🔥ဆူးကြိုး...🔥အခန်း(၃၂)🔥 ဒုတိယပိုင်း

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၃၂)🔥  ဒုတိယပိုင်း


အီကိုဆောင်များသည် အသစ်ဆောက်ထားသောအဆောက်အဦးများဖြစ်၍ ပုံရိပ်တို့၏ ဘိုင်အိုအဆောင်များထက် ပို၍သစ်လွင်သည်။

အစိမ်းရောင်နုနုသုတ်ထားသောအီကိုဆောင်သည် ဘိုင်အိုအဆောင်ထက်လည်း အခန်းအရေအတွက်ပိုများသည်။


ဟိန်းကိုက ဘယ်အခန်းမှာစာသင်ရသလဲ မသိပေမဲ့ ကိုယ့်အရှိန်နှင့်ကိုယ် ဆက်လျှောက်၍ Aအခန်းမှDအခန်းအထိ လိုက်ရှာကြည့်လိုက်သည်။

ထင်သည့်အတိုင်းပါပဲ အီကိုဆောင်၏

နောက်ဆုံးအတန်းအရှေ့တွင် ၀ရံတာဘက်သို့ထွက်၍ သူ့သူငယ်ချင်းများနှင် ဟေးလားဝါးလား ပျော်ပါးနေလေသည်။

သူများတွေကိုတော့ စိတ်ဒုက္ခရောက်အောင်

လုပ်ထားပြီး သူကတော့ ပျော်ရွှင်နေသည်။


ပုံရိပ်လည်း သူရှိသောနေရာသို့ တိုက်ရိုက်သွားလိုက်ပြီး သူ့နောက်ကျောကို လက်နဲ့ပိတ်တွန်းပစ်လိုက်သည်။


"ဘယ်ကောင်...ငါ့ကိုလာတွန်းတာလဲ...ဟင်..

ပုံရိပ်...နင်ငါ့ကိုလာတွေ့တာလား..."


ပုံရိပ်ကိုတွေ့လိုက်သာအခါ သူ့မျက်နှာသည် ချက်ချင်းပဲပွင့်လန်းကစပန်းတစ်ပွင့်အလား ကြည်လင်စိုပြည်သွားသည်။


"ဟုတ်တယ် နင်ကိုငါပြောစရာရှိတယ်...

ဟိုနားကို လိုက်ခဲ့..."


ရှစ်တန်းအဆောင်နှင့်နီးသော သရက်‌ပင်အောက်တွင် သူ့ကိုရပ်စောင့်နေမိပေမဲ့ ကိုယ်ကသာ

မျက်နှာမှာသောကအပူ‌တွေပေါ်လွှင်နေပေမဲ့

သူကတော့ခြေလှမ်းတွေကို နှေးနိုင်သမျှ နှေးကာ လျှောက်လာနေသလားမှတ်ရသည်။

သူ့ရဲ့ မထီတထီမျက်နှာကို မြင်နေရတာနှင့်ပင်

အသဲယားလွန်းလို့ အကုသိုလ်စိတ်တွေ တဖွားဖွားထလာသည်။


"ဘာပြောမလို့လည်း...ပြော..."


သစ်မြစ်ပေါ်မှာ ထိုင်ရန်ပြင်လိုက်သော

သူ့လက်မောင်းကို အားနဲ့ဆွဲထားလိုက်ပြီး ပုံရိပ်လိုပဲမတ်တပ်ရပ်စေလိုက်သည်။

ထိုအခါ သဘောတကျရယ်လိုက်သောသူ့ကို 

အမြင်ကပ်လွန်း၍ မျက်‌စောင်းထိုးပစ်လိုက်သည်။


"ငါအံ့ဩလိုက်တာ...အပြစ်လုပ်ထားတာတောင်

နင်ကပြုံးနိုင်သေးတယ်နော်...

တော်တော်သွေးအေးတာပဲ...ငါ့ကိုမြင်တာတောင်

...နဲနဲလေးမှအားနာစိတ်မရှိဘူးလား..." 


ပုံရိပ်၏ စကားကြောင့် ဟိန်းကိုသည်ပြီတီတီလုပ်နေရာမှ ချက်ခြင်းတည်ကျသွားသည်။

ပုံရိပ်၏ ၀မ်းနည်းညှိုးငယ်နေသော ပုံစံလေးကို

မြင်ရတော့ သူလည်းဘာကြောင့်မှန်းမသိ

ရင်ထဲမှာ မကောင်းပေ။


နို့နှစ်ရောင် အသားအရည်လေးနှင့် ဆံပင်လေးတွေကိုအမြဲစုထုံးထားတတ်သော ပုံစံလေးကိုမှစွဲလမ်းမိ သော သူ့အဖြစ်သည် ဒဏ်ရာနှင့်သာဇာတ်သိမ်းခဲ့လေပြီ။ကိုယ့်လိုကောင်ကို ဘယ်သူကမှလည်း အရေးတယူအဖက်မလုပ်ချင်ကြပါဘူး။


