🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼 🌼 အခန်း၁၄🌼

 

🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
🌼 အခန်း၁၄🌼

ကျေးလတ်ဒေသတွင် သစ်ရိပ်၊ဝါးရိပ်နှင့် အေးချမ်းသလောက် ရန်ကုန်ရာသီဥတုကတော့ဆန့်ကျင်
ဘက်ဖြစ်နေလေသည်။ပူလိုက်သည့်နေဆိုတာ ဦးထုပ်များမဆောင်းထားရင် ဆံပင်အမွှေးတွေတောင် ကျွတ်ကျချင်လောက်အောင် ခံစားရသည်။
မြို့ထဲလိုနေရာမျိုးတွင် ကားလမ်းမအကျယ်ကြီးနဲ့ တိုက်တာတွေပဲပေါများတာကြောင့် သစ်ပင်ကို
မနဲဖြဲရှာနေရသည်။

တောမှာက ကတ္တရာလမ်းကျဉ်းကျဉ်းသာခင်းထားကြတာကြောင့် ဆိုင်ကယ်လ်လေးတွေသာ အစီးများသည်။နေ့ခင်းဘက်ဆိုလျှင် အလုပ်ကိုယ်ဆီနှင့်မို့ တစ်ရွာလုံးနီးပါးက ပွဲလမ်းသဘင်မရှိပါက တိတ်ဆိတ်ငြိမ်းအေးလွန်းသည်။

ရန်ကုန်မှာကတော့ နေ့နေ့ညည ကားသံတဝီဝီနှင့်
လူတွေဆိုတာ ၀မ်းရေးအတွက်သော်လည်းကောင်း၊လှုမှုရေး၊သာရေး..နာရေးအတွက်သော်လည်းကောင်း ဟိုဒီလူးလား လှုပ်ရှားသွားလာနေကြရသည်။
ထို့ကြောင့်လည်း ရန်ကုန်ကိုစည်တယ်ဟု ပြောကြတာနေမည်။

"‌ဒေါ်ညိုရေ..ဒီမှာ ရွာပြန်လက်ဆောင်တွေကို..
အိမ်မှာရှိသမျှလူအကုန်လုံးကိုခွဲပေးလိုက်ပါနော်.."

"အေးပါ..တူမလေးရယ်..‌ဒေါ်ကြီးကြည့်လုပ်လိုက်မယ်..အေးဆေးသွားနားနော်.."

"ဟုတ်ကဲ့.."

ဦးနေဂုဏ်မာန်နဲ့ ထိတ်တိုက်တွေ့ရမှာ မျက်နှာပူတာကြောင့် စံပယ်လည်းကိုယ့်စရိတ်နဲ့ကိုယ်ပဲ ကားဂိတ်ကနေ တက္ကစီ စီးလာခဲ့လိုက်သည်။

လှည်းလမ်းကြောင်းပေါ်ကနေ ထော်လာဂျီနဲ့လိုက်ခဲ့တာကြောင့် ဆံပင်တွေက ဖုန်တွေနဲ့ရောထွေးနေလေသည်။ရေ၊မိုးချိုးပြီး ခဏနားကာ ဒေါ်ညိုတို့ကို ကူဖို့ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် စံပယ်လည်းကိုယ့်အခန်းကိုယ်အမြန်
၀င်ကာ ရေမိုးချိုးပြီး ခေါင်းလျှော်လိုက်သည်။
ရေအကြာကြီးစိမ်ချိုးလိုက်ရ၍ လူကလည်းအတော်လန်းဆန်းသွားလေသည်။

ရေချိုးခန်းတံခါးကိုပိတ်ပြီး မှန်တင်ခုံဘက်သို့ သွားနေရင်းနှင့် စိတ်ထဲမှာ မသင်္ကာစရာတစ်ခုခုကို တွေ့လိုက်မိသလို ခံစားလိုက်ရတာကြောင့် ကိုယ့်ကုတင်နေရာကို ကြည့်လိုက်မိတော့....

"ဟင်..ဦးနေဂုဏ်..ကျွန်မအခန်းထဲကိုဘယ်လိုရောက်နေတာလဲ.."

"အဟင်း..စံပယ်ပြန်ရောက်တည်းက ဒေါ်ညိုဖုန်းဆက်ထားတာ.."

စိတ်ထဲမှာ သူ့ရုပ်ကြီးကိုတွေ့လိုက်တော့ လန့်ဖြန့်သွားသည့်နည်းတူ မျက်လုံးတွေလည်း ပြူးကျယ်ကုန်လေသည်။

"ရှင်..ရှင်ရှေ့မတိုးလာနဲ့နော်.."

