(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း (၁၁)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
ဒီနေ့ကနေရောင်သစ်လွင်ပြီး လှပသောနေ့တစ်နေ့
ပေါ့။၀ိုင်း လေးတို့မိသားစုနေသော
အိမ်လေးဟာ ကလောမြို့လေးရဲ့ တောင်ပေါ်
တစ်နေရာမှာ တည်ရှိလေသည်။
အိမ်လေးရဲ့တောင်ဘက်မှာ ထင်းရှူးတန်းကြီးရှိပြီး
မြောက်ဘက်မှာတော့ ကျွန်းသစ်တောတန်းကြီးဟာ
နေရောင်အောက်တွင် လှပစွာတည်ရှိနေလေသည်။
အိမ်လေး၏အနောက်ဘက်တွင်တော့
တောင်အောက်ကို ဆင်းသောလမ်းပြေပြေလေးတစ်ခုရှိပြီးကားသွားလို့မရလောက်အောင်အထိ ကျဉ်းလေသည်။
မိုးရာသီဆိုရင် ကလေးတွေဟာထိုနေရာကို
ကစားကွင်းတစ်ခုလို သတ်မှတ်ကာ
ရွှံ့တွေနှင့်လူး၍ လျှောစီးတိုင်းကစားတတ်ကြ
သည်။ယခုအခါတော့ နွေရာသီဖြစ်နေ၍
မြေစိုင်မြေခဲတွေဟာ မာတောင့်နေပြီး
ဖုန်တောင်ထနေလေပြီ။
ထိုဖုန်ထနေသော လမ်းလေးအတိုင်း
မမခင်ထိပ်ထားဟာ ဝိုင်းလေးကိုလက်ချင်းချိတ်ပြီး
ခေါ်လာခဲ့သည်။
တောင်အောက်ကို ရောက်ပြီးနောက်မှာ
ဆယ့်ငါးမိနစ်လောက် ထပ်လျှောက်လိုက်သည်နှင့်
လူမနေတော့သော အိမ်ပျက်ကြီးရှိသည့်
ခြံတစ်ခုထဲသို့ ရောက်လာကြသည်။
ရေနံအ၀သုတ်ထား၍ မဲနက်နေသော
ထိုအိမ်ကြီးသည် တော်တော်လေးကို
ပျက်ယွင်းနေခဲ့ပါပြီ။
အိမ်ကြီး၏ အနောက်ဘက်တွင်တော့
အလွန်သာယာသော ရေကန်ကြီးတစ်ခုရှိနေပြီး
ကမ်းစပ်တွင်လည်း လှပသောပန်းပင်မျိုးစုံရှိလေသည်။နေရောင်ထိုးသည့်အခါ ကန်နေပြင်လေးသည် လှပလွန်းစွာ အရောင်တဖြတ်ဖြတ်
လက်နေခဲ့တယ်။
ရေကန်ထဲတွင်တော့ ပန်းရောင်ကြာပန်းလေးများသည် ကြာရွက်ကြီးများကြား၌
လှုပ်လီလှုပ်လဲ့ ဖြစ်လျှက်လာခူးလှည့်ပါဟု
လက်ယက်ခေါ်နေသယောင်ရှိ လေသည်။
သစ်ပင်တွေနှင့်အုံ့ဆိုင်းနေလျှက် လူသူကင်းမဲ့သောထူးဆန်းကြောက်မက်ဖွယ်ခြံ၀န်းကြီးသည်
မှော်၀င်လောက်အောင် ဆန်းပြားသည့်
ရေကန်လေးနှင့် လုံး၀ကိုမလိုက်ဖက်ပေ။
အသူရာချောက်နက်ထဲသို့ လှပသော
နတ်သမီးလေးတစ်ပါးက လမ်းမှားရင်း
ကျရောက်နေသလားတောင် မှတ်ရတယ်။
"ငါတို့တွေကြာပန်းခူးရအောင်..."
မမထိပ်ထားက ကမ်းစပ်မှာဆောက်ထားသော
တံတားထိပ်လေးအထိခေါ်လာခဲ့ပြီး
ကြာပန်းခူးဖို့ အကြံပေးလာခဲ့တယ်။
ဒါပေမဲ့ ဝိုင်းလေးကရေသိပ်ကြောက်တာ။
ရေမကူးတတ်တာကြောင့် မျက်လုံး၀ိုင်လေးများဖြင့် မမထိပ်ထားကို အသနားခံမိလေသည်။
"ဝိုင်းလေးမှ ရေထဲကိုမဆင်းရဲတာ..
ဝိုင်းလေးမခူးပါရစေနဲ့နော်..."
"နင်ကလည်းလာပါဟာ..ဖေဖေတို့မသိတုန်းလေး
လစ်ထွက်လာရတာကို ငါကကြာပန်းလိုချင်လို့
နင့်ကိုခေါ်လာတာလေ..ကမ်းစပ်မှာပဲရှိတာပါ
ငါကနင့်လက်ကို ဆွဲထားမယ်..နင်ကခြေထောက်နဲ့
လှမ်းညှက်လိုက်ယုံပဲ..."
"ဟင့်အင်း..ဝိုင်းလေးကြောက်တယ်..."
"ဘာကိုကြံဖန်ပြီးကြောက်နေရတာလဲဟယ်..
ခူးစရာရှိတာမခူးဘူး..ပြီးရင်မြန်မြန်ပြန်ကြမယ်ဟာ"
မမထိပ်ထားဟာ မိဘတွေအလိုလိုက်ခံရသော
ကလေးဖြစ်၍ သူ့ဘ၀မှာအခက်အခဲဆိုတာလည်း
ကြားဖူးမှာမဟုတ်သလို အကြောက်တရားက
ဘာလဲဆိုတာတောင် သူနားမလည်ပေ။
ဝိုင်းလေးကတော့ ဒုက္ခတောထဲကနေလာခဲ့သူ
ဖြစ်၍ အကြောက်တရားကိုကောင်းကောင်း
သိသလို နာကျင်မှု၏အရသာကိုလည်း
ထပ်ပြီး မထိတွေ့လိုတော့ပေ။
ထို့ကြောင့် ရေထဲကိုမဆင်းရသေးပေမဲ့
အကြောက်ကြီးစွာ ငိုမိလေတော့သည်။
"ဝိုင်းလေးကို အခြားဟာတစ်ခုခုခိုင်းပါလား
မမရယ်..ကြာပန်းတော့မခူးရဲဘူး..."
"နင်ကလည်းဟာ ခူးပေးစမ်းပါဆိုတာကို
ဘာဖြစ်နေမှန်းမသိဘူး..နင်အဲ့လိုဆက်လုပ်နေရင်
ငါကန်ထဲကို တကယ်တွန်းချမိတော့မယ်နော်
ကန်အောက်ခြေမှာလက်မဲကြီးတွေက
နင့်ကိုဆွဲထားလိုက်မှ တစ်သက်လုံးကန်ထဲမှာ
နေနေရမယ်..."
