(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း (၉)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
ဝိုင်းလေးလန့်နိုးလာတော့ ပထမဆုံး
မြင်လိုက်ရတာက အဖြူရောင်မျက်နှာကျက်ကြီး
ဖြစ်နေပြီး လက်ကိုလှုပ်လိုက်မိတဲ့အချိန်မှာ
ဆစ်ကနဲ့ နာကျင်သွားတာကြောင့်
ဆေးချိတ်ခံထားရမှန်းသိလိုက်သည်။
အိပ်မက်ဆိုးတွေမက်နေခဲ့၍
ရင်တွေတုန်ကာ မောဟိုက်နေလေသည်။
အိပ်မက်ထဲမှာ အိင်္ကျီအနက်ရောင်၀တ်ထားတဲ့
လူတစ်ယောက်၏အနောက်ကို
ပြေးလိုက်နေခဲ့မိတယ်။
ပြီးတော့ သူကဝိုင်းလေးကို အေးစက်မှောင်မိုက်တဲ့ နေရာမှာတစ်ယောက်တည်းထားခဲ့တယ်။
ဝိုင်းလေးသူ့ကိုအော်ခေါ်ပြီး အကူအညီ
တောင်းခဲ့ပေမဲ့ သူပြန်ရောက်မလာခဲ့ဘူး။
"မင်းစက်အာဏာ!!!!"
ဆေးရုံသီးသန့်အခန်း၏ တံခါးဘက်အခြမ်းသို့ ကိုယ်လုံးကိုအနည်းငယ်စောင်းလိုက်တော့
ဆိုဖာပေါ်တွင် ထိုင်နေသောမင်းစက်အာဏာကို တွေ့လိုက်ရသည်..။
သူဟာ အနက်ရောင်ကုတ်အိင်္ကျီကို
၀င်ဆင်ထားပြီး ထုံးစံအတိုင်းလက်ပ်တော့
နှိပ်ရင်း အလုပ်ရှုပ်နေလေရဲ့။
ပြူတင်းတံခါးအပြင်ဘက်တွင် နေသာနေကာ
ခန်းစီးလိုက်ကာ အဖြူလေးများသည် လေတိုက်၍
လှုပ်လီလှုပ်လဲ့ဖြစ်သွားတိုင်း သူ့မျက်နှာပေါ်သို့
နေရောင်လေးဟာ တိုက်ရိုက်ထိတွေ့လာခဲ့သည်။
ခေါင်းငုံ့ပြီး အလုပ်လုပ်နေ၍ ခပ်ပြေပြေနဖူးကို
အပေါ်စီးမှ သေချာတွေ့ရလေသည်။
ခပ်လှမ်းလှမ်းမှ ကြည့်တာတောင်နှာတန်ဟာ
ဖြောင့်စင်းနေပြီး ကော့ညွှတ်နေသော
မျက်တောင်ထူထူတွေကို သေချာမြင်နေရသည်။
ဒီလို ထူထဲသည့်မျက်တောင်တွေကြောင့်
သူ့အကြည့်တွေက စူးရှနေတာပဲနေလိမ့်မယ်။
"မင်းနိုးပြီလား..!!!!"
စကားပြောတယ်ဆိုတော့ တကယ်ကြီး
သူလား..။
အစက မြင်ယောင်နေတာထင်ပြီး ကြည့်နေမိခဲ့တာ။
လုံး၀မယုံကြည်နိုင်၍ ကိုယ့်မျက်လုံးကို
ပြန်၍ပွတ်ကြည့်ရလေသည်။
သူကဘယ်လိုဖြစ်ပြီး ဝိုင်းလေးရဲ့
လူနာစောင့်လာလုပ်ပေးနေရတာလဲ??...
မင်းစက်အာဏာကတော့ သူထိုင်နေတဲ့
နေရာမှထရပ်လိုက်ပြီး ဝိုင်းလေး၏
လူနာကုတင်ဆီသို့ လျှောက်လာလေသည်။
"သက်သာရဲ့လား..."
ဝိုင်းလေး၏ နဖူးကိုစမ်းသပ်ဖို့
သူကလက်လှမ်းလိုက်ပေမဲ့ သူနှင့်
အသားချင်းမထိချင်၍ မျက်နှာကို
တစ်ဖက်သို့လွှဲပြစ်လိုက်သည်။
ဝိုင်းလေးကို နှစ်လတိတိပြစ်ထားခဲ့တဲ့လူကို
မျက်နှာချင်းတောင်မဆိုင်ချင်ပေ။
မထင်မှတ်ထားခဲ့တာကတော့ မေဝိုင်းလေး၏
လုပ်ရပ်သည် မင်းစက်အာဏာ၏ စိတ်ကို
နှိုးဆွလိုက်သကဲ့သို့ ဖြစ်၍နေသည်။
မျက်နှာကို တစ်ဖက်ခြမ်းသို့ လွှဲထားပြီး
သူနှင့်မထိတွေ့ချင်သည့် မိန်းမကို
မျက်၀န်းများမှေးကျဉ်းလျှက် စူးစူးရဲရဲ
စိုက်ကြည့်လိုက်ကာ တစ်ဆက်တည်းမှာပဲ
မေဝိုင်းလေး၏ သေးငယ်သောမေရိုးမှသည်
ပါးပြင်တစ်ခုလုံးဟာ သူ့လက်ဖဝါးထဲသို့
ရောက်ရှိသွားခဲ့လေသည်။
"အာ့...ရှင်ဘာလုပ်တာလဲ.."
နှစ်ယောက်သားဟာ မျက်၀န်းအကြည့်ချင်းဆုံနေပေမဲ့ ရင်ခုန်မနေပဲ အခြေအနေမှာတင်းမာနေခဲ့သည်။
မေဝိုင်းလေးသည် ပက်လက်အနေအထား
ဖြစ်နေကာ လက်တစ်ဖက်ကို
ဆေးထိုးအပ်ချိတ်ထားခံရ၍ လွတ်လပ်သော
လက်တစ်ဖက်ဖြင့်သာ သူ့လက်မောင်းကို
ထုရိုက်နိုင်လေသည်။
ကျားပေါက်လေးလို အစွယ်တငေါငေါ
ဖြစ်ကာ ရန်လိုနေသောမေဝိုင်းလေး၏ပုံစံက
မင်းစက်ကို အလွန်စိတ်အနှောက်အယှက်
ဖြစ်စေသည်။
လက်မောင်းအား ထုရိုက်နေသော
မေဝိုင်းလေး၏ဂဏှာမငြိမ်သော လက်ကိုပါ ခေါင်းအုံးပေါ်သို့ ဆွဲချ၍ဖိကပ်ပြစ်လိုက်မိ
လေသည်။
ဝိုင်းလေးမှာ သူ့လက်ကြီးနှင့်ဖိညှစ်ခံထားရ၍
ပါးရိုးတွေရော လက်ကောက်၀တ်ပါ
နာလွန်းလို့ နင်းကန်ရုန်းပေမဲ့
အားမတန်၍ မာန်သာလျှော့လိုက်ရလေသည်။
မင်းစက်ကတော့ မေဝိုင်းလေး၏ လည်တိုင်မှစ၍
ခြောက်သွေ့ကာ သွေးမရှိသလိုဖြစ်နေသော
နှုတ်ခမ်းလေးမှသည် မျက်နှာတစ်ခုလုံးကို
ခြုံငုံကြည့်လိုက်လျှက် အကြည့်ချင်းပြန်ဆုံကာ
"ငါ့ကိုဂလန်ဂဆန်လုပ်ရင် ဆေးရုံမှာပဲ
မင်္ဂလာဦးညဖြစ်သွားမယ်နော်.."
"သေနာကြီး..ရှင်မိုက်ရိုင်းလှချည်လား.."
"မင်းငါ့ကိုဆဲလိုက်တာလား
သတ္တိရှိရင် နောက်တစ်ခါထပ်ဆဲကြည့်လိုက်"
မင်းစက်ကထပ်ဆဲခွင့်ပေးပေမဲ့ ဖြစ်လာမည့်
အကျိုးဆက်ကို သိနေ၍မေဝိုင်းလေးမှာ
အသံတောင်မထွက်ရဲတော့ပဲ နှုတ်ခမ်းလေးကို
စိထားရလေသည်။
မေဝိုင်းလေး၏ လက်လျော့သွားသော
ထိုအမူအရောကြောင့်မင်းစက်ကတော့
အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်ကာ
သူမကိုချုပ်ထားရာမှ ဖြည်လွှတ်ပေးလိုက်
လေသည်။
ပါးစပ်ကတော့ ဘာမှပြန်ခံမပြောတော့ပေမဲ့
မျက်လုံးတွေက မုန်းတီးသလိုကြည့်လာတာ
ကိုတော့ သိပ်မကြိုက်ပေ။
ကုတင်ဘေး၌ လက်ပိုက်ပြီး ကျားပေါက်လေးကို ဘယ်လိုကျိုးနွံအောင် လုပ်ရမလဲဟုသာ
စဉ်းစားနေမိသည်။
"နှစ်လလောက်မတွေ့ရတဲ့ ခင်ပွန်းကို
ပြန်တွေ့တဲ့အချိန်မှာ ဆက်ဆံတဲ့ပုံစံက
အရမ်းယဉ်ကျေးလွန်းမနေဘူးလား..
ငါ့မိတ်ဆွေအသိုင်းအဝိုင်းထဲမှာ
မင်းလောက်ရိုင်းတဲ့ မိန်းကလေးမျိုး
တစ်ခါမှမတွေ့ဖူးဘူး..."
အောင်မာ..လူကိုများ။
မေဝိုင်းလေးက ဒါမျိုးတော့ဘယ်ရမလဲ
ချက်ချင်းငေါက်ကနဲ ထထိုင်လိုက်ပြီး
ဆက်ကနဲ သူ့မျက်နှာကိုမီးတောက်တော့မလို
မျက်လုံးမျိုးနှင့် ကြည့်ပြစ်လိုက်သည်။
"ကော်ညှင်းကမစေးရပဲ ဆန်ကြမ်းကလာစေးတယ်ဆိုတာ ရှင့်လိုလူအတွက်ရည်ရွယ်ထားတဲ့
စကားပုံပဲနေလိမ့်မယ်..စကားကို
ကပြောင်းကပြန်တော်တော်ပြောတတ်တယ်နော်
...ကျွန်မကိုရိုင်းတယ်လို့ပြောရအောင်
ရှင်ကရောဘယ်နေရာကများ
ယဉ်ကျေးနေလို့လဲ..လူကြီးလူကောင်း
အမည်ခံပြီး မိန်းမတစ်ယောက်ကို
အနိုင်ကျင့်နေတာပဲ မဟုတ်ဘူးလား.."
"ဒါကအနိုင်ကျင့်တာမှမဟုတ်တာ
မင်းကငါ့ကိုလာထုလို့ ကိုယ့်ကိုကိုယ်
ကာကွယ်တဲ့အနေနဲ့ ပြန်ချုပ်ရမှာပေါ့.."
"ဒါဆိုလည်းဖြည်းဖြည်းသက်သာလုပ်လေ
အခုတော့ ရှင့်ကြောင့်မေးစေ့တွေရော
လက်တွေရောနာကုန်ပြီ.."
"အော်..မင်းကြတော့ငါ့ကိုတအားထုပြီး
ငါကြတော့ ဖြည်းဖြည်းဖွဖွပဲပြန်ချုပ်ရမယ်ပေါ့ တော်တော်တရားကျဖို့ကောင်းတယ်
ဒါကြောင့် မိန်းမ..မယူချင်တာ.."
"ရှင့်ကိုလည်း ဘယ်သူကအတင်းယူခိုင်းနေလို့လဲ အစတည်းကအိမ်ထောင်မပြုချင်ရင်
ငြင်းခဲ့ပါတော့လား..အဟင့်..အခုတော့
မင်္ဂလာဆောင်ပြီးနောက်တစ်နေ့မှာပဲ
ခရီးထွက်သွားလိုက်တာများတမေ့တမော..
