🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
🌼အခန်း၅🌼
"အစ်မ..အစ်မ.."
"အစ်မ..သန့်ရှင်းရေးအစ်မ..."
"ဟင်...ကျွန်မကိုခေါ်တာလား.."
အစည်းအဝေးအခန်းတွေကို သန့်ရှင်းရေးလုပ်ပြီးလို့ ကိုယ့်ဌာနမှာ ပြန်ပြီးအနားယူဖို့ အပြန်မှာ အနောက်ကနေ မိန်းကလေးတစ်ယောက်က လက်ကိုလာဆွဲပြီး ခေါ်နေတာကြောင့် အံ့ဩသွားမိလေသည်။ပုံစံကြည့်ရတာ စံပယ့်ထက်နဲနဲကြီးပုံရတယ်။
ဒါပေမဲ့ စံပယ့်ကိုချိုသာစွာပြုံးပြပြီး ခေါ်လာသည်က အစ်မတဲ့။အစ်မဆိုတော့လည်းအစ်မပေါ့။
ကိုယ့်ပုံစံက သနပ်ခါးထူလပိန်းနဲ့ ဆံထုံးကြီးကို ထိပ်မှာ စုထုံးထားလေတော့ အဒေါ်ကြီးလို့မခေါ်လာတာ ကံကောင်း။
"....မေမီကစာရင်းစစ်ဌာနကအလုပ်သင်ပါ..
ဟိုလေ..ဌာနကအစ်မကြီးတွေကကုမ္ပဏီမျက်နှာချင်းဆိုင်က ထမင်းဆိုင်မှာထမင်းဘူးတွေသွားယူခိုင်းနေလို့..မေမီလုပ်ရတဲ့ စာရင်းတွေကလည်း မပြီးရင်အပြောခံရမှာအစ်မရဲ့..အခုမှအလုပ်သင်ဆိုတော့အလုပ်ပြုတ်မှာလည်းဆိုးတယ်.."
"အဲ့တော့..ကျွန်မကဘာကူညီပေးရမလဲ.."
"ဟို..အစ်မအဆင်ပြေရင်သွားယူပေးပါလားရှင်
..ကူညီပါ..အစ်မရယ်နော်..ကူညီပါနော်"
အခုမှအလုပ်ကလေးပြီးလို့ နားမယ်ကြံကာရှိသေးတယ် အကူအညီတောင်းမဲ့လူက အဆင်သင့်ပေါ်လာပြန်ပြီ။မကူညီဘူး ပြောလိုက်ရင်လည်း သန့်ရှင်းရေးအလုပ်သမားဖြစ်ပြီး ဘ၀င်မြင့်တယ်ဖြစ်အုံးမယ်။ဘာပဲဖြစ်ဖြစ် ကူညီကောင်းပါတယ်လေ။
"ဟုတ်ကဲ့ သွားယူပေးပါ့မယ်.."
"ကျေးဇူးတင်လိုက်တာအစ်မရယ်.."
အမှန်တွင်တော့ အလုပ်သင်မေမီဆိုသူဟာ ကိုယ်တိုင်သွားရမှာကို ပျင်းသောကြောင့် သန့်ရှင်းရေးလုပ်၍ ပြန်လာသော စံပယ်မွှေးကို တစ်ဖက်
လှည့်နှင့် ခိုင်းလိုက်ခြင်းဖြစ်လေသည်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ထမင်းဆိုင်မှ ထမင်းဘူးတွေအမြန်ဆင်းယူပြီး အပေါ်ပြန်တက်ရန်ဓာတ်လှေကားစောင့်နေစဉ်မှာပဲ ဘေးနားမှာတစ်စုံတစ်ယောက်လာရပ်နေ၍
ကြည့်လိုက်တော့ သူဌေးနဲ့ သူ့အတွင်းရေးမှူးဖြစ်နေလေသည်။စံပယ်ကသာ သူ့ကိုတွေ့လို့ အံ့ဩသွားပေမဲ့ စီအီးအိုကြီး ဦးနေဂုဏ်မာန်ကတော့
ရင်ကိုကော့၊ခေါင်းကိုမော့ထားလိုက်တာများ
သူ့ကိုယ်သူဇာတ်မင်းသား ထင်နေသလားမှတ်ရတယ်။
တစ်စက်မှကို မျက်လုံးထဲမှာ အကြောမတည့်တာ တာပါ။
ဓာတ်လှေကား၏ တံခါးပွင့်သည်နှင့်အတွင်းထဲသို့
အမြန်၀င်လိုက်ကြရာ အတွင်းရေမှူးမမက
အလွှာငါးကိုနှိပ်လိုက်တာကြောင့် တိုက်တိုက်ဆိုင်ဆိုင်တက်မည့် အလွှာကလာတူနေရပြန်သည်။
ရေစပ်မဆုံးချင်ပါဘူးဆိုနေမှ တက်မဲ့အလွှာပါ
လာတူနေရတယ်ဟု စိတ်ထဲမှတီးတိုးပြောလိုက်မိသည်။
သူ့ကိုလှမ်းကြည့်လိုက်တော့ ဘောင်းဘီအိတ်ကပ်ထဲကိုလက်ထည့်ပြီးခပ်တည်တည်နှင့်ရပ်နေလေသည်။အမြင်ကပ်လာတာကြောင့် စံပယ့်စိတ်ထဲတွင် ရေရွတ်လိုက်မိတဲ့ စကားကတော့...
