🔥"ဆူးကြိုး...…"🔥 (အခန်း ၁)

 

🔥"ဆူးကြိုး...…"🔥

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


                        (အခန်း ၁)


"ကလင်....ကလင်....ကလင်....."

"မင်္ဂလာပါဆရာမ...နှုတ်ဆက်ပါတယ်ဆရာမ..."

‌ကျောင်းမုန့်စားဆင်းသည့် ခေါင်းလောင်းထိုးသံလေး မငြိမ်းသေးခင်မှာ‌ပဲ ကျောင်းဆောင်အသီးသီးမှ ကျောင်းသားတွေဟာ ဝေါကနဲပြေးထွက်လာကြပြီး  မုန့်လုံးလေးကို ပုရွက်ဆိတ်တို့ ဝိုင်း၍ထိုးနှက်နေသကဲ့သို့ မုန့်ဈေးတန်းလမ်းက‌ လေးတွင် ကြိတ်ကြိတ်တိုးနေ‌တော့သည်။

လမ်းတစ်ဖက်ဆီတွင် သပြေသီးပင်များ စီတန်းလျက်ရှိနေပြီး နက်‌ပြာရောင် သပြေသီးလုံးကလေးတွေဟာလည်း လေနှင့်အတူ ကြွေကျ၍ လမ်းပေါ်တွင် အပြုံလိုက်ဖြစ်နေကြသည်။
သပြေသီးလုံးလေးတွေကို တက်နင်းပြီး လျှောက်သွားကြသည့် ကျောင်းသားလေးတွေကြောင့်
ထိုနေရာလေးတွင် အပြာရောင်အစွန်းကွက်ကြီးတွေ
စွန်းထင်းကျန်ခဲ့လေသည်။
ဒါဟာ မုန့်ဈေးတန်းလမ်းကလေးတွင် နေ့စဉ်
မြင်တွေ့နေရသော မြင်ကွင်းဖြစ်သည်။

နေ့ခင်း ဆယ့်တစ်နာရီနှင့်လေးဆယ့်ငါးမိနစ်အချိန်ဖြစ်တာကြောင့် နေမင်း၏ အပူရှိန်ကလည်း ပြင်းထန်လှသည်။မုန့်စားဖို့ သူလို၊ကိုယ်လို လု၀ယ်နေကြရတာကြောင့် အချို့ကလေးများမှာ ချွေးတွေပါ စို့နေလေသည်။
ဒီအချိန်လေးမှာသာ များများစားစားရောင်းချ
ရသည်မို့ ဈေးသည်တွေဟာလည်း လက်ကို
စက်သေ နက်တတ်ထားကြသည့်နယ် မြန်မြန်ယူ၍ သွက်သွက်ပေးနေရလေသည်။

"အန်တီ...ဟိုမုန့်....အန်တီ...ဟိုမုန့်လို့...အန်တီ့!!!!!!"

"ဟေ...အေးပါကွယ်....ဒီမှာအရှေ့ကလူတွေ အရင်ပေးနေတာပါ...."

အချို့ကလည်း  မုန့်ဆိုင်ကဈေးကြီးသောမုန့်ကိုမှ ၀ယ်စားကြပြီး ကလေးတန်မဲ့ အော်ဟေ့ဆူညံနေလေသည်။တစ်ချို့ကတော့ ကိုယ်လိုချင်တဲ့ မုန့်ကိုလှမ်းယူပြီး ပိုက်ဆံကို ပစ်တင်ပေးခဲ့ကြသည်။

"အဒေါ်ကြီး....ကြာဇံသုပ်...နှစ်ရာဖိုး...."

"သမီးကိုလည်း ပေးအုံး...."

"အေး...အေး....ခဏစောင့်နော်..."

မိဘတွေဆီမှ မုန့်ဖိုးများများစားစား မရကြသော ကလေးများကြပြန်တော့ ဈေးနည်းပြီးအရသာရှိသည့် အသုပ်ဆိုင်လေးရှေ့တွင် မတ်တပ်ရပ်ပြီး ဝိုင်းစောင့်နေကြလေသည်။
အဒေါ်ကြီးကလည်း သဘောအင်မတန်ကောင်းလေသည်။

အခြားဆိုင်တွေမှ မုန့်တွေဟာ ဈေးတက်နေပေမဲ့
သူ့ဆိုင်တွင်တော့ အသုပ်ကို တစ်ရာဖိုး၊နှစ်ရာဖိုးကအစ ရောင်းလေသည်။ တစ်ရာဖိုးဖြစ်တဲ့အတွက် စားရသည်က သုံးလုပ်စာလောက်ပင်ရှိလေသည်။သို့ပေမဲ့ မုန့်ဖိုးနည်းသော ကျောင်းသားတွေအတွက်တော့ မုန့်၀ယ်စားလိုက်ရသည့်အတွက်
အာသာပြေသည်ပေါ့။

တစ်လုတ်စာ၊နှစ်လုတ်စာလောက်ဆိုပေမဲ့ အဒေါ်ကြီးကလည်း ဘယ်သူ့ကိုမဆို များများ၀ယ်နိုင်လို့၊
နည်းနည်း၀ယ်နိုင်လို့ဟူသည့် စိတ်ထားမရှိပဲ
ငါးဆယ်ဖိုးဆိုလျှင်တောင် သုံးရာဖိုး၀ယ်သူကဲ့သို့
ပင် အရသာတူညီ‌အောင် စေနာထား၍ သုပ်ပေးရှာလေသည်။

"ဟဲ့...အသုပ်၀ယ်စားကြရအောင်..."

"မစားချင်ပါဘူးဟယ်....ဒီဆိုင်က လူသန့်တာမဟုတ်ဘူး....ငါကဆိုင်ရွေးတတ်တယ်
ဟိုမှာဆီချက်ခေါက်ဆွဲပဲ သွား၀ယ်ရအောင်
သီဟိုဋ်စေ့လေးတွေ‌တောင်ပါတယ်ဟ အရမ်းစားကောင်းတယ်...."

"ငါက ကြာဇံသုပ်စားချင်တဲ့ ဥစ္စာ....ဒီအဒေါ်ကြီးသုပ်တာအရမ်းစားကောင်းတယ်ဟာ ဟိုတစ်နေ့ကငါလာ၀ယ်စားသေးတယ်...."

"မကောင်းပါဘူးဟာ...ဟိုတစ်နေ့က သီတာ၀ယ်စားလို့ ငါတစ်လုတ်စားကြည့်တာ ချိုစိစိနဲ့ အချိုမုန့်တွေအများကြီးထည့်ထားတာပါ....လာ..ဆီချက်ပဲသွားစားကြမယ်....ဈေးကြီး‌ပေမဲ့...
စားလို့လည်းကောင်းတယ်..."

ကြာဇံသုပ်ဆိုင်ရှေ့မှ ထွက်သွားကြသော ထိုကလေးမနှစ်ယောက်ကို အသုပ်စားနေကြသော ကျောင်းသားလေးတွေက မျက်စောင်းတထိုးထိုးနှင့် မကျေမနပ်ကြည့်ကုန်ကြလေသည်။
ဆိုင်ရှင်အဒေါ်ကြီးကတော့ စိတ်ထားကောင်းသူမို့ အပြုံးမပျက်ပဲ သူမရဲ့အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။
လူအမျိုးမျိုး စိတ်အထွေထွေဖြစ်တာကြောင့်
ကိုယ်ကတုပပြီး ပြန်ပြောမိရင် မလိုလားအပ်သည့် ကိစ္စတွေ ဖြစ်လာတတ်သည်မဟုတ်ပါလား။
မိမိက ဈေးရောင်းသည့်အလုပ်ဖြင့် အသက်မွေးရတာကြောင့် ကလေးတွေနှင့်တုပြီး စကားနိုင်ပြိုင်လုနေပါက ကိုယ့်အတွက် အကျိုးယုတ်ဖို့ပဲ ရှိနိုင်သည်။

အချို့ကျောင်းသားလေးတွေဟာ အပြင်မုန့်ဈေးတန်းမှာ မုန့်ထွက်စားကြပြီး အချို့ကတော့
 မုန့်မစားပဲ ကျောင်း၏ ကစားကွင်းထဲတွင် ဘောလုံးကန်တာတို့ ၊ထိုင်ပြီး စကားပြောနေတာတို့လုပ်လေ့ရှိကြသည်။
အချို့ကလေးများကတော့ မိမိတို့အိမ်မှ အသင့်လုပ်ပေးလိုက်ကြသော ထမင်းချိုင့်လေးတွေကိုသာ ကိုယ်စီဖွင့်၍ ဝိုင်းဖွဲ့ကာစားသောက်ကြလေသည်။

သို့ပေမဲ့ တစ်ယောက်သောကျောင်းသူလေးကတော့ မုန့်ဈေးတန်းကိုလည်းမသွား၊အိမ်မှ ထည့်ပေးလိုက်သော ထမင်းချိုင့်ကိုလည်း ဖွင့်မစားပဲ စာသင်ခုံပေါ်တွင်သာ ခေါင်းမှောက်၍ တခေါခေါအိပ်ပျော်နေလေသည်။
သူမဟာ စာသင်ချိန်တွေတွင်လည်း တစ်ခါမျှ သေချာလိုက်နားထောင်လေ့မရှိပဲ အမြဲအိပ်ငိုက်တတ်လေသည်။ယခုတော့ နားချိန်ရတာနှင့် ဟန်ပင်ဆောင်မနေတော့ပဲ တစ်ချိုးတည်းအိပ်ပျော်သွားတော့သည်။

"ဗုန်း!!!!!!"

"ဟာ.....သူများအိပ်နေတာကို....."

စာသင်ခုံပေါ်သို့ အားပြင်းပြင်းနှင့် ထုချလိုက်သည့် လက်တစ်စုံကြောင့် သူမလန့်နိုးသွားလေသည်။
နားတွေတောင် အူကုန်တာကြောင့် သူမအတော်‌လေးဒေါသထွက်ကာ ခုံကိုထုလိုက်တဲ့
တစ်ယောက်ကို အိပ်ချင်နေသည့် မျက်၀န်းနီနီအစ်အစ်တွေနှင့် ကြည့်လိုက်သည်။

ခုံကိုထုလိုက်တဲ့ တစ်ယောက်ကလည်း မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ထိုမိန်းကလေးက
 လက်ကိုဟန်ပါပါပိုက်ထားလျှက် သူမကို ဒေါသထွက်သည့်ဟန်နှင့် ကြည့်နေလေသည်။

"နင်...ဘာလို့ခုံကို ထုလိုက်တာလဲ...ဒီမှာ ငါအိပ်နေတာမမြင်ဘူးလား...."

"မြင်တယ်....တမင်ကိုလုပ်တာ...."

"ဘာပြောတယ်...."

"မြင်လို့ကို တမင်လုပ်ချင်လို့လုပ်တာလို့ ပြောလိုက်တာ နင်မကြားဘူးလား..."

အစက အိပ်ချင်မူးထူးဖြစ်နေ၍ မှေးကျဉ်းနေသည့်ပုံရိပ်၏ မျက်၀န်းတွေဟာ ချက်ချင်းအရောင်လတ်လာလေသည်။ကြည်လင်သော အရောင်မဟုတ်ပဲ မီးတောက်တွေ တဖွားဖွားထွက်လာနိုင်သည့်အရောင်မျိုးပင်။
သူမချက်ချင်းပဲ မတ်တပ်ရပ်ပစ်လိုက်ကာ
ထိုသူကို တည့်တည့်စိုက်ကြည့်လိုက်ပြီး ခုံပေါ်မှာတင်ထားတဲ့ စာအုပ်ကိုဆွဲယူ၍ သူ့ရင်ဘတ်
တည့်တည့်ကို ပစ်ပေါက်ချလိုက်သည်။

" အာ့!!!!!!ပုံရိပ်!!!!နင်ဘာလုပ်တာလဲ......"

"ပုံရိပ်....နင်ဘာလို့ စာအုပ်နဲ့ပေါက်ရတာလဲ...
ဒီမှာ စန္ဒာနာသွားပြီ...."

ဘေးနားက တစ်ယောက်ကပါ ၀င်နာနေတာမို့
နှစ်ယောက်နဲ့တစ်ယောက်ဆိုပေမဲ့ ပုံရိပ်တို့ကတော့
ခပ်ပြုံးပြုံးပဲ  "လုပ်တော့ဘာဖြစ်ချင်သလဲ"
ဆိုသည့် အကြည့်ဖြင့် မျက်ခုံးတစ်ဖက်ကို တွန့်ပြလိုက်သည် ။
အခန်းထဲတွင် ရှိနေသောအခြားကျောင်းသားတွေကပါ ရန်ဖြစ်တော့မည်ဟု မျက်နှာရိပ်၊မျက်နှာကဲပြပြီး ဝိုင်းကြည့်လာကြလေသည်။

"ဟဲ့...ပုံရိပ်တို့ ဇာတ်လမ်းစပြီနဲ့တူတယ်...."

"ဟဲ့...နင်တို့ကလည်း....ဒီတစ်ခါပုံရိပ်ဘက်က
စတာမဟုတ်ဘူးဟဲ့...စန္ဒာ၀င်းက သူအိပ်နေတဲ့အချိန်...ခုံကိုသွားထုတာပါ....ငါသေချာမြင်လိုက်တယ်...."

"ဟုတ်လား...စန္ဒာ၀င်းတော့ လူရွေးမှားသွားပြီ...
ပုံရိပ်ကိုမှ သွားစရတယ်လို့..."

"ပုံရိပ်က ပုံမှန်ဆို သူ့ဘာသာနေတာပါဟယ်
...ဘယ်သူ့မှလည်း အဖက်လုပ်ပြီးစကားမပြောဘူး...သူ့ကိုသွားပြောရင်လည်း ပြန်ပြောချင်မှ ပြန်ပြောတာ..."

"အေးလေ...အဲ့ဒါကြောင့်လဲ...အခြားသူတွေက
သူတို့ကို အဖက်မလုပ်ရကောင်းလားဆိုပြီး ရန်လုပ်တာပေါ့...သူကတစ်မျိုးကြီးနော်...."

"ဟုတ်တယ်....သူ့ပုံစံက ဘယ်လိုမှန်းမသိဘူး
...အေးတိအေးစက်နဲ့ ခင်ဖို့လည်းမကောင်းဘူး..."

"ဟုတ်ပ....အမြင်ကပ်စရာကြီးပါ...."

"ငါက သူနဲ့ခုနှစ်တန်းနှစ်တုန်းက အခန်းတူတူကျခဲ့ဖူးတယ်...သူအရင်က အဲ့လိုမဟုတ်ဘူးဟ...
စာလည်းတော်တယ်...စကားပြောရင်လည်း အေးအေးလေးနဲ့ ခင်ဖို့အရမ်းကောင်းတယ်...
 ခုနှစ်တန်းနှစ်လည်လောက်မှ သူ့ပုံစံက ဒီလိုဖြစ်သွားတာ...အေးတိအေးစက်နဲ့...ဘယ်သူနဲ့မှလည်း အခေါ်အပြောမလုပ်တော့ဘူး...."

