(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း၅
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
အခန်းတစ်ခုလုံးသည် တိတ်ဆိတ်
မှောင်မည်းနေလေသည်။လပြည့်ညဖြစ်၍ လမင်း၏အလင်းရောင်သည်
ပြူတင်းမှန်မှတစ်ဆင့် ကုတင်ပေါ်တွင်
လဲလှောင်းနေသော မိန်းမငယ်လေး၏
ခန္တာကိုယ်တစ်ခုလုံးကို၀င်းပသွားစေခဲ့သည်။
ညဉ့်သန်းခေါင်ယံအချိန်သို့ရောက်လာသောအခါ လာပြည့်၀န်းကိုမျက်နှာမူ၍
ခွေးများသည် အဆက်မပြတ်
အော်ဟစ်လာကြသလို မိန်းမငယ်လေး၏
ထိတ်လန့်မှုသည်လည်း စတင်လာခဲ့လေသည်။
"ကယ်ကြပါအုံး..!!!
အမေတို့ဆီကိုသွားချင်တယ်..!!!
အမေရေ..သမီးကိုကယ်ပါ!!!.."
မေဝိုင်းလေး၏ ခန္ဓာကိုယ်တစ်ခုလုံးသည်
ချွေးစေးများနှင့် စိုစွတ်လာခဲ့ပြီးအိပ်နေရင်းမှ
တစ်ကိုယ်လုံးတုန်ယင်လာခဲ့သည်။
လမင်း၏အရိပ်အောက်တွင် သူသည်
တစ်စုံတစ်ခု၀င်ပူးနေသကဲ့သို့ မေးကြောတွေ
ထောင်တင်းလာကာ မျက်ရည်များ
အဆက်မပြတ်စီးကျ..ငိုကြွေးလျှက်ဖြင့်
အိပ်ယာအခင်းကို တင်းကြပ်စွာဆုပ်ကိုင်
ထားမိလေသည်။
"အား....!!!!"
ငယ်သံပါအောင် အားကုန်အော်လိုက်လျှက်
သူလန့်နိုးလာခဲ့သည်။မျက်လုံးများကို
ဖွင့်လိုက်သည့်အခါ အမှောင်ကမ္ဘာတစ်ခုသည်
သူ့ကိုဆီး၍ကြိုနေခဲ့လေသည်။
ကြောက်ရွံ့ထိတ်လန့်စွာနှင့် အပြင်ဘက်သို့
ပြူတင်းတံခါးမှ လှမ်းကြည့်လိုက်သောအခါ
သူကြောက်ရွံ့သောလပြည့်နေ့ဟာ
ရောက်ရှိနေခဲ့လေသည်။
အညိုရောင်မျက်စံများသည် ကြောက်ရွံ့မှုနှင့်အတူ ဂဏှာမညိမ်ဖြစ်လာခဲ့ကာ
အံကိုတင်းတင်းကြိတ်ထားမိ၍
နှုတ်ခမ်းစွန်းမှ သွေးစတို့စီးကျလာခဲ့လေသည်။
ပြူတင်းပေါက်မှ ချောက်ခြားစရာ
လအလင်းရောင်ကို အထိတ်ထိတ်
အလန့်လန့်နှင့် မော့ကြည့်နေမိရင်းနှင့်
ကြောက်ရွံ့တုန်လှုပ်စွာ အနောက်သို့
တရွေ့ရွေး ဆုတ်သွားမိရာမှ ကုတင်ပေါ်မှ
အရှိန်နှင့် ပြုတ်ကျသွားခဲ့လေသည်။
"အမေရေ..သမီးကိုကယ်ပါဦး..!!!!"
"အား!!!အဟင့်..သမီးကြောက်တယ်.."
"အမေ့..အဖေ့..သမီးကိုလာကယ်ကြပါ.."
"သမီးကိုလာကယ်ပေးကြပါ..."
မေဝိုင်းလေး၏ အထိတ်တလန့်အော်ငိုသံကြောင့် ဘေးအခန်းကပ်လျှက်မှ
ခင်ထိပ်ထားဦးလည်း လန့်နိုးသွားခဲ့သလို
အောက်ထပ်မှ ဒေါ်တင်မမနှင့်
အဖွားမိစံသည်လည်း အိပ်ခန်းထဲမှချက်ချင်းထွက်လာကြကာ အိမ်အပေါ်ထပ်သို့
မပြေးယုံတမယ် တက်လာကြလေသည်။
"ဒုန်း!!!!"
အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ကြပြီး
အကုန်လုံးအခန်းထဲသို့ ၀င်လိုက်ကြကာ
ယူလာသော ဓာတ်မီးနှင့်လှမ်းထိုးလိုက်သောအခါ ကုတင်ခြေရင်းတွင် တစ်ကိုယ်လုံး
တုန်ယင်၍ ရှိုက်ကြီးတငင်ငိုကြွေးနေသော
မေဝိုင်းလေးကို ဂရုဏာသက်စွာ
တွေ့လိုက်ကြရသည်။
"သမီး..သမီးလေး.."
ဒေါ်တင်မမလည်း အလောတကြီးနှင့်သမီးဖြစ်သူကို ပြေးဖက်ကာရင်ခွင်ထဲ၌ ထွေးပိုက်
ထားလိုက်မိလေသည်။မေဝိုင်းလေးကတော့
အမေ့ကို အားကိုးတကြီးဖက်တွယ်ထားလျှက်
"သမီးကြောက်တယ်.."ဟုသာ
တတွတ်တွတ်ပြောနေခဲ့လေသည်။
"မီးပျက်သွားတာကို အမေမသိလိုက်လို့
အင်ဗာတာနဲ့မီးထွန်းဖို့ မေ့သွားခဲ့တာပါကွယ်
အမေတောင်းပန်ပါတယ်သမီးရယ်..
အမေ့အမှားပါ..အဟင့်..
အမေတောင်းပန်ပါတယ်..သမီးလေး
အရမ်းကြောက်နေလားဟင်
ရေလေးသောက်ပြီး..ပြန်အိပ်လိုက်နော်.."
ဆံပင်တွေနင့် ဖုံးအုပ်နေသော
ဖြူဖက်ဖြူလျှော်မျက်နှာလေးကို
မော့စေလိုက်ပြီး အနမ်းဖြင့်နှစ်သိမ့်ပေးလိုက်ကာ ရေတိုက်၍ ပြန်အိပ်ခိုင်းလိုက်ရလေသည်။
ခဏအကြာမှာတော့ မိခင်၏လက်ကို
ဆုပ်ကိုင်လျှက်ဖြင့် မေဝိုင်းလေးသည်
ပြန်၍ အိပ်မောကျသွားခဲ့လေတယ်။
"သူ့ရဲ့ဒီလိုအခြေအနေနဲ့..အမေတို့တကယ်ပဲ
ယောက်ျားပေးစားဖို့ ဆုံးဖြတ်လိုက်တာလား"
ခင်ထိပ်ထားဦးကလည်း အခွင့်သင့်ရင်
သင့်သလို စကားနာထိုးလာသောကြောင့်
ဒေါ်တင်မမအရမ်းကို ဒေါသထွက်သွားခဲ့လေသည်။
"ဟဲ့..သူ့ရဲ့အခြေအနေနဲ့..
လင်ယူလို့မရရအောင်..ငါ့သမီးကရူးနေတာမှ
မဟုတ်တာ..မျက်စိမမြင်..နားမကြားတဲ့လူတွေတောင် အိမ်ထောင်ပြုနေတဲ့ဥစ္စာ
ငါ့သမီးလေးကိုအိမ်ထောင်ပြုပေးချင်တာ
ဘာဆန်းလို့လဲ.."
"ငါ့သမီး..ငါ့သမီးနဲ့..ထည့်ထည့်မပြောစမ်းပါနဲ့
အမေရယ်..နားခါးလွန်းလို့ပါ.."
"ဘာဖြစ်လည်းပြောတော့..ငါ့သမီးမို့လို့..
ငါ့သမီးလို့ပြောတာလေ.."
"ကျစ်..အမေတို့ကလေသိပ်ကိုခက်တယ်
အလကားနေကပ်ကပ်လန်အောင်
ရန်ပြန်တွေ့ဖို့လောက်ပဲသိကြတယ်
မေဝိုင်းလေးကဒီလောက်အထိ
အမှောင်ကြောက်တတ်တာကို..
ကြာလာရင်သူယူတဲ့ယောက်ျားက
ဘယ်သည်းခံနိုင်ပါ့မလဲ ဒီလိုနေ့တွေဆိုရင်
သူ့ပုံစံကသရဲ၀င်ပူးနေသလိုပဲ..
သမီးတောင်သူ့အသံကြားပြီး
လန့်သွားသေးတယ်..သူ့ရဲ့အခုလိုပုံစံမျိုးကို
သူများတွေကတော့ ရူးနေတယ်လို့ပဲ
ထင်ကြမှာသိရဲ့လား..အမေတို့ကိုလည်း
မကောင်းကျောင်းပို့တယ်ဆိုပြီး
အပြစ်တင်လာကြလိမ့်မယ်..."
"ခင်ထိပ်ထားဦး..နင်တော်လိုက်တော့နော်..
အခုချက်ချင်း..အခန်းထဲကနေထွက်သွားတော့.."
"ကဲ..လာပါမြေးရယ်..အမေ့ကိုပြန်ခံပြော
မနေပါနဲ့တော့..ငရဲကြီးလိမ့်မယ်နော်.."
အဖွားဖြစ်သူက အတင်းပြန်ခေါ်သွားတော့မှသာ ခင်ထိပ်ထားဦးသည်အခန်းထဲမှ
ထွက်သွားတော့လေသည်။
ဒေါ်တင်မမကတော့ သမီးငယ်လေး၏
ဘေးတွင် ၀င်လှဲလိုက်ကာဖက်၍ ငိုမိလေသည်။
ထိတ်လန့်စရာ ထိုနေ့ရက်ကအဖြစ်အပျက်တွေကို ပြန်တွေးမိရင်တကယ်ကို
နာကျင်ရပါတယ်။
သမီးလေးရဲ့ ကြောက်ရွံ့နေတဲ့ပုံစံလေးက
အသဲနင့်လောက်ဖွယ်ပါပဲ။
"အမေတို့ကြောင့်ပါသမီးလေးရယ်..
အမေတို့မကောင်းတာပါ..ဒါကြောင့်
သမီးဘ၀ကိုထာ၀ရလုံခြုံမှု ပေးနိုင်မဲ့သူရဲ့
လက်ထဲကို အမေအသကရှင်တုန်း
ထည့်ပေးချင်ခဲ့တာပါသမီးလေးရယ်..
ညအိပ်ယာ၀င်တဲ့အခါတိုင်း
သမီးလေးကို ကြင်ကြင်နာနာနဲ့ဖက်ထားပေးပြီး
..သမီးလေးရဲ့ဝေဒနာတွေကို
နှစ်သိမ့်ပေးနိုင်မဲ့ လူမျိုးနဲ့ဘ၀ကို
ဖြတ်သန်းစေချင်တာ အမေ့ရဲ့ဆန္ဒပါပဲ.."
မေဝိုင်းလေးဟာ အမှောင်ကိုအရမ်းကြောက်
တတ်သည်။
အထူးသဖြင့် ဒီနေ့လိုလပြည့်နေ့တွေမှာ
အိပ်ယာကနေလန့်နိုးတတ်ပြီး
ပတ်၀န်းကျင်မှောင်နေတဲ့အခါမျိုးနဲ့
ကြုံရင် ထထအော်တတ်သည်။
ပုံမှန်ဆိုရင် အဒေါ်ဖြစ်သူကဘေးနားမှာ
အမြဲရှိနေပေးတတ်ပေမဲ့ ရွှေရည်၀င်းလည်း
မနေ့ကပဲ မန္တလေးမှမင်္ဂလာဆောင်ဖိတ်လို့
သွားနေရတဲ့အတွက် ကလေးကနိုးလာတဲ့အခါ
တစ်ယောက်တည်းဖြစ်နေပြီး တော်တော်
ထိတ်လန့်သွားမှာပဲ။
အဒေါ်နဲ့အတူအိပ်တော့ လန့်နိုးလာလည်း
အဒေါ်ဖြစ်သူက နှစ်သိမ့်ချော့မြူပေးတော့
ဒီလောက်အထိ မဆိုးရွားခဲ့ဘူး။
ငယ်ငယ်တုန်းကဆိုရင်တော့ တစ်ခါဖြစ်ရင်
လက်သီးဆုပ်လေးတွေပါ ဖြန့်မရတဲ့အထိ
ဝေဒနာခံစားခဲ့ရရှာတယ်..။
💐💐💐💐💐💐💐💐
မင်္ဂလာရှိသော နေ့သစ်တစ်နေ့အစပြုလာပြီဖြစ်၍ နှစ်ဖက်မိဘအသိုင်းအဝိုင်းနှင့်
တင့်တယ်လှသော မင်္ဂလာဆွမ်းကျွေး
ပွဲလေးသည်လည်း အထမြောက်ခဲ့လေပြီ။
မင်္ဂလာပွဲလေးသို့ တက်ရောက်လာပေးသော
ဆွေမျိုးများသည်လည်း သတို့သားနှင့်၊
သတို့သမီး၏ လိုက်ဖက်တင့်တယ်နေမှုကို
အမျိုးမျိုး ချီးကျူးကြသောကြောင့်
နှစ်ဖက်မိဘတွေဟာ တပြုံးပြုံးနှင့်
ကျေနပ်ပီတီဖြစ်ကြရလေသည်။
အဖြူရောင်ထိုင်မသိမ်းလေးနှင့်အတူ
မေဝိုင်းလေးသည် ထူးခြားပြီးဖြူစင်သော
အလှပိုင်ရှင်လေးဖြစ်နေကာ မင်းစက်အာဏာကတော့ ဂုဏ်အရှိန်အဝါတစ်ခုရှိသည့်
အသွင်သဏ္ဍန်မျိုးကို ပိုင်ဆိုင်ထားလေသည်။
ဒီဘုန်းကြီးကျောင်းဟာ မင်းစက်အာဏာတို့၏ မိသားစုတွေနှစ်စဉ်နှစ်တိုင်း လာရောက်
လှူဒါန်းနေကြ ဘုန်းကြီးကျောင်းဖြစ်လေသည်။
ထို့ကြောင့် ကျောင်းထိုင်ဘုန်းကြီးကအစ
ကောင်းချီးမင်္ဂလာပေးလာသော စုံတွဲလေးဖြစ်၍နေသည်။
မေဝိုင်းလေးကတော့ ပွဲပြီးစီးမဲ့အချိန်ကို
စောင့်ရင်းနှင့် မရင်းနှီးသောလူများကို
လိုက်လံပြုံးပြပြီး နှုတ်ဆက်နေရတာနှင့်ပင်
နွမ်းနယ်လာခဲ့သည်။
မင်းစက်အာဏာဟာ သူ့ရဲ့ကြွယ်၀မှုတွေကို
မက်မောသော မိန်းကလေးဟုစွပ်စွဲခဲ့တဲ့အတွက်
နှစ်ဖက်ဆွေမျိုးတွေကိုသာဖိတ်ပြီး
ဆွမ်းကျွေးသာ လုပ်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့
သူတို့ဆွေမျိုးတွေက ဒီလောက်အထိ
များမယ်လို့ မထင်ခဲ့မိပေ။
ဝိုင်းလေးတို့ဘက်ကတော့ အကုန်လုံးက
ကလောတို့၊မန္တလေးတို့ဘက်ကဆိုတော့
ဖိတ်လည်း လာတဲ့သူကအရမ်းနဲလွန်းတယ်။
ဝိုင်းလေးဟာ အခုတည်း
ကမျက်နှာငယ်နေရသလိုပါပဲ။
သူတို့ဆွေမျိုးတွေဟာ အကုန်သူဌေးတွေချည်းပဲမို့
လက်ဖွဲ့တွေကအစ ဝိုင်းလေးတို့ဘက်နဲ့ လုံး၀ကို
မိုးနဲ့မြေဖြစ်နေမှာ သေချာတယ်။
"မပြုံးချင်လည်း..ဟန်ဆောင်ပြီးတော့
ပြုံးတတ်ရမယ်လေ.."