"သူ့ကိုယ်သူ..သူဌေးမှန်းလူမသိမှာစိုးလို့နေမယ်...
ဘ၀င်လေဟပ်ပြီး ခေါင်မိုးကိုတက်ဆောင့်မိတော့မဲ့အတိုင်းပဲ....ရုပ်ရှင်မင်းသားတွေတောင် သူ့လောက်ပဲများကြမယ်မထင်ဘူး..."
အလွှာ၅ကိုရောက်တော့ထမင်းဗူးအထုပ်တွေကိုလက်နှစ်ဖက်အပြည့်ကိုင်ကာ သူတို့ထက်အရင်အပြင်ထွက်လိုက်ပြီး စာရင်းစစ်ဌာနကိုပြေးသွားလိုက်သည်။
"ဟာ...ဒီကောင်မလေးဘယ်လိုပါလိမ့်..အမြဲ
ရှက်ပြာရှက်ပြာနဲ့.."
နေဂုဏ်မာန်လည်းသူ့အရှေ့မှ ခြေလိမ်ပြီးပြေးနေသလား ထင်ရသည့်ကလေးမကိုကြည့်ပြီး ပါးစပ်ကလွှတ်ကနဲထွက်သွားမိသည်။
ပြီးမှစိတ်မလုံပဲ အတွင်းရေးမှူးကိုတစ်ချက်ကြည့်လိုက်ပြီး ပြန်တည်နေလိုက်ရသည်။
သူမှာလည်း ဘာကြောင့်ရယ်မသိ ဒီရှက်ပြာမလေးကို တွေ့တိုင်း တစ်ခုမဟုတ် တစ်ခုပြောချင်နေမိသည်။
ဆန်းကျယ်တဲ့ ထိတ်တိုက်တွေ့ဆုံမှုတွေကြောင့် ဒီကောင်မလေးက ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ့အာရုံကို ဖမ်းစားနိုင်နေသလိုပဲ။
"သူမကို စိတ်၀င်စားနေမိတာလား..."လို့
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပြန်တော့လည်း
ဒီဂွက်ထော်ရုပ်ကို စိတ်၀င်စားတာလုံး၀မဖြစ်နိုင်ပါဘူးလို့ပဲ ပြန်တွေးလိုက်မိသည်။
"အချော၊အလှတွေ ဒီလောက်ပေါများနေတဲ့ခောတ်ကြီးမှာ ဒီလိုသနပ်ခါးဘဲကြားနဲ့ ရှပ်ပြာမကိုစိတ်၀င်စားနေရင် ငါရူးနေလို့ပဲ နေလိမ့်မယ်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
စံပယ်မွှေးတစ်ယောက်စာရင်းစစ်ဌာနထဲသို့ မဝံ့မရဲခြေလှမ်းလိုက်ပြီးလူရှာနေရလေသည်။
ခဏနေတော့ကွန်ပျူတာထိုင်နှိပ်နေသည့် မေမီဆိုသည့် ကောင်မလေးကိုတွေ့လိုက်ရတာကြောင့်
၀မ်းသာသွားရသည်။
ထို့ကြောင့် ခြေလှမ်းခပ်သွက်သွက်နဲ့ပဲ ထိုကောင်မလေးဆီသို့ သွားလိုက်သည်။
"ညီမ..ညီမ..အမယ်လေး!!!!!.."
"ဘုန်း!!!..ဂလုန်း!!!!.."
မေမီဆိုသူဟာလည်း ကွန်ပျူတာထိုင်နှိပ်နေရာမှ
အသံကြားရာကိုကြည့်လိုက်မိတော့ ထမင်းဗူးတွေဟာ ကြမ်းပြင်မှာ မှောက်နေပြီး သူမထမင်းဗူးသွားယူခိုင်းလိုက်သော သန့်ရှင်းရေး၀န်ထမ်းကလည်း
မှောက်လျှက်လဲကျနေတာကြောင့် အလွန်ဒေါသထွက်သွားလေသည်။
"..အမယ်လေး..အစ်မ..မကူညီချင်လဲအစထဲကပြောပါလား..အခုတော့ အမသီတာတို့စားမဲ့ဟာတွေကုန်ပြီ..အစ်မတမင်လုပ်လိုက်တာမလား.."
စံပယ်လည်းတစ်ခုခုကို ခလုတ်တိုက်မိပြီးကြမ်းပေါ်ကို အားနဲ့ပစ်ကျသွားတာကြောင့် ထမင်းတွေ၊ဟင်းတွေ ကြမ်းပေါ်သို့မှောက်သွားတာပါ။
ဒါကိုတမင်လုပ်တာတဲ့လား။
လူလည်းကိုင်အ ရိုက်ခံလိုက်ရသလို တော်တော်နာသွားတာကြောင့် မျက်ရည်တောင်ဝဲချင်လာမိလေသည်။
ဌာနကလူတွေကလည်းစံပယ်နဲ့ ထိုကောင်မလေးကိုဝိုင်းအုံပြီးကြည့်လာကြသည်။
"အစ်မ..တမင်လုပ်တာမဟုတ်ပါဘူး..
