အခန်း(၃၁) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘


 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း(၃၁)

  💘မာနမင်းသားနှင့်ရွှေဖူးစာ💘


အချိန်အားဖြင့် ဆယ့်တစ်နာရီအတိဖြစ်နေပေမဲ့

ဝိုင်းလေးကတော့ အရက်မူးသမားဒုက္ခပေးတာနဲ့

လုံး၀အိပ်၍မရပေ။

မျက်လုံးတွေက တစ်ချက်တစ်ချက်

မှေးသွားချင်ပေမဲ့ရေချိုးခန်းထဲတွင် 

၀င်၍အော့အန်နေသူကြောင့်

ကိုယ်လည်းမနားရသေးပေ။


"ရှင်..အဆင်ပြေရဲ့လား.."


"အဆင်ပြေပါတယ်..အေ့.."


ရေချိုးခန်းတံခါးကိုဖွင့်ကာ ဒယိမ်းဒယိုင်နှင့်

သူထွက်လာလေသည်။

သူ့မျက်နှာတစ်ခုလုံးက နီရဲနေပြီးအဆင်ပြေတယ်

လို့ပြောနေပေမဲ့ ထပ်ပြီးမအီမသာဖြစ်လာပုံနှင့်

ရေချိုးခန်းထဲသို့ပြန်ပြေးပြီး အန်ပြန်သည်။


ဝိုင်းလေးလည်း သူ့နောက်သို့အမြန်လိုက်သွားပြီး

သူ့ကျောကုန်းကို လက်ဖဝါးနဲ့သပ်ချပေးလိုက်မိသည်။

သူ့ကြည့်ရတာ အယ်ကိုဟောလ်တွေနဲ့

ဓာတ်တည့်ပုံမရဘူး။

တော်တော်လေးကို ဝေဒနာခံစားနေရပုံပဲ။


"ရှင့်မှာအစာအိမ်ရောဂါတွေ ဘာတွေရှိလား.."


"ရှိတယ်..တစ်ခါတလေအစာအိမ်က

ပြန်ထတတ်တယ်.."


"ဒါဆိုရှင်ကအယ်ကိုဟောလ်နဲ့မတည့်ဘူးပေါ့

ဒါနဲ့များ..ဘာဖြစ်လို့သောက်လာရတာလဲ..

ကိုယ်နဲ့မတည့်မှန်းသိရင် ရှောင်ရမှာပေါ့

ကလေးလည်းမဟုတ်တော့ပဲနဲ့

ကိုယ့်ဘာသာဆင်ခြင်သင့်တာပေါ့.."


ဗိုက်ထဲမှာမအီမသာဖြစ်ပြီး အန်ချင်နေရကြားထဲ

ဘေးနားမှာပွစိပွစိလာလုပ်နေ၍ နားပါပူလာသည်။

ဒါပေမဲ့ ကိုယ့်ကျောကိုပုတ်ပေးနေသော 

အထိအတွေ့ဖွဖွလေးကြောင့်

စေတနာစကားတွေလို့ပဲ သတ်မှတ်လိုက်သည်။


အန်ချင်စိတ်အနည်းငယ်ပျောက်သွား၍

နှုတ်ခမ်းလေးဆူပြီး ပွစိပွစိပြောနေသော

ဘွားတော်လေးကိုသေချာကြည့်လိုက်မိသည်။

ရေချိုးခန်းမီးက အကုန်မဖွင့်ထားပဲ ခေါင်းပေါ်က

တစ်ခုကိုသာ ထွန်းထားပေမဲ့ ထိုမီးရောင်

မှိန်ဖျဖျလေးကတောင် ဒီကောင်မလေးရဲ့

အလှကို ဆုတ်ယုတ်မသွားစေခဲ့ဘူး။


ကြိုးတစ်လုံးလေးနဲ့ အဖြူရောင်ဂါ၀န်လေးကို

၀တ်ထားပြီး တင်ပါးအုပ်သောနက်မှောင်သည့်

ပိတုန်းရောင်သန်းနေသော ထူထဲသည့်

ဆံကေသာက သူလေးကိုအုပ်မိုးလွှမ်းခြုံထားတယ်။

စကားပြောနေရင်း ခေါင်းလေးကိုလှုပ်လိုက်တိုင်း

ဆံနွယ်လေးတွေ ယိမ်းကျသွားတာကပင်

ကဗျာဆန်လွန်းနေသည်။


မျက်တောင်ကော့ကော့လေးတွေ ၀န်းရံထားသည့်

မျက်လုံးဝိုင်းဝိုင်းလေးတွေက ကြည်လင်ပြီး

လူကိုညှို့ယူနေသလိုပဲ။

ပန်းရောင်သန်းနေသော နှုတ်ခမ်းစုစုထွေးထွေး

လေးများက တကယ်အသဲယားဖို့ကောင်းတယ်။

ဖြူလွန်းသော သူလေးရဲ့နှင်းလိုအသားအရည်ကြောင့် မြေခွေးဖြူလေးက လူသားတစ်ယောက်ရဲ့

နှလုံးသားကို ဖောက်စားဖို့ လာမြူဆွယ်နေသလို

ခံစားချက်ဖြစ်‌နေသည်။


"ဘာငိုင်နေတာလဲ..ကျွန်မပြောတာကို

ကြားရဲ့လား.."


အလိုက်မသိတဲ့ ဒီဟာလေးကသူ့ရဲ့အလှကို

မျက်လုံးနဲ့စားသုံးနေမှန်းမသိပဲ

ကိုယ့်မျက်လုံးရှေ့၌ လက်ကို

လာဝေ့ရမ်းပြ‌နေလေရဲ့။

အတွင်းစိတ်၏လှုံ့ဆော်မှုကြောင့်

ထိုဖြူနုနေသော လက်ချောင်း‌သွယ်သွယ်လေး

များကို ဖမ်းဆုပ်လိုက်ကာ ကိုယ့်ဘက်သို့

ဆွဲယူလိုက်မိသည်။


"ဘာဖြစ်လို့လဲ..."


ကိုယ်ကသူ့လက်ကို နာအောင်လုပ်လိုက်တာတောင်

စိုးရိမ်တာလား၊မြှူဆွယ်နေတာလားမသဲကွဲသော

ညှို့ဓာတ်ပြင်းသည့်မျက်၀န်းဝိုင်းလေးတွေနှင့်

ကြည့်လာပြန်သည်။

အရည်ရွှမ်းပြီးအဲ့လိုဝိုင်းစက်နေတဲ့

မျက်၀န်းတွေသာ စပျစ်သီးလေးဆိုရင်

ကိုက်စားလိုက်မိတာကြာပေါ့။


"ကိုယ်တစ်ခုခုဖြစ်သွားရင် မင်းအတွက်

ပိုပျော်စရာမကောင်းဘူးလား ကိုယ်ပိုင်သမျှကို

မင်းရမှာလေ.."


ဝိုင်းလေးကို တည်တည့်စိုက်ကြည့်ပြီး သေစကားကို

ပြောလာ၍ အံ့ဩသွားမိသည်။

သူ့မျက်၀န်းအကြည့်တွေက အတည်ပေါက်ကြီး

ပြောနေပေမဲ့ ဝိုင်းလေးကိုစမ်းသပ်နေသလို

ခံစားနေရတယ်။

ဝိုင်းလေးရဲ့စေတနာကို သူကသံသယ၀င်နေပုံပဲ။

အရက်အရှိန်ကြောင့် မျက်လုံးတွေက

မှေးကျဉ်းနေပေမဲ့ ရေတွင်းကဲ့သို့

နက်ရှိုင်းနေသေးတာတော့အမှန်ပါပဲ။


"ကိုယ်သေသွားရင်.."


"သေစကားကိုမပြောပါနဲ့တော့..

အဲ့လိုပြောတာကိုမကြိုက်ဘူး.."


ရုတ်တရက်ကိုယ့်ကိုကိုယ် ဘာလုပ်လိုက်မိမှန်း

မသိပေမဲ့ သတိပြုလိုက်မိတဲ့အချိန်မှာတော့

သူ့ပါးစပ်ကို လက်နှင့်အုပ်လိုက်မိမှန်း

သိလိုက်သည်။

သူစိတ်ဆိုးသွားမည်ဟု ထင်လိုက်မိပေမဲ့

သူကစိတ်မဆိုးတဲ့အပြင် ရယ်သံတောင်

ထွက်လာသေးသည်။


သူ့နှုတ်ခမ်းနှင့်ပါးကိုထိမိနေသော လက်ကို

အမြန်ဖယ်လိုက်မိပေမဲ့ လက်ဖဝါးပေါ်မှ

စိုစွတ်မှုက ပျောက်မသွားသေးပေ။

ရှက်စိတ်ကြောင့် မျက်နှာတွေထူပူလာပြီး

အနောက်သို့ ဆုတ်လိုက်မိပေမဲ့နှလုံးခုန်နှုန်းတွေ

မြန်လာတာကိုတော့ မထိန်းနိုင်ခဲ့ဘူး။

ဒီညမှာ ဘာကြောင့်အဖြစ်အပျက်တွေက

စုံလင်နေရတာလဲ။


ရင်ခုန်နေသော ခံစားချက်လေးက

ကြာရှည်မခံလိုက်ပေ။

သူ့ကထပ်ပြီး အော့အန်ချင်လာ၍

ရေချိုးခန်းတစ်ခုလုံး နံစော်သွားလေသည်။

ခဏအကြာမှာ သက်သာသွားလို့သာတော်တော့

သည်။


"ဟာ..ဒီနက်ခ်တိုင်ကလည်းဖြည်လို့ကိုမရဘူး.."


နက်ခ်တိုင်းက ကြပ်လွန်း‌၍လည်ပင်းအစ်နေသော

သူ့ကိုကြည့်ပြီး ကိုယ်ပါစိတ်ညစ်လာသည်။

ဒီညတော့ ကိုယ်မကူရင်သူရော၊ကိုယ်ရော

အိပ်ရမှာကိုမဟုတ်ဘူး။


"ကျွန်မကူပေးရမလား.."


"အင်း..."


အန်ထား၍လူကနုံးနေပြီထင်ပါရဲ့ "အင်း"တစ်လုံး

ထွက်ဖို့တောင် သူ့မှာလေးပင်နေသည်။

သူ့ဆီမှခွင့်ပြုချက်ရသည်နှင့် နက်ခ်တိုင်ကို

ချွတ်ပေးလိုက်မိသည်။

နက်ခ်တိုင်ချွတ်ပေးအပြီးမှာ သူ့ကိုပြန်ကြည့်

လိုက်တော့ ထိုင်လျှက်ကြီးအိပ်ငိုက်နေလေသည်။


"အဟင်း.."


ဆံပင်တွေကလည်း ပွထနေကာခေါင်းငိုက်ဆိုက်ကျနေသော သူ့ပုံစံကိုကြည့်ပြီး

အသံတိတ်ရယ်လိုက်မိလေသည်။

သူ့ရဲ့အခုလို ဖရိုဖရဲပုံစံကိုတစ်နေ့မှာ

မြင်ခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။

သတိရှိနေသော ပုံမှန်အချိန်မျိုးဆိုရင်ဟိတ်ဟန်

အပြည့်နဲ့ သပ်သပ်ရက်ရက်နေတတ်တဲ့

ပုံရိပ်ကောင်းကို အမြဲထိမ်းထားတတ်တဲ့

လူမဟုတ်ပါလား။


သူ့ရဲ့ရုံးခန်းဆိုရင် ဖုန်တစ်စက်မရှိလောက်အောင်

သန့်ရှင်းနေပြီး အိတ်ကပ်ထဲမှာအမြဲ

လက်ကိုင်ပဝါကိုဆောင်ထားတတ်ကာ သူ့လက်ကို

အမြဲသန့်နေသူဖြစ်သည်။

ဆံပင်ဆိုလည်း ကပ်ရပ်နေအောင်ကို

ရွိုင်းထားတတ်ပြီးအလုပ်မှာဆို တည်လွန်းတဲ့

မျက်နှာကြီးကြောင့် အသက်၂၇နှစ်လို့ကို

တွေးကြည့်လို့မရတာ။


အခုပုံစံကြတော့ ဆံပင်တွေကပွထနေပြီး

အ၀တ်အစားတွေက ရွဲ့စောင်းနေကာ

လူကလည်း ယိုင်နဲ့နေ၍ မရင့်ကျက်သေးတဲ့

ကလေးပေါက်စလိုပဲ။


"အိင်္ကျီကနံနေပြီ..အပေါ်ကုတ်ကိုချွတ်လိုက်ပါလား.."


