အခန်း(၅၇) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘ဇာတ်သိမ်းပိုင်း

 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း(၅၇)

💘မာနမင်းသားနှင့်ရွှေဖူးစာ💘


ညနေခင်းပိုင်းကို တဖြည်းဖြည်းရောက်ရှိလာပြီ

ဖြစ်၍ နေမင်းသည်လည်း ပုစွန်‌ဆီ‌ရောင်သို့

ပြောင်းသွားကာ တိမ်များကြားထဲသို့

တိုး၀င်နေလေသည်။


နေ၀င်တော့မည်ဖြစ်၍ အပြင်ဘက်ရာသီဥတုသည်

အခုမှအေးမြစပြုလာခြင်းဖြစ်ပေမဲ့

အခန်းထဲမှာတော့ လူနှစ်ယောက်၏

ဆက်ဆံရေးသည် အစောတည်းကအေးစက်ပြီး

တည်ငြိမ်လွန်းလှသည်။


မေဝိုင်းလေးသည် မျက်ရည်များ

ပြည့်လျှံနေသော မျက်၀န်းညိုလေးနှင့်

မင်းစက်အာဏာကို မော့ကြည့်လိုက်သည်။

မင်းစက်ကတော့ နံရံကိုသာ အချိန်ကြာမြင့်စွာ

စိုက်ကြည့်နေခဲ့သည်။


မေဝိုင်းလေး၏ ဖြေရှင်းချက်များကို 

စောင့်နေခြင်းလား မသဲကွဲပေမဲ့

ညှို့မှိုင်းနေသည့် သူ့မျက်၀န်းများမှတစ်ဆင့်

သူ့ရင်ဘတ်ထဲကို မြင်နိုင်ပေလိမ့်မည်။


ခင်ထိပ်ထားဦး၏စကားတွေက မေ့ဆီမှ

သူအကြာကြီး အဖြေရှာနေသည့်ကိစ္စကို

မီးမောင်းထိုးပြလိုက်တာပါပဲ။

ညတိုင်းနီးပါး အိပ်မက်ဆိုးတွေမက်ပြီး

လန့်နိုးတတ်သည့်မေ့မှာ စိတ်ဒဏ်ရာတစ်ခုခု

ရှိလိမ့်မယ်လို့ သိထားခဲ့ပေမဲ့ ဒီလောက်အထိ

ဆိုးဝါးခဲ့လိမ့်မည်ဟု မထင်မိခဲ့ပေ။


"မေ..ကိုယ့်ကိုပွင့်ပွင့်လင်းလင်း 

ပြောပြပေးပါလားကွာ..ခင်ထိပ်ထားဦး

ပြောခဲ့တာတွေက အမှန်တွေပဲလား..

မေငယ်ငယ်က ဘယ်လိုအဖြစ်ဆိုးမျိုးတွေနဲ့

ကြုံခဲ့ရတာလဲ.."


"ဟင့်အင်း..ဝိုင်းလေးမပြောချင်ဘူး

အဲ့ဒီ့အကြောင်းတွေကို ဝိုင်းလေးမေ့ထားခဲ့တာ

ကြာပြီ.."


"ဒါပေမဲ့..မေ့လို့မရဘူးမဟုတ်လား..

ညတိုင်း အိပ်မက်ဆိုးတွေမက်ပြီး 

အမှောင်ကြောက်လို့ သတိလစ်တာတွေပါ

ဖြစ်ခဲ့တယ်လေ..မေ့ထားပစ်ယုံနဲ့မရဘူးကွ

အပြီးဖယ်ရှားပစ်မှ အရှင်းပျောက်တယ်လို့ခေါ်တာ"


"တော်ပါတော့..အဲ့ဒီ့အကြောင်းတွေကို

ဝိုင်းလေး ပြန်မတွေးချင်တော့ဘူး..

ဘယ်သူ့ကိုမှလည်း မပြောပြချင်ဘူး..

ပြန်တွေးမိတိုင်း အဟောင်းတွေက

အသစ်ပြန်ဖြစ်လာလို့ပါ..ပြန်မပြောခိုင်းပါနဲ့

ဝိုင်းလေးတောင်းပန်ပါတယ်.."


"ဒါဆို ခင်ထိပ်ထားဦးပြောခဲ့သမျှက

အမှန်တွေကြီးပဲလို့ ယုံလိုက်ရမှာလား..

မေကတကယ်ပဲ အသက်ဆယ့်တစ်နှစ်မှာ

မတရားခံခဲ့ရဖူးတာလား.."


"မဟုတ်ဘူး..အဲ့လိုမဟုတ်ပါဘူးကိုကိုရယ်

ဝိုင်းလေးက ဖြူစင်ပါတယ်..ကိုကို့ကိုလည်း

အပျိုဘ၀နဲ့ လက်ထပ်ခဲ့တာပါ..

ဝိုင်းလေးဘယ်တုန်းကမှ ကိုကိုတို့မိသားစုကို

မလှည့်စားခဲ့ပါဘူး..."


ပါးပြင်ပေါ်မှာ ပုလဲလုံးတို့မြေခသကဲ့သို့

မျက်ရည်များတပါက်ပေါက် စီးကျနေလေရာ

မင်းစက်လည်း မနေနနိုင်တော့ပဲ သူမကို

ဖက်ပေးထားလိုက်မိတော့သည်။

‌အနည်းဆုံးတော့ မေစိတ်သက်သာရာရမှာ

သေချာတယ်။


"မေ့ကို..ကိုယ်ယုံပြီးသားပါ..မေလည်းကိုယ့်ကို

ယုံကြည်ပေးဖို့လိုအပ်တယ်. .

ကလေးအမေဖြစ်တော့မယ့်လူတစ်ယောက်က

ငယ်ဘ၀စိတ်ဒဏ်ရာတစ်ခုကို လွှတ်မချနိုင်လို့

မရဘူးလေကွာ..ကိုယ်တိုင်ကပျော့ညံ့နေရင်

ကိုယ်တို့ကလေးလေးကို ဘယ်လိုထိန်းသိမ်း

စောင့်ရှောက်ကြမှာလဲ.."


"ကလေးအမေဆိုတာ..ဘာကိုဆိုလိုတာလဲ.."


မေ့ရဲ့ပခုံးလေးကို ဖက်ပေးထားမိရာမှ

ပြန်၍ခွာလိုက်ပြီး မေ့ရဲ့မျက်နှာသေးသေးလေးကို

လက်ဖဝါးနှစ်ဖက်ကြားညှပ်ထားလိုက်ကာ

‌မျက်နှာအနှံ့စိုက်ကြည့်နေမိသည်။


‌ဖြူဖွေးနသော မျက်နှာလေးသည် 

ဒဏ်ရာဒဏ်ချက်တွေနှင့်သာ ပြည့်နှက်နေသည်။

ကိုယ့်မှာ မတို့ရက်မထိရက်နှင့် 

ဖူးဖူးမှုတ်ထားခဲ့မိပေမဲ့ အခုတော့မေ့ရဲ့အသား

နုနုလေးပေါ်မှာ ဟိုလူယုတ်မာတွေကြာင့်

ခြစ်ရာတွေ ထင်ကုန်လေပြီ။

ထိုအကြောင်းကိုပြန်တွေးမိတိုင်း သူ့အသဲနှလုံးကို

ဆုပ်ယူနေသလိုခံစား‌နေရသည်။


မေ့ရဲ့ညာဘက် နဖူးစွန်းမှာပေါက်ပြဲရာလေး

ရှိနေပြီး ပါးစပ်ကိုတစ်ခုခုနှင့်

စည်းနှောင်ခံထားရသည်ထင်၏ မေ့ရဲ့

ပါးရိုးနှစ်ဖက်လုံးမှာ ညိုမဲစွဲနေသည့်

အစင်းကြောင်းကြီးတွေက လှပသည့်

မေ့မျက်နှာလေးကို ဖြတ်စီးနေသည်။


"မေ..မေ့ဗိုက်ထဲမှာ ကိုယ်တို့ရဲ့ရင်သွေးလေး

ရှိနေပြီ..ကလေးကကိုယ်တို့ဆီကို

သိပ်လာချင်တယ်ထင်ပါရဲ့..အခြေအနေအမျိုးမျိုး

ဖြစ်ပျက်သွားတာတောင် 

သူကအသက်ရှင်နေသေးတယ်..

ဒီအကြောင်းကို ဆရာ၀န်ပြောသွားလို့ကိုယ်သိရတာ

ကျန်တဲ့ မိသားစု၀င်တွေမသိကြသေးဘူး"


ဝိုင်းလေး၏ ၀မ်းဗိုက်ပေါ်သို့ ကိုကိုသည်

သူ့လက်ဖဝါးကိုတင်ပြီး ပြုံးလိုက်လေရာ

မျက်ရည်များအကြားမှ ကိုကို့အပြုံးကို

ကြောင်၍ ကြည့်နေမိသည်။


ရင်သွေးဆိုသည့် စကားကဝိုင်းလေး၏

အရာအားလုံးကို လွှမ်းခြုံသွားသလိုဖြစ်နေသည်။

ဒါဆို ဝိုင်းလေးက ကလေးအမေဖြစ်တော့မည်ပေါ့။

ဒါကြောင့် အဖမ်းခံထားရတုန်းက တစ်ခါတလေ

ဗိုက်တွေ စူးအောင့်လာတာကိုယ်၀န်ရှိလို့ပဲ

နေလိမ့်မယ်။


ဒါပေမဲ့ လနုနုလေးပဲရှိသည့် ကိုယ်၀န်က

ပြန်ပေးစွဲသမားတွေ အပြင်းအထန်

နှိပ်စက်နေတာတောင် ကျန်ရှိနေသေးတာလား။


ဦးမင်းဒင်၏အဖော် တေဇဆိုသည့်လူဆိုရင်

ဝိုင်းလေးကို ခြေထောက်နဲ့ပိတ်ကန်ခဲ့လို့

ခုံပေါ်ကနေ ဒုန်းကနဲလဲကျပြီး 

နဖူးပေါက်သွားခဲ့သေးတာ။

*ထူးဆန်းစွာပဲ ကလေးလေးကဘာမှ

မဖြစ်ဘူးတဲ့လား..*


"မေ..ကိုယ့်အပေါ်ကိုပွင့်‌လင်းပေးပါကွာ

မေ့ရဲ့ စိတ်ဒဏ်ရာနဲ့ပတ်သတ်ပြီး

ကိုယ်တတ်နိုင်သလောက် ကုစားပေးချင်တယ်

ကိုယ့်ကို မေကိုယ်တိုင်ပြောပြပေးပါနော်..

အခြားသူတွေပြောတာထက် မေကိုယ်တိုင်

ပြောပြတာကို ကိုယ်ကြားချင်တယ်.."


For Me, [6/1/2025 4:07 PM]

ဒဏ်ရာရနေသည့် မေ့မျက်နှာအနှံ့ကို

သူနမ်းလိုက်တော့ မေကသူ့လက်မောင်းကို

ဆုပ်ကိုင်လာလေသည်။

ပြီးနောက် မျက်ရည်ဝိုင်းနေသော

မျက်၀န်းများနှင့် တဖန်မော့ကြည့်လာပြန်ကာ...


"ဝိုင်းလေးပြောပြပါမယ်..အဲ့ဒီ့အချိန်တုန်းက

အသက်ဆယ့်တစ်နှစ်ပဲရှိသေးပေမဲ့

ကံကြမ္မာဆိုးနဲ့ ကြုံခဲ့ရတဲ့အဲ့ဒီနေ့က

အကြောင်းကိုတော့ အခုထိခပ်ရေးရေး

မှတ်မိပါသေးတယ်...

............

အဲ့ဒီ့နေ့က ကျွန်းတောထဲမှာ

ဝိုင်းလေးကစားနေတဲ့အချိန် မိုးဖွဲလေးတွေ

ကျလာလို့ အိမ်ဘက်ကိုပြန်ပြေးဖို့လုပ်နေတုန်း

ကောင်လေးတစ်ယောက်ကငိုပြီး 

ဖြတ်ပြေးသွားတာကို အမှတ်မထင်

တွေ့လိုက်မိတယ်..သူကအနက်ရောင်အိင်္ကျီကို

၀တ်ထားပြီး ကျွန်းတောတစ်လျှောက်

ဖြတ်ပြေးရင်း တောင်အောက်ကို 

ပြေးဆင်းသွားတယ်..အဲ့ဒါနဲ့ဝိုင်းလေးလည်း..

သူ့နောက်ကနေ လိုက်သွားမိခဲ့တယ်...

သူကဝိုင်းလေးတို့အိမ်နဲ့ နဲနဲအလှမ်းဝေးတဲ့

တောင်အောက်က ရေကန်ဘေးနားမှာရှိတဲ့

အိမ်ပျက်ကြီးဆီကို ပြေးသွားနေခဲ့မှန်း

သူ့နောက်ကို လိုက်ရင်းမှတဖြည်းဖြည်း

သိခဲ့ရတာ.."


"နေပါအုံး..မေကဘာလို့အဲ့ကောင်လေးနောက်ကို

ပြေးလိုက်သွားရတာလဲ..အဲ့ကောင်လေးကို

မေသိလို့လား.."


မင်းစက်၏မေးခွန်းကြောင့် မေဝိုင်းလေးသည်

မင်းစက်ကို ပြန်မော့ကြည့်လိုက်မိလေသည်။

ထိုအချိန်မှာ မင်းစက်မသိလိုက်တာက

သူမ၏ပါးစပ်မှ ထွက်လာမည့်စကားလုံးဟာ

သူ့အတွက် အခါးသက်ဆုံးစကားလုံး

ဖြစ်နေလိမ့်မည်ဆိုတာကိုပေါ့။


"အဲ့ဒီ့ကောင်လေးက ကိုကိုပဲလေ..

ကိုကိုမမှတ်မိတော့ဘူးလား..အဲ့ဒီ့နေ့က

ဘာကြောင့်မှန်းမသိပဲ ကိုကိုငိုပြီး

တောင်အောက်ကို ပြေးဆင်းသွားခဲ့တာလေ

ပြီးတော့ အိမ်ပျက်ကြီးထဲကို တစ်ယောက်တည်း

၀င်သွားပြီး အမှောင်ခန်းတစ်ခုထဲမှာ

ထိုင်ငိုနေခဲ့တယ်..ကိုကိုကအမြဲတမ်း

ရုပ်တည်ကြီးနဲ့ နေတတ်ပြီးဘယ်သူနဲ့မှ

အရောတ၀င်‌မနေတတ်တော့ ကိုကိုငိုပြီး

ပြေးလာတာကို မြင်တဲ့အချိန်

ဝိုင်းလေးအတွက်တော့ အထူးအဆန်းကြီးလို

ဖြစ်နေခဲ့တာ..ကိုကိုမမှတ်မိတော့ဘူးလား

အဲ့နေ့က ဝိုင်းလေးကိုကို့ဆီကိုလာပြီး

နှစ်သိမ့်ပေးခဲ့တယ်..ဒါပေမဲ့ကိုကိုက

ဝိုင်းလေးကိုတွေ့တော့ 

.........

**ငါငိုနေတဲ့အကြောင်း..ဘယ်သူ့ကိုမှမပြောနဲ့

ပြောရင် ငါနင့်ကိုညှာမှာမဟုတ်ဘူးလို့**

ခြိမ်းခြောက်ပြီး ပြန်ထွက်ပြေးသွားခဲ့တယ်လေ.."


