အခန်း(၄၃) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၄၃)
  💘မာနမင်းသားနှင့်ရွှေဖူးစာ💘

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကောင်းသန့်ရဲ့
ဖုန်းနံပါတ်မက်ဆေ့ခ်ျကလည်း ရောက်လာပေမဲ့
မေဝိုင်းလေး၏ မက်ဆေ့ခ်ျကိုသာ
ထောက်၍ ဖတ်ကြည့်လိုက်သည်။
ဒိတ်ကိုကြည့်လိုက်တော့ 
လွန်ခဲ့တဲ့တစ်လလောက်က ပို့ထားသော
စာဖြစ်နေသည်။

အောက်မှာရေးထားသည့်စာကို 
ဖတ်ကြည့်လိုက်သည့် အခါမှာတော့...

*ကိုမင်းစက်..ကျွန်မကမေးဝိုင်းလေးပါ
ဝိုင်းလေးရှင့်ကို မျက်နှာချင်းဆိုင်ပြီး
၀န်ခံစရာတွေအများကြီးရှိသလို
ရင်ဖွင့်ချင်တာတွေလည်းရှိတယ်..
.........
ဒါပေမဲ့ အခုရှင်ကခရီးထွက်သွားတာဆိုတော့
၀န်ခံစကားလေးပဲ ဆိုချင်ပါတယ်..
.........
ဒီနေ့ဖေဖေဆုံးပြီး သုံးရက်မြောက်နေ့ပဲ
ဖေဖေ့ရဲ့အလောင်းကို 
မီးသင်္ဂြိုလ်တော့မဲ့အချိန်မှာ..ဖေဖေ့ကိုနောက်ထပ်
တွေ့ခွင့်မရနိုင်တော့ပါလားလို့ တွေးလိုက်မိပြီး
ရင်ထဲဆို့နင့်လာခဲ့တယ်..
ဘယ်လိုခံစားချက်ကြီးမှန်းမသိပါဘူး..
တစ်ချိန်ထဲမှာ မခံစားနိုင်လွန်းလို့
မေ့လဲသွားခဲ့သေးတယ်
............
နောက်တစ်ခု၀ိုင်း‌လေးနားလည်သွားတာက
ဒီကမ္ဘာပေါ်မှာ နောက်ထပ်၀ိုင်း‌လေးအဆုံးရှူံး
မခံနိုင်တဲ့ ယောက်ျားတစ်ယောက်
ရှိနေသေးတယ်ဆိုတာပဲ...
*အဲ့ဒီလူကရှင်ပါပဲ.."
............
နောက်ထပ်ရှင်းပြချင်တာ တစ်ခုရှိပါတယ်
အဲ့ဒါက ကိုဦးကိုဘာကြောင့်ရှင်နဲ့လက်ထပ်ထားတဲ့
ကိစ္စ မပြောပြခဲ့လဲဆိုတဲ့အချက်ပါပဲ..
အမှန်အတိုင်းပြောရရင် ရှင်နဲ့ကျွန်မကြားမှာ
ရှိတဲ့ ငွေကြေး၊ပညာအရည်အချင်း၊
အသိုင်းအဝိုင်းကွာဟမှုတွေနဲ့ပတ်သတ်ပြီး
အမြဲတမ်း သိမ်ငယ်ခဲ့ရတယ်...
.............
ရှင်ကအိမ်ထောင်ရေးကို ဖဲချပ်တွေလောက်တောင်
စိတ်မ၀င်စားဘူးလို့ ပြောလိုက်တဲ့နေ့က
ရှင့်ကိုလက်ထပ်ရမှာတောင်
ဝိုင်းလေးသိပ်ကြောက်သွားခဲ့တာ..
ဝိုင်းလေးကလည်း သာမာန်မိန်းကလေးတွေထဲက
မိန်းကလေးတစ်ယောက်ပါပဲ
ကိုယ်ပိုင်စိတ်ကူးလေးတွေ 
ကိုယ်ပိုင်အတွေးလေးတွေရှိတာပေါ့..
ဘယ်တုန်းကမှ ဝိုင်းလေးရဲ့လက်တွဲဖော်ဟာ
ကိုမင်းစက်လို အစစအရာရာပြည့်စုံတဲ့
လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့
အိပ်မက်တောင် မမက်ဖူးခဲ့ပါဘူး
.................
ဝိုင်းလေးတို့ရဲ့ မင်္ဂလာပွဲကမိသားစုဆွေမျိုးတွေ
လောက်ပဲ သိတဲ့မင်္ဂလာပွဲဖြစ်လို့
ကိုယ့်အသိတိုင်းကို
ဝိုင်းလေးရဲ့ခင်ပွန်းဟာဦးမင်းစက်အာဏာဆိုတဲ့
စကားမျိုး ဘယ်လိုလုပ်ပြီးပြောထွက်ရဲမှာလဲ
.................
လူတွေက ဝိုင်းလေးရဲ့အရည်အချင်းနဲ့
ရှင့်ရဲ့အရည်အချင်းကို တိုင်းတာပြီး
မတန်မရာမှန်းတယ်လို့ အထင်ခံရမှာ
သိပ်ကြောက်ခဲ့တယ်..ဒါကြောင့်
ရှင်နဲ့ကျွန်မရဲ့အကြောင်းကို အခြားသူတွေ
မမေးပဲ ထုတ်မပြောမိအောင်နေခဲ့မိပါတယ်
.................
ကိုဦးကို တမင်မပြောပြခဲ့တာမဟုတ်ရပါဘူး
ဝိုင်းလေးကို ယုံကြည်ပေးပါနော်
ငယ်ငယ်တုန်းက ဝိုင်းလေးဟာပျော့ညံ့ပြီး
အမြဲအနိုင်ကျင့်ခံခဲ့ရတယ်ဆိုတာ 
ရှင်လည်းသိမှာပါ 
.......
နွေရာသီကျောင်းပိတ်ရက်တွေမှာ
ကလောကိုပြန်တော့ မမထိပ်ထားတင်မကပဲ
အမျိုးတွေထဲက ရွယ်တူတွေကပါ
မွေးစားသမီးမို့ မခေါ်မပြောချင်ကြတော့
အရမ်းအားငယ်နေတဲ့အချိန် ကိုဦးနဲ့
အမှတ်မထင်တွေ့ခဲ့ပြီး ခင်မင်ခဲ့ကြတာပါ...
ဝိုင်းလေးတို့နှစ်ယောက်ကို
အထင်မလွဲပါနဲ့နော်
..........
ဝိုင်းလေးရဲ့အကျင့်ကိုက ကိုယ့်အပေါ်
တစ်ခါကောင်းပေးရင် သေတဲ့အထိ
မမေ့တတ်တာမို့လို့ပါ
.............
ကိုမင်းစက် *အချစ်*ဆိုတာကိုအယုံအကြည်
ရှိလားဟင်..
လူတစ်ယောက်ကိုချစ်မိရင် ရှင့်ရင်ထဲမှာ
ဘယ်လိုမျိုးခံစားရမလဲ..
ရှင်ချစ်ခဲ့ဖူးလား..
ကိုမင်းစက်ရဲ့အသက်က နှစ်ဆယ့်ခုနှနှစ်
ရှိပြီဆိုတော့...ချစ်ခဲ့ဖူးမှာပေါ့နော်..
..............
အမှန်အတိုင်းပြောရရင် ဝိုင်းလေးကို
ချစ်ခွင့်ပန်ခဲ့တဲ့ ယောက်ျားလေးတွေ
တော်တော်လေးများခဲ့တယ်
သူတို့အားလုံးက နူးညံ့ပြီးရိုမန့်တစ်ဆန်တဲ့
စကားလုံးတွေပြောကြပေမဲ့
လုံး၀ရင်မခုန်ခဲ့ဖူးဘူး..
အဲ့ဒါက မချစ်တတ်သေးလို့နေမှာပေါ့နော်...
................
 ဝိုင်းလေးအခုချစ်တတ်သွားပြီထင်ပါတယ်
ကွားရှင်းဖို့ ရှင့်ဘက်ကပြောလာတော့
အသဲကွဲရခြင်းခံစားချက်ကို 
သေချာနားလည်သွားခဲ့တယ်..
အဲ့ဒီညက ရှင်သာလှည့်ကြည့်ခဲ့မယ်ဆိုရင်
ရှင့်ကြောင့် အသဲကွဲပြီးငိုနေရတဲ့ဝိုင်းလေးရဲ့
မျက်ရည်တွေကို မြင်နိုင်ခဲ့မှာပါ...
ဒါပေမဲ့ ရှင်လုံး၀လှည့်မကြည့်ခဲ့ဘူးနော်...
...........
ဒါပေမဲ့ ဝိုင်းလေး၀န်ခံပါရစေ
*ဝိုင်းလေးရှင့်ကိုသိပ်ချစ်တယ်...
ဖေဖေ‌၊မေမေတို့ကို ချစ်တဲ့အချစ်မျိုး
မဟုတ်ပါဘူး..ထောင့်ငါးရာအချစ်ပါ...
ယောက်ျားတစ်ယောက်ကို အဆုံးရှူံး
မခံနိုင်တဲ့ ပထမဆုံးခံစားချက်လေးမို့
‌မလှောင်ပါနဲ့နော်...
............
မြန်မာနိုင်ငံကို ပြန်ရောက်လို့ဒီစာလေးကို
တွေ့တဲ့အခါ ရှင်လည်း၀ိုင်း‌လေးအပေါ်မှာ
ခံစားချက်တွေ ရှိနေမယ်ဆိုရင်
ချက်ချင်းစာပြန်ပေးပါနော်..
တကယ်လို့ ဝိုင်းလေးရဲ့၀န်ခံချက်အပေါ်
ရှင့်ရင်ထဲမှာ ဘာခံစားချက်မှရှိမနေရင်တော့
စာတစ်ကြောင်းတောင် မပြန်ပါနဲ့

ရှင်လိုချင်တဲ့ ကွာရှင်းပြတ်ဆဲခြင်းကို
ဝိုင်းလေးဘက်ကနေ သဘောတူပေးပါ့မယ်...
ဘာနစ်နာကြေးမှလည်း မလိုအပ်ပါဘူး
ဝိုင်းလေးချစ်တဲ့ လူတစ်ယောက်ဆီက
နစ်နာကြေးကို မယူပါရစေနဲ့နော်...***

စာလေးကို ဖတ်အပြီးမှာ ဦးမောင်မောင်လတ်ဆီကိုလည်း ဖုန်းမဆက်ချင်တော့ပေ။
လက်တွေပါ တုန်လာကာဘာလုပ်လို့
ဘာကိုင်ရမှန်းကို မသိတော့ဘူး။

Sora Sora, [4/19/2025 8:04 PM]
*အသက်နှစ်ဆယ့်ခုနှနှစ်ရောက်တော့မှ 
ရည်းစားစာ အပေးခံလိုက်ရသလို
ဘာကြောင့်များ ခံစားနေရတာလဲ။

"သူကငါ့ကိုသိပ်ချစ်တယ်တဲ့..
သိပ်ချစ်တယ်..အဆုံးရှုံးမခံနိုင်ဘူး..."

အဲ့ဒီ့စကားတွေက ပုံမှန်အားဖြင့်ယောက်ျားတွေ
ပြောလေ့ပြောထရှိတဲ့ စကားတွေမဟုတ်ဘူးလား။
မိန်းကလေးတစ်ယောက်အနေနဲ့ 
အဲ့လိုရင်ဖွင့်လာပြီဆိုတည်းက ကိုယ့်အပေါ်
တကယ်ကြီး ကြွေနေပြီမို့လို့ပေါ့။

"တီ...တီ..တီ.."

ဖုန်းကိုကြည့်နေရင်းအတွေးများနေစဉ်မှာ
"အမေ"ဆိုပြီး ပေါ်လာသည့်ဖုန်းနံပါတ်ကြောင့်
သူလည်း အစိမ်းရောင်အကွက်လေးကို
နှိပ်လိုက်‌သည်။

"ဟယ်လို..."

"မင်းစက်..နင်‌ပြန်ရောက်နေတာကို ဘာလို့
အကြောင်းမကြားရတာလဲ..
မိန်းမနဲ့မိဘတွေကို အောင့်မေ့ရကောင်းမှန်း
မသိဘူးလား..နင့်ကိုယ်နင် မိမရှိ၊ဖမရှိတဲ့
တစ်ကောင်ကြွက်လို့ ထင်နေတာလား...
ဒါမှမဟုတ် ငါတို့ကိုသေလူလို့ 
သတ်မှတ်လိုက်တာလား..."

ဖုန်းကိုနားကပ်လိုက်သည်နှင့် အမေ့အသံက
စီကနဲထွက်လာလေသည်။
ကိုယ်လည်း ရောက်တည်းကအလုပ်ကိစ္စတွေနဲ့
ရှုပ်နေတာရော အဲ့ဒီ့အိမ်ကိုသွားရင်
မေဝိုင်းလေးနဲ့ ဆုံရမှာစိုးတာကြောင့်ပါ
အားလုံးကိုအတတ်နိုင်ဆုံး မေ့ထားဖို့
ကြိုးစားခဲ့မိတယ်။

ဒါပေမဲ့ ဘယ်သူထင်မှာလဲ...
မက်ဆေ့ခ်ျတစ်ခုက သူ့စိတ်ကိုပြောင်းလဲ
သွားစေနိုင်လိမ့်မယ်ဆိုတာကိုပေါ့။
အမေက မခေါ်လည်းသူအိမ်ကို ဒီနေ့ပြန်ဖြစ်မှာပါ။

"မင်းစက်...ငါမေးနေတာဖြေလေ..
အခုကြတော့ အသံမထွက်တော့ပါလား..."

"ကျွန်တော် နားထောင်နေပါတယ်..."

မိဘနဲ့တုပြီး ရန်မဖြစ်ချင်၍မင်းစက်ဘက်က
ညိမ်နေပေးတော့ တစ်ဖက်မှစကားပြောနေသော
ဒေါ်ရတနာမှာ ပိုပြီးဒေါသထွက်နေရလေသည်။

"အေး..နင်ကခံမပြော..နားမထောင်သလို
မိဘစကားဆို အရေးကိုမစိုက်တာ
ငါတို့ပြောတာကိုလည်း နားမထောင်
နင်ဘာဖြစ်ချင်မှန်းလည်း ငါတို့မသိရနဲ့...
မင်းစက်အာဏာ နင်ငါ့သားမှဟုတ်ရဲ့လားဟင်.."

"အမေဘာဖြစ်လို့ အရမ်းဒေါသထွက်နေရတာလဲ"

"နင့်ကြောင့်ငါဒေါသထွက်နေတာလေ နင့်ကြောင့်!!!
ထွက်သွားလိုက်တာများ တစ်လတိတိ
ဖုန်းမဆက်ဘာမဆက်နဲ့...
နင့်ကိုယ်နင်လူပျိုမှတ်နေလား..
........
ငါတို့ကိုသတိမရချင်နေပါဟယ်
နင်ယူထားတဲ့ မိန်းမကိုတော့နဲနဲဖြစ်ဖြစ်
သတိတရ ဆက်သွယ်ဖို့ကောင်းပါတယ်
........
ဟိုမှာ အဖေသေတာတောင် လင်ကအနားမှာ
မရှိပေးတဲ့အပြင် အဆက်အသွယ်လည်း
မလုပ်တော့ ဘယ်လောက်ခံစားနေရလဲ
နင်နဲနဲလေးမှ ကိုယ်ချင်းစာစိတ်မရှိဘူးလား...
အခုပြန်ရောက်တော့လည်း ဘာလို့
ကိုယ့်မိန်းမဆီကို ချက်ချင်းပြန်မလာရတာလဲ...
မှူးပြောတာတော့ နင်ပြန်ရောက်နေတာ 
ငါးရက်ရှိပြီတဲ့ အခုဟိုကနင့်ကိုစိတ်နာနေပြီသိလား"

"ကျွန်တော်သူ့ကို တောင်းပန်လိုက်ပါ့မယ်"

"တောင်းပန်မနေနဲ့တော့ မရတော့ဘူး
 အားလုံးလွန်ကုန်ပြီ ဟိုကနင်နဲ့
ကွာရှင်းချင်တယ်တဲ့"

"ဘာ..အမေလာနောက်နေတာလား.."

"နောက်စရာလား..နင့်ရဲ့မသိတတ်မှုတွေ
ဥပက္ခာပြုတာတွေကို ခံစားရတော့
သူလည်း သည်းမခံနိုင်တော့ဘူးပေါ့
သူ့အမေကိုယ်တိုင် ငါ့ကိုဖုန်းဆက်လာတာ
မေဝိုင်းလေးက ကွာရှင်းဖို့ပြောလာလို့တဲ့
နင်နဲ့ သူ့သမီးကြားမှာ ဘာပြဿနာဖြစ်ထားလဲတဲ့.."

"အခု..မေဝိုင်းလေးကအမေတို့အိမ်မှာလား.."

"ဘယ်ကသာ..သူ့အဖေဆုံးပြီးတည်းက
အိမ်ကိုပြန်မလာတာ တစ်လကျော်နေပြီ
တို့တွေလည်း သူစိတ်ပြေလက်ပျောက်
နေပါစေဆိုပြီး လွှတ်ထားခဲ့မိတာ
 အခုမှ နင့်ကြောင့်ဝိုင်းလေးက
အိမ်ကိုပြန်မလာချင်ခဲ့မှန်း သိတော့တယ်...
 ပြော..အခုနင်ဘာဆက်လုပ်မှာလဲ.."