ဦးနေဂုဏ်က စံပယ့်ကုတင်ပေါ်မှာခြေထောက်ချိတ်ထိုင်နေရာမှ ရုတ်တရက်ထရပ်လိုက်ပြီး စံပယ်ရပ်နေသည့်နေရာသို့ တစ်လှမ်းချင်းလှမ်းလာသည်။
သူ့ရဲ့ ‌တည်ကြည်သော မျက်နှာဟာ ချက်ချင်းပင်
ရွှင်ပြသလို ဖြစ်‌သွားပြီး တင်းတင်းစေ့ထားလေးရှိသည့် သူ့နှုတ်ခမ်းဟာလည်း အပေါ်သို့ ကွေးညွှတ်တက်သွားလောက်အောင် ပြုံးတာကိုမြင်လိုက်ရသည်။
စံပယ့်အနေနဲ့ ကြည့်ရင်တော့ ကြောက်စရာအပြုံးကြီးလိုပဲ။

စံပယ့်မျက်နှာတွေလည်းထူပူလာရပြီး တော်တော်ရှက်နေမိသည်။ကိုယ့်အခန်းထဲမှာမို့ သပါတ်မယူ
ထားမိတော့ ရင့်ညွှန့်ကနေ လည်တိုင်အထိက
အ၀တ်မပါတာကြောင့် လက်ဖဝါးလေးနဲ့ကာထားလိုက်ရသည်။

ထိုလူကြီးက စံပယ့်အနားကိုပိုတိုး၍ကပ်လာတာကြောင့် အနောက်ကိုဆုတ်ရင်းဆုတ်ရင်းနှင့်
ရေချိုးခန်းတံခါးမှာ စံပယ့်ကျောပြင်ဟာ သွားကပ်နေမိတော့သည်။
ကြာရင်စံပယ်နှလုံးရောဂါရပြီး နေရာမှာတင်ပစ်လဲသွားမှာသေချာတယ်။

"မျက်နှာကြီးငုံ့မထားနဲ့လေ..ကိုယ့်ကိုအဖြေပြန်ပေးရမှာမေ့နေပြီလား.."

ဘာမေးမေးခေါင်းကြီးသာဖိငုံ့ထားတဲ့ကောင်မလေးက ဇတ်ကြီးကျိုးကျတော့မယ့်အတိုင်းပဲ။

ရေချိုးပြီးခါစမို့ မျက်နှာလေးက၀င်းမွှတ်နေပြီး ခေါင်းလျှော်ပြီးခါစ ဆံပင်အရှည်ကြီးမှ ရေစက်တွေက ကြမ်းပြင်ပေါ်သို့ တစ်ပေါက်ပေါက်ကျနေလေသည်။

အသားအရေအရမ်းဖြူလွန်းတဲ့ကောင်မလေးမို့
သူ့မျက်လုံးတွေကသူမရဲ့ရင်ညွှန့်ဖွေးဖွေးလေးဆီသို့ ရောက်ရောက်သွားမိ၍ စိတ်ကိုမနည်းထိန်းနေရသည်။

ပါးအို့နီနီလေးတွေကိုလဲ စိတ်ရှိလက်ရှိသာနမ်းလိုက်ရရင် ဒီကောင်မလေးရွာကိုပြန်ပြေးမှာမြင်ယောင်တယ်။

"ဟေ့..ချစ်တယ်လို့အဖြေပေးမှာလား..မပေးဘူးလား..မပေးရင်ကိုယ့်အဆိုးမဆိုနဲ့နော်..."

ဘီလူးဆိုင်းတီးပြီးအဖြေလာတောင်းနေတဲ့လူကို အမြင်ကပ်ပုဒ်မနဲ့ မျက်စောင်းပြန်ထိုးလိုက်သည်။

ဘယ်လိုလူလဲမသိဘူး ဘယ်မိန်းကလေးက
ထမီရင်လျားကြီးနဲ့အဖြေပေးချင်မှာလဲ။
စံပယ်ရှက်လို့သေရချည်ရဲ့ အခုထိလည်းအခန်းထဲကထွက်မပေးသေးဘူး။

"ဟေ့..ကိုယ့်ကိုအဲ့လိုမျက်စောင်းမထိုးနဲ့နော်..
စိတ်ကသိပ်ခိုင်တာမဟုတ်ဘူး...နေရာမှာတင်.."

"ရှင်နော်..နှာဘူးစကားတွေလာမပြောနဲ့...
မပေးဘူးအဖြေ..သွား...အခန်းထဲကနေ.."

"အေးနော်..အဖြေမပေးရင်ထမီကိုဆွဲချွတ်လိုက်မှာနော်.."

"အား..နှာဘူးကြီး..မလုပ်နဲ့နော်.."

"အာ့ဆိုချစ်တယ်လို့ပြောလေ.."

ရုတ်တရက်ထမီစကိုဆွဲဟန်ပြတော့ စံပယ်အတော်ထိတ်လန့်သွားရသည်။ဒီလူကြီးကဘာကိုမှ ကြောက်တဲ့လူမဟုတ်ဘူး။
တကယ်ချွတ်လိုက်ရင်ဒုက္ခပါပဲ။ထမီစကို စပယ်ကပြန်ဆွဲသလို သူကလည်းအစကိုမလွှတ်ပေးတော့ ရုန်းရင်းနဲ့ ကျွတ်သွားမှ ရှိသမျှအရှက်တွေ ဗြန်းဗြန်ကွဲနိုင်သည်။

"တစ် နှစ် သုံး ရေလို့မှအဖြေမပေးရင်ဆွဲချွတ်ပြီနော်.."

"တစ် နှစ် .."

"အမယ်လေး...ချစ်တယ်..ချစ်တယ်.."

"ဟားတကယ်နော်.."

"အင်း..."

"ရေး..ဒါမှကိုယ့်ရဲ့မွှေးကွ.."

"အာဘှား..မှ..မှ..မှ.."

"ကဲ..အင်္ကျီလဲ..ဆံပင်သေချာခြောက်အောင်လုပ်ပြီးရင်...အောက်ထပ်ကိုဆင်းလာခဲ့..ကိုယ်တို့ရည်းစားဖြစ်တဲ့အထိန်းအမှတ်နဲ့..မွှေးသွားချင်တဲ့ဘယ်နေရာကိုမဆို လိုက်ပို့ပေးမယ်..."

