အခန်း (၁၂) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘


 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း  (၁၂)

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


ဆိုဖာပေါ်တွင်ထိုင်လျှက်နှင့်သူ့အိမ်ကိုအကဲခတ်နေမိသည်။အိမ်ကကြီးပေမဲ့ ‌အတွင်းပိုင်းအပြင်အဆင်တွေက ဖွားဖွားနုတို့အိမ်လောက် ခမ်းနားမနေပဲ

ရိုးရှင်းလေသည်။‌

ဖွားဖွားနုတို့အိမ်မှာဆိုရင် ဧည့်ခန်းထဲတွင်

အလှပန်းအိုးတွေကို နံရံထောင့်တစ်ခုစီတိုင်းမှာ

ထားရှိသလို ပန်းချီကားချပ်တွေရော၊ပန်းပုရုပ်ထုတွေရော စုံနေတာပါပဲ။


မင်းစက်အာဏာရဲ့ ဧည့်ခန်းကြ‌တော့အဖြူရောင်

ဖန်ခုံအရှည်ပေါ်မှာ ပန်းအိုးတစ်အိုးသာ

တင်ထားပြီးအခန်းတစ်ခုလုံးက

ပြောင်ရှင်းနေလေသည်။

ဧည့်ခန်းဆိုတာ အိမ်တစ်အိမ်ရဲ့အဓိကနေရာဖြစ်တဲ့အတွက် ထိုင်ခုံနှင့်စားပွဲရှိရုံထက်တော့

ပိုသင့်တယ်မဟုတ်ပါလား။

ကမ္ဘာပေါ်မှာ ယောက်ျားတွေအများကြီး

ရှိပါလျှက်နဲ့ ဘာလို့ဒီလူနဲ့မှ ရေစက်လာစုံနေရသလဲမသိဘူး။


ဝိုင်းလေး၏အရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်းနှင့် သူ့အဖွားကိုဖုန်းခေါ်နေသော

မင်းစက်အာဏာကို အလိုလိုနေရင်း

မျက်စောင်းထိုးလိုက်မိသည်။

သူနဲ့ဝိုင်းလေးက တရား၀င်လင်ထက်ထားတာပဲကို

သူ့အိမ်မှာမထားချင်ဘူးတဲ့ပုံစံဟာ မသိရင်

ကိုယ်ကသူ့ရဲ့တိတ်တိတ်ပုန်းမယားကြနေတာပဲ။


"ဖွားဖွားဘာလို့သူ့ကို ဒီပို့လိုက်တာလဲ.."📞


"သူကကျွန်တော်ယူထားတဲ့မိန်းကလေးဆိုတာ

ဟုတ်တယ်..ဒါပေမဲ့ကျွန်တော်ကတစ်ချိန်လုံး

ခရီးထွက်လိုက်..အလုပ်သွားလိုက်နဲ့

အိမ်မှာမရှိဘူးလေ..အဲ့တော့အဖွားတို့ဆီမှာက

ပိုအဆင်ပြေမှာပေါ့..."


"ပြောရင်းဆိုရင်းနဲ့ ဘာကြောင့်အဖေ့နာမည်က

ပါလာရပြန်တာလဲ..အဲ့လိုပြောတာကို

ကျွန်တော်မကြိုက်ဘူးနော်..."


ကိစ္စသေးသေးလေးကိုများ ဖွားဖွားနုနှင့်

ရန်တုဖြစ်နေလိုက်တာ ဘယ်လိုလူလဲမသိဘူး။

သူ့အဖေအကြောင်းကို ဖွားဖွားနုကထည့်ပြောလိုက်လို့ထင်ပါရဲ့ ဖုန်းပြောရင်းနှင့်မျက်နှာကြီးက

ချက်ချင်းနီတက်လာပြီး ဖုန်းကိုချပြစ်လိုက်သည်။

ဝိုင်းလေးကတော့ ဘာမှ၀င်မပြောချင်တော့ပေ။

ဝိုင်းလေးမှာ ဟိုးအရင်တည်းကကိုယ်ပိုင်အိမ်ဆိုတာရှိခဲ့တာမှ မဟုတ်ပဲ။


ဖေဖေက ဝိုင်းလေးကိုမိဘမဲ့ဂေဟာကနေ

ခေါ်လာခဲ့တာဖြစ်ပြီး မိသားစု၀င်အဖြစ်

သတ်မှတ်ခဲ့တယ်။

ထိုအချိန်လေးမှာ ငါ့ကိုကာကွယ်ပေးမဲ့လူတွေ

ရှိတယ်လို့ တွေးပြီးပျော်ခဲ့ရဖူးတယ်။

မိဘမဲ့ဂေဟာမှာ နေရတဲ့နေ့ရက်တိုင်းဟာ

ဝိုင်းလေးအတွက် ငရဲခန်းတစ်ခုလိုပါပဲ။


ထိုငရဲခန်းထဲကနေ ဖေဖေကဆွဲထုတ်ပေးခဲ့ပြီး

မိသားစု၀င်အဖြစ် သတ်မှတ်ခဲ့ပေမဲ့

ဝိုင်းလေးဟာ ဖေဖေတို့မိသားစုထဲကို

ခဏသာ လာခွင့်ရတဲ့ဧည့်သည်ဖြစ်မှန်းမသိ

ဖြစ်သွားခဲ့လေပြီ။


"အဖွားက မင်းကိုဒီမှာပဲနေစေချင်တယ်

ဆိုမှတော့ ဒီမှာပဲနေလိုက်ပေါ့..

ဒေါ်တင်လှရေ...လာပါအုံး..."


ဧည့်ခန်းအပြင်ဘက်တွင် သန့်ရှင်းရေးလုပ်နေသော

အဒေါ်ကြီးသည် မင်းစက်အာဏာ၏ခေါ်သံကြောင့်

ချင်ချင်းပဲ ဧည့်ခန်းထဲသို့ပြေး၀င်လာခဲ့သည်။

ဝိုင်းလေးကိုပြုံးပြလာပေမဲ့ တစ်ခုခုကိုစပ်စုချင်နေသည့်ပုံပေါ်နေသည်။


"ဘာခိုင်းစရာရှိလို့လည်းဆရာ..."