ဝိုင်းလေး၏ လက်ကိုလှုပ်ပြီးသူက
သတိပေးလာခဲ့ပေမဲ့ တကယ်ကိုဆက်ပြီး
ဟန်မဆောင်နိုင်တော့ဘူး။
လက်ချင်းချိတ်ထားမိသော ကိုယ့်အမျိုးသားကို ပြန်ကြည့်လိုက်မိတော့
တကယ်ကိုအံ့ဩရပါတယ်။
သူ့ရဲ့အပြုံးဟာ အသက်မပါတဲ့အပြင်
စက်ရုပ်တစ်ရုပ်ရဲ့ အပြုံးလိုမျိုးပဲ။
ခံစားချက်မပါပေမဲ့ အတွက်အချက်ကျွမ်းကျင်စွာနဲ့ ဘယ်သူ့ကိုတော့ဘယ်လောက်ပမာဏလောက်
ပြုံးပြရမယ်ဆိုတာကို ကောင်းကောင်းသိနေလေသည်။
"အဟင်း..လုပ်ပြုံးကြီး..."
"..ဘာပြောလိုက်တယ်.."
"ဘာမှမဟုတ်ပါဘူး.."
နားကလည်းပါးလိုက်တာ..။
တိုးတိုးလေးပြောလိုက်တာတောင်
ကြားသွားသေးတယ်။
ဖေဖေဆိုရင် သားသမီးတွေ၊တူတွေ
တူမတွေက ဘယ်လောက်ပဲစနောက်ပါစေ
ပြုံးပြုံးလေးနဲ့ ဒေါသထွက်တယ်ရယ်လို့
တစ်ခါမှ မရှိခဲ့ဖူးဘူး။
ဝိုင်းလေးအတွက်တော့ လက်တွဲဖော်ဟာ
အရမ်းချမ်းသာစရာမလိုပါဘူး။
အဖေ့လို စိတ်သဘောထားပြည့်၀ပြီး
ပျော်ပျော်နေတတ်ကာ နားလည်မှုရှိရင်ကို
ရပြီ။
တကယ့်လက်တွေ့မှာ ဝိုင်းလေးယူလိုက်ရတဲ့
ဟာကြီးကြတော့ နည်းနည်းလေးပြောမိတာနဲ့
ထပေါက်ကွဲတော့မဲ့ မီးတောင်ကြီးလိုပဲ။
ကြောက်လွန်းလို့ ထိကိုမထိရဲဘူး..။
အရင်ဘ၀က အကုသိုလ်တွေအရမ်းများခဲ့လို့
ဒင်းကို..ယူလိုက်ရတာများလား။
"ကဲ..သတို့သမီးနဲ့သတို့သားက ဒီကားထဲကို
၀င်ကြ.."
မင်္ဂလာဆွမ်းကျွေးပွဲပြီးသွား၍ ဝိုင်းလေးတို့အတွက် အထူးစီစဉ်ထားသောကားပေါ်သို့
တက်လိုက်တယ်ဆိုရင်ပဲ မင်းစက်အာဏာ၏
မျက်နှာဟာ ပွဲထဲမှာနဲ့လုံး၀ကိုမတူတော့ပေ။
ချက်ချင်းကို တည်ကျသွားလေသည်။
သူ့မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေကလည်း
ခုနှစ်ခေါက်၊ရှစ်ခေါက်မကပဲ
အခေါက်တစ်ရာလောက်ချိုးနေတဲ့
ဒင်းရဲ့ မျက်နှာကြီးကြောင့် ခဲဖိုးတောင်
စနောက်ပြီး မတောင်းရဲကြရှာဘူး။
ဘွဲ့ရပြီးတာနဲ့ မင်္ဂလာဆောင်သွားတဲ့
ဝိုင်းလေးရဲ့ သူငယ်ချင်းမင်္ဂလာဆောင်နဲ့တော့
တစ်ခြားစီပဲ။
"မင်းသစ်ရေ..အဖွားရဲ့အိမ်ကိုပဲမောင်းကွာ
အဲ့အိမ်မှာ မင်္ဂလာအခန်းပြင်ထားတယ်တဲ့
ပြီးရင် ငါ့ကိုကုမ္ပဏီလိုက်ပို့ပေးအုံး..
အရမ်းအရေးကြီးတယ်..
ကားကို မြန်မြန်မောင်းပေးစမ်းပါ..."
"ဟုတ်ကဲ့ဆရာ.."
သူ့အမိန့်ကြောင့် ကားကနဂိုထက်
နှစ်ဆလောက် အရှိန်မြန်လာလေသည်။
ဝိုင်းလေးကတော့ ကားအမြန်မောင်းရင်
မစီးရဲသူမို့ ချွေးစေးတွေပြန်လာတော့သည်။
သူ့ကိုကြည့်လိုက်မိတော့ လည်ကတုံးလက်ရှည်၏ လည်ပင်းနားကစိန်ရောင်တောက်နေသော ကြယ်သီးလေးကိုဖြုတ်လိုက်ပြီး
နဖူးစပ်သို့ကျနေသောဆံပင်တွေကို အေးအေးဆေးဆေးပဲ သပ်၍တင်လိုက်သည်။
သူ..ဝိုင်းလေးကိုလုံး၀လှည့်မကြည့်ဘူး..
သူ့ရဲ့မေးရိုးထင်းထင်း ဘေးတိုက်မျက်နှာကို
ကြည့်နေရင်းနှင့် ရင်ထဲမှာလှိုက်ခနဲ
၀မ်းနည်းလာသလို ခံစားလိုက်ရတယ်။
လက်ထက်ပြီးတာ ဘယ်လောက်မှ
မကြာသေးပေမဲ့ သတို့သားလောင်းဟာ
မေဝိုင်းလေးကို မရှိတဲ့အပိုလူတစ်ယောက်လို
သဘောထားနေလေပြီ။
ကားကူရှင်ကိုကျောမှီပြီး လက်ပိုက်ကာမှိန်းနေသောသူ့မျက်နှာကို စိတ်ရှိလက်ရှိသာ
ကုတ်ဆွဲလိုက်ချင်တော့တယ်။
ကားအရှေ့ခန်းသို့ လှမ်းကြည့်လိုက်တော့
ဝိုင်းလေးနှင့် ရွယ်တူလောက်ရှိနိုင်သော
ဒါရိုင်ဘာကောင်လေးက အရှေ့မှန်မှတစ်ဆင့်
ဝိုင်းလေး၏ မျက်နှာမကောင်းပုံကို
မြင်သွားခဲ့လေသည်။
ဝိုင်းလေးလည်းစိတ်ကို အတတ်နိုင်ဆုံး
လျော့ချလိုက်ပြီး ကားပြူတင်းဘက်သို့သာ
လှည့်၍ ထိုင်လိုက်ပါသည်။
*စိတ်လျော့၊စိတ်လျော့..ကိုယ့်သဘောနဲ့ကိုယ်
..ဒီငရဲတွင်းထဲကိုခုန်ဆင်းလာခဲ့ပြီးမှတော့
ပူလောင်မှာကို ကြောက်နေလည်းအပိုပဲ
ငါတို့က ချစ်လို့ညားကြတာလည်းမဟုတ်ဘူး
ငါကတော့ ငွေရေး၊ကြေးရေးကြောင့်
လက်ထက်ခဲ့ရတာဖြစ်ပြီး
သူကတော့ သူ့အဖွားကြောင့်ငါ့ကို
လက်ခံခဲ့ရတာပဲလေ..ဘယ်လိုပဲဖြစ်ဖြစ်
မချစ်လည်း မယား၀တ်တရားတော့
ကျေပွန်အောင်လုပ်ရမှာပဲ..တစ်နေ့နေ့တော့
ငါတို့တွေ နားလည်မှုယူနိုင်လောက်မှာပါ..
အခုလောလောဆယ်တော့
အနေစိမ်းနေတာက သဘာ၀ကျပါတယ်..*
"အဟမ်း!!....အဟမ်း!!.."
ချောင်းဟန့်သံကြား၍ သူ့ဘက်သို့လှည့်ကြည့်လိုက်မိတော့ သူကဝိုင်းလေးကို
ခပ်စိမ်းစိမ်းကြည့်လာကာ..
"ကားပေါ်ကနေဆင်းလို့ရပြီ..
ဒါကအဖွားရဲ့အိမ်ပဲ..ကိုယ်ဒီနေ့
နောက်ကျနိုင်လို့ အခန်းတံခါးကို
လော့ချထားပြီးအိပ်လည်းရတယ်.."
သူပြောချင်တဲ့အဓိပ္ပာယ်က မင်္ဂလာဆောင်တဲ့
ပထမဆုံးနေ့မှာ အလုပ်ဆင်းမယ်ပေါ့..။
သူ့ကိုမစောင့်ပဲ အခန်းကိုလော့ချအိပ်ဆိုတာက
ဝိုင်းလေးနဲ့အတူလာအိပ်မှာမဟုတ်ဘူးလို့
သွယ်ဝိုက်ပြီး ပြောလိုက်တဲ့သဘောများလား။
"ကိုယ်ပြောတာကို မကြားလိုက်ဘူးလား
ကိုယ်သွားစရာရှိတယ်..
မင်းကားပေါ်ကနေဆင်းပေးပါ.."
ဝိုင်းလေးလည်း စကားမပြောချင်တော့၍
ခေါင်းသာငြိမ့်ပြလိုက်ပြီး ကားတံခါးကို
ဖွင့်၍ဆင်းခဲ့လိုက်သည်။
ခြံထဲမှ ထွက်သွားသောကားကိုသာ
မျက်စောင်းလှည့်ထိုးလိုက်ပြီး
အံကြိတ်ပစ်လိုက်မိလေသည်။
*တကယ်ကိုအလုပ်သရဲကောင်ကြီးပါပဲ
ဝိုင်းလေးကသူ့အလုပ်လောက်တောင်
အရေးမပါသလိုအချိုးမျိုး ချိုးသွားခဲ့တာ
မင်္ဂလာပန်းတွေနဲ့အလှဆင်ထားတဲ့
ကားကြီးနဲ့တောင်အလုပ်သွားတယ်ဆိုတော့
ကျပ်မှပြည့်ရဲ့လားမသိဘူး..
စိတ်ချ..အခန်းတံခါးကိုလည်း
သံမဏိအထပ်ထပ်နဲ့ကို ပိတ်ထားအုံးမှာ
ဒီကလည်း သူနဲ့မင်္ဂလာကိုမဦးချင်တာ..
ကမ္ဘာ့ကျက်သရေအယုတ်ဆုံးဟာကြီး..*
အိမ်အကူများကလည်း ကားအသံ
ကြားတည်းက ထွက်ကြိုနေနှင့်ကြ၍
ကားပေါ်မှတစ်စက်မှမဆင်းပဲ
ချက်ချင်းပြန်ထွက်သွားသော
သူ့လုပ်ရပ်ဟာ အားလုံးကိုအံ့အားသင့်သွား
စေခဲ့သည်။ဘယ်သတို့သားကများ
မင်္ဂလာဆောင်ပြီးပြီးချင်းမှာ သတို့သမီးကို
ဒီလိုပစ်စလက်ခက် ထားခဲ့လို့လဲ။
"မမလေး..အထဲကို၀င်လိုက်ပါလားဟင်.."
မင်းစက်အာဏာကို ပါးစပ်တလှုပ်လှုပ်နှင့်
အသံတိတ်ကြိမ်ဆဲနေမိသော ဝိုင်းလေးကို
အိမ်ထဲသို့ ၀င်ရန်အဒေါ်ကြီးတစ်ယောက်က
ပြောလာ၍ အိမ်ကြီးထဲသို့၀င်လာခဲ့လိုက်သည်။
အဖွားဒေါ်နုယဉ်၏အိမ်ဟာ တကယ်ကို
ခမ်းနားလွန်းပါတယ်။ခြံကြီးကလည်း
သစ်ပင်၊ပန်းပင်တွေနှင့် ဝေဆာနေပြီး
အလွန်ကျယ်သလို အိမ်အတွင်းပိုင်းကလည်း
တော်တော်လေးကို အမြင်ဆန်းသစ်သည်။
နံရံတွေမှာ ကပ်ထားတဲ့ပန်းချီကားချက်တွေကြောင့် ပြတိုက်ထဲကိုရောက်သွားသလိုကို
ခံစားလိုက်ရတယ်။
ငယ်ငယ်ကကြည့်ခဲ့တဲ့ စင်ဒရဲလားလေး
ဖိနပ်တစ်ဖက်ကျွတ်ကျန်ခဲ့သော နန်းတော်ကြီးလောက်ကို ခမ်းနားလွန်းပါတယ်။
ကြွေပြားခင်းထားသော ကြမ်းပြင်တွေဟာ
အမြဲတိုက်လို့ထင်ပါရဲ့ ကိုယ့်ရုပ်ကိုယ်တောင်
ပြန်ကြည့်လို့ရလောက်တယ်။
လှေကားလက်ရန်းတွေကအစ ကြွေသားရောင် ပြောင်လက်နေပြီးရွှေအနားကွပ်ထား၍
စိန်ရောင် တဖြတ်ဖြတ်လက်နေသလိုကို
အရောင်တောက်လွန်းတယ်။
အရှင်လတ်လတ် နတ်ပြည်တက်လိုက်ရ
သလိုပါပဲလား။
မေမေတို့၊ဖေဖေတို့ကို လာနေစေချင်လိုက်တာ။ဒေါ်လေးသာ ဒီအိမ်ကိုလာလည်ရင်
ငါ့တူမလေး ကံကောင်းလှချည်ရဲ့လို့
ထခုန်လောက်တယ်။
"ငါ့မြေးက..အဖွားရဲ့အိမ်ကို
သဘောကျနေတာလား.."