တစ်ယောက်တစ်ပေါက် ဝေဖန်နေကြစဉ်မှာပဲ စန္ဒာ၀င်းက ပုံရိပ်ရဲ့ ရင်ဘတ်ကို ပိတ်တွန်းလိုက်လေသည်။အနောက်ကို လန်ကျသွားတဲ့ပုံရိပ်ဟာ
လဲမသွားစေရန် စာရေးခုံကို လက်ထောက်ထားလိုက်ရသည်။

"ဒီမှာပုံရိပ်....နင့်လိုစာညံ့တဲ့အပြင် အိပ်ဖို့လောက်ပဲ သိတဲ့သူနဲ့ အတူမထိုင်နိုင်ဘူး...နင်အခုချက်ချင်းတစ်ခြားအတန်းမှာ သွားထိုင်ပေးပါ...နင့်ကြောင့်
မနက်က စာအုပ်ထပ်တာ နောက်ကျလို့ဆိုပြီး
အဆူခံရတယ်...အဲ့တော့နင်နဲ့အတူဆက်ထိုင်နေ
ရင် ငါတို့ကိုပါ စာညံ့တယ်လို့ အထင်ခံရလိမ့်မယ်..."

အသက်မပါတဲ့ ပုံစံနဲ့ ပုံရိပ်တစ်ချက်မဲ့ပစ်လိုက်သည်။ဟိုအရင်တုန်းကဆို ပုံရိပ်ဆီမှာ ကပ်ဖားယက်ဖားနဲ့ အသည်းအသန်စာလာမေးခဲ့တဲ့မိန်းမက
ရီပို့ကဒ်မှာ အမှတ်ကောင်းကောင်းမရတော့တာနဲ့
အပေါင်းအသင်းမလုပ်ချင်တော့ဘူးတဲ့။
စိတ်ဓာတ်တွေကို စောစောသိလိုက်ရတာ တကယ်ကိုကံကောင်းတာပါပဲ။

"ဒီမှာ...စန္ဒာ၀င်း....နင့်ဘာသာ ဘာကြီးပဲဖြစ်နေနေ..
ဘယ်လောက်တော်နေနေ ငါစိတ်မ၀င်စားဘူး...
ငါနဲ့အတူမထိုင်ချင်ဘူးမဟုတ်လား....အေး.....
မထိုင်ချင်တဲ့လူ..သွား....ငါကတော့...
ဒီခုံကနေ တစ်စက်မှရွေ့မပေးနိုင်ဘူး...
စော က်ကြီးကျယ်ပြီး ငါနဲ့မထိုင်ချင်ဘူးဆိုရင်
နင့်ဘာသာ တစ်ခြားခုံမှာသွားထိုင်....သွား!!!!
အာရုံလာမနောက်နဲ့...."

"ပုံရိပ်...နင်ငါ့ကိုစောက်နဲ့လာမနှိုင်းနဲ့နော်...."

"ဂလွမ်း!!!!!!"

"ဟာ....ပုံရိပ်ရဲ့ထမင်းချိုင့်ကို လွှင့်ပစ်လိုက်ပြီ..."

စန္ဒာ၀င်းက စိတ်ဆိုးမာန်ဆိုးနှင့် ခုံပေါ်တွင်တင်ထားသော ပုံရိပ်၏ထမင်းချိုင့်ကို ဆွဲယူပြီး ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။
အဒေါ်ချက်ပေးလိုက်သော ထမင်းဖြူဖြူလေးတွေနှင့် ပြောင်းဖူးကြော်လေးတွေဟာ တမံသလင်းပေါ်တွင် ပြန့်ကျဲကုန်တာကို ကြည့်ပြီး ပုံရိပ်လည်းပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
စိတ်ထဲမှာ မခံမရပ်နိုင်သည့် ခံစားချက်တွေလည်း လှိုက်တက်လာသည်။

ဒီမနက်ကျောင်းမလာခင်မှာပဲ အဒေါ်က...
 "ပုံပုံရေ...ညည်းစာမကြိုးစားလို့ ဟင်းမထည့်ပေးလိုက်တော့ဘူး..."ဆိုပြီး ပြောခဲ့၍ အဟုတ်ထင်ပြီး မုန့်စားဆင်းချိန်မှာ ထမင်းချိုင့်ကို ဖွင့်မကြည့်ပဲ အိပ်နေခဲ့မိတယ်။
အခုတော့ အရင်ကထက် ပိုများပြီးထည့်ပေးလိုက်တဲ့ ဟင်းတွေ၊ထမင်းတွေဟာ ဖုန်မှုန့်တွေနဲ့ရောကုန် လေပြီ။
မျက်ရည်မဝဲပေမဲ့ စိတ်မကောင်းဖြစ်မှုလေးဟာ နှလုံးသားကိုလာထိခတ်၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

ဒီလို ထမင်းတစ်နပ်၊ဟင်းတစ်နပ်ဖြစ်ဖို့အတွက် အ‌ဒေါ့်မှာ ဘယ်လောက်အထိ ရုန်းကန်ရသလဲဆိုတာ သူမသိပ်သိတာပေါ့။ ပုံမှန်ဆိုရင် အဒေါ်နဲ့ဘယ်တော့မှ ရင်းရင်းနှီးနှီးမနေပေမဲ့ အဒေါ့်ရဲ့အနစ်နာခံမှုတွေကိုတော့ ပုံရိပ်အမြဲကျေးဇူးတင်နေမိတာပါ။

"နင်မကျေနပ်လည်း...ငါမတတ်နိုင်ဘူး...
အခုချက်ချင်း တစ်ခြားခုံမှာ ပြောင်းထိုင်ပါ...
မဟုတ်ရင်တော့...နေ့တိုင်း နင့်ထမင်းချိုင့်ကို
ငါမှောက်အောင်လုပ်ပစ်မှာ...."

"ဗမ်း!!!!....."

"အား...‌သေပါပြီ...."

"ဟာ....ချကုန်ပြီ...."

 စကားမဆုံးခင်မှာပဲ ပုံရိပ်ဟာ ခုံခေါ်တွင် တင်ထားသည့် ကော်ကွန်ပါဘူးအား ကောက်ကိုင်လိုက်ပြီး စန္ဒာ၀င်းရဲ့ ခေါင်းကိုလွှဲရိုက်ပစ်လိုက်သည်။
စန္ဒာ၀င်းလည်း နာကျင်လွန်းလို့ မူးဝေဝေဖြစ်သွားပြီး နေရာမှာတင် ထိုင်ငိုလေတော့သည်။
သူ့ကို ရိုက်ရကောင်းလားဆိုပြီး ပုံရိပ်ကိုလည်း
ကုတ်ဆွဲကာ၊ပြန်ရိုက်ဖို့ကြိုးစားလေသည်။

ပုံရိပ်ကလည်း ငြိမ်ခံနေမည့် သူမဟုတ်တာကြောင့် တစ်ယောက်တစ်ချက်ဆီပြန်ချရင်းနဲ့ တစ်ခြားအခန်းဖော်တွေပါ ၀င်ပြီး ဆွဲလွဲကြရလေတော့သည်။

"ဖယ်စမ်းပါ...ငါ့ကို လာမဆွဲကြနဲ့...."

ပုံရိပ်က လာပြီးဆွဲသလို ချုပ်သလိုလုပ်နေကြသော ကျောင်းသားတွေရဲ့ လက်မှအတင်းရုန်းပစ်လိုက်ပြီး
စန္ဒာ၀င်းရပ်နေသော နေရာသို့ခြေတစ်လှမ်းထပ်တိုးလိုက်သည်။
သူမရဲ့ မျက်၀န်းတွေမှာလည်း ဒေါသအခိုးအငွေ့တွေ ဖိတ်လျှံကျမတတ်ဖြစ်နေတာကို စန္ဒရာ၀င်းအပါအ၀င် အားလုံးမြင်နေရလေသည်။

"ပုံရိပ်...နင်ငါ့ကိုကိုယ်ထိလက်ရောက်လုပ်တာ
ငါလုံး၀မကျေနပ်ဘူး...နင်အခုချက်ချင်း နေရာရွေ့ပေး..."

"ဟား...ဟား..စိတ်ကိုမကူးတာ...
နင်ပြောတိုင်းငါကလုပ်ပေးရအောင်
နင့်ဆီကနေ ထမင်းဘယ်နှစ်လုတ် စားထားခဲ့လို့လဲ ပြောစမ်းပါအုံး...ဒီခုံတွေက နင့်အမေပိုင်တဲ့ဟာတွေမို့လို့လား...ဒီမှာ...ဒီအခန်းကိုရော၊ဒီခုံတွေကိုရော နင်မပိုင်သလို...ငါ့ကိုလဲ ဟိုဟာလုပ်ပါ၊ဒီဟာလုပ်ပါလို့  လာအမိန့်‌ပေးပိုင်ခွင့်မရှိဘူး...ဘ၀င်ရူးမ.."

"နင်....နင်....ဘာပြောတယ်...."

"နင်က..ဘ၀င်ရူးနေတာလေ...အဲ့ဒါကြောင့် နင့်ကိုဘ၀င်ရူးမလို့ပြောတာ...နားလည်လား"

အလကားနေရင်း မျက်ရည်လွယ်တဲ့မိန်းမက
မသိရင်သူကပဲ မတရားခံနေရသလိုလိုနဲ့ မျက်ရည်ကို ပေါပေါသီသီသုံးပြနေတာ ပိုပြီးတောင် အမြင်ကပ်လာတယ်။ကိုယ့်အတွက်တော့ မျက်ရည်ကျတာဟာ ကိုယ့်ရဲ့အားနည်းနေတဲ့ ဘက်အခြမ်းကို
လွယ်လွယ်ထုတ်ပြမိရုံကလွဲပြီး
ဘာအထောက်အကူမှ မဖြစ်ဘူးလို့ ခံယူထားခဲ့ပြီးသားမို့ မျက်ရည်က မျက်၀န်းအိမ်မှာ တော်ရုံနဲ့ စွန်းထင်းမလာခဲ့တာ ကြာပါပြီ။

"ပုံရိပ်....နင့်ကိုငါ...ဆရာမနဲ့တိုင်မယ်...
နင့်စောင့်ကြည့်နေ....နင့်ကိုငါလုံး၀မကျေ‌နပ်ဘူး..."

"အားအား ယားယား..စောင့်ပဲကြည့်ရအုံးမယ်...
ဒီမှာ....နင့်ဘာသာဆရာမ မကလို့...သမ္မတကြီးကိုပဲ တက်တိုင်တိုင်....ဂရုမစိုက်ဘူး...နင်တို့လို...
သူရဲဘောကြောင်တွေက...မဟုတ်‌တာဆို ထိပ်ဆုံးကနေလုပ်တယ်..ပြီးရင်..ဟိုလူ့ပြေးတိုင်...
ဒီလူ့ပြေးတိုင်နဲ့....အဆင့်မရှိတဲ့မိန်းမ...."...

"ပုံရိပ်....နင်တရားမလွန်လာနဲ့နော်..."

စန္ဒာ၀င်းဟာ အခြားလူတွေဆွဲနေတဲ့ ကြားမှ ပုံရိပ်ကိုရိုက်ဖို့ လုပ်လေသည်။

"လာစမ်းပါ...လာ...ပုံရိပ်ကလည်းငြိမ်ခံနေမယ်ထင်လို့လား...."

"အား...."

"ဟဲ့...လုပ်ကြအုံး....ဆွဲကြအုံးလေ..."

"ဆွဲတာပဲဟ....ငါပါကြားထဲကနေ အလုပ်ခံရမှာ
စိုးလို့...."

နှစ်ယောက်လုံးကို အနောက်မှာ အတင်းဆွဲထားကြပေမဲ့ လွတ်နေတဲ့ လက်တွေကတော့ တစ်ယောက်ဆံပင်ကို တစ်ယောက်မလွှတ်တမ်းဆွဲထားကြလေသည်။ငယ်ဂုဏ်ကြောင့် တောက်ချင်သလိုတောက်နေသည့် ‌ဒေါသမီးတောက်တွေဟာလည်း မီးတောင်ငယ်ပေါက်ကွဲသကဲ့လို့ ပြင်းထန်နေကြသည်။
ကျားနှင့်ဆင် လယ်ပြင်မှာတွေ့ကြသည့်အတိုင်းပါပဲ။တစ်ယောက်ကလည်း မလျှော့သလို နောက်တစ်ယောက်ကလည်း အစွယ်တငေါငေါနှင့် အရှုံးပေးမည့်ပုံမပေါ်ချေ။

ဒီတော့ နှစ်ယောက်လုံးကို နိုင်သောသူဟာ
ဆရာမတွေသာ ရှိတော့သည်။ထို့ကြောင့် ကျောင်းသူနှစ်ယောက်ဟာ အခန်းထဲမှ တိတ်တဆိတ်ထွက်ခွာသွားကြပြီး ဆရာမများနားနေဆောင်သို့ ပြေးကြလေတော့သည်။

ဒီလိုနဲ့ ဘိုင်အိုဆောင်၏ကိုးတန်းဘီအခန်းလေးမှ
မုန့်စားဆင်းချိန် ရန်ပွဲလေးတစ်ခု စတင်လာခဲ့ပါတော့တယ်။

🌼🌼🌼🌼🌼🌼🌼🌼🌼

"ဗုမ်း!!!!!!"