လုံး၀မလှုပ်လာ၍ အုံ့ဆိုင်းနေသော 

သူ့ဆံပင်တွေကိုနှဖူးပေါ်မှ

လှန်တင်လိုက်တော့ မျက်လုံးကြီးမှိတ်ပြီး

တကယ်ကြီးအိပ်နေသည်။


"ကိုမင်းစက်...ငုတ်တုတ်ကြီးမအိပ်နဲ့လေ

အိပ်ချင်ရင် မွေ့ယာပေါ်မှာသေချာလှဲအိပ်ပါလား"


သူ့ပခုံးကိုလှုပ်လိုက်တော့ ညည်းသံတစ်ချက်

ထွက်လာပြီး မျက်လုံးဖွင့်ကြည့်လာသည်။


"ကုတ်အိင်္ကျီကိုချွတ်ပြီးမှ

အိပ်ချင်ရင် အိပ်ယာပေါ်မှာ၀င်လှဲလိုက်နော်.."


ဒီတစ်ခါတော့ အသိ၀င်သွားပုံရတယ်။

ချက်ချင်းခေါင်းညိမ့်ပြီး ကုတင်တစ်ဖက်စွန်းတွင်

၀င်လှဲလိုက်လေသည်။

သူအိပ်နေတာက ဝိုင်းလေးရဲ့နေရာဖြစ်နေပေမဲ့

ဘာမှထပ်ပြီးမပြောချင်တော့၍ သူ့နေရာမှာသာ

ဝိုင်းလေးက အိပ်လိုက်ရသည်။

ဆယ့်တစ်နာရီကျော်နေပြီဖြစ်၍ မျက်လုံးတွေ

မှေးစဉ်းလာပြီး အိပ်ပျော်မည့်အချိန်မှာပဲ

လေးလံသော ခြေထောက်ကြီးကဝိုင်းလေး၏

ကိုယ်ပေါ်သို့ ပစ်တင်လာလေသည်။


"ဒီလူဘယ်လိုဖြစ်နေတာလဲ.."


 အရက်မူးနေရင် အသိစိတ်မဲ့တတ်တော့ ဒီလိုပဲ

ဖြစ်တတ်ပါတယ်လေဆိုပြီး ခြေထောက်ကို

ကိုယ်ပေါ်မှ အသာဖယ်လိုက်သည်။


ဒါပေမဲ့ ဒင်းကနောက်တစ်ခါထပ်ပြီး သူ့လက်ကြီးက ခေါင်းပေါ်ကို အုံးခနဲရောက်လာပြန်သည်။

အရှိန်ကပြင်းသွား၍ ခေါင်းတောင်အုံသွားသည်။

ဘယ်လိုမှ သည်းမခံနိုင်တော့၍ ထထိုင်လိုက်ပြီး

သူ့ကိုကြည့်လိုက်တော့လည်း

ဘာမှမသိသလိုလေးနဲ့ အိပ်မောကျနေ‌သည်။


"သူလည်းတမင်ရည်ရွယ်ပြီး လုပ်တာ

မဟုတ်လောက်ပါဘူး..."


အမျိုးမျိုးစိတ်ကို‌ဖြည်လိုက်ပြီး ပြန်အိပ်ဖို့ပဲ

လုပ်လိုက်သည်။

ထပ်ပြီး အိပ်ပျော်မိမလို ဖြစ်သွားတဲ့အချိန်မှာပဲ..


"အာ့..သေပါပြီ..အမယ်လေးငါ့တင်ပါး.."


နောက်ကနေ တင်ပါးကိုအကန်ခံလိုက်ရ၍

မြှီးညောင်ရိုးတောင် အောင့်တက်သွားသည်။

ယောက်ျားအားကြီးနဲ့အကန်ခံလိုက်ရတဲ့အပြင်

သတိရှိမနေပဲ အိပ်နေရင်းနဲ့ကန်လိုက်တာဆိုတော့

ပိုဆိုးသည်။


"အမလေး..နာလိုက်တာ.."


တမင်ရည်ရွယ်ပြီး ကန်တယ်ဆိုရင်တောင်

ပြန်ပြောလို့ရသေးတယ်။ အခုတော့အိပ်ရင်းနဲ့

ယောင်နေတာဆိုတော့ အောင့်သက်သက်နှင့်

ခံနေရသည်။


"ဒင်းကမူးနေတာနဲ့ရောပြီး 

ငါ့ကိုရောသမမွှေနေတာပဲ

သနားမိတာတောင် နောင်တရတယ်

သေနာကြီး..ငါနဲ့တွေ့မယ်..."


သည်းမခံနိုင်တော့၍ ဝိုင်းလေးလည်း

စိတ်ရှိလက်ရှိ ကြိမ်ဆဲပစ်လိုက်သည်။


❤️❤️❤️❤️❤️❤️❤️


လသာဆောင်တံခါးကိုဖွင့်ထား၍ နေရောင်သည်

အခန်းထဲသို့တိုက်ရိုက်၀င်ရောက်လာလေသည်။

အခန်းအပူချိန်ဟာ မြင့်တက်လာပြီး

နေရောင်ထိုးနေ၍ မင်းစက်၏အသားတွေက

ပူစပ်ပူလောင်ဖြစ်လာသည်။

ထို့ကြောင့် မျက်လုံးတွေကိုဖွင့်ကြည့်လိုက်မိတော့..


"ဟင်..ငါဘယ်ကိုရောက်နေတာလဲ..."


သူအိပ်ပျော်နေခဲ့သော နေရာသည်

ကုတင်ပေါ်မှာမဟုတ်ပဲ ကုတင်အောက်မှာ

ဖြစ်နေသည်။

 မင်းစက်အာဏာဆိုသည့်

သူဟာ ကိုယ်ပိုင်ကုတင်ပေါ်ကနေ တစ်ခါမှ

ပြုတ်မကျခဲ့ဖူးပေ။

အခု..ဘယ်လိုဖြစ်ရတာလဲ။

တစ်ယောက်ယောက်က လုပ်ကြံလိုက်တာများလား။


"ငါကဘယ်လိုဖြစ်ပြီးကုတင်အောက်ကို

ရောက်နေရတာလဲ..အား!!!ခါးရိုးတွေတောင်

တောင့်နေပြီ..ကြည့်ရတာတစ်ညလုံး

ကြွေပြားပေါ်မှာ အိပ်နေမိခဲ့တာထင်တယ်.."


ထထိုင်ဖို့တောင် ခံယဉ်းနေ၍ကုတင်ကို

လက်တင်ပြီးမနဲကြုံးရုန်းထလိုက်ရသည်။

သူ့ဘ၀မှာ ကုတင်ပေါ်မှပြုတ်ကျသည့်ဖြစ်ရပ်ဟာ

တကယ်ကို အထူးအဆန်းကြီးပါပဲ။

ကြမ်းပေါ်မှာ အိပ်ပျော်မိဖို့ဆိုတာ

ပိုဆိုးတာပေါ့။

အခုတော့ ခါးရိုးကြီးကတောင့်တင်းနေပြီး

တစ်ကိုယ်လုံးလည်း ကျောက်ဆွဲထားသလို

လေလံနေသည်။


"ဟိုကောင်မလေးက ဘယ်ရောက်သွားတာလဲ.."


ကုတင်ပေါ်သို့ကြည့်လိုက်တော့ စောင်တွေ၊ခြင်ထောင်တွေအားလုံးကို သေသေသပ်သပ်

ခေါက်ထားတာ တွေ့လိုက်ရသည်။

ဒါမေဝိုင်းလေးပဲဆိုတာသေချာတယ်။


"တောက်!!ကိုယ့်လင်သားတစ်ယောက်လုံး

အေးစက်နေတဲ့ ကြွေပြားပေါ်မှာအိပ်နေရတာကို

တစ်ချက်လေးတောင် နှိုးဖော်မရဘူး..

တော်တော်သွေးအေးတဲ့မိန်းမ.."


မင်းစက်၏မျက်နှာသည် ဒေါသများ

ဖုံးလွှမ်းသွားလျှက် မေဝိုင်းလေးကိုအပြစ်တင်

လိုက်ပြီးနောက် နေရာမှထကာရေချိုးခန်းဆီသို့

ခါးကို ထိန်းလျှက်မနည်းလျှောက်သွားရလေသည်။

သူ့ကို ကုတင်ပေါ်မှတွန်းချသောသူဟာ 

မေဝိုင်းလေးမှန်းတော့ မသိရှာခဲ့ပေ။


❤️❤️❤️❤️❤️❤️


မင်းစက်အာဏာတစ်ယောက် ခါးရိုးတွေ

တောင့်နေတာရော၊အရက်ဒဏ်ကြောင့်မူးဝေဝေ

ဖြစ်နေတာပါပေါင်းပြီး နေ့တစ်၀က်လောက်

အလုပ်နားမည်ဟု ဆုံးဖြတ်လိုက်သည်။

ခါးကပ်သည့် ဆေးပလာစတာလိုချင်၍

ဒေါ်ခင်မြတို့ရှိနိုင်မည့် ထမင်းစားခန်းထဲသို့

၀င်လိုက်မိတော့ သူ့ရဲ့အိမ်ရှင်မကအခန့်သားနဲ့

ကော်ဖီထိုင်သောက်နေလေသည်။


"အော်..ကိုမင်းစက်တောင်နိုးလာပြီပဲ...

ထိုင်လေ..မနက်စာစားတော့မလား.."


"အင်း..."


ကိုယ့်ကိုတွေ့တာနဲ့ အဲ့ဒီ့အရည်ရွှမ်းနေသော မျက်၀န်းဝိုင်းလေးများနှင့် ကြည့်လာပြန်သည်။

ခါးနာနေ၍ ဘာမှမပြောချင်တာနဲ့

 "အင်း"တစ်ခွန်းသာပြောပြီး 

ထိုင်ခုံမှာ၀င်ထိုင်လိုက်ရင်း

ကော်ဖီနှင့် မုန့်ကိုသာပြင်ခိုင်းလိုက်သည်။


"ဒေါ်ခင်မြ..ကျွန်တော်ခါးနာနေလို့..အဲ့ဒါ

ခါးကပ်ပလာစတာလေးယူခဲ့ပါဗျာ.."


" ခါးနာနေလို့ဟုတ်လား..

ဆေးပလာစတာက..ကုန်သွားပြီကွယ့်

..အရေးတကြီးလိုချင်ရင်တော့ ကြည်ကြည့်ကို

သွား၀ယ်ခိုင်းလိုက်ပါ့မယ်...


"မ၀ယ်နဲ့တော့ အန်တီခင်မြ..

ဝိုင်းလေးမနက်ကတင်

ကြည်ကြည်တို့ ဈေးသွားတာနဲ့ ကြုံလို့

မှာထားပြီးပြီ..

ကြည်ကြည်ရေ တိုက်ဂါးဘမ်းခါးကပ်ပလာစတာ

ယူခဲ့ပါအုံး..."