..မတော်တဆဖြစ်သွားတာပါ.."
"ဟင်း..နဲနဲပဲပြောရသေးတယ်မျက်ရည်ကကျလာပြီ..တကယ်ငိုရမှာကကျွန်မပါအစ်မရဲ့..
အခုဒါတွေအကုန်ဆိုက်လျော်ရတော့မယ်..
ဘယ့်နှယ့်လုပ်မလဲ..အကူအညီတောင်းမိတာကိုကမှားတာ.."
"ဟဲ့မေမီ..ဒါဆိုဒီထမင်းဗူးတွေက..ငါတို့ဟာတွေလား.."
"ဟုတ်တယ်..မသီတာ..ကျွန်မစာရင်းအမြန်လုပ်ချင်လို့ ဒီသန့်ရှင်းရေး၀န်ထမ်းအစ်မကိုသွားယူခိုင်းလိုက်တာ..မကျေနပ်ဘူးထင်တယ်..တမင်ထမင်းတွေဖိတ်အောင်လုပ်တာသိလား.."
"မဟုတ်ပါဘူး..ကျွန်မတမင်လုပ်တာမဟုတ်ပါဘူး.."
စံပယ်လည်း မသီတာဆိုသူကိုပါ တမင်ရည်ရွယ်ပြီး မလုပ်ကြောင်း ရှင်းပြနေမိလေသည်။သို့ပေမဲ့ သူတို့ရဲ့မျက်၀န်းတွေမှာတော့ သန့်ရှင်းရေး၀န်ထမ်းယူနီဖောင်း ၀တ်ထားတဲ့စံပယ့်ကို အထင်သေးသလိုပဲ ကြည့်လာကြတယ်။
"မေမီ!..ငါကနင့်ကိုသွားယူခိုင်းတာလေ..ဘာလို့ဒီလိုပညာမတတ်၊အဆင့်မရှိတဲ့အောက်ခြေအလုပ်
သမားကိုခိုင်းရတာလဲ..အခုတော့ငါ့ထမင်းဗူးသွားပြီ..ဘယ်လိုလုပ်မှာလဲ!..."
"ဘယ်လိုမှမလုပ်နဲ့..အောက်မှာကျနေတဲ့ဟာတွေကိုပဲကောက်စားလိုက်.."
"ဟင်"
"ဟာ.."
"သူဌေး!.."
အသံနှင့်အတူ ဟိတ်ဟန်အပြည့်နဲ့ ၀င်လာသူက
ဦးနေဂုဏ်မာန်ပင်ဖြစ်သည်။
မသီတာဆိုသူနှင့် သူ့ဘေးနားမှမေမီဆိုသူကို
မျက်မှောင်ကြုံ့၍ဆိုက်ကြည့်လိုက်ပြီးနောက် မျက်ရည်ဝဲနေသည့်စံပယ့်ဘက်ကိုလှည့်ကြည့်လာ လေသည်။
စံပယ်လည်း သူဌေးကပါ ထပ်ပြီးအပြစ်တင်တော့မည်ဆိုတာကို ခန့်မှန်းမိလိုက်တာကြောင့် သူဌေးနဲ့အကြည့်ချင်းဆုံမိသွားရာမှ အကြည့်လွှဲပြီး ခေါင်းကိုသာတွင်တွင် ငုံ့ထားလိုက်မိသည်။
တကယ်တော့ ဓာတ်လှေကားထဲကနေ ထမင်းဗူးတွေကို ဆွဲပြီးကလေးမ ပြေးသွားတည်းက ဘာလုပ်မလို့လဲဆိုပြီး တွေးခဲ့သေးတယ်။
ဌာနထဲကို စ၀င်တော့"ပညာမတတ်၊အဆင့်မရှိတဲ့အောက်ခြေအလုပ် သမားကိုဘာလို့ခိုင်းရတာလဲ..အခုတော့ငါ့ထမင်းဗူးသွားပြီ..ဘယ်လိုလုပ်မှာလဲ!..."ဆိုသည့် မသီတာဆိုသော၀န်ထမ်းရဲ့ စကားကိုကြားလိုက်တော့မှ ဇာတ်ရည်လည်ပြီး တော်တော်ကို ဒေါသထွက်သွားမိသည်။
"စံပယ်မွှေး!!မင်းကိုထမင်းဗူးယူခိုင်းတာဘယ်သူလဲ.."
သူဌေးက ခပ်မာမာမေးလိုက်တာကြောင့် စံပယ်လည်းမျက်နှာငယ်နှင့်မေမီဆိုသူကိုလက်ညှိုးထိုးပြလိုက်သည်။
နေဂုဏ်မာန်လည်း မျက်မှောင်ကြုံ့ကာ မေမီဆိုသူကိုခပ်စူးစူးကြည့်လိုက်ပြီး...
"ဒီထမင်းဗူးတွေကမင်းဟာတွေလား.."
