အခန်း၃ 💘မာနမင်းသားနှင့်ရွှေဖူးစာ💘



(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


 အခန်း၃

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


ဝိုင်းလေး၏ နားထဲတွင်ခလုတ်တွေကို

နှိပ်နေသလိုမျိုး တဒေါက်ဒေါက်အသံတွေကို

ကြားနေရလေသည်။

ခုံပေါ်တွင် လက်ကိုခုပြီးအိပ်နေမိ၍

ညာလက်တစ်ခုလုံး ထုံကျဉ်လာသည်။

ဝိုင်လေး ဒီကိုစရောက်သောအချိန်မှာ

နေပူပါသေးတယ်။


အခုတော့ နေ၀င်ချိန်တောင်ရောက်နေလေပြီ။

ခုံပေါ်မှ ခေါင်းထောင်၍အရှေ့သို့

ကြည့်လိုက်မိသောအခါ

ယောက်ျားတစ်ယောက်သည်ဝိုင်းလေးနှင့်

 မျက်နှာချင်းဆိုင်တွင် လက်ပ်တော့

ထိုင်နှိပ်နေတာကို တွေ့လိုက်ရသည်။


သူဟာ အခြားသူမဟုတ်ပဲ မင်းစက်အာဏာပင်ဖြစ်သည်။

နေ၀င်ဆည်းဆာအရောင်ဟာ သူ၏မျက်နှာပေါ်တွင် လွှမ်းမိုးနေ၍ ပုံမှန်ထက်ပင်အရှိန်အဝါ

တောက်နေသယောင် ထင်ရသည်။

လက်ပ်တော့၏မျက်နှာပြင်မှ အလင်းရောင်သည်

သူ၏စူးရှနေသော မျက်၀န်းတွေထဲတွင်

ရောင်ပြန်ဟပ်လျှက်ရှိပြီး သူသည်လည်း

ခလုတ်များနှင့် ပေါ်ပေါက်လာသောဒေတာများပေါ်တွင်သာ အာရုံရောက်နေခဲ့သည်။


မေဝိုင်းလေးကတော့ ထိုလူ၏လုပ်ရပ်ကို

အံ့အားသင့်လျှက် ‌မျက်မှောင်ကြုံ့လိုက်မိလေသည်။

ဘယ်အချိန်တည်းက သူရောက်လာမှန်းမသိပေမဲ့

သူ့ကို အချိန်အကြာကြီးစောင့်ခဲ့ရတဲ့

ဝိုင်းလေးကို နှိုးဖို့တော့ကောင်းတာပေါ့။


"ရှင်အဲ့ဒါဘာလုပ်နေတာလဲ..."


ဝိုင်းလေး၏အသံကိုကြားတော့မှ ပင်ပန်းနွမ်းနယ်နေဟန်ရှိသောမျက်၀န်းတွေနှင့် မော့ကြည့်လာပြီး.. 


"ခဏလေးနော်.."


လက်ကိုလေထဲ၌ တစ်ချက်မျှဝေ့ရမ်းပြလိုက်ပြီး

သူ့အလုပ်ကို ဆက်လုပ်နိုင်ဖို့ခွင့်တောင်းလာသည်။


*အခုအခြေအနေက..ဘာကြီးလဲ..

မကြာခင်မှာ..လက်ထက်ရတော့မဲ့

သူ့ရဲ့ဇနီးလောင်းကို..မရှိသလိုလုပ်နေတာလား

သူ့အတွက်..ဒီမင်္ဂလာပွဲကအရေးမပါဘူးလို့

ဆိုလိုလိုက်တာလား...

နေ့ခင်းနှစ်နာရီလောက်တည်းက

ထိုင်စောင့်နေခဲ့ရတဲ့လူကို အခု‌လည်းဆက်စောင့်ခိုင်းနေတာ တကယ်ကိုတရားလွန်တယ်..*


နေရင်းထိုင်ရင်းနှင့် လျစ်လျူရှုခံလိုက်ရသောကြောင့် အရမ်းရှက်ရွံ့လာမိသည်။

မကြာခင်မှာ ကိုယ်ဘ၀တစ်ခုလုံးပုံအပ်ရတော့မည့်

လူဟာ အခုတည်းကအထက်စီးဆန်စွာ

ပြုမူနေပြီဆိုတဲ့ ခံစားချက်ကြီးက

တစ်သက်လုံး သူ့ကိုအရှုံးပေးရတော့မည်ဟု

ဆိုလိုလိုက်သလိုပဲ...

သူ့လုပ်ရပ်တိုင်းကို မှန်မှန်မှားမှား

လက်ခံပြီး သူ့ခြေရင်းမှာ၀ပ်ဆင်းပေးရမဲ့

မိန်းမတစ်ယောက်လို့ ဝိုင်းလေးကို

သတ်မှတ်လိုက်တာလား...."


"ဘုန်း!!!!"


စားပွဲကို လက်ဖဝါးနှင့်ရိုက်ချလိုက်ပြီး

ဝိုင်းလေး မတ်တပ်ထရပ်လိုက်တော့မှ

အနှောက်အယှက်ဖြစ်သွားသလို အမူအရာနှင့်...


"မင်းဘာလုပ်တာလဲ..

ငါဒီမှာအလုပ်လုပ်နေတယ်လေ.."


ဗြောင်ကျကျပြောလိုက်သည့် သူ့စကားကြောင့်

မခံမရပ်နိုင်အောင် ဒေါသထွက်မိ၍

အံကို ဖိကြိတ်လိုက်မိသည်။


"ဒါဆိုရင် ရှင်ကဒီကိုအလုပ်လုပ်ဖို့လာတာပေါ့..

မယုံနိုင်စရာပဲ..ကျွန်မရှင့်ကိုနာရီ၀က်ကျော်လောက်

စောင့်နေခဲ့တာနော်..ရှင်ရောက်နေတဲ့အချိန်မှာ

ဘာလို့ ကျွန်မကိုမနှိုးရတာလဲ.."


 ဒေါသသံနှင့်ပြောလိုက်တော့မှ

သူ့လက်ပ်တော့ကို အနည်းငယ်ငိုက်ချလိုက်ပြီး

လက်နှစ်ဖက်အား ပိုက်ကာဝိုင်းလေးကို

စူးရဲစွာ စိုက်ကြည့်လာတော့သည်။

သူ့မျက်နှာမှာတော့ အပြစ်ရှိစိတ်၊တောင်းပန်လိုစိတ်

ဆိုသည့် ခံစားချက်မျိုးဟာမြူတစ်မှုန်စာတောင်

ထင်ကျန်မနေပေ။


"နှိုးရအောင် ကိုယ်တို့နှစ်ယောက်ကြားမှာ

ဘာတွေများ ပြောစရာရှိနေလို့လဲ..

ကိုယ်ရောက်လာတဲ့အချိန်မှာ မင်းအိပ်နေတယ်လေ

မင်းကိုမနှောက်ယှက်ချင်လို့

မင်းနိုးလာမဲ့အချိန်အထိ စောင့်ပေးရင်းနဲ့

ကိုယ်လုပ်စရာရှိတာကို လုပ်နေတာ..

ကိုယ်ဘာမှားလို့လဲ..."


သူဘာမှားလို့လဲတဲ့ အော်ပြီးသာရယ်ပြစ်လိုက်ချင်တယ်..တကယ်ကိုအာဏာရှင်ပီသပါပေတယ်..။


"..ကျွန်မတို့ကနောက်နှစ်ပတ်ဆိုရင်

လက်ထက်ရတော့မယ်ဆိုတာကို ရှင်မေ့နေတာလား

 ရှင့်အတွက် လက်ထက်တယ်ဆိုတာက 

တန်ဖိုးကြီးလက်စွပ်နှစ်ကွင်းကို အလဲအလှယ်

လုပ်လိုက်ရုံပဲလို့ ထင်နေတာလား.."


"မဟုတ်လို့လား..!!!!"


သူပြောလိုက်သည့်စကားက တိုတောင်းပေမဲ့

သူ့ကိုလက်ထက်ရမည့် ဝိုင်းလေးကို

ထိတ်လန့်သွားစေတာတော့ အမှန်ပဲ..။

*ဘုရားရေ..ဒီလိုလူကိုဝိုင်းလေးက

လက်ထပ်ရမယ်တဲ့....*


"ရှင့်ရဲ့အိမ်ထောင်ရေးက..ရှင်နှိပ်နေတဲ့

လက်ပ်တော့ခလုတ်တွေလောက်တောင်

အရေးမပါရင်..ဘာလို့ဒီမင်္ဂလာပွဲကို

မငြင်းခဲ့ရတာလဲ..လာတောင်းရမ်းတဲ့နေ့က

ဘာလို့ငြိမ်ပြီးထိုင်နေခဲ့တာလဲ..

ကျေးဇူးပြုပြီးတော့ ရှင့်ဘက်ကနေ

ဒီလက်ထက်ပွဲကို ဖြတ်သိမ်းကြောင်းငြင်းပေးပါ...

အချိန်မလွန်ခင် နောက်ဆုတ်လိုက်တာ

အကောင်းဆုံးဖြစ်လိမ့်မယ်.."


မေဝိုင်းလေး၏ စကားကြောင့်မင်းစက်၏

မျက်နှာသည်  ချက်ချင်းတင်းမာလာခဲ့သည်။

မင်းစက်အာဏာကို လက်ထက်ပွဲ‌လေး

တစ်ခုအတွက် အချိန်ပေးစေချင်တာလား။

အံ့ဩစရာပဲ။

ဒီမိန်းကလေးက ဘယ်လိုသတ္တိမျိုးတွေနဲ့

သူ့ကို လာပြီးအပြစ်တင်နေရတာလဲ။

ဒီလိုလာတွေ့ဖို့ကိုတောင် အမေကတိုက်တွန်းလို့ဟု

ပြောလိုက်ရင် ထတောင်ခုန်မလားပဲ။


မင်းစက်အာဏာဆိုတာ ကိုယ့်ခံယူချက်၊

ကိုယ့်ရပ်တည်ချက်ကို ဘယ်တစ်ဦးတစ်ယောက်

ကြောင့်မှ ပြောင်းလဲပြစ်မည့်လူစားမျိုးမဟုတ်ဘူး။

အများရဲ့အမြင်မှာတော့ ရွှေဇွန်းကိုက်ပြီး

မွေးဖွားလာသူပေါ့။

ဘယ်အရာမဆို လွယ်လွယ်လေးတလိုက်ရုံပဲဆိုပြီး

လပ်ကီးဘွိုင်းလို့ သတ်မှတ်‌ကြတယ်။


လူတစ်ယောက်ကို ကံဆိုတာကဘယ်အချိန်အထိ

မျက်နှာသာပေးနိုင်မှာလဲ။

တကယ်သာလပ်ကီးဘွိုင်းဆိုရင် သူ့ဘ၀ကြီးက

ပျော်ရွှင်မှုတွေနဲ့သာ ပြည့်နှက်နေခဲ့ရမှာပေါ့။

ဆယ်ကျော်သက်အရွယ်တည်းက

ကိုယ့်ဘ၀၊ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ့်ရဲ့ပုံစံအတိုင်း

ရပ်တည်ရှင်သန်ခဲ့တယ်။

ဘယ်သူ့ကိုမှမမှီခိုခဲ့သလို တွယ်တာမှုတွေကိုလည်း

ကျောခိုင်းခဲ့ပြီးသား။


မိန်းမတစ်ယောက်ကို ယူပြီးအာရုံအနောက်ခံမဲ့

လူစားမျိုးလို့ သတ်မှတ်ထားရင်သိပ်မှားသွားမှာပေါ့။သနားလို့ ပေးထားတဲ့အခွင့်အရေးကို

ဒီကောင်မလေးက အလိုက်မသိတတ်မှတော့

ပွဲကပြီးပြီပဲ..။


"..ကောင်မလေး..မင်းတကယ်ပဲ..

