(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌺အခန်း(၉)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
ပတ်၀န်းကျင်တစ်ခုလုံးသည် ပိန်းပိတ်အောင်
မှောင်မည်းနေပြီး စမ်းချောင်းထဲမှရေစီးသံ၊
လေတိုးသံနှင့် သစ်ရွက်ကြွေသံကိုသာ
အကျယ်ဆုံး ကြားနေရလေသည်။
ကိုယ်ဘာသာ အေးအေးဆေးဆေး
အဆုံးစီရင်ဖို့ စဉ်းစားထားခဲ့တဲ့ဥစ္စာ
အခုတော့ ဘယ်ကမှန်းမသိရောက်လာသည့်
ယောက်ျားတစ်ယောက်၏ တားဆီးခြင်းကို
ခံလိုက်ရပြီး နှစ်ယောက်သား
လုံးထွေးနေရလေသည်။
ဒီလူဟာ လူကောင်းလား၊လူဆိုးလား
မသိနိုင်၍ ပိုမိုထိတ်လန့်သွားမိရာ
အားနှင့် အော်ထည့်ပစ်လိုက်မိတော့သည်။
"ရှင်ဘယ်ကလူလဲ..ကျွန်မကိုအခွင့်အရေး
လာမယူနဲ့နော်..ရှင့်လက်တွေကိုဖယ်ပေး.."
"ဟေ့..မင့်ကသာငါ့ကိုဖိထားတာဟ..
ငါ့အပေါ်ကနေ မြန်မြန်ဖယ်.."
သူပြောမှပဲ လက်တွေကိုဟိုစမ်း၊ဒီစမ်း
လုပ်ကြည့်လိုက်ရာ သူ့ရဲ့ရင်အုံကိုသွား
စမ်းမိ၍ ချစ်ချစ်ကသူ့အပေါ်မှာ ဖိထားမိနေမှန်း
သိလိုက်ရတော့သည်။
"ဟေ့..ဟေ့..မင်းဘယ်တွေလိုက်စမ်းနေတာလဲ
ထစရာရှိတာအမြန်ထ..ငါ့ကိုအလကားရတိုင်း
အခွင့်ကောင်းယူမနေနဲ့.."
*ဒီအသံ..ဒီအသံကိုငါကြားဖူးပါတယ်
ရင်းရင်းနှီးနှီးကိုကြားဖူးတာ..သူကရှိုင်းများလား*
စိတ်ထဲမှာ သူ့ကိုရှိုင်းဟု ခန့်မှန်းလိုက်မိ၍
အမှောင်ထုထဲမှာ သူ့ရုပ်ကိုမမြင်ရပေမဲ့
ခန့်မှန်းပြီး မော့ကြည့်လိုက်မိသည်။
"ရှင်က*ရှိင်း*လား..ဟုတ်တယ်မှတ်လား.."
"ဟုတ်တော့ရော ဘာဖြစ်လည်းကွာ
ချစ်ပန်းဝေ..မင်းငါ့အပေါ်ကနေအခုဖယ်မလား
ငါတွန်းထုတ်ရမလား.."
ရုပ်ကိုမမြင်ရပေမဲ့ အသံကြားရုံနဲ့တင်
သူသိပ်ပြီး ဒေါသထွက်နေမှန်း ခန့်မှန်းမိလိုက်သည်။
သို့ပေမဲ့ သူဟာ*ရှိုင်း*ဟု ၀န်ခံလိုက်သည့်အခိုက်
ရင်တွေပါတုန်သွားပြီး ချက်ချင်းပဲ
ထရပ်လိုက်မိတော့သည်။
သိပ်မကြာခင်မှာပဲ သူလည်းထရပ်လိုက်ပြီး
ကမ်းစပ်ဆီသို့ သွားကာ သူပစ်ချထားခဲ့သော
မီးလင်းနေသည့် ဖုန်းကို
ကောက်ကိုင်လိုက်လေသည်။
ထိုအခိုက်အတန့်မှာပဲ ဖုန်းမီးအလင်းရောင်ကြောင့်
နှာတံဖြောင့်ဖြောင့်နှင့် ချောမောသော
သူ့ရုပ်သွင်ပြင်ကို သေချာမြင်လိုက်မိရာ
သူဟာ နာမည်ကြီးရုပ်ရှင်မင်းသား*ရှိုင်း*ဆိုတာ
ပို၍ သေချာသွားတော့သည်။
ချစ်ပန်းဝေလည်း ရေထဲတွင်ရပ်နေရာမှ
တုပ်တုပ်မျှမလှုပ်ပဲ ကမ်းပေါ်ရှိချောမောသော
မင်းသားလေးကို ငေးကြည့်နေမိသလို
ရှိုင်းသည်လည်း ချစ်ပန်းဝေကို ပြန်၍
စိုက်ကြည့်လာလေသည်။
ချစ်ပန်းဝေဟာ အလွန်ပါးလွှာသော
လက်ပြတ်အိင်္ကျီလေးကို ၀တ်ထားလေရာ
ရေစိုသွားသည့် သူမ၏ကောက်ကြောင်း
အလှတို့ကြောင့် ရှိုင်းတစ်ယောက် မျက်လုံးလေး
ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ချက်ချင်း
အကြည့်လွှဲပစ်လိုက်ရသည်။
သို့ပေမဲ့ သူ့မျက်လုံးထဲတွင် သူမ၏အလှတရားက
ကပ်ပါလာသည်ကိုတော့ ငြင်း၍မရနိုင်ပေ။
သူမဘက်သို့ ဖုန်းမီးထိုးကြည့်လိုက်မိသည့်
အခိုက်တွင် ဘာအခြယ်အသမှမပါသည့်
ကြည်၀င်းနေသော မျက်နှာဝိုင်းဝိုင်းလေးနှင့်..
ကကြီးပုံစံ ကွေးညွှတ်နေသော
နှုတ်ခမ်းဖူးဖူးလေးက အလွန်ကဗျာဆန်သည်ဟု
တွေးလိုက်မိသည်။
မျက်လုံးလေးများကလည်း ရွှန်းလဲ့ပြီး
မြရောင်တောက်နေကာ အိမ်မှာမွေးထားသည့်
ကြောင်လေးကဲ့သို့ သနားစရာ
ကောင်းလွန်းနေသည်။
ကြောင်လေးလို အိမ်မှာခေါ်မွေးထားချင်စိတ်
ဖြစ်မိတဲ့အထိကို သနားစရာကောင်းနေတာ။
"မင်းအခုထိ ရေထဲကနေမတက်သေးဘူးလား.."
ထိုကောင်မလေးကို ထပ်ကြည့်လျှင် ထပ်ပြီး
ညှို့ယူခံရမည်စိုး၍ မျက်နှာကိုအခြားဘက်သို့
လွှဲကာ ပြောလိုက်မိသည်။
ကောင်မလေးကတော့ တစ်ခုခုကိုတွေးနေသလိုပုံ..
တော်တော်နဲ့ စကားပြန်မပြောပဲ ခဏအကြာမှ
လေသံ တိုးတိုးလေးထွက်လာလေသည်။
"ကျွန်မ..ဒီနေရာမှာခဏနေအုံးမယ်.."
"ဘာလဲ..ကိုယ့်ကိုကိုယ်သတ်သေအုံးမလို့လား.."
ရှိုင်းလည်းမနေနိုင်တော့ပဲ ကောင်မလေးဘက်သို့
ဖုန်းမီးထိုးပြီး ပြောပစ်လိုက်သည်။
ချစ်ပန်းဝေ၏မျက်နှာလေးဟာ ချက်ချင်းဆိုသလို
နေလောင်နေသော ပန်းကလေးကဲ့သို့
ညှိုးကျသွားလေသည်။
"ကျွန်မဘာလုပ်လုပ် ပစ်ထားလိုက်စမ်းပါ
ကျွန်မသေသွားလည်း ဘယ်သူမှဂရုစိုက်မှာ
မဟုတ်ဘူး..အဲ့တော့ရှင်လည်း
ဂရုစိုက်မနေနဲ့..."
ကြားလိုက်ရသည့်စကားကြောင့် *ရှိုင်း*အဖို့
နည်းနည်းတော့ စိတ်အလိုမကျဖြစ်သွားလေသည်။
ဘာတွေများ ဒီလောက်ခံစားနေရလို့
အသက်ငယ်ငယ်လေးနဲ့ မကြံသင့်တာတွေ
ကြံနေရတာလဲ။
"မင်းဘ၀ကို ဒီလိုနည်းနဲ့အရှုံးပေးလိုက်တာက
ကောင်းတဲ့အဆုံးသတ်လို့ ထင်နေတာလား..
အပေါ်ယံသဘောတရားအရ တွေးကြည့်ရင်တောင်
သိပ်ရှက်စရာကောင်းနေပြီ.."
"ဘာကိုရှက်စရာကောင်းတာလဲ..
သူများခိုင်းဖက်ဘ၀နဲ့
အမြဲအထင်သေးခံနေရတာက
ပိုရှက်ရမှာ မဟုတ်ဘူးလား.."
ချစ်ပန်းဝေ၏စကားကိုကြားတော့
ရှိုင်းတစ်ယောက် ခပ်မဲ့မဲ့ပြုံးမိသွားလေသည်။
"တော်သေးတာပေါ့ မင်းမှာရှက်တတ်တဲ့စိတ်လေး
ရှိနေသေးလို့..တကယ်ရှက်တတ်ရင်
ဒီလို အဆုံးစီရင်ဖို့
တွေးမိမှာ မဟုတ်လောက်ဘူး.."
"ရှင်ဘာစကားပြောတာလဲ.."
"ဟုတ်တယ်လေ..မင်းသာရေနစ်ပြီးသေသွားရင်
ပုပ်ပွပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့
မင်းရဲ့ခန္ဓာကိုယ်ကြီး ရေပေါ်ပြန်ပေါ်လာတဲ့အခါ
မင်းကို အထင်သေးတဲ့လူတွေ၊မင်းကိုမုန်းတဲ့
လူတွေက ပိုပျော်သွားမှာမဟုတ်ဘူးလား..
.......
သူတို့မင်းကိုပိုပြီးလှောင်ကြလိမ့်မယ်..
မင်းကိုအရှုံးသမားတစ်ယောက်အဖြစ်
ပိုလို့သတ်မှတ် သွားကြလိမ့်မယ်..
အဲ့ဒီ့အခါရောက်မှ ဝိဥာဉ်ဘ၀နဲ့
နောင်တတွေ ရနေလည်းအပိုပဲ.."
သူ့စကားကြောင့် တွေဝေသွားသည့်
ချစ်ပန်းဝေ၏ မျက်နှာကိုကြည့်လိုက်ကာ
အနည်းငယ် ကျေနပ်သွားမိသည်။
ဒါပေမဲ့ ဒီနေရာမှာ သူမကိုထားခဲ့မိမယ်ဆိုရင်
သူမရဲ့စိတ်ချက်ခြင်းပြောင်းသွားမှာကိုတော့
မလိုလားပေ။
ထို့ကြောင့် ကောင်မလေးသူ့စိတ်ကိုသူပြင်ဆင်ပြီး
ကမ်းပေါ်သို့ ပြန်တက်လာမည့်အချိန်အထိ
သူ့စောင့်နေလိုက်သည်။
"ရှင်ပြောတာမှန်တယ်..ကျွန်မသာ
ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးသွားရင်
ကျွန်မကို မလိုလားတဲ့လူတွေက
အရမ်းပျော်သွားကြမှာပဲနော်..
သူတို့ကို ပျော်ခွင့်မပေးနိုင်ဘူး..."
ချစ်ပန်းဝေလည်း အစကတော့ဒေါ်ကြီး၏
ပြစ်တင်ဝေဖန်ခဲ့သော စကားလုံးတွေကြောင့်
သေချင်လောက်အောင် စိတ်ညစ်နေခဲ့ပေမဲ့
အခုတော့ အသက်ရှင်ချင်စိတ်တွေ
တဖွားဖွား ပြန်ပေါ်ပေါက်လာလေသည်။
ထို့ကြောင့်ပဲ ရေထဲမှကမ်းပေါ်သို့
ပြန်တက်လာခဲ့လိုက်သည်။
"မင်းအဆင်ပြေပြီဆိုရင်တော့ ငါပြန်တော့မယ်.."
"နေပါအုံး..ကျွန်မရှင့်ကိုမေးစရာလေးရှိလို့.."
"ဘာမေးမှာလဲ.."