အိမ်အတွင်းပိုင်း အပြင်အဆင်ကို
အံ့ဩတကြီးလိုက်ကြည့်နေမိ၍
အနောက်မှာ လူရောက်နေတာကိုတောင်
သတိမထားမိလိုက်ဘူး ဖြစ်သွားခဲ့တယ်။
အနောက်သို့ ပြန်လှည့်ကြည့်လိုက်တော့
ဝှီးချဲလ်ပေါ်တွင် ထိုင်နေကာဝိုင်းလေးကို
ပြုံး၍ ပြနေသောအဖွားတစ်ယောက်ကို
တွေ့လိုက်ရလေသည်။
ဒါကအဖွားမိစံရဲ့သူငယ်ချင်း
အဖွားဒေါ်နုယဉ်များလား။
ထိုဖွားဖွားရဲ့မျက်နှာလေးကတော့
အေးချမ်းနေပြီး သဘောကောင်းမည့်ပုံပေါ်သည်။
"အဖွားဒေါ်နုယဉ်လားဟင်.."
"ဟုတ်ပါ့..အဖွားနာမည်ကနုယဉ်လို့
ခေါ်ပါတယ်ရှင်..မြေးရဲ့နာမည်က
မေဝိုင်းလေးဆိုတော့အဖွားကဝိုင်းလေးလို့ပဲ
ခေါ်မယ်နော်..အဖွားကိုတော့..ဖွားဖွားနုလို့
ခေါ်ပေါ့.."
ဝိုင်းလေးရဲ့အဖွားပြောဖူးတာကတော့
အဖွားမိစံဟာဖွားဖွားနုထက်တစ်နှစ်ကြီး
သည်တဲ့။
ဒါဆိုရင်ဖွားဖွားနုကအသက်၇၇နှစ်ရှိပြီပေါ့။
၇၇နှစ်ဆိုပေမဲ့ မျက်နှာလေးကပြုံးကြည်ကာ
တကယ်ကို အရွယ်တင်သည်။
"ဖွားဖွားမိစံက..ဖွားဖွားနုအကြောင်းကို
အမြဲပြောလေ့ရှိတယ်..ဖွားဖွားနုက
ငယ်ငယ်တုန်းကအရမ်းချောတာပဲတဲ့
တက္ကသိုလ်မှာ ကွင်းလို့ပြောတယ်
အခုတော့ဝိုင်းလေးယုံသွားပြီသိလား.."
"ဟင်..ဘာလို့.."
"ဖွားဖွားနုကအခုအချိန်အထိ အရွယ်တင်နေလို့လေ.."
"တကယ်လားကလေးရဲ့.."
"တကယ်ပေါ့ဖွားဖွားနုရဲ့ သမီးကမလိမ်တတ်ပါဘူး.."
ဖြူစင်သော မျက်၀န်းညိုလေးနှင့်
၀င်းပကြည်လင်နေသောမျက်နှာ
ဝိုင်း၀ိုင်းလေးထက်မှာ ချိုမြပြီးနှစ်လုံးဖွယ်
အပြုံးပိုင်ရှင်လေးက လူကိုစိတ်ချမ်းသာအောင် ပြောတတ်လွန်း၏။ဒေါ်နုယဉ်ကတော့
မေဝိုင်းလေးကို အရမ်းသဘောကျနေမိလေသည်။
ကလေးမ၏ လက်နုနုလေးကို ကိုင်လိုက်ပြီး
အထုံရေစက်ရှိ၍ လာဆုံကြသော
လူနှစ်ယောက်ကဲ့သို့ တစ်ယောက်ကို
တစ်ယောက်ကြည့်၍ ပြုံးလိုက်မိကြလေသည်။
"ကြည်အေးကအဖွားကိုလာခေါ်ရင်းနဲ့
ပြောပြလို့အဖွားသိပြီးပြီ..ကိုစက်က..
ငါ့မြေးကိုတစ်ယောက်တည်း
ထားသွားခဲ့တယ်ဆို
ဒင်းကဘယ်ကိုသွားလိုက်ရတာလဲ.."
ဖွားဖွားနုကအစပြန်ဖော်လာတော့
မင်းစက်အာဏာကို မကျေနပ်မှုတွေဟာ
ပြန်၍ပေါ်ပေါက်လာလေသည်။
ထို့ကြောင့် အခွင့်အရေးရတုန်းဒင်းကို
ပညာပြန်ပြဖို့အတွက် မရှိတဲ့မျက်ရည်တွေကို
ညှစ်ထုတ်လိုက်ပြီး...
"အလုပ်ကိစ္စရှိလို့ကုမ္ပဏီကို သွားရမယ်တဲ့
အဖွားပဲစဉ်းစားကြည့်လေ..အဟင့်
ဖြစ်သင့်ရဲ့လားလို့..
ဒီနေ့ကဝိုင်းလေးနဲ့သူ့အတွက်
အရမ်း..အရမ်းအရေးကြီးတဲ့နေ့မဟုတ်ဘူးလား..မင်္ဂလာဆွမ်းကျွေးပြီး
တစ်နာရီလောက်တောင်မခြားသေးပဲ
.ဝိုင်းလေးကိုတစ်ယောက်တည်း
ထားခဲ့တယ်ဆိုတော့..အဟင့်..သမီးဘ၀က
တော်တော်ကိုဆိုးပါတယ်..ဖွားဖွားနုရယ်.."
"အမယ်လေး..မငိုပါနဲ့ငါ့မြေးရယ်..
ဟုတ်တယ်..အဲ့ကောင်ကတော်တော်ကို
ဆိုးတာ..မင်္ဂလာဆောင်တဲ့ရက်မှာတင်
ငါ့မြေးစိတ်ဆင်းရဲနေရတာကို
အဖွားကိုယ်ချင်းစာပါတယ်ကွယ်..
ဒါမဖြစ်သင့်ဘူး..မဖြစ်သင့်ဘူး..
လုံး၀မဖြစ်သင့်ဘူး..အိမ်ပြန်လာတော့မှ
ဒင်းကိုအဖွား..သမအုံးမယ်.."
အဖွားကသမပေးမယ်ဆိုတော့ ဝိုင်းလေးမှာ
ကျေနပ်လွန်းလို့ ပြောမပြတတ်အောင်ပါပဲ။
အဖွားကြောင့်သာ လက်ထက်တာဆိုတဲ့
လူကြီးကို အဖွားနဲ့ကိုကိုင်ရိုက်ပစ်မယ်..။
မထူးတော့ပါဘူး..အပင်ပေါ်ကိုရောက်တုန်း
အကိုင်းစုံအောင် ကူးလိုက်တော့မယ်..
"အဟင့်..အဖွားရယ်..သမီးလေသူ့ကို
သိပ်ကြောက်တာပဲ..မျက်နှာကြီးက
အမြဲတည်နေပြီး..လူကိုစကားပြောရင်
အာဏာသံကြီးနဲ့သိလား..
သူပြောမှာကိုကြောက်လွန်းလို့..
မင်္ဂလာပွဲကိုတောင် ခမ်းခမ်းနားနားလုပ်ဖို့
မတောင်းဆိုရဲခဲ့ဘူး..သမီးကသူထင်သလို
ငွေမမက်ပါဘူးအဖွားရယ်..သမီးကလေ
..အဖွားတို့ရဲ့
မေတ္တာရိပ်အောက်မှာ..ခိုလှုံပြီး..
အေးချမ်းတဲ့မိသားစုဘ၀လေးကိုပဲ
လိုချင်တာပါအဖွားရယ်..အဟင့်
အခုတော့ငွေရေးကြေးရေး..
ကူညီပေးလိုက်ရတယ်ဆိုပြီး..
သမီးကိုသူအလေးမထားဘူး.."
"ဟယ်..ဒင်းကမိမိစံတို့ကိုငွေကြေး
ကူညီလိုက်တဲ့ ကိစ္စပါပြောလိုက်တာပေါ့လေ
အတန်တန်မှာထားရဲ့သားနဲ့..
ပြောဖြစ်အောင်ကိုပြောလိုက်တယ်ပေါ့..
ငါ့မျက်နှာကိုမှမထောက် ရိုင်းစိုင်းတဲ့ဟာလေး
..ပြန်လာပါစေအုန်း..
အရိုးကျိုးအောင်ကိုချိုးပစ်မယ်..ဒါမှမှတ်မှာ.."
အခုလောလောဆယ်တော့ အဖွားက
ဝှီးချဲလ်နဲ့လေဟု သတိပေးလိုက်ချင်ပေမဲ့
ဒီအတိုင်းပဲထားလိုက်ပါသည်။
ဖွားဖွားနုက မထနိုင်လို့
သူ့ကိုရိုက်ပြီး မဆုံးမနိုင်ပေမဲ့
နားပူအောင်တော့ ပြောဖြစ်မှာသေချာတယ်။
ဘာပဲဖြစ်ဖြစ် အဖွားပြောရင်တော့
သူ့အနေနဲ့ အသိတရားတစ်ခုခု၀င်ပြီး
ဆင်ခြင်လာနိုင်တယ်။
🌹🌹🌹🌹🌹🌹🌹
ညခုနှစ်နာရီထိုးနေပြီဆိုပေမဲ့ ဝိုင်းလေးကတော့
ဖွားဖွားနုနှင့်အတူ ကိုရီးယားဇာတ်လမ်းတွဲကို
အတူကြည့်နေရ၍ လုံး၀ကိုမအိပ်ချင်တော့ပေ။
မနက်ပိုင်းတစ်ပိုင်းလုံး ပင်ပန်းထားတယ်ဆိုပေမဲ့ ရေချိုးပြီးခေါင်းလျှော်ထား၍
လန်းဆန်းနေလေသည်။
အန်တီဒေါ်ရတနာကတော့ လာနှုတ်ဆက်သွားခဲ့ပြီး စောစောအိပ်ယာ၀င်သွားခဲ့လေသည်။
"ဟယ်..မင်းသားကသိသွားတော့မယ်ထင်တယ်.."
"ဟုတ်တယ်..သိရင်လည်းမြန်မြန်
သိလိုက်ပြီးရော..ခဏခဏကို
တေ့လွဲလေးလွဲနေတာ.."
ဖွားဖွားနုနဲ့အတူ ဇာတ်ကားကြည့်ရတာ
တကယ်ကို ပျော်စရာကောင်းလေသည်။
ဝိုင်းလေးကလည်း ရုပ်ရှင်ကြည့်ရတာ
ဝါသနာပါသူမို့ အခုမှပဲသဘောတူ
အူးစင်းချင်း မိတ်ဖွဲ့လိုက်မိသလိုပါပဲ။
"ဟဲ့..အချိန်က၉နာရီတောင်ထိုးတော့မှာပါလား
..ဝိုင်းလေးလည်းအိပ်ချင်နေရောပေါ့..
ပြန်အိပ်တော့လေနော်..အဖွား..ကြည်အေးကို
ဆေးတိုက်ဖို့ခေါ်ပြီးတာနဲ့ ခဏနေအိပ်တော့မယ်.."
"သမီး..ဘာကူပေးရအုံးမလဲဟင်.."
"ရပါတယ်ကွယ်..ငါ့မြေးကနေ့ခင်းကလည်း
မင်္ဂလာပွဲကြောင့်ပင်ပန်းထားတာပဲလေ
အေးဆေးသွားနားပါကွယ်.."
အမှန်တော့ဖွားဖွားနု၏ အိပ်ခန်းထဲကနေကို
မထွက်ချင်ပေ။
အိမ်ထောင်သည်ဘ၀ကိုလည်း အဆင်သင့်
မဖြစ်သေးသလို ယောက်ျားတစ်ယောက်နဲ့
ဘေးချင်းယှဉ်ပြီး အတူအိပ်ရဖို့ကိုလည်း
ကြောက်နေမိသည်။
"ဟင်..အခန်းတံခါးကဘာလို့ပွင့်နေတာလဲ
ငါထွက်လာတုန်းကသေချာပိတ်ထားခဲ့တာပါ
သူရောက်နေတာများလား.."
ခပ်ဟဟဖြစ်နေသော အခန်းတံခါးကိုဖွင့်၍
၀င်လိုက်ပြီး အိပ်ယာပေါ်မှာလှဲချဖို့
ပြင်ဆင်လိုက်ပြီးကာမှ ရေချိုးခန်းဘက်မှ
ရေကျသံတွေကို ကြားလိုက်ရလေသည်။
သူများပြန်ရောက်ပြီး ရေချိုးနေတာလား??
ခဏအကြာမှာ ရေကျသံတွေဟာ ပြန်၍
တိတ်သွားခဲ့လေသည်။
ဝိုင်းလေးလည်း ရေချိုးခန်းအနားသို့
သွားရပ်လိုက်ပြီး သေချာအောင်တံခါးကို
ခေါက်ကြည့်ဖို့ လုပ်လိုက်စဉ်မှာတော့..
"ဂျောက်!!!"
"ဟင်..ရှင်.."
အပေါ်ပိုင်းကဗလာကျင်းနေကာ သပါတ်အဖြူ
တစ်ထည်သာ ခါးမှာပတ်ထားသော
ယောက်ျားတစ်ယောက်..
ဖွံ့ဖြိုးသောကိုယ်ခန္ဓာပေါ်တွင် ..အဖုအထစ်ကြွက်သားများက ထင်းထွက်နေလေသည်။
မြင့်မားသောအရပ်နှင့်လိုက်ဖက်ညီနေသော
ရင်အုံမောက်မောက်နှင့် ချပ်ရပ်နေသော
၀မ်းဗိုက်ကြွက်သားတွေက
ခုဏကကြည့်လာခဲ့သော ကိုရီးယားကားထဲက မင်းသားထက်ပင် ပို၍ကြည့်ကောင်းနေသလိုပဲ။
"ဂလု!!!"
သထွေးကို မြိုချလိုက်မိပြီး အပေါ်ကိုမော့ကြည့်လိုက်မိတော့ စိတ်ရှုပ်သလို
မှေးကျဉ်းလာသော မျက်၀န်းစူးစူးများသည်
ရေစိုဆက်လက်ဖြစ်နေသော
ဆံစလေးများကြားမှ မေဝိုင်းလေးကို
မျက်တောင်မခတ်တမ်းငေးစိုက်ကြည့်နေခဲ့သည်။
ခဏအကြာမှာ သူ့မျက်၀န်းတောက်တောက်များသည် မေဝိုင်းလေး၏ ရှက်သွေးဖြာနေသော ပါးပြင်လေးမှတစ်ဆင့် ဖြူ၀င်းသော
လည်တိုင်လေးသို့ရောက်ရှိသွားကာ
ထိုမှတစ်ဆင့်...
"ဘယ်..ဘယ်ကိုလာကြည့်တာလဲ.."
