(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၅၁)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
နွေမနက်ခင်းတွင် တိမ်တိုက်လေးများကြားမှ
နေရောင်ခြည်တန်းလေးများ လှုပ်လီလှုပ်လဲ့
တိုးထွက်နေကြသည်မှာ ရွှေချည်မျှင်များ
တလဲ့လဲ့တောက်ပနေသည့်အလား။
ထိုရွှေချည်မျှင်တန်းလေးများကို ဖြတ်၍
ငှက်လေးများသည် တဆာဆာမြည်တမ်းလို့
လေဟုန်ခွင်းလျှက် တောင်ပံဖြန့်ကာ
ပြန်သန်းနေကြပုံအား နေမင်းကြီးကလည်း
ပြုံး၍ကြည့်နေသကဲ့သို့ပင် ကြည်နူးစရာ
မနက်ခင်းမြင်ကွင်းလေးဖြစ်၍နေသည်။
ထိုအချိန်၌ မင်းစက်အာဏာသည်
အိပ်မက်လှလှလေးများကို
မြင်မက်ပြီး လန်းဆန်းတက်ကြွခြင်းများစွာဖြင့်
နိုးလာခဲ့သည်။
သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်စဉ်မှာ
ညကသူ့လက်မောင်းများကြား
ထွေ့ပွေ့ထားမိသူလေးအား ရှာမတွေ့တော့၍
လန့်သွားမိလေသည်။
"..ကိုကို..အိပ်ယာနိုးပြီလား.."
တိုက်တိုက်ဆိုင်ဆိုင်ပဲ အခန်းထဲသို့
သူမျှော်လင့်နေသော မေ၀င်လာလေသည်။
သူ့ရဲ့စိုးရိမ်ပူပန်နေမှုတွေကို မေက
ကြိုသိနေသလားပဲ။
ဒါပေမဲ့ မေ့ကိုတွေ့တော့မှသာ
သူသက်ပြင်းချနိုင်ခဲ့သည်။
*ကိုယ့်အနားကနေ မေဘယ်ကိုမှ
ထွက်သွားခွင့်မရှိဘူး..မေကကိုယ့်အပိုင်ပဲ..*
"မေကလည်းကွာ..မနက်အစောကြီးရှိသေးတာကို
ဘယ်တွေသွားနေတာလဲ.."
သူ့ဘ၀မှာ ပထမဆုံးအနေနဲ့ကလေးဆိုးလေးကဲ့သို့မေ့ကိုဂျီတိုက်လိုက်မိသည်။
မေကတော့ သူ့အမူအရာကြောင့် ပခုံးလေး
တွန့်တက်သွားသည်အထိ ရယ်လိုက်ပြီး
မွေ့ယာပေါ်တွင် ဒူးထောက်၍ထိုင်ချလိုက်ကာ
သူ့ရဲ့ပွလျှောင်းနေသည့် ဆံပင်တွေကို
လက်ချောင်းနုနုလေးများနှင့်
သပ်ချပေးနေလေသည်။
"ဘာလဲ..ဝိုင်းလေးကိုစိတ်ဆိုးနေတာလား"
ဆံပင်ရှည်ကြီးတွေကို ကျစ်ဆံမြီးနှစ်ဖက်
ခွဲကျစ်ထားသော မေ့မျက်နှာလေးထပ်မှာ
အဖြူရောင် ပါးကွက်လေးနှစ်ကွက်က
ထင်းထွက်နေသည်။
သေချာကြည့်လေ ကိုယ့်ရဲ့မေဟာသိပ်လှလေပါပဲ။
ပြေပြစ်လှသော နဖူးပြင်လေး၊မျက်ခုံး၊မျက်လုံး၊
နှာတံနဲ့နှုတ်ခမ်းလေးတွေအစ လှရက်လိုက်ပုံများ
ကိုယ့်ကုမ္ပဏီက ရုပ်ရှင်မင်းသမီးတွေထက်တောင်
အပုံကြီးသာသည်။
ခရမ်းရောင်အပွင့်နုပ်လေးတွေပါသော
မြန်မာ၀မ်းဆက်လေးကို ၀တ်ထားသည့်
အခုပုံစံလေးကလည်း ယဉ်တင့်ပြီး
နူးညံ့သိမ်မွေ့သော မိန်းမလှလေးအသွင်
ဆောင်နေလေသည်။
ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်တဲ့
၀င်းတစ်ယောက် မေ့ကိုနှစ်နဲ့ချီပြီး
ဘာကြောင့်စွဲလှမ်းခဲ့ရသလဲဆိုတာ
သူအခုတော့ သိလိုက်ပါပြီ။
တကယ်တော့မေက အခုမှမဟုတ်ဘူး။
ငယ်ငယ်တည်းကကို ချစ်စရာကောင်းတာ။
အသားလေးကဖြူဖွေးပြီး နီရဲနေတဲ့
ပါးဖောင်းဖောင်းလေးတွေရယ်၊ဝိုင်းစက်နေသော
မျက်၀န်းညိုညိုလေးတွေရယ်က မြင်သူတိုင်း
ချစ်ခင်ချင်စရာပဲ မဟုတ်ပါလား။
မေ့ရဲ့ နားသယ်စပ်ကလေးမှာ ကျနေသော
ဆံစလေးတွေကို သပ်တင်ပေးလိုက်ပြီး
ဒူးထောက်၍ ငုံ့မိုးကြည့်နေသော မေ့ရဲ့လည်တိုင်
ကျော့ကျော့လေးကို ထိကိုင်လိုက်မိသည်။
"နောက်တစ်ခါ အစောကြီးမထပါနဲ့မေရယ်..
ကိုယ်ကမနက်မိုးလင်းတိုင်း မေနဲ့အတူ
နိုးထချင်တာ..မေ့မျက်နှာလေးကို
ပထမဆုံးမြင်ချင်တာ..."
"ပိုပြီ.."
"တကယ်အတည်ပြောနေတာပါ..ဘာလဲ
မေကမယုံဘူးလား.."
"ယုံတစ်၀က်..မယုံတစ်၀က်ပဲ.."
မေ့ရဲ့အပြောကြောင့် မင်းစက်၏ရင်ထဲမှာ
ဆစ်ခနဲ နာကျင်သွားရသလို
မင်းစက်၏မျက်ခုံးတန်းတွေပါ
အလိုအလျှောက်တွန့်ကြုံ့သွားရသည်။
*မေကကိုယ့်ကို မယုံဘူးတဲ့လား.."
"ဘာလဲ..မေကကိုယ့်အချစ်ကို
သံသယ၀င်နေတာလား..ကိုယ်ဒီလောက်မေ့အပေါ်
ချစ်ပြနေတာတောင် မယုံသေးဘူးလား.."
"ဒါတော့..ရေရှည်ကိုစောင့်ကြည့်ရအုံးမှာပေါ့..
ကဲ..အခုတော့ထလိုက်အုံး..ဒီနေ့KGရုံးချုပ်ကို
သွားရအုံးမယ်မဟုတ်လား..မနက်စာ
အဆင်သင့်ပြင်ထားတယ်.."
ဝိုင်းလေးကသူ့ကို ဆွဲထူလိုက်ပေမဲ့
သူ့မျက်နှာကြီးက ခုဏကလိုကြည်စင်မနေပဲ
ချက်ချင်းဆူပုတ်သွားလေသည်။
"ကိုယ်KGရုံးချုပ်ကိုသွားမှာမဟုတ်ဘူး..
အခု..အဖေကပြန်ရောက်လာပြီဆိုတော့
သူ့ကုမ္ပဏီကို သူပြန်ဦးစီးလိမ့်မယ်.."
"အဲ့ဒါဆိုရင် ကိုကိုကအလုပ်လက်မဲ့
ဖြစ်သွားတော့မှာလား.."
မျက်လုံးလေးအကြောင်သားနှင့်
မင်းစက်ကို ငမွဲဇာတ်ခင်းလိုက်သည့်မေ့စကားကို
သူရယ်ချင်သွားမိသည်။
ဒါပေမဲ့ မရယ်မိအောင်ချက်ချင်း ထိန်းချုပ်လိုက်ပြီး
သနားစရာကောင်းဟန်ဆောင်ကာ မေ့ကို
ခွေးပေါက်ကလေးလိုပြန်ကြည့်လိုက်သည်။
"ဟုတ်တယ်..ကိုယ်အခုဦးစီးနေရတဲ့
လုပ်ငန်းတွေအားလုံးက ကိုယ့်အဖေ
ပိုင်တာတွေကြီးပဲ..အခုသူကပြန်လာပြီဆိုတော့
ကိုယ့်ကို..အလိုမရှိတော့ဘူးလေ..
အခုကိုယ်ကိုကုမ္ပဏီကနေ ကန်ထုတ်လိုက်ပြီ
ကိုယ်ဘာဆက်လုပ်ရမလဲမေ.."
မင်းစက်၏သရုပ်ဆောင်စွမ်းရည်က
တော်တော်လေး ထိရောက်သွားပုံရတယ်။
မေ့မျက်၀န်းတွေက ချက်ချင်း၀မ်းနည်းရိပ်
သန်းသွားပြီး မင်းစက်၏ခါးကိုထက်လိုက်ကာ
နှစ်သိမ့်ပေးနေလေသည်။
မေ့ကွယ်ရာမှာတော့ မင်းစက်ကြိတ်ပြုံးလိုက်ပေမဲ့
မေက သူ့မျက်နှာကိုပြန်မော့ကြည့်လာတဲ့အခါ
ချက်ချင်းပဲ သနားစရာပုံစံပြန်ဖမ်းလိုက်ရသည်။
"ကိုကိုကအရည်အချင်းရှိတဲ့သူပဲဥစ္စာ
KGကုမ္ပဏီကို မဦးစီးရလည်း..
တစ်ကနေပြန်စပြီး နောက်ထပ်ကိုယ်ပိုင်
လုပ်ငန်းတစ်ခု ထောင်လိုက်ပေါ့..
ဝိုင်းလေး ကို့ကိုယုံတယ်..
ကိုကို သေချာပေါက်အောင်မြင်နိုင်မှာပါ.."
"ဒါပေမဲ့လုပ်ငန်းတစ်ခုကို တစ်ကနေ
ပြန်စရမှာကို ကိုယ်မကြိုက်ဘူး..
အခုကိုယ့်စိတ်ထဲမှာ ကိုယ်လုပ်ခဲ့သလောက်
ပြန်မရခဲ့တဲ့အတွက် စိတ်ကျရောဂါတောင်
ခံစားနေရသလိုဖြစ်နေပြီ.."
"ဟုတ်ပါတယ်လေ..ကိုကို့အနေနဲ့ဆို
စိတ်ရော၊ကိုယ်ရော ဒီကုမ္ပဏီထဲမှာပဲ
မြှုပ်နှံပေးထားပြီးကာမှ အလိုမရှိတဲ့အခါ
ကန်ထုတ်ခံလိုက်ရသလိုဖြစ်နေမှာပေါ့နော်.."
"ဟုတ်တယ်မေရယ်..ကိုယ်ဘာဆက်လုပ်ရမလဲ.."
"အခုလောလောဆယ်တော့ ကိုကိုအိမ်မှာပဲ
စိတ်ပြလက်ပျောက် အနားယူလိုက်လေ
နောက်မှ သေချာစဉ်းစားပြီး ကိုယ်လုပ်ချင်တာ
လုပ်ပေါ့..ဝိုင်းလေးလည်း အိမ်မှာနေပြီး
ကိုကိုနဲ့အဖော်ပြုပေးပါ့မယ်.."
မေကဘယ်လိုပဲ နှစ်သိမ့်ပေးနေပါစေ
မင်းစက်၏မျက်နှာကြီးက အလွန်စိတ်ဓာတ်ကျပြီး
ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေသည့်ပုံစံ
ဖမ်းထားလိုက်တော့ မေ့ရုပ်ကလေးကပါ
ဟန်မဆောင်နိုင်ပဲ တော်တော်
စိတ်ထိခိုက်သွားသည်ဟု သူခံစားလိုက်ရသည်။
"ကိုကိုရယ်..ဘာလို့စိတ်ဓာတ်ကျနေတဲ့ပုံစံ
ဖြစ်နေရတာလဲ..ဝိုင်းလေးသိတဲ့
မင်းစက်အာဏာဆိုတာက ဟိတ်ဟန်အပြည့်နဲ့
ဘာပဲလုပ်လုပ် ရဲရင့်ပြတ်သားပြီး
ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ဘူးလေ.."
"ကိုယ်..မေ့ကိုတစ်ခုလောက်
မေးလို့ရမလား.."
"မေးလေ.."