ချစ်ပန်းဝေအတွက်တော့ ကိုယ်အရမ်းအားပေးရတဲ့
အနုပညာရှင်တစ်ယောက်က
ကိုယ်စိတ်ဓာတ် ကျနေချိန်မှာ
အားပေးဖော်ရခဲ့တဲ့အပြင် ကိုယ့်အသက်ကိုပါ
ကယ်တင်ပေးခဲ့တဲ့အတွက် အမှန်တကယ်
အားတက်ခဲ့ရပါတယ်။
ဒါပေမဲ့ ရှိုင်းဟာမာနကြီးတဲ့ပြင် ကိုယ့်အပေါ်
အမြင်မကြည်ဘူးလို့ ထင်ခဲ့မိတာလေ..
အခုသူက ဘယ်လိုဖြစ်ပြီး ကယ်တင်ရှင်
လုပ်နေရတာလဲ။
သူ့ရဲ့ တည်တင်းနေသည့် ရုပ်ကြီးကို
ကြောက်မိပေမဲ့ ရင်ထဲမှာအရမ်းသိချင်သလို
ဖြစ်လာ၍ အားတင်းပြီးမေးဖို့စဉ်းစားလိုက်သည်။
"ရှင်ဘာဖြစ်လို့ ကျွန်မကိုကယ်လိုက်တာလဲ.."
"မင်းကငါမွေးဖူးတဲ့ ကြောင်မလေးနဲ့တူလို့
ငါအော်လိုက်တော့ မင်းလှည့်ကြည့်တဲ့ပုံစံက
ငါ့ကြောင်လေး သေခါနီးအချိန်မှာ
ကြည့်ခဲ့တဲ့အကြည့်နဲ့ တစ်ပုံစံတည်းပဲ..."
"ဘာ!!!"
* ငါ့မင်းသားလေးက ငါ့ကိုကယ်လိုက်တယ်ဆိုပြီး ပီတိတွေဖြာလို့မှမဆုံးသေးဘူး..*
*ပြောချလိုက်တဲ့စကားက..ဘာတဲ့
ချစ်ချစ်ရဲ့ပုံစံက သူ့ကြောင်မ..အသက်ထွက်ခါနီး
သူ့ကိုကြည့်တဲ့ ပုံစံနဲ့တူသတဲ့..*
*..တော်တာ်ဒေါသထွက်ဖို့ကောင်းတဲ့လူ
သူကငါ့ကို ကယ်နေတာလား
လာပြီး တမင်စိတ်ဒုက္ခပေးနေတာလားပဲ..*
*အဒေါ်ကြီးက ငါ့ရုပ်ကိုခွေးကျွေးတောင်
ဘယ်သူမှ မစားဘူးတဲ့..
အခုလည်း ဒင်းကသူ့ရဲ့ကြောင်မ သေခါနီးပုံနဲ့
တူလို့ ကယ်တာတဲ့လေ..*
"ဘာလဲ..ငါပြောလိုက်တဲ့စကားကြောင့်
မင်းစိတ်ဆိုးသွားတာလား.."
"မဟုတ်ဘူး ကျွန်မအရမ်းပျော်သွားတာ.."
ကြောင်..အသက်ထွက်ခါနီးရုပ်နဲ့
အနှိုင်းခံရတာကို စိတ်ဆိုးသွားတာလားတဲ့။
တော်တော်မေးရဲတာပဲ။
"အင်း..မင်းပျော်မယ်ဆိုလည်း ပျော်သင့်ပါတယ်
ငါ့ကြောင်လေးရဲ့တန်ဖိုးက
သိန်းတစ်ရာကျော်ဆိုတော့..
သူနဲ့အနှိုင်းခံရတဲ့အတွက်
မင်းအရမ်းပျော်သင့်တယ်...
.........
ငါကိစ္စရှိလို့ အရင်သွားနှင့်မယ်..ထပ်ပြီး
ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ကြံရင်တော့
ကိုယ့်ထိုက်နဲ့ကိုယ်ပဲ..."
ချောင်းစပ်တစ်လျှောက် ဖြည်းဖြည်းချင်း
ထွက်သွားသော သူ့ကျောပြင်ကိုကြည့်ပြီး
ဒေါသတွေ အလိပ်လိုက်ထွက်ရလွန်းလို့
အသက်ထွက်တော့မလားပဲ။
သူတော်တော်ဝေးဝေးကို ရောက်တော့မှ
အားရအောင် ထအော်ပစ်လိုက်မိတယ်။
"ခွေးကောင်..အယုတ်တမာကြီး..
နင့်ရဲ့ကြောင်က ဈေးကြီးတော့ဘာလုပ်ရမှာလဲ
အံ့ဩပါ့..ကမ္ဘောဇ..
ကယ်တင်ရှင်ကြီးဆိုပြီး ကျေးဇူးမတင်မိတာ
မှန်သွားတယ်..မဟုတ်ရင်
ဒီ့ထက်ပိုကြွားမဲ့..ငကြွားကြီး
.........
သူ့ကြောင်က ဈေးကြီးတာအပြင်ဘာကောင်းလို့လဲ
ငါတို့အိမ်က နွားတွေကမှလယ်ထွန်တတ်ဦးမယ်..
အယုတ်တမာကြီး နောက်တစ်ခါဒင်းနဲ့
ထပ်မဆုံပါစေနဲ့တော်.."
ချစ်ပန်းဝေလည်း ခါးထောက်လျှက်
ရှိုင်းထွက်သွားရာလမ်းကိုကြည့်၍
အ၀ပြောဆိုပြစ်ပြီးတော့မှသာ အိမ်ရှိရာသို့
လှည့်ပြန်လာခဲ့လိုက်သည်။
အိမ်ပေါ်မှာ ရန်ဖြစ်သံတွေငြိမ်ကျသွားတော့မှ
စိတ်အေးရလေသည်။
မမလှိုင်ကတော့ ချစ်ချစ်တစ်ကိုယ်လုံး
ရေတွေ စိုရွှဲလာ၍ဘာဖြစ်လာသလဲဟု
စိုးရိမ်တကြီး မေးလာခဲ့တယ်။
ချစ်ချစ်ကတော့ စိတ်ညစ်ညစ်နှင့်
ကမ်းစပ်ကိုသွားရင်း ရေထဲချော်ကျတာဟု
ပြန်ဖြေခဲ့ပေမဲ့ မမလှိုင်ကတော့
လုံး၀မယုံခဲ့ပေ။
🌺🌺🌺🌺🌺🌺🌺
"ရှိုင်း..မင်းဘယ်ကိုထွက်သွားတာလဲ
ငါကမင်းကို လိုက်ရှာနေတာ.."
အိမ်အပေါ်ထပ်သို့ တက်လာလာခြင်း
ထက်ယံသည် အလွန်စိုးရိမ်သွားသည့်
ပုံစံဖြစ်၍နေသည်။
ရှိုင်းကတော့ တကိုယ်လုံးစိုရွှဲနေ၍
အခန်းထဲသို့ အမြန်၀င်ကာ ချိပ်မှာချိတ်ထားသည့်
အနက်ရောင် စွပ်ကျယ်ကို ဆွဲယူ၍
၀တ်ပစ်လိုက်သည်။
ရေစိုနေသော ဆံပင်တွေဟာနဖူးပြင်ပေါ်တွင်
ဖြာကျနေပြီး သူ၏နက်မှောင်သော
မျက်ခုံးတွေကိုတောင် ဖုံးအုပ်သွားလေသည်။
ဒီရွာမှာက မီးမရသေးတော့ သူလည်း
ကျောပိုးအိတ်ထဲတွင် ထည့်လာခဲ့သော
သပါတ်ကိုယူ၍ ရေခြောက်အောင်သုတ်ရင်း
ကုတင်ပေါ်တွင် ထိုင်ချလိုက်တော့သည်။
"ရှိုင်း...မင်းရေတွေစိုလာတာလား..
ဘာဖြစ်လာတာလဲ.."
"ချောင်းထဲကို လဲကျသွားလို့..."
"ဘာ..တကယ်ကြီးလား..ဘယ်လိုဖြစ်ပြီး
ချောင်းထဲကို လဲကျသွားရတာလဲ..
နောက်ပြီး ဒီအချိန်ကြီးကမ်းနားကို
မင်းကဘာသွားလုပ်တာလဲ.."
"ဘာသွားလုပ်လုပ်ပေါ့ကွာ..စကားကိုရှည်တယ်"
"မင်းကဒီလိုပေါ့.."
ဘယ်ကိစ္စမဆို ရှိုင်းကအရမ်း
ကွယ်ဝှက်တတ်လွန်းတော့ ထက်ယံလည်း
စိတ်မရှည်တော့ပဲ ရှိုင်း၏လက်ထဲမှ
သပါတ်ကို ဆွဲလုပစ်လိုက်တော့သည်။
"ဟေ့ကောင်..မင်းဘာလုပ်တာလဲ.."
For Me, [8/5/2025 12:36 PM]
"သပါတ်ကို ပြန်လိုချင်ရင် မင်ဘာကြောင့်
ရေတွေစိုရွှဲလာသလဲဆိုတာရယ်
ဘာကြောင့် ငါ့ကိုတောင်အသိမပေးပဲ
ညမိုးချုပ်ကြီး ထွက်သွားသလဲဆိုတာကို
ရှင်းအောင်ပြောပြ..."
"မင်းကွာ..တော်တော်ညစ်တဲ့ကောင်ပဲ.."
ရှိုင်းလည်း ထက်ယံကိုမနိုင်တော့၍
စိတ်ညစ်ညစ်နှင့် ဆံပင်တွေကိုလက်နှင့်
သပ်တင်လိုက်ပြီး ဖြစ်ကြောင်းကုန်စင်ကို
ရှင်းပြရလေတော့သည်။
"ငါအပြင်ထွက်တာက အဖေနဲ့ဖုန်းပြောမလို့
အိမ်ထဲမှာက လိုင်းသိပ်မမိလို့
လိုင်းမိတဲ့နေရာကို သွားရင်း
ကမ်းနားမှာ လမ်းထွက်လျှောက်နေတာ.."
"ဟုတ်ပါပြီ...လိုင်းမိတဲ့နေရာကိုရှာဖို့
အပြင်ထွက်သွားတာက ငါနားလည်လို့ရတယ်
ရေတွေစိုလာတာကရော မင်းပုံစံက
တစ်ကိုယ်လုံးစိုရွှဲနေတာပဲ..ဘာဖြစ်လာတာလဲ.."
"မင်းကြိုက်နေတဲ့ ကောင်မလေးကို
ကယ်လာတာကွာ ရပြီလား.."
"ဘာ.."
ရှိုင်းလည်း အကုန်ဖြေပြီးသည်နှင့် ထက်ယံ၏
လက်ထဲမှ သပါတ်ကိုလုယူပြီး
ခေါင်းသာ ဆက်သုတ်နေလိုက်သည်။
ထက်ယံကတော့ ရှိုင်းပြောလိုက်တာကို
အလေးအနက်စဉ်းစားနေရင်း
ကြောင်တောင်တောင်လေး ဖြစ်သွားရသည်။
"ငါကြိုက်တဲ့ကောင်မလေးဆိုတော့
ချစ်ပန်းဝေကို ပြောတာလား.."
"ချစ်ပန်းဝေအပြင် မင်းကဒီရွာမှာနောက်ထပ်
ဘယ်နှစ်ယောက်များ ချိန်ထားသေးလို့လဲ.."
"ဟား..တကယ်ကြီးချစ်ပန်းဝေလား
သူကဘာဖြစ်လို့ မင်းကကယ်လိုက်ရတာလဲ..
ငါ့ကိုပြောပြစမ်းပါကွာ..ငါစိတ်ပူလွန်းလို့ပါ.."
"ဟေ့ကောင်..မင်းမျက်နှာက
ဘာဖြစ်နေတာလဲ ပိုကိုပိုလွန်းတယ်.."