ဒီလက်ထက်ပွဲကို..ဖြတ်ခိုင်းနေတာလား.."


"ဟုတ်တယ်..ရှင့်လိုအိမ်ထောင်ရေးတစ်ခုကို

အလေးအနက်မထားတတ်တဲ့လူမျိုးနဲ့

ကျွန်မလက်မထက်နိုင်ဘူး..."


"အဟင်း..."


မင်းစက်၏နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ခုပေါ်ထွက်လာသည်။

သူ့မျက်လုံးအကြည့်များသည်

မေဝိုင်းလေး၏ စကားကိုလှောင်ပြောင်လိုသော

သဘောရှိနေပြီး ခုံပေါ်သို့လက်တင်ကာ

မေးထောက်လျှက် မထီမဲ့မြင်ပြုမူနေခြင်းက

မေဝိုင်းလေးကို ပို၍မခံမရပ်နိုင်ဖြစ်လာစေသည်။


"မင်းပြောတာမှန်တယ်

အိမ်ထောင်ရေး..လက်ထပ်ပွဲ..

ဒါတွေကငါ့အတွက်တော့ ဖဲကစားလို့နိုင်သွားတဲ့

ခံစားချက်လောက်တောင် အရေးမပါဘူး..

အပေါ်ယံလိမ်ညာမှုတွေနဲ့ အစမှာတော့

ချိုမြချင်ယောင်ဆောင်ပြီးမှ အတွင်းထဲမှာ

ခါးသက်နေတဲ့ အိမ်ထောင်ရေးဆိုတဲ့အရာကို

ဘာကြောင့် ငါကအလေးအနက်ထားရမှာလဲ..."


"ရှင့်ကိုကြည့်ရတာ..မိသားစုတစ်ခုရဲ့

ချစ်ခြင်းမေတ္တာကို မကြုံတွေ့၊မခံစားခဲ့ရတဲ့

ဂြိုလ်သားတစ်ယောက်လိုပဲနော်..

အိမ်ထောင်တစ်ခုဆိုတာ လူနှစ်ယောက်

လက်ထက်လိုက်ရုံနဲ့ ပြီးသွားတာမဟုတ်ဘူး..

လက်ထက်ပွဲဆိုတာ လူနှစ်ယောက်ရဲ့

ပစ္စုပ္ပန်နဲ့အနာဂတ်ကို ပေါင်းစည်းလိုက်တဲ့

အသိသက်သေပဲ..

ချစ်ခြင်းမေတ္တာတွေ၊နွေးထွေးမှုတွေ၊

နားလည်မှုတွေနဲ့တည်ဆောက်ရမဲ့ ကမ္ဘာတစ်ခုကို

အလေးအနက်ထားစရာမလိုဘူးလို့

တွေးရင်တော့ ရှင်နဲ့စကားဆက်ပြောစရာ

ဘာကြောင်းမှ မရှိတော့ဘူးပေါ့..."


"ငွေရှိရင်အရာရာကို ဖန်တီးလို့ရတာပဲလေ..

မင်းပြောတဲ့အိမ်ထောင်ရေးက

ငွေသာမရှိရင် မလင်းနိုင်တဲ့မီးအိမ်တစ်ခုဆိုတာ

..မင်းလိုကလေးသာသာအဆင့်က

ဘယ်နားလည်ပါ့မလဲ..."


"..ကျွန်မကနွေးထွေးကြင်နာတတ်ပြီး

စိတ်သဘောထားပြည့်၀တဲ့တဲ့ခင်ပွန်းလောင်းကိုပဲ

အလိုရှိတာ..

..ငွေထုတ်စက်ကိုအလိုရှိတာမဟုတ်ဘူး

အခုရှင့်စကားတွေကို ကျွန်မရဲ့မိဘတွေသာ

ကြားသွားရင်..သူတို့သိပ်၀မ်းနည်းကြမှာ

သေချာတယ်.."


"အဲ့ဒါကမင်းရဲ့အထင်လေ..မင်းရဲ့မိဘတွေက

ငါ့ကိုဘာ‌ကြောင့်..သားမက်ဖမ်းချင်နေရတာလဲ

ငွေကြောင့်ပဲမဟုတ်ဘူးလား..မင်းလို

ဘာအရည်အချင်းမှမရှိတဲ့မိန်းကလေးကို

ငါ့ရဲ့ဇနီးလောင်းဖြစ်လာဖို့ အိပ်မက်မက်ရဲတဲ့

သူတို့ရဲ့သတ္တိကတကယ်ကို လေးစားစရာပဲ..

မင်းလိုချင်တဲ့ပုံစံအတိုင်း ဘာလို့နေပေးရမှာလဲ

ငါသာပြည့်စုံကြွယ်၀တဲ့လူတစ်ယောက်

မဟုတ်ဘူးဆိုရင်..မင်းလည်းဒီလက်ထက်ပွဲကို

သဘောတူမှာမဟုတ်ဘူး...

ငါပြောတာမှန်တယ်မဟုတ်လား..ကလေးမ..."


"ရှင်ဘာစကားပြောတာလဲ.."


လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ

သူ့ကို အော်ထည့်လိုက်မိသည်။

သူ့စကားတွေက ဝိုင်းလေးရဲ့ဂုဏ်သိက္ခာကို

သိပ်ထိပါးလွန်းလာတာကြောင့် မျက်ရည်တွေပါ

ချက်ချင်းဝဲတက်လာလေသည်။


သူ့စိတ်ထဲမှာ အစတည်းက၀ိုင်း‌လေးတို့မိသားစုကို

ငွေမက်လို့ သူ့ကိုအပိုင်ဖမ်းတယ်လို့

သတ်မှတ်ထားခဲ့တာပဲ။

‌မောက်မာလွန်းတဲ့ သူ့မျက်နှာကိုရှေ့မှာချထားတဲ့

ကော်ဖီခွက်နဲ့ ကောက်ပေါက်ပစ်လိုက်ချင်တဲ့အထိ

ဒေါသထွက်နေမိတယ်။


"ကျွန်မရဲ့မိသားစုကို ရှင်လာပြီးမဆော်ကားနဲ့

ရှင်က ဘာတွေများမက်မောစရာရှိနေလို့လဲ

ပိုက်ဆံချမ်းသာရုံနဲ့ ဂုဏ်မောက်နေတဲ့

ရှင့်လိုလူနဲ့ သေတဲ့အထိနေသွားရမှာထက်

ကိုယ့်ကိုကိုယ်ပဲ အဆုံးစီရင်လိုက်မယ်..."


ဒီနေရာမှာ သူ့လိုဘုကန့်လန့်နဲ့တစ်စက္ကန့်တောင်

မနေချင်တော့၍ အိမ်ပြန်ဖို့ကိုသာ

ရွေးချယ်လိုက်တော့သည်။

ဒါဟာ ဝိုင်းလေးရဲ့ဒုတိယ‌မြောက်

တစ်ဇွတ်ထိုးဆန်စွာ ပြုလုပ်လိုက်မိတဲ့

ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုပါပဲ။


ဒီကိုမလာခင်ကတောင် ဖွားဖွားဟာသေချာ

ညှိနှိုင်းခဲ့ဖို့  မှာလိုက်ပေမဲ့

ဝိုင်းလေးမလုပ်နိုင်တော့ဘူး။

အိမ်ထောင်ရေးကို အလေးအနက်ထားလွန်းသည့်

အမေနဲ့အဖွားသာ ဒီလူ့ရဲ့စကားတွေကိုကြားသွားခဲ့ရင် တကယ်ကိုသွေးတက်သွားနိုင်တယ်။


ရွှေသားမက်၊ငွေသားမက်ဆိုပြီး

သူတို့အထင်ကြီးနေတဲ့ဟာကြီးက ဒီလိုမောက်မာတဲ့

ပုံစံမျိုးဆိုတာ သိစေချင်လိုက်တာ။

မင်းစက်အာဏာရဲ့ မာနကြီးပုံတွေ၊ဂုဏ်မောက်ပုံတွေကို ကြားထားခဲ့ပေမဲ့ ဒီလောက်အထိ

ဘ၀င်ရူးလိမ့်မယ်လို့တော့

တကယ်ကိုမထင်ထားခဲ့တာ။


ဒါကြောင့် ညှိနှိုင်းလို့ရမယ်ထင်ပြီး တွေ့ဆုံဖို့

ကိုယ့်ဘက်ကနေပဲ တောင်းဆိုခဲ့မိတယ်။

ဒီလူဟာ ကောလဟာလတွေအတိုင်း

သူသည်သာအကောင်းဆုံး၊အတော်ဆုံး

အခြားဘယ်သူ့ကိုမှ လှည့်မကြည့်တတ်တဲ့လူဆိုတာ

သေချာသွားခဲ့လေပြီ။

မိုက်ရိုင်းရင်တောင် လိမ္မာအောင်ဆုံးမလို့

ရပါအုံးမယ်။

ဒီလူကတော့ မာန်တက်နေတဲ့စိတ္တဇသမားကြီးမို့

အရူးထောင်ကို ပို့မှပဲရမယ်။


*ဒီလို အရူးကောင်မျိုးနဲ့ မင်္ဂလာဆောင်ဖြစ်ရင်

ငါဟာအရူးမဖြစ်သွားလို့ပဲနေလိမ့်မယ်...*


"ကောင်မလေး...မင်းရဲ့ဆုံးဖြတ်ချက်ကို

နောင်တမရမိစေနဲ့နော်..."


