အခန်း (၃၄)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
မမှူးနှင့်အတူအဖော်ပြုပေးရင်း ဝိုင်းလေး
ရိုက်ကွင်းကိုရောက်သွားလေသည်။
အစကတော့ မမှူးကိုကူညီလုပ်ကိုင်ပေးမည်ဟု
တွေးထားခဲ့ပေမဲ ကူညီစရာမလိုအောင်ကို
အားလုံးပြည်စုံနေလေသည်။
မမှူးကနာမည်ကြီးအဆိုတော်ဆိုတော့
သူထိုင်လိုက်တာနဲ့ မိတ်ကပ်ဆရာကအဆင်သင့်
ဖြစ်နေပြီး အ၀တ်အစားကအစ
ကူပေးမဲ့ရိုက်ကူးရေး၀န်းထမ်း
တွေက အသင့်ဖြစ်နေပြီးသားပင်။
အေးလေ မင်းစက်အာဏာရဲ့အစ်မပဲ
ဒီလောက်တော့ရှိမှာပေါ့။
"ဝိုင်းလေး..ပျင်းနေပြီလား..."
မှူးကရောက်ရောက်ခြင်း ရိုက်ကူးရေး
တန်း၀င်နေရပြီး ယောင်းမလေးခမျာ
စရောက်တည်းက ငုတ်တုတ်ကြီး
ထိုင်စောင့်နေရ၍အားနာသွားမိသည်။
"ပျင်းတာတော့မပျင်းပါဘူး..မမှူးတို့ရိုက်နေတာကို
ကြည့်ပြီးသဘောကျနေတာ..
ဒါပေမဲ့ ဝိုင်းလေးအစကထင်လိုက်မိတာကလေ
အပြင်မှာရိုက်မယ်ထင်တာ အခုကစတူဒီယို
ခန်းကြီးထဲမှာ ဖြစ်နေတယ်..
ဒီအဆောက်အဦးကြီးက အကျယ်ကြီးပဲနော်.."
မေဝိုင်းလေးက စတူဒီယိုကိုအံ့ဩတကြီး
ကြည့်ပြီး အထူးအဆန်းသဖွယ်ပုံစံလေးဖြင့်
ပြောလာ၍ မှူးလည်းရယ်လိုက်မိလေသည်။
ပုံမှန်ဆိုရင် မှူးကအပေါင်းအသင်း
သိပ်အများကြီးထားလေ့မရှိပေ။
ဒါကြောင့်လည်း အရင်တုန်းကဒီကောင်မလေးကို
ခပ်တန်းတန်းပဲ နေခဲ့မိတယ်။
အခုလည်း အဖွားအပေါ်ကောင်းပေးတာ
အတွက်ရော အမေကတိုက်တွန်းနေသည့်
အတွက်ကြောင့်ပါ ကောင်မလေးနဲ့စကားပြောကြည့်မိခြင်းဖြစ်သည်။
သေချာစကားပြောကြည့်တော့မှ မေဝိုင်းလေးက
ပွင့်လင်းပြီး ရိုးသားတာကိုတွေ့လာရတယ်။
အဲ့ဒါက သူသဘောအကျဆုံးအချက်ပဲ။
ပုံမှန်ဆို မင်းစက်အာဏာရဲ့မိန်းမအနေနဲ့
မေဝိုင်းလေးမဟုတ်ပဲ အခြားသူတစ်ယောက်ဆိုရင်
အတော်လေးမောက်မာပြီး
၀င့်ကြွားနေနိုင်လောက်တယ်။
ကိုစက်ရဲ့ ပိုင်ဆိုင်မှုက ကိုယ်တွေနဲ့မိုးနှင့်မြေလို
ကွာခြားနေတာလေ။
သူ့အနားကို ကပ်ချင်နေတဲ့အထဲမှာဆိုရင်
နာမည်ကြီး မင်းသမီးတွေတောင်ပါသေးတယ်။
ကိုစက်အိမ်ထောင်ကျသွားတဲ့ သတင်းကို
ကြားတဲ့အချိန်မှာ ကိုယ့်အပေါင်းအသင်းထဲက
လူတွေတောင် ငိုတဲ့လူကငိုနဲ့။
လက်ထက်ပွဲကို မီဒီယာတွေတစ်သီတစ်တန်းကြီး
ခေါ်ပြီး မလုပ်လိုက်တာကကောင်းတဲ့ကိစ္စလို့
ဆိုရမယ်။
မဟုတ်ရင် မေဝိုင်းလေးရဲ့နောက်ခံနဲ့ဆို
ချမ်းသာတဲ့လူကို တမင်အပိုင်ချိုင်တယ်ဆိုပြီး
လူထုကြားမှာ ပြောမဆုံးပေါင်တောသုံးထောင်
ဖြစ်သွားမှာ သေချာတယ်။
ကိုစက်က ဒီအနုပညာရပ်၀န်းမှာ နာမည်ကြီး
ဖျော်ဖြည်ရေး ကုမ္ပဏီရဲ့စီအီးအိုဖြစ်နေရုံသာမက
အခြား လုပ်ငန်းပေါင်းများစွာကို ဦးစီးနေရသည့်
လူဖြစ်နေတာလည်းပါတယ်။
စီးပွားရေးလောကမှာဆို မင်းစက်အာဏာက
စူပါပါဝါရထားသလို အပြေးတော်တော်
မြန်တယ်လို့ ဆိုရမယ်။
ငယ်ရွယ်ပြီး သူမတူအောင်လည်းအရမ်းကြိုးစားတဲ့
လူငယ်တစ်ယောက်ပေါ့။
"မမှူး..ဒီနေ့ကမမှူးတစ်ယောက်ပဲရိုက်ရမှာလား
၀င်းကမရောက်သေးဘူးနော်.."
"ဟုတ်တယ်..သူကနောက်ကျမှရောက်လာမှာလေ
ဒီနေ့ကတော့ တို့လည်းမအားတော့တာနဲ့
တစ်ယောက်ဆီရိုက်ဖို့ပဲ ပြန်ညှိလိုက်တယ်.."
"ဒါဆို..ဒီနေ့အခြားနေရာကိုရော ပြောင်းပြီး
ရိုက်အုံးမှာလား..."
"ဟင့်အင်း..စတူဒီယိုမှာကရိုက်ကူးရေးအတွက်
လိုချင်တဲ့ ရှူခင်းနောက်ခံပုံစံတွေကို
ဒီဇိုင်းလ်အဖွဲ့ကို ပြင်ခိုင်းပြီးသားလေ
Green screen ခံထားတော့ ရိုက်ကူးရေး
ပြီးရင် နည်းပညာကျွမ်းကျင်တဲ့လူတွေက
လိုချင်တဲ့ပုံစံရအောင် လုပ်ပေးကြတယ်.."
ဝိုင်းလေးလည်း နိုင်ငံခြားသီချင်းတွေ၊
ဇာတ်လမ်းတွဲတွေနှင့်ရုပ်ရှင်တွေကိုကြည့်သူမို့
စတူဒီယိုကြီးထဲမှ လိုချင်တဲ့ဆက်တင်ပုံစံကို
ပြင်ဆင်ပြီး ရိုက်ကူးကြတာကိုနားလည်ပါတယ်။
ဒါပေမဲ့ တစ်ခါမှာကိုယ်တိုင်မမြင်ဖူးတော့
ထူးဆန်းနေမိသည်။
"ဒီအဆောင်အဦးကြီးတစ်ခုလုံးက
ကိုစက်ပိုင်တာလေ..KGကိုတို့အဖေကစပြီး
တည်ထောင်လိုက်တာဆိုပေမဲ့ မင်းစက်ရဲ့
လက်ထက်မှာ လုပ်ငန်းအသစ်တွေပေါ်လာတာ
အများကြီးပဲ..အဖေကကိုယ်ရဲ့အိုင်ဒီယာကို
ကိုယ်ယူလို့ ပြောထားပြီးသားလေ..
ဒါကြောင့်KGလက်အောက်မှာမင်းစက်ရဲ့
ပိုင်ဆိုင်မှုက မနည်းဘူး..ဒီလိုစတူဒီယိုမျိုးက
မြန်မာနိုင်ငံမှာ သူစလုပ်တာလေ..
ဒါမျိုးနောက်ထပ်နှစ်ခုတောင် ရှိသေးတယ်.."
ကိုမင်းစက်တစ်ယောက် မာနမိုးထိုးနေတာလဲ
မပြောနဲ့လေ သူ့ပိုင်ဆိုင်မှုကနည်းမှမနည်းပဲလို့
စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
အမေတို့ပြောသလို ဒီယောက်ျားကိုရတာဟာ
တကယ်ပဲ ကံကောင်းလွန်းနေတာများလား။
အခုချိန်အထိတော့ ဝိုင်းလေးက
အဲ့လိုမထင်မိသေးဘူး။
အိမ်ထောင်ရေး ကံကောင်းပြီးလင်ယောက်ျားရဲ့
ဖူးဖူးမှုတ်ခံထားရသူတွေကို ဝိုင်းလေးတွေ့နေ၊
မြင်နေရသားပဲ။
လုပ်ငန်းလုပ်တဲ့အချိန်တော့ မသိပေမဲ့
ပုံမှန်အချိန်ဆို မင်းစက်အာဏာက
စကားအများကြီးမပြောတတ်ဘူး။
မဖော်ရွေဘူး။ရုပ်တည်ကြီးနဲ့ ပေါင်းရသင်းရ
ခက်ခဲတဲ့အပြင် မာနကလည်းကြီးသေးတယ်။
သူအိမ်ထောင်ကျသွားတဲ့သတင်းကြောင့်
ရုပ်ရှင်မင်းသမီးတွေတောင် ငိုကြသည်တဲ့
ဒါဆို သူ့ကိုရလိုက်တဲ့ ဝိုင်းလေးကထခုန်ရမှာပေါ့။
စိတ်တောင် မကူးဘူး။
"ဝိုင်းလေး..ပျင်းနေရင်
ဟိုဘက်အခြမ်းကကာထားတဲ့ဘက်မှာ
ရုပ်ရှင်ရိုက်နေကြတာသွားကြည့်ပါလား..
တကယ့်သစ်တောပုံစံ ပြင်ဆင်ထားပြီး
ရိုက်နေကြတာ အရမ်းမိုက်တယ်..
တို့က နှစ်နာရီလောက်ကြာအုံးမှာ.."
"ဒါဆိုဝိုင်းလေး သွားကြည့်လိုက်အုံးမယ်နော်.."
"အင်း..သွားလေ.."
မမှူးခွင့်ပြုသည်နှင့် ဝိုင်းလေးလည်း
ပိတ်အပြာကြီးကာထားသော ဘက်အခြမ်းသို့
ကူးလာလိုက်မိလေသည်။
ဟိုဘက်အခြမ်းက ရိုက်ကူးရေးအခန်း
အပြင်အဆင်ကို တွေ့တော့မှ
ဒီအဆောက်အဦးကြီးက ဘာလုပ်ဖို့သုံးသလဲ
ဆိုသည့်အချက်ကို ပိုနားလည်လိုက်မိသည်။
ရိုက်ကူးရေးအတွက် သစ်တောပုံစံအတုလုပ်ထားတာက တကယ်ကိုပီပြင်လွန်းလို့
နောက်ကွယ်က ဖန်တီးသူတွေကိုအင်မတန်
ချီးကျူးနေမိသည်။
ကြည့်ရတာ သူတို့ရိုက်နေသည်ကရာဇ၀င်ကား
ဖြစ်ဖို့များသည်။
သရုပ်ဆောင်တွေက နန်းတွင်း၀တ်စုံတွေကို
၀တ်ထားကြပြီး အချို့ကရဲမက်၀တ်စုံတွေ
၀တ်ထားကြသည်။
လူဆယ့်ငါးယောက်လောက်က အ၀တ်အစား
စုတ်စုတ်ပျက်ပျက်တွေကို ၀တ်ထားပြီး
လက်တွေမှာလည်း ကြိုးတုပ်ခံထားကြရလေသည်။
ကြည့်ရတာ သူတို့ကဖမ်းဆီးခံလာရတဲ့
အပြစ်သားတွေပဲ နေလိမ့်မယ်။
ဝိုင်းလေးလည်း အကူအဖွဲ့သားတစ်ချို့၏
နောက်မှာ ကြည့်နေလိုက်သည်။
ထိုစဉ်လူတစ်ယောက်ကမျက်နှာကြီး
ရှုံ့တွနေပြီး ဝိုင်းလေးတို့ရပ်နေသော
နေရာဆီသို့ လျှောက်လာကာဝိုင်းလေး၏
ခပ်လှမ်းလှမ်းမှာထိုင်၍ ရပ်ကြည့်နေသော
လူ၏လက်ကို လာဆွဲလေသည်။
"ဂျာကြီး..ဒါရိုက်တာကမေးခိုင်းလိုက်တယ်
သုံ့ပန်းတွေထဲမှာ လူတစ်ယောက်လျော့နေတယ်တဲ့.."
