*

*

"အိုးထဲမွာ...!!!!**     


  "ဘာ!!!!!"


"..လန႔္တာဟယ္..ပါးစပ္ႀကီးလည္း

ကြဲထြက္သြားပါအုံးမယ္.."


"ခ်စ္ပန္းေဝ..နင္ငါ့ကိုေနာက္ေနတာမဟုတ္လား

ငါ့ၾကက္ဖႀကီးကို ထုတ္ေပးစမ္းပါဟာ.."


လႈိင္ျမင့္ဦးလည္း ခ်စ္ပန္းေဝကေျပာရင္

ေျပာသည့္အတိုင္း လုပ္တတ္သူမွန္းသိေပမဲ့

ၾကက္ဖႀကီး မရွိေတာ့တာကိုအခုထိ

မယုံႏိုင္ေသးေပ။


"ဒီေလာက္ေတာင္ ထုတ္ေပးေစခ်င္ေနရင္လည္း

ေနမေကာင္းျဖစ္ေနတဲ့ ကိုႀကီးရဲ႕အေမကိုသာ

ျပန္အံထုတ္ခိုင္းလိုက္ေတာ့.."


"ဘာဆိုင္လို႔လဲဟ.."


"ဆိုင္တာေပါ့..ကိုႀကီးရဲ႕ၾကက္သားတစ္၀က္ကို

ေဒၚႀကီးအတြက္

 ၾကက္စြပ္ျပဳတ္လုပ္ေပးရတယ္ေလ.."


"ဟာ!!!..ကုန္ပါၿပီ..ခ်စ္ပန္းေဝ

နင္မိန္းကေလးျဖစ္ၿပီး ရက္စက္လွခ်ည္လား

ငါ့ကိုမေက်နပ္ရင္လည္း ငါ့ဆီကို

တိုက္႐ိုက္လာရွင္းပါလားဟာ..ဘာလို႔

ငါ့သားႀကီးေတြကို တစ္ေကာင္ၿပီးတစ္ေကာင္

လုပ္ႀကံေနရတာလဲ..

တစ္ခါႏွစ္ခါ မကေတာ့ဘူးေနာ္.."


"ကိုႀကီးကိုေျပာလည္း ေျပာတုန္းပဲေလ

ေနာက္ၿပီးၾက အခ်ိဳးကေျပာင္းလို႔လား..

ဟိုတစ္ေန႔က လယ္ထဲမွာသြားေစာင့္ေနပါလို႔

အတန္တန္ေျပာေနတဲ့ၾကားက ဖဲဝိုင္းကို

ေရာက္ျဖစ္ေအာင္ ေရာက္သြားတယ္ေလ..

အဲ့ေတာ့ ဘာမွလာမေျပာနဲ႔ ကိုယ့္အျပစ္နဲ႔ကိုယ္ပဲ.."


ခ်စ္ပန္းေဝလည္း ရႈိင္းတို႔အိမ္မွာ ျပႆနာ

ျဖစ္လာတာႏွင့္ေရာၿပီး ကိုႀကီးအေပၚ

အျပစ္ေတြအားလုံး ပုံခ်ပစ္လိုက္ကာ

အိမ္ေပၚသို႔ တင္ရန္ျပင္လိုက္သည္။


"ခ်စ္ပန္းေဝ.."


"ဘာလဲ.."


"နင္ငါ့ၾကက္ဖႀကီးကို ခ်က္စားပစ္တဲ့အတြက္

ဒီအတိုင္းၿပီးသြားမယ္ေတာ့မထင္နဲ႔

ငါ့ကိုတစ္ခုျပန္လုပ္ေပးရမယ္.."


"ေအာင္မယ္..ဒီအတိုင္းမၿပီးသြားဘူးဆိုေတာ့

ကိုႀကီးက ဘာျဖစ္ခ်င္တာလဲ.."