"ဟို..မဟုတ်ပါဘူး..မမသီတာတို့၊မမယုမွန်တို့ဟာတွေပါ..မေမီ့ကိုသွားယူခိုင်းတာပါ.."
"ဟုတ်ပါတယ်သူဌေး ကျွန်မတို့ကသူ့ကိုသွားယူခိုင်းတာကို..သူက ဒီဘာပညာ၊ဘာအဆင့်မှမရှိတဲ့ သန့်ရှင်းရေး၀န်ထမ်းကို တစ်ဆင့်ခိုင်းလိုက်တယ်တဲ့....အခုတော့.."
"တိတ်စမ်း!!! "
နေဂုဏ်မာန်ပိတ်ဟောက်လိုက်တာကြောင့် မသီတာလည်း ချက်ခြင်းမျက်လုံးတွေ ပြူးကျယ်သွားရပြီး
ကြောက်စိတ်ပါ၀င်လာလေတော့သည်။
"မင်းကဘယ်လောက်အထိတော်နေလို့သူ့ကိုဒီလိုချိုးနှိမ်ပြီးပြောနေတာလဲ.."
"ရှင်.."
"မင်းကိုယ်တိုင်တောင်သူများဆီမှာ လခစားပြီးအလုပ်လုပ်နေတာမဟုတ်ဘူးလား..
မင်းတို့ကသူ့ထက်ပညာပိုသင်ခွင့်ရခဲ့လို့လစာပိုများနေတာပဲရှိတယ်..
မှတ်ထား မင်းတို့အားလုံးကဒီကုမ္ပဏီရဲ့အလုပ်သမားဆိုတဲ့ခေါင်းစဉ်အောက်မှာပဲရှိတယ်..
အလုပ်သမားအချင်းချင်း ရိုင်းပင်းတာမျိုးမဟုတ်ပဲ ဖိနှိပ်ဆက်ဆံတာမျိုးလုပ်ရင်..လုပ်တဲ့သူကို
ငါ့ကုမ္ပဏီမှာထားမှာမဟုတ်ဘူး..နောက်တစ်ခု..
ကိုယ်လုပ်ရမဲ့အလုပ်ကို ကိုယ့်ဘာသာပြီးဆုံးတဲ့အထိလုပ်ကြ..အပျင်းခိုတဲ့၊ အချောင်လမ်းကို လိုက်တဲ့ ဘယ်သူ့ကိုမှ..IDGကုမ္ပဏီကအလိုမရှိဘူး..
ကြားကြလား!!!!..."
"ဟုတ်....ဟုတ်ကဲ့ပါသူဌေး...."
သူဌေးရဲ့ ဆူလိုက်သည့်စကားကြောင့် စာရင်းစစ်ဌာနတစ်ခုလုံး"ဟုတ်ကဲ့"ဆိုသည့်အသံတွေ ပဲ့တင်ထပ်ကုန်လေတော့သည်။
ဒီကုမ္ပဏီတွင် စီအီးအို နေဂုဏ်မာန်ထပ် ရာထူးကြီးတဲ့လူမရှိတော့တာကြောင့် အားလုံးကကိုယ့်အလုပ်ရာထူးလေးမြဲဖို့ရာ နေဂုဏ်မာန်၏စကားကို
အထွန့်မတက်မှရပေလိမ့်မည်။စီအီးအို၏
သမာသမတ်ကျပြီး ခပ်တည်တည်နေတတ်တဲ့ ပုံစံကြောင့် အားလုံးက ရှိန်နေကြခြင်းပင်။
"မင်းနာမည်မေမီ..ဟုတ်လား.."
"ဟုတ်...ဟုတ်ပါတယ်သူဌေး.."
မသီတာအလှည့်ပြီးတော့ မေမီ့ဘက်ကိုလှည့်လာတာကြောင့် သူမလည်းဒူးတွေတုန်လာလေသည်။
ဒီကုမ္ပဏီမှာ အလုပ်သင်အဖြစ်လုပ်ရဖို့တောင် မနည်းကြိုးစားထားခဲ့ရတာဖြစ်တဲ့အတွက် အလုပ်လေးတော့ မပြုတ်ချင်ဘူး။
"ငါမင်းကိုမေးမယ်..စံပယ်မွှေးကသူလုပ်တဲ့အလုပ်ကို..ပင်ပန်းလို့မင်းကိုဘယ်နှစ်ခါကူလုပ်ခိုင်းလဲ..."
"တစ်ခါမှ...မ..မလုပ်ခိုင်းပါဘူး.."
"ဒါဆိုမင်းကဘာအခွင့်ရှိလို့..ဌာနမတူတဲ့သူကိုမင်းလုပ်ရမဲ့အလုပ်ကိုသွားခိုင်းတာလဲ..
မင်းကိုအဲ့ဒီ့အခွင့်အရေး ဘယ်သူပေးတာလဲ.."
"ဟို..မေမီ..တောင်းပန်ပါတယ်..နောက်မဖြစ်စေရပါဘူး.."
"မသီတာ..."
"ရှင်..သူဌေး.."
"မင်းတို့ကို ရုံးကထမင်းစားချိန်မပေးဘူးလား.."