ထက်ယံတစ်ယောက် မျောက်မီးခဲကိုင်ထားသလို
ဖြစ်နေ၍ အမြင်ကပ်လာရသည်။
ကြည့်ရတာချစ်ပန်းဝေကို တကယ်စိတ်ပူနေပုံပဲ ။
ချစ်ပန်းဝေကို သူတကယ်ကြီး
ကြွေမိသွားတာများလား။
ထက်ယံက ရုပ်သာမချောပေမဲ့ ရည်းစားကတော့
ရှယ်ပလန်နှင့် ထားတတ်သည်။
သူ့ကိုမေးလိုက်ရင်တော့ *ရှိုင်း*ကြောင့်ပဲ
ရည်းစားမရသလို ဘာလိုလိုနဲ့ဗြောင်လိမ်ဗြောင်စား
အရမ်းလုပ်တတ်တာ။
"မင်းအဲ့ဒီ့ကောင်မလေးကို
တကယ်စိတ်၀င်စားတာလား..အတည်ဆိုမှ
ငါပြောပြလို့ရမယ်..ဘာကြောင့်လဲဆိုတော့
အခု အဲ့ဒီ့ကောင်မလေးနဲ့ ပတ်သတ်ပြီး
ငါသိခဲ့ရတာက လူသိခံလို့မကောင်းတဲ့
လျှို့ဝှက်ချက်မို့လို့..."
"မင်းကလည်း ပြောမှာသာပြောပြစမ်းပါကွာ
သိချင်ပါတယ်ဆိုနေမှ ဈေးလာကိုင်နေတယ်
ငါမင်းကို ကျိန်ပြောရဲတယ်ကွာ
ချစ်ပန်းဝေလေးကိုတော့
တကယ်အတည်ကြံမှာပါ..."
"ကောင်းပြီလေ..အဲ့ဒါဆိုငါပြောပြမယ်..
ငါဘာကြောင့် ရေတွေစိုခဲ့ရသလဲဆိုတော့..
မင်းရဲ့ ချစ်ပန်းဝေကသူ့ကိုယ်သူ
ရေထဲမှာအဆုံးစီရင်ဖို့ လုပ်နေလို့
၀င်တားရင်း ရေထဲကိုလဲကျပြီးစိုသွားတာ.."
"အဆုံးစီရင်တယ်..ဟာ..ငါ့ရဲ့ချစ်ချစ်လေးက
ဘာဖြစ်လို့ အဲ့လိုအတွေးတွေ တွေးလိုက်ရတာလဲ
ချစ်ချစ်လေးရော..ဘာဖြစ်သွားသေးလဲ.."
"ဘာမှမဖြစ်လိုက်ဘူး..ငါလည်းသူထပ်ပြီး
မဟုတ်တာမကြံတော့တာ သေချာမှ
ပြန်လာခဲ့တာ..."
"ဟုတ်လား..ငါ့ချစ်ချစ်လေးက ဘာဖြစ်လို့
အဲ့ဒီ့လို လုပ်ဖို့စိတ်ကူးခဲ့ရတာလဲဆိုတာ
မင်းသိလား.."
"အဲ့ဒါတော့ငါလည်း သူများအတွင်းရေးကို
မမေးခဲ့ဘူး.."
"မင်းကလည်း ညံ့လိုက်တာကွာ..ငါသာဆိုရင်
စကားတွေအများကြီးပြောပြီး နှစ်သိမ့်ပေးခဲ့မှာ"
"ငါလည်း အဲ့လောက်မညံ့ပါဘူး
နဲနဲပါးပါးတော့ ပြောခဲ့ပါတယ်.."
"ဘယ်လိုပြောခဲ့တာလဲ..."
"သူက သေသွားတဲ့ငါ့ကြောင်မလေးနဲ့တူတယ်လို့
ပြောခဲ့တာ..."
"ဟာ..သေလိုက်ပါတော့ရှိုင်းရာ..မင်းကလေ
IQသာမြင့်ပြီးEQတကယ်နိမ့်တယ်ဆိုတာ
ငါလက်ခံသွားပြီး..
........
နှိုင်းစရာရှားလို့ကွာ သေသွားတဲ့
မင်းရဲ့ကြောင်မကြီးနဲ့မှ
နှိုင်းခဲ့ရတယ်လို့..
.........
ရုပ်ရှင်မင်းသားဖြစ်ပြီး
ဇာတ်ကားထဲမှာ ဒိုင်ယာလော့ခ်တွေ
ဒီလောက်ကျက်ခဲ့ရတာတောင် ရွေးပြောစရာ
ကြောင်ကိစ္စပဲ ရှိတာလားငါ့ကောင်ရာ
...........
မင်းဒီတစ်သက် မိန်းမရဖို့စိတ်တောင်
မကူးနဲ့တော့ မင်းလိုအေးတိအေးစက်ဆီကိုလေ
မိဘချင်း သဘောတူထားတဲ့ ပိုပိုတောင်
ပြန်လာမှာ မဟုတ်ဘူး.."
ထက်ယံတစ်ယောက် ကိုယ့်နဖူးကိုယ်ပြန်ရိုက်ရင်း
ညီးတွားမိလေတော့သည်။
သေချာတာကတော့ ချစ်ပန်းဝေတစ်ယောက်
သူ့စကားကြောင့် စိတ်ခွန်အားမဖြစ်ပဲ
နှစ်ခါပြန်ပြီး သေချင်စိတ်တောင်
ဖြစ်လောက်တယ်။
"ရှိုင်းရာ..မင်းဘာလို့ရုပ်ရှင်မင်းသားလုပ်လည်း
ဆိုတာ ငါနားမလည်တော့ဘူး..
........
ထုတ်လုပ်သူတွေဆို မင်းနဲ့ရိုက်ရင်
သူတို့ဇာတ်လမ်းတွေ အမြတ်များလို့သာ
ငှားကြတာ..
........
မင်းနဲ့ဆက်ဆံရတာမကောင်းဘူးလို့
နောက်ကွယ်မှာ ပြောနေကြတာ..မနဲမနောပဲ
အဲ့လိုသာ ကြာကြာဆက်လုပ်ရင်...
မင်းအတွက် မကောင်းဘူးနော်.."
"ထက်ယံ..မင်းဆိုတဲ့ကောင်ကလေ
ပါးစပ်က...ဘူးမမှုတ်ရရင်
နဲနဲလေးမှ မနေတတ်တဲ့ကောင်..တော်ပြီကွာ
အိပ်တော့မယ်..မနက်ဖြန်မင်းပဲ
ဓနုဖြူမြို့ထဲကို လိုက်လည်မလို့ဆို..
စောစောအိပ်တော့..."
ဆံပင်မခြောက်သေးပေမဲ့ ရှိုင်းလည်း
ထက်ယံရစ်တာကို မခံနိုင်တော့၍
တုံးလုံးလှဲပြီး အိပ်ယာ၀င်ပစ်လိုက်သည်။
သို့ပေမဲ့ နှစ်ယောက်လုံး အိပ်၍မပျော်နိုင်ကြပေ။
"ထက်ယံ..မင်းအိပ်နေပြီလား.."
"မအိပ်သေးပါဘူး..ဘာပြောချင်လို့လဲ.."
"ထောင့်ငါးရာအချစ်ဆိုတာ ဘယ်လိုမျိုးလဲ
ပေးဆပ်ခြင်းလား၊ရယူခြင်းလား..."
"တယ်ထူးဆန်းပါလား..ရေခဲတုံးကြီးက
အချစ်အကြောင်းမေးလာတော့
မိုးကြိုးပစ်မှာတောင် စိုးရတယ်.."
"ဟေ့ကောင်..မဖြေချင်ရင်လည်း
ပါးစပ်ပိတ်ပြီးနေလိုက်.."
"အေးပါ..ငါကစတာပါ.."
ရှိုင်းက အချစ်ကိစ္စနှင့်ပတ်သတ်ပြီး တစ်ခါမှ
ဆွေးနွေးခဲ့ခြင်းမျိုး မရှိခဲ့၍ထက်ယံလည်း
အရင်က ရည်းစားဟောင်းတွေနဲ့
ဘယ်လိုချစ်ခဲ့၊လမ်းခွဲခဲ့သလဲ ဆိုတာကို
ပြန်စဉ်းစားယူနေရသည်။
အချိန်ခဏလောက် စဉ်းစားလိုက်ပြီးတဲ့နောက်
သူတွေးမိတာလေးတွေကို ပြောပြဖို့
ကြိုးစားလိုက်သည်။
"ငါ့အမြင်အရတော့
မိန်းကလေးတစ်ယောက်အတွက်
အချစ်ဆိုတာ ဘ၀ကြီးတစ်ခုလုံးဖြစ်ပြီး
တကယ်ချစ်မိသွားရင် အသွေးအသား၊
အသက်..အလုံးစုံပုံအပ်ချင်လာတာမျိုး..
အဲ့ဒီ့ယောက်ျားရဲ့ ဘ၀တစ်ခုလုံးကိုလည်း
သူ့အပိုင်အဖြစ် လွှမ်းမိုးချင်လာတာမျိုး..
.....
ယောက်ျားလေးတစ်ယောက်အတွက်တော့
အချစ်ဆိုတာက တန်ဖိုးတစ်ခုပဲ
အဲ့ဒီ့မိန်းကလေးကို ပိုတန်ဖိုးထားလေ
သူပိုချစ်လေပဲ..သူချစ်တဲ့အရာကို
သူသေချာပေါက် ကာကွယ်ပေးလိမ့်မယ်..
"
"ဒါဆိုရင် မိန်းကလေးတစ်ယောက်ကို
ငါတကယ်ချစ်မိရင် ကာကွယ်ပေးချင်စိတ်တွေ
ဖြစ်လာတာမျိူးပေါ့..ဟုတ်လား.."
"ဟုတ်တယ်...ဥပမာမင်းရဲ့မိသားစုကို
မင်းသံယောဇဉ်ရှိပြီး ချစ်တော့
သူတို့ကို ဘယ်သူမှထိပါးစော်ကားတာ
မင်းမကြိုက်ဘူးမဟုတ်လား...
အဲ့ဒါက မင်းရဲ့မိသားစုကို
မင်းတန်ဖိုးထားလို့ပေါ့...
ရှိုင်း..ငါတစ်ခုတော့ သိချင်တယ်.."
"ဘာသိချင်တာလဲ.."
"မင်း..သက်လွန်းပိုကိုချစ်လား.."
ထက်ယံဆီမှ မထင်မှတ်ထားသော မေးခွန်းကြောင့်
ရှိုင်းတွေဝေသွားမိလေသည်။
သက်လွန်းပိုဆိုတာ ကိုယ့်ဘ၀မှာ ပထမဆုံး
ပတ်သတ်ဖူးသည့် သူစိမ်းမိန်းကလေးလို့
ဆိုရမည်။
မေဂျာမတူ၊ရည်မှန်းချက်မတူသလို
စိတ်နေသဘောထားပါ မတူညီကြပေမဲ့
တွဲဖြစ်သွားခဲ့ကြသည်။
တွဲဖြစ်သွားခဲ့ရသည့် အကြောင်းအရင်းကတော့
နှစ်ဖက်မိဘသဘောတူတဲ့ စေ့စပ်ပွဲကြောင့်ရယ်
ကိုယ့်ရဲ့ လက်တွဲဖော်ဟာ သက်လွန်းပို
ဖြစ်နေသောကြောင့်ပါပဲ။
နှလုံးအထူးကုတစ်ယောက်ဖြစ်တဲ့ ပိုပိုနဲ့
အင်္ဂလန်မှာ ကျောင်းသွားတတ်တဲ့အချိန်ရောက်မှ
ဝေးကွာသွားခဲ့တာဆိုပေမဲ့ အတူရှိခဲ့ကြတဲ့
အချိန်အပိုင်းအခြားတိုင်းမှာ နှစ်ယောက်သား
စိတ်သဘောထား မတိုက်ဆိုင်လို့
ပြဿနာ ဖြစ်ခဲ့ရတာ အကြိမ်ရေမထိတော့ပေ။
ကိုယ်တွေနှစ်ယောက်ကြားက ပြဿနာတိုင်းကို
မမှတ်မိတော့ပေမဲ့ ပိုပိုပြောနေကြ
စကားတွေကိုတော့ မှတ်မိပါသေးတယ်..။
*ရှိုင်း..ငါနင့်ပုံစံကိုမကြိုက်ဘူး..
နင်က အခြားယောက်ျားလေးတွေနဲ့မတူဘူး..
အရမ်းအေးစက်လွန်းတယ်...
ကိုယ့်ချစ်သူရှေ့မှာ နင့်ရဲ့အချစ်စိတ်ကို
ဘယ်လို ဖော်ပြရမလဲဆိုတာတောင်နင်မသိဘူး..
..........
ချစ်သူများနေ့မှာ..ငါ့ကိုချောကလက်လေး၊
ပန်းစီးလေး ပေးဖို့တောင်နင်သတိမရဘူး..
ငါ့မှာတော့ နင့်ကိုချစ်လိုက်ရတာ..