လႈိင္ျမင့္ဦးလည္း ဒီငမိုက္မေလးကို 

အျပစ္ေပးခ်င္ေပမဲ့ ေနာက္ထပ္ၾကက္ဖေတြကို

ထပ္၍ အဆုံးရႈံးမခံႏိုင္ေတာ့ေပ။

ထို႔ေၾကာင့္ ပါးစပ္ဟထားရေပမဲ့ ေတြးတာက

တစ္ျခား ေျပာမိတာကတစ္ျခားျဖစ္သြားေလသည္။


"ၾကက္သားကို ငါ့အတြက္လည္း

ခ်န္ထားရမယ္..ငါကၾကက္တစ္ေကာင္လုံး

ဆုံးရႈံးထားရတာေလ..မစားလိုက္ရရင္

ငါနစ္နာတာေပါ့..ငါ့ကိုအခုခ်က္ခ်င္း

ထမင္းလိုက္ခူးေပး.."


"ေကာင္းၿပီေလ..ဒီတစ္ခုေတာ့ 

လိုက္ေလ်ာေပးလိုက္ပါ့မယ္.."


လႈိင္ျမင့္ဦးအဖို႔ မတတ္ႏိုင္ေတာ့တဲ့အဆုံး

ကိုယ့္ၾကက္ေလးကို သူမ်ားေတြစားလို႔မကုန္ခင္

အရင္ဦးေအာင္ စားဖို႔ဆုံးျဖတ္လိုက္ရေတာ့သည္။


"ေရာ့..ဒီမွာ..လိုခ်င္ရင္ထပ္ခပ္စားလို႔ရတယ္

ထမင္းစားၿပီးတဲ့အခါၾကရင္ လယ္ထဲကို

လိုက္လာခဲ့.."


ၾကက္သားဟင္းပန္းကန္ႏွင့္ ထမင္းပန္းကန္ကို

ခူးေပးကာ အမိန႔္ပါေပးေနသည့္

ခ်စ္ပန္းေဝေၾကာင့္ လႈိင္ျမင့္ဦးထပ္ၿပီး

စိတ္ညစ္ေနရျပန္သည္။

ထို႔ေၾကာင့္ ေခါင္းကိုကုတ္ကာ မ်က္ႏွာႀကီး

ရႈံ႕မဲ့သြားေလသည္။


"မလိုက္လို႔မရဘူးလားဟာ..ညၾကရင္

ဟိုဘက္ကမ္းမွာ အသုဘရွိတယ္ဟ

ငါသြားေစာင့္ေပးရအုံးမယ္.."


"လာျပန္ၿပီ..ေနာက္ထပ္ၾကက္ဖတစ္ေကာင္

ထပ္ၿပီး အိုးထဲကိုေရာက္သြားေစခ်င္လို႔လား

..ဒီည..တို႔လယ္ရိတ္ရမွာေလ

ကိုႀကီးမသြားရင္ ေလးေလးကသြားေနရမွာေပါ့..

အလကားေန သူမ်ားအိမ္ကအသုဘမွာ

ဖဲသြား႐ိုက္ဖို႔ပဲ ေခ်ာင္းေနတယ္

...ကိုယ့္အိမ္ကိစၥလည္း

ကိုယ္ကူလုပ္အုံး..ဖဲမ႐ိုက္ရမွာကို

ပူမေနနဲ႔..အသုဘနဲ႔မဂၤလာေဆာင္ဆိုတာ

အပတ္တိုင္းရွိတယ္..ထင္းေခြမႀကဳံရင္

ေရခပ္ေတာ့ ႀကဳံအုံးမွာပဲ...အမယ္ေလး

သူ႔ေျပာရတာနဲ႔ အာေတြပါေညာင္းတယ္.."


"ေအးပါ..ဆရာမႀကီးရယ္..နင္ကငါ့အေမပါ

..နင္ေျပာတာပဲ ငါနားေထာင္ပါ့မယ္

ရွိႀကီးခိုးပါရဲ႕ ငါ့ၾကက္ေတြကိုေတာ့

ဘာမွမလုပ္ပါနဲ႔.."


"အဲ့ဒါကေတာ့ ကိုႀကီးရဲ႕လုပ္ရပ္အေပၚ

မူတည္တာေပါ့.."