နားနေခန်းထဲမှ ဆရာမ၏ကြိမ်လုံးသည် သစ်သားခုံနှင့် အရှိန်ပြင်းစွာ ထိသွားသည့်အချိန် ထွက်ပေါ်လာသော အသံကြီးဟာ စန္ဒာ၀င်းအဖို့ ကြက်သီးဖြန်းဖြန်းထလောက်အောင်အထိ ကြောက်ရွံ့စရာကောင်းနေလေသည်။
ခဏနေလျှင် ခုံကိုရိုက်လိုက်သည့် ပြင်းအားနှင့် တစ်ပုံစံတည်း တူညီသည့်ပြစ်ဒဏ်မျိုး ပေးခံရတော့မည်ဆိုတာ ကြိုသိနေတာကြောင့် လိပ်ကလေးတစ်‌ကောင်လို ခန္ဓာကိုယ်ကို အခွံမာထဲမှာ သိမ်းထားလို့ရရင် ကောင်းမှာပဲလို့ ရေရွတ်နေမိသည်။

ဆရာမရဲ့ နာမည်က ဒေါ်ခိုင်ခိုင်၀င်းဖြစ်ပြီး သူမတို့၏ ဘိုင်အိုဘီခန်းအတန်းပိုင်လည်း ဖြစ်သည်။
ထို့ကြောင့်လည်း စာမရရင် ဆရာမဟာဘယ်လောက်အရိုက်ကြမ်းသလဲဆိုတာကို သူမအတွင်းကျကျသိလေသည်။
ဆရာမ၏ အဓိကလက်နက်မှာ ဘယ်နေရာသွားသွား မပါမဖြစ် အဖိုးတန်ကြိမ်လုံးဖြစ်လေသည်။
ကြိမ်လုံးက ရိုးရိုးကြိမ်လုံးမဟုတ်ပဲ နှစ်လုံးပူးထားပြီး ရိုက်ရင်စပ်စပ်ကလေး ဖြစ်အောင်ဆိုကာ
ထိပ်တွင် သားရေကွင်းကို တင်းနေအောင်စီးထားသေးသည်။

ဆရာမခိုင်ခိုင်၀င်း စာမေးသည့်အချိန်ဆိုရင်
အတန်းတစ်ခုလုံးဟာ တဟုန်းဟုန်းတောက်နေသည့် မီးခဲတွေပေါ်သို့ ရေဖြန်းချလိုက်သလို ရှဲခနဲငြိမ်ကြသွားလောက်သည်ဟု ထင်ရလေသည်။
တစ်ခန်းလုံး ခဲတံ၊ဘောပင်တောင် မကျရဲကြသည့် အခြေအနေဖြစ်အောင်အထိ စွမ်းဆောင်နိုင်သူမှာ ဆရာမဒေါ်ခိုင်ခိုင်၀င်းပေတည်း။

ထိုစဉ် ဆရာမရဲ့ဒေါသမျက်၀န်းတွေက သူမရဲ့ဘေးနားမှာ ရပ်နေသောပုံရိပ်ဆီသို့ ဒိုင်းကနဲ ကျရောက်သွားလေသည်။
သို့ပေမဲ့ ဟိုမိန်းမပုံရိပ်ကတော့ ဆရာမကိုလည်းကြည့်မနေသလို သူမလိုလည်း လက်ကို ပိုက်မထားပေ။
မသိရင် သူ့ကိုယ်သူ ဆရာမများနားနေဆောင်ကို လာစစ်ဆေးတဲ့ ကျောင်းအုပ်ဆရာမကြီးလိုမျက်နှာထားနှင့် လက်ကိုတောင် နောက်ပစ်ထားလိုက်သေးသည်။
မှားပါတယ်။ငါကိုက သူ့လိုလူနဲ့ရန်တုဖြစ်မိတာ မှားတာ။

"စန္ဒာ၀င်း....."

"ရှင်...ရှိ..ရှိပါတယ်...ဆရာမ......."

"..ရှိတာ..ငါသိတယ်လေ...ဘာအပိုတွေလျှောက်ပြောနေတာလဲ..."

စန္ဒာ၀င်းတစ်ယောက် ဆရာမ၏နှစ်လုံးပူး ကြိမ်းလုံးကို မြင်ယောင်ရင်း အယောင်ယောင်အမှားမှားဖြစ်ကုန်လေသည်။မတ်တပ်ရပ်နေရင်းနှင့် အလိုလိုနေရင်း ဒူးတွေတောင် ချောင်လာသည်။

"အခုရန်ဖြစ်တဲ့ကိစ္စက စန္ဒာ၀င်းဘက်ကအရင်စတာဆို...ဘာလို့ ကိုယ့်အတန်းသားအချင်းချင်း ရန်ဖြစ်ချင်ရတာလဲ....အခုလိုလုပ်တာ ဆရာမ မကြိုက်ဘူးနော်..."

"အဟင့်...ဟင့်....ဆရာမရယ်...အစကသမီးသူ့ကို
အေးအေးဆေးဆေးပြောတာပါ သူကလက်မခံပဲ
သမီးကို စောက်နဲ့လာနှိုင်းတယ်...အရူးမလို့လည်း
စကားနာလုတယ်.."

တရှုံ့ရှုံ့ငိုရင်း ပြောနေသည့် စန္ဒာ၀င်းကို ကြည့်ကာ
ပုံရိပ် သက်ပြင်းချလိုက်မိသည်။
အရိုက်ခံရမှာစိုးပြီး ကြောက်လွန်းလို့တော့မဟုတ်ပါဘူး။
ဇွတ်အကယ်ဒမီရှော့ခ်တွေ လုပ်ပြနေတဲ့ သူ့ကိုကြည့်ပြီး ရင်ပူလွန်းလို့ပါ။
ရန်ဖြစ်တုန်းက သူ့ဘက်ကအရင်စပြီး အခုလည်း
သူ့ဘက်ကနေ အရင်စငိုပြန်တယ်။
ပြောရမဲ့စကားထဲမှာ ငိုစရာစကားလုံးလည်း တစ်လုံးမှ မပါဘူး။
ကိုယ်ကပဲ စိတ်မာချင်ယောင်ဆောင်နေမိတာလား။သူကပဲ ပျော့ညံ့ချင်ယောင် ဆောင်နေတာလားတော့
မဝေခွဲတတ်တော့ဘူး။

"ပုံရိပ်...ကိုယ့်အတန်းဖော်အချင်းချင်းကို ဘာလို့ရိုင်းရိုင်းစိုင်းစိုင်းပြောရတာလဲ..."

"ဆရာမ...သမီးကရိုင်းတာမဟုတ်ဘူး...
သူ့အပြုအမူတွေကသာ ရိုင်းစိုင်းတာ..."

"ဟဲ့...ငါဘယ်မှာရိုင်းလို့လဲ...နင့်ဘက်ကအရင်ငါ့ကို
ဖောင်းလို့ လုပ်လိုက်တာလေ..."

"စန္ဒာ၀င်း...ဆရာမက မမေးပဲ စကားကိုဖြတ်မပြောရဘူး...."

ဆရာမက ဆူလိုက်တော့လည်း စန္ဒာ၀င်းဘာမှ
အထွန့်မတတ်ရဲတော့ပေ။ခေါင်းကိုသာ ငုံ့ထားပြီး
ငိုရှိုက်နေလေသည်။

"ကဲ...ပုံရိပ်...သမီးဆက်ပြော...စန္ဒာ၀င်းက ဘာလုပ်လို့လဲ..."

"မုန့်စားချိန်မှာ သမီးဘာသာ ခုံပေါ်မှာမှောက်ပြီး အိပ်နေတာကို ခုံကိုတအားပိတ်ထုတယ်...
ဘာဖြစ်လို့လုပ်တာလဲမေးတော့...လုပ်ချင်လို့လုပ်တာတဲ့...သမီးကို သူတို့အတန်းမှာ မထိုင်စေချင်လို့
အခြားအတန်းကို ပြောင်းပေးပါတဲ့....သူ့မှာအဲ့လိုပြောပိုင်ခွင့်ရှိလို့လားဆရာမ...သမီးလည်းဒေါသထွက်ပြီး မကြီးကျယ်နဲ့လို ပြောလိုက်တာ...
အဲ့ဒါသမီးရဲ့ ထမင်းချိုင့်ကို လွှင့်ပစ်လိုက်တယ်...
ဟင်းတွေရော၊ထမင်းတွေရော အကုန်မှောက်ကုန်တယ်."

"စန္ဒာ၀င်း....ညည်းဘာလို့ဒီလိုလုပ်ရတာလဲ...
အချင်းချင်းစကားများကြတာကိုတော့ ဆရာမ
သိပ်မပြောလိုဘူး...အခုလို သူများစားမဲ့ ထမင်းချိုင့်ကို လွှင့်ပစ်တာတော့ မကောင်းတဲ့လုပ်ရပ်ပဲ...ဘာကြောင့်ဒီလို မကောင်းတဲ့အပြုအမူမျိုး ပြုမူရတာလဲ...ဟမ်!!!...."

"အဟင့်....ဟင့်...ဆရာမ...သမီး..."

ဆရာမက သူမရဲ့ကြိမ်လုံးကို စန္ဒာ၀င်းဘက်သို့ ရွယ်ပြီး ဆူလိုက်တာကြောင့် စန္ဒာ၀င်းတစ်ယောက် မျက်ရည်တာကျိုးသည်အထိငိုလေတော့သည်။
မသိရင် အခုပဲအသက်ထွက်တော့မတတ် ရှိုက်နေတာကြောင့် ဆရာမတောင် သူ့ကိုကြည့်ပြီး စိတ်ညစ်လာသည်။
ပုံရိပ်ကတော့ သူမရဲ့နှုတ်ခမ်းတစ်ဖက်ကို တွန့်ပစ်ကာ မဲ့ပြုံးပြုံးလိုက်မိသည်။
မျက်ရည်ဟာ အပြစ်တစ်ခုကို ရှောင်လွှဲဖို့ အကောင်းဆုံးလက်နက်တစ်ခုဆိုရင်
စန္ဒာ၀င်းကတော့ ကောင်းကောင်းအသုံးချနေလေပြီ။

"မနက်ပိုင်းက စာအုပ်ထပ်တော့ သူကကျောင်းရောက်မှ ရေးပြီးထပ်တာ သမီးတို့အတန်းကနောက်ဆုံးရောက်မှ စာအုပ်ထပ်လိုက်ရတယ်...
အဲ့ဒါကြောင့်သင်္ချာဆရာမရဲ့ အဆူခံလိုက်ရတယ်...
ဒီတစ်ခါတည်းမဟုတ်ဘူးဆရာမ....အကြိမ်တိုင်းအဲ့လိုဖြစ်နေတာ..
ဆရာမတွေ စာသင်ရင်လည်း စာကို‌လိုက်မလုပ်ဘူး...အတန်းလိုက်စာဆိုရရင်လည်း သူကစာမလုပ်တော့ သမီးတို့မှာ စာမဆိုလိုက်ရတဲ့အချိန်တွေ ခဏခဏဖြစ်လာတယ်...ပုံမှန်ဆိုရင်လည်း သမီး
တို့ကို စကားမှမပြောတဲ့ဥစ္စာ...သူ့ကြောင့် သမီးတို့တစ်တန်းလုံး စာမလုပ်ဘူးလို့ အထင်ခံရမှာစိုးလို့..
အခြားအတန်းမှာ သွားထိုင်ဖို့ပြောတာပါ...ဆရာမရယ်...သူ့ထမင်းချိုင့်ကို သမီးလွှင့်ပစ်မိလို့ မှားတာသိပေမဲ့....တစ်တန်းတည်းသားတွေ သူ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်တာကိုလည်း သူသိသင့်တယ်..."

ဆရာမခိုင်ခိုင်၀င်းတစ်ယောက် ကြိမ်လုံးကို ခုံပေါ်တွင် တင်လိုက်ပြီး သက်ပြင်းမောကိုသာ မှုတ်ထုတ်လိုက်မိသည်။
သေချာတွေးကြည့်ရင် ပြဿနာရဲ့အရင်းအမြစ်က ပုံရိပ်ဆီကနေ စတင်လာခဲ့တယ်လို ပြောရမည်။

ပုံရိပ်ကို သေချာကြည့်လိုက်ပါက အသားအရည်
ဝါဝါ၀င်း၀င်းလေးနဲ့ ခါးလောက်ရှိသည့် ဆံပင်ရှည်လေးတွေကို အမြဲထုံးထားတတ်ကာ မျက်နှာလေးကအစ သနားကမား ချစ်စရာလေးပင်။
သူမရဲ့ မျက်နှာသွင်ပြင်ဟာ မျက်လုံးအရောင်ခပ်စူးစူးနှင့် သူမရဲ့အကြောင်းကို မသိပါက ရည်မွန်လိမ္မာ‌ပြီး ထက်မြတ်သည့်ကလေးမအသွင်ပေါက်ပေမဲ့  သူမရဲ့လုပ်ရပ်တွေကတော့ ရုပ်ရည်နဲ့ဆန့်ကျင်ဘက်ဖြစ်နေသည်။

 အတန်း‌ထဲမှာ စာမေးတိုင်းမရဘူး။ အိမ်စာတစ်ခါမှ လုပ်မလာဘူး။
ဆရာမတွေရဲ့ ပြောစကားကို နားမထောင်ဘူး။
ဒီလိုအချက်တွေကြောင့် အတန်းထဲမှာဆရာမတွေရဲ့  အရိုက်အခံရဆုံး ကျောင်းသားကိုလက်ညှိုးထိုးပြပါဆိုရင်ပုံရိပ်ကိုပင် ညွှန်းရလိမ့်မည်။
အခုကိုးတန်းနှစ်မှသာ ဒီကလေးက ကိုယ့်အတန်းထဲကို ရောက်လာသည်မို့ ဒီကလေးဟာ ဆိုးချင်လို့ တမင်ဆိုးနေတာလား အကြောင်းတစ်ခုခုကြောင့်လားဆိုတာ သူမလည်း မသိပေ။

"ပုံရိပ်...ကိုယ့်ကြောင့် အခြားသူငယ်ချင်းတွေ
 အနှောက်အယှက်ဖြစ်ရတာအချိန်တွေနှောင့်နှေးရတာက မကောင်းတဲ့လုပ်ရပ်ဆိုတာ သိရဲ့လား..
ဆရာ...ဆရာမတွေရိုက်တာမခံရအောင်...
သူငယ်ချင်းတွေ ကိုယ်နဲ့မထိုင်ချင်တဲ့အထိ မဖြစ်ရအောင်...တစ်နေ့စာကို တစ်နေ့ပုံမှန်လုပ်ပါလား
မနက်ဖြန်ကျရင် နှစ်ယောက်လုံးမိဘခေါ်လာခဲ့...
နောက်တစ်ခါ ဒီလိုရန်ဖြစ်သံကြားလို့ကတော့ ကြိမ်လုံးစာအရင်မိပြီးမှ မိဘကိုခေါ်ခိုင်းမယ်....ကိုယ့်အခန်း ကိုယ်ပြန်ကြတော့...."

"ဟုတ်ကဲ့....ဆရာမ..."

ဆရာမက သွားလို့ပြောလိုက်သည်နှင့် စန္ဒာ၀င်းဟာ နားနေဆောင်ထဲမှ သုတ်ခြေတင်၍ ပြေးလေတော့သည်။ တစ်ယောက်သော သူကတော့ ဆရာမ၏ စာရေးခုံစားပွဲအရှေ့တွင် တုပ်တုပ်မျှမလှုပ်ပဲ ငူငူကြီးရပ်ကျန်နေခဲ့လေသည်။
 စိတ်ဓာတ်ကျမှုအပြည့်နှင့် ရှုပ်ထွေးနေသော ခံစားချက်တွေဟာလည်း သူမရဲ့မျက်နှာမှာ အထင်းသားပေါ်နေသည်။

ဆရာမဒေါ်ခိုင်ခိုင်၀င်းလည်း သွားတော့လို့ပြောတာတောင် မသွားသေးသည့် ပုံရိပ်အား သူမရဲ့ရွှေရောင်မျက်မှန်ဘောင်ကို  ကျော်၍နားမလည်နိုင်စွာ စိုက်ကြည့်နေလေသည်။

"ပုံရိပ်..စာသင်ချိန်ရောက်နေပြီမဟုတ်လား...ကိုယ့်အတန်းကိုယ်ပြန်တော့လေ..."