ဝိုင်းလေးသူ့ကို ကျောခိုင်းလိုက်သည့်အချိန်မှာ

ထပ်မံပြီး ခနဲ့သည့်စကားမျိုးပြောလာပြန်သည်။

လက်ကိုင်အိတ်လေးကို ကျစ်နေအောင်

ဆုပ်ကိုင်လိုက်ပြီး ဆံပင်ရှည်ကြီးများကို

လေထဲမှာ ဝဲကနဲဖြစ်သွားသည်အထိခါထုတ်ကာ

သူ့ဘက်သို့ လှည့်ကြည့်၍ မဲ့ပြုံးဖြင့်

မျက်စောင်းထိုးပြစ်လိုက်သည်။


"ရှင့်ကိုများ..ဒီကလည်းမမက်မောဘူး

..ကျွန်မမှာနာမည်ရှိတယ်..

ကောင်မလေးလို့လာမခေါ်နဲ့..."


ငယ်ငယ်က ကလောကိုအလည်လာတဲ့အချိန်တွေမှာ

"ဟိုကောင်မလေး..ဟဲ့ကောင်မလေး.."ဆိုပြီး

လူကိုအထင်သေးသလို၊ရွံရှာသလို ခေါ်ခဲ့တဲ့

အဲ့ဒီ့အသုံးအနှုန်းကို သိပ်မုန်းတာပဲ။


ခပ်ဝေးဝေးကိုရောက်တော့မှ နောက်ကို

ပြန်လှည့်ကြည့်လိုက်မိသောအခါ 

မုန်းစရာကောင်းတဲ့ အဲ့ဒီ့လူကသူ့လက်ပ်တော့ကို

ပြန်နှိပ်နေလေရဲ့။

ဝိုင်းလေးကသာ စိတ်တွေတိုနေခဲ့တာ။

သူကတော့ အေးဆေးပဲ။


*တကယ်ပဲ...နှလုံးသားမဲ့တဲ့နတ်ဆိုးကြီးပါလား..

အလုပ်မှာမယုမွန်ပြောခဲ့တဲ့..

ငါတို့သူဌေးဟာ..အလုပ်သရဲဆိုတဲ့စကား..

သိပ်မှန်တာပဲ...

*..သေတာတောင်ကျွတ်မှာမဟုတ်ဘူး"


🌻🌻🌻🌻🌻🌻🌻🌻🌻🌻


မင်းစက်ကတော့ မေဝိုင်းလေးထွက်သွားသော

ခုံနေရာလေးမှာပဲ သူ့ရဲ့ထိုင်းမှာအသစ်တိုးချဲ့မည့်

ပရောဂျက်ကိုအပြီးသတ်လိုက်လေသည်။

ဒီပရောဂျက်ကို အချိန်သုံးပတ်တိတိယူကာ

သူရေးဆွဲခဲ့ပြီး နောက်ဆုံးတော့လက်တွေ့အကောင်

အထည်ဖော်ဖို့သာ ကျန်တော့သည်။


လက်ပ်တော့ကိုပိတ်ကာ မှာထားသောကော်ဖီခွက်ကို ယူသောက်လိုက်တဲ့အချိန်မှာတော့

ကော်ဖီတွေက အေးစက်နေလေပြီ။

သူ့မျက်နှာချင်းဆိုင်ရှိ ကောင်မလေးထိုင်သွားခဲ့သော နေရာတွင်တော့ကော်ဖီတစ်၀က်သာ

ကုန်သေးသည့် ဖန်ခွက်နှင့်ချောကလက်

ကိတ်မုန့်အပဲ့လေးကို တွေ့လိုက်ရသည်။


"အဟင်း..."


ပါးဆောင်ကို လျှာနှင့်ထိုးလိုက်ကာခပ်ညစ်ညစ်ပြုံးလိုက်ပြီး လက်ပိုက်လျှက်ကျောဆန့်ကာ

ခုံကို မှီလိုက်သည်။

ဒီနေရာလေးကို သူစရောက်တဲ့အချိန်မှာ

ကောင်မလေးကအိပ်ပျော်နေခဲ့တယ်။

ကိုယ်တိုင်ကလည်း အိပ်ပျော်နေတဲ့အချိန်

‌လာနှောက်ယှက်တာကို မကြိုက်တတ်တဲ့

လူဆိုတော့ကောင်မလေးကိုလည်း မနှိုးလိုက်မိဘူး။

စကားတွေအများကြီးပြောလာရင်

အာရုံအနောက်မခံနိုင်လို့ မနှိုးတာလည်းပါတာပေါ့။


မိန်းမယူဖို့ကို တစ်ခါမှမတွေးခဲ့ဖူးတဲ့အတွက်

ကိုယ့်ရဲ့သတို့သမီးလောင်းကို

ဘယ်လိုပုံစံမှဆိုပြီးလည်း

ယောင်လို့တောင်စိတ်ကူးမယဉ်ခဲ့ဖူးပေ။

လက်ထက်ခြင်းဆိုတာကိုအယုံအကြည်မရှိခဲ့ပေမဲ့

ဒီလက်ထက်ပွဲကိုသဘောတူခဲ့မိတယ်။


အဖွားသည်"ဒါက ကိုစက်တို့ငယ်ငယ်က

က‌လောကိုအလည်သွားတိုင်းအတူဆော့ခဲ့တဲ့

ညီအစ်မတွေရဲ့ ဓာတ်ပုံဆိုပြီးပြလာခဲ့တယ်.."

အစကတော့ စိတ်မ၀င်စားပေမဲ့ ကိုယ့်ကို

ထမင်းချိုင့်နဲ့ပိတ်ထုသွားခဲ့တဲ့ ကောင်မလေးနဲ့

နာမည်တူနေလို့ ဓာတ်ပုံတွေကိုယူကြည့်လိုက်

မိတော့ တကယ်ကိုလူတစ်ယောက်‌တည်းဖြစ်နေခဲ့တယ်..."


ကျောင်းပိတ်ရက်တိုင်း မြန်မာနိုင်ငံကိုပြန်လာနိုင်ဖို့

အဖေနဲ့အမြဲပြဿနာဖြစ်ခဲ့ရတယ်။

မျှော်လင့်ချက်တွေနဲ့ အိမ်ကိုပြန်လာလိုက်တိုင်းမှာအမေ့ရဲ့ဂရုစိုက်မှုတွေဟာအစ်ကိုကြီးနဲ့

အစ်မလတ်ရဲ့အပေါ်မှာပဲ ကွက်ကျားမိုးရွာသလို

ဖြစ်နေခဲ့တော့ ထိုအချိန်ကာလတွေက

ကိုယ့်အတွက် အခက်ခဲဆုံးနဲ့

ခံပြင်းစွာဖြတ်သန်းခဲ့ရတဲ့

အချိန်ကာလတွေဆိုတာ

 သံသယရှိစရာတောင်မလိုပါဘူး..


မိသားစုဟာသူစိမ်းတွေလို့ပဲခံစားခဲ့ရတယ်..

အပြုံးတွေဟာ ဟန်ဆောင်လိမ်ညာမှုတွေလို့ပဲ

မြင်ခဲ့တယ်..

ချစ်ခြင်းတွေဟာ ပူလောင်‌နေခဲ့ပြီး

အမေ့ဆီကလက်ဆောင်တစ်ခုရရင်တောင်

အဝေးကိုတွန်းပို့ဖို့ ချွေးသိပ်တာလို့ပဲ

မြင်မိတော့တယ်..


အားငယ်ချိန်တိုင်းငိုခွင့်ရခဲ့တဲ့အဖွားရဲ့

ရင်ခွင်ကလွဲလို့..

အဖေ၊အမေနဲ့ကျန်တဲ့မိသားစု၀င်တွေဟာ

စစ်မှန်မှုမရှိကြဘူးလို့ ခံစားခဲ့ရတဲ့အခိုက်အတန့်

တစ်ခုပါပဲ..လူတွေအများကြီးက ကိုယ့်ဘေးနားမှာ

ရှိနေခဲ့ပေမဲ့ အထီးကျန်နေခဲ့တယ်..


အဲ့ဒီ့အချိန်မှာ မျက်စံညိုလေးတွေနဲ့

ဆံပင်အရှည်လေးကို ဖိုး၀ရုပ်လို

နှစ်ဖက်ခွဲထားတတ်တဲ့ ကောင်မလေးတစ်ယောက်

..ကိုယ့်အတွက်တော့

အရုပ်လေးတစ်ရုပ်ကို ကောက်ရလိုက်သလိုမျိုး

ကစားရတာ သိပ်ကိုပျော်စရာကောင်းခဲ့တယ်..


အဲ့ဒီ့အရုပ်လေးရဲ့မျက်၀န်းညိုလေးတွေကနေ

မျက်ရည်လေးတွေကျလာတာဟာ စမ်းရေလေးတွေ လှပစွာစီးဆင်းသွားသလို အရမ်းကြည့်လို့

ကောင်းခဲ့တယ်။

 ဒါကြောင့်လည်းအဲ့ဒီ့အရုပ်မလေးကို

အမြဲငိုအောင်လုပ်ခဲ့မိတယ်..


*ဘာကြောင့်များ အဲ့ဒီ့အရုပ်မ..သေးသေးလေး

ဒဏ်ရာအနာတရ ဖြစ်သွားရင်တောင်

ကျေနပ်ပျော်ရွှင်နေခဲ့ရတာများလဲ...

အရုပ်မလေးရဲ့ ငိုသံဟာ

ဆန်းသစ်တဲ့တေးသွားတစ်ခုကို နားဆင်နေရသလိုပဲ

အရုပ်မလေးရဲ့ ပြန်ရန်တွေ့တဲ့ဂျစ်ကန်ကန်

အမူအရာလေးက ကိုယ့်လိုလူကို

ပြုံးမိစေတာတော့အမှန်ပဲ 

အရုပ်မလေးဟာ တကယ်ကိုကိုယ့်အတွက်

စိတ်ဖြည်သိမ့်ရာ တံခါးလေးတစ်ချက်ဖြစ်ခဲ့တာတော့ အမှန်ပဲ...


"တူ!!!!!!!တူ!!!!!"