မင်းစက်တစ်ယောက် အံ့ဩသွားမိသည် ။

ဒီကောင်မလေးက အလိုက်သိတာလား၊

ဒါမှမဟုတ် ခါးနာမှာကိုကြိုသိနေတာလား။😄


ဆေးပလာစတာကိုတောင်

ကြို၀ယ်ထားတယ်ဆိုတော့ 

ကိုယ့်ကိုဂရုတစိုက်ရှိနေတဲ့သဘောပေါ့။

ဒါပေမဲ့ ရင်ထဲမှာခွင့်လွှတ်လို့မရသေးတဲ့

အစိုင်အခဲတစ်ခုကတော့ ရှိနေသေးတာအမှန်ပဲ။


"မမဝိုင်းလေး..ဆေးပလာစတာယူလာပါပြီ..

အန်တီခင်မြကိုကပ်ခိုင်းလိုက်ရမလား..."


"ပေးပေး..တို့ဘာသာကပ်ပေးလိုက်မယ်.."


ထမင်းစားခန်းထဲတွင် အိမ်အလုပ်သမား

လေးယောက်လောက်ရှိနေပေမဲ့ တစ်ယောက်ကိုမှ

မခိုင်းပဲ ကိုယ်တိုင်လုပ်ပေးမည်ဆိုသော

မေဝိုင်းလေး၏ စိတ်အားတက်ကြွနေမှုကို

မင်းစက်ကတော့ မျက်တောင်မခတ်တမ်း

လိုက်ကြည့်နေမိသည်။


စိတ်ထဲမှာ တစ်ခုခုထူးဆန်းနေသလို

ခံစားနေရတယ်။

ပုံမှန်ဆိုရင် ကိုယ်နဲ့ခပ်ခွာခွာနေတတ်တဲ့

ကောင်မလေးက အခုတော့တအားဂရုစိုက်ပြနေသလိုပဲ။

စိတ်ရင်းလား ၊ဟန်ဆောင်နေတာလား

မသေချာပေမဲ့ မေဝိုင်းလေးရဲ့မျက်၀န်းတွေကတော့

ပကတိဖြူစင်နေသည်ဟု ထင်မိသည်။


ဒါပေမဲ့ ကိုယ့်နောက်ကွယ်မှာဖောက်ပြန်ချင်နေတဲ့

မိန်းမကို ဘယ်လိုစိတ်နဲ့ယုံကြည်လို့ရပါ့မလဲ။

ဒါဟာ မိန်းမတို့ရဲ့မာယာအသွယ်သွယ်ထဲက

တစ်ခုပဲနေလိမ့်မည်ဟု တွေးလိုက်မိပြီးနောက်

မင်းစက်၏နှုတ်ခမ်းထပ်၌ မဲ့ပြုံးတစ်ခု

ပေါ်လာခဲ့သည်။


*စိတ်၀င်စားစရာပဲ..မင်းဘယ်လောက်အထိ

ဟန်ဆောင်နိုင်မလဲ..စောင့်ကြည့်ရသေးတာပေါ့..*


မေဝိုင်းလေးကတော့ မင်းစက်ဘာကိုတွေးနေ‌သလဲ

စိတ်မ၀င်စားမိပေ။

သူသိတာကတော့ အားနာနေမိတာပဲ။

ညတုန်းက သူဟာမူးမူးနဲ့ကိုယ့်ကိုအိပ်မရအောင်

ခြေတွေ၊လက်တွေပစ်တင်နေ၍ စိတ်တိုပြီး

ကုတင်ပေါ်ကနေ တွန်းချလိုက်မိတယ်။


ကိုယ်လည်း သွေးပူနေတုန်းဆိုတော့သူ့ကို

လှည့်မကြည့်တော့ပဲ အိပ်ပစ်လိုက်မိတာ

 မနက်လင်းမှပဲနိုးတော့တယ်။

သူနိုးလာရင် ဆူမှာစိုးလို့အိပ်ယာသိမ်းပြီးတည်းက

မျက်နှာသစ်၊သွားတိုက်ပြီး သူမနိုးခင်လေး

အခန်းထဲမှ လစ်ထွက်ခဲ့မိတယ်။


အခုတော့ ကိုယ့်ကြောင့်သူ့ခမျာခါးနာနေတာကို

တွေ့ရ၍ စိတ်မကောင်းဖြစ်ရပြန်သည်။

နောက်တစ်ခါ သူအရက်မူးလာတဲ့အခါ

အခြားအခန်းမှာ သွားအိပ်လိုက်မည်ဟု

တွေးထားမိသည်။


"မင်း..ဒီတစ်သက်ပလာစတာကပ်လို့ 

ပြီးတော့မှာလား.."


"အင်း..ပြီးပါပြီ.."


သူ့ရဲ့ခါးရိုးနေရာမှအသားက နီစပ်စပ်ဖြစ်နေ၍

သနားပါတယ်ဟု တွေးနေမိချိန်၌

သူ့ရဲ့ဒေါသအသံကို ကြားလိုက်ရတော့

မြန်မြန်လက်စသတ်ပေးလိုက်သည်။


"ကပ်လို့ပြီးပြီ..."


"အင်း.."


ဒီ"အင်း.."တစ်လုံးပဲသူပြောပြန်ပြီ။

စိတ်မရှည်၍ အနောက်ကနေပိတ်ထုလိုက်ချင်ပေမဲ့

နောက်တစ်မှုထပ်မတိုးချင်၍ 

စိတ်ကိုမနည်းလျှော့ထားလိုက်ရသည်။


"ရှင်နေ့လည်စာ ဘာစားချင်လည်း

ကျွန်မကိုယ်တိုင်ချက်ပေးမယ်လေ.."


အသံတိုးတိုးမျှင်မျှင်လေးနှင့် ဘေးနားမှာ

လာရပ်၍မေးနေသောကြောင့် သူမော့ကြည့်လိုက်မိသည်။အမှန်အတိုင်းပြောရရင် ဒီမိန်းကလေးက

သိပ်လှတယ်။သူတွေ့ဖူးသမျှ မိန်းကလေးတွေနဲ့

မတူပဲ ကြည်လင်ပြီးအေးမြတဲ့ အလှမျိုးကို

ပိုင်ဆိုင်ထားတာ။ဒါပေမဲ့ အဲ့ဒီ့အလှကပဲ

ယောက်ျားတွေအတွက် ထောင်ချောက်‌ဖြစ်နေခဲ့တယ်။


ကိုယ့်ရဲ့သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ၀င်းဆိုရင်

ရှစ်နှစ်တိုင်တိုင် ဒီအလှထောင်ချောက်ထဲကို

သက်ဆင်းခဲ့ရတယ်။

မနက်ခင်းမှာ ဘာမှလိမ်းခြယ်ထားခြင်း

မရှိတာတောင် ၀င်းဖန့်တဲ့အသားအရည်ကြောင့်

သူမတစ်ယောက်တည်းကို ဆလိုက်မီး

ထိုးထားသလိုကို ပေါ်လွင်နေတာ။

ခုနှစ်ဆောင်တိုက်ခန်းဟာ ပပ၀တီကြောင့်

မီးမထွန်းပဲလင်းသည်ဆိုသော ဒဏ္ဍာရီကိုတောင်

ယုံရမလိုဖြစ်နေပြီ။


"မလိုပါဘူး..ကိုယ့်အတွက်နဲ့

မင်းအပင်ပန်းခံစရာမလိုပါဘူး.."


"ဒါပေမဲ့ ကျွန်မကဆန္ဒရှိတယ်လေ.."


"ကိုယ့်အိမ်မှာ ထမင်းဟင်းချက်မဲ့လူတွေ

ရှိပြီးသားပဲ..သူတို့ရဲ့လက်ရာကိုပဲ

ကိုယ်ကအသားကျနေပြီ..ထပ်ပြီးအရသာ

မပြောင်းချင်တော့ဘူး.."


သူကဝိုင်းလေးကို တကယ်နေရာမပေးချင်မှန်း

သိသာလွန်းလိုက်တာ။

သူ့ဇနီးတစ်ယောက်အနေနဲ့ သူ့ကိုဟင်းတစ်နပ်

ချက်ကျွေးချင်တာတောင် လက်မခံဘူး။

သူကဝိုင်းလေးကို ဘာဖြစ်စေချင်‌နေတာလဲဆိုတာ

စဉ်းစားလို့ကို မရတော့ပါဘူး။


အလုပ်ကနေလည်း ထုတ်ပစ်တဲ့အပြင်

ဟင်းချက်ဝါသနာပါလို့ ခွင့်တောင်းတော့လည်း

လက်မခံဘူးတ။

ဝိုင်းလေးကို ဘယ်နေရာမှာမှအသုံးမ၀င်အောင်

သူလုပ်နေတာ။


"တူ..တူ..တူ.."


ထိုအချိန်မှာ ခုံပေါ်၌တင်ထားသော

မင်းစက်၏ဖုန်းကထမြည်လာလေသည်။


"ဟယ်လို..."


"ကိုစက်ရေ..အခုချက်ချင်းအိမ်ကို

ပြန်လာခဲ့စမ်း..ဒီမှာနင့်အဖွားလေဖြန်းမလို

ဖြစ်သွားလို့.."


"ဘာ!!အဖွားကလေဖြန်းမလိုဖြစ်သွားလို့ဟုတ်လား.."


မင်းစက်သည် ဖုန်း၏တစ်ဖက်မှအမေ့ရဲ့ 

တုန်ယင်နေသောအသံကြောင့် ခါးနာနေတာကိုပါ

မေ့သွားပြီး ချက်ချင်းထရပ်လိုက်မိသည်။


"ဟုတ်တယ်...မနက်စာသွားပို့တော့

အာရွဲ့ပြီးစကားတွေလုံးနေတာကို သိလိုက်တာ..

အမေလည်းညအိပ်စောင့်တဲ့

ကောင်မလေးကို ဆူပစ်လိုက်တယ်သားရယ်

ချစ်သက်လျှာကလည်း ဖုန်းဆက်ကြည့်‌တော့

ခွဲခန်း၀င်နေရ‌တယ်တဲ့ နင့်အစ်ကိုကြီးကလည်း

အိမ်မှာမရှိဘူးလေ..အဲ့ဒါသားတို့လင်မယား

အိမ်ကိုပြန်လာခဲ့ပါကွယ်.."


"ကောင်းပြီ..ကျွန်တော်အခုချက်ချင်း

လာခဲ့မယ်..အဖွားကိုဆေးရုံတင်ဖို့

ပြင်ဆင်ထားပါ.."


ဖုန်းပြောပြီးသည့်နောက် မင်းစက်အာဏာ၏

အမူအရာက မူမမှန်ဖြစ်နေလေသည်။

သူ့အဖွားကို စိုးရိမ်နေမိသောခံစားချက်တွေက

မျက်နှာမှာပါ ရောင်ပြန်ဟပ်နေသည်။


"ကိုမင်းစက်..ကျွန်မတို့သွားကြမယ်လေ..."