မီးဖိုေခ်ာင္ထဲမွ ခ်စ္ပန္းေဝထြက္သြားေတာ့မွသာ

လႈိင္ျမင့္ဦးလည္း နားေအးသက္သာ

သြားေတာ့သည္။

အစပိုင္းမွာေတာ့ ခ်စ္ပန္းေဝရဲ႕လက္ရာေလးက

စားေကာင္း၍ စားေနမိေပမဲ့

ဟင္းခြက္ထဲမွ ေနာက္ဆုံးဟင္းတစ္တုံးကိုခပ္ၿပီး

ထမင္းပန္းကန္ထဲသို႔ ထည့္လိုက္စဥ္မွာေတာ့..


"ဟင္..ၾကက္ေခါင္းႀကီး..ေတာက္!!

ဒီငနာမေလးေတာ့ ငါ့ကိုထည့္ေပးစရာရွားလို႔

ၾကက္ေခါင္းႀကီးမွ ေ႐ြးၿပီးထည့္ေပးရတယ္လို႔..

ငါဘယ္လို ဆက္စားရေတာ့မွာလဲဟ.."


ထမင္းပန္းကန္ထဲမွာ ၾကက္ေခါင္းေလးက

တင္ေနၿပီး မ်က္လုံးေလးကမွိတ္ထားေပမဲ့

ေထာင္ေနတဲ့ အေမွာက္ေလးေၾကာင့္

မ်က္ရည္က ဝဲခ်င္လာသည္။


"အမယ္ေလး..ေဖ့သားႀကီးရဲ႕ မေန႔ကတင္

အေသအေၾကခြပ္ေပးခဲ့ၿပီး ဒီေန႔ေတာ့

ဟင္းအိုးထဲ တန္းေရာက္ရတယ္လို႔

ေဖႀကီးက ေနာက္တစ္ပြဲေလာက္ ထပ္ႏႊဲဖို႔

အားတင္းထားခဲ့တာကြ..အီဟီး..

ေတာင္းပန္ပါတယ္ ေဖ့သားႀကီးရယ္..."


လႈိင္ျမင့္ဦးလည္း ၾကက္ဖႀကီးကို ဆုံးရႈံးလိုက္ရ၍

ငိုရင္းႏွင့္ပဲ 🐔ၾကက္သားကို

မနည္းၿမိဳခ်လိုက္ရေလသည္။

ၾကက္ဖႀကီးကို သနားေတာ့သနားေပမဲ့

မစားလိုက္ရင္ ႏွေမ်ာစရာႀကီးမို႔

ကုန္ေအာင္ေတာ့ စားလိုက္ပါသည္။


🐔🐔🐔🐔🐔🐔🐔


မစားဘူးလို႔ ထင္ထားၾကတာမဟုတ္လား😃

(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို

ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္

ေဝေဝဒီရက္ပိုင္းမွာ အျခားအလုပ္ေလးေတြ

ရွိလို႔ updateေလး ၾကာသြားပါတယ္..

အရင္လို အရွည္ႀကီးမတင္ေပးႏိုင္တဲ့အတြက္လည္း

စိတ္မရွိၾကပါနဲ႔ေနာ္..)

5 comments:

  1. အရမ်းကြိုက်မဝေဝေရေးတဲ့ဟာတွေကအကုန်ကောင်းနေရောဒီထက်မကအောင်မြင်ပါစေနော်

    ReplyDelete
    Replies
    1. အရေး အသားကောင်းလိုက်ထာကြက်သားဟင်းစာပုံရေးတာလေးကအသက်ပဲ

      Delete
  2. မစားဘူးလို့ထင်တာ
    ငိုငိုစားစားဖဲမင်းသားလေးတော့

    ReplyDelete
  3. မင်းသားလေးကချစ်ပန်းဝေကိုတောင်းပန်ဘို့မှတ်ထားလိုက်ပီတဲ့နော်

    ReplyDelete
  4. ,ကြိုက် မျှော်❣️❣️

    ReplyDelete