အဲ့ဒီ့အထဲမှာ မာနကြီးသောပုံရိပ်ဆိုသည့် သိပ်လှသောမိန်းကလေးက ထိပ်ဆုံးကပေါ့။

လေတိုက်နေ၍ ထဘီစလေးသည်လေထဲတွင်

လွှင့်နေသော အခြေအနေကို ထိန်းနေသည့်

ပုံရိပ်၏အနားသို့ တိုးသွားလိုက်သောအခါ

သူ့ကိုပြန်ကြည့်လာသည့် ရွံရှာသောဒေါသမျက်၀န်းလေးများနှင့် အသားကျနေပြီးသားဖြစ်၍ ခဲ့မဲ့မဲ့သာပြုံးလိုက်သည်။


"နင်ငါ့ကိုခေါ်လာတာ...ဘာပြောချင်လို့လဲ..."


"နင့်မျက်နှာကြောကိုပြင်လိုက်စမ်း ဟိန်းကို

အခုငါ့စိတ်ထဲမှာ နင့်မျက်နှာကို ကုတ်ခြစ်မိချင်လောက် ဒေါသထွက်နေတယ်..."


"ဟ...တင်းလှချည်လား...ငါကနင့်ကိုဘာလုပ်လို့လဲ..."


"ဘာလုပ်လို့လဲ...ဟုတ်လား...နင်ယမင်းကိုဘာတွေ လျောက်ပြောခဲ့တာလဲ..."


"အဲ့ဒါနင့်ကိစ္စမဟုတ်ဘူး...ပုံရိပ်..သူများအကြောင်းကို ဘာလို့အဲ့လောက်သိချင်နေတာလဲ...

နင်တော်တော်အားနေတာလား..."


ပုံရိပ်၏မေးခွန်းကြောင့် ရှူးရှူးရှားရှားဒေါသထွက်သွားပြီး မျက်နှာလွှဲသွားလေရာ သူမျက်နှာလွှဲလိုက်သောဘက်သို့ ပုံရိပ်ကလိုက်၍ ကာရပ်လိုက်သည်။သူ့မျက်နှာကို ကြည့်ပြီး ပိုးစိုးပက်စက်ကို ပြောပစ်ချင်နေမိသည်။


"ငါ့ကိစ္စမဟုတ်ရင် ယမင်းကိုဘာလို့ငါ့အကြောင်းတွေ သွားပုတ်လေလွှင့်လျှောက်ပြောရတာလဲ...

ငါကနင့်ကိုလှည့်စားပြီးထားခဲ့သလိုလိုနဲ့

နင်ငါ့သိက္ခာကိုဘာလို့ထိပါးရတာလဲ..ယမင်းကိုတကယ်မကြိုက်ပဲ ဘာကြောင့်နာကျင်အောင် နှိပ်စက်ရတာလဲ..နင်ကတော်တော်ကောက်ကျစ်

စဉ်းလဲတဲ့လူ...နင်ဘယ်လိုယုတ်မာခဲ့လဲ နင်ပြန်တွေးကြည့်စမ်းပါ...ရှက်တတ်ရင် လဲသေလို့တောင်ရတယ်..."


"ဟာ!!!!!နင်သေတော့မှာပဲ...."


ပုံရိပ်၏ မျက်နှာကိုမေးရိုးမှတဆင့် သူ့လက်နှင့်

ဆွဲညှစ်ယူလိုက်ပြီး ပုံရိပ်၏မျက်နှာကို လက်သီးနှင့်ချိန်ရွယ်လာသည်။ပုံရိပ်မကြောက်ပါဘူး။

၀မ်းတော့နည်းမိတယ်။

ထို့ကြောင့် မျက်လုံးထောင့်စွန်းမှ မျက်ရည်များတစ်စက်ပြီး တစ်စက်ကျလာခဲ့သည်။


၀မ်းနည်းရသောအကြောင်းကတော့ ကိုယ့်အပေါ်တကယ်ကောင်းပေးသည့် လူကောင်းထင်ပြီး ယုံကြည်မိခဲ့ပေမဲ့ သူတို့ဟာပုံရိပ်ရဲ့ဘ၀ကို

အမဲဖြတ်လိုကြတဲ့ မုဆိုးတွေဖြစ်နေခဲ့တယ်။


သူက မညှာမတာလက်သီးနဲ့ထိုးလိုက်လို့

ပုံရိပ်နာသွားခဲ့ရင်တောင် ရင်ဘတ်ထဲမှာနာကျင်နေတာကိုတော့ မမှီလောက်ပေ။

သူ့ကို အံကြိတ်ပြီးပြန်ကြည့်နေပေမဲ့ ပုံရိပ်၏မေးရိုးကိုဆွဲညှစ်ထားရာမှ သူမျက်ရည်တွေရစ်ဝဲလျှက်

ပုံရိပ်ကိုလွှတ်ပေးသည်။


"ပုံရိပ်...ဒီပြဿနာတွေအားလုံးရဲ့ အစကနင်ပဲ

ငါနင့်ကိုစွဲမက်မိသလောက်...နင်ကတော့

၁၂ကျောင်းကကောင်နဲ့ ရန်ဖြစ်မိတာလေးနဲ့ငါ့ကို သူငယ်ချင်းတောင်ဖြစ်ခွင့်မပေးတော့ဘူး...