ရှင့်လိုယောက်ျားမျိုးကလည်း တကယ်ကို
ရှားပါးမျိုးစိပ်ပါပဲ..မိုက်ခရီစကုပ်နဲ့ရှာတောင်
ဒီလိုယောက်ျား ဒီတစ်ယောက်ပဲရှိလောက်မယ်.."
"မင်းကလည်း သိပ်ကောင်းချင်စရာ
မိန်းမပဲကို မင်္ဂလာဦးညမှာငါ့ကို
ကုတင်ပေါ်ကနေ ကန်ချခဲ့တာဘယ်သူလဲ..
မင်းဘက်ကနေစပြီး မဆင်မခြင်
ပြုမူခဲ့တာ မဟုတ်ဘူးလား..."
"အောင်မယ်..ကျွန်မကပဲမဆင်မခြင်ပြုမူတယ်
ဖြစ်ရသေး..ရှင်ကသာကျွန်မဘက်က
ခံစားချက်ကို ထည့်မတွေးခဲ့တာလေ..
ကျွန်မအနေနဲ့ရည်းစားတောင် တစ်ခါမှ
မထားခဲ့ဖူးတာ..အဲ့လိုကိစ္စကြီးကိုဘယ်လို
လက်ခံနိုင်မှာလဲ..
ရှင့်သာယောက်ျားကောင်းမှန်ရင်
နားလည်နိုင်ရမှာပေါ့..အခုတော့အေးရော..
သူ့ဆွေမျိုးတွေကြားမှ ပြစ်ထားခဲ့တယ်..
ရှင်တော်တော်အသဲနှလုံးမဲ့တဲ့လူ.."
"ဒီမှာ..ငါ့လိုလူကိုယူရင် ဒီလိုအခြေအနေတွေနဲ့
မဖြစ်မနေကြုံရမယ်ဆိုတာကို
မင်းနားလည်ထားသင့်တယ်..ငါမင်းကို
လက်ထက်ခဲ့တယ်ဆိုတာ..ကျိုးနွံပြီး၊နားလည်မှု
ပေးနိုင်မဲ့ မိန်းမဖြစ်မယ်ထင်လို့
အခုတော့ ယောက်ျားကစီးပွားရေး
ထွက်လုပ်တာကိုတောင် နားလည်မှုမရှိပဲ
ပြဿနာရှာနေတယ်..."
"ကျိုးနွံရအောင်..
ရှင်ကမိန်းမယူတာကို ကျွန်တစ်ကောင်
၀ယ်လိုက်တယ်များ မှတ်နေလား..
ရှင်ထားရာနေ စေရာသွားရအောင်
ကျွန်မက အသက်ရှိတဲ့လူရှင့်
အရုပ်တစ်ရုပ်မဟုတ်ဘူး..."
"ကိုယ့်အတွက်တော့မင်းက
အရုပ်တစ်ရုပ်သာသာအဆင့်ပဲမေဝိုင်းလေး"
"ရှင်ဘာပြောလိုက်တယ်..."
"မင်းမေ့နေပြီလား..
ကိုယ်နဲ့မင်း စားသောက်ဆိုင်မှာ
ပြောခဲ့တဲ့စကားတွေကို..တကယ်ကြီး
မေ့လိုက်တာတော့ မဟုတ်ပါဘူးနော်..
အိမ်ထောင်ရေးဆိုတာကိုယ့်အတွက်
ဖဲကစားတာလောက်တောင် အရေးမပါဘူးလို့
ရှင်းအောင်ပြောခဲ့ပြီးသား
ဒါကိုသိသိကြီးနဲ့ မင်းလက်ခံခဲ့တာမဟုတ်ဘူးလား
မင်းက လွယ်လွယ်နဲ့အတိတ်မေ့တတ်တာပဲ..."
အဲ့ဒီ့အချိန်တုန်းက ဝိုင်းလေးသူ့နဲ့လက်ထပ်ဖို့
ဘာကြောင့် သဘောတူခဲ့ရသလဲဆိုတော့
မမခင်ထိပ်ထားဦးကို အရွဲ့တိုက်ချင်တာကြောင့်၊
ပြီးတော့ ဝိုင်းလေးကိုသူကရွေးချယ်ခဲ့တယ်ဆိုတဲ့
စကားကြောင့်ရယ်၊မိသားစုရဲ့ လိုအပ်ချက်ကို
ငဲ့ခဲ့မိတဲ့အတွက်ရောပေါ့...။
ငြင်းလို့ရတဲ့ အခွင့်အရေးတွေရခဲ့ပေမဲ့
ငြင်းမရအောင် ချောင်ပိတ်မိခဲ့ရတယ်။
အားလုံးဟာ အဘက်ဘက်ကနေဝိုင်းလေးကို
ဒီလူ့ရဲ့ သားရဲတွင်းထဲကို တွန်းပို့ခဲ့ကြတယ်..။
"ဒါဆိုရှင်ကရော ဘာကြောင့်မမကိုမရွေးပဲ
ကျွန်မကိုရွေးခဲ့ရတာလဲ.."
မေဝိုင်းလေး၏ ကိုယ့်ကိုကိုယ်
အထင်သိပ်ကြီးနေသော စကားကိုကြားရတော့
သူမဲ့ပြုံးပြုံးလိုက်မိလေသည်။
"ငါမင်းကို ရွေးချယ်ခဲ့တာက
ငါ့ကိုဖျော်ဖြေပေးမဲ့ အရုပ်မလေးတစ်ရုပ်ကို
လိုအပ်ခဲ့လို့ပဲ ဖြစ်ချင်တော့မင်းက
မနာခံတတ်တဲ့ အရုပ်ကလေးတစ်ရုပ်ဖြစ်နေခဲ့တယ်
မင်းသိထားရမှာက ငါ့လိုကောင်ကို
ဘယ်သူကမှ အမိန့်လာပေးလို့မရဘူး
ငါ့ရဲ့အချိန်တစ်မိနစ်ဆီတိုင်းက
အရမ်းတန်ဖိုးကြီးတဲ့အတွက်
မင်းလိုဘာမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ဘေးမှာ တွယ်ကပ်မနေနိုင်ဘူး
သည်းမခံနိုင်ရင်တော့ မင်းသဘောပဲ..."
"နှလုံးသားမရှိတဲ့လူ..ရှင်ဟာနတ်ဆိုးတစ်ကောင်ပဲ
ယောက်ျားတွေများစွာထဲမှာ ရှင်လိုလူနဲ့
တွေ့ဆုံမိတာကိုက ကျွန်မကံဆိုးတာ.."
မွေဝိုင်းလေးကတော့ ပြောရင်းနှင့်
ငိုချလိုက်လေတော့သည်။
အညိုရောင်တောက်နေသော မျက်၀န်းအိမ်လေးတစ်ခုလုံးသည် ၀မ်းနည်းခြင်းအရောင်
ထင်ဟပ်နေကာ ပါးပြင်မှလည်ချောင်းတစ်လျှောက်
အထိ မျက်ရည်စီးကြောင်းလေးဖြစ်ပေါ်လာသည်။
*ဒုက္ခပဲ ဒီမျက်ရည်တွေကလည်းဒီလူ့ရှေ့မှ
ထွက်လို့ကို မကုန်နိုင်တော့ဘူး..*
မင်းစက်အာဏာအတွက်တော့ မေဝိုင်းလေး၏
မျက်ရည်ကျနေသော ပုံစံဟာသူသိပ်မုန်းသော
မိန်းမတစ်ယောက်ကို သွား၍သတိရစေသည်။
အဖေ့ဆီကနေ မေတ္တာတွေ၊ဂရုဏာတွေနဲ့
စည်းစိမ်တွေအားလုံးကို တစ်ယောက်တည်း
မောင်ပိုင်စီးချင်တဲ့မိန်းမပေါ့။
သူမျက်ရည်တစ်ခါကျရင် ကိုယ့်အပေါ်အဖေ့ရဲ့
အမုန်းတွေက တစ်စထပ်တစ်စပိုတိုးလာလေ့ရှိတယ်။ကြာတော့ မျက်ရည်ကျတဲ့လူတွေကိုပါ
ကြည့်မရတော့ဘူး။
အားလုံးဟာ ဟန်ဆောင်နေကြတာလို့ပဲမြင်တယ်။
"..ကျေးဇူးတင်ပါတယ် အခုလိုပွင့်ပွင့်လင်းလင်း
အသိပေးလာခဲ့လို့...အစကတော့
ကျွန်မကိုရှင်တို့ရဲ့ အဲ့ဒီစိတ်ပျက်စရာအိမ်ကြီးထဲမှာ
ထားခဲ့တဲ့အတွက် ရှင့်ကိုအရမ်းဒေါသထွက်ခဲ့တယ်....
ရှင့်အမေနဲ့အဖွားကလွဲပြီ...ကျန်တဲ့လူတွေက
ကျွန်မကို အစက်အပျောက်လေးတစ်ခုလိုပဲ
သဘောထားကြတဲ့အတွက်
ဒီလိုအခြေအနေကနေ ရှင်လာပြီးကယ်ထုတ်မဲ့
အချိန်ကို စောင့်နေမိပါသေးတယ်
မင်္ဂလာဆောင်ပြီးနောက်တစ်နေ့မှာ
နည်းနည်းလေးတောင် အသိမပေးပဲ
ရှင်ထွက်သွားတဲ့ကိစ္စက အိမ်ဖော်တွေပြောမှ
သိခွင့်ရခဲ့တယ်..
ရှင့်လုပ်ရပ်ကြောင့် ကိုယ့်ဘ၀ကိုယ်
ဘာမှအရေးမပါတဲ့ ဆန်ကုန်မြေလေးလို
ပထမဆုံး ခံစားလိုက်ရတယ်
ရှင်နဲ့မတွေ့ခင်ကအထိ..ကျွန်မဘ၀က
အဆင်ပြေနေခဲ့သေးတယ်..အခုတော့
ကျွန်မရဲ့လွတ်လပ်ပျော်ရွှင်နေရတဲ့ဘ၀လေးက
အေးစက်မှောင်မိုက်တဲ့ တွင်းနက်ထဲမှာ
ဆုံးဆုံးမြုပ်သွားခဲ့ရပြီပေါ့...
အခုအချိန်မှာ..ရှင့်အတွက်ကျွန်မက
အရေးမပါသလို..
ကျွန်မအတွက်လည်းရှင်ဟာ ဘာမှအသုံးမ၀င်တဲ့
ယောက်ျားတစ်ယောက်ပဲ..ကိုမင်းစက်...."
"မင်းဘာပြောလိုက်တယ်..."
"ရှင်စိတ်ချမ်းသာရမဲ့စကားကို
ပြောနေတာလေ..
ကျွန်မတို့နှစ်ယောက်ကြားမှာ
စာချုပ်တစ်ခုကလွဲပြီး ဘာမှအသက်မ၀င်တော့ဘူး
ကျွန်မရှင့်ကို ချုပ်နှောင်ဖို့ကြိုးစားမှာ
မဟုတ်တော့သလို ရှင့်ကိုတွယ်ကပ်ဖို့လည်း
အစီအစဉ်မရှိတော့တဲ့အတွက် ကျေးဇူးပြုပြီး
ရှင့်ရဲ့အဖိုးတန်တဲ့အချိန်တွေကို ကျွန်မအတွက်
မဖြုန်းတီးပါနဲ့ အခုချက်ချင်းအခန်းထဲကနေ
ထွက်သွားပေးပါ.."
မင်းစက်အာဏာ၏မာနကို ဒီမိန်းကလေးက
အကောင်းဆုံးရိုက်ချိုးလိုက်တာပဲ။
"ဘာတဲ့..သူ့အတွက်ဘာမှအသုံးမ၀င်တဲ့..
ယောက်ျားဆိုပဲ..."