သူပြောချင်ရာပြောပြီး ကလေးတစ်ယောက်လိုခုန်ပေါက်ပျော်ရွှင်နေသည့် ဦးနေဂုဏ်မာန်ကိုစံပယ်ပါးစပ်ကြီးဟပြီး အံ့ဩနေမိသည်။

ဦးနေဂုဏ်မှာလည်း ‌ဒီလိုရူးတူး၊ပေါတောပုံစံရှိတာပဲလား။ကျပ်မပြည့်တဲ့ကလေးကို သကြားလုံး၀ယ်ကျွေးမိလိုက်သလိုပဲ။

အခုမှရည်းစားဖြစ်ရုံရှိသေးတယ် စံပယ့်ကိုနမ်းသွားလိုက်တာများ မျက်နှာမှာနေရာလပ်တောင်မကျန်ဘူး။
စံပယ်ကိုယ့်မျက်နှာကိုယ်ပြန်စမ်းပြီး
သူ့နမ်းသွား၍သ‌ထွေးစိုစွတ်ကျန်ခဲ့တဲ့ နေရာတွေကို လက်နဲ့သပ်ချနေရသည်။

"အော်..ငါကငြင်းမလို့စဉ်းစားထားတဲ့ဟာကို..
ငါရှက်တတ်မှန်းသိလို့..ချက်ကောင်းကိုကိုင်ပြီး..
မလှိမ့်တစ်ပတ်နဲ့အဖြေတောင်းသွားတာ..
ဟွန့်..ဒီအတိုင်းဆိုရင်သူနဲ့..တစ်အိမ်ထဲမှာအတူနေလို့မဖြစ်တော့ဘူး..တော်ကြာမယူရသေးပဲ..
ငါလုံးပါးပါး‌လိမ့်မယ်..မလွယ်ဘူး..."

🌼🌼🌼🌼🌼🌼

"မွှေး..သွားချင်တာ...ဒီနေရာဆိုတာသေချာလား..."

"အင်း..သေချာတယ်..ရေး..သွားကစားရအောင်.."

ဘေးနားမှခုန်ဆွခုန်ဆွဖြစ်နေတဲ့မယ်မင်းကြီးမလေးကို ပိတ်သာထုပစ်လိုက်ချင်သည်။
ပထမဆုံးချစ်သူဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့
ဘယ်သွားချင်လဲဆိုတော့ ကစားကွင်းတဲ့။
တစ်ခါမှမရောက်ဖူးလို့သွားချင်တယ်ချည်း
အတင်းပူဆာတာနဲ့ခေါ်လာခဲ့ရသည်။

ခက်တာကနေဂုဏ်မာန်ဆိုတဲ့ သူကိုယ်တိုင်ဟာ
တစ်သက်နဲ့တစ်ကိုယ်ကစားကွင်းတစ်ခါမှ
မသွားခဲ့ဖူးဘူး။ငယ်ငယ်တည်းက နိုင်ငံခြားမှာပဲ ကျောင်းတက်ရင်းအနေများခဲ့တယ်။
ဦးလေး မိသားစုက ကစား‌ကွင်းကိုသွားရင် အဖော်ခေါ်ပေမဲ့ မလိုက်ဘူးဆိုပြီး အမြဲငြင်းခဲ့တဲ့သူ။
ကစားကွင်းဆိုတာလူပေါ့တွေလာအချိန်ဖြုန်းတဲ့နေရာလို့ တွေးခဲ့တဲ့သူက အခုကိုယ်တိုင်ရောက်နေရလေပြီ။

"ဟာ..ဦးနေဂုဏ်..ရှင်ကလည်းနှေးလိုက်တာ..
ကျွန်မရည်းစားတော်ထားတာက လူလား ၊
လိပ်ကြီးလား မသဲကွဲတော့ဘူး..လာပါဆို.."

သူ့မလေးစကားကြောင့် သွေးတောင်တက်ဆောင့်ချင်သည်။စီးပွားရေးလောကမှာအကွက်မြင်လွန်းလို့ အကုန်ဆလံသခံနေရတဲ့သူက သူမနဲ့တွေ့မှလိပ်ကြီးလုံးလုံးကိုဖြစ်‌‌ရောပဲ။
ကလေးကို ခြိမ်းခြောက်ပြီး ကြိုက်ထားရတော့
ရှေ့လျှောက် ဒီ့ထက်ပိုပြင်းတဲ့ စကားတွေနဲ့ အသားကျဖို့သာ ပြင်တော့ နေဂုဏ်မာန်ရေ။

"ဟိုလေ..မွှေးရယ်..ကိုယ်တို့စားသောက်ဆိုင်ကောင်းကောင်းမှာပဲနေ့လည်စာ သွားစားကြမယ်လေ..ဒီမှာကလူတွေရှုတ်ယှက်ခက်နေတာပဲ..
စိတ်ရှုပ်ဖို့ကောင်းတယ်..သွားကြမယ်လေနော်..."

"ဒီမှာ...ကျွန်မကဗွီဒီယိုကားထဲမှာ ကြည့်ပြီးတည်းကတစ်ခါလောက်သွားမယ်လို့စိတ်ကူးထားတာ
သိရဲ့လား..အစထဲကလိုက်မပို့ချင်ရင်လဲ..
ဘယ်သွားချင်လဲမမေးနဲ့လေ...ဒါမှမဟုတ်လည်းအိမ်ပဲပြန်မယ်..ရှင်နဲ့လည်းဒီနေ့ပဲရည်းစားခန်းပြတ်ပြီ..."

"ဟင်..အဲ့လို‌တော့မလုပ်နဲ့လေ..ဒီနေ့ပဲရည်းစားရ..
ဒီနေ့ပဲပြတ်တယ်ဆိုရင်..နေဂုဏ်မာန်သမိုင်း
ရိုင်းသွားမှာပေါ့..."

"အမယ်လေး စကားလုံးကြီးကလည်း ကြီးလိုက်တာမသိဘူး..အဲ့ဒါတော့ရှင့်သမိုင်း ရှင်ရေးတာပဲလေ.."

ပြတ်မယ်၊ကွဲမယ် တကဲကဲလုပ်နေတဲ့
သူ့အသစ်စက်စက်ရည်းစားလေးကြောင့်
သူခေါင်းခြောက်အောင်စဉ်းစားရသည်။
စီးပွားရေးကိစ္စတွေတောင် သူမကိုချော့ရတာလောက်ခက်မယ်မထင်ဘူး။
ကြည့်အုံး နှုတ်ခမ်းကြီးက တစ်လံလောက်ရှေ့ထွက်နေပြီ။

"ကဲ..ဟုတ်ပြီကွာ..ဆော့..ကြိုက်သ‌လောက်ဆော့..ပြီးမှဖင်မူးတယ်..ခေါင်းမူးတယ်မလုပ်ရဘူးနော်"

"စိတ်ချ..လာမှာသာ လာစမ်းပါ..."

"ဟမ်..ကိုယ်ရော ကစားရမှာလား..."

"လာပါဆို.."

စံပယ်အတင်းခေါ်လို့လိမ်ဖယ်လိမ်ဖယ်နဲ့လိုက်လာရတဲ့ရုပ်ကြီးကိုကြည့်ပြီး ရယ်ချင်စိတ်ကိုမနည်းထိန်းရသည်။သူကပဲ လူကို အမျိုးမျိုးဆရာကြီးလုပ်နေခဲ့တော့ သူ့ကိုနှိပ်စက်ဖူးချင်သည်‌လေ။

ရိုလာကိုစတာတစ်ခါစီးရုံနဲ့ စံပယ့်မှာ မူးတတ်သူမို့
မအန်မိအောင်မနည်းထိန်းနေရသည်။
 ကိုယ်တော်ကအလိုက်မသိပဲနှစ်ခါပြန်စီးမယ်လုပ်နေသေးသည်။

ခုဏကပဲ ကစားကွင်းကိုလာဖို့ ဘူးခံငြင်းနေတဲ့လူက အခုတော့တတ်ကြွတဲ့ကြက်ဖကြီးကိုဖြစ်လို့။
ဟိုဟာလဲစီးချင် ဒီဟာလည်းကစားချင်နဲ့ တိရိစ္ဆာန်ရုံကမျောက်ကြီးကို ကစားကွင်းထဲလွှတ်လိုက်သလားမှတ်ရတယ်။မျောက်ကို ငှက်ပျောသီးကျွေးလိုက်မိသလို စားပြီးရင်း ထပ်စားချင်နေတာမျိုး။

"မွှေး..ကိုယ်တို့တိုက်ကား သွားစီးမယ်..တိုက်ကား"

"ဘာတိုက်ကားလဲ!..ရှင့်ဖာသာ‌တိုက်ချင်တဲ့ဟာကိုတိုက်ပြီး..ကားချင်သလိုကား..သွား..ဒီမှာမူးလို့
အန်ချင်နေပါတယ်ဆို..အလိုက်ကိုမသိဘူး.."

"ဟင်..မွှေးက တအားမူးနေတာလား..ခဏစောင့်နော်.."

စံပယ်ဆူလိုက်တော့ချက်ချင်းပဲ ဘယ်ကိုပြေးမှန်း
မသိပြေးသွားလေသည်။
ခဏကြာတော့မှ အအေးဗူးတစ်ဗူးနဲ့ ရေခဲမုန့်တစ်ခုကိုကိုင်ပြီးပြန်ပြေးလာသည်။‌
သူကစံပယ့်အတွက်ရေခဲမုန့်သွား၀ယ်တာပဲ ဒီလိုဆိုတော့လည်း အလိုက်သိသားလို့ ချီးကျူးလိုက်မိသည်။

အနားကိုရောက်လာတော့ မောနေတဲ့သူ့ပုံစံကြောင့် စံပယ်လည်း သနားစိတ်၀င်သွားမိလေသည်။
ရေခဲမုန့်စားမလား၊ အားဖြည့်အချိုရေသောက်
မလားမေးတော့ စံပယ်ရေခဲမုန့်ကိုပဲရွေးလိုက်သည်။

ရေခဲမုန့်စားနေတုန်းမှာ ပါးပေါ်ကိုလက်နဲ့လာအုပ်တာ‌ကြောင့် သူ့ကိုကြောင်ပြီးလှည့်ကြည့်လိုက်ရာ
နှဖူးကအနမ်းခံလိုက်ရသည်။
လူတွေအများကြီးရှိနေတာကို ဒီလူမရှက်ဘူးလား။

သူမရေခဲမုန့်စားနေတဲ့အချိန်မှာ ခပ်လှမ်လှမ်း
မှကောင်လေးနှစ်ယောက်က ကိုယ့်ကောင်မလေးကိုခဏခဏလာလာကြည့်နေတော့ သူသည်းမခံနိုင်ဖြစ်နေရသည်။

သူမကမျက်နှာမှာသာပါးကွက်ကျားကြီးနဲ့ပေမဲ့ အသားကဖြူဖွေးပြီး မြန်မာ၀တ်စုံအစိမ်းရင့်လေးနဲ့အရမ်းကိုယဉ်တင့်‌နေသည်။

ဒီတော့သူ့အပိုင်မှန်းပြရသေးတာပေါ့ဆိုပြီး ရေခဲမုန့်စားနေတဲ့သူမမျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်ပြီး နှဖူးကိုနမ်းပြလိုက်သည်။

ထိုမှသာ သကောင့်သားနှစ်ကောင်လစ်ထွက်သွားကြသည်။ထိုအကောင်တွေကိုမဲ့ပြုံးနဲ့ကြည့်ပြီး
 သူမကိုပြန်ကြည့်လိုက်တော့ သူ့ကိုဝါးစားတော့မတတ်ကြည့်နေ၍ သွားဖြဲပြလိုက်ရသည်။

"ဟီး..နှဖူးမှာခြင်ကိုက်နေလို့နော်..အခွင့်အရေးယူတာမဟုတ်ဘူး.."

"အပိုတွေမပြောနဲ့..နောက်တစ်ခါလူကြား‌ထဲမှာလာနမ်းလို့ကတော့..သေပြီသာမှတ်.."

"အင်းပါ..လူကြားထဲမှာမနမ်းဘူးအိမ်မှာပဲ.."

"ရှင်နော်.."

"အား..အမယ်လေး..ဗိုက်..ဗိုက်‌ကြောပြတ်ပါပြီဗျ"

"ဟင်းနော်..ဒါနမူနာပဲရှိသေးတယ်.."

နေဂုဏ်မာန်အဖို့ ပထမဦးဆုံးအကြိမ် ဗိုက်ကြောကိုလိမ်ဆွဲခံလိုက်ရသည်။ဒယ်ဒီတို့တောင် ငယ်ငယ်တည်းက သူ့ကိုတစ်ခါမျှ မရိုက်ဖူးခဲ့ပေ။
အခြားသူတွေက အနိုင်ကျင့်ဖို့ဆိုတာတော့
ပြောမနေပါနဲ့။

ကိုယ်တိုင်ကလည်း ခပ်တည်တည်ပဲ နေတတ်သည့်လူမို့ ဘယ်သူကမှရန်လာမစရဲဘူး။
အခု စံပယ်မွှေးဆိုသည့် ကောင်မလေးရတော့မှ
အဆူလည်းခံရသည်။ဗိုက်ကြောလည်း နာရသည်။
သို့ပေမဲ့ သူလုံး၀စိတ်မဆိုးဘူး။သူမဖြစ်နေလို့ကို
သူစိတ်မဆိုးတတ်တာ ထင်ပါရဲ့။ချစ်နေမိတော့ အပြစ်မမြင်တတ်တော့ဘူး ဆိုသလိုပေါ့။

🌼🌼🌼🌼🌼🌼🌼🌼🌼

"ဘုန်း!!!!!.."

ဒေါသကုမ္မာရသူဌေးကြောင့် ရုံးခန်းထဲတွင်အပ်ကျသံပင်မကြားရတော့ပေ။
အကုန်လုံးခေါင်းငိုက်ဆိုက်ချထားကြသည်မှာ ခြင်္သေ့ရှေ့မှာ ခစားရတဲ့ယုန်သူငယ်လေးလို
နှာယားလို့တောင် နှာမချေရဲဖြစ်နေကြသည်။

"ဘာကြောင့်ဒီလိုဖြစ်ရတာလဲ..ဦးလူဇော်ကသူ့ပရိဘောဂတွေကိုတင်ပို့ဖို့ ဘာလို့နောက်ကျနေရတာလဲ..အခု‌‌ဟော်တယ်ဖွင့်ပွဲကြေငြာထားတာက
ရက်နီးလာပြီ..ဖွင့်လှစ်ပေးမဲ့သရုပ်ဆောင်ကလည်း..ကြိုချိန်းထားပြီးရက်နဲ့..မင်းတို့ဌာနကလူတွေ..အိပ်ငိုက်နေကြလို့အခုမှနိုးကြတာလား
..ဟမ်!!!!!!!!!..."

"မဟုတ်ပါဘူးဆရာ..ဦးလူဇော်ကရုတ်တရက်
ကုန်ကြမ်းဈေးတက်တယ်ဆိုပြီး..မူရင်းဈေးထက်၂ဆတိုးလိုက်တာမှာ.. ညှိမရဖြစ်နေတာပါ..
အရင်က ဦးကျော်ရှိန်းလည်းခံလိုက်ရဖူးတယ်တဲ့.."

"တောက်!!!..မင်းတို့ဦးနှောက်တွေကမသုံးရသေးလို့တုံးနေကြတာလား..ဟမ်!..ဒီလိုစည်းဘောင်မသိတဲ့လူဆီကမှကွာ..ငွေတွေကမိုးပေါ်ကနေကျလာတာမဟုတ်ဘူး..သွား!!..ရှေ့နေဌာနကိုအခုသွားပြီး..
ဦးလူဇော်ဆီလွှတ်လိုက်..မူလစာချုပ်အတိုင်းကတိမတည်နိုင်ရင်..ထောင်နန်းစံခိုင်းလိုက်..နေဂုဏ်မာန်ကိုဒါမျိုးလာလုပ်လို့မရဘူး..."

"ကျွီ.."

ရုံးခန်းထဲကိုအတွင်းရေးမှူးမလေး၀င်လာ၍
ကူကယ်မဲ့လူပေါ်လာပြီဆိုပြီး မကြယ်စင်ကိုအားကိုးသည့် အကြည့်နဲ့ကြည့်နေကြလေသည်။
သူဌေးကမသွားခိုင်းသေးပဲ လှုပ်တောင်မလှုပ်ရဲကြလို့ပါ။

"ဆရာ..စံပယ်မွှေးထမင်းချိုင့်လာပို့ပါတယ်..
အဲ့ဒါ၀င်လာခိုင်းလိုက်ရမလား.."

"ကြယ်စင်..အခုအချိန်မှာထမင်းစားဖို့က
သိပ်အရေးကြီးနေတယ်လို့..မင်းထင်သလား.."

"ဟုတ်..ဟုတ်ကဲ့ပါဆရာ..ကျွန်မပြန်လွှတ်လိုက်ပါ့မယ်.."

ကြယ်စင်လည်း အဆူခံရ၍ပြန်ထွက်ရန်ပြင်တော့ စီမံခန့်ခွဲရေးဌာနမှလူတွေလည်း ကူကယ်ရာမဲ့ပြီဟု ငိုမဲ့မဲ့ဖြစ်ကုန်ကြသည်။

"ကြယ်စင်..နေအုံး.."

"ရှင်..ဟုတ်..ဟုတ်ကဲ့.."

"ခုဏကမင်းပြောတာ....ဘယ်သူ.."

"စံပယ်မွှေးပါဆရာ.."

ဒီနာမည်ကြားတော့မှဆရာ့မျက်နှာကြီး ရှုံ့မဲ့နေရာမှပြေလျှော့သွားလေသည်။ကြယ်စင်လည်း ဒီလိုဖြစ်မယ်ဆိုတာသိလို့ အစည်းအဝေးအချိန်ကြီးမှာ ထမင်းချိုင့်ကိစ္စကို သပ်သပ်လာပြောခြင်းပင်။

"အဟမ်း..အဟမ်း..ငါဗိုက်ဆာနေပြီ..လွှတ်လိုက်"

ချောင်းဟန့်သံပေးပြီးပြောလိုက်တဲ့ဆရာ့ကို
ကြယ်စင်ပါအံ့ဩသွားရသည်။
ခုနကပဲ ထမင်းကအရေးမကြီးဘူးဆိုတဲ့ဆရာက အခုတော့ အရေးကြီးသွားပြီပေါ့။
အပြောင်းအလဲကလည်း လျှပ်စီးထပ်တောင်မြန်သေးတယ်။
ငါတို့ဆရာကမျက်နှာ နှစ်မျိုးနဲ့လူပါလား။

"ဟေ့ကောင်တွေ..သွားကြတော့လေ..ဘာလဲ
ငါထမင်းစားတာထိုင်မျှော်ကြမလို့လား.."

တစ်ဖက်တွင်တော့ ရုံးခန်းထဲမှတစ်ယောက်ပြီး
တစ်ယောက်ပြေးထွက်လာကြတဲ့လူတွေဟာ အပြင်မှာထမင်းချိုင့်နှင့် ရပ်‌နေသည့်စံပယ့်ကို အကုန်လက်မထောင်ပြသွားကြသည်။

"ဘာလဲဦးနေဂုဏ်မာန်တင်မကပဲ..သူ့လက်အောက်
ငယ်သားတွေကလည်းကြောင်တောင်တောင်နဲ့ပါလား......"

စံပယ် ရုံးခန်းထဲသို့၀င်လိုက်တော့ သူကဆိုဖာပေါ်မှာထိုင်နေလေသည်။စံပယ့်ကိုလဲ ပြုံးဖြီးပြနေတာများ နွားပြာကြီးအောက်သွားမရှိသလိုရုပ်နဲ့။
ကိုယ့်ရည်းစားကိုယ် တိရိစ္ဆာန်နဲ့နှိုင်းမိလို့ လွဲပါစေ၊ဖယ်ပါစေလုပ်ရသေးသည်။

ထမင်းချိုင့်ကိုစားပွဲမှာချထားလိုက်ပြီး သူ့‌ဘေးနားမှထိုင်လိုက်တော့ စံပယ့်ခါးကိုလက်နှစ်ဖက်နဲ့
ကျစ်နေအောင်လာဖက်ပြီး ပုခုံးပေါ်မေးလာတင်လေသည်။

သူ့ကိုယ်သူအမေ့ဗိုက်ထဲကနေ အခုမှထွက်လာတယ်ထင်နေပုံရတယ်။ထမင်းချိုင့်တွေကိုတစ်ခုပြီးတစ်ခုဖွင့်ပေးလိုက်ပြီး စားရန်မျက်နှာရိပ်ပြလိုက်တော့ ခေါင်းထောင်ပြီးပါးကိုလာနမ်းပြန်သည်။

"ကိုယ့်ကိုခွံ့ကျွေးပါလား.."

သူ့စကားအဆုံးမှ တဟဲဟဲရာ်ပြလိုက်ပြီး လက်ကတော့သူ့ဗိုက်ကြောနေရာကို ညှစ်ပြီးလိမ်ပစ်လိုက်သည်။

"အား..အမယ်လေးဗျ..ဗိုက်ကြောနာ..နာတယ်.."

"ကြည့်နေတာအကောင်းမှတ်နေလား..၀င်လာထဲကပက်ကျိလိုလာကပ်နေတယ်..ရှင့်ကိုကြာလေကြည့်
မရလေပဲနော်..ဟင်း..ဟင်း.."

"ကိုယ့်ချစ်သူကိုယ်..ချစ်လို့ခွံ့ကျွေးခိုင်းတာပဲကွာ..ဘာလဲ ကိုယ့်ကိုမချစ်ဘူးလား.."

"ချစ်သူကဒုက္ခိတကြီးဆိုရင်တော့..ခွံ့ကျွေးမှာပေါ့..
အခုကလက်ကောင်း၊ခြေကောင်းကြီးလေ..
အခုထဲကတစ်ခါတည်းပြောလိုက်မယ်..
ကျွန်မအဆောင်မှာပဲပြန်နေတော့မှာနော်.."

"ဟာကွာ..ကိုယ့်အိမ်မှာဘာအဆင်မပြေတာရှိနေလို့လဲ..အဓိပ္ပာယ်ကိုမရှိဘူး..."

"အဓိပ္ပာယ်သိပ်ရှိတာပေါ့..ရှင်နဲ့ကျွန်မကယူရသေးတာလဲမဟုတ်ပဲ..အတူနေရင်..ကြာတော့ဘေးလူတွေဘယ်လိုမြင်ကြမလဲ..."

သူမရဲ့စကားကြောင့်သူတွေဝေသွားမိသည်။‌
 မွှေးကိုသူအရမ်းချစ်သည်။ဘယ်အရာနဲ့မှမလဲနိုင်ဘူးဆိုတာ ကြာလေသူ ပိုသိလာရလေပဲ။

သူ့ဘေးနားမှာလာဝဲချင်နေကြတဲ့ အရောင်စုံလိပ်ပြာမလေးတွေရှိကြပေမဲ့ သူကတော့ဒီသနပ်ခါးပါးကွက်ကြားနဲ့လိပ်ပြာမလေးကိုပဲ ဖမ်းပြီးလှောင်အိမ်ထဲမှာထည့်သိမ်းထားချင်လောက်အောင်ကို ရူးမိုက်သူပါ။
လက်ထပ်ခြင်းဆိုတာကို သူတွေးမကြည့်ခဲ့ဖူးပေမဲ့ အခုအများနည်းတူ သူတွေးမှရပေတော့မည်။

စံပယ်လည်း စကားမှားသွားတဲ့ ကိုယ့်ကိုကိုယ်
ပြန်အပြစ်တင်နေမိသည်။
မိန်းကလေးကစပြီး ယူဖို့ကိုတိုက်တွန်းတာ မဖြစ်သင့်ဘူးမဟုတ်လား။စံပယ်သူ့ကိုချစ်ပေမဲ့ အခုထိကိုမယုံရဲသေးဘူး။

ချယ်ရီစူးပြောခဲ့သလို ဗိုက်တစ်လုံးနဲ့ကျန်ခဲ့မယ်ဆိုတဲ့စကားကစံပယ့်နားထဲမှာ မနေ့တစ်နေ့ကလိုပဲဖြစ်နေတော့ တစ်နေ့မှာသူစံပယ့်ကိုထားခဲ့ရင်ဆိုတဲ့အတွေးက အမြဲတမ်းစိုးမိုးနေသည်။
မတူညီတဲ့ ဘ၀အခြေအနေနှစ်ရပ်ကြောင့်လည်း ဖြစ်နိုင်သည်။ သူကချစ်တယ်လို့ပြောခဲ့သလို စံပယ်ကလည်းအဖြေပြန်ပေးခဲ့မိတယ်။
ဒါပေမဲ့ စံပယ့်စိတ်ထဲမှာ အခုထိ အိပ်မက်တစ်ခုလိုမျိုးပဲ ခံစားနေရတယ်။

"စံပယ်ပြောတာက လပ်ထက်ဖို့လိုမဟုတ်ဘူးနော်..အရမ်းတွေးမနေနဲ့.."

"ကိုယ်တို့လက်ထက်ကြရအောင်.."

သူ့စကားကြောင့် စံပယ်ဆွံ့အသွားမိသည်။
သူတကယ်ကြီးပြောနေတာလား။စံပယ်တို့ ချစ်သူဖြစ်တာ မနေ့တစ်နေ့မှလေ။သူ့စကားက အရမ်းစောလွန်းမနေဘူးလား။

"..စံပယ်တို့အရမ်းလောနေသလားမသိဘူး..
စောသေးတယ်လေနော်..ဟို..နောက်မှအဲ့ကိစ္စကိုပြောကြတာပေါ့..စံပယ်ပြန်တော့မယ်နော်.."