"ဆရာမ...မနက်ဖြန်သမီးရဲ့မိဘတွေကို ခေါ်လာလို့ရမှာမဟုတ်ဘူး..."

"ဘာဖြစ်လို့လဲ သမီးရဲ့မိဘတွေက ခရီးသွားနေလို့လား..."

ဆရာမဒေါ်ခိုင်ခိုင်၀င်း၏ မေးခွန်းအတွက် ပုံရိပ်တွင်အဖြေမရှိပေ။မဖြေချင်တာဆိုရင် ပိုမှန်ပါလိမ့်မယ်။သူမကိုယ်တိုင်လည်း မိဘဆိုတဲ့စကားရပ်ကို မေ့ထားခဲ့တာကြာလေပြီ။
"နင့်အဖေနဲ့ အမေရော.."လို့မေးရင် ပုံရိပ်မှာဖြေစရာ စကားမရှိဘူး။ဘာကြောင့်လဲဆိုရင် မိဘတွေဟာ
ပုံရိပ်ကို ထားပစ်ခဲ့တာ နှနှစ်တိတိရှိခဲ့ပြီ ဖြစ်လို့ပါပဲ။

"ဆရာမမေးနေတယ်လေ...ဘာလို့မိဘတွေကို ခေါ်လာလို့မရတာလဲ..."

"သမီးရဲ့မိဘတွေ ဘယ်ကိုရောက်နေလဲဆိုတာ သမီးကိုယ်တိုင်တောင် မသိဘူးဆရာမ..."

"ဘယ်လို..."

အစိမ်းရောင် လုံချည်လေးကို လက်တစ်ဖက်
တစ်ချက်ဆီတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဆရာမကိုမျက်နှာချင်းဆိုင်ပစ်လိုက်သည်။
အပြစ်တစ်ခုလုပ်ပြီးတဲ့အခါ ပြန်ရတဲ့ပြစ်ဒဏ်ကို
ဘယ်လောက်နာနာ အံကြိတ်ပြီးပဲခံလိုက်မယ်။
ကိုယ်ခံရမဲ့ အပြစ်ဒဏ်ကိုတော့ မိဘဖြစ်ဖြစ်၊ညီအစ်ကိုမောင်နှစ်မကို ဖြစ်ဖြစ် ဘယ်တော့မှမျှဝေပြီး မခံစားခိုင်းဘူး..။

"ဆရာမ...သမီးကအဒေါ်နဲ့နေတာပါ...အဒေါ်ကလည်း ကျောင်းကိုလာနိုင်မှာမဟုတ်ဘူး...သမီးမှာ အပြစ်ရှိရင် သမီးကိုပဲ ကြိုက်သလို အပြစ်ပေးပါ.."

ပုံရိပ်ရဲ့စကားကြောင့် ‌ဒေါ်ခိုင်ခိုင်၀င်းတစ်ယောက် အင်မတန်ကိုစိတ်မကောင်းဖြစ်သွားမိသည်။ပုံရိပ်ဟာ ဘာကြောင့်ယခုလိုပုံစံမျိုး ဖြစ်နေရသလဲဆိုတာ သူမစဉ်းစားခန်းဖွင့်နေမိသည်။
ဆရာ၊မိဘတွေ့ဆုံပွဲတွေဆိုရင်လည်း မိဘတွေကိုဘယ်တော့မျခေါ်မလာခဲ့ဘူး။ကိုယ်ကလည်း အဆင်မပြေသူတွေမို့ မလာတာနေပါစေဆိုပြီး နားလည်ပေးခဲ့တယ်။

ပုံရိပ်ရဲ့ အခြားကလေးတွေနဲ့မတူပဲ ကွဲပြားနေတဲ့အချက်က အရယ်အပြုံးနဲတာပဲ။
အခြားသူတွေအတွက် ရယ်စရာဟာသတစ်ပုဒ်က
 ဒီကလေးမအတွက်တော့ နားညီးစရာဖြစ်နေပုံရတယ်။အတန်းထဲမှာလည်း သူငယ်ချင်းမိတ်ဆွေမရှိဘူး။
ဆရာ၊ဆရာမတွေရဲ့ အမြင်ကြည်မှုကိုလည်းမရရှိဘူး။သူမဘာကြောင့် ဒီလိုဖြစ်နေရတာလဲ။
ဆယ်ကျော်သက်အရွယ်ဆိုတာ လွတ်လပ်မှုအပြည့်နဲ့ ဖြူစင်မှုအပြည့်ဖြစ်နေတဲ့ အချိန်တစ်ခုပါပဲ။

စိတ်ခံစားမှု ဒဏ်ရာပြင်းထန်နေလို့သာ အများနဲ့
မတူပဲ သင်းကွဲလေးလိုဖြစ်နေတာနေမှာပေါ့။
ဒါမှမဟုတ် သူမရဲ့ ခံစားချက်တွေကို ဖော်ပြမိမှာစိုးလို့ သိုသိပ်စွာကြိတ်မှိတ်နေတာများလား။
ကိုယ်ကလည်း မိဘတွေဆုံးသွားခဲ့ပြီမို့ ပုံရိပ်ရဲ့ခံစားချက်ကို နားလည်လက်ခံနိုင်သည်။

"ပုံရိပ်..ဆရာမ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်..
ဒါပေမဲ့ နောက်တစ်ခါဒီလိုထပ်မဖြစ်ပါစေနဲ့...."

"စိတ်ချပါဆရာမ..."

ပုံရိပ်ထွက်သွားပြီးနောက် ဆရာမဒေါ်ခိုင်ခိုင်၀င်းလည်း သူမလုပ်စရာရှိသည့် ရီပို့ကဒ်ကိစ္စကို ပြန်လုပ်နေလိုက်သည်။
ပုံရိပ်ရဲ့ ရီပို့ကဒ်ကိုကြည့်လိုက်မိတော့ တစ်ဘာသာမှကျခြင်းမရှိပဲ ဘာသာရပ်တိုင်းက
အောင်မှတ်ကွက်တိဖြစ်နေသည်။
အချို့ကျောင်းသားတွေက အင်္ဂလိပ်မှာအမှတ်များပြီး ဘိုင်အိုမှကျတာတွေလည်းရှိသည်။
ဒါပေမဲ့ ပုံရိပ်ကတော့ လပတ်စာမေးပွဲတိုင်း
တစ်ခါမှမကျဖူးဘူး။
ဒါပေမဲ့ ဘာကြောင့်သူ့ရဲ့ ဘာသာရပ်တိုင်းက အောင်မှတ်ရရုံလေးတွေပဲ ဖြစ်နေရတာလဲ။
ဒီကလေးက တစ်ခုခုကိုအရွဲ့တိုက်နေတာလား။

ကိုယ့်ဟာနဲ့ကိုယ် အလုပ်ရှုပ်ရတဲ့ကြားက
ဒီကလေးမအကြောင်းကို စဉ်းစားမိတော့
ခေါင်းပါကိုက်ချင်လာသည်။
ဆက်စဉ်းစား နေတော့ပဲ ရီပို့ကဒ်တွေကို အမြန်လက်မှတ်ထိုးကာ ဘိုင်အိုဘီခန်းသို့ ထွက်လာခဲ့လိုက်သည်။

"ကဲ...ရီပို့ကဒ်ဝေဖို့နာမည်ခေါ်မယ်...ကျတဲ့လူတွေလည်းရှိတယ်နော်...ကျတဲ့လူတွေ မိဘခေါ်လာရမယ်..."

"ဟာ...ဆရာမကလဲ.."

တစ်ချို့ကိုယ့်ဘာသာကျမှန်းသိတဲ့ ကျောင်းသားတွေက တစ်ယောက်တစ်ပေါက် ထအော်နေကြ၍ အတန်းငြိမ်အောင် ကြိမ်လုံးနဲ့ခုံကို ထုလိုက်ရသေးသည်။ရှေ့ဆုံးတန်းမှ ကျောင်းသူတစ်ယောက်ကို
ရီပို့ကဒ်ဝေဖို့ နာမည်ခေါ်ခိုင်းလိုက်ပြီး ပုံရိပ်ကိုလှမ်းကြည့်လိုက်မိတော့ စန္ဒာ၀င်းတို့အတန်းမှာ
ထိုင်မနေတော့ပဲ လူမရှိတဲ့နောက်ဆုံးတန်းမှာ တစ်ယောက်တည်းထိုင်နေလေသည်။
သူမအနည်းငယ်စိတ်ဆိုးသွားပြီး စန္ဒာ၀င်းတို့
ခုံဆီသို့သွားလိုက်သည်။

"စန္ဒာ၀င်း...ဆရာမပြောထားတဲ့ကြားက ပုံရိပ်နဲ့
ဘာလို့အတူမထိုင်ရတာလဲ...ဘာလို့အခြားနေရာကို ပြောင်းခိုင်းလိုက်တာလဲ...."

"မဟုတ်ဘူးဆရာမ...သူ့ဘာသာသွားထိုင်တာပါ...သမီးတို့သူ့ကိုဘာမှမပြောဘူး...တကယ်ပါဆရာမရယ်..."

"ဟုတ်တယ်ဆရာမ...စန္ဒာကဘာမှမပြောပါဘူး...
သူ့ဘာသာ တစ်ယောက်တည်းသွားထိုင်တာပါ..."

သူမသဘောပေါက်သွားပါပြီ။နောက်တစ်ခါဒီလို
 မဖြစ်ရစေနဲ့လို့ ပြောလိုက်တဲ့စကားကြောင့်
"စိတ်ချပါလို့..."‌ကတိပေးသွားတဲ့ပုံရိပ်ဟာ
သူ့စကားအတိုင်း ဘယ်သူနဲ့မှအငြင်းမပွားရအောင် လုပ်လိုက်တဲ့ အပြုအမူလေးတစ်ခုပါပဲ။
တကယ်ဆိုရင် ကိုယ့်ဆီမှာ ချစ်သူထက် ရန်သူတစ်ယောက်ရှိနေရင်တောင် အတော်များနေပြီမဟုတ်ပါလား။သူငယ်ချင်းတွေနဲ့ တည့်အောင်မပေါင်းပဲ
ပိုပြီး တစ်သီးတစ်သန့်ဖြစ်အောင် လုပ်လိုက်တယ်။ဒီကလေးမျိုးကို ဆိုးတယ်လို့ဆိုရမည်လား။

🔥🔥🔥🔥🔥🔥🔥🔥🔥

Hello "ဆူးကြိုး.."နဲ့အတူ ဆောင်းငွေ့ပြန်လာပါပြီနော်...ဒီ၀တ္ထုလေးဟာ ပုံရိပ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေးရဲ့ ဘ၀နဲ့စတင်မှာဖြစ်ပြီး
မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေ ပါ၀င်သွားမှာပါ...
ဝေဝေရေးတဲ့ ပထမဆုံးသော အမျိုးသမီးstrongဖြစ်တဲ့ ဇာတ်ကောင်ဖြစ်လာမှာပါ...မင်းသမီးဇာတ်ကောင်တွေ ပျော့ညံ့တာမကြိုက်ရင်တော့ ဒါလေးကိုဆက်ပြီး အားပေးဖတ်ရှုပေးပါလို့ ပြောချင်ပါတယ်...
၀တ္ထုလေးကို ဖတ်ရှုရင်း ပုံရိပ်ရဲ့ဘ၀လေးထဲကို
၀င်လည်ကြရအောင်.....

#ဆူးကြိုး
#အခန်း၁
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

 =========================================================================

 

🔥"ဆူးႀကိဳး...…"🔥
                        (အခန္း ၁)

"ကလင္....ကလင္....ကလင္....."

"မဂၤလာပါဆရာမ...ႏႈတ္ဆက္ပါတယ္ဆရာမ..."

‌ေက်ာင္းမုန႔္စားဆင္းသၫ့္ ေခါင္းေလာင္းထိုးသံေလး မၿငိမ္းေသးခင္မွာ‌ပဲ ေက်ာင္းေဆာင္အသီးသီးမွ ေက်ာင္းသားေတြဟာ ေဝါကနဲေျပးထြက္လာၾကၿပီး  မုန႔္လံုးေလးကို ပုရြက္ဆိတ္တို႔ ဝိုင္း၍ထိုးႏွက္ေနသကဲ့သို႔ မုန႔္ေဈးတန္းလမ္းက‌ ေလးတြင္ ႀကိတ္ႀကိတ္တိုးေန‌ေတာ့သည္။

လမ္းတစ္ဖက္ဆီတြင္ သေျပသီးပင္မ်ား စီတန္းလ်က္ရိွေနၿပီး နက္‌ျပာေရာင္ သေျပသီးလံုးကေလးေတြဟာလည္း ေလႏွင့္အတူ ႂကြေက်၍ လမ္းေပၚတြင္ အႃပံုလိုက္ျဖစ္ေနၾကသည္။
သေျပသီးလံုးေလးေတြကို တက္နင္းၿပီး ေလ်ွာက္သြားၾကသၫ့္ ေက်ာင္းသားေလးေတြေၾကာင့္
ထိုေနရာေလးတြင္ အျပာေရာင္အစြန္းကြက္ႀကီးေတြ
စြန္းထင္းက်န္ခဲ့ေလသည္။
ဒါဟာ မုန႔္ေဈးတန္းလမ္းကေလးတြင္ ေန့စဉ္
ျမင္ေတြ့ေနရေသာ ျမင္ကြင္းျဖစ္သည္။

ေန့ခင္း ဆယ့္တစ္နာရီႏွင့္ေလးဆယ့္ငါးမိနစ္အခ်ိန္ျဖစ္တာေၾကာင့္ ေနမင္း၏ အပူရိွန္ကလည္း ျပင္းထန္လွသည္။မုန႔္စားဖို႔ သူလို၊ကိုယ္လို လု၀ယ္ေနၾကရတာေၾကာင့္ အခ်ိဳ႕ကေလးမ်ားမွာ ခၽြေးေတြပါ စို႔ေနေလသည္။
ဒီအခ်ိန္ေလးမွာသာ မ်ားမ်ားစားစားေရာင္းခ်
ရသည္မို႔ ေဈးသည္ေတြဟာလည္း လက္ကို
စက္ေသ နက္တတ္ထားၾကသၫ့္နယ္ ျမန္ျမန္ယူ၍ သြက္သြက္ေပးေနရေလသည္။

"အန္တီ...ဟိုမုန႔္....အန္တီ...ဟိုမုန႔္လို႔...အန္တီ့!!!!!!"