မန်နေဂျာဖြစ်သူကလည်း လူတစ်ယောက်
လျော့နေတယ်ဆိုတော့ အဆူခံရတော့မည်ဆိုပြီး
ခေါင်းကုတ်လေတော့သည်။
"ဘယ်ဇာတ်ကောင်လဲ.."
"သိပ်တော့အရေးမပါဘူး..တောင်ပေါ်ကနေ
ပြုတ်ကျရမဲ့ မိန်းကလေးလိုတာ.."
"ရှိတဲ့လူပြုတ်ကျလိုက်လို့ မရဘူးလားကွာ.."
"ဟာ..ကျန်တဲ့လူတွေကပုန်ကန်ကြတဲ့လူတွေလေ
နောက်အပိုင်းမှာ ပြန်ပါရမဲ့ဇာတ်ရံတွေဥစ္စာ
ဘယ်လိုလုပ်ပြီး ရမှာလဲ.."
"ငါလည်းစိတ်ညစ်တယ်ကွာ..ဒါရိုက်တာကလည်း
တစ်မျိုးပြီးတစ်မျိုးပဲ..အခုမလိုဘူးပြောလိုက်
အခုပဲလိုလိုက်နဲ့..အပြောင်းအလဲမြန်ချက်က
တိရိစ္ဆာန်ရုံကမျောက်ကြီးလိုပဲ"
"တိုးတိုးပြောပါဗျာ..ကြားသွားလို့
အကောခံနေရပါအုံးမယ်..ဒါရိုက်တာက
နောက်ဆယ်မိနစ်နေရင် စရိုက်မယ်တဲ့.."
ဆယ်မိနစ်ဆိုသော စကားကိုကြားလိုက်ရတော့
မန်နေဂျာတော့ ခေါင်းကြိမ်းနေလေသည်။
ရိုက်ကွင်းနေရာမှာရှိသည့် ၀န်းထမ်းမိန်းကလေး
တော်တော်များများကလည်း ဆက်တင်ပြင်ဆင်တဲ့
ဒီဇိုင်းပညာရှင်တွေဆိုတော့
အကူအညီမတောင်းရဲဘူး ဖြစ်နေသည်။
မိတ်ကပ်လိမ်းပေးတဲ့ အဖွဲ့တွေကိုလည်း
အအော်ခံရမှာစိုးလို့ မမေးရဲဘူး။
အ၀တ်လဲခန်းထဲက ဒီဇိုင်နာရဲ့
လက်ထောက်တွေကလည်း လုပ်ပေးမယ်မထင်ပေ။
အပြင်လူကို လှမ်းခေါ်ရအောင်လည်း
ဆယ်မိနစ်ထဲနဲ့ မြေလျှိုးမိုးပျံမှသာ
ရနိုင်လိမ့်မည်။
ထိုစဉ်မှာ သူမျက်မှန်းတန်းမိသွားတာက
၀န်ထမ်းတွေနဲ့အတူ ရပ်ကြည့်နေသည့်
သူနဲ့ မလှမ်းမကမ်းမှကောင်မလေးဖြစ်သည်။
ရုပ်လေးကြည့်ရတာတော့ အတော်ငယ်နိုင်သည်။
အကူအညီတောင်းလို့လည်း လွယ်လောက်မဲ့ပုံလေး
ထို့ကြောင့် ကောင်မလေး၏အနားသို့
တိုးကပ်သွားလိုက်မိလေသည်။
"သမီးလေး..ဦးကိုအကူအညီတစ်ခုလောက်
ကူညီပေးပါလားဟင်.."
ဝိုင်းလေးကို မျက်နှာငယ်လေးနဲ့လာကြည့်ပြီး
အကူအညီတောင်းနေ၍ အံ့ဩသွားမိသည်။
ဒီနေရာမှာ ဝိုင်းလေးလုပ်ပေးနိုင်တာ
ဘာရှိလို့ ကူညီရမှာလဲ။
"ဝိုင်းလေးက ဘာကူညီပေးရမှာလဲ.."
"ဟိုလေ..ရိုက်ကူးရေးမှာသရုပ်ဆောင်ဖို့
လူလိုနေလို့လေ..အဲ့ဒါကလေးမက
၀င်ရိုက်ပေးနိုင်မလားဟင်..ဦးလေးတကယ်ကို
အကူအညီလိုနေလို့ပါကွယ်..ဒါရိုက်တာက
အသည်းအသန်လူရှာခိုင်းနေလို့..
အချိန်တိုအတွင်း ဦးကအပြင်လူလည်း
ခေါ်လို့မရလို့ပါ.."
"ဒါပေမဲ့ ဝိုင်းလေးကအချိန်အကြာကြီး
မရဘူးလေ နောက်ပြီး
ဖြတ်လျှောက်လည်းမလုပ်ချင်ပါဘူး.."
"ကူညီပါသမီးရယ်..ဒါရိုက်တာက
အပေါက်အရမ်းဆိုးတော့
ဦးအလုပ်ပြုတ်သွားလိမ့်မယ်..ဦးမှာက
သမီးလေးနှစ်ယောက်ကို ရှာကျွေးနေရတာပါကွယ်
ဒီအလုပ်လေးပြုတ်သွားရင် အဆင်မပြေလို့ပါ..
အကြာကြီးလည်း မရိုက်ရပါဘူး
လမ်းလေးနည်းနည်းလျှောက်ပြီးတာနဲ့
တောင်ပေါ်ကနေ ကြိုးနဲ့ဆွဲချမယ်..
ပြီးရင်အောက်ရောက်တာနဲ့ ကဒ်လို့
ဒါရိုက်တာအော်တဲ့အခါ သမီးရဲ့အခန်းက
ပြီးသွားပါပြီ.."
ဦးလေးကြီးက ရှိခိုးမတတ်တောင်းပန်နေတော့
ဝိုင်းလေးလည်း စိတ်ညစ်လာရသည်။
ခက်တာက သမီးလေးနှစ်ယောက်ဆိုသော
စကားကိုကြားတာနဲ့ ဖေဖေ့ကိုသတိရသွားမိတာပဲ။
ကိုယ်ချင်းစာသလို ၊သနားလည်းသနားမိသွားတယ်။
"ခဏလေးဆိုတာ သေချာတယ်နော်.."
"သေချာပါတယ်.."
"ဒါဆိုလည်း..ကူညီပါ့မယ်.."
ကူညီမယ်လို့ ပြောလိုက်မိပြီးတာနဲ့ မန်နေဂျာက
အ၀တ်လဲခန်းထဲသို့ လူကိုအတင်းထိုးထည့်တော့သည်။
စုတ်ပျက်နေသော သုံ့ပန်း၀တ်စုံကို
၀တ်ပြီးတာနဲ့ မန်နေဂျာက အတင်းလာဆွဲခေါ်ရဲ့
ရိုက်ကွင်းထဲသို့ ၀င်လိုက်ရလေသည်။
"ဂျာကြီး..မင်းရှာပေးတဲ့သုံ့ပန်းကမင်းသမီး
ရှုံးတာပါလား..ဘယ်ကခေါ်လာတာလဲ..
ဆရာရယ်..ကျွန်တော့်အကြောင်းလည်း
သိရဲ့သားနဲ့..ဆရာလိုချင်ရင်ဘာမဆို
သေချာရအောင် လုပ်ပေးဖို့အဆင်သင့်ပဲလေ..
သုံ့ပန်းက ခေါင်းဆောင်မင်းသမီးနီးနီး
လှနေပေမဲ့ တစ်ခန်းပဲပါရတာဆိုတော့
ကိစ္စမရှိပါဘူး.."
"အင်း..နှမျောစရာပဲ.."
ဒါရိုင်တာသည် ကင်မရာကမေဝိုင်းလေးတို့
ဘက်သို့ ချိန်လိုက်သည့်အခါစုတ်ပျက်နေသော
သုံ့ပန်းအ၀တ်အစားနဲ့တောင် အလှမပျက်သည့်
ကလေးမကို နှမျောနေလေသည်။
မေဝိုင်းလေးကတော့ ညစ်နွမ်းနွမ်း
ပိတ်ကြမ်းထည်ကို ၀တ်ထားရပေမဲ့
အသားအရည်က စက္ကူဖြူလေးလိုဖြူဖွေးနေပြီး
ဆံပင်တွေကို ဖားလျားချထားသည့်အခါ
သာမာန်လူနှင့်မတူပဲ တိုင်းတစ်ပါးမှ
ဖမ်းယူလာသောမင်းသမီးလေးနှင့်
သွား၍ တူနေလေသည်။
ထိုအချိန်တွင် အပြာရောင်ပိတ်လိုက်ကာကို
မ၍ အခန်းထဲသို့ ၀င်းတစ်ယောက်
ရောက်လာလေသည်။
မမှူးနှင့်တွေ့ခဲ့ပြီး၍ မင်းစက်ရဲ့မိန်းမကိုခေါ်လာသည်ဟု ပြောတဲ့အချိန်မှာ သူအံ့ဩခဲ့ရတယ်။
မေဝိုင်းလေးက ဒီဘက်ရိုက်ကူးရေးကို
လာကြည့်သည်ဆိုလို့ မမှူးရိုက်နေတဲ့အချိန်
သူက အားနေ၍ ဝိုင်းလေးကိုရှာဖို့
ထွက်လာခဲ့လိုက်သည်။
ဒါပေမဲ့ ရပ်ကြည့်နေသည့်လူတွေနှင့်
ထိုင်နားနေသော ၀န်းထမ်းတွေကြားမှာ
ရှာကြည့်ပေမဲ့ မေဝိုင်းလေးကိုအစအနတောင်
ရှာမတွေ့ဘူးဖြစ်နေသည်။
"ဟိုဟာ..ဝိုင်းဝိုင်းများလား.."
ရိုက်ကွင်းနေရာသို့
ရောက်သွားမိသည့်အချိန်မှာတော့
အရှေ့သို့ပိုတိုးသွားလိုက်ပြီး မျက်လုံးများကို
မှေးကျဉ်း၍ သေချာကြည့်လိုက်မိလေသည်။
*ဟုတ်ပါတယ်..အဲ့ဒါဝိုင်းဝိုင်းပဲ
ဝိုင်းဝိုင်းက ဘာလို့အခြားသရုပ်ဆောင်တွေလို
၀တ်စားထားရတာလဲ.."
သူတွေးလို့မပြီးသေးခင်မှာပဲ
တောင်ကုန်းအတုပုံစံလေးပေါ်ကနေ
အဖွဲ့လိုက်လျှောက်နေရင်းနှင့် ဝိုင်းဝိုင်းက
ချော်ကျတော့မဲ့ပုံစံဖြစ်နေသည်။
ခန္ဓာကိုယ်မှာ ကြိုးဆွဲဖို့တပ်ထားပေမဲ့
တကယ်ပြုတ်ကျလာတဲ့အခါမှာတော့
၀င်းတစ်ယောက် နှစ်ခါစဉ်းစားမနေတော့ပဲ
ဒါရိုက်တာကို ကျော်ပြီးရိုက်ကွင်းထဲသို့
ပြေး၀င်သွားကာ ပြုတ်ကျလာသည့်
ဝိုင်းဝိုင်းကို ပြေးပွေ့လိုက်မိတော့သည်။
"ဟာ..ဘာလုပ်တာလဲ..."
"ဟဲ့..ဘာဖြစ်တာလဲ.."
"အဲ့ဒါအဆိုတော်..၀င်းမဟုတ်လား.."