ငါကကောက်ကျစ်ပေမဲ့ နင့်လောက်မရက်စက်တတ်ဘူး...နင်ငါ့ကိုလုံးလုံးဥပက္ခာပြုလိုက်တော့

ငါဘယ်လောက်ခံစားခဲ့ရတယ်မှတ်လဲ...

အလူးအလှိမ့်ခံခဲ့ရတာ...အဲ့ဒါဘာကြောင့်လဲ

နင်သိချင်လား...ငါ့ရင်ထဲမှာနင့်ကိုအသဲနင့်အောင် စွဲလမ်းမိလို့...ငါ့ရင်ဘတ်မှာနင့်နာမည်ပုံရိပ်ဆိုတာကို တက်တူးထိုးမိတဲ့အထိ ငါရူးနေမိတာ...

အဲ့ဒါကြောင့်ငါ့ခံစားချက်ကို ဥပက္ခာပြုခဲ့တဲ့

 တန်ရာတန်ကြေးအတွက် တူညီတဲ့ဝေဒနာမျိုးနင့်ကိုပြန်ပေးလိုက်တာပဲ...ငါ့လုပ်ရပ်အတွက်...

ငါကျေနပ်တယ်...နောင်တလည်းမရဘူး..."


ဖြစ်မှဖြစ်ရလေ။အရာအားလုံးအတွက် နောက်ဆုံးတော့လည်း ပုံရိပ်ကိုပဲအပြစ်ပုံချနေတာပါလား။

ပုံရိပ်ကြောင့်ဆိုတဲ့ အမည်နာမကို တပ်နေကြပေမဲ့

ပုံရိပ်တစ်ခုမှမကျူးလွန်ခဲ့မိပေ။သူတို့ရဲ့ စိတ်ဆန္ဒအလျှောက် ဖြစ်ချင်တာတွေဖြစ်မလာတာနဲ့ ပုံရိပ်ကြောင့်တဲ့လား။


ကိုယ့်ကို ပြန်မလုပ်ပဲငြိမ်ခံနေသည့် လူတစ်ယောက်ကို  မျက်နှာတွေယောင်ကိုင်းပြီး သွေးထွက်သံယိုဖြစ်အောင် ထိုးကြိတ်တဲ့ကိစ္စကသူ့အတွက် အသေးအမွှားဖြစ်နေပါလား။


"ဟိန်းကို...နင့်ရဲ့အခုပုံစံက သွေးအေးလွန်းတဲ့ ရာဇ၀တ်ကောင်ထက်တောင် ဆိုးနေသေးတယ်...

နင်ငါ့ကိုထိခိုက်အောင်လုပ်ချင်ရင်...ငါ့ဆီကိုတိုက်ရိုက်လာခဲ့ပါလား...နင်ယောက်ျားမဟုတ်ဘူးလား...ဘာလို့အပြစ်မရှိတဲ့ယမင်းကို တမင်နှိပ်စက်ခဲ့ရတာလဲ...နင်ပစ်လိုက်တာကခဲတစ်လုံးထဲပေမဲ့ ငှက်နှစ်ကောင်လုံးအထိနာသွားခဲ့ရတယ်..

အခုယမင်းရဲ့သေဆုံးမှုကိုနင်နဲနဲလေးမှ

၀မ်းနည်းမပေးနိုင်ဘူးလား..အားနားစိတ်..မဖြစ်မိဘူးလား..."


"ငါက ဘာလို့အားနာရမှာလည်း...၀မ်းနည်းဖို့ဆိုဆောရီးပဲ..သူ့အစ်ကိုဆိုတဲ့ကောင်ကိုလည်း

..သောက်မြင်ကပ်လွန်းလို့ သူ့ကိုချည်းကပ်ခဲ့တာ

...အဲ့ကောင်သာနင့်နောက်ကိုလိုက်ကပ်မနေရင်...

ယမင်းရဲ့အနားကိုကပ်ဖို့လည်းအတွေးရခဲ့မှာမဟုတ်ဘူး...အဲ့ကောင်ကိုပဲသွားအပြစ်တင်..."


"ဟိန်းကို...နင်တော်တော်ဆိုးနေပါလား..."


ပုံရိပ်သူ့ရင်ဘတ်ကို ဆောင့်တွန်းလိုက်ပေမဲ့

သူ့မျက်နှာကအမြင်ကပ်စရာကာင်းလောက်အောင် ပြီတီတီပုံစံဖြစ်နေတုန်းပဲ။


"နင်ဟာလေ...ဘယ်လိုပြောလို့မှမရတဲ့ နတ်ဆိုးလိုကောင်..နင့်မှာဦးနှောက်ပါမလာတဲ့အတိုင်းပဲ...