"ေဟ...ေအးပါကြယ္....ဒီမွာအေရ႔ွကလူေတြ အရင္ေပးေနတာပါ...."

အခ်ိဳ႕ကလည္း  မုန႔္ဆိုင္ကေဈးႀကီးေသာမုန႔္ကိုမွ ၀ယ္စားၾကၿပီး ကေလးတန္မဲ့ ေအာ္ေဟ့ဆူညံေနေလသည္။တစ္ခ်ိဳ႕ကေတာ့ ကိုယ္လိုခ်င္တဲ့ မုန႔္ကိုလွမ္းယူၿပီး ပိုက္ဆံကို ပစ္တင္ေပးခဲ့ၾကသည္။

"အေဒၚႀကီး....ၾကာဇံသုပ္...ႏွစ္ရာဖိုး...."

"သမီးကိုလည္း ေပးအံုး...."

"ေအး...ေအး....ခဏေစာင့္ေနာ္..."

မိဘေတြဆီမွ မုန႔္ဖိုးမ်ားမ်ားစားစား မရၾကေသာ ကေလးမ်ားၾကျပန္ေတာ့ ေဈးနည္းၿပီးအရသာရိွသၫ့္ အသုပ္ဆိုင္ေလးေရ႔ွတြင္ မတ္တပ္ရပ္ၿပီး ဝိုင္းေစာင့္ေနၾကေလသည္။
အေဒၚႀကီးကလည္း သေဘာအင္မတန္ေကာင္းေလသည္။

အျခားဆိုင္ေတြမွ မုန႔္ေတြဟာ ေဈးတက္ေနေပမဲ့
သူ႔ဆိုင္တြင္ေတာ့ အသုပ္ကို တစ္ရာဖိုး၊ႏွစ္ရာဖိုးကအစ ေရာင္းေလသည္။ တစ္ရာဖိုးျဖစ္တဲ့အတြက္ စားရသည္က သံုးလုပ္စာေလာက္ပင္ရိွေလသည္။သို႔ေပမဲ့ မုန႔္ဖိုးနည္းေသာ ေက်ာင္းသားေတြအတြက္ေတာ့ မုန႔္၀ယ္စားလိုက္ရသၫ့္အတြက္
အာသာေျပသည္ေပါ့။

တစ္လုတ္စာ၊ႏွစ္လုတ္စာေလာက္ဆိုေပမဲ့ အေဒၚႀကီးကလည္း ဘယ္သူ႔ကိုမဆို မ်ားမ်ား၀ယ္ႏိုင္လို႔၊
နည္းနည္း၀ယ္ႏိုင္လို႔ဟူသၫ့္ စိတ္ထားမရိွပဲ
ငါးဆယ္ဖိုးဆိုလ်ွင္ေတာင္ သံုးရာဖိုး၀ယ္သူကဲ့သို႔
ပင္ အရသာတူညီ‌ေအာင္ ေစနာထား၍ သုပ္ေပးရွာေလသည္။

"ဟဲ့...အသုပ္၀ယ္စားၾကရေအာင္..."

"မစားခ်င္ပါဘူးဟယ္....ဒီဆိုင္က လူသန႔္တာမဟုတ္ဘူး....ငါကဆိုင္ေရြးတတ္တယ္
ဟိုမွာဆီခ်က္ေခါက္ဆဲြပဲ သြား၀ယ္ရေအာင္
သီဟိုဋ္ေစ့ေလးေတြ‌ေတာင္ပါတယ္ဟ အရမ္းစားေကာင္းတယ္...."

"ငါက ၾကာဇံသုပ္စားခ်င္တဲ့ ဥစၥာ....ဒီအေဒၚႀကီးသုပ္တာအရမ္းစားေကာင္းတယ္ဟာ ဟိုတစ္ေန့ကငါလာ၀ယ္စားေသးတယ္...."

"မေကာင္းပါဘူးဟာ...ဟိုတစ္ေန့က သီတာ၀ယ္စားလို႔ ငါတစ္လုတ္စားၾကၫ့္တာ ခ်ိဳစိစိနဲ႔ အခ်ိဳမုန႔္ေတြအမ်ားႀကီးထၫ့္ထားတာပါ....လာ..ဆီခ်က္ပဲသြားစားၾကမယ္....ေဈးႀကီး‌ေပမဲ့...
စားလို႔လည္းေကာင္းတယ္..."

ၾကာဇံသုပ္ဆိုင္ေရ႔ွမွ ထြက္သြားၾကေသာ ထိုကေလးမႏွစ္ေယာက္ကို အသုပ္စားေနၾကေသာ ေက်ာင္းသားေလးေတြက မ်က္ေစာင္းတထိုးထိုးႏွင့္ မေက်မနပ္ၾကၫ့္ကုန္ၾကေလသည္။
ဆိုင္ရွင္အေဒၚႀကီးကေတာ့ စိတ္ထားေကာင္းသူမို႔ အႃပံုးမပ်က္ပဲ သူမရဲ့အလုပ္ကိုသာ ဆက္လုပ္ေနလိုက္သည္။
လူအမ်ိဳးမ်ိဳး စိတ္အေထြေထျြဖစ္တာေၾကာင့္
ကိုယ္ကတုပၿပီး ျပန္ေျပာမိရင္ မလိုလားအပ္သၫ့္ ကိစၥေတြ ျဖစ္လာတတ္သည္မဟုတ္ပါလား။
မိမိက ေဈးေရာင္းသၫ့္အလုပ္ျဖင့္ အသက္ေမြးရတာေၾကာင့္ ကေလးေတြႏွင့္တုၿပီး စကားႏိုင္ၿပိဳင္လုေနပါက ကိုယ့္အတြက္ အက်ိဳးယုတ္ဖို႔ပဲ ရိွႏိုင္သည္။

အခ်ိဳ႕ေက်ာင္းသားေလးေတြဟာ အျပင္မုန႔္ေဈးတန္းမွာ မုန႔္ထြက္စားၾကၿပီး အခ်ိဳ႕ကေတာ့
 မုန႔္မစားပဲ ေက်ာင္း၏ ကစားကြင္းထဲတြင္ ေဘာလံုးကန္တာတို႔ ၊ထိုင္ၿပီး စကားေျပာေနတာတို႔လုပ္ေလ့ရိွၾကသည္။
အခ်ိဳ႕ကေလးမ်ားကေတာ့ မိမိတို႔အိမ္မွ အသင့္လုပ္ေပးလိုက္ၾကေသာ ထမင္းခ်ိဳင့္ေလးေတြကိုသာ ကိုယ္စီဖြင့္၍ ဝိုင္းဖဲြ႔ကာစားေသာက္ၾကေလသည္။

သို႔ေပမဲ့ တစ္ေယာက္ေသာေက်ာင္းသူေလးကေတာ့ မုန႔္ေဈးတန္းကိုလည္းမသြား၊အိမ္မွ ထၫ့္ေပးလိုက္ေသာ ထမင္းခ်ိဳင့္ကိုလည္း ဖြင့္မစားပဲ စာသင္ခံုေပၚတြင္သာ ေခါင္းေမွာက္၍ တေခါေခါအိပ္ေပ်ာ္ေနေလသည္။
သူမဟာ စာသင္ခ်ိန္ေတြတြင္လည္း တစ္ခါမ်ွ ေသခ်ာလိုက္နားေထာင္ေလ့မရိွပဲ အၿမဲအိပ္ငိုက္တတ္ေလသည္။ယခုေတာ့ နားခ်ိန္ရတာႏွင့္ ဟန္ပင္ေဆာင္မေနေတာ့ပဲ တစ္ခ်ိဳးတည္းအိပ္ေပ်ာ္သြားေတာ့သည္။

"ဗုန္း!!!!!!"

"ဟာ.....သူမ်ားအိပ္ေနတာကို....."

စာသင္ခံုေပၚသို႔ အားျပင္းျပင္းႏွင့္ ထုခ်လိုက္သၫ့္ လက္တစ္စံုေၾကာင့္ သူမလန႔္ႏိုးသြားေလသည္။
နားေတြေတာင္ အူကုန္တာေၾကာင့္ သူမအေတာ္‌ေလးေဒါသထြက္ကာ ခံုကိုထုလိုက္တဲ့
တစ္ေယာက္ကို အိပ္ခ်င္ေနသၫ့္ မ်က္၀န္းနီနီအစ္အစ္ေတြႏွင့္ ၾကၫ့္လိုက္သည္။

ခံုကိုထုလိုက္တဲ့ တစ္ေယာက္ကလည္း မိန္းကေလးတစ္ေယာက္ျဖစ္ေနၿပီး ထိုမိန္းကေလးက
 လက္ကိုဟန္ပါပါပိုက္ထားလ်ွက္ သူမကို ေဒါသထြက္သၫ့္ဟန္ႏွင့္ ၾကၫ့္ေနေလသည္။

"နင္...ဘာလို႔ခံုကို ထုလိုက္တာလဲ...ဒီမွာ ငါအိပ္ေနတာမျမင္ဘူးလား...."

"ျမင္တယ္....တမင္ကိုလုပ္တာ...."

"ဘာေျပာတယ္...."

"ျမင္လို႔ကို တမင္လုပ္ခ်င္လို႔လုပ္တာလို႔ ေျပာလိုက္တာ နင္မၾကားဘူးလား..."

အစက အိပ္ခ်င္မူးထူးျဖစ္ေန၍ ေမွးက်ဉ္းေနသၫ့္ပံုရိပ္၏ မ်က္၀န္းေတြဟာ ခ်က္ခ်င္းအေရာင္လတ္လာေလသည္။ၾကည္လင္ေသာ အေရာင္မဟုတ္ပဲ မီးေတာက္ေတြ တဖြားဖြားထြက္လာႏိုင္သၫ့္အေရာင္မ်ိဳးပင္။
သူမခ်က္ခ်င္းပဲ မတ္တပ္ရပ္ပစ္လိုက္ကာ
ထိုသူကို တၫ့္တၫ့္စိုက္ၾကၫ့္လိုက္ၿပီး ခံုေပၚမွာတင္ထားတဲ့ စာအုပ္ကိုဆဲြယူ၍ သူ႔ရင္ဘတ္
တၫ့္တၫ့္ကို ပစ္ေပါက္ခ်လိုက္သည္။

" အာ့!!!!!!ပံုရိပ္!!!!နင္ဘာလုပ္တာလဲ......"

"ပံုရိပ္....နင္ဘာလို႔ စာအုပ္နဲ႔ေပါက္ရတာလဲ...
ဒီမွာ စႏၵာနာသြားၿပီ...."

ေဘးနားက တစ္ေယာက္ကပါ ၀င္နာေနတာမို႔
ႏွစ္ေယာက္နဲ႔တစ္ေယာက္ဆိုေပမဲ့ ပံုရိပ္တို႔ကေတာ့
ခပ္ႃပံုးႃပံုးပဲ  "လုပ္ေတာ့ဘာျဖစ္ခ်င္သလဲ"
ဆိုသၫ့္ အၾကၫ့္ျဖင့္ မ်က္ခံုးတစ္ဖက္ကို တြန႔္ျပလိုက္သည္ ။
အခန္းထဲတြင္ ရိွေနေသာအျခားေက်ာင္းသားေတြကပါ ရန္ျဖစ္ေတာ့မည္ဟု မ်က္ႏွာရိပ္၊မ်က္ႏွာကဲျပၿပီး ဝိုင္းၾကၫ့္လာၾကေလသည္။

"ဟဲ့...ပံုရိပ္တို႔ ဇာတ္လမ္းစၿပီနဲ႔တူတယ္...."

"ဟဲ့...နင္တို႔ကလည္း....ဒီတစ္ခါပံုရိပ္ဘက္က
စတာမဟုတ္ဘူးဟဲ့...စႏၵာ၀င္းက သူအိပ္ေနတဲ့အခ်ိန္...ခံုကိုသြားထုတာပါ....ငါေသခ်ာျမင္လိုက္တယ္...."

"ဟုတ္လား...စႏၵာ၀င္းေတာ့ လူေရြးမွားသြားၿပီ...
ပံုရိပ္ကိုမွ သြားစရတယ္လို႔..."

"ပံုရိပ္က ပံုမွန္ဆို သူ႔ဘာသာေနတာပါဟယ္
...ဘယ္သူ႔မွလည္း အဖက္လုပ္ၿပီးစကားမေျပာဘူး...သူ႔ကိုသြားေျပာရင္လည္း ျပန္ေျပာခ်င္မွ ျပန္ေျပာတာ..."

"ေအးေလ...အဲ့ဒါေၾကာင့္လဲ...အျခားသူေတြက
သူတို႔ကို အဖက္မလုပ္ရေကာင္းလားဆိုၿပီး ရန္လုပ္တာေပါ့...သူကတစ္မ်ိဳးႀကီးေနာ္...."

"ဟုတ္တယ္....သူ႔ပံုစံက ဘယ္လိုမွန္းမသိဘူး
...ေအးတိေအးစက္နဲ႔ ခင္ဖို႔လည္းမေကာင္းဘူး..."

"ဟုတ္ပ....အျမင္ကပ္စရာႀကီးပါ...."

"ငါက သူနဲ႔ခုႏွစ္တန္းႏွစ္တုန္းက အခန္းတူတူက်ခဲ့ဖူးတယ္...သူအရင္က အဲ့လိုမဟုတ္ဘူးဟ...
စာလည္းေတာ္တယ္...စကားေျပာရင္လည္း ေအးေအးေလးနဲ႔ ခင္ဖို႔အရမ္းေကာင္းတယ္...
 ခုႏွစ္တန္းႏွစ္လည္ေလာက္မွ သူ႔ပံုစံက ဒီလိုျဖစ္သြားတာ...ေအးတိေအးစက္နဲ႔...ဘယ္သူနဲ႔မွလည္း အေခၚအေျပာမလုပ္ေတာ့ဘူး...."

တစ္ေယာက္တစ္ေပါက္ ေဝဖန္ေနၾကစဉ္မွာပဲ စႏၵာ၀င္းက ပံုရိပ္ရဲ့ ရင္ဘတ္ကို ပိတ္တြန္းလိုက္ေလသည္။အေနာက္ကို လန္က်သြားတဲ့ပံုရိပ္ဟာ
လဲမသြားေစရန္ စာေရးခံုကို လက္ေထာက္ထားလိုက္ရသည္။

"ဒီမွာပံုရိပ္....နင့္လိုစာညံ့တဲ့အျပင္ အိပ္ဖို႔ေလာက္ပဲ သိတဲ့သူနဲ႔ အတူမထိုင္ႏိုင္ဘူး...နင္အခုခ်က္ခ်င္းတစ္ျခားအတန္းမွာ သြားထိုင္ေပးပါ...နင့္ေၾကာင့္
မနက္က စာအုပ္ထပ္တာ ေနာက္က်လို႔ဆိုၿပီး
အဆူခံရတယ္...အဲ့ေတာ့နင္နဲ႔အတူဆက္ထိုင္ေန
ရင္ ငါတို႔ကိုပါ စာညံ့တယ္လို႔ အထင္ခံရလိမ့္မယ္..."