ဒီစကားကို ပြောရဲတဲ့သတ္တိကတော့ အံ့မခန်းပဲ။
ပုံမှန်ဆိုရင် မင်းစက်အာဏာကိုဒီလိုလာပြောရဲတဲ့
လူဟာ ဘယ်ကနေအသက်ထွက်ရမလဲ
မသိ ဖြစ်သွားနိုင်တယ်။
စိတ်ကို အဆုံးအထိလျော့ချပေးထားတာကို
အလိုက်ကန်းဆိုးမသိတတ်တဲ့ မိန်းမ။
မေဝိုင်းလေးကို ခံပြင်းစွာခပ်တင်းတင်း
ကြည့်လိုက်ပြီးနောက် လက်ပ်တော့ကိုယူကာ
ဆေးရုံအခန်းထဲမှ
ခြေလှမ်းကျဲကျဲနင်း၍ ထွက်လာခဲ့လိုက်သည်။
"ဟဲ့..သား..ပြန်တော့မလို့လား.."
ဒေါ်ရတနာလည်း ဆေးရုံခန်းအပြင်ဘက်သို့
မျက်နှာမကြည်မသာနှင့် ထွက်လာသော
သားဖြစ်သူကို တွေ့လိုက်ရ၍
အတင်းတားပြီး မေးလိုက်မိလေသည်။
မျက်နှာကြောကတော့ တော်တော်လေး
တင်းမာနေပြီး တစ်ယောက်ယောက်နဲ့
ပြဿဖြစ်ထားသလို ရုပ်မျိုးဖြစ်နေသည်။
"ကျွန်တော်အလုပ်ကိစ္စလေးရှိသေးလို့..
သူ့ကိုအမေပဲဂရုစိုက်လိုက်ပါ..."
"ဟဲ့..အော်..ဒီနေ့မှပြန်ရောက်တာကို
နားပါအုံးလား..ဒီကောင်လေးဟာလေ
မပြောချင်တော့ပါဘူး..ပြောလည်းနားထောင်တာမှ
မဟုတ်တာ.."
အစကတော့ ဒီနေ့မေဝိုင်းလေးကိုသူပဲ
ဆေးရုံစောင့်ပေးမယ်ဆိုပြီး အမေကိုအိမ်ပြန်ဟု
ပြောခဲ့တာ သေချာပါတယ်။
အခုကြတော့ ကောက်ခါငင်ခါကြီး အမေပဲ
ဂရုစိုက်လိုက်ပါဟု ပြောပြန်သည်။
ဒီကလေးတွေ ဘာဖြစ်နေကြမှန်းကိုမသိဘူး။
အိမ်ထောင်ကျပြီးလည်း စိတ်ကိုမအေးရဘူး။
"ဟောတော့...သမီးလေး..ဘာလို့ငိုနေရတာလဲ.."
မေဝိုင်းလေး၏ ဆေးရုံသီးသန့်အခန်းထဲသို့
၀င်လိုက်တော့ လူနာကုတင်ပေါ်မှာထိုင်ပြီး
တရှုံ့ရှုံ့ရှိုက်၍ ငိုနေသောကလေးမကို
တွေ့လိုက်ရကာ ထပ်ဆင့်ပြီးရင်မောရပြန်လေသည်။
အတင်းပြေးပြီး ချော့တော့ခါးကိုဖက်လာကာ
ပို၍ ငိုအားသန်လာခဲ့သည်။
*ငါ့နယ်..ဒီကလေးတွေနဲ့တော့ခက်တာပဲ...
အမေရေ..အမေမွှေတဲ့မီးကတော့
ငြိမ်းမရတော့ဘူးနဲ့တူပါတယ်...
ငါထင်အတိုင်းကို အတိအကျဖြစ်လာတာပဲ
မင်းစက်ဟာ တကယ်ကိုအဖေတူသားပါလား
သူ့အကျင့်ကို ဘယ်အချိန်မှပြင်မှာလည်းမသိဘူး
ကိုယ်ဆုံးမလည်း မနာခံတော့ခက်ချည်ရဲ့...*
"မငိုပါနဲ့သမီးလေးရယ်...သမီးရဲ့အိမ်ကလူတွေ
လာနေကြပြီတဲ့ တော်ကြာသမီးလေးငိုနေတာ
တွေ့ရင် စိတ်မကောင်းဖြစ်နေကြအုံးမယ်
အမေလေ..မင်းစက်ကို
သေချာဆုံးမပေးပါ့မယ်နော်..."
"ဟင့်အင်း..သူ့ကိုဘာမှသွားမပြောပါနဲ့တော့
သူကဘယ်လိုပြောပြော ရမဲ့လူမဟုတ်ဘူး.."
"အဲ့ဒါတော့ဟုတ်တယ်..ဒီကောင်ကအင်္ဂါသားဆိုတဲ့အတိုင်း စိတ်ကလည်းလက်တစ်ဆစ်စာပါကွယ်
ဒေါသကြီးပြီး ဘယ်သူကဘာပြောပြောမရဘူး.."
"အမေ..သူကကြာသပတေးသားမဟုတ်ဘူးလားဟင်.."
"မဟုတ်ဘူးသမီးရဲ့..သူ့ကိုအင်္ဂါနေ့မှာမွေးတာ
ဗေဒင်သွားတွက်တော့ အင်္ဂါနာမ်နာမည်ပေးရင်
ပျက်စီးရာပျက်စီးကြောင်း ဖြစ်တတ်တယ်ဆိုလို့
နေ့သစ်နာမ်သစ်ပေးထားတာ..."
အဲ့ဒါမှကောင်းရော..။ဝိုင်းလေးရဲ့အမေကတော့
ကြာသပတေးနာမ်ချင်းတူလို့ အဆင်ပြေမှာပါဟု
ပြောခဲ့ပေမဲ့ အခုတော့အင်္ဂါသား ခြင်္သေ့မင်းတဲ့လား။
ဒါကြောင့်မို့ လူကိုဟိန်းလိုက်၊ဟောက်လိုက်နဲ့
အနိုင်ကျင့် ဗိုလ်ကျနေတာပေါ့။
❤️❤️❤️❤️❤️❤️❤️❤️
"မမဝိုင်းလေး ဒီမှာခဏထိုင်နေအုံးနော်..
အခန်းထဲမှာ ကြည်ကြည့်ပိုက်ဆံအိတ်ကျန်ခဲ့လို့
သွားယူလိုက်အုံးမယ်.."
"အေး..မြန်မြန်တော့ပြန်လာခဲ့နော်..."
ဝိုင်းလေး သက်သာသွားပြီဖြစ်၍ ဆေးရုံဆင်းရတော့မည်ဖြစ်သည်။မေမေတို့ကတော့
မနေ့က တစ်နေ့ခင်းလုံးလာပြီးအဖော်ပြုပေးခဲ့တယ်။
ဒီနေ့တော့ အိမ်မှာလည်းအဖေကမကျန်းမာ၍
ထပ်မလာဖို့နဲ့ ဝိုင်းလေးသက်သာနေပြီ
ဖြစ်ကြောင်း ဖုန်းဆက်လိုက်မိသည်။
ယောက္ခမကြီးကလည်း ရွှေဆိုင်တွေတစ်ဖက်နဲ့မို့
မလာခိုင်းတော့ပဲ ကြည်ကြည့်ကိုပဲလွှတ်ဖို့
ပြောလိုက်သည်။
ဝိုင်းလေးကြောင့် ဘယ်သူမှစိတ်မဆင်းရဲ
စေချင်ပေ။
"ဟဲ့...တယောသံကိုကြားရလား..အောက်ထပ်မှာ
နာမည်ကြီးအဆိုတော်တစ်ယောက်လာပြီး
ဖျော်ဖြေနေတာတဲ့.."
ဆေးရုံအပေါ်ထပ်ရှိ လျှောက်လမ်းအတိုင်း
လျှောက်လာမိရင်းမှ တယောသံကို ကြားလိုက်ရသည်။
ထူးဆန်းတာက ဒီလက်သံကိုရင်းနှီးနေသလိုပဲ။
တယောတီးသူက ဘယ်လောက်အထိ
ကျွမ်းကျင်နေသလဲဆိုတာကို နားထောင်ရုံနှင့် ခန့်မှန်းနိုင်လေသည်။
တယောသံဟာ ညက်ညောနေပြီး
တော်တော်လေးကို နားထောင်၍ကောင်းလေသည်။
"မမရေ..သွားကြမယ်.."
"အေး.."
နှစ်ယောက်သား ဓာတ်လှေကားနှင့်
ဆင်းလိုက်ကြပြီးအောက်ထပ်ကိုရောက်တော့
လူနာများနှင့်လူနာစောင့်များ ဝိုင်းအုံနေကြသော နေရာကိုကြည့်လိုက်မိလေသည်။
တယောကို တီးခတ်နေသူဟာဝိုင်းလေးရပ်ကြည့်
နေသော ဘက်အခြမ်းကိုကြောခိုင်းထား၍
သူ့မျက်နှာကိုတော့ မမြင်ရပေ။
ဒါပေမဲ့ အနောက်ဘက်မှမြင်နေရသော
ဂုတ်ထောက်နေသည့်ဆံပင်ရယ် ၀တ်စားဆင်ယင်
ပုံရယ်ကြောင့် လူငယ်ယောက်ျားတစ်ယောက်
ဖြစ်မှန်းတော့ ခန့်မှန်းလိုက်နိုင်သည်။
ငါသိတဲ့တစ်ယောက်ယောက်များလား
ဝိုင်းလေးအတွေးများနေစဉ်မှာပဲ တယောတီးခြင်း
ပြီးသွား၍ ထိုလူဟာအားလုံးကိုနှုတ်ဆက်ကာ
ဆေးရုံအဆောက်အဦးထဲမှ ထွက်သွားလေတော့သည်။လူတစ်ချို့ကလည်း သူ့ကို၀န်းရံပြီး
လိုက်ပါသွားခဲ့တာကြောင့် အဆုံးအထိ
သူ့မျက်နှာကို မမြင်လိုက်ရပေ။
"ဟဲ့..ဒီလတ်မှတ်ကနွေဦးလေပြည်ဆီရဲ့
လတ်မှတ်မဟုတ်လား..ပြောစမ်းဘယ်တုန်းက
လတ်မှတ်ထိုးခိုင်းလိုက်တာလဲ..."
"ဟဲ..ဟဲ..သူတယောမတီးခင်တည်းက
ဆိုပါတော့.."
ဘေးနားမှ ဖြတ်သွားသောနာ့စ်မလေးနှစ်ယောက်ပြောသွားသည့် နာမည်ကိုကြားလိုက်ရတော့
အံ့ဩသွားခဲ့ရသလို ရင်ထဲမှာလည်း
ဒိန်းကနဲ့ ဖြစ်သွားခဲ့သည်။
တကယ်ပဲ..ကိုဦးများလား
"မမဝိုင်းလေး..သွားကြမယ်လေ.."
ကြည်ကြည်က ပြန်ဖို့သတိပေးလာခဲ့ပေမဲ့
မေဝိုင်းလေးကတော့ နာ့စ်မလေးနှစ်ယောက်ထံသို့သာ ပြေးသွားလိုက်လေသည်။
"အစ်မတို့နှစ်ယောက် ခဏလေးနေပါအုံး.."
နာ့စ်မလေးနှစ်ယောက်၏ အရှေ့မှာ
ပိတ်ရပ်လိုက်တော့ ထိုနှစ်ယောက်ကလည်း
လန့်သွားကြပုံပေါ်သည်။
"ဘာဖြစ်လို့လဲညီမ..ဘာကူညီပေးရမလဲ..."
"ဟိုလေ..ခုဏကတယောတီးပြီး
ဖျော်ဖြေခဲ့တဲ့လူက တကယ်ပဲအဆိုတော်
နွေဦးလေပြည်လားဟင်..."
"ဟုတ်တယ်လေ..ညီမရဲ့..နွေဦးလေပြည်က
ဒီဆေးရုံအုပ်နဲ့ရင်းနှီးတယ်လေ..အဲ့ဒါ..
ဆေးရုံထဲကလူတွေကို တမင်ဖျော်ဖြေသွားခဲ့တာ"
"အခုလိုဖြေပေးလို့ ကျေးဇူးတင်ပါတယ်နော်..."
"မမဝိုင်းလေးရေ..ဘယ်ကိုပြေးတာလဲ..."
ကြည်ကြည်လည်း ဆေးရုံအဆောက်အဦးထဲမှ
ပြေးထွက်သွားသော မေဝိုင်လေး၏အနောက်သို့
အသည်းအသန်ပြေးလိုက်ရလေသည်။
မနေ့ကတင် အရုပ်ကြိုးပြက်မေ့လဲထားသော
လူဟာ အခုများကြတော့သွက်လက်တက်ကြွ
နေလိုက်တာများ ကြည်ကြည်တောင်
တအံ့တဩဖြစ်ရလေသည်။
မေဝိုင်းလေးကတော့ ဆေးရုံ၀န်းအတွင်းမှာ
ကားရပ်ထားသော နေရာတိုင်းကို
ပြေး၍ လိုက်ရှာမိပေမဲ့ ကိုဦး၏အရိပ်လေးကို
တောင် ဖမ်း၍မမိတော့ပေ။
စိတ်ဓာတ်ကျသွားတာကြောင့် ခြေလှမ်းတွေတောင်
နှေးကျသွားမိလေသည်။
ကိုဦးရဲ့နောက်ကို ဘာကြောင့်လိုက်နေမိမှန်း
ကိုယ်ဟာကိုယ်တောင် မသိတော့ပါဘူး။
တကယ်ဆို ကိုဦးကနာမည်ကြီးနေတဲ့
ဒိတ်ဒိတ်ကျဲအဆိုတော်တစ်ယောက်ဖြစ်ပြီး
ဝိုင်းလေးကတော့ ဘာဆိုဘာမှမဟုတ်တဲ့
သာမာန်မိန်းကလေးတစ်ယောက်ပင်။
အခုအချိန်မှာ သွားနှုတ်ဆက်ရင်တောင်
မှတ်မိမယ် မထင်တော့ပါဘူး။
❤️❤️❤️❤️❤️❤️❤️❤️
"အမယ်လေး...ငါ့မြေးပြန်လာပြီပေါ့..
အဖွားကဝိုင်းလေး ဆေးရုံကဆင်းမဲ့အချိန်ကို
မျှော်နေတာကွဲ့..."
အိမ်ထဲသို့ ၀င်၀င်ချင်းပဲ ဖွားဖွားနုကစီး၍
ကြိုလေသည်။
ဒီအိမ်မှာလည်း ဖွားဖွားနုရှိလို့သာပေါ့
မဟုတ်ရင် ဝိုင်းလေးတော့ ပျင်းလို့သေမှာပဲ။
ဖွားဖွားနု၏ လက်ကလေးကိုကိုင်လိုက်တော့
ဖွားဖွားနုကပြုံးလိုက်လေသည်။
ဧည့်ခန်းထဲမှာ နှစ်ယောက်သားထိုင်လိုက်ကြပြီးနောက် ဖွားဖွားနုက ဝိုင်းလေးကို ဂရုဏာသက်စွာ
စိုက်ကြည့်နေတာကို သတိပြုလိုက်မိလေသည်။
"ဝိုင်းလေးကို ဘာလို့စိုက်ကြည့်နေတာလဲ
ဖွားဖွားနုရဲ့"
"မိရတနာပြန်ပြောတာလေ..မနေ့ကကိုစက်နဲ့
ဆေးရုံမှာပြဿနာဖြစ်ကြတယ်ဆို..
ဝိုင်းလေးကို သူဘာတွေပြောသွားခဲ့တာလဲ..."
"အဲ့ဒီ့ကိစ္စနဲ့ ပတ်သတ်ပြီးဝိုင်းလေးကို
မမေးပါနဲ့တော့ ဖွားဖွားနုရယ်..
ပြန်တွေးရင် စိတ်ညစ်လို့ပါ.."
"ဝိုင်းလေးကမပြောနဲ့ဆိုတော့လည်း
မပြောတော့ပါဘူး..ဒါပေမဲ့မြေးတို့ရဲ့ အိမ်ထောင်ရေးပြည်လည်အောင်
ဖွားနုစဉ်းစားထားတာတစ်ခုရှိတယ်.."
"ဘာကိုစဉ်းစားထားတာလည်း ဖွားနုရဲ့.."
ထင်တော့ထင်ပါတယ်။ဖွားနုတစ်ယောက်
ဒီလောက် ၀မ်းပန်းတသာ ကြိုနေပုံထောက်ရင်
တစ်ခုခုပဲလို့။
အခုတော့ ဝိုင်းလေးနဲ့မင်းစက်အာဏာ
အဆင်ပြေအောင် ကြံစည်နေခဲ့တာပဲ။
သူတို့ဘက်ကြည့်တော့လည်း ကိုယ့်မြေးရဲ့
အိမ်ထောင်ရေးကို သာယာစေချင်မှာပေါ့။
အမှန်အတိုင်း ထုတ်ပြောလိုက်ပြန်ရင်လည်း
မင်းစက်အာဏာနဲ့ သူ့မိသားစုကြားမှာ
ဂတုံးဂတိုက် လုပ်တယ်ကဖြစ်အုံးမယ်။
"ဝိုင်းလေးက..ကိုစက်ရဲ့ကုမ္ပဏီမှာ
အလုပ်ပြန်၀င်လုပ်လိုက်ပါလား..."
"ရှင်...အဲ့ဒါတော့မဖြစ်ဘူးထင်တယ်အဖွားရယ်.."
"ဘာလို့မဖြစ်ရမှာလဲ..အခုခောတ်ယောက်ျားတွေက
မယုံကြည်ရဘူးနော်..ကိုယ့်မြေးမို့လို့လည်း
ဘက်လိုက်ပြီးဖွားနုက မပြောတတ်ဘူး..
ဒီအတိုင်း ဆက်ပြီးအနေဝေးနေကြမယ်ဆိုရင်
ပိုပြီးသွေးအေးဖို့ပဲရှိတော့တယ်..
အခုပဲကြည့်လေ..ဖွားနုရဲ့အိမ်မှာ
သူ့မိန်းမတစ်ယောက်လုံး ရှိနေတာကိုတောင်
လုံး၀ပြန်မလာဘူး..
နောက်ဆိုရင် ဘယ်လိုလုပ်မလဲ..
ယောက်ျားဆိုတာကလေ အနီးကပ်စောင့်ကြည့်ပြီး
အညှာကို ကိုင်ထားနိုင်မှတော်ခါကြတာ
သူ့အဖေတုန်းကလည်း ရတနာကအခုလို
ဝေးဝေးပဲနေလို့..နောက်မိန်းမရသွားတာပေါ့
ဝိုင်းလေးကရော အဲ့လိုအဖြစ်ခံမလို့လား..
ကိုစက်က နယ်ပယ်တိုင်းမှာလူမျိုးစုံနဲ့
တွေ့ရမှာပဲ အနီးကပ်စောင့်ကြည့်နိုင်မှ
တော်ခါကြမယ်နော်..."
"ဒါပေမဲ့ ဝိုင်းလေးအလုပ်၀င်မှာကို
သူကလက်ခံနိုင်ပါ့မလား..."
"ဒါတော့လုံး၀မပူနဲ့ အဖွားစီစဉ်ပေးမယ်..
ဝိုင်းလေးက ခေါင်းညိမ့်ဖို့ပဲလိုတာ..
ဝိုင်းလေး ဟိုတစ်ခါကအဖွားကိုပြောတယ်လေ
စာရင်းမှားလို့ မတရားအလုပ်ထုတ်ခံလိုက်ရတာဆို
အဲ့ဒီ့ကိစ္စကိုရော ပြန်မရှင်းချင်ဘူးလား..."
ဟုတ်တယ်...။အဖွားပြောသလို ဝိုင်းလေးသူ့ကို
အနီးကပ်စောင့်ကြည့်သင့်တယ်။
သူဝိုင်းလေးကို ခါးခါးသီးသီးဖြစ်နေတာက
သူမှာ အခြားမိန်းကလေးတစ်ယောက်ရှိနေလို့လဲ
ဖြစ်နိုင်တာပဲ။
သူ့အဖေလို အခြားမိန်းမနဲ့
ယူသွားရင်တော့ သူ့အပြစ်ဖြစ်သွားပြီပေါ့။
နောက်တစ်ချက်က ဝိုင်းလေးအလုပ်ထုတ်ခံလိုက်ရတဲ့ ကိစ္စကိုပြန်ရှင်းရမယ်။
ဒီအတိုင်းတော့ ကျော်မပြစ်နိုင်ဘူး။
သန့်စင်ခန်းထဲမှာ အတွင်းရေးမှူးမပြောတဲ့
စကားတွေကို ထောက်စကြည့်ရင်
သူနဲ့ အဲ့အတွင်းရေးမှူးက ငြိစွန်းနေတာလည်း
မဖြစ်နိုင်ဘူးလား။
"ဝိုင်းလေးဆုံးဖြတ်ပြီးသွားပြီ
အလုပ်ပြန်၀င်ပြီး သူ့ကိုအနီးကပ်စောင့်ကြည့်မယ်"
အခန်း(၁၀)ဆက်ရန်...
စာရေးသူ..ဆောင်းငွေ့ဝေ
❤️❤️❤️❤️❤️❤️❤️
ပွဲကတော့ လှပြီနော်..
=========================================================================
အခန္း (၉)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
ဝိုင္းေလးလန႔္ႏိုးလာေတာ့ ပထမဆံုး
ျမင္လိုက္ရတာက အျဖဴေရာင္မ်က္ႏွာက်က္ႀကီး
ျဖစ္ေနၿပီး လက္ကိုလႈပ္လိုက္မိတဲ့အခ်ိန္မွာ
ဆစ္ကနဲ႔ နာက်င္သြားတာေၾကာင့္
ေဆးခ်ိတ္ခံထားရမွန္းသိလိုက္သည္။
အိပ္မက္ဆိုးေတြမက္ေနခဲ့၍
ရင္ေတြတုန္ကာ ေမာဟိုက္ေနေလသည္။
အိပ္မက္ထဲမွာ အိက်ႌအနက္ေရာင္၀တ္ထားတဲ့
လူတစ္ေယာက္၏အေနာက္ကို
ေျပးလိုက္ေနခဲ့မိတယ္။
ၿပီးေတာ့ သူကဝိုင္းေလးကို ေအးစက္ေမွာင္မိုက္တဲ့ ေနရာမွာတစ္ေယာက္တည္းထားခဲ့တယ္။
ဝိုင္းေလးသူ႔ကိုေအာ္ေခၚၿပီး အကူအညီ
ေတာင္းခဲ့ေပမဲ့ သူျပန္ေရာက္မလာခဲ့ဘူး။
"မင္းစက္အာဏာ!!!!"
ေဆးရံုသီးသန႔္အခန္း၏ တံခါးဘက္အျခမ္းသို႔ ကိုယ္လံုးကိုအနည္းငယ္ေစာင္းလိုက္ေတာ့
ဆိုဖာေပၚတြင္ ထိုင္ေနေသာမင္းစက္အာဏာကို ေတြ့လိုက္ရသည္..။
သူဟာ အနက္ေရာင္ကုတ္အိက်ႌကို
၀င္ဆင္ထားၿပီး ထံုးစံအတိုင္းလက္ပ္ေတာ့
ႏိွပ္ရင္း အလုပ္ရႈပ္ေနေလရဲ့။
ျပဴတင္းတံခါးအျပင္ဘက္တြင္ ေနသာေနကာ
ခန္းစီးလိုက္ကာ အျဖဴေလးမ်ားသည္ ေလတိုက္၍
လႈပ္လီလႈပ္လဲ့ျဖစ္သြားတိုင္း သူ႔မ်က္ႏွာေပၚသို႔
ေနေရာင္ေလးဟာ တိုက္ရိုက္ထိေတြ့လာခဲ့သည္။
ေခါင္းငံု႔ၿပီး အလုပ္လုပ္ေန၍ ခပ္ေျပျပေနဖူးကို
အေပၚစီးမွ ေသခ်ာေတြ့ရေလသည္။
ခပ္လွမ္းလွမ္းမွ ၾကၫ့္တာေတာင္ႏွာတန္ဟာ
ေျဖာင့္စင္းေနၿပီး ေကာ့ၫႊတ္ေနေသာ
မ်က္ေတာင္ထူထူေတြကို ေသခ်ာျမင္ေနရသည္။
ဒီလို ထူထဲသၫ့္မ်က္ေတာင္ေတြေၾကာင့္
သူ႔အၾကၫ့္ေတြက စူးရွေနတာပဲေနလိမ့္မယ္။
"မင္းႏိုးၿပီလား..!!!!"
စကားေျပာတယ္ဆိုေတာ့ တကယ္ႀကီး
သူလား..။
အစက ျမင္ေယာင္ေနတာထင္ၿပီး ၾကၫ့္ေနမိခဲ့တာ။
လံုး၀မယံုၾကည္ႏိုင္၍ ကိုယ့္မ်က္လံုးကို
ျပန္၍ပြတ္ၾကၫ့္ရေလသည္။
သူကဘယ္လိုျဖစ္ၿပီး ဝိုင္းေလးရဲ့
လူနာေစာင့္လာလုပ္ေပးေနရတာလဲ??...
မင္းစက္အာဏာကေတာ့ သူထိုင္ေနတဲ့
ေနရာမွထရပ္လိုက္ၿပီး ဝိုင္းေလး၏
လူနာကုတင္ဆီသို႔ ေလ်ွာက္လာေလသည္။
"သက္သာရဲ့လား..."
ဝိုင္းေလး၏ နဖူးကိုစမ္းသပ္ဖို႔
သူကလက္လွမ္းလိုက္ေပမဲ့ သူႏွင့္
အသားခ်င္းမထိခ်င္၍ မ်က္ႏွာကို
တစ္ဖက္သို႔လႊဲျပစ္လိုက္သည္။
ဝိုင္းေလးကို ႏွစ္လတိတိျပစ္ထားခဲ့တဲ့လူကို
မ်က္ႏွာခ်င္းေတာင္မဆိုင္ခ်င္ေပ။
မထင္မွတ္ထားခဲ့တာကေတာ့ ေမဝိုင္းေလး၏
လုပ္ရပ္သည္ မင္းစက္အာဏာ၏ စိတ္ကို
ႏိႈးဆြလိုက္သကဲ့သို႔ ျဖစ္၍ေနသည္။
မ်က္ႏွာကို တစ္ဖက္ျခမ္းသို႔ လႊဲထားၿပီး
သူႏွင့္မထိေတြ့ခ်င္သၫ့္ မိန္းမကို
မ်က္၀န္းမ်ားေမွးက်ဉ္းလ်ွက္ စူးစူးရဲရဲ
စိုက္ၾကၫ့္လိုက္ကာ တစ္ဆက္တည္းမွာပဲ
ေမဝိုင္းေလး၏ ေသးငယ္ေသာေမရိုးမွသည္
ပါးျပင္တစ္ခုလံုးဟာ သူ႔လက္ဖဝါးထဲသို႔
ေရာက္ရိွသြားခဲ့ေလသည္။
"အာ့...ရွင္ဘာလုပ္တာလဲ.."
ႏွစ္ေယာက္သားဟာ မ်က္၀န္းအၾကၫ့္ခ်င္းဆံုေနေပမဲ့ ရင္ခုန္မေနပဲ အေျခအေနမွာတင္းမာေနခဲ့သည္။
ေမဝိုင္းေလးသည္ ပက္လက္အေနအထား
ျဖစ္ေနကာ လက္တစ္ဖက္ကို
ေဆးထိုးအပ္ခ်ိတ္ထားခံရ၍ လြတ္လပ္ေသာ
လက္တစ္ဖက္ျဖင့္သာ သူ႔လက္ေမာင္းကို
ထုရိုက္ႏိုင္ေလသည္။
က်ားေပါက္ေလးလို အစြယ္တေငါေငါ
ျဖစ္ကာ ရန္လိုေနေသာေမဝိုင္းေလး၏ပံုစံက
မင္းစက္ကို အလြန္စိတ္အေနွာက္အယွက္
ျဖစ္ေစသည္။
လက္ေမာင္းအား ထုရိုက္ေနေသာ
ေမဝိုင္းေလး၏ဂဏွာမၿငိမ္ေသာ လက္ကိုပါ ေခါင္းအံုးေပၚသို႔ ဆဲြခ်၍ဖိကပ္ျပစ္လိုက္မိ
ေလသည္။
ဝိုင္းေလးမွာ သူ႔လက္ႀကီးႏွင့္ဖိၫွစ္ခံထားရ၍
ပါးရိုးေတြေရာ လက္ေကာက္၀တ္ပါ
နာလြန္းလို႔ နင္းကန္ရုန္းေပမဲ့
အားမတန္၍ မာန္သာေလ်ွာ့လိုက္ရေလသည္။
မင္းစက္ကေတာ့ ေမဝိုင္းေလး၏ လည္တိုင္မွစ၍
ေျခာက္ေသြ့ကာ ေသြးမရိွသလိုျဖစ္ေနေသာ
ႏႈတ္ခမ္းေလးမွသည္ မ်က္ႏွာတစ္ခုလံုးကို
ႃခံုငံုၾကၫ့္လိုက္လ်ွက္ အၾကၫ့္ခ်င္းျပန္ဆံုကာ
"ငါ့ကိုဂလန္ဂဆန္လုပ္ရင္ ေဆးရံုမွာပဲ
မဂၤလာဦးညျဖစ္သြားမယ္ေနာ္.."
"ေသနာႀကီး..ရွင္မိုက္ရိုင္းလွခ်ည္လား.."
"မင္းငါ့ကိုဆဲလိုက္တာလား
သတၲိရိွရင္ ေနာက္တစ္ခါထပ္ဆဲၾကၫ့္လိုက္"
မင္းစက္ကထပ္ဆဲခြင့္ေပးေပမဲ့ ျဖစ္လာမၫ့္
အက်ိဳးဆက္ကို သိေန၍ေမဝိုင္းေလးမွာ
အသံေတာင္မထြက္ရဲေတာ့ပဲ ႏႈတ္ခမ္းေလးကို
စိထားရေလသည္။
ေမဝိုင္းေလး၏ လက္ေလ်ာ့သြားေသာ
ထိုအမူအေရာေၾကာင့္မင္းစက္ကေတာ့
ေအာင္ႏိုင္သူတစ္ေယာက္လို ႃပံုးလိုက္ကာ
သူမကိုခ်ဳပ္ထားရာမွ ျဖည္လႊတ္ေပးလိုက္
ေလသည္။
ပါးစပ္ကေတာ့ ဘာမျွပန္ခံမေျပာေတာ့ေပမဲ့
မ်က္လံုးေတြက မုန္းတီးသလိုၾကၫ့္လာတာ
ကိုေတာ့ သိပ္မႀကိဳက္ေပ။
ကုတင္ေဘး၌ လက္ပိုက္ၿပီး က်ားေပါက္ေလးကို ဘယ္လိုက်ိဳးႏြံေအာင္ လုပ္ရမလဲဟုသာ
စဉ္းစားေနမိသည္။
"ႏွစ္လေလာက္မေတြ့ရတဲ့ ခင္ပြန္းကို
ျပန္ေတြ့တဲ့အခ်ိန္မွာ ဆက္ဆံတဲ့ပံုစံက
အရမ္းယဉ္ေက်းလြန္းမေနဘူးလား..
ငါ့မိတ္ေဆြအသိုင္းအဝိုင္းထဲမွာ
မင္းေလာက္ရိုင္းတဲ့ မိန္းကေလးမ်ိဳး
တစ္ခါမွမေတြ့ဖူးဘူး..."
ေအာင္မာ..လူကိုမ်ား။
ေမဝိုင္းေလးက ဒါမ်ိဳးေတာ့ဘယ္ရမလဲ
ခ်က္ခ်င္းေငါက္ကနဲ ထထိုင္လိုက္ၿပီး
ဆက္ကနဲ သူ႔မ်က္ႏွာကိုမီးေတာက္ေတာ့မလို
မ်က္လံုးမ်ိဳးႏွင့္ ၾကၫ့္ျပစ္လိုက္သည္။
"ေကာ္ၫွင္းကမေစးရပဲ ဆန္ၾကမ္းကလာေစးတယ္ဆိုတာ ရွင့္လိုလူအတြက္ရည္ရြယ္ထားတဲ့
စကားပံုပဲေနလိမ့္မယ္..စကားကို
ကေျပာင္းကျပန္ေတာ္ေတာ္ေျပာတတ္တယ္ေနာ္
...ကၽြန္မကိုရိုင္းတယ္လို႔ေျပာရေအာင္
ရွင္ကေရာဘယ္ေနရာကမ်ား
ယဉ္ေက်းေနလို႔လဲ..လူႀကီးလူေကာင္း
အမည္ခံၿပီး မိန္းမတစ္ေယာက္ကို
အႏိုင္က်င့္ေနတာပဲ မဟုတ္ဘူးလား.."
"ဒါကအႏိုင္က်င့္တာမွမဟုတ္တာ
မင္းကငါ့ကိုလာထုလို႔ ကိုယ့္ကိုကိုယ္
ကာကြယ္တဲ့အေနနဲ႔ ျပန္ခ်ဳပ္ရမွာေပါ့.."
"ဒါဆိုလည္းျဖည္းျဖည္းသက္သာလုပ္ေလ
အခုေတာ့ ရွင့္ေၾကာင့္ေမးေစ့ေတြေရာ
လက္ေတြေရာနာကုန္ၿပီ.."
"ေအာ္..မင္းၾကေတာ့ငါ့ကိုတအားထုၿပီး
ငါၾကေတာ့ ျဖည္းျဖည္းဖြဖြပဲျပန္ခ်ဳပ္ရမယ္ေပါ့ ေတာ္ေတာ္တရားက်ဖို႔ေကာင္းတယ္
ဒါေၾကာင့္ မိန္းမ..မယူခ်င္တာ.."
"ရွင့္ကိုလည္း ဘယ္သူကအတင္းယူခိုင္းေနလို႔လဲ အစတည္းကအိမ္ေထာင္မျပဳခ်င္ရင္
ျငင္းခဲ့ပါေတာ့လား..အဟင့္..အခုေတာ့
မဂၤလာေဆာင္ၿပီးေနာက္တစ္ေန့မွာပဲ
ခရီးထြက္သြားလိုက္တာမ်ားတေမ့တေမာ..
ရွင့္လိုေယာက္်ားမ်ိဳးကလည္း တကယ္ကို
ရွားပါးမ်ိဳးစိပ္ပါပဲ..မိုက္ခရီစကုပ္နဲ႔ရွာေတာင္
ဒီလိုေယာက္်ား ဒီတစ္ေယာက္ပဲရိွေလာက္မယ္.."
"မင္းကလည္း သိပ္ေကာင္းခ်င္စရာ
မိန္းမပဲကို မဂၤလာဦးညမွာငါ့ကို
ကုတင္ေပၚကေန ကန္ခ်ခဲ့တာဘယ္သူလဲ..
မင္းဘက္ကေနစၿပီး မဆင္မျခင္
ျပဳမူခဲ့တာ မဟုတ္ဘူးလား..."
"ေအာင္မယ္..ကၽြန္မကပဲမဆင္မျခင္ျပဳမူတယ္
ျဖစ္ရေသး..ရွင္ကသာကၽြန္မဘက္က
ခံစားခ်က္ကို ထၫ့္မေတြးခဲ့တာေလ..
ကၽြန္မအေနနဲ႔ရည္းစားေတာင္ တစ္ခါမွ
မထားခဲ့ဖူးတာ..အဲ့လိုကိႁစၥကီးကိုဘယ္လို
လက္ခံႏိုင္မွာလဲ..
ရွင့္သာေယာက္်ားေကာင္းမွန္ရင္
နားလည္ႏိုင္ရမွာေပါ့..အခုေတာ့ေအးေရာ..
သူ႔ေဆြမ်ိဳးေတြၾကားမွ ျပစ္ထားခဲ့တယ္..
ရွင္ေတာ္ေတာ္အသဲႏွလံုးမဲ့တဲ့လူ.."
"ဒီမွာ..ငါ့လိုလူကိုယူရင္ ဒီလိုအေျခအေနေတြနဲ႔
မျဖစ္မေနႄကံုရမယ္ဆိုတာကို
မင္းနားလည္ထားသင့္တယ္..ငါမင္းကို
လက္ထက္ခဲ့တယ္ဆိုတာ..က်ိဳးႏြံၿပီး၊နားလည္မႈ
ေပးႏိုင္မဲ့ မိန္းမျဖစ္မယ္ထင္လို႔
အခုေတာ့ ေယာက္်ားကစီးပြားေရး
ထြက္လုပ္တာကိုေတာင္ နားလည္မႈမရိွပဲ
ျပႆနာရွာေနတယ္..."
"က်ိဳးႏြံရေအာင္..
ရွင္ကမိန္းမယူတာကို ကၽြန္တစ္ေကာင္
၀ယ္လိုက္တယ္မ်ား မွတ္ေနလား..
ရွင္ထားရာေန ေစရာသြားရေအာင္
ကၽြန္မက အသက္ရိွတဲ့လူရွင့္
အရုပ္တစ္ရုပ္မဟုတ္ဘူး..."
"ကိုယ့္အတြက္ေတာ့မင္းက
အရုပ္တစ္ရုပ္သာသာအဆင့္ပဲေမဝိုင္းေလး"
"ရွင္ဘာေျပာလိုက္တယ္..."
"မင္းေမ့ေနၿပီလား..
ကိုယ္နဲ႔မင္း စားေသာက္ဆိုင္မွာ
ေျပာခဲ့တဲ့စကားေတြကို..တကယ္ႀကီး
ေမ့လိုက္တာေတာ့ မဟုတ္ပါဘူးေနာ္..
အိမ္ေထာင္ေရးဆိုတာကိုယ့္အတြက္
ဖဲကစားတာေလာက္ေတာင္ အေရးမပါဘူးလို႔
ရွင္းေအာင္ေျပာခဲ့ၿပီးသား
ဒါကိုသိသိႀကီးနဲ႔ မင္းလက္ခံခဲ့တာမဟုတ္ဘူးလား
မင္းက လြယ္လြယ္နဲ႔အတိတ္ေမ့တတ္တာပဲ..."
အဲ့ဒီ့အခ်ိန္တုန္းက ဝိုင္းေလးသူ႔နဲ႔လက္ထပ္ဖို႔
ဘာေၾကာင့္ သေဘာတူခဲ့ရသလဲဆိုေတာ့
မမခင္ထိပ္ထားဦးကို အရဲြ႔တိုက္ခ်င္တာေၾကာင့္၊
ၿပီးေတာ့ ဝိုင္းေလးကိုသူကေရြးခ်ယ္ခဲ့တယ္ဆိုတဲ့
စကားေၾကာင့္ရယ္၊မိသားစုရဲ့ လိုအပ္ခ်က္ကို
ငဲ့ခဲ့မိတဲ့အတြက္ေရာေပါ့...။
ျငင္းလို႔ရတဲ့ အခြင့္အေရးေတြရခဲ့ေပမဲ့
ျငင္းမရေအာင္ ေခ်ာင္ပိတ္မိခဲ့ရတယ္။
အားလံုးဟာ အဘက္ဘက္ကေနဝိုင္းေလးကို
ဒီလူ႔ရဲ့ သားရဲတြင္းထဲကို တြန္းပို႔ခဲ့ၾကတယ္..။
"ဒါဆိုရွင္ကေရာ ဘာေၾကာင့္မမကိုမေရြးပဲ
ကၽြန္မကိုေရြးခဲ့ရတာလဲ.."
ေမဝိုင္းေလး၏ ကိုယ့္ကိုကိုယ္
အထင္သိပ္ႀကီးေနေသာ စကားကိုၾကားရေတာ့
သူမဲ့ႃပံုးႃပံုးလိုက္မိေလသည္။
"ငါမင္းကို ေရြးခ်ယ္ခဲ့တာက
ငါ့ကိုေဖ်ာ္ေျဖေပးမဲ့ အရုပ္မေလးတစ္ရုပ္ကို
လိုအပ္ခဲ့လို႔ပဲ ျဖစ္ခ်င္ေတာ့မင္းက
မနာခံတတ္တဲ့ အရုပ္ကေလးတစ္ရုပ္ျဖစ္ေနခဲ့တယ္
မင္းသိထားရမွာက ငါ့လိုေကာင္ကို
ဘယ္သူကမွ အမိန႔္လာေပးလို႔မရဘူး
ငါ့ရဲ့အခ်ိန္တစ္မိနစ္ဆီတိုင္းက
အရမ္းတန္ဖိုးႀကီးတဲ့အတြက္
မင္းလိုဘာမဟုတ္တဲ့ မိန္းမတစ္ေယာက္ရဲ့ေဘးမွာ တြယ္ကပ္မေနႏိုင္ဘူး
သည္းမခံႏိုင္ရင္ေတာ့ မင္းသေဘာပဲ..."
"ႏွလံုးသားမရိွတဲ့လူ..ရွင္ဟာနတ္ဆိုးတစ္ေကာင္ပဲ
ေယာက္်ားေတြမ်ားစြာထဲမွာ ရွင္လိုလူနဲ႔
ေတြ့ဆံုမိတာကိုက ကၽြန္မကံဆိုးတာ.."
ေမြဝိုင္းေလးကေတာ့ ေျပာရင္းႏွင့္
ငိုခ်လိုက္ေလေတာ့သည္။
အညိုေရာင္ေတာက္ေနေသာ မ်က္၀န္းအိမ္ေလးတစ္ခုလံုးသည္ ၀မ္းနည္းျခင္းအေရာင္
ထင္ဟပ္ေနကာ ပါးျပင္မွလည္ေခ်ာင္းတစ္ေလ်ွာက္
အထိ မ်က္ရည္စီးေၾကာင္းေလးျဖစ္ေပၚလာသည္။
*ဒုကၡပဲ ဒီမ်က္ရည္ေတြကလည္းဒီလူ႔ေရ႔ွမွ
ထြက္လို႔ကို မကုန္ႏိုင္ေတာ့ဘူး..*
မင္းစက္အာဏာအတြက္ေတာ့ ေမဝိုင္းေလး၏
မ်က္ရည္က်ေနေသာ ပံုစံဟာသူသိပ္မုန္းေသာ
မိန္းမတစ္ေယာက္ကို သြား၍သတိရေစသည္။
အေဖ့ဆီကေန ေမတၲာေတြ၊ဂရုဏာေတြနဲ႔
စည္းစိမ္ေတြအားလံုးကို တစ္ေယာက္တည္း
ေမာင္ပိုင္စီးခ်င္တဲ့မိန္းမေပါ့။
သူမ်က္ရည္တစ္ခါက်ရင္ ကိုယ့္အေပၚအေဖ့ရဲ့
အမုန္းေတြက တစ္စထပ္တစ္စပိုတိုးလာေလ့ရိွတယ္။ၾကာေတာ့ မ်က္ရည္က်တဲ့လူေတြကိုပါ
ၾကၫ့္မရေတာ့ဘူး။
အားလံုးဟာ ဟန္ေဆာင္ေနၾကတာလို႔ပဲျမင္တယ္။
"..ေက်းဇူးတင္ပါတယ္ အခုလိုပြင့္ပြင့္လင္းလင္း
အသိေပးလာခဲ့လို႔...အစကေတာ့
ကၽြန္မကိုရွင္တို႔ရဲ့ အဲ့ဒီစိတ္ပ်က္စရာအိမ္ႀကီးထဲမွာ
ထားခဲ့တဲ့အတြက္ ရွင့္ကိုအရမ္းေဒါသထြက္ခဲ့တယ္....
ရွင့္အေမနဲ႔အဖြားကလဲြၿပီ...က်န္တဲ့လူေတြက
ကၽြန္မကို အစက္အေပ်ာက္ေလးတစ္ခုလိုပဲ
သေဘာထားၾကတဲ့အတြက္
ဒီလိုအေျခအေနကေန ရွင္လာၿပီးကယ္ထုတ္မဲ့
အခ်ိန္ကို ေစာင့္ေနမိပါေသးတယ္
မဂၤလာေဆာင္ၿပီးေနာက္တစ္ေန့မွာ
နည္းနည္းေလးေတာင္ အသိမေပးပဲ
ရွင္ထြက္သြားတဲ့ကိစၥက အိမ္ေဖာ္ေတြေျပာမွ
သိခြင့္ရခဲ့တယ္..
ရွင့္လုပ္ရပ္ေၾကာင့္ ကိုယ့္ဘ၀ကိုယ္
ဘာမွအေရးမပါတဲ့ ဆန္ကုန္ေျမေလးလို
ပထမဆံုး ခံစားလိုက္ရတယ္
ရွင္နဲ႔မေတြ့ခင္ကအထိ..ကၽြန္မဘ၀က
အဆင္ေျပေနခဲ့ေသးတယ္..အခုေတာ့
ကၽြန္မရဲ့လြတ္လပ္ေပ်ာ္ရႊင္ေနရတဲ့ဘ၀ေလးက
ေအးစက္ေမွာင္မိုက္တဲ့ တြင္းနက္ထဲမွာ
ဆံုးဆံုးျမဳပ္သြားခဲ့ရၿပီေပါ့...
အခုအခ်ိန္မွာ..ရွင့္အတြက္ကၽြန္မက
အေရးမပါသလို..
ကၽြန္မအတြက္လည္းရွင္ဟာ ဘာမွအသံုးမ၀င္တဲ့
ေယာက္်ားတစ္ေယာက္ပဲ..ကိုမင္းစက္...."
"မင္းဘာေျပာလိုက္တယ္..."
"ရွင္စိတ္ခ်မ္းသာရမဲ့စကားကို
ေျပာေနတာေလ..
ကၽြန္မတို႔ႏွစ္ေယာက္ၾကားမွာ
စာခ်ဳပ္တစ္ခုကလဲြၿပီး ဘာမွအသက္မ၀င္ေတာ့ဘူး
ကၽြန္မရွင့္ကို ခ်ဳပ္ေနွာင္ဖို႔ႀကိဳးစားမွာ
မဟုတ္ေတာ့သလို ရွင့္ကိုတြယ္ကပ္ဖို႔လည္း
အစီအစဉ္မရိွေတာ့တဲ့အတြက္ ေက်းဇူးျပဳျပီး
ရွင့္ရဲ့အဖိုးတန္တဲ့အခ်ိန္ေတြကို ကၽြန္မအတြက္
မျဖဳန္းတီးပါနဲ႔ အခုခ်က္ခ်င္းအခန္းထဲကေန
ထြက္သြားေပးပါ.."
မင္းစက္အာဏာ၏မာနကို ဒီမိန္းကေလးက
အေကာင္းဆံုးရိုက္ခ်ိဳးလိုက္တာပဲ။
"ဘာတဲ့..သူ႔အတြက္ဘာမွအသံုးမ၀င္တဲ့..
ေယာက္်ားဆိုပဲ..."
ဒီစကားကို ေျပာရဲတဲ့သတၲိကေတာ့ အံ့မခန္းပဲ။
ပံုမွန္ဆိုရင္ မင္းစက္အာဏာကိုဒီလိုလာေျပာရဲတဲ့
လူဟာ ဘယ္ကေနအသက္ထြက္ရမလဲ
မသိ ျဖစ္သြားႏိုင္တယ္။
စိတ္ကို အဆံုးအထိေလ်ာ့ခ်ေပးထားတာကို
အလိုက္ကန္းဆိုးမသိတတ္တဲ့ မိန္းမ။
ေမဝိုင္းေလးကို ခံျပင္းစြာခပ္တင္းတင္း
ၾကၫ့္လိုက္ၿပီးေနာက္ လက္ပ္ေတာ့ကိုယူကာ
ေဆးရံုအခန္းထဲမွ
ေျခလွမ္းက်ဲက်ဲနင္း၍ ထြက္လာခဲ့လိုက္သည္။
"ဟဲ့..သား..ျပန္ေတာ့မလို႔လား.."
ေဒၚရတနာလည္း ေဆးရံုခန္းအျပင္ဘက္သို႔
မ်က္ႏွာမၾကည္မသာႏွင့္ ထြက္လာေသာ
သားျဖစ္သူကို ေတြ့လိုက္ရ၍
အတင္းတားၿပီး ေမးလိုက္မိေလသည္။
မ်က္ႏွာေၾကာကေတာ့ ေတာ္ေတာ္ေလး
တင္းမာေနၿပီး တစ္ေယာက္ေယာက္နဲ႔
ျပႆျဖစ္ထားသလို ရုပ္မ်ိဳးျဖစ္ေနသည္။
"ကၽြန္ေတာ္အလုပ္ကိစၥေလးရိွေသးလို႔..
သူ႔ကိုအေမပဲဂရုစိုက္လိုက္ပါ..."
"ဟဲ့..ေအာ္..ဒီေန့မျွပန္ေရာက္တာကို
နားပါအံုးလား..ဒီေကာင္ေလးဟာေလ
မေျပာခ်င္ေတာ့ပါဘူး..ေျပာလည္းနားေထာင္တာမွ
မဟုတ္တာ.."
အစကေတာ့ ဒီေန့ေမဝိုင္းေလးကိုသူပဲ
ေဆးရံုေစာင့္ေပးမယ္ဆိုၿပီး အေမကိုအိမ္ျပန္ဟု
ေျပာခဲ့တာ ေသခ်ာပါတယ္။
အခုၾကေတာ့ ေကာက္ခါငင္ခါႀကီး အေမပဲ
ဂရုစိုက္လိုက္ပါဟု ေျပာျပန္သည္။
ဒီကေလးေတြ ဘာျဖစ္ေနၾကမွန္းကိုမသိဘူး။
အိမ္ေထာင္က်ၿပီးလည္း စိတ္ကိုမေအးရဘူး။
"ေဟာေတာ့...သမီးေလး..ဘာလို႔ငိုေနရတာလဲ.."
ေမဝိုင္းေလး၏ ေဆးရံုသီးသန႔္အခန္းထဲသို႔
၀င္လိုက္ေတာ့ လူနာကုတင္ေပၚမွာထိုင္ၿပီး
တရႈံ႔ရႈံ႔ရိႈက္၍ ငိုေနေသာကေလးမကို
ေတြ့လိုက္ရကာ ထပ္ဆင့္ၿပီးရင္ေမာရျပန္ေလသည္။
အတင္းေျပးၿပီး ေခ်ာ့ေတာ့ခါးကိုဖက္လာကာ
ပို၍ ငိုအားသန္လာခဲ့သည္။
*ငါ့နယ္..ဒီကေလးေတြနဲ႔ေတာ့ခက္တာပဲ...
အေမေရ..အေမေမႊတဲ့မီးကေတာ့
ၿငိမ္းမရေတာ့ဘူးနဲ႔တူပါတယ္...
ငါထင္အတိုင္းကို အတိအက်ျဖစ္လာတာပဲ
မင္းစက္ဟာ တကယ္ကိုအေဖတူသားပါလား
သူ႔အက်င့္ကို ဘယ္အခ်ိန္မျွပင္မွာလည္းမသိဘူး
ကိုယ္ဆံုးမလည္း မနာခံေတာ့ခက္ခ်ည္ရဲ့...*
"မငိုပါနဲ႔သမီးေလးရယ္...သမီးရဲ့အိမ္ကလူေတြ
လာေနၾကၿပီတဲ့ ေတာ္ၾကာသမီးေလးငိုေနတာ
ေတြ့ရင္ စိတ္မေကာင္းျဖစ္ေနၾကအံုးမယ္
အေမေလ..မင္းစက္ကို
ေသခ်ာဆံုးမေပးပါ့မယ္ေနာ္..."
"ဟင့္အင္း..သူ႔ကိုဘာမွသြားမေျပာပါနဲ႔ေတာ့
သူကဘယ္လိုေျပာေျပာ ရမဲ့လူမဟုတ္ဘူး.."
"အဲ့ဒါေတာ့ဟုတ္တယ္..ဒီေကာင္ကအဂၤါသားဆိုတဲ့အတိုင္း စိတ္ကလည္းလက္တစ္ဆစ္စာပါကြယ္
ေဒါသႀကီးၿပီး ဘယ္သူကဘာေျပာေျပာမရဘူး.."
"အေမ..သူကၾကာသပေတးသားမဟုတ္ဘူးလားဟင္.."
"မဟုတ္ဘူးသမီးရဲ့..သူ႔ကိုအဂၤါေန့မွာေမြးတာ
ေဗဒင္သြားတြက္ေတာ့ အဂၤါနာမ္နာမည္ေပးရင္
ပ်က္စီးရာပ်က္စီးေၾကာင္း ျဖစ္တတ္တယ္ဆိုလို႔
ေန့သစ္နာမ္သစ္ေပးထားတာ..."
အဲ့ဒါမွေကာင္းေရာ..။ဝိုင္းေလးရဲ့အေမကေတာ့
ၾကာသပေတးနာမ္ခ်င္းတူလို႔ အဆင္ေျပမွာပါဟု
ေျပာခဲ့ေပမဲ့ အခုေတာ့အဂၤါသား ျခေသၤ့မင္းတဲ့လား။
ဒါေၾကာင့္မို႔ လူကိုဟိန္းလိုက္၊ေဟာက္လိုက္နဲ႔
အႏိုင္က်င့္ ဗိုလ္က်ေနတာေပါ့။
❤️❤️❤️❤️❤️❤️❤️❤️
"မမဝိုင္းေလး ဒီမွာခဏထိုင္ေနအံုးေနာ္..
အခန္းထဲမွာ ၾကည္ၾကၫ့္ပိုက္ဆံအိတ္က်န္ခဲ့လို႔
သြားယူလိုက္အံုးမယ္.."
"ေအး..ျမန္ျမန္ေတာ့ျပန္လာခဲ့ေနာ္..."
ဝိုင္းေလး သက္သာသြားၿပီျဖစ္၍ ေဆးရံုဆင္းရေတာ့မည္ျဖစ္သည္။ေမေမတို႔ကေတာ့
မေန့က တစ္ေန့ခင္းလံုးလာၿပီးအေဖာ္ျပဳေပးခဲ့တယ္။
ဒီေန့ေတာ့ အိမ္မွာလည္းအေဖကမက်န္းမာ၍
ထပ္မလာဖို႔နဲ႔ ဝိုင္းေလးသက္သာေနၿပီ
ျဖစ္ေၾကာင္း ဖုန္းဆက္လိုက္မိသည္။
ေယာကၡမႀကီးကလည္း ေရႊဆိုင္ေတြတစ္ဖက္နဲ႔မို႔
မလာခိုင္းေတာ့ပဲ ၾကည္ၾကၫ့္ကိုပဲလႊတ္ဖို႔
ေျပာလိုက္သည္။
ဝိုင္းေလးေၾကာင့္ ဘယ္သူမွစိတ္မဆင္းရဲ
ေစခ်င္ေပ။
"ဟဲ့...တေယာသံကိုၾကားရလား..ေအာက္ထပ္မွာ
နာမည္ႀကီးအဆိုေတာ္တစ္ေယာက္လာၿပီး
ေဖ်ာ္ေျဖေနတာတဲ့.."
ေဆးရံုအေပၚထပ္ရိွ ေလ်ွာက္လမ္းအတိုင္း
ေလ်ွာက္လာမိရင္းမွ တေယာသံကို ၾကားလိုက္ရသည္။
ထူးဆန္းတာက ဒီလက္သံကိုရင္းႏွီးေနသလိုပဲ။
တေယာတီးသူက ဘယ္ေလာက္အထိ
ကၽြမ္းက်င္ေနသလဲဆိုတာကို နားေထာင္ရံုႏွင့္ ခန႔္မွန္းႏိုင္ေလသည္။
တေယာသံဟာ ညက္ေညာေနၿပီး
ေတာ္ေတာ္ေလးကို နားေထာင္၍ေကာင္းေလသည္။
"မမေရ..သြားၾကမယ္.."
"ေအး.."
ႏွစ္ေယာက္သား ဓာတ္ေလွကားႏွင့္
ဆင္းလိုက္ၾကၿပီးေအာက္ထပ္ကိုေရာက္ေတာ့
လူနာမ်ားႏွင့္လူနာေစာင့္မ်ား ဝိုင္းအံုေနၾကေသာ ေနရာကိုၾကၫ့္လိုက္မိေလသည္။
တေယာကို တီးခတ္ေနသူဟာဝိုင္းေလးရပ္ၾကၫ့္
ေနေသာ ဘက္အျခမ္းကိုေၾကာခိုင္းထား၍
သူ႔မ်က္ႏွာကိုေတာ့ မျမင္ရေပ။
ဒါေပမဲ့ အေနာက္ဘက္မျွမင္ေနရေသာ
ဂုတ္ေထာက္ေနသၫ့္ဆံပင္ရယ္ ၀တ္စားဆင္ယင္
ပံုရယ္ေၾကာင့္ လူငယ္ေယာက္်ားတစ္ေယာက္
ျဖစ္မွန္းေတာ့ ခန႔္မွန္းလိုက္ႏိုင္သည္။
ငါသိတဲ့တစ္ေယာက္ေယာက္မ်ားလား
ဝိုင္းေလးအေတြးမ်ားေနစဉ္မွာပဲ တေယာတီးျခင္း
ၿပီးသြား၍ ထိုလူဟာအားလံုးကိုႏႈတ္ဆက္ကာ
ေဆးရံုအေဆာက္အဦးထဲမွ ထြက္သြားေလေတာ့သည္။လူတစ္ခ်ိဳ႕ကလည္း သူ႔ကို၀န္းရံၿပီး
လိုက္ပါသြားခဲ့တာေၾကာင့္ အဆံုးအထိ
သူ႔မ်က္ႏွာကို မျမင္လိုက္ရေပ။
"ဟဲ့..ဒီလတ္မွတ္ကေနြဦးေလျပည္ဆီရဲ့
လတ္မွတ္မဟုတ္လား..ေျပာစမ္းဘယ္တုန္းက
လတ္မွတ္ထိုးခိုင္းလိုက္တာလဲ..."
"ဟဲ..ဟဲ..သူတေယာမတီးခင္တည္းက
ဆိုပါေတာ့.."
ေဘးနားမွ ျဖတ္သြားေသာနာ့စ္မေလးႏွစ္ေယာက္ေျပာသြားသၫ့္ နာမည္ကိုၾကားလိုက္ရေတာ့
အံ့ဩသြားခဲ့ရသလို ရင္ထဲမွာလည္း
ဒိန္းကနဲ႔ ျဖစ္သြားခဲ့သည္။
တကယ္ပဲ..ကိုဦးမ်ားလား
"မမဝိုင္းေလး..သြားၾကမယ္ေလ.."
ၾကည္ၾကည္က ျပန္ဖို႔သတိေပးလာခဲ့ေပမဲ့
ေမဝိုင္းေလးကေတာ့ နာ့စ္မေလးႏွစ္ေယာက္ထံသို႔သာ ေျပးသြားလိုက္ေလသည္။
"အစ္မတို႔ႏွစ္ေယာက္ ခဏေလးေနပါအံုး.."
နာ့စ္မေလးႏွစ္ေယာက္၏ အေရ႔ွမွာ
ပိတ္ရပ္လိုက္ေတာ့ ထိုႏွစ္ေယာက္ကလည္း
လန႔္သြားၾကပံုေပၚသည္။
"ဘာျဖစ္လို႔လဲညီမ..ဘာကူညီေပးရမလဲ..."
"ဟိုေလ..ခုဏကတေယာတီးၿပီး
ေဖ်ာ္ေျဖခဲ့တဲ့လူက တကယ္ပဲအဆိုေတာ္
ေနြဦးေလျပည္လားဟင္..."
"ဟုတ္တယ္ေလ..ညီမရဲ့..ေနြဦးေလျပည္က
ဒီေဆးရံုအုပ္နဲ႔ရင္းႏွီးတယ္ေလ..အဲ့ဒါ..
ေဆးရံုထဲကလူေတြကို တမင္ေဖ်ာ္ေျဖသြားခဲ့တာ"
"အခုလိုေျဖေပးလို႔ ေက်းဇူးတင္ပါတယ္ေနာ္..."
"မမဝိုင္းေလးေရ..ဘယ္ကိုေျပးတာလဲ..."
ၾကည္ၾကည္လည္း ေဆးရံုအေဆာက္အဦးထဲမွ
ေျပးထြက္သြားေသာ ေမဝိုင္ေလး၏အေနာက္သို႔
အသည္းအသန္ေျပးလိုက္ရေလသည္။
မေန့ကတင္ အရုပ္ႀကိဳးျပက္ေမ့လဲထားေသာ
လူဟာ အခုမ်ားၾကေတာ့သြက္လက္တက္ႂကြ
ေနလိုက္တာမ်ား ၾကည္ၾကည္ေတာင္
တအံ့တဩျဖစ္ရေလသည္။
ေမဝိုင္းေလးကေတာ့ ေဆးရံု၀န္းအတြင္းမွာ
ကားရပ္ထားေသာ ေနရာတိုင္းကို
ေျပး၍ လိုက္ရွာမိေပမဲ့ ကိုဦး၏အရိပ္ေလးကို
ေတာင္ ဖမ္း၍မမိေတာ့ေပ။
စိတ္ဓာတ္က်သြားတာေၾကာင့္ ေျခလွမ္းေတြေတာင္
ေနွးက်သြားမိေလသည္။
ကိုဦးရဲ့ေနာက္ကို ဘာေၾကာင့္လိုက္ေနမိမွန္း
ကိုယ္ဟာကိုယ္ေတာင္ မသိေတာ့ပါဘူး။
တကယ္ဆို ကိုဦးကနာမည္ႀကီးေနတဲ့
ဒိတ္ဒိတ္က်ဲအဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး
ဝိုင္းေလးကေတာ့ ဘာဆိုဘာမွမဟုတ္တဲ့
သာမာန္မိန္းကေလးတစ္ေယာက္ပင္။
အခုအခ်ိန္မွာ သြားႏႈတ္ဆက္ရင္ေတာင္
မွတ္မိမယ္ မထင္ေတာ့ပါဘူး။
❤️❤️❤️❤️❤️❤️❤️❤️
"အမယ္ေလး...ငါ့ေျမးျပန္လာၿပီေပါ့..
အဖြားကဝိုင္းေလး ေဆးရံုကဆင္းမဲ့အခ်ိန္ကို
ေမ်ွာ္ေနတာကဲြ႔..."
အိမ္ထဲသို႔ ၀င္၀င္ခ်င္းပဲ ဖြားဖြားႏုကစီး၍
ႀကိဳေလသည္။
ဒီအိမ္မွာလည္း ဖြားဖြားႏုရိွလို႔သာေပါ့
မဟုတ္ရင္ ဝိုင္းေလးေတာ့ ပ်င္းလို႔ေသမွာပဲ။
ဖြားဖြားႏု၏ လက္ကေလးကိုကိုင္လိုက္ေတာ့
ဖြားဖြားႏုကႃပံုးလိုက္ေလသည္။
ဧၫ့္ခန္းထဲမွာ ႏွစ္ေယာက္သားထိုင္လိုက္ၾကၿပီးေနာက္ ဖြားဖြားႏုက ဝိုင္းေလးကို ဂရုဏာသက္စြာ
စိုက္ၾကၫ့္ေနတာကို သတိျပဳလိုက္မိေလသည္။
"ဝိုင္းေလးကို ဘာလို႔စိုက္ၾကၫ့္ေနတာလဲ
ဖြားဖြားႏုရဲ့"
"မိရတနာျပန္ေျပာတာေလ..မေန့ကကိုစက္နဲ႔
ေဆးရံုမွာျပႆနာျဖစ္ၾကတယ္ဆို..
ဝိုင္းေလးကို သူဘာေတြေျပာသြားခဲ့တာလဲ..."
"အဲ့ဒီ့ကိစၥနဲ႔ ပတ္သတ္ၿပီးဝိုင္းေလးကို
မေမးပါနဲ႔ေတာ့ ဖြားဖြားႏုရယ္..
ျပန္ေတြးရင္ စိတ္ညစ္လို႔ပါ.."
"ဝိုင္းေလးကမေျပာနဲ႔ဆိုေတာ့လည္း
မေျပာေတာ့ပါဘူး..ဒါေပမဲ့ေျမးတို႔ရဲ့ အိမ္ေထာင္ေရးျပည္လည္ေအာင္
ဖြားႏုစဉ္းစားထားတာတစ္ခုရိွတယ္.."
"ဘာကိုစဉ္းစားထားတာလည္း ဖြားႏုရဲ့.."
ထင္ေတာ့ထင္ပါတယ္။ဖြားႏုတစ္ေယာက္
ဒီေလာက္ ၀မ္းပန္းတသာ ႀကိဳေနပံုေထာက္ရင္
တစ္ခုခုပဲလို႔။
အခုေတာ့ ဝိုင္းေလးနဲ႔မင္းစက္အာဏာ
အဆင္ေျပေအာင္ ႀကံစည္ေနခဲ့တာပဲ။
သူတို႔ဘက္ၾကၫ့္ေတာ့လည္း ကိုယ့္ေျမးရဲ့
အိမ္ေထာင္ေရးကို သာယာေစခ်င္မွာေပါ့။
အမွန္အတိုင္း ထုတ္ေျပာလိုက္ျပန္ရင္လည္း
မင္းစက္အာဏာနဲ႔ သူ႔မိသားစုၾကားမွာ
ဂတံုးဂတိုက္ လုပ္တယ္ကျဖစ္အံုးမယ္။
"ဝိုင္းေလးက..ကိုစက္ရဲ့ကုမၸဏီမွာ
အလုပ္ျပန္၀င္လုပ္လိုက္ပါလား..."
"ရွင္...အဲ့ဒါေတာ့မျဖစ္ဘူးထင္တယ္အဖြားရယ္.."
"ဘာလို႔မျဖစ္ရမွာလဲ..အခုေခာတ္ေယာက္်ားေတြက
မယံုၾကည္ရဘူးေနာ္..ကိုယ့္ေျမးမို႔လို႔လည္း
ဘက္လိုက္ၿပီးဖြားႏုက မေျပာတတ္ဘူး..
ဒီအတိုင္း ဆက္ၿပီးအေနေဝးေနၾကမယ္ဆိုရင္
ပိုၿပီးေသြးေအးဖို႔ပဲရိွေတာ့တယ္..
အခုပဲၾကၫ့္ေလ..ဖြားႏုရဲ့အိမ္မွာ
သူ႔မိန္းမတစ္ေယာက္လံုး ရိွေနတာကိုေတာင္
လံုး၀ျပန္မလာဘူး..
ေနာက္ဆိုရင္ ဘယ္လိုလုပ္မလဲ..
ေယာက္်ားဆိုတာကေလ အနီးကပ္ေစာင့္ၾကၫ့္ၿပီး
အၫွာကို ကိုင္ထားႏိုင္မွေတာ္ခါၾကတာ
သူ႔အေဖတုန္းကလည္း ရတနာကအခုလို
ေဝးေဝးပဲေနလို႔..ေနာက္မိန္းမရသြားတာေပါ့
ဝိုင္းေလးကေရာ အဲ့လိုအျဖစ္ခံမလို႔လား..
ကိုစက္က နယ္ပယ္တိုင္းမွာလူမ်ိဳးစံုနဲ႔
ေတြ့ရမွာပဲ အနီးကပ္ေစာင့္ၾကၫ့္ႏိုင္မွ
ေတာ္ခါၾကမယ္ေနာ္..."
"ဒါေပမဲ့ ဝိုင္းေလးအလုပ္၀င္မွာကို
သူကလက္ခံႏိုင္ပါ့မလား..."
"ဒါေတာ့လံုး၀မပူနဲ႔ အဖြားစီစဉ္ေပးမယ္..
ဝိုင္းေလးက ေခါင္းညိမ့္ဖို႔ပဲလိုတာ..
ဝိုင္းေလး ဟိုတစ္ခါကအဖြားကိုေျပာတယ္ေလ
စာရင္းမွားလို႔ မတရားအလုပ္ထုတ္ခံလိုက္ရတာဆို
အဲ့ဒီ့ကိစၥကိုေရာ ျပန္မရွင္းခ်င္ဘူးလား..."
ဟုတ္တယ္...။အဖြားေျပာသလို ဝိုင္းေလးသူ႔ကို
အနီးကပ္ေစာင့္ၾကၫ့္သင့္တယ္။
သူဝိုင္းေလးကို ခါးခါးသီးသီးျဖစ္ေနတာက
သူမွာ အျခားမိန္းကေလးတစ္ေယာက္ရိွေနလို႔လဲ
ျဖစ္ႏိုင္တာပဲ။
သူ႔အေဖလို အျခားမိန္းမနဲ႔
ယူသြားရင္ေတာ့ သူ႔အျပစ္ျဖစ္သြားၿပီေပါ့။
ေနာက္တစ္ခ်က္က ဝိုင္းေလးအလုပ္ထုတ္ခံလိုက္ရတဲ့ ကိစၥကိုျပန္ရွင္းရမယ္။
ဒီအတိုင္းေတာ့ ေက်ာ္မျပစ္ႏိုင္ဘူး။
သန႔္စင္ခန္းထဲမွာ အတြင္းေရးမွဴးမေျပာတဲ့
စကားေတြကို ေထာက္စၾကၫ့္ရင္
သူနဲ႔ အဲ့အတြင္းေရးမွဴးက ၿငိစြန္းေနတာလည္း
မျဖစ္ႏိုင္ဘူးလား။
"ဝိုင္းေလးဆံုးျဖတ္ၿပီးသြားၿပီ
အလုပ္ျပန္၀င္ၿပီး သူ႔ကိုအနီးကပ္ေစာင့္ၾကၫ့္မယ္"
အခန္း(၁၀)ဆက္ရန္...
စာေရးသူ..ေဆာင္းေငြ့ေဝ
❤️❤️❤️❤️❤️❤️❤️
ပဲြကေတာ့ လွၿပီေနာ္..

ဒါမှတို့ရဲ့မေဝိုင်းလေး ပွဲမရှိလို့ပြင်းနေတာ 😁
ReplyDelete😍😍😘
ReplyDelete🥰🥰🥰🥰
ReplyDeleteဇာတ်လမ်းလေးကို ဖတ်ရတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကြိုက်တယ်နော်
ReplyDeleteကျေးူးပါဇ
ReplyDelete