ဖုန်းမြည်သံကြား၍ ထုတ်ကြည့်လိုက်မိတော့

မာတာမိခင်ဆီမှဖြစ်နေလေသည်။

ဘလူးတုသ်နားကျပ်ကို နားမှာတပ်ထားလိုက်ပြီး

လက်ပ်တော့တွေကိုသိမ်းကာ ပိုက်ဆံရှင်း၍

ကားပါကင်သို့သွား ထွက်လာခဲ့လိုက်သည်။

ပုံမှန်ဆိုရင် ဒီအချိန်ကအလုပ်မှာပဲ

ရှိနေရမှာဖြစ်ပေမဲ့ ဒီနေ့တော့အိမ်ကိုသာ

ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။


 "ဟယ်လို.."


"ဟဲ့..မင်းစက်..အခြေအနေဘယ်လိုလဲ..

မေဝိုင်းလေးနဲ့..သေချာစကားပြောပြီးသွားပြီလား

ငါ့မှာလေ..ဆိုင်ကြည့်ရတာကတစ်မျိုး..

နင့်အတွက်စိတ်ပူရတာတမှောင့်..ငါလည်း

အခုမှအိမ်ကိုပြန်ရောက်တာ..နင့်ရဲ့အဖွားက

ဒီမှာ အသည်းအသန်မေးနေလို့..ပြောစမ်းပါအုံး

ကောင်မလေးနဲ့အဆင်ပြေတယ်မဟုတ်လား.."


ကိုယ့်ဘက်က"ဟယ်လို.."တစ်လုံးသာ

ပြောရသေးပေမဲ့ အမေကတော့

ပါးစပ်မှာမော်တာတပ်ထားသလို

အခွန်းပေါင်းများစွာ တသွတ်သွတ်ပြောပြီးလေပြီ။

သူ့အတွက်တော့ ဘယ်မေးခွန်းကိုဘယ်ကနေ၊

ဘယ်လိုစဖြေရမှန်းမသိအောင်ကို စိတ်ရှုပ်လာသည်။

ကောင်မလေးနဲ့ ပြဿနာဖြစ်ခဲ့တဲ့ကိစ္စကို

တိုက်ရိုက်ကြီး ပြောလိုက်ရင်လည်း

နား‌ပူ‌တာက ရပ်တော့မှာမဟုတ်ဘူး။


"ဟဲ့..ပြောလေ..ဘာဖြစ်လို့တိတ်နေရတာလဲ.."


"အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်နဲ့သူ

စကားများခဲ့ကြတယ်.."


မင်းစက်အာဏာ၏ တုံးတိတိစကားသည်

တစ်ဖက်မှာ ဖုန်းပြောနေသောဒေါ်ရတနာအဖို့

ကိုယ့်ရင်ဘတ်ကိုယ် ပြန်ဖိရအောင်အထိ

သွေးတက်စေခဲ့သည်။

တစ်နေ့ကမှ အောင်အောင်မြင်မြင်နဲ့

တောင်းရမ်းထားခဲ့တဲ့ သတို့သမီးလောင်းနဲ့

တစ်ပတ်တောင်မခြားဘူး ပြဿနာဖြစ်တယ်

ဆိုတော့ ကောင်မလေးကို

ဘာတွေပြောလွှတ်လိုက်သလဲ မသိဘူး..

ဒင်းကအရမ်းအကြောထောင်တာပဲ.."


"မင်းစက်ရယ်..စကားကို

ကောင်းကောင်းပြောခဲ့ပါလို့..

ငါမှာထားလျှက်နဲ့ဟယ်..

အခုဘယ်လိုလုပ်ကြမလဲ..အားလုံးကစကားတွေ

ကျွံပြီးပြီနော်..ဖိတ်စာတွေတောင်

ရိုက်ထားတဲ့ဥစ္စာကို..နင်အခုပြန်လာခဲ့...

အိမ်ရောက်မှနင်နဲ့ငါတွေ့မယ်.."


"ကျွန်တော်..ဒီနေ့အမေတို့အိမ်ကို

ပြန်မလာဖြစ်တော့ဘူး.."


"နင်ကတော့လုပ်ပြန်ပြီ..မင်္ဂလာဆောင်နဲ့

ပတ်သတ်ပြီး..နဲနဲပါးပါး၀င်ပြီးစီမံပါအုံးဟယ်..


"ဒီမင်္ဂလာပွဲက အမေတို့စိတ်တိုင်းကျ

သတို့သမီးကိုရွေးပြီးလုပ်တာဆိုတော့..

အမေတို့ပဲ အားလုံးကိုတာ၀န်ယူရမှာပေါ့.."


"အော်..အေး‌..အေး..နင်ကတော့ဒီပွဲနဲ့

ဘာမှမဆိုင်တဲ့ဧည့်သည်ဆိုတော့..

မင်္ဂလာဆောင်မဲ့နေ့မှ ငါတို့ကပွဲတက်ပေးဖို့

ဖိတ်လိုက်ပါ့မယ်..."


မိခင်ကဘာပြောပြော မင်းစက်ကတော့

တည်တည်ညိမ်ညိမ်နှင့်ပဲ ကားကို‌သာ

မောင်းနေလိုက်သည်။


"မေဝိုင်းလေးတို့ဘက်က..ဖုန်းဆက်သေးလား..."


"မဆက်ပါဘူး..ဘာဖြစ်လို့မေးတာလဲ.." 


"ဒါဆိုရင်..အမေ့ကိုကျွန်တော်တစ်ခုလောက်

အကူအညီတောင်းချင်တယ်.."


"ထူးထူးဆန်းဆန်းပါလား..ပြော..ဘာအကူအညီ

တောင်းမှာလဲ.."


"ခဏနေရင်..မေဝိုင်းလေးတို့အိမ်ကို

ဖုန်းဆက်ကြည့်ပေးပါ..မေဝိုင်းလေးကို

တိုက်ရိုက်လာကိုင်ခိုင်းလိုက်..မင်္ဂလာ၀တ်စုံကိစ္စ ဆွေးနွေးချင်လို့ဆိုပြီးပြောကြည့်လိုက်..."


"ဟဲ့..ဒါ‌ပဲလား..နောက်ဘာထပ်ပြောရအုံးမှာလဲ.."


"မလိုတော့ဘူးအမေ..အဲ့ဒါပဲမေးကြည့်လိုက်ပါ..

ကျန်တာကတော့ အမေ့ဘာသာပြောချင်တာ

ပြောပေါ့...ပြီးရင်သားဆီကိုပြန်ဆက်ပေးပါ.."


ထိုစကားတစ်ခွန်းသာပြောလိုက်ပြီး ဖုန်းကို

ချပြစ်လိုက်သည်။

လက်ထက်ပွဲကို တကယ်ပဲဖြတ်လိုက်ဖို့

တွေးခဲ့ရင် အခုအချိန်လောက်ဆိုအမေတို့ကို

မိန်းကလေးဘက်က ဖုန်းဆက်သင့်ပြီမဟုတ်လား။

အခုဖုန်းမဆက်ထားဘူးဆိုတော့ ထင်တဲ့အတိုင်းပဲ..


ကားကမီးပွိုင့်မိနေသောကြောင့် ခဏရပ်လိုက်ရလေသည်။စတီယာရင်ကိုကိုင်၍ သူမဲ့ပြုံးပြုံးလိုက်မိသည်။

*နောက်ဆုံးတော့ ကောင်မလေးဟာလည်း

သူ့ပတ်၀န်းကျင်မှာမြင်တွေ့နေကြ မိန်းမတွေထဲကတစ်ယောက်ပါပဲ..

အဖွားကသူတို့မိသားစုရဲ့ ငွေရေး၊ကြေးရေးကို

ကူညီပေးထားခဲ့တဲ့အတွက်..ဒီလက်ထက်ပွဲကို

သူ့မိသားစုက လုံး၀လက်အလွှတ်ခံမှာမဟုတ်ဘူး

သူ့လိုလူကို လက်ထက်ခွင့်ရတာဟာ

သူတို့အတွက်တော့ ဘုရားပေးတဲ့

အခွင့်အရေးလို့တောင် မြင်နေကြလောက်တယ်...."


*ငွေထုတ်စက်ကို အလိုရှိတာမဟုတ်ဘူးဆိုပြီး

နောက်ဆုံးတော့လည်းဒီလက်ထက်ပွဲကို

လက်ခံလိုက်ရမှာပါပဲ..

ကောင်မလေး...ငါ့ဘေးမှာတစ်သက်လုံးနေရမှာထက်..သေရမှာကိုပိုလိုလားတယ်ဆိုတဲ့

စကားကို မင်းမေ့နေမှာတောင်စိုးတယ်...*


အခန်း(၄)ဆက်ရန်....


စာရေးသူ..ဆောင်းငွေ့ဝေ


🔥🔥🔥🔥🔥🔥🔥🔥


မင်းသားကတော့ အလံနီပေါ့နော်..


ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို

ကျေးဇူးအထူးတင်ရှိပါတယ်..

========================================================================

အခန္း၃

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


ဝိုင္းေလး၏ နားထဲတြင္ခလုတ္ေတြကို

ႏိွပ္ေနသလိုမ်ိဳး တေဒါက္ေဒါက္အသံေတြကို

ၾကားေနရေလသည္။

ခံုေပၚတြင္ လက္ကိုခုၿပီးအိပ္ေနမိ၍

ညာလက္တစ္ခုလံုး ထံုက်ဉ္လာသည္။

ဝိုင္ေလး ဒီကိုစေရာက္ေသာအခ်ိန္မွာ

ေနပူပါေသးတယ္။


အခုေတာ့ ေန၀င္ခ်ိန္ေတာင္ေရာက္ေနေလၿပီ။

ခံုေပၚမွ ေခါင္းေထာင္၍အေရ႔ွသို႔

ၾကၫ့္လိုက္မိေသာအခါ

ေယာက္်ားတစ္ေယာက္သည္ဝိုင္းေလးႏွင့္

 မ်က္ႏွာခ်င္းဆိုင္တြင္ လက္ပ္ေတာ့

ထိုင္ႏိွပ္ေနတာကို ေတြ့လိုက္ရသည္။


သူဟာ အျခားသူမဟုတ္ပဲ မင္းစက္အာဏာပင္ျဖစ္သည္။

ေန၀င္ဆည္းဆာအေရာင္ဟာ သူ၏မ်က္ႏွာေပၚတြင္ လႊမ္းမိုးေန၍ ပံုမွန္ထက္ပင္အရိွန္အဝါ

ေတာက္ေနသေယာင္ ထင္ရသည္။

လက္ပ္ေတာ့၏မ်က္ႏွာျပင္မွ အလင္းေရာင္သည္

သူ၏စူးရွေနေသာ မ်က္၀န္းေတြထဲတြင္

ေရာင္ျပန္ဟပ္လ်ွက္ရိွၿပီး သူသည္လည္း

ခလုတ္မ်ားႏွင့္ ေပၚေပါက္လာေသာေဒတာမ်ားေပၚတြင္သာ အာရံုေရာက္ေနခဲ့သည္။


ေမဝိုင္းေလးကေတာ့ ထိုလူ၏လုပ္ရပ္ကို

အံ့အားသင့္လ်ွက္ ‌မ်က္ေမွာင္ႄကံု႔လိုက္မိေလသည္။

ဘယ္အခ်ိန္တည္းက သူေရာက္လာမွန္းမသိေပမဲ့

သူ႔ကို အခ်ိန္အၾကာႀကီးေစာင့္ခဲ့ရတဲ့

ဝိုင္းေလးကို ႏိႈးဖို႔ေတာ့ေကာင္းတာေပါ့။


"ရွင္အဲ့ဒါဘာလုပ္ေနတာလဲ..."