မေပြောသမျှကို သေချာနားထောင်လိုက်ပြီးနောက်

ထိုနေ့ကအဖြစ်အပျက်ကို သူမှတ်မိသွားခဲ့လေပြီ။

အဲ့ဒီ့နေ့ဟာ ကလောမှာနောက်ဆုံးနေခဲ့ရတဲ့

နေ့ဖြစ်ပြီး မြန်မာနိုင်ငံကနေ နှစ်တွေအများကြီး

ကြာအောင် ထွက်ခွာသွားခဲ့ရတဲ့

နေ့တစ်နေ့လည်းဖြစ်ခဲ့တယ်။


စင်္ကာပူကနေ အဖေမသိအောင်အမေ့ဆီကို

ခိုးပြန်ခဲ့ပြီး အမေနဲ့အတူ ကလောကို

အလည်လိုက်လာခဲ့တာမှာ မိုးတွေရွာတဲ့

အဲ့ဒီ့နေ့က အဖေကိုယ်တိုင်ကလောအထိ

လိုက်လာပြီး စင်္ကာပူကိုပြန်လိုက်ခဲ့ဖို့

ရိုက်နှက်ကာ လာခေါ်ခဲ့တယ်။


အမေကလည်း အဖေ့ကိုဘာမှ

ပြန်၀င်မပြောပေးတော့ ကိုယ့်ဘက်မှာ

ဘယ်သူမှ မရှိဘူးဆိုပြီး

"အားငယ်၊စိတ်ပျက်မှုတွေနဲ့အတူ.."

အိမ်ပျက်ကြီးဆီကို ထွက်ပြေးခဲ့မိတယ်။


 ဆယ့်တစ်နှစ်အရွယ်ကလေးမလေး

ကိုယ့်နောက်ကနေ လိုက်လာခဲ့တာကို

တကယ်မသိခဲ့ပါဘူး။

ကိုယ်ငိုနေတာကို ကလေးမလေး

မြင်သွားခဲ့တော့လည်း ခြိမ်းခြောက်စကားသာ

ပြောခဲ့ပြီး အိမ်ပျက်ကြီးထဲကနေ

ပြန်ပြေးထွက်မိခဲ့တယ်။


အဲ့ဒီ့နေ့ ညနေပိုင်းမှာပဲကိုယ်လည်း

စလုံးကို အဖေနဲ့အတူပြန်လိုက်သွားခဲ့ရ၍

ဘာတွေ ဆက်ဖြစ်လဲမသိခဲ့‌ပေ။


မင်းစက်သည် မေ့မျက်နှာကို 

ပြန်ကြည့်လိုက်မိသည့်အခိုက်မှာ တစ်ခုခုကို

တွေးလိုက်မိ၍ ထိတ်လန့်သွားခဲ့တယ်။


"ဒါဆို..အဲ့ဒီ့နေကကိုယ်အိမ်ပျက်ကြီးထဲကနေ

ပြန်ထွက်သွားတော့ ဘာတွေဆက်ဖြစ်ခဲ့တာလဲ.."


"ဝိုင်းလေးကြောင့် စိတ်အနှောက်အယှက်ဖြစ်ပြီး

အမှောင်ခန်းထဲကနေ ကိုကို

ပြန်ပြေးထွက်သွားတဲ့အချိန် တံခါးကို

စောင့်ပိတ်သွားခဲ့တယ်လေ..

ဝိုင်းလေးပြန်ဖွင့်ကြည့်တော့ ကလေးအားနဲ့မို့

တံခါးကို လုံး၀ပြန်ဖွင့်လို့မရခဲ့ဘူး..

ဝိုင်းလေးလည်း အော်ဟေ့အကူအညီတောင်းပြီး

တစ်ချိန်လုံး ငိုနေခဲ့ရင်းနဲ့ အချိန်တွေဘယ်လာက်

ကုန်သွားခဲ့သလဲတောင် သတိမထားမိခဲ့ဘူး

........

အခန်းတစ်ခုလုံးက မှောင်နေပြီး

နံရံရဲ့အမြင့်ဆုံးနေရာမှာ 

ဖောက်ထားတဲ့ ပြူတင်းပေါက်ကနေ

မြင်နိုင်တာဆိုလို့  လပြည့်၀န်းကြီးပဲရှိတယ်..

မိုးလေငြိမ်သွားပြီး လထွက်လာတဲ့အချိန်မှာ

ခြေသံတွေကြားလို့  လူတစ်ယောက်၀င်တယ်

ထင်လိုက်ပြီး အော်ခေါ်ပြီးအကူအညီ

တောင်းကြည့်လိုက်မိတယ်...

........

တကယ်တော့ အဲ့ဒီ့လူကသူတော်ကောင်း

တစ်ယောက်မဟုတ်ပဲ လူယုတ်မာတစ်ယောက်

ဖြစ်နေခဲ့တာပါ..ဝိုင်း‌လေးရဲ့အသံကို

ကြားတော့ အဲ့လူကြီးကအခန်းထဲကို

၀င်လာပြီး တံခါးကိုပြန်ပိတ်လိုက်တယ်..

သူ၀င်လာတာနဲ့ အမှောင်ခန်းတစ်ခုလုံး

အရက်နံ့တွေရသွားတော့

 အရက်သမားကြီးမှန်း သိလိုက်ပြီးဝိုင်းလေးလည်း

ထအော်လိုက်မိတယ်..

.........

ဒါပေမဲ့အဲ့ဒီ့လူကြီးက

ဝိုင်းလေးကို ကြမ်းပေါ်ကိုလှဲချပစ်ပြီး

လက်တွေ‌၊ခြေတွေကို ချုပ်ထားခဲ့တယ်..

ဝိုင်းလေးကအော်တော့ ဝိုင်းလေးကို


ပါးတွေ၊နားတွေရိုက်ပြီး အသံမထွက်ဖို့

ခြိမ်းခြောက်တယ်..အဲ့ဒီ့အချိန်မှာဝိုင်းလေးရဲ့

အသိစိတ်တစ်ခုလုံး အကြောက်တရားတွေပဲ

ဖုံးလွှမ်းနေခဲ့တာ..

..........

ဝိုင်းလေးအဲ့လူကြီးကို

သိပ်ကြောက်လွန်းလို့ သူပြောသလို

မအော်မိအောင်နေခဲ့ပေမဲ့ အဆက်မပြတ်

ငိုနေခဲ့မိတယ်ကိုကိုရယ်..တစ်ယောက်ယောက်

လာကယ်ပေးဖို့ကိုလည်း ပြူတင်းပေါက်ကနေ

မြင်နေရတဲ့ လမင်းကြီးကိုကြည့်ပြီး

အကြိမ်ကြိမ် ဆုတောင်းနေမိခဲ့တယ်..

နောက်တော့အဲ့လူကြီးက ဝိုင်းလေးရဲ့

အ၀တ်အစားတွေကို ဆွဲဖြဲလိုက်ပြီး

မတရားကြံစည်ဖို့ ကြိုးစားနေတဲ့အချိန်

အမေတို့အဖေတို့နဲ့ဆွေမျိုးတွေရဲ့

အော်ခေါ်သံက အိမ်ပျက်ကြီးနဲ့နီးလာခဲ့တယ်..

ကံကောင်းချင်တော့ အမေတို့က

အိမ်ပျက်ကြီးအနားတဝိုက်မှာ ဝိုင်းလေးကို

ရှာဖို့ လုပ်ခဲ့ကြတော့အဲ့လူကလည်း

ထွက်ပြေးသွားခဲ့တယ်.."


"ဒါဆို..အမေတင်တို့က အိမ်ပျက်ကြီးထဲမှာ

မေ့ကို၀င်ရှာခဲ့ကြတာလား.."


"ဟုတ်တယ်..အဲ့လူထွက်သွားပြီးတာနဲ့

ဝိုင်းလေးလည်း စိတ်ကိုတင်းပြီး

အမေတို့ရှိတဲ့နေရာကို ထွက်လာခဲ့တာ..

အမေတို့နဲ့တွေ့ပြီးနောက်ပိုင်း ကြောက်စိတ်ကြောင့်

သတိလစ်သွားခဲ့တော့ ဘာတွေဆက်ဖြစ်မှန်း

သတိမရတော့ဘူး.."


 မေပြောတာတွေအားလုံးကို နားထောင်မိပြီးနောက်

သူ့မျက်၀န်းထဲမှ မျက်ရည်တွေ

စိမ့်ထွက်လာလေတော့သည်။

မိန်းကလေးတစ်ယောက်အတွက်(သို့မဟုတ်)

ကလေးငယ်တစ်ယောက်အတွက် 

ဒီလို အဖြစ်အပျက်ကြီးက ဘယ်တော့မှ

ပြန်မမက်ချင်သည့် အိပ်မက်ဆိုးကြီးတစ်ခုပါပဲ။


ဒီအိပ်မက်ဆိုးကြီးကို ညတိုင်းမြင်မက်ပြီး

ထိတ်လန့်နေခဲ့ရတဲ့ မေ့ခမျာ တကယ့်လက်တွေ့

ကြုံတွေ့ခဲ့ရတဲ့ အချိန်တုန်းက

ဘယ်လောက်တောင်သွေးပျက်နေခဲ့မလဲ။


သူကိုယ်တိုင်တောင် အဲ့ဒီ့အဖြစ်အပျက်ကြီးကို

စိတ်ကူးထဲမှာ ပုံဖော်ကြည့်နေမိရင်းနှင့်

ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးတဖြန်းဖြန်း

ထလာရလောက်အောင်အထိ ခံပြင်းနေရသည်။


"အဲ့ဒီ့လူကို ဖမ်းမိသွားလား.."


"မဖမ်းမိခဲ့ဘူး..ဘာလို့လဲဆိုတော့

အခန်းကမှောင်နေတော့ သူ့အသံကလွဲပြီး

မျက်နှာကို သဲသဲကွဲကွဲမမြင်ခဲ့ရလို့

ဒါပေမဲ့အဲ့ဒီ့လူကိုအခု ဝိုင်းလေးပြန်တွေ့ပြီ.."


ပြူတင်းတံခါးမှ ၀င်လာသောညနေဆည်းဆာ၏

အရောင်ထက်တောင် တောက်ပသော

မျက်၀န်းလေးများဖြင့် မေကသူ့ကို

မော့ကြည့်လာလေသည်။

သူ့လက်မောင်းကိုလည်း အားကိုးတကြီးနှင့်

ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လာခဲ့ပြန်သည်။


"အဲ့ဒီ့လူကို ကိုကိုသေချာပေါက် အပြစ်ပေးရမယ်

ဝိုင်းလေးအပေါ်မှာ လုပ်ခဲ့တဲ့နာကျင်မှုတွေအတိုင်း

သူပြန်ခံစားရတာမျိုးလိုချင်တယ်.."


မေ့ဆီမှ ကြားလိုက်ရသည့်စကားကြောင့်

မင်းစက်တောင် တုန်လှုပ်သွားလေသည်။

သူအမြဲကြည့်နေခဲ့တဲ့ မေဆိုသော

မိန်းကလေးသည် ဖြူစင်သော

မျက်၀န်းညိုလေးများကို ပိုင်ဆိုင်ထားသူဖြစ်ပြီး

သူတစ်ပါး နစ်နာစေမည့်အရာကို

လုပ်လေ့မရှိခဲ့ပေ။


အခုတော့ မေ့မျက်၀န်းထဲမှာကြမ်းတမ်းမှုတွေ

ရှိနေပြီး ရက်စက်ပစ်လိုမှုတွေပါရောပြွန်းနေသည်။

အဲ့ဒီ့လူကို မေဘယ်လောက်မုန်းနေသလဲဆိုတာ

မေ့အပြုအမူတွေကနေတစ်ဆင့် မြင်နိုင်သည်။


မင်းစက်အာဏာဆိုသည့် သူကိုယ်တိုင်ကလည်း

မေ့အတွက်ဆို ဘာမဆိုဖြစ်အောင်

လုပ်ပေးချင်သူမှ မေ့အတွက်ဓားတောင်ကိုပင်

ကျော်လွှားပစ်မည့်သူတစ်ယောက်ပါ။


"ဘယ်သူလဲ..မေ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့လူက

ဘယ်သူလဲ.."


"အဲ့ဒီ့လူက ဦးမင်းဒင်ပဲ..

သူကိုယ်တိုင်ဝိုင်းလေးကို ၀န်ခံခဲ့တာ.."


"ဘာ.."


ဘာမှတောင် ပြန်မပြောနိုင်လောက်အောင်အထိ

မင်းစက် စွံ့အသွားမိသည်။

‌ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် မေဟာနှစ်ကြိမ်တိတိ

ကံဆိုးခဲ့ရတာပါလား။

နှစ်ကြိမ်လုံးမှာ ဒုက္ခ‌ပေးလာတဲ့လူကလည်း

တစ်ယောက်တည်းပဲ။

ဒါပေမဲ့ အားလုံးကိုအရင်းခံကြည့်လိုက်ရင်

မေ့ကို ကံဆိုးစေခဲ့တာကကိုယ်ဖြစ်နေခဲ့တယ်။


"ကိုကိုတောင်းပန်ပါတယ်မေရယ်..

ကိုယ့်ကြောင့်သာ..နှစ်ကြိမ်လုံး

မေဒုက္ခရောက်ခဲ့ရတာပါ..ကိုယ်မကောင်းတာပါ.."


"အို..ဘာလို့မျက်ရည်တွေကျနေတာလဲ..

မငိုပါနဲ့..ကိုကို့ကြောင့်ဖြစ်ရတယ်ဆိုရအောင်

ကိုကိုကဝိုင်းလေးကို ဘာဒုက္ခပေးခဲ့တာမှတ်လို့

ကိုကိုကသာ ဝိုင်းလေးကိုကယ်တင်ပေးခဲ့တာပါ

.........

ကိုယ့်ဘ၀ကိုယ် အမှောင်ကျတော့မယ်လို့

ယတိပြတ်တွေးမိပြီးသားအချိန်မှာ 

ကိုကိုကသာ အလင်းထဲကိုပြန်ရောက်အောင်

ဆွဲခေါ်ပေးခဲ့ပြီး..ဝိုင်းလေးရဲ့စိတ်ဒဏ်ရာကို

သက်သာအောင် လုပ်ပေးနိုင်ခဲ့တာပါ..

ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့.."


ကိုယ်ကသူလေးကိုနှစ်သိမ့်ပေးရမည့်အစား

ကိုယ့်ကို ပြန်၍‌နှစ်သိမ့်ပေးနေသောကြောင့်

မေ့ကို ဆွဲဖက်ပစ်လိုက်ပြီး မေ့ရဲ့လည်တိုင်ကို

အနူးညံ့ဆုံး နမ်းရှိုက်ပစ်လိုက်သည်။


"ကိုယ်ကတိပေးပါတယ်မေ..နောက်ကို

ဒီလိုအဖြစ်မျိုး မကြုံစေရတော့ပါဘူး

မေ့ကို သေချာပေါက်ကာကွယ်ပေးပါ့မယ်

အဲ့ဒီ့ မင်းဒင်တို့အဖွဲ့ကိုလည်း ထောင်ထဲကနေ

မထွက်ရအောင် သေချာပေါက်လုပ်ပေးမယ်

မေ့ကို စိတ်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့အတွက်

 နောင်တကောင်းကောင်းရစေရမယ်.."


"ကျေးဇူးတင်ပါတယ်ကိုကို..."


မေ့ဆီက ကျေးဇူးတင်စကားကို မကြားချင်ပေမဲ့

သူဘာမှ ပြန်မပြောဖြစ်တော့ပေ။

မေ့ကိုသာ သူ့ရင်ငွေ့နှင့်နွေးထွေးမှုပေးပြီး

ညိမ်နေလိုက်မိသည်။


ပြူတင်းပေါက်ကို လှမ်းကြည့်လိုက်မိတော့

အရောင်တောက်နေသည့် ညနေရှုခင်းက

တည်တည်ငြိမ်ငြိမ်နှင့် လှပနေလေသည်။

*မေနဲ့ကိုယ်တို့ရဲ့ဘ၀လည်း

 အမြဲသာယာလှပနေရင်သိပ်ကောင်းမှာပဲ..."