 "ကျွန်‌တော်သူ့ဆီကို လိုက်သွားလိုက်မယ်"

ထိုစကားသာပြောပြီး သူဖုန်းချပစ်လိုက်သည်။
အမေ့သတင်းစကားကြီးကြောင့် 
ဖုန်းကိုင်ထားသည့် သူ့လက်တွေဟာတုန်ရီနေကာ
သူ့ရင်တွေပါ ပူလောင်လာသည်။
ရင်ထဲကို မီးစနဲ့ထိုးနေသလိုကို ပူနေတာ။

"ဘာကြောင့်လဲ...မင်း‌ပဲငါ့ကိုချစ်တယ်ဆို.."

မေဝိုင်းလေးပို့ထားသည့် မက်ဆေ့ခ်ျကို
ပြန်ဖွင့်ကြည့်လိုက်ပြီး နောက်တစ်ခေါက်
ပြန်ဖတ်လိုက်မိသည်။
အခုအမေ့ဆီကနေ ကွာရှင်းတဲ့
သတင်းစကားကိုကြားရပြီးနောက်
ဒီစာဟာ မေဝိုင်းလေးရေးတာမှ ဟုတ်ရဲ့လားလို့
သံသယ၀င်လာမိလေသည်။

"ကိုယ်မင်းကို အခုချက်ချင်းလာတွေ့မယ်..."

သူချက်ချင်းထရပ်လိုက်ပြီး ရုံးခန်းထဲမှ
ထွက်လာခဲ့လိုက်သည်။
မင်းသစ်ကိုခေါ်လိုက်ကာ ကားသော့ကို
တောင်းပြီး ကိုယ်တိုင်ပဲမောင်းဖို့ 
ဆုံးဖြတ်လိုက်သည်။

တကယ်တော့သူလည်း မေဝိုင်းလေးကို
ကွာရှင်းချင်စိတ်မရှိခဲ့ပါဘူး။
ဒါပေမဲ့ သွေးပူနေတုန်းမှာ ပြောပြီးခဲ့သည့်
စကားကို ကိုယ်တိုင်လည်းပြန်မပယ်ဖြတ်ချင်သလို
သူနဲ့တွေ့ရင် ကွာရှင်းရမဲ့ကိစ္စကြီးကို
မေးလာမှာ စိုးတာရော နောက်ဆုံးတွေ့ခဲ့ကြတဲ့
ညက အဖြစ်အပျက်တွေကို ပြန်အမှတ်ရပြီး
ခံပြင်းရတာကြောင့်လည်း ပါလေသည်။

"မေဝိုင်းလေး...ကိုယ်မင်းကိုလုံး၀
ကွာရှင်းမပေးနိုင်တော့ဘူး..
ကိုယ့်စိတ်ကို လာဆွခဲ့ပြီး
ကိုယ့်ဆီကနေ ထွက်ပြေးဖို့လုံး၀မစဉ်းစားနဲ့တော့
ကိုယ့်ဘက်က လစ်ဟာသွားခဲ့ရတဲ့
ဂရုစိုက်မှုတွေ၊နှစ်သိမ့်မှုတွေဟာလုံး
အလျော်ပြန်ပေးပါ့မယ်..."


🌻🌻🌻🌻🌻🌻🌻🌻

ဒီနေ့ရာသီဥတု အလွန်သာယာနေသည်။
ခြံထဲရှိ သစ်ပင်ရိပ်လေးကို အကာအကွယ်ယူပြီး
ငါးရံ့ခြောက်လေးတွေကို ကြိုးနှင့်ဆွဲထားသည့်
‌ဇကောလေးတွေထဲမှာ သေချာလှန်းနေ‌ခဲ့ပေမဲ့
စံပယ်ရုံလေးနှင့်ကနီးနေတော့ ငါးခြောက်နံ့
သိပ်မရပဲ စံပယ်နံ့လေးကသင်းနေလေသည်။

Sora Sora, [4/19/2025 8:04 PM]
မေဝိုင်းလေးသည် အဖြူရောင် ဂါ၀န်ဒူးကျလေးကို
၀တ်ဆင်ထားပြီး ဆံပင်လေးကိုကျစ်စံမြှီး
ကျစ်ထား၍ မျက်နှာလေးကရှင်းနေသည်။
အသားအရည်ကောင်းခြင်းနှင့် ပြည့်စုံသူမို့
အဖြူရောင် ဂါ၀န်လေးနှင့်သူမ၏
အသွင်သဏ္ဍန်လေးသည် စံပယ်ပန်းလေးကဲ့သို့
ဖြူစင်နေတော့သည်။

အိမ်မှာနေရင်းမို့ ပါးကွက်ကြီးကြီးကိုသာ
ပါးတစ်ဖက်တစ်ချက်ဆီမှာ ကွက်ထားကာ
နှာခေါင်းရိုးမှာပါ သနားခါးအစင်းကြောင်းကြီး
ဆွဲထားလေတော့ အင်မတန်ချစ်စရာကောင်းနေလေသည်။

"သမီးရေ...ငါးခြောက်လှမ်းပြီးရင် လမ်းထိပ်က
ဦးစောတို့အိမ်မှာ အကြွေးသွားတောင်းပေးအုံးနော်"

"ဟုတ်ကဲ့...သမီးပြီးပါပြီ..
အခုသွားတောင်းလိုက်မယ်နော်...
ဆိုင်ကယ်လေး ယူသွားလိုက်မယ်.."

"အမယ်လေး ဒီနားနဲ့ဒီနားသွားရတာကို
ဆိုင်ကယ်ကြီး တကားကားနဲ့ဟယ်
နင်တို့မို့လို့ ဆိုင်ကယ်စီးချင်တယ်...
တို့ကတော့ ဘယ်နေရာသွားသွားလမ်းလျှောက်ပြီးပဲ
သွားရတာကြိုက်တယ်.."

"အမေကလည်း ခုခောတ်ကြီးမှာ
ပစ္စည်းအသစ်အဆန်းတွေဆိုတာ အချိန်တိုင်း
ပေါ်နေတာလေ..အဲ့ဒါတွေကိုသုံးတတ်မှ
ခောတ်ရေစီးကြောင်းကို အမှီလိုက်နိုင်မှာပေါ့
ဆိုင်ကယ်နဲ့ ခဏလေးသွားရတဲ့ခရီးကို
လမ်းအကြာကြီးလျှောက်နေတော့
ခြေထောက်တွေညောင်းမယ်လေ...
အဲ့ဒါကြောင့် အခုလိုအသက်ကြီးတော့
ဒူးနာခါးနာတာပေါ့...ခွန်အားဆိုတာ
မလိုတဲ့နေရာမှာ မသုံးရဘူးအမေရဲ့..."

"အေးပါ..မဉာဏ်ကြီးရှင်ရယ်...
အဲ့လိုခြေလှုပ်လက်လှုပ်ရမှာတောင်ပျင်းကြလို့
ညည်းတို့ခောတ်မှာ အပျင်းတွေပေါနေတာပေါ့
မညိုရဲ့သားလေးဆိုရင် အားနေအိမ်ထဲမှာပဲ
ကုတ်ပြီးတစ်ချိန်လုံး ဂိမ်းပဲထိုင်ဆော့နေတော့
အပြင်မှာ ဘာတွေဖြစ်နေမှန်းလည်းမသိ
တစ်ချိန်လုံး ဖုန်းနဲ့မျက်နှာကပ်ရင်းပဲ
အချိန်ကုန်နေတာ
သူ့အမေက တစ်ခုခုခိုင်းရင် 
ဘာမှကို ခိုင်းလို့မရသလို 
ဘာမှလည်းမလုပ်တတ်တော့ဘူး.."

"အမေတို့ကလည်း တစ်ခုခုဆိုသူများနဲ့
အမြဲခိုင်းနှိုင်းနေတာပဲ..အမေ့ဆိုင်ကယ်
ဆီကုန်မှာစိုးလို့မဟုတ်လား..."

"အမေ့ဆိုင်ကယ်လို့ပြောရအောင် အဲ့ဆိုင်ကယ်က
ငါမောင်းတာလား.."

"ဟုတ်ပါတယ်သမီးမောင်းတာ
 သမီးဆီဖြည့်ပေးပါ့မယ်...."

အမေနဲ့ဆက်နေရင် ပြောလို့ပြီးမှာမဟုတ်တော့၍
ဆိုင်ကယ်လေးကို ခြံတံခါး၀ဆီသို့
တွန်းသွားလိုက်သည်။
ထိုစဉ်မှာပဲ ကားတစ်စီးကခြံရှေ့မှာ ကျွီကနဲ
ပိတ်ရပ်လိုက်ပြီး ကားတံခါးကို ဆောင့်ဖွင့်ကာ 
ဆင်းလာသောလူကြောင့် ဝိုင်းလေး
ထိတ်လန့်သွားရလေသည်။

"ကိုမင်းစက်!!!!!"

"မေ!!!!"

ဝိုင်းလေး၏နာမည်ကို အဖျားစွတ်၍ခေါ်လိုက်ပြီး
ရှေ့သို့ ခြေတစ်လှမ်းတိုးလာသောသူ့ကြောင့် အ‌ယောင်ယောင်အမှားမှားနှင့်
ဆိုင်ကယ်ကို လွှတ်ချလိုက်မိရာ...

"ဝုန်း!!!!"

"ဟဲ့..အမယ်လေးဘာဖြစ်တာလဲ...!!!"

ဝုန်းကနဲ!!လဲကျသွားသော ဆိုင်ကယ်လ်သံကြောင့်
အ၀တ်လှန်းနေရင်းနှင့် ဒေါ်တင်မမလည်း
အလန့်တကြားဖြစ်သွားရကာ
 ခြံ၀သို့ကြည့်လိုက်တော့.....

"အမယ်လေး..ငါ့ဆိုင်ကယ်တော့ကုန်ပါပြီ
ဟင်..‌ကိုစက်ပါလား..."

ဒေါ်တင်မမလည်း မင်္ဂလာဆွမ်းကျွေးပြီးတည်းက
မတွေ့ရသေးသည့် သားမက်ဖြစ်သူကို
ဒီလိုရုတ်တရက်ကြီး ရောက်လာလိမ့်မည်ဟု
မထင်မိ၍ ကြောင်ကြည့်နေမိလေသည်။

မေဝိုင်းလေးကတော့ ဆိုင်ကယ်ကို
လဲလျှက်အတိုင်းထားခဲ့လိုက်ပြီး 
အိမ်ထဲသို့ပြေး၀င်ဖို့လုပ်နေ‌တော့သည်။

"ဟဲ့သမီး..ဘယ်သွားမလို့လဲ..ဟိုမှာ
ညည်းယောက်ျားလာတယ်လေ..."

"အမေပဲသူ့ကို ဧည့်ခံလိုက်ပါတော့
သမီးသူနဲ့မတွေ့ချင်ဘူး..သူပြောချင်တာတွေလည်း
အကုန်လက်ခံတယ်လို့ ပြောလိုက်ပါ.."

"ဟင်!!!"

အမိန့်ပေးသွားလိုက်တာများ သူကကိုယ့်အမေလား
ကိုယ်ကသူ့အမေလားတောင် မသဲကွဲတော့ဘူး။
ဒေါ်တင်မမလည်း အ၀တ်လှန်းနေတာကို
ခဏရပ်လိုက်ပြီး ပြာပြာသလဲ သားမက်လေးဆီသို့
သွားလိုက်သည်။

"ကိုစက်က ထိုင်းကိုခရီးထွက်နေတာဆို.."

"ဟုတ်တယ်..ကျွန်တော်ပြန်ရောက်တာ
မကြာသေးပါဘူး..ကျွန်တော်မေဝိုင်းလေးကို
လာခေါ်တာပါ..."

"အင်း..အဲ့ဒီ့ကိစ္စအန်တီ‌လည်းမင်းကို
မေးစရာရှိတယ် အိမ်ထဲကို၀င်ပါအုံးကွယ်.."

မင်းစက်လည်း ယောက္ခကြီးကဖိတ်ခေါ်နေတော့
အိမ်ထဲသို့ လိုက်၀င်မိလေသည်။
မိန်းမလာတောင်းတုန်းကတော့ ဒီအိမ်ကို
ရောက်ခဲ့ဖူးပေမဲ့ သေချာသတိမထားမိခဲ့ပေ။

အခုကြည့်လိုက်တော့မှ ခြံလေးကပေနှစ်ဆယ်
ပတ်လည်လောက်ပဲရှိပြီး အပင်တွေဘာတွေလည်း
အများကြီး စိုက်မထား၍ ရှင်းလင်းနေသည်။

အိမ်လေးကတော့ နှစ်ထပ်အိမ်လေးဖြစ်ပြီး
အပြင်ဘက်ကကြည့်ရုံနှင့် နေချင်စဖွယ်လေး
ဖြစ်နေသည်။
ဘယ်လိုပြောရမလဲ။နွေးထွေးလုံခြုံမှုကို
ပေးစွမ်းနိုင်တာမျိုးပေါ့။

အိမ်အတွင်းပိုင်းမှာလည်း ဈေးကြီးသည့်
ဇိမ်ခံပစ္စည်းတွေမရှိပေမဲ့ အမြင်ရှင်းပြီး
သပ်ရပ်နေလေသည်။
ဒီအိမ်မှာနေသည့်လူတွေက မခိုမကပ်တတ်ပဲ
အိမ်မှုကိစ္စကို ကျွမ်းကျင်နိုင်နင်းကြသူတွေမှန်း
ကြည့်ရုံနဲ့ သိနိုင်သည်။

ကြမ်းပြင်တွေဆို ပြောင်၀င်းနေပြီး
ဧည့်ခန်းထဲရှိ ထိုင်ခုံတွေကအစ
ဖုန်တစ်စက် ကပ်‌မနေပေ။

ကိုယ်လို အသန့်အပြန့်ကြိုက်ပြီး
နေ၊ထိုင်၊စားသောက်ရေးမှာ 
ဂျီးများတတ်သူတောင် အိမ်လေးရဲ့သန့်ရှင်း
သပ်ရပ်ပုံနှင့် အထားအသိုစနစ်တကျရှိပုံကို
ကြည့်ကာ စိတ်တိုင်းကျနေမိသည်။

"ထိုင်ပါအုံးကွယ်..သားဘာသောက်ချင်လဲ
အအေးသောက်မလား ကော်ဖီသောက်မလား.."

"နေပါစေအန်တီ...ကျွန်တော်‌မေဝိုင်းလေးနဲ့သာ
တွေ့ပြီး စကားပြောချင်တာပါ.."

Sora Sora, [4/19/2025 8:04 PM]
"အင်း..သမီးလေးကအခုချိန်မှာ 
မင်းကိုအရမ်းစိတ်ဆိုးနေပုံပဲ 
မင်းတို့ကြားမှာ ပြဿနာတစ်ခုခုများ
ဖြစ်ထားကြသေးလား.."

"ဟို..အဲ့ဒါက..အရမ်းကြီးတော့မကြီးမားပါဘူး
အချင်းချင်းစကားများကြရုံပါ.."

ကိုယ်တွေကြားမှာဖြစ်တဲ့ကိစ္စက လူကြီးတွေ
သိလို့ မဖြစ်၍ကြီးသောအမှုကို
သေးအောင်သာ လုပ်လိုက်မိလေသည်။
ယောက္ခမကြီးကတော့ ခေါင်းတညိမ့်ညိမ့်နှင့်ပေါ့။
ခပ်ရိုးရိုးသမားတွေဆိုတော့ ကိုယ်ကဒီလောက်ပဲ
ပြောရင် ဒီလောက်ပဲထင်ကြပေလိမ့်မယ်။

"သမီးလေးက သူ့အဖေလည်းဆုံးသွားတော့
စိတ်ခံစားချက်လွယ်နေတာလဲ ပါလိမ့်မယ်"

"ဦးလေးဆုံးတော့ ကျွန်တော်ကခရီးထွက်နေလို့
မလာနိုင်ခဲ့တဲ့အတွက် 
ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော်တို့က ကျွန်းဆွယ်တစ်ခုကို
ရောက်နေတော့ အင်တာနက်လိုင်းက
သိပ်မမိတာနဲ့ အဆက်အသွယ်လည်း
မလုပ်ဖြစ်လိုက်ဘူး.."

"အန်တီနားလည်ပါတယ်ကွယ်...
ကိုထွန်း၀င်းကလည်း ရုတ်တရက်ကြီး
ဆုံးသွားတာလေ..မင်းကလည်းကိုယ့်ကိစ္စနဲ့
ကိုယ်ဆိုတော့ ဘယ်လာနိုင်ပါ့မလဲ
အန်တီနားလည်ပါတယ်..."

သဘောကောင်းလွန်းသော ယောက္ခမကြီးအား
သူသေချာကြည့်နေမိရင်းနှင့်ပင် အားနားလာလေသည်။
ယောက္ခမကြီးက တကယ်စိတ်ရင်းနဲ့
ပြောနေတာဆိုပေမဲ့ ကိုယ်ပြောတဲ့စကားကတော့
မုသားတစ်၀က်ပါလေသည်။

ခရီးထွက်နေစဉ်အချိန်တုန်းက
ကိုယ့်အတ္တနှင့်ကိုယ်မို့ တမင်မဆက်ခဲ့တာပါဟု
ပြောလိုက်ရင်တော့ နားကားသွားနိုင်သည်။

ထို့ကြောင့် နောင်ခါလာနောင်ခါဈေးပဲ
အခုတော့ ကြည့်ကောင်းအောင်ဖြေရမှာပေါ့။
အဓိကဟာမေ့ကို ပြန်ခေါ်သွားနိုင်ဖို့ပဲ။

"မနေ့ကတော့ သားနဲ့ကွာရှင်းချင်တယ်လို့
ပြောလာတယ်..အမေတို့ကဘာဖြစ်လို့လဲဆိုပြီး
မေးတော့..
တစ်ယောက်နဲ့တစ်ယောက်မချစ်ကြလို့တဲ့လေ.."