"ဟုတ်တယ်ဟ..."
ဒါရိုက်တာက ထရပ်လိုက်သလို
ရှူတင်မန်နေဂျာကလည်း လန့်ဖြတ်ပြီး
ကိုယ့်ခေါင်းကိုယ် ပြန်ရိုက်လိုက်မိလေသည်။
လူအားလုံးလည်း အံ့ဩလွန်း၍အမျိုးစုံ
အသံထွက်ကုန်ကြတော့သည်။
အချို့ကလည်း ကောင်မလေးကိုပြေးပွေ့သော
သူမှာ ၀င်းမှန်းသိသွားကြ၍အမိအရ
ဓာတ်ပုံ ရိုက်ယူကြတော့သည်။
တစ်ဖက်မှာတော့ မေဝိုင်းလေးသည်
ကြိုးဆွဲထားမှန်းသိ၍
နောက်တစ်ခါထပ်ရိုက်မပေးချင်တော့တာနဲ့
မျက်လုံးမှိတ်ပြီး အပေါ်ကနေခုန်ချလိုက်မိသည်။
ဖြစ်ချင်တော့ အောက်ကိုပြုတ်ကျရမည့်အစား
လူတစ်ယောက်၏ ဆွဲပွေ့ခြင်းကိုခံလိုက်ရ၍
လန့်သွားမိလေသည်။
"ကိုဦးလား..."
လူကို ခွင့်ပြုချက်မရပဲလာပွေ့နေ၍
ဒေါသထွက်ပြီး မော့ကြည့်လိုက်မိတော့
ကိုဦးဖြစ်နေသည်။
ကိုဦးက ဘာလို့ရိုက်ကူးရေးလုပ်နေတာကို
ခုလိုလုပ်ရသလဲဆိုတာ နားမလည်နိုင်တော့ပေ။
၀င်းကတော့ ဝိုင်းဝိုင်း၏ပေါ့ပါးသော
ကိုယ်လုံးလေးကို ပွေ့ထားလိုက်နိုင်ပေမဲ့
ထိတ်လန့်သွားတာကတော့
မပြယ်သေးပေ။
ဝိုင်းဝိုင်းအနာတရဖြစ်သွားတော့မယ်
ထင်ပြီး အရမ်းစိုးရိမ်သွားခဲ့တာ။
"ဘာလို့ဒီလို၀တ်စားထားရတာလဲ..
မတော်တဆဖြစ်ပြီး ကျိုးပဲ့သွားရင်
ဘယ်လိုလုပ်မလဲ.."
"ဟို..မန်နေဂျာကအကူအညီတောင်းလို့ပါ.."
"သူများအကူအညီတောင်းတိုင်း
လုပ်ပေးစရာလား..ဒါမျိုးကစတန့်သမားတွေ
လုပ်ရမဲ့အလုပ်ကွ.."
"နွေဦးလေပြည်မဟုတ်လား.."
အနောက်မှ ဒါရိုင်တာကလှမ်းခေါ်လိုက်၍
သတိ၀င်လာသော ၀င်းသည်မေဝိုင်းလေးကို
ခပ်တည်တည်နှင့် ပြန်ချပေးလိုက်ပြီး
ဒါရိုက်တာကို မျက်မှောင်ကြုံ့ကာပြန်ကြည့်
လိုက်သည်။
ဒါရိုက်တာကတော့ အကြောင်းမဲ့သက်သက်
ရန်ရှာလိုသော ၀င်း၏မျက်၀န်းတွေနှင့်
သွားဆုံသောအခါ ရှေ့သို့ခြေမလှမ်းရဲတော့ပဲ
နောက်သို့ တစ်လှမ်းဆုတ်သွားလေသည်။
"ခင်ဗျားတို့မှာ ခေါ်ရိုက်စရာလူအဲ့လောက်ပဲ
ရှားသလား..သူတစ်ခုခုဖြစ်သွားရင်
ဘယ်လိုလုပ်မလဲ..."
"၀င်းရေ..ဒီမှာပြဿနာမရှာနဲ့လေ.."
၀င်း၏အနောက်မှ လိုက်လာသောမဇင်ကလည်း
ပြဿနာဖြစ်တော့မည်ကိုသိ၍
အတင်း၀င်တားရလေသည်။
မဟုတ်ရင် မျက်လုံးတွေအများကြီးကြားမှာ
ဆိုတော့ ကိုယ်နဲ့မဆိုင်ပဲ ၀င်ပါမိတဲ့အဖြစ်က
၀င်းရဲ့ပုံရိပ်ကိုထိခိုက်နိုင်သည်။
"ဒါရိုက်တာကြီးကိုတောင်းပန်ပါတယ်ရှင်
ဟိုဘက်ကကောင်မလေးကို ဘာလို့
ခေါ်ရိုက်လည်းမသိပေမဲ့ အဲ့ဒါက၀င်းရဲ့
ညီမ၀မ်းကွဲလေးမို့ပါ...စိတ်မရှိပါနဲ့ရှင်..."
မဇင်က၀င်တောင်းပန်လိုက်ပြီးနောက်မှာ
ဒါရိုက်တာကလည်း မန်နေဂျာကိုခေါ်ဆူလေတော့သည်။
ပြီးနောက်မဇင်က ၀င်းကိုအပြင်သို့
ခေါ်ထုတ်လိုက်သလို ၀င်းကလည်းမေဝိုင်းလေးကို
အ၀တ်အစားလဲခိုင်းပြီး မမှူးဆီကို
သွားခိုင်းလိုက်သည်။
မမှူးကတော့ ဝိုင်းလေးပြန်ရောက်လာသည့်အချိန်မှာ ပြန်ရတော့မည်မို့ ပစ္စည်းတွေသိမ်းနေလေပြီ။
မဇင်က အကျိုးအကြောင်း
ပြောလိုက်သည့်အခိုက်မှာတော့ ၀င်းကို
ကျေးဇူးတွေ လှိမ့်တင်နေတော့သည်။
"ကျေးဇူးတင်ပါတယ်၀င်းရယ်..ငါကဝိုင်းလေးကို
ခေါ်လာပြီး ဂရုမစိုက်နိုင်သလိုဖြစ်သွားတယ်..
ဝိုင်းလေးသာတစ်ခုခုဖြစ်သွားရင် မင်းစက်နဲ့ငါ
ပြဿနာတက်မှာ သေချာတယ်...
ဒါနဲ့..နင်ကဝိုင်းလေးကိုမတွေ့ဖူးပဲ
ဘယ်လိုလုပ်ပြီး ကယ်လိုက်ရတာလဲ.."
"ကျွန်တော်သူ့ကိုတွေ့ဖူးပါတယ်..
ဟိုတစ်ခါမင်းစက်ရဲ့ ရုံးခန်းကိုသွားလည်တော့
သူမိတ်ဆက်ပေးတာ.."
"အော်..အဲ့လိုလား..."
မမှူးကိုလိမ်လိုက်သောကြောင့် ဝိုင်းလေးအံ့ဩ
သွားမိသည်။
ဟိုတစ်ခါရုံးခန်းကို လာလည်တုန်းက
ပြဿနာတွေ တက်ပြီးပြန်သွားခဲ့ရတာလေ။
ဝိုင်းလေးလည်း အဲ့ဒီ့ကိစ္စကိုပဲ မေးချင်လွန်းလို့
လိုက်လာခဲ့မိတာ။
တစ်ခြားရှည်ရှည်ဝေးဝေးတွေ
ရှင်းပြနေရမှာစိုးလို့ပြောလိုက်တာ
ဖြစ်နိုင်ပေမဲ့ ခုဏကဝိုင်းလေးကို
ပြေးပွေ့တဲ့ ကိစ္စပြီးတည်းက မသိခဲ့ဖူးတဲ့
လူတစ်ယောက်လို ဆက်ဆံနေတာမှန်း
သိသာလွန်းနေသည်။
ဝိုင်းလေးနဲ့ မျက်လုံးအကြည့်ချင်းတောင်
မဆုံပဲ တစ်ခုခုပြောပြီးတာနဲ့လှည့်ထွက်သွားတော့သည်။
ဒါကိုကြည့်ချင်းအားဖြင့် ဟိုတစ်နေ့က
ဖြစ်ခဲ့တဲ့ ပြဿနာဟာပေါ့သေးသေး
မဖြစ်နိုင်ဘူး။
မမှူးက ရိုက်ကွင်းကနေအစောကြီး
ပြန်လာရတော့ ဝိုင်းလေးလည်း
ကိုဦးကို ဘာမှမေးခွင့်မရလိုက်ပဲ
ပြန်လာခဲ့လိုက်ရသည်။
စိတ်ထဲမှာတော့ အရမ်းလေးလံနေမိတယ်။
ဒီနေ့တစ်ခုခု ထပ်ဖြစ်ဦးမှာများလား။
👉👉👉👉👉👉
"ဆရာ...ဆရာ့စတူဒီယိုမှာပြဿနာတစ်ခု
ဖြစ်သွားတယ်.."
"မင်းဘာလို့ရုံးခန်းထဲ၀င်တာ
တံခါးမခေါက်ရတာလဲ.."
ကောင်းသန့်လည်း အလောတကြီးဖြစ်ပြီး
ရုံးခန်းထဲသို့ ၀င်မိရာမှမီးတောက်တော့မလို
အကြည့်မျိုးဖြင့် အကြည့်ခံလိုက်ရ၍
ဆက်ပြီးပဲ၀င်ရမလား
အပြင်ပဲ ပြန်ထွက်ရမလားဆိုပြီး
တွေဝေနေရသည်။
"ထားလိုက်တော့ စတူဒီယိုမှာဘာဖြစ်လို့လဲ.."
အမိန့်ရတော့မှပဲ ကောင်းသန့်မှမျက်နာကို
လေအေးလေး ဖြတ်တိုက်သွားသလို
အေးမြသွားလေတော့သည်။
ထိုတော့မှသာ ဖုန်းကိုကိုင်ထားလျှက်ဖြင့်
ဆရာ့ဆီသို့ သွားရလေသည်။
"ဆရာ့စတူဒီယိုမှာ"ကျိန်စာသင့်ချစ်ခြင်းတရား"
ဇာတ်ကားကို ရိုက်နေတာလေ..
အဲ့ဒါစတန့်သမားသုံးရမဲ့အစား
အပြင်မိန်းကလေးကို ခေါ်သုံးမိလို့မတော်တဆ
ဖြစ်သွားတယ်.."
"အဲ့ဒီ့အသေးအမွှားကိစ္စလေးကအစ
ငါ့သိုသံတော်ဦးတင်စရာ လိုလို့လား.."
ဆရာ့ရဲ့ အေးစက်သောရေခဲရိုက်မျက်နှာကို
ကြည့်နေရင်းနှင့် ကောင်းသန့်မှာ
ဆက်ပဲပြောရမလား၊
ပါးစပ်ပေါက်ပဲပိတ်လိုက်ရလား
မဝေခွဲတတ်တော့ပေ။
ဒါပေမဲ့ ဒီကိစ္စကဆရာနဲ့လည်းသက်ဆိုင်နေတော့
မပြောရင်လည်း အပြစ်ဖြစ်နေဦးမယ်။
"အသေးအဖွဲကိစ္စလေးမှန်းတော့ သိပါတယ်
ဒါပေမဲ့..ဒါပေမဲ့ထုတ်လုပ်ရေးအဖွဲ့မှာ
KGကလည်းပါ၀င်ထားတဲ့အပြင်"
မတော်တဆဖြစ်သွားတဲ့
စတဲန့်သမားကိုကယ်လိုက်တဲ့လူက
အဆိုတော်နွေဦးလေပြည်မို့လို့ပါ..."
"ဘာ..၀င်းကဘာကိစ္စ..ရိုက်ကူးရေးမှာ
၀င်ရှုပ်ရတာလဲ..စတူဒီယိုတူနေလို့လား.."
"ဟုတ်တယ်ဆရာ..စတူဒီယိုတစ်ခုထဲမှာ
ရိုက်ကူးရေးနှစ်ခုပါ..အဲ့ဒါထက်ပိုအရေးကြီးတာက
စတဲန့်သမားလေးက ဆရာ့မိန်းမနဲ့ရုပ်တူနေသလိုပဲ
ဆရာ့မိန်းမများ ဖြစ်နေမလားလို့.."
