(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၂၃)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
ဝိုင်းလေးအလုပ်သို့ရောက်သောအခါ
၈နာရီကျော်နေလေပြီ။
ဒုတိအကြိမ်မြောက် အလုပ်ထုတ်ခံရအပြီးမှာတော့
စီမံဌာနမှာ မလုပ်ချင်တော့သလိုဖြစ်လာသည်။
ကိုယ်ရတဲ့ဘွဲ့က ထိုဌာနမှာနေတာပိုပြီး
ကိုက်ညီတယ်ဆိုပေမဲ့ စာရင်းဇယားလုပ်တာက
တကယ်ကို ခေါင်းရှုပ်ရတယ်။
အလုပ်တောင်နှစ်ခါတိတိအထုတ်ခံလိုက်ရတယ်ဆိုတော့ အဲ့ဒီ့ဌာနကဝိုင်းလေးနဲ့ကံမစပ်ဘူးဟု
ထင်မိသည်။
ထို့ကြောင့်ဗဟို၀န်ဆောင်မှုဌာနကိုသာရွေးချယ်လိုက်သည်။
ဗဟို၀န်ဆောင်မှုဌာနသို့ရောက်သောအခါ
ဌာနမှ အလုပ်သမားများသည် သူ့အဖွဲ့နှင့်သူ
လုပ်ငန်းစဖို့ပြင်နေကြလေပြီ။
ဒီဌာနကလူတွေဟာ မနက်ပိုင်းရုံတက်ချိန်နှင့်
ရုံးဆင်းချိန်လောက်သာ KGရုံးချုပ်မှာရှိကြတာ
ဖြစ်ပြီး ကျန်တဲ့အချိန်တွေက ကိုယ်၀န်ဆောင်မှု
ပေးရမဲ့ နေရာမှာသာအလုပ်လုပ်ကြရသည်။
ထို့ကြောင့် အမြဲသွားလာလှုပ်ရှားနေရ၍
ဝိုင်းလေးက ဒီဌာနကိုရွေးလိုက်ခြင်းဖြစ်သည်။
ဒီဌာနမှာအလုပ်ရဖို့အတွက်က အခြားဌာနတွေလို
လိုအပ်ချက်သိပ်မများပေ။
အကပ်ရှိရင် အထက်တန်းအောင်ရုံလောက်နဲ့တောင်
အလုပ်၀င်လို့ရနိုင်သည်။
ဝိုင်းလေးက ဒီနေ့မှအလုပ်စ၀င်တာမို့
ဌာနမှအလုပ်သမားလေးတစ်ယောက်ကိုမေးကာ
စူပါ၏ ရုံးခန်းတံခါးကို ခေါက်၍
ရုံးခန်းထဲသို့၀င်ခဲ့လိုက်သည်။
Supervisorက မိန်းမဖြစ်ပြီး အသက်၃၀ကျော်ပြီ
ဖြစ်ကာ နာမည်ကမ၀င့်သူဇာဖြစ်သည်။
"ဘာကိစ္စရှိလို့လဲ.."
"ဟိုလေ..ညီမနာမည်ကမေဝိုင်းလေးပါ...
ဒီဌာနမှာ ဒီနေ့ကစပြီးအလုပ်၀င်မလို့ပါ..."
"နေဦး..ညီမကအသစ်ခန့်လိုက်တဲ့အထဲမှာ
ပါတဲ့လူမဟုတ်ပါဘူး..."
"ဟုတ်ကဲ့..ဝိုင်းလေးကအခြားဌာနကနေ
ပြောင်းလာတာပါ.."
"ဘယ်ဌာနလဲ.."
"စီမံဌာနကနေပါ.."
"အော်..သိပြီမနေ့ကတင် ညီမတို့ရဲ့ဌာနက
မန်နေဂျာကိုယ်တိုင်အစ်မဆီကို
ဖုန်းဆက်ထားတယ်..
နေအုံးငါ့ညီမတွဲရမဲ့ အဖွဲ့ခေါင်းဆောင်ကို
တို့ပြပေးမယ်..."
မ၀င့်သူဇာက အခြားကိစ္စတွေကိုအစစ်အဆေး
မလုပ်၍ စိတ်အေးသွားရလေသည်။
အမှန်ဆိုစီမံဌာနက ဆားဗစ်ဌာနထက်တောင်
မြင့်ပါသေးတယ်။
ဒါပေမဲ့ လစာကြတော့စီမံဌာနက တစ်နှစ်တစ်ခါ
လစာတိုးနိုင်ပေမဲ့ ဆားဗစ်ကတော့အဲ့လိုမရှိဘူး။
ဒါပေမဲ့ အောက်ဆိုက်ကြေးကြတော့
ဆားဗစ်ကပိုအားသာတယ်။
ဆားဗစ်ကောင်းလို့ တစ်ဖက်အလုပ်ရှင်က
ကျေနပ်ပြီး မှတ်ချက်ကောင်းတွေပေးလာရင်
ဘောနပ်စ်ပုံစံမျိုးလည်း ရတတ်သည်။
ဒါကြောင့်လည်း ဝိုင်းလေးဒီအလုပ်ကိုရွေးချယ်လိုက်တာပေါ့။
စူပါက ဝိုင်းလေးကိုရုံးခန်းအပြင်သို့
ခေါ်ထုတ်လာ၍ ဝိုင်းလေးလည်းသူ့အနောက်မှ
လိုက်ရလေသည်။
ဝိုင်းလေးကပဲ ကံဆိုးချင်၍လားမသိတော့ပါဘူး။
ဝိုင်းလေးအလုပ်တွဲလုပ်ရမည့် ခေါင်းဆောင်သည်
စီမံဌာနကနေ ပထမဆုံးအလုပ်ပြုတ်ခဲ့ရသည့်အချိန်က မချစ်သဲနှင့်အတူ ပေါင်းကာ
အကျင့်ယုတ်ခဲ့သော မိန်းမဖြစ်နေသည်။
"ဂျူးဂျူးရေ..နင်တို့အဖွဲ့ထဲကိုထည့်ဖို့
အသစ်တစ်ယောက်တိုးလာပြီ..."
ခေါင်းဆောင်က ခေါ်လိုက်တော့ဂျူးဂျူးဆိုသည့်
ထိုမိန်းမက ဝိုင်းလေးကိုစူးစမ်းလိုသော
မျက်၀န်းများနှင့်ကြည့်လာလေသည်။
ပြီးနောက် ခေါင်းဆောင်ဘက်သို့ကြည့်၍
လုပ်ပြုံးကြီးပြုံးလိုက်သောကြောင့်
ဝိုင်းလေးလည်း မဲ့ပြုံးပြုံးလိုက်မိသည်။
"မေဝိုင်းလေး..သူ့နာမည်ကဂျူးဂျူးတဲ့..
အစ်မရဲ့ အခုကစပြီး မေဝိုင်းလေးကဂျူးဂျူးတို့အဖွဲ့မှာလုပ်ရမယ်.."
စူပါကိုယ်တိုင်က ဒီမှာလုပ်ဆိုပြီး
နေရာချပေးလာတော့ ဝိုင်းလေးလည်း
အထွန့်မတတ်ပဲ လက်ခံလိုက်ရသည်။
ပထမဆုံးအလုပ်၀င်တဲ့နေ့ဖြစ်၍ ဟိုမှာမလုပ်ချင်၊
ဒီမှာမလုပ်ချင်ဟု မပြောချင်ပေ။
ဘယ်လိုပဲ ကိုယ်ဟာဒီကုမ္ပဏီကိုပိုင်တဲ့စီအီးအိုနဲ့
လက်ထက်ထားတယ်ဆိုအုံးတော့ အခုက၀န်ထမ်း
ဖြစ်သည့်အတွက် ကျရာနေရာမှာလုပ်ရမှာပဲ။
"ဂျူးဂျူးရေ..ငါ့ညီမတို့အဖွဲ့ဒီနေ့သွားမဲ့ပွဲက
အရမ်းအရေးကြီးတယ်နော်..ဂျူးဂျူးရဲ့
လုပ်ရည်ကိုင်ရည်ကို ယုံကြည်ပေမဲ့
သေချာဂရုစိုက်ဖို့ ထပ်မှာချင်တယ်ကွယ်.."
"စိတ်ချပါအစ်မရဲ့..ဂျူးဂျူးသေချာဂရုစိုက်ပါ့မယ်
လုံး၀အမှားမဖြစ်စေရပါဘူး.."
စူပါထွက်သွားပြီးနောက်မှာတော့
မဂျူးဦးဆောင်သည့် အဖွဲ့ထဲသို့ဝိုင်းလေးလည်း
၀င်ရောလိုက်ရသည်။
အဖွဲ့၀င်ဟာ အားလုံးပေါင်းအယောက်၂၀ဖြစ်ပြီး
မိန်းကလေးကခုနှစ်ယောက်သာ ပါ၀င်လေသည်။
ဆားဗစ်သမားတွေဆိုပေမဲ့ အကုန်လုံးက
တကယ့်ကိုငယ်ငယ်လေးတွေနဲ့ ချောချောလေးတွေချည်းပဲဖြစ်သည်။
KGရဲ့စံနှုန်းက ပညာအရည်အချင်းမမြင့်ရင်တောင်
ရုပ်ရည်အသွင်အပြင်နိမ့်နေလို့ မရပါလားဟု
တွေးလိုက်မိသည်။
"အားလုံးပဲ..ဒီနေ့ရဲ့ပရိုမိုးရှင်းပွဲကအရမ်း
အရေးကြီးတယ်..အဆိုတော်နွေဦးလေပြည်ကိုယ်တိုင်တက်မဲ့ ပရိုမိုးရှင်းပွဲဖြစ်တဲ့အတွက်
အဖက်ဖက်က ပြည့်စုံနေမှရမယ်နော်..
မသွားခင်တည်းက ဘယ်သူကဘာလုပ်ရမယ်ဆိုတာ လုပ်ငန်းတာ၀န်ခွဲပေးမယ်..."
မဂျူးသည် လုပ်သက်ရင့်သောခေါင်းဆောင်
ဖြစ်သည့်အတွက် အကုန်လုံးကို
တာ၀န်အသီးသီးခွဲပေးလေသည်။
ဝိုင်းလေးကတော့ ဒီနေ့မှအလုပ်စဆင်းသူဖြစ်ပြီး
ဆားဗစ်ပိုင်းမှာ အတွေ့အကြုံမရှိသေး၍
အကူအနေနဲ့သာ လိုက်ရသည်။
ဝိုင်းလေးတို့အဖွဲ့သည် မြေနီကုန်းရှိ
ဈေး၀ယ်စင်တာသို့ ရောက်သည်နှင့်
လိုအပ်တာတွေကို ၀ယ်ခြမ်းပြီးအခမ်းအနား
မစခင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရသည်။
ဖုန်းပရိုမိုးရှင်းပွဲဖြစ်၍ ပစ္စည်းအပျောက်အရှ
မရှိအောင်လည်း ဂရုစိုက်ရသည်။
ဝိုင်းလေးက အကူဆိုတော့အရမ်းတာ၀န်ကြီးသည့်
အလုပ်တွေကိုတော့ မလုပ်ရပေ။
တစ်ခုခုလိုအပ်ရင်လည်း စင်တာထဲမှာပဲ၀ယ်လို့
ရတော့ အဆင်ပြေသည်။
ပရိုးရှင်းပွဲကတော့ စသည်နှင့်
သီချင်းတွေပါ ဖွင့်လိုက်လေသည်။
အခြားအနုပညာရှင်တွေလည်း ရောက်လာသလို
အလုပ်အပ်သည့်လုပ်ငန်းရှင်ဘက်က
ဖိတ်ထားသော ဧည့်သည်တွေကလည်း
တစ်ချို့တစ်၀က်လောက် ရောက်နေလေပြီ။
ဖိတ်ထားသည့်ဧည့်သည်များနှင့် အနာပညာရှင်များက သတ်မှတ်ထားသည့်နေရာတွေမှာ
ထိုင်ရတာဖြစ်ပြီး ပရိတ်သတ်များကတော့
အနောက်ရှိ အကန့်အသတ်နေရာလေးမှာ
အုံကြွနေလေသည်။
နာမည်ကြီး အနုပညာရှင်များကိုဖိတ်ထားသည့်
ပွဲဖြစ်၍ ပရိတ်သတ်ထုကလည်း မနည်းမနောပါပဲ။
ဈေး၀ယ်စင်တာကြီးသည် လေးထပ်ဆောင်ကြီး
ဖြစ်ပြီးပရိတ်သတ်များသည်
ပရိုမိုးရှင်းပွဲကျင်းပသည့်
အောက်ဆုံးအထပ်တွင်သာမကပဲ အပေါ်အလွှာများ၏ လက်ရန်းတွေကိုမှီက ငုံ့ကြည့်နေကြတာ
လည်း အများအပြားပါပဲ။
အနုပညာရှင်တွေကို အပြင်မှာတွေ့နိုင်ဖို့ဆိုတာ
မလွယ်သည့်ကိစ္စဖြစ်၍ အချို့ကလည်း
ကိုယ်ကြိုက်သည့် မင်းသား၊မင်းသမီးမဟုတ်လည်း
လာကြည့်ကြခြင်းဖြစ်သည်။
"နွေဦးလေပြည်...နွေဦးလေပြည်..."
"အ၀င်း..အ၀င်း!!!"
အဆိုတော်နွေဦးလေပြည်၏ ပရိတ်သတ်များကတော့ ပွဲမစခင်အစောပိုင်းတည်းက
ဗီနိုင်းပုံတွေကိုင်ကာ လာစောင့်နေကြပြီး
ပွဲချိန်နီးလေ အုပ်အော်သောင်းနင်းဖြစ်လာလေပါပဲ။
"..နွေဦးလေပြည်ကဘာလို့မရောက်သေးတာလဲဟင် အခြားအနုပညာရှင်တွေတောင်
ရောက်နေကြပြီ..."
ဝိုင်းလေးကလည်း ကိုဦးကိုတွေ့ချင်နေသည့်အတွက် အတူအလုပ်လုပ်သည့်သိမ့်သိမ့်ကို
မေးလိုက်မိလေသည်။
"သူကကြတော့ ပြည်တွင်းမှာပဲအောင်မြင်နေတဲ့
အနုပညာရှင်မဟုတ်ဘူးလေ..နိုင်ငံတကာမှာပါ
ကျော်ကြားနေတဲ့လူဆိုတော့ ဒီကအနုပညာရှင်တွေလို ပွဲချိန်တစ်လျှောက်လုံး လာထိုင်နေမှာမဟုတ်ဘူး
သူကနောက်ဆုံးမှရောက်လာမှာ သူ့အလုပ်ပြီးတာနဲ့
တန်းပြန်မှာလေ..ပရိတ်သတ်တွေကတော့
သနားပါတယ်...အစောကြီးတည်းက
လာစောင့်နေပြီး တွေ့ရတော့လည်းခဏလေးရယ်.."
ဒီနေရာမှာတော့ ကိုဦးကိုတကယ်မတရားဘူးဟု
တွေးမိသည်။
သူ့ပရိတ်သတ်တွေမှာ သူတို့အိုင်ဒေါလ်ကို
တွေ့ချင်လွန်းလို့ အချို့ဆိုမနက်တည်းကတောင်
လာစောင့်နေကြတယ်။
သူကတော့ ခဏလေးသာမျက်နှာပြပြီး
ပြန်မှာဆိုတော့ သူ့ပရိတ်သတ်တွေသနားပါတယ်။
"လာရောက်အားပေးကြတဲ့ပရိတ်သတ်များခင်ဗျာ
နောက်ဆုံးအစီအစဉ်ကတော့ မဲနှိုက်ပေးမဲ့
အစီအစဉ်ဖြစ်ပြီး လက်ဆောင်ပစ္စည်းတွေကို
ကံစမ်းနိုင်မဲ့အပြင်
ဒီပွဲကိုတက်ရောက်လာတဲ့ အနုပညာရှင်တွေနဲ့ပါ
ဓာတ်ပုံတွဲပြီး ရိုက်ခွင့်ရမှာပါ...."
အစီအစဉ်တင်ဆက်သူသည် ပွဲစဉ်၏ပုံစံကို
ရှင်းပြပေးသွားပြီး ပွဲချိန်အတွင်းမှာသူတို့ရဲ့
ပစ္စည်းကို ၀ယ်ယူရင်ပရိုမိုးရှင်းရနိုင်ကြောင်း
တွေပါ ရှင်းပြနေလေသည်။
ထို့နောက်မှာတော့ ရောက်ရှိနေသည့်အနုပညာရှင်တွေဟာ တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်သို့
တက်သွားကြပြီး အမေးအဖြေကဏ္ဍတွေမှာ
ပါ၀င်ပြီးနောက် ဖုန်းအကြောင်းကို
ပရိုမိုးရှင်းဆင်းကြသည်။
ဝိုင်းလေးတွေ့ချင်သည့် ကိုဦးကတော့အခုထိ
ရောက်မလာသေးပေ။
"သိမ့်သိမ့်နဲ့..မေဝိုင်းလေးရေ...ဒီကိုလာကြအုံး
မဂျူးခေါ်နေတယ်..."
