အခန်း(၂၅) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘


 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

အခန်း(၂၅)

  💘မာနမင်းသားနှင့်ရွှေဖူးစာ💘


ကိုဦးနှင့်ချိန်းထားသော ဂျပန်စားသောက်ဆိုင်၏

အရှေ့တွင် ရပ်လိုက်ပြီးနောက် ဆိုင်ထဲသို့

ခြေမလှမ်းရဲဘူးဖြစ်နေသည်။

လာခဲ့တဲ့ လမ်းတစ်လျှောက်လုံးလည်း

နောက်ပြန်လှည့်ရင် ကောင်းမလားဆိုပြီး

ခဏခဏတွေဝေနေခဲ့မိတယ်။


သူကအဆိုတော်ဖြစ်သွားခဲ့ပြီ။

ဒီအချိန်မှာ သွားတွေ့ရင်ကောင်းပါ့မလားဟု

အမျိုးမျိုးတွေးတောနေမိလေသည်။

ထိုအချိန်မှာပဲ ဖုန်းမြည်လာ၍ကြည့်လိုက်မိတော့

ကိုဦးရဲ့ မန်နေဂျာမဇင်၏ဖုန်းနံပါတ်ဖြစ်နေလေသည်။


"ဟယ်လို..မဇင်..."


"ညီမရေ..လမ်းမှာကားပိတ်နေလို့လားဟင်..

အဆင်မပြေရင်အစ်မလာခေါ်မယ်နော်.."


"မဟုတ်ပါဘူး..ညီမဆိုင်ရှေ့ကိုရောက်နေပါပြီ..

အခုပဲအပေါ်ကို တက်လာခဲ့မယ်နော်.."


ဖုန်းကိုချလိုက်ပြီးနောက် စိတ်လှုပ်ရှားနေတာကို

အမြန်ပြန်ပြင်လိုက်ပြီး ပန်းရောင်ဂါ၀န်လေး၏

အနားစလေးများကို ဆုပ်ကိုင်လိုက်ကာ

ဆိုင်ထဲသို့ ၀င်ခဲ့လိုက်သည်။

စားသောက်ဆိုင်သည် နှစ်ထပ်ဖြစ်ပြီး ကိုဦးတို့က

အပေါ်ထပ်ရှိVIPအခန်းမှာ စောင့်နေသည်ဟု

မဇင်ကစာပို့ပေးထားလေသည်။

ဆိုင်တစ်ဆိုင်လုံးကလည်း ဂျပန်ယဉ်ကျေးမှုအတိုင်း ပြင်ဆင်ထား၍ သန့်ရှင်းသပ်ရပ်နေပြီး

တော်တော်လေးလည်း လှသည်။


ဆိုင်ထဲသို့ ၀င်သည်နှင့်တစ်ယောက်စနှစ်ယောက်စ

ဝိုင်းကြည့်လာကြ၍ ချွေးတောင်ထွက်ချင်

သွားရသည်။တစ်ယောက်တည်းယောင်လည်လည်

ဖြစ်နေမှာစိုး၍ ၀န်ထမ်းတစ်ယောက်ကို

လှမ်းခေါ်လိုက်ပြီး ကိုဦးတို့ရှိနေသည့်

အခန်းနေရာကိုပြောလိုက်ကာ လိုက်ပို့ရန်

အကူအညီတောင်းရတော့သည်။


တစ်ဖက်တွင်တော့ ၀င်းတစ်ယောက်

ခြေမကိုင်မိ၊လက်မကိုင်မိတွေ ဖြစ်နေလေသည်။

ရေနွေးငှဲ့သောက်နေတဲ့ လက်တွေကတောင်

စိတ်လှုပ်ရှားပြီး တုန်ယင်နေ၍မဇင်ကတော့

ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။


"ဟူး!!!"


ထိုနေရင်းနှင့် သက်‌ပြင်းတွေချနေမိတာလည်း

အခါခါပါပဲ။အသက်၁၉နှစ်လောက်မှာ

ခင်မင်ခွင့်ရခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို

ဒီလောက်အထိ စွဲလမ်းနေမိတဲ့ ကိုယ့်ကိုကိုယ်လည်း

လုံး၀မယုံကြည်နိုင်ပေ။


တန်ဖိုးကြီးလက်ဆောင်တွေကို အများအပြား

ရရှိခဲ့ပေမဲ့သူလေးပေးခဲ့တဲ့ ပရိတ်ကြိုး

အနီလေးကိုသာ ကိုယ်နဲ့မကွာဆောင်ထား

မိခဲ့တဲ့အထိတန်ဖိုးထားခဲ့ရတာ။

ရှစ်နှစ်လုံးလုံး ဝိုင်းဝိုင်းနဲ့ပြန်တွေ့ခွင့်ရမဲ့

အချိန်ကိုသာ စောင့်နေခဲ့မိပြီး

ဒီနေ့တော့ အိပ်မက်လေးတွေဟာတကယ်ဖြစ်လာ

ခဲ့ပြီပေါ့။


"မဇင်..သူဘာလို့ရောက်မလာသေးတာလဲ

အခန်းမှားနေတာများလား.."


"၀င်းရယ်..အဲ့ဒီ့မေးခွန်းကိုမေးတာဒါနဲ့ဆို

၁၈၁ခေါက်လောက်ရှိတော့မယ်နော်

ခုဏလေးတင်ဖုန်းဆက်ပြီးပြီလေ

ဆိုင်ရှေ့ကိုရောက်နေပြီလို့ပြောသားပဲ

အခုလောက်ဆိုအပေါ်ကိုတောင်

တက်လာနေလောက်ပြီပေါ့.."


"ဒါပေမဲ့ ကျွန်တော်စိတ်မချဘူးဖြစ်နေတယ်..

ကိုယ်တိုင်သွားခေါ်လိုက်တော့မယ်ဗျာ.."


စိတ်မြန်လက်မြန်နှင့် ထိုင်ခုံမှချက်ချင်း

ထလိုက်သော၀င်းကြောင့် မဇင်လည်း

 လန့်ပြီးတားရလေတော့သည်။

ပုံမှန်ဆိုရင် ဘာဖိအားမှမရှိသလိုပေါ့ပေါ့ပါးပါး

ပဲနေတတ်သည့်၀င်းသည် သူပထမဆုံးစင်ပေါ်သို့

တက်တဲ့အချိန်ကတောင် ဒီလောက်အထိ

ပျာယာခတ်မနေသလိုပဲ။


အခုတော့ဖြင့် နှုတ်ခမ်းနီမလေးများ၏

အသဲစွဲဖြစ်နေပါသော ၀င်းသည်

ဖင်ကိုညှောင့်စူးသွားသည့် ယုန်ကလေးကဲ့သို့

ခုန်ဆွခုန်ဆွဖြစ်နေ၍နေသည်

သူ့ရဲ့မျက်နှာအမူအရာ သူ့အပြုအမူတွေကို

ကြည့်ရုံနဲ့ မေဝိုင်းလေးအပေါ်မှာ

ဘယ်လောက်အထိ အလေးထားလည်းသိနိုင်သည်။

၀င်းတစ်ယောက် မိန်းကလေးတစ်ယောက်အတွက်

စိတ်လှုပ်ရှားလွန်းလို့ ဟန်တောင်မဆောင်နိုင်တော့တဲ့နေ့ရက်ကို ရောက်လာပြီပေါ့။

ဒါလည်း ကောင်းတာပဲ။


"အစ်မသွားခေါ်ပေးမယ်..၀င်းကတော့ဒီမှာပဲ

ထိုင်စောင့်နေပါ..အခြား၀န်ထမ်းတွေက

၀င်းကိုမှတ်မိသွားရင် ကောလဟာလတွေ

ပြန့်သွားလိမ့်မယ်..စိတ်ကိုအေးအေးထား

သူဘာမှမဖြစ်လောက်ပါဘူး..."


မဇင်ကနားချလိုက်မှသာ သေချာတွေးကြည့်လိုက်ပြီး နာခံသည့်အနေဖြင့် ‌ခေါင်းညိမ့်ပြလိုက်မိလေသည်။

ထိုတော့မှ မဇင်ကလည်း သက်ပြင်းချနိုင်ပြီး

အခန်းတံခါးကိုဖွင့်ဖို့လုပ်လိုက်တော့...


"ဟင်..မေဝိုင်းလေး..."


အသံကိုကြားသည်နှင့် ၀င်းသည်လည်းထိုင်ခုံမှ

မြှောက်ခနဲကြွတက်သွားသလို ထလိုက်မိပြီး

အခန်း၀ဆီသို့ ကြည့်လိုက်မိလေသည်။

တံခါး၀တွင် ရပ်နေသော ပုံရိပ်ကလေးကို

တွေ့လိုက်ရသည်နှင့် သူ့မျက်လုံးတွေဟာ

ချက်ချင်းကို အရောင်လက်သွားတော့သည်။


မဇင်၏ဖိတ်ခေါ်မှုကြောင့် အခန်းထဲသို့၀င်လာသော

ကောင်မလေးသည် ချယ်ရီပွင့်သေးသေးလေးများ

ဖြင့် ပုံဖော်ထားသော ဂါ၀န်ပန်းရောင်လေးကို

၀တ်ဆင်လာခဲ့၍ ဖြူဥနေသောအသားအရည်နှင့်

ဟပ်ကြနေလေသည်။


သူ့ကိုလှမ်းကြည့်လာသော မျက်၀န်းလေးတွေဟာ

အညိုရောင်မျက်၀န်းလေးဖြစ်ပြီး ဝိုင်းစက်နေကာ

လရောင်ဖြန်းထားသကဲ့သို့ ကြည်လင်၀င်းပနေသည်။


ဆံပင်ရှည်လေးတွေကို ဖားလျားလေးချထားပေမဲ့

ပုလဲလုံးလေးတွေစီထားသည့် ဘီးကုတ်ကလေးကို

တပ်ထားသောကြောင့် လွန်ခဲ့တဲ့ရှစ်နှစ်က

တွေ့ခဲ့သောအသက်၁၅နှစ်အရွယ်အတိုင်းပါပဲ။


ဟုတ်တယ်။ဝိုင်းဝိုင်းက ဘာမှပြောင်းလဲမသွားခဲ့ဘူး။

ကိုယ်ကသာ ရုပ်ရင့်သွားခဲ့တာ။

ဝိုင်းဝိုင်းကတော့ အရင်လိုချစ်စရာကောင်းတုန်းပဲ။


"အဟင်း..အဟင်း..၀င်းရေ..