"ဘာ!!!မင်းကငါ့မိန်းမဖြစ်နေမှန်း
ဘယ်လိုသိတာလဲ.."
"ဂရုထဲမှာ ၀န်ထမ်းအချင်းချင်းအဲ့အကြောင်းကို
ပြောနေကြရင်းနဲ့ ဓာတ်ပုံရိုက်ထားတဲ့လူက
ဂရုထဲမှာ ပုံတွေတင်ထားတာတွေ့လို့ပါ.."
"ငါ့ကိုပြစမ်း.."
မင်းစက်အာဏာက အလုပ်သမားတွေအချင်းချင်း
အတင်းအဖျင်းပြောသည့် ဂရုတွေထဲမှာ
၀င်မထားပေမဲ့ ကောင်းသန့်ကတော့စပ်စပ်စုစု
ရှိသူမို့ သူ့ဖုန်းမှာကသတင်းစုံသည်။
ကောင်းသန့်၏ဖုန်းကို ယူကြည့်ပြီးဂရုထဲမှာ
ပြောထားတဲ့ စာတွေကိုသူဖတ်ကြည့်လိုက်မိသည်။
အားလုံးနီးပါးက "၀င်း"ကိုချီးကျူးထားကြသော
စာများသာဖြစ်သည်။
*၀င်းကတကယ်ကို စိတ်ထားကောင်းတာဟယ်
ကောင်မလေးက ဆယ်ကျော်သက်လေးပဲ
ရှိလောက်အုံးမယ်..ကြိုးဆွဲထားတယ်ဆိုပေမဲ့
အောက်ကိုကျရင် ခေါင်းတော့မူးသွားမှာပဲ..*
*အေးလေ..စတဲန့်သမားသုံးရမှာကို
မန်နေဂျာက ဘာလုပ်တာလဲမသိဘူး..*
မဇင်ပြောတာတော့..၀င်းရဲ့ညီမလေးတဲ့..
*ဟုတ်ချင်မှလည်း ဟုတ်မှာပါဟယ်
ဘာပဲဖြစ်ဖြစ် ၀င်းကတကယ်သူများကို
ကူညီတတ်မှန်း သိသာတယ်.."
*ကျွန်တော်တွေ့သားပဲ..အစက..
ကောင်မလေးက ဒီတိုင်းရိုက်ကွင်းကို
ရပ်ကြည့်နေတာ..မန်နေဂျာကသာ
ပန်းနုသွေးပြီး ကောင်မလေးကိုဖြတ်လျှောက်
လုပ်ဖို့ တောင်းဆိုခဲ့တာ..ကောင်မလေးလည်း
သနားပြီး ကူညီလိုက်တာနေမှာပေါ့.."
"အဲ့မန်နေဂျာကိုလင်းက အဲ့အတိုင်းပဲ..
အရမ်းဖြတ်စားတာ..*
*ဘာပဲဖြစ်ဖြစ်..ငါကတော့ကောင်မလေးရဲ့
နေရာမှာပဲ..၀င်နေလိုက်ချင်တော့တယ်..
၀င်းကငါ့ကိုအဲ့လိုလေး ပွေ့ ထားရင်
ငါသာဆိုပြန်လွှတ်ပေးမှာမဟုတ်ဘူး.."
*ဟေ့..ငါရိုက်ထားတဲ့ပုံရှိတယ်..
ကောင်မလေးကလည်း တကယ့်အချောလေးဟ
စိတ်ကူးယဉ်မနေနဲ့ နင်တို့လိုဘဲရုပ်ဆိုးလေး
မဟုတ်ဘူး..*
နောက်ဆုံးမှာ၀န်ထမ်းတစ်ယောက် ပို့ထားတဲ့
ပုံကိုကြည့်ပြီးနောက် ဆရာ့ရဲ့မျက်၀န်းတွေက
တကယ်ကိုမီးဟုန်းဟုန် ထတောက်နေသလိုပဲ။
"ဘုန်း!!!"
"အာ..ဆရာ..အဲ့ဒါကျွန်တော့်ဖုန်းလေးလေ.."
ကောင်းသန့်မှာ ဆရာကခုံပေါ်သို့ဖုန်းကို
ထုချလိုက်၍ ငိုတောင်ငိုချင်သွားသည်။
ဒေါသထွက်ပြီး ကြောက်စရာကောင်းနေတော့
ဆရာ့လက်ထဲကနေလည်း လှမ်းမလုရဲဘူး။
အလိုလိုနေရင်း ချွေးတွေတောင်ပြန်လာသည်။
"ကောင်းသန့်..အခုချက်ချင်းအဲ့ဒီ့ရိုက်ကွင်းမှာ
ရှိခဲ့တဲ့ ၀န်ထမ်းတွေအားလုံးကို
ဒီကိစ္စနဲ့ပတ်သတ်ပြီး
ဓာတ်ပုံဖြစ်ဖြစ် ဗီဒီယိုဖြစ်ဖြစ်ရိုက်ထားရင်
ဖြတ်ခိုင်း..မဟုတ်မမှန်တဲ့သတင်းတွေပြန့်သွားရင်
တရားဆွဲမယ်လို့ပြော..
ပြီးတော့မန်နေဂျာကောင်ကိုအလုပ်ထုတ်ပြစ်လိုက်
ဒါရိုက်တာကိုလည်း ပြောင်းပြစ်လိုက်.."
"ဟာ..ဆရာရယ်..ဒါရိုက်တာကိုတော့
ပြောင်းလို့မကောင်းဘူးထင်တယ်.."
"ဘာလို့မရရမှာလဲ..ရအောင်လုပ်ခိုင်းပေါ့..."
"ဟုတ်ကဲ့ပါ..."
ကောင်းသန့်မှာတော့ ကိစ္စကအဲ့လောက်
ကြီးကျယ်သွားလိမ့်မည်ဟု
မထင်မိခဲ့ပေမဲ့ ဒါရိုက်တာနဲ့ပြဿနာဖြစ်ရမည့်
အရေးတွေးပြီး စိတ်ညစ်နေရသည်။
မင်းစက်ကတော့ ကောင်းသန့်ထွက်သွားသည်နှင့်
အဖွား၏ဖုန်းကို လှမ်းဆက်ကြည့်လိုက်သည်။
"ဟယ်လိုအဖွား..နေကောင်းလား.."
"ကောင်းပါကွယ်..ငါ့မြေးကအဖွားကို
စိတ်ပူနေတာလား.."
"ဟုတ်ကဲ့..အဖွားနေကောင်းလားလှမ်းမေးရင်းနဲ့
သိချင်တာလေးတစ်ခုလည်းရှိလို့ပါ.."
"ထင်သားပဲ..မင်းဒီလောက်ငါ့ကို
ဂရုမစိုက်ပါဘူးလို့..ကဲ..မေး..ဘာမေးမှာလဲ.."
"မေဝိုင်းလေး..ဒီနေ့နေ့ခင်းဘယ်ကိုသွားသေးလဲ
သူအခုအိမ်မှာလား.."
"ကိုစက်ရယ်..မင်းကအကြားအမြင်
ရနေတာများလား ဝိုင်းလေးကမှူးနဲ့အတူ
ရိုက်ကွင်းကိုအလည်လိုက်သွားတယ်လေ..
သူ့ခမျာ အိမ်ထဲမှာပဲနေရတော့အဖွားလည်း
ပျင်းနေမှာစိုးတာနဲ့ ထည့်လိုက်တာ
စောစောပြန်လာမယ်လို့တော့ ပြောသွားတာပဲ..
ဘာဖြစ်လို့လဲ.."
"ဘာမှမဖြစ်ပါဘူး..အဲ့ဒါဆိုသူပြန်လာတဲ့အခါ
ညကြရင် ကျွန်တော်နဲ့အတူပါတီပွဲတစ်ခု
တက်ရမယ်လို့ ပြောပေးပါနော်
မမှူးလည်း အဲ့ပွဲကိုတက်မှာဆိုတော့
မေဝိုင်းလေးကိုမမှူးက
ပြင်ဆင်ပေးထားခိုင်းလိုက်ပါ..ဒါပဲနော်..
ခဏနေ..ကျွန်တော်အပြင်သွားစရာလေးရှိသေးလို့
အဖွားလည်း ကိုယ့်ကိုကိုယ်ဂရုစိုက်.."
"ဟဲ့...နင့်မိန်းမကိုနင်ကိုယ်တိုင် ပြောလိုက်ပါလား
ဘာလို့ငါ့ကိုလာပြောနေတာလဲ.."
"သူ့ကိုမဆက်ချင်လို့ပေါ့ အဖွားပဲပြောလိုက်ပါ.."
မင်းစက်ဖုန်းချသွားသည်နှင့် ဒေါ်နုယဉ်၏
မျက်နှာထက်၀ယ် အပြုံးပန်းတွေပွင့်လန်းလာလေသည်။
မင်းစက်အာဏာက ပွဲတက်တွေဆို
တစ်ယောက်တည်းသွားလေ့ရှိပြီး
ပါတနာခေါ်သွားတယ်ဆိုတာအင်မတန်ရှားသည်။
အခုတော့ သူ့မိန်းမနဲ့အတူ ပွဲတက်ပါမည်တဲ့။
ဒါက မေဝိုင်းလေးကိုသူကိုယ်တိုင်
ပွဲထုတ်ချင်တာပဲမဟုတ်ဘူးလား။
မင်္ဂလာပွဲကိုတောင် ဆွေမျိုးတွေလောက်ပဲ
ဖိတ်ပြီး ဆွမ်းကျွေးသာလုပ်ခဲ့တဲ့လူဟာ
အခုတော့ သူ့မိန်းကလေးကို တရား၀င်
ပွဲထုတ်တော့မည်တဲ့။
*ဒါဆိုငါတို့လည်း မကြာခင်ဘေဘီလေး
ချီရတော့မှာပေါ့..*
🌼🌼🌼🌼🌼
အဖွားကလည်း ဒီဘူတာပဲဆိုက်နေတယ်..😌
==========================================================================
အခန္း (၃၄)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
မမွဴးႏွင့္အတူအေဖာ္ျပဳေပးရင္း ဝိုင္းေလး
ရိုက္ကြင္းကိုေရာက္သြားေလသည္။
အစကေတာ့ မမွဴးကိုကူညီလုပ္ကိုင္ေပးမည္ဟု
ေတြးထားခဲ့ေပမဲ ကူညီစရာမလိုေအာင္ကို
အားလံုးျပည္စံုေနေလသည္။
မမွဴးကနာမည္ႀကီးအဆိုေတာ္ဆိုေတာ့
သူထိုင္လိုက္တာနဲ႔ မိတ္ကပ္ဆရာကအဆင္သင့္
ျဖစ္ေနၿပီး အ၀တ္အစားကအစ
ကူေပးမဲ့ရိုက္ကူးေရး၀န္းထမ္း
ေတြက အသင့္ျဖစ္ေနၿပီးသားပင္။
ေအးေလ မင္းစက္အာဏာရဲ့အစ္မပဲ
ဒီေလာက္ေတာ့ရိွမွာေပါ့။
"ဝိုင္းေလး..ပ်င္းေနၿပီလား..."
မွဴးကေရာက္ေရာက္ျခင္း ရိုက္ကူးေရး
တန္း၀င္ေနရၿပီး ေယာင္းမေလးခမ်ာ
စေရာက္တည္းက ငုတ္တုတ္ႀကီး
ထိုင္ေစာင့္ေနရ၍အားနာသြားမိသည္။
"ပ်င္းတာေတာ့မပ်င္းပါဘူး..မမွဴးတို႔ရိုက္ေနတာကို
ၾကၫ့္ၿပီးသေဘာက်ေနတာ..
ဒါေပမဲ့ ဝိုင္းေလးအစကထင္လိုက္မိတာကေလ
အျပင္မွာရိုက္မယ္ထင္တာ အခုကစတူဒီယို
ခန္းႀကီးထဲမွာ ျဖစ္ေနတယ္..
ဒီအေဆာက္အဦးႀကီးက အက်ယ္ႀကီးပဲေနာ္.."