အသက္မပါတဲ့ ပံုစံနဲ႔ ပံုရိပ္တစ္ခ်က္မဲ့ပစ္လိုက္သည္။ဟိုအရင္တုန္းကဆို ပံုရိပ္ဆီမွာ ကပ္ဖားယက္ဖားနဲ႔ အသည္းအသန္စာလာေမးခဲ့တဲ့မိန္းမက
ရီပို႔ကဒ္မွာ အမွတ္ေကာင္းေကာင္းမရေတာ့တာနဲ႔
အေပါင္းအသင္းမလုပ္ခ်င္ေတာ့ဘူးတဲ့။
စိတ္ဓာတ္ေတြကို ေစာေစာသိလိုက္ရတာ တကယ္ကိုကံေကာင္းတာပါပဲ။

"ဒီမွာ...စႏၵာ၀င္း....နင့္ဘာသာ ဘာႀကီးပဲျဖစ္ေနေန..
ဘယ္ေလာက္ေတာ္ေနေန ငါစိတ္မ၀င္စားဘူး...
ငါနဲ႔အတူမထိုင္ခ်င္ဘူးမဟုတ္လား....ေအး.....
မထိုင္ခ်င္တဲ့လူ..သြား....ငါကေတာ့...
ဒီခံုကေန တစ္စက္မွေရြ့မေပးႏိုင္ဘူး...
ေစာ က္ႀကီးက်ယ္ၿပီး ငါနဲ႔မထိုင္ခ်င္ဘူးဆိုရင္
နင့္ဘာသာ တစ္ျခားခံုမွာသြားထိုင္....သြား!!!!
အာရံုလာမေနာက္နဲ႔...."

"ပံုရိပ္...နင္ငါ့ကိုေစာက္နဲ႔လာမႏိႈင္းနဲ႔ေနာ္...."

"ဂလြမ္း!!!!!!"

"ဟာ....ပံုရိပ္ရဲ့ထမင္းခ်ိဳင့္ကို လႊင့္ပစ္လိုက္ၿပီ..."

စႏၵာ၀င္းက စိတ္ဆိုးမာန္ဆိုးႏွင့္ ခံုေပၚတြင္တင္ထားေသာ ပံုရိပ္၏ထမင္းခ်ိဳင့္ကို ဆဲြယူၿပီး ၾကမ္းျပင္ေပၚသို႔ ပစ္ေပါက္လိုက္သည္။
အေဒၚခ်က္ေပးလိုက္ေသာ ထမင္းျဖဴႁဖူေလးေတြႏွင့္ ေျပာင္းဖူးေၾကာ္ေလးေတြဟာ တမံသလင္းေပၚတြင္ ျပန႔္က်ဲကုန္တာကို ၾကၫ့္ၿပီး ပံုရိပ္လည္းပါးစပ္အေဟာင္းသား ျဖစ္သြားရသည္။
စိတ္ထဲမွာ မခံမရပ္ႏိုင္သၫ့္ ခံစားခ်က္ေတြလည္း လိႈက္တက္လာသည္။

ဒီမနက္ေက်ာင္းမလာခင္မွာပဲ အေဒၚက...
 "ပံုပံုေရ...ညည္းစာမႀကိဳးစားလို႔ ဟင္းမထၫ့္ေပးလိုက္ေတာ့ဘူး..."ဆိုၿပီး ေျပာခဲ့၍ အဟုတ္ထင္ၿပီး မုန႔္စားဆင္းခ်ိန္မွာ ထမင္းခ်ိဳင့္ကို ဖြင့္မၾကၫ့္ပဲ အိပ္ေနခဲ့မိတယ္။
အခုေတာ့ အရင္ကထက္ ပိုမ်ားၿပီးထၫ့္ေပးလိုက္တဲ့ ဟင္းေတြ၊ထမင္းေတြဟာ ဖုန္မႈန႔္ေတြနဲ႔ေရာကုန္ ေလၿပီ။
မ်က္ရည္မဝဲေပမဲ့ စိတ္မေကာင္းျဖစ္မႈေလးဟာ ႏွလံုးသားကိုလာထိခတ္၍ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိသည္။

ဒီလို ထမင္းတစ္နပ္၊ဟင္းတစ္နပ္ျဖစ္ဖို႔အတြက္ အ‌ေဒါ့္မွာ ဘယ္ေလာက္အထိ ရုန္းကန္ရသလဲဆိုတာ သူမသိပ္သိတာေပါ့။ ပံုမွန္ဆိုရင္ အေဒၚနဲ႔ဘယ္ေတာ့မွ ရင္းရင္းႏွီးႏွီးမေနေပမဲ့ အေဒါ့္ရဲ့အနစ္နာခံမႈေတြကိုေတာ့ ပံုရိပ္အၿမဲေက်းဇူးတင္ေနမိတာပါ။

"နင္မေက်နပ္လည္း...ငါမတတ္ႏိုင္ဘူး...
အခုခ်က္ခ်င္း တစ္ျခားခံုမွာ ေျပာင္းထိုင္ပါ...
မဟုတ္ရင္ေတာ့...ေန့တိုင္း နင့္ထမင္းခ်ိဳင့္ကို
ငါေမွာက္ေအာင္လုပ္ပစ္မွာ...."

"ဗမ္း!!!!....."

"အား...‌ေသပါၿပီ...."

"ဟာ....ခ်ကုန္ၿပီ...."

 စကားမဆံုးခင္မွာပဲ ပံုရိပ္ဟာ ခံုေခၚတြင္ တင္ထားသၫ့္ ေကာ္ကြန္ပါဘူးအား ေကာက္ကိုင္လိုက္ၿပီး စႏၵာ၀င္းရဲ့ ေခါင္းကိုလႊဲရိုက္ပစ္လိုက္သည္။
စႏၵာ၀င္းလည္း နာက်င္လြန္းလို႔ မူးေဝေဝျဖစ္သြားၿပီး ေနရာမွာတင္ ထိုင္ငိုေလေတာ့သည္။
သူ႔ကို ရိုက္ရေကာင္းလားဆိုၿပီး ပံုရိပ္ကိုလည္း
ကုတ္ဆဲြကာ၊ျပန္ရိုက္ဖို႔ႀကိဳးစားေလသည္။

ပံုရိပ္ကလည္း ၿငိမ္ခံေနမၫ့္ သူမဟုတ္တာေၾကာင့္ တစ္ေယာက္တစ္ခ်က္ဆီျပန္ခ်ရင္းနဲ႔ တစ္ျခားအခန္းေဖာ္ေတြပါ ၀င္ၿပီး ဆဲြလဲြၾကရေလေတာ့သည္။

"ဖယ္စမ္းပါ...ငါ့ကို လာမဆဲြၾကနဲ႔...."

ပံုရိပ္က လာၿပီးဆဲြသလို ခ်ဳပ္သလိုလုပ္ေနၾကေသာ ေက်ာင္းသားေတြရဲ့ လက္မွအတင္းရုန္းပစ္လိုက္ၿပီး
စႏၵာ၀င္းရပ္ေနေသာ ေနရာသို႔ေျခတစ္လွမ္းထပ္တိုးလိုက္သည္။
သူမရဲ့ မ်က္၀န္းေတြမွာလည္း ေဒါသအခိုးအေငြ့ေတြ ဖိတ္လ်ွံက်မတတ္ျဖစ္ေနတာကို စႏၵရာ၀င္းအပါအ၀င္ အားလံုးျမင္ေနရေလသည္။

"ပံုရိပ္...နင္ငါ့ကိုကိုယ္ထိလက္ေရာက္လုပ္တာ
ငါလံုး၀မေက်နပ္ဘူး...နင္အခုခ်က္ခ်င္း ေနရာေရြ့ေပး..."

"ဟား...ဟား..စိတ္ကိုမကူးတာ...
နင္ေျပာတိုင္းငါကလုပ္ေပးရေအာင္
နင့္ဆီကေန ထမင္းဘယ္ႏွစ္လုတ္ စားထားခဲ့လို႔လဲ ေျပာစမ္းပါအံုး...ဒီခံုေတြက နင့္အေမပိုင္တဲ့ဟာေတြမို႔လို႔လား...ဒီမွာ...ဒီအခန္းကိုေရာ၊ဒီခံုေတြကိုေရာ နင္မပိုင္သလို...ငါ့ကိုလဲ ဟိုဟာလုပ္ပါ၊ဒီဟာလုပ္ပါလို႔  လာအမိန္႔‌ေပးပိုင္ခြင့္မရိွဘူး...ဘ၀င္ရူးမ.."

"နင္....နင္....ဘာေျပာတယ္...."

"နင္က..ဘ၀င္ရူးေနတာေလ...အဲ့ဒါေၾကာင့္ နင့္ကိုဘ၀င္ရူးမလို႔ေျပာတာ...နားလည္လား"

အလကားေနရင္း မ်က္ရည္လြယ္တဲ့မိန္းမက
မသိရင္သူကပဲ မတရားခံေနရသလိုလိုနဲ႔ မ်က္ရည္ကို ေပါေပါသီသီသံုးျပေနတာ ပိုၿပီးေတာင္ အျမင္ကပ္လာတယ္။ကိုယ့္အတြက္ေတာ့ မ်က္ရည္က်တာဟာ ကိုယ့္ရဲ့အားနည္းေနတဲ့ ဘက္အျခမ္းကို
လြယ္လြယ္ထုတ္ျပမိရံုကလဲြၿပီး
ဘာအေထာက္အကူမွ မျဖစ္ဘူးလို႔ ခံယူထားခဲ့ၿပီးသားမို႔ မ်က္ရည္က မ်က္၀န္းအိမ္မွာ ေတာ္ရံုနဲ႔ စြန္းထင္းမလာခဲ့တာ ၾကာပါၿပီ။

"ပံုရိပ္....နင့္ကိုငါ...ဆရာမနဲ႔တိုင္မယ္...
နင့္ေစာင့္ၾကၫ့္ေန....နင့္ကိုငါလံုး၀မေက်‌နပ္ဘူး..."

"အားအား ယားယား..ေစာင့္ပဲၾကၫ့္ရအံုးမယ္...
ဒီမွာ....နင့္ဘာသာဆရာမ မကလို႔...သမၼတႀကီးကိုပဲ တက္တိုင္တိုင္....ဂရုမစိုက္ဘူး...နင္တို႔လို...
သူရဲေဘာေၾကာင္ေတြက...မဟုတ္‌တာဆို ထိပ္ဆံုးကေနလုပ္တယ္..ၿပီးရင္..ဟိုလူ႔ေျပးတိုင္...
ဒီလူ႔ေျပးတိုင္နဲ႔....အဆင့္မရိွတဲ့မိန္းမ...."...

"ပံုရိပ္....နင္တရားမလြန္လာနဲ႔ေနာ္..."

စႏၵာ၀င္းဟာ အျခားလူေတြဆဲြေနတဲ့ ၾကားမွ ပံုရိပ္ကိုရိုက္ဖို႔ လုပ္ေလသည္။

"လာစမ္းပါ...လာ...ပံုရိပ္ကလည္းၿငိမ္ခံေနမယ္ထင္လို႔လား...."

"အား...."

"ဟဲ့...လုပ္ၾကအံုး....ဆဲြၾကအံုးေလ..."

"ဆဲြတာပဲဟ....ငါပါၾကားထဲကေန အလုပ္ခံရမွာ
စိုးလို႔...."

ႏွစ္ေယာက္လံုးကို အေနာက္မွာ အတင္းဆဲြထားၾကေပမဲ့ လြတ္ေနတဲ့ လက္ေတြကေတာ့ တစ္ေယာက္ဆံပင္ကို တစ္ေယာက္မလႊတ္တမ္းဆဲြထားၾကေလသည္။ငယ္ဂုဏ္ေၾကာင့္ ေတာက္ခ်င္သလိုေတာက္ေနသၫ့္ ‌ေဒါသမီးေတာက္ေတြဟာလည္း မီးေတာင္ငယ္ေပါက္ကဲြသကဲ့လို႔ ျပင္းထန္ေနၾကသည္။
က်ားႏွင့္ဆင္ လယ္ျပင္မွာေတြ့ၾကသၫ့္အတိုင္းပါပဲ။တစ္ေယာက္ကလည္း မေလ်ွာ့သလို ေနာက္တစ္ေယာက္ကလည္း အစြယ္တေငါေငါႏွင့္ အရႈံးေပးမၫ့္ပံုမေပၚေခ်။

ဒီေတာ့ ႏွစ္ေယာက္လံုးကို ႏိုင္ေသာသူဟာ
ဆရာမေတြသာ ရိွေတာ့သည္။ထို႔ေၾကာင့္ ေက်ာင္းသူႏွစ္ေယာက္ဟာ အခန္းထဲမွ တိတ္တဆိတ္ထြက္ခြာသြားၾကၿပီး ဆရာမမ်ားနားေနေဆာင္သို႔ ေျပးၾကေလေတာ့သည္။

ဒီလိုနဲ႔ ဘိုင္အိုေဆာင္၏ကိုးတန္းဘီအခန္းေလးမွ
မုန႔္စားဆင္းခ်ိန္ ရန္ပဲြေလးတစ္ခု စတင္လာခဲ့ပါေတာ့တယ္။

🌼🌼🌼🌼🌼🌼🌼🌼🌼

"ဗုမ္း!!!!!!"