လုပ်ဖော်ကိုင်ဖက် ကိုရှိုင်းအောင်က
စက်အဖွဲ့နားတွင် ရပ်ကြည့်နေကြသော
သိမ့်သိမ့်နှင့်ဝိုင်းလေးကို လှမ်းခေါ်နေ၍
သူတို့ဆီသို့ ပြေးသွားရလေသည်။
ကိုရှိုင်း၏အနောက်ကို လိုက်သွားရင်းနှင့်
အပြာရောင်ဆင်တူယူနီဖောင်းကို ၀တ်ထားသော
ကိုယ့်အဖွဲ့သားတွေစုနေသည့်နေရာမှာပဲ
၀င်ရောလိုက်သည်။
တော်တော်များများကတော့ မိန်းကလေးတွေ
ဖြစ်ပြီး ယောက်ျားလေးတွေကတော့
ပွဲအတွက် ကူညီနေရသည်။
ခဏအကြာမှာ ဝိုင်းလေးတို့၏အုပ်စုဆီသို့
ခေါင်းဆောင်ဖြစ်သည့် မဂျူးရောက်လာလေသည်။
"ခုဏက နွေဦးလေပြည်ရဲ့မန်နေဂျာအစ်မ
ဖုန်းဆက်တယ်..သူ့ရဲ့ပရိတ်သတ်တွေကအစောကြီး
ရောက်နေမှန်း နွေဦးလေပြည်ကသိသွားလို့တဲ့
အဲ့ဒါသူ့ပရိတ်သတ်တွေကို KFCနဲ့အအေးတိုက်
မှာတိုက်မလို့တဲ့လေ..ဒုတိယထပ်က
Dear Mayဆိုတဲ့ဆိုင်မှာKFCရယ်အအေးဗူးတွေရယ် သွားကူသယ်ကြပါအုံး..အဲ့ဆိုင်က
အဆိုတော်နွေဦးလေပြည်ပိုင်တဲ့ဆိုင်လေ..
ဆိုင်၀န်ထမ်းတွေကလည်း ၀ယ်သူတွေရှိလို့
အောက်ကိုလာပို့ပေးမယ့်လူမလောက်ဘူးတဲ့.."
"အဲ့ဆိုင်ကိုသိမ့်သိမ့်သိတယ်..အဲ့ဆိုင်ကတကယ်ပဲ
အ၀င်းပိုင်တဲ့ဆိုင်လား.."
"ဟဲ့အ၀င်းကဘယ်သူတုန်း.."
"ဟာ..မဂျူးကလည်းအ၀င်းဆိုတာ
နွေဦးလေပြည်ကိုချစ်စနိုးနဲ့ခေါ်ကြတဲ့နာမည်လေ.."
သိမ့်သိမ့်က..ကိုဦးရဲ့ဖန်ဖြစ်၍အ၀င်းလို့
ခေါ်လိုက်သည်ကို မဂျူးကနားမလည်တော့
ရှင်းပြလိုက်ရသေးသည်။
ဒီလိုနဲ့ဝိုင်းလေးတို့လည်း ဒုတိယထပ်တွင်ရှိသည့်
Dear Mayဆိုသောဆိုင်လေးဆီသို့
လိုက်သွားရလေသည်။
ဆိုင်လေးကို တွေ့လိုက်သည်နှင်း ဝိုင်းလေး
အံ့ဩသွားမိသည်။ဒီဆိုင်ကို သူငယ်ချင်းနဲ့အတူတစ်ခေါက်ရောက်ခဲ့သေးသည်။
ဆိုင်အပြင်အဆင်ကိုလည်းသဘောကျခဲ့သလို
"ချစ်လှစွာသောမေ"ဆိုပြီးနာမည်ပေးထားလို့လည်း
ဝိုင်းလေးရဲ့နာမည်အစစာလုံးပါသည်ဟုတောင်
ပြောဖြစ်ခဲ့သေးသည်။
*ဒါက..ကိုဦးရဲ့ဆိုင်လေးဖြစ်နေတာပဲ..
ဒါပေမဲ့ဘာကြောင့်ဆိုင်နာမည်ကိုDear Mayလို့
ပေးထားရတာလဲ.."
"ဝိုင်းလေးရေ..လာကူအုံးဟေ့..ဒါတွေကို
အောက်ထပ်ကိုပို့ရအောင်.."
သိမ့်သိမ့်ကလှမ်းခေါ်နေ၍ ဝိုင်းလေးလည်း
ပါဆယ်ဗူးတွေကိုအပြေးသယ်ရလေသည်။
ဆိုင်မှ၀န်ထမ်းအချို့နှင့်ဝိုင်းလေးတို့ဌာနမှ
လူတွေအားလုံးလည်း အပေါ်တက်လိုက်၊
အောက်ဆင်းလိုက်နှင့် အထုပ်တွေကိုသယ်နေရ၍
ခြေထောက်တွေတောင် မီးပွင့်ချင်သွားရသည်။
ကိုဦးရဲ့ပရိတ်သတ်က ပွဲထဲမှာအများဆုံးဖြစ်၍
အထုပ်အရေအတွက်က ရာဂဏန်းတောင်
ကပ်ချင်သည်။
ဒါ့အပြင်KFCဗူးတွေနှင့်အချိုရည်များကိုလည်း
သူ့ပရိတ်သတ်တစ်ယောက်ချင်းဆီအား
လူကြပ်သည့်ကြားမှလိုက်ဝေပေးရသေးသည်။
အားလုံးပြီးစီးသွားကာမှ ကိုယ်တွေအဖွဲ့လည်း
ပိုနေသည့် KFCတွေနှင့်အချိုရည်ကို
ဖောက်သောက်ပြီး အုပ်စုလိုက်
စက်အဖွဲ့နောက်၌
ခြေပြစ်လက်ပြစ်ထိုင်မိကြတော့သည်။
"အ၀င်း..အ၀င်းဆိုပြီး..တ၀င်းတည်း၀င်းနေသည့်
သိမ့်သိမ့်တောင် မ၀င်းနိုင်ပဲမျက်နှာကြီးတောင်
ရှုံ့တွနေလေပြီ။
"အော်..ငွေ..ငွေ..ငွေရှိရင်ဘာမဆိုဖြစ်တယ်ဆိုတာ
အမှန်ပဲနော်.."
"အံမယ်..ကိုရှိုင်းကထူးထူးဆန်းဆန်းပါလား
ညီးတွားတာတောင်ငွေတဲ့.."
"ငါပြောတာမဟုတ်လို့လား..အခုပဲကြည့်လေ
အဆိုတော်ကသူ့ပရိတ်သတ်ကို သနားလို့ဆိုပြီး
ပိုက်ဆံအကုန်ခံ..KFCတွေကျွေး..အအေးတွေတိုက်
..ပရိတ်သတ်တွေကလည်း
ကိုယ်ကြိုက်တဲ့အိုင်ဒေါလ်ကိုတွေ့ခွင့်ရတဲ့အပြင်
သူကျွေးတဲ့မုန့်တွေကိုပါ စားခွင့်ရတော့ဘယ်လောက်၀မ်းသာလိုက်မလဲ..ပြီးရင်
အွန်လိုင်းပေါ်မှာတက်လာပါလိမ့်မယ်..
"ကျွန်မတို့ရဲ့အ၀င်းလေးက..ဘယ်လောက်
ကြင်နာတတ်တာတို့..သူ့ပရိတ်သတ်ကိုစာနာတာတို့
အားပေးရကျိုးနပ်တာတို့နဲ့.."
***
အဆိုတော်အပေါ်မေတ္တာတွေဝိုင်းထားကြ
..ကျေးဇူးတွေလှိမ့်တင်..ငါတို့ကြတော့
အပေါ်တက်လိုက်၊အောက်ဆင်းလိုက်နဲ့ ချွေးအလိမ်းလိမ်းထွက်တဲ့အထိအပင်ပန်း
ခံရတာတောင်လူမသိဘူး..
ကဲ..ငွေမျက်နှာဘယ်လောက်ကြီးသလဲ..
ငွေရှိရုံနဲ့လူတွေရဲ့အမြင်ကို လွယ်လွယ်လေးပြောင်းလဲနိုင်တယ်.."
ကိုရှိုင်းကထိုသို့ပြောတော့ နွေဦးလေပြည်၏
ပရိတ်သတ် စစ်စ်ဖြစ်သည့်သိမ့်သိမ့်ကလည်း
ညိမ်ခံမနေနိုင်တော့ပေ။
"အဲ့ဒါတော့ကိုရှိုင်းမှားတယ်..ငွေရှိရုံနဲ့
လူချစ်လာအောင်..အောင်မြင်လာအောင်..
လူတိုင်းလုပ်ယူလို့ရတာမှမဟုတ်ပဲ..
ကျွန်မတို့ရဲ့အ၀င်းလေးက
ဒီလိုအရမ်းအောင်မြင်တဲ့အဆိုတော်
ဖြစ်လာဖို့ ဘယ်လောက်အားစိုက်ခဲ့ရသလဲဆိုတာ
အစ်ကိုကသိလို့လား..မအောင်မြင်ခင်ကဆို
မိဘတွေက အနုပညာဆက်လုပ်လို့
အိမ်ပေါ်ကနေတောင် နှင်ချခဲ့တာ.."
"အံမယ်..သူအိမ်ပေါ်ကနေနှင်ချခံရတာတောင်
သိတယ်ဆိုတော့..နင်ကသူတို့အိမ်မှာ
အိမ်ဖော်လုပ်ခဲ့ဖူးလို့လား.."
"ကိုရှိုင်းနော်..မဟုတ်တာတွေမပြောနဲ့..
သူ့အင်တာဗျူးမှာ..သူကိုယ်တိုင်ပြောပြလို့
သိတာရှင့်...သိမ့်သိမ့်ပြောချင်တာက
ဘယ်သူကတားတား သူ့အိမ်မက်ကိုမဆုတ်မနစ်
အကောင်အထည်ဖော်ခဲ့လို့...အခုလိုမျိုး
အောင်မြင်လာတာလို့ပြောချင်တာ...
သူသာမကြိုးစားခဲ့ရင် ဒီနေ့မှာ၊ဒီလိုအခြေအနေမျိး
ရောက်နိုင်ပါ့မလား..စဉ်းစားကြည့်ပေါ့..."
သိမ့်သိမ့်၏စကားကလည်း မှန်နေလေတော့
ဘေးနားမှ ကြက်ကြော်ကိုက်နေရင်းနှင့်
သုတကလည်းထောက်ခံလာလေသည်။
"ဟုတ်တယ်ကိုရှိုင်းရဲ့..လူတွေရဲ့အောင်မြင်ခြင်း
မအောင်မြင်ခြင်းဆိုတာ ကြိုးစားပုံ၊ပေးဆပ်ပုံနဲ့
စွန့်စားပုံခြင်းမတူလို့ ကွဲပြားသွားကြတာဗျ...
ဖြစ်ချင်စိတ်နဲ့ဇွဲရှိဖို့က အဓိကပဲ
နောက်ပြီးတွေဝေလို့လည်းမရဘူး
သူကအဆိုတော်ဖြစ်ချင်လို့ အဲ့ဒီ့အရာကို
မရရအောင် ဆွဲကိုင်ပြီးကြိုးစားခဲ့တာရဲ့
ရလဒ်က အခုသူ့ရဲ့အောင်မြင်မှုအရှိန်အဝါကို
ကြည့်ရုံနဲ့သိနိုင်တယ်..သူ့သီချင်းတွေကို
ကျွန်တော်လည်းကြိုက်တယ်ဗျ..
အနှစ်သာရပြည့်၀ပြီး..
အားအင်တွေပြည့်စေတယ်လို့ ခံစားရတယ်..
သူများလိုပေါပေါပဲပဲမဟုတ်ဘူး.."
"ဘာလဲ...မင်းကသိမ့်သိမ့်ကိုကြိုက်နေလို့
သူ့ဘက်ကနေကာပြောနေတာမဟုတ်လား.."
"ဟာ..ကိုရှိုင်း..."
"ရှင်းပြမနေနဲ့သုတရေ..သူကအဆိုတော်လည်း
ဒီတစ်သက်ဖြစ်မလာနိုင်တော့ အလကားနေ
သူများကိုလိုက်ဘလိန်းနေတာ.."
သိမ့်သိမ့်ကလည်း အမြင်ကပ်ကပ်နှင့်ကိုရှိုင်းအား
မျက်စောင်းတွေချည်း ပိတ်ထိုးနေတော့သည်။
"ကြည့်လည်းလုပ်အုံးနော်ကိုရှိုင်း..
ရှင်အခုစားနေတာက..
အ၀င်းကျွေးတဲ့ကြက်ကြော်နော်
တစ်လုတ်စားဖူးလည်း သူ့ကျေးဇူးတဲ့
ကျေးဇူးရှင်ကိုဆော်ကားမိလို့..ကြက်အရိုးနင်ပြီး
မသာပေါ်နေအုံးမယ်.."
"ဟဲ့မိသိမ့်မ...ငါတို့ကသူ့ပရိတ်သတ်တွေအတွက်
ပါဆယ်တွေသယ်ပေးထားရတာလေ..
ဒီလောက်တော့လည်းစားအုံးမှပေါ့...
အစ်..အဟွတ်..ငါ..ငါဘာဖြစ်တာလည်းမသိဘူး..
လည်ပင်းထဲမှာတစ်မျိုးကြီးပဲ.."
"ဟဲ့..ဟဲ့လုပ်အုံး..ရေတိုက်လိုက်ကြအုံး.."
သိမ့်သိမ့်၏စကားတောင်မဆုံးသေးပဲ
ကိုရှိုင်းတစ်ယောက် ကြက်ရိုးနင်သွား၍
ရေဝိုင်းတိုက်လိုက်ရလေသည်။
နောက်ဆုံးသက်သာသွားတော့မှသာ အားလုံး
စိတ်အေးရတော့သည်။
"တွေ့ကြလား..အမေကိုဆော်ကားလို့
မြေမျိုတဲ့မရင်ရွှေဆိုတာ.."
"ဟဲ့အခုကကြက်အရိုးနင်တာပါဟယ်.."
"အတူတူပဲလေ..အခုလည်းမပြစ်မှားသင့်တဲ့လူကို
ပြစ်မှားမိလို့ ၀ဋ်လည်တာလေ..ဟား..ဟား.."
"သိမ့်သိမ့်..နင်ပေါက်ကရတွေလျှောက်ပြောမနေနဲ့
နင်နဲ့စကားပြောရင်း မတော်တဆကြက်အရိုးကို
မျိုချမိသွားတာဟဲ့.."
သိမ့်သိမ့်နှင့်ကိုရှိုင်းကတော့ လုပ်ဖော်ကိုင်ဖက်
အချင်းချင်းကို သူများအတွက်နှင့်
စကားနာထိုးလို့ကို မပြီးနိုင်တော့ပေ။
ဝိုင်းလေးကတော့ KFCနှင့်အအေးကုန်သွား၍
အမှိုက်ပုံးထဲသို့ သွားပြစ်ရန်ပြင်လိုက်သည်။
"အား!!!!အ၀င်းလာပြီဟေ့..."
"အ၀င်း..အ၀င်း..အ၀င်း..."
"ငါတို့ရဲ့နွေဦးလေးက ချောလိုက်တာဟယ်...
ပန်းရောင်လေးနဲ့ရွှေမင်းသားလေးလိုပဲ..."
သွက်လက်တက်ကြွသော ဟန်ပန်လေးနှင့်
သစ်လွင်သောအပြုံးလေးများကို ပွင့်ဖူးစေကာ
ကိုဦးသည် စင်ပေါ်သို့တက်သွားလေသည်။
အရောင်တဖြတ်ဖြတ်လက်နေသည့်
ဘော်ကျယ်လေးတွေထိုးထားသော
ကုဒ်အိင်္ကျီပန်းရောင်လေးကို
တီရှပ်အဖြူလေးခံကာ ၀တ်ထားပြီး
ဂျင်းသားပန်းရောင်ဘောင်းဘီအပွကို
လိုက်ဖက်စွာတွဲ၀တ်ထား၍
ကိုဦးသည် သူ့ပရိတ်သတ်တွေအော်ပြောနေသလို
ရွှေမင်းသားလေးနှင့် တကယ်ကိုတူပါသည်။
မိုးဦးမှာ ပန်းရောင်နှင်းဆီပွင့်လေးအပေါ်ကို
ရေစက်ကလေးတွေကျလာသလို သစ်လွင်နေသည့်
ခံစားချက်ကို ရရှိနေသည်။
"ဝိုင်းလေးရေ..တို့တွေစတိတ်စင်နဲ့နဲနဲနီးတဲ့
နေရာမှာ သွားကြည့်ရအောင်လား.."