"သူ့နာမည်က မေဝိုင်းလေးတဲ့အခြားသူတွေကိုလည်း ပြောပြလိုက်ပေါ့

သူ့ကိုအောက်ထပ်က အခန်းလွတ်တစ်ခုကို

ခေါ်သွားပေးလိုက်ပါ..ဒီနေ့ကစပြီးသူက

ဒီအိမ်မှာပဲ..နေသွားတော့မှာမို့လို့..သူလိုအပ်တာ

မှန်သမျှ..လုပ်ပေးလိုက်ပါ..."


"ဟုတ်ကဲ့ပါဆရာ..."


ဝိုင်းလေးရဲ့နာမည်ကိုပဲ မိတ်ဆက်ပေးပြီး

ဝိုင်းလေးကသူနဲ့ဘယ်လိုပတ်သတ်သလဲဆိုတာကို

လုံး၀မပြောပေ။

ဒေါ်တင်လှကလည်း ဒါကိုပဲသိချင်နေပုံနှင့်

မျက်လုံးဆွေပြီး ဝိုင်းလေးကိုကြည့်လာလေသည်။

သူကမပြောမှတော့ ဝိုင်းလေးလည်းထုတ်မပြောချင်ပေ။


"ဆရာ..အောက်ထပ်မှာနေမယ်ဆိုတော့..

စနိုးလေးရဲ့အခန်းမှာနေခိုင်းလိုက်ရမလားဟင်

အဲ့အခန်းက ကျယ်လည်းကျယ်တယ်..

နောက်ပြီးမနေ့ကမှသန့်ရှင်းရေးလုပ်ထားပြီးတာလေ...

အိပ်ယာအခင်းတွေကိုပါအသစ်လဲထားပြီးသား..."


"စနိုးရဲ့အခန်းမှာတော့မနေခိုင်းပါနဲ့...ဟိုက

ရောက်ချလာရင်..ရှုပ်ရှုပ်ယှက်ယှက်တွေ

မဖြစ်ချင်ဘူး..အခြားအခန်းတစ်ခုခုပဲပြင်ပေး

လိုက်ပါ.."


"နေပါဦး..အခြားအခန်းတစ်ခုခုပြင်ပေးဆိုတော့

ကျွန်မကရှင့်အခန်းထဲမှာ နေရမှာမဟုတ်ဘူးလား.."


သွားပြီ..!ဝိုင်းလေးစကားမှားသွားခဲ့ပြီ။

တကယ်ဆို ဘယ်အခန်းမှာပဲနေရနေရ ဒီလိုမပြောလိုက်သင့်ဘူး။အခုတော့ ကိုယ့်ဘက်ကနေ

စပြီး ဖိတ်ခေါ်လိုက်သလိုအဓိပ္ပာယ်ရောက်သွားပြီ။

ဝိုင်းလေးရဲ့စကားကြောင့် ‌ဒေါ်တင်လှကလည်း

ပါးစပ်ကြီးဟပြီး အံ့ဩသွားသလို

မင်းစက်အာဏာကလည်း မဲ့ပြုံးကြီးနှင့်

လှောင်ရိပ်မြူး‌လေတော့သည်။


"အော်..မင်းကငါနဲ့တစ်ခန်းတည်းနေချင်တယ်ပေါ့.."


 ဒေါ်တင်လှကြီးရှိနေတာတောင် အနားကိုကပ်လာပြီး လက်ကောက်၀တ်ကိုလာကိုင်လိုက်သည့်

သူ့အပြုအမူကြောင့် လန့်ပြီးအနောက်သို့

ခြေတစ်လှမ်းဆုတ်လိုက်မိလေသည်။

ချက်ချင်းပဲ ခေါင်းကိုပန်ကာလိုခါပြစ်လိုက်မိလေသည်။


"မဟုတ်ပါဘူး...ကျွန်မကအဲ့လိုဖြစ်စရာလား

အောက်ထပ်ကအခန်းကို ရှင့်အခန်းထင်မိလို့

မေးကြည့်တာ.."


ပေစောင်းစောင်းလေးကြည့်လာကာ

ပြူးပြူးပြာပြာနှင့် ပြန်လည်ဖြေရှင်းလာသည့်

မေဝိုင်းလေး၏ပုံစံကြောင့် သူထပ်မံ၍

ရယ်မိပြန်သည်။


အမှန်အတိုင်းပြောရရင် သူ့ရဲ့တဒင်္ဂမျှဆုံးဖြတ်

လိုက်မိတဲ့ အမှားတစ်ခုကြောင့် သူမကို

လက်ထက်ဖို့ဖြစ်လာမိတယ်။

သူလေးသာ နာခံတတ်တဲ့အရုပ်ကလေးတစ်ရုပ်ဆိုရင် သူ့ရဲ့မျက်နှာသာပေးမှုကို ခံရနိုင်ပေမဲ့

ဒီအရုပ်ကလေးက သိပ်ဆိုးတော့

သူလည်း မလိုချင်တော့သလိုဖြစ်လာခဲ့တယ်။


သူဟာ အချစ်တွေ၊မေတ္တာဆိုတာတွေနဲ့မိသားစု

ဆိုတာမရှိလည်း ကိုယ့်ဘာသာရပ်တည်နိုင်တဲ့

လူမို့ မိန်းမတစ်‌ယောက်က

သူ့လိုလူအတွက် ထူးခြားတဲ့တည်ရှိမှုတစ်ခု

ဖြစ်လာစရာအကြောင်းမရှိဘူး။


ဒါပေမဲ့ အသစ်အဆန်းတစ်ခုလုပ်ကြည့်ရင်

ကောင်းမလား။

အဖွားကိုယ်တိုင် အိမ်အထိပို့လိုက်တဲ့

ဒီအရုပ်မလေးက ဘယ်လောက်ပမာဏအထိ

ထူးခြားနေသလဲဆိုတာ စမ်းသပ်ကြည့်ချင်နေမိတယ်။


"ငါ့အခန်းကအပေါ်ထပ်မှာ..အပေါ်ထပ်မှာ

ငါ့ရဲ့အိပ်ခန်းလည်းရှိသလို အလုပ်ခန်းလည်း

ရှိတဲ့အတွက် တစ်ခါတလေအိမ်မှာပဲ

အစည်းအဝေးတို့ဘာတို့ လုပ်လေ့ရှိတယ်..