............
နင်ကတော့..ငါကိုဘယ်တုန်းကမှ
မချစ်ဘူးလို့ခံစားရတိုင်း...
ငါအရမ်း၀မ်းနည်းတာပဲ...
နင်ဘာကြောင့် စေ့စပ်ပွဲကိုလက်ခံလိုက်တာလဲ..
နင်ငါ့ကို မဖြေမချင်းငါမကျေနပ်နိုင်ဘူး...*
ပိုပိုပေါက်ကွဲပြီး ပြဿနာရှာတိုင်း
စိတ်ညစ်လာ၍..
*မကျေနပ်ရင်..စေ့စပ်ပွဲကိုအခုပဲ
ဖြတ်သိမ်းကြတာပေါ့..*ဟု ပြောပြန်တော့လည်း
စေ့စပ်ပွဲကို ဖြတ်ရင်သူ့ဘက်က
အသိုင်းအဝိုင်းတွေကြား
နာမည်ပြတ်ရလိမ့်မယ်ဆိုပြီး
ငိုတတ်ပြန်သေးတယ်။
ဒီလိုနဲ့ နှစ်ယောက်သားကိုယ့်လမ်းကိုယ်လျှောက်ပြီး
ကိုယ်ပျော်ရာမှာ နေခဲ့ကြပေမဲ့
စေ့စပ်ပွဲဆိုတဲ့ ကြိုးကတော့ချည်နှောင်ထားဆဲပါပဲ။
နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာတော့
တစ်ချိန်ချိန်မှာ လက်တွဲရမည်ဟုသာ
အတည်တကျ ရှိပြီးသားဖြစ်နေသည်။
ပိုပို့ဘက်အခြမ်းတော့မသိပေမဲ့ ကိုယ်ကတော့
ပို့ပို့အပေါ် ဘယ်လိုခံစားချက်မျိုးပဲရှိပါစေ
သစ္စာတရားကို အမြဲလက်ကိုင်သုံးပြီး
ဘယ်မိန်းကလေးနှင့်မှ အရောတ၀င်မနေခဲ့ပေ။
"ရှိုင်း..ငါမေးနေတယ်လေ..မင်းသက်လွန်းပိုကို
ချစ်လား.."
"ထက်ယံ..မင်းရောငါပိုပို့ကို
ချစ်တယ်လို့ထင်လား.."
"ထင်တယ်..."
"မင်းက ဘာကိုကြည့်ပြီးအဲ့လိုပြောလိုက်တာလဲ.."
"ဘာကိုကြည့်ပြီးလဲဆိုတော့ မင်းရဲ့လုပ်ရပ်ကို
ကြည့်ပြီးတော့လေ..ပိုပို့ကိုသာမင်းမချစ်ရင်
ဒီကြားထဲမှာ မင်းချစ်သူထားမှာပေါ့...
ပြီးတော့ ခုခောတ်မှာဘယ်မင်းသားက
အချစ်ဇာတ်လမ်း မရိုက်ပဲနေလို့လဲ..
မင်းအချစ်ဇာတ်လမ်း မရိုက်ရတဲ့
အကြောင်းအရင်းက..ပိုပိုသ၀န်တိုမှာစိုးလို့
မဟုတ်လား.."
"မှားတယ်..ငါအချစ်ဇာတ်လမ်းမရိုက်တာက
ငါလိုချင်တဲ့ ဇာတ်လမ်းမတွေ့သေးလို့ရယ်
ငါ့ရဲ့ခွန်အားတွေကို နုနုရွရွနေရာမှာပဲ
အသုံးမချချင်လို့.."
"ဘာပဲဖြစ်ဖြစ်ကွာ အခုချိန်အထိ
စည်းစောင့်နေရတဲ့ အကြောင်းအရင်းက
ပိုပို့အတွက် တစ်စိပ်တစ်ပိုင်းပါ၀င်တယ်မလား.."
ကုတင်ပေါ်တွင် ပက်လက်လှဲအိပ်နေရင်း
ခြင်ထောင်ခေါင်းမိုး ဖြူဖြူကြီးကို
မျက်မှောင်ကြုံ့၍ ကြည့်နေမိရာမှ
ရှိုင်းတစ်ယောက် ဘာကိုစိတ်ရှုပ်မှန်းမသိ
ဖြစ်နေလေသည်။
အမှန်တကယ်တော့ ပိုပိုနဲ့ပတ်သတ်ပြီး
တွေးလိုက်တိုင်း မရေရာမှုတွေသာ
တန်းစီပြီးပေါ်လာတတ်တယ်။
*အဲ့ဒါက ဘာကြောင့်များလဲ..*
🌺🌺🌺🌺🌺🌺🌺🌺🌺
ခြင်ထောင်ထဲတွင် လဲလျောင်းနေမိပေမဲ့
ချစ်ချစ် လုံး၀အိပ်၍မပျော်ပေ။
ညဆယ့်နှစ်နာရီလောက်အထိ ရောက်နေပြီမှန်း
သိပေမဲ့ အတွေးများပြီး ဘယ်လိုမှအိပ်၍
မရပေ။
ခဏနေ၊အတိတ်ကိုရောက်သွားလိုက်
အနာဂတ်အကြောင်းတွေကို တွေးလိုက်နှင့်
တစ်ယောက်တည်း မူးနောက်နေတော့သည်။
"ငါဘာဖြစ်နေတာလဲ..ဘာလို့အိပ်လို့မရတာလဲ.."
အတူအိပ်ကြသည့် မမလှိုင်နှင့်အမေက
တခေါခေါဖြစ်နေပေမဲ့ ကိုယ်ကဟိုဘက်လှိမ့်၊
ဒီဘက်လှိမ်နှင့် ဂဏှာမငြိမ်ဖြစ်နေမိသောကြောင့်
သူတို့ နိုးသွားမည်စိုး၍ ခြင်ထောင်အပြင်သို့
ထွက်လိုက်ပြီး ဒူးတုတ်၍နံရံကိုမှီကာ
ထိုင်နေလိုက်သည်။
"ဟုတ်သားပဲ..ရှိုင်းပုံတွေကို
ဗီဒိုထဲမှသိမ်းထားတာပဲ..."
ခြင်ထောင်ထဲမှ မမလှိုင်၏ဖုန်းလေးကိုယူကာ
သစ်သားအိမ်ဖြစ်နေ၍
အသံမထွက်အောင် ခြေဖျားထောက်ပြီး
သစ်သားဗီဒိုထဲမှ ရှိုင်း၏ပိုစတာလေးကို
ထုတ်ယူလိုက်ပြီးနောက် အရင်နေရာမှာပဲ
ပြန်ချိတ်ထားလိုက်သည်။
"ကျွန်မအခုတော့ သိသွားပြီ..ကျွန်မအမှန်တကယ်
လိုနေတာက ကျွန်မရင်ဖွင့်သမျှကို
နားထောင်ပေးမဲ့ အဖော်လိုနေတာပဲ..."
*ထိုစကားကိုရယ်သံလေးနှော၍ ပြောလိုက်မိသည်။
"ရှိုင်း..ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်နော်..
ကျွန်မကို ရှင်သဘောမကျမှန်းသိပေမဲ့
အနည်းဆုံးတော့ ကျွန်မရဲ့ရှင်သန်မှုကို
လိုလားတဲ့အတွက် ကျွန်မရှင့်ကို
ကျေးဇူးအများကြီးတင်ပါတယ်..
......
ရှိုင်း..ကျွန်မအခုအရမ်းငိုချင်နေတယ်...
ရှင့်ရဲ့ကြောင်လေးနဲ့တူတဲ့အတွက်
ကျွန်မက ကံကောင်းတယ်လို့ပြောခဲ့တယ်နော်
အခု..ရှင်ကလည်းကျွန်မငိုနေတာကို
မြင်ခွင့်ရတဲ့အတွက် ပျော်နေသင့်တယ်.."
*ထိုစကားကို ပြောနေသည့်အခိုက်
ချစ်ပန်းဝေ၏ ပါးပြင်လေးပေါ်တွင်
မျက်ရည်စီးကြောင်းလေး ဖြစ်၍နေလေပြီ။
"ရှိုင်း..ကျွန်မအရမ်းပင်ပန်းနေပြီ...
အရာအားလုံးကို လွတ်ချပြီး
ကျွန်မထွက်ပြေးချင်နေမိတယ်..
ကျွန်မအကောင်းဆုံး ကြိုးစားပြလဲ
ဘယ်တော့မှ ချီးကျူးမခံရဘူး..
ဘယ်လိုနေနေ..
အပြစ်ပဲ မြင်နေကြတော့..
ကျွန်မဘာဆက်လုပ်သင့်လဲ ရှိုင်းရယ်.."
၀မ်းနည်းမှုတွေဟာ ရင်ထဲမှလှိုက်တက်လာပြီး
အသံတွေတောင် တုန်ယင်လာလေသည်။
တိတ်ဆိတ်နေသည့် ညအမှောင်ထုထဲတွင်
ကိုယ့်မြင်ကွင်းအရှေ့၌ ရှိုင်း၏ပုံရိပ်လေးသာ
ရှိနေပြီး သူ့ကိုစကားတွေများစွာပြောပြီး
ငိုနေမိလေသည်။
...ဆက်ရန်ရှိသည်...
🌺🌺🌺🌺🌺🌺🌺
မချစ်တတ်တဲ့လူနဲ့
အချစ်ငတ်နေတဲ့ ကောင်မလေး
(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူး တင်ရှိပါတယ်နော်
ဝေဝေဒီရက်ပိုင်းမှာ အခြားအလုပ်လေးတွေ
ရှိလို့ updateလေး ကြာသွားပါတယ်..
အရင်လို အရှည်ကြီးမတင်ပေးနိုင်တဲ့အတွက်လည်း
စိတ်မရှိကြပါနဲ့နော်..)
==============================
=============================
🌺အခန္း(၉)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺
ပတ္၀န္းက်င္တစ္ခုလုံးသည္ ပိန္းပိတ္ေအာင္
ေမွာင္မည္းေနၿပီး စမ္းေခ်ာင္းထဲမွေရစီးသံ၊
ေလတိုးသံႏွင့္ သစ္႐ြက္ေႂကြသံကိုသာ
အက်ယ္ဆုံး ၾကားေနရေလသည္။
ကိုယ္ဘာသာ ေအးေအးေဆးေဆး
အဆုံးစီရင္ဖို႔ စဥ္းစားထားခဲ့တဲ့ဥစၥာ
အခုေတာ့ ဘယ္ကမွန္းမသိေရာက္လာသည့္
ေယာက္်ားတစ္ေယာက္၏ တားဆီးျခင္းကို
ခံလိုက္ရၿပီး ႏွစ္ေယာက္သား
လုံးေထြးေနရေလသည္။
ဒီလူဟာ လူေကာင္းလား၊လူဆိုးလား
မသိႏိုင္၍ ပိုမိုထိတ္လန႔္သြားမိရာ
အားႏွင့္ ေအာ္ထည့္ပစ္လိုက္မိေတာ့သည္။
"ရွင္ဘယ္ကလူလဲ..ကြၽန္မကိုအခြင့္အေရး
လာမယူနဲ႔ေနာ္..ရွင့္လက္ေတြကိုဖယ္ေပး.."
"ေဟ့..မင့္ကသာငါ့ကိုဖိထားတာဟ..
ငါ့အေပၚကေန ျမန္ျမန္ဖယ္.."
သူေျပာမွပဲ လက္ေတြကိုဟိုစမ္း၊ဒီစမ္း
လုပ္ၾကည့္လိုက္ရာ သူ႔ရဲ႕ရင္အုံကိုသြား
စမ္းမိ၍ ခ်စ္ခ်စ္ကသူ႔အေပၚမွာ ဖိထားမိေနမွန္း
သိလိုက္ရေတာ့သည္။
"ေဟ့..ေဟ့..မင္းဘယ္ေတြလိုက္စမ္းေနတာလဲ
ထစရာရွိတာအျမန္ထ..ငါ့ကိုအလကားရတိုင္း
အခြင့္ေကာင္းယူမေနနဲ႔.."
*ဒီအသံ..ဒီအသံကိုငါၾကားဖူးပါတယ္
ရင္းရင္းႏွီးႏွီးကိုၾကားဖူးတာ..သူကရႈိင္းမ်ားလား*
စိတ္ထဲမွာ သူ႔ကိုရႈိင္းဟု ခန႔္မွန္းလိုက္မိ၍
အေမွာင္ထုထဲမွာ သူ႔႐ုပ္ကိုမျမင္ရေပမဲ့
ခန႔္မွန္းၿပီး ေမာ့ၾကည့္လိုက္မိသည္။
"ရွင္က*ရွိင္း*လား..ဟုတ္တယ္မွတ္လား.."