ငြင်းဆိုမှုအမျိုးမျိုးကို ဝိုင်းလေးလုပ်ခဲ့ပေမဲ့
အမြဲတမ်းအနိုင်လိုချင်သော မမထိပ်ထားကတော့
လုံး၀အလျှော့မပေးခဲ့ပေ။
ဝိုင်းလေးသာ ကြာပန်းမခူးပေးပါက တကယ်ကြီး
ကန်ထဲသို့တွန်းချနိုင်သည်။
သူမလုပ်ရဲတာ မရှိသလောဖြစ်၍ဝိုင်းလေးကတော့
မမကို သိပ်ကြောက်ပါသည်။
နောက်ဆုံးမှာတော့ သူ့ဆန္ဒအတိုင်းပဲလုပ်ရပါတော့တယ်။
"အေးဟုတ်တယ်..အဲ့ဒီ့နားကကြာပန်းလေး..
မြန်မြန်ခြေထောက်နဲ့လှမ်းညှပ်လိုက်..."
မမထိပ်ထားက ဝိုင်းလေး၏ဘယ်ဘက်လက်ကို
ဆွဲပေးထားပြီး ဝိုင်းလေးကတော့
ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်၍ တံတားအနီးမှ
ကြာပန်းကို မမှီပဲလှမ်းခူးနေရလေသည်။
ရေကြောက်သူမို့ ခြေတွေလက်တွေက
ချမ်း၍တုန်ယင်နေသလို ဖြစ်နေပြီးကြာပန်းကို
လုံး၀ခူးလို့မရပေ။
"ဟဲ့..ဆွဲထားရတာငါလက်နာလာပြီနော်..
မြန်မြန်ရအောင်ခူးစမ်းပါ.."
"ဝိုင်းလေးမမှီဘူးမမရဲ့...ဝိုင်းလေးကြောက်တယ်
အဟင့်.."
ကြောက်လွန်းလို့ ဝိုင်းလေးထငိုတော့
ခင်ထိပ်ထားဦးဟာ သနားရမည့်အစားပိုလို့
ကြည့်မရဖြစ်လာလေသည်။
"ဒီလောက်လေးတောင် အဖြစ်မရှိဘူး..
အပေါ်ကနေလှမ်းခူးလို့မရရင်..ရေထဲကိုဆင်းခူး
သွား..."
"အား!!!!!"
အားနှင့်ပခုံးမှတွန်းထုတ်လိုက်သော ထိပ်ထားဦးကြောင့် မေဝိုင်းလေးသည် ကြာကန်ထဲသို့
ဘေးတိုက်ကျသွားခဲ့လေသည်။
ရေမကူးတတ်ပေမဲ့ အသက်ရှင်သန်ဖို့
အပြင်းအထန်ရုန်းကန်နေမိသော
လူတစ်ယောက်ဖြစ်၍ ရေပေါ်သို့ပြန်ပြန်ပေါ်လာတတ်ကာ
ခင်ထိပ်ထားဦးကို လာကယ်ပေးဖို့
အသနားခံ၍ အော်ဟစ်မိလေတော့သည်။
"မမရေ..အား!!!!"
ရေပေါ်သို့ ပြန်ပေါ်လာသည့်နောက်ဆုံးအကြိမ်လေး
အထိ အစ်မဖြစ်သူကိုအော်ခေါ်ခဲ့ပေမဲ့
ငယ်ရွယ်သောဘ၀မှာပင် ရက်စက်သော
နှလုံးသားရှိသည့် ခင်ထိပ်ထားဦးကတော့
တံတားပေါ်တွင် မတ်တပ်ရပ်၍လှောင်ရယ်နေခဲ့လေသည်။
မေဝိုင်းလေးဟာ ခြေကုန်လက်ပန်းကျ၍
လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်သည့်အချိန်မှာတော့ ရေပြင်၏မာယာညွှတ်ကွင်းထဲတွင်
ပိတ်မိသွားခဲ့လေသည်။
ရေပြင်ပေါ်တွင် ကျရောက်နေသောနေရောင်က
သူမကိုလာကယ်တင်ပေးရင် ကောင်းမည်ဟု
တွေးလိုက်မိပေမဲ့ ရေတွေဟာအသက်ရှူလမ်းကြောင်းတစ်လျောက် စီး၀င်လာသည့်အခါမှာ
တော့ မျက်၀န်းလေးများမှိတ်ကျသွားခဲ့လေသည်။
အသက်ရှင်နိုင်မည့် နောက်ဆုံးအခိုက်အတန့်လေး
တစ်ခုမှာ ဝိုင်းလေး၏လက်ကိုဖမ်းဆုပ်ပေးခဲ့သည့်
သန်မာသော လက်တစ်စုံဟာခါးသေးသေးလေးကို
ပါလာ၍ ဖက်တွယ်လာခဲ့သည်။
ခန္ဓာကိုယ်ဟာ ရွေ့လျှားနေခဲ့ပေမဲ့ သေဆုံးခြင်းနှင့်
ရှင်သန်ခြင်း၏ပေါင်းကူးတံခါးအလယ်တွင်
ရောက်ရှိနေသောကြောင့် သတိလည်လာခြင်းတော့
မရှိခဲ့ပေ။
ခြောက်သွေ့သော သစ်ရွက်တွေပေါ်တွင် သတိမေ့နေခဲ့သော ဝိုင်းလေးကိုအသက်ပြန်ရှင်လာဖို့ရန်
ကြိုးပမ်းနေသူတစ်ယောက်ရှိခဲ့သည်။
သတိပြန်ရလာစေရန် ရင်ဘတ်ကိုလက်နှစ်ဖက်ထောက်ကာ အကြိမ်များစွာကယ်တင်ဖို့
ထိုသူဟာကြိုးပမ်းနေခဲ့သည်။
မရတဲ့အဆုံးမှာတော့ နှာခေါင်းကိုဖိညှစ်ထားကာ
ဝိုင်းလေး၏ပါးစပ်မှနေ၍လေတွေကိုမှုတ်သွင်း၍
CPRလုပ်ပေးလာခဲ့သည်။
ရေအောက်တွင် မွန်းကြပ်ခဲ့ရသောခံစားချက်ကြီးဟာ တဖြည်းဖြည်းပြေလျှော့လာသလို
ခံစားလာမိတယ်။
သေလူတစ်ယောက်ဟု ကိုယ့်ကိုကိုယ်သတ်မှတ်ခဲ့ပြီးမှ တစ်စုံတစ်ယောက်ကြောင့် ပြန်၍ရှင်သန်ဖို့
စိတ်အားထက်သန်လာမိတယ်။
တစ်စုံတစ်ယောက်က ဖက်ပေးထားသလို
နွေးထွေးနေခဲ့ပြီး သေဆုံးခြင်းမရဏတံခါး၀ဆီသို့
ခြေလှမ်းနေခဲ့သော ဝိုင်းလေးကိုရှင်သန်စေလို၍
အော်ခေါ်သံနေသည့်အသံကို ကြားလိုက်ရတယ်။
မထင်မှတ်ထားလောက်အောင် ပျော်ရွှင်သွားခဲ့ပြီး
ရှင်သန်ခြင်းဘက်အခြမ်းသို့ ပြန်၍ရောက်ရှိလာခဲ့တယ်။
"မေဝိုင်းလေး..မင်းမသေရဘူးနော်..."