မင်းစက်အာဏာတစ်ယောက်လန့်ပြီး
နောက်တွန့်သွားအောင်အထိ ပိတ်အော်
ပြစ်လိုက်ကာ လည်ပင်းအနည်းငယ်ဟိုက်နေသော အိင်္ကျီရင်ဘတ်စကို ဆွဲစိထားလိုက်မိလေသည်။
"မင်းငါ့ကိုအရသာခံပြီးကြည့်နေတုန်းကတော့
ကောင်းတယ်ပေါ့.."
"ဘာကိုကောင်းတာလဲ..
ဘယ်မှာကြည့်လို့လဲ.."
နှုတ်ခမ်းလေးဆူကာ ဗြောင်လိမ်လိုက်ပြီးမျက်နှာကိုလွှဲ၍ ကုတင်ပေါ်မှစောင်ကိုဆွဲခြုံရင်း
အိပ်ချင်ယောင်ဆောင်လိုက်မိသည်။
မဟုတ်ရင် ခုဏကမျက်လုံးကြီးပြူးပြီး
သူ့ဗလတွေကို ကြည့်နေမိတာကို
၀န်ခံနေရလိမ့်မယ်။
ရည်းစားကလည်းတစ်ခါမှ မထားခဲ့ဖူးတော့
ဒါမျိုးကိုဇာတ်ကားထဲမှာသာ တွေးခဲ့ဖူးတယ်။
တကယ်အပြင်မှာ တွေ့လိုက်ရတော့..
ဟာ..ငါဘာတွေလျှောက်တွေးနေတာလဲ..
အတွေးတွေကို ခါထုတ်ပြစ်လိုက်ပြီး
အိပ်ပျော်အောင်သာကြိုးစားလိုက်သည်။
အိပ်ချင်နေသောစိတ်ကို တမင်တင်းခံထားခဲ့တာမို့ မေဝိုင်းလေးသည်ခဏလေးနှင့်
အိပ်မောကျသွားခဲ့လေသည်။
အိပ်မက်တွေဟာလည်း ကောင်းတာလား၊
ဆိုးတာလား မဝေခွဲတတ်ပေမဲ့ အိပ်နေရင်းတော့
ပြုံးလိုက်မိလေသည်။
သူမတရေးနိုးလာသောအခါမှ နားထဲ၌
"..တဂျောက်..ဂျောက်နှင့်.."အသံတွေကိုကြားနေရ၍ ခန္ဓာကိုယ်ကိုတစ်ပတ်လောက်
လှိမ့်လိုက်ပြီး မျက်လုံးတွေကို
ဖွင့်ကြည့်လိုက်သောအခါ ကုတင်ထက်တွင်
ကိုယ်တစ်ယောက်တည်းသာရှိနေတာကို
သတိထားလိုက်မိလေသည်။
ထထိုင်လိုက်ပြီး ဘေးဘက်သို့လှမ်းကြည့်
လိုက်တော့ ကုတင်နှင့်သုံးလေးလှမ်းအကွာရှိ
ဆိုဖာပေါ်တွင်လက်ပ်တော့ကို ထိုင်နှိပ်နေသော
သူ့ကိုတွေ့လိုက်ရသည်။
နာရီကိုလှမ်းကြည့်လိုက်တော့ ဆယ့်နှစ်နာရီ
ထိုးနေလေပြီ။
ဝိုင်းလေးလည်း ကုတင်ဘေးရှိ
မီးအိမ်စင်ပေါ်တွင်တင်ထားသော
ရေကိုငှဲ့သောက်လိုက်ပြီး သူ့ကိုကြည့်လိုက်
မိသည်။
"ရှင်မအိပ်သေးဘူးလား.."
ဝိုင်းလေးရဲ့အသံကိုကြားတော့မှ လက်ပ်တော့ခလုတ်တွေကို နှိပ်နေခဲ့သောသူ့လက်ချောင်းများသည် ချက်ချင်းရပ်တန့်သွားခဲ့သည်။
ထူးဆန်းသလို ကြည့်လာသော
သူ့မျက်၀န်းတွေက တကယ်ကို
တန်ပြန်စိုက်ကြည့်ဖို့ခက်ခဲလွန်းသည်။
"ကျွန်မကအရမ်းညဉ့်နက်နေလို့ပြောတာပါ..
အိပ်တာမအိပ်တာကတော့ ရှင့်သဘောပါပဲ.."
ကုတင်စွန်းလေးမှာ ညအိပ်ဂါ၀န်
အဖြူရောင်လေးကို ၀တ်ဆင်ထားသော
မိန်းမငယ်လေး၏အလှသည်
မင်းစက်၏စိတ်အာရုံကိုညှို့ငင်နေခဲ့သည်။
ဆံပင်အရှည်ကြီးများသည် အိပ်ယာနှင့်
ယှက်တိုက်နေပြီးကောင်မလေး၏
ခန္ဓာကိုယ်တစ်ခုလုံးကို
လှပစွာ ဖုံးလွှမ်းပေးထားသည်။
မိန်းကလေးတစ်ယောက်၏
အိပ်ယာ၀င်အလှကို ပထမဆုံးအကြိမ်
ထိုင်ကြည့်ဖူးသည်မို့ သူ့အတွက်တော့ အထူးအဆန်းဖြစ်၍နေသည်။
မဝံ့မရဲဖြစ်ကာ လှုပ်ခတ်နေသော
မျက်၀န်းညိုလေးတွေ..
မွေ့ယာအခင်းကိုဆုပ်ကိုင်ထားသော
လက်ချောင်းလေးတွေ..
ရေသောက်ထား၍ စိုစွတ်နေသော
နှုတ်ခမ်းဖူးဖူးလေးတွင် ကပ်ငြိနေသော
ဆံစလေးအချို့..
ပြီးတော့ ကုတင်အောက်သို့ဆင်းချထားသော
ခြေချောင်းသွယ်သွယ်လေးတွေဟာ
သူ့ဥယျာဉ်ပန်းခြံထဲရှိ မီးတိုင်အောက်မှ
အတောင်ဖြန့်၍ပျံသန်းနေသော
လိပ်ပြာလေးကိုသာ သွား၍သတိရစေသည်။
"ကိုယ့်ကိုတကယ်ပဲ အတူလာအိပ်စေချင်တာလား.."
အဓိပ္ပာယ်တစ်မျိုးကောက်ကာ
ခပ်ဟဟရယ်၍ပြောလိုက်သော
သူ့စကားကြောင့် ဝိုင်းလေးမှာ
ကြောင်အသွားမိလေသည်။
"ရှင်ထင်သလိုမဟုတ်ဘူးဟု.."
ခွန်းတုန့်ပြန်မလို့တွေးလိုက်ချိန်တောင်မရပဲ
ဝိုင်းလေး၏ ခန္ဓာကိုယ်သည်ကုတင်ပေါ်သို့
ပစ်လဲကျသွားခဲ့လေသည်။
ပုခုံးနှစ်ဖက်ကို အားနှင့်ဖိထားသောသန်မာလှသည့် သူ့လက်ကြီးများကြောင့် ကျောပြင်လေးသည်
မွေ့ယာထဲသို့ နစ်၀င်သွားခဲ့သည်။
"ရှင်..ရှင်ဘာလုပ်တာလဲ..ကျွန်ကိုလွှတ်နော်"
သူ့မျက်နှာကိုတည့်တည့်ကြည့်ပြီး အော်ပြောလိုက်သောအခါ သူ့မျက်နှာသည်ပို၍
ငုံကျလာခဲ့ပြီး ဝိုင်းလေး၏နားရွက်ဖျားလေးနားမှာ သူ့နှုတ်ခမ်းကိုကပ်ကာ..
"ကိုယ်ဘာလုပ်မယ်လို့ထင်လဲ..အရင်ဆုံး
ဖိတ်ခေါ်တာကမင်းပဲမဟုတ်ဘူးလား..
လွှတ်ပေးဖို့တော့အစီအစဉ်မရှိဘူး.."
ဝိုင်းလေး၏ပါးပြင်ထဲသို့ နစ်၀င်သွားသော
အေးစက်စက်အနမ်းသည် တစ်ကိုယ်လုံးကို
ဖျင်းခနဲတုန်ယင်သွားသည်အထိ
ထူးဆန်းလွန်းနေသည်။
ခြေချောင်း၊လက်ချောင်းတွေကော့တက်သွားသည်အထိ ထိတ်လန့်မှုကြီးက ခန္ဓာကိုယ်
တစ်ခုလုံးကို အေးစက်သွားစေခဲ့သည်။
အော်ပြီး ငိုချချင်လောက်အောင်
ကြောက်ရွံ့နေမိတယ်။
"မလုပ်..မလုပ်ပါနဲ့..."
တိုးညှင်းသောအသံလေးတစ်ခုသည်
မေဝိုင်းလေး၏နှုတ်ဖျားမှထွက်လာသောအခါ
မင်းစက်အာဏာသည်ကြောက်မက်ဖွယ်
အပြုံးတစ်ခုကိုပြုလုပ်လိုက်ပြီးနောက်
ဖြူ၀င်းနေသောလည်တိုင်လေးကို
သူ၏ချွန်ထက်သောသွားများနှင့်ခရမ်းရောင်အကွက်လေးစွန်းထင်းစေလိုက်သည်။
"အား!!!လူယုတ်မာကြီး...!!!"
"ဒုန်း!!!" "အောင်မလေးဗျ.."
မေဝိုင်းလေးသည်မထင်မှတ်ထားလောက်အောင် သန်မာလာခဲ့ပြီးမင်းစက်၏ရင်ဘတ်ကို
ဒူးနှင့်တော့ကာ ကုတင်ပေါ်မှ
ကန်ချလိုက်တော့သည်။
"အား!!ကျွတ်!!ကျွတ်..မင်းဘယ်လိုလုပ်လိုက်တာလဲ.."
ကုတင်ပေါ်မှ ကြောက်လန့်တကြားထထိုင်လိုက်သော မေးဝိုင်းလေးသည်လည်း
ယခုမှသတိ၀င်လာကာ ဘေးသို့ကြည့်လိုက်တော့ မင်းစက်အာဏာဟာ သူ့ခါးရိုးကို
လက်နှင့်အုပ်လျှက် ကုန်းကုန်းကွကွဖြစ်နေတာကို မြင်လိုက်ရလေသည်။
"ရှင်..ခါးနာသွားတာလား.."
"မင်းကဘယ်လိုထင်လို့လဲ..အာ့.."
မင်းစက်အာဏာသည် ဝိုင်းလေးကို
ဘုကြည့်ကြည့်ကာ သူ့လက်ပ်တော့ကိုယူ၍
အိပ်ခန်းအပြင်သို့ထွက်သွားလေတော့သည်။
ဝိုင်းလေးမှာတော့ အခုထိရင်တုန်နေသေးကာ
စောင်ကိုဆွဲယူလိုက်ပြီး ကိုယ့်မျက်နှာကိုယ်သာ
အုပ်ထားလိုက်မိတော့သည်။
*ဝိုင်းလေးလည်း လန့်သွားသလို
သူလည်းတော်တော်ရှက်သွားမှာပဲ..
အား..မင်္ဂလာဦးညမှာငါ့ယောက်ျားကို
ကုတင်ပေါ်ကနေ..ငါကန်ချလိုက်မိတာလား..*
🌹🌹🌹🌹
(သူပဲလာအိပ်ဖို့ခေါ်ပြီး..သူပဲကန်ချတယ်😂)
=========================================================================
အခန္း၅
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
အခန္းတစ္ခုလံုးသည္ တိတ္ဆိတ္
ေမွာင္မည္းေနေလသည္။လျပၫ့္ညျဖစ္၍ လမင္း၏အလင္းေရာင္သည္
ျပဴတင္းမွန္မွတစ္ဆင့္ ကုတင္ေပၚတြင္
လဲေလွာင္းေနေသာ မိန္းမငယ္ေလး၏
ခႏၲာကိုယ္တစ္ခုလံုးကို၀င္းပသြားေစခဲ့သည္။
ညၪ့္သန္းေခါင္ယံအခ်ိန္သို႔ေရာက္လာေသာအခါ လာျပၫ့္၀န္းကိုမ်က္ႏွာမူ၍
ေခြးမ်ားသည္ အဆက္မျပတ္
ေအာ္ဟစ္လာၾကသလို မိန္းမငယ္ေလး၏
ထိတ္လန႔္မႈသည္လည္း စတင္လာခဲ့ေလသည္။
"ကယ္ၾကပါအံုး..!!!
အေမတို႔ဆီကိုသြားခ်င္တယ္..!!!
အေမေရ..သမီးကိုကယ္ပါ!!!.."
ေမဝိုင္းေလး၏ ခႏၶာကိုယ္တစ္ခုလံုးသည္
ခၽြေးေစးမ်ားႏွင့္ စိုစြတ္လာခဲ့ၿပီးအိပ္ေနရင္းမွ
တစ္ကိုယ္လံုးတုန္ယင္လာခဲ့သည္။
လမင္း၏အရိပ္ေအာက္တြင္ သူသည္
တစ္စံုတစ္ခု၀င္ပူးေနသကဲ့သို႔ ေမးေၾကာေတြ
ေထာင္တင္းလာကာ မ်က္ရည္မ်ား
အဆက္မျပတ္စီးက်..ငိုႂကြေးလ်ွက္ျဖင့္
အိပ္ယာအခင္းကို တင္းၾကပ္စြာဆုပ္ကိုင္
ထားမိေလသည္။
"အား....!!!!"
ငယ္သံပါေအာင္ အားကုန္ေအာ္လိုက္လ်ွက္
သူလန႔္ႏိုးလာခဲ့သည္။မ်က္လံုးမ်ားကို
ဖြင့္လိုက္သၫ့္အခါ အေမွာင္ကမ႓ာတစ္ခုသည္
သူ႔ကိုဆီး၍ႀကိဳေနခဲ့ေလသည္။
ေၾကာက္ရြံ႔ထိတ္လန႔္စြာႏွင့္ အျပင္ဘက္သို႔
ျပဴတင္းတံခါးမွ လွမ္းၾကၫ့္လိုက္ေသာအခါ
သူေၾကာက္ရြံ႔ေသာလျပၫ့္ေန့ဟာ
ေရာက္ရိွေနခဲ့ေလသည္။
အညိုေရာင္မ်က္စံမ်ားသည္ ေၾကာက္ရြံ႔မႈႏွင့္အတူ ဂဏွာမညိမ္ျဖစ္လာခဲ့ကာ
အံကိုတင္းတင္းႀကိတ္ထားမိ၍
ႏႈတ္ခမ္းစြန္းမွ ေသြးစတို႔စီးက်လာခဲ့ေလသည္။
ျပဴတင္းေပါက္မွ ေခ်ာက္ျခားစရာ
လအလင္းေရာင္ကို အထိတ္ထိတ္
အလန႔္လန႔္ႏွင့္ ေမာ့ၾကၫ့္ေနမိရင္းႏွင့္
ေၾကာက္ရြံ႔တုန္လႈပ္စြာ အေနာက္သို႔
တေရြ့ေရြး ဆုတ္သြားမိရာမွ ကုတင္ေပၚမွ
အရိွန္ႏွင့္ ျပဳတ္က်သြားခဲ့ေလသည္။
"အေမေရ..သမီးကိုကယ္ပါဦး..!!!!"