မျက်လုံးကြီးလည်း ကျွတ်ထွက်နေပါအုံးမယ်ဟယ်

ပြီးမှအေးဆေးထိုင်ကြည့်လည်းရပါတယ်.."


မဇင်ပြောလိုက်တော့မှ ပါးစပ်အဟောင်းသားနှင့်

ငေးကြည့်နေမိသော ကိုယ့်အဖြစ်ကိုယ်

ပြန်သတိရသွားပြီး ရှက်သွားမိလေသည်။

ထို့ကြောင့် အမူအရာတွေကိုချက်ချင်းပြန်ပြင်

လိုက်ပြီး အီင်္ကျီကိုဆွဲချလိုက်မိသည်။


"ဝိုင်းဝိုင်း..ထိုင်လေ..."


ဝိုင်းလေးကို ဟိုအရင်တုန်းကအတိုင်း

တရင်းတနှီးခေါ်လိုက်သည့် ကိုဦးကို

အံ့ဩကာကြည့်လိုက်မိတော့

သကြားလုံးထက်တောင် ချိုနေသည့်အပြုံးမျိုးဖြင့်

ပြုံးပြလာလေသည်။


မတွေ့ရတာကြာပြီဖြစ်ပေမဲ့ စိမ်းသက်မနေပဲတရင်းတနှီးကြည့်လာ၍ နာမည်ကြီးအဆိုတော်

ဖြစ်တာတောင် မာနထောင်လွှားခြင်း မရှိပါလားဟု

မှတ်ချက်ပေးလိုက်မိသည်။


"ကဲ..သူငယ်ချင်းတွေပြန်တွေ့ကြပြီဆိုတော့

မဇင်လည်းသွားတော့မယ်နော်..

ပြန်ခါနီးကြရင် ဖုန်းဆက်လိုက်ကြနော်.."


"ဟင်..မဇင်ကပြန်တော့မလို့လား.."


"ဟုတ်တယ်လေ..ဝိုင်းလေးရဲ့

တစ်ယောက်သောသူက..အစ်မကိုရှိနေစေချင်မှာ

မဟုတ်ဘူး...နှစ်ယောက်သားအေးအေးဆေးဆေး

စကားပြောကြပါကွယ်..သွားပြီနော်.."


မဇင်ထွက်သွားသောအခါ

တစ်ယောက်သောသူဆိုသည့် စကားကြောင့်

မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့်ကိုဦးကို

ကြည့်လိုက်မိတော့ ပါးတွေရော၊နားရွက်တွေပါ

ရဲတက်နေသည်ကို တွေ့လိုက်ရလေသည်။


၀တ်လာသည်က အဖြူရောင်တီရှက်လက်တို

ဖြစ်နေ၍ သူနဲ့စပြီးခင်မင်ခွင့်ရခဲ့သည့်

အချိန်ကိုတောင် ပြန်၍သတိရမိသည်။

အဲ့ဒီနေ့က ဝိုင်းလေးကပျင်းတာနဲ့ ကျွန်းတောထဲမှာ

‌ရှဉ့်တွေကို လိုက်ရှာနေမိခဲ့တာ မထင်မှတ်ပဲ

တယောတီးနေတဲ့ ကိုဦးနဲ့တွေ့ဆုံခဲ့သည်။


 တယောတီးနေတဲ့လူတစ်ယောက်ကို အပြင်မှာ

တွေ့နိုင်လိမ့်မယ်လို့ တကယ်ကိုမထင်ထားခဲ့တာပါ။

တီဗွီတွေထဲမှာပဲ တွေ့ခဲ့ဖူးလို့ကြည့်ကောင်းကောင်း

နဲ့ ကြည့်နေခဲ့မိတယ်။

အဲ့ဒီ့နေ့မှာ ကိုဦးက

ဘောင်းဘီရော၊အိင်္ကျီပါအဖြူရောင်၀တ်ထားခဲ့ပြီး

မျက်လုံးတွေကိုမှိတ်ထားကာ သံစဉ်တွေပေါ်မှာ

ဈာန်၀င်နေပုံက တော်၀င်မင်းသားလေး

တစ်ပါးကို အရှင်လတ်လတ်မြင်လိုက်ရတာနှင့်ပင်

တူနေခဲ့သည်။


ဒီလောက်ချောတဲ့ အစ်ကိုကြီးကိုဝိုင်းလေး

တစ်ခါမှ မတွေ့ဖူးခဲ့တာတော့အမှန်ပဲ။

ဒါကြောင့် သူတယောတီးနေစဉ်တစ်လျှောက်လုံး

ကြည့်ကောင်းကောင်းနဲ့ ငေးနေမိခဲ့တယ်။

ရုတ်တရက်သူက တယောတီးတာရပ်သွားခဲ့ပြီး

သူ့ကို ငေးကြည့်နေတဲ့ဝိုင်းလေးကို

မြင်တော့ သူလည်းလန့်သွားခဲ့တယ်။

အဲ့နေ့ကဆို ဝိုင်းလေးမှာရှက်ပြီးအိမ်ကိုပြန်ပြေး

လာခဲ့ရတယ်။


"ဘာတွေကို သဘောကျနေတာလဲ.."


"ရှင်..."


"တစ်ယောက်တည်းပြုံးနေလို့လေ.."


ဝိုင်းလေးကို ပြုံး၍ကြည့်ကာမေးလာသောကြောင့်

ဝိုင်းလေးလည်း ပြန်ပြုံးပြလိုက်မိလေသည်။


"ကိုဦးနဲ့စတွေ့တဲ့နေ့တုန်းက အကြောင်းကို

ပြန်တွေးနေမိတာပါ.."


"ကိုဦး.."တဲ့ဝိုင်းဝိုင်းရဲ့ထိုအခေါ်အဝေါ်လေးကို

ကြားလိုက်ရတော့ ရင်ထဲမှာချက်ချင်းအေးမြသွားတယ်။

 ခုံပေါ်မှာတင်ထားတဲ့ သူလေးရဲ့

လက်ချောင်းသွယ်သွယ်လေးတွေကို

ဖြစ်ညှစ်လိုက်ချင်တဲ့အထိပါပဲ။။

ဒါပေမဲ့ ချက်ချင်းကြီးအဆင့်တွေကိုကျော်တက်လိုက်ရင် ကောင်မလေးလန့်သွားမှာလည်း

စိုးရတယ်။


နောက်ပြီး အခုမှပြန်တွေ့တာဆိုတော့ သူလေးရဲ့

သဘောထားကိုလည်း မသိ‌ရသေးဘူး။

ဒါပေမဲ့ အခေါ်အဝါ်တွေကအရင်အတိုင်းလေးပဲ

ဖြစ်နေသေးတော့ အခြေအနေကောင်းတယ်လို့

ဆိုရမယ်။

အစကတော့ကိုယ့်ကို အရမ်းစိမ်းနေမလားလို့

ထင်ခဲ့မိတာ။

အခုတော့ အရင်ကအကြောင်းတွေကိုပါ

မှတ်မိနေသေးတာတွေ့ရတော့ ရင်ဘတ်တွေ

ပေါက်ကွဲတော့မလိုကို ဖြစ်နေမိတယ်။


"မှတ်မိနေသေးတာလား..ကိုယ်ကတော့

ဝိုင်းဝိုင်းက မေ့သွားပြီလို့တောင်ထင်နေတာ.."


"ဝိုင်းလေးမမေ့ပါဘူး..အထူးသဖြင့်ကိုဦးက

ဝိုင်းလေးရဲ့ငယ်ဘ၀အမှတ်တရတွေကို

လှပအောင်လုပ်ပေးခဲ့တဲ့

တစ်ဦးတည်းသောသူပဲလေ..

ဘာလို့မေ့ပြစ်ရမှာလဲ..."


ဝိုင်းဝိုင်း၏စကား‌ကြောင့် သူ့မျက်လုံးများသည်

စွဲဆောင်မှုရှိသည့်အသွင်သို့ ပြောင်းလဲသွားပြီး

သူမကိုရွှန်းရွှန်းစားစား ကြည့်လိုက်မိလေသည်။

သူ့စိတ်ကို မထိန်းချုပ်နိုင်တော့တဲ့

အထိပဲ။


ဒါပေမဲ့လည်း အလျှင်မလိုပါဘူး။

ကိုယ့်ဘက်ကသာ အရောင်တွေပါ၀င်နေပေမဲ့

ဝိုင်းဝိုင်းကတော့ ကိုယ့်အပေါ်မှာရိုးရိုးသားသားပဲ

ခင်မင်ခဲ့တာဆိုတော့ အဟောင်းကို

အသစ်ပြန်ဖြစ်အောင် လုပ်ဖို့ကအချိန်တော့

ပေးရမှာပဲ။


"ဝိုင်းဝိုင်း..ဒီနေ့ကိုယ်တို့ပြန်တွေ့တဲ့အထိမ်းအမှတ်နဲ့

စားချင်တာရှိရင် ကြိုက်တာမှာလို့ရတယ်နော်.."