"ဟာ..အဲ့ဒါတော့လုံး၀မဟုတ်ဘူးအန်တီ.."

ဒါကိုတော့ သူပြာပြာသလဲ ငြင်းဆိုမိလေသည်။
တကယ့်အကြောင့်အရင်းက
 သူ့ကိုစာမပြန်မိရာကနေ ဖြစ်သွားခဲ့တာလို့
ထင်မိတယ်။

အေးပေါ့ မိန်းကလေးတန်မဲ့ သူ့ခမျာမရှိတဲ့
သတ္တိလေးတွေကိုစုပြီး ၀န်ခံပြီးခါမှ
တစ်ဖက်က အကြောင်းတောင်မပြန်တော့
ရှက်ပြီး စိတ်ဆိုးသွားမှာပေါ့။

နောက်ပြီးကိုယ်တွေက မယူရသေးတဲ့
သမီးရည်းစားတွေလည်းမဟုတ်ဘူးလေ။
လက်ထပ်ပြီးခါမှ ခံစားချက်တွေကို၀န်ခံလာတာ
ဆိုတော့ ကိုယ့်ဘက်ကလက်မခံရင်
ကွာရှင်းဖို့ကိုပဲ တွေးလိုက်တာသဘာ၀ကျပါတယ်။

"ကျွန်တော်ကသူ့ကို မဆက်သွယ်တော့
သူစိတ်ဆိုးသွားတာနေမှာပါ..
တစ်ယောက်နဲ့တစ်ယောက် မချစ်ကြလို့တော့
မဟုတ်ပါဘူး.."

မင်းစက်၏အဖြေကိုကြားလိုက်ရတော့မှ
ဒေါ်တင်မမလည်း စိတ်သက်သာရာ
ရလေတော့သည်။
မဟုတ်ရင် ငါ့သမီးကိုများ ကိုစက်က
မချစ်လို့လား၊နှိမ်လို့လားဆိုသည့် 
အတွေးတွေနှင့်သာ စိတ်ညစ်‌နေရသည်။
အခုသူတို့က ချစ်ကြတယ်ဆို‌တော့
စိတ်သက်သာရာ ရတာပေါ့။

"အန်တီ..ကျွန်တော်ဒီမှာတစ်ညလောက်
တည်းလို့ရမလား.."

"တည်းတာက ရပါတယ်..ဒါပေမဲ့သမီးလေးက
သားကိုမတွေ့ချင်သေးတော့ ဘယ်လိုလုပ်ကြမလဲ
နောက်ပြီး အမေတို့အိမ်ကသိပ်မပြည့်စုံတော့
သားနေတတ်ပါ့မလား.."

"ကျွန်တော်နေတတ်ပါတယ်..အန်တီကသာ
ခွင့်ပြုပေးပါနော်..အခုတော့ကျွန်တော်
အလုပ်ရှိလို့ ကုမ္ပဏီကိုပြန်လိုက်ပါအုံးမယ်
ညကြရင်တော့ ကျွန်‌တော်ဒီမှာ
ပြန်လာအိပ်ချင်ပါတယ်.."

"အင်း..ဟုတ်ပြီလေ..သားအတွက်
အခန်းစီစဉ်ပေးထားပါ့မယ်..ညနေစာကတော့
ဒီမှာပဲ ပြန်လာစားမှာမဟုတ်လား.."

"ကျွန်တော်ကနည်းနည်းနောက်ကျတတ်တော့
အပြင်မှာပဲ စားလိုက်ပါ့မယ်.."

"ကောင်းပါပြီသားရယ်..နောက်နေ့မှ
ကိုစက်ကြိုက်တာဘာစားချင်လည်းပြောပေါ့
အမေချက်ပေးပါ့မယ်.."

"ဟုတ်ကဲ့ပါအန်တီ...ကျွန်တော့်ကို
သွားခွင့်ပြုပါအုံး.."

"အေးပါကွယ်..ကားကိုဂရုစိုက်ပြီး
မောင်းအုန်းနော်.."

ဒေါ်တင်မမလည်း အခုမှသားမက်လှလှနဲ့
‌စကားသေချာပြောရ၍ ကျေနပ်နေမိလေသည်။
မနက်တုန်းကတော့ ရွှေရည်၀င်းက
ကိုစက်ကိုအမျိုးမျိုးဝေဖန်နေခဲ့တာ။

"သေချာစကားပြောကြည့်တော့လည်း
ထင်သလောက်မဆိုးပါဘူး.."

စကားပြောတာကလည်း ရည်ရည်မွန်မွန်ပါပဲ။
အစပိုင်းကတော့ အိမ်ကိုလာမလည်လို့
စိတ်ထဲမှာ သိပ်မကျေနပ်မိပေမဲ့ 
အခုတဒင်္ဂတွင်းမှာပဲ အားလုံးကို
ခွင့်လွှတ်ပေးလိုက်မိ‌သည်။

"သူ့ခမျာ..အလုပ်တွေကတန်းစီနေတော့ 
မိန်းမကိုချော့ချင်တာတောင် ဖင်ပူအောင်
မထိုင်သွားလိုက်ရဘူး..
အင်း..ဝိုင်းလေးကို ဖျောင်းဖြပေးမှပါလေ.."

စိတ်ကောက်တော်မူနေသော ဝိုင်းလေးကို
ဖြောင်းဖျပေးဖို့ရန် အပေါ်ထပ်သို့
တက်သွားလိုက်ပြီး တံခါးခေါက်လိုက်တော့
ဒင်းက ဘာအသံမှမပေးပဲ ညိမ်နေလေသည်။

"ဝိုင်းလေး..ကိုစက်ပြန်သွားပြီ..
အမေပြောစရာလေးရှိလို့ 
တံခါးလာဖွင့်ပေးစမ်းပါ.."

"သမီးအိပ်ချင်နေပြီအမေ..
သမီးကိုဘာမှမမေးပါနဲ့တော့.."

"ဟဲ့အစောကြီးရှိသေးတယ် ဘာကိုအိပ်မှာလဲ..
အောက်မှာ ဆိုင်ကယ်ကြီးကိုလည်း
ဒီအတိုင်း ထားပစ်ခဲ့တယ်..
အကြွေးတောင်းရမှာလည်း
မတောင်းရသေးဘူးလေ.."

"ညနေကြရင် သွားတောင်းပေးမယ်အမေရယ်
အခုတော့ သမီးကိုပေးနားအုန်း.."

"အော်..အေးပါ..
ညည်းကအရမ်းပင်ပန်းနေတာဆိုတော့
နားချင်မှာပေါ့..တံခါးဖွင့်ပေးစမ်းပါဟယ်..
အမေမေးစရာရှိလို့ပါ.."

အမေဖြစ်သူက အခန်းအရှေ့မှထွက်မသွားပဲ
တံခါးကိုအဆက်မပြတ်ထုနေတော့ 
မေဝိုင်းလေးလည်း ဘယ်လိုမှမနေသာတော့ပဲ
တံခါးကို သွားဖွင့်ပေးရလေသည်။
တံခါးဖွင့်ပေးပြီးသည်နှင့် အမေကဝိုင်းလေး၏
မျက်နှာကို စေ့စေ့ကြည့်လာကာ...

"ကြည့်..အဲ့ရုပ်ကဘာဖြစ်နေတာလဲ..
ကိုယ့်ယောက်ျားရောက်နေတာတောင်
ထွက်မတွေ့နိုင်လောက်အောင်အထိ ဘာလို့
စိတ်ဆိုးနေရတာလဲ ဝိုင်းလေးရယ်.."

"အမေကလည်း သူနဲ့မတွေ့ချင်ပါဘူးလို့
အကြိမ်ကြိမ်ပြောနေတဲ့ဟာကို ဒီစကားတွေပဲ
အထပ်ထပ်ပြောနေတယ်..တော်ပြီအမေရာ
သူ့အကြောင်းဆိုရင် လာမပြောနဲ့တော့"

"ဒုန်း!!!!"

တံခါးကိုစောင့်ပြီး ပိတ်ပစ်လိုက်၍
ဒေါ်တင်မမမှာ ဟနေသောပါးစပ်က 
ပြန်စေ့သွားရလေသည်။

ဒီနေ့တစ်နေ့လုံး ဒီကောင်မလေးဘာဖြစ်နေမှန်းကို
မသိတာ။တစ်ချိန်လုံး မအေ့စကားကို
ဆန့်ကျင်နေတယ်။

"ညနေကြရင် နင့်အဖွားနဲ့နင့်အန်တီလေး
ပြန်လာကြမှာ အဲ့တော့မှဒီလိုလေသံမျိုးနဲ့
ပြန်ပြောရင်တော့ နင့်အန်တီလေးကကိုင်မှာနော်.."

တံခါးအပြင်ကနေ အမေကဆူနေပေမဲ့
ဝိုင်းလေးမသိချင်ယောင်သာ 
ဆောင်နေလိုက်သည်။

ကုတင်ပေါ်တွင်သာ ထိုင်နေမိကာ ရင်ထဲမှာလည်း
အမည်ဖော်၍ မရနိုင်သောဝေဒနာတစ်ရပ်ကို
ခံစားနေရလေသည်။

*သူနောက်ဆုံးတော့ ဝိုင်းလေးဆီကို
ပြန်ရောက်လာပြီ..ဝိုင်းလေးကိုကွာရှင်းဖို့
ပြောလာတော့မှာပေါ့..*

ရင်ထဲမှာ ခံစားချက်နှစ်ခုကလွန်ဆွဲနေလေသည်။
တစ်ဖက်မှာတော့ ကွာရှင်းဖို့ပြောလာမှာကို
၀မ်းနည်းလွန်း၍ စိတ်ထိခိုက်နေရသလို
တစ်ဖက်မှာတော့ ကိုယ့်စိတ်ကိုယ်ဖြေသိမ့်ရင်းနှင့်
တင်းခံနေမိသည်။

❤️❤️❤️❤️❤️❤️❤️

နာမည်ကြီးစားသောက်ဆိုင်တစ်ခု၏
သီးသန့်အခန်းတစ်ခုထဲတွင် ကောင်းသန့်သည်
Tiger King၏ဥက္ကဌဦးမောင်မောင်လတ်နှင့်
လတ်မှတ်ထိုးမည့်ကိစ္စကို အလျှင်လိုနေသည့်
ဆရာဖြစ်သူကိုသာ ထူးဆန်းသလိုကြည့်နေမိသည်။

အခန်းတွင်းရှိ မီးရောင်ဝါကျင့်ကျင့်အောက်မှာ
ထင်းလင်းနေသည့် ဆရာ့၏မျက်နှာဟန်ပန်သည်
ချက်ချင်းခုံပေါ်ကနေ ထကြွချင်သလို
ပုံမျိုးဖြစ်နေသည်။

ပုံမှန်ဆိုရင် ဘာပဲလုပ်လုပ် တည်တည်ငြိမ်ငြိမ်ပဲ
ဖြေရှင်းတတ်တဲ့ ဆရာကအခုတော့ဖြင့်
စာချုပ်ချုပ်မည့်အရေး အလောတကြီး
ဖြစ်နေသည်။

"စာချုပ်မှာ လတ်မှတ်ထိုးပြီးသွားပြီဆိုတော့
ဦးတို့တွေက တသားတည်းဖြစ်သွားပြီပေါ့နော်.."

"ဟုတ်တာပေါ့..ဦးမောင်မောင်လတ်တို့ဘက်က
လိုအပ်တဲ့အကူအညီရှိရင် KGကအဆင်သင့်
ဖြစ်ပေးမှာပါ..ဒါပေမဲ့ကျွန်တော်ပြန်လိုချင်တာက
စစ်မှန်မှုပါပဲ...ကျွန်တော်တို့ရဲ့KGအဖွဲ့အစည်းကို
စစ်မှန်တဲ့စိတ်နဲ့ ဆက်ဆံရင် ကျွန်တော်တို့ကလည်း
အဲ့ဒီ့အတိုင်းပဲ တုန့်ပြန်မှာပါ.."

"ဒါတော့ပြောစရာမလိုပါဘူး..အဲ့ဒီ့စကားက
KGရဲ့ဆောင်ပုဒ်ပဲဥစ္စာ..ဒီလောက်လေးမှ
ကတိမတည်နိုင်ရင်..
ကျားကနေကြွက်ဖြစ်သွားမှာပေါ့.."

"ဟား..ဟား..ဟုတ်ပါပြီဗျာ..ဒါဆိုကျွန်တော်လည်း
ပြန်လိုက်ပါအုံးမယ်.."

မင်းစက်ကထရပ်လိုက်တော့ ကောင်းသန့်ကလည်း
အလိုက်တသိ ခုံပေါ်မှာတင်ထားသော
ဆရာ့ကုတ်အိင်္ကျီကို အသင့်အနေအထားနှင့်
ကိုင်၀တ်ပေးလိုက်သည်။
ထိုအချိန်မှာ ကုတ်အိင်္ကျီအနားစတွေကို
ဆွဲဆန့်နေသော မင်းစက်ကြောင့်
‌ဦးမောင်မောင်လတ်လည်း မျက်လုံးပြူးသွားလေသည်။

မင်းစက်အာဏာ၏အကြောင်းတွေကို
ကြားထားခဲ့ပေမဲ့ ဒီလောက်အထိ
စိတ်မရှည်တတ်မှန်း သူမသိခဲ့ပေ။
စကားလေးနည်းနည်းပဲ ပြောရသေးပြီး
စာချုပ်ချုပ်လို့ပြီးတာနဲ့ ပြန်တော့မယ်ပေါ့။

မင်းစက်အာဏာဟာ အလုပ်လုပ်ရင် မြန်ဆန်ပြီး
တိကျတဲ့အပြင် ဆုံးဖြတ်ချက်ပြတ်သားတယ်လို့
သူသိထားခဲ့သည်။
ဒေါသကြီးတတ်တဲ့အချက်လည်း 
ပါ၀င်တာပေါ့လေ။

သူသဘောမကျရင် ဘယ်အရာမဆို
အမှုန့်ဖြစ်သွားနိုင်ပြီး သူသဘောကျလို့
သူ့ရဲ့မြှောက်စားခွင့်၊သူ့ကုမ္ပဏီနှင့်ပူးပေါင်းခွင့်
ရရှိခဲ့ရင်တော့ မမျှော်လင့်ထားလောက်တဲ့
အကျိုးအမြတ်မျိုးတွေ ရလာနိုင်ကြောင်း
စီးပွားရေးသမားတွေကြားမှာ သတင်းမွှေးလေသည်။

*အခုတော့ဖြင့်ကိုယ့်ကိုမတူသလို မတန်သလို
ဆက်ဆံနေတာများလား..
လူ့အကြောင်းပေါင်းကြည့်မှသိတဲ့
ဒီတော့မင်းစက်အာဏာနဲ့ စကားများများ
ပြောကြည့်ရမယ်..*

"မောင်မင်းစက်..ပြန်ဖို့ဘာလို့ဒီလောက်တောင်
လောနေတာလဲကွ..စားကြသောက်ကြရင်း
စကားလေးဘာလေး မပြောတော့ဘူးလား.."

"ကျွန်တော်လည်း ဦးမောင်မောင်လတ်နဲ့
စကားဆက်ပြောချင်ပါတယ်..ဒါပေမဲ့
အဆင်မပြေတော့လို့ပါ..လူမှုရေးကိစ္စလေးရှိနေလို့
ခွင့်ပြုပါဦး...နောက်မှပဲ
အေးဆေးထပ်တွေ့ကြတာပေါ့"

"ဒီလို့ဆိုတော့လည်း ဘယ်တတ်နိုင်မှာလဲ
ဦးနားလည်ပေးနိုင်ပါတယ်.."

"ဟုတ်ကဲ့ ကျွန်တော်သွားလိုက်ပါအုံးမယ်.."

အချိန်အားဖြင့်ညရှစ်နာရီထိုးနေပြီဖြစ်ရာ
မင်းစက်ကတော့ အိမ်မှာမိန်းမကိုချော့ရမည့်
စစ်ဆင်ရေးရှိသည့်အတွက် အိမ်ကိုပြန်ရပေမည်။

ကောင်းသန့်သည်လည်း အနောက်မှလိုက်လာပြီး
ကားထဲသို့ ဆရာ၀င်သွားပေမဲ့ သူကတော့
အပြင်မှာသာ ရပ်နေလိုက်သည်။

"ဆရာ..ဒီမှာဆရာ့လက်တော့ပ်အိတ်နဲ့
ဆရာ့လက်ဆွဲအိတ်ပါ..အိတ်ထဲမှာ
စာချုပ်ထည့်ထားတဲ့ ဖိုင်လ်ပါပါတယ်.."

"မင်းလည်းကားပေါ်တက်လေ..
မင်းအိမ်ကိုတစ်ခါတည်း လိုက်ပို့ပေးမယ်.."

"ဟာ...ရပါတယ်ဆရာရယ်..လမ်းမှမကြုံပဲနဲ့.."

အမြဲတမ်းသူ့ကားနဲ့ လမ်းကြုံလိုက်ခွင့်မရတော့
ကောင်းသန့်မှာ ငြင်းလိုက်မိပေမဲ့
ဆရာကြီးမင်းစက်အာဏာ၏အကြည့်တွေကြောင့်
ဒူးတောင်တုန်ချင်သွားမိသည်။
ဒီညသူခေါ်တာမလိုက်ရင်
နောက်နေ့အလုပ်ပြုတ်မယ်ဆိုသည့်
အကြည့်မျိုး။

"ဟုတ်ကဲ့ ကျွန်တော်လိုက်ခဲ့ပါ့မယ်..
ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီးကို
ဘယ်လိုလုပ်ပြီး လက်လွတ်ခံလို့ဖြစ်ပါ့မလဲ.."