ဝိုင်းလေးကို ပြန်ရှင်သန်လာဖို့အော်ခေါ်နေသော
လူတစ်ယောက်၏ အသံကိုရှင်းလင်းစွာ
ကြားလိုက်ရလေပြီ။
နှုတ်ခမ်းထက်တွင် အေးစက်သောအထိအတွေ့
တစ်ခုကို ခံစားလိုက်ရတိုင်း အောက်စီဂျင်
ပမာဏကိုပိုမိုရရှိလိုက်သလို ခံစားရစေသည်။
မျက်နှာပေါ်သို့ ရေစက်တွေကျလာတာကို
သတိထားမိလာသည်အထိ အာရုံကြောတွေ
ပြန်၍ အလုပ်လုပ်လာခဲ့လေပြီ။
မျက်လုံးတွေကို တဖြည်းဖြည်းဖွင့်ကြည့်လိုက်သောအခါ နေရောင်ကိုမမြင်ရပေ။
အဘယ်ကြောင့်ဆိုသော် ဝိုင်းလေး၏
မျက်၀န်းတွေပေါ်မှာ ရေစိုရွှဲနေသောဆံစတွေဟာ
လာအုပ်နေပြီး နှာခေါင်းကိုလည်းပိတ်ထားကာ..
"အား!!!!!"
"ဗွမ်း!!!!!"
ထိုလူ၏နားတည့်တည့်ကို အော်ထည့်ပစ်လိုက်ပြီး
သူ့ရင်ဘတ်ကို ပိတ်တွန်းပြစ်လိုက်သည့်အခါမှာတော့ သူဟာရေထဲသို့ထိုင်လျှက်ကနေ
ပက်လက်လန်ကျသွားလေတော့သည်။
"မေဝိုင်းလေး..ငါမင်းကိုသေရာကနေပြန်ကယ်ထားတဲ့ လူနော်..မင်းဘယ်လိုလုပ်လိုက်တာလဲ...."
သေချာကြည့်လိုက်တော့မှ ရေကန်ထဲသို့
ကျသွားသူမှာ မင်းစက်အာဏာဖြစ်နေလေသည်။
ဝိုင်းလေးက ရေကန်ပေါ်ကိုဘယ်လိုလုပ်ပြီး
ရောက်နေခဲ့တာလဲ။
ရေထဲက်ု ပြုတ်ကျသွားခဲ့တာမဟုတ်ဘူးလား။
ဒါဆိုရင် သူကဝိုင်းလေးကိုကယ်ခဲ့တာပေါ့။
ဝိုင်းလေးဆယ်နှစ်အရွယ်လောက်တုန်းကလည်း
မမထိပ်ထားကြောင့် ရေထဲကိုကျခဲ့ဖူးတယ်။
အဲ့တုန်းကလည်း လူတစ်ယောက်က ဝိုင်းလေးကို
ကယ်ပေးခဲ့ပြီး ဒီလိုပဲအသက်ပြန်ရှင်အောင်
လုပ်ပေးခဲ့တယ်။ဒါပေမဲ့ သူဘယ်သူလဲဆိုတာ
ဝိုင်းလေးမမှတ်မိတော့ဘူး။
ဝိုင်းလေးသတိပြန်ရလာတဲ့အချိန်မှာ ဆေးရုံပေါ်ကို
ရောက်နေခဲ့တာကြောင့်ပါပဲ။
"ရှင်ကျွန်မကိုCPRလုပ်ပေးခဲ့တာလား..."
ရေထဲမှပြန်တက်ဖို့လုပ်နေသော မင်းစက်အဖို့
ပြူးပြူးပြာပြာဖြင့် ကိုယ့်နှုတ်ခမ်းကိုယ်လက်နှင့်
ပြန်အုပ်ကာ အော်ပြောနေသည့်မိန်းမကို
အမြင်ကပ်ကပ်နှင့် မျက်မှောင်ကြုံ့၍ကြည့်လိုက်မိလေသည်။
အသက်ကယ်ပေးတဲ့လူကိုများ သူကပဲ
ရွံရှာသလို ပုံစံလာဖမ်းနေသေးတယ်။
ဘယ်လိုမိန်းမပါလိမ့်။
ကိုယ်ကပဲသူ့ရဲ့ အဲ့ဒီ့ဖြူစွတ်နေတဲ့
နှုတ်ခမ်းပြာပြာကြီးကိုသိပ်တပ်မက်နေတယ်
ထင်နေသလား မသိဘူး။
"ဘာလဲ..မင်းကအသက်ရှင်ရတာကိုမကြိုက်လို့လား..ကျေးဇူးမတင်တဲ့အပြင်..
ငါ့ကိုပါ ပြန်လာအော်နေတယ်.."
"အသက်ကယ်တာတော့ကယ်တာပေါ့...
ဒါပေမဲ့ CPRလုပ်ပေးဖို့ရှင့်အလုပ်သမား
မိန်းကလေးတစ်ယောက်ယောက်ကို ပြေးခေါ်လိုက်လို့မရဘူးလား...ရှင်လုပ်ပေးစရာမှမလိုတာ"
"မင်းကငါ့ကိုရွံနေတာပေါ့ဟုတ်လား...
မင်းကို..ငါကသိပ်ကယ်ချင်နေတယ်လို့
ထင်နေတာလား
ငါ့ရေကန်ထဲမှာ ဆန့်ဆန့်ကြီးသေနေမှာစိုးလို့
ကယ်ပေးတာ..ရေနစ်ထားလို့ပြာနှမ်းနေတဲ့
ကိုယ့်ရုပ်ကိုလည်း မှန်ထဲမှာပြန်ကြည့်လိုက်အုံး
တော်တော် စွဲမက်ချင်စရာရုပ်ဆိုတော့.."
"ရှင်နော်..."
လူကိုများ ပြောလိုက်တာရစရာကိုမရှိဘူး။
အဲ့ဒီ့ပါးစပ်ကြီးက ဘာလို့များချိုသာတဲ့စကားတွေ
ထွက်ရမှာ သိပ်ခက်ခဲနေသလဲမသိဘူး။
စိတ်တိုလာ၍ ရန်ထပ်တွေ့ဖို့သူ့ဘက်ကို ကြည့်လိုက်တော့ ရေကူးကန်ပေါ်သို့ ပြန်တက်လာသော
မင်းစက်အာဏာသည် ခန္ဓာကိုယ်ပေါ်တွင်
ရေကူးဘောင်းဘီတစ်ထည်သာ ရှိ၍နေသည်။
အသားအရည်က ဖြူ၀င်းနေပြီး၀မ်းဗိုက်နေရာမှာလည်း ကြွက်သားအဖုအထစ်တွေက
တော်တော်လေးကို ကြည့်၍ကောင်းနေသည်။
"ကြည့်လို့၀ရင်လည်း ကိုယ့်အိမ်ကိုယ်ပြန်တော့..."
မင်းစက်အာဏာက ထပြောလိုက်တော့
မေဝိုင်းလေးလည်း ရှက်ရမ်းရမ်းကာ
အခြားဘက်သို့ ခေါင်းကိုစောင်းချပြစ်လိုက်ရလေသည်။ရေနစ်ထား၍ ဖြူဖက်နေသောမျက်နှာကြီးသည် ရှက်လွန်း၍ပြန်ရဲတက်လာခဲ့သည်။
"ကျွန်မကိုအိမ်ပြန်စေချင်ရင်..ရှင်ကိုယ်တိုင်
ကျွန်မကိုပြန်လိုက်ပို့ပေးရမယ်..."
"ဘာ..."
"ဟုတ်တယ်...ဖွားဖွားနုကကြည်ကြည်ကနေတစ်ဆင့် ကျွန်မကိုလိမ်ခေါ်ပြီးရှင့်အိမ်ကို
ပို့လိုက်တာ...အဲ့ဒါကြောင့်အိမ်ကိုပြန်လိုက်ပို့ဖို့
ရှင့်ကို ကျွန်မလာရှာတာ..."