"ဟုတ္ေတာ့ေရာ ဘာျဖစ္လည္းကြာ
ခ်စ္ပန္းေဝ..မင္းငါ့အေပၚကေနအခုဖယ္မလား
ငါတြန္းထုတ္ရမလား.."
႐ုပ္ကိုမျမင္ရေပမဲ့ အသံၾကား႐ုံနဲ႔တင္
သူသိပ္ၿပီး ေဒါသထြက္ေနမွန္း ခန႔္မွန္းမိလိုက္သည္။
သို႔ေပမဲ့ သူဟာ*ရႈိင္း*ဟု ၀န္ခံလိုက္သည့္အခိုက္
ရင္ေတြပါတုန္သြားၿပီး ခ်က္ခ်င္းပဲ
ထရပ္လိုက္မိေတာ့သည္။
သိပ္မၾကာခင္မွာပဲ သူလည္းထရပ္လိုက္ၿပီး
ကမ္းစပ္ဆီသို႔ သြားကာ သူပစ္ခ်ထားခဲ့ေသာ
မီးလင္းေနသည့္ ဖုန္းကို
ေကာက္ကိုင္လိုက္ေလသည္။
ထိုအခိုက္အတန႔္မွာပဲ ဖုန္းမီးအလင္းေရာင္ေၾကာင့္
ႏွာတံေျဖာင့္ေျဖာင့္ႏွင့္ ေခ်ာေမာေသာ
သူ႔႐ုပ္သြင္ျပင္ကို ေသခ်ာျမင္လိုက္မိရာ
သူဟာ နာမည္ႀကီး႐ုပ္ရွင္မင္းသား*ရႈိင္း*ဆိုတာ
ပို၍ ေသခ်ာသြားေတာ့သည္။
ခ်စ္ပန္းေဝလည္း ေရထဲတြင္ရပ္ေနရာမွ
တုပ္တုပ္မွ်မလႈပ္ပဲ ကမ္းေပၚရွိေခ်ာေမာေသာ
မင္းသားေလးကို ေငးၾကည့္ေနမိသလို
ရႈိင္းသည္လည္း ခ်စ္ပန္းေဝကို ျပန္၍
စိုက္ၾကည့္လာေလသည္။
ခ်စ္ပန္းေဝဟာ အလြန္ပါးလႊာေသာ
လက္ျပတ္အိက်ႌေလးကို ၀တ္ထားေလရာ
ေရစိုသြားသည့္ သူမ၏ေကာက္ေၾကာင္း
အလွတို႔ေၾကာင့္ ရႈိင္းတစ္ေယာက္ မ်က္လုံးေလး
ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ခ်က္ခ်င္း
အၾကည့္လႊဲပစ္လိုက္ရသည္။
သို႔ေပမဲ့ သူ႔မ်က္လုံးထဲတြင္ သူမ၏အလွတရားက
ကပ္ပါလာသည္ကိုေတာ့ ျငင္း၍မရႏိုင္ေပ။
သူမဘက္သို႔ ဖုန္းမီးထိုးၾကည့္လိုက္မိသည့္
အခိုက္တြင္ ဘာအျခယ္အသမွမပါသည့္
ၾကည္၀င္းေနေသာ မ်က္ႏွာဝိုင္းဝိုင္းေလးႏွင့္..
ကႀကီးပုံစံ ေကြးၫႊတ္ေနေသာ
ႏႈတ္ခမ္းဖူးဖူးေလးက အလြန္ကဗ်ာဆန္သည္ဟု
ေတြးလိုက္မိသည္။
မ်က္လုံးေလးမ်ားကလည္း ႐ႊန္းလဲ့ၿပီး
ျမေရာင္ေတာက္ေနကာ အိမ္မွာေမြးထားသည့္
ေၾကာင္ေလးကဲ့သို႔ သနားစရာ
ေကာင္းလြန္းေနသည္။
ေၾကာင္ေလးလို အိမ္မွာေခၚေမြးထားခ်င္စိတ္
ျဖစ္မိတဲ့အထိကို သနားစရာေကာင္းေနတာ။
"မင္းအခုထိ ေရထဲကေနမတက္ေသးဘူးလား.."
ထိုေကာင္မေလးကို ထပ္ၾကည့္လွ်င္ ထပ္ၿပီး
ညႇိဳ႕ယူခံရမည္စိုး၍ မ်က္ႏွာကိုအျခားဘက္သို႔
လႊဲကာ ေျပာလိုက္မိသည္။
ေကာင္မေလးကေတာ့ တစ္ခုခုကိုေတြးေနသလိုပုံ..
ေတာ္ေတာ္နဲ႔ စကားျပန္မေျပာပဲ ခဏအၾကာမွ
ေလသံ တိုးတိုးေလးထြက္လာေလသည္။
"ကြၽန္မ..ဒီေနရာမွာခဏေနအုံးမယ္.."
"ဘာလဲ..ကိုယ့္ကိုကိုယ္သတ္ေသအုံးမလို႔လား.."
ရႈိင္းလည္းမေနႏိုင္ေတာ့ပဲ ေကာင္မေလးဘက္သို႔
ဖုန္းမီးထိုးၿပီး ေျပာပစ္လိုက္သည္။
ခ်စ္ပန္းေဝ၏မ်က္ႏွာေလးဟာ ခ်က္ခ်င္းဆိုသလို
ေနေလာင္ေနေသာ ပန္းကေလးကဲ့သို႔
ညႇိဳးက်သြားေလသည္။
"ကြၽန္မဘာလုပ္လုပ္ ပစ္ထားလိုက္စမ္းပါ
ကြၽန္မေသသြားလည္း ဘယ္သူမွဂ႐ုစိုက္မွာ
မဟုတ္ဘူး..အဲ့ေတာ့ရွင္လည္း
ဂ႐ုစိုက္မေနနဲ႔..."
ၾကားလိုက္ရသည့္စကားေၾကာင့္ *ရႈိင္း*အဖို႔
နည္းနည္းေတာ့ စိတ္အလိုမက်ျဖစ္သြားေလသည္။
ဘာေတြမ်ား ဒီေလာက္ခံစားေနရလို႔
အသက္ငယ္ငယ္ေလးနဲ႔ မႀကံသင့္တာေတြ
ႀကံေနရတာလဲ။
"မင္းဘ၀ကို ဒီလိုနည္းနဲ႔အရႈံးေပးလိုက္တာက
ေကာင္းတဲ့အဆုံးသတ္လို႔ ထင္ေနတာလား..
အေပၚယံသေဘာတရားအရ ေတြးၾကည့္ရင္ေတာင္
သိပ္ရွက္စရာေကာင္းေနၿပီ.."
"ဘာကိုရွက္စရာေကာင္းတာလဲ..
သူမ်ားခိုင္းဖက္ဘ၀နဲ႔
အၿမဲအထင္ေသးခံေနရတာက
ပိုရွက္ရမွာ မဟုတ္ဘူးလား.."
ခ်စ္ပန္းေဝ၏စကားကိုၾကားေတာ့
ရႈိင္းတစ္ေယာက္ ခပ္မဲ့မဲ့ၿပဳံးမိသြားေလသည္။
"ေတာ္ေသးတာေပါ့ မင္းမွာရွက္တတ္တဲ့စိတ္ေလး
ရွိေနေသးလို႔..တကယ္ရွက္တတ္ရင္
ဒီလို အဆုံးစီရင္ဖို႔
ေတြးမိမွာ မဟုတ္ေလာက္ဘူး.."
"ရွင္ဘာစကားေျပာတာလဲ.."
"ဟုတ္တယ္ေလ..မင္းသာေရနစ္ၿပီးေသသြားရင္
ပုပ္ပြၿပီး ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့
မင္းရဲ႕ခႏၶာကိုယ္ႀကီး ေရေပၚျပန္ေပၚလာတဲ့အခါ
မင္းကို အထင္ေသးတဲ့လူေတြ၊မင္းကိုမုန္းတဲ့
လူေတြက ပိုေပ်ာ္သြားမွာမဟုတ္ဘူးလား..
.......
သူတို႔မင္းကိုပိုၿပီးေလွာင္ၾကလိမ့္မယ္..
မင္းကိုအရႈံးသမားတစ္ေယာက္အျဖစ္
ပိုလို႔သတ္မွတ္ သြားၾကလိမ့္မယ္..
အဲ့ဒီ့အခါေရာက္မွ ဝိဥာဥ္ဘ၀နဲ႔
ေနာင္တေတြ ရေနလည္းအပိုပဲ.."
သူ႔စကားေၾကာင့္ ေတြေဝသြားသည့္
ခ်စ္ပန္းေဝ၏ မ်က္ႏွာကိုၾကည့္လိုက္ကာ
အနည္းငယ္ ေက်နပ္သြားမိသည္။
ဒါေပမဲ့ ဒီေနရာမွာ သူမကိုထားခဲ့မိမယ္ဆိုရင္
သူမရဲ႕စိတ္ခ်က္ျခင္းေျပာင္းသြားမွာကိုေတာ့
မလိုလားေပ။
ထို႔ေၾကာင့္ ေကာင္မေလးသူ႔စိတ္ကိုသူျပင္ဆင္ၿပီး
ကမ္းေပၚသို႔ ျပန္တက္လာမည့္အခ်ိန္အထိ
သူ႔ေစာင့္ေနလိုက္သည္။
"ရွင္ေျပာတာမွန္တယ္..ကြၽန္မသာ
႐ုပ္ပ်က္ဆင္းပ်က္နဲ႔ ေသဆုံးသြားရင္
ကြၽန္မကို မလိုလားတဲ့လူေတြက
အရမ္းေပ်ာ္သြားၾကမွာပဲေနာ္..
သူတို႔ကို ေပ်ာ္ခြင့္မေပးႏိုင္ဘူး..."
ခ်စ္ပန္းေဝလည္း အစကေတာ့ေဒၚႀကီး၏
ျပစ္တင္ေဝဖန္ခဲ့ေသာ စကားလုံးေတြေၾကာင့္
ေသခ်င္ေလာက္ေအာင္ စိတ္ညစ္ေနခဲ့ေပမဲ့
အခုေတာ့ အသက္ရွင္ခ်င္စိတ္ေတြ
တဖြားဖြား ျပန္ေပၚေပါက္လာေလသည္။
ထို႔ေၾကာင့္ပဲ ေရထဲမွကမ္းေပၚသို႔
ျပန္တက္လာခဲ့လိုက္သည္။
"မင္းအဆင္ေျပၿပီဆိုရင္ေတာ့ ငါျပန္ေတာ့မယ္.."
"ေနပါအုံး..ကြၽန္မရွင့္ကိုေမးစရာေလးရွိလို႔.."
"ဘာေမးမွာလဲ.."
ခ်စ္ပန္းေဝအတြက္ေတာ့ ကိုယ္အရမ္းအားေပးရတဲ့
အႏုပညာရွင္တစ္ေယာက္က
ကိုယ္စိတ္ဓာတ္ က်ေနခ်ိန္မွာ
အားေပးေဖာ္ရခဲ့တဲ့အျပင္ ကိုယ့္အသက္ကိုပါ
ကယ္တင္ေပးခဲ့တဲ့အတြက္ အမွန္တကယ္
အားတက္ခဲ့ရပါတယ္။
ဒါေပမဲ့ ရႈိင္းဟာမာနႀကီးတဲ့ျပင္ ကိုယ့္အေပၚ
အျမင္မၾကည္ဘူးလို႔ ထင္ခဲ့မိတာေလ..
အခုသူက ဘယ္လိုျဖစ္ၿပီး ကယ္တင္ရွင္
လုပ္ေနရတာလဲ။
သူ႔ရဲ႕ တည္တင္းေနသည့္ ႐ုပ္ႀကီးကို
ေၾကာက္မိေပမဲ့ ရင္ထဲမွာအရမ္းသိခ်င္သလို
ျဖစ္လာ၍ အားတင္းၿပီးေမးဖို႔စဥ္းစားလိုက္သည္။
"ရွင္ဘာျဖစ္လို႔ ကြၽန္မကိုကယ္လိုက္တာလဲ.."