ကောင်းသန့်လည်း သထွေးမျိုချလိုက်မိပြီး
ကတုန်ကယင်နှင့် ကားတံခါးကိုဖွင့်ကာ
ကြုံ့ကြုံ့လေး ၀င်ထိုင်လိုက်မိလေသည်။
ဒါရိုင်ဘာမင်းသစ်က ကားစက်နှိုးလိုက်ပြီးနောက်
ကားလေးက အရှိန်မှန်မှန်နှင့် သွားနေသော
အခါမှာမှ သူ့မှာလွတ်လွတ်ကင်းကင်း
သက်ပြင်းချနိုင်တော့သည်။

"ကောင်းသန့်!!!"

"အောင်မလေး..နင့်မေကြီးတော်.."

"ဟာ..ဟေ့ကောင်..ဒီလောက်လေးခေါ်တာကို
ဘာလို့အဲ့လောက်တောင်လန့်နေရတာလဲ.."

"ဆရာကဒီနေ့မှ ထူးထူးဆန်းဆန်းလုပ်ပြီး
ကျွန်တော့်ကို လမ်းကြုံလိုက်ခိုင်းတော့
အစောတည်းက လန့်နေလို့ပါဆရာရယ်.."

"အောင်မာ..မင်းကပဲငါ့ကိုလန့်ရတယ်ရှိသေး
ငါလည်းမင်းကိုခေါ်ချင်လို့ ခေါ်တယ်များ
မှတ်နေလား..မင်းကိုမေးစရာရှိလို့ကွ.."

"ဟင်း..ထင်တော့ထင်ထားပဲ 
ကိုယ့်ဆရာဒီလောက် စိတ်ကောင်းမရှိပါဘူးလို့.."

"မင်းဘာပြောလိုက်တယ်...!!!"

"အာ!!မဟုတ်ပါဘူးဆရာရယ်..
ရုတ်တရက်ဆိုတော့ အမှန်တွေကိုလွှတ်ကနဲ
ပြောလိုက်မိတာပါ.."

"ဟေ့ကောင်..မင်းငါ့ကိုဆော်ကားတာ
နှစ်ခါရှိပြီနော်..."

"မရည်ရွယ်ပါဘူးဆရာရယ်..ကျွန်တော်လည်း
ဒီညမှဘာဖြစ်နေသလဲမသိဘူး..
ဟိုနားကရိုးရိုးယွယွ..‌ဒီနားကရိုးရိုးယွယွနဲ့
စိတ်က ဂနာမငြိမ်ဖြစ်နေလို့ပါ.."

ဒေါသကြီးတတ်ပါသည်ဆိုသော လူရှေ့မှာမှ
စကားတွေက အယောင်ယောင်အမှားမှား
ဖြစ်နေ၍ ကိုယ့်ကိုကိုယ် ထုရိုက်ပစ်လိုက်ချင်သည်။
တော်သေးတယ်။
 ဒီညကိုယ့်ဘက်ကဘယ်လိုပဲ
စကားပြောမှားမှား ဆရာ့ပုံစံကသိပ်စိတ်ဆိုးပုံ
မပေါ်ဘူး။

"ထားလိုက်ပါတော့ ဒီညတော့ခြွင်းချက်အနေနဲ့
ငါမင်းကို ဘာပြောပြောဗွေမယူတော့ဘူး
ဒါပေမဲ့ မင်းငါမေးတာတော့ဖြေပေးရမယ်.."

"ဟုတ်ကဲ့ ကျွန်တော်ဖြေပါ့မယ်..
ကျွန်တော်အကျွမ်းကျင်ဆုံးကလဲ
 စားမေးပွဲဖြေရတာပါပဲ.."

"ဘာတွေပြောနေတာလဲကွာ..အခုမေးမှာက
စာအုပ်ထဲကနေကျက်ပြီး ဖြေရတဲ့စာတွေကို
မေးမှာမဟုတ်ဘူး..
အိမ်ထောင်ရေးကိစ္စကိုမေးမှာ.."

"ဗျာ..အိမ်ထောင်ရေးကိစ္စဟုတ်လား.."

"ဟုတ်တယ်.."

"ဟား..အဲ့ဒါဆိုရင်တော့ပိုကြိုက်တာပေါ့ဗျာ
အဲ့ဒီ့ကိစ္စကတော့ ကျွန်တော်အကျွမ်းကျင်ဆုံးပဲ"

"သေချာလို့လား.."

"အော်..ကိုယ့်ဆရာကလဲ သေချာလွန်းလို့ပဲ
ကလေးတစ်ယောက်တောင် အဖက်တင်နေပြီလေ..
ဟဲ..ဟဲ..."

နောက်ဆုံးတွင်ကြားလိုက်ရသည့် ကောင်းသန့်၏
ရယ်သံကြီးကြောင့် မင်းစက်မှာဒင်းကို
ဆောင့်ကန်ပစ်လိုက်ချင်သည်။
သူက ကလေးတစ်ယောက်အဖေဖြစ်သွားတော့
ကိုယ့်ကိုလှောင်နေသလိုကြီး..။

*ဒါတွေထားလိုက်ပါ..မိန်းမနဲ့သာအဆင်ပြေရင်
ဒင်းရတဲ့ ကလေးတစ်ယောက်လောက်ကတော့
မင်းစက်တို့က အေးဆေးပဲ..
ဒါပေမဲ့ မပိုင်ပဲခြင်မရိုက်သေးရဲတော့
ပြန်ကြွားလို့က မဖြစ်ပြန်ဘူး...*

"ငါမင်းကိုမေးချင်တာက မိန်းမတွေကို
ချော့ရင် ဘယ်လိုချော့ရမလဲဆိုတာပဲ.."

ဆရာကထိုသို့မေးလာတော့ ကောင်းသန့်မှာ
အံ့ဩလွန်းလို့ ပါးစပ်တောင်ပြန်စိမရတော့ပေ။
ကိုယ့်ဆရာက အိမ်ထောင်ကြတာပဲ
တစ်နှစ်ပြည့်တော့မယ် မိန်းမချော့နည်း
တောင် မေးနေရတုန်းပါလား။
ဘာလဲ..သူ့မိန်းမကိုတစ်ခါမှ‌မချော့ဖူးတာလား။

*အင်း..ဒါလည်းဖြစ်နိုင်ပါတယ်လေ..
လုပ်ငန်ခွင်မှာဆိုရင် စက်ရုပ်ကြီးလို
ခံစားချက်မဲ့နေတဲ့ မျက်နှာတည်ကြီးနဲ့လူက
အိမ်ကမိန်းမအရှေ့မှာ ချွဲချွဲနွဲ့နွဲ့ချော့မြူနေတဲ့
ပုံစံမျိုး ဘယ်လိုလုပ်ပြီးလုပ်ဖက်မှာလဲ..
မြင်ယောင်ကြည့်တာနဲ့တင် အန်ချင်လာပြီ..
ဒီလိုအားကိုးတကြီးမေးလာတော့လဲ
ဒါမျိုးမှာ ရွှေတဆိပ်ဆုရထားတဲ့ ကိုယ်က
ဖြေပေးရတော့မှာပေါ့..။**

"ဆရာ..မိန်းမကိုချော့ချင်ရင် 
နည်းလမ်းက(၂)နည်းပဲရှိတယ်..."

"ဘာနည်းလမ်းလဲ.."

အစကတော့ မိန်းမတွေကိုချော့ရပြုရမည့်
ကိစ္စကို ခေါင်းရှုပ်အောင်စဉ်းစားနေခဲ့မိတာမှာ
အခုကောင်းသန့်က နည်းလမ်းနှစ်နည်းသာ
ရှိတယ်ဆို၍ သူအရမ်းပျော်သွားမိလေသည်။
ဒီလိုမှန်းသာသိရင် ညနေတည်းက
ဒီကောင့်ကို ဆရာတင်လိုက်တာပေါ့။

"ပထမနည်းလမ်းက လက်ဆောင်၀ယ်ပေးတာ
ကျွန်တော့်မိန်းမဆိုရင်တော့ ပိုက်ဆံဖြုန်းတယ်
ဆိုပြီး အပြစ်တင်နိုင်ပေမဲ့ ဆရာ့မိန်းမကတော့
အဲ့လိုပြောမှမဟုတ်လောက်ဘူး..
ဘယ်လိုပဲ ဖြစ်ဖြစ်ဆရာရယ်..
သူတို့ကြိုက်တဲ့ မိတ်ကပ်ဖြစ်ဖြစ်
စားစရာဖြစ်ဖြစ် လက်ဆောင်ပေးရင်
မပျော်ပဲမနေပါဘူး..."

"ထားပါတော့ နောက်ထပ်တစ်ခုကဘာလဲ.."

"နောက်တစ်ခုကတော့ အလျှော့ပေးရမှာ
မိန်းမကဘာပြောပြော "အင်းမိန်းမသဘောလို့"
ပြောလိုက်တာနဲ့ ပွဲသိမ်းပဲ.."

"ဟုတ်လို့လားကွာ.."

"ဟုတ်တာပေါ့ဆရာရယ်..
အပိုပြောနေတာမဟုတ်ဘူး..
အဲ့ဒါကျွန်တော့်ကိုယ်တွေ့...
ဆရာပဲစဉ်းစားကြည့်လေ..
ကိုယ့်ကိုစိတ်ကောက်နေတဲ့အချိန်မှာ 
ငါဟဲ့ယောက်ျားသွားလုပ်လို့မရဘူး..
ဟိုက ငါဟဲ့မိန်းမဆိုပြီးပါးပြန်ချလိုက်လိမ့်မယ်..
.........
လုပ်ငန်းခွင်မှာ ကိုယ်ကဘယ်လိုပဲကျားကျား
အိမ်မှာတော့ ကြွက်ကလေးလုပ်သင့်ရင်လုပ်ရမှာပဲ
ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးဆိုတာ
ကျွန်တော်တို့ထက် နဂိုကမှအားနွဲ့တာ
ကျွန်တော်တို့က ခွန်အားသုံးပြီး
အနိုင်ကျင့်ရင် သူတို့ခမျာကြောက်ကြမှာပေါ့
......
ချစ်လို့ယူထားတာလေဗျာ

Sora Sora, [4/19/2025 8:04 PM]
ယောက်ျားမာန်ကြီးတ၀င့်၀င့်နဲ့ 
သွားဟိန်းဟောက်လို့ ဘယ်ကောင်းမှာလဲ...
သူများသားသမီးကို ကြက်မကြီးလိုအုပ်ခံထားရတဲ့
မိဘတွေရဲ့အသိုက်ထဲကနေ ယူလာခဲ့မှတော့
သူတို့ရဲ့မိဘနဲ့မခြား 
ကာကွယ်စောင့်ရှောက်ပေးရမှာပေါ့..
အဲ့ဒါကြောင့် ကျွန်တော်ကမိန်းမဘာပြောပြော
အကုန်နာခံလိုက်တာပဲ အဲ့လိုဆို
ရန်လည်းဖြစ်စရာမလိုတော့ဘူး..
ကျွန်တော်နဲ့ကျွန်တော့မိန်းမဆို ခုချိန်ထိ
ရန်ကြီးကြီးမားမား မဖြစ်ဖူးသေးဘူး.."

ကောင်းသန့်ပြောသည့်စကားတွေကို
သေချာနားထောင်နေမိရင်းနှင့် သူလည်း
အဲ့လိုလိုက်လုပ်ကြည့်ရမလားဟု
အတွေး၀င်သွားမိသည်။

ကောင်းသန့်ပြောတာလည်း မှန်ပါတယ်လေ။
ကိုယ်တွေလင်မယား အခုလိုဖြစ်နေခြင်းက
ကိုယ့်ရဲ့အတ္တနဲ့ဒေါသတွေကြောင့်လည်း
ပါတယ်။

ကိုယ်ယူထားတဲ့မိန်းမကိုဆက်ဆံပုံနဲ့
လုပ်ငန်းခွင်မှာ အခြားလူတွေကိုဆက်ဆံပုံချင်း
တန်းတူထားခဲ့မိတယ်။
တကယ်ဆိုရင် ပုံစံချင်းကတူမှမတူတာပဲ။
မေဝိုင်းလေးဟာ တစ်ခုခုဆိုမျက်ရည်လေး
ဝဲတက်လာပြီး ၀မ်းနည်း၊အားငယ်လွယ်တဲ့
နူးနူးညံ့ညံ့ မိန်းကလေးမဟုတ်ပါလား။

အင်း..ဟိုတစ်ခါကောင်းသန့်ပြောတဲ့
မိန်းမမှန်ရင် ငွေမကြိုက်တဲ့လူ
မရှိဘူးဆိုတဲ့အတိုင်း မေဝိုင်းလေးကို
သူ့မိဘတွေကို ပြန်ကန်တော့ဖို့
ကဒ်ပေးမယ်လို့ဆိုလိုက်တော့
"ကလေးယူချင်လား.."ဆိုပြီး မေးလာတာကို
မှတ်မိပါသေးတယ်။

အခုလည်း ကောင်းသန့်ပြောသလိုလုပ်ကြည့်ရင်
ကောင်းမလား???။
ပုံမှန်ဆိုရင် စီးပွားရေးအကြောင်းပဲ
တွေးနေတတ်သည့် သူ့ဦးနှောက်က
မိန်းကလေးတစ်ယောက်ကို ပေးရမည့်လက်ဆောင်
အကြောင်းကို တွေးနေရင်းနှင့်ကိတ်မုန့်ဆိုင်လေး
တစ်ခု၏ အရှေ့မှာကပ်ထားသည့်
ချယ်ရီသီးပုံလေးကို တွေ့လိုက်မိသောအခါ...

"အကြံရပြီ..."

ကိုယ့်အတွေးနှင့်ကိုယ် လက်ဖျောက်တစ်ချက်
တီးလိုက်မိပြီးနောက် ကျေနပ်စွာပြုံးလိုက်မိကာ
သူ့အသက်ဆယ့်သုံးနှစ်လောက်က
ချယ်ရီသီးမစားရတော့တာနဲ့ ထိုင်ငိုနေသည့်
ကောင်မလေးကို ပြန်မြင်ယောင်နေမိတော့သည်။

"ချယ်ရီသီးလေးမစားရရုံနဲ့ အဲ့လောက်တောင်
၀မ်းနည်းတတ်တဲ့ အငိုသန်လေး.."

..အခန်း(၄၄)ဆက်ရန်....

စာရေးသူ..ဆောင့်ငွေ့ဝေ

🤭🤭🤭🤭🤭🤭🤭🤭

...မင်းစက်အာဏာကြီး
ဘယ်လိုချော့မလဲနော်...😀

=============================
=============================

အခန္း(၄၃)
  💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘

တိုက္တိုက္ဆိုင္ဆိုင္ပဲ ေကာင္းသန႔္ရဲ႕
ဖုန္းနံပါတ္မက္ေဆ့ခ္်ကလည္း ေရာက္လာေပမဲ့
ေမဝိုင္းေလး၏ မက္ေဆ့ခ္်ကိုသာ
ေထာက္၍ ဖတ္ၾကည့္လိုက္သည္။
ဒိတ္ကိုၾကည့္လိုက္ေတာ့ 
လြန္ခဲ့တဲ့တစ္လေလာက္က ပို႔ထားေသာ
စာျဖစ္ေနသည္။

ေအာက္မွာေရးထားသည့္စာကို 
ဖတ္ၾကည့္လိုက္သည့္ အခါမွာေတာ့...