"အား!!!အဟင့္..သမီးေၾကာက္တယ္.."
"အေမ့..အေဖ့..သမီးကိုလာကယ္ၾကပါ.."
"သမီးကိုလာကယ္ေပးၾကပါ..."
ေမဝိုင္းေလး၏ အထိတ္တလန႔္ေအာ္ငိုသံေၾကာင့္ ေဘးအခန္းကပ္လ်ွက္မွ
ခင္ထိပ္ထားဦးလည္း လန႔္ႏိုးသြားခဲ့သလို
ေအာက္ထပ္မွ ေဒၚတင္မမႏွင့္
အဖြားမိစံသည္လည္း အိပ္ခန္းထဲမွခ်က္ခ်င္းထြက္လာၾကကာ အိမ္အေပၚထပ္သို႔
မေျပးယံုတမယ္ တက္လာၾကေလသည္။
"ဒုန္း!!!!"
အိပ္ခန္းတံခါးကို တြန္းဖြင့္လိုက္ၾကၿပီး
အကုန္လံုးအခန္းထဲသို႔ ၀င္လိုက္ၾကကာ
ယူလာေသာ ဓာတ္မီးႏွင့္လွမ္းထိုးလိုက္ေသာအခါ ကုတင္ေျခရင္းတြင္ တစ္ကိုယ္လံုး
တုန္ယင္၍ ရိႈက္ႀကီးတငင္ငိုႂကြေးေနေသာ
ေမဝိုင္းေလးကို ဂရုဏာသက္စြာ
ေတြ့လိုက္ၾကရသည္။
"သမီး..သမီးေလး.."
ေဒၚတင္မမလည္း အေလာတႀကီးႏွင့္သမီးျဖစ္သူကို ေျပးဖက္ကာရင္ခြင္ထဲ၌ ေထြးပိုက္
ထားလိုက္မိေလသည္။ေမဝိုင္းေလးကေတာ့
အေမ့ကို အားကိုးတႀကီးဖက္တြယ္ထားလ်ွက္
"သမီးေၾကာက္တယ္.."ဟုသာ
တတြတ္တြတ္ေျပာေနခဲ့ေလသည္။
"မီးပ်က္သြားတာကို အေမမသိလိုက္လို႔
အင္ဗာတာနဲ႔မီးထြန္းဖို႔ ေမ့သြားခဲ့တာပါကြယ္
အေမေတာင္းပန္ပါတယ္သမီးရယ္..
အေမ့အမွားပါ..အဟင့္..
အေမေတာင္းပန္ပါတယ္..သမီးေလး
အရမ္းေၾကာက္ေနလားဟင္
ေရေလးေသာက္ၿပီး..ျပန္အိပ္လိုက္ေနာ္.."
ဆံပင္ေတြနင့္ ဖံုးအုပ္ေနေသာ
ျဖဴဖက္ျဖဴေလ်ွာ္မ်က္ႏွာေလးကို
ေမာ့ေစလိုက္ၿပီး အနမ္းျဖင့္ႏွစ္သိမ့္ေပးလိုက္ကာ ေရတိုက္၍ ျပန္အိပ္ခိုင္းလိုက္ရေလသည္။
ခဏအၾကာမွာေတာ့ မိခင္၏လက္ကို
ဆုပ္ကိုင္လ်ွက္ျဖင့္ ေမဝိုင္းေလးသည္
ျပန္၍ အိပ္ေမာက်သြားခဲ့ေလတယ္။
"သူ႔ရဲ့ဒီလိုအေျခအေနနဲ႔..အေမတို႔တကယ္ပဲ
ေယာက္်ားေပးစားဖို႔ ဆံုးျဖတ္လိုက္တာလား"
ခင္ထိပ္ထားဦးကလည္း အခြင့္သင့္ရင္
သင့္သလို စကားနာထိုးလာေသာေၾကာင့္
ေဒၚတင္မမအရမ္းကို ေဒါသထြက္သြားခဲ့ေလသည္။
"ဟဲ့..သူ႔ရဲ့အေျခအေနနဲ႔..
လင္ယူလို႔မရရေအာင္..ငါ့သမီးကရူးေနတာမွ
မဟုတ္တာ..မ်က္စိမျမင္..နားမၾကားတဲ့လူေတြေတာင္ အိမ္ေထာင္ျပဳေနတဲ့ဥစၥာ
ငါ့သမီးေလးကိုအိမ္ေထာင္ျပဳေပးခ်င္တာ
ဘာဆန္းလို႔လဲ.."
"ငါ့သမီး..ငါ့သမီးနဲ႔..ထၫ့္ထၫ့္မေျပာစမ္းပါနဲ႔
အေမရယ္..နားခါးလြန္းလို႔ပါ.."
"ဘာျဖစ္လည္းေျပာေတာ့..ငါ့သမီးမို႔လို႔..
ငါ့သမီးလို႔ေျပာတာေလ.."
"က်စ္..အေမတို႔ကေလသိပ္ကိုခက္တယ္
အလကားေနကပ္ကပ္လန္ေအာင္
ရန္ျပန္ေတြ့ဖို႔ေလာက္ပဲသိၾကတယ္
ေမဝိုင္းေလးကဒီေလာက္အထိ
အေမွာင္ေၾကာက္တတ္တာကို..
ၾကာလာရင္သူယူတဲ့ေယာက္်ားက
ဘယ္သည္းခံႏိုင္ပါ့မလဲ ဒီလိုေန့ေတြဆိုရင္
သူ႔ပံုစံကသရဲ၀င္ပူးေနသလိုပဲ..
သမီးေတာင္သူ႔အသံၾကားၿပီး
လန႔္သြားေသးတယ္..သူ႔ရဲ့အခုလိုပံုစံမ်ိဳးကို
သူမ်ားေတြကေတာ့ ရူးေနတယ္လို႔ပဲ
ထင္ၾကမွာသိရဲ့လား..အေမတို႔ကိုလည္း
မေကာင္းေက်ာင္းပို႔တယ္ဆိုၿပီး
အျပစ္တင္လာၾကလိမ့္မယ္..."
"ခင္ထိပ္ထားဦး..နင္ေတာ္လိုက္ေတာ့ေနာ္..
အခုခ်က္ခ်င္း..အခန္းထဲကေနထြက္သြားေတာ့.."
"ကဲ..လာပါေျမးရယ္..အေမ့ကိုျပန္ခံေျပာ
မေနပါနဲ႔ေတာ့..ငရဲႀကီးလိမ့္မယ္ေနာ္.."
အဖြားျဖစ္သူက အတင္းျပန္ေခၚသြားေတာ့မွသာ ခင္ထိပ္ထားဦးသည္အခန္းထဲမွ
ထြက္သြားေတာ့ေလသည္။
ေဒၚတင္မမကေတာ့ သမီးငယ္ေလး၏
ေဘးတြင္ ၀င္လွဲလိုက္ကာဖက္၍ ငိုမိေလသည္။
ထိတ္လန႔္စရာ ထိုေန့ရက္ကအျဖစ္အပ်က္ေတြကို ျပန္ေတြးမိရင္တကယ္ကို
နာက်င္ရပါတယ္။
သမီးေလးရဲ့ ေၾကာက္ရြံ႔ေနတဲ့ပံုစံေလးက
အသဲနင့္ေလာက္ဖြယ္ပါပဲ။
"အေမတို႔ေၾကာင့္ပါသမီးေလးရယ္..
အေမတို႔မေကာင္းတာပါ..ဒါေၾကာင့္
သမီးဘ၀ကိုထာ၀ရလံုႃခံုမႈ ေပးႏိုင္မဲ့သူရဲ့
လက္ထဲကို အေမအသကရွင္တုန္း
ထၫ့္ေပးခ်င္ခဲ့တာပါသမီးေလးရယ္..
ညအိပ္ယာ၀င္တဲ့အခါတိုင္း
သမီးေလးကို ၾကင္ၾကင္နာနာနဲ႔ဖက္ထားေပးၿပီး
..သမီးေလးရဲ့ေဝဒနာေတြကို
ႏွစ္သိမ့္ေပးႏိုင္မဲ့ လူမ်ိဳးနဲ႔ဘ၀ကို
ျဖတ္သန္းေစခ်င္တာ အေမ့ရဲ့ဆႏၵပါပဲ.."
ေမဝိုင္းေလးဟာ အေမွာင္ကိုအရမ္းေၾကာက္
တတ္သည္။
အထူးသျဖင့္ ဒီေန့လိုလျပၫ့္ေန့ေတြမွာ
အိပ္ယာကေနလန႔္ႏိုးတတ္ၿပီး
ပတ္၀န္းက်င္ေမွာင္ေနတဲ့အခါမ်ိဳးနဲ႔
ႄကံုရင္ ထထေအာ္တတ္သည္။
ပံုမွန္ဆိုရင္ အေဒၚျဖစ္သူကေဘးနားမွာ
အၿမဲရိွေနေပးတတ္ေပမဲ့ ေရႊရည္၀င္းလည္း
မေန့ကပဲ မႏၲေလးမွမဂၤလာေဆာင္ဖိတ္လို႔
သြားေနရတဲ့အတြက္ ကေလးကႏိုးလာတဲ့အခါ
တစ္ေယာက္တည္းျဖစ္ေနၿပီး ေတာ္ေတာ္
ထိတ္လန႔္သြားမွာပဲ။
အေဒၚနဲ႔အတူအိပ္ေတာ့ လန႔္ႏိုးလာလည္း
အေဒၚျဖစ္သူက ႏွစ္သိမ့္ေခ်ာ့ျမဴေပးေတာ့
ဒီေလာက္အထိ မဆိုးရြားခဲ့ဘူး။
ငယ္ငယ္တုန္းကဆိုရင္ေတာ့ တစ္ခါျဖစ္ရင္
လက္သီးဆုပ္ေလးေတြပါ ျဖန႔္မရတဲ့အထိ
ေဝဒနာခံစားခဲ့ရရွာတယ္..။
💐💐💐💐💐💐💐💐
မဂၤလာရိွေသာ ေန့သစ္တစ္ေန့အစျပဳလာၿပီျဖစ္၍ ႏွစ္ဖက္မိဘအသိုင္းအဝိုင္းႏွင့္
တင့္တယ္လွေသာ မဂၤလာဆြမ္းကၽြေး
ပဲြေလးသည္လည္း အထေျမာက္ခဲ့ေလၿပီ။
မဂၤလာပဲြေလးသို႔ တက္ေရာက္လာေပးေသာ
ေဆြမ်ိဳးမ်ားသည္လည္း သတို႔သားႏွင့္၊
သတို႔သမီး၏ လိုက္ဖက္တင့္တယ္ေနမႈကို
အမ်ိဳးမ်ိဳး ခ်ီးက်ူးၾကေသာေၾကာင့္
ႏွစ္ဖက္မိဘေတြဟာ တႃပံုးႃပံုးႏွင့္
ေက်နပ္ပီတီျဖစ္ၾကရေလသည္။
အျဖဴေရာင္ထိုင္မသိမ္းေလးႏွင့္အတူ
ေမဝိုင္းေလးသည္ ထူးျခားၿပီးျဖဴစင္ေသာ
အလွပိုင္ရွင္ေလးျဖစ္ေနကာ မင္းစက္အာဏာကေတာ့ ဂုဏ္အရိွန္အဝါတစ္ခုရိွသၫ့္
အသြင္သ႑န္မ်ိဳးကို ပိုင္ဆိုင္ထားေလသည္။
ဒီဘုန္းႀကီးေက်ာင္းဟာ မင္းစက္အာဏာတို႔၏ မိသားစုေတြႏွစ္စဉ္ႏွစ္တိုင္း လာေရာက္
လႉဒါန္းေနၾက ဘုန္းႀကီးေက်ာင္းျဖစ္ေလသည္။
ထို႔ေၾကာင့္ ေက်ာင္းထိုင္ဘုန္းႀကီးကအစ
ေကာင္းခ်ီးမဂၤလာေပးလာေသာ စံုတဲြေလးျဖစ္၍ေနသည္။
ေမဝိုင္းေလးကေတာ့ ပဲြၿပီးစီးမဲ့အခ်ိန္ကို
ေစာင့္ရင္းႏွင့္ မရင္းႏွီးေသာလူမ်ားကို
လိုက္လံႃပံုးျပၿပီး ႏႈတ္ဆက္ေနရတာႏွင့္ပင္
ႏြမ္းနယ္လာခဲ့သည္။
မင္းစက္အာဏာဟာ သူ႔ရဲ့ႂကြယ္၀မႈေတြကို
မက္ေမာေသာ မိန္းကေလးဟုစြပ္စဲြခဲ့တဲ့အတြက္
ႏွစ္ဖက္ေဆြမ်ိဳးေတြကိုသာဖိတ္ၿပီး
ဆြမ္းကၽြေးသာ လုပ္ဖို႔ဆံုးျဖတ္ခဲ့ေပမဲ့
သူတို႔ေဆြမ်ိဳးေတြက ဒီေလာက္အထိ
မ်ားမယ္လို႔ မထင္ခဲ့မိေပ။
ဝိုင္းေလးတို႔ဘက္ကေတာ့ အကုန္လံုးက
ကေလာတို႔၊မႏၲေလးတို႔ဘက္ကဆိုေတာ့
ဖိတ္လည္း လာတဲ့သူကအရမ္းနဲလြန္းတယ္။
ဝိုင္းေလးဟာ အခုတည္း
ကမ်က္ႏွာငယ္ေနရသလိုပါပဲ။
သူတို႔ေဆြမ်ိဳးေတြဟာ အကုန္သူေဌးေတြခ်ည္းပဲမို႔
လက္ဖဲြ႔ေတြကအစ ဝိုင္းေလးတို႔ဘက္နဲ႔ လံုး၀ကို
မိုးနဲ႔ေျမျဖစ္ေနမွာ ေသခ်ာတယ္။
"မႃပံုးခ်င္လည္း..ဟန္ေဆာင္ၿပီးေတာ့
ႃပံုးတတ္ရမယ္ေလ.."