မင်းတစ်ခုသတိထားရမှာက အပေါ်ထပ်ကို

လုံး၀တက်မလာပါနဲ့...."


"အမယ်လေးကြီးကျယ်လို့..စိတ်ချအပေါ်ထပ်ကို

ခြေလှမ်းမိတာနဲ့..ရှင်ကျွန်မကိုကြိုက်သလို

အပြစ်ပေးလို့ရတယ်.."


သူ့ကိုတမင်ရွဲ့လိုက်ပြီး ဧည့်ခန်းထဲမှထွက်လာခဲ့လိုက်သည်။ဒေါ်တင်လှကတော့ ပုံမှန်ဆို

တိတ်ဆိတ်နေတတ်သည့် ဒီအိမ်မှာ

ရန်ပွဲအသေးစားလေး ဖြစ်သွားခဲ့သည့်အတွက်အထူးအဆန်းသတင်းကြီးကဲ့သို့ အံ့ဩမဆုံး

ဖြစ်နေလေတော့သည်။


ဆရာသည် အလုပ်ပိတ်တဲ့အချိန်တွေမှာ

ဘယ်လောက်အထိ အေးဆေးနေရတာ

ကြိုက်သလဲဆိုရင် အပ်ကျသံကြားရင်တောင်

မကြိုက်သူဖြစ်သည်။


အခုတော့ဖြင့်  ရန်ပွဲတောင်တမင်ဆင်နွှဲပြီး

တစ်ဖက်မိန်းကလေးကို စိတ်မဆိုးဆိုးအောင်

ဆွနေသလိုကြီး ဖြစ်‌နေတယ်။

အပြုံးအရယ်မရှိသည့် လူကနှစ်ခါလားတောင်

‌ပြုံးလိုက်သေးတယ်။

တကယ်ကြီး ထူးဆန်းနေတာ။

ဒီနေ့ဘာနေ့လဲမသိဘူး။


❤️❤️❤️❤️❤️❤️❤️


မနက်ခြောက်နာရီထိုးနေပြီမို့ အိပ်ယာပေါ်မှ

အမြန်ထထိုင်လိုက်မိသည်။

အိပ်ယာအပြောင်းအလဲဖြစ်နေ၍ သိပ်မအိပ်တတ်တာကြောင့် ညကတော်တော်နှင့်အိပ်၍

မပျော်ပေ။မနက်လေးနာရီထိုးမှသာ

အိပ်ပျော်သွားခဲ့သည်။

မျက်လုံးတွေကို ပွတ်လိုက်ပြီးနာရီကိုကြည့်လိုက်မိတော့..


"ဟာ..၇နာရီတောင်ထိုးနေပြီပဲ..ဒီနေ့က

ပထမဆုံးအလုပ်ဆင်းရမဲ့နေ့ကြီးပဲ

နောက်ကျလို့မဖြစ်ဘူး.."


အလုပ်ချိန်က ရှစ်နာရီဖြစ်၍ အိပ်ယာပေါ်မှ

မြန်မြန်ထလိုက်ပြီး ရေအမြန်ချိုးကာ

ဖီးလိမ်းပြင်ဆင်လိုက်သည်။

ရုံး၀တ်စုံကတော့ ထပ်တောင်းပြီးမှ၀တ်လို့ရမှာဖြစ်၍ မြန်မာ၀တ်စုံအပြာလေးကိုပဲ

ရွေး၍ ၀တ်လိုက်မိသည်။

ပြီးနောက် အောက်ထပ်သို့ဆင်းလာခဲ့လိုက်ပြီး

အဆာပြေလေးစားဖို့ ထမင်းစားခန်းဘက်သို့

ကူးလာခဲ့လိုက်သည်။

ပိုက်ဆံက သိပ်မလောက်တော့၍နေ့လည်စာ

စားဖို့တောင် မနည်းချွေတာရမည်ဖြစ်သည်။


"မမဝိုင်းလေး..."


"ဟယ်..ကြည်ကြည်..အန်တီခင်မြလည်း

ရောက်နေတာလား.."


ထမင်းစားခန်းထဲတွင် ကြည်ကြည်နှင့်အတူ

အန်တီခင်မြကိုပါ တွေ့လိုက်ရ၍အလွန်အားတက်သွားမိလေသည်။ဒီအိမ်မှာက အလုပ်သမားတွေဟာ

သူ့အလုပ်ပဲသူလုပ်ပြီး စကားသိပ်မပြောကြ၍

မင်းစက်အာဏာ၏ ဓာတ်ကိုကူးကုန်ကြသလားမှတ်ရတယ်။


"မမဝိုင်းလေးကိုစောင့်ရှောက်ဖို့..ဖွားဖွားနုက

ကြည်ကြည်တို့ကို လွှတ်လိုက်တာလေ.."


"၀မ်းသာလိုက်တာဟယ်..မနေ့ညကလေ..

ကိုမင်းသစ်ကငါ့အ၀တ်အစားတွေ လာပေးတော့

နင့်ကိုသတိရကြောင်း ပြောလိုက်မိလို့နေမယ်.."


"အခုကြည်ကြည်တို့ရောက်လာပြီဆိုတော့

မမဝိုင်းလေး ဘာမှမပူနဲ့တော့နော်...

မနက်စာဘာစားချင်လည်းမမ.."


"ထမင်းကြော်လေးပဲစားချင်တယ်.."


"ရစေရမယ်..."


ဝိုင်းလေးက ကိုယ်စားချင်တာကိုပြောလိုက်တော့

အန်တီခင်မြကဒိုင်ခံလုပ်ပေးပြီး ကြည်ကြည်ကတော့ ထမင်းချိုင့်လေးကိုသေသေသပ်သပ်

ဖြစ်အောင် လုပ်ကာဝိုင်းလေး၏ဘေးနားတွင်

လာချပေးလေသည်။


"ရော့..ဒီနေ့အလုပ်ဆင်းရမယ်လို့ဖွားဖွားနုက

ပြောလိုက်တယ်..ဒါကြောင့်မမအတွက်

ထမင်းချိုင့်ပြင်ပေးထားတာ.."


"ကျေးဇူးတင်လိုက်တာဟယ်..."


တကယ်ပါကြည်ကြည့်ကို အာဘွားတောင်

ပေးလိုက်ချင်တယ်။ပိုက်ဆံမရှိလို့ နေ့လည်စာ

အတွက် စိတ်ပူနေတာကတစ်၀က်တော့လျှော့ကျသွားလေပြီ။ရုံးကန်တဲင်းမှ ဟင်းတွေက

အရသာသိပ်ပေါ့တော့ စားရတာအာမထိလျှာမထိရယ်ပါ။


"ဒီမှာ ထမင်းကြော်ပူပူလေးရပါပြီ.."


အန်တီခင်မြကထမင်းကြော်ပန်းကန်လေးကို

လာချပေး၍ မြန်မြန်စားနေမိစဉ်မှာပဲ

အခန်းထဲသို့ မင်းစက်အာဏာ၀င်လာလေတော့သည်။သူ၀င်လာသည်နှင့် အသက်၀င်နေသော

အခန်းလေးဟာ ချက်ချင်းကိုအေးစက်သွားတော့တာပါပဲ။


ထမင်းစားပွဲမှာ သူ၀င်ထိုင်လိုက်သည်နှင့်

အမျိုးစုံသောမနက်စာတွေကို လာချပေးလေတော့သည်။

အလုပ်သမားတွေလည်း သနားပါတယ်။

ဒီလိုမနက်စာမျိုးကို ပြင်ဆင်ဖို့ဆိုရင်ခဏလေးနဲ့

ရမှာမဟုတ်ဘူး။

စားတော့လည်း နည်းနည်းလေးရယ်။


"အဟွတ်..အဟွတ်.."


သူ့ကိုကြည့်ပြီး အမျိုးမျိုးဝေဖန်နေမိစဉ်မှာ

မျက်မှောင်ကြုံ့ပြီး ပြန်ကြည့်လာတာကြောင့်

ထမင်းလုတ်တောင် သီးသွားမိလေသည်။

ထို့ကြောင့် ရေကိုမော့သောက်လိုက်ကာ

ခေါင်းကိုပြန်ငုံ့၍ စားစရာရှိတာကို

စားနေလိုက်သည်။


မင်းစက်အာဏာကတော့ နှုတ်ခမ်းနီတွေ

ဆိုးထားပြီး အလှပြင်ထားသည့် မေဝိုင်းလေးကို

သေချာစေ့စေ့ကြည့်ကာ မျက်မှောင်ကြုံ့လိုက်မိလေသည်။

မနက်စောစောစီးစီး အလှတွေပြင်ထားတာပါလား။


ဘာလဲ သူ့အလှနဲ့မြူစွယ်လို့ရမယ်ထင်နေတာလား..


"မ‌နက်စောစောထပြီး အလှတွေပြင်ထားပြီး

ဘာလို့အပင်ပန်းခံနေတာလဲ

မင်းဘာသာဘယ်လောက်လှလှ ကိုယ့်မျက်လုံးထဲမှာတော့ သာမာန်ပဲ..."


"ဘာပြောတယ်..."


သူပြောလိုက်တဲ့အဓိပ္ပာယ်ကို နားမလည်လို့

ထပ်မေးလိုက်တော့ ဝိုင်းလေးကိုသေချာစိုက်ကြည့်လာပြီး...


"ကိုယ်စိတ်၀င်စားအောင်အလှတွေပြင်ထားလည်း

မင်းအတွက် အချည်းနှီးပဲလို့ပြောချင်တာ..."


အမယ်လေး..ဒီအရူးကြီးကဘယ်လိုတွေတောင်

စိတ်ကူးယဉ်လိုက်တာလဲ။

ရင်ဘတ်ကို စည်လိုတီးပြီးသာ

ရယ်လိုက်ချင်တော့တယ်။

စားချင်စိတ်လည်း မရှိတော့၍မတ်တပ်ထရပ်လိုက်ပြီး သူ့ကိုမျက်စောင်းထိုးပြစ်လိုက်မိသည်။


"ရှင့်ကိုကျွန်မတစ်ခုတော့သတိပေးချင်တယ်

စိတ်ကူးယဉ်တာလေးကို နည်းနည်းလောက်လျော့

လိုက်အုံး..

အလှပြင်ထားတာကအပြင်သွားဖို့ပါနော်

ရှင့်ရဲ့မျက်စိကိုအစာကျွေးဖို့ အားအားယားယား

ထပြင်ထားတာမဟုတ်ဘူး..."


"ဘာ!!!!"


🔥🔥🔥🔥🔥🔥🔥


ဖတ်ရှုပေးသူ တစ်‌ဦးတစ်ယောက်ချင်းဆီကို

ကျေးဇူးအထူးတင်ရှိပါတယ်


=========================================================================


အခန္း   (၁၂)

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


ဆိုဖာေပၚတြင္ထိုင္လ်ွက္ႏွင့္သူ႔အိမ္ကိုအကဲခတ္ေနမိသည္။အိမ္ကႀကီးေပမဲ့ ‌အတြင္းပိုင္းအျပင္အဆင္ေတြက ဖြားဖြားႏုတို႔အိမ္ေလာက္ ခမ္းနားမေနပဲ

ရိုးရွင္းေလသည္။‌

ဖြားဖြားႏုတို႔အိမ္မွာဆိုရင္ ဧၫ့္ခန္းထဲတြင္

အလွပန္းအိုးေတြကို နံရံေထာင့္တစ္ခုစီတိုင္းမွာ

ထားရိွသလို ပန္းခ်ီကားခ်ပ္ေတြေရာ၊ပန္းပုရုပ္ထုေတြေရာ စံုေနတာပါပဲ။


မင္းစက္အာဏာရဲ့ ဧၫ့္ခန္းၾက‌ေတာ့အျဖဴေရာင္

ဖန္ခံုအရွည္ေပၚမွာ ပန္းအိုးတစ္အိုးသာ

တင္ထားၿပီးအခန္းတစ္ခုလံုးက

ေျပာင္ရွင္းေနေလသည္။

ဧၫ့္ခန္းဆိုတာ အိမ္တစ္အိမ္ရဲ့အဓိကေနရာျဖစ္တဲ့အတြက္ ထိုင္ခံုႏွင့္စားပဲြရိွရံုထက္ေတာ့

ပိုသင့္တယ္မဟုတ္ပါလား။

ကမ႓ာေပၚမွာ ေယာက္်ားေတြအမ်ားႀကီး

ရိွပါလ်ွက္နဲ႔ ဘာလို႔ဒီလူနဲ႔မွ ေရစက္လာစံုေနရသလဲမသိဘူး။


ဝိုင္းေလး၏အေရ႔ွမွာ ေခါက္တုန႔္ေခါက္ျပန္ေလ်ွာက္ရင္းႏွင့္ သူ႔အဖြားကိုဖုန္းေခၚေနေသာ

မင္းစက္အာဏာကို အလိုလိုေနရင္း

မ်က္ေစာင္းထိုးလိုက္မိသည္။

သူနဲ႔ဝိုင္းေလးက တရား၀င္လင္ထက္ထားတာပဲကို

သူ႔အိမ္မွာမထားခ်င္ဘူးတဲ့ပံုစံဟာ မသိရင္

ကိုယ္ကသူ႔ရဲ့တိတ္တိတ္ပုန္းမယားၾကေနတာပဲ။


"ဖြားဖြားဘာလို႔သူ႔ကို ဒီပို႔လိုက္တာလဲ.."📞


"သူကကၽြန္ေတာ္ယူထားတဲ့မိန္းကေလးဆိုတာ

ဟုတ္တယ္..ဒါေပမဲ့ကၽြန္ေတာ္ကတစ္ခ်ိန္လံုး

ခရီးထြက္လိုက္..အလုပ္သြားလိုက္နဲ႔

အိမ္မွာမရိွဘူးေလ..အဲ့ေတာ့အဖြားတို႔ဆီမွာက

ပိုအဆင္ေျပမွာေပါ့..."


"ေျပာရင္းဆိုရင္းနဲ႔ ဘာေၾကာင့္အေဖ့နာမည္က

ပါလာရျပန္တာလဲ..အဲ့လိုေျပာတာကို

ကၽြန္ေတာ္မႀကိဳက္ဘူးေနာ္..."


ကိစၥေသးေသးေလးကိုမ်ား ဖြားဖြားႏုႏွင့္

ရန္တုျဖစ္ေနလိုက္တာ ဘယ္လိုလူလဲမသိဘူး။

သူ႔အေဖအေၾကာင္းကို ဖြားဖြားႏုကထၫ့္ေျပာလိုက္လို႔ထင္ပါရဲ့ ဖုန္းေျပာရင္းႏွင့္မ်က္ႏွာႀကီးက

ခ်က္ခ်င္းနီတက္လာၿပီး ဖုန္းကိုခ်ျပစ္လိုက္သည္။

ဝိုင္းေလးကေတာ့ ဘာမွ၀င္မေျပာခ်င္ေတာ့ေပ။

ဝိုင္းေလးမွာ ဟိုးအရင္တည္းကကိုယ္ပိုင္အိမ္ဆိုတာရိွခဲ့တာမွ မဟုတ္ပဲ။


ေဖေဖက ဝိုင္းေလးကိုမိဘမဲ့ေဂဟာကေန

ေခၚလာခဲ့တာျဖစ္ၿပီး မိသားစု၀င္အျဖစ္

သတ္မွတ္ခဲ့တယ္။

ထိုအခ်ိန္ေလးမွာ ငါ့ကိုကာကြယ္ေပးမဲ့လူေတြ

ရိွတယ္လို႔ ေတြးၿပီးေပ်ာ္ခဲ့ရဖူးတယ္။

မိဘမဲ့ေဂဟာမွာ ေနရတဲ့ေန့ရက္တိုင္းဟာ

ဝိုင္းေလးအတြက္ ငရဲခန္းတစ္ခုလိုပါပဲ။


ထိုငရဲခန္းထဲကေန ေဖေဖကဆဲြထုတ္ေပးခဲ့ၿပီး

မိသားစု၀င္အျဖစ္ သတ္မွတ္ခဲ့ေပမဲ့

ဝိုင္းေလးဟာ ေဖေဖတို႔မိသားစုထဲကို

ခဏသာ လာခြင့္ရတဲ့ဧၫ့္သည္ျဖစ္မွန္းမသိ

ျဖစ္သြားခဲ့ေလၿပီ။


"အဖြားက မင္းကိုဒီမွာပဲေနေစခ်င္တယ္

ဆိုမွေတာ့ ဒီမွာပဲေနလိုက္ေပါ့..

ေဒၚတင္လွေရ...လာပါအံုး..."


ဧၫ့္ခန္းအျပင္ဘက္တြင္ သန႔္ရွင္းေရးလုပ္ေနေသာ

အေဒၚႀကီးသည္ မင္းစက္အာဏာ၏ေခၚသံေၾကာင့္

ခ်င္ခ်င္းပဲ ဧၫ့္ခန္းထဲသို႔ေျပး၀င္လာခဲ့သည္။

ဝိုင္းေလးကိုႃပံုးျပလာေပမဲ့ တစ္ခုခုကိုစပ္စုခ်င္ေနသၫ့္ပံုေပၚေနသည္။


"ဘာခိုင္းစရာရိွလို႔လည္းဆရာ..."


"သူ႔နာမည္က ေမဝိုင္းေလးတဲ့အျခားသူေတြကိုလည္း ေျပာျပလိုက္ေပါ့

သူ႔ကိုေအာက္ထပ္က အခန္းလြတ္တစ္ခုကို

ေခၚသြားေပးလိုက္ပါ..ဒီေန့ကစၿပီးသူက

ဒီအိမ္မွာပဲ..ေနသြားေတာ့မွာမို႔လို႔..သူလိုအပ္တာ

မွန္သမ်ွ..လုပ္ေပးလိုက္ပါ..."


"ဟုတ္ကဲ့ပါဆရာ..."


ဝိုင္းေလးရဲ့နာမည္ကိုပဲ မိတ္ဆက္ေပးၿပီး

ဝိုင္းေလးကသူနဲ႔ဘယ္လိုပတ္သတ္သလဲဆိုတာကို

လံုး၀မေျပာေပ။

ေဒၚတင္လွကလည္း ဒါကိုပဲသိခ်င္ေနပံုႏွင့္

မ်က္လံုးေဆြၿပီး ဝိုင္းေလးကိုၾကၫ့္လာေလသည္။

သူကမေျပာမွေတာ့ ဝိုင္းေလးလည္းထုတ္မေျပာခ်င္ေပ။


"ဆရာ..ေအာက္ထပ္မွာေနမယ္ဆိုေတာ့..

စႏိုးေလးရဲ့အခန္းမွာေနခိုင္းလိုက္ရမလားဟင္

အဲ့အခန္းက က်ယ္လည္းက်ယ္တယ္..

ေနာက္ၿပီးမေန့ကမွသန႔္ရွင္းေရးလုပ္ထားၿပီးတာေလ...

အိပ္ယာအခင္းေတြကိုပါအသစ္လဲထားၿပီးသား..."


"စႏိုးရဲ့အခန္းမွာေတာ့မေနခိုင္းပါနဲ႔...ဟိုက

ေရာက္ခ်လာရင္..ရႈပ္ရႈပ္ယွက္ယွက္ေတြ

မျဖစ္ခ်င္ဘူး..အျခားအခန္းတစ္ခုခုပဲျပင္ေပး

လိုက္ပါ.."


"ေနပါဦး..အျခားအခန္းတစ္ခုခုျပင္ေပးဆိုေတာ့

ကၽြန္မကရွင့္အခန္းထဲမွာ ေနရမွာမဟုတ္ဘူးလား.."


သြားၿပီ..!ဝိုင္းေလးစကားမွားသြားခဲ့ၿပီ။

တကယ္ဆို ဘယ္အခန္းမွာပဲေနရေနရ ဒီလိုမေျပာလိုက္သင့္ဘူး။အခုေတာ့ ကိုယ့္ဘက္ကေန

စၿပီး ဖိတ္ေခၚလိုက္သလိုအဓိပၸာယ္ေရာက္သြားၿပီ။

ဝိုင္းေလးရဲ့စကားေၾကာင့္ ‌ေဒၚတင္လွကလည္း

ပါးစပ္ႀကီးဟၿပီး အံ့ဩသြားသလို

မင္းစက္အာဏာကလည္း မဲ့ႃပံုးႀကီးႏွင့္

ေလွာင္ရိပ္ျမဴး‌ေလေတာ့သည္။


"ေအာ္..မင္းကငါနဲ႔တစ္ခန္းတည္းေနခ်င္တယ္ေပါ့.."


 ေဒၚတင္လွႀကီးရိွေနတာေတာင္ အနားကိုကပ္လာၿပီး လက္ေကာက္၀တ္ကိုလာကိုင္လိုက္သၫ့္

သူ႔အျပဳအမူေၾကာင့္ လန႔္ၿပီးအေနာက္သို႔

ေျခတစ္လွမ္းဆုတ္လိုက္မိေလသည္။

ခ်က္ခ်င္းပဲ ေခါင္းကိုပန္ကာလိုခါျပစ္လိုက္မိေလသည္။


"မဟုတ္ပါဘူး...ကၽြန္မကအဲ့လိုျဖစ္စရာလား

ေအာက္ထပ္ကအခန္းကို ရွင့္အခန္းထင္မိလို႔

ေမးၾကၫ့္တာ.."


ေပေစာင္းေစာင္းေလးၾကၫ့္လာကာ

ျပဴးျပဴးျပာျပာႏွင့္ ျပန္လည္ေျဖရွင္းလာသၫ့္

ေမဝိုင္းေလး၏ပံုစံေၾကာင့္ သူထပ္မံ၍

ရယ္မိျပန္သည္။


အမွန္အတိုင္းေျပာရရင္ သူ႔ရဲ့တဒဂၤမ်ွဆံုးျဖတ္

လိုက္မိတဲ့ အမွားတစ္ခုေၾကာင့္ သူမကို

လက္ထက္ဖို႔ျဖစ္လာမိတယ္။

သူေလးသာ နာခံတတ္တဲ့အရုပ္ကေလးတစ္ရုပ္ဆိုရင္ သူ႔ရဲ့မ်က္ႏွာသာေပးမႈကို ခံရႏိုင္ေပမဲ့

ဒီအရုပ္ကေလးက သိပ္ဆိုးေတာ့

သူလည္း မလိုခ်င္ေတာ့သလိုျဖစ္လာခဲ့တယ္။


သူဟာ အခ်စ္ေတြ၊ေမတၲာဆိုတာေတြနဲ႔မိသားစု

ဆိုတာမရိွလည္း ကိုယ့္ဘာသာရပ္တည္ႏိုင္တဲ့

လူမို႔ မိန္းမတစ္‌ေယာက္က

သူ႔လိုလူအတြက္ ထူးျခားတဲ့တည္ရိွမႈတစ္ခု

ျဖစ္လာစရာအေၾကာင္းမရိွဘူး။


ဒါေပမဲ့ အသစ္အဆန္းတစ္ခုလုပ္ၾကၫ့္ရင္

ေကာင္းမလား။

အဖြားကိုယ္တိုင္ အိမ္အထိပို႔လိုက္တဲ့

ဒီအရုပ္မေလးက ဘယ္ေလာက္ပမာဏအထိ

ထူးျခားေနသလဲဆိုတာ စမ္းသပ္ၾကၫ့္ခ်င္ေနမိတယ္။


"ငါ့အခန္းကအေပၚထပ္မွာ..အေပၚထပ္မွာ

ငါ့ရဲ့အိပ္ခန္းလည္းရိွသလို အလုပ္ခန္းလည္း

ရိွတဲ့အတြက္ တစ္ခါတေလအိမ္မွာပဲ

အစည္းအေဝးတို႔ဘာတို႔ လုပ္ေလ့ရိွတယ္..

မင္းတစ္ခုသတိထားရမွာက အေပၚထပ္ကို

လံုး၀တက္မလာပါနဲ႔...."


"အမယ္ေလးႀကီးက်ယ္လို႔..စိတ္ခ်အေပၚထပ္ကို

ေျခလွမ္းမိတာနဲ႔..ရွင္ကၽြန္မကိုႀကိဳက္သလို

အျပစ္ေပးလို႔ရတယ္.."