*ကိုမင္းစက္..ကြၽန္မကေမးဝိုင္းေလးပါ
ဝိုင္းေလးရွင့္ကို မ်က္ႏွာခ်င္းဆိုင္ၿပီး
၀န္ခံစရာေတြအမ်ားႀကီးရွိသလို
ရင္ဖြင့္ခ်င္တာေတြလည္းရွိတယ္..
.........
ဒါေပမဲ့ အခုရွင္ကခရီးထြက္သြားတာဆိုေတာ့
၀န္ခံစကားေလးပဲ ဆိုခ်င္ပါတယ္..
.........
ဒီေန႔ေဖေဖဆုံးၿပီး သုံးရက္ေျမာက္ေန႔ပဲ
ေဖေဖ့ရဲ႕အေလာင္းကို 
မီးသၿဂႋဳလ္ေတာ့မဲ့အခ်ိန္မွာ..ေဖေဖ့ကိုေနာက္ထပ္
ေတြ႕ခြင့္မရႏိုင္ေတာ့ပါလားလို႔ ေတြးလိုက္မိၿပီး
ရင္ထဲဆို႔နင့္လာခဲ့တယ္..
ဘယ္လိုခံစားခ်က္ႀကီးမွန္းမသိပါဘူး..
တစ္ခ်ိန္ထဲမွာ မခံစားႏိုင္လြန္းလို႔
ေမ့လဲသြားခဲ့ေသးတယ္
............
ေနာက္တစ္ခု၀ိုင္း‌ေလးနားလည္သြားတာက
ဒီကမာၻေပၚမွာ ေနာက္ထပ္၀ိုင္း‌ေလးအဆုံးရႉံး
မခံႏိုင္တဲ့ ေယာက္်ားတစ္ေယာက္
ရွိေနေသးတယ္ဆိုတာပဲ...
*အဲ့ဒီလူကရွင္ပါပဲ.."
............
ေနာက္ထပ္ရွင္းျပခ်င္တာ တစ္ခုရွိပါတယ္
အဲ့ဒါက ကိုဦးကိုဘာေၾကာင့္ရွင္နဲ႔လက္ထပ္ထားတဲ့
ကိစၥ မေျပာျပခဲ့လဲဆိုတဲ့အခ်က္ပါပဲ..
အမွန္အတိုင္းေျပာရရင္ ရွင္နဲ႔ကြၽန္မၾကားမွာ
ရွိတဲ့ ေငြေၾကး၊ပညာအရည္အခ်င္း၊
အသိုင္းအဝိုင္းကြာဟမႈေတြနဲ႔ပတ္သတ္ၿပီး
အၿမဲတမ္း သိမ္ငယ္ခဲ့ရတယ္...
.............
ရွင္ကအိမ္ေထာင္ေရးကို ဖဲခ်ပ္ေတြေလာက္ေတာင္
စိတ္မ၀င္စားဘူးလို႔ ေျပာလိုက္တဲ့ေန႔က
ရွင့္ကိုလက္ထပ္ရမွာေတာင္
ဝိုင္းေလးသိပ္ေၾကာက္သြားခဲ့တာ..
ဝိုင္းေလးကလည္း သာမာန္မိန္းကေလးေတြထဲက
မိန္းကေလးတစ္ေယာက္ပါပဲ
ကိုယ္ပိုင္စိတ္ကူးေလးေတြ 
ကိုယ္ပိုင္အေတြးေလးေတြရွိတာေပါ့..
ဘယ္တုန္းကမွ ဝိုင္းေလးရဲ႕လက္တြဲေဖာ္ဟာ
ကိုမင္းစက္လို အစစအရာရာျပည့္စုံတဲ့
လူတစ္ေယာက္ ျဖစ္ေနလိမ့္မယ္လို႔
အိပ္မက္ေတာင္ မမက္ဖူးခဲ့ပါဘူး
.................
ဝိုင္းေလးတို႔ရဲ႕ မဂၤလာပြဲကမိသားစုေဆြမ်ိဳးေတြ
ေလာက္ပဲ သိတဲ့မဂၤလာပြဲျဖစ္လို႔
ကိုယ့္အသိတိုင္းကို
ဝိုင္းေလးရဲ႕ခင္ပြန္းဟာဦးမင္းစက္အာဏာဆိုတဲ့
စကားမ်ိဳး ဘယ္လိုလုပ္ၿပီးေျပာထြက္ရဲမွာလဲ
.................
လူေတြက ဝိုင္းေလးရဲ႕အရည္အခ်င္းနဲ႔
ရွင့္ရဲ႕အရည္အခ်င္းကို တိုင္းတာၿပီး
မတန္မရာမွန္းတယ္လို႔ အထင္ခံရမွာ
သိပ္ေၾကာက္ခဲ့တယ္..ဒါေၾကာင့္
ရွင္နဲ႔ကြၽန္မရဲ႕အေၾကာင္းကို အျခားသူေတြ
မေမးပဲ ထုတ္မေျပာမိေအာင္ေနခဲ့မိပါတယ္
.................
ကိုဦးကို တမင္မေျပာျပခဲ့တာမဟုတ္ရပါဘူး
ဝိုင္းေလးကို ယုံၾကည္ေပးပါေနာ္
ငယ္ငယ္တုန္းက ဝိုင္းေလးဟာေပ်ာ့ညံ့ၿပီး
အၿမဲအႏိုင္က်င့္ခံခဲ့ရတယ္ဆိုတာ 
ရွင္လည္းသိမွာပါ 
.......
ေႏြရာသီေက်ာင္းပိတ္ရက္ေတြမွာ
ကေလာကိုျပန္ေတာ့ မမထိပ္ထားတင္မကပဲ
အမ်ိဳးေတြထဲက ႐ြယ္တူေတြကပါ
ေမြးစားသမီးမို႔ မေခၚမေျပာခ်င္ၾကေတာ့
အရမ္းအားငယ္ေနတဲ့အခ်ိန္ ကိုဦးနဲ႔
အမွတ္မထင္ေတြ႕ခဲ့ၿပီး ခင္မင္ခဲ့ၾကတာပါ...
ဝိုင္းေလးတို႔ႏွစ္ေယာက္ကို
အထင္မလြဲပါနဲ႔ေနာ္
..........
ဝိုင္းေလးရဲ႕အက်င့္ကိုက ကိုယ့္အေပၚ
တစ္ခါေကာင္းေပးရင္ ေသတဲ့အထိ
မေမ့တတ္တာမို႔လို႔ပါ
.............
ကိုမင္းစက္ *အခ်စ္*ဆိုတာကိုအယုံအၾကည္
ရွိလားဟင္..
လူတစ္ေယာက္ကိုခ်စ္မိရင္ ရွင့္ရင္ထဲမွာ
ဘယ္လိုမ်ိဳးခံစားရမလဲ..
ရွင္ခ်စ္ခဲ့ဖူးလား..
ကိုမင္းစက္ရဲ႕အသက္က ႏွစ္ဆယ့္ခုႏွႏွစ္
ရွိၿပီဆိုေတာ့...ခ်စ္ခဲ့ဖူးမွာေပါ့ေနာ္..
..............
အမွန္အတိုင္းေျပာရရင္ ဝိုင္းေလးကို
ခ်စ္ခြင့္ပန္ခဲ့တဲ့ ေယာက္်ားေလးေတြ
ေတာ္ေတာ္ေလးမ်ားခဲ့တယ္
သူတို႔အားလုံးက ႏူးညံ့ၿပီး႐ိုမန႔္တစ္ဆန္တဲ့
စကားလုံးေတြေျပာၾကေပမဲ့
လုံး၀ရင္မခုန္ခဲ့ဖူးဘူး..
အဲ့ဒါက မခ်စ္တတ္ေသးလို႔ေနမွာေပါ့ေနာ္...
................
 ဝိုင္းေလးအခုခ်စ္တတ္သြားၿပီထင္ပါတယ္
ကြားရွင္းဖို႔ ရွင့္ဘက္ကေျပာလာေတာ့
အသဲကြဲရျခင္းခံစားခ်က္ကို 
ေသခ်ာနားလည္သြားခဲ့တယ္..
အဲ့ဒီညက ရွင္သာလွည့္ၾကည့္ခဲ့မယ္ဆိုရင္
ရွင့္ေၾကာင့္ အသဲကြဲၿပီးငိုေနရတဲ့ဝိုင္းေလးရဲ႕
မ်က္ရည္ေတြကို ျမင္ႏိုင္ခဲ့မွာပါ...
ဒါေပမဲ့ ရွင္လုံး၀လွည့္မၾကည့္ခဲ့ဘူးေနာ္...
...........
ဒါေပမဲ့ ဝိုင္းေလး၀န္ခံပါရေစ
*ဝိုင္းေလးရွင့္ကိုသိပ္ခ်စ္တယ္...
ေဖေဖ‌၊ေမေမတို႔ကို ခ်စ္တဲ့အခ်စ္မ်ိဳး
မဟုတ္ပါဘူး..ေထာင့္ငါးရာအခ်စ္ပါ...
ေယာက္်ားတစ္ေယာက္ကို အဆုံးရႉံး
မခံႏိုင္တဲ့ ပထမဆုံးခံစားခ်က္ေလးမို႔
‌မေလွာင္ပါနဲ႔ေနာ္...
............
ျမန္မာႏိုင္ငံကို ျပန္ေရာက္လို႔ဒီစာေလးကို
ေတြ႕တဲ့အခါ ရွင္လည္း၀ိုင္း‌ေလးအေပၚမွာ
ခံစားခ်က္ေတြ ရွိေနမယ္ဆိုရင္
ခ်က္ခ်င္းစာျပန္ေပးပါေနာ္..
တကယ္လို႔ ဝိုင္းေလးရဲ႕၀န္ခံခ်က္အေပၚ
ရွင့္ရင္ထဲမွာ ဘာခံစားခ်က္မွရွိမေနရင္ေတာ့
စာတစ္ေၾကာင္းေတာင္ မျပန္ပါနဲ႔

ရွင္လိုခ်င္တဲ့ ကြာရွင္းျပတ္ဆဲျခင္းကို
ဝိုင္းေလးဘက္ကေန သေဘာတူေပးပါ့မယ္...
ဘာနစ္နာေၾကးမွလည္း မလိုအပ္ပါဘူး
ဝိုင္းေလးခ်စ္တဲ့ လူတစ္ေယာက္ဆီက
နစ္နာေၾကးကို မယူပါရေစနဲ႔ေနာ္...***

စာေလးကို ဖတ္အၿပီးမွာ ဦးေမာင္ေမာင္လတ္ဆီကိုလည္း ဖုန္းမဆက္ခ်င္ေတာ့ေပ။
လက္ေတြပါ တုန္လာကာဘာလုပ္လို႔
ဘာကိုင္ရမွန္းကို မသိေတာ့ဘူး။

*အသက္ႏွစ္ဆယ့္ခုႏွႏွစ္ေရာက္ေတာ့မွ 
ရည္းစားစာ အေပးခံလိုက္ရသလို
ဘာေၾကာင့္မ်ား ခံစားေနရတာလဲ။

"သူကငါ့ကိုသိပ္ခ်စ္တယ္တဲ့..
သိပ္ခ်စ္တယ္..အဆုံးရႈံးမခံႏိုင္ဘူး..."

အဲ့ဒီ့စကားေတြက ပုံမွန္အားျဖင့္ေယာက္်ားေတြ
ေျပာေလ့ေျပာထရွိတဲ့ စကားေတြမဟုတ္ဘူးလား။
မိန္းကေလးတစ္ေယာက္အေနနဲ႔ 
အဲ့လိုရင္ဖြင့္လာၿပီဆိုတည္းက ကိုယ့္အေပၚ
တကယ္ႀကီး ေႂကြေနၿပီမို႔လို႔ေပါ့။

"တီ...တီ..တီ.."

ဖုန္းကိုၾကည့္ေနရင္းအေတြးမ်ားေနစဥ္မွာ
"အေမ"ဆိုၿပီး ေပၚလာသည့္ဖုန္းနံပါတ္ေၾကာင့္
သူလည္း အစိမ္းေရာင္အကြက္ေလးကို
ႏွိပ္လိုက္‌သည္။

"ဟယ္လို..."

"မင္းစက္..နင္‌ျပန္ေရာက္ေနတာကို ဘာလို႔
အေၾကာင္းမၾကားရတာလဲ..
မိန္းမနဲ႔မိဘေတြကို ေအာင့္ေမ့ရေကာင္းမွန္း
မသိဘူးလား..နင့္ကိုယ္နင္ မိမရွိ၊ဖမရွိတဲ့
တစ္ေကာင္ႂကြက္လို႔ ထင္ေနတာလား...
ဒါမွမဟုတ္ ငါတို႔ကိုေသလူလို႔ 
သတ္မွတ္လိုက္တာလား..."

ဖုန္းကိုနားကပ္လိုက္သည္ႏွင့္ အေမ့အသံက
စီကနဲထြက္လာေလသည္။
ကိုယ္လည္း ေရာက္တည္းကအလုပ္ကိစၥေတြနဲ႔
ရႈပ္ေနတာေရာ အဲ့ဒီ့အိမ္ကိုသြားရင္
ေမဝိုင္းေလးနဲ႔ ဆုံရမွာစိုးတာေၾကာင့္ပါ
အားလုံးကိုအတတ္ႏိုင္ဆုံး ေမ့ထားဖို႔
ႀကိဳးစားခဲ့မိတယ္။

ဒါေပမဲ့ ဘယ္သူထင္မွာလဲ...
မက္ေဆ့ခ္်တစ္ခုက သူ႔စိတ္ကိုေျပာင္းလဲ
သြားေစႏိုင္လိမ့္မယ္ဆိုတာကိုေပါ့။
အေမက မေခၚလည္းသူအိမ္ကို ဒီေန႔ျပန္ျဖစ္မွာပါ။

"မင္းစက္...ငါေမးေနတာေျဖေလ..
အခုၾကေတာ့ အသံမထြက္ေတာ့ပါလား..."

"ကြၽန္ေတာ္ နားေထာင္ေနပါတယ္..."

မိဘနဲ႔တုၿပီး ရန္မျဖစ္ခ်င္၍မင္းစက္ဘက္က
ညိမ္ေနေပးေတာ့ တစ္ဖက္မွစကားေျပာေနေသာ
ေဒၚရတနာမွာ ပိုၿပီးေဒါသထြက္ေနရေလသည္။

"ေအး..နင္ကခံမေျပာ..နားမေထာင္သလို
မိဘစကားဆို အေရးကိုမစိုက္တာ
ငါတို႔ေျပာတာကိုလည္း နားမေထာင္
နင္ဘာျဖစ္ခ်င္မွန္းလည္း ငါတို႔မသိရနဲ႔...
မင္းစက္အာဏာ နင္ငါ့သားမွဟုတ္ရဲ႕လားဟင္.."

"အေမဘာျဖစ္လို႔ အရမ္းေဒါသထြက္ေနရတာလဲ"

"နင့္ေၾကာင့္ငါေဒါသထြက္ေနတာေလ နင့္ေၾကာင့္!!!
ထြက္သြားလိုက္တာမ်ား တစ္လတိတိ
ဖုန္းမဆက္ဘာမဆက္နဲ႔...
နင့္ကိုယ္နင္လူပ်ိဳမွတ္ေနလား..
........
ငါတို႔ကိုသတိမရခ်င္ေနပါဟယ္
နင္ယူထားတဲ့ မိန္းမကိုေတာ့နဲနဲျဖစ္ျဖစ္
သတိတရ ဆက္သြယ္ဖို႔ေကာင္းပါတယ္
........
ဟိုမွာ အေဖေသတာေတာင္ လင္ကအနားမွာ
မရွိေပးတဲ့အျပင္ အဆက္အသြယ္လည္း
မလုပ္ေတာ့ ဘယ္ေလာက္ခံစားေနရလဲ
နင္နဲနဲေလးမွ ကိုယ္ခ်င္းစာစိတ္မရွိဘူးလား...
အခုျပန္ေရာက္ေတာ့လည္း ဘာလို႔
ကိုယ့္မိန္းမဆီကို ခ်က္ခ်င္းျပန္မလာရတာလဲ...
မႉးေျပာတာေတာ့ နင္ျပန္ေရာက္ေနတာ 
ငါးရက္ရွိၿပီတဲ့ အခုဟိုကနင့္ကိုစိတ္နာေနၿပီသိလား"

"ကြၽန္ေတာ္သူ႔ကို ေတာင္းပန္လိုက္ပါ့မယ္"

"ေတာင္းပန္မေနနဲ႔ေတာ့ မရေတာ့ဘူး
 အားလုံးလြန္ကုန္ၿပီ ဟိုကနင္နဲ႔
ကြာရွင္းခ်င္တယ္တဲ့"

"ဘာ..အေမလာေနာက္ေနတာလား.."

"ေနာက္စရာလား..နင့္ရဲ႕မသိတတ္မႈေတြ
ဥပကၡာျပဳတာေတြကို ခံစားရေတာ့
သူလည္း သည္းမခံႏိုင္ေတာ့ဘူးေပါ့
သူ႔အေမကိုယ္တိုင္ ငါ့ကိုဖုန္းဆက္လာတာ
ေမဝိုင္းေလးက ကြာရွင္းဖို႔ေျပာလာလို႔တဲ့
နင္နဲ႔ သူ႔သမီးၾကားမွာ ဘာျပႆနာျဖစ္ထားလဲတဲ့.."

"အခု..ေမဝိုင္းေလးကအေမတို႔အိမ္မွာလား.."

"ဘယ္ကသာ..သူ႔အေဖဆုံးၿပီးတည္းက
အိမ္ကိုျပန္မလာတာ တစ္လေက်ာ္ေနၿပီ
တို႔ေတြလည္း သူစိတ္ေျပလက္ေပ်ာက္
ေနပါေစဆိုၿပီး လႊတ္ထားခဲ့မိတာ
 အခုမွ နင့္ေၾကာင့္ဝိုင္းေလးက
အိမ္ကိုျပန္မလာခ်င္ခဲ့မွန္း သိေတာ့တယ္...
 ေျပာ..အခုနင္ဘာဆက္လုပ္မွာလဲ.."

 "ကြၽန္‌ေတာ္သူ႔ဆီကို လိုက္သြားလိုက္မယ္"

ထိုစကားသာေျပာၿပီး သူဖုန္းခ်ပစ္လိုက္သည္။
အေမ့သတင္းစကားႀကီးေၾကာင့္ 
ဖုန္းကိုင္ထားသည့္ သူ႔လက္ေတြဟာတုန္ရီေနကာ
သူ႔ရင္ေတြပါ ပူေလာင္လာသည္။
ရင္ထဲကို မီးစနဲ႔ထိုးေနသလိုကို ပူေနတာ။

"ဘာေၾကာင့္လဲ...မင္း‌ပဲငါ့ကိုခ်စ္တယ္ဆို.."

ေမဝိုင္းေလးပို႔ထားသည့္ မက္ေဆ့ခ္်ကို
ျပန္ဖြင့္ၾကည့္လိုက္ၿပီး ေနာက္တစ္ေခါက္
ျပန္ဖတ္လိုက္မိသည္။
အခုအေမ့ဆီကေန ကြာရွင္းတဲ့
သတင္းစကားကိုၾကားရၿပီးေနာက္
ဒီစာဟာ ေမဝိုင္းေလးေရးတာမွ ဟုတ္ရဲ႕လားလို႔
သံသယ၀င္လာမိေလသည္။

"ကိုယ္မင္းကို အခုခ်က္ခ်င္းလာေတြ႕မယ္..."