"အဲ့ဘက်မှာလည်း လူတွေများနေတဲ့ဥစ္စာ..."
"ဘာပဲဖြစ်ဖြစ်ဟာ...အဲ့ဘက်အခြမ်းကသူပြန်ရင်
ထွက်မှာလေဟာ..သူ့လက်ကလေးဖြစ်ဖြစ်
လှမ်းကိုင်လို့ရရင်လည်း အမြတ်ပေါ့..."
ဝိုင်းလေးမှာ ငြင်းချိန်တောင်မရလိုက်ပဲ
သိမ့်သိမ့်၏ဆွဲခေါ်ရာနောက်သို့ လိုက်လာရလေသည်။
စတိတ်နှင့်နီးသည့် နေရာမှာမီဒီယာသမားတွေက
ဝိုင်းအုံနေသည့်အတွက် ရှေ့ကပ်လို့မရတော့
ကိုဦးပြန်ထွက်မည့် လမ်းလုပ်ပေးထားသော
နားလေးကနေပဲ ကြည့်နေရသည်။
"အရမ်းချောတာပဲဟယ်..အပြင်မှာပိုချောတယ်နော်
ငါအရမ်းကံကောင်းတာပဲ..သူမြန်မာကို
ပြန်ရောက်လာလာခြင်းလုပ်တဲ့ပွဲမှာ
တွေ့ခွင့်ရတယ်..အား..ပျော်လိုက်တာ.."
ဓာတ်ပုံတစ်ဖြတ်ဖြတ်ရိုက်ရင်းနှင့် သိမ့်သိမ့်က
၀မ်းသာလို့မဆုံးဖြစ်နေပေမဲ့ ဝိုင်းလေးကတော့
ကိုဦး၏အမူအရာတွေကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။
*ရှစ်နှစ်အကြာမှ ပြန်တွေ့ရခြင်းဖြစ်ပေမဲ့
ကိုဦးရဲ့ပွင့်လင်းသောအပြုံးချိုချိုလေးများနှင့်
ကြင်နာတတ်သည့် မျက်၀န်းအကြည့်တွေကတော့
လုံး၀ပျောက်ကွယ်မသွားပေ..
***"
လွန်ခဲ့သောရှစ်နှစ်က ကျွန်းတောထဲမှာ
တယောတီးခဲ့တဲ့ အဖြူရောင်မင်းသားလေးဟာ
အမူအကျင့်တွေရော၊အပြုံးတွေရော
ပြောင်းလဲမသွားခဲ့ဘူး...ကိုရှိုင်းက
ငွေကြောင့်အောင်မြင်လာသည်ဟု ပြောခဲ့စဉ်မှာ
ဆယ်ကျော်သက်အရွယ်တည်းက ဂီတအပေါ်
ကိုဦးဟာသိပ်ရူးသွပ်ခဲ့ကြောင်း
ရှင်းပြလို့ရခဲ့ပေမဲ့ မရှင်းပြခဲ့မိဘူး..
****
ဘယ်လိုဖြစ်ပြီး ပြောနိုင်ပါ့မလဲ..
အခုအနေအထားမှာတောင် သူဟာအားလုံး၏
အာရုံကိုဖမ်းစားနေတဲ့ စင်ပေါ်က
လူတစ်ယောက်ဖြစ်ပြီး ဝိုင်းလေးကတော့
စင်အောက်မှာလူတွေကြားထဲ
ရပ်နေရတဲ့အညတရလေးတစ်ယောက်...
**""
ကျွန်းတောထဲမှာရည်မှန်းချက်တွေ
အကြောင်း ဖြစ်ချင်တဲ့ဝါသနာတွေအကြောင်းကိုအပြိုင်အဆိုင်ဆွေးနွေးခဲ့ကြဖူးတယ်
အဆုံးသတ်မှာသူကတော့
အောင်မြင်နေပေမဲ့ဝိုင်းလေးကတော့
ဘာမှန်းညာမှန်းမသိပဲ အိမ်ထောင်ပြုခဲ့ရပြီး
ရည်ရွယ်ချက်တွေ၊ပန်းတိုင်တွေအားလုံး
ပျောက်ဆုံးနေတဲ့ လူတစ်ယောက်အဖြစ်
ရှင်သန်နေရတယ်..
ဘယ်လောက်ရှက်ဖို့ကောင်းသလဲ
***
ငေးကြည့်နေရင်းနှင့် သူ့အတွက်လည်း
ပီတိဖြစ်ရသလို ကိုယ့်ကိုကိုယ်လည်း
အားမလိုအားမရဖြစ်လာ၍
မျက်ရည်တောင်ဝဲလာသည်...*
"ဟယ်..ဝိုင်းလေးကငါ့ထက်ဆိုးပါလား..
ပျော်လွန်းလို့မျက်ရည်တောင်ဝဲနေတယ်...
စိတ်မပူပါနဲ့ဟယ်..သူဆင်းလာရင်
လက်ကလေးဖြစ်ဖြစ် လှမ်းကိုင်ခွင့်ရအောင်
လုပ်ကြမယ်လေနော်.."
သိမ့်သိမ့်ကတော့ တစ်ခါမှမမြင်ဖူးတဲ့
အိုင်ဒေါလ်ကိုတွေ့နေရ၍ ဝိုင်းလေးငိုသည်ဟု
ထင်သွားခဲ့သည်။
အမှန်တော့ ကိုဦးရဲ့အောင်မြင်မှုကို
အားကျနေမိတာပါ။
ကိုယ့်ရဲ့ယခုလက်ရှိအခြေအနေကိုလည်း
စိတ်ပျက်နေမိတယ်။
"ဟဲ့..ဟိုမှာအ၀င်းလေးဆင်းလာပြီ...အား!!!
ငါ့လက်တွေတောင်အေးစက်နေပြီ...
ဝိုင်းလေးရေ..ငါ့လက်တွေကိုကိုင်ကြည့်စမ်းပါ.."
ကိုဦးသည် ဘော်ဒီဂတ်များခြံရံလျှက်
စင်အောက်သို့ဆင်းလာခဲ့လေသည်။
စင်အောက်သို့ရောက်သောအခါ
သူ့ပရိတ်သတ်တွေကို ပြုံးရယ်ကာလက်ပြ
နှုတ်ဆက်လိုက်သေးသည်။
ထို့နောက် ကိုဦး၏ခြေလှမ်းများသည်
ဝိုင်လေးတို့ရပ်နေသော နေရာဆီသို့ရွေ့လျှား
လာခဲ့လေသည်။
သူကကိုယ်ရှိနေသောနေရာနှင့် ပိုပြီးနီကပ်လာလေ
ကြောက်ဒူးတုန်မိလေပါပဲ။
ဝိုင်းလေးတို့ရပ်နေသော နေရာလေးမှာက
၀န်ထမ်းတွေချည်းပဲ စုပြုံနေတာဖြစ်ပြီး
အကုန်လုံးက ဖုန်းနှင့်မှတ်တမ်းတင်နေကြ၍
ဝိုင်းလေးလည်း ဖုန်းကိုဘောင်းဘီအိတ်ထဲမှ
ထုတ်လိုက်ပြီး ကိုဦးဘက်သို့ချိန်ကာဓာတ်ပုံ
ရိုက်လိုက်မိသည်။
"အ၀င်း....အ၀င်း...!!!!"
ကိုဦး၏နာမည်ပြောင်ကို အော်လိုက်သော
သူ့ပရိတ်သတ်များကြောင့် ကိုဦးသည်
သူ့ပရိတ်သတ်အုပ်ကြီးဘက်သို့
လက်လှမ်းပြနေစဉ်မှာပဲ ဝိုင်းလေးရပ်နေသည့်
နေရာကို ခြေနှစ်လှမ်းလောက်
ကျော်လျှောက်သွားခဲ့လေသည်။
"ကိုဦး...ကျွန်မမေဝိုင်းလေးပါ..."
ဝိုင်းလေးလည်း သတ္တိမွေးကာ အော်ပြောလိုက်မိသည်။အခြားလူတွေရဲ့အသံတွေနှင့်
ဆူညံနေ၍ မကြားလောက်ဘူးထင်လိုက်ပေမဲ့
ကိုဦးဟာဝိုင်းလေးနှင့် ခြေငါးလှမ်းစာလောက်
အကွားအဝေးအရောက်တွင် ရပ်သွားခဲ့ပြီး
အနောက်သို့ ပြန်၍လှည့်ကြည့်လာခဲ့သည်။
"ကိုဦး..."
နှစ်ယောက်သား အကြည့်ချင်းဆုံသွားခိုက်မှာပဲ
အတင်းအကြပ်ဓာတ်ပုံရိုက်လိုသောသူများနှင့်
အင်တာဗျူးချင်သော လူများကြောင့်
သူ့ရဲ့မန်နေဂျာက ကိုဦးကိုအတင်းဆွဲခေါ်
သွားခဲ့လေတော့သည်။
"ဟဲ့ဝိုင်းလေး..နင်တွေ့လိုက်လား..."
"ဘာကိုလဲဟ.."
"အ၀င်းက..ငါ့ကိုလှည့်ကြည့်သွားတာကိုလေ.."
"ဟမ်!!!"
"မနာလိုတော့မဖြစ်နဲ့ပေါ့ဟာ..အ၀င်းက
ခုလေးတင်ငါ့ကို လှမ်းကြည့်သွားတာဟ..
ဒါပေမဲ့ သူကဘာလို့မျက်ရည်ဝဲသွားတာလဲ
မသိဘူးနော်.."
"သူတကယ်ကြီးမျက်ရည်ဝဲသွားတာလား
ဘာလို့လဲ.."
ဝိုင်းလေးလည်း ကိုဦးကမျက်ရည်ဝဲသည်ဆို၍
နားမလည်နိုင်ဖြစ်နေရသည်။
သူ့ရဲ့မျက်၀န်းတွေကိုကြည့်ရသလောက်တော့
ဝိုင်းလေးကို မှတ်မိနေတယ်ထင်ပါရဲ့။
ဒါပေမဲ့ အလောတကြီးအခြေအနေကြောင့်
သူဝိုင်းလေးကို နှုတ်မဆက်သွားခဲ့ဘူး။
*ဒါမဟုတ်မဟုတ် နှစ်မဆက်ချင်တာလဲ
ဖြစ်နိုင်တယ်..*
"ဟဲ့...ဝိုင်းလေးရေ..ငါတို့အဖွဲ့ဆီကိုပြန်သွားရအောင်
ဟိုမှာ မဂျူးငါတို့ကိုဆူပုပ်ပြီး လှမ်းကြည့်နေပြီ.."
သိမ့်သိမ့်ကလက်တို့၍ သတိပေးလာသောကြောင့်
နှစ်ယောက်သာကိုယ့်အဖွဲ့တွေရှိသည့်ဘက်သို့
ပြန်ကူးလာခဲ့လိုက်သည်။
နွေဦးလေးပြည်လာသည့်အချိန်ခဏလေးပဲ
ကြည့်မိကြပေမဲ့ ထင်သည့်အတိုင်းမဂျူးကတော့
မိုးမွှန်အောင် ဆူပါတော့သည်။
ဒါမျိုးတွေက အလုပ်သင်ဘ၀တုန်းကလည်း
ကြုံခဲ့ပြီးပြီမို့ စိတ်မကောင်းဖြစ်ရင်တောင်
ကိုယ့်ကိုကိုယ် ဖြည်သိမ့်နိုင်နေပါပြီ။
❤️❤️❤️❤️❤️❤️❤️❤️
မာစီဒီးကားလေးသည် ကားလမ်းမကြီးတစ်လျှောက်တရိပ်ရိပ် ပြေးလွှားနေပြီး
"၀င်း"ကတော့ ခုံပေါ်တွင်
လက်ပိုက်လျှက်ဖြင့် သူမြင်ခဲ့ရသည့်မိန်းကလေး၏
ရုပ်ပုံသဏ္ဍန်ကို ပြန်၍ပုံဖော်နေမိလေသည်။
တစ်ကိုယ်လုံးလည်း စိတ်လှုပ်ရှားလွန်း၍
ထုံကျဉ်အေးစက်နေသည်ဟု ခံစားလိုက်ရသည်။
"၀င်း...ဘာတွေငိုင်နေတာလဲ.."
အတွေးများနေတုန်းမှာ သူ့လက်ဖမိုးကိုလာထိလိုက်သည့် မန်နေဂျာကြောင့် လန့်ပြီးတုန်တက်သွားမိသည်။
"လန့်တောင်သွားတယ်ဆိုတော့ ဘာတွေအတွေးလွန်နေတာလဲ..ဒီနေ့အရမ်းထူးဆန်းနေသလိုပဲ
စင်တာထဲမှာလည်း အကြာကြီးငိုင်ပြီးရပ်နေလို့
မနည်းဆွဲခေါ်ခဲ့ရတယ်...အစ်မကိုပြောစမ်း
ဘာတွေအလိုမကျဖြစ်နေတာလဲ..."
မဇင်သည်ကိုယ့်အကြောင်းကို ခေါင်းအစ၊
ခြေအဆုံးသိသူဖြစ်သည်။
ပြဿနာတစ်စုံတစ်ရာရှိတိုင်းလည်း
မန်နေဂျာမဇင်ကပဲ လိုက်ဖြေရှင်းပေး
နေကြ ဖြစ်တဲ့အတွက်အခုလည်းအစ်မကိုပဲ
အကူအညီတောင်းရပေအုံးမည်။
"မဇင်..ခုဏတုန်းကလူအုပ်ထဲမှာကျွန်တော့်
အသိတစ်ယောက်ကို တွေ့ခဲ့တယ်..
သူကအပြာရောင်၀တ်စုံနဲ့အနက်ရောင်
ဘောင်းဘီကို၀တ်ထားတယ်..သူ့ဘေးနားကကောင်မလေးနောက်တစ်ယောက်ကလည်း
သူနဲ့ဆင်တူပဲဆိုတော့
သူတို့ရဲ့အလုပ်ယူနီဖောင်းပဲနေမယ်..
အစ်မတစ်ချက်လောက် စုံစမ်းပေးပါလားဟင်
အဲ့ဒီ့ယူနီဖောင်း၀တ်ထားတဲ့လူတွေက
ဘယ်က၀န်ထမ်းတွေလဲဆိုတာ
ကျွန်တော်အရမ်းသိချင်လို့..."
"ဘာဖြစ်လို့လဲ..၀င်းအတွက်အရမ်းအရေးကြီးတဲ့
လူမို့လို့လား..."
"အင်း..ကျွန်တော့်ဘ၀အတွက်အရမ်းအရေးပါတဲ့
လူတစ်ယောက်ဆိုပိုမှန်တယ်...အချိန်တိုင်း
ကျွန်တော့်စိတ်တွေကိုစိုးမိုးထားပြီး
နှစ်တွေအများကြီးရှာနေမိတဲ့ လူတစ်ယောက်ပေါ့"
"မိန်းကလေးလား..."
"ဟုတ်တယ်.."
သဇင်သည် သူ့အမေးကြောင့်ချက်ချင်း
လှုပ်ရှားသွားသော ၀င်း၏မျက်၀န်းတွေကိုအကဲခတ်ကြည့်လိုက်ပြီးနောက် အလေးအနက်
ထားကာမေးလိုက်မိသည်။
၀င်းဟာ မြန်မာပြည်ဖွားအဆိုတော်တွေထဲမှာ
ထူးထူးခြားခြားပေါက်မြောက်သည့် ကမ္ဘာကျော်
အဆိုတော်တစ်ယောက်ဖြစ်လေသည်။
အသက်၂၇နှစ်ပဲရှိသေးပေမဲ့ သူ့ရဲ့အောင်မြင်မှုက
အခုနောက်ပိုင်း ဥရောပအထိပါထိုးဖောက်လာ
နိုင်သည်ဟု ဆိုရမည်။
ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုသည့် ပါရမီရှင်
တစ်ယောက်ဖြစ်ပြီး အယ်လ်ဘမ်တစ်ခုထွက်တိုင်း
အောင်မြင်မှုတစ်ခု ထပ်တိုးသူဖြစ်သည်။
ထို့ကြောင့် သူဟာရုပ်ရည်ကြောင့်ထက်
အရည်အချင်းကြောင့် လူပိုသိလာသူဖြစ်ပြီး
သူ့လက်ရာတွေက ပရိတ်သတ်ကြားမှာ
တိမ်ကောပျောက်ကွယ်သွားခြင်းမရှိပေ။
လူမုန်းနည်းသော အနုပညာရှင်တစ်ယောက်
ဖြစ်သောကြောင့် သူအမှားလုပ်မိရင်တောင်
ဘယ်တော့မှ ပြဿနာအကြီးကြီးဖြစ်မသွားခဲ့ပေ။
ရည်းစားကိစ္စလည်းအရှုပ်အရှင်း မရှိသည့်
အချက်ကတော့ သူ့ရဲ့မိန်းကလေးဖန်တွေ
သဲသဲလှုပ်နေရသည့်အချက်ပင်ဖြစ်သည်။
အခုတော့ သူ့ပရိတ်သတ်တွေဟာအ၀င်း၏
အချစ်ရေးကိုပါ စိတ်ပူပေးရတော့မယ်ထင်ပါတယ်။
"အစ်မအထင် ၀င်းတွေ့ခဲ့တဲ့ယူနီဖောင်းမျိုးကို
၀တ်ထားတဲ့ ၀န်ထမ်းတွေကKGရဲ့ဆားဗစ်က
အလုပ်သမားတွေဖြစ်နိုင်တယ်..."