ဝိုင္းေလး၏အသံကိုၾကားေတာ့မွ ပင္ပန္းႏြမ္းနယ္ေနဟန္ရိွေသာမ်က္၀န္းေတြႏွင့္ ေမာ့ၾကၫ့္လာၿပီး.. 


"ခဏေလးေနာ္.."


လက္ကိုေလထဲ၌ တစ္ခ်က္မ်ွေဝ့ရမ္းျပလိုက္ၿပီး

သူ႔အလုပ္ကို ဆက္လုပ္ႏိုင္ဖို႔ခြင့္ေတာင္းလာသည္။


*အခုအေျခအေနက..ဘာႀကီးလဲ..

မၾကာခင္မွာ..လက္ထက္ရေတာ့မဲ့

သူ႔ရဲ့ဇနီးေလာင္းကို..မရိွသလိုလုပ္ေနတာလား

သူ႔အတြက္..ဒီမဂၤလာပဲြကအေရးမပါဘူးလို႔

ဆိုလိုလိုက္တာလား...

ေန့ခင္းႏွစ္နာရီေလာက္တည္းက

ထိုင္ေစာင့္ေနခဲ့ရတဲ့လူကို အခု‌လည္းဆက္ေစာင့္ခိုင္းေနတာ တကယ္ကိုတရားလြန္တယ္..*


ေနရင္းထိုင္ရင္းႏွင့္ လ်စ္လ်ူရႈခံလိုက္ရေသာေၾကာင့္ အရမ္းရွက္ရြံ႔လာမိသည္။

မၾကာခင္မွာ ကိုယ္ဘ၀တစ္ခုလံုးပံုအပ္ရေတာ့မၫ့္

လူဟာ အခုတည္းကအထက္စီးဆန္စြာ

ျပဳမူေနၿပီဆိုတဲ့ ခံစားခ်က္ႀကီးက

တစ္သက္လံုး သူ႔ကိုအရႈံးေပးရေတာ့မည္ဟု

ဆိုလိုလိုက္သလိုပဲ...

သူ႔လုပ္ရပ္တိုင္းကို မွန္မွန္မွားမွား

လက္ခံၿပီး သူ႔ေျခရင္းမွာ၀ပ္ဆင္းေပးရမဲ့

မိန္းမတစ္ေယာက္လို႔ ဝိုင္းေလးကို

သတ္မွတ္လိုက္တာလား...."


"ဘုန္း!!!!"


စားပဲြကို လက္ဖဝါးႏွင့္ရိုက္ခ်လိုက္ၿပီး

ဝိုင္းေလး မတ္တပ္ထရပ္လိုက္ေတာ့မွ

အေနွာက္အယွက္ျဖစ္သြားသလို အမူအရာႏွင့္...


"မင္းဘာလုပ္တာလဲ..

ငါဒီမွာအလုပ္လုပ္ေနတယ္ေလ.."


ေျဗာင္က်က်ေျပာလိုက္သၫ့္ သူ႔စကားေၾကာင့္

မခံမရပ္ႏိုင္ေအာင္ ေဒါသထြက္မိ၍

အံကို ဖိႀကိတ္လိုက္မိသည္။


"ဒါဆိုရင္ ရွင္ကဒီကိုအလုပ္လုပ္ဖို႔လာတာေပါ့..

မယံုႏိုင္စရာပဲ..ကၽြန္မရွင့္ကိုနာရီ၀က္ေက်ာ္ေလာက္

ေစာင့္ေနခဲ့တာေနာ္..ရွင္ေရာက္ေနတဲ့အခ်ိန္မွာ

ဘာလို႔ ကၽြန္မကိုမႏိႈးရတာလဲ.."


 ေဒါသသံႏွင့္ေျပာလိုက္ေတာ့မွ

သူ႔လက္ပ္ေတာ့ကို အနည္းငယ္ငိုက္ခ်လိုက္ၿပီး

လက္ႏွစ္ဖက္အား ပိုက္ကာဝိုင္းေလးကို

စူးရဲစြာ စိုက္ၾကၫ့္လာေတာ့သည္။

သူ႔မ်က္ႏွာမွာေတာ့ အျပစ္ရိွစိတ္၊ေတာင္းပန္လိုစိတ္

ဆိုသၫ့္ ခံစားခ်က္မ်ိဳးဟာျမဴတစ္မႈန္စာေတာင္

ထင္က်န္မေနေပ။


"ႏိႈးရေအာင္ ကိုယ္တို႔ႏွစ္ေယာက္ၾကားမွာ

ဘာေတြမ်ား ေျပာစရာရိွေနလို႔လဲ..

ကိုယ္ေရာက္လာတဲ့အခ်ိန္မွာ မင္းအိပ္ေနတယ္ေလ

မင္းကိုမေနွာက္ယွက္ခ်င္လို႔

မင္းႏိုးလာမဲ့အခ်ိန္အထိ ေစာင့္ေပးရင္းနဲ႔

ကိုယ္လုပ္စရာရိွတာကို လုပ္ေနတာ..

ကိုယ္ဘာမွားလို႔လဲ..."


သူဘာမွားလို႔လဲတဲ့ ေအာ္ၿပီးသာရယ္ျပစ္လိုက္ခ်င္တယ္..တကယ္ကိုအာဏာရွင္ပီသပါေပတယ္..။


"..ကၽြန္မတို႔ကေနာက္ႏွစ္ပတ္ဆိုရင္

လက္ထက္ရေတာ့မယ္ဆိုတာကို ရွင္ေမ့ေနတာလား

 ရွင့္အတြက္ လက္ထက္တယ္ဆိုတာက 

တန္ဖိုးႀကီးလက္စြပ္ႏွစ္ကြင္းကို အလဲအလွယ္

လုပ္လိုက္ရံုပဲလို႔ ထင္ေနတာလား.."


"မဟုတ္လို႔လား..!!!!"


သူေျပာလိုက္သၫ့္စကားက တိုေတာင္းေပမဲ့

သူ႔ကိုလက္ထက္ရမၫ့္ ဝိုင္းေလးကို

ထိတ္လန႔္သြားေစတာေတာ့ အမွန္ပဲ..။

*ဘုရားေရ..ဒီလိုလူကိုဝိုင္းေလးက

လက္ထပ္ရမယ္တဲ့....*


"ရွင့္ရဲ့အိမ္ေထာင္ေရးက..ရွင္ႏိွပ္ေနတဲ့

လက္ပ္ေတာ့ခလုတ္ေတြေလာက္ေတာင္

အေရးမပါရင္..ဘာလို႔ဒီမဂၤလာပဲြကို

မျငင္းခဲ့ရတာလဲ..လာေတာင္းရမ္းတဲ့ေန့က

ဘာလို႔ၿငိမ္ၿပီးထိုင္ေနခဲ့တာလဲ..

ေက်းဇူးျပဳျပီးေတာ့ ရွင့္ဘက္ကေန

ဒီလက္ထက္ပဲြကို ျဖတ္သိမ္းေၾကာင္းျငင္းေပးပါ...

အခ်ိန္မလြန္ခင္ ေနာက္ဆုတ္လိုက္တာ

အေကာင္းဆံုးျဖစ္လိမ့္မယ္.."


ေမဝိုင္းေလး၏ စကားေၾကာင့္မင္းစက္၏

မ်က္ႏွာသည္  ခ်က္ခ်င္းတင္းမာလာခဲ့သည္။

မင္းစက္အာဏာကို လက္ထက္ပဲြ‌ေလး

တစ္ခုအတြက္ အခ်ိန္ေပးေစခ်င္တာလား။

အံ့ဩစရာပဲ။

ဒီမိန္းကေလးက ဘယ္လိုသတၲိမ်ိဳးေတြနဲ႔

သူ႔ကို လာၿပီးအျပစ္တင္ေနရတာလဲ။

ဒီလိုလာေတြ့ဖို႔ကိုေတာင္ အေမကတိုက္တြန္းလို႔ဟု

ေျပာလိုက္ရင္ ထေတာင္ခုန္မလားပဲ။


မင္းစက္အာဏာဆိုတာ ကိုယ့္ခံယူခ်က္၊

ကိုယ့္ရပ္တည္ခ်က္ကို ဘယ္တစ္ဦးတစ္ေယာက္

ေၾကာင့္မွ ေျပာင္းလဲျပစ္မၫ့္လူစားမ်ိဳးမဟုတ္ဘူး။

အမ်ားရဲ့အျမင္မွာေတာ့ ေရႊဇြန္းကိုက္ၿပီး

ေမြးဖြားလာသူေပါ့။

ဘယ္အရာမဆို လြယ္လြယ္ေလးတလိုက္ရံုပဲဆိုၿပီး

လပ္ကီးဘြိုင္းလို႔ သတ္မွတ္‌ၾကတယ္။


လူတစ္ေယာက္ကို ကံဆိုတာကဘယ္အခ်ိန္အထိ

မ်က္ႏွာသာေပးႏိုင္မွာလဲ။

တကယ္သာလပ္ကီးဘြိုင္းဆိုရင္ သူ႔ဘ၀ႀကီးက

ေပ်ာ္ရႊင္မႈေတြနဲ႔သာ ျပၫ့္ႏွက္ေနခဲ့ရမွာေပါ့။

ဆယ္ေက်ာ္သက္အရြယ္တည္းက

ကိုယ့္ဘ၀၊ကိုယ့္ရပ္တည္ခ်က္နဲ႔ ကိုယ့္ရဲ့ပံုစံအတိုင္း

ရပ္တည္ရွင္သန္ခဲ့တယ္။

ဘယ္သူ႔ကိုမွမမွီခိုခဲ့သလို တြယ္တာမႈေတြကိုလည္း

ေက်ာခိုင္းခဲ့ၿပီးသား။


မိန္းမတစ္ေယာက္ကို ယူၿပီးအာရံုအေနာက္ခံမဲ့

လူစားမ်ိဳးလို႔ သတ္မွတ္ထားရင္သိပ္မွားသြားမွာေပါ့။သနားလို႔ ေပးထားတဲ့အခြင့္အေရးကို

ဒီေကာင္မေလးက အလိုက္မသိတတ္မွေတာ့

ပဲြကၿပီးၿပီပဲ..။


"..ေကာင္မေလး..မင္းတကယ္ပဲ..