မေ့ရဲ့လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး
မေ့မျက်နှာလေးကို စူးစမ်းသလိုသူကြည့်လိုက်သည်။မင်းစက်အာဏာဆိုသည့်သူဟာ
ဘယ်လိုအခြေအနေကိုရောက်နေပါစေ
မေက သူ့ဘေးမှာရှိနေပေးချင်လားဆိုတာကို
အရမ်းသိချင်နေမိသည်။
"မေ..တကယ်လို့..ကိုယ့်မှာဘာမှမရှိတော့ပဲ
ဆင်းရဲသွားတယ်ဆိုရင်ရော
မေက ကိုယ့်နဘေးမှာဆက်ပြီး
ရှိနေပေးအုံးမှာလဲ.."
"ကိုကိုဘယ်လိုပြောလိုက်တာလဲ..ဝိုင်းလေးက
ကိုယ့်ယောက်ျား ဆင်းရဲသွားတာနဲ့
ပြစ်သွားမဲ့လူလို့ ထင်နေတာလား..
အဲ့လိုမေးတာကို ဝိုင်းလေးမကြိုက်ဘူးနော်..
ဝိုင်းလေးလိုချင်တာက ကိုယ့်အပေါ်မှာ
တကယ်အချစ်စစ်နဲ့ အမြဲတမ်းသစ္စာမပျက်
ချစ်ပေးမဲ့ သူကိုပဲအလိုရှိတာ..
ဆင်းရဲတာ..ချမ်းသာတာတွေကလုံး၀
အရေးမကြီးဘူး..တကယ်လို့ကိုကိုက
အလုပ်မလုပ်ချင်ဘူးဆိုရင်တောင်
ဝိုင်လေးက အပြင်ထွက်ပြီးအလုပ်လုပ်မှာပေါ့.."
မေ့ရဲ့ပုံစံက တော်တော်လေးစိတ်ဆိုးနေပုံပေါ်တော့
မေးမိတာတောင် မှားသွားပြီထင်ပါတယ်။
မေ့စိတ်ကို စမ်းသပ်ကြည့်တာလွန်သွားပြီများလား။
ဒါပေမဲ့ မေ့ရဲ့သဘောထားကို သိလိုက်ရတော့
ပျော်ရွှင်သွားမိတာ အမှန်ပါပဲ။
ကိုယ့်လိုလူက ဘယ်တော့မှအလုပ်လက်မဲ့
အဖြစ်ခံမှာမဟုတ်ပေမဲ့ အလုပ်မရှိရင်တောင်
မိန်းမက တင်ကျွေးထားမယ်ဆိုတော့
ထမင်းစားလတ်မှတ်မပျောက်တော့ဘူးပေါ့။
*ဟား..ဟား..တွေးမိလေရယ်ချင်လာလေပဲ..
မိန်းမယူတာ မမှားတော့ဘူးပေါ့..*
"မေကိုယ့်ကို စိတ်ဆိုးသွားတာလား.."
"စိတ်မဆိုးပဲနေမလား ဝိုင်းလေးက
ကိုကိုဆင်းရဲသွားတာနဲ့ ပစ်သွားမဲ့လူလို့
အထင်ခံရတဲ့ဥစ္စာ..ဒီမှာကိုကို..
အစတည်းကဝိုင်းလေးရဲ့စိတ်ကူးထဲမှာရှိတဲ့
အိမ်ထောင်ဖက်က..သာမာန်အလုပ်အကိုင်နဲ့
သာမာန်မိသားစုက လူတစ်ယောက်ပဲသိရဲ့လား
အဓိကက..နွေးထွေးကြင်နာတတ်တဲ့
လူဖြစ်ရင်ရပြီမို့လို..ကိုကိုကထူးပြီး
ချမ်းသာနေစရာမလိုဘူး..ကိုကိုက
သာမာန်ပဲဆိုရင်တောင်..ဝိုင်းလေးချစ်တဲ့လူကို
ဘယ်တော့မှ လက်လွတ်မှာမဟုတ်ဘူး.."
"ဟုတ်ပါပြီကွာ.. အဲ့လောက်ဒေါသထွက်ပြီး
မျက်နှာကြီးက ဘာလို့ရှုံ့တွနေရတာလဲ..
တော်ကြာ၀က်ခြံတွေပေါက်ပြီး မလှပဲနေအုံးမယ်.."
"မလှလည်းနေပါစေပေါ့ အဲ့လိုရုပ်ဆိုးသွားတော့မှ
ကိုကိုက ဝိုင်းလေးကိုတကယ်ချစ်လား
မချစ်လား သိရမှာပေါ့.."
"အဲ့ဒါတော့စိတ်ချ..မေကဘီလူးမကြီးဖြစ်နေလဲ
ကိုကိုက ချစ်ပေးမှာပဲ.."
"အပိုတွေ..မယုံပါဘူး.."
"ယုံလိုက်ပါကွာ..ခုဏကလည်းကိုကိုက
စလိုက်တာပါ..ကိုယ့်အဖေကKGကုမ္ပဏီကို
ပြန်ရောက်နေပြီဆိုပေမဲ့ ကိုကို့မှာအခြား
ကိုယ်ပိုင်လုပ်ငန်းခွဲတွေ အများကြီးရှိပါသေးတယ်
ခုရက်ပိုင်းမှာ ကိုယ်နဲနဲအလုပ်ရှုပ်မှာမို့
မေ့ကို သိပ်ပြီးအချိန်ပေးနိုင်သေးမှာ
မဟုတ်ဘူး..အားလုံးပြီးသွားရင် မေ့ကို
စပရိုက်တိုက်စရာရှိတယ်.."
"ဘာကိုလဲ.."
"နောက်တော့..မေသိရမှာပေါ့..အခုတော့
လျို့ဝှက်ချက်.."
ဝိုင်းလေး၏ ခေါင်းလေးကိုပုတ်ပြီး
နဖူးကိုနမ်းခဲ့ကာ ရေချိုးခန်းထဲသို့
သူ၀င်သွားလေတော့သည်။
စပရိုက်တိုက်မည်တဲ့ ဘာကိုပြောတာပါလိမ့်။
လျှို့ဝှက်ထားတော့ ရင်တုန်နေရသည်။
🔥🔥🌹🔥🔥🔥🔥
ကိုကိုကမနက်စာစားပြီး အလုပ်သွားနှင့်၍
ဝိုင်းလေးလည်း အမေတို့နှင့်အိမ်ဆောက်မည့်
ကိစ္စကို သွား၍ဆွေးနွေးရလေသည်။
မေမေတို့၏ အိမ်ကိုဆောက်လုပ်မည့်ကိစ္စနှင့်
ပတ်သတ်၍လည်း ကိုကိုကအင်ဂျင်နီယာ
ကောင်းကောင်းကို ရှာပေးထားသည့်အပြင်
အရာအားလုံး "မေသဘောကျလုပ်ပါ"ဟုသာ
ပြောလေသည်။
ရပ်ကွက်ထဲမှာရှိသည့် ရင်းနှီးသောလူတွေကတော့
ဝိုင်းလေးကို အိမ်ထောင်ကျတာတောင်
မိဘကို ပြန်ကြည့်တဲ့သူဆိုပြီး မျိုးစုံအောင်
ချီးမွှန်းခန်းဖွင့်ကြသည်ဟု ဒေါ်လေးက
ပြန်ပြောပြလာသည်။
ဝိုင်းလေးကို ယောက်ျားရကံကောင်း၍လည်း
သမီးရှင်တွေက အားကျနေကြသည်တဲ့လေ။
ဝိုင်းလေးကိုယ်တိုင်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့
အိမ်ထောင်ပြုလိုက်ရခြင်းအပေါ် အစပိုင်းမှာတော့
နောင်တများစွာရခဲ့ပေမဲ့ နှစ်ဦးကြားမှာ
ချစ်ခြင်းတရားက အစပြုလာတော့
အလိုလို ကျေနပ်နေမိသည်။
ချစ်လို့ယူလိုက်သည့် ယောက်ျားမဟုတ်ပေမဲ့
ချစ်မိသွားတဲ့လူက ကိုယ့်ယောက်ျားဖြစ်ပြီးသား
ဆိုတော့ ဘာလိုအပ်တော့မှာလဲ။
ဒါ့အပြင် တဖြည်းဖြည်းနဲ့ကိုကိုဟာ
ဝိုင်းလေးကိုတကယ်ချစ်တာပါလားလို့
နားလည်လာခဲ့တယ်။
မေဝိုင်းလေးဆိုတာ ဦးမင်းစက်အာဏာရဲ့
လက်အောက်မှာ အလုပ်လုပ်ဖူးသူမို့
သူဟာ ဘယ်လိုလူမျိုးလဲဆိုတာ
ကိုယ်သာ အသိဆုံး။
ဒေါသကြီးတယ်၊စိတ်ဆတ်တယ်၊
အမှားလုပ်ပြီးသူကို ခွင့်မလွှတ်တတ်တဲ့အပြင်
မာနအရမ်းကြီးတော့ ဘယ်သူ့ကိုမှ
အောက်ကျခံပြီး ဆက်ဆံတတ်သူမဟုတ်ဘူး။
သူကဒါလို့ပြောလိုက်ရင် ဒါလုပ်ပေးမှ
ကျေနပ်တတ်သည့်လူဟာ အရာရာကို
တစ်သွေး၊တစ်သံ၊တစ်မိန့်ဖြစ်နေမှ
သဘောကျတတ်ပေမဲ့ ဝိုင်းလေးကသူ့ကို
စိတ်ကောက်ရင်တော့ လိုက်ချော့ပေးရှာတယ်။
ဝိုင်းလေးဘက်ကတင်းရင် သူ့ဘက်က
လျော့ပေးတယ်။
သူ့ကိုစိတ်ဆိုးစေမဲ့စကားမျိုး ပြောမိရင်တောင်
ဝိုင်းလေးရဲ့မျက်ရည်ကို မြင်လိုက်တာနဲ့
ဘယ်ကနေသင်ယူထားမှန်းမသိတဲ့ စကားလုံး
လှလှလေးတွေသုံးပြီး လူကိုစိတ်ဆိုးပြေစေအောင်
လုပ်နိုင်လွန်းတဲ့လူကြီးပါ။
🔥🔥🔥🔥🔥🔥🔥🔥
"အိမ်ဆောက်တဲ့အချိန်ကြရင်
အမေတို့တွေ သမီးတို့အိမ်ကိုပြောင်းလာခဲ့
ကြပါလား.."
"ဖြစ်ပါ့မလားသမီးရယ်..နှစ်လ၊သုံးလလောက်
ကြာမဲ့ကိစ္စကြီးကို..အားနာစရာကြီးကွယ်.."
"ဘာအားနာစရာရှိလည်းအမေရယ်..
ကိုမင်းစက်ကလည်း အမေတို့လာနေရင်
မိသားစုသိုက်သိုက်၀န်း၀န်းနဲ့ဆိုတော့
သူလည်း ပိုပြီးစိတ်ချမ်းသာတာပေါ့.."
"ဒါပေမဲ့ နင့်အစ်မခင်ထိပ်ထားဦးနဲ့က
ဖြစ်ပါ့မလား.."
အန်တီလေးက ဝိုင်းလေးကိုစိုးရိမ်စွာမေးလာတော့
နည်းနည်းတွေဝေသွားမိသည်။
မမထိပ်ထားက ဝိုင်းလေးကိုအမြင်မကြည်တော့
လက်ခံချင်မှခံမှာ။ဒါပေမဲ့ဘယ်တတ်နိုင်မှာလဲ။
ကိုယ်ကစေတနာနဲ့ခေါ်တာလေ သူမပါလည်း
အမေတို့လာနေရင်ပြီးရောပေါ့။
"မမထိပ်ထားကို ပြောကြည့်ပေါ့..
သူ့ဘာသာနေချင်တာ..မနေချင်တာကတော့
သူ့အပိုင်းပဲ အဓိကကအမေတို့၊အဖွားတို့၊
ဒေါ်လေးတို့လာနေရင် ပြီးတာပဲလေ.."
"နေပါအုံးဟယ်..ဒီနေ့သူခရီးကနေပြန်ရောက်ရင်
မေးကြည့်လိုက်ပါ့မယ်.."
"အင်းပါ..ဒါဆိုသမီးပြန်လိုက်အုံးမယ်နော်.."
"အေး..အေး..လမ်းမှာဂရုစိုက်အုံးနော်.."
"ဟုတ်ကဲ့ပါအမေရဲ့.."