ေမဝိုင္းေလးက စတူဒီယိုကိုအံ့ဩတႀကီး
ၾကၫ့္ၿပီး အထူးအဆန္းသဖြယ္ပံုစံေလးျဖင့္
ေျပာလာ၍ မွဴးလည္းရယ္လိုက္မိေလသည္။
ပံုမွန္ဆိုရင္ မွဴးကအေပါင္းအသင္း
သိပ္အမ်ားႀကီးထားေလ့မရိွေပ။
ဒါေၾကာင့္လည္း အရင္တုန္းကဒီေကာင္မေလးကို
ခပ္တန္းတန္းပဲ ေနခဲ့မိတယ္။
အခုလည္း အဖြားအေပၚေကာင္းေပးတာ
အတြက္ေရာ အေမကတိုက္တြန္းေနသၫ့္
အတြက္ေၾကာင့္ပါ ေကာင္မေလးနဲ႔စကားေျပာၾကၫ့္မိျခင္းျဖစ္သည္။
ေသခ်ာစကားေျပာၾကၫ့္ေတာ့မွ ေမဝိုင္းေလးက
ပြင့္လင္းၿပီး ရိုးသားတာကိုေတြ့လာရတယ္။
အဲ့ဒါက သူသေဘာအက်ဆံုးအခ်က္ပဲ။
ပံုမွန္ဆို မင္းစက္အာဏာရဲ့မိန္းမအေနနဲ႔
ေမဝိုင္းေလးမဟုတ္ပဲ အျခားသူတစ္ေယာက္ဆိုရင္
အေတာ္ေလးေမာက္မာၿပီး
၀င့္ႂကြားေနႏိုင္ေလာက္တယ္။
ကိုစက္ရဲ့ ပိုင္ဆိုင္မႈက ကိုယ္ေတြနဲ႔မိုးႏွင့္ေျမလို
ကြာျခားေနတာေလ။
သူ႔အနားကို ကပ္ခ်င္ေနတဲ့အထဲမွာဆိုရင္
နာမည္ႀကီး မင္းသမီးေတြေတာင္ပါေသးတယ္။
ကိုစက္အိမ္ေထာင္က်သြားတဲ့ သတင္းကို
ၾကားတဲ့အခ်ိန္မွာ ကိုယ့္အေပါင္းအသင္းထဲက
လူေတြေတာင္ ငိုတဲ့လူကငိုနဲ႔။
လက္ထက္ပဲြကို မီဒီယာေတြတစ္သီတစ္တန္းႀကီး
ေခၚၿပီး မလုပ္လိုက္တာကေကာင္းတဲ့ကိစၥလို႔
ဆိုရမယ္။
မဟုတ္ရင္ ေမဝိုင္းေလးရဲ့ေနာက္ခံနဲ႔ဆို
ခ်မ္းသာတဲ့လူကို တမင္အပိုင္ခ်ိဳင္တယ္ဆိုၿပီး
လူထုၾကားမွာ ေျပာမဆံုးေပါင္ေတာသံုးေထာင္
ျဖစ္သြားမွာ ေသခ်ာတယ္။
ကိုစက္က ဒီအႏုပညာရပ္၀န္းမွာ နာမည္ႀကီး
ေဖ်ာ္ျဖည္ေရး ကုမၸဏီရဲ့စီအီးအိုျဖစ္ေနရံုသာမက
အျခား လုပ္ငန္းေပါင္းမ်ားစြာကို ဦးစီးေနရသၫ့္
လူျဖစ္ေနတာလည္းပါတယ္။
စီးပြားေရးေလာကမွာဆို မင္းစက္အာဏာက
စူပါပါဝါရထားသလို အေျပးေတာ္ေတာ္
ျမန္တယ္လို႔ ဆိုရမယ္။
ငယ္ရြယ္ၿပီး သူမတူေအာင္လည္းအရမ္းႀကိဳးစားတဲ့
လူငယ္တစ္ေယာက္ေပါ့။
"မမွဴး..ဒီေန့ကမမွဴးတစ္ေယာက္ပဲရိုက္ရမွာလား
၀င္းကမေရာက္ေသးဘူးေနာ္.."
"ဟုတ္တယ္..သူကေနာက္က်မွေရာက္လာမွာေလ
ဒီေန့ကေတာ့ တို႔လည္းမအားေတာ့တာနဲ႔
တစ္ေယာက္ဆီရိုက္ဖို႔ပဲ ျပန္ၫွိလိုက္တယ္.."
"ဒါဆို..ဒီေန့အျခားေနရာကိုေရာ ေျပာင္းၿပီး
ရိုက္အံုးမွာလား..."
"ဟင့္အင္း..စတူဒီယိုမွာကရိုက္ကူးေရးအတြက္
လိုခ်င္တဲ့ ရႉခင္းေနာက္ခံပံုစံေတြကို
ဒီဇိုင္းလ္အဖဲြ႔ကို ျပင္ခိုင္းၿပီးသားေလ
Green screen ခံထားေတာ့ ရိုက္ကူးေရး
ၿပီးရင္ နည္းပညာကၽြမ္းက်င္တဲ့လူေတြက
လိုခ်င္တဲ့ပံုစံရေအာင္ လုပ္ေပးၾကတယ္.."
ဝိုင္းေလးလည္း ႏိုင္ငံျခားသီခ်င္းေတြ၊
ဇာတ္လမ္းတဲြေတြႏွင့္ရုပ္ရွင္ေတြကိုၾကၫ့္သူမို႔
စတူဒီယိုႀကီးထဲမွ လိုခ်င္တဲ့ဆက္တင္ပံုစံကို
ျပင္ဆင္ၿပီး ရိုက္ကူးၾကတာကိုနားလည္ပါတယ္။
ဒါေပမဲ့ တစ္ခါမွာကိုယ္တိုင္မျမင္ဖူးေတာ့
ထူးဆန္းေနမိသည္။
"ဒီအေဆာင္အဦးႀကီးတစ္ခုလံုးက
ကိုစက္ပိုင္တာေလ..KGကိုတို႔အေဖကစၿပီး
တည္ေထာင္လိုက္တာဆိုေပမဲ့ မင္းစက္ရဲ့
လက္ထက္မွာ လုပ္ငန္းအသစ္ေတြေပၚလာတာ
အမ်ားႀကီးပဲ..အေဖကကိုယ္ရဲ့အိုင္ဒီယာကို
ကိုယ္ယူလို႔ ေျပာထားၿပီးသားေလ..
ဒါေၾကာင့္KGလက္ေအာက္မွာမင္းစက္ရဲ့
ပိုင္ဆိုင္မႈက မနည္းဘူး..ဒီလိုစတူဒီယိုမ်ိဳးက
ျမန္မာႏိုင္ငံမွာ သူစလုပ္တာေလ..
ဒါမ်ိဳးေနာက္ထပ္ႏွစ္ခုေတာင္ ရိွေသးတယ္.."
ကိုမင္းစက္တစ္ေယာက္ မာနမိုးထိုးေနတာလဲ
မေျပာနဲ႔ေလ သူ႔ပိုင္ဆိုင္မႈကနည္းမွမနည္းပဲလို႔
စိတ္ထဲမွ ေရရြတ္လိုက္မိသည္။
အေမတို႔ေျပာသလို ဒီေယာက္်ားကိုရတာဟာ
တကယ္ပဲ ကံေကာင္းလြန္းေနတာမ်ားလား။
အခုခ်ိန္အထိေတာ့ ဝိုင္းေလးက
အဲ့လိုမထင္မိေသးဘူး။
အိမ္ေထာင္ေရး ကံေကာင္းၿပီးလင္ေယာက္်ားရဲ့
ဖူးဖူးမႈတ္ခံထားရသူေတြကို ဝိုင္းေလးေတြ့ေန၊
ျမင္ေနရသားပဲ။
လုပ္ငန္းလုပ္တဲ့အခ်ိန္ေတာ့ မသိေပမဲ့
ပံုမွန္အခ်ိန္ဆို မင္းစက္အာဏာက
စကားအမ်ားႀကီးမေျပာတတ္ဘူး။
မေဖာ္ေရြဘူး။ရုပ္တည္ႀကီးနဲ႔ ေပါင္းရသင္းရ
ခက္ခဲတဲ့အျပင္ မာနကလည္းႀကီးေသးတယ္။
သူအိမ္ေထာင္က်သြားတဲ့သတင္းေၾကာင့္
ရုပ္ရွင္မင္းသမီးေတြေတာင္ ငိုၾကသည္တဲ့
ဒါဆို သူ႔ကိုရလိုက္တဲ့ ဝိုင္းေလးကထခုန္ရမွာေပါ့။
စိတ္ေတာင္ မကူးဘူး။
"ဝိုင္းေလး..ပ်င္းေနရင္
ဟိုဘက္အျခမ္းကကာထားတဲ့ဘက္မွာ
ရုပ္ရွင္ရိုက္ေနၾကတာသြားၾကၫ့္ပါလား..
တကယ့္သစ္ေတာပံုစံ ျပင္ဆင္ထားၿပီး
ရိုက္ေနၾကတာ အရမ္းမိုက္တယ္..
တို႔က ႏွစ္နာရီေလာက္ၾကာအံုးမွာ.."
"ဒါဆိုဝိုင္းေလး သြားၾကၫ့္လိုက္အံုးမယ္ေနာ္.."
"အင္း..သြားေလ.."
မမွဴးခြင့္ျပဳသည္ႏွင့္ ဝိုင္းေလးလည္း
ပိတ္အျပာႀကီးကာထားေသာ ဘက္အျခမ္းသို႔
ကူးလာလိုက္မိေလသည္။
ဟိုဘက္အျခမ္းက ရိုက္ကူးေရးအခန္း
အျပင္အဆင္ကို ေတြ့ေတာ့မွ
ဒီအေဆာက္အဦးႀကီးက ဘာလုပ္ဖို႔သံုးသလဲ
ဆိုသည့္အခ်က္ကို ပိုနားလည္လိုက္မိသည္။
ရိုက္ကူးေရးအတြက္ သစ္ေတာပံုစံအတုလုပ္ထားတာက တကယ္ကိုပီျပင္လြန္းလို႔
ေနာက္ကြယ္က ဖန္တီးသူေတြကိုအင္မတန္
ခ်ီးက်ူးေနမိသည္။
ၾကၫ့္ရတာ သူတို႔ရိုက္ေနသည္ကရာဇ၀င္ကား
ျဖစ္ဖို႔မ်ားသည္။
သရုပ္ေဆာင္ေတြက နန္းတြင္း၀တ္စံုေတြကို
၀တ္ထားၾကၿပီး အခ်ိဳ႕ကရဲမက္၀တ္စံုေတြ
၀တ္ထားၾကသည္။
လူဆယ့္ငါးေယာက္ေလာက္က အ၀တ္အစား
စုတ္စုတ္ပ်က္ပ်က္ေတြကို ၀တ္ထားၿပီး
လက္ေတြမွာလည္း ႀကိဳးတုပ္ခံထားၾကရေလသည္။
ၾကၫ့္ရတာ သူတို႔ကဖမ္းဆီးခံလာရတဲ့
အျပစ္သားေတြပဲ ေနလိမ့္မယ္။
ဝိုင္းေလးလည္း အကူအဖဲြ႔သားတစ္ခ်ိဳ႕၏
ေနာက္မွာ ၾကၫ့္ေနလိုက္သည္။
ထိုစဉ္လူတစ္ေယာက္ကမ်က္ႏွာႀကီး
ရႈံ႔တြေနၿပီး ဝိုင္းေလးတို႔ရပ္ေနေသာ
ေနရာဆီသို႔ ေလ်ွာက္လာကာဝိုင္းေလး၏
ခပ္လွမ္းလွမ္းမွာထိုင္၍ ရပ္ၾကၫ့္ေနေသာ
လူ၏လက္ကို လာဆဲြေလသည္။
"ဂ်ာႀကီး..ဒါရိုက္တာကေမးခိုင္းလိုက္တယ္
သံု႔ပန္းေတြထဲမွာ လူတစ္ေယာက္ေလ်ာ့ေနတယ္တဲ့.."