"ဟုတ်ကဲ့..."


နှစ်ယောက်သားက တိတ်ဆိတ်လွန်းနေသည်ဟု

ထင်မိတာကြောင့် ၀င်းလည်းအစားဘက်သို့

အာရုံပြောင်းလိုက်မိသည်။

ခဏအကြာမှာ စားချင်တာတွေကိုမှားလိုက်ကြပြီး၀န်ထမ်းလေးတွေက

လာချပေးပြီးတဲ့နောက်မှာ ကောင်မလေးက

ယူစားရမှာ ရှက်နေသည်ဟု ထင်လိုက်မိ၍

သူကိုယ်တိုင်ပဲ ခပ်ထည့်ပေးလိုက်မိလေသည်။


"..တာကိုယာကီ..လို့ခေါ်တယ်..စားကြည့်

အရမ်းစားကောင်းတယ်..."


ပန်းကန်ထဲသို့ ကိုဦးကိုယ်တိုင်စားစရာ

ထည့်ပေးလာ၍ အံ့ဩသွားမိလေသည်။

တစ်ခုထည့်ပေးပြီးနောက်မှာ နောက်ထပ်

တစ်ခုပြီးတစ်ခု ထည့်ပေးလာပြန်သည်။

ဝိုင်းလေးအဖို့တော့ ဂျပန်စာကိုစားဖူးတာက

ဒါပထမဆုံးပါပဲ။

ဒီလောက်စားကောင်းလိမ့်မယ်လို့လည်း

မထင်ခဲ့မိဘူး။


ဘ၀မှာဖေဖေကလွဲပြီး ဘယ်သူစိမ်းယောက်ျားကမှ

ဒီလို တကူးတကပန်းကန်ထဲကိုဟင်းခပ်မထည့်ပေး

‌ဖူးပေ။

ပြန်တွေးကြည့်တော့ ငယ်ငယ်ကဝိုင်းလေးကို

အဖေကိုယ်တိုင် ထမင်းခွံ့ပေးတာကိုတောင်

သွား၍သတိရမိလေသည်။


"အရင်ကလိုပဲ..ချယ်ရီသီးစားရတာ

ကြိုက်သေးလား.."


"ကြိုက်တာပေါ့..ကိုဦးရဲ့..ဒါပေမဲ့ဒီမှာက

ဈေးအရမ်းကြီးတယ်..."


"ဒါဆိုရင် ဒီချက်ရီသီးတစ်ဗူးကို

လက်ဆောင်ပေးမယ်ဆိုရင်ရော.."


ရုတ်တရက် စားပွဲပေါ်သို့ချယ်ရီသီးဗူးလေးကို

တင်လိုက်ပြီး ဝိုင်းလေးဘက်သို့တွန်းပေးလာလေသည်။

ရန်ကုန်ကိုရောက်ပြီးတည်းက ချယ်ရီသီးတွေကို 

တော်ရုံ၀ယ်မစားနိုင်တော့တာအမှန်ပါပဲ။

အခုလိုလက်ဆောင်ရတော့ ယူချင်ပေမဲ့

သူများပေးတိုင်းယူရင်လည်း ငတ်ကြီးကျသည်ဟု

အထင်မခံနိုင်ပေ။

နောက်ပြီး ကိုယ်နဲ့သူကအခုမှစတွေ့တာဆိုတော့

ပေးတိုင်းယူလို့လည်း မကောင်းပါဘူး။


"ဒီဗူးကြီးဆိုရင် ဈေးတော်တော်ကြီးမှာပဲ

ဝိုင်းလေးမယူပါရစေနဲ့နော်..အခုလိုနေ့လည်စာကို

ဂျပန်စာတွေကျွေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ

ဝိုင်းလေးက ရန်ကုန်ကိုရောက်တာအရမ်းမကြာသေးတော့ ဂျပန်အစားအစာလည်း

မစားဖူးသေးဘူးလေ..အခုမှကိုဦးကြောင့်

ပထမဆုံးစားဖူးတာ..ကိုဦးကချယ်ရီသီးတွေ

ထပ်ပေးတော့...အားနာစရာကြီးမယူပါရစေနဲ့နော်"


"ဘာကိုအားနာတာလဲကွာ..ကိုယ်တို့ကအခုမှ

ပြန်တွေ့ကြတာလေ..ဒီဗူးကလည်းဝိုင်းဝိုင်းကို

လက်ဆောင်ပေးချင်လို့ တမင်မှာထားတာ

ကိုယ်ကချယ်ရီးသီးစားရတာ သိပ်မကြိုက်တော့

ဝိုင်း၀ိုင်းမှမယူရင် အလကားဖြစ်သွားမှာပေါ့.."


ဝိုင်းလေးအတွက် သီးသန့်မှာပေးထားတာဆိုသော

စကားကြောင့် အလွန်ကျေနပ်သွားမိလေသည်။

ဒီလိုမျိုး ကိုယ့်အပေါ်အစစ်အမှန်ခင်မင်ပေးမဲ့

လူမျိုးနဲ့ တွေ့နိုင်ဖို့ဆိုတာ တကယ်ကိုမလွယ်တဲ့

ကိစ္စပဲမဟုတ်လား။

နောက်ပြီး သူကနာမည်ကြီးအဆိုတော်တစ်ယောက်။


အနုပညာရှင်တွေက အရမ်းအလုပ်များကြတာလေ။အဲ့လို မအားလပ်တဲ့ကြားကနေ

ကိုယ့်အတွက်ရည်စူးပြီး လက်ဆောင်၀ယ်ထား

တယ်ဆိုတော့ ကိုဦးရဲ့ဖန်တစ်ယောက်အနေနဲ့ရော

မိတ်ဆွေတစ်ယောက်အနေနဲ့ပါ ကံကောင်းတယ်လို့

ဆိုရမယ်။


"ဝိုင်းလေးယူပါ့မယ်..ကျေးဇူးအများကြီး

တင်ပါတယ်နော်.."


"ကိုယ်တို့ကြားမှာ ကျေးဇူးတင်စကားတွေ

မလိုအပ်ပါဘူး..ဝိုင်းဝိုင်းသာကိုယ့်စေတနာကို

အသိအမှတ်ပြုတဲ့အနေနဲ့ များများစားပေးနော်..

နောက်လည်း ပိတ်ရက်တိုင်းဝိုင်းဝိုင်းကို

စားကောင်းတဲ့ ဆိုင်လေးတွေကိုခေါ်သွားပေးမယ်နော်.."


"..ဝိုင်းလေးကအပြင်ပန်းကသာ

လူကောင်သေးပေမဲ့ အရမ်းအစားကြီးတာနော်

ကိုဦးနောင်တရနေပါ့မယ်..."


"ဟား..ဟား..ဝိုင်းဝိုင်းကိုကျွေးရလို့တော့

ကိုယ်မမွဲသွားပါဘူးကွာ.."


နှစ်ယောက်သား အရင်တုန်းကအကြောင်းလေး

တွေကို ပြန်ပြောကြရင်းနှင့် အေးချမ်း‌တဲ့

အချိန်လေးတစ်ခုကို ဖြတ်သန်းခဲ့ကြလေသည်။

၀င်းအတွက်ကတော့ ဒီအခိုက်အတန့်လေးကို

အကြာကြီး ရပ်တန့်လိုက်ချင်မိတဲ့အထိကို

သဘောကျနေမိတာပါ။


🍒🍒🍒🍒🍒🍒


မင်းစက်သည် ဆေးရုံသီးသန့်အခန်းတစ်ခု၏

အရှေ့တွင်ရပ်နေမိပေမဲ့ အခန်းထဲသို့

၀င်ဖို့ကိုတုန့်ဆိုင်းနေမိသည်။

လူနာလာတွေ့သည်ဆိုပေမဲ့ သူ့မျက်နှာဟာ

ခက်ထန်နေပြီး အချိန်မရွေးပေါက်ကွဲတော့မည့်

မီးတောင်ငယ်တစ်ခုလို ဖြစ်‌၍နေသည်။

သူ့ရဲ့ငယ်ဘ၀ကို ဆိုးရွားတဲ့မှတ်ဉာဏ်တွေပဲ

ပေးခဲ့သူတစ်ယောက်အား တွေ့ရတော့မည်ဖြစ်၍

သူမပျော်နိုင်တာဟာ မထူးဆန်းပါဘူး။


ဒါပေမဲ့အခုသူဦးစီးနေရတဲ့ လုပ်ငန်းတွေရဲ့

မူလဖန်တီးသူမှာ သူရမင်းခေါင်ဆိုသည့်

လူဖြစ်နေ၍ ထိုလူကလာတွေ့ပါဆိုတော့လည်း

သူရှောင်လွှဲလို့ ဘယ်ရပါ့မလဲ။

ထို့ကြောင့် ခပ်တင်းတင်းဆုပ်ထားမိသော

လက်သီးဆုပ်ကို ဖြောလျှော့လိုက်ကာ

ဆေးရုံအခန်းတံခါးကို ဖွင့်၍၀င်လိုက်မိလေသည်။


"မင်းရောက်လာပြီပဲ..."