"မဇင်ကဘယ်လိုသိလဲ..."
"၀င်း..စင်ပေါ်မှာရှိနေတုန်းက သူတို့ရဲ့ခေါင်းဆောင်
မဂျူးဆိုတဲ့တစ်ယောက်နဲ့စကားပြောဖြစ်တယ်လေ
အဲ့တုန်းက သတိထားလိုက်မိတာ..
၀င်းပြောတဲ့ ယူနီဖောင်းမျိုးကိုအဲ့ဒီ့မဂျူးလည်း
၀တ်ထားတယ်..."
မဇင်၏စကားကြောင့် သူအရမ်း၀မ်းသာသွားမိသည်။ကံကြမ္မာက သူ့ကိုတကယ်ပဲ
မျက်နှာသာပေးလာခဲ့ပြီ ထင်ပါတယ်။
ဖူးစာပါရင် ရှောင်လွှဲလို့မရနိုင်ဘူးတဲ့။
တွေ့မဲ့တွေ့တော့လည်း နီးနီးလေးပါလား။
❤️❤️❤️❤️❤️❤️❤️❤️
ဒီနေ့ပွဲတွေကဆက်နေတော့ ဝိုင်းလေးလည်း
အိမ်ကို ည၇နာရီလောက်မှပြန်ရောက်သည်။
ခြံ၀သို့ရောက်သည်နှင့် လူတစ်ယောက်စာ
၀င်ပေါက်ကနေ ၀င်လာခဲ့လိုက်သည်။
"ပြန်လာပြီလား..မမလေး..."
"ဟုတ်ကဲ့..ပြန်လာပါပြီ..ဦးလေးရောစားပြီးပြီလား"
"..ဟုတ်ကဲ့စားပြီးပါပြီ..."
ခြံစောင့်ဦးလေးကြီးကလာ၍နှုတ်ဆက်နေသောကြောင့် ဝိုင်းလေးလည်းပြန်ပြီးဖော်ဖော်ရွေရွေ
နှုတ်ဆက်လိုက်တော့ ဦးလေးကြီးကအံ့ဩသွားလေသည်။ဝိုင်းလေးလည်း ထိုဦးလေး၏
အပြုအမူကို ကြည့်ပြီးပြုံးလိုက်ကာ
အိမ်ကြီးဆီသို့ လျှောက်လာခဲ့လိုက်သည်။
သူဌေးအိမ်ဆိုတော့ ခြံတစ်ခြံလုံးကလည်း
လင်းထိန်နေကာ လမ်းလျှောက်နေရင်းနဲ့တောင်
ဥယျဉ်ထဲမှ ပန်းရနံ့တွေကလွင့်ပျံလာသည်။
ဒီအိမ်ကအလုပ်သမားတွေဟာ တကယ်ကို
တာ၀န်ကျေကြတယ်။မနက်မိုးလင်းတာနဲ့
အစောကြီးထပြီး သူတို့လုပ်စရာရှိတာကို
အပိုစကားမပြောပဲ လုပ်တတ်ကြသူများဖြစ်၍
မင်းစက်အာဏာနှင့် အကျင့်စရိုက်
တူသူတွေလို့တောင် သတ်မှတ်လို့ရနိုင်သည်။
စိတ်ငြိမ်ရပ်ကွက်ဖြစ်၍ တိတ်ဆိတ်နေပြီး
ပိုးမွှားပုရစ်သံတွေလောက်သာကြားရသည်။
ဝိုင်းလေးရဲ့မိဘတွေဘက်မှာတော့
ဒီအချိန်လောက်ဆို ရပ်ကွက်ထဲမှာအလုပ်ပြန်သူ တွေနှင့် ကလေးတွေရော၊ခွေးတွေပါ
လမ်းမပေါ်၌ ဆူလို့ကောင်းနေတုန်းဖြစ်နေမှာ
သေချာသည်။တစ်ခြံနဲ့တစ်ခြံက ကပ်နေကြပြီး
တစ်ရပ်ကွက်လုံးက မိသားစုလိုဖြစ်နေတော့
သီချင်းတွေကိုလည်း ဆောင်းဗောက်တွေနဲ့
အကျယ်ကြီးဖွင့်တတ်ကြသည်။
*အိမ်ကိုတောင်သတိရလာပြီ..ဒီပိတ်ရက်တော့
အိမ်ကိုအလည်ပြန်အုံးမှပါ..."
ကိုယ့်အတွေးနှင့်ကိုယ် အိမ်ထဲသို့၀င်လာချိန်၌
ကြည်ကြည်တို့ တူ၀ရီးစောင့်နေကြသည်ကို
တွေ့လိုက်ရလေသည်။
ကြည်ကြည်က ဝိုင်းလေးဆီမှထမင်းချိုင့်ကို
ကူဆွဲပေးလာလေသည်။
"မမဒီနေ့နောက်ကျတယ်နော်..ရေချိုးလိုက်ဦး
ပြီးရင်ထမင်းစားဖို့ အဆင်သင့်ခူးထားလိုက်မယ်နော်..."
"အေးပါဟယ်..ဒါနဲ့ကိုမင်းစက်ရော..စားပြီးပြီလား"
"ပြီပြီမမ၀ိုင်းလေးရဲ့.."
အလုပ်အသစ်မှာ ပထမဆုံးနေ့ဆိုတော့
တစ်ကိုယ်လုံး ပင်ပန်း၍နုံးချိနေကာမလှုပ်ချင်
ဖြစ်နေမိသည်။ထို့ကြောင့် အိမ်အပေါ်ထပ်သို့
ခြေလှမ်းခပ်လေးလေးနှင့်သာ တက်လာခဲ့လိုက်သည်။
ဆားဗစ်ဌာနက ပျော်စရာကောင်းသလို
တကယ်ကိုပင်ပန်းတယ်ဟုလည်းညီးတွားလိုက်မိသည်။
"ဟင်...ထူးထူးဆန်းဆန်း
အစောကြီးအိပ်နေပါလား"
အိပ်ခန်းထဲသို့ ဝိုင်းလေးရောက်တော့ စောင်ခြုံပြီး
အိပ်ပျော်နေသော ကိုမင်းစက်ကိုတွေ့လိုက်ရလေသည်။ပုံမှန်ဆို ညဉ့်နက်မှအိပ်တတ်သူဖြစ်ပြီး
ဒီနေ့တော့ အစောကြီးအိပ်ပျော်နေ၍
မနှောက်ယှက်ချင်တာနဲ့ အိပ်ယာပေါ်မှာခဏ
အနားယူမည့် အတွေးကိုမေ့လိုက်ကာ
ပစ္စည်းတွေကို အသံမထွက်အောင်ချလျှက်
ရေချိုးခန်းထဲသို့သာ တန်း၀င်လိုက်တော့သည်။
ရေချိုးခန်းထဲမှာပဲ ညအိပ်၀တ်စုံကိုတစ်ခါတည်း
လဲလိုက်ပြီးနောက် အပြင်သို့ထွက်လာလိုက်ကာ
ကုတင်ပေါ်သို့ ကြည့်လိုက်မိတော့ ကိုမင်းစက်သည်
ခြုံထားသည့် စောင်တွေကိုကန်ချထားတာကို
တွေ့လိုက်ရလေသည်။
ထို့ကြောင့် သူ့ဘေးနားလေးမှာသွားရပ်လိုက်ပြီး
စောင်ကို ပြန်ဆွဲကာခြုံပေးဖို့လုပ်လိုက်သည်။
"..အမေ!!!!.."
"ဘာလုပ်တာလဲ....."
သူသည် မျက်လုံးမှိတ်လျှက်ကနေ
ညီးတွားလိုက်ပြီး ဝိုင်းလေး၏
လက်မောင်းကို ကိုင်ကာဆွဲချလိုက်သည်ကြောင့်
သူ့ကိုယ်ပေါ်မှကျော်၍ ကုတင်ဟိုဘက်အခြမ်းသို့
လှန်ကျသွားလေတော့သည်။
"ကိုမင်းစက်...ရှင်!!!.."
သူ့ကိုအော်မိမလိုဖြစ်သွားစဉ်မှာပဲ ဝိုင်းလေး၏
လည်ပင်းအောက်သို့ သူ့ရဲ့ဘယ်လက်က
လျှို၀င်လာပြီးကျန်လက်တစ်ဖက်ကတော့
ခါးအပေါ်ဖက်ကိုတင်းကြပ်စွာ ရစ်သိုင်းလာ၍
လူက ထုံတက်သွားကာလှုပ်တောင်မလှုပ်ရဲတော့ပေ။
"ကိုမင်းစက်..ရှင်တကယ်အိပ်ပျော်နေတာလား.."
အသံတိုးတိုးလေးနဲ့ သူ့ကိုမေးလိုက်သည့်အချိန်မှာပဲ
ဝိုင်းလေး၏ခန္ဓာကိုတစ်ခုလုံး သူ့ဘက်သို့
ဆွဲယူခြင်းခံလိုက်ရလေသည်။
သူကတော့ ပါးစပ်မှအိပ်ချင်မူးထူးနှင့်
ခပ်တိုးတိုးညီးတွားနေရင်း ဝိုင်းလေး၏
ရင်ခွင်ထဲသို့ တိုးဝင်လာလေတော့သည်။
သူ့ဦးခေါင်းက ဝိုင်းလေး၏နှာခေါင်းတည့်တည့်မှာ
ရှိနေပြီး သူ့ရဲ့ဆံစတွေဆီမှ ခေါင်းလိမ်းဆီရနံ့
တစ်မျိုးကိုလည်း ရှူရှိုက်လိုက်မိသည်။
ကိုယ့်ရဲ့ ရင်ညွှန့်ကိုလာရှိုက်ခတ်နေသည့်
အသက်ရှုသံပြင်းပြင်းကြောင့်
စိတ်ကျဉ်းကြပ်လာရသည်။
*ဘယ်လိုလုပ်ရမလဲ..ဒီလိုအခြေအနေကို
ဝိုင်းလေးမနေတတ်ဘူး..*
"အမေ...သားကိုပစ်မထားပါနဲ့.."
အသက်တောင် ရဲရဲမရှူနိုင်ပဲဘယ်ဘက်လက်ကို
မြှောက်၍ သူ့ကိုပုတ်နှိုးရန်စဉ်းစားမိသော
အတွေးများသည် သူရဲ့၀မ်းနည်းသံနှောပြီး
ညီးတွားလိုက်သံကြောင့် တွန့်ဆုတ်သွားခဲ့ရသည်။
ထို့ကြောင့် သူ့ပခုံးကို ပုတ်မည့်အစား
သူ့ရဲ့ဆံစလေးတွေကိုသာ အသာလေး
ပွတ်သပ်ကာနှစ်သိမ့်ပေးနေမိလေသည်။
ဖွားဖွားနုပြောပြထား၍ သူ့မိသားစုအကြောင်းကို
အနည်းငယ်တော့ သိပြီးလေပြီ။
သူဟာ ငယ်ငယ်တည်းကမိခင်မေတ္တာကို
ငတ်မွတ်ခဲ့ရသူတဲ့လေ။
ကိုယ့်လို မိဘမဲ့တစ်ယောက်ကသူ့ထက်
အဖြစ်ဆိုးတယ်လို့ဆိုနိုင်ပေမဲ့
သူ့ရဲ့ဇနီးတစ်ယောက်အနေနဲ့ သူ့ရဲ့၀မ်းနည်းမှုတွေကို မျှဝေခံစားပေးသင့်သည်ဟု ထင်မြင်မိသည်။
ထို့ကြောင့် အိမ်မက်ဆိုးမက်ပြီး ရင်ခွင်ထဲသို့
ကလေးပေါက်စလို တိုး၀င်လာသည့်သူ့ကို
သနားစိတ်ဖြင့် လက်ခံထားလိုက်မိလေသည်။
ခဏအကြာမှာ ဝိုင်းလေးလည်းအလုပ်ပင်ပန်းထား၍ တင်းခံထားသည့်ကြားကနေ
အိပ်ပျော်သွားလေတော့သည်။
အခန်း(၂၄)...ဆက်ရန်
စာရေးသူ..ဆောင်းငွေ့ဝေ
❤️❤️❤️❤️❤️
"အဟင်း....အဟင်း..အဲ့လိုကနေ
ကိုဦးကိုဝေဝေပဲ ခေါ်ထားရမဲ့အဖြစ်ရောက်နေပြီ😁"
ရှည်ရှည်လေးရေးပေးဆိုလို့ ရေးပေးလိုက်ပြီနော်
Fbမှာလည်းshareပေးရမယ်နော်🙂
ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူးတင်ရှိပါတယ်...
=========================================================================
အခန္း(၂၃)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
ဝိုင္းေလးအလုပ္သို႔ေရာက္ေသာအခါ
၈နာရီေက်ာ္ေနေလၿပီ။
ဒုတိအႀကိမ္ေျမာက္ အလုပ္ထုတ္ခံရအၿပီးမွာေတာ့
စီမံဌာနမွာ မလုပ္ခ်င္ေတာ့သလိုျဖစ္လာသည္။
ကိုယ္ရတဲ့ဘဲြ႔က ထိုဌာနမွာေနတာပိုၿပီး
ကိုက္ညီတယ္ဆိုေပမဲ့ စာရင္းဇယားလုပ္တာက
တကယ္ကို ေခါင္းရႈပ္ရတယ္။
အလုပ္ေတာင္ႏွစ္ခါတိတိအထုတ္ခံလိုက္ရတယ္ဆိုေတာ့ အဲ့ဒီ့ဌာနကဝိုင္းေလးနဲ႔ကံမစပ္ဘူးဟု
ထင္မိသည္။
ထို႔ေၾကာင့္ဗဟို၀န္ေဆာင္မႈဌာနကိုသာေရြးခ်ယ္လိုက္သည္။
ဗဟို၀န္ေဆာင္မႈဌာနသို႔ေရာက္ေသာအခါ
ဌာနမွ အလုပ္သမားမ်ားသည္ သူ႔အဖဲြ႔ႏွင့္သူ
လုပ္ငန္းစဖို႔ျပင္ေနၾကေလၿပီ။
ဒီဌာနကလူေတြဟာ မနက္ပိုင္းရံုတက္ခ်ိန္ႏွင့္
ရံုးဆင္းခ်ိန္ေလာက္သာ KGရံုးခ်ဳပ္မွာရိွၾကတာ
ျဖစ္ၿပီး က်န္တဲ့အခ်ိန္ေတြက ကိုယ္၀န္ေဆာင္မႈ
ေပးရမဲ့ ေနရာမွာသာအလုပ္လုပ္ၾကရသည္။
ထို႔ေၾကာင့္ အၿမဲသြားလာလႈပ္ရွားေနရ၍
ဝိုင္းေလးက ဒီဌာနကိုေရြးလိုက္ျခင္းျဖစ္သည္။
ဒီဌာနမွာအလုပ္ရဖို႔အတြက္က အျခားဌာနေတြလို
လိုအပ္ခ်က္သိပ္မမ်ားေပ။
အကပ္ရိွရင္ အထက္တန္းေအာင္ရံုေလာက္နဲ႔ေတာင္
အလုပ္၀င္လို႔ရႏိုင္သည္။
ဝိုင္းေလးက ဒီေန့မွအလုပ္စ၀င္တာမို႔
ဌာနမွအလုပ္သမားေလးတစ္ေယာက္ကိုေမးကာ
စူပါ၏ ရံုးခန္းတံခါးကို ေခါက္၍
ရံုးခန္းထဲသို႔၀င္ခဲ့လိုက္သည္။
Supervisorက မိန္းမျဖစ္ၿပီး အသက္၃၀ေက်ာ္ၿပီ
ျဖစ္ကာ နာမည္ကမ၀င့္သူဇာျဖစ္သည္။
"ဘာကိစၥရိွလို႔လဲ.."