သူ့စိတ်တွေဂဏှာမငြိမ်ဖြစ်နေချိန်မှာ

သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သော

နူးညံ့သည့် လက်ဖဝါးနွေးနွေးလေးကြောင့်

အသိစိတ်တို့ ပြန်၀င်လာခဲ့သည်။


သူ့ကိုစိုးရိမ်သော မျက်၀န်းလေးတွေနှင့်

စိုက်ကြည့်လာပြီး တိုက်တွန်းပြောဆိုသော

ကောင်မလေးကို ဘာစကားမှမပြောမိပေမဲ့

ဖြည်းညှင်းစွာ ခေါင်းညိမ့်ပြလိုက်မိသည်။


❤️❤️❤️❤️❤️


ဝိုင်းလေးနဲ့ကိုမင်းစက်တို့နှစ်ယောက်

 အဖွားအိမ်ကိုရောက်တော့

မိသားစုဆရာ၀န်ကလည်းရောက်နှင့်နေလေသည်။

အဖွားကတော့ အာရွဲ့တာပြန်ကောင်းသွားသည်ဟု

ဆိုသည်။

အဖွားကိုဖြစ်ဖြစ်ချင်း ဆေးရုံဘာလို့

မတင်ရသလဲဆိုပြီး ကိုမင်းစက်က

အန်တီရတနာကို ပြောဆိုလုပ်၍သားအမိ

နှစ်ယောက် စကားများကြသေးသည်။


‌ဆရာ၀န်ကတော့ အဖွားဟာသွေးတွေ

ဆောင့်တက်ပြီး အာရုံကြောပြဿနာ‌ကြောင့်

အခုလိုဖြစ်သွားသည်ဟု 

ပြောလာခဲ့သည်။

ဆရာ၀န်ကိုသာအမြန်မခေါ်နိုင်ခဲ့ရင်

လေဖြန်းတာမျိုးအထိ ဖြစ်နိုင်သည်ဟုဆိုသည်။


အမှန်ကတော့ ထိုနေ့မှာအဖွားက

သူ့တွင် သွေးတိုးမရှိဘူးဟုတွေးပြီး

၀က်သားချက်ခိုင်းပြီး

ဗိုက်ကယ်အောင်အထိ စားလိုက်မိသည်။

ပုံမှန်ဆို သွေးတိုးကျဆေးသောက်ရမည်ဆိုပေမဲ့

မသောက်လိုက်မိတဲ့အခါ ယခုလိုထဖြစ်သွားတော့တာပေါ့။


အဖွားကသက်သာနေပြီဆိုပေမဲ့ ကိုမင်းစက်က

အားလုံးစိတ်ချရအောင်ဆိုကာ နာမည်ကြီး

ပုဂ္ဂလိကဆေးရုံကိုသွားပြီး 

ဦးခေါင်းစကဲင်မ်ဖတ်တာအထိပါ

 လုပ်ကြည့်သည့်အခါမှာတော့ 

ဦးနှောက်အာရုံကြောဆိုင်ရာရောဂါဖြစ်ပြီး လေဖြန်းသွားနိုင်သည်ဟု

ဆရာ၀န်ကသတိပေးကာ ဆောင်ရန်၊ရှောင်ရန်

များနှင့် တစ်ပတ်စာဆေးပေးလိုက်လေသည်။


"အမေ့အခြေအနေက မတည်ငြိမ်သေးဘူး

သားရယ်..တစ်ပတ်နေရင်ပြန်ပြရမှာ

အဲ့တစ်ပတ်အတွင်း တစ်ခုခုပြင်းပြင်းထန်ထန်

ဖြစ်မှာကို စိုးရိမ်တယ်.."


"ဟုတ်တယ်..အဖွားသာဒီရက်အတွင်းတစ်ခုခု

ဖြစ်သွားရင် ငါ့မြေးလေးကိုမတွေ့လိုက်ရမှာ

စိုးတယ်ကွယ်..မင်းကတစ်ချိန်လုံး

အလုပ်လုပ်နေရတာဆိုတော့ အဖွားသေရင်တောင်

မင်းလာနိုင်ပါ့မလား.."


"ဟာ..အဖွားကလည်း

ဘာတွေလျှောက်ပြောနေတာလဲ.."


"လျှောက်ပြောနေတာမဟုတ်ဘူးဟဲ့

ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီ

ဆိုတဲ့ စကားပုံကိုမင်းမကြားဖူးဘူးလား..

မင်းကငါ့ကို ဒီလိုမျိုးကြည့်နေရက်တယ်ပေါ့.."


"အဲ့တော့ ကျွန်တော်ကဘာလုပ်ပေးရမှာလဲ.."


"သားရယ်ပြောနေစရာလိုသေးလို့လား

မင်းရဲ့အဖွားက မင်းတို့လင်မယားနှစ်ယောက်ကို

ဒီအိမ်မှာ ပြောင်းနေစေချင်တာလေ..ဒီတစ်ခါတော့

အဖွားရဲ့ဆန္ဒကို လိုက်လျောပေးလိုက်ပါကွယ်..

သိတဲ့အတိုင်းပဲ မှူးကလည်းသူ့အလုပ်နဲ့သူ

အားတာမဟုတ်ဘူး..ချွေးမအကြီးကလည်း

မာနကခပ်ကြီးကြီးရယ် 

သူ့ကိုလည်းမခိုင်းရဲဘူးဟယ်..အမေကြပြန်တော့

ရတနာဆိုင်တွေက ပစ်ထားလို့မရဘူးလေ

တစ်ခါတလေပဲ အမေ့ကိုပြန်လာကြည့်လို့ရမှာ

 နင့်အဖွားကဝိုင်းလေးကိုတအားချစ်တော့

ဝိုင်းလေးသာ လာစောင့်ရှောက်ပေးရင် 

အဆင်ပြေမှာ.."


ဒေါ်နုယဉ်နှင့်ဒေါ်ရတနာတို့ သားအမိနှစ်ယောက်က

ဇာတ်တိုက်စရာ မလိုအောင်ကိုအသံထွက်

ညီနေတော့ မင်းစက်လည်းသက်ပြင်းချရလေတော့သည်။

တကယ်တော့ ဒီအိမ်နဲ့အလုပ်ကနီးပေမဲ့

အိမ်သားတွေအများကြီးနဲ့ နေရတာကို

အာရုံနောက်လို့ ကိုယ်ပိုင်ဗီလာနဲ့တမင်နေနေတာ

ဖြစ်သည်။


အခုတော့ အဖွားကရောဂါကို

မကြောင်းပြပြီး သူ့ကိုချောဆွဲနေပြီပေါ့။

အိမ်‌အလုပ်သမားတွေ ဒီလောက်များတာကို

ဘာကြောင့် မေဝိုင်းလေးကိုမှလဲ။

အင်းလေ..သူစိမ်းထက်ချွေးမကပိုယုံရတာပေါ့..


"မေဝိုင်းလေး..မင်းကရောအဖွားဆီမှာ

လာနေပေးချင်လား.."


"ဟုတ်ကဲ့..ဝိုင်းလေးနေချင်ပါတယ်.."


ဝိုင်းလေးလည်း ဘာမှမလုပ်ရမဲ့အတူတူ

အဖွားကိုပြုစုပေးရတာက ပိုကောင်းသည်ဟု

တွေးလိုက်မိသည်။ထို့ကြောင့် ချက်ချင်းပဲ

ခေါင်းညိမ့်ပစ်လိုက်သည်။


"ဒါဆို ကျွန်တော်တို့ဒီမှာတစ်လလောက်

နေပေးပါ့မယ်.."


"၀မ်းသာလိုက်တာငါ့မြေးရယ် 

မင်းကဒီအဖွားကြီးကို တကယ်စေတနာရှိမှန်း

သိရတော့ မျက်ရည်တောင်ကျချင်တယ်..."


"အမေတို့ကတော့ လုပ်ပြီ"ဟုဒေါ်ရတနာက

ပါးစပ်လှုပ်ရုံ ရေရွတ်လိုက်လေသည်။

အိုဗာတင်းတွေအဖျော်လွန်းပြီး သားငယ်က

တစ်လကနေ တစ်ပတ်ဖြစ်ကုန်တော့မှာပဲ။


"ဒီလိုဆိုမှတော့ သားတို့လင်မယားတွေက

အရင်အခန်းမှာပဲ တည်းကြပေါ့..အ၀တ်အစား

တွေကို ကြည်ကြည်တို့နဲ့ယူလာခဲ့ခိုင်းလိုက်မယ်.."


အရင်အခန်းဆို၍ မင်းစက်မှာမျက်ခုံးတောင်

လှုပ်သွားမိသည်။

အိမ်ထောင်ကျပြီးတည်းက မင်္ဂလာဦးည

တစ်ညတည်းသာ အဲ့အခန်းမှာကုန်ဆုံးဖူးသည်ကို

သတိရသွားသည်။

အဲ့နေ့ညက ကံမကောင်းစွာပဲကုတင်ပေါ်ကနေ

ကန်ချခံလိုက်ရတယ်။


ဟူး..အဲ့အခန်းကိုတကယ်ပြန်မသွားချင်ဘူး..


❤️❤️❤️❤️❤️❤️❤️❤️


ဆရာသမားကြောက်နေပြီ😄


ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းဆီကို

အထူးကျေးဇူးတင်ရှိပါတယ်..


🔥ဒီဇာတ်လမ်းလေးကို ဒီလထဲမှာပဲ

အပြီးသတ်ပါမယ်နော်..

ဒါလေးပြီးရင် နောက်၀တ္ထုလေးက....


🌼#သနပ်ခါးရနံ့လေးကြူကြူ‌မွှေးSeason2လို့

ယူဆနိုင်တဲ့"စံပယ်မွှေး"နဲ့"နေဂုဏ်မာန်"ရဲ့သား

"သင်္ကြန်မောင်"ရဲ့ဇာတ်လမ်းလေးလာပါမယ်

Plotကတော့မတူပါဘူး..သူ့ဇာတ်နဲ့သူပါ..

လောင်ရတာတွေ ခဏနားချင်လို့

Romance comedyလေးထပ်ရေးတဲ့သဘောပါ..

*စံပယ်မွှေး*ရဲ့သားဆိုတော့ သူ့အ‌မေလိုပဲ

လွဲအုံးမလားနော်🤔


========================================================================


အခန္း(၃၁)

  💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


အခ်ိန္အားျဖင့္ ဆယ့္တစ္နာရီအတိျဖစ္ေနေပမဲ့

ဝိုင္းေလးကေတာ့ အရက္မူးသမားဒုကၡေပးတာနဲ႔

လံုး၀အိပ္၍မရေပ။

မ်က္လံုးေတြက တစ္ခ်က္တစ္ခ်က္

ေမွးသြားခ်င္ေပမဲ့ေရခ်ိဳးခန္းထဲတြင္ 

၀င္၍ေအာ့အန္ေနသူေၾကာင့္

ကိုယ္လည္းမနားရေသးေပ။


"ရွင္..အဆင္ေျပရဲ့လား.."


"အဆင္ေျပပါတယ္..ေအ့.."


ေရခ်ိဳးခန္းတံခါးကိုဖြင့္ကာ ဒယိမ္းဒယိုင္ႏွင့္

သူထြက္လာေလသည္။

သူ႔မ်က္ႏွာတစ္ခုလံုးက နီရဲေနၿပီးအဆင္ေျပတယ္

လို႔ေျပာေနေပမဲ့ ထပ္ၿပီးမအီမသာျဖစ္လာပံုႏွင့္

ေရခ်ိဳးခန္းထဲသို႔ျပန္ေျပးၿပီး အန္ျပန္သည္။


ဝိုင္းေလးလည္း သူ႔ေနာက္သို႔အျမန္လိုက္သြားၿပီး

သူ႔ေက်ာကုန္းကို လက္ဖဝါးနဲ႔သပ္ခ်ေပးလိုက္မိသည္။

သူ႔ၾကၫ့္ရတာ အယ္ကိုေဟာလ္ေတြနဲ႔

ဓာတ္တၫ့္ပံုမရဘူး။

ေတာ္ေတာ္ေလးကို ေဝဒနာခံစားေနရပံုပဲ။


"ရွင့္မွာအစာအိမ္ေရာဂါေတြ ဘာေတြရိွလား.."


"ရိွတယ္..တစ္ခါတေလအစာအိမ္က

ျပန္ထတတ္တယ္.."


"ဒါဆိုရွင္ကအယ္ကိုေဟာလ္နဲ႔မတၫ့္ဘူးေပါ့

ဒါနဲ႔မ်ား..ဘာျဖစ္လို႔ေသာက္လာရတာလဲ..

ကိုယ္နဲ႔မတၫ့္မွန္းသိရင္ ေရွာင္ရမွာေပါ့

ကေလးလည္းမဟုတ္ေတာ့ပဲနဲ႔

ကိုယ့္ဘာသာဆင္ျခင္သင့္တာေပါ့.."


