အခန်း(၁၇) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘



(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


 အခန်း(၁၇)

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


မင်းစက်မှာအတတ်နိုင်ဆုံးကိုယ့်ဘက်ကနေ

အလျှော့ပေးထားခဲ့ပေမဲ့ မေဝိုင်းလေးကတော့

တွန်းကန်ရုန်းထွက်နေတဲ့ လှိုင်းလုံးလေးများလို

ပြုမူနေလေသည်။ကမ်းစပ်သို့ရောက်လာတိုင်း

လှိုင်းလုံးလေးများဟာ သောင်ပြင်ကိုတွန်းကန်ပြီး

ပြန်လိမ့်ဆင်းသွားသလိုမျိုးပေါ့။

သူ့ဘက်ကစပြီး ကိုယ့်ဘ၀ထဲကိုခြေလှမ်းလာပြီးမှ

ကိုယ်ဟာ ကြောက်စရာလူယုတ်မာကြီးအဖြစ်

တွင်ကျန်ခဲ့အောင် လုပ်‌နေလေ့ရှိတယ်။


အခုလည်း မေဝိုင်းလေး၏မေးဖျားလေးကို

ညာဘက်လက်နှင့် မော့ထားစေကာ

မုန်တိုင်းတိုက်ချင်နေပေမဲ့ တောင်တန်းပေါ်မှာ

မြောက်လေပြောင်းတိုက်သလို လေသံမျိုးနှင့်

"အိမ်ပြန်ကြရအောင်.."ဟုပြောနေသော်လည်း

"အင်း..အဲ.."ဟုအသံတစ်သံတောင် ထွက်မလာပေ။

ခရမ်းချဉ်သီးကိုညှစ်လိုက်သကဲ့သို့ အရည်ရွှမ်းနေသော မျက်လုံးဝိုင်းကြီးများကသာ ကြောင်တောင်တောင်လေးကြည့်လာလေသည်။


ကိုယ်ကလည်း ကိုယ့်အမှားကိုသိလို့

ချော့သာချော့နေရတာ စိတ်ကသိပ်ရှည်တာ

မဟုတ်ဘူး။

ကိုယ်ခေါ်ရင် ချက်ချင်းလှည့်ကြည့်မှကြိုက်သလို

ကိုယ်ခိုင်းရင်လည်း ချက်ချင်းထလုပ်မှ

သဘောကျတာ။


အခုယူထားတဲ့မိန်းမကြတော့

ပိန်းကြာရွက်ပေါ် ရေတင်လို့ကိုမရတဲ့ဟာလေး။

နဲနဲလေးမအော်ရဲဘူး။မျက်ရည်ကဝိုင်းလာပြီ။

သံယောဇဉ်အမျှင်အတန်းတွေနဲ့ ချည်နှောင်တာ

မကြိုက်လို့ အမေတို့‌ကတောင်မဆုံးမရဲတဲ့ကိုယ့်ကို

တစ်ခါလာလည်း အိမ်ထောင်ရေးကိုဂရုမစိုက်ဘူး

ဆိုပြီး နားလာလာပူနေတယ်။


"မေဝိုင်းလေး..မင်းအနေတာတော့မဟုတ်ပါဘူးနော်.."


"ရှင်စကားကိုကြည့်ပြောနော်.."


လာပြန်ပြီ..ဒီမိန်းမ...။မျက်စောင်းကတခဲခဲနဲ့

ဘီလူးမကြီးသာဆို ကိုယ်ပြာကျနေလောက်ပြီ။


မင်းစက်ကလည်း တစ်မျိုးတွေးသလို

မေဝိုင်းလေးကလည်း ထူးဆန်းစွာပြုမူနေသော

မင်းစက်ကို တကယ်ကြီးအံ့ဩမိ၍

ကြောင်နေလေသည်။

လွန်ခဲ့တဲ့ တစ်နာရီကျော်လောက်ကမှ ကိုယ့်ကို

ဆူပူခဲ့ပြီး အခုကြတော့အသံကနူးညံတာလား၊

ဘာလားတော့မသိပေမဲ့

အအေးပက်ထားလို့အက်ကွဲနေသလိုကြီးနဲ့

"အိမ်ပြန်ကြရ‌အောင်တဲ့လေ"

အရင်လိုမာတောင့်နေသော လေသံမဟုတ်တော့၍

နှစ်ကိုယ်ခွဲတဲ့ မင်းစက်အာဏာနောက်တစ်ယောက်များလားလို့တောင် ထင်မိသွားတဲ့အထိပဲ။


"ရှင်ထူးထူးဆန်းဆန်းပုံစံတွေ လာသရုပ်ဆောင်

ပြမနေပါနဲ့..ဘာကိစ္စရှိလို့ကျွန်မဆီကိုလာတာလဲ.."