နားေနခန္းထဲမွ ဆရာမ၏ႀကိမ္လံုးသည္ သစ္သားခံုႏွင့္ အရိွန္ျပင္းစြာ ထိသြားသၫ့္အခ်ိန္ ထြက္ေပၚလာေသာ အသံႀကီးဟာ စႏၵာ၀င္းအဖို႔ ၾကက္သီးျဖန္းျဖန္းထေလာက္ေအာင္အထိ ေၾကာက္ရြံ႔စရာေကာင္းေနေလသည္။
ခဏေနလ်ွင္ ခံုကိုရိုက္လိုက္သၫ့္ ျပင္းအားႏွင့္ တစ္ပံုစံတည္း တူညီသၫ့္ျပစ္ဒဏ္မ်ိဳး ေပးခံရေတာ့မည္ဆိုတာ ႀကိဳသိေနတာေၾကာင့္ လိပ္ကေလးတစ္‌ေကာင္လို ခႏၶာကိုယ္ကို အခြံမာထဲမွာ သိမ္းထားလို႔ရရင္ ေကာင္းမွာပဲလို႔ ေရရြတ္ေနမိသည္။

ဆရာမရဲ့ နာမည္က ေဒၚခိုင္ခိုင္၀င္းျဖစ္ၿပီး သူမတို႔၏ ဘိုင္အိုဘီခန္းအတန္းပိုင္လည္း ျဖစ္သည္။
ထို႔ေၾကာင့္လည္း စာမရရင္ ဆရာမဟာဘယ္ေလာက္အရိုက္ၾကမ္းသလဲဆိုတာကို သူမအတြင္းက်က်သိေလသည္။
ဆရာမ၏ အဓိကလက္နက္မွာ ဘယ္ေနရာသြားသြား မပါမျဖစ္ အဖိုးတန္ႀကိမ္လံုးျဖစ္ေလသည္။
ႀကိမ္လံုးက ရိုးရိုးႀကိမ္လံုးမဟုတ္ပဲ ႏွစ္လံုးပူးထားၿပီး ရိုက္ရင္စပ္စပ္ကေလး ျဖစ္ေအာင္ဆိုကာ
ထိပ္တြင္ သားေရကြင္းကို တင္းေနေအာင္စီးထားေသးသည္။

ဆရာမခိုင္ခိုင္၀င္း စာေမးသၫ့္အခ်ိန္ဆိုရင္
အတန္းတစ္ခုလံုးဟာ တဟုန္းဟုန္းေတာက္ေနသၫ့္ မီးခဲေတြေပၚသို႔ ေရျဖန္းခ်လိုက္သလို ရွဲခနဲၿငိမ္ၾကသြားေလာက္သည္ဟု ထင္ရေလသည္။
တစ္ခန္းလံုး ခဲတံ၊ေဘာပင္ေတာင္ မက်ရဲၾကသၫ့္ အေျခအေနျဖစ္ေအာင္အထိ စြမ္းေဆာင္ႏိုင္သူမွာ ဆရာမေဒၚခိုင္ခိုင္၀င္းေပတည္း။

ထိုစဉ္ ဆရာမရဲ့ေဒါသမ်က္၀န္းေတြက သူမရဲ့ေဘးနားမွာ ရပ္ေနေသာပံုရိပ္ဆီသို႔ ဒိုင္းကနဲ က်ေရာက္သြားေလသည္။
သို႔ေပမဲ့ ဟိုမိန္းမပံုရိပ္ကေတာ့ ဆရာမကိုလည္းၾကၫ့္မေနသလို သူမလိုလည္း လက္ကို ပိုက္မထားေပ။
မသိရင္ သူ႔ကိုယ္သူ ဆရာမမ်ားနားေနေဆာင္ကို လာစစ္ေဆးတဲ့ ေက်ာင္းအုပ္ဆရာမႀကီးလိုမ်က္ႏွာထားႏွင့္ လက္ကိုေတာင္ ေနာက္ပစ္ထားလိုက္ေသးသည္။
မွားပါတယ္။ငါကိုက သူ႔လိုလူနဲ႔ရန္တုျဖစ္မိတာ မွားတာ။

"စႏၵာ၀င္း....."

"ရွင္...ရိွ..ရိွပါတယ္...ဆရာမ......."

"..ရိွတာ..ငါသိတယ္ေလ...ဘာအပိုေတြေလ်ွာက္ေျပာေနတာလဲ..."

စႏၵာ၀င္းတစ္ေယာက္ ဆရာမ၏ႏွစ္လံုးပူး ႀကိမ္းလံုးကို ျမင္ေယာင္ရင္း အေယာင္ေယာင္အမွားမွားျဖစ္ကုန္ေလသည္။မတ္တပ္ရပ္ေနရင္းႏွင့္ အလိုလိုေနရင္း ဒူးေတြေတာင္ ေခ်ာင္လာသည္။

"အခုရန္ျဖစ္တဲ့ကိစၥက စႏၵာ၀င္းဘက္ကအရင္စတာဆို...ဘာလို႔ ကိုယ့္အတန္းသားအခ်င္းခ်င္း ရန္ျဖစ္ခ်င္ရတာလဲ....အခုလိုလုပ္တာ ဆရာမ မႀကိဳက္ဘူးေနာ္..."

"အဟင့္...ဟင့္....ဆရာမရယ္...အစကသမီးသူ႔ကို
ေအးေအးေဆးေဆးေျပာတာပါ သူကလက္မခံပဲ
သမီးကို ေစာက္နဲ႔လာႏိႈင္းတယ္...အရူးမလို႔လည္း
စကားနာလုတယ္.."

တရႈံ႔ရႈံ႔ငိုရင္း ေျပာေနသၫ့္ စႏၵာ၀င္းကို ၾကၫ့္ကာ
ပံုရိပ္ သက္ျပင္းခ်လိုက္မိသည္။
အရိုက္ခံရမွာစိုးၿပီး ေၾကာက္လြန္းလို႔ေတာ့မဟုတ္ပါဘူး။
ဇြတ္အကယ္ဒမီေရွာ့ခ္ေတြ လုပ္ျပေနတဲ့ သူ႔ကိုၾကၫ့္ၿပီး ရင္ပူလြန္းလို႔ပါ။
ရန္ျဖစ္တုန္းက သူ႔ဘက္ကအရင္စၿပီး အခုလည္း
သူ႔ဘက္ကေန အရင္စငိုျပန္တယ္။
ေျပာရမဲ့စကားထဲမွာ ငိုစရာစကားလံုးလည္း တစ္လံုးမွ မပါဘူး။
ကိုယ္ကပဲ စိတ္မာခ်င္ေယာင္ေဆာင္ေနမိတာလား။သူကပဲ ေပ်ာ့ညံ့ခ်င္ေယာင္ ေဆာင္ေနတာလားေတာ့
မေဝခဲြတတ္ေတာ့ဘူး။

"ပံုရိပ္...ကိုယ့္အတန္းေဖာ္အခ်င္းခ်င္းကို ဘာလို႔ရိုင္းရိုင္းစိုင္းစိုင္းေျပာရတာလဲ..."

"ဆရာမ...သမီးကရိုင္းတာမဟုတ္ဘူး...
သူ႔အျပဳအမူေတြကသာ ရိုင္းစိုင္းတာ..."

"ဟဲ့...ငါဘယ္မွာရိုင္းလို႔လဲ...နင့္ဘက္ကအရင္ငါ့ကို
ေဖာင္းလို႔ လုပ္လိုက္တာေလ..."

"စႏၵာ၀င္း...ဆရာမက မေမးပဲ စကားကိုျဖတ္မေျပာရဘူး...."

ဆရာမက ဆူလိုက္ေတာ့လည္း စႏၵာ၀င္းဘာမွ
အထြန႔္မတတ္ရဲေတာ့ေပ။ေခါင္းကိုသာ ငံု႔ထားၿပီး
ငိုရိႈက္ေနေလသည္။

"ကဲ...ပံုရိပ္...သမီးဆက္ေျပာ...စႏၵာ၀င္းက ဘာလုပ္လို႔လဲ..."

"မုန႔္စားခ်ိန္မွာ သမီးဘာသာ ခံုေပၚမွာေမွာက္ၿပီး အိပ္ေနတာကို ခံုကိုတအားပိတ္ထုတယ္...
ဘာျဖစ္လို႔လုပ္တာလဲေမးေတာ့...လုပ္ခ်င္လို႔လုပ္တာတဲ့...သမီးကို သူတို႔အတန္းမွာ မထိုင္ေစခ်င္လို႔
အျခားအတန္းကို ေျပာင္းေပးပါတဲ့....သူ႔မွာအဲ့လိုေျပာပိုင္ခြင့္ရိွလို႔လားဆရာမ...သမီးလည္းေဒါသထြက္ၿပီး မႀကီးက်ယ္နဲ႔လို ေျပာလိုက္တာ...
အဲ့ဒါသမီးရဲ့ ထမင္းခ်ိဳင့္ကို လႊင့္ပစ္လိုက္တယ္...
ဟင္းေတြေရာ၊ထမင္းေတြေရာ အကုန္ေမွာက္ကုန္တယ္."

"စႏၵာ၀င္း....ညည္းဘာလို႔ဒီလိုလုပ္ရတာလဲ...
အခ်င္းခ်င္းစကားမ်ားၾကတာကိုေတာ့ ဆရာမ
သိပ္မေျပာလိုဘူး...အခုလို သူမ်ားစားမဲ့ ထမင္းခ်ိဳင့္ကို လႊင့္ပစ္တာေတာ့ မေကာင္းတဲ့လုပ္ရပ္ပဲ...ဘာေၾကာင့္ဒီလို မေကာင္းတဲ့အျပဳအမူမ်ိဳး ျပဳမူရတာလဲ...ဟမ္!!!...."

"အဟင့္....ဟင့္...ဆရာမ...သမီး..."

ဆရာမက သူမရဲ့ႀကိမ္လံုးကို စႏၵာ၀င္းဘက္သို႔ ရြယ္ၿပီး ဆူလိုက္တာေၾကာင့္ စႏၵာ၀င္းတစ္ေယာက္ မ်က္ရည္တာက်ိဳးသည္အထိငိုေလေတာ့သည္။
မသိရင္ အခုပဲအသက္ထြက္ေတာ့မတတ္ ရိႈက္ေနတာေၾကာင့္ ဆရာမေတာင္ သူ႔ကိုၾကၫ့္ၿပီး စိတ္ညစ္လာသည္။
ပံုရိပ္ကေတာ့ သူမရဲ့ႏႈတ္ခမ္းတစ္ဖက္ကို တြန႔္ပစ္ကာ မဲ့ႃပံုးႃပံုးလိုက္မိသည္။
မ်က္ရည္ဟာ အျပစ္တစ္ခုကို ေရွာင္လႊဲဖို႔ အေကာင္းဆံုးလက္နက္တစ္ခုဆိုရင္
စႏၵာ၀င္းကေတာ့ ေကာင္းေကာင္းအသံုးခ်ေနေလၿပီ။

"မနက္ပိုင္းက စာအုပ္ထပ္ေတာ့ သူကေက်ာင္းေရာက္မွ ေရးၿပီးထပ္တာ သမီးတို႔အတန္းကေနာက္ဆံုးေရာက္မွ စာအုပ္ထပ္လိုက္ရတယ္...
အဲ့ဒါေၾကာင့္သခ်ၤာဆရာမရဲ့ အဆူခံလိုက္ရတယ္...
ဒီတစ္ခါတည္းမဟုတ္ဘူးဆရာမ....အႀကိမ္တိုင္းအဲ့လိုျဖစ္ေနတာ..
ဆရာမေတြ စာသင္ရင္လည္း စာကို‌လိုက္မလုပ္ဘူး...အတန္းလိုက္စာဆိုရရင္လည္း သူကစာမလုပ္ေတာ့ သမီးတို႔မွာ စာမဆိုလိုက္ရတဲ့အခ်ိန္ေတြ ခဏခဏျဖစ္လာတယ္...ပံုမွန္ဆိုရင္လည္း သမီး
တို႔ကို စကားမွမေျပာတဲ့ဥစၥာ...သူ႔ေၾကာင့္ သမီးတို႔တစ္တန္းလံုး စာမလုပ္ဘူးလို႔ အထင္ခံရမွာစိုးလို႔..
အျခားအတန္းမွာ သြားထိုင္ဖို႔ေျပာတာပါ...ဆရာမရယ္...သူ႔ထမင္းခ်ိဳင့္ကို သမီးလႊင့္ပစ္မိလို႔ မွားတာသိေပမဲ့....တစ္တန္းတည္းသားေတြ သူ႔ေၾကာင့္စိတ္အေနွာင့္အယွက္ျဖစ္တာကိုလည္း သူသိသင့္တယ္..."

ဆရာမခိုင္ခိုင္၀င္းတစ္ေယာက္ ႀကိမ္လံုးကို ခံုေပၚတြင္ တင္လိုက္ၿပီး သက္ျပင္းေမာကိုသာ မႈတ္ထုတ္လိုက္မိသည္။
ေသခ်ာေတြးၾကၫ့္ရင္ ျပႆနာရဲ့အရင္းအျမစ္က ပံုရိပ္ဆီကေန စတင္လာခဲ့တယ္လို ေျပာရမည္။

ပံုရိပ္ကို ေသခ်ာၾကၫ့္လိုက္ပါက အသားအရည္
ဝါဝါ၀င္း၀င္းေလးနဲ႔ ခါးေလာက္ရိွသၫ့္ ဆံပင္ရွည္ေလးေတြကို အၿမဲထံုးထားတတ္ကာ မ်က္ႏွာေလးကအစ သနားကမား ခ်စ္စရာေလးပင္။
သူမရဲ့ မ်က္ႏွာသြင္ျပင္ဟာ မ်က္လံုးအေရာင္ခပ္စူးစူးႏွင့္ သူမရဲ့အေၾကာင္းကို မသိပါက ရည္မြန္လိမၼာ‌ၿပီး ထက္ျမတ္သၫ့္ကေလးမအသြင္ေပါက္ေပမဲ့  သူမရဲ့လုပ္ရပ္ေတြကေတာ့ ရုပ္ရည္နဲ႔ဆန႔္က်င္ဘက္ျဖစ္ေနသည္။

 အတန္း‌ထဲမွာ စာေမးတိုင္းမရဘူး။ အိမ္စာတစ္ခါမွ လုပ္မလာဘူး။
ဆရာမေတြရဲ့ ေျပာစကားကို နားမေထာင္ဘူး။
ဒီလိုအခ်က္ေတြေၾကာင့္ အတန္းထဲမွာဆရာမေတြရဲ့  အရိုက္အခံရဆံုး ေက်ာင္းသားကိုလက္ၫွိုးထိုးျပပါဆိုရင္ပံုရိပ္ကိုပင္ ၫႊန္းရလိမ့္မည္။
အခုကိုးတန္းႏွစ္မွသာ ဒီကေလးက ကိုယ့္အတန္းထဲကို ေရာက္လာသည္မို႔ ဒီကေလးဟာ ဆိုးခ်င္လို႔ တမင္ဆိုးေနတာလား အေၾကာင္းတစ္ခုခုေၾကာင့္လားဆိုတာ သူမလည္း မသိေပ။

"ပံုရိပ္...ကိုယ့္ေၾကာင့္ အျခားသူငယ္ခ်င္းေတြ
 အေနွာက္အယွက္ျဖစ္ရတာအခ်ိန္ေတြႏွောင့္ေနွးရတာက မေကာင္းတဲ့လုပ္ရပ္ဆိုတာ သိရဲ့လား..
ဆရာ...ဆရာမေတြရိုက္တာမခံရေအာင္...
သူငယ္ခ်င္းေတြ ကိုယ္နဲ႔မထိုင္ခ်င္တဲ့အထိ မျဖစ္ရေအာင္...တစ္ေန့စာကို တစ္ေန့ပံုမွန္လုပ္ပါလား
မနက္ျဖန္က်ရင္ ႏွစ္ေယာက္လံုးမိဘေခၚလာခဲ့...
ေနာက္တစ္ခါ ဒီလိုရန္ျဖစ္သံၾကားလို႔ကေတာ့ ႀကိမ္လံုးစာအရင္မိၿပီးမွ မိဘကိုေခၚခိုင္းမယ္....ကိုယ့္အခန္း ကိုယ္ျပန္ၾကေတာ့...."