"ဟိုေလ..ညီမနာမည္ကေမဝိုင္းေလးပါ...
ဒီဌာနမွာ ဒီေန့ကစၿပီးအလုပ္၀င္မလို႔ပါ..."
"ေနဦး..ညီမကအသစ္ခန႔္လိုက္တဲ့အထဲမွာ
ပါတဲ့လူမဟုတ္ပါဘူး..."
"ဟုတ္ကဲ့..ဝိုင္းေလးကအျခားဌာနကေန
ေျပာင္းလာတာပါ.."
"ဘယ္ဌာနလဲ.."
"စီမံဌာနကေနပါ.."
"ေအာ္..သိၿပီမေန့ကတင္ ညီမတို႔ရဲ့ဌာနက
မန္ေနဂ်ာကိုယ္တိုင္အစ္မဆီကို
ဖုန္းဆက္ထားတယ္..
ေနအံုးငါ့ညီမတဲြရမဲ့ အဖဲြ႔ေခါင္းေဆာင္ကို
တို႔ျပေပးမယ္..."
မ၀င့္သူဇာက အျခားကိစၥေတြကိုအစစ္အေဆး
မလုပ္၍ စိတ္ေအးသြားရေလသည္။
အမွန္ဆိုစီမံဌာနက ဆားဗစ္ဌာနထက္ေတာင္
ျမင့္ပါေသးတယ္။
ဒါေပမဲ့ လစာၾကေတာ့စီမံဌာနက တစ္ႏွစ္တစ္ခါ
လစာတိုးႏိုင္ေပမဲ့ ဆားဗစ္ကေတာ့အဲ့လိုမရိွဘူး။
ဒါေပမဲ့ ေအာက္ဆိုက္ေၾကးၾကေတာ့
ဆားဗစ္ကပိုအားသာတယ္။
ဆားဗစ္ေကာင္းလို႔ တစ္ဖက္အလုပ္ရွင္က
ေက်နပ္ၿပီး မွတ္ခ်က္ေကာင္းေတြေပးလာရင္
ေဘာနပ္စ္ပံုစံမ်ိဳးလည္း ရတတ္သည္။
ဒါေၾကာင့္လည္း ဝိုင္းေလးဒီအလုပ္ကိုေရြးခ်ယ္လိုက္တာေပါ့။
စူပါက ဝိုင္းေလးကိုရံုးခန္းအျပင္သို႔
ေခၚထုတ္လာ၍ ဝိုင္းေလးလည္းသူ႔အေနာက္မွ
လိုက္ရေလသည္။
ဝိုင္းေလးကပဲ ကံဆိုးခ်င္၍လားမသိေတာ့ပါဘူး။
ဝိုင္းေလးအလုပ္တဲြလုပ္ရမၫ့္ ေခါင္းေဆာင္သည္
စီမံဌာနကေန ပထမဆံုးအလုပ္ျပဳတ္ခဲ့ရသၫ့္အခ်ိန္က မခ်စ္သဲႏွင့္အတူ ေပါင္းကာ
အက်င့္ယုတ္ခဲ့ေသာ မိန္းမျဖစ္ေနသည္။
"ဂ်ူးဂ်ူးေရ..နင္တို႔အဖဲြ႔ထဲကိုထၫ့္ဖို႔
အသစ္တစ္ေယာက္တိုးလာၿပီ..."
ေခါင္းေဆာင္က ေခၚလိုက္ေတာ့ဂ်ူးဂ်ူးဆိုသၫ့္
ထိုမိန္းမက ဝိုင္းေလးကိုစူးစမ္းလိုေသာ
မ်က္၀န္းမ်ားႏွင့္ၾကၫ့္လာေလသည္။
ၿပီးေနာက္ ေခါင္းေဆာင္ဘက္သို႔ၾကၫ့္၍
လုပ္ႃပံုးႀကီးႃပံုးလိုက္ေသာေၾကာင့္
ဝိုင္းေလးလည္း မဲ့ႃပံုးႃပံုးလိုက္မိသည္။
"ေမဝိုင္းေလး..သူ႔နာမည္ကဂ်ူးဂ်ူးတဲ့..
အစ္မရဲ့ အခုကစၿပီး ေမဝိုင္းေလးကဂ်ူးဂ်ူးတို႔အဖဲြ႔မွာလုပ္ရမယ္.."
စူပါကိုယ္တိုင္က ဒီမွာလုပ္ဆိုၿပီး
ေနရာခ်ေပးလာေတာ့ ဝိုင္းေလးလည္း
အထြန႔္မတတ္ပဲ လက္ခံလိုက္ရသည္။
ပထမဆံုးအလုပ္၀င္တဲ့ေန့ျဖစ္၍ ဟိုမွာမလုပ္ခ်င္၊
ဒီမွာမလုပ္ခ်င္ဟု မေျပာခ်င္ေပ။
ဘယ္လိုပဲ ကိုယ္ဟာဒီကုမၸဏီကိုပိုင္တဲ့စီအီးအိုနဲ႔
လက္ထက္ထားတယ္ဆိုအံုးေတာ့ အခုက၀န္ထမ္း
ျဖစ္သၫ့္အတြက္ က်ရာေနရာမွာလုပ္ရမွာပဲ။
"ဂ်ူးဂ်ူးေရ..ငါ့ညီမတို႔အဖဲြ႔ဒီေန့သြားမဲ့ပဲြက
အရမ္းအေရးႀကီးတယ္ေနာ္..ဂ်ူးဂ်ူးရဲ့
လုပ္ရည္ကိုင္ရည္ကို ယံုၾကည္ေပမဲ့
ေသခ်ာဂရုစိုက္ဖို႔ ထပ္မွာခ်င္တယ္ကြယ္.."
"စိတ္ခ်ပါအစ္မရဲ့..ဂ်ူးဂ်ူးေသခ်ာဂရုစိုက္ပါ့မယ္
လံုး၀အမွားမျဖစ္ေစရပါဘူး.."
စူပါထြက္သြားၿပီးေနာက္မွာေတာ့
မဂ်ူးဦးေဆာင္သၫ့္ အဖဲြ႔ထဲသို႔ဝိုင္းေလးလည္း
၀င္ေရာလိုက္ရသည္။
အဖဲြ႔၀င္ဟာ အားလံုးေပါင္းအေယာက္၂၀ျဖစ္ၿပီး
မိန္းကေလးကခုႏွစ္ေယာက္သာ ပါ၀င္ေလသည္။
ဆားဗစ္သမားေတြဆိုေပမဲ့ အကုန္လံုးက
တကယ့္ကိုငယ္ငယ္ေလးေတြနဲ႔ ေခ်ာေခ်ာေလးေတြခ်ည္းပဲျဖစ္သည္။
KGရဲ့စံႏႈန္းက ပညာအရည္အခ်င္းမျမင့္ရင္ေတာင္
ရုပ္ရည္အသြင္အျပင္နိမ့္ေနလို႔ မရပါလားဟု
ေတြးလိုက္မိသည္။
"အားလံုးပဲ..ဒီေန့ရဲ့ပရိုမိုးရွင္းပဲြကအရမ္း
အေရးႀကီးတယ္..အဆိုေတာ္ေနြဦးေလျပည္ကိုယ္တိုင္တက္မဲ့ ပရိုမိုးရွင္းပဲြျဖစ္တဲ့အတြက္
အဖက္ဖက္က ျပၫ့္စံုေနမွရမယ္ေနာ္..
မသြားခင္တည္းက ဘယ္သူကဘာလုပ္ရမယ္ဆိုတာ လုပ္ငန္းတာ၀န္ခဲြေပးမယ္..."
မဂ်ူးသည္ လုပ္သက္ရင့္ေသာေခါင္းေဆာင္
ျဖစ္သၫ့္အတြက္ အကုန္လံုးကို
တာ၀န္အသီးသီးခဲြေပးေလသည္။
ဝိုင္းေလးကေတာ့ ဒီေန့မွအလုပ္စဆင္းသူျဖစ္ၿပီး
ဆားဗစ္ပိုင္းမွာ အေတြ့အႄကံုမရိွေသး၍
အကူအေနနဲ႔သာ လိုက္ရသည္။
ဝိုင္းေလးတို႔အဖဲြ႔သည္ ေျမနီကုန္းရိွ
ေဈး၀ယ္စင္တာသို႔ ေရာက္သည္ႏွင့္
လိုအပ္တာေတြကို ၀ယ္ျခမ္းၿပီးအခမ္းအနား
မစခင္ အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ရသည္။
ဖုန္းပရိုမိုးရွင္းပဲြျဖစ္၍ ပစၥည္းအေပ်ာက္အရွ
မရိွေအာင္လည္း ဂရုစိုက္ရသည္။
ဝိုင္းေလးက အကူဆိုေတာ့အရမ္းတာ၀န္ႀကီးသၫ့္
အလုပ္ေတြကိုေတာ့ မလုပ္ရေပ။
တစ္ခုခုလိုအပ္ရင္လည္း စင္တာထဲမွာပဲ၀ယ္လို႔
ရေတာ့ အဆင္ေျပသည္။
ပရိုးရွင္းပဲြကေတာ့ စသည္ႏွင့္
သီခ်င္းေတြပါ ဖြင့္လိုက္ေလသည္။
အျခားအႏုပညာရွင္ေတြလည္း ေရာက္လာသလို
အလုပ္အပ္သၫ့္လုပ္ငန္းရွင္ဘက္က
ဖိတ္ထားေသာ ဧၫ့္သည္ေတြကလည္း
တစ္ခ်ိဳ႕တစ္၀က္ေလာက္ ေရာက္ေနေလၿပီ။
ဖိတ္ထားသၫ့္ဧၫ့္သည္မ်ားႏွင့္ အနာပညာရွင္မ်ားက သတ္မွတ္ထားသၫ့္ေနရာေတြမွာ
ထိုင္ရတာျဖစ္ၿပီး ပရိတ္သတ္မ်ားကေတာ့
အေနာက္ရိွ အကန႔္အသတ္ေနရာေလးမွာ
အံုႂကြေနေလသည္။
နာမည္ႀကီး အႏုပညာရွင္မ်ားကိုဖိတ္ထားသၫ့္
ပဲြျဖစ္၍ ပရိတ္သတ္ထုကလည္း မနည္းမေနာပါပဲ။
ေဈး၀ယ္စင္တာႀကီးသည္ ေလးထပ္ေဆာင္ႀကီး
ျဖစ္ၿပီးပရိတ္သတ္မ်ားသည္
ပရိုမိုးရွင္းပဲြက်င္းပသၫ့္
ေအာက္ဆံုးအထပ္တြင္သာမကပဲ အေပၚအလႊာမ်ား၏ လက္ရန္းေတြကိုမွီက ငံု႔ၾကၫ့္ေနၾကတာ
လည္း အမ်ားအျပားပါပဲ။
အႏုပညာရွင္ေတြကို အျပင္မွာေတြ့ႏိုင္ဖို႔ဆိုတာ
မလြယ္သၫ့္ကိႁစၥဖစ္၍ အခ်ိဳ႕ကလည္း
ကိုယ္ႀကိဳက္သၫ့္ မင္းသား၊မင္းသမီးမဟုတ္လည္း
လာၾကၫ့္ၾကျခင္းျဖစ္သည္။
"ေနြဦးေလျပည္...ေနြဦးေလျပည္..."
"အ၀င္း..အ၀င္း!!!"
အဆိုေတာ္ေနြဦးေလျပည္၏ ပရိတ္သတ္မ်ားကေတာ့ ပဲြမစခင္အေစာပိုင္းတည္းက
ဗီႏိုင္းပံုေတြကိုင္ကာ လာေစာင့္ေနၾကၿပီး
ပဲြခ်ိန္နီးေလ အုပ္ေအာ္ေသာင္းနင္းျဖစ္လာေလပါပဲ။
"..ေနြဦးေလျပည္ကဘာလို႔မေရာက္ေသးတာလဲဟင္ အျခားအႏုပညာရွင္ေတြေတာင္
ေရာက္ေနၾကၿပီ..."
ဝိုင္းေလးကလည္း ကိုဦးကိုေတြ့ခ်င္ေနသၫ့္အတြက္ အတူအလုပ္လုပ္သၫ့္သိမ့္သိမ့္ကို
ေမးလိုက္မိေလသည္။
"သူကၾကေတာ့ ျပည္တြင္းမွာပဲေအာင္ျမင္ေနတဲ့
အႏုပညာရွင္မဟုတ္ဘူးေလ..ႏိုင္ငံတကာမွာပါ
ေက်ာ္ၾကားေနတဲ့လူဆိုေတာ့ ဒီကအႏုပညာရွင္ေတြလို ပဲြခ်ိန္တစ္ေလ်ွာက္လံုး လာထိုင္ေနမွာမဟုတ္ဘူး
သူကေနာက္ဆံုးမွေရာက္လာမွာ သူ႔အလုပ္ၿပီးတာနဲ႔
တန္းျပန္မွာေလ..ပရိတ္သတ္ေတြကေတာ့
သနားပါတယ္...အေစာႀကီးတည္းက
လာေစာင့္ေနၿပီး ေတြ့ရေတာ့လည္းခဏေလးရယ္.."
ဒီေနရာမွာေတာ့ ကိုဦးကိုတကယ္မတရားဘူးဟု
ေတြးမိသည္။
သူ႔ပရိတ္သတ္ေတြမွာ သူတို႔အိုင္ေဒါလ္ကို
ေတြ့ခ်င္လြန္းလို႔ အခ်ိဳ႕ဆိုမနက္တည္းကေတာင္
လာေစာင့္ေနၾကတယ္။
သူကေတာ့ ခဏေလးသာမ်က္ႏွာျပၿပီး
ျပန္မွာဆိုေတာ့ သူ႔ပရိတ္သတ္ေတြသနားပါတယ္။
"လာေရာက္အားေပးၾကတဲ့ပရိတ္သတ္မ်ားခင္ဗ်ာ
ေနာက္ဆံုးအစီအစဉ္ကေတာ့ မဲႏိႈက္ေပးမဲ့
အစီအစဉ္ျဖစ္ၿပီး လက္ေဆာင္ပစၥည္းေတြကို
ကံစမ္းႏိုင္မဲ့အျပင္
ဒီပဲြကိုတက္ေရာက္လာတဲ့ အႏုပညာရွင္ေတြနဲ႔ပါ
ဓာတ္ပံုတဲြၿပီး ရိုက္ခြင့္ရမွာပါ...."
အစီအစဉ္တင္ဆက္သူသည္ ပဲြစဉ္၏ပံုစံကို
ရွင္းျပေပးသြားၿပီး ပဲြခ်ိန္အတြင္းမွာသူတို႔ရဲ့
ပစၥည္းကို ၀ယ္ယူရင္ပရိုမိုးရွင္းရႏိုင္ေၾကာင္း
ေတြပါ ရွင္းျပေနေလသည္။
ထို႔ေနာက္မွာေတာ့ ေရာက္ရိွေနသၫ့္အႏုပညာရွင္ေတြဟာ တစ္ေယာက္ၿပီးတစ္ေယာက္ စင္ေပၚသို႔
တက္သြားၾကၿပီး အေမးအေျဖက႑ေတြမွာ
ပါ၀င္ၿပီးေနာက္ ဖုန္းအေၾကာင္းကို
ပရိုမိုးရွင္းဆင္းၾကသည္။
ဝိုင္းေလးေတြ့ခ်င္သၫ့္ ကိုဦးကေတာ့အခုထိ
ေရာက္မလာေသးေပ။
"သိမ့္သိမ့္နဲ႔..ေမဝိုင္းေလးေရ...ဒီကိုလာၾကအံုး
မဂ်ူးေခၚေနတယ္..."
လုပ္ေဖာ္ကိုင္ဖက္ ကိုရိႈင္းေအာင္က
စက္အဖဲြ႔နားတြင္ ရပ္ၾကၫ့္ေနၾကေသာ
သိမ့္သိမ့္ႏွင့္ဝိုင္းေလးကို လွမ္းေခၚေန၍
သူတို႔ဆီသို႔ ေျပးသြားရေလသည္။
ကိုရိႈင္း၏အေနာက္ကို လိုက္သြားရင္းႏွင့္
အျပာေရာင္ဆင္တူယူနီေဖာင္းကို ၀တ္ထားေသာ
ကိုယ့္အဖဲြ႔သားေတြစုေနသၫ့္ေနရာမွာပဲ
၀င္ေရာလိုက္သည္။
ေတာ္ေတာ္မ်ားမ်ားကေတာ့ မိန္းကေလးေတြ
ျဖစ္ၿပီး ေယာက္်ားေလးေတြကေတာ့
ပဲြအတြက္ ကူညီေနရသည္။
ခဏအၾကာမွာ ဝိုင္းေလးတို႔၏အုပ္စုဆီသို႔
ေခါင္းေဆာင္ျဖစ္သၫ့္ မဂ်ူးေရာက္လာေလသည္။
"ခုဏက ေနြဦးေလျပည္ရဲ့မန္ေနဂ်ာအစ္မ
ဖုန္းဆက္တယ္..သူ႔ရဲ့ပရိတ္သတ္ေတြကအေစာႀကီး
ေရာက္ေနမွန္း ေနြဦးေလျပည္ကသိသြားလို႔တဲ့
အဲ့ဒါသူ႔ပရိတ္သတ္ေတြကို KFCနဲ႔အေအးတိုက္
မွာတိုက္မလို႔တဲ့ေလ..ဒုတိယထပ္က
Dear Mayဆိုတဲ့ဆိုင္မွာKFCရယ္အေအးဗူးေတြရယ္ သြားကူသယ္ၾကပါအံုး..အဲ့ဆိုင္က
အဆိုေတာ္ေနြဦးေလျပည္ပိုင္တဲ့ဆိုင္ေလ..
ဆိုင္၀န္ထမ္းေတြကလည္း ၀ယ္သူေတြရိွလို႔
ေအာက္ကိုလာပို႔ေပးမယ့္လူမေလာက္ဘူးတဲ့.."
"အဲ့ဆိုင္ကိုသိမ့္သိမ့္သိတယ္..အဲ့ဆိုင္ကတကယ္ပဲ
အ၀င္းပိုင္တဲ့ဆိုင္လား.."
"ဟဲ့အ၀င္းကဘယ္သူတုန္း.."
"ဟာ..မဂ်ူးကလည္းအ၀င္းဆိုတာ
ေနြဦးေလျပည္ကိုခ်စ္စႏိုးနဲ႔ေခၚၾကတဲ့နာမည္ေလ.."
သိမ့္သိမ့္က..ကိုဦးရဲ့ဖန္ျဖစ္၍အ၀င္းလို႔
ေခၚလိုက္သည္ကို မဂ်ူးကနားမလည္ေတာ့
ရွင္းျပလိုက္ရေသးသည္။
ဒီလိုနဲ႔ဝိုင္းေလးတို႔လည္း ဒုတိယထပ္တြင္ရိွသၫ့္
Dear Mayဆိုေသာဆိုင္ေလးဆီသို႔
လိုက္သြားရေလသည္။
ဆိုင္ေလးကို ေတြ့လိုက္သည္ႏွင္း ဝိုင္းေလး
အံ့ဩသြားမိသည္။ဒီဆိုင္ကို သူငယ္ခ်င္းနဲ႔အတူတစ္ေခါက္ေရာက္ခဲ့ေသးသည္။
ဆိုင္အျပင္အဆင္ကိုလည္းသေဘာက်ခဲ့သလို
"ခ်စ္လွစြာေသာေမ"ဆိုၿပီးနာမည္ေပးထားလို႔လည္း
ဝိုင္းေလးရဲ့နာမည္အစစာလံုးပါသည္ဟုေတာင္
ေျပာျဖစ္ခဲ့ေသးသည္။
*ဒါက..ကိုဦးရဲ့ဆိုင္ေလးျဖစ္ေနတာပဲ..
ဒါေပမဲ့ဘာေၾကာင့္ဆိုင္နာမည္ကိုDear Mayလို႔
ေပးထားရတာလဲ.."
"ဝိုင္းေလးေရ..လာကူအံုးေဟ့..ဒါေတြကို
ေအာက္ထပ္ကိုပို႔ရေအာင္.."
သိမ့္သိမ့္ကလွမ္းေခၚေန၍ ဝိုင္းေလးလည္း
ပါဆယ္ဗူးေတြကိုအေျပးသယ္ရေလသည္။
ဆိုင္မွ၀န္ထမ္းအခ်ိဳ႕ႏွင့္ဝိုင္းေလးတို႔ဌာနမွ
လူေတြအားလံုးလည္း အေပၚတက္လိုက္၊
ေအာက္ဆင္းလိုက္ႏွင့္ အထုပ္ေတြကိုသယ္ေနရ၍
ေျခေထာက္ေတြေတာင္ မီးပြင့္ခ်င္သြားရသည္။
ကိုဦးရဲ့ပရိတ္သတ္က ပဲြထဲမွာအမ်ားဆံုးျဖစ္၍
အထုပ္အေရအတြက္က ရာဂဏန္းေတာင္
ကပ္ခ်င္သည္။
ဒါ့အျပင္KFCဗူးေတြႏွင့္အခ်ိဳရည္မ်ားကိုလည္း
သူ႔ပရိတ္သတ္တစ္ေယာက္ခ်င္းဆီအား
လူၾကပ္သၫ့္ၾကားမွလိုက္ေဝေပးရေသးသည္။
အားလံုးၿပီးစီးသြားကာမွ ကိုယ္ေတြအဖဲြ႔လည္း
ပိုေနသၫ့္ KFCေတြႏွင့္အခ်ိဳရည္ကို
ေဖာက္ေသာက္ၿပီး အုပ္စုလိုက္
စက္အဖဲြ႔ေနာက္၌
ေျချပစ္လက္ျပစ္ထိုင္မိၾကေတာ့သည္။
"အ၀င္း..အ၀င္းဆိုၿပီး..တ၀င္းတည္း၀င္းေနသၫ့္
သိမ့္သိမ့္ေတာင္ မ၀င္းႏိုင္ပဲမ်က္ႏွာႀကီးေတာင္
ရႈံ႔တြေနေလၿပီ။
"ေအာ္..ေငြ..ေငြ..ေငြရိွရင္ဘာမဆိုျဖစ္တယ္ဆိုတာ
အမွန္ပဲေနာ္.."
"အံမယ္..ကိုရိႈင္းကထူးထူးဆန္းဆန္းပါလား
ညီးတြားတာေတာင္ေငြတဲ့.."
"ငါေျပာတာမဟုတ္လို႔လား..အခုပဲၾကၫ့္ေလ
အဆိုေတာ္ကသူ႔ပရိတ္သတ္ကို သနားလို႔ဆိုၿပီး
ပိုက္ဆံအကုန္ခံ..KFCေတြကၽြေး..အေအးေတြတိုက္
..ပရိတ္သတ္ေတြကလည္း
ကိုယ္ႀကိဳက္တဲ့အိုင္ေဒါလ္ကိုေတြ့ခြင့္ရတဲ့အျပင္
သူကၽြေးတဲ့မုန႔္ေတြကိုပါ စားခြင့္ရေတာ့ဘယ္ေလာက္၀မ္းသာလိုက္မလဲ..ၿပီးရင္
အြန္လိုင္းေပၚမွာတက္လာပါလိမ့္မယ္..
"ကၽြန္မတို႔ရဲ့အ၀င္းေလးက..ဘယ္ေလာက္
ၾကင္နာတတ္တာတို႔..သူ႔ပရိတ္သတ္ကိုစာနာတာတို႔
အားေပးရက်ိဳးနပ္တာတို႔နဲ႔.."
***
အဆိုေတာ္အေပၚေမတၲာေတြဝိုင္းထားၾက
..ေက်းဇူးေတြလိွမ့္တင္..ငါတို႔ၾကေတာ့
အေပၚတက္လိုက္၊ေအာက္ဆင္းလိုက္နဲ႔ ခၽြေးအလိမ္းလိမ္းထြက္တဲ့အထိအပင္ပန္း
ခံရတာေတာင္လူမသိဘူး..
ကဲ..ေငြမ်က္ႏွာဘယ္ေလာက္ႀကီးသလဲ..
ေငြရိွရံုနဲ႔လူေတြရဲ့အျမင္ကို လြယ္လြယ္ေလးေျပာင္းလဲႏိုင္တယ္.."
ကိုရိႈင္းကထိုသို႔ေျပာေတာ့ ေနြဦးေလျပည္၏
ပရိတ္သတ္ စစ္စ္ျဖစ္သၫ့္သိမ့္သိမ့္ကလည္း
ညိမ္ခံမေနႏိုင္ေတာ့ေပ။
"အဲ့ဒါေတာ့ကိုရိႈင္းမွားတယ္..ေငြရိွရံုနဲ႔
လူခ်စ္လာေအာင္..ေအာင္ျမင္လာေအာင္..
လူတိုင္းလုပ္ယူလို႔ရတာမွမဟုတ္ပဲ..
ကၽြန္မတို႔ရဲ့အ၀င္းေလးက
ဒီလိုအရမ္းေအာင္ျမင္တဲ့အဆိုေတာ္
ျဖစ္လာဖို႔ ဘယ္ေလာက္အားစိုက္ခဲ့ရသလဲဆိုတာ
အစ္ကိုကသိလို႔လား..မေအာင္ျမင္ခင္ကဆို
မိဘေတြက အႏုပညာဆက္လုပ္လို႔
အိမ္ေပၚကေနေတာင္ ႏွင္ခ်ခဲ့တာ.."
"အံမယ္..သူအိမ္ေပၚကေနႏွင္ခ်ခံရတာေတာင္
သိတယ္ဆိုေတာ့..နင္ကသူတို႔အိမ္မွာ
အိမ္ေဖာ္လုပ္ခဲ့ဖူးလို႔လား.."
"ကိုရိႈင္းေနာ္..မဟုတ္တာေတြမေျပာနဲ႔..
သူ႔အင္တာဗ်ူးမွာ..သူကိုယ္တိုင္ေျပာျပလို႔
သိတာရွင့္...သိမ့္သိမ့္ေျပာခ်င္တာက
ဘယ္သူကတားတား သူ႔အိမ္မက္ကိုမဆုတ္မနစ္
အေကာင္အထည္ေဖာ္ခဲ့လို႔...အခုလိုမ်ိဳး
ေအာင္ျမင္လာတာလို႔ေျပာခ်င္တာ...
သူသာမႀကိဳးစားခဲ့ရင္ ဒီေန့မွာ၊ဒီလိုအေျခအေနမ်ိး
ေရာက္ႏိုင္ပါ့မလား..စဉ္းစားၾကၫ့္ေပါ့..."
သိမ့္သိမ့္၏စကားကလည္း မွန္ေနေလေတာ့
ေဘးနားမွ ၾကက္ေၾကာ္ကိုက္ေနရင္းႏွင့္
သုတကလည္းေထာက္ခံလာေလသည္။
"ဟုတ္တယ္ကိုရိႈင္းရဲ့..လူေတြရဲ့ေအာင္ျမင္ျခင္း
မေအာင္ျမင္ျခင္းဆိုတာ ႀကိဳးစားပံု၊ေပးဆပ္ပံုနဲ႔
စြန႔္စားပံုျခင္းမတူလို႔ ကဲြျပားသြားၾကတာဗ်...
ျဖစ္ခ်င္စိတ္နဲ႔ဇဲြရိွဖို႔က အဓိကပဲ
ေနာက္ၿပီးေတြေဝလို႔လည္းမရဘူး
သူကအဆိုေတာ္ျဖစ္ခ်င္လို႔ အဲ့ဒီ့အရာကို
မရရေအာင္ ဆဲြကိုင္ၿပီးႀကိဳးစားခဲ့တာရဲ့
ရလဒ္က အခုသူ႔ရဲ့ေအာင္ျမင္မႈအရိွန္အဝါကို
ၾကၫ့္ရံုနဲ႔သိႏိုင္တယ္..သူ႔သီခ်င္းေတြကို
ကၽြန္ေတာ္လည္းႀကိဳက္တယ္ဗ်..
အႏွစ္သာရျပၫ့္၀ၿပီး..
အားအင္ေတျြပၫ့္ေစတယ္လို႔ ခံစားရတယ္..
သူမ်ားလိုေပါေပါပဲပဲမဟုတ္ဘူး.."
"ဘာလဲ...မင္းကသိမ့္သိမ့္ကိုႀကိဳက္ေနလို႔
သူ႔ဘက္ကေနကာေျပာေနတာမဟုတ္လား.."
"ဟာ..ကိုရိႈင္း..."
"ရွင္းျပမေနနဲ႔သုတေရ..သူကအဆိုေတာ္လည္း
ဒီတစ္သက္ျဖစ္မလာႏိုင္ေတာ့ အလကားေန
သူမ်ားကိုလိုက္ဘလိန္းေနတာ.."
သိမ့္သိမ့္ကလည္း အျမင္ကပ္ကပ္ႏွင့္ကိုရိႈင္းအား
မ်က္ေစာင္းေတြခ်ည္း ပိတ္ထိုးေနေတာ့သည္။
"ၾကၫ့္လည္းလုပ္အံုးေနာ္ကိုရိႈင္း..
ရွင္အခုစားေနတာက..
အ၀င္းကၽြေးတဲ့ၾကက္ေၾကာ္ေနာ္
တစ္လုတ္စားဖူးလည္း သူ႔ေက်းဇူးတဲ့
ေက်းဇူးရွင္ကိုေဆာ္ကားမိလို႔..ၾကက္အရိုးနင္ၿပီး
မသာေပၚေနအံုးမယ္.."
"ဟဲ့မိသိမ့္မ...ငါတို႔ကသူ႔ပရိတ္သတ္ေတြအတြက္
ပါဆယ္ေတြသယ္ေပးထားရတာေလ..
ဒီေလာက္ေတာ့လည္းစားအံုးမွေပါ့...
အစ္..အဟြတ္..ငါ..ငါဘာျဖစ္တာလည္းမသိဘူး..
လည္ပင္းထဲမွာတစ္မ်ိဳးႀကီးပဲ.."
"ဟဲ့..ဟဲ့လုပ္အံုး..ေရတိုက္လိုက္ၾကအံုး.."
သိမ့္သိမ့္၏စကားေတာင္မဆံုးေသးပဲ
ကိုရိႈင္းတစ္ေယာက္ ၾကက္ရိုးနင္သြား၍
ေရဝိုင္းတိုက္လိုက္ရေလသည္။
ေနာက္ဆံုးသက္သာသြားေတာ့မွသာ အားလံုး
စိတ္ေအးရေတာ့သည္။
"ေတြ့ၾကလား..အေမကိုေဆာ္ကားလို႔
ေျမမ်ိဳတဲ့မရင္ေရႊဆိုတာ.."
"ဟဲ့အခုကၾကက္အရိုးနင္တာပါဟယ္.."
"အတူတူပဲေလ..အခုလည္းမျပစ္မွားသင့္တဲ့လူကို
ျပစ္မွားမိလို႔ ၀ဋ္လည္တာေလ..ဟား..ဟား.."
"သိမ့္သိမ့္..နင္ေပါက္ကရေတြေလ်ွာက္ေျပာမေနနဲ႔
နင္နဲ႔စကားေျပာရင္း မေတာ္တဆၾကက္အရိုးကို
မ်ိဳခ်မိသြားတာဟဲ့.."
သိမ့္သိမ့္ႏွင့္ကိုရိႈင္းကေတာ့ လုပ္ေဖာ္ကိုင္ဖက္
အခ်င္းခ်င္းကို သူမ်ားအတြက္ႏွင့္
စကားနာထိုးလို႔ကို မၿပီးႏိုင္ေတာ့ေပ။
ဝိုင္းေလးကေတာ့ KFCႏွင့္အေအးကုန္သြား၍
အမိႈက္ပံုးထဲသို႔ သြားျပစ္ရန္ျပင္လိုက္သည္။
"အား!!!!အ၀င္းလာၿပီေဟ့..."
"အ၀င္း..အ၀င္း..အ၀င္း..."
"ငါတို႔ရဲ့ေနြဦးေလးက ေခ်ာလိုက္တာဟယ္...
ပန္းေရာင္ေလးနဲ႔ေရႊမင္းသားေလးလိုပဲ..."
သြက္လက္တက္ႂကြေသာ ဟန္ပန္ေလးႏွင့္
သစ္လြင္ေသာအႃပံုးေလးမ်ားကို ပြင့္ဖူးေစကာ
ကိုဦးသည္ စင္ေပၚသို႔တက္သြားေလသည္။
အေရာင္တျဖတ္ျဖတ္လက္ေနသၫ့္
ေဘာ္က်ယ္ေလးေတြထိုးထားေသာ
ကုဒ္အိက်ႌပန္းေရာင္ေလးကို
တီရွပ္အျဖဴေလးခံကာ ၀တ္ထားၿပီး
ဂ်င္းသားပန္းေရာင္ေဘာင္းဘီအပြကို
လိုက္ဖက္စြာတဲြ၀တ္ထား၍
ကိုဦးသည္ သူ႔ပရိတ္သတ္ေတြေအာ္ေျပာေနသလို
ေရႊမင္းသားေလးႏွင့္ တကယ္ကိုတူပါသည္။
မိုးဦးမွာ ပန္းေရာင္ႏွင္းဆီပြင့္ေလးအေပၚကို
ေရစက္ကေလးေတြက်လာသလို သစ္လြင္ေနသၫ့္
ခံစားခ်က္ကို ရရိွေနသည္။
"ဝိုင္းေလးေရ..တို႔ေတြစတိတ္စင္နဲ႔နဲနဲနီးတဲ့
ေနရာမွာ သြားၾကၫ့္ရေအာင္လား.."