သူခ်က္ခ်င္းထရပ္လိုက္ၿပီး ႐ုံးခန္းထဲမွ
ထြက္လာခဲ့လိုက္သည္။
မင္းသစ္ကိုေခၚလိုက္ကာ ကားေသာ့ကို
ေတာင္းၿပီး ကိုယ္တိုင္ပဲေမာင္းဖို႔ 
ဆုံးျဖတ္လိုက္သည္။

တကယ္ေတာ့သူလည္း ေမဝိုင္းေလးကို
ကြာရွင္းခ်င္စိတ္မရွိခဲ့ပါဘူး။
ဒါေပမဲ့ ေသြးပူေနတုန္းမွာ ေျပာၿပီးခဲ့သည့္
စကားကို ကိုယ္တိုင္လည္းျပန္မပယ္ျဖတ္ခ်င္သလို
သူနဲ႔ေတြ႕ရင္ ကြာရွင္းရမဲ့ကိစၥႀကီးကို
ေမးလာမွာ စိုးတာေရာ ေနာက္ဆုံးေတြ႕ခဲ့ၾကတဲ့
ညက အျဖစ္အပ်က္ေတြကို ျပန္အမွတ္ရၿပီး
ခံျပင္းရတာေၾကာင့္လည္း ပါေလသည္။

"ေမဝိုင္းေလး...ကိုယ္မင္းကိုလုံး၀
ကြာရွင္းမေပးႏိုင္ေတာ့ဘူး..
ကိုယ့္စိတ္ကို လာဆြခဲ့ၿပီး
ကိုယ့္ဆီကေန ထြက္ေျပးဖို႔လုံး၀မစဥ္းစားနဲ႔ေတာ့
ကိုယ့္ဘက္က လစ္ဟာသြားခဲ့ရတဲ့
ဂ႐ုစိုက္မႈေတြ၊ႏွစ္သိမ့္မႈေတြဟာလုံး
အေလ်ာ္ျပန္ေပးပါ့မယ္..."


🌻🌻🌻🌻🌻🌻🌻🌻

ဒီေန႔ရာသီဥတု အလြန္သာယာေနသည္။
ၿခံထဲရွိ သစ္ပင္ရိပ္ေလးကို အကာအကြယ္ယူၿပီး
ငါးရံ႕ေျခာက္ေလးေတြကို ႀကိဳးႏွင့္ဆြဲထားသည့္
‌ဇေကာေလးေတြထဲမွာ ေသခ်ာလွန္းေန‌ခဲ့ေပမဲ့
စံပယ္႐ုံေလးႏွင့္ကနီးေနေတာ့ ငါးေျခာက္နံ႔
သိပ္မရပဲ စံပယ္နံ႔ေလးကသင္းေနေလသည္။

Sora Sora, [4/19/2025 8:05 PM]
ေမဝိုင္းေလးသည္ အျဖဴေရာင္ ဂါ၀န္ဒူးက်ေလးကို
၀တ္ဆင္ထားၿပီး ဆံပင္ေလးကိုက်စ္စံျမႇီး
က်စ္ထား၍ မ်က္ႏွာေလးကရွင္းေနသည္။
အသားအရည္ေကာင္းျခင္းႏွင့္ ျပည့္စုံသူမို႔
အျဖဴေရာင္ ဂါ၀န္ေလးႏွင့္သူမ၏
အသြင္သ႑န္ေလးသည္ စံပယ္ပန္းေလးကဲ့သို႔
ျဖဴစင္ေနေတာ့သည္။

အိမ္မွာေနရင္းမို႔ ပါးကြက္ႀကီးႀကီးကိုသာ
ပါးတစ္ဖက္တစ္ခ်က္ဆီမွာ ကြက္ထားကာ
ႏွာေခါင္း႐ိုးမွာပါ သနားခါးအစင္းေၾကာင္းႀကီး
ဆြဲထားေလေတာ့ အင္မတန္ခ်စ္စရာေကာင္းေနေလသည္။

"သမီးေရ...ငါးေျခာက္လွမ္းၿပီးရင္ လမ္းထိပ္က
ဦးေစာတို႔အိမ္မွာ အေႂကြးသြားေတာင္းေပးအုံးေနာ္"

"ဟုတ္ကဲ့...သမီးၿပီးပါၿပီ..
အခုသြားေတာင္းလိုက္မယ္ေနာ္...
ဆိုင္ကယ္ေလး ယူသြားလိုက္မယ္.."

"အမယ္ေလး ဒီနားနဲ႔ဒီနားသြားရတာကို
ဆိုင္ကယ္ႀကီး တကားကားနဲ႔ဟယ္
နင္တို႔မို႔လို႔ ဆိုင္ကယ္စီးခ်င္တယ္...
တို႔ကေတာ့ ဘယ္ေနရာသြားသြားလမ္းေလွ်ာက္ၿပီးပဲ
သြားရတာႀကိဳက္တယ္.."

"အေမကလည္း ခုေခာတ္ႀကီးမွာ
ပစၥည္းအသစ္အဆန္းေတြဆိုတာ အခ်ိန္တိုင္း
ေပၚေနတာေလ..အဲ့ဒါေတြကိုသုံးတတ္မွ
ေခာတ္ေရစီးေၾကာင္းကို အမွီလိုက္ႏိုင္မွာေပါ့
ဆိုင္ကယ္နဲ႔ ခဏေလးသြားရတဲ့ခရီးကို
လမ္းအၾကာႀကီးေလွ်ာက္ေနေတာ့
ေျခေထာက္ေတြေညာင္းမယ္ေလ...
အဲ့ဒါေၾကာင့္ အခုလိုအသက္ႀကီးေတာ့
ဒူးနာခါးနာတာေပါ့...ခြန္အားဆိုတာ
မလိုတဲ့ေနရာမွာ မသုံးရဘူးအေမရဲ႕..."

"ေအးပါ..မဉာဏ္ႀကီးရွင္ရယ္...
အဲ့လိုေျခလႈပ္လက္လႈပ္ရမွာေတာင္ပ်င္းၾကလို႔
ညည္းတို႔ေခာတ္မွာ အပ်င္းေတြေပါေနတာေပါ့
မညိဳရဲ႕သားေလးဆိုရင္ အားေနအိမ္ထဲမွာပဲ
ကုတ္ၿပီးတစ္ခ်ိန္လုံး ဂိမ္းပဲထိုင္ေဆာ့ေနေတာ့
အျပင္မွာ ဘာေတြျဖစ္ေနမွန္းလည္းမသိ
တစ္ခ်ိန္လုံး ဖုန္းနဲ႔မ်က္ႏွာကပ္ရင္းပဲ
အခ်ိန္ကုန္ေနတာ
သူ႔အေမက တစ္ခုခုခိုင္းရင္ 
ဘာမွကို ခိုင္းလို႔မရသလို 
ဘာမွလည္းမလုပ္တတ္ေတာ့ဘူး.."

"အေမတို႔ကလည္း တစ္ခုခုဆိုသူမ်ားနဲ႔
အၿမဲခိုင္းႏႈိင္းေနတာပဲ..အေမ့ဆိုင္ကယ္
ဆီကုန္မွာစိုးလို႔မဟုတ္လား..."

"အေမ့ဆိုင္ကယ္လို႔ေျပာရေအာင္ အဲ့ဆိုင္ကယ္က
ငါေမာင္းတာလား.."

"ဟုတ္ပါတယ္သမီးေမာင္းတာ
 သမီးဆီျဖည့္ေပးပါ့မယ္...."

အေမနဲ႔ဆက္ေနရင္ ေျပာလို႔ၿပီးမွာမဟုတ္ေတာ့၍
ဆိုင္ကယ္ေလးကို ၿခံတံခါး၀ဆီသို႔
တြန္းသြားလိုက္သည္။
ထိုစဥ္မွာပဲ ကားတစ္စီးကၿခံေရွ႕မွာ ကြၽီကနဲ
ပိတ္ရပ္လိုက္ၿပီး ကားတံခါးကို ေဆာင့္ဖြင့္ကာ 
ဆင္းလာေသာလူေၾကာင့္ ဝိုင္းေလး
ထိတ္လန႔္သြားရေလသည္။

"ကိုမင္းစက္!!!!!"

"ေမ!!!!"

ဝိုင္းေလး၏နာမည္ကို အဖ်ားစြတ္၍ေခၚလိုက္ၿပီး
ေရွ႕သို႔ ေျခတစ္လွမ္းတိုးလာေသာသူ႔ေၾကာင့္ အ‌ေယာင္ေယာင္အမွားမွားႏွင့္
ဆိုင္ကယ္ကို လႊတ္ခ်လိုက္မိရာ...

"ဝုန္း!!!!"

"ဟဲ့..အမယ္ေလးဘာျဖစ္တာလဲ...!!!"

ဝုန္းကနဲ!!လဲက်သြားေသာ ဆိုင္ကယ္လ္သံေၾကာင့္
အ၀တ္လွန္းေနရင္းႏွင့္ ေဒၚတင္မမလည္း
အလန႔္တၾကားျဖစ္သြားရကာ
 ၿခံ၀သို႔ၾကည့္လိုက္ေတာ့.....

"အမယ္ေလး..ငါ့ဆိုင္ကယ္ေတာ့ကုန္ပါၿပီ
ဟင္..‌ကိုစက္ပါလား..."

ေဒၚတင္မမလည္း မဂၤလာဆြမ္းေကြၽးၿပီးတည္းက
မေတြ႕ရေသးသည့္ သားမက္ျဖစ္သူကို
ဒီလို႐ုတ္တရက္ႀကီး ေရာက္လာလိမ့္မည္ဟု
မထင္မိ၍ ေၾကာင္ၾကည့္ေနမိေလသည္။

ေမဝိုင္းေလးကေတာ့ ဆိုင္ကယ္ကို
လဲလွ်က္အတိုင္းထားခဲ့လိုက္ၿပီး 
အိမ္ထဲသို႔ေျပး၀င္ဖို႔လုပ္ေန‌ေတာ့သည္။

"ဟဲ့သမီး..ဘယ္သြားမလို႔လဲ..ဟိုမွာ
ညည္းေယာက္်ားလာတယ္ေလ..."

"အေမပဲသူ႔ကို ဧည့္ခံလိုက္ပါေတာ့
သမီးသူနဲ႔မေတြ႕ခ်င္ဘူး..သူေျပာခ်င္တာေတြလည္း
အကုန္လက္ခံတယ္လို႔ ေျပာလိုက္ပါ.."

"ဟင္!!!"

အမိန႔္ေပးသြားလိုက္တာမ်ား သူကကိုယ့္အေမလား
ကိုယ္ကသူ႔အေမလားေတာင္ မသဲကြဲေတာ့ဘူး။
ေဒၚတင္မမလည္း အ၀တ္လွန္းေနတာကို
ခဏရပ္လိုက္ၿပီး ျပာျပာသလဲ သားမက္ေလးဆီသို႔
သြားလိုက္သည္။

"ကိုစက္က ထိုင္းကိုခရီးထြက္ေနတာဆို.."

"ဟုတ္တယ္..ကြၽန္ေတာ္ျပန္ေရာက္တာ
မၾကာေသးပါဘူး..ကြၽန္ေတာ္ေမဝိုင္းေလးကို
လာေခၚတာပါ..."

"အင္း..အဲ့ဒီ့ကိစၥအန္တီ‌လည္းမင္းကို
ေမးစရာရွိတယ္ အိမ္ထဲကို၀င္ပါအုံးကြယ္.."

မင္းစက္လည္း ေယာကၡႀကီးကဖိတ္ေခၚေနေတာ့
အိမ္ထဲသို႔ လိုက္၀င္မိေလသည္။
မိန္းမလာေတာင္းတုန္းကေတာ့ ဒီအိမ္ကို
ေရာက္ခဲ့ဖူးေပမဲ့ ေသခ်ာသတိမထားမိခဲ့ေပ။

အခုၾကည့္လိုက္ေတာ့မွ ၿခံေလးကေပႏွစ္ဆယ္
ပတ္လည္ေလာက္ပဲရွိၿပီး အပင္ေတြဘာေတြလည္း
အမ်ားႀကီး စိုက္မထား၍ ရွင္းလင္းေနသည္။

အိမ္ေလးကေတာ့ ႏွစ္ထပ္အိမ္ေလးျဖစ္ၿပီး
အျပင္ဘက္ကၾကည့္႐ုံႏွင့္ ေနခ်င္စဖြယ္ေလး
ျဖစ္ေနသည္။
ဘယ္လိုေျပာရမလဲ။ေႏြးေထြးလုံၿခဳံမႈကို
ေပးစြမ္းႏိုင္တာမ်ိဳးေပါ့။

အိမ္အတြင္းပိုင္းမွာလည္း ေဈးႀကီးသည့္
ဇိမ္ခံပစၥည္းေတြမရွိေပမဲ့ အျမင္ရွင္းၿပီး
သပ္ရပ္ေနေလသည္။
ဒီအိမ္မွာေနသည့္လူေတြက မခိုမကပ္တတ္ပဲ
အိမ္မႈကိစၥကို ကြၽမ္းက်င္ႏိုင္နင္းၾကသူေတြမွန္း
ၾကည့္႐ုံနဲ႔ သိႏိုင္သည္။

ၾကမ္းျပင္ေတြဆို ေျပာင္၀င္းေနၿပီး
ဧည့္ခန္းထဲရွိ ထိုင္ခုံေတြကအစ
ဖုန္တစ္စက္ ကပ္‌မေနေပ။

ကိုယ္လို အသန႔္အျပန႔္ႀကိဳက္ၿပီး
ေန၊ထိုင္၊စားေသာက္ေရးမွာ 
ဂ်ီးမ်ားတတ္သူေတာင္ အိမ္ေလးရဲ႕သန႔္ရွင္း
သပ္ရပ္ပုံႏွင့္ အထားအသိုစနစ္တက်ရွိပုံကို
ၾကည့္ကာ စိတ္တိုင္းက်ေနမိသည္။

"ထိုင္ပါအုံးကြယ္..သားဘာေသာက္ခ်င္လဲ
အေအးေသာက္မလား ေကာ္ဖီေသာက္မလား.."

"ေနပါေစအန္တီ...ကြၽန္ေတာ္‌ေမဝိုင္းေလးနဲ႔သာ
ေတြ႕ၿပီး စကားေျပာခ်င္တာပါ.."

Sora Sora, [4/19/2025 8:05 PM]
"အင္း..သမီးေလးကအခုခ်ိန္မွာ 
မင္းကိုအရမ္းစိတ္ဆိုးေနပုံပဲ 
မင္းတို႔ၾကားမွာ ျပႆနာတစ္ခုခုမ်ား
ျဖစ္ထားၾကေသးလား.."

"ဟို..အဲ့ဒါက..အရမ္းႀကီးေတာ့မႀကီးမားပါဘူး
အခ်င္းခ်င္းစကားမ်ားၾက႐ုံပါ.."

ကိုယ္ေတြၾကားမွာျဖစ္တဲ့ကိစၥက လူႀကီးေတြ
သိလို႔ မျဖစ္၍ႀကီးေသာအမႈကို
ေသးေအာင္သာ လုပ္လိုက္မိေလသည္။
ေယာကၡမႀကီးကေတာ့ ေခါင္းတညိမ့္ညိမ့္ႏွင့္ေပါ့။
ခပ္႐ိုး႐ိုးသမားေတြဆိုေတာ့ ကိုယ္ကဒီေလာက္ပဲ
ေျပာရင္ ဒီေလာက္ပဲထင္ၾကေပလိမ့္မယ္။

"သမီးေလးက သူ႔အေဖလည္းဆုံးသြားေတာ့
စိတ္ခံစားခ်က္လြယ္ေနတာလဲ ပါလိမ့္မယ္"

"ဦးေလးဆုံးေတာ့ ကြၽန္ေတာ္ကခရီးထြက္ေနလို႔
မလာႏိုင္ခဲ့တဲ့အတြက္ 
ကြၽန္ေတာ္ေတာင္းပန္ပါတယ္
ကြၽန္ေတာ္တို႔က ကြၽန္းဆြယ္တစ္ခုကို
ေရာက္ေနေတာ့ အင္တာနက္လိုင္းက
သိပ္မမိတာနဲ႔ အဆက္အသြယ္လည္း
မလုပ္ျဖစ္လိုက္ဘူး.."

"အန္တီနားလည္ပါတယ္ကြယ္...
ကိုထြန္း၀င္းကလည္း ႐ုတ္တရက္ႀကီး
ဆုံးသြားတာေလ..မင္းကလည္းကိုယ့္ကိစၥနဲ႔
ကိုယ္ဆိုေတာ့ ဘယ္လာႏိုင္ပါ့မလဲ
အန္တီနားလည္ပါတယ္..."

သေဘာေကာင္းလြန္းေသာ ေယာကၡမႀကီးအား
သူေသခ်ာၾကည့္ေနမိရင္းႏွင့္ပင္ အားနားလာေလသည္။
ေယာကၡမႀကီးက တကယ္စိတ္ရင္းနဲ႔
ေျပာေနတာဆိုေပမဲ့ ကိုယ္ေျပာတဲ့စကားကေတာ့
မုသားတစ္၀က္ပါေလသည္။

ခရီးထြက္ေနစဥ္အခ်ိန္တုန္းက
ကိုယ့္အတၱႏွင့္ကိုယ္မို႔ တမင္မဆက္ခဲ့တာပါဟု
ေျပာလိုက္ရင္ေတာ့ နားကားသြားႏိုင္သည္။

ထို႔ေၾကာင့္ ေနာင္ခါလာေနာင္ခါေဈးပဲ
အခုေတာ့ ၾကည့္ေကာင္းေအာင္ေျဖရမွာေပါ့။
အဓိကဟာေမ့ကို ျပန္ေခၚသြားႏိုင္ဖို႔ပဲ။

"မေန႔ကေတာ့ သားနဲ႔ကြာရွင္းခ်င္တယ္လို႔
ေျပာလာတယ္..အေမတို႔ကဘာျဖစ္လို႔လဲဆိုၿပီး
ေမးေတာ့..
တစ္ေယာက္နဲ႔တစ္ေယာက္မခ်စ္ၾကလို႔တဲ့ေလ.."

"ဟာ..အဲ့ဒါေတာ့လုံး၀မဟုတ္ဘူးအန္တီ.."