"မင္းကငါေမြးဖူးတဲ့ ေၾကာင္မေလးနဲ႔တူလို႔
ငါေအာ္လိုက္ေတာ့ မင္းလွည့္ၾကည့္တဲ့ပုံစံက
ငါ့ေၾကာင္ေလး ေသခါနီးအခ်ိန္မွာ
ၾကည့္ခဲ့တဲ့အၾကည့္နဲ႔ တစ္ပုံစံတည္းပဲ..."
"ဘာ!!!"
* ငါ့မင္းသားေလးက ငါ့ကိုကယ္လိုက္တယ္ဆိုၿပီး ပီတိေတြျဖာလို႔မွမဆုံးေသးဘူး..*
*ေျပာခ်လိုက္တဲ့စကားက..ဘာတဲ့
ခ်စ္ခ်စ္ရဲ႕ပုံစံက သူ႔ေၾကာင္မ..အသက္ထြက္ခါနီး
သူ႔ကိုၾကည့္တဲ့ ပုံစံနဲ႔တူသတဲ့..*
*..ေတာ္တာ္ေဒါသထြက္ဖို႔ေကာင္းတဲ့လူ
သူကငါ့ကို ကယ္ေနတာလား
လာၿပီး တမင္စိတ္ဒုကၡေပးေနတာလားပဲ..*
*အေဒၚႀကီးက ငါ့႐ုပ္ကိုေခြးေကြၽးေတာင္
ဘယ္သူမွ မစားဘူးတဲ့..
အခုလည္း ဒင္းကသူ႔ရဲ႕ေၾကာင္မ ေသခါနီးပုံနဲ႔
တူလို႔ ကယ္တာတဲ့ေလ..*
"ဘာလဲ..ငါေျပာလိုက္တဲ့စကားေၾကာင့္
မင္းစိတ္ဆိုးသြားတာလား.."
"မဟုတ္ဘူး ကြၽန္မအရမ္းေပ်ာ္သြားတာ.."
ေၾကာင္..အသက္ထြက္ခါနီး႐ုပ္နဲ႔
အႏႈိင္းခံရတာကို စိတ္ဆိုးသြားတာလားတဲ့။
ေတာ္ေတာ္ေမးရဲတာပဲ။
"အင္း..မင္းေပ်ာ္မယ္ဆိုလည္း ေပ်ာ္သင့္ပါတယ္
ငါ့ေၾကာင္ေလးရဲ႕တန္ဖိုးက
သိန္းတစ္ရာေက်ာ္ဆိုေတာ့..
သူနဲ႔အႏႈိင္းခံရတဲ့အတြက္
မင္းအရမ္းေပ်ာ္သင့္တယ္...
.........
ငါကိစၥရွိလို႔ အရင္သြားႏွင့္မယ္..ထပ္ၿပီး
ကိုယ့္ကိုကိုယ္ အဆုံးစီရင္ဖို႔ႀကံရင္ေတာ့
ကိုယ့္ထိုက္နဲ႔ကိုယ္ပဲ..."
ေခ်ာင္းစပ္တစ္ေလွ်ာက္ ျဖည္းျဖည္းခ်င္း
ထြက္သြားေသာ သူ႔ေက်ာျပင္ကိုၾကည့္ၿပီး
ေဒါသေတြ အလိပ္လိုက္ထြက္ရလြန္းလို႔
အသက္ထြက္ေတာ့မလားပဲ။
သူေတာ္ေတာ္ေဝးေဝးကို ေရာက္ေတာ့မွ
အားရေအာင္ ထေအာ္ပစ္လိုက္မိတယ္။
"ေခြးေကာင္..အယုတ္တမာႀကီး..
နင့္ရဲ႕ေၾကာင္က ေဈးႀကီးေတာ့ဘာလုပ္ရမွာလဲ
အံ့ဩပါ့..ကေမာၻဇ..
ကယ္တင္ရွင္ႀကီးဆိုၿပီး ေက်းဇူးမတင္မိတာ
မွန္သြားတယ္..မဟုတ္ရင္
ဒီ့ထက္ပိုႂကြားမဲ့..ငႂကြားႀကီး
.........
သူ႔ေၾကာင္က ေဈးႀကီးတာအျပင္ဘာေကာင္းလို႔လဲ
ငါတို႔အိမ္က ႏြားေတြကမွလယ္ထြန္တတ္ဦးမယ္..
အယုတ္တမာႀကီး ေနာက္တစ္ခါဒင္းနဲ႔
ထပ္မဆုံပါေစနဲ႔ေတာ္.."
ခ်စ္ပန္းေဝလည္း ခါးေထာက္လွ်က္
ရႈိင္းထြက္သြားရာလမ္းကိုၾကည့္၍
အ၀ေျပာဆိုျပစ္ၿပီးေတာ့မွသာ အိမ္ရွိရာသို႔
လွည့္ျပန္လာခဲ့လိုက္သည္။
အိမ္ေပၚမွာ ရန္ျဖစ္သံေတြၿငိမ္က်သြားေတာ့မွ
စိတ္ေအးရေလသည္။
မမလႈိင္ကေတာ့ ခ်စ္ခ်စ္တစ္ကိုယ္လုံး
ေရေတြ စို႐ႊဲလာ၍ဘာျဖစ္လာသလဲဟု
စိုးရိမ္တႀကီး ေမးလာခဲ့တယ္။
ခ်စ္ခ်စ္ကေတာ့ စိတ္ညစ္ညစ္ႏွင့္
ကမ္းစပ္ကိုသြားရင္း ေရထဲေခ်ာ္က်တာဟု
ျပန္ေျဖခဲ့ေပမဲ့ မမလႈိင္ကေတာ့
လုံး၀မယုံခဲ့ေပ။
🌺🌺🌺🌺🌺🌺🌺
"ရႈိင္း..မင္းဘယ္ကိုထြက္သြားတာလဲ
ငါကမင္းကို လိုက္ရွာေနတာ.."
အိမ္အေပၚထပ္သို႔ တက္လာလာျခင္း
ထက္ယံသည္ အလြန္စိုးရိမ္သြားသည့္
ပုံစံျဖစ္၍ေနသည္။
ရႈိင္းကေတာ့ တကိုယ္လုံးစို႐ႊဲေန၍
အခန္းထဲသို႔ အျမန္၀င္ကာ ခ်ိပ္မွာခ်ိတ္ထားသည့္
အနက္ေရာင္ စြပ္က်ယ္ကို ဆြဲယူ၍
၀တ္ပစ္လိုက္သည္။
ေရစိုေနေသာ ဆံပင္ေတြဟာနဖူးျပင္ေပၚတြင္
ျဖာက်ေနၿပီး သူ၏နက္ေမွာင္ေသာ
မ်က္ခုံးေတြကိုေတာင္ ဖုံးအုပ္သြားေလသည္။
ဒီ႐ြာမွာက မီးမရေသးေတာ့ သူလည္း
ေက်ာပိုးအိတ္ထဲတြင္ ထည့္လာခဲ့ေသာ
သပါတ္ကိုယူ၍ ေရေျခာက္ေအာင္သုတ္ရင္း
ကုတင္ေပၚတြင္ ထိုင္ခ်လိုက္ေတာ့သည္။
"ရႈိင္း...မင္းေရေတြစိုလာတာလား..
ဘာျဖစ္လာတာလဲ.."
"ေခ်ာင္းထဲကို လဲက်သြားလို႔..."
"ဘာ..တကယ္ႀကီးလား..ဘယ္လိုျဖစ္ၿပီး
ေခ်ာင္းထဲကို လဲက်သြားရတာလဲ..
ေနာက္ၿပီး ဒီအခ်ိန္ႀကီးကမ္းနားကို
မင္းကဘာသြားလုပ္တာလဲ.."
"ဘာသြားလုပ္လုပ္ေပါ့ကြာ..စကားကိုရွည္တယ္"
"မင္းကဒီလိုေပါ့.."
ဘယ္ကိစၥမဆို ရႈိင္းကအရမ္း
ကြယ္ဝွက္တတ္လြန္းေတာ့ ထက္ယံလည္း
စိတ္မရွည္ေတာ့ပဲ ရႈိင္း၏လက္ထဲမွ
သပါတ္ကို ဆြဲလုပစ္လိုက္ေတာ့သည္။
"ေဟ့ေကာင္..မင္းဘာလုပ္တာလဲ.."
For Me, [8/5/2025 12:36 PM]
"သပါတ္ကို ျပန္လိုခ်င္ရင္ မင္ဘာေၾကာင့္
ေရေတြစို႐ႊဲလာသလဲဆိုတာရယ္
ဘာေၾကာင့္ ငါ့ကိုေတာင္အသိမေပးပဲ
ညမိုးခ်ဳပ္ႀကီး ထြက္သြားသလဲဆိုတာကို
ရွင္းေအာင္ေျပာျပ..."
"မင္းကြာ..ေတာ္ေတာ္ညစ္တဲ့ေကာင္ပဲ.."
ရႈိင္းလည္း ထက္ယံကိုမႏိုင္ေတာ့၍
စိတ္ညစ္ညစ္ႏွင့္ ဆံပင္ေတြကိုလက္ႏွင့္
သပ္တင္လိုက္ၿပီး ျဖစ္ေၾကာင္းကုန္စင္ကို
ရွင္းျပရေလေတာ့သည္။
"ငါအျပင္ထြက္တာက အေဖနဲ႔ဖုန္းေျပာမလို႔
အိမ္ထဲမွာက လိုင္းသိပ္မမိလို႔
လိုင္းမိတဲ့ေနရာကို သြားရင္း
ကမ္းနားမွာ လမ္းထြက္ေလွ်ာက္ေနတာ.."
"ဟုတ္ပါၿပီ...လိုင္းမိတဲ့ေနရာကိုရွာဖို႔
အျပင္ထြက္သြားတာက ငါနားလည္လို႔ရတယ္
ေရေတြစိုလာတာကေရာ မင္းပုံစံက
တစ္ကိုယ္လုံးစို႐ႊဲေနတာပဲ..ဘာျဖစ္လာတာလဲ.."
"မင္းႀကိဳက္ေနတဲ့ ေကာင္မေလးကို
ကယ္လာတာကြာ ရၿပီလား.."
"ဘာ.."
ရႈိင္းလည္း အကုန္ေျဖၿပီးသည္ႏွင့္ ထက္ယံ၏
လက္ထဲမွ သပါတ္ကိုလုယူၿပီး
ေခါင္းသာ ဆက္သုတ္ေနလိုက္သည္။
ထက္ယံကေတာ့ ရႈိင္းေျပာလိုက္တာကို
အေလးအနက္စဥ္းစားေနရင္း
ေၾကာင္ေတာင္ေတာင္ေလး ျဖစ္သြားရသည္။
"ငါႀကိဳက္တဲ့ေကာင္မေလးဆိုေတာ့
ခ်စ္ပန္းေဝကို ေျပာတာလား.."
"ခ်စ္ပန္းေဝအျပင္ မင္းကဒီ႐ြာမွာေနာက္ထပ္
ဘယ္ႏွစ္ေယာက္မ်ား ခ်ိန္ထားေသးလို႔လဲ.."
"ဟား..တကယ္ႀကီးခ်စ္ပန္းေဝလား
သူကဘာျဖစ္လို႔ မင္းကကယ္လိုက္ရတာလဲ..
ငါ့ကိုေျပာျပစမ္းပါကြာ..ငါစိတ္ပူလြန္းလို႔ပါ.."
"ေဟ့ေကာင္..မင္းမ်က္ႏွာက
ဘာျဖစ္ေနတာလဲ ပိုကိုပိုလြန္းတယ္.."
ထက္ယံတစ္ေယာက္ ေမ်ာက္မီးခဲကိုင္ထားသလို
ျဖစ္ေန၍ အျမင္ကပ္လာရသည္။
ၾကည့္ရတာခ်စ္ပန္းေဝကို တကယ္စိတ္ပူေနပုံပဲ ။
ခ်စ္ပန္းေဝကို သူတကယ္ႀကီး
ေႂကြမိသြားတာမ်ားလား။
ထက္ယံက ႐ုပ္သာမေခ်ာေပမဲ့ ရည္းစားကေတာ့
ရွယ္ပလန္ႏွင့္ ထားတတ္သည္။
သူ႔ကိုေမးလိုက္ရင္ေတာ့ *ရႈိင္း*ေၾကာင့္ပဲ
ရည္းစားမရသလို ဘာလိုလိုနဲ႔ေျဗာင္လိမ္ေျဗာင္စား
အရမ္းလုပ္တတ္တာ။
"မင္းအဲ့ဒီ့ေကာင္မေလးကို
တကယ္စိတ္၀င္စားတာလား..အတည္ဆိုမွ
ငါေျပာျပလို႔ရမယ္..ဘာေၾကာင့္လဲဆိုေတာ့
အခု အဲ့ဒီ့ေကာင္မေလးနဲ႔ ပတ္သတ္ၿပီး
ငါသိခဲ့ရတာက လူသိခံလို႔မေကာင္းတဲ့
လွ်ိဳ႕ဝွက္ခ်က္မို႔လို႔..."