ဒီလက္ထက္ပဲြကို..ျဖတ္ခိုင္းေနတာလား.."


"ဟုတ္တယ္..ရွင့္လိုအိမ္ေထာင္ေရးတစ္ခုကို

အေလးအနက္မထားတတ္တဲ့လူမ်ိဳးနဲ႔

ကၽြန္မလက္မထက္ႏိုင္ဘူး..."


"အဟင္း..."


မင္းစက္၏ႏႈတ္ခမ္းထက္တြင္ မဲ့ႃပံုးတစ္ခုေပၚထြက္လာသည္။

သူ႔မ်က္လံုးအၾကၫ့္မ်ားသည္

ေမဝိုင္းေလး၏ စကားကိုေလွာင္ေျပာင္လိုေသာ

သေဘာရိွေနၿပီး ခံုေပၚသို႔လက္တင္ကာ

ေမးေထာက္လ်ွက္ မထီမဲ့ျမင္ျပဳမူေနျခင္းက

ေမဝိုင္းေလးကို ပို၍မခံမရပ္ႏိုင္ျဖစ္လာေစသည္။


"မင္းေျပာတာမွန္တယ္

အိမ္ေထာင္ေရး..လက္ထပ္ပဲြ..

ဒါေတြကငါ့အတြက္ေတာ့ ဖဲကစားလို႔ႏိုင္သြားတဲ့

ခံစားခ်က္ေလာက္ေတာင္ အေရးမပါဘူး..

အေပၚယံလိမ္ညာမႈေတြနဲ႔ အစမွာေတာ့

ခ်ိဳျမခ်င္ေယာင္ေဆာင္ၿပီးမွ အတြင္းထဲမွာ

ခါးသက္ေနတဲ့ အိမ္ေထာင္ေရးဆိုတဲ့အရာကို

ဘာေၾကာင့္ ငါကအေလးအနက္ထားရမွာလဲ..."


"ရွင့္ကိုၾကၫ့္ရတာ..မိသားစုတစ္ခုရဲ့

ခ်စ္ျခင္းေမတၲာကို မႄကံုေတြ့၊မခံစားခဲ့ရတဲ့

ၿဂိဳလ္သားတစ္ေယာက္လိုပဲေနာ္..

အိမ္ေထာင္တစ္ခုဆိုတာ လူႏွစ္ေယာက္

လက္ထက္လိုက္ရံုနဲ႔ ၿပီးသြားတာမဟုတ္ဘူး..

လက္ထက္ပဲြဆိုတာ လူႏွစ္ေယာက္ရဲ့

ပစၥုပၸန္နဲ႔အနာဂတ္ကို ေပါင္းစည္းလိုက္တဲ့

အသိသက္ေသပဲ..

ခ်စ္ျခင္းေမတၲာေတြ၊ေနြးေထြးမႈေတြ၊

နားလည္မႈေတြနဲ႔တည္ေဆာက္ရမဲ့ ကမ႓ာတစ္ခုကို

အေလးအနက္ထားစရာမလိုဘူးလို႔

ေတြးရင္ေတာ့ ရွင္နဲ႔စကားဆက္ေျပာစရာ

ဘာေၾကာင္းမွ မရိွေတာ့ဘူးေပါ့..."


"ေငြရိွရင္အရာရာကို ဖန္တီးလို႔ရတာပဲေလ..

မင္းေျပာတဲ့အိမ္ေထာင္ေရးက

ေငြသာမရိွရင္ မလင္းႏိုင္တဲ့မီးအိမ္တစ္ခုဆိုတာ

..မင္းလိုကေလးသာသာအဆင့္က

ဘယ္နားလည္ပါ့မလဲ..."


"..ကၽြန္မကေနြးေထြးၾကင္နာတတ္ၿပီး

စိတ္သေဘာထားျပၫ့္၀တဲ့တဲ့ခင္ပြန္းေလာင္းကိုပဲ

အလိုရိွတာ..

..ေငြထုတ္စက္ကိုအလိုရိွတာမဟုတ္ဘူး

အခုရွင့္စကားေတြကို ကၽြန္မရဲ့မိဘေတြသာ

ၾကားသြားရင္..သူတို႔သိပ္၀မ္းနည္းၾကမွာ

ေသခ်ာတယ္.."


"အဲ့ဒါကမင္းရဲ့အထင္ေလ..မင္းရဲ့မိဘေတြက

ငါ့ကိုဘာ‌ေၾကာင့္..သားမက္ဖမ္းခ်င္ေနရတာလဲ

ေငြေၾကာင့္ပဲမဟုတ္ဘူးလား..မင္းလို

ဘာအရည္အခ်င္းမွမရိွတဲ့မိန္းကေလးကို

ငါ့ရဲ့ဇနီးေလာင္းျဖစ္လာဖို႔ အိပ္မက္မက္ရဲတဲ့

သူတို႔ရဲ့သတၲိကတကယ္ကို ေလးစားစရာပဲ..

မင္းလိုခ်င္တဲ့ပံုစံအတိုင္း ဘာလို႔ေနေပးရမွာလဲ

ငါသာျပၫ့္စံုႂကြယ္၀တဲ့လူတစ္ေယာက္

မဟုတ္ဘူးဆိုရင္..မင္းလည္းဒီလက္ထက္ပဲြကို

သေဘာတူမွာမဟုတ္ဘူး...

ငါေျပာတာမွန္တယ္မဟုတ္လား..ကေလးမ..."


"ရွင္ဘာစကားေျပာတာလဲ.."


လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ကာ

သူ႔ကို ေအာ္ထၫ့္လိုက္မိသည္။

သူ႔စကားေတြက ဝိုင္းေလးရဲ့ဂုဏ္သိကၡာကို

သိပ္ထိပါးလြန္းလာတာေၾကာင့္ မ်က္ရည္ေတြပါ

ခ်က္ခ်င္းဝဲတက္လာေလသည္။


သူ႔စိတ္ထဲမွာ အစတည္းကဝိုင္း‌ေလးတို႔မိသားစုကို

ေငြမက္လို႔ သူ႔ကိုအပိုင္ဖမ္းတယ္လို႔

သတ္မွတ္ထားခဲ့တာပဲ။

‌ေမာက္မာလြန္းတဲ့ သူ႔မ်က္ႏွာကိုေရ႔ွမွာခ်ထားတဲ့

ေကာ္ဖီခြက္နဲ႔ ေကာက္ေပါက္ပစ္လိုက္ခ်င္တဲ့အထိ

ေဒါသထြက္ေနမိတယ္။


"ကၽြန္မရဲ့မိသားစုကို ရွင္လာၿပီးမေဆာ္ကားနဲ႔

ရွင္က ဘာေတြမ်ားမက္ေမာစရာရိွေနလို႔လဲ

ပိုက္ဆံခ်မ္းသာရံုနဲ႔ ဂုဏ္ေမာက္ေနတဲ့

ရွင့္လိုလူနဲ႔ ေသတဲ့အထိေနသြားရမွာထက္

ကိုယ့္ကိုကိုယ္ပဲ အဆံုးစီရင္လိုက္မယ္..."


ဒီေနရာမွာ သူ႔လိုဘုကန႔္လန႔္နဲ႔တစ္စကၠန္႔ေတာင္

မေနခ်င္ေတာ့၍ အိမ္ျပန္ဖို႔ကိုသာ

ေရြးခ်ယ္လိုက္ေတာ့သည္။

ဒါဟာ ဝိုင္းေလးရဲ့ဒုတိယ‌ေျမာက္

တစ္ဇြတ္ထိုးဆန္စြာ ျပဳလုပ္လိုက္မိတဲ့

ကိုယ္ပိုင္ဆံုးျဖတ္ခ်က္တစ္ခုပါပဲ။


ဒီကိုမလာခင္ကေတာင္ ဖြားဖြားဟာေသခ်ာ

ၫွိႏိႈင္းခဲ့ဖို႔  မွာလိုက္ေပမဲ့

ဝိုင္းေလးမလုပ္ႏိုင္ေတာ့ဘူး။

အိမ္ေထာင္ေရးကို အေလးအနက္ထားလြန္းသၫ့္

အေမနဲ႔အဖြားသာ ဒီလူ႔ရဲ့စကားေတြကိုၾကားသြားခဲ့ရင္ တကယ္ကိုေသြးတက္သြားႏိုင္တယ္။


ေရႊသားမက္၊ေငြသားမက္ဆိုၿပီး

သူတို႔အထင္ႀကီးေနတဲ့ဟာႀကီးက ဒီလိုေမာက္မာတဲ့

ပံုစံမ်ိဳးဆိုတာ သိေစခ်င္လိုက္တာ။

မင္းစက္အာဏာရဲ့ မာနႀကီးပံုေတြ၊ဂုဏ္ေမာက္ပံုေတြကို ၾကားထားခဲ့ေပမဲ့ ဒီေလာက္အထိ

ဘ၀င္ရူးလိမ့္မယ္လို႔ေတာ့

တကယ္ကိုမထင္ထားခဲ့တာ။


ဒါေၾကာင့္ ၫွိႏိႈင္းလို႔ရမယ္ထင္ၿပီး ေတြ့ဆံုဖို႔

ကိုယ့္ဘက္ကေနပဲ ေတာင္းဆိုခဲ့မိတယ္။

ဒီလူဟာ ေကာလဟာလေတြအတိုင္း

သူသည္သာအေကာင္းဆံုး၊အေတာ္ဆံုး

အျခားဘယ္သူ႔ကိုမွ လွၫ့္မၾကၫ့္တတ္တဲ့လူဆိုတာ

ေသခ်ာသြားခဲ့ေလၿပီ။

မိုက္ရိုင္းရင္ေတာင္ လိမၼာေအာင္ဆံုးမလို႔

ရပါအံုးမယ္။

ဒီလူကေတာ့ မာန္တက္ေနတဲ့စိတၲဇသမားႀကီးမို႔

အရူးေထာင္ကို ပို႔မွပဲရမယ္။


*ဒီလို အရူးေကာင္မ်ိဳးနဲ႔ မဂၤလာေဆာင္ျဖစ္ရင္

ငါဟာအရူးမျဖစ္သြားလို႔ပဲေနလိမ့္မယ္...*


"ေကာင္မေလး...မင္းရဲ့ဆံုးျဖတ္ခ်က္ကို

ေနာင္တမရမိေစနဲ႔ေနာ္..."


ဝိုင္းေလးသူ႔ကို ေက်ာခိုင္းလိုက္သၫ့္အခ်ိန္မွာ

ထပ္မံၿပီး ခနဲ႔သၫ့္စကားမ်ိဳးေျပာလာျပန္သည္။

လက္ကိုင္အိတ္ေလးကို က်စ္ေနေအာင္

ဆုပ္ကိုင္လိုက္ၿပီး ဆံပင္ရွည္ႀကီးမ်ားကို

ေလထဲမွာ ဝဲကနဲျဖစ္သြားသည္အထိခါထုတ္ကာ

သူ႔ဘက္သို႔ လွၫ့္ၾကၫ့္၍ မဲ့ႃပံုးျဖင့္

မ်က္ေစာင္းထိုးျပစ္လိုက္သည္။


"ရွင့္ကိုမ်ား..ဒီကလည္းမမက္ေမာဘူး

..ကၽြန္မမွာနာမည္ရိွတယ္..

ေကာင္မေလးလို႔လာမေခၚနဲ႔..."


ငယ္ငယ္က ကေလာကိုအလည္လာတဲ့အခ်ိန္ေတြမွာ

"ဟိုေကာင္မေလး..ဟဲ့ေကာင္မေလး.."ဆိုၿပီး

လူကိုအထင္ေသးသလို၊ရြံရွာသလို ေခၚခဲ့တဲ့

အဲ့ဒီ့အသံုးအႏႈန္းကို သိပ္မုန္းတာပဲ။


ခပ္ေဝးေဝးကိုေရာက္ေတာ့မွ ေနာက္ကို

ျပန္လွၫ့္ၾကၫ့္လိုက္မိေသာအခါ 

မုန္းစရာေကာင္းတဲ့ အဲ့ဒီ့လူကသူ႔လက္ပ္ေတာ့ကို

ျပန္ႏိွပ္ေနေလရဲ့။

ဝိုင္းေလးကသာ စိတ္ေတြတိုေနခဲ့တာ။

သူကေတာ့ ေအးေဆးပဲ။


*တကယ္ပဲ...ႏွလံုးသားမဲ့တဲ့နတ္ဆိုးႀကီးပါလား..

အလုပ္မွာမယုမြန္ေျပာခဲ့တဲ့..

ငါတို႔သူေဌးဟာ..အလုပ္သရဲဆိုတဲ့စကား..

သိပ္မွန္တာပဲ...

*..ေသတာေတာင္ကၽြတ္မွာမဟုတ္ဘူး"


🌻🌻🌻🌻🌻🌻🌻🌻🌻🌻


မင္းစက္ကေတာ့ ေမဝိုင္းေလးထြက္သြားေသာ

ခံုေနရာေလးမွာပဲ သူ႔ရဲ့ထိုင္းမွာအသစ္တိုးခ်ဲ႔မၫ့္

ပေရာဂ်က္ကိုအၿပီးသတ္လိုက္ေလသည္။

ဒီပေရာဂ်က္ကို အခ်ိန္သံုးပတ္တိတိယူကာ

သူေရးဆဲြခဲ့ၿပီး ေနာက္ဆံုးေတာ့လက္ေတြ့အေကာင္

အထည္ေဖာ္ဖို႔သာ က်န္ေတာ့သည္။


လက္ပ္ေတာ့ကိုပိတ္ကာ မွာထားေသာေကာ္ဖီခြက္ကို ယူေသာက္လိုက္တဲ့အခ်ိန္မွာေတာ့

ေကာ္ဖီေတြက ေအးစက္ေနေလၿပီ။

သူ႔မ်က္ႏွာခ်င္းဆိုင္ရိွ ေကာင္မေလးထိုင္သြားခဲ့ေသာ ေနရာတြင္ေတာ့ေကာ္ဖီတစ္၀က္သာ

ကုန္ေသးသၫ့္ ဖန္ခြက္ႏွင့္ေခ်ာကလက္

ကိတ္မုန႔္အပဲ့ေလးကို ေတြ့လိုက္ရသည္။


"အဟင္း..."


ပါးေဆာင္ကို လ်ွာႏွင့္ထိုးလိုက္ကာခပ္ညစ္ညစ္ႃပံုးလိုက္ၿပီး လက္ပိုက္လ်ွက္ေက်ာဆန႔္ကာ

ခံုကို မွီလိုက္သည္။

ဒီေနရာေလးကို သူစေရာက္တဲ့အခ်ိန္မွာ

ေကာင္မေလးကအိပ္ေပ်ာ္ေနခဲ့တယ္။

ကိုယ္တိုင္ကလည္း အိပ္ေပ်ာ္ေနတဲ့အခ်ိန္

‌လာေနွာက္ယွက္တာကို မႀကိဳက္တတ္တဲ့

လူဆိုေတာ့ေကာင္မေလးကိုလည္း မႏိႈးလိုက္မိဘူး။

စကားေတြအမ်ားႀကီးေျပာလာရင္

အာရံုအေနာက္မခံႏိုင္လို႔ မႏိႈးတာလည္းပါတာေပါ့။


မိန္းမယူဖို႔ကို တစ္ခါမွမေတြးခဲ့ဖူးတဲ့အတြက္

ကိုယ့္ရဲ့သတို႔သမီးေလာင္းကို

ဘယ္လိုပံုစံမွဆိုၿပီးလည္း

ေယာင္လို႔ေတာင္စိတ္ကူးမယဉ္ခဲ့ဖူးေပ။

လက္ထက္ျခင္းဆိုတာကိုအယံုအၾကည္မရိွခဲ့ေပမဲ့

ဒီလက္ထက္ပဲြကိုသေဘာတူခဲ့မိတယ္။


အဖြားသည္"ဒါက ကိုစက္တို႔ငယ္ငယ္က

က‌ေလာကိုအလည္သြားတိုင္းအတူေဆာ့ခဲ့တဲ့

ညီအစ္မေတြရဲ့ ဓာတ္ပံုဆိုၿပီးျပလာခဲ့တယ္.."

အစကေတာ့ စိတ္မ၀င္စားေပမဲ့ ကိုယ့္ကို

ထမင္းခ်ိဳင့္နဲ႔ပိတ္ထုသြားခဲ့တဲ့ ေကာင္မေလးနဲ႔

နာမည္တူေနလို႔ ဓာတ္ပံုေတြကိုယူၾကၫ့္လိုက္

မိေတာ့ တကယ္ကိုလူတစ္ေယာက္‌တည္းျဖစ္ေနခဲ့တယ္..."


ေက်ာင္းပိတ္ရက္တိုင္း ျမန္မာႏိုင္ငံကိုျပန္လာႏိုင္ဖို႔

အေဖနဲ႔အၿမဲျပႆနာျဖစ္ခဲ့ရတယ္။

ေမ်ွာ္လင့္ခ်က္ေတြနဲ႔ အိမ္ကိုျပန္လာလိုက္တိုင္းမွာအေမ့ရဲ့ဂရုစိုက္မႈေတြဟာအစ္ကိုႀကီးနဲ႔

အစ္မလတ္ရဲ့အေပၚမွာပဲ ကြက္က်ားမိုးရြာသလို

ျဖစ္ေနခဲ့ေတာ့ ထိုအခ်ိန္ကာလေတြက

ကိုယ့္အတြက္ အခက္ခဲဆံုးနဲ႔

ခံျပင္းစြာျဖတ္သန္းခဲ့ရတဲ့

အခ်ိန္ကာလေတြဆိုတာ

 သံသယရိွစရာေတာင္မလိုပါဘူး..


မိသားစုဟာသူစိမ္းေတြလို႔ပဲခံစားခဲ့ရတယ္..

အႃပံုးေတြဟာ ဟန္ေဆာင္လိမ္ညာမႈေတြလို႔ပဲ

ျမင္ခဲ့တယ္..

ခ်စ္ျခင္းေတြဟာ ပူေလာင္‌ေနခဲ့ၿပီး

အေမ့ဆီကလက္ေဆာင္တစ္ခုရရင္ေတာင္

အေဝးကိုတြန္းပို႔ဖို႔ ခၽြေးသိပ္တာလို႔ပဲ

ျမင္မိေတာ့တယ္..


အားငယ္ခ်ိန္တိုင္းငိုခြင့္ရခဲ့တဲ့အဖြားရဲ့

ရင္ခြင္ကလဲြလို႔..

အေဖ၊အေမနဲ႔က်န္တဲ့မိသားစု၀င္ေတြဟာ

စစ္မွန္မႈမရိွၾကဘူးလို႔ ခံစားခဲ့ရတဲ့အခိုက္အတန႔္

တစ္ခုပါပဲ..လူေတြအမ်ားႀကီးက ကိုယ့္ေဘးနားမွာ

ရိွေနခဲ့ေပမဲ့ အထီးက်န္ေနခဲ့တယ္..


အဲ့ဒီ့အခ်ိန္မွာ မ်က္စံညိုေလးေတြနဲ႔

ဆံပင္အရွည္ေလးကို ဖိုး၀ရုပ္လို

ႏွစ္ဖက္ခဲြထားတတ္တဲ့ ေကာင္မေလးတစ္ေယာက္

..ကိုယ့္အတြက္ေတာ့

အရုပ္ေလးတစ္ရုပ္ကို ေကာက္ရလိုက္သလိုမ်ိဳး

ကစားရတာ သိပ္ကိုေပ်ာ္စရာေကာင္းခဲ့တယ္..


အဲ့ဒီ့အရုပ္ေလးရဲ့မ်က္၀န္းညိုေလးေတြကေန

မ်က္ရည္ေလးေတြက်လာတာဟာ စမ္းေရေလးေတြ လွပစြာစီးဆင္းသြားသလို အရမ္းၾကၫ့္လို႔

ေကာင္းခဲ့တယ္။

 ဒါေၾကာင့္လည္းအဲ့ဒီ့အရုပ္မေလးကို

အၿမဲငိုေအာင္လုပ္ခဲ့မိတယ္..


*ဘာေၾကာင့္မ်ား အဲ့ဒီ့အရုပ္မ..ေသးေသးေလး

ဒဏ္ရာအနာတရ ျဖစ္သြားရင္ေတာင္

ေက်နပ္ေပ်ာ္ရႊင္ေနခဲ့ရတာမ်ားလဲ...