ဒါကိုေတာ့ သူျပာျပာသလဲ ျငင္းဆိုမိေလသည္။
တကယ့္အေၾကာင့္အရင္းက
 သူ႔ကိုစာမျပန္မိရာကေန ျဖစ္သြားခဲ့တာလို႔
ထင္မိတယ္။

ေအးေပါ့ မိန္းကေလးတန္မဲ့ သူ႔ခမ်ာမရွိတဲ့
သတၱိေလးေတြကိုစုၿပီး ၀န္ခံၿပီးခါမွ
တစ္ဖက္က အေၾကာင္းေတာင္မျပန္ေတာ့
ရွက္ၿပီး စိတ္ဆိုးသြားမွာေပါ့။

ေနာက္ၿပီးကိုယ္ေတြက မယူရေသးတဲ့
သမီးရည္းစားေတြလည္းမဟုတ္ဘူးေလ။
လက္ထပ္ၿပီးခါမွ ခံစားခ်က္ေတြကို၀န္ခံလာတာ
ဆိုေတာ့ ကိုယ့္ဘက္ကလက္မခံရင္
ကြာရွင္းဖို႔ကိုပဲ ေတြးလိုက္တာသဘာ၀က်ပါတယ္။

"ကြၽန္ေတာ္ကသူ႔ကို မဆက္သြယ္ေတာ့
သူစိတ္ဆိုးသြားတာေနမွာပါ..
တစ္ေယာက္နဲ႔တစ္ေယာက္ မခ်စ္ၾကလို႔ေတာ့
မဟုတ္ပါဘူး.."

မင္းစက္၏အေျဖကိုၾကားလိုက္ရေတာ့မွ
ေဒၚတင္မမလည္း စိတ္သက္သာရာ
ရေလေတာ့သည္။
မဟုတ္ရင္ ငါ့သမီးကိုမ်ား ကိုစက္က
မခ်စ္လို႔လား၊ႏွိမ္လို႔လားဆိုသည့္ 
အေတြးေတြႏွင့္သာ စိတ္ညစ္‌ေနရသည္။
အခုသူတို႔က ခ်စ္ၾကတယ္ဆို‌ေတာ့
စိတ္သက္သာရာ ရတာေပါ့။

"အန္တီ..ကြၽန္ေတာ္ဒီမွာတစ္ညေလာက္
တည္းလို႔ရမလား.."

"တည္းတာက ရပါတယ္..ဒါေပမဲ့သမီးေလးက
သားကိုမေတြ႕ခ်င္ေသးေတာ့ ဘယ္လိုလုပ္ၾကမလဲ
ေနာက္ၿပီး အေမတို႔အိမ္ကသိပ္မျပည့္စုံေတာ့
သားေနတတ္ပါ့မလား.."

"ကြၽန္ေတာ္ေနတတ္ပါတယ္..အန္တီကသာ
ခြင့္ျပဳေပးပါေနာ္..အခုေတာ့ကြၽန္ေတာ္
အလုပ္ရွိလို႔ ကုမၸဏီကိုျပန္လိုက္ပါအုံးမယ္
ညၾကရင္ေတာ့ ကြၽန္‌ေတာ္ဒီမွာ
ျပန္လာအိပ္ခ်င္ပါတယ္.."

"အင္း..ဟုတ္ၿပီေလ..သားအတြက္
အခန္းစီစဥ္ေပးထားပါ့မယ္..ညေနစာကေတာ့
ဒီမွာပဲ ျပန္လာစားမွာမဟုတ္လား.."

"ကြၽန္ေတာ္ကနည္းနည္းေနာက္က်တတ္ေတာ့
အျပင္မွာပဲ စားလိုက္ပါ့မယ္.."

"ေကာင္းပါၿပီသားရယ္..ေနာက္ေန႔မွ
ကိုစက္ႀကိဳက္တာဘာစားခ်င္လည္းေျပာေပါ့
အေမခ်က္ေပးပါ့မယ္.."

"ဟုတ္ကဲ့ပါအန္တီ...ကြၽန္ေတာ့္ကို
သြားခြင့္ျပဳပါအုံး.."

"ေအးပါကြယ္..ကားကိုဂ႐ုစိုက္ၿပီး
ေမာင္းအုန္းေနာ္.."

ေဒၚတင္မမလည္း အခုမွသားမက္လွလွနဲ႔
‌စကားေသခ်ာေျပာရ၍ ေက်နပ္ေနမိေလသည္။
မနက္တုန္းကေတာ့ ေ႐ႊရည္၀င္းက
ကိုစက္ကိုအမ်ိဳးမ်ိဳးေဝဖန္ေနခဲ့တာ။

"ေသခ်ာစကားေျပာၾကည့္ေတာ့လည္း
ထင္သေလာက္မဆိုးပါဘူး.."

စကားေျပာတာကလည္း ရည္ရည္မြန္မြန္ပါပဲ။
အစပိုင္းကေတာ့ အိမ္ကိုလာမလည္လို႔
စိတ္ထဲမွာ သိပ္မေက်နပ္မိေပမဲ့ 
အခုတဒဂၤတြင္းမွာပဲ အားလုံးကို
ခြင့္လႊတ္ေပးလိုက္မိ‌သည္။

"သူ႔ခမ်ာ..အလုပ္ေတြကတန္းစီေနေတာ့ 
မိန္းမကိုေခ်ာ့ခ်င္တာေတာင္ ဖင္ပူေအာင္
မထိုင္သြားလိုက္ရဘူး..
အင္း..ဝိုင္းေလးကို ေဖ်ာင္းျဖေပးမွပါေလ.."

စိတ္ေကာက္ေတာ္မူေနေသာ ဝိုင္းေလးကို
ေျဖာင္းဖ်ေပးဖို႔ရန္ အေပၚထပ္သို႔
တက္သြားလိုက္ၿပီး တံခါးေခါက္လိုက္ေတာ့
ဒင္းက ဘာအသံမွမေပးပဲ ညိမ္ေနေလသည္။

"ဝိုင္းေလး..ကိုစက္ျပန္သြားၿပီ..
အေမေျပာစရာေလးရွိလို႔ 
တံခါးလာဖြင့္ေပးစမ္းပါ.."

"သမီးအိပ္ခ်င္ေနၿပီအေမ..
သမီးကိုဘာမွမေမးပါနဲ႔ေတာ့.."

"ဟဲ့အေစာႀကီးရွိေသးတယ္ ဘာကိုအိပ္မွာလဲ..
ေအာက္မွာ ဆိုင္ကယ္ႀကီးကိုလည္း
ဒီအတိုင္း ထားပစ္ခဲ့တယ္..
အေႂကြးေတာင္းရမွာလည္း
မေတာင္းရေသးဘူးေလ.."

"ညေနၾကရင္ သြားေတာင္းေပးမယ္အေမရယ္
အခုေတာ့ သမီးကိုေပးနားအုန္း.."

"ေအာ္..ေအးပါ..
ညည္းကအရမ္းပင္ပန္းေနတာဆိုေတာ့
နားခ်င္မွာေပါ့..တံခါးဖြင့္ေပးစမ္းပါဟယ္..
အေမေမးစရာရွိလို႔ပါ.."

အေမျဖစ္သူက အခန္းအေရွ႕မွထြက္မသြားပဲ
တံခါးကိုအဆက္မျပတ္ထုေနေတာ့ 
ေမဝိုင္းေလးလည္း ဘယ္လိုမွမေနသာေတာ့ပဲ
တံခါးကို သြားဖြင့္ေပးရေလသည္။
တံခါးဖြင့္ေပးၿပီးသည္ႏွင့္ အေမကဝိုင္းေလး၏
မ်က္ႏွာကို ေစ့ေစ့ၾကည့္လာကာ...

Sora Sora, [4/19/2025 8:05 PM]
"ၾကည့္..အဲ့႐ုပ္ကဘာျဖစ္ေနတာလဲ..
ကိုယ့္ေယာက္်ားေရာက္ေနတာေတာင္
ထြက္မေတြ႕ႏိုင္ေလာက္ေအာင္အထိ ဘာလို႔
စိတ္ဆိုးေနရတာလဲ ဝိုင္းေလးရယ္.."

"အေမကလည္း သူနဲ႔မေတြ႕ခ်င္ပါဘူးလို႔
အႀကိမ္ႀကိမ္ေျပာေနတဲ့ဟာကို ဒီစကားေတြပဲ
အထပ္ထပ္ေျပာေနတယ္..ေတာ္ၿပီအေမရာ
သူ႔အေၾကာင္းဆိုရင္ လာမေျပာနဲ႔ေတာ့"

"ဒုန္း!!!!"

တံခါးကိုေစာင့္ၿပီး ပိတ္ပစ္လိုက္၍
ေဒၚတင္မမမွာ ဟေနေသာပါးစပ္က 
ျပန္ေစ့သြားရေလသည္။

ဒီေန႔တစ္ေန႔လုံး ဒီေကာင္မေလးဘာျဖစ္ေနမွန္းကို
မသိတာ။တစ္ခ်ိန္လုံး မေအ့စကားကို
ဆန႔္က်င္ေနတယ္။

"ညေနၾကရင္ နင့္အဖြားနဲ႔နင့္အန္တီေလး
ျပန္လာၾကမွာ အဲ့ေတာ့မွဒီလိုေလသံမ်ိဳးနဲ႔
ျပန္ေျပာရင္ေတာ့ နင့္အန္တီေလးကကိုင္မွာေနာ္.."

တံခါးအျပင္ကေန အေမကဆူေနေပမဲ့
ဝိုင္းေလးမသိခ်င္ေယာင္သာ 
ေဆာင္ေနလိုက္သည္။

ကုတင္ေပၚတြင္သာ ထိုင္ေနမိကာ ရင္ထဲမွာလည္း
အမည္ေဖာ္၍ မရႏိုင္ေသာေဝဒနာတစ္ရပ္ကို
ခံစားေနရေလသည္။

*သူေနာက္ဆုံးေတာ့ ဝိုင္းေလးဆီကို
ျပန္ေရာက္လာၿပီ..ဝိုင္းေလးကိုကြာရွင္းဖို႔
ေျပာလာေတာ့မွာေပါ့..*

ရင္ထဲမွာ ခံစားခ်က္ႏွစ္ခုကလြန္ဆြဲေနေလသည္။
တစ္ဖက္မွာေတာ့ ကြာရွင္းဖို႔ေျပာလာမွာကို
၀မ္းနည္းလြန္း၍ စိတ္ထိခိုက္ေနရသလို
တစ္ဖက္မွာေတာ့ ကိုယ့္စိတ္ကိုယ္ေျဖသိမ့္ရင္းႏွင့္
တင္းခံေနမိသည္။

❤️❤️❤️❤️❤️❤️❤️

နာမည္ႀကီးစားေသာက္ဆိုင္တစ္ခု၏
သီးသန႔္အခန္းတစ္ခုထဲတြင္ ေကာင္းသန႔္သည္
Tiger King၏ဥကၠဌဦးေမာင္ေမာင္လတ္ႏွင့္
လတ္မွတ္ထိုးမည့္ကိစၥကို အလွ်င္လိုေနသည့္
ဆရာျဖစ္သူကိုသာ ထူးဆန္းသလိုၾကည့္ေနမိသည္။

အခန္းတြင္းရွိ မီးေရာင္ဝါက်င့္က်င့္ေအာက္မွာ
ထင္းလင္းေနသည့္ ဆရာ့၏မ်က္ႏွာဟန္ပန္သည္
ခ်က္ခ်င္းခုံေပၚကေန ထႂကြခ်င္သလို
ပုံမ်ိဳးျဖစ္ေနသည္။

ပုံမွန္ဆိုရင္ ဘာပဲလုပ္လုပ္ တည္တည္ၿငိမ္ၿငိမ္ပဲ
ေျဖရွင္းတတ္တဲ့ ဆရာကအခုေတာ့ျဖင့္
စာခ်ဳပ္ခ်ဳပ္မည့္အေရး အေလာတႀကီး
ျဖစ္ေနသည္။

"စာခ်ဳပ္မွာ လတ္မွတ္ထိုးၿပီးသြားၿပီဆိုေတာ့
ဦးတို႔ေတြက တသားတည္းျဖစ္သြားၿပီေပါ့ေနာ္.."

"ဟုတ္တာေပါ့..ဦးေမာင္ေမာင္လတ္တို႔ဘက္က
လိုအပ္တဲ့အကူအညီရွိရင္ KGကအဆင္သင့္
ျဖစ္ေပးမွာပါ..ဒါေပမဲ့ကြၽန္ေတာ္ျပန္လိုခ်င္တာက
စစ္မွန္မႈပါပဲ...ကြၽန္ေတာ္တို႔ရဲ႕KGအဖြဲ႕အစည္းကို
စစ္မွန္တဲ့စိတ္နဲ႔ ဆက္ဆံရင္ ကြၽန္ေတာ္တို႔ကလည္း
အဲ့ဒီ့အတိုင္းပဲ တုန႔္ျပန္မွာပါ.."

"ဒါေတာ့ေျပာစရာမလိုပါဘူး..အဲ့ဒီ့စကားက
KGရဲ႕ေဆာင္ပုဒ္ပဲဥစၥာ..ဒီေလာက္ေလးမွ
ကတိမတည္ႏိုင္ရင္..
က်ားကေနႂကြက္ျဖစ္သြားမွာေပါ့.."

"ဟား..ဟား..ဟုတ္ပါၿပီဗ်ာ..ဒါဆိုကြၽန္ေတာ္လည္း
ျပန္လိုက္ပါအုံးမယ္.."

မင္းစက္ကထရပ္လိုက္ေတာ့ ေကာင္းသန႔္ကလည္း
အလိုက္တသိ ခုံေပၚမွာတင္ထားေသာ
ဆရာ့ကုတ္အိက်ႌကို အသင့္အေနအထားႏွင့္
ကိုင္၀တ္ေပးလိုက္သည္။
ထိုအခ်ိန္မွာ ကုတ္အိက်ႌအနားစေတြကို
ဆြဲဆန႔္ေနေသာ မင္းစက္ေၾကာင့္
‌ဦးေမာင္ေမာင္လတ္လည္း မ်က္လုံးျပဴးသြားေလသည္။

မင္းစက္အာဏာ၏အေၾကာင္းေတြကို
ၾကားထားခဲ့ေပမဲ့ ဒီေလာက္အထိ
စိတ္မရွည္တတ္မွန္း သူမသိခဲ့ေပ။
စကားေလးနည္းနည္းပဲ ေျပာရေသးၿပီး
စာခ်ဳပ္ခ်ဳပ္လို႔ၿပီးတာနဲ႔ ျပန္ေတာ့မယ္ေပါ့။

မင္းစက္အာဏာဟာ အလုပ္လုပ္ရင္ ျမန္ဆန္ၿပီး
တိက်တဲ့အျပင္ ဆုံးျဖတ္ခ်က္ျပတ္သားတယ္လို႔
သူသိထားခဲ့သည္။
ေဒါသႀကီးတတ္တဲ့အခ်က္လည္း 
ပါ၀င္တာေပါ့ေလ။

သူသေဘာမက်ရင္ ဘယ္အရာမဆို
အမႈန႔္ျဖစ္သြားႏိုင္ၿပီး သူသေဘာက်လို႔
သူ႔ရဲ႕ေျမႇာက္စားခြင့္၊သူ႔ကုမၸဏီႏွင့္ပူးေပါင္းခြင့္
ရရွိခဲ့ရင္ေတာ့ မေမွ်ာ္လင့္ထားေလာက္တဲ့
အက်ိဳးအျမတ္မ်ိဳးေတြ ရလာႏိုင္ေၾကာင္း
စီးပြားေရးသမားေတြၾကားမွာ သတင္းေမႊးေလသည္။

*အခုေတာ့ျဖင့္ကိုယ့္ကိုမတူသလို မတန္သလို
ဆက္ဆံေနတာမ်ားလား..
လူ႔အေၾကာင္းေပါင္းၾကည့္မွသိတဲ့
ဒီေတာ့မင္းစက္အာဏာနဲ႔ စကားမ်ားမ်ား
ေျပာၾကည့္ရမယ္..*

"ေမာင္မင္းစက္..ျပန္ဖို႔ဘာလို႔ဒီေလာက္ေတာင္
ေလာေနတာလဲကြ..စားၾကေသာက္ၾကရင္း
စကားေလးဘာေလး မေျပာေတာ့ဘူးလား.."

"ကြၽန္ေတာ္လည္း ဦးေမာင္ေမာင္လတ္နဲ႔
စကားဆက္ေျပာခ်င္ပါတယ္..ဒါေပမဲ့
အဆင္မေျပေတာ့လို႔ပါ..လူမႈေရးကိစၥေလးရွိေနလို႔
ခြင့္ျပဳပါဦး...ေနာက္မွပဲ
ေအးေဆးထပ္ေတြ႕ၾကတာေပါ့"

"ဒီလို႔ဆိုေတာ့လည္း ဘယ္တတ္ႏိုင္မွာလဲ
ဦးနားလည္ေပးႏိုင္ပါတယ္.."

"ဟုတ္ကဲ့ ကြၽန္ေတာ္သြားလိုက္ပါအုံးမယ္.."

အခ်ိန္အားျဖင့္ညရွစ္နာရီထိုးေနၿပီျဖစ္ရာ
မင္းစက္ကေတာ့ အိမ္မွာမိန္းမကိုေခ်ာ့ရမည့္
စစ္ဆင္ေရးရွိသည့္အတြက္ အိမ္ကိုျပန္ရေပမည္။

ေကာင္းသန႔္သည္လည္း အေနာက္မွလိုက္လာၿပီး
ကားထဲသို႔ ဆရာ၀င္သြားေပမဲ့ သူကေတာ့
အျပင္မွာသာ ရပ္ေနလိုက္သည္။

"ဆရာ..ဒီမွာဆရာ့လက္ေတာ့ပ္အိတ္နဲ႔
ဆရာ့လက္ဆြဲအိတ္ပါ..အိတ္ထဲမွာ
စာခ်ဳပ္ထည့္ထားတဲ့ ဖိုင္လ္ပါပါတယ္.."