ဘယ်ဟာမှန်လည်း ဘယ်ဟာမှားလဲဆိုတာ

မဝေခွဲတတ်ဘူးလား...နင့်မိဘတွေကနင့်ကိုဘယ်လိုသွန်သင်ပေးလိုက်တာလည်း...နင့်မှာလူစိတ်ရောရှိသေးရဲ့လား..."


"ဟုတ်တယ် ငါ့မှာလူစိတ်မရှိဘူး..ငါ့မိဘတွေက

ငါ့ကိုနဲနဲလေးမှ မသွန်သင်ပေးခဲ့ဘူး..အဲ့ဒါဘာဖြစ်လဲ...နင်ငါ့ကိုဘာလုပ်ချင်လဲ...."


"မင်းကိုငါ..အသေသတ်ချင်တာ..."


"ခွပ်...ခွပ်..."


ပုံရိပ်ဘက်ကို လှည့်၍အငိုက်မိ‌သွားသောအချိန်တွင် ဟိန်းကို၏ပါးတစ်ဖက်သည်နှစ်ချက်လောက်

 ဆင့်၍အထိုးခံလိုက်ရသည်။

နှုတ်ခမ်းစပ်တွင် ပေါက်သွားသောသွေးစတို့ကို လက်မနှင့်သုတ်လိုက်ပြီး သူ့ကိုထိုးလိုက်သူကိုကြည့်လိုက်သောအခါ ဟိန်းဇေယျာထက်ဖြစ်နေ၍ ဟန်လုပ်ကာမဲ့ပြုံးပြုံးလိုက်သည်။

တစ်ဆက်တည်းမှာပဲ ဟိန်းဇေယျာထက်၏

ပါးဆောင်ကိုလက်သီးနှင့် ပြေးထိုးလေသည်။


"ဟဲ့...နင်တို့ရန်မဖြစ်ကြပါနဲ့...တော်ကြပါတော့..."


ပုံရိပ်အော်လိုက်၍ အခြားကျောင်းသားတွေလည်း ဝိုင်းဆွဲကြပေမဲ့ ခြင်္သေ့နှစ်ကောင်သတ်ပုတ်နေကြသော ပွဲတွင်ဘယ်သားရဲကလာ၍ တားဆီးနိုင်ပါမည်လဲ။တစ်ယောက်နှင့်တစ်ယောက်ရက်စက်ကြမ်းကြုတ်စွာ ထိုးနှက်ကန်ကြောက်နေကြသော မြင်ကွင်းသည် ပုံရိပ်ကိုအင်မတန်သွေးလန့်သွားစေသည်။


နှစ်ယောက်လုံး၏ ပါးစပ်တွေထဲမှာလည်းသွေးများချင်းချင်းနီရဲနေပြီး မျက်နှာတွေလည်းဖူးယောင်နေကြသည်။ဝိုင်းဆွဲကြသောကြောင့် လူခွဲ၍ရသွားပေမဲ့ တစ်ယောက်နှင့်တစ်ယောက်ဆဲရေးတိုင်းထွာနေကြလေသည်။ဟိန်းကိုပြောခဲ့သလိုပါပဲ။


ဒီရန်ပွဲ၏ အစဦးသည်ပုံရိပ်ကြောင့်ပင်ဖြစ်ခဲ့လေသည်။ပုံရိပ်ကြောင့် သေဆုံးသူတွေရှိလာသလို၊‌ပုံ‌ရိပ်ကြောင့် တစ်ခါမှစကားတောင်မပြောဖူးသော လူနှစ်ယောက်သည်အမုန်းရန်ငြှိုးတွေ ပွားလာကြသည်။ပုံရိပ်ဒီနေရာကနေ ထွက်သွားချင်သည်။အားလုံးနဲ့ ဝေးရာကိုပေါ့။


(နောက်အခန်းက ပိုပြီးဇာတ်ရှိန်တက်ပါမယ်)


=========================================================================


🌹ဆူးႀကိဳး🔥အခန္း(၃၂)ဒုတိယပိုင္း


အီကိုေဆာင္မ်ားသည္ အသစ္ေဆာက္ထားေသာအေဆာက္အဦးမ်ားျဖစ္၍ ပံုရိပ္တို႔၏ ဘိုင္အိုအေဆာင္မ်ားထက္ ပို၍သစ္လြင္သည္။

အစိမ္းေရာင္ႏုႏုသုတ္ထားေသာအီကိုေဆာင္သည္ ဘိုင္အိုအေဆာင္ထက္လည္း အခန္းအေရအတြက္ပိုမ်ားသည္။


ဟိန္းကိုက ဘယ္အခန္းမွာစာသင္ရသလဲ မသိေပမဲ့ ကိုယ့္အရိွန္ႏွင့္ကိုယ္ ဆက္ေလ်ွာက္၍ Aအခန္းမွDအခန္းအထိ လိုက္ရွာၾကၫ့္လိုက္သည္။

ထင္သၫ့္အတိုင္းပါပဲ အီကိုေဆာင္၏

ေနာက္ဆံုးအတန္းအေရ႔ွတြင္ ၀ရံတာဘက္သို႔ထြက္၍ သူ႔သူငယ္ခ်င္းမ်ားႏွင္ ေဟးလားဝါးလား ေပ်ာ္ပါးေနေလသည္။

သူမ်ားေတြကိုေတာ့ စိတ္ဒုကၡေရာက္ေအာင္

လုပ္ထားၿပီး သူကေတာ့ ေပ်ာ္ရႊင္ေနသည္။


ပံုရိပ္လည္း သူရိွေသာေနရာသို႔ တိုက္ရိုက္သြားလိုက္ၿပီး သူ႔ေနာက္ေက်ာကို လက္နဲ႔ပိတ္တြန္းပစ္လိုက္သည္။


"ဘယ္ေကာင္...ငါ့ကိုလာတြန္းတာလဲ...ဟင္..

ပံုရိပ္...နင္ငါ့ကိုလာေတြ့တာလား..."


ပံုရိပ္ကိုေတြ့လိုက္သာအခါ သူ႔မ်က္ႏွာသည္ ခ်က္ခ်င္းပဲပြင့္လန္းကစပန္းတစ္ပြင့္အလား ၾကည္လင္စိုျပည္သြားသည္။


"ဟုတ္တယ္ နင္ကိုငါေျပာစရာရိွတယ္...

ဟိုနားကို လိုက္ခဲ့..."


ရွစ္တန္းအေဆာင္ႏွင့္နီးေသာ သရက္‌ပင္ေအာက္တြင္ သူ႔ကိုရပ္ေစာင့္ေနမိေပမဲ့ ကိုယ္ကသာ

မ်က္ႏွာမွာေသာကအပူ‌ေတြေပၚလႊင္ေနေပမဲ့

သူကေတာ့ေျခလွမ္းေတြကို ေနွးႏိုင္သမ်ွ ေနွးကာ ေလ်ွာက္လာေနသလားမွတ္ရသည္။

သူ႔ရဲ့ မထီတထီမ်က္ႏွာကို ျမင္ေနရတာႏွင့္ပင္

အသဲယားလြန္းလို႔ အကုသိုလ္စိတ္ေတြ တဖြားဖြားထလာသည္။


"ဘာေျပာမလို႔လည္း...ေျပာ..."


သစ္ျမစ္ေပၚမွာ ထိုင္ရန္ျပင္လိုက္ေသာ

သူ႔လက္ေမာင္းကို အားနဲ႔ဆဲြထားလိုက္ၿပီး ပံုရိပ္လိုပဲမတ္တပ္ရပ္ေစလိုက္သည္။

ထိုအခါ သေဘာတက်ရယ္လိုက္ေသာသူ႔ကို 

အျမင္ကပ္လြန္း၍ မ်က္‌ေစာင္းထိုးပစ္လိုက္သည္။


"ငါအံ့ဩလိုက္တာ...အျပစ္လုပ္ထားတာေတာင္

နင္ကႃပံုးႏိုင္ေသးတယ္ေနာ္...

ေတာ္ေတာ္ေသြးေအးတာပဲ...ငါ့ကိုျမင္တာေတာင္

...နဲနဲေလးမွအားနာစိတ္မရိွဘူးလား..." 


ပံုရိပ္၏ စကားေၾကာင့္ ဟိန္းကိုသည္ၿပီတီတီလုပ္ေနရာမွ ခ်က္ျခင္းတည္က်သြားသည္။

ပံုရိပ္၏ ၀မ္းနည္းၫွိုးငယ္ေနေသာ ပံုစံေလးကို

ျမင္ရေတာ့ သူလည္းဘာေၾကာင့္မွန္းမသိ

ရင္ထဲမွာ မေကာင္းေပ။


ႏို႔ႏွစ္ေရာင္ အသားအရည္ေလးႏွင့္ ဆံပင္ေလးေတြကိုအၿမဲစုထံုးထားတတ္ေသာ ပံုစံေလးကိုမွစဲြလမ္းမိ ေသာ သူ႔အျဖစ္သည္ ဒဏ္ရာႏွင့္သာဇာတ္သိမ္းခဲ့ေလၿပီ။ကိုယ့္လိုေကာင္ကို ဘယ္သူကမွလည္း အေရးတယူအဖက္မလုပ္ခ်င္ၾကပါဘူး။


အဲ့ဒီ့အထဲမွာ မာနႀကီးေသာပံုရိပ္ဆိုသၫ့္ သိပ္လွေသာမိန္းကေလးက ထိပ္ဆံုးကေပါ့။

ေလတိုက္ေန၍ ထဘီစေလးသည္ေလထဲတြင္

လႊင့္ေနေသာ အေျခအေနကို ထိန္းေနသၫ့္

ပံုရိပ္၏အနားသို႔ တိုးသြားလိုက္ေသာအခါ

သူ႔ကိုျပန္ၾကၫ့္လာသၫ့္ ရြံရွာေသာေဒါသမ်က္၀န္းေလးမ်ားႏွင့္ အသားက်ေနၿပီးသားျဖစ္၍ ခဲ့မဲ့မဲ့သာႃပံုးလိုက္သည္။


"နင္ငါ့ကိုေခၚလာတာ...ဘာေျပာခ်င္လို႔လဲ..."


"နင့္မ်က္ႏွာေၾကာကိုျပင္လိုက္စမ္း ဟိန္းကို

အခုငါ့စိတ္ထဲမွာ နင့္မ်က္ႏွာကို ကုတ္ျခစ္မိခ်င္ေလာက္ ေဒါသထြက္ေနတယ္..."


"ဟ...တင္းလွခ်ည္လား...ငါကနင့္ကိုဘာလုပ္လို႔လဲ..."


"ဘာလုပ္လို႔လဲ...ဟုတ္လား...နင္ယမင္းကိုဘာေတြ ေလ်ာက္ေျပာခဲ့တာလဲ..."


"အဲ့ဒါနင့္ကိစၥမဟုတ္ဘူး...ပံုရိပ္..သူမ်ားအေၾကာင္းကို ဘာလို႔အဲ့ေလာက္သိခ်င္ေနတာလဲ...

နင္ေတာ္ေတာ္အားေနတာလား..."


ပံုရိပ္၏ေမးခြန္းေၾကာင့္ ရႉးရႉးရွားရွားေဒါသထြက္သြားၿပီး မ်က္ႏွာလႊဲသြားေလရာ သူမ်က္ႏွာလႊဲလိုက္ေသာဘက္သို႔ ပံုရိပ္ကလိုက္၍ ကာရပ္လိုက္သည္။သူ႔မ်က္ႏွာကို ၾကၫ့္ၿပီး ပိုးစိုးပက္စက္ကို ေျပာပစ္ခ်င္ေနမိသည္။


"ငါ့ကိစၥမဟုတ္ရင္ ယမင္းကိုဘာလို႔ငါ့အေၾကာင္းေတြ သြားပုတ္ေလလႊင့္ေလ်ွာက္ေျပာရတာလဲ...

ငါကနင့္ကိုလွၫ့္စားၿပီးထားခဲ့သလိုလိုနဲ႔

နင္ငါ့သိကၡာကိုဘာလို႔ထိပါးရတာလဲ..ယမင္းကိုတကယ္မႀကိဳက္ပဲ ဘာေၾကာင့္နာက်င္ေအာင္ ႏိွပ္စက္ရတာလဲ..နင္ကေတာ္ေတာ္ေကာက္က်စ္

စဉ္းလဲတဲ့လူ...နင္ဘယ္လိုယုတ္မာခဲ့လဲ နင္ျပန္ေတြးၾကၫ့္စမ္းပါ...ရွက္တတ္ရင္ လဲေသလို႔ေတာင္ရတယ္..."


"ဟာ!!!!!နင္ေသေတာ့မွာပဲ...."


ပံုရိပ္၏ မ်က္ႏွာကိုေမးရိုးမွတဆင့္ သူ႔လက္ႏွင့္

ဆဲြၫွစ္ယူလိုက္ၿပီး ပံုရိပ္၏မ်က္ႏွာကို လက္သီးႏွင့္ခ်ိန္ရြယ္လာသည္။ပံုရိပ္မေၾကာက္ပါဘူး။

၀မ္းေတာ့နည္းမိတယ္။

ထို႔ေၾကာင့္ မ်က္လံုးေထာင့္စြန္းမွ မ်က္ရည္မ်ားတစ္စက္ၿပီး တစ္စက္က်လာခဲ့သည္။


၀မ္းနည္းရေသာအေၾကာင္းကေတာ့ ကိုယ့္အေပၚတကယ္ေကာင္းေပးသၫ့္ လူေကာင္းထင္ၿပီး ယံုၾကည္မိခဲ့ေပမဲ့ သူတို႔ဟာပံုရိပ္ရဲ့ဘ၀ကို

အမဲျဖတ္လိုၾကတဲ့ မုဆိုးေတျြဖစ္ေနခဲ့တယ္။


သူက မၫွာမတာလက္သီးနဲ႔ထိုးလိုက္လို႔

ပံုရိပ္နာသြားခဲ့ရင္ေတာင္ ရင္ဘတ္ထဲမွာနာက်င္ေနတာကိုေတာ့ မမွီေလာက္ေပ။

သူ႔ကို အံႀကိတ္ၿပီးျပန္ၾကၫ့္ေနေပမဲ့ ပံုရိပ္၏ေမးရိုးကိုဆဲြၫွစ္ထားရာမွ သူမ်က္ရည္ေတြရစ္ဝဲလ်ွက္

ပံုရိပ္ကိုလႊတ္ေပးသည္။


"ပံုရိပ္...ဒီျပႆနာေတြအားလံုးရဲ့ အစကနင္ပဲ

ငါနင့္ကိုစဲြမက္မိသေလာက္...နင္ကေတာ့

၁၂ေက်ာင္းကေကာင္နဲ႔ ရန္ျဖစ္မိတာေလးနဲ႔ငါ့ကို သူငယ္ခ်င္းေတာင္ျဖစ္ခြင့္မေပးေတာ့ဘူး...

ငါကေကာက္က်စ္ေပမဲ့ နင့္ေလာက္မရက္စက္တတ္ဘူး...နင္ငါ့ကိုလံုးလံုးဥပကၡာျပဳလိုက္ေတာ့

ငါဘယ္ေလာက္ခံစားခဲ့ရတယ္မွတ္လဲ...

အလူးအလိွမ့္ခံခဲ့ရတာ...အဲ့ဒါဘာေၾကာင့္လဲ

နင္သိခ်င္လား...ငါ့ရင္ထဲမွာနင့္ကိုအသဲနင့္ေအာင္ စဲြလမ္းမိလို႔...ငါ့ရင္ဘတ္မွာနင့္နာမည္ပံုရိပ္ဆိုတာကို တက္တူးထိုးမိတဲ့အထိ ငါရူးေနမိတာ...

အဲ့ဒါေၾကာင့္ငါ့ခံစားခ်က္ကို ဥပကၡာျပဳခဲ့တဲ့

 တန္ရာတန္ေၾကးအတြက္ တူညီတဲ့ေဝဒနာမ်ိဳးနင့္ကိုျပန္ေပးလိုက္တာပဲ...ငါ့လုပ္ရပ္အတြက္...

ငါေက်နပ္တယ္...ေနာင္တလည္းမရဘူး..."


ျဖစ္မျွဖစ္ရေလ။အရာအားလံုးအတြက္ ေနာက္ဆံုးေတာ့လည္း ပံုရိပ္ကိုပဲအျပစ္ပံုခ်ေနတာပါလား။

ပံုရိပ္ေၾကာင့္ဆိုတဲ့ အမည္နာမကို တပ္ေနၾကေပမဲ့

ပံုရိပ္တစ္ခုမွမက်ူးလြန္ခဲ့မိေပ။သူတို႔ရဲ့ စိတ္ဆႏၵအေလ်ွာက္ ျဖစ္ခ်င္တာေတျြဖစ္မလာတာနဲ႔ ပံုရိပ္ေၾကာင့္တဲ့လား။


ကိုယ့္ကို ျပန္မလုပ္ပဲၿငိမ္ခံေနသၫ့္ လူတစ္ေယာက္ကို  မ်က္ႏွာေတြေယာင္ကိုင္းၿပီး ေသြးထြက္သံယိုျဖစ္ေအာင္ ထိုးႀကိတ္တဲ့ကိစၥကသူ႔အတြက္ အေသးအမႊားျဖစ္ေနပါလား။


"ဟိန္းကို...နင့္ရဲ့အခုပံုစံက ေသြးေအးလြန္းတဲ့ ရာဇ၀တ္ေကာင္ထက္ေတာင္ ဆိုးေနေသးတယ္...

နင္ငါ့ကိုထိခိုက္ေအာင္လုပ္ခ်င္ရင္...ငါ့ဆီကိုတိုက္ရိုက္လာခဲ့ပါလား...နင္ေယာက္်ားမဟုတ္ဘူးလား...ဘာလို႔အျပစ္မရိွတဲ့ယမင္းကို တမင္ႏိွပ္စက္ခဲ့ရတာလဲ...နင္ပစ္လိုက္တာကခဲတစ္လံုးထဲေပမဲ့ ငွက္ႏွစ္ေကာင္လံုးအထိနာသြားခဲ့ရတယ္..

အခုယမင္းရဲ့ေသဆံုးမႈကိုနင္နဲနဲေလးမွ

၀မ္းနည္းမေပးႏိုင္ဘူးလား..အားနားစိတ္..မျဖစ္မိဘူးလား..."


"ငါက ဘာလို႔အားနာရမွာလည္း...၀မ္းနည္းဖို႔ဆိုေဆာရီးပဲ..သူ႔အစ္ကိုဆိုတဲ့ေကာင္ကိုလည္း

..ေသာက္ျမင္ကပ္လြန္းလို႔ သူ႔ကိုခ်ည္းကပ္ခဲ့တာ

...အဲ့ေကာင္သာနင့္ေနာက္ကိုလိုက္ကပ္မေနရင္...

ယမင္းရဲ့အနားကိုကပ္ဖို႔လည္းအေတြးရခဲ့မွာမဟုတ္ဘူး...အဲ့ေကာင္ကိုပဲသြားအျပစ္တင္..."


"ဟိန္းကို...နင္ေတာ္ေတာ္ဆိုးေနပါလား..."