အမေတို့ကိုနှုတ်ဆက်ခဲ့ပြီး တက္ကစီနှင့်ပြန်လာခဲ့သော လမ်းတစ်လျှောက်တွင် ဝိုင်းလေး၏
မျက်နှာတစ်ခုလုံး ကျေနပ်ပီတိဖြစ်မှုတွေနှင့်သာ
လွှမ်းခြုံနေသည်။
မိဘတွေကို အိမ်ဆောက်ပေးရတော့မည်ဖြစ်သလို
ကိုယ့်ကို အထင်သေးစွာဆက်ဆံခဲ့သည့်
မမထိပ်ထားကိုလည်း
အောက်ကျခံစရာမလိုတော့ပေ။
ကိုယ့်အနောက်မှာ ကိုယ့်ယောက်ျားက
မားမားမတ်မတ် ရပ်တည်ပေးနေတော့
ဘယ်သူ့ကိုမှ မကြောက်တော့သလို၊
အားငယ်စိတ်တွေလည်း လွှင့်စင်သွားသကဲ့သို့
ခံစားလိုက်ရသည်။
ခြံရှေ့မှာ တက္ကစီကားလေးကို ထိုးရပ်လိုက်စဉ်
စနိုးဆိုသည့်မိန်းမရဲ့ ကားကိုပါတွေ့လိုက်ရ၍
စိတ်ကြည်လင်နေတာတွေတောင်
ပျောက်သွားရသည်။
"မေဝိုင်းလေး..ငါနင့်ကိုပြောစရာရှိလို့
ဒီမှာလာစောင့်နေတာ.."
ကားပေါ်ကဆင်းလာပြီး ဟန်နဲ့ပန်နှင့်ပြောနေပုံက
တစ်စက်မှကို အချိုးမပြေပေ။
မနေ့ကလိုပဲ နှုတ်ခမ်းနီတွေကရဲနေပြီး
မျက်နှာထားကလည်း မာထန်နေသည်။
မပတ်သတ်ချင်ပါဘူးဆိုနေမှ လာလာပြီး
နှောက်ယှက်နေတာများ
တော်တော်အားနေသလားမသိဘူး။
"ကျွန်မကတော့ ဘာမှပြောစရာမရှိဘူး.."
"ကိုကို့ရဲ့အဖေကခေါ်ခိုင်းလိုက်တာ
ဆိုရင်ရော..မလိုက်ရင်တော့ နင်ကသိပ်ကို
ရိုင်းစိုင်းတဲ့လူလို့ သတ်မှတ်လိုက်မှာ.."
"ကိုကို့ရဲ့အဖေက ဝိုင်းလေးကိုဘာကိစ္စ
ခေါ်ရတာလဲ..ရှင်လိမ်နေတာမဟုတ်လား.."
"ငါကဘာလို့ လိမ်ရမှာလဲ.. အဖေကနင်နဲ့
အရေးတကြီးပြောစရာရှိလို့ဆိုပြီး
ငါ့ကိုလာခေါ်ခိုင်းလိုက်တာ..
တကယ်လို့နင်မလိုက်ဘူးဆိုလည်း
ကိစ္စမရှိပါဘူး..အဲ့ခါကြတော့လည်း
ကိုကို့ရဲ့အဖေကိုတောင် နင့်ဘက်က
လိုက်မတွေ့နိုင်လောက်တဲ့အထိ
မိုက်ရိုင်းရမ်းကားတာကို အားလုံးသိသွားတာပေါ့.."
"ကောင်းပြီ..ကျွန်မလိုက်ခဲ့မယ်..ဒါပေမဲ့
ရှင့်ကားနဲ့တော့ မလိုက်နိုင်ဘူး..
ရှင်ရှေ့ကနေမောင်းသွား ကျွန်မဘာသာ
တက္ကစီနဲ့နောက်ကနေ လိုက်လာခဲ့မယ်.."
"ငါကလည်းနင့်ကို ငါ့ကားနဲ့တင်မခေါ်ချင်ပါဘူး"
မဲ့ကာရွဲ့ကာဖြင့် သူ့ရဲ့ကားပေါ်သို့
ပြန်တက်ပြီး မောင်းထွက်သွားတော့
ဝိုင်လေးလည်း တက္ကစီးပေါ်သို့
ပြန်တက်လိုက်ရလေသည်။
ကိုကို့ဆီသို့ ဖုန်းဆက်ပြီးလှမ်း၍အကြောင်းကြား
ချင်ပေမဲ့ ကိုကိုနဲ့သူ့မိသားစုက
မတည့်ဘူးဆိုတော့ ဝိုင်းလေးကြောင့်
ပြဿနာတွေ ထပ်မဖြစ်စေချင်တော့ပေ။
ထို့ကြောင့် ဖုန်းမဆက်ဖို့သာဆုံးဖြတ်လိုက်သည်။
နောက်ပြီး ကိုကို့အဖေကဝိုင်းလေးကို
ဘာတွေပြောမလဲဆိုတာ သိချင်သလို
ကိုကို့ရဲ့အဖေကိုလည်း တွေ့ဖူးချင်သည်။
ကိုယ့်မိန်းမနှင့် ကလေးသုံးယောက်ကို
ပစ်ထားခဲ့ပြီး တစ်ခြားမိန်းမကို
ယူသွားသည့် သစ္စာမဲ့သောယောက်ျား
ဦးသူရမင်းခေါင်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ။
နောက်ပြီး သူများယောက်ျားကို မြှူစွယ်
ဖျားယောင်းခဲ့တဲ့ ဒေါ်မေဘယ်လ်ဆိုတာက
ဘယ်လိုပုံစံဖြစ်လိမ့်မယ်။
ကိုကို့အဖေဘက်က မိသားစုအကြောင်းကို
တွေးမိတော့ ကိုကို့အတွက်ပါစိုးရိမ်လာသည်။
အဖေဖြစ်သူက ဖောက်လွဲဖောက်ပြန်
လုပ်တတ်သည့် အကျင့်ရှိတော့ ကိုကိုဟာလည်း
အဲ့ဒီ့အကျင့်စရိုက်မျိုးတွေ
မပါလာလောက်ပါဘူးနော်။
မဟုတ်ရင် ဝိုင်းလေးရင်ကွဲရလိမ့်မယ်။
ငွေကိုရေလိုသုံးနိုင်သည့် စီးပွားရေးသမားတွေမို့
ဘာပဲလုပ်ချင်ချင် သူတို့အတွက်က
လွယ်လွယ်လေးပဲ။
*မဖြစ်ဘူး..မဖြစ်ဘူး..သူ့ကိုလည်းသူ့အဖေရဲ့
လမ်းစဉ်ကိုမလိုက်ဖို့ အခုတည်းက
တားမြစ်ထားရမယ်*
ကျန်တာအကုန်လုံးကို ခွင့်လွှတ်ပေးနိုင်ပေမဲ့
သစ္စာဖောက်ခံရရင်တော့ လုံး၀
ခွင့်လွှတ်မပေးနိုင်ဘူး။
မစနိုးက ခြံ၀န်းကြီးတစ်ခုထဲသို့သူ့ကားကို
မောင်း၀င်လိုက်တော့ ဝိုင်းလေးတို့လည်း
အနောက်မှ လိုက်၀င်ရလေသည်။
ကားဆရာကိုတော့ ခဏစောင့်ခိုင်းထားပြီး
မစနိုးလမ်းညွှန်ရာအတိုင်း အနောက်မှ
လိုက်၀င်ရင်းမှ အခန်းတစ်ခု၏အရှေ့ကိုအရောက်
မစနိုးကတံခါးခေါက်လိုက်လေသည်။
"၀င်ခဲ့.."
အထဲမှာ လူကြီးပိုင်းဖြစ်နိုင်သည့် ယောက်ျားအသံ
တစ်ခုပေါ်လာပြီးနောက် မစနိုးကဝိုင်းလေးကိုသာ
၀င်ခိုင်း၍ တစ်ဦးတည်းကြောက်ကြောက်လန့်လန့်
နှင့်ပင် အခန်းထဲသို့၀င်သွားလိုက်သည်။
"မင်းက..မင်းစက်ရဲ့မိန်းမလား.."
"ဟုတ်ပါတယ်.."
အခန်းကိုလှည့်ပတ်ကြည့်လိုက်မိတော့
သူ့ရဲ့အလုပ်ခန်းဖြစ်ပုံရသည်။
ဒါပေမဲ့ အခန်းထဲသို့၀င်လိုက်သည့်နှင့်
မနှစ်မြို့ဖွယ် ခံစားမှုကိုသာရနေသည်။
ဦးသူရမင်းခေါင်က အလုပ်စားပွဲနောက်ရှိ
ထိုင်ခုံပေါ်မှာထိုင်နေပြီး သူ့အနောက်ဘက်မှာတော့
မိန်းမတစ်ယောက်က မတ်တပ်ရပ်ကာဖြင့်
သူ့ပခုံးကို နှိပ်နယ်ပေးနေသည်။
ထိုမိန်းမ၏မျက်နှာက အလွန်နုနယ်နေပြီး
အသက်ကလည်း ဝိုင်းလေးတို့ထက်ကြီးလှ
သုံးလေးနှစ်ပေါ့။
ဒါဆိုရင် ဒီမိန်းမကဦးသူရမင်းခေါင်၏
နောက်မိန်းမ ဒေါ်မေဘယ်လ်မဖြစ်နိုင်ဘူး။
ဒါဆို သူ့ရဲ့အပျော်မယားများလား။
တွေးကြည့်ရုံနဲ့တင် အော်ဂလီဆန်ချင်လာသည်။
"ထိုင်ပါအုံး.."
သူကထိုက်ဖို့ပြောတော့ ဝိုင်းလေးလည်း
နီးရာဆိုဖာထက်တွင် ဝိုင်ထိုင်ပစ်လိုက်သည်။
ထိုလူကြီးကတော့ ဝိုင်းလေးကိုသာ
စုန်ချီဆန်ချီကြည့်နေပြီး ခပ်မဲ့မဲပြုံးလိုက်လေသည်။
သေချာတာကတော့ သူ့မျက်၀န်းတွေထဲမှာ
အထင်သေးမှုတွေသာ ရှိနေပြီး သူ့ကို
နှိပ်နယ်ပေးနေသည့် မိန်းမကိုကြည့်သလို
အလားတူအကြည့်မျိုးသာ ဖြစ်သည်။
"မင်းဘာရည်ရွယ်ချက်နဲ့ ငါ့သားကို
လာကပ်ရတာလဲ.."
စမေးသည့် မေးခွန်းမှာတင် လက်သီးတွေကို
ကျစ်နေအောင် ဆုပ်လိုက်မိသည်အထိ
ဒေါသထွက်သွားမိသည်။
ယောက်ျားလေးနဲ့မိန်းကလေး
လက်ထပ်လိုက်ကြတဲ့အပေါ် ယောက်ျားလေးက
ချမ်းသာနေရင် ဘာလို့များတစ်ဖက်မိန်းကလေးကို
ချူစားမြှူစားတဲ့ အခွင့်အရေးသမားလို့
ထင်ကြတာလဲ။
"ဦးလေးကရော..ကိုမင်းစက်ကိုဝိုင်းလေးက
ဘာရည်ရွယ်ချက်နဲ့လက်ထပ်တယ်လို့
ထင်လဲ.."
"ငါထင်တာကို ပြောရရင်တော့ငွေကြောင့်ပဲပေါ့.."
"ငွေကြောင့်..ဟုတ်လား..ဦးလေးရဲ့ထင်မြင်ချက်က
ငွေကလွဲပြီး အခြားအကြောင်းအရာကို
ဘာလို့ မတွေးမိရတာလဲ.."
"မဖြစ်နိုင်လို့ပေါ့..မင်းလိုမိန်းမတွေအကြောင်းကို
ငါကောင်းကောင်းသိတယ်.."
"အဟင်း..ပြောပါအုံး..ကျွန်မကဘယ်လိုလူမျိုး
ဖြစ်နိုင်မလဲ.."
"မင်းကလိုအပ်ချက်တစ်ခုကြောင့်သာ
ငါ့သားအနားကိုကပ်တဲ့မိန်းမမျိုးပေါ့..
မင်းလိုချင်တာတွေ ရသွားပြီဆိုရင်ငါ့သားရဲ့
အနားကနေ ထွက်သွားမှာပဲမဟုတ်လား.."
"ဦးလေးရဲ့ဘေးမှာ အဖော်ပြုပေးနေတဲ့
မိန်းမလိုပေါ့ ဟုတ်လား.."
"မင်းဘာစကားပြောလိုက်တာလဲ.."
"ဝိုင်းလေးဘာမှမပြောရသေးပါဘူး..အနီးစပ်ဆုံး
ဥပမာပြလိုက်တဲ့သဘောပါပဲ..
ဒီမှာဦးလေး..ကိုယ်တိုင်ကစစ်မှန်မှုရှိမှ
စစ်မှန်တဲ့မေတ္တာတရားကို ပြန်ရမှာ..
ဦးလေးက မိန်းမတွေကိုငွေတစ်ခုပဲကြည့်တဲ့
လူတွေဆိုတဲ့ အမြင်နဲ့ပဲမြင်နေရင်
အဲ့လိုမိန်းမမျိုးတွေပဲ ဦးလေးဆီကို
ရောက်လာလိမ့်မယ်..ဘယ်သောအခါမှ
မေတ္တာအစစ်..အချစ်စစ်ကိုခံစားရမှာမဟုတ်ဘူး.."