"မင္းလည္းကားေပၚတက္ေလ..

မင္းအိမ္ကိုတစ္ခါတည္း လိုက္ပို႔ေပးမယ္.."


"ဟာ...ရပါတယ္ဆရာရယ္..လမ္းမွမႀကဳံပဲနဲ႔.."


အၿမဲတမ္းသူ႔ကားနဲ႔ လမ္းႀကဳံလိုက္ခြင့္မရေတာ့

ေကာင္းသန႔္မွာ ျငင္းလိုက္မိေပမဲ့

ဆရာႀကီးမင္းစက္အာဏာ၏အၾကည့္ေတြေၾကာင့္

ဒူးေတာင္တုန္ခ်င္သြားမိသည္။

ဒီညသူေခၚတာမလိုက္ရင္

ေနာက္ေန႔အလုပ္ျပဳတ္မယ္ဆိုသည့္

အၾကည့္မ်ိဳး။


"ဟုတ္ကဲ့ ကြၽန္ေတာ္လိုက္ခဲ့ပါ့မယ္..

ဒီေလာက္ေကာင္းတဲ့ အခြင့္အေရးႀကီးကို

ဘယ္လိုလုပ္ၿပီး လက္လြတ္ခံလို႔ျဖစ္ပါ့မလဲ.."


ေကာင္းသန႔္လည္း သေထြးမ်ိဳခ်လိုက္မိၿပီး

ကတုန္ကယင္ႏွင့္ ကားတံခါးကိုဖြင့္ကာ

ႀကဳံ႕ႀကဳံ႕ေလး ၀င္ထိုင္လိုက္မိေလသည္။

Sora Sora, [4/19/2025 8:05 PM]
ဒါ႐ိုင္ဘာမင္းသစ္က ကားစက္ႏႈိးလိုက္ၿပီးေနာက္

ကားေလးက အရွိန္မွန္မွန္ႏွင့္ သြားေနေသာ

အခါမွာမွ သူ႔မွာလြတ္လြတ္ကင္းကင္း

သက္ျပင္းခ်ႏိုင္ေတာ့သည္။


"ေကာင္းသန႔္!!!"


"ေအာင္မေလး..နင့္ေမႀကီးေတာ္.."


"ဟာ..ေဟ့ေကာင္..ဒီေလာက္ေလးေခၚတာကို

ဘာလို႔အဲ့ေလာက္ေတာင္လန႔္ေနရတာလဲ.."


"ဆရာကဒီေန႔မွ ထူးထူးဆန္းဆန္းလုပ္ၿပီး

ကြၽန္ေတာ့္ကို လမ္းႀကဳံလိုက္ခိုင္းေတာ့

အေစာတည္းက လန႔္ေနလို႔ပါဆရာရယ္.."


"ေအာင္မာ..မင္းကပဲငါ့ကိုလန႔္ရတယ္ရွိေသး

ငါလည္းမင္းကိုေခၚခ်င္လို႔ ေခၚတယ္မ်ား

မွတ္ေနလား..မင္းကိုေမးစရာရွိလို႔ကြ.."


"ဟင္း..ထင္ေတာ့ထင္ထားပဲ 

ကိုယ့္ဆရာဒီေလာက္ စိတ္ေကာင္းမရွိပါဘူးလို႔.."


"မင္းဘာေျပာလိုက္တယ္...!!!"


"အာ!!မဟုတ္ပါဘူးဆရာရယ္..

႐ုတ္တရက္ဆိုေတာ့ အမွန္ေတြကိုလႊတ္ကနဲ

ေျပာလိုက္မိတာပါ.."


"ေဟ့ေကာင္..မင္းငါ့ကိုေဆာ္ကားတာ

ႏွစ္ခါရွိၿပီေနာ္..."


"မရည္႐ြယ္ပါဘူးဆရာရယ္..ကြၽန္ေတာ္လည္း

ဒီညမွဘာျဖစ္ေနသလဲမသိဘူး..

ဟိုနားက႐ိုး႐ိုးယြယြ..‌ဒီနားက႐ိုး႐ိုးယြယြနဲ႔

စိတ္က ဂနာမၿငိမ္ျဖစ္ေနလို႔ပါ.."


ေဒါသႀကီးတတ္ပါသည္ဆိုေသာ လူေရွ႕မွာမွ

စကားေတြက အေယာင္ေယာင္အမွားမွား

ျဖစ္ေန၍ ကိုယ့္ကိုကိုယ္ ထု႐ိုက္ပစ္လိုက္ခ်င္သည္။

ေတာ္ေသးတယ္။

 ဒီညကိုယ့္ဘက္ကဘယ္လိုပဲ

စကားေျပာမွားမွား ဆရာ့ပုံစံကသိပ္စိတ္ဆိုးပုံ

မေပၚဘူး။


"ထားလိုက္ပါေတာ့ ဒီညေတာ့ႁခြင္းခ်က္အေနနဲ႔

ငါမင္းကို ဘာေျပာေျပာေဗြမယူေတာ့ဘူး

ဒါေပမဲ့ မင္းငါေမးတာေတာ့ေျဖေပးရမယ္.."


"ဟုတ္ကဲ့ ကြၽန္ေတာ္ေျဖပါ့မယ္..

ကြၽန္ေတာ္အကြၽမ္းက်င္ဆုံးကလဲ

 စားေမးပြဲေျဖရတာပါပဲ.."


"ဘာေတြေျပာေနတာလဲကြာ..အခုေမးမွာက

စာအုပ္ထဲကေနက်က္ၿပီး ေျဖရတဲ့စာေတြကို

ေမးမွာမဟုတ္ဘူး..

အိမ္ေထာင္ေရးကိစၥကိုေမးမွာ.."


"ဗ်ာ..အိမ္ေထာင္ေရးကိစၥဟုတ္လား.."


"ဟုတ္တယ္.."


"ဟား..အဲ့ဒါဆိုရင္ေတာ့ပိုႀကိဳက္တာေပါ့ဗ်ာ

အဲ့ဒီ့ကိစၥကေတာ့ ကြၽန္ေတာ္အကြၽမ္းက်င္ဆုံးပဲ"


"ေသခ်ာလို႔လား.."


"ေအာ္..ကိုယ့္ဆရာကလဲ ေသခ်ာလြန္းလို႔ပဲ

ကေလးတစ္ေယာက္ေတာင္ အဖက္တင္ေနၿပီေလ..

ဟဲ..ဟဲ..."


ေနာက္ဆုံးတြင္ၾကားလိုက္ရသည့္ ေကာင္းသန႔္၏

ရယ္သံႀကီးေၾကာင့္ မင္းစက္မွာဒင္းကို

ေဆာင့္ကန္ပစ္လိုက္ခ်င္သည္။

သူက ကေလးတစ္ေယာက္အေဖျဖစ္သြားေတာ့

ကိုယ့္ကိုေလွာင္ေနသလိုႀကီး..။


*ဒါေတြထားလိုက္ပါ..မိန္းမနဲ႔သာအဆင္ေျပရင္

ဒင္းရတဲ့ ကေလးတစ္ေယာက္ေလာက္ကေတာ့

မင္းစက္တို႔က ေအးေဆးပဲ..

ဒါေပမဲ့ မပိုင္ပဲျခင္မ႐ိုက္ေသးရဲေတာ့

ျပန္ႂကြားလို႔က မျဖစ္ျပန္ဘူး...*


"ငါမင္းကိုေမးခ်င္တာက မိန္းမေတြကို

ေခ်ာ့ရင္ ဘယ္လိုေခ်ာ့ရမလဲဆိုတာပဲ.."


ဆရာကထိုသို႔ေမးလာေတာ့ ေကာင္းသန႔္မွာ

အံ့ဩလြန္းလို႔ ပါးစပ္ေတာင္ျပန္စိမရေတာ့ေပ။

ကိုယ့္ဆရာက အိမ္ေထာင္ၾကတာပဲ

တစ္ႏွစ္ျပည့္ေတာ့မယ္ မိန္းမေခ်ာ့နည္း

ေတာင္ ေမးေနရတုန္းပါလား။

ဘာလဲ..သူ႔မိန္းမကိုတစ္ခါမွ‌မေခ်ာ့ဖူးတာလား။


*အင္း..ဒါလည္းျဖစ္ႏိုင္ပါတယ္ေလ..

လုပ္ငန္ခြင္မွာဆိုရင္ စက္႐ုပ္ႀကီးလို

ခံစားခ်က္မဲ့ေနတဲ့ မ်က္ႏွာတည္ႀကီးနဲ႔လူက

အိမ္ကမိန္းမအေရွ႕မွာ ခြၽဲခြၽဲႏြဲ႕ႏြဲ႕ေခ်ာ့ျမဴေနတဲ့

ပုံစံမ်ိဳး ဘယ္လိုလုပ္ၿပီးလုပ္ဖက္မွာလဲ..

ျမင္ေယာင္ၾကည့္တာနဲ႔တင္ အန္ခ်င္လာၿပီ..

ဒီလိုအားကိုးတႀကီးေမးလာေတာ့လဲ

ဒါမ်ိဳးမွာ ေ႐ႊတဆိပ္ဆုရထားတဲ့ ကိုယ္က

ေျဖေပးရေတာ့မွာေပါ့..။**


"ဆရာ..မိန္းမကိုေခ်ာ့ခ်င္ရင္ 

နည္းလမ္းက(၂)နည္းပဲရွိတယ္..."


"ဘာနည္းလမ္းလဲ.."


အစကေတာ့ မိန္းမေတြကိုေခ်ာ့ရျပဳရမည့္

ကိစၥကို ေခါင္းရႈပ္ေအာင္စဥ္းစားေနခဲ့မိတာမွာ

အခုေကာင္းသန႔္က နည္းလမ္းႏွစ္နည္းသာ

ရွိတယ္ဆို၍ သူအရမ္းေပ်ာ္သြားမိေလသည္။

ဒီလိုမွန္းသာသိရင္ ညေနတည္းက

ဒီေကာင့္ကို ဆရာတင္လိုက္တာေပါ့။


"ပထမနည္းလမ္းက လက္ေဆာင္၀ယ္ေပးတာ

ကြၽန္ေတာ့္မိန္းမဆိုရင္ေတာ့ ပိုက္ဆံျဖဳန္းတယ္

ဆိုၿပီး အျပစ္တင္ႏိုင္ေပမဲ့ ဆရာ့မိန္းမကေတာ့

အဲ့လိုေျပာမွမဟုတ္ေလာက္ဘူး..

ဘယ္လိုပဲ ျဖစ္ျဖစ္ဆရာရယ္..

သူတို႔ႀကိဳက္တဲ့ မိတ္ကပ္ျဖစ္ျဖစ္

စားစရာျဖစ္ျဖစ္ လက္ေဆာင္ေပးရင္

မေပ်ာ္ပဲမေနပါဘူး..."


"ထားပါေတာ့ ေနာက္ထပ္တစ္ခုကဘာလဲ.."


"ေနာက္တစ္ခုကေတာ့ အေလွ်ာ့ေပးရမွာ

မိန္းမကဘာေျပာေျပာ "အင္းမိန္းမသေဘာလို႔"

ေျပာလိုက္တာနဲ႔ ပြဲသိမ္းပဲ.."


"ဟုတ္လို႔လားကြာ.."


"ဟုတ္တာေပါ့ဆရာရယ္..

အပိုေျပာေနတာမဟုတ္ဘူး..

အဲ့ဒါကြၽန္ေတာ့္ကိုယ္ေတြ႕...

ဆရာပဲစဥ္းစားၾကည့္ေလ..

ကိုယ့္ကိုစိတ္ေကာက္ေနတဲ့အခ်ိန္မွာ 

ငါဟဲ့ေယာက္်ားသြားလုပ္လို႔မရဘူး..

ဟိုက ငါဟဲ့မိန္းမဆိုၿပီးပါးျပန္ခ်လိုက္လိမ့္မယ္..

.........

လုပ္ငန္းခြင္မွာ ကိုယ္ကဘယ္လိုပဲက်ားက်ား

အိမ္မွာေတာ့ ႂကြက္ကေလးလုပ္သင့္ရင္လုပ္ရမွာပဲ

ဘာျဖစ္လို႔လဲဆိုေတာ့ မိန္းကေလးဆိုတာ

ကြၽန္ေတာ္တို႔ထက္ နဂိုကမွအားႏြဲ႕တာ

ကြၽန္ေတာ္တို႔က ခြန္အားသုံးၿပီး

အႏိုင္က်င့္ရင္ သူတို႔ခမ်ာေၾကာက္ၾကမွာေပါ့

......

ခ်စ္လို႔ယူထားတာေလဗ်ာ

ေယာက္်ားမာန္ႀကီးတ၀င့္၀င့္နဲ႔ 

သြားဟိန္းေဟာက္လို႔ ဘယ္ေကာင္းမွာလဲ...

သူမ်ားသားသမီးကို ၾကက္မႀကီးလိုအုပ္ခံထားရတဲ့

မိဘေတြရဲ႕အသိုက္ထဲကေန ယူလာခဲ့မွေတာ့

သူတို႔ရဲ႕မိဘနဲ႔မျခား 

ကာကြယ္ေစာင့္ေရွာက္ေပးရမွာေပါ့..

အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ကမိန္းမဘာေျပာေျပာ

အကုန္နာခံလိုက္တာပဲ အဲ့လိုဆို

ရန္လည္းျဖစ္စရာမလိုေတာ့ဘူး..

ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့မိန္းမဆို ခုခ်ိန္ထိ

ရန္ႀကီးႀကီးမားမား မျဖစ္ဖူးေသးဘူး.."


ေကာင္းသန႔္ေျပာသည့္စကားေတြကို

ေသခ်ာနားေထာင္ေနမိရင္းႏွင့္ သူလည္း

အဲ့လိုလိုက္လုပ္ၾကည့္ရမလားဟု

အေတြး၀င္သြားမိသည္။


ေကာင္းသန႔္ေျပာတာလည္း မွန္ပါတယ္ေလ။

ကိုယ္ေတြလင္မယား အခုလိုျဖစ္ေနျခင္းက

ကိုယ့္ရဲ႕အတၱနဲ႔ေဒါသေတြေၾကာင့္လည္း

ပါတယ္။


ကိုယ္ယူထားတဲ့မိန္းမကိုဆက္ဆံပုံနဲ႔

လုပ္ငန္းခြင္မွာ အျခားလူေတြကိုဆက္ဆံပုံခ်င္း

တန္းတူထားခဲ့မိတယ္။

တကယ္ဆိုရင္ ပုံစံခ်င္းကတူမွမတူတာပဲ။

ေမဝိုင္းေလးဟာ တစ္ခုခုဆိုမ်က္ရည္ေလး

ဝဲတက္လာၿပီး ၀မ္းနည္း၊အားငယ္လြယ္တဲ့

ႏူးႏူးညံ့ညံ့ မိန္းကေလးမဟုတ္ပါလား။


အင္း..ဟိုတစ္ခါေကာင္းသန႔္ေျပာတဲ့

မိန္းမမွန္ရင္ ေငြမႀကိဳက္တဲ့လူ

မရွိဘူးဆိုတဲ့အတိုင္း ေမဝိုင္းေလးကို

သူ႔မိဘေတြကို ျပန္ကန္ေတာ့ဖို႔

ကဒ္ေပးမယ္လို႔ဆိုလိုက္ေတာ့

"ကေလးယူခ်င္လား.."ဆိုၿပီး ေမးလာတာကို

မွတ္မိပါေသးတယ္။


အခုလည္း ေကာင္းသန႔္ေျပာသလိုလုပ္ၾကည့္ရင္

ေကာင္းမလား???။

ပုံမွန္ဆိုရင္ စီးပြားေရးအေၾကာင္းပဲ

ေတြးေနတတ္သည့္ သူ႔ဦးေႏွာက္က

မိန္းကေလးတစ္ေယာက္ကို ေပးရမည့္လက္ေဆာင္

အေၾကာင္းကို ေတြးေနရင္းႏွင့္ကိတ္မုန႔္ဆိုင္ေလး

တစ္ခု၏ အေရွ႕မွာကပ္ထားသည့္

ခ်ယ္ရီသီးပုံေလးကို ေတြ႕လိုက္မိေသာအခါ...


"အႀကံရၿပီ..."


ကိုယ့္အေတြးႏွင့္ကိုယ္ လက္ေဖ်ာက္တစ္ခ်က္

တီးလိုက္မိၿပီးေနာက္ ေက်နပ္စြာၿပဳံးလိုက္မိကာ

သူ႔အသက္ဆယ့္သုံးႏွစ္ေလာက္က

ခ်ယ္ရီသီးမစားရေတာ့တာနဲ႔ ထိုင္ငိုေနသည့္

ေကာင္မေလးကို ျပန္ျမင္ေယာင္ေနမိေတာ့သည္။


"ခ်ယ္ရီသီးေလးမစားရ႐ုံနဲ႔ အဲ့ေလာက္ေတာင္

၀မ္းနည္းတတ္တဲ့ အငိုသန္ေလး.."


..အခန္း(၄၄)ဆက္ရန္....


စာေရးသူ..ေဆာင့္ေငြ႕ေဝ


🤭🤭🤭🤭🤭🤭🤭🤭


...မင္းစက္အာဏာႀကီး

ဘယ္လိုေခ်ာ့မလဲေနာ္...😀


2 comments: