ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌺အခန်း(၁)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
ရန်ကုန်မြို့.....
အုံ့မှိုင်းနေသော ကောင်းကင်ပြင်ကြီးအောက်၀ယ်
ရန်ကုန်မြို့၏အလှတရားသည် အနည်းငယ်
မှုန်မှိုင်း၍နေလေသည်။
မိုးတဖြောက်ဖြောက်နှင့် ဆွေးလောက်စရာ
ရာသီတွင် လေပြင်းတွေကိုဖြတ်တိုက်ပြီး
ကားများကလည်း ဥဒဟိုပြေးဆွဲနေကြပြန်သည်။
ရန်ကုန်မြို့ရှိ နံမည်ကြီးဘားတစ်ခု၏VIP
အခန်းထဲမှ အခြေအနေကတော့
အပြင်ဘက် ရာသီဥတုနှင့်ဆန့်ကျင်၍နေသည်။
အလုံပိတ်အခန်းကြီးတစ်ခုလုံးသည်
မူလမှာမှောင်မည်းနေပေမဲ့ တဖြတ်ဖြတ်
လက်နေသော အလှမီးသီးများကြောင့်
အုပ်စုဖွဲ့၍ ထိုင်နေကြသော လူငယ်များအတွက်
ရွှင်မြူးတက်ကြွဖွယ် ခံစားချက်ကို
ပေးစွမ်း၍နေသည်။
အခန်းထဲ၌ ပျံ့လွှင့်နေသော ရော့ခ်သီချင်း
မြူးမြူးကလဲ စိတ်ဝိဉာဉ်ကိုထပ်၍
အရောင်တင်နေပြန်သည်။
ဆေးလိပ်ခိုးငွေ့များသည် အခန်းတစ်ခုလုံးကို
မှုန်မှိုင်းသွားစေလောက်သည်အထိ
အခိုးငွေ့တလူလူဖြစ်နေပြီး မြူးမြူးကြွကြွ
ထအော်ကြလျှက် အရက်ခွက်တိုက်သံတွေကလည်း
ညံနေသည်။
လူငယ်များနှင့်သာ ပြည့်နေသောဤအခန်းထဲတွင်
အားလုံးနီးပါးသည် အပျော်ရှာချင်၍
ရောက်လာကြခြင်းဖြစ်ပြီး ထိုသူတို့၏
နောက်ခံတစ်ခုစီတိုင်းသည်လည်း မရိုးရှင်းကြပေ။
အားလုံးလိုလိုသည် ရွှေဇွန်းကိုက်မွေးလာကြပြီး
ငွေကို ရေလိုသုံးဖြုန်းနိုင်ကြသူများသာဖြစ်သည်။
ထိုအထဲတွင် ထောင့်စွန်းကျကျနေရာ၌
ဆေးလိပ်ကိုခဲထားကာ လက်တစ်ဖက်မှလည်း
အရက်ခွက်ကိုကိုင်၍ ခြေချိတ်ထိုင်နေသော
လူငယ်လည်း အပါအ၀င်ဖြစ်သည်။
အသက်နှစ်ဆယ့်ခြောက်နှစ်သာရှိသေးပေမဲ့
တည်ငြိမ်လွန်းစွာ ဟန်ကျကျထိုင်နေသော
သူ့ပုံစံသည် အန္တရာယ်ရှိသည်ဟု ဆိုင်းဘုတ်
တပ်ထားသကဲ့သို့ အနက်ရောင်အရှိန်အဝါတွေ
ထုတ်လွှတ်နေလေသည်။
ဂျင်းဘောင်းဘီအနက်ရောင်ကို နက်ပြာရောင်
ရှပ်လက်တိုနှင့် တွဲ၀တ်ထားလေသည်။
အရက်ခွက်ကိုကိုင်ထားသည့် ညာဘက်လက်မှ
ကြွက်သားအဖုအထစ်များကြောင့်
ခပ်လှမ်းလှမ်းမှ ငေးကြည့်နေသောကောင်မလေး
အဖို့ ရင်ဖိုစရာကောင်းနေသော်လည်း
ချဉ်းကပ်ရန်မလွယ်သော အရိပ်အငွေ့များသည်
လူကိုထိတ်လန့်စေသည်။
"ရှိုင်း..တို့ဒီမှာထိုင်လို့ရမလား.."
မိန်းကလေးသည် အရဲစွန့်ကာထိုလူသားအနားသို့
တိုးကပ်သွားလိုက်ပြီး အသံတုန်တုန်လေးဖြင့်
ခွင့်တောင်းလိုက်သည်။
ရှိုင်းဆိုသူကတော့
ကောင်မလေးအား ရဲရဲတင်းတင်းပဲ
ပြန်စိုက်ကြည့်လိုက်ပြီး နဖူးအုပ်နေသော
သူ့ဆံပင်နက်နက်တွေကို သပ်တင်လိုက်ကာ
ခေါင်းခါပြလိုက်သည်။
"အားနာပါတယ်..ကိုယ်ကမကြာခင်ပြန်တော့မှာ.."
ပါးချိုင့်လေးနှစ်ဖက် ခွက်၀င်သွားသည်အထိ
ပြုံးပြလိုက်သော ထိုအမျိုးသားလေး၏
အပြုံးနှင့်ငြင်းဆိုမှုသည် လက်ဆတ်သော်လည်း
သူ့မျက်၀န်းတွေကတော့ အန္တရာယ်
အငွေ့အသက်များ ပြစ်လွှတ်နေမှန်းသိသာနေ၍
ကောင်မလေးသည် တခဏမျှငေးကြည့်မိပြီး
ပြန်လှည့်ထွက်သွားတော့သည်။
"ဝိုး..ရှိုင်း...မင်းကလည်းဘာလို့
ငြင်းလိုက်ရတာလဲ..ကောင်မလေးကိုအားနာစရာ.."
"အားနာရင် မင်းခေါ်ထားလိုက်လေ.."
"ငါတို့ဆီလာတာမှမဟုတ်တာ..မဟုတ်ရင်
ဘယ်နေမလဲကွ.."
"ရှိုင်းနဲ့အပြင်သွားရင် ငါမျက်နှာငယ်တယ်ဆိုတာ
မင်းတို့ကောင်တွေ ယုံပြီမဟုတ်လား..
ဒီကောင်ကရုပ်ကလည်း
စော်ကြည်ဘဲရုပ်ဖြစ်တဲ့အပြင်..နာမည်ကြီး
ရုပ်ရှင်မင်းသားဆိုတော့ ဘယ်နေရာသွားသွား
သူ့ပဲ ကွက်ပြီးမြင်ကြတာလေ..တော်သေးတာက
ခုလက်ရှိဒီကောင်က စင်ဂယ်လ်ဖြစ်နေလို့
မဟုတ်ရင် သူ့မန်နေဂျာဖြစ်တဲ့ငါ
မျက်နှာအရမ်းငယ်ရတယ်ကွ.."
ရှိုင်း၏ မန်နေဂျာ ထက်ယံမှစတင်၍
ပေါက်ပေါက်ဖောက်လိုက်သည့်အခါ
အခြားသူများကလည်း ထရယ်ကြပြီး
ထက်ယံကို လှောင်ကြတော့သည်။
"ထက်ယံရာ..မင်းလည်းအားမငယ်ပါနဲ့...
ငါမင်းအတွက် အဖော်ရအောင်ဂျပန်ကနေ
ဆီလီကွန်အရုပ်မကြီး မှာပေးထားပါတယ်.."
"ခွေးကောင်..အဲ့အရုပ်မကြီးကိုမင်းပဲယူကွ
ငါ့ကိုများ တဏှာရူးမှတ်နေလား..
ငါလိုချင်တာက တကယ့်ဘ၀လက်တွဲဖော်ကွ..
ရုပ်ချောဖို့မလိုဘူး..ပိုက်ဆံရှိဖို့မလိုဘူး
ငါ့ကို တကယ်ချစ်ပေးရင်ရပြီ..
အဲ..တစ်ခုတော့ရှိတာပေါ့ ကောင်မလေးကလည်း
ငါ့လိုရုပ်လည်းမချော..
ပိုက်ဆံလည်းသိပ်မရှိတာကို
လက်ခံပေးနိုင်ရမှာပေါ့"
"အေး..အဲ့ဒါဆို..ငါမင်းအတွက်
ဆီလီကွန်အရုပ်မကြီး မမှာပေးတော့ဘူး...
တစ်ခြားဟာမှာပေးမယ်.."
"ဘာမှာပေးမှာလဲ..."
"ငှက်ပျောတုန်းအသင့်ပါတဲ့..အခေါင်းကြီးလေ"
"ဟာ..ဒီသေချင်းဆိုးကတော့
မင်းသာငှက်ပျောတုန်းဖက်ပြီးသေရမှာ.."
"ဟား..ဟား..မင်းကငွေမမက်တဲ့မိန်းမကို
လိုချင်တယ်ပြောတာကိုကွ ခုခောတ်မှာ
ဘယ်မိန်းမက ငွေမမက်လို့လဲ..."
"ဘာလို့မရှိရမှာလဲ..အချစ်ကိုပဲကိုးကွယ်တဲ့
မိန်းကလေးတွေမှ အများကြီး.."
"အချစ်ကိုပဲ ကိုးကွယ်တဲ့မိန်းကလေးတွေဆိုရင်
မနူးမနပ် ဆယ်ကျော်သက်လေးတွေပဲ
ရလိမ့်မယ်ကွ..သားကြီးရာ
ငယ်ငယ်ရွယ်ရွယ်နဲ့
လက်ကောက်မ၀တ်ချင်စမ်းပါနဲ့...
တစ်သတ်တစ်ကျွန်းနဲ့
ဘ၀ကိုအဆုံးသတ်နေရအုန်းမယ်.."
"ဒါဆို သံတိုင်ကြားကတောက်ခေါက်သံကို
ကြားရတော့မှာပေါ့.."
"မင်းပဲလက်ကောက်၀တ် သေနာရ...
မင်းပဲ တစ်သတ်တစ်ကျွန်းကျ..."
ရွံ့နောက်နောက်နှင့် လိုက်စနေသောဝေမျိုးကို
မခံချင်ဖြစ်စွာ ထက်ယံကအော်ထည့်လိုက်တော့
ရှိုင်းသည် ပူပြင်းပြင်းအရက်ကို
လည်ချောင်းတစ်လျှောက် မြိုချလိုက်ပြီး
သူ၏ညိုစိုစို နှုတ်ခမ်းများကလည်း
ခပ်ထေ့ထေ့ ပြုံးမိသွားလေသည်။
For Me, [7/2/2025 12:24 PM]
ပရိတ်သတ်တွေရဲ့ အရှေ့မှာသာသွက်လက်သည့်
အမူအယာတွေရှိတတ်ပေမဲ့ ပုံမှန်ဖြတ်သန်းနေကျ
နေထိုင်မှုပုံစံမှာတော့ သူသည်စကားကို
လိုသည်ထပ် ပိုပြောတတ်သူမဟုတ်ပေ။
ပုဂ္ဂလိကရေးရာနှင့် ပတ်သတ်သည့်ကိစ္စဆိုလျှင်
အရင်းနှီးဆုံး သူငယ်ချင်းများနှင့်တောင်
ဆွေးနွေးမှု လုံး၀မလုပ်တတ်သည်မှာ
သူ့၏ ပင်ကိုယ်စရိုက်ဖြစ်သည်။
"ရှိုင်း..မင်းရော..ချစ်သူရွေးတဲ့အခါ
ဘယ်လိုလူမျိုးကို ရွေးချယ်မှာလဲ.."
ဘာအကြောင်းအရာမျိုးမှ မဆွေးနွေးချင်၍
တိတ်တဆိတ်သာနေသည့် သူ့ကိုမေးခွန်း
လာထုတ်နေလေသည်။
"ငါ့မှာ စေ့စပ်ထားတဲ့လူရှိတယ်.."
အရက်ခွက်ကိုချ ဆေးလိပ်ကိုပြန်ရှိုက်လိုက်ရင်း
အခန်းမီးခပ်မှိန်မှိန်မှာတောင် ထင်းထွက်နေသော
သူ၏ဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းဖြစ်သည့်
မေ့ရိုးကို ခပ်မော့မော့ထားကာ ရှည်သွယ်သွယ်
လက်ချောင်းများနှင့် ဆံပင်တွေကိုထိုးဖွပစ်နေရာမှ
ခပ်ပြတ်ပြတ်သာ ပြန်ဖြေလိုက်သည်။
"ငါပြောတာက သက်လွန်းပိုကိုပြောတာမဟုတ်ဘူး
သက်လွန်းပိုက မင်းနဲ့လူကြီးချင်းစေ့စပ်
ပေးထားတဲ့မိန်းကလေးလေ..ငါသိချင်တာက
ပိုပိုကလွဲပြီး အခြားတစ်ယောက်ကိုချစ်ဖို့
ရွေးချယ်မယ်ဆိုရင် ဘယ်လိုမိန်းကလေး
ပုံစံမျိုးကို သဘောကျလဲလို့မေးတာ..."
"အခြားတစ်ယောက်ဆိုတာမရှိဘူး.."
အနက်ရောင်ဆိုဖာကို မှီထိုင်ထားသည့်နည်းတူ
၀တ်ထားသည့် ဖက်ရှင်ကလည်းမှိုင်းပျပျ
ဖြစ်နေသည်။ သူထိုင်နေသည့်ဘက်တွင်
အမှောင်ရိပ်ကျနေပေမဲ့ သူ၏စူးရှသည့်
မျက်၀န်းတွေထဲမှ အန္တရာယ်အငွေ့အသက်ကိုတော့
ဝေမျိုး ခံစားမိပါတယ်။
ဩရှရှ သူ့အသံကလည်းအတော်လေးမာပြီး
ခက်ထန်၍နေသည်။
"ရှိုင်း"ဆိုသည့်ကောင်က အဲ့ဒီလိုပါပဲ။
သူ့မကြိုက်တဲ့ကိစ္စကို လုပ်ရပ်နှင့်ဖြစ်စေ
စကားနှင့်ဖြစ်စေ လွန်တာ၊ကျွံတာမျိုးကို
လုံး၀သည်းခံနိုင်သူမဟုတ်ပေ။
ထို့ကြောင့် ဝေမျိုးလည်းထိုမေးခွန်းကို
ဆက်မမေးတော့ပဲ စကားလမ်းကြောင်း
လွှဲလိုက်ရလေသည်။
အားလုံးက ကိုယ်စီလုပ်ငန်းတွေရှိကြပေမဲ့
အခုလိုဆုံကြတိုင်း စီးပွားရေးအကြောင်းက
လွဲပြီး အခြားအလ္လာပတွေသာ
ပြောတတ်ကြစမြဲပင်။
ငယ်ဘ၀အကြောင်းတွေမဟုတ်ရင်
အရင်ရည်းစားဟောင်းများအကြောင်းများနှင့်
မိသားစုရေးရာအကြောင်းများကိုသာ
ပေါက်ပေါက် ဖောက်တတ်ကြလေသည်။
"မင်းတို့ပဲဆက်ပြောကြ ငါအိမ်ပြန်နှင့်တော့မယ်.."
ပျင်းရိပျင်းတွဲဖြစ်နေသည့် အသံမျိုးဖြင့်
ပြောလိုက်ကာ သူ့ကုတ်အိင်္ကျီကို
ပြန်၀တ်နေသောကြောင့် ရှိုင်းကိုအားလုံးက
ဝိုင်းတားကြလေတော့သည်။
"မင်းကလည်းကွာ..အိမ်ပြန်တာပဲဘယ်အချိန်
ပြန်ပြန်ရတဲ့ဟာကို ငါတို့ကဒီလိုဆုံဖို့
လွယ်တာမှမဟုတ်တာ နေစမ်းပါအုံးကွာ..
အနည်းဆုံးတော့ မူးအောင်သောက်သွားရမယ်"
"တအားမူးလို့မရဘူးကွ..ဒီတစ်ခါက
အမေတို့အိမ်ကိုပြန်ရမှာ..
အရက်မူးအောင်သောက်မိရင်
အိမ်ထဲတောင် ပေး၀င်မယ်မထင်ဘူး"
ရေချိန်ကိုက်နေကြပြီဖြစ်သောကောင်တွေက
မူးမူးရူးရူးနှင့် ဝိုင်းတားကြပေမဲ့
သူကတော့ ဆုံးဖြတ်ချက်ကိုပြန်ပြင်တော့မှာ
မဟုတ်ပေ။
"နေစမ်းပါအုံး..ပုံမှန်ဆိုရင်မင်းမိဘအိမ်ကို
မပြန်ပါဘူး..ဒီနေ့မှထူးဆန်းလို့ပါလား.."
"အဖေနဲ့အမေရဲ့ အိမ်ထောင်သက်တမ်း
၂၇နှစ်ပြည့်အထိမ်းအမှတ်လေ.."
"အော်..ဒီလိုလား...ဒီလိုဆိုတော့လည်း
မတားတော့ပါဘူးကွာ..မင်းမိဘတွေကို
ငါတို့က အသက်တစ်ရာအထိ
ပေါင်းနိုင်ပါစေလို့ ဆုတောင်းပေးတဲ့အကြောင်း
ပြောလိုက်ပါအုံးကွာ.."
"အင်း..."
စကားကို ခပ်တိုတိုသာပြောလိုက်ပြီး
ကုတ်အိင်္ကျီကို၀တ်ကာ ရှိုင်းတစ်ယောက်
ထရပ်လိုက်တယ်ဆိုရင် အခန်းထဲတွင်ရှိသော
မိန်းကလေးအချို့၏မျက်နှာများ
ပျက်ယွင်းသွားကြလေသည်။
ရှိုင်းကတော့ ဘာကိုမှဂရုစိုက်မနေပဲ
သူ၏မန်နေဂျာ ထက်ယံကိုသာ မှာစရာရှိတာမှာပြီး
ဘားမှထွက်လာခဲ့လိုက်သည်။
မိုးပြေးလေးအောက်တွင် ထီးအနက်ရောင်ကို
ဆောင်းပြီး မော်ဒယ်လ်မြင့်သည့်ကားကိုစီးကာ
ရှိုင်းတစ်ယောက် ဘားနှင့်အဝေးဆုံးကို
မောင်းထွက်သွားသည့်အချိန်
ကောင်မလေးတစ်ယောက်သည် အပြေးအလွှားနှင့်
ရောက်လာပြီး တံခါးကိုတွန်းဖွင့်လိုက်ကာ
အခန်းထဲသို့ ၀င်လာလေတော့သည်။
ဖြောင့်စင်းအိကျနေသော ဆံပင်ရှည်များကို
အနောက်သို့ ဝဲကျသွားအောင် သပ်ချလိုက်ပြီး
နီညိုရောင်နှုတ်ခမ်းနီရဲရဲစိုးထားသော
လှပသည့် နှုတ်ခမ်းပါးလေးအားဆွဲဆောင်မှုရှိစွာ
ပြုံးလိုက်လေသည်။
ထက်ယံတို့ဝိုင်းသို့ ကနွဲ့ကလျှလျှောက်လာပြီးခါမှ
သူတွေ့ချင်သည့် လူကိုမတွေ့လိုက်ရတော့
လေပူတွေမျက်နှာကို ဟပ်ခံလိုက်ရသကဲ့သို့
အမူအရာ ချင်ချင်းပြောင်းသွားလေတော့သည်။
"ဟာ..မွန်မွန်..နင်ရောက်လာတာနဲ့အတော်ပဲဟာ
ဒီမှာငါတို့အလောင်းအစားလုပ်နေတာ
နင်လည်း၀င်ပါစမ်းပါ..."
"ဘာအလောင်းအစားလဲ..."
ဆုထက်မွန်သည်လည်း ပြန်လှည့်လို့
မကောင်းတော့၍ ဆိုဖာမှာပဲထိုင်ဖို့
ပြင်လိုက်ရသည်။
"ရှိုင်းနဲ့ပိုပိုတို့ ဘယ်တော့လောက်
လက်ထပ်ဖြစ်ကြမလဲဆိုတဲ့ အကြောင်းကို
ငါတို့လောင်းနေတာ.."
မထင်မှတ်ထားသည့်စကားကို ကြားလိုက်ရ၍
ဆုထက်မွန်၏မျက်နှာဖွေးဖွေးသည်
မီးသွေးကဲ့သို့ မဲညစ်သွားလောက်အောင်
စိတ်ပျက်သွားလေသည်။
ရင်ထဲကို မျှားအစင်းပေါင်းများစွာ
ပစ်လိုက်သကဲ့သို့ နာကျင်သွားရသည်။
သို့ပေမဲ့ မိမိ၏စိတ်ခံစားချက်ကို
ကွယ်ဝှက်ထားဖို့လည်း သတိမမေ့ခဲ့ပေ။
"ဟိုကဖြင့် နိုင်ငံခြားမှာနောက်တစ်ယောက်
တွေ့နေပြီလားမသိပဲနဲ့.."
"မဖြစ်နိုင်ပါဘူးဟာ..ပိုပိုကကျန်တဲ့နေရာမှာသာ
ခေါင်းမာချင်မာမယ်..ရှိုင်းကိုတော့
သူစွန့်လွှတ်နိုင်မှာမဟုတ်ဘူး
လုံး၀သေချာတယ်
ရှိုင်းနဲ့စေ့စပ်နိုင်ဖို့ သူဘယ်လောက်
ကြိုးစားခဲ့ရသလဲဆိုတာ ငါတို့အသိဆုံးပဲ
မဟုတ်ဘူးလား.."
မင်းသက်ထင်က ထောက်ပြတော့
ကျန်လူများကလည်း မူးနေသော်ငြားခေါင်းငြိမ့်၍
လက်ခံလိုက်ကြသည်။
"သူပြန်လာတော့မယ်တဲ့..."
"ဘာ...!!!!"
တစ်ချိန်လုံးတိတ်နေရာမှ အရင်းမရှိအဖျားမရှိ
ထပြောလိုက်သော သူရထက်၏စကားကြောင့်
အားလုံး အံ့ဩသွားကြလေသည်။
သူရထက်ကတော့ သူထုတ်ပြောလိုက်တဲ့အခါ
အားလုံးဒီလို ဖြစ်သွားမည်မှန်းသိ၍
တုန်လှုပ်ခြင်း အလျှင်းမရှိပဲမျက်မှန်ကိုသာ
လက်ညှိုးနှင့် ပြန်ပင့်တင်လိုက်ပြီး
ထပ်မံ၍ ခေါင်းငြိမ့်ပြလိုက်သည်။
"ပိုပိုငါ့ကိုစာပို့လာတယ်..သူမကြာခင်
ပြန်လာတော့မယ်တဲ့..ဒီကဆေးရုံမှာပဲ
သူအလုပ်၀င်တော့မယ်လို့ပြောတယ်.."
"အဲ့ဒီ့ကိစ္စကို..ရှိုင်းရောသိလား.."
"သူရှိုင်းကို မပြောရဲဘူးတဲ့...ပြန်ရောက်တဲ့အခါမှ
ရှိုင်းကို တောင်းပန်မယ်လို့တော့ပြောတာပဲ.."
"ဒါနဲ့ရှိုင်းကရော ပြန်လက်ခံမယ်လို့
နင်တို့ထင်လား..."
မွန်မွန်က ထမေးလိုက်သည့်အခါ
မူးပြီးခေါင်းမှောက်နေသော ထက်ယံသည်
ချက်ချင်းပဲ ခေါင်းပြန်ထောင်လာပြီး
စကားစစ်ထိုးဖို့ကြိုးစားတော့သည်။
"ရှိုင်းကသေချာပေါက် လက်ခံလိမ့်မယ်..
ဘာဖြစ်လို့လဲဆိုတော့ သူကတစ်ယောက်ဆို
တစ်ယောက်သမား ပိုပို့ကိုစိတ်နာနေရင်တောင်
အခုထိစေ့စပ်ပွဲကို မဖြတ်တာက
ဘာကြောင့်ဖြစ်နိုင်မလဲ..ဒီကာလတွေအတွင်းမှာ
အချစ်ဇာတ်လမ်းတောင် သူရိုက်တာမဟုတ်ဘူး
ရိုက်လိုက်ရင် အက်ရှင်ကားတွေကြီးပဲ...
ဘာကြောင့်လဲဆိုတော့ အခြားမိန်းကလေးတွေနဲ့
ရောယှက်တာမျိုး မလုပ်ချင်လို့ပဲမြင်တယ်.."
"ထက်ယံ..မင်းလည်းသူ့နောက်ကိုလိုက်ရတာ
တော်တော်ခက်ခဲမှာပဲနော်..."
ဝေမျိုးက ထက်ယံ၏ပခုံးကိုပုတ်ပြီး
နှစ်သိမ့်ပေးလိုက်သည်နှင့် ထက်ယံကလည်း
ကြောင်ပေါက်လေးလို ချက်ချင်း
သနားစရာကောင်းဟန်ဆောင်လိုက်သည်။
"ခက်ခဲတာပေါ့ကွာ...အဲ့ဒီ့ကောင်ကလေ
ဘယ်လိုဖြောင်းဖြပါစေ လုံး၀နားမ၀င်ဘူးကွာ
နှုတ်ခမ်းနီမလေးတွေအသဲစွဲမဲ့ နူးနူးညံ့ညံ့
အချစ်ဇာတ်လမ်းတွေရိုက်ပါဆိုလည်း
ပြောမရဘူး..သူ့နောက်ကိုလိုက်ရတာလေ
ဆေးရုံကိုအမြဲ ဘွတ်ကင်လှမ်းချိတ်ထားရတာကွ
ဘယ်တော့ လက်ကျိုး၊ခြေကျိုးဖြစ်မလဲဆိုပြီး
ပူနေရတာနဲ့ ငါလည်းနှလုံးရောဂါရတော့မယ်..."
"အဲ့လိုစွန့်စားလို့လဲ..ဒီကောင်က ခုနောက်ပိုင်း
အိမ်နီးချင်းနိုင်ငံတွေအထိပါ
ကျော်ကြားနေတာပေါ့ကွ.."
"ဟုတ်တော့လည်းဟုတ်ပါတယ်..ရုပ်ချောတဲ့
ကောင်လေးက ဖိုက်တင်ခန်းပိုင်တော့လည်း
ဒရမ်မာကားမရိုက်ပေမဲ့ သူ့ပရိတ်သတ်တွေက
သူမှသူဖြစ်နေတာနေမှာပေါ့..
အခုနိုင်ငံတကာဖန်တွေပါ ပိုများလာတော့
ငါတို့အေဂျင်စီမှာ အသက်အငယ်ဆုံးနဲ့
ငွေအရှာပေးနိုင်ဆုံးဖြစ်နေပြီလေ..
ဇာတ်လမ်းရွေးတာကအစ အေဂျင်စီက
၀င်မပါပဲ အကုန်သူ့လက်သူ့ခြေပဲလုပ်ခွင့်
ပေးထားတာပေါ့..."
"ဒါဆိုရင် သူ့နောက်လိုက်ရတာမင်းအတွက်
ခက်ခဲပေမဲ့ တန်ပါတယ်ကွာ..
မင်းကို အခြားလူတွေနှိမ်လို့မရတော့ဘူးပေါ့.."
"အဲ့ဒါတော့ဟုတ်ပါတယ်..."
ထက်ယံလည်း ဝေမျိုးထောက်ပြတာကို
ခေါင်းငြိမ့်လိုက်မိလေသည်။
ဒရမ်မာနှင့်ဟာသကားတွေ ခောတ်စားသည့်မြန်မာနိုင်ငံမှာ ရှိုင်းကတော့အက်ရှင်ကားတွေနှင့်
ဈေးကွက်ကို ထိုးဖောက်နိုင်သည့်
ခပ်ရှားရှား မင်းသားတစ်လတ်ဖြစ်သည်။
ပွဲဦးစထွက်တုန်းကသာ အချစ်ဇာတ်လမ်းတွေ
ရိုက်ခဲ့ပေမဲ့ ခုနောက်ပိုင်းမှာသူနဲ့
စာချုပ်ချုပ်ထားတာတွေက အက်ရှင်ဇာတ်ကား
တွေသာများသည်။
သူရိုက်ခဲ့တဲ့ အက်ရှင်ဇာတ်ကားတွေကလည်း
ငွေအားစိုက်ထုတ်နိုင်သည့် ထုတ်လုပ်ရေး
ကောင်းများနှင့်ရိုက်ခြင်းဖြစ်၍ အရည်အသွေး
ပြည့်မှီကာ ရုံတင်တဲ့အခါလည်း ရုံတင်စံချိန်
အမြဲချိုးနေကြပင်ဖြစ်သည်။
ရုပ်ရည်ချောမောရုံတင်မက အရပ်ဒေါင်ကောင်းပြီး
ကျစ်လစ်သည့် ခန္ဓာကိုယ်အချိုးအစားမျိုးကို
ပိုင်ဆိုင်ထားသည့်အခါ ကရာတေး၊မြွေထိုင်းနှင့်
ဘောက်စင်ထိုးတာမျိုးအထိပါ သင်ယူထားသော
ဇွဲနပဲကြီးသည့် ရုပ်ရှင်မင်းသားဖြစ်သည်။
"ထက်ယံ..မင်းရဲ့ဖုန်းမြည်နေတယ်.."
ထက်ယံလည်း မူးမူးနှင့်လျှောက်တွေးနေမိရင်းမှ
ဝေမျိုး၏အသိပေးသံကြောင့် ဖုန်းကို
ကောက်ကိုင်လိုက်ရာ လွန်ခဲ့တဲ့
တစ်နာရီလောက်ကတင်
ဘားမှထွက်သွားသော ရှိုင်း၏ဖုန်းနံပါတ်
ဖြစ်နေလေသည်။
ဖုန်းကိုကောက်ကိုင်၍ နားမှာကပ်လိုက်ပြီးခါမှ
တစ်ဖက်လူ၏ ခိုင်းစေချက်ကြောင့်
အံ့ဩတကြီး ထအော်လိုက်မိလေတော့သည်။
"ထက်ယံ..ဘာလို့ထအော်တာတုန်းကွ.."
"ဘာဖြစ်ရမှာတုန်း..ငါ့ရဲ့အလုပ်ရှင်ကြီးရှိုင်းပေါ့
အခုချက်ချင်း နယ်ဘက်ကိုခရီးထွက်ရမယ်တဲ့.."
ဖုန်းကိုချလိုက်ပြီး မူးမူးနှင့်
မတ်တပ်ရပ်လိုက်သော ထက်ယံအား
ဝေမျိုးလည်း မနေနိုင်စွာ
လှမ်းထိန်းပေးလိုက်ရလေသည်။
"ဖြစ်ပါ့မလားကွာ..မင်းကဒီလောက်မူးနေတာကို
နောက်ပြီး ခရီးသွားမဲ့အချိန်ကဘာလို့
ဒီအချိန်ကြီးလဲကွ..အခုပဲနှစ်နာရီခွဲနေပြီကို
ဘာကိစ္စမို့ ရှိုင်းကအဲ့လောက်
အရေးကြီးနေရတာလဲ..ဘယ်ကိုသွားမှာမို့လို့လဲ.."
"ဧရာ၀တီတိုင်းကိုတဲ့ကွာ..သူ့အမေကသူ့အဖေနဲ့
စကားများပြီး အိမ်ပေါ်ကဆင်းသွားလို့တဲ့
အဲ့ဒါ သူ့အမေကရွာပြန်သွားတယ်ဆိုလို့
လိုက်ခေါ်မလို့တဲ့.."
"ဟား..ဟား..အန်တီမွှေးကအိမ်ပေါ်ကနေ
ဆင်းတဲ့အကျင့်ကို အခုထိမဖျောက်သေးပါလား.."
For Me, [7/2/2025 12:24 PM]
"အေးကွာ..သူတို့လင်မယားက ကလေးတွေလိုပဲ
ဦးဂုဏ်ဆိုရင် အခုထိသူ့မိန်းမကို
သ၀န်တိုတုန်း အခုလည်းဘယ်ကနေဘယ်လို
စဖြစ်ကြသလဲမသိပါဘူး...ငါတက္ကီစီငှားပြီး
သွားတော့မယ်ကွာ..တော်ကြာကိုယ်တော်က
စောင့်ရတာ စိတ်မရှည်လို့ကောနေအုံးမယ်.."
သူငယ်ချင်းတွေကို နှုတ်ဆက်ခဲ့ကာ
ယိုင်တိုင်တိုင်နှင့်ဘားမှထွက်လာလိုက်ပြီးနောက်
တက္ကစီငှားကာ ကိုယ့်တိုက်ခန်းတွင်
ခဏသွားပြီး လိုအပ်တာတွေသွားယူရတော့သည်။
စိတ်ထဲမှာတော့ တစ်ညတာလောက်မူးအောင်
သောက်မိတာတောင် ကောင်းကောင်း
အနားမယူရ၍ ရှိုင်းကိုအမျိုးမျိုး
ကြိမ်ဆဲနေမိသည်။
"ထက်ယံ..မင်းကလည်းကြာလိုက်တာကွာ..
ဟိုကိုမိုးချုပ်မှရောက်သွားလို့
မဖြစ်ဘူးကွ.."
ရှိုင်းသည် သူ့မိဘတွေ၏အိမ်ရှေ့မှာပင် ကားနှင့်
အဆင်သင့်စောင့်နေပြီး
တက္ကစီနှင့်ရောက်လာသော ထက်ယံကို
ဆီးကြို၍ စကားစစ်ထိုးတော့သည်။
"မိုးချုပ်မှမရောက်ချင်ရင်..နောက်နေ့မှ
မနက်စောစောသွားပေါ့ကွ.."
"မဖြစ်လို့ပေါ့..အခုချက်ချင်းသွားမှဖြစ်မှာ.."
ပြောရင်းဆိုရင်း ယာဉ်မောင်းနေရာတွင်
ဝင်ထိုင်လိုက်သော ရှိုင်းကြောင့်
ထက်ယံလည်း အရှေ့ခန်းတံခါးကိုပြေးဖွင့်ပြီး
အလောတကြီး၀င်ထိုင်လိုက်ရသည်။
ရှိုင်းအနေနှင့် ဒီလောက်ပြာယာခတ်နေပုံရရင်
သူ့အဖေနဲ့အမေ၏ ရန်ပွဲကလည်းတော်တော်လေး
ကြီးမှန်း ထက်ယံနားလည်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ကိုယ်ကသူ့မန်နဂျာဆိုတော့
သူ့နောက်ကို မလိုက်လို့မဖြစ်ပေ။
"ငါလိုက်ပဲလိုက်နိုင်မှာနော်..အရက်မူးနေလို့
ကားတော့မမောင်းနိုင်ဘူး..."
"မင်းမောင်းတဲ့ကားလည်း ငါမစီးရဲပါဘူး..."
စကားဆုံးသည်နှင့် အရှိန်ပြင်းပြင်း
မောင်းထွက်သွားသော ကားပေါ်တွင်
ထက်ယံကတော့ မူးနေတာတွေပါ
ပျယ်ကုန်တော့သည်။
အောက်သွားတွေပါ ခိုက်ခိုက်တုန်လာပြီး
လက်ကိုင်ကွင်းကို ကျစ်နေအောင်
ကိုင်ထားလိုက်ရသည်။
*အဲ့ဒါကြောင့် ဒီကောင်မောင်းတဲ့ကားကို
မစီးချင်တာ..သူ့အမေနေတဲ့ရွာမရောက်ပဲ
သင်္ချိုင်းကုန်းတန်းရောက်သွားမှဖြင့်
အမေရေ..သားမိန်းမယူပြီးမှသေချင်တယ်လို့..*
ထက်ယံတစ်ယောက် ကားပေါ်မှာလိုက်စီးရင်း
အသံစုံအောင် အော်နေလည်း
အရှိန်နှုန်းက နိမ့်မသွားပဲ
ပို၍သာအရှိန်တင်လာလေသည်။
ချွေးသီးချွေးပေါက်များကျကာ ရှိုင်းကို
လှမ်းကြည့်လိုက်ပေမဲ့ ဒင်းကတော့ပီကေကို
ခပ်တည်တည်ဝါးရင်း သူတစ်ယောက်တည်း
ကားပေါ်မှာ ရှိနေသလိုမျိုးဘေးကလူကို
တစ်စက်မှ ဂရုမစိုက်ပေ။
ဒီလို တဇွတ်ထိုးဆန်လို့လဲ အရမ်းခက်ခဲတဲ့
စတန့်တွေကို လူစားမထိုးပဲလုပ်ရဲတာ
ထင်ပါရဲ့။
*ဒင်းကိုရတဲ့မိန်းမကတော့ ကမ္ဘာပေါ်မှာ
ကံအဆိုးဆုံးလူသားပဲ ဖြစ်လိမ့်မယ်...*
🌺🌺🌺🌺🌺🌺🌺🌺
🌺ဧရာ၀တီတိုင်း..
"ချစ်ချစ်ရေ...သွားကြမယ်လေ..
အရမ်းနောက်ကျရင်...မှောင်မှပြန်နေရလိမ့်မယ်.."
"ဟုတ်ကဲ့လေးလေး..ဒီမှာကြက်တွေကို
အစာကျွေးပြီးတာနဲ့ သွားမယ်နော်..."
နူးညံ့ကြည်သာသော အသံလေးသည်
သန့်ရှင်းကြည်စင်သော လေထုကြားမှ
ဖြတ်သွားပြီးနောက် အညိုရောင်သဏ္ဍန်လေး
တစ်ခုသည် သစ်လုံးအိမ်လေး၏ တံခါး၀မှာ
ပေါ်ပေါက်လာလေသည်။
ခြေတံ၊လက်တံသွယ်လျှပြီး ယဉ်စစ
ကိုယ်နေဟန်ထားသည် ဖြတ်သွားသူတိုင်း
နှစ်ခါပြန်ငေးယူရသော အလှတရားလေးသာ
ဖြစ်သည်။
တင်ပါးအုပ်သည့် တထွန်အနီကွက်လက်ရှည်ကို
၀တ်ဆင်ထားပေမဲ့ လှပသောခန္ဓာကိုယ်
အချိုးအစားကိုတော့ ဖုံးကွယ်ထား၍
မရနိုင်ပေ။
နေရောင်အောက်တွင် တောက်ပနေသော
ထိုမိန်းကလေးသည် ကကြီးပုံစံနှုတ်ခမ်းလေးကို
ကွေးညွှတ်တတ်သွားအောင်အထိ ပြုံးလိုက်ကာ
အစာစာ၍ တမော့မော့ဖြစ်နေသော
ကြက်ကလေးများကို အစားကျွေးရင်းနှင့်
အလုပ်ရှုပ်နေလေသည်။
"ချစ်ချစ်ရေ..မသွားသေးဘူးလား..ဟိုမှာ
အဖေကစက်နှိုးနေပြီ..တော်ကြာမှောင်မှ
ပြန်လာရရင် လမ်းမှာမသမာသူတွေဘာတွေနဲ့
တွေ့နေအုံးမယ်နော်..
ကိုယ်ကအပျိုအရွယ်လေး...
သတိထားနိုင်မှ တော်ခါကြမှာ..."
အစ်မ၀မ်းကွဲဖြစ်သူ ယုယုလှိုင်၏စိတ်ပူပန်စွာ
ဆိုလိုက်သော အပြုအမူလေးကြောင့်
ချစ်ပန်းဝေ၏ စိတ်ထဲ၀ယ်အလိုလို
ကြည်နူးသွားမိလေသည်။
မြို့မှာ ဆယ်တန်းဘော်ဒါနေသည့်လှိုင်မင်းထံသို့
ဟင်းစားအခြောက်အခြမ်းတွေနှင့်
အသုံးစရိတ်သွားပို့ပေးဖို့ရာမှာ
လေးလေးတင်မောင် အားသောအချိန်ကို
ညှိယူရခြင်းဖြစ်၍ နေ့လည်ခင်းမှ
သွားခွင့်ရသည်ဆိုပေမဲ့ ချစ်ချစ်ကလည်း
အားနေသူတစ်ယောက်မဟုတ်ပေ။
မမလှိုင်က အိမ်မှုကိစ္စတွေကို
တာ၀န်ယူရသည်ဆိုလျှင် ချစ်ချစ်ကတော့
လေးလေးနှင့်အတူ ဒီအိမ်၏ပြင်ပကိစ္စ
အ၀၀ကို တာ၀န်ယူရသူဖြစ်သည်။
တောအရပ်ဒေသဆိုတော့ မွေးမြူရေးနှင့်
စိုက်ပျိုးရေးအလုပ်တွေကို တာ၀န်ယူရတာပေါ့။
ဒီအိမ်မှာ လေးလေးကိုကူညီပေးဖို့ရာ
အသက်၂၀အရွယ် မောင်၀မ်းကွဲလေးရှိပေမဲ့
အသုဘအိမ်တွေကိုသာ နယ်လှည့်ပြီး
ဖဲရိုက်နေသူမို့ စကားထဲတောင်ထည့်မပြောချင်ပေ။
ဒီအိမ်မှာ ချစ်ချစ်ကိုနားလည်တာဆိုလို့
မမလှိုင်တစ်ယောက်သာ ရှိသည်။
"မှောင်လဲ ဘယ်သူမှလာဆွဲမှာမဟုတ်ပါဘူး..
ဒီမှာလေ..ဒေါ်ကြီးလိုသနားခါးထူထူကြီးနဲ့
အဖွားကြီးစတိုင်၀တ်သွားမှာမို့ စိတ်မပူနဲ့တော့နော်
ခေါင်းပါပေါင်းသွားအုံးမှာ..."
လက်ကိုလေထဲမှာ ဆန့်တန်းကာ
ဒီဘက်လှည့်ပြလိုက်စဉ်မှာတော့ ယုယုလှိုင်အဖို့
ချစ်ပန်းဝေ၏မျက်နှာကိုကြည့်ပြီး
အော်မရယ်မိအောင် ထိန်းထားရလေသည်။
သနပ်ခါးလိမ်းထားတဲ့ပုံစံက ကောက်စိုက်ထွက်မဲ့
ပုံစံဖြစ်နေပြီး ရင်ဖုံးပွပွကြီးကို၀တ်ထားတော့
နဂိုမျက်နှာလှလှလေး ပျောက်သွားကာ
သရဲရုပ်ကလေး ပေါက်နေလေသည်။
ရယ်လည်းရယ်ချင်သလို သနားလည်း
သနားရသည်။
မြို့မှာတက္ကသိုလ်တက်ပြီး ပြန်လာတုန်းကတောင်
လက်မှာ အကြောစိမ်းလေးတွေမြင်ရအောင်
အသားဖြူသည့်ချစ်ပန်းဝေလေးဟာ ယခုတော့
လယ်ထဲကိုနေ့တိုင်းဆင်းရ၍ အညိုရောင်လေး
ဖြစ်နေလေပြီ။
"ချစ်ချစ်ရယ်..နင့်ပုံစံက
သရဲတောင်ပြန်လန့်ချင်စရာကောင်းနေပြီ.."
"အဲ့ဒါဆို ပိုမကောင်းဘူးလား..
အန္တရာယ်ကင်းတာပေါ့..."
ချစ်ချစ်သည် ကြက်စာကျွေးနေတာကို
ဘေးချပြီး ဦးလေး၏ပုဆိုးနှင့်
ခေါင်းပါပေါင်းလိုက်ကာ အိမ်ထဲသို့
ပြန်ပြေး၀င်သွားလေသည်။
ချစ်ပန်းဝေနှင့်ယုယုလှိုင်က မိန်းကလေးတွေမို့
အိမ်အတွင်းဘက်အခန်းမှာ အိပ်ရခြင်းဖြစ်ရာ
အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့်
အရင်ဆုံးတန်းမြင်ရသည်မှာ နိုင်ငံကျော်
ရုပ်ရှင်မင်းသားချော"ရှိုင်း"၏ပုံလေးပင်ဖြစ်သည်။
"အမယ်လေး..အခန်းထဲကို၀င်လိုက်တာနဲ့
အချစ်လေးရဲ့ပုံကြောင့် အမောကိုပြေသွားတာပဲ.."
နံရံမှာချိတ်ထားသည့် ပြက္ကဒိန်၏မျက်နှာဖုံးမှ
ရှိုင်း၏ပုံလေးကိုကြည့်ပြီး သွားဖြူဖြူလေးများ
ပေါ်သည်အထိ ပြုံးလိုက်ကာ ဗီဒိုတံခါးကို
ဆွဲဖွင့်လိုက်သည်။
ထို့နောက် အကြွေးစာရင်းမှတ်သည့်
စာအုပ်ကြားမှာ ညှပ်ထားသောပိုက်ဆံ
တစ်သောင်းတန်လေးကို ယူလိုက်ပြီး
ပြက္ကဒိန်မှာ မြင်နေရသည့်"ရှိုင်း"၏
ပုံလေးကို ကြည့်ကာမြတ်နိုးမှုအပြည့်နှင့်
ထပ်ပြုံးမိသွားပြန်သည်။
"ကျွန်မစုထားတဲ့ ပဲနှုတ်ခနဲ့ဒီနေ့ရှိုင်းရဲ့
ပိုစတာလေးကို ၀ယ်လာပြီး ဟော့ဒီ့နံရံကြီးမှာ
ကပ်ထားတော့မှာ
ကျွန်မသိပ်ရူးများနေသလားဟင်..
*အင်း..ကျွန်မသူငယ်ချင်းတွေဆို အဲ့ထက်တောင်
ရူးကြပါသေးတယ်.."
မြို့မှာကျောင်းတက်တုန်းကဆိုရင် ချစ်ချစ်တို့
သူငယ်ချင်းအုပ်စုသည် အကြိုက်တူ၊
အသွင်တူများဖြစ်ကြသောကြောင့်
မင်းသား"ရှိုင်း"ကိုကြိုက်တာချင်းလည်း
တူညီကြသည်။
ချစ်ချစ်ကတော့ အစပိုင်းမှာသိပ်မကြိုက်ပေမဲ့
မအူပင်တက္ကသိုလ်မှာ ရိုက်ကူးရေးလာလုပ်တဲ့
မင်းသားကို အပြင်မှာတွေ့လိုက်ရတည်းက
အသဲစွဲသွားတော့တာပဲ။
ပါးချိုင့်လေးနှစ်ဖက် ခွက်၀င်သွားတဲ့အထိ
ချစ်ချစ်တို့ ကျောင်းသူတွေဘက်ကိုလှည့်ပြီး
ရယ်ပြလိုက်တည်းက အဲ့ဒီ့မျက်နှာချောချောလေးကို လုံး၀မေ့ပစ်လို့မရနိုင်တော့တာပါ။
ကိုယ်မပိုင်ဆိုင်နိုင်မှန်း သိပေမဲ့သူ့မျက်နှာလေးကို
ငေးကြည့်နေရရုံနဲ့တင် ကြည်နူးနေမိတာမျိုး။
"ရှိုင်း"က ချစ်ပန်းဝေဆိုသူအတွက်
စိတ်ထွက်ပေါက် တစ်ခုဆိုလည်း မမှားပါဘူး။
"မမလှိုင်ရေ..နောက်ဖေးကမ်းနားမှာ သဲသဲနဲ့
အမေရေချိုးနေကြတာ မမသွားခေါ်ပေးပါအုံးနော်
တော်ကြာ အမေကအဆော့လွန်ပြီး
အအေးပတ်နေမှာစိုးလို့..."
အိမ်ရှေ့သို့ ရောက်သည်နှင့်အပြင်သွားတိုင်း
စိတ်မချရသည့် အမေ့ကိုဂရုစိုက်ဖို့
မမလှိုင်ကို အကူအညီတောင်းလိုက်မိသည်။
"အေးပါ..စိတ်ချပြီးသာသွား..အန်တီခိုင်ကို
သနပ်ခါးပါ လိမ်းပေးထားလိုက်မယ်..
ဒါနဲ့ထီးယူသွားသေးလား.."
"ခေါက်ထီးတစ်လတ်ယူသွားမှာ..
ဒါဆိုသမီးသွားတော့မယ်နော်.."
"အေး..အေး.."
ခေါင်းပေါင်းထားတဲ့အပေါ်မှာ ဝါးခါးမောက်ကြီးပါ
ထပ်ဆောင်းပြီး ထော်လာဂျီပေါ်တက်ကာ
လက်ပြနှုတ်ဆက်နေသော ချစ်ပန်းဝေတို့
ခပ်ဝေးဝေးကိုရောက်မှပဲ ယုယုလှိုင်လည်း
ကမ်းနားသို့ အပြေးသွားရတော့သည်။
ထင်တဲ့အတိုင်းပါပဲ အငယ်မလေးသဲသဲတုန်နှင့်
အန်တီဝေဝေခိုင်တို့နှစ်ယောက် ရွံ့လူးပြီး
ညစ်ပေနေလေပြီ။
"ဟဲ့သဲသဲ..နင့်ကိုအန်တီခိုင်ရေချိုးဖို့
အဖော်လိုက်ခိုင်းတဲ့ဥစ္စာ ဘယ်လိုဖြစ်ပြီး
နင်ပါရောဆော့နေရတာလဲ.."
ယုယုလှိုင်၏အသံခပ်စူးစူးကိုကြားတော့မှ
သဲသဲတစ်ယောက် အထိတ်ထိတ်အလန့်လန့်နှင့်
ရေထဲပြေးဆင်းပြီး ကမ်းနားကသစ်ပင်အနောက်မှာ
ပြေးပုန်းလေတော့သည်။
"ဘာအခုမှ ပုန်းနေတာလဲ..နင်လာခဲ့
နားရွက်ကိုဆွဲလိမ်ပစ်မယ်..."
"ဟင့်..မမလှိုင်ကလည်းသမီးကိုပဲ
ဖိဆူနေတယ်..အခုကအန်တီခိုင်ကြောင့်ပါနော်
အန်တီခိုင်က ရေကောင်းကောင်းမချိုးပဲ
သမီးကို ရွှံ့တုံးကြီးနဲ့ကောက်ပေါက်လို့
သမီးကပြန်ပေါက်တဲ့ဥစ္စာ..ဘာလို့
သမီးတစ်ယောက်တည်းအမှားလဲ...
ဟင့်...မမလှိုင်ကဘက်လိုက်တယ်..
လူကြီးကိုတော့မဆူပဲ ကလေးကိုပဲဆူနေတယ်..."
"ဟဲ့..အော်..အသံပြဲကြီးနဲ့မငိုစမ်းနဲ့ဟယ်..."
"ဟီးဟီး...ငိုတာလှလည်းလှဘူးဟေ့
ငိုတာလှလည်းလှဘူး..ဘီလူးမကြီးကြနေတာပဲ..."
သဲသဲတုန်ငိုတာကို လက်ခုပ်လက်ဝါးတီးပြီး
အန်တီခိုင်က ထရယ်တော့သဲသဲတုန်က
ပိုငိုလေတော့သည်။
ယုယုလှိုင်ကတော့ စိတ်မနှံ့ရှာသော
အန်တီခိုင့်ကိုသာ ကြည့်ပြီးရယ်ရခက်
ငိုရခက်သည့် အခြေအနေကြီးဖြစ်နေရသည်။
အန်တီခိုင်သည် ထဘီရင်ရှားကြီးနှင့်
ကမ်းနားမှာရှိသော ရွံ့အိုင်ထဲမှာ
ခြေဆင်းလျှက်ထိုင်နေပြီး ရွံ့တွေကို
လက်သီးဆုပ်ထဲမှာ ဆုပ်ထားကာ
အော်ရယ်နေလေသည်။
တစ်ကိုယ်လုံး ပေတလူးနေသောကြောင့်
အသက်ငါးဆယ်ပြည့်တော့မည်ဆိုပေမဲ့
ကလေးတစ်ယောက်လိုသာ ပြုမူနေပုံကို
ကြည့်ပြီး တကယ်ကိုစိတ်မကောင်းဖြစ်ရသည်။
*သနားစရာကောင်းလိုက်တဲ့ အန်တီခိုင်...*
🌺🌺🌺🌺🌺🌺🌺🌺
❗(ရှိုင်း(ခေါ်)မောင်မောင်ရဲ့ ကာရိုက်တာကတော့
ဘာကိုမှဂရုမစိုက်တတ်တဲ့
ဂျစ်ကန်ကန်အမျိုးအစားလေးပါ
ဒီလိုပုံစံကိုခုမှဝေဝေ စရေးဖူးတာပါ
❗(ချစ်ပန်းဝေကတော့ လောကဒဏ်
အထုအထောင်းတွေကို ပြုံးပြုံးကြီး
ရင်စီးခံနေတဲ့ကောင်မလေးပေါ့..)
🌺သူတို့နှစ်ယောက် ဘယ်လိုဆုံစည်းကြမလဲ??🌺
===========================
===========================
🌺အခန္း(၁)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺
ရန္ကုန္ၿမိဳ႕.....
အုံ႔မႈိင္းေနေသာ ေကာင္းကင္ျပင္ႀကီးေအာက္၀ယ္
ရန္ကုန္ၿမိဳ႕၏အလွတရားသည္ အနည္းငယ္
မႈန္မႈိင္း၍ေနေလသည္။
မိုးတေျဖာက္ေျဖာက္ႏွင့္ ေဆြးေလာက္စရာ
ရာသီတြင္ ေလျပင္းေတြကိုျဖတ္တိုက္ၿပီး
ကားမ်ားကလည္း ဥဒဟိုေျပးဆြဲေနၾကျပန္သည္။
ရန္ကုန္ၿမိဳ႕ရွိ နံမည္ႀကီးဘားတစ္ခု၏VIP
အခန္းထဲမွ အေျခအေနကေတာ့
အျပင္ဘက္ ရာသီဥတုႏွင့္ဆန႔္က်င္၍ေနသည္။
အလုံပိတ္အခန္းႀကီးတစ္ခုလုံးသည္
မူလမွာေမွာင္မည္းေနေပမဲ့ တျဖတ္ျဖတ္
လက္ေနေသာ အလွမီးသီးမ်ားေၾကာင့္
အုပ္စုဖြဲ႕၍ ထိုင္ေနၾကေသာ လူငယ္မ်ားအတြက္
႐ႊင္ျမဴးတက္ႂကြဖြယ္ ခံစားခ်က္ကို
ေပးစြမ္း၍ေနသည္။
အခန္းထဲ၌ ပ်ံ႕လႊင့္ေနေသာ ေရာ့ခ္သီခ်င္း
ျမဴးျမဴးကလဲ စိတ္ဝိဉာဥ္ကိုထပ္၍
အေရာင္တင္ေနျပန္သည္။
ေဆးလိပ္ခိုးေငြ႕မ်ားသည္ အခန္းတစ္ခုလုံးကို
မႈန္မႈိင္းသြားေစေလာက္သည္အထိ
အခိုးေငြ႕တလူလူျဖစ္ေနၿပီး ျမဴးျမဴးႂကြႂကြ
ထေအာ္ၾကလွ်က္ အရက္ခြက္တိုက္သံေတြကလည္း
ညံေနသည္။
လူငယ္မ်ားႏွင့္သာ ျပည့္ေနေသာဤအခန္းထဲတြင္
အားလုံးနီးပါးသည္ အေပ်ာ္ရွာခ်င္၍
ေရာက္လာၾကျခင္းျဖစ္ၿပီး ထိုသူတို႔၏
ေနာက္ခံတစ္ခုစီတိုင္းသည္လည္း မ႐ိုးရွင္းၾကေပ။
အားလုံးလိုလိုသည္ ေ႐ႊဇြန္းကိုက္ေမြးလာၾကၿပီး
ေငြကို ေရလိုသုံးျဖဳန္းႏိုင္ၾကသူမ်ားသာျဖစ္သည္။
ထိုအထဲတြင္ ေထာင့္စြန္းက်က်ေနရာ၌
ေဆးလိပ္ကိုခဲထားကာ လက္တစ္ဖက္မွလည္း
အရက္ခြက္ကိုကိုင္၍ ေျခခ်ိတ္ထိုင္ေနေသာ
လူငယ္လည္း အပါအ၀င္ျဖစ္သည္။
အသက္ႏွစ္ဆယ့္ေျခာက္ႏွစ္သာရွိေသးေပမဲ့
တည္ၿငိမ္လြန္းစြာ ဟန္က်က်ထိုင္ေနေသာ
သူ႔ပုံစံသည္ အႏၲရာယ္ရွိသည္ဟု ဆိုင္းဘုတ္
တပ္ထားသကဲ့သို႔ အနက္ေရာင္အရွိန္အဝါေတြ
ထုတ္လႊတ္ေနေလသည္။
ဂ်င္းေဘာင္းဘီအနက္ေရာင္ကို နက္ျပာေရာင္
ရွပ္လက္တိုႏွင့္ တြဲ၀တ္ထားေလသည္။
အရက္ခြက္ကိုကိုင္ထားသည့္ ညာဘက္လက္မွ
ႂကြက္သားအဖုအထစ္မ်ားေၾကာင့္
ခပ္လွမ္းလွမ္းမွ ေငးၾကည့္ေနေသာေကာင္မေလး
အဖို႔ ရင္ဖိုစရာေကာင္းေနေသာ္လည္း
ခ်ဥ္းကပ္ရန္မလြယ္ေသာ အရိပ္အေငြ႕မ်ားသည္
လူကိုထိတ္လန႔္ေစသည္။
"ရႈိင္း..တို႔ဒီမွာထိုင္လို႔ရမလား.."
မိန္းကေလးသည္ အရဲစြန႔္ကာထိုလူသားအနားသို႔
တိုးကပ္သြားလိုက္ၿပီး အသံတုန္တုန္ေလးျဖင့္
ခြင့္ေတာင္းလိုက္သည္။
ရႈိင္းဆိုသူကေတာ့
ေကာင္မေလးအား ရဲရဲတင္းတင္းပဲ
ျပန္စိုက္ၾကည့္လိုက္ၿပီး နဖူးအုပ္ေနေသာ
သူ႔ဆံပင္နက္နက္ေတြကို သပ္တင္လိုက္ကာ
ေခါင္းခါျပလိုက္သည္။
"အားနာပါတယ္..ကိုယ္ကမၾကာခင္ျပန္ေတာ့မွာ.."
ပါးခ်ိဳင့္ေလးႏွစ္ဖက္ ခြက္၀င္သြားသည္အထိ
ၿပဳံးျပလိုက္ေသာ ထိုအမ်ိဳးသားေလး၏
အၿပဳံးႏွင့္ျငင္းဆိုမႈသည္ လက္ဆတ္ေသာ္လည္း
သူ႔မ်က္၀န္းေတြကေတာ့ အႏၲရာယ္
အေငြ႕အသက္မ်ား ျပစ္လႊတ္ေနမွန္းသိသာေန၍
ေကာင္မေလးသည္ တခဏမွ်ေငးၾကည့္မိၿပီး
ျပန္လွည့္ထြက္သြားေတာ့သည္။
"ဝိုး..ရႈိင္း...မင္းကလည္းဘာလို႔
ျငင္းလိုက္ရတာလဲ..ေကာင္မေလးကိုအားနာစရာ.."
"အားနာရင္ မင္းေခၚထားလိုက္ေလ.."
"ငါတို႔ဆီလာတာမွမဟုတ္တာ..မဟုတ္ရင္
ဘယ္ေနမလဲကြ.."
"ရႈိင္းနဲ႔အျပင္သြားရင္ ငါမ်က္ႏွာငယ္တယ္ဆိုတာ
မင္းတို႔ေကာင္ေတြ ယုံၿပီမဟုတ္လား..
ဒီေကာင္က႐ုပ္ကလည္း
ေစာ္ၾကည္ဘဲ႐ုပ္ျဖစ္တဲ့အျပင္..နာမည္ႀကီး
႐ုပ္ရွင္မင္းသားဆိုေတာ့ ဘယ္ေနရာသြားသြား
သူ႔ပဲ ကြက္ၿပီးျမင္ၾကတာေလ..ေတာ္ေသးတာက
ခုလက္ရွိဒီေကာင္က စင္ဂယ္လ္ျဖစ္ေနလို႔
မဟုတ္ရင္ သူ႔မန္ေနဂ်ာျဖစ္တဲ့ငါ
မ်က္ႏွာအရမ္းငယ္ရတယ္ကြ.."
ရႈိင္း၏ မန္ေနဂ်ာ ထက္ယံမွစတင္၍
ေပါက္ေပါက္ေဖာက္လိုက္သည့္အခါ
အျခားသူမ်ားကလည္း ထရယ္ၾကၿပီး
ထက္ယံကို ေလွာင္ၾကေတာ့သည္။
"ထက္ယံရာ..မင္းလည္းအားမငယ္ပါနဲ႔...
ငါမင္းအတြက္ အေဖာ္ရေအာင္ဂ်ပန္ကေန
ဆီလီကြန္အ႐ုပ္မႀကီး မွာေပးထားပါတယ္.."
"ေခြးေကာင္..အဲ့အ႐ုပ္မႀကီးကိုမင္းပဲယူကြ
ငါ့ကိုမ်ား တဏွာ႐ူးမွတ္ေနလား..
ငါလိုခ်င္တာက တကယ့္ဘ၀လက္တြဲေဖာ္ကြ..
႐ုပ္ေခ်ာဖို႔မလိုဘူး..ပိုက္ဆံရွိဖို႔မလိုဘူး
ငါ့ကို တကယ္ခ်စ္ေပးရင္ရၿပီ..
အဲ..တစ္ခုေတာ့ရွိတာေပါ့ ေကာင္မေလးကလည္း
ငါ့လို႐ုပ္လည္းမေခ်ာ..
ပိုက္ဆံလည္းသိပ္မရွိတာကို
လက္ခံေပးႏိုင္ရမွာေပါ့"
"ေအး..အဲ့ဒါဆို..ငါမင္းအတြက္
ဆီလီကြန္အ႐ုပ္မႀကီး မမွာေပးေတာ့ဘူး...
တစ္ျခားဟာမွာေပးမယ္.."
"ဘာမွာေပးမွာလဲ..."
"ငွက္ေပ်ာတုန္းအသင့္ပါတဲ့..အေခါင္းႀကီးေလ"
"ဟာ..ဒီေသခ်င္းဆိုးကေတာ့
မင္းသာငွက္ေပ်ာတုန္းဖက္ၿပီးေသရမွာ.."
"ဟား..ဟား..မင္းကေငြမမက္တဲ့မိန္းမကို
လိုခ်င္တယ္ေျပာတာကိုကြ ခုေခာတ္မွာ
ဘယ္မိန္းမက ေငြမမက္လို႔လဲ..."
"ဘာလို႔မရွိရမွာလဲ..အခ်စ္ကိုပဲကိုးကြယ္တဲ့
မိန္းကေလးေတြမွ အမ်ားႀကီး.."
"အခ်စ္ကိုပဲ ကိုးကြယ္တဲ့မိန္းကေလးေတြဆိုရင္
မႏူးမနပ္ ဆယ္ေက်ာ္သက္ေလးေတြပဲ
ရလိမ့္မယ္ကြ..သားႀကီးရာ
ငယ္ငယ္႐ြယ္႐ြယ္နဲ႔
လက္ေကာက္မ၀တ္ခ်င္စမ္းပါနဲ႔...
တစ္သတ္တစ္ကြၽန္းနဲ႔
ဘ၀ကိုအဆုံးသတ္ေနရအုန္းမယ္.."
"ဒါဆို သံတိုင္ၾကားကေတာက္ေခါက္သံကို
ၾကားရေတာ့မွာေပါ့.."
"မင္းပဲလက္ေကာက္၀တ္ ေသနာရ...
မင္းပဲ တစ္သတ္တစ္ကြၽန္းက်..."
႐ြံ႕ေနာက္ေနာက္ႏွင့္ လိုက္စေနေသာေဝမ်ိဳးကို
မခံခ်င္ျဖစ္စြာ ထက္ယံကေအာ္ထည့္လိုက္ေတာ့
ရႈိင္းသည္ ပူျပင္းျပင္းအရက္ကို
လည္ေခ်ာင္းတစ္ေလွ်ာက္ ၿမိဳခ်လိုက္ၿပီး
သူ၏ညိဳစိုစို ႏႈတ္ခမ္းမ်ားကလည္း
ခပ္ေထ့ေထ့ ၿပဳံးမိသြားေလသည္။
ပရိတ္သတ္ေတြရဲ႕ အေရွ႕မွာသာသြက္လက္သည့္
အမူအယာေတြရွိတတ္ေပမဲ့ ပုံမွန္ျဖတ္သန္းေနက်
ေနထိုင္မႈပုံစံမွာေတာ့ သူသည္စကားကို
လိုသည္ထပ္ ပိုေျပာတတ္သူမဟုတ္ေပ။
ပုဂၢလိကေရးရာႏွင့္ ပတ္သတ္သည့္ကိစၥဆိုလွ်င္
အရင္းႏွီးဆုံး သူငယ္ခ်င္းမ်ားႏွင့္ေတာင္
ေဆြးေႏြးမႈ လုံး၀မလုပ္တတ္သည္မွာ
သူ႔၏ ပင္ကိုယ္စ႐ိုက္ျဖစ္သည္။
"ရႈိင္း..မင္းေရာ..ခ်စ္သူေ႐ြးတဲ့အခါ
ဘယ္လိုလူမ်ိဳးကို ေ႐ြးခ်ယ္မွာလဲ.."
ဘာအေၾကာင္းအရာမ်ိဳးမွ မေဆြးေႏြးခ်င္၍
တိတ္တဆိတ္သာေနသည့္ သူ႔ကိုေမးခြန္း
လာထုတ္ေနေလသည္။
"ငါ့မွာ ေစ့စပ္ထားတဲ့လူရွိတယ္.."
အရက္ခြက္ကိုခ် ေဆးလိပ္ကိုျပန္ရႈိက္လိုက္ရင္း
အခန္းမီးခပ္မွိန္မွိန္မွာေတာင္ ထင္းထြက္ေနေသာ
သူ၏ဆြဲေဆာင္မႈအရွိဆုံး အစိတ္အပိုင္းျဖစ္သည့္
ေမ့႐ိုးကို ခပ္ေမာ့ေမာ့ထားကာ ရွည္သြယ္သြယ္
လက္ေခ်ာင္းမ်ားႏွင့္ ဆံပင္ေတြကိုထိုးဖြပစ္ေနရာမွ
ခပ္ျပတ္ျပတ္သာ ျပန္ေျဖလိုက္သည္။
"ငါေျပာတာက သက္လြန္းပိုကိုေျပာတာမဟုတ္ဘူး
သက္လြန္းပိုက မင္းနဲ႔လူႀကီးခ်င္းေစ့စပ္
ေပးထားတဲ့မိန္းကေလးေလ..ငါသိခ်င္တာက
ပိုပိုကလြဲၿပီး အျခားတစ္ေယာက္ကိုခ်စ္ဖို႔
ေ႐ြးခ်ယ္မယ္ဆိုရင္ ဘယ္လိုမိန္းကေလး
ပုံစံမ်ိဳးကို သေဘာက်လဲလို႔ေမးတာ..."
"အျခားတစ္ေယာက္ဆိုတာမရွိဘူး.."
အနက္ေရာင္ဆိုဖာကို မွီထိုင္ထားသည့္နည္းတူ
၀တ္ထားသည့္ ဖက္ရွင္ကလည္းမႈိင္းပ်ပ်
ျဖစ္ေနသည္။ သူထိုင္ေနသည့္ဘက္တြင္
အေမွာင္ရိပ္က်ေနေပမဲ့ သူ၏စူးရွသည့္
မ်က္၀န္းေတြထဲမွ အႏၲရာယ္အေငြ႕အသက္ကိုေတာ့
ေဝမ်ိဳး ခံစားမိပါတယ္။
ဩရွရွ သူ႔အသံကလည္းအေတာ္ေလးမာၿပီး
ခက္ထန္၍ေနသည္။
"ရႈိင္း"ဆိုသည့္ေကာင္က အဲ့ဒီလိုပါပဲ။
သူ႔မႀကိဳက္တဲ့ကိစၥကို လုပ္ရပ္ႏွင့္ျဖစ္ေစ
စကားႏွင့္ျဖစ္ေစ လြန္တာ၊ကြၽံတာမ်ိဳးကို
လုံး၀သည္းခံႏိုင္သူမဟုတ္ေပ။
ထို႔ေၾကာင့္ ေဝမ်ိဳးလည္းထိုေမးခြန္းကို
ဆက္မေမးေတာ့ပဲ စကားလမ္းေၾကာင္း
လႊဲလိုက္ရေလသည္။
အားလုံးက ကိုယ္စီလုပ္ငန္းေတြရွိၾကေပမဲ့
အခုလိုဆုံၾကတိုင္း စီးပြားေရးအေၾကာင္းက
လြဲၿပီး အျခားအလႅာပေတြသာ
ေျပာတတ္ၾကစၿမဲပင္။
ငယ္ဘ၀အေၾကာင္းေတြမဟုတ္ရင္
အရင္ရည္းစားေဟာင္းမ်ားအေၾကာင္းမ်ားႏွင့္
မိသားစုေရးရာအေၾကာင္းမ်ားကိုသာ
ေပါက္ေပါက္ ေဖာက္တတ္ၾကေလသည္။
"မင္းတို႔ပဲဆက္ေျပာၾက ငါအိမ္ျပန္ႏွင့္ေတာ့မယ္.."
ပ်င္းရိပ်င္းတြဲျဖစ္ေနသည့္ အသံမ်ိဳးျဖင့္
ေျပာလိုက္ကာ သူ႔ကုတ္အိက်ႌကို
ျပန္၀တ္ေနေသာေၾကာင့္ ရႈိင္းကိုအားလုံးက
ဝိုင္းတားၾကေလေတာ့သည္။
"မင္းကလည္းကြာ..အိမ္ျပန္တာပဲဘယ္အခ်ိန္
ျပန္ျပန္ရတဲ့ဟာကို ငါတို႔ကဒီလိုဆုံဖို႔
လြယ္တာမွမဟုတ္တာ ေနစမ္းပါအုံးကြာ..
အနည္းဆုံးေတာ့ မူးေအာင္ေသာက္သြားရမယ္"
"တအားမူးလို႔မရဘူးကြ..ဒီတစ္ခါက
အေမတို႔အိမ္ကိုျပန္ရမွာ..
အရက္မူးေအာင္ေသာက္မိရင္
အိမ္ထဲေတာင္ ေပး၀င္မယ္မထင္ဘူး"
ေရခ်ိန္ကိုက္ေနၾကၿပီျဖစ္ေသာေကာင္ေတြက
မူးမူး႐ူး႐ူးႏွင့္ ဝိုင္းတားၾကေပမဲ့
သူကေတာ့ ဆုံးျဖတ္ခ်က္ကိုျပန္ျပင္ေတာ့မွာ
မဟုတ္ေပ။
"ေနစမ္းပါအုံး..ပုံမွန္ဆိုရင္မင္းမိဘအိမ္ကို
မျပန္ပါဘူး..ဒီေန႔မွထူးဆန္းလို႔ပါလား.."
"အေဖနဲ႔အေမရဲ႕ အိမ္ေထာင္သက္တမ္း
၄၇ႏွစ္ျပည့္အထိမ္းအမွတ္ေလ.."
"ေအာ္..ဒီလိုလား...ဒီလိုဆိုေတာ့လည္း
မတားေတာ့ပါဘူးကြာ..မင္းမိဘေတြကို
ငါတို႔က အသက္တစ္ရာအထိ
ေပါင္းႏိုင္ပါေစလို႔ ဆုေတာင္းေပးတဲ့အေၾကာင္း
ေျပာလိုက္ပါအုံးကြာ.."
"အင္း..."
စကားကို ခပ္တိုတိုသာေျပာလိုက္ၿပီး
ကုတ္အိက်ႌကို၀တ္ကာ ရႈိင္းတစ္ေယာက္
ထရပ္လိုက္တယ္ဆိုရင္ အခန္းထဲတြင္ရွိေသာ
မိန္းကေလးအခ်ိဳ႕၏မ်က္ႏွာမ်ား
ပ်က္ယြင္းသြားၾကေလသည္။
ရႈိင္းကေတာ့ ဘာကိုမွဂ႐ုစိုက္မေနပဲ
သူ၏မန္ေနဂ်ာ ထက္ယံကိုသာ မွာစရာရွိတာမွာၿပီး
ဘားမွထြက္လာခဲ့လိုက္သည္။
မိုးေျပးေလးေအာက္တြင္ ထီးအနက္ေရာင္ကို
ေဆာင္းၿပီး ေမာ္ဒယ္လ္ျမင့္သည့္ကားကိုစီးကာ
ရႈိင္းတစ္ေယာက္ ဘားႏွင့္အေဝးဆုံးကို
ေမာင္းထြက္သြားသည့္အခ်ိန္
ေကာင္မေလးတစ္ေယာက္သည္ အေျပးအလႊားႏွင့္
ေရာက္လာၿပီး တံခါးကိုတြန္းဖြင့္လိုက္ကာ
အခန္းထဲသို႔ ၀င္လာေလေတာ့သည္။
ေျဖာင့္စင္းအိက်ေနေသာ ဆံပင္ရွည္မ်ားကို
အေနာက္သို႔ ဝဲက်သြားေအာင္ သပ္ခ်လိုက္ၿပီး
နီညိဳေရာင္ႏႈတ္ခမ္းနီရဲရဲစိုးထားေသာ
လွပသည့္ ႏႈတ္ခမ္းပါးေလးအားဆြဲေဆာင္မႈရွိစြာ
ၿပဳံးလိုက္ေလသည္။
ထက္ယံတို႔ဝိုင္းသို႔ ကႏြဲ႕ကလွ်ေလွ်ာက္လာၿပီးခါမွ
သူေတြ႕ခ်င္သည့္ လူကိုမေတြ႕လိုက္ရေတာ့
ေလပူေတြမ်က္ႏွာကို ဟပ္ခံလိုက္ရသကဲ့သို႔
အမူအရာ ခ်င္ခ်င္းေျပာင္းသြားေလေတာ့သည္။
"ဟာ..မြန္မြန္..နင္ေရာက္လာတာနဲ႔အေတာ္ပဲဟာ
ဒီမွာငါတို႔အေလာင္းအစားလုပ္ေနတာ
နင္လည္း၀င္ပါစမ္းပါ..."
"ဘာအေလာင္းအစားလဲ..."
ဆုထက္မြန္သည္လည္း ျပန္လွည့္လို႔
မေကာင္းေတာ့၍ ဆိုဖာမွာပဲထိုင္ဖို႔
ျပင္လိုက္ရသည္။
"ရႈိင္းနဲ႔ပိုပိုတို႔ ဘယ္ေတာ့ေလာက္
လက္ထပ္ျဖစ္ၾကမလဲဆိုတဲ့ အေၾကာင္းကို
ငါတို႔ေလာင္းေနတာ.."
မထင္မွတ္ထားသည့္စကားကို ၾကားလိုက္ရ၍
ဆုထက္မြန္၏မ်က္ႏွာေဖြးေဖြးသည္
မီးေသြးကဲ့သို႔ မဲညစ္သြားေလာက္ေအာင္
စိတ္ပ်က္သြားေလသည္။
ရင္ထဲကို မွ်ားအစင္းေပါင္းမ်ားစြာ
ပစ္လိုက္သကဲ့သို႔ နာက်င္သြားရသည္။
သို႔ေပမဲ့ မိမိ၏စိတ္ခံစားခ်က္ကို
ကြယ္ဝွက္ထားဖို႔လည္း သတိမေမ့ခဲ့ေပ။
"ဟိုကျဖင့္ ႏိုင္ငံျခားမွာေနာက္တစ္ေယာက္
ေတြ႕ေနၿပီလားမသိပဲနဲ႔.."
"မျဖစ္ႏိုင္ပါဘူးဟာ..ပိုပိုကက်န္တဲ့ေနရာမွာသာ
ေခါင္းမာခ်င္မာမယ္..ရႈိင္းကိုေတာ့
သူစြန႔္လႊတ္ႏိုင္မွာမဟုတ္ဘူး
လုံး၀ေသခ်ာတယ္
ရႈိင္းနဲ႔ေစ့စပ္ႏိုင္ဖို႔ သူဘယ္ေလာက္
ႀကိဳးစားခဲ့ရသလဲဆိုတာ ငါတို႔အသိဆုံးပဲ
မဟုတ္ဘူးလား.."
မင္းသက္ထင္က ေထာက္ျပေတာ့
က်န္လူမ်ားကလည္း မူးေနေသာ္ျငားေခါင္းၿငိမ့္၍
လက္ခံလိုက္ၾကသည္။
"သူျပန္လာေတာ့မယ္တဲ့..."
"ဘာ...!!!!"
တစ္ခ်ိန္လုံးတိတ္ေနရာမွ အရင္းမရွိအဖ်ားမရွိ
ထေျပာလိုက္ေသာ သူရထက္၏စကားေၾကာင့္
အားလုံး အံ့ဩသြားၾကေလသည္။
သူရထက္ကေတာ့ သူထုတ္ေျပာလိုက္တဲ့အခါ
အားလုံးဒီလို ျဖစ္သြားမည္မွန္းသိ၍
တုန္လႈပ္ျခင္း အလွ်င္းမရွိပဲမ်က္မွန္ကိုသာ
လက္ညႇိဳးႏွင့္ ျပန္ပင့္တင္လိုက္ၿပီး
ထပ္မံ၍ ေခါင္းၿငိမ့္ျပလိုက္သည္။
"ပိုပိုငါ့ကိုစာပို႔လာတယ္..သူမၾကာခင္
ျပန္လာေတာ့မယ္တဲ့..ဒီကေဆး႐ုံမွာပဲ
သူအလုပ္၀င္ေတာ့မယ္လို႔ေျပာတယ္.."
"အဲ့ဒီ့ကိစၥကို..ရႈိင္းေရာသိလား.."
"သူရႈိင္းကို မေျပာရဲဘူးတဲ့...ျပန္ေရာက္တဲ့အခါမွ
ရႈိင္းကို ေတာင္းပန္မယ္လို႔ေတာ့ေျပာတာပဲ.."
"ဒါနဲ႔ရႈိင္းကေရာ ျပန္လက္ခံမယ္လို႔
နင္တို႔ထင္လား..."
မြန္မြန္က ထေမးလိုက္သည့္အခါ
မူးၿပီးေခါင္းေမွာက္ေနေသာ ထက္ယံသည္
ခ်က္ခ်င္းပဲ ေခါင္းျပန္ေထာင္လာၿပီး
စကားစစ္ထိုးဖို႔ႀကိဳးစားေတာ့သည္။
"ရႈိင္းကေသခ်ာေပါက္ လက္ခံလိမ့္မယ္..
ဘာျဖစ္လို႔လဲဆိုေတာ့ သူကတစ္ေယာက္ဆို
တစ္ေယာက္သမား ပိုပို႔ကိုစိတ္နာေနရင္ေတာင္
အခုထိေစ့စပ္ပြဲကို မျဖတ္တာက
ဘာေၾကာင့္ျဖစ္ႏိုင္မလဲ..ဒီကာလေတြအတြင္းမွာ
အခ်စ္ဇာတ္လမ္းေတာင္ သူ႐ိုက္တာမဟုတ္ဘူး
႐ိုက္လိုက္ရင္ အက္ရွင္ကားေတြႀကီးပဲ...
ဘာေၾကာင့္လဲဆိုေတာ့ အျခားမိန္းကေလးေတြနဲ႔
ေရာယွက္တာမ်ိဳး မလုပ္ခ်င္လို႔ပဲျမင္တယ္.."
"ထက္ယံ..မင္းလည္းသူ႔ေနာက္ကိုလိုက္ရတာ
ေတာ္ေတာ္ခက္ခဲမွာပဲေနာ္..."
ေဝမ်ိဳးက ထက္ယံ၏ပခုံးကိုပုတ္ၿပီး
ႏွစ္သိမ့္ေပးလိုက္သည္ႏွင့္ ထက္ယံကလည္း
ေၾကာင္ေပါက္ေလးလို ခ်က္ခ်င္း
သနားစရာေကာင္းဟန္ေဆာင္လိုက္သည္။
"ခက္ခဲတာေပါ့ကြာ...အဲ့ဒီ့ေကာင္ကေလ
ဘယ္လိုေျဖာင္းျဖပါေစ လုံး၀နားမ၀င္ဘူးကြာ
ႏႈတ္ခမ္းနီမေလးေတြအသဲစြဲမဲ့ ႏူးႏူးညံ့ညံ့
အခ်စ္ဇာတ္လမ္းေတြ႐ိုက္ပါဆိုလည္း
ေျပာမရဘူး..သူ႔ေနာက္ကိုလိုက္ရတာေလ
ေဆး႐ုံကိုအၿမဲ ဘြတ္ကင္လွမ္းခ်ိတ္ထားရတာကြ
ဘယ္ေတာ့ လက္က်ိဳး၊ေျခက်ိဳးျဖစ္မလဲဆိုၿပီး
ပူေနရတာနဲ႔ ငါလည္းႏွလုံးေရာဂါရေတာ့မယ္..."
"အဲ့လိုစြန႔္စားလို႔လဲ..ဒီေကာင္က ခုေနာက္ပိုင္း
အိမ္နီးခ်င္းႏိုင္ငံေတြအထိပါ
ေက်ာ္ၾကားေနတာေပါ့ကြ.."
"ဟုတ္ေတာ့လည္းဟုတ္ပါတယ္..႐ုပ္ေခ်ာတဲ့
ေကာင္ေလးက ဖိုက္တင္ခန္းပိုင္ေတာ့လည္း
ဒရမ္မာကားမ႐ိုက္ေပမဲ့ သူ႔ပရိတ္သတ္ေတြက
သူမွသူျဖစ္ေနတာေနမွာေပါ့..
အခုႏိုင္ငံတကာဖန္ေတြပါ ပိုမ်ားလာေတာ့
ငါတို႔ေအဂ်င္စီမွာ အသက္အငယ္ဆုံးနဲ႔
ေငြအရွာေပးႏိုင္ဆုံးျဖစ္ေနၿပီေလ..
ဇာတ္လမ္းေ႐ြးတာကအစ ေအဂ်င္စီက
၀င္မပါပဲ အကုန္သူ႔လက္သူ႔ေျခပဲလုပ္ခြင့္
ေပးထားတာေပါ့..."
"ဒါဆိုရင္ သူ႔ေနာက္လိုက္ရတာမင္းအတြက္
ခက္ခဲေပမဲ့ တန္ပါတယ္ကြာ..
မင္းကို အျခားလူေတြႏွိမ္လို႔မရေတာ့ဘူးေပါ့.."
"အဲ့ဒါေတာ့ဟုတ္ပါတယ္..."
ထက္ယံလည္း ေဝမ်ိဳးေထာက္ျပတာကို
ေခါင္းၿငိမ့္လိုက္မိေလသည္။
ဒရမ္မာႏွင့္ဟာသကားေတြ ေခာတ္စားသည့္ျမန္မာႏိုင္ငံမွာ ရႈိင္းကေတာ့အက္ရွင္ကားေတြႏွင့္
ေဈးကြက္ကို ထိုးေဖာက္ႏိုင္သည့္
ခပ္ရွားရွား မင္းသားတစ္လတ္ျဖစ္သည္။
ပြဲဦးစထြက္တုန္းကသာ အခ်စ္ဇာတ္လမ္းေတြ
႐ိုက္ခဲ့ေပမဲ့ ခုေနာက္ပိုင္းမွာသူနဲ႔
စာခ်ဳပ္ခ်ဳပ္ထားတာေတြက အက္ရွင္ဇာတ္ကား
ေတြသာမ်ားသည္။
သူ႐ိုက္ခဲ့တဲ့ အက္ရွင္ဇာတ္ကားေတြကလည္း
ေငြအားစိုက္ထုတ္ႏိုင္သည့္ ထုတ္လုပ္ေရး
ေကာင္းမ်ားႏွင့္႐ိုက္ျခင္းျဖစ္၍ အရည္အေသြး
ျပည့္မွီကာ ႐ုံတင္တဲ့အခါလည္း ႐ုံတင္စံခ်ိန္
အၿမဲခ်ိဳးေနၾကပင္ျဖစ္သည္။
႐ုပ္ရည္ေခ်ာေမာ႐ုံတင္မက အရပ္ေဒါင္ေကာင္းၿပီး
က်စ္လစ္သည့္ ခႏၶာကိုယ္အခ်ိဳးအစားမ်ိဳးကို
ပိုင္ဆိုင္ထားသည့္အခါ ကရာေတး၊ေႁမြထိုင္းႏွင့္
ေဘာက္စင္ထိုးတာမ်ိဳးအထိပါ သင္ယူထားေသာ
ဇြဲနပဲႀကီးသည့္ ႐ုပ္ရွင္မင္းသားျဖစ္သည္။
"ထက္ယံ..မင္းရဲ႕ဖုန္းျမည္ေနတယ္.."
ထက္ယံလည္း မူးမူးႏွင့္ေလွ်ာက္ေတြးေနမိရင္းမွ
ေဝမ်ိဳး၏အသိေပးသံေၾကာင့္ ဖုန္းကို
ေကာက္ကိုင္လိုက္ရာ လြန္ခဲ့တဲ့
တစ္နာရီေလာက္ကတင္
ဘားမွထြက္သြားေသာ ရႈိင္း၏ဖုန္းနံပါတ္
ျဖစ္ေနေလသည္။
ဖုန္းကိုေကာက္ကိုင္၍ နားမွာကပ္လိုက္ၿပီးခါမွ
တစ္ဖက္လူ၏ ခိုင္းေစခ်က္ေၾကာင့္
အံ့ဩတႀကီး ထေအာ္လိုက္မိေလေတာ့သည္။
"ထက္ယံ..ဘာလို႔ထေအာ္တာတုန္းကြ.."
"ဘာျဖစ္ရမွာတုန္း..ငါ့ရဲ႕အလုပ္ရွင္ႀကီးရႈိင္းေပါ့
အခုခ်က္ခ်င္း နယ္ဘက္ကိုခရီးထြက္ရမယ္တဲ့.."
ဖုန္းကိုခ်လိုက္ၿပီး မူးမူးႏွင့္
မတ္တပ္ရပ္လိုက္ေသာ ထက္ယံအား
ေဝမ်ိဳးလည္း မေနႏိုင္စြာ
လွမ္းထိန္းေပးလိုက္ရေလသည္။
"ျဖစ္ပါ့မလားကြာ..မင္းကဒီေလာက္မူးေနတာကို
ေနာက္ၿပီး ခရီးသြားမဲ့အခ်ိန္ကဘာလို႔
ဒီအခ်ိန္ႀကီးလဲကြ..အခုပဲႏွစ္နာရီခြဲေနၿပီကို
ဘာကိစၥမို႔ ရႈိင္းကအဲ့ေလာက္
အေရးႀကီးေနရတာလဲ..ဘယ္ကိုသြားမွာမို႔လို႔လဲ.."
"ဧရာ၀တီတိုင္းကိုတဲ့ကြာ..သူ႔အေမကသူ႔အေဖနဲ႔
စကားမ်ားၿပီး အိမ္ေပၚကဆင္းသြားလို႔တဲ့
အဲ့ဒါ သူ႔အေမက႐ြာျပန္သြားတယ္ဆိုလို႔
လိုက္ေခၚမလို႔တဲ့.."
"ဟား..ဟား..အန္တီေမႊးကအိမ္ေပၚကေန
ဆင္းတဲ့အက်င့္ကို အခုထိမေဖ်ာက္ေသးပါလား.."
"ေအးကြာ..သူတို႔လင္မယားက ကေလးေတြလိုပဲ
ဦးဂုဏ္ဆိုရင္ အခုထိသူ႔မိန္းမကို
သ၀န္တိုတုန္း အခုလည္းဘယ္ကေနဘယ္လို
စျဖစ္ၾကသလဲမသိပါဘူး...ငါတကၠီစီငွားၿပီး
သြားေတာ့မယ္ကြာ..ေတာ္ၾကာကိုယ္ေတာ္က
ေစာင့္ရတာ စိတ္မရွည္လို႔ေကာေနအုံးမယ္.."
သူငယ္ခ်င္းေတြကို ႏႈတ္ဆက္ခဲ့ကာ
ယိုင္တိုင္တိုင္ႏွင့္ဘားမွထြက္လာလိုက္ၿပီးေနာက္
တကၠစီငွားကာ ကိုယ့္တိုက္ခန္းတြင္
ခဏသြားၿပီး လိုအပ္တာေတြသြားယူရေတာ့သည္။
စိတ္ထဲမွာေတာ့ တစ္ညတာေလာက္မူးေအာင္
ေသာက္မိတာေတာင္ ေကာင္းေကာင္း
အနားမယူရ၍ ရႈိင္းကိုအမ်ိဳးမ်ိဳး
ႀကိမ္ဆဲေနမိသည္။
"ထက္ယံ..မင္းကလည္းၾကာလိုက္တာကြာ..
ဟိုကိုမိုးခ်ဳပ္မွေရာက္သြားလို႔
မျဖစ္ဘူးကြ.."
ရႈိင္းသည္ သူ႔မိဘေတြ၏အိမ္ေရွ႕မွာပင္ ကားႏွင့္
အဆင္သင့္ေစာင့္ေနၿပီး
တကၠစီႏွင့္ေရာက္လာေသာ ထက္ယံကို
ဆီးႀကိဳ၍ စကားစစ္ထိုးေတာ့သည္။
"မိုးခ်ဳပ္မွမေရာက္ခ်င္ရင္..ေနာက္ေန႔မွ
မနက္ေစာေစာသြားေပါ့ကြ.."
"မျဖစ္လို႔ေပါ့..အခုခ်က္ခ်င္းသြားမွျဖစ္မွာ.."
ေျပာရင္းဆိုရင္း ယာဥ္ေမာင္းေနရာတြင္
ဝင္ထိုင္လိုက္ေသာ ရႈိင္းေၾကာင့္
ထက္ယံလည္း အေရွ႕ခန္းတံခါးကိုေျပးဖြင့္ၿပီး
အေလာတႀကီး၀င္ထိုင္လိုက္ရသည္။
ရႈိင္းအေနႏွင့္ ဒီေလာက္ျပာယာခတ္ေနပုံရရင္
သူ႔အေဖနဲ႔အေမ၏ ရန္ပြဲကလည္းေတာ္ေတာ္ေလး
ႀကီးမွန္း ထက္ယံနားလည္လိုက္သည္။
ဘာပဲျဖစ္ျဖစ္ ကိုယ္ကသူ႔မန္နဂ်ာဆိုေတာ့
သူ႔ေနာက္ကို မလိုက္လို႔မျဖစ္ေပ။
"ငါလိုက္ပဲလိုက္ႏိုင္မွာေနာ္..အရက္မူးေနလို႔
ကားေတာ့မေမာင္းႏိုင္ဘူး..."
"မင္းေမာင္းတဲ့ကားလည္း ငါမစီးရဲပါဘူး..."
စကားဆုံးသည္ႏွင့္ အရွိန္ျပင္းျပင္း
ေမာင္းထြက္သြားေသာ ကားေပၚတြင္
ထက္ယံကေတာ့ မူးေနတာေတြပါ
ပ်ယ္ကုန္ေတာ့သည္။
ေအာက္သြားေတြပါ ခိုက္ခိုက္တုန္လာၿပီး
လက္ကိုင္ကြင္းကို က်စ္ေနေအာင္
ကိုင္ထားလိုက္ရသည္။
*အဲ့ဒါေၾကာင့္ ဒီေကာင္ေမာင္းတဲ့ကားကို
မစီးခ်င္တာ..သူ႔အေမေနတဲ့႐ြာမေရာက္ပဲ
သခ်ႋဳင္းကုန္းတန္းေရာက္သြားမွျဖင့္
အေမေရ..သားမိန္းမယူၿပီးမွေသခ်င္တယ္လို႔..*
ထက္ယံတစ္ေယာက္ ကားေပၚမွာလိုက္စီးရင္း
အသံစုံေအာင္ ေအာ္ေနလည္း
အရွိန္ႏႈန္းက နိမ့္မသြားပဲ
ပို၍သာအရွိန္တင္လာေလသည္။
ေခြၽးသီးေခြၽးေပါက္မ်ားက်ကာ ရႈိင္းကို
လွမ္းၾကည့္လိုက္ေပမဲ့ ဒင္းကေတာ့ပီေကကို
ခပ္တည္တည္ဝါးရင္း သူတစ္ေယာက္တည္း
ကားေပၚမွာ ရွိေနသလိုမ်ိဳးေဘးကလူကို
တစ္စက္မွ ဂ႐ုမစိုက္ေပ။
ဒီလို တဇြတ္ထိုးဆန္လို႔လဲ အရမ္းခက္ခဲတဲ့
စတန႔္ေတြကို လူစားမထိုးပဲလုပ္ရဲတာ
ထင္ပါရဲ႕။
*ဒင္းကိုရတဲ့မိန္းမကေတာ့ ကမာၻေပၚမွာ
ကံအဆိုးဆုံးလူသားပဲ ျဖစ္လိမ့္မယ္...*
🌺🌺🌺🌺🌺🌺🌺🌺
🌺ဧရာ၀တီတိုင္း..
"ခ်စ္ခ်စ္ေရ...သြားၾကမယ္ေလ..
အရမ္းေနာက္က်ရင္...ေမွာင္မွျပန္ေနရလိမ့္မယ္.."
"ဟုတ္ကဲ့ေလးေလး..ဒီမွာၾကက္ေတြကို
အစာေကြၽးၿပီးတာနဲ႔ သြားမယ္ေနာ္..."
ႏူးညံ့ၾကည္သာေသာ အသံေလးသည္
သန႔္ရွင္းၾကည္စင္ေသာ ေလထုၾကားမွ
ျဖတ္သြားၿပီးေနာက္ အညိဳေရာင္သ႑န္ေလး
တစ္ခုသည္ သစ္လုံးအိမ္ေလး၏ တံခါး၀မွာ
ေပၚေပါက္လာေလသည္။
ေျခတံ၊လက္တံသြယ္လွ်ၿပီး ယဥ္စစ
ကိုယ္ေနဟန္ထားသည္ ျဖတ္သြားသူတိုင္း
ႏွစ္ခါျပန္ေငးယူရေသာ အလွတရားေလးသာ
ျဖစ္သည္။
တင္ပါးအုပ္သည့္ တထြန္အနီကြက္လက္ရွည္ကို
၀တ္ဆင္ထားေပမဲ့ လွပေသာခႏၶာကိုယ္
အခ်ိဳးအစားကိုေတာ့ ဖုံးကြယ္ထား၍
မရႏိုင္ေပ။
ေနေရာင္ေအာက္တြင္ ေတာက္ပေနေသာ
ထိုမိန္းကေလးသည္ ကႀကီးပုံစံႏႈတ္ခမ္းေလးကို
ေကြးၫႊတ္တတ္သြားေအာင္အထိ ၿပဳံးလိုက္ကာ
အစာစာ၍ တေမာ့ေမာ့ျဖစ္ေနေသာ
ၾကက္ကေလးမ်ားကို အစားေကြၽးရင္းႏွင့္
အလုပ္ရႈပ္ေနေလသည္။
"ခ်စ္ခ်စ္ေရ..မသြားေသးဘူးလား..ဟိုမွာ
အေဖကစက္ႏႈိးေနၿပီ..ေတာ္ၾကာေမွာင္မွ
ျပန္လာရရင္ လမ္းမွာမသမာသူေတြဘာေတြနဲ႔
ေတြ႕ေနအုံးမယ္ေနာ္..
ကိုယ္ကအပ်ိဳအ႐ြယ္ေလး...
သတိထားႏိုင္မွ ေတာ္ခါၾကမွာ..."
အစ္မ၀မ္းကြဲျဖစ္သူ ယုယုလႈိင္၏စိတ္ပူပန္စြာ
ဆိုလိုက္ေသာ အျပဳအမူေလးေၾကာင့္
ခ်စ္ပန္းေဝ၏ စိတ္ထဲ၀ယ္အလိုလို
ၾကည္ႏူးသြားမိေလသည္။
ၿမိဳ႕မွာ ဆယ္တန္းေဘာ္ဒါေနသည့္လႈိင္မင္းထံသို႔
ဟင္းစားအေျခာက္အျခမ္းေတြႏွင့္
အသုံးစရိတ္သြားပို႔ေပးဖို႔ရာမွာ
ေလးေလးတင္ေမာင္ အားေသာအခ်ိန္ကို
ညႇိယူရျခင္းျဖစ္၍ ေန႔လည္ခင္းမွ
သြားခြင့္ရသည္ဆိုေပမဲ့ ခ်စ္ခ်စ္ကလည္း
အားေနသူတစ္ေယာက္မဟုတ္ေပ။
မမလႈိင္က အိမ္မႈကိစၥေတြကို
တာ၀န္ယူရသည္ဆိုလွ်င္ ခ်စ္ခ်စ္ကေတာ့
ေလးေလးႏွင့္အတူ ဒီအိမ္၏ျပင္ပကိစၥ
အ၀၀ကို တာ၀န္ယူရသူျဖစ္သည္။
ေတာအရပ္ေဒသဆိုေတာ့ ေမြးျမဴေရးႏွင့္
စိုက္ပ်ိဳးေရးအလုပ္ေတြကို တာ၀န္ယူရတာေပါ့။
ဒီအိမ္မွာ ေလးေလးကိုကူညီေပးဖို႔ရာ
အသက္၂၀အ႐ြယ္ ေမာင္၀မ္းကြဲေလးရွိေပမဲ့
အသုဘအိမ္ေတြကိုသာ နယ္လွည့္ၿပီး
ဖဲ႐ိုက္ေနသူမို႔ စကားထဲေတာင္ထည့္မေျပာခ်င္ေပ။
ဒီအိမ္မွာ ခ်စ္ခ်စ္ကိုနားလည္တာဆိုလို႔
မမလႈိင္တစ္ေယာက္သာ ရွိသည္။
"ေမွာင္လဲ ဘယ္သူမွလာဆြဲမွာမဟုတ္ပါဘူး..
ဒီမွာေလ..ေဒၚႀကီးလိုသနားခါးထူထူႀကီးနဲ႔
အဖြားႀကီးစတိုင္၀တ္သြားမွာမို႔ စိတ္မပူနဲ႔ေတာ့ေနာ္
ေခါင္းပါေပါင္းသြားအုံးမွာ..."
လက္ကိုေလထဲမွာ ဆန႔္တန္းကာ
ဒီဘက္လွည့္ျပလိုက္စဥ္မွာေတာ့ ယုယုလႈိင္အဖို႔
ခ်စ္ပန္းေဝ၏မ်က္ႏွာကိုၾကည့္ၿပီး
ေအာ္မရယ္မိေအာင္ ထိန္းထားရေလသည္။
သနပ္ခါးလိမ္းထားတဲ့ပုံစံက ေကာက္စိုက္ထြက္မဲ့
ပုံစံျဖစ္ေနၿပီး ရင္ဖုံးပြပြႀကီးကို၀တ္ထားေတာ့
နဂိုမ်က္ႏွာလွလွေလး ေပ်ာက္သြားကာ
သရဲ႐ုပ္ကေလး ေပါက္ေနေလသည္။
For Me, [7/2/2025 12:24 PM]
ရယ္လည္းရယ္ခ်င္သလို သနားလည္း
သနားရသည္။
ၿမိဳ႕မွာတကၠသိုလ္တက္ၿပီး ျပန္လာတုန္းကေတာင္
လက္မွာ အေၾကာစိမ္းေလးေတြျမင္ရေအာင္
အသားျဖဴသည့္ခ်စ္ပန္းေဝေလးဟာ ယခုေတာ့
လယ္ထဲကိုေန႔တိုင္းဆင္းရ၍ အညိဳေရာင္ေလး
ျဖစ္ေနေလၿပီ။
"ခ်စ္ခ်စ္ရယ္..နင့္ပုံစံက
သရဲေတာင္ျပန္လန႔္ခ်င္စရာေကာင္းေနၿပီ.."
"အဲ့ဒါဆို ပိုမေကာင္းဘူးလား..
အႏၲရာယ္ကင္းတာေပါ့..."
ခ်စ္ခ်စ္သည္ ၾကက္စာေကြၽးေနတာကို
ေဘးခ်ၿပီး ဦးေလး၏ပုဆိုးႏွင့္
ေခါင္းပါေပါင္းလိုက္ကာ အိမ္ထဲသို႔
ျပန္ေျပး၀င္သြားေလသည္။
ခ်စ္ပန္းေဝႏွင့္ယုယုလႈိင္က မိန္းကေလးေတြမို႔
အိမ္အတြင္းဘက္အခန္းမွာ အိပ္ရျခင္းျဖစ္ရာ
အိပ္ခန္းတံခါးကို ဖြင့္လိုက္သည္ႏွင့္
အရင္ဆုံးတန္းျမင္ရသည္မွာ ႏိုင္ငံေက်ာ္
႐ုပ္ရွင္မင္းသားေခ်ာ"ရႈိင္း"၏ပုံေလးပင္ျဖစ္သည္။
"အမယ္ေလး..အခန္းထဲကို၀င္လိုက္တာနဲ႔
အခ်စ္ေလးရဲ႕ပုံေၾကာင့္ အေမာကိုေျပသြားတာပဲ.."
နံရံမွာခ်ိတ္ထားသည့္ ျပကၠဒိန္၏မ်က္ႏွာဖုံးမွ
ရႈိင္း၏ပုံေလးကိုၾကည့္ၿပီး သြားျဖဴျဖဴေလးမ်ား
ေပၚသည္အထိ ၿပဳံးလိုက္ကာ ဗီဒိုတံခါးကို
ဆြဲဖြင့္လိုက္သည္။
ထို႔ေနာက္ အေႂကြးစာရင္းမွတ္သည့္
စာအုပ္ၾကားမွာ ညႇပ္ထားေသာပိုက္ဆံ
တစ္ေသာင္းတန္ေလးကို ယူလိုက္ၿပီး
ျပကၠဒိန္မွာ ျမင္ေနရသည့္"ရႈိင္း"၏
ပုံေလးကို ၾကည့္ကာျမတ္ႏိုးမႈအျပည့္ႏွင့္
ထပ္ၿပဳံးမိသြားျပန္သည္။
"ကြၽန္မစုထားတဲ့ ပဲႏႈတ္ခနဲ႔ဒီေန႔ရႈိင္းရဲ႕
ပိုစတာေလးကို ၀ယ္လာၿပီး ေဟာ့ဒီ့နံရံႀကီးမွာ
ကပ္ထားေတာ့မွာ
ကြၽန္မသိပ္႐ူးမ်ားေနသလားဟင္..
*အင္း..ကြၽန္မသူငယ္ခ်င္းေတြဆို အဲ့ထက္ေတာင္
႐ူးၾကပါေသးတယ္.."
ၿမိဳ႕မွာေက်ာင္းတက္တုန္းကဆိုရင္ ခ်စ္ခ်စ္တို႔
သူငယ္ခ်င္းအုပ္စုသည္ အႀကိဳက္တူ၊
အသြင္တူမ်ားျဖစ္ၾကေသာေၾကာင့္
မင္းသား"ရႈိင္း"ကိုႀကိဳက္တာခ်င္းလည္း
တူညီၾကသည္။
ခ်စ္ခ်စ္ကေတာ့ အစပိုင္းမွာသိပ္မႀကိဳက္ေပမဲ့
မအူပင္တကၠသိုလ္မွာ ႐ိုက္ကူးေရးလာလုပ္တဲ့
မင္းသားကို အျပင္မွာေတြ႕လိုက္ရတည္းက
အသဲစြဲသြားေတာ့တာပဲ။
ပါးခ်ိဳင့္ေလးႏွစ္ဖက္ ခြက္၀င္သြားတဲ့အထိ
ခ်စ္ခ်စ္တို႔ ေက်ာင္းသူေတြဘက္ကိုလွည့္ၿပီး
ရယ္ျပလိုက္တည္းက အဲ့ဒီ့မ်က္ႏွာေခ်ာေခ်ာေလးကို လုံး၀ေမ့ပစ္လို႔မရႏိုင္ေတာ့တာပါ။
ကိုယ္မပိုင္ဆိုင္ႏိုင္မွန္း သိေပမဲ့သူ႔မ်က္ႏွာေလးကို
ေငးၾကည့္ေနရ႐ုံနဲ႔တင္ ၾကည္ႏူးေနမိတာမ်ိဳး။
"ရႈိင္း"က ခ်စ္ပန္းေဝဆိုသူအတြက္
စိတ္ထြက္ေပါက္ တစ္ခုဆိုလည္း မမွားပါဘူး။
"မမလႈိင္ေရ..ေနာက္ေဖးကမ္းနားမွာ သဲသဲနဲ႔
အေမေရခ်ိဳးေနၾကတာ မမသြားေခၚေပးပါအုံးေနာ္
ေတာ္ၾကာ အေမကအေဆာ့လြန္ၿပီး
အေအးပတ္ေနမွာစိုးလို႔..."
အိမ္ေရွ႕သို႔ ေရာက္သည္ႏွင့္အျပင္သြားတိုင္း
စိတ္မခ်ရသည့္ အေမ့ကိုဂ႐ုစိုက္ဖို႔
မမလႈိင္ကို အကူအညီေတာင္းလိုက္မိသည္။
"ေအးပါ..စိတ္ခ်ၿပီးသာသြား..အန္တီခိုင္ကို
သနပ္ခါးပါ လိမ္းေပးထားလိုက္မယ္..
ဒါနဲ႔ထီးယူသြားေသးလား.."
"ေခါက္ထီးတစ္လတ္ယူသြားမွာ..
ဒါဆိုသမီးသြားေတာ့မယ္ေနာ္.."
"ေအး..ေအး.."
ေခါင္းေပါင္းထားတဲ့အေပၚမွာ ဝါးခါးေမာက္ႀကီးပါ
ထပ္ေဆာင္းၿပီး ေထာ္လာဂ်ီေပၚတက္ကာ
လက္ျပႏႈတ္ဆက္ေနေသာ ခ်စ္ပန္းေဝတို႔
ခပ္ေဝးေဝးကိုေရာက္မွပဲ ယုယုလႈိင္လည္း
ကမ္းနားသို႔ အေျပးသြားရေတာ့သည္။
ထင္တဲ့အတိုင္းပါပဲ အငယ္မေလးသဲသဲတုန္ႏွင့္
အန္တီေဝေဝခိုင္တို႔ႏွစ္ေယာက္ ႐ြံ႕လူးၿပီး
ညစ္ေပေနေလၿပီ။
"ဟဲ့သဲသဲ..နင့္ကိုအန္တီခိုင္ေရခ်ိဳးဖို႔
အေဖာ္လိုက္ခိုင္းတဲ့ဥစၥာ ဘယ္လိုျဖစ္ၿပီး
နင္ပါေရာေဆာ့ေနရတာလဲ.."
ယုယုလႈိင္၏အသံခပ္စူးစူးကိုၾကားေတာ့မွ
သဲသဲတစ္ေယာက္ အထိတ္ထိတ္အလန႔္လန႔္ႏွင့္
ေရထဲေျပးဆင္းၿပီး ကမ္းနားကသစ္ပင္အေနာက္မွာ
ေျပးပုန္းေလေတာ့သည္။
"ဘာအခုမွ ပုန္းေနတာလဲ..နင္လာခဲ့
နား႐ြက္ကိုဆြဲလိမ္ပစ္မယ္..."
"ဟင့္..မမလႈိင္ကလည္းသမီးကိုပဲ
ဖိဆူေနတယ္..အခုကအန္တီခိုင္ေၾကာင့္ပါေနာ္
အန္တီခိုင္က ေရေကာင္းေကာင္းမခ်ိဳးပဲ
သမီးကို ႐ႊံ႕တုံးႀကီးနဲ႔ေကာက္ေပါက္လို႔
သမီးကျပန္ေပါက္တဲ့ဥစၥာ..ဘာလို႔
သမီးတစ္ေယာက္တည္းအမွားလဲ...
ဟင့္...မမလႈိင္ကဘက္လိုက္တယ္..
လူႀကီးကိုေတာ့မဆူပဲ ကေလးကိုပဲဆူေနတယ္..."
"ဟဲ့..ေအာ္..အသံၿပဲႀကီးနဲ႔မငိုစမ္းနဲ႔ဟယ္..."
"ဟီးဟီး...ငိုတာလွလည္းလွဘူးေဟ့
ငိုတာလွလည္းလွဘူး..ဘီလူးမႀကီးၾကေနတာပဲ..."
သဲသဲတုန္ငိုတာကို လက္ခုပ္လက္ဝါးတီးၿပီး
အန္တီခိုင္က ထရယ္ေတာ့သဲသဲတုန္က
ပိုငိုေလေတာ့သည္။
ယုယုလႈိင္ကေတာ့ စိတ္မႏွံ႔ရွာေသာ
အန္တီခိုင့္ကိုသာ ၾကည့္ၿပီးရယ္ရခက္
ငိုရခက္သည့္ အေျခအေနႀကီးျဖစ္ေနရသည္။
အန္တီခိုင္သည္ ထဘီရင္ရွားႀကီးႏွင့္
ကမ္းနားမွာရွိေသာ ႐ြံ႕အိုင္ထဲမွာ
ေျခဆင္းလွ်က္ထိုင္ေနၿပီး ႐ြံ႕ေတြကို
လက္သီးဆုပ္ထဲမွာ ဆုပ္ထားကာ
ေအာ္ရယ္ေနေလသည္။
တစ္ကိုယ္လုံး ေပတလူးေနေသာေၾကာင့္
အသက္ငါးဆယ္ျပည့္ေတာ့မည္ဆိုေပမဲ့
ကေလးတစ္ေယာက္လိုသာ ျပဳမူေနပုံကို
ၾကည့္ၿပီး တကယ္ကိုစိတ္မေကာင္းျဖစ္ရသည္။
*သနားစရာေကာင္းလိုက္တဲ့ အန္တီခိုင္...*
🌺🌺🌺🌺🌺🌺🌺🌺
❗(ရႈိင္း(ေခၚ)ေမာင္ေမာင္ရဲ႕ ကာ႐ိုက္တာကေတာ့
ဘာကိုမွဂ႐ုမစိုက္တတ္တဲ့
ဂ်စ္ကန္ကန္အမ်ိဳးအစားေလးပါ
ဒီလိုပုံစံကိုခုမွေဝေဝ စေရးဖူးတာပါ
ဇာတ်လမ်းအစမှာတင်စိတ်ဝင်စားဘို့အရမ်းကောင်းနေပါပီ။နောက်ဆက်တွဲလေးကိုစောင့်မျှော်နေပါ့မယ်။ကျေးဇူးတင်စွာဖြင့်
ReplyDeleteပါးချိုင့်လေးနှစ်ဖက်က
ReplyDeleteအဖေမှာလဲပါတယ်မလားဟင် မမှတ်မိတော့လို့