"ပေး..ပေးပါတယ်.."
"ဟ..ဒါဆိုမင်းတို့က ဘယ်လောက်အလုပ်ရှုပ်နေလို့..ကုမ္ပဏီအရှေ့လေးတင်ရှိတဲ့နေရာမှာကိုယ်စား
မဲ့ထမင်းဗူးကို..ကိုယ်တိုင်သွားမယူနိုင်ရတာလဲ..
ငါ့ကုမ္ပဏီက ဓာတ်လှေကားမရှိလို့လား..
ထမင်းစားဆောင်မှာ ထမင်း၊ဟင်းမှာဖို့ လုပ်မပေးထားလို့လား...ဒါမှမဟုတ်..မင်းတို့က..ငါ့ထက်ရာထူးကြီးနေလို့...အလုပ်သမားအချင်းချင်းကို ပြန်ခိုင်းနေတာလား...."
"အို..မဟုတ်ပါဘူးသူဌေးရယ်..ကျွန်မအမှားပါ..
တောင်းပန်ပါတယ်.."
"မင်းတို့တောင်းပန်ရမှာကငါ့ကိုမဟုတ်ဘူး
သူ့ကို...စံပယ်မွှေးအခုသူတို့နှစ်ယောက်နဲ့ပတ်သတ်ပြီးမင်းဘာဖြစ်ချင်လဲ..ငါခွင့်ပြုပေးမယ်.."
ဦးနေဂုဏ်မာန်ကိုစံပယ်မော့ကြည့်လိုက်သည်။
ဒီတစ်ခါတော့စံပယ်သူ့ကိုအထင်ကြီးသွားမိပြီ။ကျေးဇူးရှင်ကြီးကို ထိုင်ရှိခိုးဆိုရင်လေ အကြိမ်တစ်ရာလောက်သာ ရှိခိုးချင်လိုက်တော့တယ်။
ဌာနမှ လူတွေအကုန်လုံးလည်းစံပယ်ကို ပြူးကြည့်ကုန်ကြ လေသည်။
"ဟို..ကျွန်မဘာမှမလုပ်ချင်ပါဘူး..ဒါပေမဲ့ထမင်းတွေမှောက်အောင်တမင်လုပ်တာမဟုတ်ဘူးဆိုတာတော့ယုံစေချင်တယ်.."
"ယုံပါတယ်ညီမလေးရယ်အစ်မကသာ တောင်းပန်ရမှာပါ..တောင်းပန်ပါတယ်ကွယ်"
"မေမီလည်းတောင်းပန်ပါတယ်..ခွင့်လွှတ်ပေးပါအစ်မရယ်.."
"နောက်ထပ်ဒီလိုကိစ္စမျိုး ထပ်မဖြစ်ဖို့.."
သတိပေးချက်ထုတ်ခဲ့သော သူဌေးပြန်ထွက်သွားပြီးနောက်စာရင်းစစ်ဌာနတွင် စကားတွေပွက်လောရိုက်ကုန်ကြတော့သည်။
"မိုက်တယ်ဟေ့..ငါတို့သူဌေးတော့ဒီကိစ္စကိုအခွင့်ကောင်းယူပြီး အကုန်ပတ်ဆူသွားတာ.."
"သူဌေးကကျောသား..ရင်သားမခွဲခြားဘူးနော်.."
"တို့တော့..ကြွေသွားပြီဟေ့.."
"နင့်လင် ငါငုတ်တုတ်ကြီးရှိသေးတယ်နော်..
မ သေ သေးဘူး..ဟင်း..ဟင်း"
"သန့်ရှင်းရေးကောင်မလေးနေရာ..ငါသာဖြစ်လိုက်ချင်တယ်ဟေ့.."
"ဟုတ်ပ..ဟုတ်ပ.."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
နေ့လည်ကကိစ္စနဲ့ပတ်သတ်ပြီး အမေးအမြန်းထူတဲ့လူတွေကြောင့်စံပယ်လည်းအလုပ်မရှိအလုပ်ရှာပြီး မကြာခင်ရုံးဆင်းချိန်ရောက်တော့မှာမို့ အရေးကြီးစာရင်းဖိုင်လ်တွေထားသည့်စတိုလ်ခန်းထဲမှာသန့်ရှင်းရေးအမြန်လုပ်နေလိုက်သည်။
"ဂျောက်.."
စာရင်းဖိုင်လ်တွေ တင်ထားသည့်စင်တွေကို သန့်ရှင်းရေးလိုက်လုပ်နေရင်းနဲ့ မီးခလုတ်နှိပ်သံလိုလို ကြားလိုက်ပြီး အခန်းတစ်လုံး ရုတ်တရက်မှောင်ကျသွားလေသည်။
"ဟင်..မီးပျက်သွားတာလား.."
"ဒုန်း!!"
"ဟင် !.."