ဗိုက္ထဲမွာမအီမသာျဖစ္ၿပီး အန္ခ်င္ေနရၾကားထဲ

ေဘးနားမွာပြစိပြစိလာလုပ္ေန၍ နားပါပူလာသည္။

ဒါေပမဲ့ ကိုယ့္ေက်ာကိုပုတ္ေပးေနေသာ 

အထိအေတြ့ဖြဖြေလးေၾကာင့္

ေစတနာစကားေတြလို႔ပဲ သတ္မွတ္လိုက္သည္။


အန္ခ်င္စိတ္အနည္းငယ္ေပ်ာက္သြား၍

ႏႈတ္ခမ္းေလးဆူၿပီး ပြစိပြစိေျပာေနေသာ

ဘြားေတာ္ေလးကိုေသခ်ာၾကၫ့္လိုက္မိသည္။

ေရခ်ိဳးခန္းမီးက အကုန္မဖြင့္ထားပဲ ေခါင္းေပၚက

တစ္ခုကိုသာ ထြန္းထားေပမဲ့ ထိုမီးေရာင္

မိွန္ဖ်ဖ်ေလးကေတာင္ ဒီေကာင္မေလးရဲ့

အလွကို ဆုတ္ယုတ္မသြားေစခဲ့ဘူး။


ႀကိဳးတစ္လံုးေလးနဲ႔ အျဖဴေရာင္ဂါ၀န္ေလးကို

၀တ္ထားၿပီး တင္ပါးအုပ္ေသာနက္ေမွာင္သၫ့္

ပိတုန္းေရာင္သန္းေနေသာ ထူထဲသၫ့္

ဆံေကသာက သူေလးကိုအုပ္မိုးလႊမ္းႃခံုထားတယ္။

စကားေျပာေနရင္း ေခါင္းေလးကိုလႈပ္လိုက္တိုင္း

ဆံႏြယ္ေလးေတြ ယိမ္းက်သြားတာကပင္

ကဗ်ာဆန္လြန္းေနသည္။


မ်က္ေတာင္ေကာ့ေကာ့ေလးေတြ ၀န္းရံထားသၫ့္

မ်က္လံုးဝိုင္းဝိုင္းေလးေတြက ၾကည္လင္ၿပီး

လူကိုၫွို႔ယူေနသလိုပဲ။

ပန္းေရာင္သန္းေနေသာ ႏႈတ္ခမ္းစုစုေထြးေထြး

ေလးမ်ားက တကယ္အသဲယားဖို႔ေကာင္းတယ္။

ျဖဴလြန္းေသာ သူေလးရဲ့ႏွင္းလိုအသားအရည္ေၾကာင့္ ေျမေခြးျဖဴေလးက လူသားတစ္ေယာက္ရဲ့

ႏွလံုးသားကို ေဖာက္စားဖို႔ လာျမဴဆြယ္ေနသလို

ခံစားခ်က္ျဖစ္‌ေနသည္။


"ဘာငိုင္ေနတာလဲ..ကၽြန္မေျပာတာကို

ၾကားရဲ့လား.."


အလိုက္မသိတဲ့ ဒီဟာေလးကသူ႔ရဲ့အလွကို

မ်က္လံုးနဲ႔စားသံုးေနမွန္းမသိပဲ

ကိုယ့္မ်က္လံုးေရ႔ွ၌ လက္ကို

လာေဝ့ရမ္းျပ‌ေနေလရဲ့။

အတြင္းစိတ္၏လႈံ႔ေဆာ္မႈေၾကာင့္

ထိုျဖဴႏုေနေသာ လက္ေခ်ာင္း‌သြယ္သြယ္ေလး

မ်ားကို ဖမ္းဆုပ္လိုက္ကာ ကိုယ့္ဘက္သို႔

ဆဲြယူလိုက္မိသည္။


"ဘာျဖစ္လို႔လဲ..."


ကိုယ္ကသူ႔လက္ကို နာေအာင္လုပ္လိုက္တာေတာင္

စိုးရိမ္တာလား၊ၿမွူဆြယ္ေနတာလားမသဲကဲြေသာ

ၫွို႔ဓာတ္ျပင္းသၫ့္မ်က္၀န္းဝိုင္းေလးေတြႏွင့္

ၾကၫ့္လာျပန္သည္။

အရည္ရႊမ္းၿပီးအဲ့လိုဝိုင္းစက္ေနတဲ့

မ်က္၀န္းေတြသာ စပ်စ္သီးေလးဆိုရင္

ကိုက္စားလိုက္မိတာၾကာေပါ့။


"ကိုယ္တစ္ခုခုျဖစ္သြားရင္ မင္းအတြက္

ပိုေပ်ာ္စရာမေကာင္းဘူးလား ကိုယ္ပိုင္သမ်ွကို

မင္းရမွာေလ.."


ဝိုင္းေလးကို တည္တၫ့္စိုက္ၾကၫ့္ၿပီး ေသစကားကို

ေျပာလာ၍ အံ့ဩသြားမိသည္။

သူ႔မ်က္၀န္းအၾကၫ့္ေတြက အတည္ေပါက္ႀကီး

ေျပာေနေပမဲ့ ဝိုင္းေလးကိုစမ္းသပ္ေနသလို

ခံစားေနရတယ္။

ဝိုင္းေလးရဲ့ေစတနာကို သူကသံသယ၀င္ေနပံုပဲ။

အရက္အရိွန္ေၾကာင့္ မ်က္လံုးေတြက

ေမွးက်ဉ္းေနေပမဲ့ ေရတြင္းကဲ့သို႔

နက္ရိႈင္းေနေသးတာေတာ့အမွန္ပါပဲ။


"ကိုယ္ေသသြားရင္.."


"ေသစကားကိုမေျပာပါနဲ႔ေတာ့..

အဲ့လိုေျပာတာကိုမႀကိဳက္ဘူး.."


ရုတ္တရက္ကိုယ့္ကိုကိုယ္ ဘာလုပ္လိုက္မိမွန္း

မသိေပမဲ့ သတိျပဳလိုက္မိတဲ့အခ်ိန္မွာေတာ့

သူ႔ပါးစပ္ကို လက္ႏွင့္အုပ္လိုက္မိမွန္း

သိလိုက္သည္။

သူစိတ္ဆိုးသြားမည္ဟု ထင္လိုက္မိေပမဲ့

သူကစိတ္မဆိုးတဲ့အျပင္ ရယ္သံေတာင္

ထြက္လာေသးသည္။


သူ႔ႏႈတ္ခမ္းႏွင့္ပါးကိုထိမိေနေသာ လက္ကို

အျမန္ဖယ္လိုက္မိေပမဲ့ လက္ဖဝါးေပၚမွ

စိုစြတ္မႈက ေပ်ာက္မသြားေသးေပ။

ရွက္စိတ္ေၾကာင့္ မ်က္ႏွာေတြထူပူလာၿပီး

အေနာက္သို႔ ဆုတ္လိုက္မိေပမဲ့ႏွလံုးခုန္ႏႈန္းေတြ

ျမန္လာတာကိုေတာ့ မထိန္းႏိုင္ခဲ့ဘူး။

ဒီညမွာ ဘာေၾကာင့္အျဖစ္အပ်က္ေတြက

စံုလင္ေနရတာလဲ။


ရင္ခုန္ေနေသာ ခံစားခ်က္ေလးက

ၾကာရွည္မခံလိုက္ေပ။

သူ႔ကထပ္ၿပီး ေအာ့အန္ခ်င္လာ၍

ေရခ်ိဳးခန္းတစ္ခုလံုး နံေစာ္သြားေလသည္။

ခဏအၾကာမွာ သက္သာသြားလို႔သာေတာ္ေတာ့

သည္။


"ဟာ..ဒီနက္ခ္တိုင္ကလည္းျဖည္လို႔ကိုမရဘူး.."


နက္ခ္တိုင္းက ၾကပ္လြန္း‌၍လည္ပင္းအစ္ေနေသာ

သူ႔ကိုၾကၫ့္ၿပီး ကိုယ္ပါစိတ္ညစ္လာသည္။

ဒီညေတာ့ ကိုယ္မကူရင္သူေရာ၊ကိုယ္ေရာ

အိပ္ရမွာကိုမဟုတ္ဘူး။


"ကၽြန္မကူေပးရမလား.."


"အင္း..."


အန္ထား၍လူကႏံုးေနၿပီထင္ပါရဲ့ "အင္း"တစ္လံုး

ထြက္ဖို႔ေတာင္ သူ႔မွာေလးပင္ေနသည္။

သူ႔ဆီမွခြင့္ျပဳခ်က္ရသည္ႏွင့္ နက္ခ္တိုင္ကို

ခၽြတ္ေပးလိုက္မိသည္။

နက္ခ္တိုင္ခၽြတ္ေပးအၿပီးမွာ သူ႔ကိုျပန္ၾကၫ့္

လိုက္ေတာ့ ထိုင္လ်ွက္ႀကီးအိပ္ငိုက္ေနေလသည္။


"အဟင္း.."


ဆံပင္ေတြကလည္း ပြထေနကာေခါင္းငိုက္ဆိုက္က်ေနေသာ သူ႔ပံုစံကိုၾကၫ့္ၿပီး

အသံတိတ္ရယ္လိုက္မိေလသည္။

သူ႔ရဲ့အခုလို ဖရိုဖရဲပံုစံကိုတစ္ေန့မွာ

ျမင္ခြင့္ရလိမ့္မယ္လို႔ မထင္ထားခဲ့မိဘူး။

သတိရိွေနေသာ ပံုမွန္အခ်ိန္မ်ိဳးဆိုရင္ဟိတ္ဟန္

အျပၫ့္နဲ႔ သပ္သပ္ရက္ရက္ေနတတ္တဲ့

ပံုရိပ္ေကာင္းကို အၿမဲထိမ္းထားတတ္တဲ့

လူမဟုတ္ပါလား။


သူ႔ရဲ့ရံုးခန္းဆိုရင္ ဖုန္တစ္စက္မရိွေလာက္ေအာင္

သန႔္ရွင္းေနၿပီး အိတ္ကပ္ထဲမွာအၿမဲ

လက္ကိုင္ပဝါကိုေဆာင္ထားတတ္ကာ သူ႔လက္ကို

အၿမဲသန႔္ေနသူျဖစ္သည္။

ဆံပင္ဆိုလည္း ကပ္ရပ္ေနေအာင္ကို

ရြိုင္းထားတတ္ၿပီးအလုပ္မွာဆို တည္လြန္းတဲ့

မ်က္ႏွာႀကီးေၾကာင့္ အသက္၂၇ႏွစ္လို႔ကို

ေတြးၾကၫ့္လို႔မရတာ။


အခုပံုစံၾကေတာ့ ဆံပင္ေတြကပြထေနၿပီး

အ၀တ္အစားေတြက ရဲြ႔ေစာင္းေနကာ

လူကလည္း ယိုင္နဲ႔ေန၍ မရင့္က်က္ေသးတဲ့

ကေလးေပါက္စလိုပဲ။


"အိက်ႌကနံေနၿပီ..အေပၚကုတ္ကိုခၽြတ္လိုက္ပါလား.."


လံုး၀မလႈပ္လာ၍ အံု႔ဆိုင္းေနေသာ 

သူ႔ဆံပင္ေတြကိုႏွဖူးေပၚမွ

လွန္တင္လိုက္ေတာ့ မ်က္လံုးႀကီးမိွတ္ၿပီး

တကယ္ႀကီးအိပ္ေနသည္။


"ကိုမင္းစက္...ငုတ္တုတ္ႀကီးမအိပ္နဲ႔ေလ

အိပ္ခ်င္ရင္ ေမြ့ယာေပၚမွာေသခ်ာလွဲအိပ္ပါလား"


သူ႔ပခံုးကိုလႈပ္လိုက္ေတာ့ ညည္းသံတစ္ခ်က္

ထြက္လာၿပီး မ်က္လံုးဖြင့္ၾကၫ့္လာသည္။


"ကုတ္အိက်ႌကိုခၽြတ္ၿပီးမွ

အိပ္ခ်င္ရင္ အိပ္ယာေပၚမွာ၀င္လွဲလိုက္ေနာ္.."