"မင္းကလည္း ေျပာမွာသာေျပာျပစမ္းပါကြာ
သိခ်င္ပါတယ္ဆိုေနမွ ေဈးလာကိုင္ေနတယ္
ငါမင္းကို က်ိန္ေျပာရဲတယ္ကြာ
ခ်စ္ပန္းေဝေလးကိုေတာ့
တကယ္အတည္ႀကံမွာပါ..."
"ေကာင္းၿပီေလ..အဲ့ဒါဆိုငါေျပာျပမယ္..
ငါဘာေၾကာင့္ ေရေတြစိုခဲ့ရသလဲဆိုေတာ့..
မင္းရဲ႕ ခ်စ္ပန္းေဝကသူ႔ကိုယ္သူ
ေရထဲမွာအဆုံးစီရင္ဖို႔ လုပ္ေနလို႔
၀င္တားရင္း ေရထဲကိုလဲက်ၿပီးစိုသြားတာ.."
"အဆုံးစီရင္တယ္..ဟာ..ငါ့ရဲ႕ခ်စ္ခ်စ္ေလးက
ဘာျဖစ္လို႔ အဲ့လိုအေတြးေတြ ေတြးလိုက္ရတာလဲ
ခ်စ္ခ်စ္ေလးေရာ..ဘာျဖစ္သြားေသးလဲ.."
"ဘာမွမျဖစ္လိုက္ဘူး..ငါလည္းသူထပ္ၿပီး
မဟုတ္တာမႀကံေတာ့တာ ေသခ်ာမွ
ျပန္လာခဲ့တာ..."
"ဟုတ္လား..ငါ့ခ်စ္ခ်စ္ေလးက ဘာျဖစ္လို႔
အဲ့ဒီ့လို လုပ္ဖို႔စိတ္ကူးခဲ့ရတာလဲဆိုတာ
မင္းသိလား.."
"အဲ့ဒါေတာ့ငါလည္း သူမ်ားအတြင္းေရးကို
မေမးခဲ့ဘူး.."
"မင္းကလည္း ညံ့လိုက္တာကြာ..ငါသာဆိုရင္
စကားေတြအမ်ားႀကီးေျပာၿပီး ႏွစ္သိမ့္ေပးခဲ့မွာ"
"ငါလည္း အဲ့ေလာက္မညံ့ပါဘူး
နဲနဲပါးပါးေတာ့ ေျပာခဲ့ပါတယ္.."
"ဘယ္လိုေျပာခဲ့တာလဲ..."
"သူက ေသသြားတဲ့ငါ့ေၾကာင္မေလးနဲ႔တူတယ္လို႔
ေျပာခဲ့တာ..."
"ဟာ..ေသလိုက္ပါေတာ့ရႈိင္းရာ..မင္းကေလ
IQသာျမင့္ၿပီးEQတကယ္နိမ့္တယ္ဆိုတာ
ငါလက္ခံသြားၿပီး..
........
ႏႈိင္းစရာရွားလို႔ကြာ ေသသြားတဲ့
မင္းရဲ႕ေၾကာင္မႀကီးနဲ႔မွ
ႏႈိင္းခဲ့ရတယ္လို႔..
.........
႐ုပ္ရွင္မင္းသားျဖစ္ၿပီး
ဇာတ္ကားထဲမွာ ဒိုင္ယာေလာ့ခ္ေတြ
ဒီေလာက္က်က္ခဲ့ရတာေတာင္ ေ႐ြးေျပာစရာ
ေၾကာင္ကိစၥပဲ ရွိတာလားငါ့ေကာင္ရာ
...........
မင္းဒီတစ္သက္ မိန္းမရဖို႔စိတ္ေတာင္
မကူးနဲ႔ေတာ့ မင္းလိုေအးတိေအးစက္ဆီကိုေလ
မိဘခ်င္း သေဘာတူထားတဲ့ ပိုပိုေတာင္
ျပန္လာမွာ မဟုတ္ဘူး.."
ထက္ယံတစ္ေယာက္ ကိုယ့္နဖူးကိုယ္ျပန္႐ိုက္ရင္း
ညီးတြားမိေလေတာ့သည္။
ေသခ်ာတာကေတာ့ ခ်စ္ပန္းေဝတစ္ေယာက္
သူ႔စကားေၾကာင့္ စိတ္ခြန္အားမျဖစ္ပဲ
ႏွစ္ခါျပန္ၿပီး ေသခ်င္စိတ္ေတာင္
ျဖစ္ေလာက္တယ္။
"ရႈိင္းရာ..မင္းဘာလို႔႐ုပ္ရွင္မင္းသားလုပ္လည္း
ဆိုတာ ငါနားမလည္ေတာ့ဘူး..
........
ထုတ္လုပ္သူေတြဆို မင္းနဲ႔႐ိုက္ရင္
သူတို႔ဇာတ္လမ္းေတြ အျမတ္မ်ားလို႔သာ
ငွားၾကတာ..
........
မင္းနဲ႔ဆက္ဆံရတာမေကာင္းဘူးလို႔
ေနာက္ကြယ္မွာ ေျပာေနၾကတာ..မနဲမေနာပဲ
အဲ့လိုသာ ၾကာၾကာဆက္လုပ္ရင္...
မင္းအတြက္ မေကာင္းဘူးေနာ္.."
"ထက္ယံ..မင္းဆိုတဲ့ေကာင္ကေလ
ပါးစပ္က...ဘူးမမႈတ္ရရင္
နဲနဲေလးမွ မေနတတ္တဲ့ေကာင္..ေတာ္ၿပီကြာ
အိပ္ေတာ့မယ္..မနက္ျဖန္မင္းပဲ
ဓႏုျဖဴၿမိဳ႕ထဲကို လိုက္လည္မလို႔ဆို..
ေစာေစာအိပ္ေတာ့..."
ဆံပင္မေျခာက္ေသးေပမဲ့ ရႈိင္းလည္း
ထက္ယံရစ္တာကို မခံႏိုင္ေတာ့၍
တုံးလုံးလွဲၿပီး အိပ္ယာ၀င္ပစ္လိုက္သည္။
သို႔ေပမဲ့ ႏွစ္ေယာက္လုံး အိပ္၍မေပ်ာ္ႏိုင္ၾကေပ။
"ထက္ယံ..မင္းအိပ္ေနၿပီလား.."
"မအိပ္ေသးပါဘူး..ဘာေျပာခ်င္လို႔လဲ.."
"ေထာင့္ငါးရာအခ်စ္ဆိုတာ ဘယ္လိုမ်ိဳးလဲ
ေပးဆပ္ျခင္းလား၊ရယူျခင္းလား..."
"တယ္ထူးဆန္းပါလား..ေရခဲတုံးႀကီးက
အခ်စ္အေၾကာင္းေမးလာေတာ့
မိုးႀကိဳးပစ္မွာေတာင္ စိုးရတယ္.."
"ေဟ့ေကာင္..မေျဖခ်င္ရင္လည္း
ပါးစပ္ပိတ္ၿပီးေနလိုက္.."
"ေအးပါ..ငါကစတာပါ.."
ရႈိင္းက အခ်စ္ကိစၥႏွင့္ပတ္သတ္ၿပီး တစ္ခါမွ
ေဆြးေႏြးခဲ့ျခင္းမ်ိဳး မရွိခဲ့၍ထက္ယံလည္း
အရင္က ရည္းစားေဟာင္းေတြနဲ႔
ဘယ္လိုခ်စ္ခဲ့၊လမ္းခြဲခဲ့သလဲ ဆိုတာကို
ျပန္စဥ္းစားယူေနရသည္။
အခ်ိန္ခဏေလာက္ စဥ္းစားလိုက္ၿပီးတဲ့ေနာက္
သူေတြးမိတာေလးေတြကို ေျပာျပဖို႔
ႀကိဳးစားလိုက္သည္။
"ငါ့အျမင္အရေတာ့
မိန္းကေလးတစ္ေယာက္အတြက္
အခ်စ္ဆိုတာ ဘ၀ႀကီးတစ္ခုလုံးျဖစ္ၿပီး
တကယ္ခ်စ္မိသြားရင္ အေသြးအသား၊
အသက္..အလုံးစုံပုံအပ္ခ်င္လာတာမ်ိဳး..
အဲ့ဒီ့ေယာက္်ားရဲ႕ ဘ၀တစ္ခုလုံးကိုလည္း
သူ႔အပိုင္အျဖစ္ လႊမ္းမိုးခ်င္လာတာမ်ိဳး..
.....
ေယာက္်ားေလးတစ္ေယာက္အတြက္ေတာ့
အခ်စ္ဆိုတာက တန္ဖိုးတစ္ခုပဲ
အဲ့ဒီ့မိန္းကေလးကို ပိုတန္ဖိုးထားေလ
သူပိုခ်စ္ေလပဲ..သူခ်စ္တဲ့အရာကို
သူေသခ်ာေပါက္ ကာကြယ္ေပးလိမ့္မယ္..
"
"ဒါဆိုရင္ မိန္းကေလးတစ္ေယာက္ကို
ငါတကယ္ခ်စ္မိရင္ ကာကြယ္ေပးခ်င္စိတ္ေတြ
ျဖစ္လာတာမ်ိဴးေပါ့..ဟုတ္လား.."
"ဟုတ္တယ္...ဥပမာမင္းရဲ႕မိသားစုကို
မင္းသံေယာဇဥ္ရွိၿပီး ခ်စ္ေတာ့
သူတို႔ကို ဘယ္သူမွထိပါးေစာ္ကားတာ
မင္းမႀကိဳက္ဘူးမဟုတ္လား...
အဲ့ဒါက မင္းရဲ႕မိသားစုကို
မင္းတန္ဖိုးထားလို႔ေပါ့...
ရႈိင္း..ငါတစ္ခုေတာ့ သိခ်င္တယ္.."
"ဘာသိခ်င္တာလဲ.."
"မင္း..သက္လြန္းပိုကိုခ်စ္လား.."
ထက္ယံဆီမွ မထင္မွတ္ထားေသာ ေမးခြန္းေၾကာင့္
ရႈိင္းေတြေဝသြားမိေလသည္။
သက္လြန္းပိုဆိုတာ ကိုယ့္ဘ၀မွာ ပထမဆုံး
ပတ္သတ္ဖူးသည့္ သူစိမ္းမိန္းကေလးလို႔
ဆိုရမည္။
ေမဂ်ာမတူ၊ရည္မွန္းခ်က္မတူသလို
စိတ္ေနသေဘာထားပါ မတူညီၾကေပမဲ့
တြဲျဖစ္သြားခဲ့ၾကသည္။
တြဲျဖစ္သြားခဲ့ရသည့္ အေၾကာင္းအရင္းကေတာ့
ႏွစ္ဖက္မိဘသေဘာတူတဲ့ ေစ့စပ္ပြဲေၾကာင့္ရယ္
ကိုယ့္ရဲ႕ လက္တြဲေဖာ္ဟာ သက္လြန္းပို
ျဖစ္ေနေသာေၾကာင့္ပါပဲ။
ႏွလုံးအထူးကုတစ္ေယာက္ျဖစ္တဲ့ ပိုပိုနဲ႔
အဂၤလန္မွာ ေက်ာင္းသြားတတ္တဲ့အခ်ိန္ေရာက္မွ
ေဝးကြာသြားခဲ့တာဆိုေပမဲ့ အတူရွိခဲ့ၾကတဲ့
အခ်ိန္အပိုင္းအျခားတိုင္းမွာ ႏွစ္ေယာက္သား
စိတ္သေဘာထား မတိုက္ဆိုင္လို႔
ျပႆနာ ျဖစ္ခဲ့ရတာ အႀကိမ္ေရမထိေတာ့ေပ။
ကိုယ္ေတြႏွစ္ေယာက္ၾကားက ျပႆနာတိုင္းကို
မမွတ္မိေတာ့ေပမဲ့ ပိုပိုေျပာေနၾက
စကားေတြကိုေတာ့ မွတ္မိပါေသးတယ္..။
*ရႈိင္း..ငါနင့္ပုံစံကိုမႀကိဳက္ဘူး..