မေဝိုင်းလေး၏စကားကြောင့် မင်းစက်၏မျက်နှာဟာ ချက်ချင်းတည်ကြသွားခဲ့ပြီး ပို၍မျက်မှောင်

ကြုံ့သွားခဲ့လေသည်။

ကိုယ့်ကိုများ အနုပညာကျောင်းဆင်း‌

ထင်နေသလားမသိဘူး။သရုပ်ဆောင်တယ်တဲ့။

စွပ်စွဲချက်ကြီးက တကယ်ကိုရူးကြောင်ကြောင်

နိုင်လွန်းတယ်။


"ငါခုဏကပြောတဲ့စကားကို မင်းမေ့သွားတာလား

မင်းရဲ့ဦးနောက်ကစက္ကန့်ပိုင်းလောက်ပဲ

မှတ်နိုင်စွမ်း..ရှိနေတာတော့မဟုတ်ပါဘူးနော်.."


"အံမယ်..လူကိုများစွပ်စွပ်စွဲစွဲနဲ့...ဘာလို့မေ့ရမှာလဲ

အိမ်ကိုပြန်ကြရအောင်လို့ ရှင်ပြောလိုက်တာမဟုတ်လား..ဘာလို့မကြားရမှာလဲ.."


"ကြားရင်လည်းအိမ်ပြန်ကြမယ်..."


"..ဘာလို့ရှင်နဲ့ပြန်လိုက်ရမှာလဲ

ရှင်ကရောအတိတ်မေ့သွားတာလား...

လွန်ခဲ့တဲ့တစ်နာရီကျော်လောက်ကတင် 

ကျွန်မကိုတရားခံကြီး တစ်ယောက်လိုပြောဆို

အလုပ်ထုတ်ခဲ့ပြီး..အခုကြအိမ်ကိုပြန်လိုက်ခဲ့

ဆိုတော့..တရားမလွန်လွန်းဘူးလား..

ရှင်ခိုင်းတဲ့အတိုင်း ဘာလို့လုပ်ရမှာလဲ...

ရှင်ကဘာမို့လို့လဲ..."


"ငါကမင်းယောက်ျားမို့လို့ပေါ့..."


"ဟင်.."


သူ့ရဲ့ပိုင်စိုးပိုင်နင်းအမူအရာနှင့် စကားကြောင့်

ဝိုင်းလေးမှာ ဘာပြောရမှန်းမသိတော့အောင်

စွံ့အသွား‌လေတော့သည်။

အိမ်ထောင်ရေးကိုစိတ်မ၀င်စားသလို

ဒီလက်ထပ်ပွဲကိုရော ဝိုင်းလေးကိုပါ

မလိုလားခဲ့တဲ့လူက အခုသူဖြစ်ချင်တိုင်း

လိုက်မလုပ်တော့ ဝိုင်းလေးကသူနဲ့

သက်ဆိုင်သွားပြီတဲ့လား။

တကယ်ကို မျက်နှာနှစ်ဖက်နဲ့လူပါပဲ။

သူပဲအမျိုးမျိုး တတ်လည်းတတ်နိုင်တယ်။


"ဒီမှာမေဝိုင်းလေး..ငါမင်းကိုခေါ်ချင်လို့

ခေါ်နေတာမဟုတ်ဘူး..ငါတို့ကလက်ထက်ပြီးခါစပဲ

ရှိသေးတယ်..အဖွားအိမ်မှာကယာယီပဲ

လာနေသင့်တယ်..အများအမြင်မှာ

ငါကမိန်းမတစ်ယောက်ကိုတောင်

မကျွေးမွေးနိုင်တဲ့ ယောက်ျားတစ်ယောက်လို့

အမြင်မခံနိုင်ဘူး..."


"ရှင်ကလေ...တကယ်ကိုတစ်ကိုယ်ကောင်းဆန်တဲ့

လူပဲနော်..ရှင်ထွက်သွားဆိုတဲ့အချိန်မှာ

ထွက်သွားရပြီး..ရှင်ပြန်လာဆိုတိုင်းပြန်လာရအောင်

ကျွန်မကိုရှင်ကဘာထင်နေတာလဲ..

ရှင်သိရဲ့လား..ကျွန်မဘယ်တုန်းကမှ

ကိုယ့်ကိုကိုယ်မပိုင်ခဲ့ဖူးဘူး..ငယ်ငယ်တည်းကနေ

အခုအချိန်အထိ..ကျွန်မရဲ့ကိုယ်ပိုင်ဘ၀နဲ့

တစ်ကြိမ်တစ်ခါလေးတောင် ရှင်သန်ခွင့်မရခဲ့ဘူး..

အ၀တ်အစား၊အရုပ်..ကိုယ်တက်ချင်တဲ့တက္ကသိုလ်

ကိုယ်လုပ်ချင်တဲ့ဝါသနာ..

နောင်ဆုံးအိမ်ထောင်ရေးအထိပါ..ကျွန်မစိတ်ကြိုက်

ရွေးချယ်ခွင့် ဘယ်သူမှမပေးခဲ့ကြဘူး..

အခုလည်းရှင်ကကျွန်မကို အမိန့်လာပေးနေပြန်ပြီ

ရှင်တို့အားလုံး ကျွန်မကိုဘာဖြစ်စေချင်နေကြတာလဲ..အခုဖြစ်တဲ့ကိစ္စကို အခုမေ့သွားတတ်တဲ့

ခပ်တုံးတုံးမိန်းကလေးလို့ ထင်နေကြတာလား..."


တစ်ယောက်တည်း ပေါက်ကွဲကာကုတင်ပေါ်သို့

ထိုင်ချလိုက်ပြီး ထပ်ငိုနေပြန်တဲ့မေဝိုင်းလေးကို

ဒီတစ်ခါတော့ မင်းစက်အာဏာကပြန်၍

အံ့ဩစွာ ကြည့်နေမိလေသည်။

ကုတင်ပေါ်သို့ ဖွေးနုနေသောခြေထောက်ကလေးတွေကို တင်လိုက်ကာ လက်လေးပိုက်၍

ခေါင်းငုံ့ကာ သူမငိုနေရှာသည်။


မိန်းကလေးတစ်ယောက်ကို ဘယ်လိုနှစ်သိမ့်

ပေးရမလဲတော့ သူလုံး၀မသိပါဘူး။

ဒါပေမဲ့ ကိုယ်တိုင်လည်းရွေးချယ်စရာလွတ်လမ်း

မရှိခဲ့သည့် အကျဉ်းသားလိုဘ၀မျိုးကို

ရောက်ခဲ့ဖူးသည်။ဒါပေမဲ့ ကိုယ်တိုင်ပဲကြိုးစားရပ်တည် ခဲ့ရတယ်။


သေချာကြည့်တဲ့အခါ မေဝိုင်းလေးငိုနေတာဟာ

ကိုယ်အရမ်းမုန်းတဲ့မိန်းမငိုနေတာနဲ့ ပုံစံချင်း

ဆင်တူပေမဲ့။မတူတာကတော့ စစ်မှန်မှုပဲ။

ကိုယ့်ရဲ့မိထွေးကတော့ မျက်ရည်ကိုသူ့ရဲ့

အကာအကွယ်အဖြစ်၊လူတွေကိုလှည့်စားဖို့

ပရိယာယ်တစ်ခုအဖြစ် အသုံးပြုတတ်တာဖြစ်ပြီး

လုံး၀ကို စစ်မှန်မှုမရှိဘူး။

မင်းစက်သက်ပြင်းချလိုက်မိလေသည်။

ဒါဆို မေဝိုင်းလေးဟာတကယ်ကို၀မ်းနည်း

နေခဲ့တာပေါ့။


*ဘ၀မှာ အတုအယောင်တွေနဲ့သာတွေ့ကြုံခဲ့ရတာ

များတော့..အရာရာတိုင်းကိုစစ်မှန်မှု

မရှိဘူးလို့ပဲ..တွေးမိတဲ့အထိဆိုက်ကိုဆန်လာခဲ့တယ်

အထူးသဖြင့် လူတွေရဲ့ခံစားချက်နဲ့ပတ်သတ်ရင်

ကိုယ်မြင်တွေ့နေကြပုံစံတွေနဲ့ နှိုင်းယှဉ်ကြည့်မိပြီးယုံကြည်မှု အားနည်းလာခဲ့တယ်..

ကိုယ့်ရှေ့မှာမေဝိုင်းလေးမျက်ရည်ကျတဲ့အခါတိုင်း..မိန်းမတွေရဲ့လှည့်ကွက်တစ်ခုလို့ပဲ

တွေးခဲ့မိတယ်..*


"ကိုယ့်ကုမ္ပဏီမှာ အလုပ်ပြန်လုပ်ချင်လား..."


အမိန့်ပေးသံမျိုးမဟုတ်ပဲ ဝိုင်းလေးရဲ့ဆန္ဒကို

သိလိုဟန်နှင့် မေးလာသောကြောင့် သူ့ကိုမော့ကြည့်

လိုက်မိလေသည်။

ပထမဆုံးပဲ..။ဝိုင်းလေးရဲ့ဆန္ဒကို ဒီလိုမေးလာတာဟာ သူပထမဆုံးပါပဲ။

သူ့စိတ်ရင်းနဲ့လား..ဒါမှမဟုတ်ဟန်ဆောင်နေတာလား။


"စာရင်းတွေမှားတင်တာက မင်းရဲ့အမှားမဟုတ်မှန်း ကိုယ်သိပြီးသွားပြီ..မင်းဆန္ဒရှိရင်

ကိုယ့်ကုမ္ပဏီမှာ မင်းပြန်အလုပ်လုပ်လို့ရတယ်.."


"ရှင်တကယ်ပြောနေတာလား.."


"နောက်နေတယ်လို့ထင်နေတာလား..."


"မထင်ပါဘူး..."


ဒီလူဟာလေ ခပ်ကြာကြာစကားကောင်း

ပြောပေးရင် ဘာဖြစ်မှာမှတ်လို့။

သူ့စကားကိုအတည်ပြုဖို့နှစ်ခါတောင်

အမေးမခံဘူး။

ကိုယ်ကစိတ်ကောက်ရမလားမှတ်တယ်။

သူကကြီးပဲ ပြန်ပြန်ကောက်သွားတယ်။

ယောက်ျားကြီးဖြစ်ပြီး အလျှော့ပေးရမှန်းလည်း

မသိဘူး။တစ်ခါလောက်လေးများ သူဟာ

အရမ်းကောင်းမွန်တဲ့လူပါလားလို့ တွေးကြည့်လို့

မရအောင်ကို ပြုမှုတတ်တဲ့လူ။


"နောက်ဆုံးတစ်ခေါက်ပဲမေးတော့မယ်

ကုမ္ပဏီမှာ အလုပ်ပြန်လုပ်ချင်လား.."


"လုပ်ချင်တယ်..ဒါပေမဲ့..စီမံဌာနမှာတော့မဟုတ်ဘူး

အခြားတစ်နေရာကို ပြောင်းချင်တာ..

ပြောင်းလို့ရလား.."


"အဲ့ဒါက‌တော့မင်းသဘောပဲ..ကိုယ့်ရုံးခန်းနဲ့

နီးတဲ့နေရာကလွဲပြီး..ဘယ်ဌာနမှာမဆိုလုပ်ခွင့်ရှိတယ်..ကိုယ့်ရဲ့ဇနီးတစ်ယောက်အနေနဲ့

အဲ့ဒီ့လုပ်ပိုင်ခွင့်တွေအားလုံးမင်းကို

ပေးထားလို့ရတယ်...ဒါပေမဲ့နောက်ထပ်

အမှားထပ်လုပ်မိရင်တော့..မင်းဆက်လုပ်ခွင့်

မရှိတော့ဘူးနော်..ဘယ်လိုလဲ..."


လေးလေးနက်နက်ဆိုလာသည့် သူ့မျက်နှာကို

သေချာကြည့်လိုက်ကာ ဝိုင်းလေးခေါင်းငြိမ့်

ပြလိုက်မိသည်။အတွင်းရေးမှူးမချစ်သဲရဲ့

လက်ပ်တော့ကိုအသုံးချပြီး ဒီနေ့ရဲ့အစည်းအဝေး

ခန်းမကို ပြောင်းဆန်အောင်လုပ်ခဲ့မိတဲ့အပြင်

သူ့ရဲ့Expressoထဲမှာသံပုရည်တွေညစ်ထည့်ခဲ့တဲ့

လူဟာ ကိုယ်မှန်းသိရင်ဒီအခွင့်အရေးကြီးက

ရောက်လာမှာမဟုတ်လောက်ဘူး။

တော်သေးတာက ဒီကိစ္စတွေကိုသူမသိတာပဲ။


သူကလည်းလုပ်ကြံချင်စရာပဲလေ။

အခုတောင်သူ့ရုံးခန်းရဲ့အနီးကလွဲပြီး

အခြားဘယ်နေရာမဆို အလုပ်လုပ်လို့ရတယ်တဲ့။

ပြောပုံကိုက တကယ့်ရိုက်ပေါက်။

သူ့ရုံးခန်းအနီးမှာဆို သူ့ကိုလာရှုပ်မှာစိုးလို့ဟု

ပြောလိုက်သလိုပဲ။


"စိတ်ချ..ရှင့်ရုံးခန်းနားကိုဘယ်တော့မှမလာဘူး.."

အမှားလုပ်မိရင် ကြိုက်သလိုအပြစ်ပေးနိုင်တယ်..

ကျွန်မကအလုပ်လုပ်တဲ့သက်တမ်းနုပေမဲ့

ဘယ်တော့မှ အမှားမလုပ်ဘူး.."


"ပြောတဲ့စကားနဲ့လုပ်ရပ်ထပ်တူကျပါစေ

အခုရောအိမ်ကိုပြန်လိုက်ခဲ့လို့ရပြီလား..."


"အင်း..."


ဝိုင်းလေးက ကတိပေးလိုက်တော့သူကအရင်

အခန်းထဲမှထွက်သွားလေတော့သည်။

တစ်ခုတွေးမိတာရှိတယ်။

 သူကဝိုင်းလေးကို လာချော့ခေါ်တာနဲ့မတူပဲ

အပေးအယူလာလုပ်တာလိုပဲ။

ဒီလူ့မျက်နှာက တသက်လုံးဒီလိုခံစားချက်မရှိတဲ့

ရုပ်ထုကြီးလိုပဲ ဖြစ်နေမှာလား။


❤️❤️❤️❤️❤️❤️


ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ဆီတိုင်းကို

အထူးကျေးဇူးတင်ရှိပါတယ်

=========================================================================


အခန္း(၁၇)

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


မင္းစက္မွာအတတ္ႏိုင္ဆံုးကိုယ့္ဘက္ကေန

အေလ်ွာ့ေပးထားခဲ့ေပမဲ့ ေမဝိုင္းေလးကေတာ့

တြန္းကန္ရုန္းထြက္ေနတဲ့ လိႈင္းလံုးေလးမ်ားလို

ျပဳမူေနေလသည္။ကမ္းစပ္သို႔ေရာက္လာတိုင္း

လိႈင္းလံုးေလးမ်ားဟာ ေသာင္ျပင္ကိုတြန္းကန္ၿပီး

ျပန္လိမ့္ဆင္းသြားသလိုမ်ိဳးေပါ့။

သူ႔ဘက္ကစၿပီး ကိုယ့္ဘ၀ထဲကိုေျခလွမ္းလာၿပီးမွ

ကိုယ္ဟာ ေၾကာက္စရာလူယုတ္မာႀကီးအျဖစ္

တြင္က်န္ခဲ့ေအာင္ လုပ္‌ေနေလ့ရိွတယ္။


အခုလည္း ေမဝိုင္းေလး၏ေမးဖ်ားေလးကို

ညာဘက္လက္ႏွင့္ ေမာ့ထားေစကာ

မုန္တိုင္းတိုက္ခ်င္ေနေပမဲ့ ေတာင္တန္းေပၚမွာ

ေျမာက္ေလေျပာင္းတိုက္သလို ေလသံမ်ိဳးႏွင့္

"အိမ္ျပန္ၾကရေအာင္.."ဟုေျပာေနေသာ္လည္း

"အင္း..အဲ.."ဟုအသံတစ္သံေတာင္ ထြက္မလာေပ။

ခရမ္းခ်ဉ္သီးကိုၫွစ္လိုက္သကဲ့သို႔ အရည္ရႊမ္းေနေသာ မ်က္လံုးဝိုင္းႀကီးမ်ားကသာ ေၾကာင္ေတာင္ေတာင္ေလးၾကၫ့္လာေလသည္။


ကိုယ္ကလည္း ကိုယ့္အမွားကိုသိလို႔

ေခ်ာ့သာေခ်ာ့ေနရတာ စိတ္ကသိပ္ရွည္တာ

မဟုတ္ဘူး။

ကိုယ္ေခၚရင္ ခ်က္ခ်င္းလွၫ့္ၾကၫ့္မွႀကိဳက္သလို

ကိုယ္ခိုင္းရင္လည္း ခ်က္ခ်င္းထလုပ္မွ

သေဘာက်တာ။


အခုယူထားတဲ့မိန္းမၾကေတာ့

ပိန္းၾကာရြက္ေပၚ ေရတင္လို႔ကိုမရတဲ့ဟာေလး။

နဲနဲေလးမေအာ္ရဲဘူး။မ်က္ရည္ကဝိုင္းလာၿပီ။

သံေယာဇဉ္အမ်ွင္အတန္းေတြနဲ႔ ခ်ည္ေနွာင္တာ

မႀကိဳက္လို႔ အေမတို႔‌ကေတာင္မဆံုးမရဲတဲ့ကိုယ့္ကို

တစ္ခါလာလည္း အိမ္ေထာင္ေရးကိုဂရုမစိုက္ဘူး

ဆိုၿပီး နားလာလာပူေနတယ္။


"ေမဝိုင္းေလး..မင္းအေနတာေတာ့မဟုတ္ပါဘူးေနာ္.."


"ရွင္စကားကိုၾကၫ့္ေျပာေနာ္.."


လာျပန္ၿပီ..ဒီမိန္းမ...။မ်က္ေစာင္းကတခဲခဲနဲ႔

ဘီလူးမႀကီးသာဆို ကိုယ္ျပာက်ေနေလာက္ၿပီ။


မင္းစက္ကလည္း တစ္မ်ိဳးေတြးသလို

ေမဝိုင္းေလးကလည္း ထူးဆန္းစြာျပဳမူေနေသာ

မင္းစက္ကို တကယ္ႀကီးအံ့ဩမိ၍

ေၾကာင္ေနေလသည္။

လြန္ခဲ့တဲ့ တစ္နာရီေက်ာ္ေလာက္ကမွ ကိုယ့္ကို

ဆူပူခဲ့ၿပီး အခုၾကေတာ့အသံကႏူးညံတာလား၊

ဘာလားေတာ့မသိေပမဲ့

အေအးပက္ထားလို႔အက္ကဲြေနသလိုႀကီးနဲ႔

"အိမ္ျပန္ၾကရ‌ေအာင္တဲ့ေလ"

အရင္လိုမာေတာင့္ေနေသာ ေလသံမဟုတ္ေတာ့၍

ႏွစ္ကိုယ္ခဲြတဲ့ မင္းစက္အာဏာေနာက္တစ္ေယာက္မ်ားလားလို႔ေတာင္ ထင္မိသြားတဲ့အထိပဲ။


"ရွင္ထူးထူးဆန္းဆန္းပံုစံေတြ လာသရုပ္ေဆာင္

ျပမေနပါနဲ႔..ဘာကိစၥရိွလို႔ကၽြန္မဆီကိုလာတာလဲ.."


ေမဝိုင္းေလး၏စကားေၾကာင့္ မင္းစက္၏မ်က္ႏွာဟာ ခ်က္ခ်င္းတည္ၾကသြားခဲ့ၿပီး ပို၍မ်က္ေမွာင္

ႄကံု႔သြားခဲ့ေလသည္။

ကိုယ့္ကိုမ်ား အႏုပညာေက်ာင္းဆင္း‌

ထင္ေနသလားမသိဘူး။သရုပ္ေဆာင္တယ္တဲ့။

စြပ္စဲြခ်က္ႀကီးက တကယ္ကိုရူးေၾကာင္ေၾကာင္

ႏိုင္လြန္းတယ္။


"ငါခုဏကေျပာတဲ့စကားကို မင္းေမ့သြားတာလား

မင္းရဲ့ဦးေနာက္ကစကၠန႔္ပိုင္းေလာက္ပဲ

မွတ္ႏိုင္စြမ္း..ရိွေနတာေတာ့မဟုတ္ပါဘူးေနာ္.."


"အံမယ္..လူကိုမ်ားစြပ္စြပ္စဲြစဲြနဲ႔...ဘာလို႔ေမ့ရမွာလဲ

အိမ္ကိုျပန္ၾကရေအာင္လို႔ ရွင္ေျပာလိုက္တာမဟုတ္လား..ဘာလို႔မၾကားရမွာလဲ.."


"ၾကားရင္လည္းအိမ္ျပန္ၾကမယ္..."


"..ဘာလို႔ရွင္နဲ႔ျပန္လိုက္ရမွာလဲ

ရွင္ကေရာအတိတ္ေမ့သြားတာလား...

လြန္ခဲ့တဲ့တစ္နာရီေက်ာ္ေလာက္ကတင္ 

ကၽြန္မကိုတရားခံႀကီး တစ္ေယာက္လိုေျပာဆို

အလုပ္ထုတ္ခဲ့ၿပီး..အခုၾကအိမ္ကိုျပန္လိုက္ခဲ့

ဆိုေတာ့..တရားမလြန္လြန္းဘူးလား..

ရွင္ခိုင္းတဲ့အတိုင္း ဘာလို႔လုပ္ရမွာလဲ...

ရွင္ကဘာမို႔လို႔လဲ..."


"ငါကမင္းေယာက္်ားမို႔လို႔ေပါ့..."


"ဟင္.."


သူ႔ရဲ့ပိုင္စိုးပိုင္နင္းအမူအရာႏွင့္ စကားေၾကာင့္

ဝိုင္းေလးမွာ ဘာေျပာရမွန္းမသိေတာ့ေအာင္

စြံ႔အသြား‌ေလေတာ့သည္။

အိမ္ေထာင္ေရးကိုစိတ္မ၀င္စားသလို

ဒီလက္ထပ္ပဲြကိုေရာ ဝိုင္းေလးကိုပါ

မလိုလားခဲ့တဲ့လူက အခုသူျဖစ္ခ်င္တိုင္း

လိုက္မလုပ္ေတာ့ ဝိုင္းေလးကသူနဲ႔

သက္ဆိုင္သြားၿပီတဲ့လား။

တကယ္ကို မ်က္ႏွာႏွစ္ဖက္နဲ႔လူပါပဲ။

သူပဲအမ်ိဳးမ်ိဳး တတ္လည္းတတ္ႏိုင္တယ္။


"ဒီမွာေမဝိုင္းေလး..ငါမင္းကိုေခၚခ်င္လို႔

ေခၚေနတာမဟုတ္ဘူး..ငါတို႔ကလက္ထက္ၿပီးခါစပဲ

ရိွေသးတယ္..အဖြားအိမ္မွာကယာယီပဲ

လာေနသင့္တယ္..အမ်ားအျမင္မွာ

ငါကမိန္းမတစ္ေယာက္ကိုေတာင္

မကၽြေးေမြးႏိုင္တဲ့ ေယာက္်ားတစ္ေယာက္လို႔

အျမင္မခံႏိုင္ဘူး..."


"ရွင္ကေလ...တကယ္ကိုတစ္ကိုယ္ေကာင္းဆန္တဲ့

လူပဲေနာ္..ရွင္ထြက္သြားဆိုတဲ့အခ်ိန္မွာ

ထြက္သြားရၿပီး..ရွင္ျပန္လာဆိုတိုင္းျပန္လာရေအာင္

ကၽြန္မကိုရွင္ကဘာထင္ေနတာလဲ..

ရွင္သိရဲ့လား..ကၽြန္မဘယ္တုန္းကမွ

ကိုယ့္ကိုကိုယ္မပိုင္ခဲ့ဖူးဘူး..ငယ္ငယ္တည္းကေန

အခုအခ်ိန္အထိ..ကၽြန္မရဲ့ကိုယ္ပိုင္ဘ၀နဲ႔

တစ္ႀကိမ္တစ္ခါေလးေတာင္ ရွင္သန္ခြင့္မရခဲ့ဘူး..

အ၀တ္အစား၊အရုပ္..ကိုယ္တက္ခ်င္တဲ့တကၠသိုလ္

ကိုယ္လုပ္ခ်င္တဲ့ဝါသနာ..

ေနာင္ဆံုးအိမ္ေထာင္ေရးအထိပါ..ကၽြန္မစိတ္ႀကိဳက္

ေရြးခ်ယ္ခြင့္ ဘယ္သူမွမေပးခဲ့ၾကဘူး..

အခုလည္းရွင္ကကၽြန္မကို အမိန႔္လာေပးေနျပန္ၿပီ

ရွင္တို႔အားလံုး ကၽြန္မကိုဘာျဖစ္ေစခ်င္ေနၾကတာလဲ..အခုျဖစ္တဲ့ကိစၥကို အခုေမ့သြားတတ္တဲ့

ခပ္တံုးတံုးမိန္းကေလးလို႔ ထင္ေနၾကတာလား..."


တစ္ေယာက္တည္း ေပါက္ကဲြကာကုတင္ေပၚသို႔

ထိုင္ခ်လိုက္ၿပီး ထပ္ငိုေနျပန္တဲ့ေမဝိုင္းေလးကို

ဒီတစ္ခါေတာ့ မင္းစက္အာဏာကျပန္၍

အံ့ဩစြာ ၾကၫ့္ေနမိေလသည္။

ကုတင္ေပၚသို႔ ေဖြးႏုေနေသာေျခေထာက္ကေလးေတြကို တင္လိုက္ကာ လက္ေလးပိုက္၍

ေခါင္းငံု႔ကာ သူမငိုေနရွာသည္။


မိန္းကေလးတစ္ေယာက္ကို ဘယ္လိုႏွစ္သိမ့္

ေပးရမလဲေတာ့ သူလံုး၀မသိပါဘူး။

ဒါေပမဲ့ ကိုယ္တိုင္လည္းေရြးခ်ယ္စရာလြတ္လမ္း

မရိွခဲ့သၫ့္ အက်ဉ္းသားလိုဘ၀မ်ိဳးကို

ေရာက္ခဲ့ဖူးသည္။ဒါေပမဲ့ ကိုယ္တိုင္ပဲႀကိဳးစားရပ္တည္ ခဲ့ရတယ္။


ေသခ်ာၾကၫ့္တဲ့အခါ ေမဝိုင္းေလးငိုေနတာဟာ

ကိုယ္အရမ္းမုန္းတဲ့မိန္းမငိုေနတာနဲ႔ ပံုစံခ်င္း

ဆင္တူေပမဲ့။မတူတာကေတာ့ စစ္မွန္မႈပဲ။

ကိုယ့္ရဲ့မိေထြးကေတာ့ မ်က္ရည္ကိုသူ႔ရဲ့

အကာအကြယ္အျဖစ္၊လူေတြကိုလွၫ့္စားဖို႔

ပရိယာယ္တစ္ခုအျဖစ္ အသံုးျပဳတတ္တာျဖစ္ၿပီး

လံုး၀ကို စစ္မွန္မႈမရိွဘူး။

မင္းစက္သက္ျပင္းခ်လိုက္မိေလသည္။

ဒါဆို ေမဝိုင္းေလးဟာတကယ္ကို၀မ္းနည္း

ေနခဲ့တာေပါ့။


*ဘ၀မွာ အတုအေယာင္ေတြနဲ႔သာေတြ့ႄကံုခဲ့ရတာ

မ်ားေတာ့..အရာရာတိုင္းကိုစစ္မွန္မႈ

မရိွဘူးလို႔ပဲ..ေတြးမိတဲ့အထိဆိုက္ကိုဆန္လာခဲ့တယ္

အထူးသျဖင့္ လူေတြရဲ့ခံစားခ်က္နဲ႔ပတ္သတ္ရင္

ကိုယ္ျမင္ေတြ့ေနၾကပံုစံေတြနဲ႔ ႏိႈင္းယွဉ္ၾကၫ့္မိၿပီးယံုၾကည္မႈ အားနည္းလာခဲ့တယ္..

ကိုယ့္ေရ႔ွမွာေမဝိုင္းေလးမ်က္ရည္က်တဲ့အခါတိုင္း..မိန္းမေတြရဲ့လွၫ့္ကြက္တစ္ခုလို႔ပဲ

ေတြးခဲ့မိတယ္..*


"ကိုယ့္ကုမၸဏီမွာ အလုပ္ျပန္လုပ္ခ်င္လား..."


အမိန႔္ေပးသံမ်ိဳးမဟုတ္ပဲ ဝိုင္းေလးရဲ့ဆႏၵကို

သိလိုဟန္ႏွင့္ ေမးလာေသာေၾကာင့္ သူ႔ကိုေမာ့ၾကၫ့္

လိုက္မိေလသည္။

ပထမဆံုးပဲ..။ဝိုင္းေလးရဲ့ဆႏၵကို ဒီလိုေမးလာတာဟာ သူပထမဆံုးပါပဲ။

သူ႔စိတ္ရင္းနဲ႔လား..ဒါမွမဟုတ္ဟန္ေဆာင္ေနတာလား။


"စာရင္းေတြမွားတင္တာက မင္းရဲ့အမွားမဟုတ္မွန္း ကိုယ္သိၿပီးသြားၿပီ..မင္းဆႏၵရိွရင္

ကိုယ့္ကုမၸဏီမွာ မင္းျပန္အလုပ္လုပ္လို႔ရတယ္.."


"ရွင္တကယ္ေျပာေနတာလား.."


"ေနာက္ေနတယ္လို႔ထင္ေနတာလား..."


"မထင္ပါဘူး..."


ဒီလူဟာေလ ခပ္ၾကာၾကာစကားေကာင္း

ေျပာေပးရင္ ဘာျဖစ္မွာမွတ္လို႔။

သူ႔စကားကိုအတည္ျပဳဖို႔ႏွစ္ခါေတာင္

အေမးမခံဘူး။

ကိုယ္ကစိတ္ေကာက္ရမလားမွတ္တယ္။

သူကႀကီးပဲ ျပန္ျပန္ေကာက္သြားတယ္။

ေယာက္်ားႀကီးျဖစ္ၿပီး အေလ်ွာ့ေပးရမွန္းလည္း

မသိဘူး။တစ္ခါေလာက္ေလးမ်ား သူဟာ

အရမ္းေကာင္းမြန္တဲ့လူပါလားလို႔ ေတြးၾကၫ့္လို႔

မရေအာင္ကို ျပဳမႈတတ္တဲ့လူ။


"ေနာက္ဆံုးတစ္ေခါက္ပဲေမးေတာ့မယ္

ကုမၸဏီမွာ အလုပ္ျပန္လုပ္ခ်င္လား.."