❤️❤️❤️❤️❤️❤️❤️


နေ့လည်နေ့ခင်းဖြစ်၍ နေကပူခြစ်တောက်နေပေမဲ့

မေဝိုင်းလေးတော့ အဲ့ယားကွန်းဖွင့်ထားသော

ကား‌လေးထဲမှာ အေးဆေးသက်သာစွာ

ထိုင်လိုက်လာခဲ့သည်။


မင်းသစ်ကို မေဝိုင်းလေး၏ကိုယ်ပိုင်ဒါရိုင်ဘာ

အဖြစ် မင်းစက်အာဏာကသတ်မှတ်ပေးထား၍

မင်းသစ်မှာတော့ မေဝိုင်းလေးဘယ်နေရာသွားသွား

တကောက်ကောက် လိုက်ရတော့သည်။


မေဝိုင်းလေးသည် စွင့်ကားနေသောဗိုက်ပူပူလေးကို

ဗိုက်ဖုံးအိင်္ကျီလေးအပေါ်ကနေ အုပ်၍ကိုင်လိုက်ပြီး

ခြံလေးထဲသို့ ၀င်ဖို့လုပ်လိုက်သည်။


"ဆရာကတော်..ကားကိုခြံထဲအထိ

မောင်း၀င်လိုက်မယ်လေ..အဲ့ဒါဆိုလမ်းလျှောက်ရ

သက်သာသွားတာပေါ့.."


"ခဏပဲ၀င်မှာမို့လို ကိုမင်းသစ်လည်းဒီမှာပဲ

စောင့်လိုက်တော့နော်..ခဏလေးပါပဲ..

အမေတို့နဲ့တွေ့ပြီး၊နှုတ်ဆက်ပြီးတာနဲ့

ပြန်ထွက်လာခဲ့မယ်.."


"ဟုတ်ကဲ့ပါ...ကျွန်တော်စောင့်နေပါ့မယ်.."


ဗိုက်ကလေးကိုကိုင်ကာ ခြံထဲသို့

၀င်သွားလိုက်ပြီးနောက် အိမ်ထဲသို့တဖြည်းဖြည်း

လှမ်း၀င်သွားလိုက်မိသည်။

အိမ်အကူတွေကိုသာ တွေ့နေရပြီး

အမေတို့၊အန်တီလေးတို့ကိုတော့ မတွေ့ရပေ။


"ဟဲ့..ငါ့အမေတို့ရော..ဘယ်သွားနေကြလဲ..

အိမ်ထဲမှာ တစ်ယောက်မှလည်းမတွေ့ဘူး.."


အရှေ့မှ ဖြတ်သွားသောအိမ်အကူလေး

တစ်ယောက်ကို လှမ်းခေါ်၍မေးလိုက်မိသည်။


"အပေါ်ထပ်က ‌မမထိပ်ထားရဲ့အခန်းထဲမှာပါ

ပြဿနာဖြစ်နေကြတယ်ထင်တယ်..

အပေါ်ထပ်မှာ ဘုရားခန်းကိုသန့်ရှင်းရေး

လုပ်ပေးပြီး..ပြန်ဆင်းတော့စကားများသံတွေကို

ကြားလိုက်ရတယ်.."


"ဟုတ်လား..အင်း..

ဘာတွေဖြစ်ကြပြန်ပြီလည်းမသိဘူး.."


ဗိုက်ကြီးနဲ့ဆိုတော့ ချော်မလဲအောင်

လှေကားလက်ရန်းတွေကို သေချာကိုင်ပြီး

အပေါ်ထပ်သို့သာ တက်လာခဲ့လိုက်သည်။

မမထိပ်ထား၏ အခန်းအရှေ့သို့ရောက်တော့

တံခါးကြီးကလည်း ပွင့်နေပြီးတိတ်ဆိတ်နေကြ၍

အခန်းထဲသို့ ၀င်လိုက်မိတော့မြင်လိုက်ရသည့်

မြင်ကွင်းကြောင့် ဘုရားတမိသွားလေသည်။


"ဘာတွေဖြစ်နေကြတာလဲ...

ဒါအိပ်ဆေးတွေလား.."


မမထိပ်ထားဦးသည် ကုတင်ဘေးတွင်

စိတ်ပျက်လက်ပျက်နှင့် ထိုင်၍ငိုနေပြီး

ဘေးမှာလည်း ဆေးလုံးများစွာ

ပြန့်ကျဲနေလေသည်။


အမေတို့ အန်တီလေးတို့ကလည်း

အခန်းထဲမှာရှိသည့် ထိုင်ခုံအသီးသီးမှာ

ထိုင်နေကြပြီး ငိုထားကြပုံရလေသည်။

ကြည့်ရတာ ပြဿနာတစ်ခုခုဖြစ်သွားပုံရတယ်။


"ဝိုင်းလေးရယ်..ကိုယ်၀န်ကြီးနဲ့ဥစ္စာဘာလို့

အပေါ်ထပ်ကို တက်ခဲ့ရတာလဲ

မတော်တဆပြုတ်ကျနေမှဖြင့်.."


ဝိုင်းလေးကိုတွေ့တော့ အန်တီလေးက

အတင်းပြေးလာပြီး ထိုင်ခုံမှာထိုင်ခိုင်းလေသည်။

ဝိုင်းလေးကတော့ အားလုံး၏မသာမယာ

ဖြစ်နေကြသည့် မျက်နှာတွေကိုသာ

အကဲခတ်နေမိသည်။


"ဘာဖြစ်ကြတာလဲ..မမထိပ်ထားဦးက

အိပ်ဆေးတွေသောက်နေတာလား.."


ဝိုင်းလေးလည်း စိတ်ထဲမှာထင်မြင်မိတာကို

ကောက်ချက်ချ၍ မေးလိုက်မိတော့

အမေက အသံထွက်အောင်အထိ 

ငိုချလာလေသည်။


"မပြောချင်ပါဘူးဝိုင်းလေးရယ်..နင့်အစ်မ

အမိုက်မကြီးပေါ့..ဘယ်သူနဲ့ရခဲ့မှန်းမသိတဲ့

ကိုယ်၀န်ကို လွယ်ထားရပြီလေ.."


"အမယ်လေး.."


ကြားလိုက်ရသော သတင်းကမထင်မှတ်ထားသည့်

ကိစ္စဖြစ်၍ မျက်လုံးတွေတောင်

ပြူးကျယ်သွားရသည်။

ရင်ဘတ်ကိုပြန်ဖိပြီး အမယ်လေးတရသည့်

အထိပါပဲ။


"ကိုယ်၀န်က သုံးပတ်တောင်ရှိနေပြီတဲ့

ဘယ်ကောင်နဲ့ရတာလဲလို့ မေးတော့လည်း

မဖြေဘူးဟယ်..အခုအိပ်ဆေးတွေသောက်ပြီး

သူ့ဘ၀ကို သူဖြတ်စီးဖို့လုပ်နေတာလေ

နင့်အဒေါ်နဲ့တိုးလို့သာပေါ့..ဝိုင်းလေးရယ်

ငါသေသာသေလိုက်ချင်ပါတယ်..

ဘာလို့များ ဒီလိုအဖြစ်မျိုးတွေ

ငါတို့မှာမှ လာကြုံနေရတာလဲ..

ငါညံ့တာ..ငါညံ့တာ..သားသမီးတွေကို

သေချာမဆုံးမနိုင်တဲ့ ငါညံ့တာ.."


အမေက သူ့ကိုယ်သူအပြစ်တင်ပြီး

ကိုယ့်ပါးကို ပြထုရိုက်နေ၍ ဝိုင်းလေးတောင်

ဆွေ့ကနဲထသွားမိပြီး တားလိုက်မိလေသည်။


"အမေရယ်..အဲ့လိုတွေမလုပ်ပါနဲ့

သမီးကြည့်ပြီး စီစဉ်ပေးပါ့မယ်..ဒါပေမဲ့

မမထိပ်ထားကတော့ ဒီကိုယ်၀န်ကဘယ်သူနဲ့

ရခဲ့တာလဲဆိုတာ ပြောပြော ဖို့လိုတယ်.."


ဝိုင်းလေးက မမထိပ်ထားဘက်သို့လှည့်ကာ

ပြောလိုက်တော့ မမထိပ်ထားသည်

ငိုထား၍ နီအစ်နေသောမျက်၀န်းများဖြင့်

ဝိုင်းလေးကို မော့ကြည့်လာလေသည်။

အခုချိန်မှာ သူ့မျက်၀န်းထဲ၌ မုန်းတီးမှုတွေ

ရှိမနေပေမဲ့ စိတ်မလုံမလဲမှု၊ရှက်ရွံ့မှုတွေကိုတော့

တွေ့လိုက်ရသည်။


"နင်ကဘာလုပ်ပေးနိုင်မှာဟုတ်လို့လဲ

ငါ့ကိုသာ ကျေနပ်တဲ့အထိလှောင်ရယ်ပြီး

ပြန်သွားလိုက်စမ်းပါ..

ငါဒီလိုဖြစ်နေတာကို မြင်ရတော့

နင်အရမ်းပျော်နေမှာပေါ့..."


"ဝိုင်းလေးက ဘာကိစ္စပျော်ရမှာလဲ..

ကိုယ့်မိသားစု၀င်တစ်ယောက် ဒုက္ခရောက်နေတာကို

လှောင်ရယ်ရလောက်အောင်အထိ

ဝိုင်းလေး အောက်တန်းမကျသေးဘူး

အခုမေးနေတာကလည်း ကလေးအဖေ

ဘယ်သူဆိုတာကို သိရင်အဲ့လူကို

တာ၀န်ယူဖို့ စကားပြောရမယ်လေ..

တကယ်လို့ အဲ့လူကလက်မခံရင်..

တစ်မျိုး စဉ်းစားရမှာပေါ့..

ဒီအတိုင်းထိုင်နေပြီး ကိုယ့်ကိုကိုယ်

သက်သေပစ်ဖို့ပဲ တွေးမနေနဲ့

ကိုယ့်ကိုယ်ကို အဆုံးသတ်လိုက်နိုင်ပေမဲ့

နောက်မှာကျန်ခဲ့တဲ့ မိသားစုက

အပြစ်ရှိစိတ်နဲ့ ကျန်ခဲ့ရမှာကိုစဉ်းစားမိရဲ့လား

အခုခောတ်မှာ တစ်ကိုယ်တည်းရပ်တည်နေတဲ့

အမေတွေလည်း အများကြီးပဲ..

ကိုယ့်ဘ၀ကိုဖြတ်ခဲ့ပြီးမှ နောင်တရမနေနဲ့တော့

ဘယ်လိုအကောင်းဆုံး ကျော်ဖြတ်မလဲပဲ

စဉ်စားရမှာ မဟုတ်ဘူးလား.."


မမထိပ်ထားလည်း ဝိုင်းလေး၏စကားကို

ကြားတော့ အရင်လိုပြန်ရန်တွေ့တာမျိုး

မလုပ်တော့ပဲ ငြိမ်ကျသွားလေတော့သည်။

ပြီးနောက် မျက်နှာကိုလက်ဖဝါးနှင့်အုပ်ကာ

အကြီးအကျယ် ငိုလေတော့သည်။


ဝိုင်းလေးလည်း အချိန်တော်တော်ကြာသည်အထိ

စောင့်နေလိုက်ပြီး သူငိုလို့၀သည့်အချိန်မှာပဲ

ကလေးအဖေ ဘယ်သူ၊ဘယ်ဝါဖြစ်ကြောင်း

ထပ်မေးလိုက်တော့သည်။


"သူ့မှာမိန်းမနဲ့ ကလေးရှိတယ်..သူကငါ့ကို

လုံး၀လက်မထပ်နိုင်ဘူးတဲ့ တိတ်တိတ်ပုန်း

မယားအနေနဲ့ သူ့ကလေးကိုမွေးပေးပြီး

သူထောက်ပံ့တာကိုပဲ လက်ခံရမယ်တဲ့လေ.."


"ဟာ.."


ထိပ်ထားဦး၏ ၀န်ခံချက်ကိုကြားသည်နှင့်

ဒေါ်တင်မမတစ်ယောက် နေရာမှာ

ထိုင်မနေနိုင်တော့ပဲ ချက်ချက်ထလိုက်မိလေသည်။


"..မိုက်ရိုင်းလိုက်တာ..လူစိတ်မရှိလိုက်တာ

နေပါအုံး..နင်ဘာလို့အဲ့လိုလူနဲ့မှ

သွားပတ်သတ်ရတာလဲ..

အဲ့လူမှာအိမ်ထောင်ရှိမှန်း နင်အစတည်းက

မသိဘူးလား...ငါမေးနေတယ်လေ.."


"သမီးသိပါတယ်..ဒါပေမဲ့သူကသမီးကို

ထောင်ချောက်ဆင်ပြီး ဖြတ်စီးခဲ့တာ.."


"အမိုက်မ..နင့်မှာကိုယ်ကျင့်သိက္ခာဆိုတာ

မရှိတော့ဘူးလား..အရှက်တရားဆိုတာကို

ဘယ်နားမှာသွားထားလိုက်တာလဲ..

အိမ်ထောင်ရှိတဲ့ ကလေးအဖေတစ်ယောက်နဲ့

တွဲရလောက်အောင် နင့်အတွက်အဲ့လောက်ပဲ

လင်ရှားရသလားဟဲ့...

ငါသေသာသေလိုက်ချင်တော့တယ်..."


အမေက မမထိပ်ထားကိုထုရိုက်ခြင်းမျိုး

မလုပ်ပေမဲ့ ယူကျုံးမရစွာနှင့် အဆင်မ‌ပြတ်

ပြောနေတော့လေသည်။


ဝိုင်းလေးလည်း အတတ်နိုင်ဆုံးဝိုင်းထိန်းပေးခဲ့ပြီး

တရားစွဲချင်လည်းစွဲ မစွဲချင်လည်း

ပြင်ဦးလွင်ဘက်သို့ ကလေးမွေးပြီးသည်အထိ

သွားနေဖို့ရန် ကူညီမည်ဟု

အကြံပေးလိုက်မိသည်။


ကံကြမ္မာဆိုတာ အမြဲတစ်ပတ်ပြန်လည်တတ်မှန်း

ကိုယ်တွေ့ ကြုံလိုက်ရပါပြီ။

ဝိုင်းလေးကို ကိုကို့အရှေ့မှာတောင်

မသန့်စင်တော့ဘူးဟု စွတ်စွဲခဲ့သည့်

မမထိပ်ထားသည် ယခုတော့သူကိုယ်တိုင်

ထိုအဖြစ်မျိုးကို ကြုံတွေ့နေရလေပြီ။


သည့်အတွက် ကျေနပ်လားလို့မေးရင်

ကျေနပ်သည်ဟု ပြန်ဖြေမိလိမ့်မည်။

တစ်ပါးသူဒုက္ခရောက်တာကို ၀မ်းသာတာမျိုး

မဟုတ်ပေမဲ့ ဟိုးငယ်ငယ်တည်းက

ဝိုင်းလေးကို တစ်နည်းမဟုတ်တစ်နည်း

ဒုက္ခပေးလာခဲ့သည့် လူတစ်ယောက်ကပြန်၍

၀ဋ်လည်တာကိုတော့ ထူးပြီး၀မ်းမနည်းမိတာတော့

အမှန်ပဲ။


ဒါဟာ သူ့ကိုမုန်းလို့မဟုတ်ပဲ

 သူပြန်ပြီး၀ဋ်လည်နေ၍ ဝိုင်းလေးတုန်းက

ဘယ်လောက်အထိ ခံစားခဲ့ရမလည်းဆိုတာ

ကိုယ်ချင်းစာတတ်‌လောက်မည်ဟု

တွေးမိသွားလို့ပါ။


❤️❤️❤️❤️❤️❤️


သုံးနှစ်ခန့်ကြာသောအခါ...