သူ႔ကိုတမင္ရဲြ႔လိုက္ၿပီး ဧၫ့္ခန္းထဲမွထြက္လာခဲ့လိုက္သည္။ေဒၚတင္လွကေတာ့ ပံုမွန္ဆို

တိတ္ဆိတ္ေနတတ္သၫ့္ ဒီအိမ္မွာ

ရန္ပဲြအေသးစားေလး ျဖစ္သြားခဲ့သၫ့္အတြက္အထူးအဆန္းသတင္းႀကီးကဲ့သို႔ အံ့ဩမဆံုး

ျဖစ္ေနေလေတာ့သည္။


ဆရာသည္ အလုပ္ပိတ္တဲ့အခ်ိန္ေတြမွာ

ဘယ္ေလာက္အထိ ေအးေဆးေနရတာ

ႀကိဳက္သလဲဆိုရင္ အပ္က်သံၾကားရင္ေတာင္

မႀကိဳက္သူျဖစ္သည္။


အခုေတာ့ျဖင့္  ရန္ပဲြေတာင္တမင္ဆင္ႏႊဲၿပီး

တစ္ဖက္မိန္းကေလးကို စိတ္မဆိုးဆိုးေအာင္

ဆြေနသလိုႀကီး ျဖစ္‌ေနတယ္။

အႃပံုးအရယ္မရိွသၫ့္ လူကႏွစ္ခါလားေတာင္

‌ႃပံုးလိုက္ေသးတယ္။

တကယ္ႀကီး ထူးဆန္းေနတာ။

ဒီေန့ဘာေန့လဲမသိဘူး။


❤️❤️❤️❤️❤️❤️❤️


မနက္ေျခာက္နာရီထိုးေနၿပီမို႔ အိပ္ယာေပၚမွ

အျမန္ထထိုင္လိုက္မိသည္။

အိပ္ယာအေျပာင္းအလဲျဖစ္ေန၍ သိပ္မအိပ္တတ္တာေၾကာင့္ ညကေတာ္ေတာ္ႏွင့္အိပ္၍

မေပ်ာ္ေပ။မနက္ေလးနာရီထိုးမွသာ

အိပ္ေပ်ာ္သြားခဲ့သည္။

မ်က္လံုးေတြကို ပြတ္လိုက္ၿပီးနာရီကိုၾကၫ့္လိုက္မိေတာ့..


"ဟာ..၇နာရီေတာင္ထိုးေနၿပီပဲ..ဒီေန့က

ပထမဆံုးအလုပ္ဆင္းရမဲ့ေန့ႀကီးပဲ

ေနာက္က်လို႔မျဖစ္ဘူး.."


အလုပ္ခ်ိန္က ရွစ္နာရီျဖစ္၍ အိပ္ယာေပၚမွ

ျမန္ျမန္ထလိုက္ၿပီး ေရအျမန္ခ်ိဳးကာ

ဖီးလိမ္းျပင္ဆင္လိုက္သည္။

ရံုး၀တ္စံုကေတာ့ ထပ္ေတာင္းၿပီးမွ၀တ္လို႔ရမွာျဖစ္၍ ျမန္မာ၀တ္စံုအျပာေလးကိုပဲ

ေရြး၍ ၀တ္လိုက္မိသည္။

ၿပီးေနာက္ ေအာက္ထပ္သို႔ဆင္းလာခဲ့လိုက္ၿပီး

အဆာေျပေလးစားဖို႔ ထမင္းစားခန္းဘက္သို႔

ကူးလာခဲ့လိုက္သည္။

ပိုက္ဆံက သိပ္မေလာက္ေတာ့၍ေန့လည္စာ

စားဖို႔ေတာင္ မနည္းခၽြေတာရမည္ျဖစ္သည္။


"မမဝိုင္းေလး..."


"ဟယ္..ၾကည္ၾကည္..အန္တီခင္ျမလည္း

ေရာက္ေနတာလား.."


ထမင္းစားခန္းထဲတြင္ ၾကည္ၾကည္ႏွင့္အတူ

အန္တီခင္ျမကိုပါ ေတြ့လိုက္ရ၍အလြန္အားတက္သြားမိေလသည္။ဒီအိမ္မွာက အလုပ္သမားေတြဟာ

သူ႔အလုပ္ပဲသူလုပ္ၿပီး စကားသိပ္မေျပာၾက၍

မင္းစက္အာဏာ၏ ဓာတ္ကိုကူးကုန္ၾကသလားမွတ္ရတယ္။


"မမဝိုင္းေလးကိုေစာင့္ေရွာက္ဖို႔..ဖြားဖြားႏုက

ၾကည္ၾကည္တို႔ကို လႊတ္လိုက္တာေလ.."


"၀မ္းသာလိုက္တာဟယ္..မေန့ညကေလ..

ကိုမင္းသစ္ကငါ့အ၀တ္အစားေတြ လာေပးေတာ့

နင့္ကိုသတိရေၾကာင္း ေျပာလိုက္မိလို႔ေနမယ္.."


"အခုၾကည္ၾကည္တို႔ေရာက္လာၿပီဆိုေတာ့

မမဝိုင္းေလး ဘာမွမပူနဲ႔ေတာ့ေနာ္...

မနက္စာဘာစားခ်င္လည္းမမ.."


"ထမင္းေၾကာ္ေလးပဲစားခ်င္တယ္.."


"ရေစရမယ္..."


ဝိုင္းေလးက ကိုယ္စားခ်င္တာကိုေျပာလိုက္ေတာ့

အန္တီခင္ျမကဒိုင္ခံလုပ္ေပးၿပီး ၾကည္ၾကည္ကေတာ့ ထမင္းခ်ိဳင့္ေလးကိုေသေသသပ္သပ္

ျဖစ္ေအာင္ လုပ္ကာဝိုင္းေလး၏ေဘးနားတြင္

လာခ်ေပးေလသည္။


"ေရာ့..ဒီေန့အလုပ္ဆင္းရမယ္လို႔ဖြားဖြားႏုက

ေျပာလိုက္တယ္..ဒါေၾကာင့္မမအတြက္

ထမင္းခ်ိဳင့္ျပင္ေပးထားတာ.."


"ေက်းဇူးတင္လိုက္တာဟယ္..."