အသက်၅၇နှစ်ရှိနေပြီး လေတစ်ခါဖြတ်ဖူးပေမဲ့

လေသံကကြည်လင်ပြတ်သားပြီး မာနိုင်သေးတယ်ဆိုတော့ တော်တော်လေးပြန်ကောင်းနေလို့ပဲ

နေလိမ့်မယ်။

ဒါပေမဲ့ သူ့ရဲ့ကုတင်ဘေးမှာတုတ်ကောက်

တစ်ချောင်းရှိနေ၍ လမ်းကိုတုတ်ကောက်၏

အကူအညီနှင့်သာ လျှောက်နိုင်မှန်းသိလိုက်ရသည်။


"ရောက်ရောက်ချင်းဘာလို့ငါ့ဆီကို

မလာတာလဲ.."


"မလိုအပ်ဘူးထင်လို့ပေါ့.."


"ဘာ.."


သားအဖနှစ်ယောက်၏အခြေအနေကတော့

ပုံမှန်အတိုင်း အေးစက်စက်ပါပဲ။

နှစ်ယောက်လုံးက ပုံစံတူထုဆစ်ထားသလို

ရုပ်ရော၊စိတ်ရောတူနေသည့် လူတွေမို့

ဦးသူရ၏ဒုတိယဇနီးဖြစ်သူ မေဘယ်လ်ကတော့

ပဲလှော်ကြား ဆားမညှပ်ချင်၍ တိတ်တဆိတ်သာ

ကြည့်နေလိုက်တော့သည်။


သူ့အတွက်တော့ ဒီသားအဖတွေစကားများတာဟာ

ဒါပထဆုံးမဟုတ်တော့သလို ဒီလိုဖြစ်လေ

ပိုလို့သဘောကျလေပါပဲ။

ချောင်ပိတ်ရိုက်ခံရတဲ့ခွေးက ပြန်ကိုက်တော့

ပိုပြီးအထိနာတတ်တယ်ထင်ပါရဲ့။

ငယ်ငယ်က ကိုသူရရဲ့အမိန့်ဆိုရင်

သေလောက်အောင် ကြောက်တတ်တဲ့

ကောင်လေးက အခုကြီးလာတော့‌ကျားပေါက်လေး

အစွယ်ထွက်လာသလို မာန်ဖီလာတတ်ပြီ။


ဒါကြောင့်မို့လည်း ကိုသူရကိုသတိပေးခဲ့တာပေါ့။

တုံးနေတဲ့ဓားကို သွားမသွေးပေးနဲ့လို့

အခု‌တော့သူ‌သွေးတဲ့ဓားက အကြွင်းမဲ့

ချွန်ထက်သွားတော့ သူ့လက်ကိုပြန်ရှပြီပေါ့။


"မင်း..လက်ထက်လိုက်ပြီဆို..."


"ဟုတ်တယ်.."


"ငါ့ကိုဘာလို့အသိမပေးရတာလဲ..

အဲ့ဒီ့မိန်းကလေးက..ဘယ်လိုအသိုင်းအဝိုင်းကလဲ.."


"ကျွန်တော့်ရဲ့ကိစ္စတွေတိုင်းမှာ

၀င်မပါရင်ကောင်းမယ်..ဒီနေ့ခေါ်လိုက်တာက

အဲ့ဒီ့ကိစ္စဆိုရင်..

ကျွန်တော့်မှာဘာမှ ပြောစရာမရှိဘူး.."


"သူတောင်းစား..ငါမင်းအဖေကွ.."


"အမယ်လေး..အဖေဘယ်လိုလုပ်လိုက်တာလဲ.."


ဆေးရုံအခန်းထဲသို့ ၀င်လာသောစနိုးသည်

သူ့အဖေက ဖန်ခွက်ဖြင့် အစ်ကို့ခေါင်းကို

ကောက်ပေါက်လိုက်သောကြောင့် လန့်ပြီး

ထအော်လိုက်မိလေသည်။


ဖန်ခွက်နှင့် အားထည့်၍ပြစ်ပေါက်လိုက်တာကို

သိပေမဲ့ မင်းစက်ကလည်းတမင်မရှောင်လိုက်၍

နဖူးစပ်က‌နေ သွေးစက်များစီးကျလာခဲ့လေသည်။

မျက်ခုံးပေါ်အထိ စီးကျလာသောသွေးများကို

လက်မဖြင့် တို့သုတ်လိုက်ပြီးနောက်

သွေးအေးစွာ စိုက်ကြည့်နေသောဖခင်ကို

ခပ်မဲ့မဲ့ ပြန်ကြည့်လိုက်သည်။

သူ့မျက်၀န်းထဲတွင်တော့ နှစ်ပေါင်းများစွာ

ကိန်းအောင်းနေသည့် နားကျည်းမှုများလည်း

ရောယှက်နေခဲ့သည်။


"အဖေကျေနပ်ပြီမဟုတ်လား...

ဒါဆိုရင် ကျွန်တော်ပြန်လိုက်ပါအုံးမယ်.."


ဖခင်ဖြစ်သူကို အရွဲ့တိုက်ခဲ့ကာ ဆေးရုံးအခန်းထဲမှ

ထွက်လာခဲ့လိုက်သည်။

သူ့ရင်ထဲတွင်တော့ ဒီနေရာကိုနောက်ထပ်

ဘယ်တော့မှ ပြန်မလာချင်တော့ပေ။


"ကိုကို...."


အနောက်မှပြေးလိုက်လာသော စနိုးသည်

မင်းစက်အားလှမ်းခေါ်လိုက်ပြီးနောက်

အရှေ့မှ ပိတ်ရက်လိုက်လေသည်။

ကိုကို့ရဲ့ မာထန်နေသောအကြည့်များကို

ကြောက်မိပေမဲ့ အရဲစွန့်ပြီးသိချင်တာကို

မေးဖို့ပြင်လိုက်သည်။


"ကိုကိုဘာလို့..စနိုးတို့ကို လက်ထက်လိုက်တဲ့ကိစ္စ

အကြောင်းမကြားရတာလဲ..ကိုကိုက

မြန်မာနိုင်ငံကလူတွေကိုပဲ မိသားစုလို့

သဘောထားတာလား..စနိုးတို့ကြတော့ရော.."


"မိသားစုဟုတ်လား..မိသားစုဆိုတာ

ဟော့ဒီလိုဒဏ်ရာပေးတဲ့လူတွေကိုပြောတာလား..."


ကြောက်စရာကောင်းသော မဲ့ပြုံးတစ်ခုနှင့်

သူ့နဖူးက ဒဏ်ရာကိုလက်ညှိုးနှင့်ထိုးပြပြီး

ထွက်သွားသော ကိုကို့အားစနိုးမတားရဲတော့ပေ။

ကိုကို့အတွက် မိသားစုတွေဟာသူ့ကိုဒဏ်ရာပေးတဲ့

လူတွေလို့ပဲ သတ်မှတ်ထားတာပေါ့။


❤️❤️❤️❤️❤️


ကိုဦးနဲ့လည်းတွေ့ပြီ

ဦးသူရနဲ့လည်း တွေ့ပြီဟုတ်


=========================================================================


အခန္း(၂၅)

  💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


ကိုဦးႏွင့္ခ်ိန္းထားေသာ ဂ်ပန္စားေသာက္ဆိုင္၏

အေရ႔ွတြင္ ရပ္လိုက္ၿပီးေနာက္ ဆိုင္ထဲသို႔

ေျခမလွမ္းရဲဘူးျဖစ္ေနသည္။

လာခဲ့တဲ့ လမ္းတစ္ေလ်ွာက္လံုးလည္း

ေနာက္ျပန္လွၫ့္ရင္ ေကာင္းမလားဆိုၿပီး

ခဏခဏေတြေဝေနခဲ့မိတယ္။


သူကအဆိုေတာ္ျဖစ္သြားခဲ့ၿပီ။

ဒီအခ်ိန္မွာ သြားေတြ့ရင္ေကာင္းပါ့မလားဟု

အမ်ိဳးမ်ိဳးေတြးေတာေနမိေလသည္။

ထိုအခ်ိန္မွာပဲ ဖုန္းျမည္လာ၍ၾကၫ့္လိုက္မိေတာ့

ကိုဦးရဲ့ မန္ေနဂ်ာမဇင္၏ဖုန္းနံပါတ္ျဖစ္ေနေလသည္။


"ဟယ္လို..မဇင္..."


"ညီမေရ..လမ္းမွာကားပိတ္ေနလို႔လားဟင္..

အဆင္မေျပရင္အစ္မလာေခၚမယ္ေနာ္.."


"မဟုတ္ပါဘူး..ညီမဆိုင္ေရ႔ွကိုေရာက္ေနပါၿပီ..

အခုပဲအေပၚကို တက္လာခဲ့မယ္ေနာ္.."