🍁🍁🍁🍁🍁🍁🍁🍁


မနက်ခင်း၏နေရာင်ခြည်တန်းလေးသည်

ဘုရားရင်ပြင်တစ်ခုလုံးကို ဖြန့်ကျက်ကာ

လူများ၏စိတ်အစဉ်ကို လန်းဆန်းတက်ကြွ

လာစေခဲ့သည်။


ခေါင်းလောင်းထိုးသံနှင့်အတူ ပေါ်ထွက်လာသည့်

တချွင်ချွင်မြည်နေသော

ဆည်းလည်းသံလေးများက

ဘုရားရိပ်တရားရိပ်၏ အေးချမ်းမှုကို 

ဖော်ဆောင်နေလေသည်။


ညောင်ပင်ကြီး၏ အရိပ်ကိုခိုလှုံရင်း 

ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိသည့်အခိုက်

အစိမ်းရောင် သစ်ရွက်လေးများက

မြင်ကွင်းထဲတွင် အရင်ပေါ်လာပြီး

နောက်ထပ် ကြည်လင်နေသော

ကောင်းကင်ပြာကြီးကို တွေ့လိုက်ရသည်။


အပင်ကို မှီထားရင်းနှင့်ကိုကိုသည်

ဝိုင်းလေး၏ လက်ဖဝါးလေးကို

ကိုင်ဆုပ်ထားလေသည်။

ပြီးနောက် နှစ်ယောက်သား ငှက်ကလေးတွေကို

လိုက်ကြည့်နေသော သားလေးကိုသာ

ပြိုင်တူကြည့်ကာ ပြုံးလိုက်မိကြသည် ။


"ရှိုင်းလေးရယ်..ဘာလို့လျှောက်ပြေးနေရတာလဲ

ဖွားဖွား မောနေပြီကွဲ့.."


"ဖားဖားကလည်း..ဖားဖားဘာသာလိုက်နေပြီးတော့

တားတားကမောပါဘူး..ဟိုမှာကြည့်ငှက်လေးက

အတောင်ပံလေးနဲ့နော်..အမွှေးတွေကို

ဆွဲနှုတ်ချင်လိုက်တာ.."


"ဟဲ့..ဘယ့်နှယ်ငှက်ကို 

အမွှေးဆွဲနှုတ်ချင်ရတာတုန်း.."


"ဖားဖားကလဲ ငှက်မွှေးတေကိုဆွဲနှုတ်ရင်

မပျံနိုင်တော့ဘူးလေ..အဲ့ဒါဆိုတားတားက

အိမ်ကိုခေါ်တွားလို့ရတာပေါ့..."


"ဘာလဲ..ရှိုင်းလေးက အဲ့ငှက်လေးကို

အိမ်ခေါ်ပြီး မွေးချင်လို့လား.."


"မဟုတ်ပါဘူး..ငှက်ကင်လုပ်ချားမရို့.."


"အမယ်လေးတော့..ဒီကလေးနဲ့တော့

ငါသွေးတက်ပါတယ်..ငါကအိမ်ခေါ်ပြီး

ငှက်မွေးမယ်ထင်တာ သူကကင်စားမလို့တဲ့..."


ဒေါ်ခိုင်မိုးမြင့်တစ်ယောက် သူ့မြေးကြောင့်

လက်ရောခြေရော မြှောက်နေရလေပြီ။

အဖေဖြစ်သူကိုလည်း ဘယ်တုန်းကမှ

မနိုင်ခဲ့သလို အခုမြေးအလှည့်ကြပြန်တော့

ပိုတောင် စိုးနေသည်။


"မမရယ်..ခါးလည်းသိပ်ကောင်းတာမဟုတ်ပဲ

ကိုယ့်ဘာသာ အေးဆေးထိုင်နေစမ်းပါ.."


ဒေါ်ရတနာက အစ်မဖြစ်သူကိုစိတ်ပူ၍

လှမ်းအော်လိုက်ပေမဲ့ ဒေါ်ခိုင်မိုးမြင့်ကတော့

ဂရုမစိုက်ပဲ သူ့မြေးနောက်သာ

တကောက်ကောက် လိုက်နေတော့သည်။

အစ်မဖြစ်သူက မေဝိုင်းလေးကိုသာ

အမြင်မကြည်တာ သူ့မြေးရှိုင်းမင်းသုတကိုတော့

သဲသဲလှုပ်ပဲ။


"ငါမလိုက်ရင် ဒီမှာကလေးကနေပူထဲကို

ထွက်မှာပေါ့..ကလေးဖျားရင်ဘယ်လိုလုပ်မလဲ

သူ့မိဘတွေကလည်း လူကြီးတွေရှိရင်

ကလေးကို ကြည့်ကြတာမဟုတ်ဘူး..

ဟော..ပြောရင်းဆိုရင်းဟိုလင်မယား

ဘယ်ထသွားပြန်ပြီလည်း မသိဘူး.."


ဒေါ်ခိုင်မိုးမြင့်နှင့် ဒေါ်တင်မမတစ်ယောက်

မေဝိုင်းလေးနှင့်မင်းစက်တို့ ထိုင်ခဲ့သည့်

နေရာသို့ ပြန်ကြည့်လိုက်တော့ နှစ်ယောက်သားကို

အရိပ်တောင် မတွေ့ရတော့ပေ။


"ဟင်း..ဟုတ်လည်းဟုတ်ပါရဲ့..မိန်းမက

ကိုယ်၀န်နဲ့မို့ ယောက်ျားက ကလေးထိန်းမယ်မရှိဘူး

သူ့မိန်းမ ဗိုက်ကြီးသည်ကိုပဲ တမမလုပ်နေတယ်

ပြီးရင် နောက်တစ်ယောက်မွေးပြီး

 တို့ဆီပဲပစ်ထားဦးမှာ.."


"အမယ်လေး..နောက်တစ်ယောက်တော့

ဆက်မထိန်းနိုင်တော့ဘူးဟေ့..

ရှိုင်းမင်းသုတကိုတောင်အနိုင်နိုင်

နောက်တစ်ယောက်သာဆို ငါသေမှာပဲ.."


ညီအစ်မနှစ်ယောက်သား ကလေးထိန်းရင်းနှင့်

ဟိုလင်မယားအတင်းကို တုပ်နေကြသည့်

အချိန်မှာ ချစ်စ၊ကြင်နာစကဲ့သို့

တကဲကဲဖြစ်နေသည့် လင်မယားကတော့

ဘုရားရင်ပြင်ပေါ်တွင် လမ်းပတ်လျှောက်ရင်း

လည်နေကြလေသည်။


"မေ..၀င်းတောင်မြန်မာနိုင်ငံကို

ပြန်လာတော့မယ်..သားလေးရှိုင်းကိုလဲ

တွေ့ချင်တယ်တဲ့ သူကိုယ့်ကိုမက်ဆေ့ခ်ျပို့တယ်.."


၀င်းဆိုသည့် နာမည်ကိုကြားတော့ 

ရွှေတိဂုံဘုရားကြီးကို မျှော်တလင့်လင့်

ငေးကြည့်လိုက်မိလေသညိ။

ကိုဦးတစ်ယောက် နိုင်ငံခြားကိုပြန်ထွက်သွားတာ

ကြာလေပြီ။


သားလေး မမွေးခင်တည်းကဆိုပါတော့

ဝိုင်းလေးကို နှုတ်မဆက်ခဲ့ပေမဲ့ 

ကိုကို့ကိုတော့ နှုတ်ဆက်သွားခဲ့တယ်။

သူ့ရဲ့ ရှိုးပွဲကိုတောင် ဝိုင်းလေးမသွားလိုက်မိဘူး။

အခုသူက ပြန်ရောက်လာတော့မည်တဲ့

ကိုဦးလည်း လက်တွဲဖော်ကောင်းနဲ့တွေ့ပြီး

သာယာပျော်ရွှင်နေတာကို မြင်ချင်မိပါရဲ့။


"ကိုကို..ပထမတစ်ခါက ကိုကို့ဆုတောင်းအတိုင်း

သားလေးမွေးတယ်နော်..အခုရော

ယောက်ျားလေးမွေးစေချင်လား မိန်းကလေး

မွေးစေချင်လား.."


"ကိုယ်ကတော့ မိန်းကလေးပဲလိုချင်တော့တယ်"


"ဘာဖြစ်လို့လဲ..ဝိုင်းလေးကတော့ယောက်ျားလေးပဲ

ထပ်လိုချင်မိတာ..အဲ့ဒါမှရှင်သာမဏေနှစ်ပါး

ရမှာလေ..သားလေးနှစ်ယောက်ကို

ရှင်ပြုခွင့်ရရင်ဘယ်လောက် မွန်မြတ်လိုက်မလဲ.."


"ဟုတ်တော့လည်းဟုတ်ပါတယ်..ဒါပေမဲ့

ကိုယ်ကတော့ သမီးလေးပဲလိုချင်တယ်

ရှိုင်းလေးကအရမ်းဆိုးတာ မေလည်းသိရဲ့သားနဲ့

စကားမပီသေးပေမဲ့

ခုနကတောင် ငှက်ကိုအမွှေးနှုတ်ပြီး

ကင်စားဖို့ သူ့အဖွားကိုပြောနေတာမကြားခဲ့ဘူးလား

ကြီးလာရင် ကိုယ့်ကိုပါတစ်မွှေးမှမကျန်အောင်

ဆွဲနှုတ်နေမှဖြင့်..."


"ဘာလဲ..ကိုကိုကအမွှေးတွေတစ်ပင်မှ

မကျန်တော့မှာ စိုးရိမ်နေတာလား.."


"ဟုတ်တယ်ဟေ့..ဟုတ်တယ်.."


"..ရှိုင်းလေးက ကိုကိုနဲ့တူတာလေ..

ရုပ်ရော၊ဟန်ပန်ရောက တစ်ပုံစံတည်းသိလား

လမ်းလျှောက်ရင် သူ့ကိုယ်သူဆရာကြီးလိုလိုနဲ့

ဘောင်းဘီအိတ်ထဲကို လက်ကနှိုက်သေးတာ..."


"အဲ့ဒါကြောင့် ကိုကိုကနောက်တစ်ယောက်ကို

မေနဲ့တူတာလေး မွေးစေချင်တာပေါ့..

သမီးလေးပဲ မွေးပါကွာနော်.."


"အဲ့ဒါတော့ ဗိုက်ကအခုမှလေးလဲရှိသေးတော့

ဘယ်လိုလုပ်ပြီး သိအုံးမှာလဲ..ဒီလိုလုပ်ပါလား

ဝိုင်းလေးတို့ ဗြမ္မာသားပိုက်ရုပ်ထုမှာ

သမီးဆုသွားပန်ရအောင်လေ..ဒါပေမဲ့ကိုကိုက

အဲ့လိုတွေ အယုံအကြည်မရှိတော့ 

မသွားတော့ပါဘူး"


"ဟာ..ဒီတစ်ခါတော့သွားမယ်..ရှိုင်းလေးလို

နောက်ထပ် မျောက်လွှဲကျော်သားတစ်ယောက်သာ

ထပ်မွေးရင် ခေါင်းမွှေးတင်မကဘူး

ခြေမွှေးပါပြောင်လိမ့်မယ်.."


ဝိုင်းလေးထက် ကိုကိုကပိုစိတ်အားထက်သန်ပြီး

သွားမယ်တကဲကဲနှင့် အတင်းဆွဲခေါ်နေ၍

သမီးဆုပန်ဖို့ရာ အတူသွားလိုက်ရလေသည်။

ဝိုင်းလေးအတွက်တော့ ဒီနှစ်ရဲ့နွေရာသီဟာ

အရမ်းကို ပြီးပြည့်စုံသည်ဟု

ခံစားမိသည်။


အတ္တတွေ၊မာနတွေနှင့် စတင်တည်ဆောက်

ခဲ့ကြသော ပဆစ်အိမ်လေးဆိုပေမဲ့

နောက်ဆုံးမှာ ‌နွေးထွေးမှု၊ပျော်ရွှင်မှုတွေနှင့်သာ

အဆုံးသတ်ခဲ့ပြီဖြစ်၍ ဖော်မပြတတ်အောင်

ကျေနပ်ရသည်။


                    **ပြီးပါပြီ**


(စာရေးသူ..ဆောင်းငွေ့ဝေ)


🍁🍁🍁🍁🍁🍁🍁🍁🍁


ဇာတ်လမ်းလေးကတော့ လှပစွာဇာတ်သိမ်း

သွားခဲ့ပါပြီး စာဖတ်သူတိုရော

ကျေနပ်ကြရဲ့လားရှင့် 


**အများကြီးတော့ မပြောတော့ပါဘူး

နောက်ထပ်ဇာတ်လမ်းလေးဖြစ်တဲ့

(မောင့်အသဲနုနု မလေးပန်ဖိုယူ)ဆိုတဲ့

၀တ္ထုလေးကို ထပ်ပြီးစောင့်မျှော်

အားပေးကြပါအုံးလို တောင်းဆိုရင်း

စာဖတ်သူတစ်ယောက်ချင်းဆီတိုင်း

စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို

ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်**

==================================

------------------------------------------------------------

အခန္း(၅၇)

💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘


ညေနခင္းပိုင္းကို တျဖည္းျဖည္းေရာက္ရွိလာၿပီ

ျဖစ္၍ ေနမင္းသည္လည္း ပုစြန္‌ဆီ‌ေရာင္သို႔

ေျပာင္းသြားကာ တိမ္မ်ားၾကားထဲသို႔

တိုး၀င္ေနေလသည္။


ေန၀င္ေတာ့မည္ျဖစ္၍ အျပင္ဘက္ရာသီဥတုသည္

အခုမွေအးျမစျပဳလာျခင္းျဖစ္ေပမဲ့

အခန္းထဲမွာေတာ့ လူႏွစ္ေယာက္၏

ဆက္ဆံေရးသည္ အေစာတည္းကေအးစက္ၿပီး

တည္ၿငိမ္လြန္းလွသည္။


ေမဝိုင္းေလးသည္ မ်က္ရည္မ်ား

ျပည့္လွ်ံေနေသာ မ်က္၀န္းညိဳေလးႏွင့္

မင္းစက္အာဏာကို ေမာ့ၾကည့္လိုက္သည္။

မင္းစက္ကေတာ့ နံရံကိုသာ အခ်ိန္ၾကာျမင့္စြာ

စိုက္ၾကည့္ေနခဲ့သည္။


ေမဝိုင္းေလး၏ ေျဖရွင္းခ်က္မ်ားကို 

ေစာင့္ေနျခင္းလား မသဲကြဲေပမဲ့

ညႇိဳ႕မႈိင္းေနသည့္ သူ႔မ်က္၀န္းမ်ားမွတစ္ဆင့္

သူ႔ရင္ဘတ္ထဲကို ျမင္ႏိုင္ေပလိမ့္မည္။


ခင္ထိပ္ထားဦး၏စကားေတြက ေမ့ဆီမွ

သူအၾကာႀကီး အေျဖရွာေနသည့္ကိစၥကို

မီးေမာင္းထိုးျပလိုက္တာပါပဲ။

ညတိုင္းနီးပါး အိပ္မက္ဆိုးေတြမက္ၿပီး

လန႔္ႏိုးတတ္သည့္ေမ့မွာ စိတ္ဒဏ္ရာတစ္ခုခု

ရွိလိမ့္မယ္လို႔ သိထားခဲ့ေပမဲ့ ဒီေလာက္အထိ

ဆိုးဝါးခဲ့လိမ့္မည္ဟု မထင္မိခဲ့ေပ။


"ေမ..ကိုယ့္ကိုပြင့္ပြင့္လင္းလင္း 

ေျပာျပေပးပါလားကြာ..ခင္ထိပ္ထားဦး

ေျပာခဲ့တာေတြက အမွန္ေတြပဲလား..

ေမငယ္ငယ္က ဘယ္လိုအျဖစ္ဆိုးမ်ိဳးေတြနဲ႔

ႀကဳံခဲ့ရတာလဲ.."


"ဟင့္အင္း..ဝိုင္းေလးမေျပာခ်င္ဘူး

အဲ့ဒီ့အေၾကာင္းေတြကို ဝိုင္းေလးေမ့ထားခဲ့တာ

ၾကာၿပီ.."


"ဒါေပမဲ့..ေမ့လို႔မရဘူးမဟုတ္လား..

ညတိုင္း အိပ္မက္ဆိုးေတြမက္ၿပီး 

အေမွာင္ေၾကာက္လို႔ သတိလစ္တာေတြပါ

ျဖစ္ခဲ့တယ္ေလ..ေမ့ထားပစ္ယုံနဲ႔မရဘူးကြ

အၿပီးဖယ္ရွားပစ္မွ အရွင္းေပ်ာက္တယ္လို႔ေခၚတာ"


"ေတာ္ပါေတာ့..အဲ့ဒီ့အေၾကာင္းေတြကို

ဝိုင္းေလး ျပန္မေတြးခ်င္ေတာ့ဘူး..

ဘယ္သူ႔ကိုမွလည္း မေျပာျပခ်င္ဘူး..

ျပန္ေတြးမိတိုင္း အေဟာင္းေတြက

အသစ္ျပန္ျဖစ္လာလို႔ပါ..ျပန္မေျပာခိုင္းပါနဲ႔

ဝိုင္းေလးေတာင္းပန္ပါတယ္.."


"ဒါဆို ခင္ထိပ္ထားဦးေျပာခဲ့သမွ်က

အမွန္ေတြႀကီးပဲလို႔ ယုံလိုက္ရမွာလား..

ေမကတကယ္ပဲ အသက္ဆယ့္တစ္ႏွစ္မွာ

မတရားခံခဲ့ရဖူးတာလား.."


"မဟုတ္ဘူး..အဲ့လိုမဟုတ္ပါဘူးကိုကိုရယ္

ဝိုင္းေလးက ျဖဴစင္ပါတယ္..ကိုကို႔ကိုလည္း

အပ်ိဳဘ၀နဲ႔ လက္ထပ္ခဲ့တာပါ..

ဝိုင္းေလးဘယ္တုန္းကမွ ကိုကိုတို႔မိသားစုကို

မလွည့္စားခဲ့ပါဘူး..."


ပါးျပင္ေပၚမွာ ပုလဲလုံးတို႔ေျမခသကဲ့သို႔

မ်က္ရည္မ်ားတပါက္ေပါက္ စီးက်ေနေလရာ

မင္းစက္လည္း မေနနႏိုင္ေတာ့ပဲ သူမကို

ဖက္ေပးထားလိုက္မိေတာ့သည္။

‌အနည္းဆုံးေတာ့ ေမစိတ္သက္သာရာရမွာ

ေသခ်ာတယ္။


"ေမ့ကို..ကိုယ္ယုံၿပီးသားပါ..ေမလည္းကိုယ့္ကို

ယုံၾကည္ေပးဖို႔လိုအပ္တယ္. .

ကေလးအေမျဖစ္ေတာ့မယ့္လူတစ္ေယာက္က

ငယ္ဘ၀စိတ္ဒဏ္ရာတစ္ခုကို လႊတ္မခ်ႏိုင္လို႔

မရဘူးေလကြာ..ကိုယ္တိုင္ကေပ်ာ့ညံ့ေနရင္

ကိုယ္တို႔ကေလးေလးကို ဘယ္လိုထိန္းသိမ္း

ေစာင့္ေရွာက္ၾကမွာလဲ.."


"ကေလးအေမဆိုတာ..ဘာကိုဆိုလိုတာလဲ.."


ေမ့ရဲ႕ပခုံးေလးကို ဖက္ေပးထားမိရာမွ

ျပန္၍ခြာလိုက္ၿပီး ေမ့ရဲ႕မ်က္ႏွာေသးေသးေလးကို

လက္ဖဝါးႏွစ္ဖက္ၾကားညႇပ္ထားလိုက္ကာ

‌မ်က္ႏွာအႏွံ႔စိုက္ၾကည့္ေနမိသည္။


‌ျဖဴေဖြးနေသာ မ်က္ႏွာေလးသည္ 

ဒဏ္ရာဒဏ္ခ်က္ေတြႏွင့္သာ ျပည့္ႏွက္ေနသည္။

ကိုယ့္မွာ မတို႔ရက္မထိရက္ႏွင့္ 

ဖူးဖူးမႈတ္ထားခဲ့မိေပမဲ့ အခုေတာ့ေမ့ရဲ႕အသား

ႏုႏုေလးေပၚမွာ ဟိုလူယုတ္မာေတြၾကာင့္

ျခစ္ရာေတြ ထင္ကုန္ေလၿပီ။

ထိုအေၾကာင္းကိုျပန္ေတြးမိတိုင္း သူ႔အသဲႏွလုံးကို

ဆုပ္ယူေနသလိုခံစား‌ေနရသည္။


ေမ့ရဲ႕ညာဘက္ နဖူးစြန္းမွာေပါက္ၿပဲရာေလး

ရွိေနၿပီး ပါးစပ္ကိုတစ္ခုခုႏွင့္

စည္းေႏွာင္ခံထားရသည္ထင္၏ ေမ့ရဲ႕

ပါး႐ိုးႏွစ္ဖက္လုံးမွာ ညိဳမဲစြဲေနသည့္

အစင္းေၾကာင္းႀကီးေတြက လွပသည့္

ေမ့မ်က္ႏွာေလးကို ျဖတ္စီးေနသည္။


"ေမ..ေမ့ဗိုက္ထဲမွာ ကိုယ္တို႔ရဲ႕ရင္ေသြးေလး

ရွိေနၿပီ..ကေလးကကိုယ္တို႔ဆီကို

သိပ္လာခ်င္တယ္ထင္ပါရဲ႕..အေျခအေနအမ်ိဳးမ်ိဳး

ျဖစ္ပ်က္သြားတာေတာင္ 

သူကအသက္ရွင္ေနေသးတယ္..

ဒီအေၾကာင္းကို ဆရာ၀န္ေျပာသြားလို႔ကိုယ္သိရတာ

က်န္တဲ့ မိသားစု၀င္ေတြမသိၾကေသးဘူး"


ဝိုင္းေလး၏ ၀မ္းဗိုက္ေပၚသို႔ ကိုကိုသည္

သူ႔လက္ဖဝါးကိုတင္ၿပီး ၿပဳံးလိုက္ေလရာ

မ်က္ရည္မ်ားအၾကားမွ ကိုကို႔အၿပဳံးကို

ေၾကာင္၍ ၾကည့္ေနမိသည္။


ရင္ေသြးဆိုသည့္ စကားကဝိုင္းေလး၏

အရာအားလုံးကို လႊမ္းၿခဳံသြားသလိုျဖစ္ေနသည္။

ဒါဆို ဝိုင္းေလးက ကေလးအေမျဖစ္ေတာ့မည္ေပါ့။

ဒါေၾကာင့္ အဖမ္းခံထားရတုန္းက တစ္ခါတေလ

ဗိုက္ေတြ စူးေအာင့္လာတာကိုယ္၀န္ရွိလို႔ပဲ

ေနလိမ့္မယ္။


ဒါေပမဲ့ လႏုႏုေလးပဲရွိသည့္ ကိုယ္၀န္က

ျပန္ေပးစြဲသမားေတြ အျပင္းအထန္

ႏွိပ္စက္ေနတာေတာင္ က်န္ရွိေနေသးတာလား။


ဦးမင္းဒင္၏အေဖာ္ ေတဇဆိုသည့္လူဆိုရင္

ဝိုင္းေလးကို ေျခေထာက္နဲ႔ပိတ္ကန္ခဲ့လို႔

ခုံေပၚကေန ဒုန္းကနဲလဲက်ၿပီး 

နဖူးေပါက္သြားခဲ့ေသးတာ။

*ထူးဆန္းစြာပဲ ကေလးေလးကဘာမွ

မျဖစ္ဘူးတဲ့လား..*


"ေမ..ကိုယ့္အေပၚကိုပြင့္‌လင္းေပးပါကြာ

ေမ့ရဲ႕ စိတ္ဒဏ္ရာနဲ႔ပတ္သတ္ၿပီး

ကိုယ္တတ္ႏိုင္သေလာက္ ကုစားေပးခ်င္တယ္

ကိုယ့္ကို ေမကိုယ္တိုင္ေျပာျပေပးပါေနာ္..

အျခားသူေတြေျပာတာထက္ ေမကိုယ္တိုင္

ေျပာျပတာကို ကိုယ္ၾကားခ်င္တယ္.."


ဒဏ္ရာရေနသည့္ ေမ့မ်က္ႏွာအႏွံ႔ကို

သူနမ္းလိုက္ေတာ့ ေမကသူ႔လက္ေမာင္းကို

ဆုပ္ကိုင္လာေလသည္။

ၿပီးေနာက္ မ်က္ရည္ဝိုင္းေနေသာ

မ်က္၀န္းမ်ားႏွင့္ တဖန္ေမာ့ၾကည့္လာျပန္ကာ...


"ဝိုင္းေလးေျပာျပပါမယ္..အဲ့ဒီ့အခ်ိန္တုန္းက

အသက္ဆယ့္တစ္ႏွစ္ပဲရွိေသးေပမဲ့

ကံၾကမၼာဆိုးနဲ႔ ႀကဳံခဲ့ရတဲ့အဲ့ဒီေန႔က

အေၾကာင္းကိုေတာ့ အခုထိခပ္ေရးေရး

မွတ္မိပါေသးတယ္...

............

အဲ့ဒီ့ေန႔က ကြၽန္းေတာထဲမွာ

ဝိုင္းေလးကစားေနတဲ့အခ်ိန္ မိုးဖြဲေလးေတြ

က်လာလို႔ အိမ္ဘက္ကိုျပန္ေျပးဖို႔လုပ္ေနတုန္း

ေကာင္ေလးတစ္ေယာက္ကငိုၿပီး 

ျဖတ္ေျပးသြားတာကို အမွတ္မထင္

ေတြ႕လိုက္မိတယ္..သူကအနက္ေရာင္အိက်ႌကို

၀တ္ထားၿပီး ကြၽန္းေတာတစ္ေလွ်ာက္

ျဖတ္ေျပးရင္း ေတာင္ေအာက္ကို 

ေျပးဆင္းသြားတယ္..အဲ့ဒါနဲ႔ဝိုင္းေလးလည္း..

သူ႔ေနာက္ကေန လိုက္သြားမိခဲ့တယ္...

သူကဝိုင္းေလးတို႔အိမ္နဲ႔ နဲနဲအလွမ္းေဝးတဲ့

ေတာင္ေအာက္က ေရကန္ေဘးနားမွာရွိတဲ့

အိမ္ပ်က္ႀကီးဆီကို ေျပးသြားေနခဲ့မွန္း

သူ႔ေနာက္ကို လိုက္ရင္းမွတျဖည္းျဖည္း

သိခဲ့ရတာ.."


"ေနပါအုံး..ေမကဘာလို႔အဲ့ေကာင္ေလးေနာက္ကို

ေျပးလိုက္သြားရတာလဲ..အဲ့ေကာင္ေလးကို

ေမသိလို႔လား.."


မင္းစက္၏ေမးခြန္းေၾကာင့္ ေမဝိုင္းေလးသည္

မင္းစက္ကို ျပန္ေမာ့ၾကည့္လိုက္မိေလသည္။

ထိုအခ်ိန္မွာ မင္းစက္မသိလိုက္တာက

သူမ၏ပါးစပ္မွ ထြက္လာမည့္စကားလုံးဟာ

သူ႔အတြက္ အခါးသက္ဆုံးစကားလုံး

ျဖစ္ေနလိမ့္မည္ဆိုတာကိုေပါ့။


"အဲ့ဒီ့ေကာင္ေလးက ကိုကိုပဲေလ..

ကိုကိုမမွတ္မိေတာ့ဘူးလား..အဲ့ဒီ့ေန႔က

ဘာေၾကာင့္မွန္းမသိပဲ ကိုကိုငိုၿပီး

ေတာင္ေအာက္ကို ေျပးဆင္းသြားခဲ့တာေလ

ၿပီးေတာ့ အိမ္ပ်က္ႀကီးထဲကို တစ္ေယာက္တည္း

၀င္သြားၿပီး အေမွာင္ခန္းတစ္ခုထဲမွာ

ထိုင္ငိုေနခဲ့တယ္..ကိုကိုကအၿမဲတမ္း

႐ုပ္တည္ႀကီးနဲ႔ ေနတတ္ၿပီးဘယ္သူနဲ႔မွ

အေရာတ၀င္‌မေနတတ္ေတာ့ ကိုကိုငိုၿပီး

ေျပးလာတာကို ျမင္တဲ့အခ်ိန္

ဝိုင္းေလးအတြက္ေတာ့ အထူးအဆန္းႀကီးလို

ျဖစ္ေနခဲ့တာ..ကိုကိုမမွတ္မိေတာ့ဘူးလား

အဲ့ေန႔က ဝိုင္းေလးကိုကို႔ဆီကိုလာၿပီး

ႏွစ္သိမ့္ေပးခဲ့တယ္..ဒါေပမဲ့ကိုကိုက

ဝိုင္းေလးကိုေတြ႕ေတာ့ 

.........

**ငါငိုေနတဲ့အေၾကာင္း..ဘယ္သူ႔ကိုမွမေျပာနဲ႔

ေျပာရင္ ငါနင့္ကိုညႇာမွာမဟုတ္ဘူးလို႔**

ၿခိမ္းေျခာက္ၿပီး ျပန္ထြက္ေျပးသြားခဲ့တယ္ေလ.."


ေမေျပာသမွ်ကို ေသခ်ာနားေထာင္လိုက္ၿပီးေနာက္

ထိုေန႔ကအျဖစ္အပ်က္ကို သူမွတ္မိသြားခဲ့ေလၿပီ။

အဲ့ဒီ့ေန႔ဟာ ကေလာမွာေနာက္ဆုံးေနခဲ့ရတဲ့

ေန႔ျဖစ္ၿပီး ျမန္မာႏိုင္ငံကေန ႏွစ္ေတြအမ်ားႀကီး

ၾကာေအာင္ ထြက္ခြာသြားခဲ့ရတဲ့

ေန႔တစ္ေန႔လည္းျဖစ္ခဲ့တယ္။


စကၤာပူကေန အေဖမသိေအာင္အေမ့ဆီကို

ခိုးျပန္ခဲ့ၿပီး အေမနဲ႔အတူ ကေလာကို

အလည္လိုက္လာခဲ့တာမွာ မိုးေတြ႐ြာတဲ့

အဲ့ဒီ့ေန႔က အေဖကိုယ္တိုင္ကေလာအထိ

လိုက္လာၿပီး စကၤာပူကိုျပန္လိုက္ခဲ့ဖို႔

႐ိုက္ႏွက္ကာ လာေခၚခဲ့တယ္။


အေမကလည္း အေဖ့ကိုဘာမွ

ျပန္၀င္မေျပာေပးေတာ့ ကိုယ့္ဘက္မွာ

ဘယ္သူမွ မရွိဘူးဆိုၿပီး

"အားငယ္၊စိတ္ပ်က္မႈေတြနဲ႔အတူ.."

အိမ္ပ်က္ႀကီးဆီကို ထြက္ေျပးခဲ့မိတယ္။


 ဆယ့္တစ္ႏွစ္အ႐ြယ္ကေလးမေလး

ကိုယ့္ေနာက္ကေန လိုက္လာခဲ့တာကို

တကယ္မသိခဲ့ပါဘူး။

ကိုယ္ငိုေနတာကို ကေလးမေလး

ျမင္သြားခဲ့ေတာ့လည္း ၿခိမ္းေျခာက္စကားသာ

ေျပာခဲ့ၿပီး အိမ္ပ်က္ႀကီးထဲကေန

ျပန္ေျပးထြက္မိခဲ့တယ္။


အဲ့ဒီ့ေန႔ ညေနပိုင္းမွာပဲကိုယ္လည္း

စလုံးကို အေဖနဲ႔အတူျပန္လိုက္သြားခဲ့ရ၍

ဘာေတြ ဆက္ျဖစ္လဲမသိခဲ့‌ေပ။


မင္းစက္သည္ ေမ့မ်က္ႏွာကို 

ျပန္ၾကည့္လိုက္မိသည့္အခိုက္မွာ တစ္ခုခုကို

ေတြးလိုက္မိ၍ ထိတ္လန႔္သြားခဲ့တယ္။


"ဒါဆို..အဲ့ဒီ့ေနကကိုယ္အိမ္ပ်က္ႀကီးထဲကေန

ျပန္ထြက္သြားေတာ့ ဘာေတြဆက္ျဖစ္ခဲ့တာလဲ.."


"ဝိုင္းေလးေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ၿပီး

အေမွာင္ခန္းထဲကေန ကိုကို

ျပန္ေျပးထြက္သြားတဲ့အခ်ိန္ တံခါးကို

ေစာင့္ပိတ္သြားခဲ့တယ္ေလ..

ဝိုင္းေလးျပန္ဖြင့္ၾကည့္ေတာ့ ကေလးအားနဲ႔မို႔

တံခါးကို လုံး၀ျပန္ဖြင့္လို႔မရခဲ့ဘူး..

ဝိုင္းေလးလည္း ေအာ္ေဟ့အကူအညီေတာင္းၿပီး

တစ္ခ်ိန္လုံး ငိုေနခဲ့ရင္းနဲ႔ အခ်ိန္ေတြဘယ္လာက္

ကုန္သြားခဲ့သလဲေတာင္ သတိမထားမိခဲ့ဘူး

........

အခန္းတစ္ခုလုံးက ေမွာင္ေနၿပီး

နံရံရဲ႕အျမင့္ဆုံးေနရာမွာ 

ေဖာက္ထားတဲ့ ျပဴတင္းေပါက္ကေန

ျမင္ႏိုင္တာဆိုလို႔  လျပည့္၀န္းႀကီးပဲရွိတယ္..

မိုးေလၿငိမ္သြားၿပီး လထြက္လာတဲ့အခ်ိန္မွာ

ေျခသံေတြၾကားလို႔  လူတစ္ေယာက္၀င္တယ္

ထင္လိုက္ၿပီး ေအာ္ေခၚၿပီးအကူအညီ

ေတာင္းၾကည့္လိုက္မိတယ္...

........

တကယ္ေတာ့ အဲ့ဒီ့လူကသူေတာ္ေကာင္း

တစ္ေယာက္မဟုတ္ပဲ လူယုတ္မာတစ္ေယာက္

ျဖစ္ေနခဲ့တာပါ..ဝိုင္း‌ေလးရဲ႕အသံကို

ၾကားေတာ့ အဲ့လူႀကီးကအခန္းထဲကို

၀င္လာၿပီး တံခါးကိုျပန္ပိတ္လိုက္တယ္..

သူ၀င္လာတာနဲ႔ အေမွာင္ခန္းတစ္ခုလုံး

အရက္နံ႔ေတြရသြားေတာ့

 အရက္သမားႀကီးမွန္း သိလိုက္ၿပီးဝိုင္းေလးလည္း

ထေအာ္လိုက္မိတယ္..

.........

ဒါေပမဲ့အဲ့ဒီ့လူႀကီးက

ဝိုင္းေလးကို ၾကမ္းေပၚကိုလွဲခ်ပစ္ၿပီး

လက္ေတြ‌၊ေျခေတြကို ခ်ဳပ္ထားခဲ့တယ္..

ဝိုင္းေလးကေအာ္ေတာ့ ဝိုင္းေလးကို


ပါးေတြ၊နားေတြ႐ိုက္ၿပီး အသံမထြက္ဖို႔

ၿခိမ္းေျခာက္တယ္..အဲ့ဒီ့အခ်ိန္မွာဝိုင္းေလးရဲ႕

အသိစိတ္တစ္ခုလုံး အေၾကာက္တရားေတြပဲ

ဖုံးလႊမ္းေနခဲ့တာ..

..........

ဝိုင္းေလးအဲ့လူႀကီးကို

သိပ္ေၾကာက္လြန္းလို႔ သူေျပာသလို

မေအာ္မိေအာင္ေနခဲ့ေပမဲ့ အဆက္မျပတ္

ငိုေနခဲ့မိတယ္ကိုကိုရယ္..တစ္ေယာက္ေယာက္

လာကယ္ေပးဖို႔ကိုလည္း ျပဴတင္းေပါက္ကေန

ျမင္ေနရတဲ့ လမင္းႀကီးကိုၾကည့္ၿပီး

အႀကိမ္ႀကိမ္ ဆုေတာင္းေနမိခဲ့တယ္..

ေနာက္ေတာ့အဲ့လူႀကီးက ဝိုင္းေလးရဲ႕

အ၀တ္အစားေတြကို ဆြဲၿဖဲလိုက္ၿပီး

မတရားႀကံစည္ဖို႔ ႀကိဳးစားေနတဲ့အခ်ိန္

အေမတို႔အေဖတို႔နဲ႔ေဆြမ်ိဳးေတြရဲ႕

ေအာ္ေခၚသံက အိမ္ပ်က္ႀကီးနဲ႔နီးလာခဲ့တယ္..

ကံေကာင္းခ်င္ေတာ့ အေမတို႔က

အိမ္ပ်က္ႀကီးအနားတဝိုက္မွာ ဝိုင္းေလးကို

ရွာဖို႔ လုပ္ခဲ့ၾကေတာ့အဲ့လူကလည္း

ထြက္ေျပးသြားခဲ့တယ္.."


"ဒါဆို..အေမတင္တို႔က အိမ္ပ်က္ႀကီးထဲမွာ

ေမ့ကို၀င္ရွာခဲ့ၾကတာလား.."


"ဟုတ္တယ္..အဲ့လူထြက္သြားၿပီးတာနဲ႔

ဝိုင္းေလးလည္း စိတ္ကိုတင္းၿပီး

အေမတို႔ရွိတဲ့ေနရာကို ထြက္လာခဲ့တာ..

အေမတို႔နဲ႔ေတြ႕ၿပီးေနာက္ပိုင္း ေၾကာက္စိတ္ေၾကာင့္

သတိလစ္သြားခဲ့ေတာ့ ဘာေတြဆက္ျဖစ္မွန္း

သတိမရေတာ့ဘူး.."


 ေမေျပာတာေတြအားလုံးကို နားေထာင္မိၿပီးေနာက္

သူ႔မ်က္၀န္းထဲမွ မ်က္ရည္ေတြ

စိမ့္ထြက္လာေလေတာ့သည္။

မိန္းကေလးတစ္ေယာက္အတြက္(သို႔မဟုတ္)

ကေလးငယ္တစ္ေယာက္အတြက္ 

ဒီလို အျဖစ္အပ်က္ႀကီးက ဘယ္ေတာ့မွ

ျပန္မမက္ခ်င္သည့္ အိပ္မက္ဆိုးႀကီးတစ္ခုပါပဲ။


ဒီအိပ္မက္ဆိုးႀကီးကို ညတိုင္းျမင္မက္ၿပီး

ထိတ္လန႔္ေနခဲ့ရတဲ့ ေမ့ခမ်ာ တကယ့္လက္ေတြ႕

ႀကဳံေတြ႕ခဲ့ရတဲ့ အခ်ိန္တုန္းက

ဘယ္ေလာက္ေတာင္ေသြးပ်က္ေနခဲ့မလဲ။


သူကိုယ္တိုင္ေတာင္ အဲ့ဒီ့အျဖစ္အပ်က္ႀကီးကို

စိတ္ကူးထဲမွာ ပုံေဖာ္ၾကည့္ေနမိရင္းႏွင့္

ခႏၶာကိုယ္တစ္ခုလုံး ၾကက္သီးတျဖန္းျဖန္း

ထလာရေလာက္ေအာင္အထိ ခံျပင္းေနရသည္။


"အဲ့ဒီ့လူကို ဖမ္းမိသြားလား.."


"မဖမ္းမိခဲ့ဘူး..ဘာလို႔လဲဆိုေတာ့

အခန္းကေမွာင္ေနေတာ့ သူ႔အသံကလြဲၿပီး

မ်က္ႏွာကို သဲသဲကြဲကြဲမျမင္ခဲ့ရလို႔

ဒါေပမဲ့အဲ့ဒီ့လူကိုအခု ဝိုင္းေလးျပန္ေတြ႕ၿပီ.."


ျပဴတင္းတံခါးမွ ၀င္လာေသာညေနဆည္းဆာ၏

အေရာင္ထက္ေတာင္ ေတာက္ပေသာ

မ်က္၀န္းေလးမ်ားျဖင့္ ေမကသူ႔ကို

ေမာ့ၾကည့္လာေလသည္။

သူ႔လက္ေမာင္းကိုလည္း အားကိုးတႀကီးႏွင့္

ပိုမိုတင္းၾကပ္စြာ ဆုပ္ကိုင္လာခဲ့ျပန္သည္။


"အဲ့ဒီ့လူကို ကိုကိုေသခ်ာေပါက္ အျပစ္ေပးရမယ္

ဝိုင္းေလးအေပၚမွာ လုပ္ခဲ့တဲ့နာက်င္မႈေတြအတိုင္း

သူျပန္ခံစားရတာမ်ိဳးလိုခ်င္တယ္.."


ေမ့ဆီမွ ၾကားလိုက္ရသည့္စကားေၾကာင့္

မင္းစက္ေတာင္ တုန္လႈပ္သြားေလသည္။

သူအၿမဲၾကည့္ေနခဲ့တဲ့ ေမဆိုေသာ

မိန္းကေလးသည္ ျဖဴစင္ေသာ

မ်က္၀န္းညိဳေလးမ်ားကို ပိုင္ဆိုင္ထားသူျဖစ္ၿပီး

သူတစ္ပါး နစ္နာေစမည့္အရာကို

လုပ္ေလ့မရွိခဲ့ေပ။


အခုေတာ့ ေမ့မ်က္၀န္းထဲမွာၾကမ္းတမ္းမႈေတြ

ရွိေနၿပီး ရက္စက္ပစ္လိုမႈေတြပါေရာႁပြန္းေနသည္။

အဲ့ဒီ့လူကို ေမဘယ္ေလာက္မုန္းေနသလဲဆိုတာ

ေမ့အျပဳအမူေတြကေနတစ္ဆင့္ ျမင္ႏိုင္သည္။


မင္းစက္အာဏာဆိုသည့္ သူကိုယ္တိုင္ကလည္း

ေမ့အတြက္ဆို ဘာမဆိုျဖစ္ေအာင္

လုပ္ေပးခ်င္သူမွ ေမ့အတြက္ဓားေတာင္ကိုပင္

ေက်ာ္လႊားပစ္မည့္သူတစ္ေယာက္ပါ။


"ဘယ္သူလဲ..ေမ့ကိုစိတ္ဒဏ္ရာေပးခဲ့တဲ့လူက

ဘယ္သူလဲ.."


"အဲ့ဒီ့လူက ဦးမင္းဒင္ပဲ..

သူကိုယ္တိုင္ဝိုင္းေလးကို ၀န္ခံခဲ့တာ.."


"ဘာ.."


ဘာမွေတာင္ ျပန္မေျပာႏိုင္ေလာက္ေအာင္အထိ

မင္းစက္ စြံ႕အသြားမိသည္။

‌ကိုယ့္ရဲ႕ေပါ့ဆမႈေၾကာင့္ ေမဟာႏွစ္ႀကိမ္တိတိ

ကံဆိုးခဲ့ရတာပါလား။

ႏွစ္ႀကိမ္လုံးမွာ ဒုကၡ‌ေပးလာတဲ့လူကလည္း

တစ္ေယာက္တည္းပဲ။

ဒါေပမဲ့ အားလုံးကိုအရင္းခံၾကည့္လိုက္ရင္

ေမ့ကို ကံဆိုးေစခဲ့တာကကိုယ္ျဖစ္ေနခဲ့တယ္။


"ကိုကိုေတာင္းပန္ပါတယ္ေမရယ္..

ကိုယ့္ေၾကာင့္သာ..ႏွစ္ႀကိမ္လုံး

ေမဒုကၡေရာက္ခဲ့ရတာပါ..ကိုယ္မေကာင္းတာပါ.."


"အို..ဘာလို႔မ်က္ရည္ေတြက်ေနတာလဲ..

မငိုပါနဲ႔..ကိုကို႔ေၾကာင့္ျဖစ္ရတယ္ဆိုရေအာင္

ကိုကိုကဝိုင္းေလးကို ဘာဒုကၡေပးခဲ့တာမွတ္လို႔

ကိုကိုကသာ ဝိုင္းေလးကိုကယ္တင္ေပးခဲ့တာပါ

.........

ကိုယ့္ဘ၀ကိုယ္ အေမွာင္က်ေတာ့မယ္လို႔

ယတိျပတ္ေတြးမိၿပီးသားအခ်ိန္မွာ 

ကိုကိုကသာ အလင္းထဲကိုျပန္ေရာက္ေအာင္

ဆြဲေခၚေပးခဲ့ၿပီး..ဝိုင္းေလးရဲ႕စိတ္ဒဏ္ရာကို

သက္သာေအာင္ လုပ္ေပးႏိုင္ခဲ့တာပါ..

ကိုယ့္ကိုကိုယ္ အျပစ္မတင္ပါနဲ႔.."


ကိုယ္ကသူေလးကိုႏွစ္သိမ့္ေပးရမည့္အစား

ကိုယ့္ကို ျပန္၍‌ႏွစ္သိမ့္ေပးေနေသာေၾကာင့္

ေမ့ကို ဆြဲဖက္ပစ္လိုက္ၿပီး ေမ့ရဲ႕လည္တိုင္ကို

အႏူးညံ့ဆုံး နမ္းရႈိက္ပစ္လိုက္သည္။


"ကိုယ္ကတိေပးပါတယ္ေမ..ေနာက္ကို

ဒီလိုအျဖစ္မ်ိဳး မႀကဳံေစရေတာ့ပါဘူး

ေမ့ကို ေသခ်ာေပါက္ကာကြယ္ေပးပါ့မယ္

အဲ့ဒီ့ မင္းဒင္တို႔အဖြဲ႕ကိုလည္း ေထာင္ထဲကေန

မထြက္ရေအာင္ ေသခ်ာေပါက္လုပ္ေပးမယ္

ေမ့ကို စိတ္ဒဏ္ရာရေအာင္လုပ္ခဲ့တဲ့အတြက္

 ေနာင္တေကာင္းေကာင္းရေစရမယ္.."


"ေက်းဇူးတင္ပါတယ္ကိုကို..."


ေမ့ဆီက ေက်းဇူးတင္စကားကို မၾကားခ်င္ေပမဲ့

သူဘာမွ ျပန္မေျပာျဖစ္ေတာ့ေပ။

ေမ့ကိုသာ သူ႔ရင္ေငြ႕ႏွင့္ေႏြးေထြးမႈေပးၿပီး

ညိမ္ေနလိုက္မိသည္။


ျပဴတင္းေပါက္ကို လွမ္းၾကည့္လိုက္မိေတာ့

အေရာင္ေတာက္ေနသည့္ ညေနရႈခင္းက

တည္တည္ၿငိမ္ၿငိမ္ႏွင့္ လွပေနေလသည္။

*ေမနဲ႔ကိုယ္တို႔ရဲ႕ဘ၀လည္း

 အၿမဲသာယာလွပေနရင္သိပ္ေကာင္းမွာပဲ..."


❤️❤️❤️❤️❤️❤️❤️


ေန႔လည္ေန႔ခင္းျဖစ္၍ ေနကပူျခစ္ေတာက္ေနေပမဲ့

ေမဝိုင္းေလးေတာ့ အဲ့ယားကြန္းဖြင့္ထားေသာ

ကား‌ေလးထဲမွာ ေအးေဆးသက္သာစြာ

ထိုင္လိုက္လာခဲ့သည္။


မင္းသစ္ကို ေမဝိုင္းေလး၏ကိုယ္ပိုင္ဒါ႐ိုင္ဘာ

အျဖစ္ မင္းစက္အာဏာကသတ္မွတ္ေပးထား၍

မင္းသစ္မွာေတာ့ ေမဝိုင္းေလးဘယ္ေနရာသြားသြား

တေကာက္ေကာက္ လိုက္ရေတာ့သည္။


ေမဝိုင္းေလးသည္ စြင့္ကားေနေသာဗိုက္ပူပူေလးကို

ဗိုက္ဖုံးအိက်ႌေလးအေပၚကေန အုပ္၍ကိုင္လိုက္ၿပီး

ၿခံေလးထဲသို႔ ၀င္ဖို႔လုပ္လိုက္သည္။


"ဆရာကေတာ္..ကားကိုၿခံထဲအထိ

ေမာင္း၀င္လိုက္မယ္ေလ..အဲ့ဒါဆိုလမ္းေလွ်ာက္ရ

သက္သာသြားတာေပါ့.."


"ခဏပဲ၀င္မွာမို႔လို ကိုမင္းသစ္လည္းဒီမွာပဲ

ေစာင့္လိုက္ေတာ့ေနာ္..ခဏေလးပါပဲ..

အေမတို႔နဲ႔ေတြ႕ၿပီး၊ႏႈတ္ဆက္ၿပီးတာနဲ႔

ျပန္ထြက္လာခဲ့မယ္.."


"ဟုတ္ကဲ့ပါ...ကြၽန္ေတာ္ေစာင့္ေနပါ့မယ္.."


ဗိုက္ကေလးကိုကိုင္ကာ ၿခံထဲသို႔

၀င္သြားလိုက္ၿပီးေနာက္ အိမ္ထဲသို႔တျဖည္းျဖည္း

လွမ္း၀င္သြားလိုက္မိသည္။

အိမ္အကူေတြကိုသာ ေတြ႕ေနရၿပီး

အေမတို႔၊အန္တီေလးတို႔ကိုေတာ့ မေတြ႕ရေပ။


"ဟဲ့..ငါ့အေမတို႔ေရာ..ဘယ္သြားေနၾကလဲ..

အိမ္ထဲမွာ တစ္ေယာက္မွလည္းမေတြ႕ဘူး.."


အေရွ႕မွ ျဖတ္သြားေသာအိမ္အကူေလး

တစ္ေယာက္ကို လွမ္းေခၚ၍ေမးလိုက္မိသည္။


"အေပၚထပ္က ‌မမထိပ္ထားရဲ႕အခန္းထဲမွာပါ

ျပႆနာျဖစ္ေနၾကတယ္ထင္တယ္..

အေပၚထပ္မွာ ဘုရားခန္းကိုသန႔္ရွင္းေရး

လုပ္ေပးၿပီး..ျပန္ဆင္းေတာ့စကားမ်ားသံေတြကို

ၾကားလိုက္ရတယ္.."


"ဟုတ္လား..အင္း..

ဘာေတြျဖစ္ၾကျပန္ၿပီလည္းမသိဘူး.."


ဗိုက္ႀကီးနဲ႔ဆိုေတာ့ ေခ်ာ္မလဲေအာင္

ေလွကားလက္ရန္းေတြကို ေသခ်ာကိုင္ၿပီး

အေပၚထပ္သို႔သာ တက္လာခဲ့လိုက္သည္။

မမထိပ္ထား၏ အခန္းအေရွ႕သို႔ေရာက္ေတာ့

တံခါးႀကီးကလည္း ပြင့္ေနၿပီးတိတ္ဆိတ္ေနၾက၍

အခန္းထဲသို႔ ၀င္လိုက္မိေတာ့ျမင္လိုက္ရသည့္

ျမင္ကြင္းေၾကာင့္ ဘုရားတမိသြားေလသည္။


"ဘာေတြျဖစ္ေနၾကတာလဲ...

ဒါအိပ္ေဆးေတြလား.."


မမထိပ္ထားဦးသည္ ကုတင္ေဘးတြင္

စိတ္ပ်က္လက္ပ်က္ႏွင့္ ထိုင္၍ငိုေနၿပီး

ေဘးမွာလည္း ေဆးလုံးမ်ားစြာ

ျပန႔္က်ဲေနေလသည္။


အေမတို႔ အန္တီေလးတို႔ကလည္း

အခန္းထဲမွာရွိသည့္ ထိုင္ခုံအသီးသီးမွာ

ထိုင္ေနၾကၿပီး ငိုထားၾကပုံရေလသည္။

ၾကည့္ရတာ ျပႆနာတစ္ခုခုျဖစ္သြားပုံရတယ္။


"ဝိုင္းေလးရယ္..ကိုယ္၀န္ႀကီးနဲ႔ဥစၥာဘာလို႔

အေပၚထပ္ကို တက္ခဲ့ရတာလဲ

မေတာ္တဆျပဳတ္က်ေနမွျဖင့္.."


ဝိုင္းေလးကိုေတြ႕ေတာ့ အန္တီေလးက

အတင္းေျပးလာၿပီး ထိုင္ခုံမွာထိုင္ခိုင္းေလသည္။

ဝိုင္းေလးကေတာ့ အားလုံး၏မသာမယာ

ျဖစ္ေနၾကသည့္ မ်က္ႏွာေတြကိုသာ

အကဲခတ္ေနမိသည္။


"ဘာျဖစ္ၾကတာလဲ..မမထိပ္ထားဦးက

အိပ္ေဆးေတြေသာက္ေနတာလား.."


ဝိုင္းေလးလည္း စိတ္ထဲမွာထင္ျမင္မိတာကို

ေကာက္ခ်က္ခ်၍ ေမးလိုက္မိေတာ့

အေမက အသံထြက္ေအာင္အထိ 

ငိုခ်လာေလသည္။


"မေျပာခ်င္ပါဘူးဝိုင္းေလးရယ္..နင့္အစ္မ

အမိုက္မႀကီးေပါ့..ဘယ္သူနဲ႔ရခဲ့မွန္းမသိတဲ့

ကိုယ္၀န္ကို လြယ္ထားရၿပီေလ.."


"အမယ္ေလး.."


ၾကားလိုက္ရေသာ သတင္းကမထင္မွတ္ထားသည့္

ကိစၥျဖစ္၍ မ်က္လုံးေတြေတာင္

ျပဴးက်ယ္သြားရသည္။

ရင္ဘတ္ကိုျပန္ဖိၿပီး အမယ္ေလးတရသည့္

အထိပါပဲ။


"ကိုယ္၀န္က သုံးပတ္ေတာင္ရွိေနၿပီတဲ့

ဘယ္ေကာင္နဲ႔ရတာလဲလို႔ ေမးေတာ့လည္း

မေျဖဘူးဟယ္..အခုအိပ္ေဆးေတြေသာက္ၿပီး

သူ႔ဘ၀ကို သူျဖတ္စီးဖို႔လုပ္ေနတာေလ

နင့္အေဒၚနဲ႔တိုးလို႔သာေပါ့..ဝိုင္းေလးရယ္

ငါေသသာေသလိုက္ခ်င္ပါတယ္..

ဘာလို႔မ်ား ဒီလိုအျဖစ္မ်ိဳးေတြ

ငါတို႔မွာမွ လာႀကဳံေနရတာလဲ..

ငါညံ့တာ..ငါညံ့တာ..သားသမီးေတြကို

ေသခ်ာမဆုံးမႏိုင္တဲ့ ငါညံ့တာ.."


အေမက သူ႔ကိုယ္သူအျပစ္တင္ၿပီး

ကိုယ့္ပါးကို ျပထု႐ိုက္ေန၍ ဝိုင္းေလးေတာင္

ေဆြ႕ကနဲထသြားမိၿပီး တားလိုက္မိေလသည္။


"အေမရယ္..အဲ့လိုေတြမလုပ္ပါနဲ႔

သမီးၾကည့္ၿပီး စီစဥ္ေပးပါ့မယ္..ဒါေပမဲ့

မမထိပ္ထားကေတာ့ ဒီကိုယ္၀န္ကဘယ္သူနဲ႔

ရခဲ့တာလဲဆိုတာ ေျပာေျပာ ဖို႔လိုတယ္.."


ဝိုင္းေလးက မမထိပ္ထားဘက္သို႔လွည့္ကာ

ေျပာလိုက္ေတာ့ မမထိပ္ထားသည္

ငိုထား၍ နီအစ္ေနေသာမ်က္၀န္းမ်ားျဖင့္

ဝိုင္းေလးကို ေမာ့ၾကည့္လာေလသည္။

အခုခ်ိန္မွာ သူ႔မ်က္၀န္းထဲ၌ မုန္းတီးမႈေတြ

ရွိမေနေပမဲ့ စိတ္မလုံမလဲမႈ၊ရွက္႐ြံ႕မႈေတြကိုေတာ့

ေတြ႕လိုက္ရသည္။


"နင္ကဘာလုပ္ေပးႏိုင္မွာဟုတ္လို႔လဲ

ငါ့ကိုသာ ေက်နပ္တဲ့အထိေလွာင္ရယ္ၿပီး

ျပန္သြားလိုက္စမ္းပါ..

ငါဒီလိုျဖစ္ေနတာကို ျမင္ရေတာ့

နင္အရမ္းေပ်ာ္ေနမွာေပါ့..."


"ဝိုင္းေလးက ဘာကိစၥေပ်ာ္ရမွာလဲ..

ကိုယ့္မိသားစု၀င္တစ္ေယာက္ ဒုကၡေရာက္ေနတာကို

ေလွာင္ရယ္ရေလာက္ေအာင္အထိ

ဝိုင္းေလး ေအာက္တန္းမက်ေသးဘူး

အခုေမးေနတာကလည္း ကေလးအေဖ

ဘယ္သူဆိုတာကို သိရင္အဲ့လူကို

တာ၀န္ယူဖို႔ စကားေျပာရမယ္ေလ..

တကယ္လို႔ အဲ့လူကလက္မခံရင္..

တစ္မ်ိဳး စဥ္းစားရမွာေပါ့..

ဒီအတိုင္းထိုင္ေနၿပီး ကိုယ့္ကိုကိုယ္

သက္ေသပစ္ဖို႔ပဲ ေတြးမေနနဲ႔

ကိုယ့္ကိုယ္ကို အဆုံးသတ္လိုက္ႏိုင္ေပမဲ့

ေနာက္မွာက်န္ခဲ့တဲ့ မိသားစုက

အျပစ္ရွိစိတ္နဲ႔ က်န္ခဲ့ရမွာကိုစဥ္းစားမိရဲ႕လား

အခုေခာတ္မွာ တစ္ကိုယ္တည္းရပ္တည္ေနတဲ့

အေမေတြလည္း အမ်ားႀကီးပဲ..

ကိုယ့္ဘ၀ကိုျဖတ္ခဲ့ၿပီးမွ ေနာင္တရမေနနဲ႔ေတာ့

ဘယ္လိုအေကာင္းဆုံး ေက်ာ္ျဖတ္မလဲပဲ

စဥ္စားရမွာ မဟုတ္ဘူးလား.."


မမထိပ္ထားလည္း ဝိုင္းေလး၏စကားကို

ၾကားေတာ့ အရင္လိုျပန္ရန္ေတြ႕တာမ်ိဳး

မလုပ္ေတာ့ပဲ ၿငိမ္က်သြားေလေတာ့သည္။

ၿပီးေနာက္ မ်က္ႏွာကိုလက္ဖဝါးႏွင့္အုပ္ကာ

အႀကီးအက်ယ္ ငိုေလေတာ့သည္။


ဝိုင္းေလးလည္း အခ်ိန္ေတာ္ေတာ္ၾကာသည္အထိ

ေစာင့္ေနလိုက္ၿပီး သူငိုလို႔၀သည့္အခ်ိန္မွာပဲ

ကေလးအေဖ ဘယ္သူ၊ဘယ္ဝါျဖစ္ေၾကာင္း

ထပ္ေမးလိုက္ေတာ့သည္။


"သူ႔မွာမိန္းမနဲ႔ ကေလးရွိတယ္..သူကငါ့ကို

လုံး၀လက္မထပ္ႏိုင္ဘူးတဲ့ တိတ္တိတ္ပုန္း

မယားအေနနဲ႔ သူ႔ကေလးကိုေမြးေပးၿပီး

သူေထာက္ပံ့တာကိုပဲ လက္ခံရမယ္တဲ့ေလ.."


"ဟာ.."


ထိပ္ထားဦး၏ ၀န္ခံခ်က္ကိုၾကားသည္ႏွင့္

ေဒၚတင္မမတစ္ေယာက္ ေနရာမွာ

ထိုင္မေနႏိုင္ေတာ့ပဲ ခ်က္ခ်က္ထလိုက္မိေလသည္။


"..မိုက္႐ိုင္းလိုက္တာ..လူစိတ္မရွိလိုက္တာ

ေနပါအုံး..နင္ဘာလို႔အဲ့လိုလူနဲ႔မွ

သြားပတ္သတ္ရတာလဲ..

အဲ့လူမွာအိမ္ေထာင္ရွိမွန္း နင္အစတည္းက

မသိဘူးလား...ငါေမးေနတယ္ေလ.."


"သမီးသိပါတယ္..ဒါေပမဲ့သူကသမီးကို

ေထာင္ေခ်ာက္ဆင္ၿပီး ျဖတ္စီးခဲ့တာ.."


"အမိုက္မ..နင့္မွာကိုယ္က်င့္သိကၡာဆိုတာ

မရွိေတာ့ဘူးလား..အရွက္တရားဆိုတာကို

ဘယ္နားမွာသြားထားလိုက္တာလဲ..

အိမ္ေထာင္ရွိတဲ့ ကေလးအေဖတစ္ေယာက္နဲ႔

တြဲရေလာက္ေအာင္ နင့္အတြက္အဲ့ေလာက္ပဲ

လင္ရွားရသလားဟဲ့...

ငါေသသာေသလိုက္ခ်င္ေတာ့တယ္..."


အေမက မမထိပ္ထားကိုထု႐ိုက္ျခင္းမ်ိဳး

မလုပ္ေပမဲ့ ယူက်ဳံးမရစြာႏွင့္ အဆင္မ‌ျပတ္

ေျပာေနေတာ့ေလသည္။


ဝိုင္းေလးလည္း အတတ္ႏိုင္ဆုံးဝိုင္းထိန္းေပးခဲ့ၿပီး

တရားစြဲခ်င္လည္းစြဲ မစြဲခ်င္လည္း

ျပင္ဦးလြင္ဘက္သို႔ ကေလးေမြးၿပီးသည္အထိ

သြားေနဖို႔ရန္ ကူညီမည္ဟု

အႀကံေပးလိုက္မိသည္။


ကံၾကမၼာဆိုတာ အၿမဲတစ္ပတ္ျပန္လည္တတ္မွန္း

ကိုယ္ေတြ႕ ႀကဳံလိုက္ရပါၿပီ။

ဝိုင္းေလးကို ကိုကို႔အေရွ႕မွာေတာင္

မသန႔္စင္ေတာ့ဘူးဟု စြတ္စြဲခဲ့သည့္

မမထိပ္ထားသည္ ယခုေတာ့သူကိုယ္တိုင္

ထိုအျဖစ္မ်ိဳးကို ႀကဳံေတြ႕ေနရေလၿပီ။


သည့္အတြက္ ေက်နပ္လားလို႔ေမးရင္

ေက်နပ္သည္ဟု ျပန္ေျဖမိလိမ့္မည္။

တစ္ပါးသူဒုကၡေရာက္တာကို ၀မ္းသာတာမ်ိဳး

မဟုတ္ေပမဲ့ ဟိုးငယ္ငယ္တည္းက

ဝိုင္းေလးကို တစ္နည္းမဟုတ္တစ္နည္း

ဒုကၡေပးလာခဲ့သည့္ လူတစ္ေယာက္ကျပန္၍

၀ဋ္လည္တာကိုေတာ့ ထူးၿပီး၀မ္းမနည္းမိတာေတာ့

အမွန္ပဲ။


ဒါဟာ သူ႔ကိုမုန္းလို႔မဟုတ္ပဲ

 သူျပန္ၿပီး၀ဋ္လည္ေန၍ ဝိုင္းေလးတုန္းက

ဘယ္ေလာက္အထိ ခံစားခဲ့ရမလည္းဆိုတာ

ကိုယ္ခ်င္းစာတတ္‌ေလာက္မည္ဟု

ေတြးမိသြားလို႔ပါ။


❤️❤️❤️❤️❤️❤️


သုံးႏွစ္ခန႔္ၾကာေသာအခါ...

🍁🍁🍁🍁🍁🍁🍁🍁


မနက္ခင္း၏ေနရာင္ျခည္တန္းေလးသည္

ဘုရားရင္ျပင္တစ္ခုလုံးကို ျဖန႔္က်က္ကာ

လူမ်ား၏စိတ္အစဥ္ကို လန္းဆန္းတက္ႂကြ

လာေစခဲ့သည္။


ေခါင္းေလာင္းထိုးသံႏွင့္အတူ ေပၚထြက္လာသည့္

တခြၽင္ခြၽင္ျမည္ေနေသာ

ဆည္းလည္းသံေလးမ်ားက

ဘုရားရိပ္တရားရိပ္၏ ေအးခ်မ္းမႈကို 

ေဖာ္ေဆာင္ေနေလသည္။


ေညာင္ပင္ႀကီး၏ အရိပ္ကိုခိုလႈံရင္း 

ေကာင္းကင္ႀကီးကို ေမာ့ၾကည့္လိုက္မိသည့္အခိုက္

အစိမ္းေရာင္ သစ္႐ြက္ေလးမ်ားက

ျမင္ကြင္းထဲတြင္ အရင္ေပၚလာၿပီး

ေနာက္ထပ္ ၾကည္လင္ေနေသာ

ေကာင္းကင္ျပာႀကီးကို ေတြ႕လိုက္ရသည္။


အပင္ကို မွီထားရင္းႏွင့္ကိုကိုသည္

ဝိုင္းေလး၏ လက္ဖဝါးေလးကို

ကိုင္ဆုပ္ထားေလသည္။

ၿပီးေနာက္ ႏွစ္ေယာက္သား ငွက္ကေလးေတြကို

လိုက္ၾကည့္ေနေသာ သားေလးကိုသာ

ၿပိဳင္တူၾကည့္ကာ ၿပဳံးလိုက္မိၾကသည္ ။


"ရႈိင္းေလးရယ္..ဘာလို႔ေလွ်ာက္ေျပးေနရတာလဲ

ဖြားဖြား ေမာေနၿပီကြဲ႕.."


"ဖားဖားကလည္း..ဖားဖားဘာသာလိုက္ေနၿပီးေတာ့

တားတားကေမာပါဘူး..ဟိုမွာၾကည့္ငွက္ေလးက

အေတာင္ပံေလးနဲ႔ေနာ္..အေမႊးေတြကို

ဆြဲႏႈတ္ခ်င္လိုက္တာ.."


"ဟဲ့..ဘယ့္ႏွယ္ငွက္ကို 

အေမႊးဆြဲႏႈတ္ခ်င္ရတာတုန္း.."


"ဖားဖားကလဲ ငွက္ေမႊးေတကိုဆြဲႏႈတ္ရင္

မပ်ံႏိုင္ေတာ့ဘူးေလ..အဲ့ဒါဆိုတားတားက

အိမ္ကိုေခၚတြားလို႔ရတာေပါ့..."


"ဘာလဲ..ရႈိင္းေလးက အဲ့ငွက္ေလးကို

အိမ္ေခၚၿပီး ေမြးခ်င္လို႔လား.."


"မဟုတ္ပါဘူး..ငွက္ကင္လုပ္ခ်ားမ႐ို႕.."


"အမယ္ေလးေတာ့..ဒီကေလးနဲ႔ေတာ့

ငါေသြးတက္ပါတယ္..ငါကအိမ္ေခၚၿပီး

ငွက္ေမြးမယ္ထင္တာ သူကကင္စားမလို႔တဲ့..."


ေဒၚခိုင္မိုးျမင့္တစ္ေယာက္ သူ႔ေျမးေၾကာင့္

လက္ေရာေျခေရာ ေျမႇာက္ေနရေလၿပီ။

အေဖျဖစ္သူကိုလည္း ဘယ္တုန္းကမွ

မႏိုင္ခဲ့သလို အခုေျမးအလွည့္ၾကျပန္ေတာ့

ပိုေတာင္ စိုးေနသည္။


"မမရယ္..ခါးလည္းသိပ္ေကာင္းတာမဟုတ္ပဲ

ကိုယ့္ဘာသာ ေအးေဆးထိုင္ေနစမ္းပါ.."


ေဒၚရတနာက အစ္မျဖစ္သူကိုစိတ္ပူ၍

လွမ္းေအာ္လိုက္ေပမဲ့ ေဒၚခိုင္မိုးျမင့္ကေတာ့

ဂ႐ုမစိုက္ပဲ သူ႔ေျမးေနာက္သာ

တေကာက္ေကာက္ လိုက္ေနေတာ့သည္။

အစ္မျဖစ္သူက ေမဝိုင္းေလးကိုသာ

အျမင္မၾကည္တာ သူ႔ေျမးရႈိင္းမင္းသုတကိုေတာ့

သဲသဲလႈပ္ပဲ။


"ငါမလိုက္ရင္ ဒီမွာကေလးကေနပူထဲကို

ထြက္မွာေပါ့..ကေလးဖ်ားရင္ဘယ္လိုလုပ္မလဲ

သူ႔မိဘေတြကလည္း လူႀကီးေတြရွိရင္

ကေလးကို ၾကည့္ၾကတာမဟုတ္ဘူး..

ေဟာ..ေျပာရင္းဆိုရင္းဟိုလင္မယား

ဘယ္ထသြားျပန္ၿပီလည္း မသိဘူး.."


ေဒၚခိုင္မိုးျမင့္ႏွင့္ ေဒၚတင္မမတစ္ေယာက္

ေမဝိုင္းေလးႏွင့္မင္းစက္တို႔ ထိုင္ခဲ့သည့္

ေနရာသို႔ ျပန္ၾကည့္လိုက္ေတာ့ ႏွစ္ေယာက္သားကို

အရိပ္ေတာင္ မေတြ႕ရေတာ့ေပ။


"ဟင္း..ဟုတ္လည္းဟုတ္ပါရဲ႕..မိန္းမက

ကိုယ္၀န္နဲ႔မို႔ ေယာက္်ားက ကေလးထိန္းမယ္မရွိဘူး

သူ႔မိန္းမ ဗိုက္ႀကီးသည္ကိုပဲ တမမလုပ္ေနတယ္

ၿပီးရင္ ေနာက္တစ္ေယာက္ေမြးၿပီး

 တို႔ဆီပဲပစ္ထားဦးမွာ.."


"အမယ္ေလး..ေနာက္တစ္ေယာက္ေတာ့

ဆက္မထိန္းႏိုင္ေတာ့ဘူးေဟ့..

ရႈိင္းမင္းသုတကိုေတာင္အႏိုင္ႏိုင္

ေနာက္တစ္ေယာက္သာဆို ငါေသမွာပဲ.."


ညီအစ္မႏွစ္ေယာက္သား ကေလးထိန္းရင္းႏွင့္

ဟိုလင္မယားအတင္းကို တုပ္ေနၾကသည့္

အခ်ိန္မွာ ခ်စ္စ၊ၾကင္နာစကဲ့သို႔

တကဲကဲျဖစ္ေနသည့္ လင္မယားကေတာ့

ဘုရားရင္ျပင္ေပၚတြင္ လမ္းပတ္ေလွ်ာက္ရင္း

လည္ေနၾကေလသည္။


"ေမ..၀င္းေတာင္ျမန္မာႏိုင္ငံကို

ျပန္လာေတာ့မယ္..သားေလးရႈိင္းကိုလဲ

ေတြ႕ခ်င္တယ္တဲ့ သူကိုယ့္ကိုမက္ေဆ့ခ္်ပို႔တယ္.."


၀င္းဆိုသည့္ နာမည္ကိုၾကားေတာ့ 

ေ႐ႊတိဂုံဘုရားႀကီးကို ေမွ်ာ္တလင့္လင့္

ေငးၾကည့္လိုက္မိေလသညိ။

ကိုဦးတစ္ေယာက္ ႏိုင္ငံျခားကိုျပန္ထြက္သြားတာ

ၾကာေလၿပီ။


သားေလး မေမြးခင္တည္းကဆိုပါေတာ့

ဝိုင္းေလးကို ႏႈတ္မဆက္ခဲ့ေပမဲ့ 

ကိုကို႔ကိုေတာ့ ႏႈတ္ဆက္သြားခဲ့တယ္။

သူ႔ရဲ႕ ရႈိးပြဲကိုေတာင္ ဝိုင္းေလးမသြားလိုက္မိဘူး။

အခုသူက ျပန္ေရာက္လာေတာ့မည္တဲ့

ကိုဦးလည္း လက္တြဲေဖာ္ေကာင္းနဲ႔ေတြ႕ၿပီး

သာယာေပ်ာ္႐ႊင္ေနတာကို ျမင္ခ်င္မိပါရဲ႕။


"ကိုကို..ပထမတစ္ခါက ကိုကို႔ဆုေတာင္းအတိုင္း

သားေလးေမြးတယ္ေနာ္..အခုေရာ

ေယာက္်ားေလးေမြးေစခ်င္လား မိန္းကေလး

ေမြးေစခ်င္လား.."


"ကိုယ္ကေတာ့ မိန္းကေလးပဲလိုခ်င္ေတာ့တယ္"


"ဘာျဖစ္လို႔လဲ..ဝိုင္းေလးကေတာ့ေယာက္်ားေလးပဲ

ထပ္လိုခ်င္မိတာ..အဲ့ဒါမွရွင္သာမေဏႏွစ္ပါး

ရမွာေလ..သားေလးႏွစ္ေယာက္ကို

ရွင္ျပဳခြင့္ရရင္ဘယ္ေလာက္ မြန္ျမတ္လိုက္မလဲ.."


"ဟုတ္ေတာ့လည္းဟုတ္ပါတယ္..ဒါေပမဲ့

ကိုယ္ကေတာ့ သမီးေလးပဲလိုခ်င္တယ္

ရႈိင္းေလးကအရမ္းဆိုးတာ ေမလည္းသိရဲ႕သားနဲ႔

စကားမပီေသးေပမဲ့

ခုနကေတာင္ ငွက္ကိုအေမႊးႏႈတ္ၿပီး

ကင္စားဖို႔ သူ႔အဖြားကိုေျပာေနတာမၾကားခဲ့ဘူးလား

ႀကီးလာရင္ ကိုယ့္ကိုပါတစ္ေမႊးမွမက်န္ေအာင္

ဆြဲႏႈတ္ေနမွျဖင့္..."


"ဘာလဲ..ကိုကိုကအေမႊးေတြတစ္ပင္မွ

မက်န္ေတာ့မွာ စိုးရိမ္ေနတာလား.."


"ဟုတ္တယ္ေဟ့..ဟုတ္တယ္.."


"..ရႈိင္းေလးက ကိုကိုနဲ႔တူတာေလ..

႐ုပ္ေရာ၊ဟန္ပန္ေရာက တစ္ပုံစံတည္းသိလား

လမ္းေလွ်ာက္ရင္ သူ႔ကိုယ္သူဆရာႀကီးလိုလိုနဲ႔

ေဘာင္းဘီအိတ္ထဲကို လက္ကႏႈိက္ေသးတာ..."


"အဲ့ဒါေၾကာင့္ ကိုကိုကေနာက္တစ္ေယာက္ကို

ေမနဲ႔တူတာေလး ေမြးေစခ်င္တာေပါ့..

သမီးေလးပဲ ေမြးပါကြာေနာ္.."


"အဲ့ဒါေတာ့ ဗိုက္ကအခုမွေလးလဲရွိေသးေတာ့

ဘယ္လိုလုပ္ၿပီး သိအုံးမွာလဲ..ဒီလိုလုပ္ပါလား

ဝိုင္းေလးတို႔ ျဗမၼာသားပိုက္႐ုပ္ထုမွာ

သမီးဆုသြားပန္ရေအာင္ေလ..ဒါေပမဲ့ကိုကိုက

အဲ့လိုေတြ အယုံအၾကည္မရွိေတာ့ 

မသြားေတာ့ပါဘူး"


"ဟာ..ဒီတစ္ခါေတာ့သြားမယ္..ရႈိင္းေလးလို

ေနာက္ထပ္ ေမ်ာက္လႊဲေက်ာ္သားတစ္ေယာက္သာ

ထပ္ေမြးရင္ ေခါင္းေမႊးတင္မကဘူး

ေျခေမႊးပါေျပာင္လိမ့္မယ္.."


ဝိုင္းေလးထက္ ကိုကိုကပိုစိတ္အားထက္သန္ၿပီး

သြားမယ္တကဲကဲႏွင့္ အတင္းဆြဲေခၚေန၍

သမီးဆုပန္ဖို႔ရာ အတူသြားလိုက္ရေလသည္။

ဝိုင္းေလးအတြက္ေတာ့ ဒီႏွစ္ရဲ႕ေႏြရာသီဟာ

အရမ္းကို ၿပီးျပည့္စုံသည္ဟု

ခံစားမိသည္။


အတၱေတြ၊မာနေတြႏွင့္ စတင္တည္ေဆာက္

ခဲ့ၾကေသာ ပဆစ္အိမ္ေလးဆိုေပမဲ့

ေနာက္ဆုံးမွာ ‌ေႏြးေထြးမႈ၊ေပ်ာ္႐ႊင္မႈေတြႏွင့္သာ

အဆုံးသတ္ခဲ့ၿပီျဖစ္၍ ေဖာ္မျပတတ္ေအာင္

ေက်နပ္ရသည္။


                    **ၿပီးပါၿပီ**


(စာေရးသူ..ေဆာင္းေငြ႕ေဝ)


🍁🍁🍁🍁🍁🍁🍁🍁🍁


ဇာတ္လမ္းေလးကေတာ့ လွပစြာဇာတ္သိမ္း

သြားခဲ့ပါၿပီး စာဖတ္သူတို႔ေရာ

ေက်နပ္ၾကရဲ႕လားရွင့္ 


**အမ်ားႀကီးေတာ့ မေျပာေတာ့ပါဘူး

ေနာက္ထပ္ဇာတ္လမ္းေလးျဖစ္တဲ့

(ေမာင့္အသဲႏုႏု မေလးပန္ဖို႔ယူ)ဆိုတဲ့

၀တၳဳေလးကို ထပ္ၿပီးေစာင့္ေမွ်ာ္

အားေပးၾကပါအုံးလို႔ ေတာင္းဆိုရင္း

စာဖတ္သူတစ္ေယာက္ခ်င္းဆီတိုင္း

စိတ္ခ်မ္းသာ ကိုယ္က်န္းမာပါေစလို႔

ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္ရွင္**


5 comments:

  1. ဇာတ်လမ်းလေးလည်းကြိုက်
    ဇာတ်သိမ်းလေးကိုလည်းကြိုက်
    နောက်လာမဲ့ဇာတ်လမ်းလေးကိုလည်းအားပေးဘို့စောင့်မျှော်လျှက်ပါ။စာရေးသူလေးကိုလည်ဒီလိုသီးသီးသန်သန့်ဖတ်နိုင်အောင်စီစဥ်ပေးလို့လည်းအထူးကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ကျေးဇူးပါ စာရေးသူ 🥰🥰🥰🥰

    ReplyDelete
  3. chawchaw2626gg@gmail.com

    ReplyDelete
  4. ဘယ်နေ့အသစ်တင်မှာလဲမင်မင်

    ReplyDelete
  5. ဇာတ်လမ်းအသစ်လေးတွေမျှော်နေပါတယ်

    ReplyDelete