ဝိုင္းေလး၏ လက္ကိုလႈပ္ၿပီးသူက
သတိေပးလာခဲ့ေပမဲ့ တကယ္ကိုဆက္ၿပီး
ဟန္မေဆာင္ႏိုင္ေတာ့ဘူး။
လက္ခ်င္းခ်ိတ္ထားမိေသာ ကိုယ့္အမ်ိဳးသားကို ျပန္ၾကၫ့္လိုက္မိေတာ့
တကယ္ကိုအံ့ဩရပါတယ္။
သူ႔ရဲ့အႃပံုးဟာ အသက္မပါတဲ့အျပင္
စက္ရုပ္တစ္ရုပ္ရဲ့ အႃပံုးလိုမ်ိဳးပဲ။
ခံစားခ်က္မပါေပမဲ့ အတြက္အခ်က္ကၽြမ္းက်င္စြာနဲ႔ ဘယ္သူ႔ကိုေတာ့ဘယ္ေလာက္ပမာဏေလာက္
ႃပံုးျပရမယ္ဆိုတာကို ေကာင္းေကာင္းသိေနေလသည္။
"အဟင္း..လုပ္ႃပံုးႀကီး..."
"..ဘာေျပာလိုက္တယ္.."
"ဘာမွမဟုတ္ပါဘူး.."
နားကလည္းပါးလိုက္တာ..။
တိုးတိုးေလးေျပာလိုက္တာေတာင္
ၾကားသြားေသးတယ္။
ေဖေဖဆိုရင္ သားသမီးေတြ၊တူေတြ
တူမေတြက ဘယ္ေလာက္ပဲစေနာက္ပါေစ
ႃပံုးႃပံုးေလးနဲ႔ ေဒါသထြက္တယ္ရယ္လို႔
တစ္ခါမွ မရိွခဲ့ဖူးဘူး။
ဝိုင္းေလးအတြက္ေတာ့ လက္တဲြေဖာ္ဟာ
အရမ္းခ်မ္းသာစရာမလိုပါဘူး။
အေဖ့လို စိတ္သေဘာထားျပၫ့္၀ၿပီး
ေပ်ာ္ေပ်ာ္ေနတတ္ကာ နားလည္မႈရိွရင္ကို
ရၿပီ။
တကယ့္လက္ေတြ့မွာ ဝိုင္းေလးယူလိုက္ရတဲ့
ဟာႀကီးၾကေတာ့ နည္းနည္းေလးေျပာမိတာနဲ႔
ထေပါက္ကဲြေတာ့မဲ့ မီးေတာင္ႀကီးလိုပဲ။
ေၾကာက္လြန္းလို႔ ထိကိုမထိရဲဘူး..။
အရင္ဘ၀က အကုသိုလ္ေတြအရမ္းမ်ားခဲ့လို႔
ဒင္းကို..ယူလိုက္ရတာမ်ားလား။
"ကဲ..သတို႔သမီးနဲ႔သတို႔သားက ဒီကားထဲကို
၀င္ၾက.."
မဂၤလာဆြမ္းကၽြေးပဲြၿပီးသြား၍ ဝိုင္းေလးတို႔အတြက္ အထူးစီစဉ္ထားေသာကားေပၚသို႔
တက္လိုက္တယ္ဆိုရင္ပဲ မင္းစက္အာဏာ၏
မ်က္ႏွာဟာ ပဲြထဲမွာနဲ႔လံုး၀ကိုမတူေတာ့ေပ။
ခ်က္ခ်င္းကို တည္က်သြားေလသည္။
သူ႔မိတ္ေဆြေတြနဲ႔ ေဆြမ်ိဳးေတြကလည္း
ခုႏွစ္ေခါက္၊ရွစ္ေခါက္မကပဲ
အေခါက္တစ္ရာေလာက္ခ်ိဳးေနတဲ့
ဒင္းရဲ့ မ်က္ႏွာႀကီးေၾကာင့္ ခဲဖိုးေတာင္
စေနာက္ၿပီး မေတာင္းရဲၾကရွာဘူး။
ဘဲြ႔ရၿပီးတာနဲ႔ မဂၤလာေဆာင္သြားတဲ့
ဝိုင္းေလးရဲ့ သူငယ္ခ်င္းမဂၤလာေဆာင္နဲ႔ေတာ့
တစ္ျခားစီပဲ။
"မင္းသစ္ေရ..အဖြားရဲ့အိမ္ကိုပဲေမာင္းကြာ
အဲ့အိမ္မွာ မဂၤလာအခန္းျပင္ထားတယ္တဲ့
ၿပီးရင္ ငါ့ကိုကုမၸဏီလိုက္ပို႔ေပးအံုး..
အရမ္းအေရးႀကီးတယ္..
ကားကို ျမန္ျမန္ေမာင္းေပးစမ္းပါ..."
"ဟုတ္ကဲ့ဆရာ.."
သူ႔အမိန႔္ေၾကာင့္ ကားကနဂိုထက္
ႏွစ္ဆေလာက္ အရိွန္ျမန္လာေလသည္။
ဝိုင္းေလးကေတာ့ ကားအျမန္ေမာင္းရင္
မစီးရဲသူမို႔ ခၽြေးေစးေတျြပန္လာေတာ့သည္။
သူ႔ကိုၾကၫ့္လိုက္မိေတာ့ လည္ကတံုးလက္ရွည္၏ လည္ပင္းနားကစိန္ေရာင္ေတာက္ေနေသာ ၾကယ္သီးေလးကိုျဖဳတ္လိုက္ၿပီး
နဖူးစပ္သို႔က်ေနေသာဆံပင္ေတြကို ေအးေအးေဆးေဆးပဲ သပ္၍တင္လိုက္သည္။
သူ..ဝိုင္းေလးကိုလံုး၀လွၫ့္မၾကၫ့္ဘူး..
သူ႔ရဲ့ေမးရိုးထင္းထင္း ေဘးတိုက္မ်က္ႏွာကို
ၾကၫ့္ေနရင္းႏွင့္ ရင္ထဲမွာလိႈက္ခနဲ
၀မ္းနည္းလာသလို ခံစားလိုက္ရတယ္။
လက္ထက္ၿပီးတာ ဘယ္ေလာက္မွ
မၾကာေသးေပမဲ့ သတို႔သားေလာင္းဟာ
ေမဝိုင္းေလးကို မရိွတဲ့အပိုလူတစ္ေယာက္လို
သေဘာထားေနေလၿပီ။
ကားကူရွင္ကိုေက်ာမွီၿပီး လက္ပိုက္ကာမိွန္းေနေသာသူ႔မ်က္ႏွာကို စိတ္ရိွလက္ရိွသာ
ကုတ္ဆဲြလိုက္ခ်င္ေတာ့တယ္။
ကားအေရ႔ွခန္းသို႔ လွမ္းၾကၫ့္လိုက္ေတာ့
ဝိုင္းေလးႏွင့္ ရြယ္တူေလာက္ရိွႏိုင္ေသာ
ဒါရိုင္ဘာေကာင္ေလးက အေရ႔ွမွန္မွတစ္ဆင့္
ဝိုင္းေလး၏ မ်က္ႏွာမေကာင္းပံုကို
ျမင္သြားခဲ့ေလသည္။
ဝိုင္းေလးလည္းစိတ္ကို အတတ္ႏိုင္ဆံုး
ေလ်ာ့ခ်လိုက္ၿပီး ကားျပဴတင္းဘက္သို႔သာ
လွၫ့္၍ ထိုင္လိုက္ပါသည္။
*စိတ္ေလ်ာ့၊စိတ္ေလ်ာ့..ကိုယ့္သေဘာနဲ႔ကိုယ္
..ဒီငရဲတြင္းထဲကိုခုန္ဆင္းလာခဲ့ၿပီးမွေတာ့
ပူေလာင္မွာကို ေၾကာက္ေနလည္းအပိုပဲ
ငါတို႔က ခ်စ္လို႔ညားၾကတာလည္းမဟုတ္ဘူး
ငါကေတာ့ ေငြေရး၊ေၾကးေရးေၾကာင့္
လက္ထက္ခဲ့ရတာျဖစ္ၿပီး
သူကေတာ့ သူ႔အဖြားေၾကာင့္ငါ့ကို
လက္ခံခဲ့ရတာပဲေလ..ဘယ္လိုပဲျဖစ္ျဖစ္
မခ်စ္လည္း မယား၀တ္တရားေတာ့
ေက်ပြန္ေအာင္လုပ္ရမွာပဲ..တစ္ေန့ေန့ေတာ့
ငါတို႔ေတြ နားလည္မႈယူႏိုင္ေလာက္မွာပါ..
အခုေလာေလာဆယ္ေတာ့
အေနစိမ္းေနတာက သဘာ၀က်ပါတယ္..*
"အဟမ္း!!....အဟမ္း!!.."
ေခ်ာင္းဟန႔္သံၾကား၍ သူ႔ဘက္သို႔လွၫ့္ၾကၫ့္လိုက္မိေတာ့ သူကဝိုင္းေလးကို
ခပ္စိမ္းစိမ္းၾကၫ့္လာကာ..
"ကားေပၚကေနဆင္းလို႔ရၿပီ..
ဒါကအဖြားရဲ့အိမ္ပဲ..ကိုယ္ဒီေန့
ေနာက္က်ႏိုင္လို႔ အခန္းတံခါးကို
ေလာ့ခ်ထားၿပီးအိပ္လည္းရတယ္.."
သူေျပာခ်င္တဲ့အဓိပၸာယ္က မဂၤလာေဆာင္တဲ့
ပထမဆံုးေန့မွာ အလုပ္ဆင္းမယ္ေပါ့..။
သူ႔ကိုမေစာင့္ပဲ အခန္းကိုေလာ့ခ်အိပ္ဆိုတာက
ဝိုင္းေလးနဲ႔အတူလာအိပ္မွာမဟုတ္ဘူးလို႔
သြယ္ဝိုက္ၿပီး ေျပာလိုက္တဲ့သေဘာမ်ားလား။
"ကိုယ္ေျပာတာကို မၾကားလိုက္ဘူးလား
ကိုယ္သြားစရာရိွတယ္..
မင္းကားေပၚကေနဆင္းေပးပါ.."
ဝိုင္းေလးလည္း စကားမေျပာခ်င္ေတာ့၍
ေခါင္းသာၿငိမ့္ျပလိုက္ၿပီး ကားတံခါးကို
ဖြင့္၍ဆင္းခဲ့လိုက္သည္။
ၿခံထဲမွ ထြက္သြားေသာကားကိုသာ
မ်က္ေစာင္းလွၫ့္ထိုးလိုက္ၿပီး
အံႀကိတ္ပစ္လိုက္မိေလသည္။
*တကယ္ကိုအလုပ္သရဲေကာင္ႀကီးပါပဲ
ဝိုင္းေလးကသူ႔အလုပ္ေလာက္ေတာင္
အေရးမပါသလိုအခ်ိဳးမ်ိဳး ခ်ိဳးသြားခဲ့တာ
မဂၤလာပန္းေတြနဲ႔အလွဆင္ထားတဲ့
ကားႀကီးနဲ႔ေတာင္အလုပ္သြားတယ္ဆိုေတာ့
က်ပ္မျွပၫ့္ရဲ့လားမသိဘူး..
စိတ္ခ်..အခန္းတံခါးကိုလည္း
သံမဏိအထပ္ထပ္နဲ႔ကို ပိတ္ထားအံုးမွာ
ဒီကလည္း သူနဲ႔မဂၤလာကိုမဦးခ်င္တာ..
ကမ႓ာ့က်က္သေရအယုတ္ဆံုးဟာႀကီး..*
အိမ္အကူမ်ားကလည္း ကားအသံ
ၾကားတည္းက ထြက္ႀကိဳေနႏွင့္ၾက၍
ကားေပၚမွတစ္စက္မွမဆင္းပဲ
ခ်က္ခ်င္းျပန္ထြက္သြားေသာ
သူ႔လုပ္ရပ္ဟာ အားလံုးကိုအံ့အားသင့္သြား
ေစခဲ့သည္။ဘယ္သတို႔သားကမ်ား
မဂၤလာေဆာင္ၿပီးၿပီးခ်င္းမွာ သတို႔သမီးကို
ဒီလိုပစ္စလက္ခက္ ထားခဲ့လို႔လဲ။
"မမေလး..အထဲကို၀င္လိုက္ပါလားဟင္.."
မင္းစက္အာဏာကို ပါးစပ္တလႈပ္လႈပ္ႏွင့္
အသံတိတ္ႀကိမ္ဆဲေနမိေသာ ဝိုင္းေလးကို
အိမ္ထဲသို႔ ၀င္ရန္အေဒၚႀကီးတစ္ေယာက္က
ေျပာလာ၍ အိမ္ႀကီးထဲသို႔၀င္လာခဲ့လိုက္သည္။
အဖြားေဒၚႏုယဉ္၏အိမ္ဟာ တကယ္ကို
ခမ္းနားလြန္းပါတယ္။ၿခံႀကီးကလည္း
သစ္ပင္၊ပန္းပင္ေတြႏွင့္ ေဝဆာေနၿပီး
အလြန္က်ယ္သလို အိမ္အတြင္းပိုင္းကလည္း
ေတာ္ေတာ္ေလးကို အျမင္ဆန္းသစ္သည္။
နံရံေတြမွာ ကပ္ထားတဲ့ပန္းခ်ီကားခ်က္ေတြေၾကာင့္ ျပတိုက္ထဲကိုေရာက္သြားသလိုကို
ခံစားလိုက္ရတယ္။
ငယ္ငယ္ကၾကၫ့္ခဲ့တဲ့ စင္ဒရဲလားေလး
ဖိနပ္တစ္ဖက္ကၽြတ္က်န္ခဲ့ေသာ နန္းေတာ္ႀကီးေလာက္ကို ခမ္းနားလြန္းပါတယ္။
ႂကြေျပားခင္းထားေသာ ၾကမ္းျပင္ေတြဟာ
အၿမဲတိုက္လို႔ထင္ပါရဲ့ ကိုယ့္ရုပ္ကိုယ္ေတာင္
ျပန္ၾကၫ့္လို႔ရေလာက္တယ္။
ေလွကားလက္ရန္းေတြကအစ ႂကြေသားေရာင္ ေျပာင္လက္ေနၿပီးေရႊအနားကြပ္ထား၍
စိန္ေရာင္ တျဖတ္ျဖတ္လက္ေနသလိုကို
အေရာင္ေတာက္လြန္းတယ္။
အရွင္လတ္လတ္ နတ္ျပည္တက္လိုက္ရ
သလိုပါပဲလား။
ေမေမတို႔၊ေဖေဖတို႔ကို လာေနေစခ်င္လိုက္တာ။ေဒၚေလးသာ ဒီအိမ္ကိုလာလည္ရင္
ငါ့တူမေလး ကံေကာင္းလွခ်ည္ရဲ့လို႔
ထခုန္ေလာက္တယ္။
"ငါ့ေျမးက..အဖြားရဲ့အိမ္ကို
သေဘာက်ေနတာလား.."