"ဒါဆိုအဖွားက မင်းကိုငါ့ဆီမှာနေစေချင်တာပေါ့.."
သူ့စကားကြောင့် အံ့ဩလွန်း၍ သူ့ကိုမော့ကြည့်
လိုက်မိသည်။
ဘယ်လိုစကားမျိုးကြီးလဲ။
သူနဲ့ဝိုင်းလေးက လက်ထက်ထားပြီးသားလူတွေမို့
အဖွားက သူ့အိမ်မှာနေစေချင်တာကို
သူစိမ်းတစ်ယောက်ကို ခေါ်ထားရမဲ့လေသံမျိုး
လာဖမ်းနေပါလား။
သူ့အိမ်မှာ နေမှာကိုလက်မခံချင်တဲ့သဘောပေါ့။
ဝိုင်းလေးမှာ ဒေါသထွက်လွန်းလို့ ဘယ်လို
စကားလုံးမျိုးနဲ့ ဆဲရမှန်းတောင်မရွေးတတ်တော့ဘူး။
"ရှင်ကကျွန်မကိုဒီမှာမနေစေချင်တဲ့သဘောလား.."
"ကိုယ့်ရုပ်ကရော..အရမ်းနေစေချင်တဲ့ပုံပေါက်နေလို့လား..."
ဝိုင်းလေးဘက်သို့ မျက်နှာတောင်တည့်တည့်
လှည့်၍ကြည့်မပြောပဲ မျက်၀န်းဒေါင့်မှသာ
အကြည့်တစ်ချက်ပေးပြီးမကျေနပ်သလိုနှင့်
အခြားတစ်ဖက်သို့ သူ့မျက်နှာပြန်လွှဲသွားလေသည်။
ငါဒီအိမ်ကို ပြောင်းလာမှာကို သူသေအောင်
ကြောက်နေတယ်ပေါ့လေ။
သူအိပ်နေတဲ့အချိန်မှာ သီချင်းအော်မိတာတောင်
အလုပ်ဖြုတ်တဲ့လူကြီး..ဒင်းရဲ့ဘ၀ကို
အိမ်မှာရောအလုပ်မှာပါ ဗြောင်းဆန်နေအောင်
ဒုက္ခပေးပြမယ်။
"အစကတော့ ရှင့်ဆီကပိုက်ဆံချေးပြီးတော့ပဲ
ဖြစ်ဖြစ် ဖွားဖွားနုတို့အိမ်ကိုပြန်မလို့ပဲ
ဒါပေမဲ့သေချာစဉ်းစားကြည့်လိုက်တော့
ဖွားဖွားနုတို့ အိမ်ကလည်းကျွန်မရဲ့အိမ်မှ
မဟုတ်တာ..ကျွန်မကရှင်နဲ့ယူထားမှတော့
ရှင်ရှိတဲ့နေရာမှာပဲ လိုက်နေရမှာပေါ့..
လူကြီးတွေကပြောကြတယ်..
အိမ်ထောင်ကျသွားပြီဆိုတာနဲ့
ကိုယ့်ဘ၀ကိုယ်မပိုင်တော့ဘူးတဲ့..
လင်နဲ့မယားဆိုတာ ဆွယ်တော်ရွက်ကလေးလိုပဲ
နှစ်လွှာပေါင်းမှတစ်ရွက်တဲ့လေ...
အဲ့တော့ မယားပစ္စည်းလည်းလင်ပိုင်သလို
လင်ပစ္စည်းလည်း မယားပိုင်တာပေါ့...
ဒီလိုဆိုမှတော့ ရှင့်အိမ်မှာပဲကျွန်မတစ်သက်လုံး
နေဖို့ဆုံးဖြတ်လိုက်ပြီ..."
မေဝိုင်းလေးကတော့ ကိုယ်ပြောချင်တာပြောပြီး
ထွက်သွားခဲ့ပေမဲ့ မင်းစက်အာဏာကတော့
မျက်မှောင်ကြီးကြုံ့လျှက် သူမ၏နောက်ကျောကို
ကြည့်ကာ ကျန်ခဲ့လေသည်။
တစ်ကိုယ်လုံးကြွက်စုတ်လေးလို ဖြစ်နေကာ
အ၀တ်ပါးလေးနှင့် မြင်ရတွေ့ရမရှုမလှ
ဖြစ်နေသည့် သူမကိုအထင်အမြင်သေးစွာ
ဖြင့် ရယ်လိုက်မိလေသည်။
"မယားပစ္စည်းလည်းလင်ပိုင်သလို
လင်ပစ္စည်းလည်း မယားပိုင်တယ်တဲ့
တော်တော်ပြောတတ်တဲ့ပါးစပ်လေးပဲ
သူ့ကြည့်တော့ ဖိနက်တစ်ဖက်ပဲစီးထားပြီး
ပြောသွားလိုက်တာက လေကြီးမိုးကြီးနဲ့..
ဘာပစ္စည်းတွေများပိုင်နေသလဲမသိဘူး..."
အခန်း(၁၂)ဆက်ရန်...
😀😀😀😀😀
လင်ကလည်းမယားကိုနှိမ်
မယားကလည်းသူ့လင်ကိုတစ်စက်မှကြည့်မရနဲ့
ဟုတ်တော့ဟုတ်နေပြီ..