ပံုရိပ္သူ႔ရင္ဘတ္ကို ေဆာင့္တြန္းလိုက္ေပမဲ့

သူ႔မ်က္ႏွာကအျမင္ကပ္စရာကာင္းေလာက္ေအာင္ ၿပီတီတီပံုစံျဖစ္ေနတုန္းပဲ။


"နင္ဟာေလ...ဘယ္လိုေျပာလို႔မွမရတဲ့ နတ္ဆိုးလိုေကာင္..နင့္မွာဦးေနွာက္ပါမလာတဲ့အတိုင္းပဲ...

ဘယ္ဟာမွန္လည္း ဘယ္ဟာမွားလဲဆိုတာ

မေဝခဲြတတ္ဘူးလား...နင့္မိဘေတြကနင့္ကိုဘယ္လိုသြန္သင္ေပးလိုက္တာလည္း...နင့္မွာလူစိတ္ေရာရိွေသးရဲ့လား..."


"ဟုတ္တယ္ ငါ့မွာလူစိတ္မရိွဘူး..ငါ့မိဘေတြက

ငါ့ကိုနဲနဲေလးမွ မသြန္သင္ေပးခဲ့ဘူး..အဲ့ဒါဘာျဖစ္လဲ...နင္ငါ့ကိုဘာလုပ္ခ်င္လဲ...."


"မင္းကိုငါ..အေသသတ္ခ်င္တာ..."


"ခြပ္...ခြပ္..."


ပံုရိပ္ဘက္ကို လွၫ့္၍အငိုက္မိ‌သြားေသာအခ်ိန္တြင္ ဟိန္းကို၏ပါးတစ္ဖက္သည္ႏွစ္ခ်က္ေလာက္

 ဆင့္၍အထိုးခံလိုက္ရသည္။

ႏႈတ္ခမ္းစပ္တြင္ ေပါက္သြားေသာေသြးစတို႔ကို လက္မႏွင့္သုတ္လိုက္ၿပီး သူ႔ကိုထိုးလိုက္သူကိုၾကၫ့္လိုက္ေသာအခါ ဟိန္းေဇယ်ာထက္ျဖစ္ေန၍ ဟန္လုပ္ကာမဲ့ႃပံုးႃပံုးလိုက္သည္။

တစ္ဆက္တည္းမွာပဲ ဟိန္းေဇယ်ာထက္၏

ပါးေဆာင္ကိုလက္သီးႏွင့္ ေျပးထိုးေလသည္။


"ဟဲ့...နင္တို႔ရန္မျဖစ္ၾကပါနဲ႔...ေတာ္ၾကပါေတာ့..."


ပံုရိပ္ေအာ္လိုက္၍ အျခားေက်ာင္းသားေတြလည္း ဝိုင္းဆဲြၾကေပမဲ့ ျခေသၤ့ႏွစ္ေကာင္သတ္ပုတ္ေနၾကေသာ ပဲြတြင္ဘယ္သားရဲကလာ၍ တားဆီးႏိုင္ပါမည္လဲ။တစ္ေယာက္ႏွင့္တစ္ေယာက္ရက္စက္ၾကမ္းၾကဳတ္စြာ ထိုးႏွက္ကန္ေၾကာက္ေနၾကေသာ ျမင္ကြင္းသည္ ပံုရိပ္ကိုအင္မတန္ေသြးလန႔္သြားေစသည္။


ႏွစ္ေယာက္လံုး၏ ပါးစပ္ေတြထဲမွာလည္းေသြးမ်ားခ်င္းခ်င္းနီရဲေနၿပီး မ်က္ႏွာေတြလည္းဖူးေယာင္ေနၾကသည္။ဝိုင္းဆဲြၾကေသာေၾကာင့္ လူခဲြ၍ရသြားေပမဲ့ တစ္ေယာက္ႏွင့္တစ္ေယာက္ဆဲေရးတိုင္းထြာေနၾကေလသည္။ဟိန္းကိုေျပာခဲ့သလိုပါပဲ။


ဒီရန္ပဲြ၏ အစဦးသည္ပံုရိပ္ေၾကာင့္ပင္ျဖစ္ခဲ့ေလသည္။ပံုရိပ္ေၾကာင့္ ေသဆံုးသူေတြရိွလာသလို၊‌ပံု‌ရိပ္ေၾကာင့္ တစ္ခါမွစကားေတာင္မေျပာဖူးေသာ လူႏွစ္ေယာက္သည္အမုန္းရန္ႃငွိုးေတြ ပြားလာၾကသည္။ပံုရိပ္ဒီေနရာကေန ထြက္သြားခ်င္သည္။အားလံုးနဲ႔ ေဝးရာကိုေပါ့။


(ေနာက္အခန္းက ပိုၿပီးဇာတ္ရိွန္တက္ပါမယ္)

1 comment:

  1. အရမ်းဖတ်လို့ကောင်းပါတယ်😍

    ReplyDelete