ဖုန္းကိုခ်လိုက္ၿပီးေနာက္ စိတ္လႈပ္ရွားေနတာကို

အျမန္ျပန္ျပင္လိုက္ၿပီး ပန္းေရာင္ဂါ၀န္ေလး၏

အနားစေလးမ်ားကို ဆုပ္ကိုင္လိုက္ကာ

ဆိုင္ထဲသို႔ ၀င္ခဲ့လိုက္သည္။

စားေသာက္ဆိုင္သည္ ႏွစ္ထပ္ျဖစ္ၿပီး ကိုဦးတို႔က

အေပၚထပ္ရိွVIPအခန္းမွာ ေစာင့္ေနသည္ဟု

မဇင္ကစာပို႔ေပးထားေလသည္။

ဆိုင္တစ္ဆိုင္လံုးကလည္း ဂ်ပန္ယဉ္ေက်းမႈအတိုင္း ျပင္ဆင္ထား၍ သန႔္ရွင္းသပ္ရပ္ေနၿပီး

ေတာ္ေတာ္ေလးလည္း လွသည္။


ဆိုင္ထဲသို႔ ၀င္သည္ႏွင့္တစ္ေယာက္စႏွစ္ေယာက္စ

ဝိုင္းၾကၫ့္လာၾက၍ ခၽြေးေတာင္ထြက္ခ်င္

သြားရသည္။တစ္ေယာက္တည္းေယာင္လည္လည္

ျဖစ္ေနမွာစိုး၍ ၀န္ထမ္းတစ္ေယာက္ကို

လွမ္းေခၚလိုက္ၿပီး ကိုဦးတို႔ရိွေနသၫ့္

အခန္းေနရာကိုေျပာလိုက္ကာ လိုက္ပို႔ရန္

အကူအညီေတာင္းရေတာ့သည္။


တစ္ဖက္တြင္ေတာ့ ၀င္းတစ္ေယာက္

ေျခမကိုင္မိ၊လက္မကိုင္မိေတြ ျဖစ္ေနေလသည္။

ေရႏြေးငွဲ႔ေသာက္ေနတဲ့ လက္ေတြကေတာင္

စိတ္လႈပ္ရွားၿပီး တုန္ယင္ေန၍မဇင္ကေတာ့

ရယ္ခ်င္စိတ္ကို မနည္းထိန္းထားရသည္။


"ဟူး!!!"


ထိုေနရင္းႏွင့္ သက္‌ျပင္းေတြခ်ေနမိတာလည္း

အခါခါပါပဲ။အသက္၁၉ႏွစ္ေလာက္မွာ

ခင္မင္ခြင့္ရခဲ့တဲ့ မိန္းကေလးတစ္ေယာက္ကို

ဒီေလာက္အထိ စဲြလမ္းေနမိတဲ့ ကိုယ့္ကိုကိုယ္လည္း

လံုး၀မယံုၾကည္ႏိုင္ေပ။


တန္ဖိုးႀကီးလက္ေဆာင္ေတြကို အမ်ားအျပား

ရရိွခဲ့ေပမဲ့သူေလးေပးခဲ့တဲ့ ပရိတ္ႀကိဳး

အနီေလးကိုသာ ကိုယ္နဲ႔မကြာေဆာင္ထား

မိခဲ့တဲ့အထိတန္ဖိုးထားခဲ့ရတာ။

ရွစ္ႏွစ္လံုးလံုး ဝိုင္းဝိုင္းနဲ႔ျပန္ေတြ့ခြင့္ရမဲ့

အခ်ိန္ကိုသာ ေစာင့္ေနခဲ့မိၿပီး

ဒီေန့ေတာ့ အိပ္မက္ေလးေတြဟာတကယ္ျဖစ္လာ

ခဲ့ၿပီေပါ့။


"မဇင္..သူဘာလို႔ေရာက္မလာေသးတာလဲ

အခန္းမွားေနတာမ်ားလား.."


"၀င္းရယ္..အဲ့ဒီ့ေမးခြန္းကိုေမးတာဒါနဲ႔ဆို

၁၈၁ေခါက္ေလာက္ရိွေတာ့မယ္ေနာ္

ခုဏေလးတင္ဖုန္းဆက္ၿပီးၿပီေလ

ဆိုင္ေရ႔ွကိုေရာက္ေနၿပီလို႔ေျပာသားပဲ

အခုေလာက္ဆိုအေပၚကိုေတာင္

တက္လာေနေလာက္ၿပီေပါ့.."


"ဒါေပမဲ့ ကၽြန္ေတာ္စိတ္မခ်ဘူးျဖစ္ေနတယ္..

ကိုယ္တိုင္သြားေခၚလိုက္ေတာ့မယ္ဗ်ာ.."


စိတ္ျမန္လက္ျမန္ႏွင့္ ထိုင္ခံုမွခ်က္ခ်င္း

ထလိုက္ေသာ၀င္းေၾကာင့္ မဇင္လည္း

 လန႔္ၿပီးတားရေလေတာ့သည္။

ပံုမွန္ဆိုရင္ ဘာဖိအားမွမရိွသလိုေပါ့ေပါ့ပါးပါး

ပဲေနတတ္သၫ့္၀င္းသည္ သူပထမဆံုးစင္ေပၚသို႔

တက္တဲ့အခ်ိန္ကေတာင္ ဒီေလာက္အထိ

ပ်ာယာခတ္မေနသလိုပဲ။


အခုေတာ့ျဖင့္ ႏႈတ္ခမ္းနီမေလးမ်ား၏

အသဲစဲြျဖစ္ေနပါေသာ ၀င္းသည္

ဖင္ကိုေၫွာင့္စူးသြားသၫ့္ ယုန္ကေလးကဲ့သို႔

ခုန္ဆြခုန္ဆျြဖစ္ေန၍ေနသည္

သူ႔ရဲ့မ်က္ႏွာအမူအရာ သူ႔အျပဳအမူေတြကို

ၾကၫ့္ရံုနဲ႔ ေမဝိုင္းေလးအေပၚမွာ

ဘယ္ေလာက္အထိ အေလးထားလည္းသိႏိုင္သည္။

၀င္းတစ္ေယာက္ မိန္းကေလးတစ္ေယာက္အတြက္

စိတ္လႈပ္ရွားလြန္းလို႔ ဟန္ေတာင္မေဆာင္ႏိုင္ေတာ့တဲ့ေန့ရက္ကို ေရာက္လာၿပီေပါ့။

ဒါလည္း ေကာင္းတာပဲ။


"အစ္မသြားေခၚေပးမယ္..၀င္းကေတာ့ဒီမွာပဲ

ထိုင္ေစာင့္ေနပါ..အျခား၀န္ထမ္းေတြက

၀င္းကိုမွတ္မိသြားရင္ ေကာလဟာလေတြ

ျပန႔္သြားလိမ့္မယ္..စိတ္ကိုေအးေအးထား

သူဘာမွမျဖစ္ေလာက္ပါဘူး..."


မဇင္ကနားခ်လိုက္မွသာ ေသခ်ာေတြးၾကၫ့္လိုက္ၿပီး နာခံသၫ့္အေနျဖင့္ ‌ေခါင္းညိမ့္ျပလိုက္မိေလသည္။

ထိုေတာ့မွ မဇင္ကလည္း သက္ျပင္းခ်ႏိုင္ၿပီး

အခန္းတံခါးကိုဖြင့္ဖို႔လုပ္လိုက္ေတာ့...


"ဟင္..ေမဝိုင္းေလး..."


အသံကိုၾကားသည္ႏွင့္ ၀င္းသည္လည္းထိုင္ခံုမွ

ၿမွောက္ခနဲႂကြတက္သြားသလို ထလိုက္မိၿပီး

အခန္း၀ဆီသို႔ ၾကၫ့္လိုက္မိေလသည္။

တံခါး၀တြင္ ရပ္ေနေသာ ပံုရိပ္ကေလးကို

ေတြ့လိုက္ရသည္ႏွင့္ သူ႔မ်က္လံုးေတြဟာ

ခ်က္ခ်င္းကို အေရာင္လက္သြားေတာ့သည္။


မဇင္၏ဖိတ္ေခၚမႈေၾကာင့္ အခန္းထဲသို႔၀င္လာေသာ

ေကာင္မေလးသည္ ခ်ယ္ရီပြင့္ေသးေသးေလးမ်ား

ျဖင့္ ပံုေဖာ္ထားေသာ ဂါ၀န္ပန္းေရာင္ေလးကို

၀တ္ဆင္လာခဲ့၍ ျဖဴဥေနေသာအသားအရည္ႏွင့္

ဟပ္ၾကေနေလသည္။


သူ႔ကိုလွမ္းၾကၫ့္လာေသာ မ်က္၀န္းေလးေတြဟာ

အညိုေရာင္မ်က္၀န္းေလးျဖစ္ၿပီး ဝိုင္းစက္ေနကာ

လေရာင္ျဖန္းထားသကဲ့သို႔ ၾကည္လင္၀င္းပေနသည္။


ဆံပင္ရွည္ေလးေတြကို ဖားလ်ားေလးခ်ထားေပမဲ့

ပုလဲလံုးေလးေတြစီထားသၫ့္ ဘီးကုတ္ကေလးကို

တပ္ထားေသာေၾကာင့္ လြန္ခဲ့တဲ့ရွစ္ႏွစ္က

ေတြ့ခဲ့ေသာအသက္၁၅ႏွစ္အရြယ္အတိုင္းပါပဲ။


ဟုတ္တယ္။ဝိုင္းဝိုင္းက ဘာမွေျပာင္းလဲမသြားခဲ့ဘူး။

ကိုယ္ကသာ ရုပ္ရင့္သြားခဲ့တာ။

ဝိုင္းဝိုင္းကေတာ့ အရင္လိုခ်စ္စရာေကာင္းတုန္းပဲ။


"အဟင္း..အဟင္း..၀င္းေရ..

မ်က္လံုးႀကီးလည္း ကၽြတ္ထြက္ေနပါအံုးမယ္ဟယ္

ၿပီးမွေအးေဆးထိုင္ၾကၫ့္လည္းရပါတယ္.."