(နောက်နေ့မှအခန်းရှည်ရှည်လေးရေးပေးမယ်နော်)
=========================================================================
အခန္း (၁၁)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
ဒီေန့ကေနေရာင္သစ္လြင္ၿပီး လွပေသာေန့တစ္ေန့
ေပါ့။ဝိုင္း ေလးတို႔မိသားစုေနေသာ
အိမ္ေလးဟာ ကေလာၿမိဳ႔ေလးရဲ့ ေတာင္ေပၚ
တစ္ေနရာမွာ တည္ရိွေလသည္။
အိမ္ေလးရဲ့ေတာင္ဘက္မွာ ထင္းရႉးတန္းႀကီးရိွၿပီး
ေျမာက္ဘက္မွာေတာ့ ကၽြန္းသစ္ေတာတန္းႀကီးဟာ
ေနေရာင္ေအာက္တြင္ လွပစြာတည္ရိွေနေလသည္။
အိမ္ေလး၏အေနာက္ဘက္တြင္ေတာ့
ေတာင္ေအာက္ကို ဆင္းေသာလမ္းေျပျပေလးတစ္ခုရိွၿပီးကားသြားလို႔မရေလာက္ေအာင္အထိ က်ဉ္းေလသည္။
မိုးရာသီဆိုရင္ ကေလးေတြဟာထိုေနရာကို
ကစားကြင္းတစ္ခုလို သတ္မွတ္ကာ
ရႊံ႔ေတြႏွင့္လူး၍ ေလ်ွာစီးတိုင္းကစားတတ္ၾက
သည္။ယခုအခါေတာ့ ေနြရာသီျဖစ္ေန၍
ေျမစိုင္ေျမခဲေတြဟာ မာေတာင့္ေနၿပီး
ဖုန္ေတာင္ထေနေလၿပီ။
ထိုဖုန္ထေနေသာ လမ္းေလးအတိုင္း
မမခင္ထိပ္ထားဟာ ဝိုင္းေလးကိုလက္ခ်င္းခ်ိတ္ၿပီး
ေခၚလာခဲ့သည္။
ေတာင္ေအာက္ကို ေရာက္ၿပီးေနာက္မွာ
ဆယ့္ငါးမိနစ္ေလာက္ ထပ္ေလ်ွာက္လိုက္သည္ႏွင့္
လူမေနေတာ့ေသာ အိမ္ပ်က္ႀကီးရိွသၫ့္
ၿခံတစ္ခုထဲသို႔ ေရာက္လာၾကသည္။
ေရနံအ၀သုတ္ထား၍ မဲနက္ေနေသာ
ထိုအိမ္ႀကီးသည္ ေတာ္ေတာ္ေလးကို
ပ်က္ယြင္းေနခဲ့ပါၿပီ။
အိမ္ႀကီး၏ အေနာက္ဘက္တြင္ေတာ့
အလြန္သာယာေသာ ေရကန္ႀကီးတစ္ခုရိွေနၿပီး
ကမ္းစပ္တြင္လည္း လွပေသာပန္းပင္မ်ိဳးစံုရိွေလသည္။ေနေရာင္ထိုးသၫ့္အခါ ကန္ေနျပင္ေလးသည္ လွပလြန္းစြာ အေရာင္တျဖတ္ျဖတ္
လက္ေနခဲ့တယ္။
ေရကန္ထဲတြင္ေတာ့ ပန္းေရာင္ၾကာပန္းေလးမ်ားသည္ ၾကာရြက္ႀကီးမ်ားၾကား၌
လႈပ္လီလႈပ္လဲ့ ျဖစ္လ်ွက္လာခူးလွၫ့္ပါဟု
လက္ယက္ေခၚေနသေယာင္ရိွ ေလသည္။
သစ္ပင္ေတြႏွင့္အံု႔ဆိုင္းေနလ်ွက္ လူသူကင္းမဲ့ေသာထူးဆန္းေၾကာက္မက္ဖြယ္ၿခံ၀န္းႀကီးသည္
ေမွာ္၀င္ေလာက္ေအာင္ ဆန္းျပားသၫ့္
ေရကန္ေလးႏွင့္ လံုး၀ကိုမလိုက္ဖက္ေပ။
အသူရာေခ်ာက္နက္ထဲသို႔ လွပေသာ
နတ္သမီးေလးတစ္ပါးက လမ္းမွားရင္း
က်ေရာက္ေနသလားေတာင္ မွတ္ရတယ္။
"ငါတို႔ေတြၾကာပန္းခူးရေအာင္..."
မမထိပ္ထားက ကမ္းစပ္မွာေဆာက္ထားေသာ
တံတားထိပ္ေလးအထိေခၚလာခဲ့ၿပီး
ၾကာပန္းခူးဖို႔ အႀကံေပးလာခဲ့တယ္။
ဒါေပမဲ့ ဝိုင္းေလးကေရသိပ္ေၾကာက္တာ။
ေရမကူးတတ္တာေၾကာင့္ မ်က္လံုးဝိုင္ေလးမ်ားျဖင့္ မမထိပ္ထားကို အသနားခံမိေလသည္။
"ဝိုင္းေလးမွ ေရထဲကိုမဆင္းရဲတာ..
ဝိုင္းေလးမခူးပါရေစနဲ႔ေနာ္..."
"နင္ကလည္းလာပါဟာ..ေဖေဖတို႔မသိတုန္းေလး
လစ္ထြက္လာရတာကို ငါကၾကာပန္းလိုခ်င္လို႔
နင့္ကိုေခၚလာတာေလ..ကမ္းစပ္မွာပဲရိွတာပါ
ငါကနင့္လက္ကို ဆဲြထားမယ္..နင္ကေျခေထာက္နဲ႔
လွမ္းၫွက္လိုက္ယံုပဲ..."
"ဟင့္အင္း..ဝိုင္းေလးေၾကာက္တယ္..."
"ဘာကိုႀကံဖန္ၿပီးေၾကာက္ေနရတာလဲဟယ္..
ခူးစရာရိွတာမခူးဘူး..ၿပီးရင္ျမန္ျမန္ျပန္ၾကမယ္ဟာ"
မမထိပ္ထားဟာ မိဘေတြအလိုလိုက္ခံရေသာ
ကေလးျဖစ္၍ သူ႔ဘ၀မွာအခက္အခဲဆိုတာလည္း
ၾကားဖူးမွာမဟုတ္သလို အေၾကာက္တရားက
ဘာလဲဆိုတာေတာင္ သူနားမလည္ေပ။
ဝိုင္းေလးကေတာ့ ဒုကၡေတာထဲကေနလာခဲ့သူ
ျဖစ္၍ အေၾကာက္တရားကိုေကာင္းေကာင္း
သိသလို နာက်င္မႈ၏အရသာကိုလည္း
ထပ္ၿပီး မထိေတြ့လိုေတာ့ေပ။
ထို႔ေၾကာင့္ ေရထဲကိုမဆင္းရေသးေပမဲ့
အေၾကာက္ႀကီးစြာ ငိုမိေလေတာ့သည္။
"ဝိုင္းေလးကို အျခားဟာတစ္ခုခုခိုင္းပါလား
မမရယ္..ၾကာပန္းေတာ့မခူးရဲဘူး..."
"နင္ကလည္းဟာ ခူးေပးစမ္းပါဆိုတာကို
ဘာျဖစ္ေနမွန္းမသိဘူး..နင္အဲ့လိုဆက္လုပ္ေနရင္
ငါကန္ထဲကို တကယ္တြန္းခ်မိေတာ့မယ္ေနာ္
ကန္ေအာက္ေျခမွာလက္မဲႀကီးေတြက
နင့္ကိုဆဲြထားလိုက္မွ တစ္သက္လံုးကန္ထဲမွာ
ေနေနရမယ္..."
ျငင္းဆိုမႈအမ်ိဳးမ်ိဳးကို ဝိုင္းေလးလုပ္ခဲ့ေပမဲ့
အၿမဲတမ္းအႏိုင္လိုခ်င္ေသာ မမထိပ္ထားကေတာ့
လံုး၀အေလ်ွာ့မေပးခဲ့ေပ။
ဝိုင္းေလးသာ ၾကာပန္းမခူးေပးပါက တကယ္ႀကီး
ကန္ထဲသို႔တြန္းခ်ႏိုင္သည္။
သူမလုပ္ရဲတာ မရိွသေလာျဖစ္၍ဝိုင္းေလးကေတာ့
မမကို သိပ္ေၾကာက္ပါသည္။
ေနာက္ဆံုးမွာေတာ့ သူ႔ဆႏၵအတိုင္းပဲလုပ္ရပါေတာ့တယ္။
"ေအးဟုတ္တယ္..အဲ့ဒီ့နားကၾကာပန္းေလး..
ျမန္ျမန္ေျခေထာက္နဲ႔လွမ္းၫွပ္လိုက္..."