"ဒါဆိုမင်းက ငါခန့်မှန်းတဲ့မိန်းမအမျိုးအစားထဲက
မဟုတ်ဘူးပေါ့..ဟား..ဟား..ရယ်စရာပဲ.."
ဦးသူရမင်းခေါင်ကိုကြည့်ရင်းနှင့်
ဒေါသထွက်လာရသလို သနားလည်းသနားမိသည်။
ပိုက်ဆံတွေအများကြီးရှိပြီး ချောပေ့၊
လှပေ့ဆိုသည့် မိန်းမတွေအား ငွေကိုဗန်းပြကာ
အနားမှာခေါ်ထားနိုင်ပေမဲ့ ချစ်ခြင်းမေတ္တာ
အစစ်အမှန်ကိုတော့ ငွေနဲ့၀ယ်မယူနိုင်သေးဘူး။
ဂုဏ်သတင်းကျော်ဇောသော သူတစ်ယောက်အဖြစ်
ရပ်တည်နေပြီး သိသိလျှက်နဲ့
ငွေရှိရင်ဘာမဆိုဖြစ်တယ်ဟု
ခေါင်းမာစွာ ကြွေးကြော်နေတဲ့
အတ္တသမားကြီးပါလား။
အဲ့ဒီ့အတ္တတွေ၊မာန်မာနတွေကို နည်းနည်းလောက်ပဲ
ဖယ်နိုင်ရင်ကို အဆင်ပြေသွားမှာသေချာတယ်။
ဝိုင်းလေးနဲ့ကိုကိုတို့ ပထမဆုံး
သီးသန့် တွေ့ပြီး ဆွေးနွေးခဲ့ကြတဲ့အချိန်ကို
မှတ်မိပါသေးတယ်။
အဲ့ဒီ့နေ့က ကိုကိုလည်းဦးသူရလို
ပြောခဲ့တာပဲ။
ဝိုင်းလေးကို ငွေကြောင့်လက်ထပ်ပွဲအား
လက်ခံသူတဲ့လေ။
ဝိုင်းလေးရဲ့ မေတ္တာတရားက စစ်မှန်လို့ပဲလားမသိ
အခုတော့ ကိုကို့ရဲ့သဘောထားတွေအားလုံး
ပြောင်းလဲသွားခဲ့လေပြီ။
အစကတော့ ကိုကို့ရဲ့အဖေမို့
လေးစားစွာ ဆက်ဆံပြောဆိုမည်ဟု
စဉ်းစားခဲ့ပေမဲ့ သူ့ဘက်ကစပြီး
နားမခံနိုင်စရာ
စကားတွေနဲ့သာ ထိုးစစ်ဆင်လာတော့
ဘာမှ ထပ်ပြောချင်စိတ်မရှိတော့ပေ။
"ဝိုင်းလေးကိုခေါ်တွေ့တာက ဒီလိုဟာသလုပ်ပြီး
လှောင်ရယ်ဖို့ဆိုရင်တော့ သွားခွင့်ပြုပါဦး"
"နေဦး..ငါပြောတာမပြီးသေးဘူး.."
ဦးသူရကို ကျောခိုင်းလိုက်ပေမဲ့ သူကထပ်ပြီး
စကားစလာတော့ အပြင်ပြန်ထွက်မည့်
ခြေလှမ်းတွေကို ခဏရပ်တန့်လိုက်မိသည်။
"ငါ့သားဘေးကနေမင်းထွက်သွားပေးမယ်ဆိုရင်
မင်းလိုချင်သလောက် ငါပေးမယ်.."
"ဦးလေးဘယ်လိုပြောလိုက်တာလဲ.."
ဒီတစ်ခါတော့ လုံး၀သည်းမခံနိုင်လောက်အောင်
စိတ်အတွင်းထဲကနေကို ပူလောင်လာပြီး
ဒေါသထွက်လွန်းလို့ လက်တွေပါ
တုန်ယင်လာသည်။
For Me, [5/12/2025 12:45 PM]
"ပြော..ငါဘယ်လောက်ပေးရမလဲ..."
"ဘာမှမလိုချင်ဘူး..ကျွန်မကကိုမင်းစက်ကို
သိပ်ချစ်တယ်..
သူကလည်းကျွန်မကိုသိပ်ချစ်တယ်
ကျွန်မတို့နှစ်ယောက်ရဲ့ ကမ္ဘာက
ကျွန်မတို့ရဲ့ အချစ်တွေနဲ့တင်လုံလောက်နေပြီ
ကျေးဇူးပြုပြီး သူများရဲ့သာယာနေတဲ့
အိမ်ထောင်ရေးကို လာမဖြတ်စီးပါနဲ့
ရွှေတောင်ကြီးတစ်ခုလုံး ပုံပေးမယ်ဆိုရင်တောင်
ကျွန်မကိုချစ်တဲ့ လူတစ်ယောက်နဲ့
လုံး၀မလဲနိုင်ဘူး.."
"ကြည့်ရတာ မင်းကအဲ့လိုစကားမျိုးတွေနဲ့
ငါ့သားကို စွဲဆောင်ထားပုံပဲ..ဒါကြောင့်လဲ
မင်းနဲ့ကွာရှင်းပြီးတာနဲ့ KGလက်အောက်က
ငါပိုင်ဆိုင်သမျှကို လွှဲပေးပါမယ်ဆိုတာတောင်
သူကလက်မခံခဲ့တာဖြစ်မယ်..."
"ဦးလေးပြောနေတဲ့အဓိပ္ပာယ်က
ကိုမင်းစက်ကို ကျွန်မနဲ့ကွာရှင်းဖို့
တိုက်တွန်းခဲ့တယ်လို့..ဆိုလိုတာလား..
ဒါဆို ကိုမင်းစက်KGကနေ
ကန်ထုတ်ခံလိုက်ရတဲ့ အကြောင်းအရင်းက"
"မင်းနဲ့မကွာရှင်းလို့ပဲ..."
"ဟာ.."
ဦးသူရမင်းခေါင်း၏ အေးစက်မာကျောသော
မျက်နှာထားကို ကြည့်နေရင်းနှင့်
ဘာကြောင့်မှန်းမသိ ရွံရှာမုန်းတီးလာမိသည်။
တော်တော်လည်း သွေးအေးပြီးရက်စက်တတ်တဲ့
လူပါလား။
ဒါကြောင့် ကိုကိုကသူ့အကျင့်တွေကူးစက်ပြီး
နှလုံးသားမရှိသလိုလူတစ်ယောက်
ဖြစ်ခဲ့တာနေမှာပေါ့။
ဒီအဖေရဲ့ သွန်သင်မှုတွေက
ဒီသားမှာအမြှစ်မတွယ်ရင် ဘယ်သူ့ဆီမှာသွားပြီး
အမြှစ်တွယ်ပါ့မလဲ။
"မင်းသူနဲ့ကွာရှင်းပေးပါ..ဒါဆိုရင်သူ့ကို
ငါပိုင်ဆိုင်သမျှ လွဲပေးလိုက်မယ်..
ဒါကြောင့် ငါ့ဆီကနေမင်းလိုသလောက်
တောင်းလို့ရတယ်..မဟုတ်ရင်တော့
မင်းကြောင့်နဲ့ သူအရာအားလုံးဆုံးရှုံးသွားရမှာမျိုး
ငါမဖြစ်စေချင်ဘူး..
မင်းပြောသလို သူ့ကိုတကယ်ချစ်တယ်ဆိုရင်
သူ့အတွက် အကောင်းဆုံးလမ်းကို
ရွေးပေးသင့်တယ်..."
ဦးသူရမင်းခေါင်၏စကားအဆုံးမှာ
ယိုင်လဲချင်သော ခြေလှမ်းများနှင့်
ထိုနေရာကနေသာ ပြေးထွက်လာခဲ့လိုက်သည်။
အိမ်ပြန်နေသည့် တစ်လမ်းလုံး
မျက်ရည်မကျအောင် ထိန်းထားနိုင်ခဲ့ပေမဲ့
ခေါင်းထဲမှာတော့ အတွေးပေါင်းများစွာနှင့်
ခြောက်ခြားနေရလေသည်။
*ဝိုင်းလေး..ဘာဆက်လုပ်ရမလဲ
ဘာဆက်လုပ်သင့်လဲ..KGကုမ္ပဏီမှာ
လုပ်ငန်းတိုးတက်ဖို့ သူဘယ်လောက်အထိ
ကြိုးစားခဲ့သလဲဆိုတာ ဝိုင်းလေးသိပါတယ်..
နေ့ရက်တိုင်းကို အလုပ်ထဲမှာပဲစိတ်ရော၊ကိုယ်ရော
နှစ်မြှုပ်ထားပြီး ဒီကုမ္ပဏီကြီးကို
တိုးတက်အောင်မြင်ဖို့ စက္ကန့်မလပ်
ကြိုးစားနေခဲ့ရှာတာ..
.............
နောက်ဆုံးမှာ ဝိုင်းလေးနဲ့ကွာရှင်းမပေးနိုင်တဲ့
ဆန္ဒတစ်ခုလေးနဲ့တင် သူကြိုးစားပေးခဲ့ရသမျှ
အရာအားလုံးကို လက်လွတ်ဆုံးရှုံးလိုက်ရတယ်
..........
သူကသာတစ်လျှောက်လုံး ဝိုင်းလေးအတွက်ရော
ဝိုင်းလေးရဲ့ မိသားစုအတွက်ပါ
ဖြည့်ဆည်းပေးဖို့ကြိုးစားနေခဲ့ပေမဲ့
ဝိုင်းလေးကတော့ သူ့ကိုချစ်ပေးနိုင်ရုံကလွဲပြီး
ဘာမှပြန်မပေးနိုင်သေးဘူး..
..........
ဝိုင်းလေးလုပ်နိုင်တာက သူ့ကိုကွာရှင်းပေးပြီး
အရာအားလုံးသူ့လက်ထဲကို
ပြန်ရောက်စေဖို့တစ်ခုထဲပါလား..
*ဝိုင်းလေး..ဘာလုပ်သင့်လဲ..*
အခန်း(၅၂)ဆက်ရန်
စာရေးသူ..ဆောင်းငွေ့ဝေ
🔥🔥🔥🔥🔥🔥🔥
မေဝိုင်းလေး ဘာလုပ်မယ်ထင်ကြလဲ..
=================================
=========================
အခန္း(၅၁)
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘
ေႏြမနက္ခင္းတြင္ တိမ္တိုက္ေလးမ်ားၾကားမွ
ေနေရာင္ျခည္တန္းေလးမ်ား လႈပ္လီလႈပ္လဲ့
တိုးထြက္ေနၾကသည္မွာ ေ႐ႊခ်ည္မွ်င္မ်ား
တလဲ့လဲ့ေတာက္ပေနသည့္အလား။
ထိုေ႐ႊခ်ည္မွ်င္တန္းေလးမ်ားကို ျဖတ္၍
ငွက္ေလးမ်ားသည္ တဆာဆာျမည္တမ္းလို႔
ေလဟုန္ခြင္းလွ်က္ ေတာင္ပံျဖန႔္ကာ
ျပန္သန္းေနၾကပုံအား ေနမင္းႀကီးကလည္း
ၿပဳံး၍ၾကည့္ေနသကဲ့သို႔ပင္ ၾကည္ႏူးစရာ
မနက္ခင္းျမင္ကြင္းေလးျဖစ္၍ေနသည္။
ထိုအခ်ိန္၌ မင္းစက္အာဏာသည္
အိပ္မက္လွလွေလးမ်ားကို
ျမင္မက္ၿပီး လန္းဆန္းတက္ႂကြျခင္းမ်ားစြာျဖင့္
ႏိုးလာခဲ့သည္။
သူ႔မ်က္လုံးေတြကို ဖြင့္ၾကည့္လိုက္စဥ္မွာ
ညကသူ႔လက္ေမာင္းမ်ားၾကား
ေထြ႕ေပြ႕ထားမိသူေလးအား ရွာမေတြ႕ေတာ့၍
လန႔္သြားမိေလသည္။
"..ကိုကို..အိပ္ယာႏိုးၿပီလား.."
တိုက္တိုက္ဆိုင္ဆိုင္ပဲ အခန္းထဲသို႔
သူေမွ်ာ္လင့္ေနေသာ ေမ၀င္လာေလသည္။
သူ႔ရဲ႕စိုးရိမ္ပူပန္ေနမႈေတြကို ေမက
ႀကိဳသိေနသလားပဲ။
ဒါေပမဲ့ ေမ့ကိုေတြ႕ေတာ့မွသာ
သူသက္ျပင္းခ်ႏိုင္ခဲ့သည္။
*ကိုယ့္အနားကေန ေမဘယ္ကိုမွ
ထြက္သြားခြင့္မရွိဘူး..ေမကကိုယ့္အပိုင္ပဲ..*
"ေမကလည္းကြာ..မနက္အေစာႀကီးရွိေသးတာကို
ဘယ္ေတြသြားေနတာလဲ.."