မဇင္ေျပာလိုက္ေတာ့မွ ပါးစပ္အေဟာင္းသားႏွင့္

ေငးၾကၫ့္ေနမိေသာ ကိုယ့္အျဖစ္ကိုယ္

ျပန္သတိရသြားၿပီး ရွက္သြားမိေလသည္။

ထို႔ေၾကာင့္ အမူအရာေတြကိုခ်က္ခ်င္းျပန္ျပင္

လိုက္ၿပီး အီက်ႌကိုဆဲြခ်လိုက္မိသည္။


"ဝိုင္းဝိုင္း..ထိုင္ေလ..."


ဝိုင္းေလးကို ဟိုအရင္တုန္းကအတိုင္း

တရင္းတႏွီးေခၚလိုက္သၫ့္ ကိုဦးကို

အံ့ဩကာၾကၫ့္လိုက္မိေတာ့

သၾကားလံုးထက္ေတာင္ ခ်ိဳေနသၫ့္အႃပံုးမ်ိဳးျဖင့္

ႃပံုးျပလာေလသည္။


မေတြ့ရတာၾကာၿပီျဖစ္ေပမဲ့ စိမ္းသက္မေနပဲတရင္းတႏွီးၾကၫ့္လာ၍ နာမည္ႀကီးအဆိုေတာ္

ျဖစ္တာေတာင္ မာနေထာင္လႊားျခင္း မရိွပါလားဟု

မွတ္ခ်က္ေပးလိုက္မိသည္။


"ကဲ..သူငယ္ခ်င္းေတျြပန္ေတြ့ၾကၿပီဆိုေတာ့

မဇင္လည္းသြားေတာ့မယ္ေနာ္..

ျပန္ခါနီးၾကရင္ ဖုန္းဆက္လိုက္ၾကေနာ္.."


"ဟင္..မဇင္ကျပန္ေတာ့မလို႔လား.."


"ဟုတ္တယ္ေလ..ဝိုင္းေလးရဲ့

တစ္ေယာက္ေသာသူက..အစ္မကိုရိွေနေစခ်င္မွာ

မဟုတ္ဘူး...ႏွစ္ေယာက္သားေအးေအးေဆးေဆး

စကားေျပာၾကပါကြယ္..သြားၿပီေနာ္.."


မဇင္ထြက္သြားေသာအခါ

တစ္ေယာက္ေသာသူဆိုသၫ့္ စကားေၾကာင့္

မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနသၫ့္ကိုဦးကို

ၾကၫ့္လိုက္မိေတာ့ ပါးေတြေရာ၊နားရြက္ေတြပါ

ရဲတက္ေနသည္ကို ေတြ့လိုက္ရေလသည္။


၀တ္လာသည္က အျဖဴေရာင္တီရွက္လက္တို

ျဖစ္ေန၍ သူနဲ႔စၿပီးခင္မင္ခြင့္ရခဲ့သၫ့္

အခ်ိန္ကိုေတာင္ ျပန္၍သတိရမိသည္။

အဲ့ဒီေန့က ဝိုင္းေလးကပ်င္းတာနဲ႔ ကၽြန္းေတာထဲမွာ

‌ရွၪ့္ေတြကို လိုက္ရွာေနမိခဲ့တာ မထင္မွတ္ပဲ

တေယာတီးေနတဲ့ ကိုဦးနဲ႔ေတြ့ဆံုခဲ့သည္။


 တေယာတီးေနတဲ့လူတစ္ေယာက္ကို အျပင္မွာ

ေတြ့ႏိုင္လိမ့္မယ္လို႔ တကယ္ကိုမထင္ထားခဲ့တာပါ။

တီဗီြေတြထဲမွာပဲ ေတြ့ခဲ့ဖူးလို႔ၾကၫ့္ေကာင္းေကာင္း

နဲ႔ ၾကၫ့္ေနခဲ့မိတယ္။

အဲ့ဒီ့ေန့မွာ ကိုဦးက

ေဘာင္းဘီေရာ၊အိက်ႌပါအျဖဴေရာင္၀တ္ထားခဲ့ၿပီး

မ်က္လံုးေတြကိုမိွတ္ထားကာ သံစဉ္ေတြေပၚမွာ

ဈာန္၀င္ေနပံုက ေတာ္၀င္မင္းသားေလး

တစ္ပါးကို အရွင္လတ္လတ္ျမင္လိုက္ရတာႏွင့္ပင္

တူေနခဲ့သည္။


ဒီေလာက္ေခ်ာတဲ့ အစ္ကိုႀကီးကိုဝိုင္းေလး

တစ္ခါမွ မေတြ့ဖူးခဲ့တာေတာ့အမွန္ပဲ။

ဒါေၾကာင့္ သူတေယာတီးေနစဉ္တစ္ေလ်ွာက္လံုး

ၾကၫ့္ေကာင္းေကာင္းနဲ႔ ေငးေနမိခဲ့တယ္။

ရုတ္တရက္သူက တေယာတီးတာရပ္သြားခဲ့ၿပီး

သူ႔ကို ေငးၾကၫ့္ေနတဲ့ဝိုင္းေလးကို

ျမင္ေတာ့ သူလည္းလန႔္သြားခဲ့တယ္။

အဲ့ေန့ကဆို ဝိုင္းေလးမွာရွက္ၿပီးအိမ္ကိုျပန္ေျပး

လာခဲ့ရတယ္။


"ဘာေတြကို သေဘာက်ေနတာလဲ.."


"ရွင္..."


"တစ္ေယာက္တည္းႃပံုးေနလို႔ေလ.."


ဝိုင္းေလးကို ႃပံုး၍ၾကၫ့္ကာေမးလာေသာေၾကာင့္

ဝိုင္းေလးလည္း ျပန္ႃပံုးျပလိုက္မိေလသည္။


"ကိုဦးနဲ႔စေတြ့တဲ့ေန့တုန္းက အေၾကာင္းကို

ျပန္ေတြးေနမိတာပါ.."


"ကိုဦး.."တဲ့ဝိုင္းဝိုင္းရဲ့ထိုအေခၚအေဝၚေလးကို

ၾကားလိုက္ရေတာ့ ရင္ထဲမွာခ်က္ခ်င္းေအးျမသြားတယ္။

 ခံုေပၚမွာတင္ထားတဲ့ သူေလးရဲ့

လက္ေခ်ာင္းသြယ္သြယ္ေလးေတြကို

ျဖစ္ၫွစ္လိုက္ခ်င္တဲ့အထိပါပဲ။။

ဒါေပမဲ့ ခ်က္ခ်င္းႀကီးအဆင့္ေတြကိုေက်ာ္တက္လိုက္ရင္ ေကာင္မေလးလန႔္သြားမွာလည္း

စိုးရတယ္။


ေနာက္ၿပီး အခုမျွပန္ေတြ့တာဆိုေတာ့ သူေလးရဲ့

သေဘာထားကိုလည္း မသိ‌ရေသးဘူး။

ဒါေပမဲ့ အေခၚအဝၚေတြကအရင္အတိုင္းေလးပဲ

ျဖစ္ေနေသးေတာ့ အေျခအေနေကာင္းတယ္လို႔

ဆိုရမယ္။

အစကေတာ့ကိုယ့္ကို အရမ္းစိမ္းေနမလားလို႔

ထင္ခဲ့မိတာ။

အခုေတာ့ အရင္ကအေၾကာင္းေတြကိုပါ

မွတ္မိေနေသးတာေတြ့ရေတာ့ ရင္ဘတ္ေတြ

ေပါက္ကဲြေတာ့မလိုကို ျဖစ္ေနမိတယ္။


"မွတ္မိေနေသးတာလား..ကိုယ္ကေတာ့

ဝိုင္းဝိုင္းက ေမ့သြားၿပီလို႔ေတာင္ထင္ေနတာ.."


"ဝိုင္းေလးမေမ့ပါဘူး..အထူးသျဖင့္ကိုဦးက

ဝိုင္းေလးရဲ့ငယ္ဘ၀အမွတ္တရေတြကို

လွပေအာင္လုပ္ေပးခဲ့တဲ့

တစ္ဦးတည္းေသာသူပဲေလ..

ဘာလို႔ေမ့ျပစ္ရမွာလဲ..."


ဝိုင္းဝိုင္း၏စကား‌ေၾကာင့္ သူ႔မ်က္လံုးမ်ားသည္

စဲြေဆာင္မႈရိွသၫ့္အသြင္သို႔ ေျပာင္းလဲသြားၿပီး

သူမကိုရႊန္းရႊန္းစားစား ၾကၫ့္လိုက္မိေလသည္။

သူ႔စိတ္ကို မထိန္းခ်ဳပ္ႏိုင္ေတာ့တဲ့

အထိပဲ။


ဒါေပမဲ့လည္း အလ်ွင္မလိုပါဘူး။

ကိုယ့္ဘက္ကသာ အေရာင္ေတြပါ၀င္ေနေပမဲ့

ဝိုင္းဝိုင္းကေတာ့ ကိုယ့္အေပၚမွာရိုးရိုးသားသားပဲ

ခင္မင္ခဲ့တာဆိုေတာ့ အေဟာင္းကို

အသစ္ျပန္ျဖစ္ေအာင္ လုပ္ဖို႔ကအခ်ိန္ေတာ့

ေပးရမွာပဲ။


"ဝိုင္းဝိုင္း..ဒီေန့ကိုယ္တို႔ျပန္ေတြ့တဲ့အထိမ္းအမွတ္နဲ႔

စားခ်င္တာရိွရင္ ႀကိဳက္တာမွာလို႔ရတယ္ေနာ္.."


"ဟုတ္ကဲ့..."