"လုပ္ခ်င္တယ္..ဒါေပမဲ့..စီမံဌာနမွာေတာ့မဟုတ္ဘူး

အျခားတစ္ေနရာကို ေျပာင္းခ်င္တာ..

ေျပာင္းလို႔ရလား.."


"အဲ့ဒါက‌ေတာ့မင္းသေဘာပဲ..ကိုယ့္ရံုးခန္းနဲ႔

နီးတဲ့ေနရာကလဲြၿပီး..ဘယ္ဌာနမွာမဆိုလုပ္ခြင့္ရိွတယ္..ကိုယ့္ရဲ့ဇနီးတစ္ေယာက္အေနနဲ႔

အဲ့ဒီ့လုပ္ပိုင္ခြင့္ေတြအားလံုးမင္းကို

ေပးထားလို႔ရတယ္...ဒါေပမဲ့ေနာက္ထပ္

အမွားထပ္လုပ္မိရင္ေတာ့..မင္းဆက္လုပ္ခြင့္

မရိွေတာ့ဘူးေနာ္..ဘယ္လိုလဲ..."


ေလးေလးနက္နက္ဆိုလာသၫ့္ သူ႔မ်က္ႏွာကို

ေသခ်ာၾကၫ့္လိုက္ကာ ဝိုင္းေလးေခါင္းၿငိမ့္

ျပလိုက္မိသည္။အတြင္းေရးမွဴးမခ်စ္သဲရဲ့

လက္ပ္ေတာ့ကိုအသံုးခ်ၿပီး ဒီေန့ရဲ့အစည္းအေဝး

ခန္းမကို ေျပာင္းဆန္ေအာင္လုပ္ခဲ့မိတဲ့အျပင္

သူ႔ရဲ့Expressoထဲမွာသံပုရည္ေတြညစ္ထၫ့္ခဲ့တဲ့

လူဟာ ကိုယ္မွန္းသိရင္ဒီအခြင့္အေရးႀကီးက

ေရာက္လာမွာမဟုတ္ေလာက္ဘူး။

ေတာ္ေသးတာက ဒီကိစၥေတြကိုသူမသိတာပဲ။


သူကလည္းလုပ္ႀကံခ်င္စရာပဲေလ။

အခုေတာင္သူ႔ရံုးခန္းရဲ့အနီးကလဲြၿပီး

အျခားဘယ္ေနရာမဆို အလုပ္လုပ္လို႔ရတယ္တဲ့။

ေျပာပံုကိုက တကယ့္ရိုက္ေပါက္။

သူ႔ရံုးခန္းအနီးမွာဆို သူ႔ကိုလာရႈပ္မွာစိုးလို႔ဟု

ေျပာလိုက္သလိုပဲ။


"စိတ္ခ်..ရွင့္ရံုးခန္းနားကိုဘယ္ေတာ့မွမလာဘူး.."

အမွားလုပ္မိရင္ ႀကိဳက္သလိုအျပစ္ေပးႏိုင္တယ္..

ကၽြန္မကအလုပ္လုပ္တဲ့သက္တမ္းႏုေပမဲ့

ဘယ္ေတာ့မွ အမွားမလုပ္ဘူး.."


"ေျပာတဲ့စကားနဲ႔လုပ္ရပ္ထပ္တူက်ပါေစ

အခုေရာအိမ္ကိုျပန္လိုက္ခဲ့လို႔ရၿပီလား..."


"အင္း..."


ဝိုင္းေလးက ကတိေပးလိုက္ေတာ့သူကအရင္

အခန္းထဲမွထြက္သြားေလေတာ့သည္။

တစ္ခုေတြးမိတာရိွတယ္။

 သူကဝိုင္းေလးကို လာေခ်ာ့ေခၚတာနဲ႔မတူပဲ

အေပးအယူလာလုပ္တာလိုပဲ။

ဒီလူ႔မ်က္ႏွာက တသက္လံုးဒီလိုခံစားခ်က္မရိွတဲ့

ရုပ္ထုႀကီးလိုပဲ ျဖစ္ေနမွာလား။


❤️❤️❤️❤️❤️❤️


ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ဆီတိုင္းကို

အထူးေက်းဇူးတင္ရိွပါတယ္

6 comments:

  1. ကျေးဇူပါ နောက်ထပ်အဆက်တွေမျှော်နေမယ်နော့❤️

    ReplyDelete
  2. ဖတ်ရတာမဝဘူး

    ReplyDelete
  3. ဖတ်ရတာအားမရဘူး ၀ယ်ဖတ်လို့ရရင် ဖတ်ချင်ပါတယ်ရှင်

    ReplyDelete
  4. နောက်ဆက်တွဲမျှော်လင့်လျှက်ပါ

    ReplyDelete
  5. မိန်းမကို စီးပွားရေလုပ်နေတယ်များလားအောင့်မေ့ရတယ်

    ReplyDelete
  6. ဇာတ်လမ်းလေးဖတ်လို့ကောင်းတယ်နော် နေ့တိုင်းဖတ်ချင်လို့ ဝင်ကြည့်ရတာ🥰🥰

    ReplyDelete