သူ႔ဘ၀မွာ ပထမဆုံးအေနနဲ႔ကေလးဆိုးေလးကဲ့သို႔ေမ့ကိုဂ်ီတိုက္လိုက္မိသည္။
ေမကေတာ့ သူ႔အမူအရာေၾကာင့္ ပခုံးေလး
တြန္႔တက္သြားသည္အထိ ရယ္လိုက္ၿပီး
ေမြ႕ယာေပၚတြင္ ဒူးေထာက္၍ထိုင္ခ်လိုက္ကာ
သူ႔ရဲ႕ပြေလွ်ာင္းေနသည့္ ဆံပင္ေတြကို
လက္ေခ်ာင္းႏုႏုေလးမ်ားႏွင့္
သပ္ခ်ေပးေနေလသည္။
"ဘာလဲ..ဝိုင္းေလးကိုစိတ္ဆိုးေနတာလား"
ဆံပင္ရွည္ႀကီးေတြကို က်စ္ဆံၿမီးႏွစ္ဖက္
ခြဲက်စ္ထားေသာ ေမ့မ်က္ႏွာေလးထပ္မွာ
အျဖဴေရာင္ ပါးကြက္ေလးႏွစ္ကြက္က
ထင္းထြက္ေနသည္။
ေသခ်ာၾကည့္ေလ ကိုယ့္ရဲ႕ေမဟာသိပ္လွေလပါပဲ။
ေျပျပစ္လွေသာ နဖူးျပင္ေလး၊မ်က္ခုံး၊မ်က္လုံး၊
ႏွာတံနဲ႔ႏႈတ္ခမ္းေလးေတြအစ လွရက္လိုက္ပုံမ်ား
ကိုယ့္ကုမၸဏီက ႐ုပ္ရွင္မင္းသမီးေတြထက္ေတာင္
အပုံႀကီးသာသည္။
ခရမ္းေရာင္အပြင့္ႏုပ္ေလးေတြပါေသာ
ျမန္မာ၀မ္းဆက္ေလးကို ၀တ္ထားသည့္
အခုပုံစံေလးကလည္း ယဥ္တင့္ၿပီး
ႏူးညံ့သိမ္ေမြ႕ေသာ မိန္းမလွေလးအသြင္
ေဆာင္ေနေလသည္။
ကိုယ့္သူငယ္ခ်င္းအရင္းေခါက္ေခါက္ျဖစ္တဲ့
၀င္းတစ္ေယာက္ ေမ့ကိုႏွစ္နဲ႔ခ်ီၿပီး
ဘာေၾကာင့္စြဲလွမ္းခဲ့ရသလဲဆိုတာ
သူအခုေတာ့ သိလိုက္ပါၿပီ။
တကယ္ေတာ့ေမက အခုမွမဟုတ္ဘူး။
ငယ္ငယ္တည္းကကို ခ်စ္စရာေကာင္းတာ။
အသားေလးကျဖဴေဖြးၿပီး နီရဲေနတဲ့
ပါးေဖာင္းေဖာင္းေလးေတြရယ္၊ဝိုင္းစက္ေနေသာ
မ်က္၀န္းညိဳညိဳေလးေတြရယ္က ျမင္သူတိုင္း
ခ်စ္ခင္ခ်င္စရာပဲ မဟုတ္ပါလား။
ေမ့ရဲ႕ နားသယ္စပ္ကေလးမွာ က်ေနေသာ
ဆံစေလးေတြကို သပ္တင္ေပးလိုက္ၿပီး
ဒူးေထာက္၍ ငုံ႔မိုးၾကည့္ေနေသာ ေမ့ရဲ႕လည္တိုင္
ေက်ာ့ေက်ာ့ေလးကို ထိကိုင္လိုက္မိသည္။
"ေနာက္တစ္ခါ အေစာႀကီးမထပါနဲ႔ေမရယ္..
ကိုယ္ကမနက္မိုးလင္းတိုင္း ေမနဲ႔အတူ
ႏိုးထခ်င္တာ..ေမ့မ်က္ႏွာေလးကို
ပထမဆုံးျမင္ခ်င္တာ..."
"ပိုၿပီ.."
"တကယ္အတည္ေျပာေနတာပါ..ဘာလဲ
ေမကမယုံဘူးလား.."
"ယုံတစ္၀က္..မယုံတစ္၀က္ပဲ.."
ေမ့ရဲ႕အေျပာေၾကာင့္ မင္းစက္၏ရင္ထဲမွာ
ဆစ္ခနဲ နာက်င္သြားရသလို
မင္းစက္၏မ်က္ခုံးတန္းေတြပါ
အလိုအေလွ်ာက္တြန႔္ႀကဳံ႕သြားရသည္။
*ေမကကိုယ့္ကို မယုံဘူးတဲ့လား.."
"ဘာလဲ..ေမကကိုယ့္အခ်စ္ကို
သံသယ၀င္ေနတာလား..ကိုယ္ဒီေလာက္ေမ့အေပၚ
ခ်စ္ျပေနတာေတာင္ မယုံေသးဘူးလား.."
"ဒါေတာ့..ေရရွည္ကိုေစာင့္ၾကည့္ရအုံးမွာေပါ့..
ကဲ..အခုေတာ့ထလိုက္အုံး..ဒီေန႔KG႐ုံးခ်ဳပ္ကို
သြားရအုံးမယ္မဟုတ္လား..မနက္စာ
အဆင္သင့္ျပင္ထားတယ္.."
ဝိုင္းေလးကသူ႔ကို ဆြဲထူလိုက္ေပမဲ့
သူ႔မ်က္ႏွာႀကီးက ခုဏကလိုၾကည္စင္မေနပဲ
ခ်က္ခ်င္းဆူပုတ္သြားေလသည္။
"ကိုယ္KG႐ုံးခ်ဳပ္ကိုသြားမွာမဟုတ္ဘူး..
အခု..အေဖကျပန္ေရာက္လာၿပီဆိုေတာ့
သူ႔ကုမၸဏီကို သူျပန္ဦးစီးလိမ့္မယ္.."
"အဲ့ဒါဆိုရင္ ကိုကိုကအလုပ္လက္မဲ့
ျဖစ္သြားေတာ့မွာလား.."
မ်က္လုံးေလးအေၾကာင္သားႏွင့္
မင္းစက္ကို ငမြဲဇာတ္ခင္းလိုက္သည့္ေမ့စကားကို
သူရယ္ခ်င္သြားမိသည္။
ဒါေပမဲ့ မရယ္မိေအာင္ခ်က္ခ်င္း ထိန္းခ်ဳပ္လိုက္ၿပီး
သနားစရာေကာင္းဟန္ေဆာင္ကာ ေမ့ကို
ေခြးေပါက္ကေလးလိုျပန္ၾကည့္လိုက္သည္။
"ဟုတ္တယ္..ကိုယ္အခုဦးစီးေနရတဲ့
လုပ္ငန္းေတြအားလုံးက ကိုယ့္အေဖ
ပိုင္တာေတြႀကီးပဲ..အခုသူကျပန္လာၿပီဆိုေတာ့
ကိုယ့္ကို..အလိုမရွိေတာ့ဘူးေလ..
အခုကိုယ္ကိုကုမၸဏီကေန ကန္ထုတ္လိုက္ၿပီ
ကိုယ္ဘာဆက္လုပ္ရမလဲေမ.."
မင္းစက္၏သ႐ုပ္ေဆာင္စြမ္းရည္က
ေတာ္ေတာ္ေလး ထိေရာက္သြားပုံရတယ္။
ေမ့မ်က္၀န္းေတြက ခ်က္ခ်င္း၀မ္းနည္းရိပ္
သန္းသြားၿပီး မင္းစက္၏ခါးကိုထက္လိုက္ကာ
ႏွစ္သိမ့္ေပးေနေလသည္။
ေမ့ကြယ္ရာမွာေတာ့ မင္းစက္ႀကိတ္ၿပဳံးလိုက္ေပမဲ့
ေမက သူ႔မ်က္ႏွာကိုျပန္ေမာ့ၾကည့္လာတဲ့အခါ
ခ်က္ခ်င္းပဲ သနားစရာပုံစံျပန္ဖမ္းလိုက္ရသည္။
"ကိုကိုကအရည္အခ်င္းရွိတဲ့သူပဲဥစၥာ
KGကုမၸဏီကို မဦးစီးရလည္း..
တစ္ကေနျပန္စၿပီး ေနာက္ထပ္ကိုယ္ပိုင္
လုပ္ငန္းတစ္ခု ေထာင္လိုက္ေပါ့..
ဝိုင္းေလး ကို႔ကိုယုံတယ္..
ကိုကို ေသခ်ာေပါက္ေအာင္ျမင္ႏိုင္မွာပါ.."
"ဒါေပမဲ့လုပ္ငန္းတစ္ခုကို တစ္ကေန
ျပန္စရမွာကို ကိုယ္မႀကိဳက္ဘူး..
အခုကိုယ့္စိတ္ထဲမွာ ကိုယ္လုပ္ခဲ့သေလာက္
ျပန္မရခဲ့တဲ့အတြက္ စိတ္က်ေရာဂါေတာင္
ခံစားေနရသလိုျဖစ္ေနၿပီ.."
"ဟုတ္ပါတယ္ေလ..ကိုကို႔အေနနဲ႔ဆို
စိတ္ေရာ၊ကိုယ္ေရာ ဒီကုမၸဏီထဲမွာပဲ
ျမႇဳပ္ႏွံေပးထားၿပီးကာမွ အလိုမရွိတဲ့အခါ
ကန္ထုတ္ခံလိုက္ရသလိုျဖစ္ေနမွာေပါ့ေနာ္.."
"ဟုတ္တယ္ေမရယ္..ကိုယ္ဘာဆက္လုပ္ရမလဲ.."
"အခုေလာေလာဆယ္ေတာ့ ကိုကိုအိမ္မွာပဲ
စိတ္ျပလက္ေပ်ာက္ အနားယူလိုက္ေလ
ေနာက္မွ ေသခ်ာစဥ္းစားၿပီး ကိုယ္လုပ္ခ်င္တာ
လုပ္ေပါ့..ဝိုင္းေလးလည္း အိမ္မွာေနၿပီး
ကိုကိုနဲ႔အေဖာ္ျပဳေပးပါ့မယ္.."
ေမကဘယ္လိုပဲ ႏွစ္သိမ့္ေပးေနပါေစ
မင္းစက္၏မ်က္ႏွာႀကီးက အလြန္စိတ္ဓာတ္က်ၿပီး
ေပ်ာ္႐ႊင္မႈေတြ ေပ်ာက္ဆုံးေနသည့္ပုံစံ
ဖမ္းထားလိုက္ေတာ့ ေမ့႐ုပ္ကေလးကပါ
ဟန္မေဆာင္ႏိုင္ပဲ ေတာ္ေတာ္
စိတ္ထိခိုက္သြားသည္ဟု သူခံစားလိုက္ရသည္။
"ကိုကိုရယ္..ဘာလို႔စိတ္ဓာတ္က်ေနတဲ့ပုံစံ
ျဖစ္ေနရတာလဲ..ဝိုင္းေလးသိတဲ့
မင္းစက္အာဏာဆိုတာက ဟိတ္ဟန္အျပည့္နဲ႔
ဘာပဲလုပ္လုပ္ ရဲရင့္ျပတ္သားၿပီး
ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္တတ္ဘူးေလ.."
"ကိုယ္..ေမ့ကိုတစ္ခုေလာက္
ေမးလို႔ရမလား.."
"ေမးေလ.."
ေမ့ရဲ႕လက္ကေလးႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္ၿပီး
ေမ့မ်က္ႏွာေလးကို စူးစမ္းသလိုသူၾကည့္လိုက္သည္။မင္းစက္အာဏာဆိုသည့္သူဟာ
ဘယ္လိုအေျခအေနကိုေရာက္ေနပါေစ
ေမက သူ႔ေဘးမွာရွိေနေပးခ်င္လားဆိုတာကို
အရမ္းသိခ်င္ေနမိသည္။
"ေမ..တကယ္လို႔..ကိုယ့္မွာဘာမွမရွိေတာ့ပဲ
ဆင္းရဲသြားတယ္ဆိုရင္ေရာ
ေမက ကိုယ့္နေဘးမွာဆက္ၿပီး
ရွိေနေပးအုံးမွာလဲ.."
"ကိုကိုဘယ္လိုေျပာလိုက္တာလဲ..ဝိုင္းေလးက
ကိုယ့္ေယာက္်ား ဆင္းရဲသြားတာနဲ႔
ျပစ္သြားမဲ့လူလို႔ ထင္ေနတာလား..