မမထိပ္ထားက ဝိုင္းေလး၏ဘယ္ဘက္လက္ကို
ဆဲြေပးထားၿပီး ဝိုင္းေလးကေတာ့
ေျခေထာက္တစ္ဖက္ကို ဆန႔္ထုတ္၍ တံတားအနီးမွ
ၾကာပန္းကို မမွီပဲလွမ္းခူးေနရေလသည္။
ေရေၾကာက္သူမို႔ ေျခေတြလက္ေတြက
ခ်မ္း၍တုန္ယင္ေနသလို ျဖစ္ေနၿပီးၾကာပန္းကို
လံုး၀ခူးလို႔မရေပ။
"ဟဲ့..ဆဲြထားရတာငါလက္နာလာၿပီေနာ္..
ျမန္ျမန္ရေအာင္ခူးစမ္းပါ.."
"ဝိုင္းေလးမမွီဘူးမမရဲ့...ဝိုင္းေလးေၾကာက္တယ္
အဟင့္.."
ေၾကာက္လြန္းလို႔ ဝိုင္းေလးထငိုေတာ့
ခင္ထိပ္ထားဦးဟာ သနားရမၫ့္အစားပိုလို႔
ၾကၫ့္မရျဖစ္လာေလသည္။
"ဒီေလာက္ေလးေတာင္ အျဖစ္မရိွဘူး..
အေပၚကေနလွမ္းခူးလို႔မရရင္..ေရထဲကိုဆင္းခူး
သြား..."
"အား!!!!!"
အားႏွင့္ပခံုးမွတြန္းထုတ္လိုက္ေသာ ထိပ္ထားဦးေၾကာင့္ ေမဝိုင္းေလးသည္ ၾကာကန္ထဲသို႔
ေဘးတိုက္က်သြားခဲ့ေလသည္။
ေရမကူးတတ္ေပမဲ့ အသက္ရွင္သန္ဖို႔
အျပင္းအထန္ရုန္းကန္ေနမိေသာ
လူတစ္ေယာက္ျဖစ္၍ ေရေပၚသို႔ျပန္ျပန္ေပၚလာတတ္ကာ
ခင္ထိပ္ထားဦးကို လာကယ္ေပးဖို႔
အသနားခံ၍ ေအာ္ဟစ္မိေလေတာ့သည္။
"မမေရ..အား!!!!"
ေရေပၚသို႔ ျပန္ေပၚလာသၫ့္ေနာက္ဆံုးအႀကိမ္ေလး
အထိ အစ္မျဖစ္သူကိုေအာ္ေခၚခဲ့ေပမဲ့
ငယ္ရြယ္ေသာဘ၀မွာပင္ ရက္စက္ေသာ
ႏွလံုးသားရိွသၫ့္ ခင္ထိပ္ထားဦးကေတာ့
တံတားေပၚတြင္ မတ္တပ္ရပ္၍ေလွာင္ရယ္ေနခဲ့ေလသည္။
ေမဝိုင္းေလးဟာ ေျခကုန္လက္ပန္းက်၍
လက္ေလ်ွာ့လိုက္ဖို႔ ဆံုးျဖတ္လိုက္သၫ့္အခ်ိန္မွာေတာ့ ေရျပင္၏မာယာၫႊတ္ကြင္းထဲတြင္
ပိတ္မိသြားခဲ့ေလသည္။
ေရျပင္ေပၚတြင္ က်ေရာက္ေနေသာေနေရာင္က
သူမကိုလာကယ္တင္ေပးရင္ ေကာင္းမည္ဟု
ေတြးလိုက္မိေပမဲ့ ေရေတြဟာအသက္ရႉလမ္းေၾကာင္းတစ္ေလ်ာက္ စီး၀င္လာသၫ့္အခါမွာ
ေတာ့ မ်က္၀န္းေလးမ်ားမိွတ္က်သြားခဲ့ေလသည္။
အသက္ရွင္ႏိုင္မၫ့္ ေနာက္ဆံုးအခိုက္အတန႔္ေလး
တစ္ခုမွာ ဝိုင္းေလး၏လက္ကိုဖမ္းဆုပ္ေပးခဲ့သၫ့္
သန္မာေသာ လက္တစ္စံုဟာခါးေသးေသးေလးကို
ပါလာ၍ ဖက္တြယ္လာခဲ့သည္။
ခႏၶာကိုယ္ဟာ ေရြ့လ်ွားေနခဲ့ေပမဲ့ ေသဆံုးျခင္းႏွင့္
ရွင္သန္ျခင္း၏ေပါင္းကူးတံခါးအလယ္တြင္
ေရာက္ရိွေနေသာေၾကာင့္ သတိလည္လာျခင္းေတာ့
မရိွခဲ့ေပ။
ေျခာက္ေသြ့ေသာ သစ္ရြက္ေတြေပၚတြင္ သတိေမ့ေနခဲ့ေသာ ဝိုင္းေလးကိုအသက္ျပန္ရွင္လာဖို႔ရန္
ႀကိဳးပမ္းေနသူတစ္ေယာက္ရိွခဲ့သည္။
သတိျပန္ရလာေစရန္ ရင္ဘတ္ကိုလက္ႏွစ္ဖက္ေထာက္ကာ အႀကိမ္မ်ားစြာကယ္တင္ဖို႔
ထိုသူဟာႀကိဳးပမ္းေနခဲ့သည္။
မရတဲ့အဆံုးမွာေတာ့ ႏွာေခါင္းကိုဖိၫွစ္ထားကာ
ဝိုင္းေလး၏ပါးစပ္မွေန၍ေလေတြကိုမႈတ္သြင္း၍
CPRလုပ္ေပးလာခဲ့သည္။
ေရေအာက္တြင္ မြန္းၾကပ္ခဲ့ရေသာခံစားခ်က္ႀကီးဟာ တျဖည္းျဖည္းေျပေလ်ွာ့လာသလို
ခံစားလာမိတယ္။
ေသလူတစ္ေယာက္ဟု ကိုယ့္ကိုကိုယ္သတ္မွတ္ခဲ့ၿပီးမွ တစ္စံုတစ္ေယာက္ေၾကာင့္ ျပန္၍ရွင္သန္ဖို႔
စိတ္အားထက္သန္လာမိတယ္။
တစ္စံုတစ္ေယာက္က ဖက္ေပးထားသလို
ေနြးေထြးေနခဲ့ၿပီး ေသဆံုးျခင္းမရဏတံခါး၀ဆီသို႔
ေျခလွမ္းေနခဲ့ေသာ ဝိုင္းေလးကိုရွင္သန္ေစလို၍
ေအာ္ေခၚသံေနသၫ့္အသံကို ၾကားလိုက္ရတယ္။
မထင္မွတ္ထားေလာက္ေအာင္ ေပ်ာ္ရႊင္သြားခဲ့ၿပီး
ရွင္သန္ျခင္းဘက္အျခမ္းသို႔ ျပန္၍ေရာက္ရိွလာခဲ့တယ္။
"ေမဝိုင္းေလး..မင္းမေသရဘူးေနာ္..."