ႏွစ္ေယာက္သားက တိတ္ဆိတ္လြန္းေနသည္ဟု

ထင္မိတာေၾကာင့္ ၀င္းလည္းအစားဘက္သို႔

အာရံုေျပာင္းလိုက္မိသည္။

ခဏအၾကာမွာ စားခ်င္တာေတြကိုမွားလိုက္ၾကၿပီး၀န္ထမ္းေလးေတြက

လာခ်ေပးၿပီးတဲ့ေနာက္မွာ ေကာင္မေလးက

ယူစားရမွာ ရွက္ေနသည္ဟု ထင္လိုက္မိ၍

သူကိုယ္တိုင္ပဲ ခပ္ထၫ့္ေပးလိုက္မိေလသည္။


"..တာကိုယာကီ..လို႔ေခၚတယ္..စားၾကၫ့္

အရမ္းစားေကာင္းတယ္..."


ပန္းကန္ထဲသို႔ ကိုဦးကိုယ္တိုင္စားစရာ

ထၫ့္ေပးလာ၍ အံ့ဩသြားမိေလသည္။

တစ္ခုထၫ့္ေပးၿပီးေနာက္မွာ ေနာက္ထပ္

တစ္ခုၿပီးတစ္ခု ထၫ့္ေပးလာျပန္သည္။

ဝိုင္းေလးအဖို႔ေတာ့ ဂ်ပန္စာကိုစားဖူးတာက

ဒါပထမဆံုးပါပဲ။

ဒီေလာက္စားေကာင္းလိမ့္မယ္လို႔လည္း

မထင္ခဲ့မိဘူး။


ဘ၀မွာေဖေဖကလဲြၿပီး ဘယ္သူစိမ္းေယာက္်ားကမွ

ဒီလို တကူးတကပန္းကန္ထဲကိုဟင္းခပ္မထၫ့္ေပး

‌ဖူးေပ။

ျပန္ေတြးၾကၫ့္ေတာ့ ငယ္ငယ္ကဝိုင္းေလးကို

အေဖကိုယ္တိုင္ ထမင္းခြံ႔ေပးတာကိုေတာင္

သြား၍သတိရမိေလသည္။


"အရင္ကလိုပဲ..ခ်ယ္ရီသီးစားရတာ

ႀကိဳက္ေသးလား.."


"ႀကိဳက္တာေပါ့..ကိုဦးရဲ့..ဒါေပမဲ့ဒီမွာက

ေဈးအရမ္းႀကီးတယ္..."


"ဒါဆိုရင္ ဒီခ်က္ရီသီးတစ္ဗူးကို

လက္ေဆာင္ေပးမယ္ဆိုရင္ေရာ.."


ရုတ္တရက္ စားပဲြေပၚသို႔ခ်ယ္ရီသီးဗူးေလးကို

တင္လိုက္ၿပီး ဝိုင္းေလးဘက္သို႔တြန္းေပးလာေလသည္။

ရန္ကုန္ကိုေရာက္ၿပီးတည္းက ခ်ယ္ရီသီးေတြကို 

ေတာ္ရံု၀ယ္မစားႏိုင္ေတာ့တာအမွန္ပါပဲ။

အခုလိုလက္ေဆာင္ရေတာ့ ယူခ်င္ေပမဲ့

သူမ်ားေပးတိုင္းယူရင္လည္း ငတ္ႀကီးက်သည္ဟု

အထင္မခံႏိုင္ေပ။

ေနာက္ၿပီး ကိုယ္နဲ႔သူကအခုမွစေတြ့တာဆိုေတာ့

ေပးတိုင္းယူလို႔လည္း မေကာင္းပါဘူး။


"ဒီဗူးႀကီးဆိုရင္ ေဈးေတာ္ေတာ္ႀကီးမွာပဲ

ဝိုင္းေလးမယူပါရေစနဲ႔ေနာ္..အခုလိုေန့လည္စာကို

ဂ်ပန္စာေတြကၽြေးတာနဲ႔တင္ ေက်းဇူးတင္ေနပါၿပီ

ဝိုင္းေလးက ရန္ကုန္ကိုေရာက္တာအရမ္းမၾကာေသးေတာ့ ဂ်ပန္အစားအစာလည္း

မစားဖူးေသးဘူးေလ..အခုမွကိုဦးေၾကာင့္

ပထမဆံုးစားဖူးတာ..ကိုဦးကခ်ယ္ရီသီးေတြ

ထပ္ေပးေတာ့...အားနာစရာႀကီးမယူပါရေစနဲ႔ေနာ္"


"ဘာကိုအားနာတာလဲကြာ..ကိုယ္တို႔ကအခုမွ

ျပန္ေတြ့ၾကတာေလ..ဒီဗူးကလည္းဝိုင္းဝိုင္းကို

လက္ေဆာင္ေပးခ်င္လို႔ တမင္မွာထားတာ

ကိုယ္ကခ်ယ္ရီးသီးစားရတာ သိပ္မႀကိဳက္ေတာ့

ဝိုင္းဝိုင္းမွမယူရင္ အလကားျဖစ္သြားမွာေပါ့.."


ဝိုင္းေလးအတြက္ သီးသန႔္မွာေပးထားတာဆိုေသာ

စကားေၾကာင့္ အလြန္ေက်နပ္သြားမိေလသည္။

ဒီလိုမ်ိဳး ကိုယ့္အေပၚအစစ္အမွန္ခင္မင္ေပးမဲ့

လူမ်ိဳးနဲ႔ ေတြ့ႏိုင္ဖို႔ဆိုတာ တကယ္ကိုမလြယ္တဲ့

ကိစၥပဲမဟုတ္လား။

ေနာက္ၿပီး သူကနာမည္ႀကီးအဆိုေတာ္တစ္ေယာက္။


အႏုပညာရွင္ေတြက အရမ္းအလုပ္မ်ားၾကတာေလ။အဲ့လို မအားလပ္တဲ့ၾကားကေန

ကိုယ့္အတြက္ရည္စူးၿပီး လက္ေဆာင္၀ယ္ထား

တယ္ဆိုေတာ့ ကိုဦးရဲ့ဖန္တစ္ေယာက္အေနနဲ႔ေရာ

မိတ္ေဆြတစ္ေယာက္အေနနဲ႔ပါ ကံေကာင္းတယ္လို႔

ဆိုရမယ္။


"ဝိုင္းေလးယူပါ့မယ္..ေက်းဇူးအမ်ားႀကီး

တင္ပါတယ္ေနာ္.."


"ကိုယ္တို႔ၾကားမွာ ေက်းဇူးတင္စကားေတြ

မလိုအပ္ပါဘူး..ဝိုင္းဝိုင္းသာကိုယ့္ေစတနာကို

အသိအမွတ္ျပဳတဲ့အေနနဲ႔ မ်ားမ်ားစားေပးေနာ္..

ေနာက္လည္း ပိတ္ရက္တိုင္းဝိုင္းဝိုင္းကို

စားေကာင္းတဲ့ ဆိုင္ေလးေတြကိုေခၚသြားေပးမယ္ေနာ္.."


"..ဝိုင္းေလးကအျပင္ပန္းကသာ

လူေကာင္ေသးေပမဲ့ အရမ္းအစားႀကီးတာေနာ္

ကိုဦးေနာင္တရေနပါ့မယ္..."


"ဟား..ဟား..ဝိုင္းဝိုင္းကိုကၽြေးရလို႔ေတာ့

ကိုယ္မမဲြသြားပါဘူးကြာ.."


ႏွစ္ေယာက္သား အရင္တုန္းကအေၾကာင္းေလး

ေတြကို ျပန္ေျပာၾကရင္းႏွင့္ ေအးခ်မ္း‌တဲ့

အခ်ိန္ေလးတစ္ခုကို ျဖတ္သန္းခဲ့ၾကေလသည္။

၀င္းအတြက္ကေတာ့ ဒီအခိုက္အတန႔္ေလးကို

အၾကာႀကီး ရပ္တန႔္လိုက္ခ်င္မိတဲ့အထိကို

သေဘာက်ေနမိတာပါ။


🍒🍒🍒🍒🍒🍒


မင္းစက္သည္ ေဆးရံုသီးသန္႔အခန္းတစ္ခု၏

အေရ႔ွတြင္ရပ္ေနမိေပမဲ့ အခန္းထဲသို႔

၀င္ဖို႔ကိုတုန႔္ဆိုင္းေနမိသည္။

လူနာလာေတြ့သည္ဆိုေပမဲ့ သူ႔မ်က္ႏွာဟာ

ခက္ထန္ေနၿပီး အခ်ိန္မေရြးေပါက္ကဲြေတာ့မၫ့္

မီးေတာင္ငယ္တစ္ခုလို ျဖစ္‌၍ေနသည္။

သူ႔ရဲ့ငယ္ဘ၀ကို ဆိုးရြားတဲ့မွတ္ဉာဏ္ေတြပဲ

ေပးခဲ့သူတစ္ေယာက္အား ေတြ့ရေတာ့မည္ျဖစ္၍

သူမေပ်ာ္ႏိုင္တာဟာ မထူးဆန္းပါဘူး။


ဒါေပမဲ့အခုသူဦးစီးေနရတဲ့ လုပ္ငန္းေတြရဲ့

မူလဖန္တီးသူမွာ သူရမင္းေခါင္ဆိုသၫ့္

လူျဖစ္ေန၍ ထိုလူကလာေတြ့ပါဆိုေတာ့လည္း

သူေရွာင္လႊဲလို႔ ဘယ္ရပါ့မလဲ။

ထို႔ေၾကာင့္ ခပ္တင္းတင္းဆုပ္ထားမိေသာ

လက္သီးဆုပ္ကို ေျဖာေလ်ွာ့လိုက္ကာ

ေဆးရံုအခန္းတံခါးကို ဖြင့္၍၀င္လိုက္မိေလသည္။


"မင္းေရာက္လာၿပီပဲ..."