ဒီတစ္ခါေတာ့ အသိ၀င္သြားပံုရတယ္။

ခ်က္ခ်င္းေခါင္းညိမ့္ၿပီး ကုတင္တစ္ဖက္စြန္းတြင္

၀င္လွဲလိုက္ေလသည္။

သူအိပ္ေနတာက ဝိုင္းေလးရဲ့ေနရာျဖစ္ေနေပမဲ့

ဘာမွထပ္ၿပီးမေျပာခ်င္ေတာ့၍ သူ႔ေနရာမွာသာ

ဝိုင္းေလးက အိပ္လိုက္ရသည္။

ဆယ့္တစ္နာရီေက်ာ္ေနၿပီျဖစ္၍ မ်က္လံုးေတြ

ေမွးစဉ္းလာၿပီး အိပ္ေပ်ာ္မၫ့္အခ်ိန္မွာပဲ

ေလးလံေသာ ေျခေထာက္ႀကီးကဝိုင္းေလး၏

ကိုယ္ေပၚသို႔ ပစ္တင္လာေလသည္။


"ဒီလူဘယ္လိုျဖစ္ေနတာလဲ.."


 အရက္မူးေနရင္ အသိစိတ္မဲ့တတ္ေတာ့ ဒီလိုပဲ

ျဖစ္တတ္ပါတယ္ေလဆိုၿပီး ေျခေထာက္ကို

ကိုယ္ေပၚမွ အသာဖယ္လိုက္သည္။


ဒါေပမဲ့ ဒင္းကေနာက္တစ္ခါထပ္ၿပီး သူ႔လက္ႀကီးက ေခါင္းေပၚကို အံုးခနဲေရာက္လာျပန္သည္။

အရိွန္ကျပင္းသြား၍ ေခါင္းေတာင္အံုသြားသည္။

ဘယ္လိုမွ သည္းမခံႏိုင္ေတာ့၍ ထထိုင္လိုက္ၿပီး

သူ႔ကိုၾကၫ့္လိုက္ေတာ့လည္း

ဘာမွမသိသလိုေလးနဲ႔ အိပ္ေမာက်ေန‌သည္။


"သူလည္းတမင္ရည္ရြယ္ၿပီး လုပ္တာ

မဟုတ္ေလာက္ပါဘူး..."


အမ်ိဳးမ်ိဳးစိတ္ကို‌ျဖည္လိုက္ၿပီး ျပန္အိပ္ဖို႔ပဲ

လုပ္လိုက္သည္။

ထပ္ၿပီး အိပ္ေပ်ာ္မိမလို ျဖစ္သြားတဲ့အခ်ိန္မွာပဲ..


"အာ့..ေသပါၿပီ..အမယ္ေလးငါ့တင္ပါး.."


ေနာက္ကေန တင္ပါးကိုအကန္ခံလိုက္ရ၍

ႃမွီးေညာင္ရိုးေတာင္ ေအာင့္တက္သြားသည္။

ေယာက္်ားအားႀကီးနဲ႔အကန္ခံလိုက္ရတဲ့အျပင္

သတိရိွမေနပဲ အိပ္ေနရင္းနဲ႔ကန္လိုက္တာဆိုေတာ့

ပိုဆိုးသည္။


"အမေလး..နာလိုက္တာ.."


တမင္ရည္ရြယ္ၿပီး ကန္တယ္ဆိုရင္ေတာင္

ျပန္ေျပာလို႔ရေသးတယ္။ အခုေတာ့အိပ္ရင္းနဲ႔

ေယာင္ေနတာဆိုေတာ့ ေအာင့္သက္သက္ႏွင့္

ခံေနရသည္။


"ဒင္းကမူးေနတာနဲ႔ေရာၿပီး 

ငါ့ကိုေရာသမေမႊေနတာပဲ

သနားမိတာေတာင္ ေနာင္တရတယ္

ေသနာႀကီး..ငါနဲ႔ေတြ့မယ္..."


သည္းမခံႏိုင္ေတာ့၍ ဝိုင္းေလးလည္း

စိတ္ရိွလက္ရိွ ႀကိမ္ဆဲပစ္လိုက္သည္။


❤️❤️❤️❤️❤️❤️❤️


လသာေဆာင္တံခါးကိုဖြင့္ထား၍ ေနေရာင္သည္

အခန္းထဲသို႔တိုက္ရိုက္၀င္ေရာက္လာေလသည္။

အခန္းအပူခ်ိန္ဟာ ျမင့္တက္လာၿပီး

ေနေရာင္ထိုးေန၍ မင္းစက္၏အသားေတြက

ပူစပ္ပူေလာင္ျဖစ္လာသည္။

ထို႔ေၾကာင့္ မ်က္လံုးေတြကိုဖြင့္ၾကၫ့္လိုက္မိေတာ့..


"ဟင္..ငါဘယ္ကိုေရာက္ေနတာလဲ..."


သူအိပ္ေပ်ာ္ေနခဲ့ေသာ ေနရာသည္

ကုတင္ေပၚမွာမဟုတ္ပဲ ကုတင္ေအာက္မွာ

ျဖစ္ေနသည္။

 မင္းစက္အာဏာဆိုသၫ့္

သူဟာ ကိုယ္ပိုင္ကုတင္ေပၚကေန တစ္ခါမွ

ျပဳတ္မက်ခဲ့ဖူးေပ။

အခု..ဘယ္လိုျဖစ္ရတာလဲ။

တစ္ေယာက္ေယာက္က လုပ္ႀကံလိုက္တာမ်ားလား။


"ငါကဘယ္လိုျဖစ္ၿပီးကုတင္ေအာက္ကို

ေရာက္ေနရတာလဲ..အား!!!ခါးရိုးေတြေတာင္

ေတာင့္ေနၿပီ..ၾကၫ့္ရတာတစ္ညလံုး

ႂကြေျပားေပၚမွာ အိပ္ေနမိခဲ့တာထင္တယ္.."


ထထိုင္ဖို႔ေတာင္ ခံယဉ္းေန၍ကုတင္ကို

လက္တင္ၿပီးမနဲႄကံုးရုန္းထလိုက္ရသည္။

သူ႔ဘ၀မွာ ကုတင္ေပၚမျွပဳတ္က်သၫ့္ျဖစ္ရပ္ဟာ

တကယ္ကို အထူးအဆန္းႀကီးပါပဲ။

ၾကမ္းေပၚမွာ အိပ္ေပ်ာ္မိဖို႔ဆိုတာ

ပိုဆိုးတာေပါ့။

အခုေတာ့ ခါးရိုးႀကီးကေတာင့္တင္းေနၿပီး

တစ္ကိုယ္လံုးလည္း ေက်ာက္ဆဲြထားသလို

ေလလံေနသည္။


"ဟိုေကာင္မေလးက ဘယ္ေရာက္သြားတာလဲ.."


ကုတင္ေပၚသို႔ၾကၫ့္လိုက္ေတာ့ ေစာင္ေတြ၊ျခင္ေထာင္ေတြအားလံုးကို ေသေသသပ္သပ္

ေခါက္ထားတာ ေတြ့လိုက္ရသည္။

ဒါေမဝိုင္းေလးပဲဆိုတာေသခ်ာတယ္။


"ေတာက္!!ကိုယ့္လင္သားတစ္ေယာက္လံုး

ေအးစက္ေနတဲ့ ႂကြေျပားေပၚမွာအိပ္ေနရတာကို

တစ္ခ်က္ေလးေတာင္ ႏိႈးေဖာ္မရဘူး..

ေတာ္ေတာ္ေသြးေအးတဲ့မိန္းမ.."


မင္းစက္၏မ်က္ႏွာသည္ ေဒါသမ်ား

ဖံုးလႊမ္းသြားလ်ွက္ ေမဝိုင္းေလးကိုအျပစ္တင္

လိုက္ၿပီးေနာက္ ေနရာမွထကာေရခ်ိဳးခန္းဆီသို႔

ခါးကို ထိန္းလ်ွက္မနည္းေလ်ွာက္သြားရေလသည္။

သူ႔ကို ကုတင္ေပၚမွတြန္းခ်ေသာသူဟာ 

ေမဝိုင္းေလးမွန္းေတာ့ မသိရွာခဲ့ေပ။


❤️❤️❤️❤️❤️❤️


မင္းစက္အာဏာတစ္ေယာက္ ခါးရိုးေတြ

ေတာင့္ေနတာေရာ၊အရက္ဒဏ္ေၾကာင့္မူးေဝေဝ

ျဖစ္ေနတာပါေပါင္းၿပီး ေန့တစ္၀က္ေလာက္

အလုပ္နားမည္ဟု ဆံုးျဖတ္လိုက္သည္။

ခါးကပ္သၫ့္ ေဆးပလာစတာလိုခ်င္၍

ေဒၚခင္ျမတို႔ရိွႏိုင္မၫ့္ ထမင္းစားခန္းထဲသို႔

၀င္လိုက္မိေတာ့ သူ႔ရဲ့အိမ္ရွင္မကအခန္႔သားနဲ႔

ေကာ္ဖီထိုင္ေသာက္ေနေလသည္။


"ေအာ္..ကိုမင္းစက္ေတာင္ႏိုးလာၿပီပဲ...

ထိုင္ေလ..မနက္စာစားေတာ့မလား.."


"အင္း..."


ကိုယ့္ကိုေတြ့တာနဲ႔ အဲ့ဒီ့အရည္ရႊမ္းေနေသာ မ်က္၀န္းဝိုင္းေလးမ်ားႏွင့္ ၾကၫ့္လာျပန္သည္။

ခါးနာေန၍ ဘာမွမေျပာခ်င္တာနဲ႔

 "အင္း"တစ္ခြန္းသာေျပာၿပီး 

ထိုင္ခံုမွာ၀င္ထိုင္လိုက္ရင္း

ေကာ္ဖီႏွင့္ မုန႔္ကိုသာျပင္ခိုင္းလိုက္သည္။


"ေဒၚခင္ျမ..ကၽြန္ေတာ္ခါးနာေနလို႔..အဲ့ဒါ

ခါးကပ္ပလာစတာေလးယူခဲ့ပါဗ်ာ.."


" ခါးနာေနလို႔ဟုတ္လား..

ေဆးပလာစတာက..ကုန္သြားၿပီကြယ့္

..အေရးတႀကီးလိုခ်င္ရင္ေတာ့ ၾကည္ၾကၫ့္ကို

သြား၀ယ္ခိုင္းလိုက္ပါ့မယ္...


"မ၀ယ္နဲ႔ေတာ့ အန္တီခင္ျမ..

ဝိုင္းေလးမနက္ကတင္

ၾကည္ၾကည္တို႔ ေဈးသြားတာနဲ႔ ႄကံုလို႔

မွာထားၿပီးၿပီ..

ၾကည္ၾကည္ေရ တိုက္ဂါးဘမ္းခါးကပ္ပလာစတာ

ယူခဲ့ပါအံုး..."


မင္းစက္တစ္ေယာက္ အံ့ဩသြားမိသည္ ။

ဒီေကာင္မေလးက အလိုက္သိတာလား၊

ဒါမွမဟုတ္ ခါးနာမွာကိုႀကိဳသိေနတာလား။😄


ေဆးပလာစတာကိုေတာင္

ႀကိဳ၀ယ္ထားတယ္ဆိုေတာ့ 

ကိုယ့္ကိုဂရုတစိုက္ရိွေနတဲ့သေဘာေပါ့။

ဒါေပမဲ့ ရင္ထဲမွာခြင့္လႊတ္လို႔မရေသးတဲ့

အစိုင္အခဲတစ္ခုကေတာ့ ရိွေနေသးတာအမွန္ပဲ။


"မမဝိုင္းေလး..ေဆးပလာစတာယူလာပါၿပီ..