အဲ့လိုေမးတာကို ဝိုင္းေလးမႀကိဳက္ဘူးေနာ္..
ဝိုင္းေလးလိုခ်င္တာက ကိုယ့္အေပၚမွာ
တကယ္အခ်စ္စစ္နဲ႔ အၿမဲတမ္းသစၥာမပ်က္
ခ်စ္ေပးမဲ့ သူကိုပဲအလိုရွိတာ..
ဆင္းရဲတာ..ခ်မ္းသာတာေတြကလုံး၀
အေရးမႀကီးဘူး..တကယ္လို႔ကိုကိုက
အလုပ္မလုပ္ခ်င္ဘူးဆိုရင္ေတာင္
ဝိုင္ေလးက အျပင္ထြက္ၿပီးအလုပ္လုပ္မွာေပါ့.."
ေမ့ရဲ႕ပုံစံက ေတာ္ေတာ္ေလးစိတ္ဆိုးေနပုံေပၚေတာ့
ေမးမိတာေတာင္ မွားသြားၿပီထင္ပါတယ္။
ေမ့စိတ္ကို စမ္းသပ္ၾကည့္တာလြန္သြားၿပီမ်ားလား။
ဒါေပမဲ့ ေမ့ရဲ႕သေဘာထားကို သိလိုက္ရေတာ့
ေပ်ာ္႐ႊင္သြားမိတာ အမွန္ပါပဲ။
ကိုယ့္လိုလူက ဘယ္ေတာ့မွအလုပ္လက္မဲ့
အျဖစ္ခံမွာမဟုတ္ေပမဲ့ အလုပ္မရွိရင္ေတာင္
မိန္းမက တင္ေကြၽးထားမယ္ဆိုေတာ့
ထမင္းစားလတ္မွတ္မေပ်ာက္ေတာ့ဘူးေပါ့။
*ဟား..ဟား..ေတြးမိေလရယ္ခ်င္လာေလပဲ..
မိန္းမယူတာ မမွားေတာ့ဘူးေပါ့..*
"ေမကိုယ့္ကို စိတ္ဆိုးသြားတာလား.."
"စိတ္မဆိုးပဲေနမလား ဝိုင္းေလးက
ကိုကိုဆင္းရဲသြားတာနဲ႔ ပစ္သြားမဲ့လူလို႔
အထင္ခံရတဲ့ဥစၥာ..ဒီမွာကိုကို..
အစတည္းကဝိုင္းေလးရဲ႕စိတ္ကူးထဲမွာရွိတဲ့
အိမ္ေထာင္ဖက္က..သာမာန္အလုပ္အကိုင္နဲ႔
သာမာန္မိသားစုက လူတစ္ေယာက္ပဲသိရဲ႕လား
အဓိကက..ေႏြးေထြးၾကင္နာတတ္တဲ့
လူျဖစ္ရင္ရၿပီမို႔လို..ကိုကိုကထူးၿပီး
ခ်မ္းသာေနစရာမလိုဘူး..ကိုကိုက
သာမာန္ပဲဆိုရင္ေတာင္..ဝိုင္းေလးခ်စ္တဲ့လူကို
ဘယ္ေတာ့မွ လက္လြတ္မွာမဟုတ္ဘူး.."
"ဟုတ္ပါၿပီကြာ.. အဲ့ေလာက္ေဒါသထြက္ၿပီး
မ်က္ႏွာႀကီးက ဘာလို႔ရႈံ႕တြေနရတာလဲ..
ေတာ္ၾကာ၀က္ၿခံေတြေပါက္ၿပီး မလွပဲေနအုံးမယ္.."
"မလွလည္းေနပါေစေပါ့ အဲ့လို႐ုပ္ဆိုးသြားေတာ့မွ
ကိုကိုက ဝိုင္းေလးကိုတကယ္ခ်စ္လား
မခ်စ္လား သိရမွာေပါ့.."
"အဲ့ဒါေတာ့စိတ္ခ်..ေမကဘီလူးမႀကီးျဖစ္ေနလဲ
ကိုကိုက ခ်စ္ေပးမွာပဲ.."
"အပိုေတြ..မယုံပါဘူး.."
"ယုံလိုက္ပါကြာ..ခုဏကလည္းကိုကိုက
စလိုက္တာပါ..ကိုယ့္အေဖကKGကုမၸဏီကို
ျပန္ေရာက္ေနၿပီဆိုေပမဲ့ ကိုကို႔မွာအျခား
ကိုယ္ပိုင္လုပ္ငန္းခြဲေတြ အမ်ားႀကီးရွိပါေသးတယ္
ခုရက္ပိုင္းမွာ ကိုယ္နဲနဲအလုပ္ရႈပ္မွာမို႔
ေမ့ကို သိပ္ၿပီးအခ်ိန္ေပးႏိုင္ေသးမွာ
မဟုတ္ဘူး..အားလုံးၿပီးသြားရင္ ေမ့ကို
စပ႐ိုက္တိုက္စရာရွိတယ္.."
"ဘာကိုလဲ.."
"ေနာက္ေတာ့..ေမသိရမွာေပါ့..အခုေတာ့
လ်ိဳ႕ဝွက္ခ်က္.."
ဝိုင္းေလး၏ ေခါင္းေလးကိုပုတ္ၿပီး
နဖူးကိုနမ္းခဲ့ကာ ေရခ်ိဳးခန္းထဲသို႔
သူ၀င္သြားေလေတာ့သည္။
စပ႐ိုက္တိုက္မည္တဲ့ ဘာကိုေျပာတာပါလိမ့္။
လွ်ိဳ႕ဝွက္ထားေတာ့ ရင္တုန္ေနရသည္။
🔥🔥🌹🔥🔥🔥🔥
ကိုကိုကမနက္စာစားၿပီး အလုပ္သြားႏွင့္၍
ဝိုင္းေလးလည္း အေမတို႔ႏွင့္အိမ္ေဆာက္မည့္
ကိစၥကို သြား၍ေဆြးေႏြးရေလသည္။
ေမေမတို႔၏ အိမ္ကိုေဆာက္လုပ္မည့္ကိစၥႏွင့္
ပတ္သတ္၍လည္း ကိုကိုကအင္ဂ်င္နီယာ
ေကာင္းေကာင္းကို ရွာေပးထားသည့္အျပင္
အရာအားလုံး "ေမသေဘာက်လုပ္ပါ"ဟုသာ
ေျပာေလသည္။
ရပ္ကြက္ထဲမွာရွိသည့္ ရင္းႏွီးေသာလူေတြကေတာ့
ဝိုင္းေလးကို အိမ္ေထာင္က်တာေတာင္
မိဘကို ျပန္ၾကည့္တဲ့သူဆိုၿပီး မ်ိဳးစုံေအာင္
ခ်ီးမႊန္းခန္းဖြင့္ၾကသည္ဟု ေဒၚေလးက
ျပန္ေျပာျပလာသည္။
ဝိုင္းေလးကို ေယာက္်ားရကံေကာင္း၍လည္း
သမီးရွင္ေတြက အားက်ေနၾကသည္တဲ့ေလ။
ဝိုင္းေလးကိုယ္တိုင္ကေတာ့ ငယ္ငယ္႐ြယ္႐ြယ္နဲ႔
အိမ္ေထာင္ျပဳလိုက္ရျခင္းအေပၚ အစပိုင္းမွာေတာ့
ေနာင္တမ်ားစြာရခဲ့ေပမဲ့ ႏွစ္ဦးၾကားမွာ
ခ်စ္ျခင္းတရားက အစျပဳလာေတာ့
အလိုလို ေက်နပ္ေနမိသည္။
ခ်စ္လို႔ယူလိုက္သည့္ ေယာက္်ားမဟုတ္ေပမဲ့
ခ်စ္မိသြားတဲ့လူက ကိုယ့္ေယာက္်ားျဖစ္ၿပီးသား
ဆိုေတာ့ ဘာလိုအပ္ေတာ့မွာလဲ။
ဒါ့အျပင္ တျဖည္းျဖည္းနဲ႔ကိုကိုဟာ
ဝိုင္းေလးကိုတကယ္ခ်စ္တာပါလားလို႔
နားလည္လာခဲ့တယ္။
ေမဝိုင္းေလးဆိုတာ ဦးမင္းစက္အာဏာရဲ႕
လက္ေအာက္မွာ အလုပ္လုပ္ဖူးသူမို႔
သူဟာ ဘယ္လိုလူမ်ိဳးလဲဆိုတာ
ကိုယ္သာ အသိဆုံး။
ေဒါသႀကီးတယ္၊စိတ္ဆတ္တယ္၊
အမွားလုပ္ၿပီးသူကို ခြင့္မလႊတ္တတ္တဲ့အျပင္
မာနအရမ္းႀကီးေတာ့ ဘယ္သူ႔ကိုမွ
ေအာက္က်ခံၿပီး ဆက္ဆံတတ္သူမဟုတ္ဘူး။
သူကဒါလို႔ေျပာလိုက္ရင္ ဒါလုပ္ေပးမွ
ေက်နပ္တတ္သည့္လူဟာ အရာရာကို
တစ္ေသြး၊တစ္သံ၊တစ္မိန႔္ျဖစ္ေနမွ
သေဘာက်တတ္ေပမဲ့ ဝိုင္းေလးကသူ႔ကို
စိတ္ေကာက္ရင္ေတာ့ လိုက္ေခ်ာ့ေပးရွာတယ္။
ဝိုင္းေလးဘက္ကတင္းရင္ သူ႔ဘက္က
ေလ်ာ့ေပးတယ္။
သူ႔ကိုစိတ္ဆိုးေစမဲ့စကားမ်ိဳး ေျပာမိရင္ေတာင္
ဝိုင္းေလးရဲ႕မ်က္ရည္ကို ျမင္လိုက္တာနဲ႔
ဘယ္ကေနသင္ယူထားမွန္းမသိတဲ့ စကားလုံး
လွလွေလးေတြသုံးၿပီး လူကိုစိတ္ဆိုးေျပေစေအာင္
လုပ္ႏိုင္လြန္းတဲ့လူႀကီးပါ။
🔥🔥🔥🔥🔥🔥🔥🔥
"အိမ္ေဆာက္တဲ့အခ်ိန္ၾကရင္
အေမတို႔ေတြ သမီးတို႔အိမ္ကိုေျပာင္းလာခဲ့
ၾကပါလား.."
"ျဖစ္ပါ့မလားသမီးရယ္..ႏွစ္လ၊သုံးလေလာက္
ၾကာမဲ့ကိစၥႀကီးကို..အားနာစရာႀကီးကြယ္.."
"ဘာအားနာစရာရွိလည္းအေမရယ္..
ကိုမင္းစက္ကလည္း အေမတို႔လာေနရင္
မိသားစုသိုက္သိုက္၀န္း၀န္းနဲ႔ဆိုေတာ့
သူလည္း ပိုၿပီးစိတ္ခ်မ္းသာတာေပါ့.."
"ဒါေပမဲ့ နင့္အစ္မခင္ထိပ္ထားဦးနဲ႔က
ျဖစ္ပါ့မလား.."
အန္တီေလးက ဝိုင္းေလးကိုစိုးရိမ္စြာေမးလာေတာ့
နည္းနည္းေတြေဝသြားမိသည္။
မမထိပ္ထားက ဝိုင္းေလးကိုအျမင္မၾကည္ေတာ့
လက္ခံခ်င္မွခံမွာ။ဒါေပမဲ့ဘယ္တတ္ႏိုင္မွာလဲ။
ကိုယ္ကေစတနာနဲ႔ေခၚတာေလ သူမပါလည္း
အေမတို႔လာေနရင္ၿပီးေရာေပါ့။
"မမထိပ္ထားကို ေျပာၾကည့္ေပါ့..
သူ႔ဘာသာေနခ်င္တာ..မေနခ်င္တာကေတာ့
သူ႔အပိုင္းပဲ အဓိကကအေမတို႔၊အဖြားတို႔၊
ေဒၚေလးတို႔လာေနရင္ ၿပီးတာပဲေလ.."
"ေနပါအုံးဟယ္..ဒီေန႔သူခရီးကေနျပန္ေရာက္ရင္
ေမးၾကည့္လိုက္ပါ့မယ္.."
"အင္းပါ..ဒါဆိုသမီးျပန္လိုက္အုံးမယ္ေနာ္.."
"ေအး..ေအး..လမ္းမွာဂ႐ုစိုက္အုံးေနာ္.."
"ဟုတ္ကဲ့ပါအေမရဲ႕.."