အိမ္အတြင္းပိုင္း အျပင္အဆင္ကို
အံ့ဩတႀကီးလိုက္ၾကၫ့္ေနမိ၍
အေနာက္မွာ လူေရာက္ေနတာကိုေတာင္
သတိမထားမိလိုက္ဘူး ျဖစ္သြားခဲ့တယ္။
အေနာက္သို႔ ျပန္လွၫ့္ၾကၫ့္လိုက္ေတာ့
ဝွီးခ်ဲလ္ေပၚတြင္ ထိုင္ေနကာဝိုင္းေလးကို
ႃပံုး၍ ျပေနေသာအဖြားတစ္ေယာက္ကို
ေတြ့လိုက္ရေလသည္။
ဒါကအဖြားမိစံရဲ့သူငယ္ခ်င္း
အဖြားေဒၚႏုယဉ္မ်ားလား။
ထိုဖြားဖြားရဲ့မ်က္ႏွာေလးကေတာ့
ေအးခ်မ္းေနၿပီး သေဘာေကာင္းမၫ့္ပံုေပၚသည္။
"အဖြားေဒၚႏုယဉ္လားဟင္.."
"ဟုတ္ပါ့..အဖြားနာမည္ကႏုယဉ္လို႔
ေခၚပါတယ္ရွင္..ေျမးရဲ့နာမည္က
ေမဝိုင္းေလးဆိုေတာ့အဖြားကဝိုင္းေလးလို႔ပဲ
ေခၚမယ္ေနာ္..အဖြားကိုေတာ့..ဖြားဖြားႏုလို႔
ေခၚေပါ့.."
ဝိုင္းေလးရဲ့အဖြားေျပာဖူးတာကေတာ့
အဖြားမိစံဟာဖြားဖြားႏုထက္တစ္ႏွစ္ႀကီး
သည္တဲ့။
ဒါဆိုရင္ဖြားဖြားႏုကအသက္၇၇ႏွစ္ရိွၿပီေပါ့။
၇၇ႏွစ္ဆိုေပမဲ့ မ်က္ႏွာေလးကႃပံုးၾကည္ကာ
တကယ္ကို အရြယ္တင္သည္။
"ဖြားဖြားမိစံက..ဖြားဖြားႏုအေၾကာင္းကို
အၿမဲေျပာေလ့ရိွတယ္..ဖြားဖြားႏုက
ငယ္ငယ္တုန္းကအရမ္းေခ်ာတာပဲတဲ့
တကၠသိုလ္မွာ ကြင္းလို႔ေျပာတယ္
အခုေတာ့ဝိုင္းေလးယံုသြားၿပီသိလား.."
"ဟင္..ဘာလို႔.."
"ဖြားဖြားႏုကအခုအခ်ိန္အထိ အရြယ္တင္ေနလို႔ေလ.."
"တကယ္လားကေလးရဲ့.."
"တကယ္ေပါ့ဖြားဖြားႏုရဲ့ သမီးကမလိမ္တတ္ပါဘူး.."
ျဖဴစင္ေသာ မ်က္၀န္းညိုေလးႏွင့္
၀င္းပၾကည္လင္ေနေသာမ်က္ႏွာ
ဝိုင္းဝိုင္းေလးထက္မွာ ခ်ိဳျမၿပီးႏွစ္လံုးဖြယ္
အႃပံုးပိုင္ရွင္ေလးက လူကိုစိတ္ခ်မ္းသာေအာင္ ေျပာတတ္လြန္း၏။ေဒၚႏုယဉ္ကေတာ့
ေမဝိုင္းေလးကို အရမ္းသေဘာက်ေနမိေလသည္။
ကေလးမ၏ လက္ႏုႏုေလးကို ကိုင္လိုက္ၿပီး
အထံုေရစက္ရိွ၍ လာဆံုၾကေသာ
လူႏွစ္ေယာက္ကဲ့သို႔ တစ္ေယာက္ကို
တစ္ေယာက္ၾကၫ့္၍ ႃပံုးလိုက္မိၾကေလသည္။
"ၾကည္ေအးကအဖြားကိုလာေခၚရင္းနဲ႔
ေျပာျပလို႔အဖြားသိၿပီးၿပီ..ကိုစက္က..
ငါ့ေျမးကိုတစ္ေယာက္တည္း
ထားသြားခဲ့တယ္ဆို
ဒင္းကဘယ္ကိုသြားလိုက္ရတာလဲ.."
ဖြားဖြားႏုကအစျပန္ေဖာ္လာေတာ့
မင္းစက္အာဏာကို မေက်နပ္မႈေတြဟာ
ျပန္၍ေပၚေပါက္လာေလသည္။
ထို႔ေၾကာင့္ အခြင့္အေရးရတုန္းဒင္းကို
ပညာျပန္ျပဖို႔အတြက္ မရိွတဲ့မ်က္ရည္ေတြကို
ၫွစ္ထုတ္လိုက္ၿပီး...
"အလုပ္ကိစၥရိွလို႔ကုမၸဏီကို သြားရမယ္တဲ့
အဖြားပဲစဉ္းစားၾကၫ့္ေလ..အဟင့္
ျဖစ္သင့္ရဲ့လားလို႔..
ဒီေန့ကဝိုင္းေလးနဲ႔သူ႔အတြက္
အရမ္း..အရမ္းအေရးႀကီးတဲ့ေန့မဟုတ္ဘူးလား..မဂၤလာဆြမ္းကၽြေးၿပီး
တစ္နာရီေလာက္ေတာင္မျခားေသးပဲ
.ဝိုင္းေလးကိုတစ္ေယာက္တည္း
ထားခဲ့တယ္ဆိုေတာ့..အဟင့္..သမီးဘ၀က
ေတာ္ေတာ္ကိုဆိုးပါတယ္..ဖြားဖြားႏုရယ္.."
"အမယ္ေလး..မငိုပါနဲ႔ငါ့ေျမးရယ္..
ဟုတ္တယ္..အဲ့ေကာင္ကေတာ္ေတာ္ကို
ဆိုးတာ..မဂၤလာေဆာင္တဲ့ရက္မွာတင္
ငါ့ေျမးစိတ္ဆင္းရဲေနရတာကို
အဖြားကိုယ္ခ်င္းစာပါတယ္ကြယ္..
ဒါမျဖစ္သင့္ဘူး..မျဖစ္သင့္ဘူး..
လံုး၀မျဖစ္သင့္ဘူး..အိမ္ျပန္လာေတာ့မွ
ဒင္းကိုအဖြား..သမအံုးမယ္.."
အဖြားကသမေပးမယ္ဆိုေတာ့ ဝိုင္းေလးမွာ
ေက်နပ္လြန္းလို႔ ေျပာမျပတတ္ေအာင္ပါပဲ။
အဖြားေၾကာင့္သာ လက္ထက္တာဆိုတဲ့
လူႀကီးကို အဖြားနဲ႔ကိုကိုင္ရိုက္ပစ္မယ္..။
မထူးေတာ့ပါဘူး..အပင္ေပၚကိုေရာက္တုန္း
အကိုင္းစံုေအာင္ ကူးလိုက္ေတာ့မယ္..
"အဟင့္..အဖြားရယ္..သမီးေလသူ႔ကို
သိပ္ေၾကာက္တာပဲ..မ်က္ႏွာႀကီးက
အၿမဲတည္ေနၿပီး..လူကိုစကားေျပာရင္
အာဏာသံႀကီးနဲ႔သိလား..
သူေျပာမွာကိုေၾကာက္လြန္းလို႔..
မဂၤလာပဲြကိုေတာင္ ခမ္းခမ္းနားနားလုပ္ဖို႔
မေတာင္းဆိုရဲခဲ့ဘူး..သမီးကသူထင္သလို
ေငြမမက္ပါဘူးအဖြားရယ္..သမီးကေလ
..အဖြားတို႔ရဲ့
ေမတၲာရိပ္ေအာက္မွာ..ခိုလႈံၿပီး..
ေအးခ်မ္းတဲ့မိသားစုဘ၀ေလးကိုပဲ
လိုခ်င္တာပါအဖြားရယ္..အဟင့္
အခုေတာ့ေငြေရးေၾကးေရး..
ကူညီေပးလိုက္ရတယ္ဆိုၿပီး..
သမီးကိုသူအေလးမထားဘူး.."
"ဟယ္..ဒင္းကမိမိစံတို႔ကိုေငြေၾကး
ကူညီလိုက္တဲ့ ကိစၥပါေျပာလိုက္တာေပါ့ေလ
အတန္တန္မွာထားရဲ့သားနဲ႔..
ေျပာျဖစ္ေအာင္ကိုေျပာလိုက္တယ္ေပါ့..
ငါ့မ်က္ႏွာကိုမွမေထာက္ ရိုင္းစိုင္းတဲ့ဟာေလး
..ျပန္လာပါေစအုန္း..
အရိုးက်ိဳးေအာင္ကိုခ်ိဳးပစ္မယ္..ဒါမွမွတ္မွာ.."
အခုေလာေလာဆယ္ေတာ့ အဖြားက
ဝွီးခ်ဲလ္နဲ႔ေလဟု သတိေပးလိုက္ခ်င္ေပမဲ့
ဒီအတိုင္းပဲထားလိုက္ပါသည္။
ဖြားဖြားႏုက မထႏိုင္လို႔
သူ႔ကိုရိုက္ၿပီး မဆံုးမႏိုင္ေပမဲ့
နားပူေအာင္ေတာ့ ေျပာျဖစ္မွာေသခ်ာတယ္။
ဘာပဲျဖစ္ျဖစ္ အဖြားေျပာရင္ေတာ့
သူ႔အေနနဲ႔ အသိတရားတစ္ခုခု၀င္ၿပီး
ဆင္ျခင္လာႏိုင္တယ္။
🌹🌹🌹🌹🌹🌹🌹
ညခုႏွစ္နာရီထိုးေနၿပီဆိုေပမဲ့ ဝိုင္းေလးကေတာ့
ဖြားဖြားႏုႏွင့္အတူ ကိုရီးယားဇာတ္လမ္းတဲြကို
အတူၾကၫ့္ေနရ၍ လံုး၀ကိုမအိပ္ခ်င္ေတာ့ေပ။
မနက္ပိုင္းတစ္ပိုင္းလံုး ပင္ပန္းထားတယ္ဆိုေပမဲ့ ေရခ်ိဳးၿပီးေခါင္းေလ်ွာ္ထား၍
လန္းဆန္းေနေလသည္။
အန္တီေဒၚရတနာကေတာ့ လာႏႈတ္ဆက္သြားခဲ့ၿပီး ေစာေစာအိပ္ယာ၀င္သြားခဲ့ေလသည္။
"ဟယ္..မင္းသားကသိသြားေတာ့မယ္ထင္တယ္.."
"ဟုတ္တယ္..သိရင္လည္းျမန္ျမန္
သိလိုက္ၿပီးေရာ..ခဏခဏကို
ေတ့လဲြေလးလဲြေနတာ.."
ဖြားဖြားႏုနဲ႔အတူ ဇာတ္ကားၾကၫ့္ရတာ
တကယ္ကို ေပ်ာ္စရာေကာင္းေလသည္။
ဝိုင္းေလးကလည္း ရုပ္ရွင္ၾကၫ့္ရတာ
ဝါသနာပါသူမို႔ အခုမွပဲသေဘာတူ
အူးစင္းခ်င္း မိတ္ဖဲြ႔လိုက္မိသလိုပါပဲ။
"ဟဲ့..အခ်ိန္က၉နာရီေတာင္ထိုးေတာ့မွာပါလား
..ဝိုင္းေလးလည္းအိပ္ခ်င္ေနေရာေပါ့..
ျပန္အိပ္ေတာ့ေလေနာ္..အဖြား..ၾကည္ေအးကို
ေဆးတိုက္ဖို႔ေခၚၿပီးတာနဲ႔ ခဏေနအိပ္ေတာ့မယ္.."
"သမီး..ဘာကူေပးရအံုးမလဲဟင္.."
"ရပါတယ္ကြယ္..ငါ့ေျမးကေန့ခင္းကလည္း
မဂၤလာပဲြေၾကာင့္ပင္ပန္းထားတာပဲေလ
ေအးေဆးသြားနားပါကြယ္.."
အမွန္ေတာ့ဖြားဖြားႏု၏ အိပ္ခန္းထဲကေနကို
မထြက္ခ်င္ေပ။
အိမ္ေထာင္သည္ဘ၀ကိုလည္း အဆင္သင့္
မျဖစ္ေသးသလို ေယာက္်ားတစ္ေယာက္နဲ႔
ေဘးခ်င္းယွဉ္ၿပီး အတူအိပ္ရဖို႔ကိုလည္း
ေၾကာက္ေနမိသည္။
"ဟင္..အခန္းတံခါးကဘာလို႔ပြင့္ေနတာလဲ
ငါထြက္လာတုန္းကေသခ်ာပိတ္ထားခဲ့တာပါ
သူေရာက္ေနတာမ်ားလား.."
ခပ္ဟဟျဖစ္ေနေသာ အခန္းတံခါးကိုဖြင့္၍
၀င္လိုက္ၿပီး အိပ္ယာေပၚမွာလွဲခ်ဖို႔
ျပင္ဆင္လိုက္ၿပီးကာမွ ေရခ်ိဳးခန္းဘက္မွ
ေရက်သံေတြကို ၾကားလိုက္ရေလသည္။
သူမ်ားျပန္ေရာက္ၿပီး ေရခ်ိဳးေနတာလား??
ခဏအၾကာမွာ ေရက်သံေတြဟာ ျပန္၍
တိတ္သြားခဲ့ေလသည္။
ဝိုင္းေလးလည္း ေရခ်ိဳးခန္းအနားသို႔
သြားရပ္လိုက္ၿပီး ေသခ်ာေအာင္တံခါးကို
ေခါက္ၾကၫ့္ဖို႔ လုပ္လိုက္စဉ္မွာေတာ့..
"ေဂ်ာက္!!!"
"ဟင္..ရွင္.."
အေပၚပိုင္းကဗလာက်င္းေနကာ သပါတ္အျဖဴ
တစ္ထည္သာ ခါးမွာပတ္ထားေသာ
ေယာက္်ားတစ္ေယာက္..
ဖြံ႔ၿဖိဳးေသာကိုယ္ခႏၶာေပၚတြင္ ..အဖုအထစ္ႂကြက္သားမ်ားက ထင္းထြက္ေနေလသည္။
ျမင့္မားေသာအရပ္ႏွင့္လိုက္ဖက္ညီေနေသာ
ရင္အံုေမာက္ေမာက္ႏွင့္ ခ်ပ္ရပ္ေနေသာ
၀မ္းဗိုက္ႂကြက္သားေတြက
ခုဏကၾကၫ့္လာခဲ့ေသာ ကိုရီးယားကားထဲက မင္းသားထက္ပင္ ပို၍ၾကၫ့္ေကာင္းေနသလိုပဲ။
"ဂလု!!!"