အန္တီခင္ျမကိုကပ္ခိုင္းလိုက္ရမလား..."


"ေပးေပး..တို႔ဘာသာကပ္ေပးလိုက္မယ္.."


ထမင္းစားခန္းထဲတြင္ အိမ္အလုပ္သမား

ေလးေယာက္ေလာက္ရိွေနေပမဲ့ တစ္ေယာက္ကိုမွ

မခိုင္းပဲ ကိုယ္တိုင္လုပ္ေပးမည္ဆိုေသာ

ေမဝိုင္းေလး၏ စိတ္အားတက္ႂကြေနမႈကို

မင္းစက္ကေတာ့ မ်က္ေတာင္မခတ္တမ္း

လိုက္ၾကၫ့္ေနမိသည္။


စိတ္ထဲမွာ တစ္ခုခုထူးဆန္းေနသလို

ခံစားေနရတယ္။

ပံုမွန္ဆိုရင္ ကိုယ္နဲ႔ခပ္ခြာခြာေနတတ္တဲ့

ေကာင္မေလးက အခုေတာ့တအားဂရုစိုက္ျပေနသလိုပဲ။

စိတ္ရင္းလား ၊ဟန္ေဆာင္ေနတာလား

မေသခ်ာေပမဲ့ ေမဝိုင္းေလးရဲ့မ်က္၀န္းေတြကေတာ့

ပကတိျဖဴစင္ေနသည္ဟု ထင္မိသည္။


ဒါေပမဲ့ ကိုယ့္ေနာက္ကြယ္မွာေဖာက္ျပန္ခ်င္ေနတဲ့

မိန္းမကို ဘယ္လိုစိတ္နဲ႔ယံုၾကည္လို႔ရပါ့မလဲ။

ဒါဟာ မိန္းမတို႔ရဲ့မာယာအသြယ္သြယ္ထဲက

တစ္ခုပဲေနလိမ့္မည္ဟု ေတြးလိုက္မိၿပီးေနာက္

မင္းစက္၏ႏႈတ္ခမ္းထပ္၌ မဲ့ႃပံုးတစ္ခု

ေပၚလာခဲ့သည္။


*စိတ္၀င္စားစရာပဲ..မင္းဘယ္ေလာက္အထိ

ဟန္ေဆာင္ႏိုင္မလဲ..ေစာင့္ၾကၫ့္ရေသးတာေပါ့..*


ေမဝိုင္းေလးကေတာ့ မင္းစက္ဘာကိုေတြးေန‌သလဲ

စိတ္မ၀င္စားမိေပ။

သူသိတာကေတာ့ အားနာေနမိတာပဲ။

ညတုန္းက သူဟာမူးမူးနဲ႔ကိုယ့္ကိုအိပ္မရေအာင္

ေျခေတြ၊လက္ေတြပစ္တင္ေန၍ စိတ္တိုၿပီး

ကုတင္ေပၚကေန တြန္းခ်လိုက္မိတယ္။


ကိုယ္လည္း ေသြးပူေနတုန္းဆိုေတာ့သူ႔ကို

လွၫ့္မၾကၫ့္ေတာ့ပဲ အိပ္ပစ္လိုက္မိတာ

 မနက္လင္းမွပဲႏိုးေတာ့တယ္။

သူႏိုးလာရင္ ဆူမွာစိုးလို႔အိပ္ယာသိမ္းၿပီးတည္းက

မ်က္ႏွာသစ္၊သြားတိုက္ၿပီး သူမႏိုးခင္ေလး

အခန္းထဲမွ လစ္ထြက္ခဲ့မိတယ္။


အခုေတာ့ ကိုယ့္ေၾကာင့္သူ႔ခမ်ာခါးနာေနတာကို

ေတြ့ရ၍ စိတ္မေကာင္းျဖစ္ရျပန္သည္။

ေနာက္တစ္ခါ သူအရက္မူးလာတဲ့အခါ

အျခားအခန္းမွာ သြားအိပ္လိုက္မည္ဟု

ေတြးထားမိသည္။


"မင္း..ဒီတစ္သက္ပလာစတာကပ္လို႔ 

ၿပီးေတာ့မွာလား.."


"အင္း..ၿပီးပါၿပီ.."


သူ႔ရဲ့ခါးရိုးေနရာမွအသားက နီစပ္စပ္ျဖစ္ေန၍

သနားပါတယ္ဟု ေတြးေနမိခ်ိန္၌

သူ႔ရဲ့ေဒါသအသံကို ၾကားလိုက္ရေတာ့

ျမန္ျမန္လက္စသတ္ေပးလိုက္သည္။


"ကပ္လို႔ၿပီးၿပီ..."


"အင္း.."


ဒီ"အင္း.."တစ္လံုးပဲသူေျပာျပန္ၿပီ။

စိတ္မရွည္၍ အေနာက္ကေနပိတ္ထုလိုက္ခ်င္ေပမဲ့

ေနာက္တစ္မႈထပ္မတိုးခ်င္၍ 

စိတ္ကိုမနည္းေလ်ွာ့ထားလိုက္ရသည္။


"ရွင္ေန့လည္စာ ဘာစားခ်င္လည္း

ကၽြန္မကိုယ္တိုင္ခ်က္ေပးမယ္ေလ.."


အသံတိုးတိုးမ်ွင္မ်ွင္ေလးႏွင့္ ေဘးနားမွာ

လာရပ္၍ေမးေနေသာေၾကာင့္ သူေမာ့ၾကၫ့္လိုက္မိသည္။အမွန္အတိုင္းေျပာရရင္ ဒီမိန္းကေလးက

သိပ္လွတယ္။သူေတြ့ဖူးသမ်ွ မိန္းကေလးေတြနဲ႔

မတူပဲ ၾကည္လင္ၿပီးေအးျမတဲ့ အလွမ်ိဳးကို

ပိုင္ဆိုင္ထားတာ။ဒါေပမဲ့ အဲ့ဒီ့အလွကပဲ

ေယာက္်ားေတြအတြက္ ေထာင္ေခ်ာက္‌ျဖစ္ေနခဲ့တယ္။


ကိုယ့္ရဲ့သူငယ္ခ်င္းအရင္းႀကီးျဖစ္တဲ့ ၀င္းဆိုရင္

ရွစ္ႏွစ္တိုင္တိုင္ ဒီအလွေထာင္ေခ်ာက္ထဲကို

သက္ဆင္းခဲ့ရတယ္။

မနက္ခင္းမွာ ဘာမွလိမ္းျခယ္ထားျခင္း

မရိွတာေတာင္ ၀င္းဖန႔္တဲ့အသားအရည္ေၾကာင့္

သူမတစ္ေယာက္တည္းကို ဆလိုက္မီး

ထိုးထားသလိုကို ေပၚလြင္ေနတာ။

ခုႏွစ္ေဆာင္တိုက္ခန္းဟာ ပပ၀တီေၾကာင့္

မီးမထြန္းပဲလင္းသည္ဆိုေသာ ဒ႑ာရီကိုေတာင္

ယံုရမလိုျဖစ္ေနၿပီ။


"မလိုပါဘူး..ကိုယ့္အတြက္နဲ႔

မင္းအပင္ပန္းခံစရာမလိုပါဘူး.."


"ဒါေပမဲ့ ကၽြန္မကဆႏၵရိွတယ္ေလ.."


"ကိုယ့္အိမ္မွာ ထမင္းဟင္းခ်က္မဲ့လူေတြ

ရိွၿပီးသားပဲ..သူတို႔ရဲ့လက္ရာကိုပဲ

ကိုယ္ကအသားက်ေနၿပီ..ထပ္ၿပီးအရသာ

မေျပာင္းခ်င္ေတာ့ဘူး.."


သူကဝိုင္းေလးကို တကယ္ေနရာမေပးခ်င္မွန္း

သိသာလြန္းလိုက္တာ။

သူ႔ဇနီးတစ္ေယာက္အေနနဲ႔ သူ႔ကိုဟင္းတစ္နပ္

ခ်က္ကၽြေးခ်င္တာေတာင္ လက္မခံဘူး။

သူကဝိုင္းေလးကို ဘာျဖစ္ေစခ်င္‌ေနတာလဲဆိုတာ

စဉ္းစားလို႔ကို မရေတာ့ပါဘူး။


အလုပ္ကေနလည္း ထုတ္ပစ္တဲ့အျပင္

ဟင္းခ်က္ဝါသနာပါလို႔ ခြင့္ေတာင္းေတာ့လည္း

လက္မခံဘူးတ။

ဝိုင္းေလးကို ဘယ္ေနရာမွာမွအသံုးမ၀င္ေအာင္

သူလုပ္ေနတာ။


"တူ..တူ..တူ.."


ထိုအခ်ိန္မွာ ခံုေပၚ၌တင္ထားေသာ

မင္းစက္၏ဖုန္းကထျမည္လာေလသည္။


"ဟယ္လို..."


"ကိုစက္ေရ..အခုခ်က္ခ်င္းအိမ္ကို

ျပန္လာခဲ့စမ္း..ဒီမွာနင့္အဖြားေလျဖန္းမလို

ျဖစ္သြားလို႔.."


"ဘာ!!အဖြားကေလျဖန္းမလိုျဖစ္သြားလို႔ဟုတ္လား.."


မင္းစက္သည္ ဖုန္း၏တစ္ဖက္မွအေမ့ရဲ့ 

တုန္ယင္ေနေသာအသံေၾကာင့္ ခါးနာေနတာကိုပါ

ေမ့သြားၿပီး ခ်က္ခ်င္းထရပ္လိုက္မိသည္။


"ဟုတ္တယ္...မနက္စာသြားပို႔ေတာ့

အာရဲြ႔ၿပီးစကားေတြလံုးေနတာကို သိလိုက္တာ..

အေမလည္းညအိပ္ေစာင့္တဲ့

ေကာင္မေလးကို ဆူပစ္လိုက္တယ္သားရယ္

ခ်စ္သက္လ်ွာကလည္း ဖုန္းဆက္ၾကည့္‌ေတာ့

ခဲြခန္း၀င္ေနရ‌တယ္တဲ့ နင့္အစ္ကိုႀကီးကလည္း

အိမ္မွာမရိွဘူးေလ..အဲ့ဒါသားတို႔လင္မယား

အိမ္ကိုျပန္လာခဲ့ပါကြယ္.."


"ေကာင္းၿပီ..ကၽြန္ေတာ္အခုခ်က္ခ်င္း

လာခဲ့မယ္..အဖြားကိုေဆးရံုတင္ဖို႔

ျပင္ဆင္ထားပါ.."


ဖုန္းေျပာၿပီးသၫ့္ေနာက္ မင္းစက္အာဏာ၏

အမူအရာက မူမမွန္ျဖစ္ေနေလသည္။

သူ႔အဖြားကို စိုးရိမ္ေနမိေသာခံစားခ်က္ေတြက

မ်က္ႏွာမွာပါ ေရာင္ျပန္ဟပ္ေနသည္။


"ကိုမင္းစက္..ကၽြန္မတို႔သြားၾကမယ္ေလ..."