"အဲ့ဘက္မွာလည္း လူေတြမ်ားေနတဲ့ဥစၥာ..."
"ဘာပဲျဖစ္ျဖစ္ဟာ...အဲ့ဘက္အျခမ္းကသူျပန္ရင္
ထြက္မွာေလဟာ..သူ႔လက္ကေလးျဖစ္ျဖစ္
လွမ္းကိုင္လို႔ရရင္လည္း အျမတ္ေပါ့..."
ဝိုင္းေလးမွာ ျငင္းခ်ိန္ေတာင္မရလိုက္ပဲ
သိမ့္သိမ့္၏ဆဲြေခၚရာေနာက္သို႔ လိုက္လာရေလသည္။
စတိတ္ႏွင့္နီးသၫ့္ ေနရာမွာမီဒီယာသမားေတြက
ဝိုင္းအံုေနသၫ့္အတြက္ ေရ႔ွကပ္လို႔မရေတာ့
ကိုဦးျပန္ထြက္မၫ့္ လမ္းလုပ္ေပးထားေသာ
နားေလးကေနပဲ ၾကၫ့္ေနရသည္။
"အရမ္းေခ်ာတာပဲဟယ္..အျပင္မွာပိုေခ်ာတယ္ေနာ္
ငါအရမ္းကံေကာင္းတာပဲ..သူျမန္မာကို
ျပန္ေရာက္လာလာျခင္းလုပ္တဲ့ပဲြမွာ
ေတြ့ခြင့္ရတယ္..အား..ေပ်ာ္လိုက္တာ.."
ဓာတ္ပံုတစ္ျဖတ္ျဖတ္ရိုက္ရင္းႏွင့္ သိမ့္သိမ့္က
၀မ္းသာလို႔မဆံုးျဖစ္ေနေပမဲ့ ဝိုင္းေလးကေတာ့
ကိုဦး၏အမူအရာေတြကိုသာ မ်က္ေတာင္မခတ္တမ္း ၾကၫ့္ေနမိသည္။
*ရွစ္ႏွစ္အၾကာမွ ျပန္ေတြ့ရျခင္းျဖစ္ေပမဲ့
ကိုဦးရဲ့ပြင့္လင္းေသာအႃပံုးခ်ိဳခ်ိဳေလးမ်ားႏွင့္
ၾကင္နာတတ္သၫ့္ မ်က္၀န္းအၾကၫ့္ေတြကေတာ့
လံုး၀ေပ်ာက္ကြယ္မသြားေပ..
***"
လြန္ခဲ့ေသာရွစ္ႏွစ္က ကၽြန္းေတာထဲမွာ
တေယာတီးခဲ့တဲ့ အျဖဴေရာင္မင္းသားေလးဟာ
အမူအက်င့္ေတြေရာ၊အႃပံုးေတြေရာ
ေျပာင္းလဲမသြားခဲ့ဘူး...ကိုရိႈင္းက
ေငြေၾကာင့္ေအာင္ျမင္လာသည္ဟု ေျပာခဲ့စဉ္မွာ
ဆယ္ေက်ာ္သက္အရြယ္တည္းက ဂီတအေပၚ
ကိုဦးဟာသိပ္ရူးသြပ္ခဲ့ေၾကာင္း
ရွင္းျပလို႔ရခဲ့ေပမဲ့ မရွင္းျပခဲ့မိဘူး..
****
ဘယ္လိုျဖစ္ၿပီး ေျပာႏိုင္ပါ့မလဲ..
အခုအေနအထားမွာေတာင္ သူဟာအားလံုး၏
အာရံုကိုဖမ္းစားေနတဲ့ စင္ေပၚက
လူတစ္ေယာက္ျဖစ္ၿပီး ဝိုင္းေလးကေတာ့
စင္ေအာက္မွာလူေတြၾကားထဲ
ရပ္ေနရတဲ့အညတရေလးတစ္ေယာက္...
**""
ကၽြန္းေတာထဲမွာရည္မွန္းခ်က္ေတြ
အေၾကာင္း ျဖစ္ခ်င္တဲ့ဝါသနာေတြအေၾကာင္းကိုအၿပိဳင္အဆိုင္ေဆြးေနြးခဲ့ၾကဖူးတယ္
အဆံုးသတ္မွာသူကေတာ့
ေအာင္ျမင္ေနေပမဲ့ဝိုင္းေလးကေတာ့
ဘာမွန္းညာမွန္းမသိပဲ အိမ္ေထာင္ျပဳခဲ့ရၿပီး
ရည္ရြယ္ခ်က္ေတြ၊ပန္းတိုင္ေတြအားလံုး
ေပ်ာက္ဆံုးေနတဲ့ လူတစ္ေယာက္အျဖစ္
ရွင္သန္ေနရတယ္..
ဘယ္ေလာက္ရွက္ဖို႔ေကာင္းသလဲ
***
ေငးၾကၫ့္ေနရင္းႏွင့္ သူ႔အတြက္လည္း
ပီတိျဖစ္ရသလို ကိုယ့္ကိုကိုယ္လည္း
အားမလိုအားမရျဖစ္လာ၍
မ်က္ရည္ေတာင္ဝဲလာသည္...*
"ဟယ္..ဝိုင္းေလးကငါ့ထက္ဆိုးပါလား..
ေပ်ာ္လြန္းလို႔မ်က္ရည္ေတာင္ဝဲေနတယ္...
စိတ္မပူပါနဲ႔ဟယ္..သူဆင္းလာရင္
လက္ကေလးျဖစ္ျဖစ္ လွမ္းကိုင္ခြင့္ရေအာင္
လုပ္ၾကမယ္ေလေနာ္.."
သိမ့္သိမ့္ကေတာ့ တစ္ခါမွမျမင္ဖူးတဲ့
အိုင္ေဒါလ္ကိုေတြ့ေနရ၍ ဝိုင္းေလးငိုသည္ဟု
ထင္သြားခဲ့သည္။
အမွန္ေတာ့ ကိုဦးရဲ့ေအာင္ျမင္မႈကို
အားက်ေနမိတာပါ။
ကိုယ့္ရဲ့ယခုလက္ရိွအေျခအေနကိုလည္း
စိတ္ပ်က္ေနမိတယ္။
"ဟဲ့..ဟိုမွာအ၀င္းေလးဆင္းလာၿပီ...အား!!!
ငါ့လက္ေတြေတာင္ေအးစက္ေနၿပီ...
ဝိုင္းေလးေရ..ငါ့လက္ေတြကိုကိုင္ၾကၫ့္စမ္းပါ.."
ကိုဦးသည္ ေဘာ္ဒီဂတ္မ်ားၿခံရံလ်ွက္
စင္ေအာက္သို႔ဆင္းလာခဲ့ေလသည္။
စင္ေအာက္သို႔ေရာက္ေသာအခါ
သူ႔ပရိတ္သတ္ေတြကို ႃပံုးရယ္ကာလက္ျပ
ႏႈတ္ဆက္လိုက္ေသးသည္။
ထို႔ေနာက္ ကိုဦး၏ေျခလွမ္းမ်ားသည္
ဝိုင္ေလးတို႔ရပ္ေနေသာ ေနရာဆီသို႔ေရြ့လ်ွား
လာခဲ့ေလသည္။
သူကကိုယ္ရိွေနေသာေနရာႏွင့္ ပိုၿပီးနီကပ္လာေလ
ေၾကာက္ဒူးတုန္မိေလပါပဲ။
ဝိုင္းေလးတို႔ရပ္ေနေသာ ေနရာေလးမွာက
၀န္ထမ္းေတြခ်ည္းပဲ စုႃပံုေနတာျဖစ္ၿပီး
အကုန္လံုးက ဖုန္းႏွင့္မွတ္တမ္းတင္ေနၾက၍
ဝိုင္းေလးလည္း ဖုန္းကိုေဘာင္းဘီအိတ္ထဲမွ
ထုတ္လိုက္ၿပီး ကိုဦးဘက္သို႔ခ်ိန္ကာဓာတ္ပံု
ရိုက္လိုက္မိသည္။
"အ၀င္း....အ၀င္း...!!!!"
ကိုဦး၏နာမည္ေျပာင္ကို ေအာ္လိုက္ေသာ
သူ႔ပရိတ္သတ္မ်ားေၾကာင့္ ကိုဦးသည္
သူ႔ပရိတ္သတ္အုပ္ႀကီးဘက္သို႔
လက္လွမ္းျပေနစဉ္မွာပဲ ဝိုင္းေလးရပ္ေနသၫ့္
ေနရာကို ေျခႏွစ္လွမ္းေလာက္
ေက်ာ္ေလ်ွာက္သြားခဲ့ေလသည္။
"ကိုဦး...ကၽြန္မေမဝိုင္းေလးပါ..."
ဝိုင္းေလးလည္း သတၲိေမြးကာ ေအာ္ေျပာလိုက္မိသည္။အျခားလူေတြရဲ့အသံေတြႏွင့္
ဆူညံေန၍ မၾကားေလာက္ဘူးထင္လိုက္ေပမဲ့
ကိုဦးဟာဝိုင္းေလးႏွင့္ ေျခငါးလွမ္းစာေလာက္
အကြားအေဝးအေရာက္တြင္ ရပ္သြားခဲ့ၿပီး
အေနာက္သို႔ ျပန္၍လွၫ့္ၾကၫ့္လာခဲ့သည္။
"ကိုဦး..."
ႏွစ္ေယာက္သား အၾကၫ့္ခ်င္းဆံုသြားခိုက္မွာပဲ
အတင္းအၾကပ္ဓာတ္ပံုရိုက္လိုေသာသူမ်ားႏွင့္
အင္တာဗ်ူးခ်င္ေသာ လူမ်ားေၾကာင့္
သူ႔ရဲ့မန္ေနဂ်ာက ကိုဦးကိုအတင္းဆဲြေခၚ
သြားခဲ့ေလေတာ့သည္။
"ဟဲ့ဝိုင္းေလး..နင္ေတြ့လိုက္လား..."
"ဘာကိုလဲဟ.."
"အ၀င္းက..ငါ့ကိုလွၫ့္ၾကၫ့္သြားတာကိုေလ.."
"ဟမ္!!!"
"မနာလိုေတာ့မျဖစ္နဲ႔ေပါ့ဟာ..အ၀င္းက
ခုေလးတင္ငါ့ကို လွမ္းၾကၫ့္သြားတာဟ..
ဒါေပမဲ့ သူကဘာလို႔မ်က္ရည္ဝဲသြားတာလဲ
မသိဘူးေနာ္.."
"သူတကယ္ႀကီးမ်က္ရည္ဝဲသြားတာလား
ဘာလို႔လဲ.."
ဝိုင္းေလးလည္း ကိုဦးကမ်က္ရည္ဝဲသည္ဆို၍
နားမလည္ႏိုင္ျဖစ္ေနရသည္။
သူ႔ရဲ့မ်က္၀န္းေတြကိုၾကၫ့္ရသေလာက္ေတာ့
ဝိုင္းေလးကို မွတ္မိေနတယ္ထင္ပါရဲ့။
ဒါေပမဲ့ အေလာတႀကီးအေျခအေနေၾကာင့္
သူဝိုင္းေလးကို ႏႈတ္မဆက္သြားခဲ့ဘူး။
*ဒါမဟုတ္မဟုတ္ ႏွစ္မဆက္ခ်င္တာလဲ
ျဖစ္ႏိုင္တယ္..*
"ဟဲ့...ဝိုင္းေလးေရ..ငါတို႔အဖဲြ႔ဆီကိုျပန္သြားရေအာင္
ဟိုမွာ မဂ်ူးငါတို႔ကိုဆူပုပ္ၿပီး လွမ္းၾကၫ့္ေနၿပီ.."
သိမ့္သိမ့္ကလက္တို႔၍ သတိေပးလာေသာေၾကာင့္
ႏွစ္ေယာက္သာကိုယ့္အဖဲြ႔ေတြရိွသၫ့္ဘက္သို႔
ျပန္ကူးလာခဲ့လိုက္သည္။
ေနြဦးေလးျပည္လာသၫ့္အခ်ိန္ခဏေလးပဲ
ၾကၫ့္မိၾကေပမဲ့ ထင္သၫ့္အတိုင္းမဂ်ူးကေတာ့
မိုးမႊန္ေအာင္ ဆူပါေတာ့သည္။
ဒါမ်ိဳးေတြက အလုပ္သင္ဘ၀တုန္းကလည္း
ႄကံုခဲ့ၿပီးၿပီမို႔ စိတ္မေကာင္းျဖစ္ရင္ေတာင္
ကိုယ့္ကိုကိုယ္ ျဖည္သိမ့္ႏိုင္ေနပါၿပီ။
❤️❤️❤️❤️❤️❤️❤️❤️
မာစီဒီးကားေလးသည္ ကားလမ္းမႀကီးတစ္ေလ်ွာက္တရိပ္ရိပ္ ေျပးလႊားေနၿပီး
"၀င္း"ကေတာ့ ခံုေပၚတြင္
လက္ပိုက္လ်ွက္ျဖင့္ သူျမင္ခဲ့ရသၫ့္မိန္းကေလး၏
ရုပ္ပံုသ႑န္ကို ျပန္၍ပံုေဖာ္ေနမိေလသည္။
တစ္ကိုယ္လံုးလည္း စိတ္လႈပ္ရွားလြန္း၍
ထံုက်ဉ္ေအးစက္ေနသည္ဟု ခံစားလိုက္ရသည္။
"၀င္း...ဘာေတြငိုင္ေနတာလဲ.."
အေတြးမ်ားေနတုန္းမွာ သူ႔လက္ဖမိုးကိုလာထိလိုက္သၫ့္ မန္ေနဂ်ာေၾကာင့္ လန႔္ၿပီးတုန္တက္သြားမိသည္။
"လန႔္ေတာင္သြားတယ္ဆိုေတာ့ ဘာေတြအေတြးလြန္ေနတာလဲ..ဒီေန့အရမ္းထူးဆန္းေနသလိုပဲ
စင္တာထဲမွာလည္း အၾကာႀကီးငိုင္ၿပီးရပ္ေနလို႔
မနည္းဆဲြေခၚခဲ့ရတယ္...အစ္မကိုေျပာစမ္း
ဘာေတြအလိုမက်ျဖစ္ေနတာလဲ..."
မဇင္သည္ကိုယ့္အေၾကာင္းကို ေခါင္းအစ၊
ေျခအဆံုးသိသူျဖစ္သည္။
ျပႆနာတစ္စံုတစ္ရာရိွတိုင္းလည္း
မန္ေနဂ်ာမဇင္ကပဲ လိုက္ေျဖရွင္းေပး
ေနၾက ျဖစ္တဲ့အတြက္အခုလည္းအစ္မကိုပဲ
အကူအညီေတာင္းရေပအံုးမည္။
"မဇင္..ခုဏတုန္းကလူအုပ္ထဲမွာကၽြန္ေတာ့္
အသိတစ္ေယာက္ကို ေတြ့ခဲ့တယ္..
သူကအျပာေရာင္၀တ္စံုနဲ႔အနက္ေရာင္
ေဘာင္းဘီကို၀တ္ထားတယ္..သူ႔ေဘးနားကေကာင္မေလးေနာက္တစ္ေယာက္ကလည္း
သူနဲ႔ဆင္တူပဲဆိုေတာ့
သူတို႔ရဲ့အလုပ္ယူနီေဖာင္းပဲေနမယ္..
အစ္မတစ္ခ်က္ေလာက္ စံုစမ္းေပးပါလားဟင္
အဲ့ဒီ့ယူနီေဖာင္း၀တ္ထားတဲ့လူေတြက
ဘယ္က၀န္ထမ္းေတြလဲဆိုတာ
ကၽြန္ေတာ္အရမ္းသိခ်င္လို႔..."
"ဘာျဖစ္လို႔လဲ..၀င္းအတြက္အရမ္းအေရးႀကီးတဲ့
လူမို႔လို႔လား..."
"အင္း..ကၽြန္ေတာ့္ဘ၀အတြက္အရမ္းအေရးပါတဲ့
လူတစ္ေယာက္ဆိုပိုမွန္တယ္...အခ်ိန္တိုင္း
ကၽြန္ေတာ့္စိတ္ေတြကိုစိုးမိုးထားၿပီး
ႏွစ္ေတြအမ်ားႀကီးရွာေနမိတဲ့ လူတစ္ေယာက္ေပါ့"
"မိန္းကေလးလား..."
"ဟုတ္တယ္.."