ပွင့်နေတဲ့ စတိုလ်ခန်းတံခါးကြီးကပါ ပိတ်ကျသွားတာကြောင့် စံပယ်အရမ်းကို ထိတ်လန့်သွားမိတယ်။ထို့ကြောင့် အမှောင်ထဲမှာ စင်တွေကို လျောက်စမ်းပြီး တံခါးဆီကိုမှန်းပြီး လမ်းလျှောက်နေမိသည်။
"ဘယ်သူလဲ..ဘယ်သူတံခါးပိတ်လိုက်တာလဲ..အာ့"
"ဝုန်း!!!!.."
အမှောင်ထဲမှာ တံခါးဆီကိုမနဲစမ်းပြီးသွားနေမိရာမှ သန့်ရှင်းရေးလှည်းကိုတိုက်မိ၍ လူပါခွေကျသွားရသည်။
ဒူးခေါင်း နေရာက တစ်ခုခုနဲ့ ခြစ်လိုက်မိတာကြောင့် စပ်ဖျင်းဖျင်းဖြစ်သွားသည်။
"အပြင်မှာဘယ်သူရှိလဲ..တစ်ယောက်ယောက်လာဖွင့်ပေးကြပါအုံး.."
"ကယ်ကြပါအုံး!!ကယ်ကြပါအုံး!!.."
အသည်းအသန် အော်နေမိပေမဲ့ အမှောင်ထဲမှာ၂နာရီလောက်ကြာသည်အထိ နေလိုက်ရတာတောင် ဘယ်သူမှပေါ်မလာပေ။
မျက်ရည်တွေဆိုတာခွက်နှင့်ခံလျှင်တောင်
ခွက်အပြည့်ဖြစ်နေလောက်ပါပြီ။
ကြောက်ဒူးတွေပါတုန်လာပြီး သေးတောင်ထွက်ချင်လာသည်အထိပင်။
ဒီအလွှာက စတိုလ်ခန်းတွေပဲရှိလို့ ယူစရာမရှိရင်ဘယ်သူမှလာကြမှာမဟုတ်တာကြောင့်လဲ ပိုပြီးကြောက်လန့်နေမိသည်။
"အီးဟီး..ခုလောက်ဆိုရုံးဆင်းလို့အကုန်အိမ်ပြန်ရောက်နေကြလောက်ပြီ.."
အဖွားရေ..သမီးယောက်ျားလဲမယူရသေးဘူး..ညီမလေးလဲဆယ်တန်းမပြီးသေးဘူး..
သမီး မ သေ ချင်သေးဘူးအဖွားရဲ့..အဟင့်..ဟင့်.."
သမီး သေ ရင် အဖွားနဲ့ညီမလေးကိုဘယ်သူလုပ်ကျွေးမှာလဲ..အဟင့်..
နတ်မြတ်နတ်အကောင်း..နတ်အပေါင်းတို့ရယ်..
ကျွန်မဘယ်သူ့ကိုမှဒုက္ခရောက်အောင်မလုပ်ဖူးပါဘူး..အဖွားနဲ့ညီမလေးကိုလုပ်ကျွေးနေတာပါရှင်..
ဤစကားမှန်ကန်ပါတယ်လို့သစ္စာဆိုပါတယ်..
ထို့ကြောင့်ကယ်တင်မဲ့သူအမြန်ပေါ်
လာရပါလို၏..အဟင့်.."
"ကျွီ...."
"ဂျောက်.."
ရုတ်တရက် အခန်းတံခါးကြီးက ပွင့်လာပြီး မီးခလုတ်ကိုလဲ ဖွင့်လိုက်တာကြောင့် တစ်ခန်းလုံးပြန်၍ လင်းထိန်သွားလေသည်။မျက်ရည်အိုင်ထွန်းနေသည့် မျက်၀န်းတွေနှင့် အပေါ်ကိုမော့ကြည့်လိုက်မိတော့ တံခါးလက်ကိုင်ကို ကိုင်ဆုပ်ထားပြီး စံပယ့်ကို အံ့ဩစွာကြည့်နေသည့် လူတစ်ယောက်။
"..စံပယ်မွှေး..မင်းပါလား.."
"..သူဌေး.."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ည၈နာရီဖြစ်နေတာကြောင့်ရုံးခန်းကတိတ်
ဆိတ်နေသည်။
နေဂုဏ်မာန်လည်းသူ့အရှေ့ ဆိုဖာမှာထိုင်နေတဲ့ကောင်မလေးကိုကြည့်နေမိသည်။
ဒူးဒဏ်ရာကြောင့်ရော အကြောက်လွန်နေတာကြောင့်ပါ စတိုလ်ခန်းကနေရုံးခန်းအထိသူ့မှာပွေ့ချီမတက် ခေါ်လာခဲ့ရတာ လက်တွေကိုညောင်းရော။
သူ့ကိုတွေ့တော့ ကောင်မလေးခမျာဖက်ပြီးငိုလိုက်တာများ သူ့ပုခုံးမှာတောင် နှပ်တွေပေကုန်ပြီလားမသိ။
သူသာနှစ်ချုပ်စာရင်းတွေ သွားမယူမိရင်သူမဘယ်လိုလုပ်ပါ့မလဲ။
အခုလည်း ကောင်ဖီဖျော်ပေးထားတာကို သောက်နေပေမဲ့သူမရဲ့လက်တွေက တဆတ်ဆတ်တုန်နေတုန်းပဲ။ကလေးမကြောက်နေသေးပုံရတယ်။
"အဟင့်..အဟင့်.."