ဝိုင္းေလးကို ျပန္ရွင္သန္လာဖို႔ေအာ္ေခၚေနေသာ
လူတစ္ေယာက္၏ အသံကိုရွင္းလင္းစြာ
ၾကားလိုက္ရေလၿပီ။
ႏႈတ္ခမ္းထက္တြင္ ေအးစက္ေသာအထိအေတြ့
တစ္ခုကို ခံစားလိုက္ရတိုင္း ေအာက္စီဂ်င္
ပမာဏကိုပိုမိုရရိွလိုက္သလို ခံစားရေစသည္။
မ်က္ႏွာေပၚသို႔ ေရစက္ေတြက်လာတာကို
သတိထားမိလာသည္အထိ အာရံုေၾကာေတြ
ျပန္၍ အလုပ္လုပ္လာခဲ့ေလၿပီ။
မ်က္လံုးေတြကို တျဖည္းျဖည္းဖြင့္ၾကၫ့္လိုက္ေသာအခါ ေနေရာင္ကိုမျမင္ရေပ။
အဘယ္ေၾကာင့္ဆိုေသာ္ ဝိုင္းေလး၏
မ်က္၀န္းေတြေပၚမွာ ေရစိုရႊဲေနေသာဆံစေတြဟာ
လာအုပ္ေနၿပီး ႏွာေခါင္းကိုလည္းပိတ္ထားကာ..
"အား!!!!!"
"ဗြမ္း!!!!!"
ထိုလူ၏နားတၫ့္တၫ့္ကို ေအာ္ထၫ့္ပစ္လိုက္ၿပီး
သူ႔ရင္ဘတ္ကို ပိတ္တြန္းျပစ္လိုက္သၫ့္အခါမွာေတာ့ သူဟာေရထဲသို႔ထိုင္လ်ွက္ကေန
ပက္လက္လန္က်သြားေလေတာ့သည္။
"ေမဝိုင္းေလး..ငါမင္းကိုေသရာကေနျပန္ကယ္ထားတဲ့ လူေနာ္..မင္းဘယ္လိုလုပ္လိုက္တာလဲ...."
ေသခ်ာၾကၫ့္လိုက္ေတာ့မွ ေရကန္ထဲသို႔
က်သြားသူမွာ မင္းစက္အာဏာျဖစ္ေနေလသည္။
ဝိုင္းေလးက ေရကန္ေပၚကိုဘယ္လိုလုပ္ၿပီး
ေရာက္ေနခဲ့တာလဲ။
ေရထဲက္ု ျပဳတ္က်သြားခဲ့တာမဟုတ္ဘူးလား။
ဒါဆိုရင္ သူကဝိုင္းေလးကိုကယ္ခဲ့တာေပါ့။
ဝိုင္းေလးဆယ္ႏွစ္အရြယ္ေလာက္တုန္းကလည္း
မမထိပ္ထားေၾကာင့္ ေရထဲကိုက်ခဲ့ဖူးတယ္။
အဲ့တုန္းကလည္း လူတစ္ေယာက္က ဝိုင္းေလးကို
ကယ္ေပးခဲ့ၿပီး ဒီလိုပဲအသက္ျပန္ရွင္ေအာင္
လုပ္ေပးခဲ့တယ္။ဒါေပမဲ့ သူဘယ္သူလဲဆိုတာ
ဝိုင္းေလးမမွတ္မိေတာ့ဘူး။
ဝိုင္းေလးသတိျပန္ရလာတဲ့အခ်ိန္မွာ ေဆးရံုေပၚကို
ေရာက္ေနခဲ့တာေၾကာင့္ပါပဲ။
"ရွင္ကၽြန္မကိုCPRလုပ္ေပးခဲ့တာလား..."
ေရထဲမျွပန္တက္ဖို႔လုပ္ေနေသာ မင္းစက္အဖို႔
ျပဴးျပဴးျပာျပာျဖင့္ ကိုယ့္ႏႈတ္ခမ္းကိုယ္လက္ႏွင့္
ျပန္အုပ္ကာ ေအာ္ေျပာေနသၫ့္မိန္းမကို
အျမင္ကပ္ကပ္ႏွင့္ မ်က္ေမွာင္ႄကံု႔၍ၾကၫ့္လိုက္မိေလသည္။
အသက္ကယ္ေပးတဲ့လူကိုမ်ား သူကပဲ
ရြံရွာသလို ပံုစံလာဖမ္းေနေသးတယ္။
ဘယ္လိုမိန္းမပါလိမ့္။
ကိုယ္ကပဲသူ႔ရဲ့ အဲ့ဒီ့ျဖဴစြတ္ေနတဲ့
ႏႈတ္ခမ္းျပာျပာႀကီးကိုသိပ္တပ္မက္ေနတယ္
ထင္ေနသလား မသိဘူး။
"ဘာလဲ..မင္းကအသက္ရွင္ရတာကိုမႀကိဳက္လို႔လား..ေက်းဇူးမတင္တဲ့အျပင္..
ငါ့ကိုပါ ျပန္လာေအာ္ေနတယ္.."
"အသက္ကယ္တာေတာ့ကယ္တာေပါ့...
ဒါေပမဲ့ CPRလုပ္ေပးဖို႔ရွင့္အလုပ္သမား
မိန္းကေလးတစ္ေယာက္ေယာက္ကို ေျပးေခၚလိုက္လို႔မရဘူးလား...ရွင္လုပ္ေပးစရာမွမလိုတာ"
"မင္းကငါ့ကိုရြံေနတာေပါ့ဟုတ္လား...
မင္းကို..ငါကသိပ္ကယ္ခ်င္ေနတယ္လို႔
ထင္ေနတာလား
ငါ့ေရကန္ထဲမွာ ဆန႔္ဆန႔္ႀကီးေသေနမွာစိုးလို႔
ကယ္ေပးတာ..ေရနစ္ထားလို႔ျပာႏွမ္းေနတဲ့
ကိုယ့္ရုပ္ကိုလည္း မွန္ထဲမွာျပန္ၾကၫ့္လိုက္အံုး
ေတာ္ေတာ္ စဲြမက္ခ်င္စရာရုပ္ဆိုေတာ့.."
"ရွင္ေနာ္..."
လူကိုမ်ား ေျပာလိုက္တာရစရာကိုမရိွဘူး။
အဲ့ဒီ့ပါးစပ္ႀကီးက ဘာလို႔မ်ားခ်ိဳသာတဲ့စကားေတြ
ထြက္ရမွာ သိပ္ခက္ခဲေနသလဲမသိဘူး။
စိတ္တိုလာ၍ ရန္ထပ္ေတြ့ဖို႔သူ႔ဘက္ကို ၾကၫ့္လိုက္ေတာ့ ေရကူးကန္ေပၚသို႔ ျပန္တက္လာေသာ
မင္းစက္အာဏာသည္ ခႏၶာကိုယ္ေပၚတြင္
ေရကူးေဘာင္းဘီတစ္ထည္သာ ရိွ၍ေနသည္။
အသားအရည္က ျဖဴ၀င္းေနၿပီး၀မ္းဗိုက္ေနရာမွာလည္း ႂကြက္သားအဖုအထစ္ေတြက
ေတာ္ေတာ္ေလးကို ၾကၫ့္၍ေကာင္းေနသည္။
"ၾကၫ့္လို႔၀ရင္လည္း ကိုယ့္အိမ္ကိုယ္ျပန္ေတာ့..."
မင္းစက္အာဏာက ထေျပာလိုက္ေတာ့
ေမဝိုင္းေလးလည္း ရွက္ရမ္းရမ္းကာ
အျခားဘက္သို႔ ေခါင္းကိုေစာင္းခ်ျပစ္လိုက္ရေလသည္။ေရနစ္ထား၍ ျဖဴဖက္ေနေသာမ်က္ႏွာႀကီးသည္ ရွက္လြန္း၍ျပန္ရဲတက္လာခဲ့သည္။
"ကၽြန္မကိုအိမ္ျပန္ေစခ်င္ရင္..ရွင္ကိုယ္တိုင္
ကၽြန္မကိုျပန္လိုက္ပို႔ေပးရမယ္..."