သေထြးကို ၿမိဳခ်လိုက္မိၿပီး အေပၚကိုေမာ့ၾကၫ့္လိုက္မိေတာ့ စိတ္ရႈပ္သလို
ေမွးက်ဉ္းလာေသာ မ်က္၀န္းစူးစူးမ်ားသည္
ေရစိုဆက္လက္ျဖစ္ေနေသာ
ဆံစေလးမ်ားၾကားမွ ေမဝိုင္းေလးကို
မ်က္ေတာင္မခတ္တမ္းေငးစိုက္ၾကၫ့္ေနခဲ့သည္။
ခဏအၾကာမွာ သူ႔မ်က္၀န္းေတာက္ေတာက္မ်ားသည္ ေမဝိုင္းေလး၏ ရွက္ေသြးျဖာေနေသာ ပါးျပင္ေလးမွတစ္ဆင့္ ျဖဴ၀င္းေသာ
လည္တိုင္ေလးသို႔ေရာက္ရိွသြားကာ
ထိုမွတစ္ဆင့္...
"ဘယ္..ဘယ္ကိုလာၾကၫ့္တာလဲ.."
မင္းစက္အာဏာတစ္ေယာက္လန႔္ၿပီး
ေနာက္တြန႔္သြားေအာင္အထိ ပိတ္ေအာ္
ျပစ္လိုက္ကာ လည္ပင္းအနည္းငယ္ဟိုက္ေနေသာ အိက်ႌရင္ဘတ္စကို ဆဲြစိထားလိုက္မိေလသည္။
"မင္းငါ့ကိုအရသာခံၿပီးၾကၫ့္ေနတုန္းကေတာ့
ေကာင္းတယ္ေပါ့.."
"ဘာကိုေကာင္းတာလဲ..
ဘယ္မွာၾကၫ့္လို႔လဲ.."
ႏႈတ္ခမ္းေလးဆူကာ ေျဗာင္လိမ္လိုက္ၿပီးမ်က္ႏွာကိုလႊဲ၍ ကုတင္ေပၚမွေစာင္ကိုဆဲြႃခံုရင္း
အိပ္ခ်င္ေယာင္ေဆာင္လိုက္မိသည္။
မဟုတ္ရင္ ခုဏကမ်က္လံုးႀကီးျပဴးၿပီး
သူ႔ဗလေတြကို ၾကၫ့္ေနမိတာကို
၀န္ခံေနရလိမ့္မယ္။
ရည္းစားကလည္းတစ္ခါမွ မထားခဲ့ဖူးေတာ့
ဒါမ်ိဳးကိုဇာတ္ကားထဲမွာသာ ေတြးခဲ့ဖူးတယ္။
တကယ္အျပင္မွာ ေတြ့လိုက္ရေတာ့..
ဟာ..ငါဘာေတြေလ်ွာက္ေတြးေနတာလဲ..
အေတြးေတြကို ခါထုတ္ျပစ္လိုက္ၿပီး
အိပ္ေပ်ာ္ေအာင္သာႀကိဳးစားလိုက္သည္။
အိပ္ခ်င္ေနေသာစိတ္ကို တမင္တင္းခံထားခဲ့တာမို႔ ေမဝိုင္းေလးသည္ခဏေလးႏွင့္
အိပ္ေမာက်သြားခဲ့ေလသည္။
အိပ္မက္ေတြဟာလည္း ေကာင္းတာလား၊
ဆိုးတာလား မေဝခဲြတတ္ေပမဲ့ အိပ္ေနရင္းေတာ့
ႃပံုးလိုက္မိေလသည္။
သူမတေရးႏိုးလာေသာအခါမွ နားထဲ၌
"..တေဂ်ာက္..ေဂ်ာက္ႏွင့္.."အသံေတြကိုၾကားေနရ၍ ခႏၶာကိုယ္ကိုတစ္ပတ္ေလာက္
လိွမ့္လိုက္ၿပီး မ်က္လံုးေတြကို
ဖြင့္ၾကၫ့္လိုက္ေသာအခါ ကုတင္ထက္တြင္
ကိုယ္တစ္ေယာက္တည္းသာရိွေနတာကို
သတိထားလိုက္မိေလသည္။
ထထိုင္လိုက္ၿပီး ေဘးဘက္သို႔လွမ္းၾကၫ့္
လိုက္ေတာ့ ကုတင္ႏွင့္သံုးေလးလွမ္းအကြာရိွ
ဆိုဖာေပၚတြင္လက္ပ္ေတာ့ကို ထိုင္ႏိွပ္ေနေသာ
သူ႔ကိုေတြ့လိုက္ရသည္။
နာရီကိုလွမ္းၾကၫ့္လိုက္ေတာ့ ဆယ့္ႏွစ္နာရီ
ထိုးေနေလၿပီ။
ဝိုင္းေလးလည္း ကုတင္ေဘးရိွ
မီးအိမ္စင္ေပၚတြင္တင္ထားေသာ
ေရကိုငွဲ႔ေသာက္လိုက္ၿပီး သူ႔ကိုၾကၫ့္လိုက္
မိသည္။
"ရွင္မအိပ္ေသးဘူးလား.."
ဝိုင္းေလးရဲ့အသံကိုၾကားေတာ့မွ လက္ပ္ေတာ့ခလုတ္ေတြကို ႏိွပ္ေနခဲ့ေသာသူ႔လက္ေခ်ာင္းမ်ားသည္ ခ်က္ခ်င္းရပ္တန႔္သြားခဲ့သည္။
ထူးဆန္းသလို ၾကၫ့္လာေသာ
သူ႔မ်က္၀န္းေတြက တကယ္ကို
တန္ျပန္စိုက္ၾကၫ့္ဖို႔ခက္ခဲလြန္းသည္။
"ကၽြန္မကအရမ္းညၪ့္နက္ေနလို႔ေျပာတာပါ..
အိပ္တာမအိပ္တာကေတာ့ ရွင့္သေဘာပါပဲ.."
ကုတင္စြန္းေလးမွာ ညအိပ္ဂါ၀န္
အျဖဴေရာင္ေလးကို ၀တ္ဆင္ထားေသာ
မိန္းမငယ္ေလး၏အလွသည္
မင္းစက္၏စိတ္အာရံုကိုၫွို႔ငင္ေနခဲ့သည္။
ဆံပင္အရွည္ႀကီးမ်ားသည္ အိပ္ယာႏွင့္
ယွက္တိုက္ေနၿပီးေကာင္မေလး၏
ခႏၶာကိုယ္တစ္ခုလံုးကို
လွပစြာ ဖံုးလႊမ္းေပးထားသည္။
မိန္းကေလးတစ္ေယာက္၏
အိပ္ယာ၀င္အလွကို ပထမဆံုးအႀကိမ္
ထိုင္ၾကၫ့္ဖူးသည္မို႔ သူ႔အတြက္ေတာ့ အထူးအဆန္းျဖစ္၍ေနသည္။
မဝံ့မရဲျဖစ္ကာ လႈပ္ခတ္ေနေသာ
မ်က္၀န္းညိုေလးေတြ..
ေမြ့ယာအခင္းကိုဆုပ္ကိုင္ထားေသာ
လက္ေခ်ာင္းေလးေတြ..
ေရေသာက္ထား၍ စိုစြတ္ေနေသာ
ႏႈတ္ခမ္းဖူးဖူးေလးတြင္ ကပ္ၿငိေနေသာ
ဆံစေလးအခ်ိဳ႕..
ၿပီးေတာ့ ကုတင္ေအာက္သို႔ဆင္းခ်ထားေသာ
ေျခေခ်ာင္းသြယ္သြယ္ေလးေတြဟာ
သူ႔ဥယ်ာဉ္ပန္းၿခံထဲရိွ မီးတိုင္ေအာက္မွ
အေတာင္ျဖန္႔၍ပ်ံသန္းေနေသာ
လိပ္ျပာေလးကိုသာ သြား၍သတိရေစသည္။
"ကိုယ့္ကိုတကယ္ပဲ အတူလာအိပ္ေစခ်င္တာလား.."
အဓိပၸာယ္တစ္မ်ိဳးေကာက္ကာ
ခပ္ဟဟရယ္၍ေျပာလိုက္ေသာ
သူ႔စကားေၾကာင့္ ဝိုင္းေလးမွာ
ေၾကာင္အသြားမိေလသည္။
"ရွင္ထင္သလိုမဟုတ္ဘူးဟု.."
ခြန္းတုန႔္ျပန္မလို႔ေတြးလိုက္ခ်ိန္ေတာင္မရပဲ
ဝိုင္းေလး၏ ခႏၶာကိုယ္သည္ကုတင္ေပၚသို႔
ပစ္လဲက်သြားခဲ့ေလသည္။
ပုခံုးႏွစ္ဖက္ကို အားႏွင့္ဖိထားေသာသန္မာလွသၫ့္ သူ႔လက္ႀကီးမ်ားေၾကာင့္ ေက်ာျပင္ေလးသည္
ေမြ့ယာထဲသို႔ နစ္၀င္သြားခဲ့သည္။
"ရွင္..ရွင္ဘာလုပ္တာလဲ..ကၽြန္ကိုလႊတ္ေနာ္"
သူ႔မ်က္ႏွာကိုတၫ့္တၫ့္ၾကၫ့္ၿပီး ေအာ္ေျပာလိုက္ေသာအခါ သူ႔မ်က္ႏွာသည္ပို၍
ငံုက်လာခဲ့ၿပီး ဝိုင္းေလး၏နားရြက္ဖ်ားေလးနားမွာ သူ႔ႏႈတ္ခမ္းကိုကပ္ကာ..
"ကိုယ္ဘာလုပ္မယ္လို႔ထင္လဲ..အရင္ဆံုး
ဖိတ္ေခၚတာကမင္းပဲမဟုတ္ဘူးလား..
လႊတ္ေပးဖို႔ေတာ့အစီအစဉ္မရိွဘူး.."
ဝိုင္းေလး၏ပါးျပင္ထဲသို႔ နစ္၀င္သြားေသာ
ေအးစက္စက္အနမ္းသည္ တစ္ကိုယ္လံုးကို
ဖ်င္းခနဲတုန္ယင္သြားသည္အထိ
ထူးဆန္းလြန္းေနသည္။
ေျခေခ်ာင္း၊လက္ေခ်ာင္းေတြေကာ့တက္သြားသည္အထိ ထိတ္လန႔္မႈႀကီးက ခႏၶာကိုယ္
တစ္ခုလံုးကို ေအးစက္သြားေစခဲ့သည္။
ေအာ္ၿပီး ငိုခ်ခ်င္ေလာက္ေအာင္
ေၾကာက္ရြံ႔ေနမိတယ္။
"မလုပ္..မလုပ္ပါနဲ႔..."
တိုးၫွင္းေသာအသံေလးတစ္ခုသည္
ေမဝိုင္းေလး၏ႏႈတ္ဖ်ားမွထြက္လာေသာအခါ
မင္းစက္အာဏာသည္ေၾကာက္မက္ဖြယ္
အႃပံုးတစ္ခုကိုျပဳလုပ္လိုက္ၿပီးေနာက္
ျဖဴ၀င္းေနေသာလည္တိုင္ေလးကို
သူ၏ခၽြန္ထက္ေသာသြားမ်ားႏွင့္ခရမ္းေရာင္အကြက္ေလးစြန္းထင္းေစလိုက္သည္။
"အား!!!လူယုတ္မာႀကီး...!!!"
"ဒုန္း!!!" "ေအာင္မေလးဗ်.."
ေမဝိုင္းေလးသည္မထင္မွတ္ထားေလာက္ေအာင္ သန္မာလာခဲ့ၿပီးမင္းစက္၏ရင္ဘတ္ကို
ဒူးႏွင့္ေတာ့ကာ ကုတင္ေပၚမွ
ကန္ခ်လိုက္ေတာ့သည္။
"အား!!ကၽြတ္!!ကၽြတ္..မင္းဘယ္လိုလုပ္လိုက္တာလဲ.."
ကုတင္ေပၚမွ ေၾကာက္လန႔္တၾကားထထိုင္လိုက္ေသာ ေမးဝိုင္းေလးသည္လည္း
ယခုမွသတိ၀င္လာကာ ေဘးသို႔ၾကၫ့္လိုက္ေတာ့ မင္းစက္အာဏာဟာ သူ႔ခါးရိုးကို
လက္ႏွင့္အုပ္လ်ွက္ ကုန္းကုန္းကြကျြဖစ္ေနတာကို ျမင္လိုက္ရေလသည္။
"ရွင္..ခါးနာသြားတာလား.."
"မင္းကဘယ္လိုထင္လို႔လဲ..အာ့.."
မင္းစက္အာဏာသည္ ဝိုင္းေလးကို
ဘုၾကၫ့္ၾကၫ့္ကာ သူ႔လက္ပ္ေတာ့ကိုယူ၍
အိပ္ခန္းအျပင္သို႔ထြက္သြားေလေတာ့သည္။
ဝိုင္းေလးမွာေတာ့ အခုထိရင္တုန္ေနေသးကာ
ေစာင္ကိုဆဲြယူလိုက္ၿပီး ကိုယ့္မ်က္ႏွာကိုယ္သာ
အုပ္ထားလိုက္မိေတာ့သည္။
*ဝိုင္းေလးလည္း လန႔္သြားသလို
သူလည္းေတာ္ေတာ္ရွက္သြားမွာပဲ..
အား..မဂၤလာဦးညမွာငါ့ေယာက္်ားကို
ကုတင္ေပၚကေန..ငါကန္ခ်လိုက္မိတာလား..*
🌹🌹🌹🌹
(သူပဲလာအိပ္ဖို႔ေခၚၿပီး..သူပဲကန္ခ်တယ္😂)

မျှော်နေမယ်နော်နောက်ထပ်အပိုင်းဆက်
ReplyDeleteကြိုက်တယ်
ReplyDeleteလတဲ့သူကအမှား တို့မေဝိုင်းလေးကိုများဘာမှတ်နေလဲ🤣
ReplyDeleteထပ်တင်ပေးပါအုန်း
ReplyDeleteညီမလေးရေမမဝင်နိူင်သွားပြီးရှင့်ကျေးဇူးတင်ပါတယ်ညီမလေးစိတ်ထားကောင်းတဲ့ညီမလေးအစစအရာရာအောင်မြင်တိုးတက်ပါစေညီမလေးရေးသမျှဝတ်ထုတွေကိုတစ်ပုဒ်မကျန်ဖတ်ရပါတယ်အမြဲတမ်းအားပေးနေပါတယ်ကြိုးစားပါဖိုက်တင်းပါရှင့်
ReplyDeleteဝိုင်းလေးရယ်
ReplyDeleteဆူးကြိုးကို စပြီးဖတ်ရတာနဲ့ကြိုက်သွားတာပါ။ အခုစာအုပ်လည်းအရမ်းကောင်းပါတယ်။
ReplyDeleteအပိုင်းဆက်လေးတွေမျှော်နေပါတယ်ရှင့်👍
ReplyDelete