"ဟုတ္ကဲ့....ဆရာမ..."

ဆရာမက သြားလို႔ေျပာလိုက္သည္ႏွင့္ စႏၵာ၀င္းဟာ နားေနေဆာင္ထဲမွ သုတ္ေျခတင္၍ ေျပးေလေတာ့သည္။ တစ္ေယာက္ေသာ သူကေတာ့ ဆရာမ၏ စာေရးခံုစားပဲြအေရ႔ွတြင္ တုပ္တုပ္မ်ွမလႈပ္ပဲ ငူငူႀကီးရပ္က်န္ေနခဲ့ေလသည္။
 စိတ္ဓာတ္က်မႈအျပၫ့္ႏွင့္ ရႈပ္ေထြးေနေသာ ခံစားခ်က္ေတြဟာလည္း သူမရဲ့မ်က္ႏွာမွာ အထင္းသားေပၚေနသည္။

ဆရာမေဒၚခိုင္ခိုင္၀င္းလည္း သြားေတာ့လို႔ေျပာတာေတာင္ မသြားေသးသၫ့္ ပံုရိပ္အား သူမရဲ့ေရႊေရာင္မ်က္မွန္ေဘာင္ကို  ေက်ာ္၍နားမလည္ႏိုင္စြာ စိုက္ၾကၫ့္ေနေလသည္။

"ပံုရိပ္..စာသင္ခ်ိန္ေရာက္ေနၿပီမဟုတ္လား...ကိုယ့္အတန္းကိုယ္ျပန္ေတာ့ေလ..."

"ဆရာမ...မနက္ျဖန္သမီးရဲ့မိဘေတြကို ေခၚလာလို႔ရမွာမဟုတ္ဘူး..."

"ဘာျဖစ္လို႔လဲ သမီးရဲ့မိဘေတြက ခရီးသြားေနလို႔လား..."

ဆရာမေဒၚခိုင္ခိုင္၀င္း၏ ေမးခြန္းအတြက္ ပံုရိပ္တြင္အေျဖမရိွေပ။မေျဖခ်င္တာဆိုရင္ ပိုမွန္ပါလိမ့္မယ္။သူမကိုယ္တိုင္လည္း မိဘဆိုတဲ့စကားရပ္ကို ေမ့ထားခဲ့တာၾကာေလၿပီ။
"နင့္အေဖနဲ႔ အေမေရာ.."လို႔ေမးရင္ ပံုရိပ္မွာေျဖစရာ စကားမရိွဘူး။ဘာေၾကာင့္လဲဆိုရင္ မိဘေတြဟာ
ပံုရိပ္ကို ထားပစ္ခဲ့တာ ႏွႏွစ္တိတိရိွခဲ့ၿပီ ျဖစ္လို႔ပါပဲ။

"ဆရာမေမးေနတယ္ေလ...ဘာလို႔မိဘေတြကို ေခၚလာလို႔မရတာလဲ..."

"သမီးရဲ့မိဘေတြ ဘယ္ကိုေရာက္ေနလဲဆိုတာ သမီးကိုယ္တိုင္ေတာင္ မသိဘူးဆရာမ..."

"ဘယ္လို..."

အစိမ္းေရာင္ လံုခ်ည္ေလးကို လက္တစ္ဖက္
တစ္ခ်က္ဆီတြင္ က်စ္က်စ္ပါေအာင္ ဆုပ္ထားၿပီး ဆရာမကိုမ်က္ႏွာခ်င္းဆိုင္ပစ္လိုက္သည္။
အျပစ္တစ္ခုလုပ္ၿပီးတဲ့အခါ ျပန္ရတဲ့ျပစ္ဒဏ္ကို
ဘယ္ေလာက္နာနာ အံႀကိတ္ၿပီးပဲခံလိုက္မယ္။
ကိုယ္ခံရမဲ့ အျပစ္ဒဏ္ကိုေတာ့ မိဘျဖစ္ျဖစ္၊ညီအစ္ကိုေမာင္ႏွစ္မကို ျဖစ္ျဖစ္ ဘယ္ေတာ့မွမ်ွေဝၿပီး မခံစားခိုင္းဘူး..။

"ဆရာမ...သမီးကအေဒၚနဲ႔ေနတာပါ...အေဒၚကလည္း ေက်ာင္းကိုလာႏိုင္မွာမဟုတ္ဘူး...သမီးမွာ အျပစ္ရိွရင္ သမီးကိုပဲ ႀကိဳက္သလို အျပစ္ေပးပါ.."

ပံုရိပ္ရဲ့စကားေၾကာင့္ ‌ေဒၚခိုင္ခိုင္၀င္းတစ္ေယာက္ အင္မတန္ကိုစိတ္မေကာင္းျဖစ္သြားမိသည္။ပံုရိပ္ဟာ ဘာေၾကာင့္ယခုလိုပံုစံမ်ိဳး ျဖစ္ေနရသလဲဆိုတာ သူမစဉ္းစားခန္းဖြင့္ေနမိသည္။
ဆရာ၊မိဘေတြ့ဆံုပဲြေတြဆိုရင္လည္း မိဘေတြကိုဘယ္ေတာ့မ်ေခၚမလာခဲ့ဘူး။ကိုယ္ကလည္း အဆင္မေျပသူေတြမို႔ မလာတာေနပါေစဆိုၿပီး နားလည္ေပးခဲ့တယ္။

ပံုရိပ္ရဲ့ အျခားကေလးေတြနဲ႔မတူပဲ ကဲြျပားေနတဲ့အခ်က္က အရယ္အႃပံုးနဲတာပဲ။
အျခားသူေတြအတြက္ ရယ္စရာဟာသတစ္ပုဒ္က
 ဒီကေလးမအတြက္ေတာ့ နားညီးစရာျဖစ္ေနပံုရတယ္။အတန္းထဲမွာလည္း သူငယ္ခ်င္းမိတ္ေဆြမရိွဘူး။
ဆရာ၊ဆရာမေတြရဲ့ အျမင္ၾကည္မႈကိုလည္းမရရိွဘူး။သူမဘာေၾကာင့္ ဒီလိုျဖစ္ေနရတာလဲ။
ဆယ္ေက်ာ္သက္အရြယ္ဆိုတာ လြတ္လပ္မႈအျပၫ့္နဲ႔ ျဖဴစင္မႈအျပၫ့္ျဖစ္ေနတဲ့ အခ်ိန္တစ္ခုပါပဲ။

စိတ္ခံစားမႈ ဒဏ္ရာျပင္းထန္ေနလို႔သာ အမ်ားနဲ႔
မတူပဲ သင္းကဲြေလးလိုျဖစ္ေနတာေနမွာေပါ့။
ဒါမွမဟုတ္ သူမရဲ့ ခံစားခ်က္ေတြကို ေဖာ္ျပမိမွာစိုးလို႔ သိုသိပ္စြာႀကိတ္မိွတ္ေနတာမ်ားလား။
ကိုယ္ကလည္း မိဘေတြဆံုးသြားခဲ့ၿပီမို႔ ပံုရိပ္ရဲ့ခံစားခ်က္ကို နားလည္လက္ခံႏိုင္သည္။

"ပံုရိပ္..ဆရာမ ဒီတစ္ခါေတာ့ ခြင့္လႊတ္လိုက္မယ္..
ဒါေပမဲ့ ေနာက္တစ္ခါဒီလိုထပ္မျဖစ္ပါေစနဲ႔...."

"စိတ္ခ်ပါဆရာမ..."

ပံုရိပ္ထြက္သြားၿပီးေနာက္ ဆရာမေဒၚခိုင္ခိုင္၀င္းလည္း သူမလုပ္စရာရိွသၫ့္ ရီပို႔ကဒ္ကိစၥကို ျပန္လုပ္ေနလိုက္သည္။
ပံုရိပ္ရဲ့ ရီပို႔ကဒ္ကိုၾကၫ့္လိုက္မိေတာ့ တစ္ဘာသာမွက်ျခင္းမရိွပဲ ဘာသာရပ္တိုင္းက
ေအာင္မွတ္ကြက္တိျဖစ္ေနသည္။
အခ်ိဳ႕ေက်ာင္းသားေတြက အဂၤလိပ္မွာအမွတ္မ်ားၿပီး ဘိုင္အိုမွက်တာေတြလည္းရိွသည္။
ဒါေပမဲ့ ပံုရိပ္ကေတာ့ လပတ္စာေမးပဲြတိုင္း
တစ္ခါမွမက်ဖူးဘူး။
ဒါေပမဲ့ ဘာေၾကာင့္သူ႔ရဲ့ ဘာသာရပ္တိုင္းက ေအာင္မွတ္ရရံုေလးေတြပဲ ျဖစ္ေနရတာလဲ။
ဒီကေလးက တစ္ခုခုကိုအရဲြ႔တိုက္ေနတာလား။

ကိုယ့္ဟာနဲ႔ကိုယ္ အလုပ္ရႈပ္ရတဲ့ၾကားက
ဒီကေလးမအေၾကာင္းကို စဉ္းစားမိေတာ့
ေခါင္းပါကိုက္ခ်င္လာသည္။
ဆက္စဉ္းစား ေနေတာ့ပဲ ရီပို႔ကဒ္ေတြကို အျမန္လက္မွတ္ထိုးကာ ဘိုင္အိုဘီခန္းသို႔ ထြက္လာခဲ့လိုက္သည္။

"ကဲ...ရီပို႔ကဒ္ေဝဖို႔နာမည္ေခၚမယ္...က်တဲ့လူေတြလည္းရိွတယ္ေနာ္...က်တဲ့လူေတြ မိဘေခၚလာရမယ္..."

"ဟာ...ဆရာမကလဲ.."

တစ္ခ်ိဳ႕ကိုယ့္ဘာသာက်မွန္းသိတဲ့ ေက်ာင္းသားေတြက တစ္ေယာက္တစ္ေပါက္ ထေအာ္ေနၾက၍ အတန္းၿငိမ္ေအာင္ ႀကိမ္လံုးနဲ႔ခံုကို ထုလိုက္ရေသးသည္။ေရ႔ွဆံုးတန္းမွ ေက်ာင္းသူတစ္ေယာက္ကို
ရီပို႔ကဒ္ေဝဖို႔ နာမည္ေခၚခိုင္းလိုက္ၿပီး ပံုရိပ္ကိုလွမ္းၾကၫ့္လိုက္မိေတာ့ စႏၵာ၀င္းတို႔အတန္းမွာ
ထိုင္မေနေတာ့ပဲ လူမရိွတဲ့ေနာက္ဆံုးတန္းမွာ တစ္ေယာက္တည္းထိုင္ေနေလသည္။
သူမအနည္းငယ္စိတ္ဆိုးသြားၿပီး စႏၵာ၀င္းတို႔
ခံုဆီသို႔သြားလိုက္သည္။

"စႏၵာ၀င္း...ဆရာမေျပာထားတဲ့ၾကားက ပံုရိပ္နဲ႔
ဘာလို႔အတူမထိုင္ရတာလဲ...ဘာလို႔အျခားေနရာကို ေျပာင္းခိုင္းလိုက္တာလဲ...."

"မဟုတ္ဘူးဆရာမ...သူ႔ဘာသာသြားထိုင္တာပါ...သမီးတို႔သူ႔ကိုဘာမွမေျပာဘူး...တကယ္ပါဆရာမရယ္..."

"ဟုတ္တယ္ဆရာမ...စႏၵာကဘာမွမေျပာပါဘူး...
သူ႔ဘာသာ တစ္ေယာက္တည္းသြားထိုင္တာပါ..."

သူမသေဘာေပါက္သြားပါၿပီ။ေနာက္တစ္ခါဒီလို
 မျဖစ္ရေစနဲ႔လို႔ ေျပာလိုက္တဲ့စကားေၾကာင့္
"စိတ္ခ်ပါလို႔..."‌ကတိေပးသြားတဲ့ပံုရိပ္ဟာ
သူ႔စကားအတိုင္း ဘယ္သူနဲ႔မွအျငင္းမပြားရေအာင္ လုပ္လိုက္တဲ့ အျပဳအမူေလးတစ္ခုပါပဲ။
တကယ္ဆိုရင္ ကိုယ့္ဆီမွာ ခ်စ္သူထက္ ရန္သူတစ္ေယာက္ရိွေနရင္ေတာင္ အေတာ္မ်ားေနၿပီမဟုတ္ပါလား။သူငယ္ခ်င္းေတြနဲ႔ တၫ့္ေအာင္မေပါင္းပဲ
ပိုၿပီး တစ္သီးတစ္သန႔္ျဖစ္ေအာင္ လုပ္လိုက္တယ္။ဒီကေလးမ်ိဳးကို ဆိုးတယ္လို႔ဆိုရမည္လား။

🔥🔥🔥🔥🔥🔥🔥🔥🔥

Hello "ဆူးႀကိဳး.."နဲ႔အတူ ေဆာင္းေငြ့ျပန္လာပါၿပီေနာ္...ဒီ၀တၴုေလးဟာ ပံုရိပ္ဆိုတဲ့ ဆယ္ေက်ာ္သက္အရြယ္ မိန္းမငယ္ေလးရဲ့ ဘ၀နဲ႔စတင္မွာျဖစ္ၿပီး
မထင္မွတ္ထားတဲ့ အခ်ိဳးအေကြ့ေတြ ပါ၀င္သြားမွာပါ...
ေဝေဝေရးတဲ့ ပထမဆံုးေသာ အမ်ိဳးသမီးstrongျဖစ္တဲ့ ဇာတ္ေကာင္ျဖစ္လာမွာပါ...မင္းသမီးဇာတ္ေကာင္ေတြ ေပ်ာ့ညံ့တာမႀကိဳက္ရင္ေတာ့ ဒါေလးကိုဆက္ၿပီး အားေပးဖတ္ရႈေပးပါလို႔ ေျပာခ်င္ပါတယ္...
၀တၴုေလးကို ဖတ္ရႈရင္း ပံုရိပ္ရဲ့ဘ၀ေလးထဲကို
၀င္လည္ၾကရေအာင္.....

#ဆူးႀကိဳး
#အခန္း၁
#စာေရးသူ_ေဆာင္း‌ေငြ့ေဝ
#ေဆာင္းေငြ့ေဝရဲ့၀တၴုမ်ားpageမွတင္ဆက္သည္

No comments:

Post a Comment