မန္ေနဂ်ာျဖစ္သူကလည္း လူတစ္ေယာက္
ေလ်ာ့ေနတယ္ဆိုေတာ့ အဆူခံရေတာ့မည္ဆိုၿပီး
ေခါင္းကုတ္ေလေတာ့သည္။
"ဘယ္ဇာတ္ေကာင္လဲ.."
"သိပ္ေတာ့အေရးမပါဘူး..ေတာင္ေပၚကေန
ျပဳတ္က်ရမဲ့ မိန္းကေလးလိုတာ.."
"ရိွတဲ့လူျပဳတ္က်လိုက္လို႔ မရဘူးလားကြာ.."
"ဟာ..က်န္တဲ့လူေတြကပုန္ကန္ၾကတဲ့လူေတြေလ
ေနာက္အပိုင္းမွာ ျပန္ပါရမဲ့ဇာတ္ရံေတြဥစၥာ
ဘယ္လိုလုပ္ၿပီး ရမွာလဲ.."
"ငါလည္းစိတ္ညစ္တယ္ကြာ..ဒါရိုက္တာကလည္း
တစ္မ်ိဳးၿပီးတစ္မ်ိဳးပဲ..အခုမလိုဘူးေျပာလိုက္
အခုပဲလိုလိုက္နဲ႔..အေျပာင္းအလဲျမန္ခ်က္က
တိရိစၧာန္ရံုကေမ်ာက္ႀကီးလိုပဲ"
"တိုးတိုးေျပာပါဗ်ာ..ၾကားသြားလို႔
အေကာခံေနရပါအံုးမယ္..ဒါရိုက္တာက
ေနာက္ဆယ္မိနစ္ေနရင္ စရိုက္မယ္တဲ့.."
ဆယ္မိနစ္ဆိုေသာ စကားကိုၾကားလိုက္ရေတာ့
မန္ေနဂ်ာေတာ့ ေခါင္းႀကိမ္းေနေလသည္။
ရိုက္ကြင္းေနရာမွာရိွသၫ့္ ၀န္းထမ္းမိန္းကေလး
ေတာ္ေတာ္မ်ားမ်ားကလည္း ဆက္တင္ျပင္ဆင္တဲ့
ဒီဇိုင္းပညာရွင္ေတြဆိုေတာ့
အကူအညီမေတာင္းရဲဘူး ျဖစ္ေနသည္။
မိတ္ကပ္လိမ္းေပးတဲ့ အဖဲြ႔ေတြကိုလည္း
အေအာ္ခံရမွာစိုးလို႔ မေမးရဲဘူး။
အ၀တ္လဲခန္းထဲက ဒီဇိုင္နာရဲ့
လက္ေထာက္ေတြကလည္း လုပ္ေပးမယ္မထင္ေပ။
အျပင္လူကို လွမ္းေခၚရေအာင္လည္း
ဆယ္မိနစ္ထဲနဲ႔ ေျမလ်ိႈးမိုးပ်ံမွသာ
ရႏိုင္လိမ့္မည္။
ထိုစဉ္မွာ သူမ်က္မွန္းတန္းမိသြားတာက
၀န္ထမ္းေတြနဲ႔အတူ ရပ္ၾကၫ့္ေနသၫ့္
သူနဲ႔ မလွမ္းမကမ္းမွေကာင္မေလးျဖစ္သည္။
ရုပ္ေလးၾကၫ့္ရတာေတာ့ အေတာ္ငယ္ႏိုင္သည္။
အကူအညီေတာင္းလို႔လည္း လြယ္ေလာက္မဲ့ပံုေလး
ထို႔ေၾကာင့္ ေကာင္မေလး၏အနားသို႔
တိုးကပ္သြားလိုက္မိေလသည္။
"သမီးေလး..ဦးကိုအကူအညီတစ္ခုေလာက္
ကူညီေပးပါလားဟင္.."
ဝိုင္းေလးကို မ်က္ႏွာငယ္ေလးနဲ႔လာၾကၫ့္ၿပီး
အကူအညီေတာင္းေန၍ အံ့ဩသြားမိသည္။
ဒီေနရာမွာ ဝိုင္းေလးလုပ္ေပးႏိုင္တာ
ဘာရိွလို႔ ကူညီရမွာလဲ။
"ဝိုင္းေလးက ဘာကူညီေပးရမွာလဲ.."
"ဟိုေလ..ရိုက္ကူးေရးမွာသရုပ္ေဆာင္ဖို႔
လူလိုေနလို႔ေလ..အဲ့ဒါကေလးမက
၀င္ရိုက္ေပးႏိုင္မလားဟင္..ဦးေလးတကယ္ကို
အကူအညီလိုေနလို႔ပါကြယ္..ဒါရိုက္တာက
အသည္းအသန္လူရွာခိုင္းေနလို႔..
အခ်ိန္တိုအတြင္း ဦးကအျပင္လူလည္း
ေခၚလို႔မရလို႔ပါ.."
"ဒါေပမဲ့ ဝိုင္းေလးကအခ်ိန္အၾကာႀကီး
မရဘူးေလ ေနာက္ၿပီး
ျဖတ္ေလ်ွာက္လည္းမလုပ္ခ်င္ပါဘူး.."
"ကူညီပါသမီးရယ္..ဒါရိုက္တာက
အေပါက္အရမ္းဆိုးေတာ့
ဦးအလုပ္ျပဳတ္သြားလိမ့္မယ္..ဦးမွာက
သမီးေလးႏွစ္ေယာက္ကို ရွာကၽြေးေနရတာပါကြယ္
ဒီအလုပ္ေလးျပဳတ္သြားရင္ အဆင္မေျပလို႔ပါ..
အၾကာႀကီးလည္း မရိုက္ရပါဘူး
လမ္းေလးနည္းနည္းေလ်ွာက္ၿပီးတာနဲ႔
ေတာင္ေပၚကေန ႀကိဳးနဲ႔ဆဲြခ်မယ္..
ၿပီးရင္ေအာက္ေရာက္တာနဲ႔ ကဒ္လို႔
ဒါရိုက္တာေအာ္တဲ့အခါ သမီးရဲ့အခန္းက
ၿပီးသြားပါၿပီ.."
ဦးေလးႀကီးက ရိွခိုးမတတ္ေတာင္းပန္ေနေတာ့
ဝိုင္းေလးလည္း စိတ္ညစ္လာရသည္။
ခက္တာက သမီးေလးႏွစ္ေယာက္ဆိုေသာ
စကားကိုၾကားတာနဲ႔ ေဖေဖ့ကိုသတိရသြားမိတာပဲ။
ကိုယ္ခ်င္းစာသလို ၊သနားလည္းသနားမိသြားတယ္။
"ခဏေလးဆိုတာ ေသခ်ာတယ္ေနာ္.."
"ေသခ်ာပါတယ္.."
"ဒါဆိုလည္း..ကူညီပါ့မယ္.."
ကူညီမယ္လို႔ ေျပာလိုက္မိၿပီးတာနဲ႔ မန္ေနဂ်ာက
အ၀တ္လဲခန္းထဲသို႔ လူကိုအတင္းထိုးထၫ့္ေတာ့သည္။
စုတ္ပ်က္ေနေသာ သံု႔ပန္း၀တ္စံုကို
၀တ္ၿပီးတာနဲ႔ မန္ေနဂ်ာက အတင္းလာဆဲြေခၚရဲ့
ရိုက္ကြင္းထဲသို႔ ၀င္လိုက္ရေလသည္။
"ဂ်ာႀကီး..မင္းရွာေပးတဲ့သံု႔ပန္းကမင္းသမီး
ရႈံးတာပါလား..ဘယ္ကေခၚလာတာလဲ..
ဆရာရယ္..ကၽြန္ေတာ့္အေၾကာင္းလည္း
သိရဲ့သားနဲ႔..ဆရာလိုခ်င္ရင္ဘာမဆို
ေသခ်ာရေအာင္ လုပ္ေပးဖို႔အဆင္သင့္ပဲေလ..
သံု႔ပန္းက ေခါင္းေဆာင္မင္းသမီးနီးနီး
လွေနေပမဲ့ တစ္ခန္းပဲပါရတာဆိုေတာ့
ကိစၥမရိွပါဘူး.."
"အင္း..ႏွေမ်ာစရာပဲ.."
ဒါရိုင္တာသည္ ကင္မရာကေမဝိုင္းေလးတို႔
ဘက္သို႔ ခ်ိန္လိုက္သၫ့္အခါစုတ္ပ်က္ေနေသာ
သံု႔ပန္းအ၀တ္အစားနဲ႔ေတာင္ အလွမပ်က္သၫ့္
ကေလးမကို ႏွေမ်ာေနေလသည္။
ေမဝိုင္းေလးကေတာ့ ညစ္ႏြမ္းႏြမ္း
ပိတ္ၾကမ္းထည္ကို ၀တ္ထားရေပမဲ့
အသားအရည္က စကၠူျဖဴေလးလိုျဖဴေဖြးေနၿပီး
ဆံပင္ေတြကို ဖားလ်ားခ်ထားသၫ့္အခါ
သာမာန္လူႏွင့္မတူပဲ တိုင္းတစ္ပါးမွ
ဖမ္းယူလာေသာမင္းသမီးေလးႏွင့္
သြား၍ တူေနေလသည္။
ထိုအခ်ိန္တြင္ အျပာေရာင္ပိတ္လိုက္ကာကို
မ၍ အခန္းထဲသို႔ ၀င္းတစ္ေယာက္
ေရာက္လာေလသည္။
မမွဴးႏွင့္ေတြ့ခဲ့ၿပီး၍ မင္းစက္ရဲ့မိန္းမကိုေခၚလာသည္ဟု ေျပာတဲ့အခ်ိန္မွာ သူအံ့ဩခဲ့ရတယ္။
ေမဝိုင္းေလးက ဒီဘက္ရိုက္ကူးေရးကို
လာၾကည့္သည္ဆိုလို႔ မမွဴးရိုက္ေနတဲ့အခ်ိန္
သူက အားေန၍ ဝိုင္းေလးကိုရွာဖို႔
ထြက္လာခဲ့လိုက္သည္။
ဒါေပမဲ့ ရပ္ၾကၫ့္ေနသၫ့္လူေတြႏွင့္
ထိုင္နားေနေသာ ၀န္းထမ္းေတြၾကားမွာ
ရွာၾကၫ့္ေပမဲ့ ေမဝိုင္းေလးကိုအစအနေတာင္
ရွာမေတြ့ဘူးျဖစ္ေနသည္။
"ဟိုဟာ..ဝိုင္းဝိုင္းမ်ားလား.."
ရိုက္ကြင္းေနရာသို႔
ေရာက္သြားမိသၫ့္အခ်ိန္မွာေတာ့
အေရ႔ွသို႔ပိုတိုးသြားလိုက္ၿပီး မ်က္လံုးမ်ားကို
ေမွးက်ဉ္း၍ ေသခ်ာၾကၫ့္လိုက္မိေလသည္။
*ဟုတ္ပါတယ္..အဲ့ဒါဝိုင္းဝိုင္းပဲ
ဝိုင္းဝိုင္းက ဘာလို႔အျခားသရုပ္ေဆာင္ေတြလို
၀တ္စားထားရတာလဲ.."
သူေတြးလို႔မၿပီးေသးခင္မွာပဲ
ေတာင္ကုန္းအတုပံုစံေလးေပၚကေန
အဖဲြ႔လိုက္ေလ်ွာက္ေနရင္းႏွင့္ ဝိုင္းဝိုင္းက
ေခ်ာ္က်ေတာ့မဲ့ပံုစံျဖစ္ေနသည္။
ခႏၶာကိုယ္မွာ ႀကိဳးဆဲြဖို႔တပ္ထားေပမဲ့
တကယ္ျပဳတ္က်လာတဲ့အခါမွာေတာ့
၀င္းတစ္ေယာက္ ႏွစ္ခါစဉ္းစားမေနေတာ့ပဲ
ဒါရိုက္တာကို ေက်ာ္ၿပီးရိုက္ကြင္းထဲသို႔
ေျပး၀င္သြားကာ ျပဳတ္က်လာသၫ့္
ဝိုင္းဝိုင္းကို ေျပးေပြ့လိုက္မိေတာ့သည္။
"ဟာ..ဘာလုပ္တာလဲ..."
"ဟဲ့..ဘာျဖစ္တာလဲ.."