အသက္၅၇ႏွစ္ရိွေနၿပီး ေလတစ္ခါျဖတ္ဖူးေပမဲ့

ေလသံကၾကည္လင္ျပတ္သားၿပီး မာႏိုင္ေသးတယ္ဆိုေတာ့ ေတာ္ေတာ္ေလးျပန္ေကာင္းေနလို႔ပဲ

ေနလိမ့္မယ္။

ဒါေပမဲ့ သူ႔ရဲ့ကုတင္ေဘးမွာတုတ္ေကာက္

တစ္ေခ်ာင္းရိွေန၍ လမ္းကိုတုတ္ေကာက္၏

အကူအညီႏွင့္သာ ေလ်ွာက္ႏိုင္မွန္းသိလိုက္ရသည္။


"ေရာက္ေရာက္ခ်င္းဘာလို႔ငါ့ဆီကို

မလာတာလဲ.."


"မလိုအပ္ဘူးထင္လို႔ေပါ့.."


"ဘာ.."


သားအဖႏွစ္ေယာက္၏အေျခအေနကေတာ့

ပံုမွန္အတိုင္း ေအးစက္စက္ပါပဲ။

ႏွစ္ေယာက္လံုးက ပံုစံတူထုဆစ္ထားသလို

ရုပ္ေရာ၊စိတ္ေရာတူေနသၫ့္ လူေတြမို႔

ဦးသူရ၏ဒုတိယဇနီးျဖစ္သူ ေမဘယ္လ္ကေတာ့

ပဲေလွာ္ၾကား ဆားမၫွပ္ခ်င္၍ တိတ္တဆိတ္သာ

ၾကၫ့္ေနလိုက္ေတာ့သည္။


သူ႔အတြက္ေတာ့ ဒီသားအဖေတြစကားမ်ားတာဟာ

ဒါပထဆံုးမဟုတ္ေတာ့သလို ဒီလိုျဖစ္ေလ

ပိုလို႔သေဘာက်ေလပါပဲ။

ေခ်ာင္ပိတ္ရိုက္ခံရတဲ့ေခြးက ျပန္ကိုက္ေတာ့

ပိုၿပီးအထိနာတတ္တယ္ထင္ပါရဲ့။

ငယ္ငယ္က ကိုသူရရဲ့အမိန႔္ဆိုရင္

ေသေလာက္ေအာင္ ေၾကာက္တတ္တဲ့

ေကာင္ေလးက အခုႀကီးလာေတာ့‌က်ားေပါက္ေလး

အစြယ္ထြက္လာသလို မာန္ဖီလာတတ္ၿပီ။


ဒါေၾကာင့္မို႔လည္း ကိုသူရကိုသတိေပးခဲ့တာေပါ့။

တံုးေနတဲ့ဓားကို သြားမေသြးေပးနဲ႔လို႔

အခု‌ေတာ့သူ‌ေသြးတဲ့ဓားက အႂကြင္းမဲ့

ခၽြန္ထက္သြားေတာ့ သူ႔လက္ကိုျပန္ရွၿပီေပါ့။


"မင္း..လက္ထက္လိုက္ၿပီဆို..."


"ဟုတ္တယ္.."


"ငါ့ကိုဘာလို႔အသိမေပးရတာလဲ..

အဲ့ဒီ့မိန္းကေလးက..ဘယ္လိုအသိုင္းအဝိုင္းကလဲ.."


"ကၽြန္ေတာ့္ရဲ့ကိစၥေတြတိုင္းမွာ

၀င္မပါရင္ေကာင္းမယ္..ဒီေန့ေခၚလိုက္တာက

အဲ့ဒီ့ကိစၥဆိုရင္..

ကၽြန္ေတာ့္မွာဘာမွ ေျပာစရာမရိွဘူး.."


"သူေတာင္းစား..ငါမင္းအေဖကြ.."


"အမယ္ေလး..အေဖဘယ္လိုလုပ္လိုက္တာလဲ.."


ေဆးရံုအခန္းထဲသို႔ ၀င္လာေသာစႏိုးသည္

သူ႔အေဖက ဖန္ခြက္ျဖင့္ အစ္ကို႔ေခါင္းကို

ေကာက္ေပါက္လိုက္ေသာေၾကာင့္ လန႔္ၿပီး

ထေအာ္လိုက္မိေလသည္။


ဖန္ခြက္ႏွင့္ အားထၫ့္၍ျပစ္ေပါက္လိုက္တာကို

သိေပမဲ့ မင္းစက္ကလည္းတမင္မေရွာင္လိုက္၍

နဖူးစပ္က‌ေန ေသြးစက္မ်ားစီးက်လာခဲ့ေလသည္။

မ်က္ခံုးေပၚအထိ စီးက်လာေသာေသြးမ်ားကို

လက္မျဖင့္ တို႔သုတ္လိုက္ၿပီးေနာက္

ေသြးေအးစြာ စိုက္ၾကၫ့္ေနေသာဖခင္ကို

ခပ္မဲ့မဲ့ ျပန္ၾကၫ့္လိုက္သည္။

သူ႔မ်က္၀န္းထဲတြင္ေတာ့ ႏွစ္ေပါင္းမ်ားစြာ

ကိန္းေအာင္းေနသၫ့္ နားက်ည္းမႈမ်ားလည္း

ေရာယွက္ေနခဲ့သည္။


"အေဖေက်နပ္ၿပီမဟုတ္လား...

ဒါဆိုရင္ ကၽြန္ေတာ္ျပန္လိုက္ပါအံုးမယ္.."


ဖခင္ျဖစ္သူကို အရဲြ႔တိုက္ခဲ့ကာ ေဆးရံုးအခန္းထဲမွ

ထြက္လာခဲ့လိုက္သည္။

သူ႔ရင္ထဲတြင္ေတာ့ ဒီေနရာကိုေနာက္ထပ္

ဘယ္ေတာ့မွ ျပန္မလာခ်င္ေတာ့ေပ။


"ကိုကို...."


အေနာက္မွေျပးလိုက္လာေသာ စႏိုးသည္

မင္းစက္အားလွမ္းေခၚလိုက္ၿပီးေနာက္

အေရ႔ွမွ ပိတ္ရက္လိုက္ေလသည္။

ကိုကို႔ရဲ့ မာထန္ေနေသာအၾကၫ့္မ်ားကို

ေၾကာက္မိေပမဲ့ အရဲစြန႔္ၿပီးသိခ်င္တာကို

ေမးဖို႔ျပင္လိုက္သည္။


"ကိုကိုဘာလို႔..စႏိုးတို႔ကို လက္ထက္လိုက္တဲ့ကိစၥ

အေၾကာင္းမၾကားရတာလဲ..ကိုကိုက

ျမန္မာႏိုင္ငံကလူေတြကိုပဲ မိသားစုလို႔

သေဘာထားတာလား..စႏိုးတို႔ၾကေတာ့ေရာ.."


"မိသားစုဟုတ္လား..မိသားစုဆိုတာ

ေဟာ့ဒီလိုဒဏ္ရာေပးတဲ့လူေတြကိုေျပာတာလား..."


ေၾကာက္စရာေကာင္းေသာ မဲ့ႃပံုးတစ္ခုႏွင့္

သူ႔နဖူးက ဒဏ္ရာကိုလက္ၫွိုးႏွင့္ထိုးျပၿပီး

ထြက္သြားေသာ ကိုကို႔အားစႏိုးမတားရဲေတာ့ေပ။

ကိုကို႔အတြက္ မိသားစုေတြဟာသူ႔ကိုဒဏ္ရာေပးတဲ့

လူေတြလို႔ပဲ သတ္မွတ္ထားတာေပါ့။


❤️❤️❤️❤️❤️


ကိုဦးနဲ႔လည္းေတြ့ၿပီ

ဦးသူရနဲ႔လည္း ေတြ့ၿပီဟုတ္

13 comments:

  1. ဖတ်ပြီးရင်းဖတ်ချင်😍😍😝

    ReplyDelete
  2. ကျေးဇူးပါ

    ReplyDelete
  3. ဖတ်လို့မဝ လို့ရှည်ရှည်တင်​ပေးပါ​ကျေးဇူး

    ReplyDelete
  4. စာဖတ်ရတာတိုတိုလေးဆိုပေမဲ့ရင်ထဲထိရှအောင်ခံစားရတယ်

    ReplyDelete
  5. မင်းစက်လဲသနား ကိုဦးကိုလဲသဘေားကျ..လိုချင်တာနှစ်ယောက်စလုံး 💛

    ReplyDelete
  6. ကြိုက်တယ် ဝတ္ထုလေးက ဖတ်လို့ကောင်းတယ် Thank you

    ReplyDelete
  7. မျှော်နေရတာ

    ReplyDelete
  8. ကျေးဇူးပါ

    ReplyDelete
  9. ေက်းဇူးပါ ေမ်ာ္ေနရတာ😍😍😘😘

    ReplyDelete
  10. ကျေးဇူး

    ReplyDelete
  11. မင်းသားနှစ်ယောက်နဲတောခက်နေပီ။ဘယ်လိုတွေဖြစ်လာမလည်းစောင့်မျှော်နေပါ့မယ်
    ကျေးဇူးလည်းတင်ပါတယ်

    ReplyDelete
  12. မျှော်ရတာလဲမောလှပေါ့ကွယ်

    ReplyDelete