တကယ္ပါၾကည္ၾကၫ့္ကို အာဘြားေတာင္

ေပးလိုက္ခ်င္တယ္။ပိုက္ဆံမရိွလို႔ ေန့လည္စာ

အတြက္ စိတ္ပူေနတာကတစ္၀က္ေတာ့ေလ်ွာ့က်သြားေလၿပီ။ရံုးကန္တဲင္းမွ ဟင္းေတြက

အရသာသိပ္ေပါ့ေတာ့ စားရတာအာမထိလ်ွာမထိရယ္ပါ။


"ဒီမွာ ထမင္းေၾကာ္ပူပူေလးရပါၿပီ.."


အန္တီခင္ျမကထမင္းေၾကာ္ပန္းကန္ေလးကို

လာခ်ေပး၍ ျမန္ျမန္စားေနမိစဉ္မွာပဲ

အခန္းထဲသို႔ မင္းစက္အာဏာ၀င္လာေလေတာ့သည္။သူ၀င္လာသည္ႏွင့္ အသက္၀င္ေနေသာ

အခန္းေလးဟာ ခ်က္ခ်င္းကိုေအးစက္သြားေတာ့တာပါပဲ။


ထမင္းစားပဲြမွာ သူ၀င္ထိုင္လိုက္သည္ႏွင့္

အမ်ိဳးစံုေသာမနက္စာေတြကို လာခ်ေပးေလေတာ့သည္။

အလုပ္သမားေတြလည္း သနားပါတယ္။

ဒီလိုမနက္စာမ်ိဳးကို ျပင္ဆင္ဖို႔ဆိုရင္ခဏေလးနဲ႔

ရမွာမဟုတ္ဘူး။

စားေတာ့လည္း နည္းနည္းေလးရယ္။


"အဟြတ္..အဟြတ္.."


သူ႔ကိုၾကၫ့္ၿပီး အမ်ိဳးမ်ိဳးေဝဖန္ေနမိစဉ္မွာ

မ်က္ေမွာင္ႄကံု႔ၿပီး ျပန္ၾကၫ့္လာတာေၾကာင့္

ထမင္းလုတ္ေတာင္ သီးသြားမိေလသည္။

ထို႔ေၾကာင့္ ေရကိုေမာ့ေသာက္လိုက္ကာ

ေခါင္းကိုျပန္ငံု႔၍ စားစရာရိွတာကို

စားေနလိုက္သည္။


မင္းစက္အာဏာကေတာ့ ႏႈတ္ခမ္းနီေတြ

ဆိုးထားၿပီး အလျွပင္ထားသၫ့္ ေမဝိုင္းေလးကို

ေသခ်ာေစ့ေစ့ၾကၫ့္ကာ မ်က္ေမွာင္ႄကံု႔လိုက္မိေလသည္။

မနက္ေစာေစာစီးစီး အလွေတျြပင္ထားတာပါလား။


ဘာလဲ သူ႔အလွနဲ႔ျမဴစြယ္လို႔ရမယ္ထင္ေနတာလား..


"မ‌နက္ေစာေစာထၿပီး အလွေတျြပင္ထားၿပီး

ဘာလို႔အပင္ပန္းခံေနတာလဲ

မင္းဘာသာဘယ္ေလာက္လွလွ ကိုယ့္မ်က္လံုးထဲမွာေတာ့ သာမာန္ပဲ..."


"ဘာေျပာတယ္..."


သူေျပာလိုက္တဲ့အဓိပၸာယ္ကို နားမလည္လို႔

ထပ္ေမးလိုက္ေတာ့ ဝိုင္းေလးကိုေသခ်ာစိုက္ၾကၫ့္လာၿပီး...


"ကိုယ္စိတ္၀င္စားေအာင္အလွေတျြပင္ထားလည္း

မင္းအတြက္ အခ်ည္းႏွီးပဲလို႔ေျပာခ်င္တာ..."


အမယ္ေလး..ဒီအရူးႀကီးကဘယ္လိုေတြေတာင္

စိတ္ကူးယဉ္လိုက္တာလဲ။

ရင္ဘတ္ကို စည္လိုတီးၿပီးသာ

ရယ္လိုက္ခ်င္ေတာ့တယ္။

စားခ်င္စိတ္လည္း မရိွေတာ့၍မတ္တပ္ထရပ္လိုက္ၿပီး သူ႔ကိုမ်က္ေစာင္းထိုးျပစ္လိုက္မိသည္။


"ရွင့္ကိုကၽြန္မတစ္ခုေတာ့သတိေပးခ်င္တယ္

စိတ္ကူးယဉ္တာေလးကို နည္းနည္းေလာက္ေလ်ာ့

လိုက္အံုး..

အလျွပင္ထားတာကအျပင္သြားဖို႔ပါေနာ္

ရွင့္ရဲ့မ်က္စိကိုအစာကၽြေးဖို႔ အားအားယားယား

ထျပင္ထားတာမဟုတ္ဘူး..."


"ဘာ!!!!"


🔥🔥🔥🔥🔥🔥🔥


ဖတ္ရႈေပးသူ တစ္‌ဦးတစ္ေယာက္ခ်င္းဆီကို

ေက်းဇူးအထူးတင္ရိွပါတယ္

10 comments:

  1. ဝေ့ သမီးကလဲအစွာလေး သားကလဲစွာလိုက်တာမှမညှာမတာ အချစ်ဘယ်ကစမှာပါလိမ့်နော် 😁

    ReplyDelete
  2. ထပ်မျှော်ရပြန်ပြီ

    ReplyDelete
  3. မျှော်

    ReplyDelete
  4. ဖတ်ရတာမဝဘူးကွယ်

    ReplyDelete
  5. အပြီးကိုတခါထဲဖတ်လိုက်ချင်တာဘယ်လိုလုပ်ရပါ့မလဲကွယ်

    ReplyDelete
  6. ထပ္ေမ်ွာ္ေနပါၿပီ😍😍😘

    ReplyDelete
  7. မျှော်နေပီ

    ReplyDelete
  8. အဆက်​လေး​မျှော်​နေမယ် စာ​လေးကိုရှည်ရှည်​လေးတင်​ပေးပါ​နော်

    ReplyDelete
  9. တနေ့တပိုင်းလေးတင်ပေးပါနော်

    ReplyDelete