"အဲ့ဒါအဆိုေတာ္..၀င္းမဟုတ္လား.."
"ဟုတ္တယ္ဟ..."
ဒါရိုက္တာက ထရပ္လိုက္သလို
ရႉတင္မန္ေနဂ်ာကလည္း လန႔္ျဖတ္ၿပီး
ကိုယ့္ေခါင္းကိုယ္ ျပန္ရိုက္လိုက္မိေလသည္။
လူအားလံုးလည္း အံ့ဩလြန္း၍အမ်ိဳးစံု
အသံထြက္ကုန္ၾကေတာ့သည္။
အခ်ိဳ႕ကလည္း ေကာင္မေလးကိုေျပးေပြ့ေသာ
သူမွာ ၀င္းမွန္းသိသြားၾက၍အမိအရ
ဓာတ္ပံု ရိုက္ယူၾကေတာ့သည္။
တစ္ဖက္မွာေတာ့ ေမဝိုင္းေလးသည္
ႀကိဳးဆဲြထားမွန္းသိ၍
ေနာက္တစ္ခါထပ္ရိုက္မေပးခ်င္ေတာ့တာနဲ႔
မ်က္လံုးမိွတ္ၿပီး အေပၚကေနခုန္ခ်လိုက္မိသည္။
ျဖစ္ခ်င္ေတာ့ ေအာက္ကိုျပဳတ္က်ရမၫ့္အစား
လူတစ္ေယာက္၏ ဆဲြေပြ့ျခင္းကိုခံလိုက္ရ၍
လန႔္သြားမိေလသည္။
"ကိုဦးလား..."
လူကို ခြင့္ျပဳခ်က္မရပဲလာေပြ့ေန၍
ေဒါသထြက္ၿပီး ေမာ့ၾကၫ့္လိုက္မိေတာ့
ကိုဦးျဖစ္ေနသည္။
ကိုဦးက ဘာလို႔ရိုက္ကူးေရးလုပ္ေနတာကို
ခုလိုလုပ္ရသလဲဆိုတာ နားမလည္ႏိုင္ေတာ့ေပ။
၀င္းကေတာ့ ဝိုင္းဝိုင္း၏ေပါ့ပါးေသာ
ကိုယ္လံုးေလးကို ေပြ့ထားလိုက္ႏိုင္ေပမဲ့
ထိတ္လန႔္သြားတာကေတာ့
မျပယ္ေသးေပ။
ဝိုင္းဝိုင္းအနာတရျဖစ္သြားေတာ့မယ္
ထင္ၿပီး အရမ္းစိုးရိမ္သြားခဲ့တာ။
"ဘာလို႔ဒီလို၀တ္စားထားရတာလဲ..
မေတာ္တဆျဖစ္ၿပီး က်ိဳးပဲ့သြားရင္
ဘယ္လိုလုပ္မလဲ.."
"ဟို..မန္ေနဂ်ာကအကူအညီေတာင္းလို႔ပါ.."
"သူမ်ားအကူအညီေတာင္းတိုင္း
လုပ္ေပးစရာလား..ဒါမ်ိဳးကစတန႔္သမားေတြ
လုပ္ရမဲ့အလုပ္ကြ.."
"ေနြဦးေလျပည္မဟုတ္လား.."
အေနာက္မွ ဒါရိုင္တာကလွမ္းေခၚလိုက္၍
သတိ၀င္လာေသာ ၀င္းသည္ေမဝိုင္းေလးကို
ခပ္တည္တည္ႏွင့္ ျပန္ခ်ေပးလိုက္ၿပီး
ဒါရိုက္တာကို မ်က္ေမွာင္ႄကံု႔ကာျပန္ၾကၫ့္
လိုက္သည္။
ဒါရိုက္တာကေတာ့ အေၾကာင္းမဲ့သက္သက္
ရန္ရွာလိုေသာ ၀င္း၏မ်က္၀န္းေတြႏွင့္
သြားဆံုေသာအခါ ေရ႔ွသို႔ေျခမလွမ္းရဲေတာ့ပဲ
ေနာက္သို႔ တစ္လွမ္းဆုတ္သြားေလသည္။
"ခင္ဗ်ားတို႔မွာ ေခၚရိုက္စရာလူအဲ့ေလာက္ပဲ
ရွားသလား..သူတစ္ခုခုျဖစ္သြားရင္
ဘယ္လိုလုပ္မလဲ..."
"၀င္းေရ..ဒီမွာျပႆနာမရွာနဲ႔ေလ.."
၀င္း၏အေနာက္မွ လိုက္လာေသာမဇင္ကလည္း
ျပႆနာျဖစ္ေတာ့မည္ကိုသိ၍
အတင္း၀င္တားရေလသည္။
မဟုတ္ရင္ မ်က္လံုးေတြအမ်ားႀကီးၾကားမွာ
ဆိုေတာ့ ကိုယ္နဲ႔မဆိုင္ပဲ ၀င္ပါမိတဲ့အျဖစ္က
၀င္းရဲ့ပံုရိပ္ကိုထိခိုက္ႏိုင္သည္။
"ဒါရိုက္တာႀကီးကိုေတာင္းပန္ပါတယ္ရွင္
ဟိုဘက္ကေကာင္မေလးကို ဘာလို႔
ေခၚရိုက္လည္းမသိေပမဲ့ အဲ့ဒါက၀င္းရဲ့
ညီမ၀မ္းကဲြေလးမို႔ပါ...စိတ္မရိွပါနဲ႔ရွင္..."
မဇင္က၀င္ေတာင္းပန္လိုက္ၿပီးေနာက္မွာ
ဒါရိုက္တာကလည္း မန္ေနဂ်ာကိုေခၚဆူေလေတာ့သည္။
ၿပီးေနာက္မဇင္က ၀င္းကိုအျပင္သို႔
ေခၚထုတ္လိုက္သလို ၀င္းကလည္းေမဝိုင္းေလးကို
အ၀တ္အစားလဲခိုင္းၿပီး မမွဴးဆီကို
သြားခိုင္းလိုက္သည္။
မမွဴးကေတာ့ ဝိုင္းေလးျပန္ေရာက္လာသၫ့္အခ်ိန္မွာ ျပန္ရေတာ့မည္မို႔ ပစၥည္းေတြသိမ္းေနေလၿပီ။
မဇင္က အက်ိဳးအေၾကာင္း
ေျပာလိုက္သၫ့္အခိုက္မွာေတာ့ ၀င္းကို
ေက်းဇူးေတြ လိွမ့္တင္ေနေတာ့သည္။
"ေက်းဇူးတင္ပါတယ္၀င္းရယ္..ငါကဝိုင္းေလးကို
ေခၚလာၿပီး ဂရုမစိုက္ႏိုင္သလိုျဖစ္သြားတယ္..
ဝိုင္းေလးသာတစ္ခုခုျဖစ္သြားရင္ မင္းစက္နဲ႔ငါ
ျပႆနာတက္မွာ ေသခ်ာတယ္...
ဒါနဲ႔..နင္ကဝိုင္းေလးကိုမေတြ့ဖူးပဲ
ဘယ္လိုလုပ္ၿပီး ကယ္လိုက္ရတာလဲ.."
"ကၽြန္ေတာ္သူ႔ကိုေတြ့ဖူးပါတယ္..
ဟိုတစ္ခါမင္းစက္ရဲ့ ရံုးခန္းကိုသြားလည္ေတာ့
သူမိတ္ဆက္ေပးတာ.."
"ေအာ္..အဲ့လိုလား..."
မမွဴးကိုလိမ္လိုက္ေသာေၾကာင့္ ဝိုင္းေလးအံ့ဩ
သြားမိသည္။
ဟိုတစ္ခါရံုးခန္းကို လာလည္တုန္းက
ျပႆနာေတြ တက္ၿပီးျပန္သြားခဲ့ရတာေလ။
ဝိုင္းေလးလည္း အဲ့ဒီ့ကိစၥကိုပဲ ေမးခ်င္လြန္းလို႔
လိုက္လာခဲ့မိတာ။
တစ္ျခားရွည္ရွည္ေဝးေဝးေတြ
ရွင္းျပေနရမွာစိုးလို႔ေျပာလိုက္တာ
ျဖစ္ႏိုင္ေပမဲ့ ခုဏကဝိုင္းေလးကို
ေျပးေပြ့တဲ့ ကိႁစၥပီးတည္းက မသိခဲ့ဖူးတဲ့
လူတစ္ေယာက္လို ဆက္ဆံေနတာမွန္း
သိသာလြန္းေနသည္။
ဝိုင္းေလးနဲ႔ မ်က္လံုးအၾကၫ့္ခ်င္းေတာင္
မဆံုပဲ တစ္ခုခုေျပာၿပီးတာနဲ႔လွၫ့္ထြက္သြားေတာ့သည္။
ဒါကိုၾကၫ့္ခ်င္းအားျဖင့္ ဟိုတစ္ေန့က
ျဖစ္ခဲ့တဲ့ ျပႆနာဟာေပါ့ေသးေသး
မျဖစ္ႏိုင္ဘူး။
မမွဴးက ရိုက္ကြင္းကေနအေစာႀကီး
ျပန္လာရေတာ့ ဝိုင္းေလးလည္း
ကိုဦးကို ဘာမွေမးခြင့္မရလိုက္ပဲ
ျပန္လာခဲ့လိုက္ရသည္။
စိတ္ထဲမွာေတာ့ အရမ္းေလးလံေနမိတယ္။
ဒီေန့တစ္ခုခု ထပ္ျဖစ္ဦးမွာမ်ားလား။
👉👉👉👉👉👉
"ဆရာ...ဆရာ့စတူဒီယိုမွာျပႆနာတစ္ခု
ျဖစ္သြားတယ္.."
"မင္းဘာလို႔ရံုးခန္းထဲ၀င္တာ
တံခါးမေခါက္ရတာလဲ.."
ေကာင္းသန႔္လည္း အေလာတႀကီးျဖစ္ၿပီး
ရံုးခန္းထဲသို႔ ၀င္မိရာမွမီးေတာက္ေတာ့မလို
အၾကၫ့္မ်ိဳးျဖင့္ အၾကၫ့္ခံလိုက္ရ၍
ဆက္ၿပီးပဲ၀င္ရမလား
အျပင္ပဲ ျပန္ထြက္ရမလားဆိုၿပီး
ေတြေဝေနရသည္။
"ထားလိုက္ေတာ့ စတူဒီယိုမွာဘာျဖစ္လို႔လဲ.."
အမိန႔္ရေတာ့မွပဲ ေကာင္းသန႔္မွမ်က္နာကို
ေလေအးေလး ျဖတ္တိုက္သြားသလို
ေအးျမသြားေလေတာ့သည္။
ထိုေတာ့မွသာ ဖုန္းကိုကိုင္ထားလ်ွက္ျဖင့္
ဆရာ့ဆီသို႔ သြားရေလသည္။
"ဆရာ့စတူဒီယိုမွာ"က်ိန္စာသင့္ခ်စ္ျခင္းတရား"
ဇာတ္ကားကို ရိုက္ေနတာေလ..
အဲ့ဒါစတန႔္သမားသံုးရမဲ့အစား
အျပင္မိန္းကေလးကို ေခၚသံုးမိလို႔မေတာ္တဆ
ျဖစ္သြားတယ္.."
"အဲ့ဒီ့အေသးအမႊားကိစၥေလးကအစ
ငါ့သိုသံေတာ္ဦးတင္စရာ လိုလို႔လား.."
ဆရာ့ရဲ့ ေအးစက္ေသာေရခဲရိုက္မ်က္ႏွာကို
ၾကၫ့္ေနရင္းႏွင့္ ေကာင္းသန႔္မွာ
ဆက္ပဲေျပာရမလား၊
ပါးစပ္ေပါက္ပဲပိတ္လိုက္ရလား
မေဝခဲြတတ္ေတာ့ေပ။
ဒါေပမဲ့ ဒီကိစၥကဆရာနဲ႔လည္းသက္ဆိုင္ေနေတာ့
မေျပာရင္လည္း အျပစ္ျဖစ္ေနဦးမယ္။
"အေသးအဖဲြကိစၥေလးမွန္းေတာ့ သိပါတယ္
ဒါေပမဲ့..ဒါေပမဲ့ထုတ္လုပ္ေရးအဖဲြ႔မွာ
KGကလည္းပါ၀င္ထားတဲ့အျပင္"
မေတာ္တဆျဖစ္သြားတဲ့
စတဲန႔္သမားကိုကယ္လိုက္တဲ့လူက
အဆိုေတာ္ေနြဦးေလျပည္မို႔လို႔ပါ..."