အေမတို႔ကိုႏႈတ္ဆက္ခဲ့ၿပီး တကၠစီႏွင့္ျပန္လာခဲ့ေသာ လမ္းတစ္ေလွ်ာက္တြင္ ဝိုင္းေလး၏
မ်က္ႏွာတစ္ခုလုံး ေက်နပ္ပီတိျဖစ္မႈေတြႏွင့္သာ
လႊမ္းၿခဳံေနသည္။
မိဘေတြကို အိမ္ေဆာက္ေပးရေတာ့မည္ျဖစ္သလို
ကိုယ့္ကို အထင္ေသးစြာဆက္ဆံခဲ့သည့္
မမထိပ္ထားကိုလည္း
ေအာက္က်ခံစရာမလိုေတာ့ေပ။
ကိုယ့္အေနာက္မွာ ကိုယ့္ေယာက္်ားက
မားမားမတ္မတ္ ရပ္တည္ေပးေနေတာ့
ဘယ္သူ႔ကိုမွ မေၾကာက္ေတာ့သလို၊
အားငယ္စိတ္ေတြလည္း လႊင့္စင္သြားသကဲ့သို႔
ခံစားလိုက္ရသည္။
ၿခံေရွ႕မွာ တကၠစီကားေလးကို ထိုးရပ္လိုက္စဥ္
စႏိုးဆိုသည့္မိန္းမရဲ႕ ကားကိုပါေတြ႕လိုက္ရ၍
စိတ္ၾကည္လင္ေနတာေတြေတာင္
ေပ်ာက္သြားရသည္။
"ေမဝိုင္းေလး..ငါနင့္ကိုေျပာစရာရွိလို႔
ဒီမွာလာေစာင့္ေနတာ.."
ကားေပၚကဆင္းလာၿပီး ဟန္နဲ႔ပန္ႏွင့္ေျပာေနပုံက
တစ္စက္မွကို အခ်ိဳးမေျပေပ။
မေန႔ကလိုပဲ ႏႈတ္ခမ္းနီေတြကရဲေနၿပီး
မ်က္ႏွာထားကလည္း မာထန္ေနသည္။
မပတ္သတ္ခ်င္ပါဘူးဆိုေနမွ လာလာၿပီး
ေႏွာက္ယွက္ေနတာမ်ား
ေတာ္ေတာ္အားေနသလားမသိဘူး။
"ကြၽန္မကေတာ့ ဘာမွေျပာစရာမရွိဘူး.."
"ကိုကို႔ရဲ႕အေဖကေခၚခိုင္းလိုက္တာ
ဆိုရင္ေရာ..မလိုက္ရင္ေတာ့ နင္ကသိပ္ကို
႐ိုင္းစိုင္းတဲ့လူလို႔ သတ္မွတ္လိုက္မွာ.."
"ကိုကို႔ရဲ႕အေဖက ဝိုင္းေလးကိုဘာကိစၥ
ေခၚရတာလဲ..ရွင္လိမ္ေနတာမဟုတ္လား.."
"ငါကဘာလို႔ လိမ္ရမွာလဲ.. အေဖကနင္နဲ႔
အေရးတႀကီးေျပာစရာရွိလို႔ဆိုၿပီး
ငါ့ကိုလာေခၚခိုင္းလိုက္တာ..
တကယ္လို႔နင္မလိုက္ဘူးဆိုလည္း
ကိစၥမရွိပါဘူး..အဲ့ခါၾကေတာ့လည္း
ကိုကို႔ရဲ႕အေဖကိုေတာင္ နင့္ဘက္က
လိုက္မေတြ႕ႏိုင္ေလာက္တဲ့အထိ
မိုက္႐ိုင္းရမ္းကားတာကို အားလုံးသိသြားတာေပါ့.."
"ေကာင္းၿပီ..ကြၽန္မလိုက္ခဲ့မယ္..ဒါေပမဲ့
ရွင့္ကားနဲ႔ေတာ့ မလိုက္ႏိုင္ဘူး..
ရွင္ေရွ႕ကေနေမာင္းသြား ကြၽန္မဘာသာ
တကၠစီနဲ႔ေနာက္ကေန လိုက္လာခဲ့မယ္.."
"ငါကလည္းနင့္ကို ငါ့ကားနဲ႔တင္မေခၚခ်င္ပါဘူး"
မဲ့ကာ႐ြဲ႕ကာျဖင့္ သူ႔ရဲ႕ကားေပၚသို႔
ျပန္တက္ၿပီး ေမာင္းထြက္သြားေတာ့
ဝိုင္ေလးလည္း တကၠစီးေပၚသို႔
ျပန္တက္လိုက္ရေလသည္။
ကိုကို႔ဆီသို႔ ဖုန္းဆက္ၿပီးလွမ္း၍အေၾကာင္းၾကား
ခ်င္ေပမဲ့ ကိုကိုနဲ႔သူ႔မိသားစုက
မတည့္ဘူးဆိုေတာ့ ဝိုင္းေလးေၾကာင့္
ျပႆနာေတြ ထပ္မျဖစ္ေစခ်င္ေတာ့ေပ။
ထို႔ေၾကာင့္ ဖုန္းမဆက္ဖို႔သာဆုံးျဖတ္လိုက္သည္။
ေနာက္ၿပီး ကိုကို႔အေဖကဝိုင္းေလးကို
ဘာေတြေျပာမလဲဆိုတာ သိခ်င္သလို
ကိုကို႔ရဲ႕အေဖကိုလည္း ေတြ႕ဖူးခ်င္သည္။
ကိုယ့္မိန္းမႏွင့္ ကေလးသုံးေယာက္ကို
ပစ္ထားခဲ့ၿပီး တစ္ျခားမိန္းမကို
ယူသြားသည့္ သစၥာမဲ့ေသာေယာက္်ား
ဦးသူရမင္းေခါင္ဆိုတာ ဘယ္လိုပုံစံမ်ိဳးလဲ။
ေနာက္ၿပီး သူမ်ားေယာက္်ားကို ျမႇဴစြယ္
ဖ်ားေယာင္းခဲ့တဲ့ ေဒၚေမဘယ္လ္ဆိုတာက
ဘယ္လိုပုံစံျဖစ္လိမ့္မယ္။
ကိုကို႔အေဖဘက္က မိသားစုအေၾကာင္းကို
ေတြးမိေတာ့ ကိုကို႔အတြက္ပါစိုးရိမ္လာသည္။
အေဖျဖစ္သူက ေဖာက္လြဲေဖာက္ျပန္
လုပ္တတ္သည့္ အက်င့္ရွိေတာ့ ကိုကိုဟာလည္း
အဲ့ဒီ့အက်င့္စ႐ိုက္မ်ိဳးေတြ
မပါလာေလာက္ပါဘူးေနာ္။
မဟုတ္ရင္ ဝိုင္းေလးရင္ကြဲရလိမ့္မယ္။
ေငြကိုေရလိုသုံးႏိုင္သည့္ စီးပြားေရးသမားေတြမို႔
ဘာပဲလုပ္ခ်င္ခ်င္ သူတို႔အတြက္က
လြယ္လြယ္ေလးပဲ။
*မျဖစ္ဘူး..မျဖစ္ဘူး..သူ႔ကိုလည္းသူ႔အေဖရဲ႕
လမ္းစဥ္ကိုမလိုက္ဖို႔ အခုတည္းက
တားျမစ္ထားရမယ္*
က်န္တာအကုန္လုံးကို ခြင့္လႊတ္ေပးႏိုင္ေပမဲ့
သစၥာေဖာက္ခံရရင္ေတာ့ လုံး၀
ခြင့္လႊတ္မေပးႏိုင္ဘူး။
မစႏိုးက ၿခံ၀န္းႀကီးတစ္ခုထဲသို႔သူ႔ကားကို
ေမာင္း၀င္လိုက္ေတာ့ ဝိုင္းေလးတို႔လည္း
အေနာက္မွ လိုက္၀င္ရေလသည္။
ကားဆရာကိုေတာ့ ခဏေစာင့္ခိုင္းထားၿပီး
မစႏိုးလမ္းၫႊန္ရာအတိုင္း အေနာက္မွ
လိုက္၀င္ရင္းမွ အခန္းတစ္ခု၏အေရွ႕ကိုအေရာက္
မစႏိုးကတံခါးေခါက္လိုက္ေလသည္။
"၀င္ခဲ့.."
အထဲမွာ လူႀကီးပိုင္းျဖစ္ႏိုင္သည့္ ေယာက္်ားအသံ
တစ္ခုေပၚလာၿပီးေနာက္ မစႏိုးကဝိုင္းေလးကိုသာ
၀င္ခိုင္း၍ တစ္ဦးတည္းေၾကာက္ေၾကာက္လန႔္လန႔္
ႏွင့္ပင္ အခန္းထဲသို႔၀င္သြားလိုက္သည္။
"မင္းက..မင္းစက္ရဲ႕မိန္းမလား.."
"ဟုတ္ပါတယ္.."
အခန္းကိုလွည့္ပတ္ၾကည့္လိုက္မိေတာ့
သူ႔ရဲ႕အလုပ္ခန္းျဖစ္ပုံရသည္။
ဒါေပမဲ့ အခန္းထဲသို႔၀င္လိုက္သည့္ႏွင့္
မႏွစ္ၿမိဳ႕ဖြယ္ ခံစားမႈကိုသာရေနသည္။
ဦးသူရမင္းေခါင္က အလုပ္စားပြဲေနာက္ရွိ
ထိုင္ခုံေပၚမွာထိုင္ေနၿပီး သူ႔အေနာက္ဘက္မွာေတာ့
မိန္းမတစ္ေယာက္က မတ္တပ္ရပ္ကာျဖင့္
သူ႔ပခုံးကို ႏွိပ္နယ္ေပးေနသည္။
ထိုမိန္းမ၏မ်က္ႏွာက အလြန္ႏုနယ္ေနၿပီး
အသက္ကလည္း ဝိုင္းေလးတို႔ထက္ႀကီးလွ
သုံးေလးႏွစ္ေပါ့။
ဒါဆိုရင္ ဒီမိန္းမကဦးသူရမင္းေခါင္၏
ေနာက္မိန္းမ ေဒၚေမဘယ္လ္မျဖစ္ႏိုင္ဘူး။
ဒါဆို သူ႔ရဲ႕အေပ်ာ္မယားမ်ားလား။
ေတြးၾကည့္႐ုံနဲ႔တင္ ေအာ္ဂလီဆန္ခ်င္လာသည္။
"ထိုင္ပါအုံး.."
သူကထိုက္ဖို႔ေျပာေတာ့ ဝိုင္းေလးလည္း
နီးရာဆိုဖာထက္တြင္ ဝိုင္ထိုင္ပစ္လိုက္သည္။
ထိုလူႀကီးကေတာ့ ဝိုင္းေလးကိုသာ
စုန္ခ်ီဆန္ခ်ီၾကည့္ေနၿပီး ခပ္မဲ့မဲၿပဳံးလိုက္ေလသည္။
ေသခ်ာတာကေတာ့ သူ႔မ်က္၀န္းေတြထဲမွာ
အထင္ေသးမႈေတြသာ ရွိေနၿပီး သူ႔ကို
ႏွိပ္နယ္ေပးေနသည့္ မိန္းမကိုၾကည့္သလို
အလားတူအၾကည့္မ်ိဳးသာ ျဖစ္သည္။
"မင္းဘာရည္႐ြယ္ခ်က္နဲ႔ ငါ့သားကို
လာကပ္ရတာလဲ.."
စေမးသည့္ ေမးခြန္းမွာတင္ လက္သီးေတြကို
က်စ္ေနေအာင္ ဆုပ္လိုက္မိသည္အထိ
ေဒါသထြက္သြားမိသည္။
ေယာက္်ားေလးနဲ႔မိန္းကေလး
လက္ထပ္လိုက္ၾကတဲ့အေပၚ ေယာက္်ားေလးက
ခ်မ္းသာေနရင္ ဘာလို႔မ်ားတစ္ဖက္မိန္းကေလးကို
ခ်ဴစားျမႇဴစားတဲ့ အခြင့္အေရးသမားလို႔
ထင္ၾကတာလဲ။
"ဦးေလးကေရာ..ကိုမင္းစက္ကိုဝိုင္းေလးက
ဘာရည္႐ြယ္ခ်က္နဲ႔လက္ထပ္တယ္လို႔
ထင္လဲ.."
"ငါထင္တာကို ေျပာရရင္ေတာ့ေငြေၾကာင့္ပဲေပါ့.."
"ေငြေၾကာင့္..ဟုတ္လား..ဦးေလးရဲ႕ထင္ျမင္ခ်က္က
ေငြကလြဲၿပီး အျခားအေၾကာင္းအရာကို
ဘာလို႔ မေတြးမိရတာလဲ.."
"မျဖစ္ႏိုင္လို႔ေပါ့..မင္းလိုမိန္းမေတြအေၾကာင္းကို
ငါေကာင္းေကာင္းသိတယ္.."
"အဟင္း..ေျပာပါအုံး..ကြၽန္မကဘယ္လိုလူမ်ိဳး
ျဖစ္ႏိုင္မလဲ.."
"မင္းကလိုအပ္ခ်က္တစ္ခုေၾကာင့္သာ
ငါ့သားအနားကိုကပ္တဲ့မိန္းမမ်ိဳးေပါ့..
မင္းလိုခ်င္တာေတြ ရသြားၿပီဆိုရင္ငါ့သားရဲ႕
အနားကေန ထြက္သြားမွာပဲမဟုတ္လား.."
"ဦးေလးရဲ႕ေဘးမွာ အေဖာ္ျပဳေပးေနတဲ့
မိန္းမလိုေပါ့ ဟုတ္လား.."
"မင္းဘာစကားေျပာလိုက္တာလဲ.."
"ဝိုင္းေလးဘာမွမေျပာရေသးပါဘူး..အနီးစပ္ဆုံး
ဥပမာျပလိုက္တဲ့သေဘာပါပဲ..
ဒီမွာဦးေလး..ကိုယ္တိုင္ကစစ္မွန္မႈရွိမွ
စစ္မွန္တဲ့ေမတၱာတရားကို ျပန္ရမွာ..
ဦးေလးက မိန္းမေတြကိုေငြတစ္ခုပဲၾကည့္တဲ့
လူေတြဆိုတဲ့ အျမင္နဲ႔ပဲျမင္ေနရင္
အဲ့လိုမိန္းမမ်ိဳးေတြပဲ ဦးေလးဆီကို
ေရာက္လာလိမ့္မယ္..ဘယ္ေသာအခါမွ
ေမတၱာအစစ္..အခ်စ္စစ္ကိုခံစားရမွာမဟုတ္ဘူး.."
"ဒါဆိုမင္းက ငါခန႔္မွန္းတဲ့မိန္းမအမ်ိဳးအစားထဲက
မဟုတ္ဘူးေပါ့..ဟား..ဟား..ရယ္စရာပဲ.."
ဦးသူရမင္းေခါင္ကိုၾကည့္ရင္းႏွင့္
ေဒါသထြက္လာရသလို သနားလည္းသနားမိသည္။
ပိုက္ဆံေတြအမ်ားႀကီးရွိၿပီး ေခ်ာေပ့၊
လွေပ့ဆိုသည့္ မိန္းမေတြအား ေငြကိုဗန္းျပကာ
အနားမွာေခၚထားႏိုင္ေပမဲ့ ခ်စ္ျခင္းေမတၱာ
အစစ္အမွန္ကိုေတာ့ ေငြနဲ႔၀ယ္မယူႏိုင္ေသးဘူး။
ဂုဏ္သတင္းေက်ာ္ေဇာေသာ သူတစ္ေယာက္အျဖစ္
ရပ္တည္ေနၿပီး သိသိလွ်က္နဲ႔
ေငြရွိရင္ဘာမဆိုျဖစ္တယ္ဟု
ေခါင္းမာစြာ ေႂကြးေၾကာ္ေနတဲ့
အတၱသမားႀကီးပါလား။
အဲ့ဒီ့အတၱေတြ၊မာန္မာနေတြကို နည္းနည္းေလာက္ပဲ
ဖယ္ႏိုင္ရင္ကို အဆင္ေျပသြားမွာေသခ်ာတယ္။
ဝိုင္းေလးနဲ႔ကိုကိုတို႔ ပထမဆုံး
သီးသန႔္ ေတြ႕ၿပီး ေဆြးေႏြးခဲ့ၾကတဲ့အခ်ိန္ကို
မွတ္မိပါေသးတယ္။
အဲ့ဒီ့ေန႔က ကိုကိုလည္းဦးသူရလို
ေျပာခဲ့တာပဲ။
ဝိုင္းေလးကို ေငြေၾကာင့္လက္ထပ္ပြဲအား
လက္ခံသူတဲ့ေလ။
ဝိုင္းေလးရဲ႕ ေမတၱာတရားက စစ္မွန္လို႔ပဲလားမသိ
အခုေတာ့ ကိုကို႔ရဲ႕သေဘာထားေတြအားလုံး
ေျပာင္းလဲသြားခဲ့ေလၿပီ။
အစကေတာ့ ကိုကို႔ရဲ႕အေဖမို႔
ေလးစားစြာ ဆက္ဆံေျပာဆိုမည္ဟု
စဥ္းစားခဲ့ေပမဲ့ သူ႔ဘက္ကစၿပီး
နားမခံႏိုင္စရာ
စကားေတြနဲ႔သာ ထိုးစစ္ဆင္လာေတာ့
ဘာမွ ထပ္ေျပာခ်င္စိတ္မရွိေတာ့ေပ။
"ဝိုင္းေလးကိုေခၚေတြ႕တာက ဒီလိုဟာသလုပ္ၿပီး
ေလွာင္ရယ္ဖို႔ဆိုရင္ေတာ့ သြားခြင့္ျပဳပါဦး"
"ေနဦး..ငါေျပာတာမၿပီးေသးဘူး.."
ဦးသူရကို ေက်ာခိုင္းလိုက္ေပမဲ့ သူကထပ္ၿပီး
စကားစလာေတာ့ အျပင္ျပန္ထြက္မည့္
ေျခလွမ္းေတြကို ခဏရပ္တန႔္လိုက္မိသည္။
"ငါ့သားေဘးကေနမင္းထြက္သြားေပးမယ္ဆိုရင္
မင္းလိုခ်င္သေလာက္ ငါေပးမယ္.."
"ဦးေလးဘယ္လိုေျပာလိုက္တာလဲ.."
ဒီတစ္ခါေတာ့ လုံး၀သည္းမခံႏိုင္ေလာက္ေအာင္
စိတ္အတြင္းထဲကေနကို ပူေလာင္လာၿပီး
ေဒါသထြက္လြန္းလို႔ လက္ေတြပါ
တုန္ယင္လာသည္။
"ေျပာ..ငါဘယ္ေလာက္ေပးရမလဲ..."
"ဘာမွမလိုခ်င္ဘူး..ကြၽန္မကကိုမင္းစက္ကို
သိပ္ခ်စ္တယ္..
သူကလည္းကြၽန္မကိုသိပ္ခ်စ္တယ္
ကြၽန္မတို႔ႏွစ္ေယာက္ရဲ႕ ကမာၻက
ကြၽန္မတို႔ရဲ႕ အခ်စ္ေတြနဲ႔တင္လုံေလာက္ေနၿပီ
ေက်းဇူးျပဳၿပီး သူမ်ားရဲ႕သာယာေနတဲ့
အိမ္ေထာင္ေရးကို လာမျဖတ္စီးပါနဲ႔
ေ႐ႊေတာင္ႀကီးတစ္ခုလုံး ပုံေပးမယ္ဆိုရင္ေတာင္
ကြၽန္မကိုခ်စ္တဲ့ လူတစ္ေယာက္နဲ႔
လုံး၀မလဲႏိုင္ဘူး.."
"ၾကည့္ရတာ မင္းကအဲ့လိုစကားမ်ိဳးေတြနဲ႔
ငါ့သားကို စြဲေဆာင္ထားပုံပဲ..ဒါေၾကာင့္လဲ
မင္းနဲ႔ကြာရွင္းၿပီးတာနဲ႔ KGလက္ေအာက္က
ငါပိုင္ဆိုင္သမွ်ကို လႊဲေပးပါမယ္ဆိုတာေတာင္
သူကလက္မခံခဲ့တာျဖစ္မယ္..."
"ဦးေလးေျပာေနတဲ့အဓိပၸာယ္က
ကိုမင္းစက္ကို ကြၽန္မနဲ႔ကြာရွင္းဖို႔
တိုက္တြန္းခဲ့တယ္လို႔..ဆိုလိုတာလား..
ဒါဆို ကိုမင္းစက္KGကေန
ကန္ထုတ္ခံလိုက္ရတဲ့ အေၾကာင္းအရင္းက"
"မင္းနဲ႔မကြာရွင္းလို႔ပဲ..."
"ဟာ.."
ဦးသူရမင္းေခါင္း၏ ေအးစက္မာေက်ာေသာ
မ်က္ႏွာထားကို ၾကည့္ေနရင္းႏွင့္
ဘာေၾကာင့္မွန္းမသိ ႐ြံရွာမုန္းတီးလာမိသည္။
ေတာ္ေတာ္လည္း ေသြးေအးၿပီးရက္စက္တတ္တဲ့
လူပါလား။
ဒါေၾကာင့္ ကိုကိုကသူ႔အက်င့္ေတြကူးစက္ၿပီး
ႏွလုံးသားမရွိသလိုလူတစ္ေယာက္
ျဖစ္ခဲ့တာေနမွာေပါ့။
ဒီအေဖရဲ႕ သြန္သင္မႈေတြက
ဒီသားမွာအျမႇစ္မတြယ္ရင္ ဘယ္သူ႔ဆီမွာသြားၿပီး
အျမႇစ္တြယ္ပါ့မလဲ။
"မင္းသူနဲ႔ကြာရွင္းေပးပါ..ဒါဆိုရင္သူ႔ကို
ငါပိုင္ဆိုင္သမွ် လြဲေပးလိုက္မယ္..
ဒါေၾကာင့္ ငါ့ဆီကေနမင္းလိုသေလာက္
ေတာင္းလို႔ရတယ္..မဟုတ္ရင္ေတာ့
မင္းေၾကာင့္နဲ႔ သူအရာအားလုံးဆုံးရႈံးသြားရမွာမ်ိဳး
ငါမျဖစ္ေစခ်င္ဘူး..
မင္းေျပာသလို သူ႔ကိုတကယ္ခ်စ္တယ္ဆိုရင္
သူ႔အတြက္ အေကာင္းဆုံးလမ္းကို
ေ႐ြးေပးသင့္တယ္..."
ဦးသူရမင္းေခါင္၏စကားအဆုံးမွာ
ယိုင္လဲခ်င္ေသာ ေျခလွမ္းမ်ားႏွင့္
ထိုေနရာကေနသာ ေျပးထြက္လာခဲ့လိုက္သည္။
အိမ္ျပန္ေနသည့္ တစ္လမ္းလုံး
မ်က္ရည္မက်ေအာင္ ထိန္းထားႏိုင္ခဲ့ေပမဲ့
ေခါင္းထဲမွာေတာ့ အေတြးေပါင္းမ်ားစြာႏွင့္
ေျခာက္ျခားေနရေလသည္။
*ဝိုင္းေလး..ဘာဆက္လုပ္ရမလဲ
ဘာဆက္လုပ္သင့္လဲ..KGကုမၸဏီမွာ
လုပ္ငန္းတိုးတက္ဖို႔ သူဘယ္ေလာက္အထိ
ႀကိဳးစားခဲ့သလဲဆိုတာ ဝိုင္းေလးသိပါတယ္..
ေန႔ရက္တိုင္းကို အလုပ္ထဲမွာပဲစိတ္ေရာ၊ကိုယ္ေရာ
ႏွစ္ျမႇဳပ္ထားၿပီး ဒီကုမၸဏီႀကီးကို
တိုးတက္ေအာင္ျမင္ဖို႔ စကၠန႔္မလပ္
ႀကိဳးစားေနခဲ့ရွာတာ..
.............
ေနာက္ဆုံးမွာ ဝိုင္းေလးနဲ႔ကြာရွင္းမေပးႏိုင္တဲ့
ဆႏၵတစ္ခုေလးနဲ႔တင္ သူႀကိဳးစားေပးခဲ့ရသမွ်
အရာအားလုံးကို လက္လြတ္ဆုံးရႈံးလိုက္ရတယ္
..........
သူကသာတစ္ေလွ်ာက္လုံး ဝိုင္းေလးအတြက္ေရာ
ဝိုင္းေလးရဲ႕ မိသားစုအတြက္ပါ
ျဖည့္ဆည္းေပးဖို႔ႀကိဳးစားေနခဲ့ေပမဲ့
ဝိုင္းေလးကေတာ့ သူ႔ကိုခ်စ္ေပးႏိုင္႐ုံကလြဲၿပီး
ဘာမွျပန္မေပးႏိုင္ေသးဘူး..
..........
ဝိုင္းေလးလုပ္ႏိုင္တာက သူ႔ကိုကြာရွင္းေပးၿပီး
အရာအားလုံးသူ႔လက္ထဲကို
ျပန္ေရာက္ေစဖို႔တစ္ခုထဲပါလား..
*ဝိုင္းေလး..ဘာလုပ္သင့္လဲ..*
အခန္း(၅၂)ဆက္ရန္
စာေရးသူ..ေဆာင္းေငြ႕ေဝ
🔥🔥🔥🔥🔥🔥🔥
ေမဝိုင္းေလး ဘာလုပ္မယ္ထင္ၾကလဲ..
ဝိုင်းလေးကဘာတွေကိုတွေဝေနေတာလဲ။မင်းစက်ကသူကိုဒီလောက်ချစ်နေတာကို
ReplyDelete