သဇင္သည္ သူ႔အေမးေၾကာင့္ခ်က္ခ်င္း
လႈပ္ရွားသြားေသာ ၀င္း၏မ်က္၀န္းေတြကိုအကဲခတ္ၾကၫ့္လိုက္ၿပီးေနာက္ အေလးအနက္
ထားကာေမးလိုက္မိသည္။
၀င္းဟာ ျမန္မာျပည္ဖြားအဆိုေတာ္ေတြထဲမွာ
ထူးထူးျခားျခားေပါက္ေျမာက္သၫ့္ ကမ႓ာေက်ာ္
အဆိုေတာ္တစ္ေယာက္ျဖစ္ေလသည္။
အသက္၂၇ႏွစ္ပဲရိွေသးေပမဲ့ သူ႔ရဲ့ေအာင္ျမင္မႈက
အခုေနာက္ပိုင္း ဥေရာပအထိပါထိုးေဖာက္လာ
ႏိုင္သည္ဟု ဆိုရမည္။
ကိုယ္တိုင္ေရး ကိုယ္တိုင္ဆိုသၫ့္ ပါရမီရွင္
တစ္ေယာက္ျဖစ္ၿပီး အယ္လ္ဘမ္တစ္ခုထြက္တိုင္း
ေအာင္ျမင္မႈတစ္ခု ထပ္တိုးသူျဖစ္သည္။
ထို႔ေၾကာင့္ သူဟာရုပ္ရည္ေၾကာင့္ထက္
အရည္အခ်င္းေၾကာင့္ လူပိုသိလာသူျဖစ္ၿပီး
သူ႔လက္ရာေတြက ပရိတ္သတ္ၾကားမွာ
တိမ္ေကာေပ်ာက္ကြယ္သြားျခင္းမရိွေပ။
လူမုန္းနည္းေသာ အႏုပညာရွင္တစ္ေယာက္
ျဖစ္ေသာေၾကာင့္ သူအမွားလုပ္မိရင္ေတာင္
ဘယ္ေတာ့မွ ျပႆနာအႀကီးႀကီးျဖစ္မသြားခဲ့ေပ။
ရည္းစားကိစၥလည္းအရႈပ္အရွင္း မရိွသၫ့္
အခ်က္ကေတာ့ သူ႔ရဲ့မိန္းကေလးဖန္ေတြ
သဲသဲလႈပ္ေနရသၫ့္အခ်က္ပင္ျဖစ္သည္။
အခုေတာ့ သူ႔ပရိတ္သတ္ေတြဟာအ၀င္း၏
အခ်စ္ေရးကိုပါ စိတ္ပူေပးရေတာ့မယ္ထင္ပါတယ္။
"အစ္မအထင္ ၀င္းေတြ့ခဲ့တဲ့ယူနီေဖာင္းမ်ိဳးကို
၀တ္ထားတဲ့ ၀န္ထမ္းေတြကKGရဲ့ဆားဗစ္က
အလုပ္သမားေတျြဖစ္ႏိုင္တယ္..."
"မဇင္ကဘယ္လိုသိလဲ..."
"၀င္း..စင္ေပၚမွာရိွေနတုန္းက သူတို႔ရဲ့ေခါင္းေဆာင္
မဂ်ူးဆိုတဲ့တစ္ေယာက္နဲ႔စကားေျပာျဖစ္တယ္ေလ
အဲ့တုန္းက သတိထားလိုက္မိတာ..
၀င္းေျပာတဲ့ ယူနီေဖာင္းမ်ိဳးကိုအဲ့ဒီ့မဂ်ူးလည္း
၀တ္ထားတယ္..."
မဇင္၏စကားေၾကာင့္ သူအရမ္း၀မ္းသာသြားမိသည္။ကံၾကမၼာက သူ႔ကိုတကယ္ပဲ
မ်က္ႏွာသာေပးလာခဲ့ၿပီ ထင္ပါတယ္။
ဖူးစာပါရင္ ေရွာင္လႊဲလို႔မရႏိုင္ဘူးတဲ့။
ေတြ့မဲ့ေတြ့ေတာ့လည္း နီးနီးေလးပါလား။
❤️❤️❤️❤️❤️❤️❤️❤️
ဒီေန့ပဲြေတြကဆက္ေနေတာ့ ဝိုင္းေလးလည္း
အိမ္ကို ည၇နာရီေလာက္မျွပန္ေရာက္သည္။
ၿခံ၀သို႔ေရာက္သည္ႏွင့္ လူတစ္ေယာက္စာ
၀င္ေပါက္ကေန ၀င္လာခဲ့လိုက္သည္။
"ျပန္လာၿပီလား..မမေလး..."
"ဟုတ္ကဲ့..ျပန္လာပါၿပီ..ဦးေလးေရာစားၿပီးၿပီလား"
"..ဟုတ္ကဲ့စားၿပီးပါၿပီ..."
ၿခံေစာင့္ဦးေလးႀကီးကလာ၍ႏႈတ္ဆက္ေနေသာေၾကာင့္ ဝိုင္းေလးလည္းျပန္ၿပီးေဖာ္ေဖာ္ေရြေရြ
ႏႈတ္ဆက္လိုက္ေတာ့ ဦးေလးႀကီးကအံ့ဩသြားေလသည္။ဝိုင္းေလးလည္း ထိုဦးေလး၏
အျပဳအမူကို ၾကၫ့္ၿပီးႃပံုးလိုက္ကာ
အိမ္ႀကီးဆီသို႔ ေလ်ွာက္လာခဲ့လိုက္သည္။
သူေဌးအိမ္ဆိုေတာ့ ၿခံတစ္ၿခံလံုးကလည္း
လင္းထိန္ေနကာ လမ္းေလ်ွာက္ေနရင္းနဲ႔ေတာင္
ဥယ်ဉ္ထဲမွ ပန္းရနံ႔ေတြကလြင့္ပ်ံလာသည္။
ဒီအိမ္ကအလုပ္သမားေတြဟာ တကယ္ကို
တာ၀န္ေက်ၾကတယ္။မနက္မိုးလင္းတာနဲ႔
အေစာႀကီးထၿပီး သူတို႔လုပ္စရာရိွတာကို
အပိုစကားမေျပာပဲ လုပ္တတ္ၾကသူမ်ားျဖစ္၍
မင္းစက္အာဏာႏွင့္ အက်င့္စရိုက္
တူသူေတြလို႔ေတာင္ သတ္မွတ္လို႔ရႏိုင္သည္။
စိတ္ၿငိမ္ရပ္ကြက္ျဖစ္၍ တိတ္ဆိတ္ေနၿပီး
ပိုးမႊားပုရစ္သံေတြေလာက္သာၾကားရသည္။
ဝိုင္းေလးရဲ့မိဘေတြဘက္မွာေတာ့
ဒီအခ်ိန္ေလာက္ဆို ရပ္ကြက္ထဲမွာအလုပ္ျပန္သူ ေတြႏွင့္ ကေလးေတြေရာ၊ေခြးေတြပါ
လမ္းမေပၚ၌ ဆူလို႔ေကာင္းေနတုန္းျဖစ္ေနမွာ
ေသခ်ာသည္။တစ္ၿခံနဲ႔တစ္ၿခံက ကပ္ေနၾကၿပီး
တစ္ရပ္ကြက္လံုးက မိသားစုလိုျဖစ္ေနေတာ့
သီခ်င္းေတြကိုလည္း ေဆာင္းေဗာက္ေတြနဲ႔
အက်ယ္ႀကီးဖြင့္တတ္ၾကသည္။
*အိမ္ကိုေတာင္သတိရလာၿပီ..ဒီပိတ္ရက္ေတာ့
အိမ္ကိုအလည္ျပန္အံုးမွပါ..."
ကိုယ့္အေတြးႏွင့္ကိုယ္ အိမ္ထဲသို႔၀င္လာခ်ိန္၌
ၾကည္ၾကည္တို႔ တူ၀ရီးေစာင့္ေနၾကသည္ကို
ေတြ့လိုက္ရေလသည္။
ၾကည္ၾကည္က ဝိုင္းေလးဆီမွထမင္းခ်ိဳင့္ကို
ကူဆဲြေပးလာေလသည္။
"မမဒီေန့ေနာက္က်တယ္ေနာ္..ေရခ်ိဳးလိုက္ဦး
ၿပီးရင္ထမင္းစားဖို႔ အဆင္သင့္ခူးထားလိုက္မယ္ေနာ္..."
"ေအးပါဟယ္..ဒါနဲ႔ကိုမင္းစက္ေရာ..စားၿပီးၿပီလား"
"ၿပီျပီမမဝိုင္းေလးရဲ့.."
အလုပ္အသစ္မွာ ပထမဆံုးေန့ဆိုေတာ့
တစ္ကိုယ္လံုး ပင္ပန္း၍ႏံုးခ်ိေနကာမလႈပ္ခ်င္
ျဖစ္ေနမိသည္။ထို႔ေၾကာင့္ အိမ္အေပၚထပ္သို႔
ေျခလွမ္းခပ္ေလးေလးႏွင့္သာ တက္လာခဲ့လိုက္သည္။
ဆားဗစ္ဌာနက ေပ်ာ္စရာေကာင္းသလို
တကယ္ကိုပင္ပန္းတယ္ဟုလည္းညီးတြားလိုက္မိသည္။
"ဟင္...ထူးထူးဆန္းဆန္း
အေစာႀကီးအိပ္ေနပါလား"
အိပ္ခန္းထဲသို႔ ဝိုင္းေလးေရာက္ေတာ့ ေစာင္ႃခံုၿပီး
အိပ္ေပ်ာ္ေနေသာ ကိုမင္းစက္ကိုေတြ့လိုက္ရေလသည္။ပံုမွန္ဆို ညၪ့္နက္မွအိပ္တတ္သူျဖစ္ၿပီး
ဒီေန့ေတာ့ အေစာႀကီးအိပ္ေပ်ာ္ေန၍
မေနွာက္ယွက္ခ်င္တာနဲ႔ အိပ္ယာေပၚမွာခဏ
အနားယူမၫ့္ အေတြးကိုေမ့လိုက္ကာ
ပစၥည္းေတြကို အသံမထြက္ေအာင္ခ်လ်ွက္
ေရခ်ိဳးခန္းထဲသို႔သာ တန္း၀င္လိုက္ေတာ့သည္။
ေရခ်ိဳးခန္းထဲမွာပဲ ညအိပ္၀တ္စံုကိုတစ္ခါတည္း
လဲလိုက္ၿပီးေနာက္ အျပင္သို႔ထြက္လာလိုက္ကာ
ကုတင္ေပၚသို႔ ၾကၫ့္လိုက္မိေတာ့ ကိုမင္းစက္သည္
ႃခံုထားသၫ့္ ေစာင္ေတြကိုကန္ခ်ထားတာကို
ေတြ့လိုက္ရေလသည္။
ထို႔ေၾကာင့္ သူ႔ေဘးနားေလးမွာသြားရပ္လိုက္ၿပီး
ေစာင္ကို ျပန္ဆဲြကာႃခံုေပးဖို႔လုပ္လိုက္သည္။
"..အေမ!!!!.."
"ဘာလုပ္တာလဲ....."
သူသည္ မ်က္လံုးမိွတ္လ်ွက္ကေန
ညီးတြားလိုက္ၿပီး ဝိုင္းေလး၏
လက္ေမာင္းကို ကိုင္ကာဆဲြခ်လိုက္သည္ေၾကာင့္
သူ႔ကိုယ္ေပၚမွေက်ာ္၍ ကုတင္ဟိုဘက္အျခမ္းသို႔
လွန္က်သြားေလေတာ့သည္။
"ကိုမင္းစက္...ရွင္!!!.."
သူ႔ကိုေအာ္မိမလိုျဖစ္သြားစဉ္မွာပဲ ဝိုင္းေလး၏
လည္ပင္းေအာက္သို႔ သူ႔ရဲ့ဘယ္လက္က
လ်ိႈ၀င္လာၿပီးက်န္လက္တစ္ဖက္ကေတာ့
ခါးအေပၚဖက္ကိုတင္းၾကပ္စြာ ရစ္သိုင္းလာ၍
လူက ထံုတက္သြားကာလႈပ္ေတာင္မလႈပ္ရဲေတာ့ေပ။
"ကိုမင္းစက္..ရွင္တကယ္အိပ္ေပ်ာ္ေနတာလား.."
အသံတိုးတိုးေလးနဲ႔ သူ႔ကိုေမးလိုက္သၫ့္အခ်ိန္မွာပဲ
ဝိုင္းေလး၏ခႏၶာကိုတစ္ခုလံုး သူ႔ဘက္သို႔
ဆဲြယူျခင္းခံလိုက္ရေလသည္။
သူကေတာ့ ပါးစပ္မွအိပ္ခ်င္မူးထူးႏွင့္
ခပ္တိုးတိုးညီးတြားေနရင္း ဝိုင္းေလး၏
ရင္ခြင္ထဲသို႔ တိုးဝင္လာေလေတာ့သည္။
သူ႔ဦးေခါင္းက ဝိုင္းေလး၏ႏွာေခါင္းတၫ့္တၫ့္မွာ
ရိွေနၿပီး သူ႔ရဲ့ဆံစေတြဆီမွ ေခါင္းလိမ္းဆီရနံ႔
တစ္မ်ိဳးကိုလည္း ရႉရိႈက္လိုက္မိသည္။
ကိုယ့္ရဲ့ ရင္ၫႊန႔္ကိုလာရိႈက္ခတ္ေနသၫ့္
အသက္ရႈသံျပင္းျပင္းေၾကာင့္
စိတ္က်ဉ္းၾကပ္လာရသည္။
*ဘယ္လိုလုပ္ရမလဲ..ဒီလိုအေျခအေနကို
ဝိုင္းေလးမေနတတ္ဘူး..*
"အေမ...သားကိုပစ္မထားပါနဲ႔.."
အသက္ေတာင္ ရဲရဲမရႉႏိုင္ပဲဘယ္ဘက္လက္ကို
ၿမွောက္၍ သူ႔ကိုပုတ္ႏိႈးရန္စဉ္းစားမိေသာ
အေတြးမ်ားသည္ သူရဲ့၀မ္းနည္းသံေနွာၿပီး
ညီးတြားလိုက္သံေၾကာင့္ တြန႔္ဆုတ္သြားခဲ့ရသည္။
ထို႔ေၾကာင့္ သူ႔ပခံုးကို ပုတ္မၫ့္အစား
သူ႔ရဲ့ဆံစေလးေတြကိုသာ အသာေလး
ပြတ္သပ္ကာႏွစ္သိမ့္ေပးေနမိေလသည္။
ဖြားဖြားႏုေျပာျပထား၍ သူ႔မိသားစုအေၾကာင္းကို
အနည္းငယ္ေတာ့ သိၿပီးေလၿပီ။
သူဟာ ငယ္ငယ္တည္းကမိခင္ေမတၲာကို
ငတ္မြတ္ခဲ့ရသူတဲ့ေလ။
ကိုယ့္လို မိဘမဲ့တစ္ေယာက္ကသူ႔ထက္
အျဖစ္ဆိုးတယ္လို႔ဆိုႏိုင္ေပမဲ့
သူ႔ရဲ့ဇနီးတစ္ေယာက္အေနနဲ႔ သူ႔ရဲ့၀မ္းနည္းမႈေတြကို မ်ွေဝခံစားေပးသင့္သည္ဟု ထင္ျမင္မိသည္။
ထို႔ေၾကာင့္ အိမ္မက္ဆိုးမက္ၿပီး ရင္ခြင္ထဲသို႔
ကေလးေပါက္စလို တိုး၀င္လာသၫ့္သူ႔ကို
သနားစိတ္ျဖင့္ လက္ခံထားလိုက္မိေလသည္။
ခဏအၾကာမွာ ဝိုင္းေလးလည္းအလုပ္ပင္ပန္းထား၍ တင္းခံထားသၫ့္ၾကားကေန
အိပ္ေပ်ာ္သြားေလေတာ့သည္။
အခန္း(၂၄)...ဆက္ရန္
စာေရးသူ..ေဆာင္းေငြ့ေဝ
❤️❤️❤️❤️❤️
"အဟင္း....အဟင္း..အဲ့လိုကေန
ကိုဦးကိုေဝေဝပဲ ေခၚထားရမဲ့အျဖစ္ေရာက္ေနၿပီ😁"
ရွည္ရွည္ေလးေရးေပးဆိုလို႔ ေရးေပးလိုက္ၿပီေနာ္
Fbမွာလည္းshareေပးရမယ္ေနာ္🙂
ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူးတင္ရိွပါတယ္...

အရမ်းကောင်းတယ်၊ကျေးဇူး
ReplyDeleteကိုဦးကို ဝေတခြမ်းတို့တခြမ်းယူမှာနော်
ReplyDeleteကျေးဇူးပါ
ReplyDeleteအပိုင်းသစ်လေးမျှော်နေမယ်
😘😘
ReplyDelete