"ဟာ..ဘာလို့ငိုနေတာလဲကွာ.."
"သူဌေးသာလာမကယ်ရင်..ကျွန်မအဲ့အခန်းထဲမှာပဲအရိုးဆွေးသွားမလားပဲ..ကျွန်မအဖွားနဲ့ညီမလေးကိုခွဲရတော့မယ်ထင်နေတာ.."
"ပေါက်ကရတွေမတွေးပါနဲ့ကွာ..ကြည့်လေ အခုလဲမင်းဘာမှမဖြစ်တော့ဘူးမဟုတ်လား..
ကိုယ်မင်းအနားရှိနေတာပဲ..စိတ်ဓာတ်မကျပါနဲ့..ဟုတ်ပြီလား.."
ပြောရင်းဆိုရင်း သူမအရှေ့မှာ ဒူးထောက်ထိုင်လိုက်သည့်သူ့ကိုစံပယ်ကြည့်လိုက်သည်။
ဒါနဲ့ဆိုစံပယ့်ကိုသူကယ်တာ နှစ်ခါကြီးတောင်ရှိသွားပါပြီ။
သူဟာစံပယ့်ရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ။
နေဂုဏ်မာန်လည်း သူ့ကိုဆိုက်ကြည့်နေသည့် ကောင်မလေးကိုကြည့်ပြီးရယ်ချင်လာသည်။
ပါးကွက်ကြီးတွေပေါ်မှာ မျက်ရည်စီးကြောင်းတွေနဲ့ အသက နှစ်ဆယ်သာဆိုတယ် တကယ့်ဂွက်ထော်ရုပ်ပါလားလို့ အတွေးပေါက်သွားမိသည်။
"ဟား..ဟား.."
"ဟင်..ရှင်ဘာလို့ရယ်နေတာလဲ.."
"အဟက်..မင်းကရာထူးကသာ ဘာမှမဟုတ်တာရန်သူတော့များတယ်နော်.."
"ရှင်ပေါက်ကရတွေမပြောနဲ့နော်..ဒီမှာငိုချင်နေပါတယ်ဆို..အီဟီး.."
"ဟာဟိတ်..ဟိတ်..မင်းရဲ့ပါးကွက်ကြီးတွေက
တော်တော်ရုပ်ဆိုးနေပြီ..သွား..ရေချိုးခန်းမှာ..
မျက်နှာသွားသစ်လိုက်..ပြီးရင်..ကိုယ်ပြန်လိုက်ပို့ပေးမယ်..ဟုတ်ပြီလား.."
စံပယ့်ရဲ့ဆံပင်ကိုသပ်ပေးလိုက်ပြီးလာပြောနေသည်မို့ ပုံမှန်ဆိုရင် ဘာလာကိုင်တာလဲဆိုပြီး
ရန်ပြန်ထောင်မိမှာပေမဲ့ အခုတော့ကိုယ့်ပါးစပ်တောင် ကိုယ်မဟချင်ဘူးဖြစ်နေသည်။
ဒါကြောင့် မြန်မြန်ပဲထပြီးမျက်နှာသစ်၊သွားတိုက်ဖို့ သူ့ရုံးခန်းထဲမှ ရေချိုးခန်းသို့ ၀င်သွားလိုက်သည်။ဆံထုံးကြီးကိုလည်းဖြေချလိုက်ကာ မြှောက်စီးလိုက်ပြီးနောက် အပြင်ထွက်လာလိုက်သည်။
"ဟင်.."
ရေချိုးခန်းတံခါးပွင့်အလာမှာ နေဂုဏ်မာန်ပါးစပ်ကြီးဟပြီးမှင်သက်နေမိသည်။
ခုဏလေးတင် သူဂွက်ထော်လို့ထင်ထားတဲ့သူမက အခုယမင်းရုပ်လေးဖြစ်နေပါပေါ့လား။
အသားအရည်ကအရင်ထဲကဖွေးမှန်းသိပေမဲ့ ဆံထုံးအမြဲထုံးထားတာကြောင့် အခုမှသူမမှာသိပ်လှတဲ့ ဆံပင်အရှည်ကြီးတွေရှိမှန်းသတိထားမိသည်။အာခေါင်ခြောက်လာ၍သထွေးတောင်ပြန်မြိုချလိုက်မိပါသည်။
"ဒီမှာ.."
"အင်..ဟင်..ဘာ..ဘာလဲ.."
"ပါးစပ်ကြီးဟပြီး..အဲ့မှာဘာလုပ်နေတာလဲ..
ခေါ်နေတာသုံးခါရှိပြီ..ငုတ်တုတ်ကြီးမေ့နေတာလားပြောတော့ကျွန်မကိုပြန်လိုက်ပို့မယ်ဆို.."
"အခုမပို့ချင်တော့ဘူး.."
"ဘာ!!.."
"ယောင်..ယောင်သွားလို့ပါကွာ..လာ သွားမယ်
လမ်းရောလျှောက်နိုင်ရဲ့လား..ငါပွေ့ခေါ်ရမလား.."