"ဘာ..၀င္းကဘာကိစၥ..ရိုက္ကူးေရးမွာ
၀င္ရႈပ္ရတာလဲ..စတူဒီယိုတူေနလို႔လား.."
"ဟုတ္တယ္ဆရာ..စတူဒီယိုတစ္ခုထဲမွာ
ရိုက္ကူးေရးႏွစ္ခုပါ..အဲ့ဒါထက္ပိုအေရးႀကီးတာက
စတဲန႔္သမားေလးက ဆရာ့မိန္းမနဲ႔ရုပ္တူေနသလိုပဲ
ဆရာ့မိန္းမမ်ား ျဖစ္ေနမလားလို႔.."
"ဘာ!!!မင္းကငါ့မိန္းမျဖစ္ေနမွန္း
ဘယ္လိုသိတာလဲ.."
"ဂရုထဲမွာ ၀န္ထမ္းအခ်င္းခ်င္းအဲ့အေၾကာင္းကို
ေျပာေနၾကရင္းနဲ႔ ဓာတ္ပံုရိုက္ထားတဲ့လူက
ဂရုထဲမွာ ပံုေတြတင္ထားတာေတြ့လို႔ပါ.."
"ငါ့ကိုျပစမ္း.."
မင္းစက္အာဏာက အလုပ္သမားေတြအခ်င္းခ်င္း
အတင္းအဖ်င္းေျပာသၫ့္ ဂရုေတြထဲမွာ
၀င္မထားေပမဲ့ ေကာင္းသန႔္ကေတာ့စပ္စပ္စုစု
ရိွသူမို႔ သူ႔ဖုန္းမွာကသတင္းစံုသည္။
ေကာင္းသန႔္၏ဖုန္းကို ယူၾကၫ့္ၿပီးဂရုထဲမွာ
ေျပာထားတဲ့ စာေတြကိုသူဖတ္ၾကၫ့္လိုက္မိသည္။
အားလံုးနီးပါးက "၀င္း"ကိုခ်ီးက်ူးထားၾကေသာ
စာမ်ားသာျဖစ္သည္။
*၀င္းကတကယ္ကို စိတ္ထားေကာင္းတာဟယ္
ေကာင္မေလးက ဆယ္ေက်ာ္သက္ေလးပဲ
ရိွေလာက္အံုးမယ္..ႀကိဳးဆဲြထားတယ္ဆိုေပမဲ့
ေအာက္ကိုက်ရင္ ေခါင္းေတာ့မူးသြားမွာပဲ..*
*ေအးေလ..စတဲန႔္သမားသံုးရမွာကို
မန္ေနဂ်ာက ဘာလုပ္တာလဲမသိဘူး..*
မဇင္ေျပာတာေတာ့..၀င္းရဲ့ညီမေလးတဲ့..
*ဟုတ္ခ်င္မွလည္း ဟုတ္မွာပါဟယ္
ဘာပဲျဖစ္ျဖစ္ ၀င္းကတကယ္သူမ်ားကို
ကူညီတတ္မွန္း သိသာတယ္.."
*ကၽြန္ေတာ္ေတြ့သားပဲ..အစက..
ေကာင္မေလးက ဒီတိုင္းရိုက္ကြင္းကို
ရပ္ၾကၫ့္ေနတာ..မန္ေနဂ်ာကသာ
ပန္းႏုေသြးၿပီး ေကာင္မေလးကိုျဖတ္ေလ်ွာက္
လုပ္ဖို႔ ေတာင္းဆိုခဲ့တာ..ေကာင္မေလးလည္း
သနားၿပီး ကူညီလိုက္တာေနမွာေပါ့.."
"အဲ့မန္ေနဂ်ာကိုလင္းက အဲ့အတိုင္းပဲ..
အရမ္းျဖတ္စားတာ..*
*ဘာပဲျဖစ္ျဖစ္..ငါကေတာ့ေကာင္မေလးရဲ့
ေနရာမွာပဲ..၀င္ေနလိုက္ခ်င္ေတာ့တယ္..
၀င္းကငါ့ကိုအဲ့လိုေလး ေပြ့ ထားရင္
ငါသာဆိုျပန္လႊတ္ေပးမွာမဟုတ္ဘူး.."
*ေဟ့..ငါရိုက္ထားတဲ့ပံုရိွတယ္..
ေကာင္မေလးကလည္း တကယ့္အေခ်ာေလးဟ
စိတ္ကူးယဉ္မေနနဲ႔ နင္တို႔လိုဘဲရုပ္ဆိုးေလး
မဟုတ္ဘူး..*
ေနာက္ဆံုးမွာ၀န္ထမ္းတစ္ေယာက္ ပို႔ထားတဲ့
ပံုကိုၾကၫ့္ၿပီးေနာက္ ဆရာ့ရဲ့မ်က္၀န္းေတြက
တကယ္ကိုမီးဟုန္းဟုန္ ထေတာက္ေနသလိုပဲ။
"ဘုန္း!!!"
"အာ..ဆရာ..အဲ့ဒါကၽြန္ေတာ့္ဖုန္းေလးေလ.."
ေကာင္းသန႔္မွာ ဆရာကခံုေပၚသို႔ဖုန္းကို
ထုခ်လိုက္၍ ငိုေတာင္ငိုခ်င္သြားသည္။
ေဒါသထြက္ၿပီး ေၾကာက္စရာေကာင္းေနေတာ့
ဆရာ့လက္ထဲကေနလည္း လွမ္းမလုရဲဘူး။
အလိုလိုေနရင္း ခၽြေးေတြေတာင္ျပန္လာသည္။
"ေကာင္းသန႔္..အခုခ်က္ခ်င္းအဲ့ဒီ့ရိုက္ကြင္းမွာ
ရိွခဲ့တဲ့ ၀န္ထမ္းေတြအားလံုးကို
ဒီကိစၥနဲ႔ပတ္သတ္ၿပီး
ဓာတ္ပံုျဖစ္ျဖစ္ ဗီဒီယိုျဖစ္ျဖစ္ရိုက္ထားရင္
ျဖတ္ခိုင္း..မဟုတ္မမွန္တဲ့သတင္းေတျြပန႔္သြားရင္
တရားဆဲြမယ္လို႔ေျပာ..
ၿပီးေတာ့မန္ေနဂ်ာေကာင္ကိုအလုပ္ထုတ္ျပစ္လိုက္
ဒါရိုက္တာကိုလည္း ေျပာင္းျပစ္လိုက္.."
"ဟာ..ဆရာရယ္..ဒါရိုက္တာကိုေတာ့
ေျပာင္းလို႔မေကာင္းဘူးထင္တယ္.."
"ဘာလို႔မရရမွာလဲ..ရေအာင္လုပ္ခိုင္းေပါ့..."
"ဟုတ္ကဲ့ပါ..."
ေကာင္းသန႔္မွာေတာ့ ကိစၥကအဲ့ေလာက္
ႀကီးက်ယ္သြားလိမ့္မည္ဟု
မထင္မိခဲ့ေပမဲ့ ဒါရိုက္တာနဲ႔ျပႆနာျဖစ္ရမၫ့္
အေရးေတြးၿပီး စိတ္ညစ္ေနရသည္။
မင္းစက္ကေတာ့ ေကာင္းသန႔္ထြက္သြားသည္ႏွင့္
အဖြား၏ဖုန္းကို လွမ္းဆက္ၾကၫ့္လိုက္သည္။
"ဟယ္လိုအဖြား..ေနေကာင္းလား.."
"ေကာင္းပါကြယ္..ငါ့ေျမးကအဖြားကို
စိတ္ပူေနတာလား.."
"ဟုတ္ကဲ့..အဖြားေနေကာင္းလားလွမ္းေမးရင္းနဲ႔
သိခ်င္တာေလးတစ္ခုလည္းရိွလို႔ပါ.."
"ထင္သားပဲ..မင္းဒီေလာက္ငါ့ကို
ဂရုမစိုက္ပါဘူးလို႔..ကဲ..ေမး..ဘာေမးမွာလဲ.."
"ေမဝိုင္းေလး..ဒီေန့ေန့ခင္းဘယ္ကိုသြားေသးလဲ
သူအခုအိမ္မွာလား.."
"ကိုစက္ရယ္..မင္းကအၾကားအျမင္
ရေနတာမ်ားလား ဝိုင္းေလးကမွဴးနဲ႔အတူ
ရိုက္ကြင္းကိုအလည္လိုက္သြားတယ္ေလ..
သူ႔ခမ်ာ အိမ္ထဲမွာပဲေနရေတာ့အဖြားလည္း
ပ်င္းေနမွာစိုးတာနဲ႔ ထၫ့္လိုက္တာ
ေစာေစာျပန္လာမယ္လို႔ေတာ့ ေျပာသြားတာပဲ..
ဘာျဖစ္လို႔လဲ.."
"ဘာမွမျဖစ္ပါဘူး..အဲ့ဒါဆိုသူျပန္လာတဲ့အခါ
ညၾကရင္ ကၽြန္ေတာ္နဲ႔အတူပါတီပဲြတစ္ခု
တက္ရမယ္လို႔ ေျပာေပးပါေနာ္
မမွဴးလည္း အဲ့ပဲြကိုတက္မွာဆိုေတာ့
ေမဝိုင္းေလးကိုမမွဴးက
ျပင္ဆင္ေပးထားခိုင္းလိုက္ပါ..ဒါပဲေနာ္..
ခဏေန..ကၽြန္ေတာ္အျပင္သြားစရာေလးရိွေသးလို႔
အဖြားလည္း ကိုယ့္ကိုကိုယ္ဂရုစိုက္.."
"ဟဲ့...နင့္မိန္းမကိုနင္ကိုယ္တိုင္ ေျပာလိုက္ပါလား
ဘာလို႔ငါ့ကိုလာေျပာေနတာလဲ.."
"သူ႔ကိုမဆက္ခ်င္လို႔ေပါ့ အဖြားပဲေျပာလိုက္ပါ.."
မင္းစက္ဖုန္းခ်သြားသည္ႏွင့္ ေဒၚႏုယဉ္၏
မ်က္ႏွာထက္၀ယ္ အႃပံုးပန္းေတြပြင့္လန္းလာေလသည္။
မင္းစက္အာဏာက ပဲြတက္ေတြဆို
တစ္ေယာက္တည္းသြားေလ့ရိွၿပီး
ပါတနာေခၚသြားတယ္ဆိုတာအင္မတန္ရွားသည္။
အခုေတာ့ သူ႔မိန္းမနဲ႔အတူ ပဲြတက္ပါမည္တဲ့။
ဒါက ေမဝိုင္းေလးကိုသူကိုယ္တိုင္
ပဲြထုတ္ခ်င္တာပဲမဟုတ္ဘူးလား။
မဂၤလာပဲြကိုေတာင္ ေဆြမ်ိဳးေတြေလာက္ပဲ
ဖိတ္ၿပီး ဆြမ္းကၽြေးသာလုပ္ခဲ့တဲ့လူဟာ
အခုေတာ့ သူ႔မိန္းကေလးကို တရား၀င္
ပဲြထုတ္ေတာ့မည္တဲ့။
*ဒါဆိုငါတို႔လည္း မၾကာခင္ေဘဘီေလး
ခ်ီရေတာ့မွာေပါ့..*
🌼🌼🌼🌼🌼
အဖြားကလည္း ဒီဘူတာပဲဆိုက္ေနတယ္..😌

အရမ်းကောင်း 👍
ReplyDeleteကျေးဇူးပါ
ReplyDeleteအရမ်းကောင်း
ReplyDeleteအရမ်းကောင်း ဒါပေမဲ့တင်တာနည်းနည်းကြာတယ်နော်
ReplyDeleteတို့လဲဒီဘူတာကိုပဲမြန်မြန်ရောက်ချင်ပြီ
ReplyDelete