အရုပ္မေလးရဲ့ ငိုသံဟာ

ဆန္းသစ္တဲ့ေတးသြားတစ္ခုကို နားဆင္ေနရသလိုပဲ

အရုပ္မေလးရဲ့ ျပန္ရန္ေတြ့တဲ့ဂ်စ္ကန္ကန္

အမူအရာေလးက ကိုယ့္လိုလူကို

ႃပံုးမိေစတာေတာ့အမွန္ပဲ 

အရုပ္မေလးဟာ တကယ္ကိုကိုယ့္အတြက္

စိတ္ျဖည္သိမ့္ရာ တံခါးေလးတစ္ခ်က္ျဖစ္ခဲ့တာေတာ့ အမွန္ပဲ...


"တူ!!!!!!!တူ!!!!!"


ဖုန္းျမည္သံၾကား၍ ထုတ္ၾကၫ့္လိုက္မိေတာ့

မာတာမိခင္ဆီမျွဖစ္ေနေလသည္။

ဘလူးတုသ္နားက်ပ္ကို နားမွာတပ္ထားလိုက္ၿပီး

လက္ပ္ေတာ့ေတြကိုသိမ္းကာ ပိုက္ဆံရွင္း၍

ကားပါကင္သို႔သြား ထြက္လာခဲ့လိုက္သည္။

ပံုမွန္ဆိုရင္ ဒီအခ်ိန္ကအလုပ္မွာပဲ

ရိွေနရမွာျဖစ္ေပမဲ့ ဒီေန့ေတာ့အိမ္ကိုသာ

ျပန္ဖို႔ ဆံုးျဖတ္လိုက္သည္။


 "ဟယ္လို.."


"ဟဲ့..မင္းစက္..အေျခအေနဘယ္လိုလဲ..

ေမဝိုင္းေလးနဲ႔..ေသခ်ာစကားေျပာၿပီးသြားၿပီလား

ငါ့မွာေလ..ဆိုင္ၾကၫ့္ရတာကတစ္မ်ိဳး..

နင့္အတြက္စိတ္ပူရတာတေမွာင့္..ငါလည္း

အခုမွအိမ္ကိုျပန္ေရာက္တာ..နင့္ရဲ့အဖြားက

ဒီမွာ အသည္းအသန္ေမးေနလို႔..ေျပာစမ္းပါအံုး

ေကာင္မေလးနဲ႔အဆင္ေျပတယ္မဟုတ္လား.."


ကိုယ့္ဘက္က"ဟယ္လို.."တစ္လံုးသာ

ေျပာရေသးေပမဲ့ အေမကေတာ့

ပါးစပ္မွာေမာ္တာတပ္ထားသလို

အခြန္းေပါင္းမ်ားစြာ တသြတ္သြတ္ေျပာၿပီးေလၿပီ။

သူ႔အတြက္ေတာ့ ဘယ္ေမးခြန္းကိုဘယ္ကေန၊

ဘယ္လိုစေျဖရမွန္းမသိေအာင္ကို စိတ္ရႈပ္လာသည္။

ေကာင္မေလးနဲ႔ ျပႆနာျဖစ္ခဲ့တဲ့ကိစၥကို

တိုက္ရိုက္ႀကီး ေျပာလိုက္ရင္လည္း

နား‌ပူ‌တာက ရပ္ေတာ့မွာမဟုတ္ဘူး။


"ဟဲ့..ေျပာေလ..ဘာျဖစ္လို႔တိတ္ေနရတာလဲ.."


"အမွန္အတိုင္းေျပာရရင္ေတာ့ ကၽြန္ေတာ္နဲ႔သူ

စကားမ်ားခဲ့ၾကတယ္.."


မင္းစက္အာဏာ၏ တံုးတိတိစကားသည္

တစ္ဖက္မွာ ဖုန္းေျပာေနေသာေဒၚရတနာအဖို႔

ကိုယ့္ရင္ဘတ္ကိုယ္ ျပန္ဖိရေအာင္အထိ

ေသြးတက္ေစခဲ့သည္။

တစ္ေန့ကမွ ေအာင္ေအာင္ျမင္ျမင္နဲ႔

ေတာင္းရမ္းထားခဲ့တဲ့ သတို႔သမီးေလာင္းနဲ႔

တစ္ပတ္ေတာင္မျခားဘူး ျပႆနာျဖစ္တယ္

ဆိုေတာ့ ေကာင္မေလးကို

ဘာေတြေျပာလႊတ္လိုက္သလဲ မသိဘူး..

ဒင္းကအရမ္းအေၾကာေထာင္တာပဲ.."


"မင္းစက္ရယ္..စကားကို

ေကာင္းေကာင္းေျပာခဲ့ပါလို႔..

ငါမွာထားလ်ွက္နဲ႔ဟယ္..

အခုဘယ္လိုလုပ္ၾကမလဲ..အားလံုးကစကားေတြ

ကၽြံၿပီးၿပီေနာ္..ဖိတ္စာေတြေတာင္

ရိုက္ထားတဲ့ဥစၥာကို..နင္အခုျပန္လာခဲ့...

အိမ္ေရာက္မွနင္နဲ႔ငါေတြ့မယ္.."


"ကၽြန္ေတာ္..ဒီေန့အေမတို႔အိမ္ကို

ျပန္မလာျဖစ္ေတာ့ဘူး.."


"နင္ကေတာ့လုပ္ျပန္ၿပီ..မဂၤလာေဆာင္နဲ႔

ပတ္သတ္ၿပီး..နဲနဲပါးပါး၀င္ၿပီးစီမံပါအံုးဟယ္..


"ဒီမဂၤလာပဲြက အေမတို႔စိတ္တိုင္းက်

သတို႔သမီးကိုေရြးၿပီးလုပ္တာဆိုေတာ့..

အေမတို႔ပဲ အားလံုးကိုတာ၀န္ယူရမွာေပါ့.."


"ေအာ္..ေအး‌..ေအး..နင္ကေတာ့ဒီပဲြနဲ႔

ဘာမွမဆိုင္တဲ့ဧၫ့္သည္ဆိုေတာ့..

မဂၤလာေဆာင္မဲ့ေန့မွ ငါတို႔ကပဲြတက္ေပးဖို႔

ဖိတ္လိုက္ပါ့မယ္..."


မိခင္ကဘာေျပာေျပာ မင္းစက္ကေတာ့

တည္တည္ညိမ္ညိမ္ႏွင့္ပဲ ကားကို‌သာ

ေမာင္းေနလိုက္သည္။


"ေမဝိုင္းေလးတို႔ဘက္က..ဖုန္းဆက္ေသးလား..."


"မဆက္ပါဘူး..ဘာျဖစ္လို႔ေမးတာလဲ.." 


"ဒါဆိုရင္..အေမ့ကိုကၽြန္ေတာ္တစ္ခုေလာက္

အကူအညီေတာင္းခ်င္တယ္.."


"ထူးထူးဆန္းဆန္းပါလား..ေျပာ..ဘာအကူအညီ

ေတာင္းမွာလဲ.."


"ခဏေနရင္..ေမဝိုင္းေလးတို႔အိမ္ကို

ဖုန္းဆက္ၾကၫ့္ေပးပါ..ေမဝိုင္းေလးကို

တိုက္ရိုက္လာကိုင္ခိုင္းလိုက္..မဂၤလာ၀တ္စံုကိစၥ ေဆြးေနြးခ်င္လို႔ဆိုၿပီးေျပာၾကၫ့္လိုက္..."


"ဟဲ့..ဒါ‌ပဲလား..ေနာက္ဘာထပ္ေျပာရအံုးမွာလဲ.."


"မလိုေတာ့ဘူးအေမ..အဲ့ဒါပဲေမးၾကၫ့္လိုက္ပါ..

က်န္တာကေတာ့ အေမ့ဘာသာေျပာခ်င္တာ

ေျပာေပါ့...ၿပီးရင္သားဆီကိုျပန္ဆက္ေပးပါ.."


ထိုစကားတစ္ခြန္းသာေျပာလိုက္ၿပီး ဖုန္းကို

ခ်ျပစ္လိုက္သည္။

လက္ထက္ပဲြကို တကယ္ပဲျဖတ္လိုက္ဖို႔

ေတြးခဲ့ရင္ အခုအခ်ိန္ေလာက္ဆိုအေမတို႔ကို

မိန္းကေလးဘက္က ဖုန္းဆက္သင့္ၿပီမဟုတ္လား။

အခုဖုန္းမဆက္ထားဘူးဆိုေတာ့ ထင္တဲ့အတိုင္းပဲ..


ကားကမီးပြိုင့္မိေနေသာေၾကာင့္ ခဏရပ္လိုက္ရေလသည္။စတီယာရင္ကိုကိုင္၍ သူမဲ့ႃပံုးႃပံုးလိုက္မိသည္။

*ေနာက္ဆံုးေတာ့ ေကာင္မေလးဟာလည္း

သူ႔ပတ္၀န္းက်င္မွာျမင္ေတြ့ေနၾက မိန္းမေတြထဲကတစ္ေယာက္ပါပဲ..

အဖြားကသူတို႔မိသားစုရဲ့ ေငြေရး၊ေၾကးေရးကို

ကူညီေပးထားခဲ့တဲ့အတြက္..ဒီလက္ထက္ပဲြကို

သူ႔မိသားစုက လံုး၀လက္အလႊတ္ခံမွာမဟုတ္ဘူး

သူ႔လိုလူကို လက္ထက္ခြင့္ရတာဟာ

သူတို႔အတြက္ေတာ့ ဘုရားေပးတဲ့

အခြင့္အေရးလို႔ေတာင္ ျမင္ေနၾကေလာက္တယ္...."


*ေငြထုတ္စက္ကို အလိုရိွတာမဟုတ္ဘူးဆိုၿပီး

ေနာက္ဆံုးေတာ့လည္းဒီလက္ထက္ပဲြကို

လက္ခံလိုက္ရမွာပါပဲ..

ေကာင္မေလး...ငါ့ေဘးမွာတစ္သက္လံုးေနရမွာထက္..ေသရမွာကိုပိုလိုလားတယ္ဆိုတဲ့

စကားကို မင္းေမ့ေနမွာေတာင္စိုးတယ္...*


အခန္း(၄)ဆက္ရန္....


စာေရးသူ..ေဆာင္းေငြ့ေဝ


🔥🔥🔥🔥🔥🔥🔥🔥


မင္းသားကေတာ့ အလံနီေပါ့ေနာ္..


ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီတိုင္းကို

ေက်းဇူးအထူးတင္ရိွပါတယ္..


3 comments:

  1. ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. ကျေးဇူတင်ပါတယ်ရှင့်

    ReplyDelete
  3. အရမ်းကောင်း
    ကျေးဇူးပါနော်

    ReplyDelete