"ရတယ်....ခုနကကြောက်ဒူးတုန်နေလို့ပါ.."
"ပြီးရော.."
စံပယ်လည်းသန့်ရှင်းရေးဌာနမှာ ကျန်ခဲ့တဲ့ထမင်းချိုင့်တွေ အိတ်တွေသွားအယူ လမ်းကအမှိုက်ပုံးတစ်ခုထဲမှာ စံပယ့်ပစ္စည်းတွေကို
လွှင့်ပစ်ခံထားတာကိုတွေ့လိုက်ရလေသည်။
"ဘယ်သူကငါ့ပစ္စည်းတွေကိုပစ်ထားတာလဲ.."
ဦးနေဂုဏ်မာန်စောင့်နေတာကိုအားနာလို့ဆက်မတွေးတော့ပဲ သူစောင့်နေရာသို့သာပြန်သွားလိုက်သည်။
ထိုလူကြီးကဘယ်လိုမှန်းမသိပါဘူး။
ကားအရှေ့ခန်းမှာပဲ လာထိုင်ခိုင်းတယ်။
သူ့ကို ဒါရိုက်ဘာမှတ်နေသလားဆိုပဲ။
"ထိုင်ခုံခါးပတ် ပတ်လေ.."
"အို..မပတ်တတ်ပါဘူး..မောင်းမှာသာမောင်းစမ်းပါ.."
"အောင်မာသူများကားလည်း ကပ်စီးသေးတယ်..လေသံကမာလှချည်လား..နေ့လည်ကဟိုနှစ်ယောက်ကိုတော့..တောင်းပန်စရာမလိုပါဘူးလေးဘာလေးနဲ့..ငါ့မှာတော့သူ့အတွက်ဆူပေးလိုက်ရတာ..ငပေါကြီးကိုဖြစ်လို့.."
"ဟင်..ကျွန်မအတွက်ဆူတာ.."
"အာ..မ..မဟုတ်ပါဘူး..မင်းကိုလဲငါဆူချင်တာ..
ငါ့ကိုဆိုကပ်ကပ်လံအောင်ပြန်ပြောတယ်..သူများကြငြိမ်ခံနေတယ်.."
"အဲ့ဒါကအခြေအနေမတူဘူးလေ..နေ့လည်ကထမင်းမှောက်အောင်လုပ်မိတာက..ကျွန်မလည်းမှားတာပဲလေ..ကျွန်မသာချော်မလဲခဲ့ရင် ဒီကိစ္စကဖြစ်လာမှမဟုတ်ဘူးလို့ တွေးလိုက်မိလို့ပါ..."
"တော်ပြီ..မင်းနဲ့တုပြီးမပြောချင်ဘူး..ကြိုးကိုဒီလိုဆွဲပြီးပတ်..ပြီးရင်ဒီလိုပြန်ဖြုတ်..ဖြုတ်.."
၀င်းပနေတဲ့သူမရဲ့ပါးလေးနဲ့ သူ့နှာခေါင်းက နှစ်စင်တီမီတာလောက်သာခြားတော့သည်။
သူ့နှလုံးသားတွေကတစ်ဒုန်းဒုန်းဒုန်းနှင့် ရင်အုံကိုထုရိုက်နေသလိုပဲ။
သူရင်ခုန်နေတာလား။သူမကတော့သူသင်ပေးနေတာကိုပဲစိတ်၀င်စားနေတယ်။
မဖြစ်ဘူးဆိုပြီး သူပြန်ခွာလိုက်ရသည်။
မဟုတ်ရင် "နှာဘူး"ဆိုတာထက်မကြားဝံ့မနာသာတွေကို သူမပြောမှာသူသိနေသည်။
ကားမောင်းဖို့သာပြန်၍အာရုံစိုက်ကာ သူမရဲ့အဆောင်ခြံ၀န်းအရှေ့မှာ ကားကိုရပ်လိုက်သည်။
သူမကကားပေါ်မှဆင်းပြီး အထဲမ၀င်သေးပဲ ရပ်နေတာလေသည်။
"ဘာပြောချင်လို့လဲ..စံပယ်မွှေး..."
"ပျော်ရွှင်စရာ သင်္ကြန်အခါသမယဖြစ်ပါစေ"
"ဟင်"
ဟုတ်သားပဲ။သူမေ့နေခဲ့တာ မနက်ဖြန်ကစပြီးသင်္ကြန်ပိတ်ရက်ရှည်ဖြစ်လို့ သူ့ကုမ္ပဏီပိတ်ထားရမည်လေ။
ဒါဆိုသူမလေးနဲ့ရှစ်ရက်တောင်မတွေ့ရတော့ဘူးပေါ့။
"ပျော်ရွှင်စရာ သင်္ကြန်အခါသမယဖြစ်ပါစေ"
💦💦💦💦💦💦💦💦💦💦💦💦💦
#စာရေးသူ_ဆောင်းငွေ့ဝေ
#သနပ်ခါးရနံ့လေးကြူကြူမွှေး
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼 🌼အခန်း၅🌼
Subscribe to:
Post Comments (Atom)

No comments:
Post a Comment