"ဘာ..."
"ဟုတ္တယ္...ဖြားဖြားႏုကၾကည္ၾကည္ကေနတစ္ဆင့္ ကၽြန္မကိုလိမ္ေခၚၿပီးရွင့္အိမ္ကို
ပို႔လိုက္တာ...အဲ့ဒါေၾကာင့္အိမ္ကိုျပန္လိုက္ပို႔ဖို႔
ရွင့္ကို ကၽြန္မလာရွာတာ..."
"ဒါဆိုအဖြားက မင္းကိုငါ့ဆီမွာေနေစခ်င္တာေပါ့.."
သူ႔စကားေၾကာင့္ အံ့ဩလြန္း၍ သူ႔ကိုေမာ့ၾကၫ့္
လိုက္မိသည္။
ဘယ္လိုစကားမ်ိဳးႀကီးလဲ။
သူနဲ႔ဝိုင္းေလးက လက္ထက္ထားၿပီးသားလူေတြမို႔
အဖြားက သူ႔အိမ္မွာေနေစခ်င္တာကို
သူစိမ္းတစ္ေယာက္ကို ေခၚထားရမဲ့ေလသံမ်ိဳး
လာဖမ္းေနပါလား။
သူ႔အိမ္မွာ ေနမွာကိုလက္မခံခ်င္တဲ့သေဘာေပါ့။
ဝိုင္းေလးမွာ ေဒါသထြက္လြန္းလို႔ ဘယ္လို
စကားလံုးမ်ိဳးနဲ႔ ဆဲရမွန္းေတာင္မေရြးတတ္ေတာ့ဘူး။
"ရွင္ကကၽြန္မကိုဒီမွာမေနေစခ်င္တဲ့သေဘာလား.."
"ကိုယ့္ရုပ္ကေရာ..အရမ္းေနေစခ်င္တဲ့ပံုေပါက္ေနလို႔လား..."
ဝိုင္းေလးဘက္သို႔ မ်က္ႏွာေတာင္တၫ့္တၫ့္
လွၫ့္၍ၾကၫ့္မေျပာပဲ မ်က္၀န္းေဒါင့္မွသာ
အၾကၫ့္တစ္ခ်က္ေပးၿပီးမေက်နပ္သလိုႏွင့္
အျခားတစ္ဖက္သို႔ သူ႔မ်က္ႏွာျပန္လႊဲသြားေလသည္။
ငါဒီအိမ္ကို ေျပာင္းလာမွာကို သူေသေအာင္
ေၾကာက္ေနတယ္ေပါ့ေလ။
သူအိပ္ေနတဲ့အခ်ိန္မွာ သီခ်င္းေအာ္မိတာေတာင္
အလုပ္ျဖဳတ္တဲ့လူႀကီး..ဒင္းရဲ့ဘ၀ကို
အိမ္မွာေရာအလုပ္မွာပါ ေျဗာင္းဆန္ေနေအာင္
ဒုကၡေပးျပမယ္။
"အစကေတာ့ ရွင့္ဆီကပိုက္ဆံေခ်းၿပီးေတာ့ပဲ
ျဖစ္ျဖစ္ ဖြားဖြားႏုတို႔အိမ္ကိုျပန္မလို႔ပဲ
ဒါေပမဲ့ေသခ်ာစဉ္းစားၾကၫ့္လိုက္ေတာ့
ဖြားဖြားႏုတို႔ အိမ္ကလည္းကၽြန္မရဲ့အိမ္မွ
မဟုတ္တာ..ကၽြန္မကရွင္နဲ႔ယူထားမွေတာ့
ရွင္ရိွတဲ့ေနရာမွာပဲ လိုက္ေနရမွာေပါ့..
လူႀကီးေတြကေျပာၾကတယ္..
အိမ္ေထာင္က်သြားၿပီဆိုတာနဲ႔
ကိုယ့္ဘ၀ကိုယ္မပိုင္ေတာ့ဘူးတဲ့..
လင္နဲ႔မယားဆိုတာ ဆြယ္ေတာ္ရြက္ကေလးလိုပဲ
ႏွစ္လႊာေပါင္းမွတစ္ရြက္တဲ့ေလ...
အဲ့ေတာ့ မယားပစၥည္းလည္းလင္ပိုင္သလို
လင္ပစၥည္းလည္း မယားပိုင္တာေပါ့...
ဒီလိုဆိုမွေတာ့ ရွင့္အိမ္မွာပဲကၽြန္မတစ္သက္လံုး
ေနဖို႔ဆံုးျဖတ္လိုက္ၿပီ..."
ေမဝိုင္းေလးကေတာ့ ကိုယ္ေျပာခ်င္တာေျပာၿပီး
ထြက္သြားခဲ့ေပမဲ့ မင္းစက္အာဏာကေတာ့
မ်က္ေမွာင္ႀကီးႄကံု႔လ်ွက္ သူမ၏ေနာက္ေက်ာကို
ၾကၫ့္ကာ က်န္ခဲ့ေလသည္။
တစ္ကိုယ္လံုးႂကြက္စုတ္ေလးလို ျဖစ္ေနကာ
အ၀တ္ပါးေလးႏွင့္ ျမင္ရေတြ့ရမရႈမလွ
ျဖစ္ေနသၫ့္ သူမကိုအထင္အျမင္ေသးစြာ
ျဖင့္ ရယ္လိုက္မိေလသည္။
"မယားပစၥည္းလည္းလင္ပိုင္သလို
လင္ပစၥည္းလည္း မယားပိုင္တယ္တဲ့
ေတာ္ေတာ္ေျပာတတ္တဲ့ပါးစပ္ေလးပဲ
သူ႔ၾကၫ့္ေတာ့ ဖိနက္တစ္ဖက္ပဲစီးထားၿပီး
ေျပာသြားလိုက္တာက ေလႀကီးမိုးႀကီးနဲ႔..
ဘာပစၥည္းေတြမ်ားပိုင္ေနသလဲမသိဘူး..."
အခန္း(၁၂)ဆက္ရန္...
😀😀😀😀😀
လင္ကလည္းမယားကိုႏိွမ္
မယားကလည္းသူ႔လင္ကိုတစ္စက္မွၾကၫ့္မရနဲ႔
ဟုတ္ေတာ့ဟုတ္ေနၿပီ..
(ေနာက္ေန့မွအခန္းရွည္ရွည္ေလးေရးေပးမယ္ေနာ္)

ဘယ်ပစ္စည်းကိုပိုင်တာလဲဟင် 🤩
ReplyDeleteUpdate လေး မြန်မြန်ထွက်ပပါနော် မျှော်ရတာလည်ပင်းရှည်နေပါပီ😁
ReplyDeleteလေပြည်နဲ့မေဝိုင်းတွေ့ပြီးမှ မင်းစက်တွေ့မယ်
ReplyDeleteစောင့်ရတာအမော တစ်နေဘဘယ်နှခေါက်ဝင်ကြည့်မှန်းကိုမသိ
ReplyDeleteရှည်ကှည်လေးရေးပါနော်
😍ေမ်ာ္ေနပါမယ္ 😍
ReplyDeleteUpdateလေးမျှော်နေပါတယ်
ReplyDelete12ရှာမတွေ့ဘူး
ReplyDelete