နင္က အျခားေယာက္်ားေလးေတြနဲ႔မတူဘူး..
အရမ္းေအးစက္လြန္းတယ္...
ကိုယ့္ခ်စ္သူေရွ႕မွာ နင့္ရဲ႕အခ်စ္စိတ္ကို
ဘယ္လို ေဖာ္ျပရမလဲဆိုတာေတာင္နင္မသိဘူး..
..........
ခ်စ္သူမ်ားေန႔မွာ..ငါ့ကိုေခ်ာကလက္ေလး၊
ပန္းစီးေလး ေပးဖို႔ေတာင္နင္သတိမရဘူး..
ငါ့မွာေတာ့ နင့္ကိုခ်စ္လိုက္ရတာ..
............
နင္ကေတာ့..ငါကိုဘယ္တုန္းကမွ
မခ်စ္ဘူးလို႔ခံစားရတိုင္း...
ငါအရမ္း၀မ္းနည္းတာပဲ...
နင္ဘာေၾကာင့္ ေစ့စပ္ပြဲကိုလက္ခံလိုက္တာလဲ..
နင္ငါ့ကို မေျဖမခ်င္းငါမေက်နပ္ႏိုင္ဘူး...*
ပိုပိုေပါက္ကြဲၿပီး ျပႆနာရွာတိုင္း
စိတ္ညစ္လာ၍..
*မေက်နပ္ရင္..ေစ့စပ္ပြဲကိုအခုပဲ
ျဖတ္သိမ္းၾကတာေပါ့..*ဟု ေျပာျပန္ေတာ့လည္း
ေစ့စပ္ပြဲကို ျဖတ္ရင္သူ႔ဘက္က
အသိုင္းအဝိုင္းေတြၾကား
နာမည္ျပတ္ရလိမ့္မယ္ဆိုၿပီး
ငိုတတ္ျပန္ေသးတယ္။
ဒီလိုနဲ႔ ႏွစ္ေယာက္သားကိုယ့္လမ္းကိုယ္ေလွ်ာက္ၿပီး
ကိုယ္ေပ်ာ္ရာမွာ ေနခဲ့ၾကေပမဲ့
ေစ့စပ္ပြဲဆိုတဲ့ ႀကိဳးကေတာ့ခ်ည္ေႏွာင္ထားဆဲပါပဲ။
ႏွစ္ေယာက္လုံးရဲ႕ စိတ္ထဲမွာေတာ့
တစ္ခ်ိန္ခ်ိန္မွာ လက္တြဲရမည္ဟုသာ
အတည္တက် ရွိၿပီးသားျဖစ္ေနသည္။
ပိုပို႔ဘက္အျခမ္းေတာ့မသိေပမဲ့ ကိုယ္ကေတာ့
ပို႔ပို႔အေပၚ ဘယ္လိုခံစားခ်က္မ်ိဳးပဲရွိပါေစ
သစၥာတရားကို အၿမဲလက္ကိုင္သုံးၿပီး
ဘယ္မိန္းကေလးႏွင့္မွ အေရာတ၀င္မေနခဲ့ေပ။
"ရႈိင္း..ငါေမးေနတယ္ေလ..မင္းသက္လြန္းပိုကို
ခ်စ္လား.."
"ထက္ယံ..မင္းေရာငါပိုပို႔ကို
ခ်စ္တယ္လို႔ထင္လား.."
"ထင္တယ္..."
"မင္းက ဘာကိုၾကည့္ၿပီးအဲ့လိုေျပာလိုက္တာလဲ.."
"ဘာကိုၾကည့္ၿပီးလဲဆိုေတာ့ မင္းရဲ႕လုပ္ရပ္ကို
ၾကည့္ၿပီးေတာ့ေလ..ပိုပို႔ကိုသာမင္းမခ်စ္ရင္
ဒီၾကားထဲမွာ မင္းခ်စ္သူထားမွာေပါ့...
ၿပီးေတာ့ ခုေခာတ္မွာဘယ္မင္းသားက
အခ်စ္ဇာတ္လမ္း မ႐ိုက္ပဲေနလို႔လဲ..
မင္းအခ်စ္ဇာတ္လမ္း မ႐ိုက္ရတဲ့
အေၾကာင္းအရင္းက..ပိုပိုသ၀န္တိုမွာစိုးလို႔
မဟုတ္လား.."
"မွားတယ္..ငါအခ်စ္ဇာတ္လမ္းမ႐ိုက္တာက
ငါလိုခ်င္တဲ့ ဇာတ္လမ္းမေတြ႕ေသးလို႔ရယ္
ငါ့ရဲ႕ခြန္အားေတြကို ႏုႏု႐ြ႐ြေနရာမွာပဲ
အသုံးမခ်ခ်င္လို႔.."
"ဘာပဲျဖစ္ျဖစ္ကြာ အခုခ်ိန္အထိ
စည္းေစာင့္ေနရတဲ့ အေၾကာင္းအရင္းက
ပိုပို႔အတြက္ တစ္စိပ္တစ္ပိုင္းပါ၀င္တယ္မလား.."
ကုတင္ေပၚတြင္ ပက္လက္လွဲအိပ္ေနရင္း
ျခင္ေထာင္ေခါင္းမိုး ျဖဴျဖဴႀကီးကို
မ်က္ေမွာင္ႀကဳံ႕၍ ၾကည့္ေနမိရာမွ
ရႈိင္းတစ္ေယာက္ ဘာကိုစိတ္ရႈပ္မွန္းမသိ
ျဖစ္ေနေလသည္။
အမွန္တကယ္ေတာ့ ပိုပိုနဲ႔ပတ္သတ္ၿပီး
ေတြးလိုက္တိုင္း မေရရာမႈေတြသာ
တန္းစီၿပီးေပၚလာတတ္တယ္။
*အဲ့ဒါက ဘာေၾကာင့္မ်ားလဲ..*
🌺🌺🌺🌺🌺🌺🌺🌺🌺
ျခင္ေထာင္ထဲတြင္ လဲေလ်ာင္းေနမိေပမဲ့
ခ်စ္ခ်စ္ လုံး၀အိပ္၍မေပ်ာ္ေပ။
ညဆယ့္ႏွစ္နာရီေလာက္အထိ ေရာက္ေနၿပီမွန္း
သိေပမဲ့ အေတြးမ်ားၿပီး ဘယ္လိုမွအိပ္၍
မရေပ။
ခဏေန၊အတိတ္ကိုေရာက္သြားလိုက္
အနာဂတ္အေၾကာင္းေတြကို ေတြးလိုက္ႏွင့္
တစ္ေယာက္တည္း မူးေနာက္ေနေတာ့သည္။
"ငါဘာျဖစ္ေနတာလဲ..ဘာလို႔အိပ္လို႔မရတာလဲ.."
အတူအိပ္ၾကသည့္ မမလႈိင္ႏွင့္အေမက
တေခါေခါျဖစ္ေနေပမဲ့ ကိုယ္ကဟိုဘက္လွိမ့္၊
ဒီဘက္လွိမ္ႏွင့္ ဂဏွာမၿငိမ္ျဖစ္ေနမိေသာေၾကာင့္
သူတို႔ ႏိုးသြားမည္စိုး၍ ျခင္ေထာင္အျပင္သို႔
ထြက္လိုက္ၿပီး ဒူးတုတ္၍နံရံကိုမွီကာ
ထိုင္ေနလိုက္သည္။
"ဟုတ္သားပဲ..ရႈိင္းပုံေတြကို
ဗီဒိုထဲမွသိမ္းထားတာပဲ..."
ျခင္ေထာင္ထဲမွ မမလႈိင္၏ဖုန္းေလးကိုယူကာ
သစ္သားအိမ္ျဖစ္ေန၍
အသံမထြက္ေအာင္ ေျခဖ်ားေထာက္ၿပီး
သစ္သားဗီဒိုထဲမွ ရႈိင္း၏ပိုစတာေလးကို
ထုတ္ယူလိုက္ၿပီးေနာက္ အရင္ေနရာမွာပဲ
ျပန္ခ်ိတ္ထားလိုက္သည္။
"ကြၽန္မအခုေတာ့ သိသြားၿပီ..ကြၽန္မအမွန္တကယ္
လိုေနတာက ကြၽန္မရင္ဖြင့္သမွ်ကို
နားေထာင္ေပးမဲ့ အေဖာ္လိုေနတာပဲ..."
*ထိုစကားကိုရယ္သံေလးေႏွာ၍ ေျပာလိုက္မိသည္။
"ရႈိင္း..ဒီေန႔အတြက္ ေက်းဇူးတင္ပါတယ္ေနာ္..
ကြၽန္မကို ရွင္သေဘာမက်မွန္းသိေပမဲ့
အနည္းဆုံးေတာ့ ကြၽန္မရဲ႕ရွင္သန္မႈကို
လိုလားတဲ့အတြက္ ကြၽန္မရွင့္ကို
ေက်းဇူးအမ်ားႀကီးတင္ပါတယ္..
......
ရႈိင္း..ကြၽန္မအခုအရမ္းငိုခ်င္ေနတယ္...
ရွင့္ရဲ႕ေၾကာင္ေလးနဲ႔တူတဲ့အတြက္
ကြၽန္မက ကံေကာင္းတယ္လို႔ေျပာခဲ့တယ္ေနာ္
အခု..ရွင္ကလည္းကြၽန္မငိုေနတာကို
ျမင္ခြင့္ရတဲ့အတြက္ ေပ်ာ္ေနသင့္တယ္.."
*ထိုစကားကို ေျပာေနသည့္အခိုက္
ခ်စ္ပန္းေဝ၏ ပါးျပင္ေလးေပၚတြင္
မ်က္ရည္စီးေၾကာင္းေလး ျဖစ္၍ေနေလၿပီ။
"ရႈိင္း..ကြၽန္မအရမ္းပင္ပန္းေနၿပီ...
အရာအားလုံးကို လြတ္ခ်ၿပီး
ကြၽန္မထြက္ေျပးခ်င္ေနမိတယ္..
ကြၽန္မအေကာင္းဆုံး ႀကိဳးစားျပလဲ
ဘယ္ေတာ့မွ ခ်ီးက်ဴးမခံရဘူး..
ဘယ္လိုေနေန..
အျပစ္ပဲ ျမင္ေနၾကေတာ့..
ကြၽန္မဘာဆက္လုပ္သင့္လဲ ရႈိင္းရယ္.."
၀မ္းနည္းမႈေတြဟာ ရင္ထဲမွလႈိက္တက္လာၿပီး
အသံေတြေတာင္ တုန္ယင္လာေလသည္။
တိတ္ဆိတ္ေနသည့္ ညအေမွာင္ထုထဲတြင္
ကိုယ့္ျမင္ကြင္းအေရွ႕၌ ရႈိင္း၏ပုံရိပ္ေလးသာ
ရွိေနၿပီး သူ႔ကိုစကားေတြမ်ားစြာေျပာၿပီး
ငိုေနမိေလသည္။
...ဆက္ရန္ရွိသည္...
🌺🌺🌺🌺🌺🌺🌺
မခ်စ္တတ္တဲ့လူနဲ႔
အခ်စ္ငတ္ေနတဲ့ ေကာင္မေလး
(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္
ေဝေဝဒီရက္ပိုင္းမွာ အျခားအလုပ္ေလးေတြ
ရွိလို႔ updateေလး ၾကာသြားပါတယ္..
အရင္လို အရွည္ႀကီးမတင္ေပးႏိုင္တဲ့အတြက္လည္း
စိတ္မရွိၾကပါနဲ႔ေနာ္..)
ချစ်ပန်းဝေဘဝကသနားစရာကောင်းတယ်။မင်းသားကိုကြိုက်လိုက်တာလည်းလွန်ရော၊မင်းသားရှိုင်ကလည်းအခြေမင်းသား၊စိတ်ဝေဒနါသည်အမေကိုထားပြီဝင်ငွေရမဲ့လုပ်ငန်းလုပ်ဖို့ကလည်းအဆင်မပြေဆိုတော့ကူရာကယ်ရာမဲ့ဘဝလေး
ReplyDeleteအချစ်ခံရပြီးအချစ်ပန်းလေးတွေဝေ..မွှေးရနံတွေကြိုင်
ReplyDelete🥰🥰🥰
ReplyDelete