သူ႔စိတ္ေတြဂဏွာမၿငိမ္ျဖစ္ေနခ်ိန္မွာ

သူ႔လက္ေမာင္းကို ဆုပ္ကိုင္လိုက္ေသာ

ႏူးညံ့သၫ့္ လက္ဖဝါးေနြးေနြးေလးေၾကာင့္

အသိစိတ္တို႔ ျပန္၀င္လာခဲ့သည္။


သူ႔ကိုစိုးရိမ္ေသာ မ်က္၀န္းေလးေတြႏွင့္

စိုက္ၾကၫ့္လာၿပီး တိုက္တြန္းေျပာဆိုေသာ

ေကာင္မေလးကို ဘာစကားမွမေျပာမိေပမဲ့

ျဖည္းၫွင္းစြာ ေခါင္းညိမ့္ျပလိုက္မိသည္။


❤️❤️❤️❤️❤️


ဝိုင္းေလးနဲ႔ကိုမင္းစက္တို႔ႏွစ္ေယာက္

 အဖြားအိမ္ကိုေရာက္ေတာ့

မိသားစုဆရာ၀န္ကလည္းေရာက္ႏွင့္ေနေလသည္။

အဖြားကေတာ့ အာရဲြ႔တာျပန္ေကာင္းသြားသည္ဟု

ဆိုသည္။

အဖြားကိုျဖစ္ျဖစ္ခ်င္း ေဆးရံုဘာလို႔

မတင္ရသလဲဆိုၿပီး ကိုမင္းစက္က

အန္တီရတနာကို ေျပာဆိုလုပ္၍သားအမိ

ႏွစ္ေယာက္ စကားမ်ားၾကေသးသည္။


‌ဆရာ၀န္ကေတာ့ အဖြားဟာေသြးေတြ

ေဆာင့္တက္ၿပီး အာရံုေၾကာျပႆနာ‌ေၾကာင့္

အခုလိုျဖစ္သြားသည္ဟု 

ေျပာလာခဲ့သည္။

ဆရာ၀န္ကိုသာအျမန္မေခၚႏိုင္ခဲ့ရင္

ေလျဖန္းတာမ်ိဳးအထိ ျဖစ္ႏိုင္သည္ဟုဆိုသည္။


အမွန္ကေတာ့ ထိုေန့မွာအဖြားက

သူ႔တြင္ ေသြးတိုးမရိွဘူးဟုေတြးၿပီး

၀က္သားခ်က္ခိုင္းၿပီး

ဗိုက္ကယ္ေအာင္အထိ စားလိုက္မိသည္။

ပံုမွန္ဆို ေသြးတိုးက်ေဆးေသာက္ရမည္ဆိုေပမဲ့

မေသာက္လိုက္မိတဲ့အခါ ယခုလိုထျဖစ္သြားေတာ့တာေပါ့။


အဖြားကသက္သာေနၿပီဆိုေပမဲ့ ကိုမင္းစက္က

အားလံုးစိတ္ခ်ရေအာင္ဆိုကာ နာမည္ႀကီး

ပုဂၢလိကေဆးရံုကိုသြားၿပီး 

ဦးေခါင္းစကဲင္မ္ဖတ္တာအထိပါ

 လုပ္ၾကၫ့္သၫ့္အခါမွာေတာ့ 

ဦးေနွာက္အာရံုေၾကာဆိုင္ရာေရာဂါျဖစ္ၿပီး ေလျဖန္းသြားႏိုင္သည္ဟု

ဆရာ၀န္ကသတိေပးကာ ေဆာင္ရန္၊ေရွာင္ရန္

မ်ားႏွင့္ တစ္ပတ္စာေဆးေပးလိုက္ေလသည္။


"အေမ့အေျခအေနက မတည္ၿငိမ္ေသးဘူး

သားရယ္..တစ္ပတ္ေနရင္ျပန္ျပရမွာ

အဲ့တစ္ပတ္အတြင္း တစ္ခုခုျပင္းျပင္းထန္ထန္

ျဖစ္မွာကို စိုးရိမ္တယ္.."


"ဟုတ္တယ္..အဖြားသာဒီရက္အတြင္းတစ္ခုခု

ျဖစ္သြားရင္ ငါ့ေျမးေလးကိုမေတြ့လိုက္ရမွာ

စိုးတယ္ကြယ္..မင္းကတစ္ခ်ိန္လံုး

အလုပ္လုပ္ေနရတာဆိုေတာ့ အဖြားေသရင္ေတာင္

မင္းလာႏိုင္ပါ့မလား.."


"ဟာ..အဖြားကလည္း

ဘာေတြေလ်ွာက္ေျပာေနတာလဲ.."


"ေလ်ွာက္ေျပာေနတာမဟုတ္ဘူးဟဲ့

ေကြးေသာလက္မဆန႔္မွီ ဆန႔္ေသာလက္မေကြးမွီ

ဆိုတဲ့ စကားပံုကိုမင္းမၾကားဖူးဘူးလား..

မင္းကငါ့ကို ဒီလိုမ်ိဳးၾကၫ့္ေနရက္တယ္ေပါ့.."


"အဲ့ေတာ့ ကၽြန္ေတာ္ကဘာလုပ္ေပးရမွာလဲ.."


"သားရယ္ေျပာေနစရာလိုေသးလို႔လား

မင္းရဲ့အဖြားက မင္းတို႔လင္မယားႏွစ္ေယာက္ကို

ဒီအိမ္မွာ ေျပာင္းေနေစခ်င္တာေလ..ဒီတစ္ခါေတာ့

အဖြားရဲ့ဆႏၵကို လိုက္ေလ်ာေပးလိုက္ပါကြယ္..

သိတဲ့အတိုင္းပဲ မွဴးကလည္းသူ႔အလုပ္နဲ႔သူ

အားတာမဟုတ္ဘူး..ခၽြေးမအႀကီးကလည္း

မာနကခပ္ႀကီးႀကီးရယ္ 

သူ႔ကိုလည္းမခိုင္းရဲဘူးဟယ္..အေမၾကျပန္ေတာ့

ရတနာဆိုင္ေတြက ပစ္ထားလို႔မရဘူးေလ

တစ္ခါတေလပဲ အေမ့ကိုျပန္လာၾကၫ့္လို႔ရမွာ

 နင့္အဖြားကဝိုင္းေလးကိုတအားခ်စ္ေတာ့

ဝိုင္းေလးသာ လာေစာင့္ေရွာက္ေပးရင္ 

အဆင္ေျပမွာ.."


ေဒၚႏုယဉ္ႏွင့္ေဒၚရတနာတို႔ သားအမိႏွစ္ေယာက္က

ဇာတ္တိုက္စရာ မလိုေအာင္ကိုအသံထြက္

ညီေနေတာ့ မင္းစက္လည္းသက္ျပင္းခ်ရေလေတာ့သည္။

တကယ္ေတာ့ ဒီအိမ္နဲ႔အလုပ္ကနီးေပမဲ့

အိမ္သားေတြအမ်ားႀကီးနဲ႔ ေနရတာကို

အာရံုေနာက္လို႔ ကိုယ္ပိုင္ဗီလာနဲ႔တမင္ေနေနတာ

ျဖစ္သည္။


အခုေတာ့ အဖြားကေရာဂါကို

မေၾကာင္းျပၿပီး သူ႔ကိုေခ်ာဆဲြေနၿပီေပါ့။

အိမ္‌အလုပ္သမားေတြ ဒီေလာက္မ်ားတာကို

ဘာေၾကာင့္ ေမဝိုင္းေလးကိုမွလဲ။

အင္းေလ..သူစိမ္းထက္ခၽြေးမကပိုယံုရတာေပါ့..


"ေမဝိုင္းေလး..မင္းကေရာအဖြားဆီမွာ

လာေနေပးခ်င္လား.."


"ဟုတ္ကဲ့..ဝိုင္းေလးေနခ်င္ပါတယ္.."


ဝိုင္းေလးလည္း ဘာမွမလုပ္ရမဲ့အတူတူ

အဖြားကိုျပဳစုေပးရတာက ပိုေကာင္းသည္ဟု

ေတြးလိုက္မိသည္။ထို႔ေၾကာင့္ ခ်က္ခ်င္းပဲ

ေခါင္းညိမ့္ပစ္လိုက္သည္။


"ဒါဆို ကၽြန္ေတာ္တို႔ဒီမွာတစ္လေလာက္

ေနေပးပါ့မယ္.."


"၀မ္းသာလိုက္တာငါ့ေျမးရယ္ 

မင္းကဒီအဖြားႀကီးကို တကယ္ေစတနာရိွမွန္း

သိရေတာ့ မ်က္ရည္ေတာင္က်ခ်င္တယ္..."


"အေမတို႔ကေတာ့ လုပ္ၿပီ"ဟုေဒၚရတနာက

ပါးစပ္လႈပ္ရံု ေရရြတ္လိုက္ေလသည္။

အိုဗာတင္းေတြအေဖ်ာ္လြန္းၿပီး သားငယ္က

တစ္လကေန တစ္ပတ္ျဖစ္ကုန္ေတာ့မွာပဲ။


"ဒီလိုဆိုမွေတာ့ သားတို႔လင္မယားေတြက

အရင္အခန္းမွာပဲ တည္းၾကေပါ့..အ၀တ္အစား

ေတြကို ၾကည္ၾကည္တို႔နဲ႔ယူလာခဲ့ခိုင္းလိုက္မယ္.."


အရင္အခန္းဆို၍ မင္းစက္မွာမ်က္ခံုးေတာင္

လႈပ္သြားမိသည္။

အိမ္ေထာင္က်ၿပီးတည္းက မဂၤလာဦးည

တစ္ညတည္းသာ အဲ့အခန္းမွာကုန္ဆံုးဖူးသည္ကို

သတိရသြားသည္။

အဲ့ေန့ညက ကံမေကာင္းစြာပဲကုတင္ေပၚကေန

ကန္ခ်ခံလိုက္ရတယ္။


ဟူး..အဲ့အခန္းကိုတကယ္ျပန္မသြားခ်င္ဘူး..


❤️❤️❤️❤️❤️❤️❤️❤️


ဆရာသမားေၾကာက္ေနၿပီ😄


ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ခ်င္းဆီကို

အထူးေက်းဇူးတင္ရိွပါတယ္..


🔥ဒီဇာတ္လမ္းေလးကို ဒီလထဲမွာပဲ

အၿပီးသတ္ပါမယ္ေနာ္..

ဒါေလးၿပီးရင္ ေနာက္၀တၴုေလးက....


🌼#သနပ္ခါးရနံ႔ေလးၾကဴႂကူ‌ေမႊးSeason2လို႔

ယူဆႏိုင္တဲ့"စံပယ္ေမႊး"နဲ႔"ေနဂုဏ္မာန္"ရဲ့သား

"သႀကၤန္ေမာင္"ရဲ့ဇာတ္လမ္းေလးလာပါမယ္

Plotကေတာ့မတူပါဘူး..သူ႔ဇာတ္နဲ႔သူပါ..

ေလာင္ရတာေတြ ခဏနားခ်င္လို႔

Romance comedyေလးထပ္ေရးတဲ့သေဘာပါ..

*စံပယ္ေမႊး*ရဲ့သားဆိုေတာ့ သူ႔အ‌ေမလိုပဲ

လဲြအံုးမလားေနာ္🤔



8 comments:

  1. ကျေးဇူးပါနော်

    ReplyDelete
  2. အားပေးနေပါတယ်ရှင့်အောင်မြင်မှု့များဆတိုးရရှိပါစေ

    ReplyDelete
  3. နှစ်ခါရှိပြီအကန်ခံရတာ ဒါလဲမမှတ်ဘူး မင်းသားရယ်

    ReplyDelete
  4. ကိုယ့်လင်ကိုတောင် ကိုမင်းစက်အာဏာလောက်မမျှော်မိဘူးကွယ်

    ReplyDelete
  5. ရက်စက်ပါ့ဝိုင်းလေးကကန်ချက်အေးပေါါသူလဲခံရတော့ကန်ချလိုက်တာပေါ့၊ကျေးဇူးပါအရမ်းကောင်းတယလ

    ReplyDelete
    Replies
    1. တွန်းချလိုက်တာမဟုတ်ဘူးလား

      Delete
  6. နောက်တပိုင်းမျှော်မင်းသားကမင်းသမီးကိုဘယ်တော့ချစ်ပြမလဲမသိဘူးရင်ထဲမာပဲသိမ်းထားတုန်း

    ReplyDelete