စံပယ်ဒါပဲပြောပြီး အမြန်ထွက်လာလိုက်သည်။နှုတ်ခမ်းထက်မှာအပြုံးပန်းတွေဝေဆာလျှက်ပေါ့။သူ့စကား‌ကြောင့်အရမ်းလည်းအံ့ဩတုန်လှုပ်သွားမိသလို နှလုံးသားလေးလဲ ဂျွမ်းထိုးမှောက်ခုံဖြစ်နေပြီလားမသိပေ။

"ငါ့ပါးစပ်ကအမှတ်တမဲ့ထွက်လာတဲ့စကားလေးတစ်ခွန်းကိုတောင်အလေးအနက်ထားပါလား.."လို့လည်း စံပယ်တွေးမိပြီး ကျေနပ်နေမိသည်။
သို့ပေမဲ့ စံပယ်တို့နှစ်ယောက်ကြားမှ လေ့လာစရာတွေတော့ အများကြီးကျန်နေသေးသည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

တီ..တီ..တီ

"ဟယ်လို..ဘယ်သူပါလဲ..."

"ဟယ်လိုစံပယ်..ငါမိစိုးပါ.."

"ဟယ်..ထူးထူးဆန်းဆန်း..ဖုန်းတွေဘာတွေဆက်လို့ပါလား.."

"ထူးဆန်းတာတွေ..မထူးဆန်းတာတွေအသာ
ထား..ဒီမှာနင့်အဖွား မူးလဲလို့ဟဲ့..အဲ့ဒါပြန်လာလို့
ရရင်ပြန်လာပါဟာ..ဖွားကြည်မေကအသက်ကြီးပြီဆိုတော့..နင်ရွာမှာပဲပြန်လာနေသင့်တယ်နော်.."

"ဟုတ်..ဟုတ်ကဲ့..မနက်စောစောကားနဲ့စံပယ်ပြန်လာခဲ့ပါ့မယ်..."

"အေးအဲ့ဒါဆိုဒါပဲ.."

"တူ..တူ.."

ဟိုဘက်ကဖုန်းကျသွားသည်နှင့်တစ်ပြိုင်နက်
စံပယ့်မျက်ရည်တွေဟာလည်း
ပါးပြင်ထက်မှာရွှဲနစ်နေပါတော့သည်။

စံပယ့်ဘ၀မှာအချစ်ရဆုံး လူငါးယောက်သာရှိသည်။
အမေ,အဖေ,အဖွား,ညီမလေးနဲ့ဦးနေဂုဏ်ပေါ့။
အမေနဲ့အဖေကတော့စံပယ့်အနားမှမရှိနိုင်ကြတော့ပေမဲ့ ကျန်သုံးယောက်ထဲကနေ ဘယ်တစ်ယောက်ကိုမှစံပယ်ထပ်ပြီးမဆုံးရှုံးချင်ဘူး။
ဆုံးရှုံးရမှာက်လည်း အင်မတမ်ကြောက်မိသည်။

တစ်ဖက်မှာလည်းဦးနေဂုဏ်မာန် တစ်ဖက်မှာလည်းအဖွား ဒီနှစ်ဦးကြားမှာ စံပယ်ဗျာမများချင်ဘူး။

အဖွားဘ၀မှာလဲ စံပယ်ကမရှိမဖြစ်လိုအပ်သလို မေတ္တာတရားငတ်မွတ်နေရှာတဲ့ဦးနေဂုဏ်ကိုလည်းစံပယ်မစွန့်ခွာရက်ဘူး။

ဒီတစ်ခါရွာပြန်ရင်တော့ ဦးနေဂုဏ်နဲ့ကိစ္စကိုအဖွားထံမှာဖွင့်ပြောပြီး ခွင့်တောင်းရမည်။

အဖွားကမကြည်ဖြူရင် စံပယ်လည်းရင်နာနာနဲ့ပဲ
နောက်ဆုတ်ရ‌ပေမည်။ဘာလို့ဆို အဖွားကသာ
စံပယ့်ဘ၀ရဲ့ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါပဲ။

နာရီကိုကြည့်လိုက်တော့၇နှစ်နာရီထိုးနေလေပြီ။
သူအလုပ်ရှုပ်နေမှာသိပေမဲ့ ရွာပြန်မဲ့ကိစ္စ
 သူ့ကိုအသိပေးမှဖြစ်မည်။
စံပယ့်အနေနဲ့ သူမသိအောင်ဘာမှမလုပ်ချင်ဘူး။

"ဒေါက်..ဒေါက်.."

"စံပယ်လား..၀င်ခဲ့ပါ.."

"ကျွီ..."

စံပယ်တံခါးကိုဖွင့်လိုက်တော့ ထုံးစံအတိုင်း
သူ့အလုပ်စားပွဲမှာ လက်ပ်တော့တစ်လုံးရယ်
ဖိုင်လ်တွဲတွေနဲ့ သူအလုပ်ရှုပ်နေလေသည်။

စံပယ်သူ့ကိုမတ်တက်ရပ်အနေအထားနဲပဲ တစ်၀ကြီးကြည့်နေလိုက်သည်။

"ကျွန်မ..မနက်ဖြန်..အဖွားဆီပြန်မလို့ရှင့်ကိုလာနှုတ်ဆက်တာပါ.."

ထိုစကားကိုကြားတော့မှ သူချက်ချင်းခေါင်းထောင်လာပြီး စံပယ့်ကိုလက်ဆွဲကာဆိုဖာပေါ်တွင်ထိုင်ခိုင်းလေသည်။

"ရုတ်တရက်ကြီးပါလား..မသွားလို့မရဘူးလားကွာ.."

"အဖွားနေမကောင်းဖြစ်နေတယ်..အဖွားမှာကျွန်မကလွှဲပြီးဘယ်သူမှအားကိုးစရာရှိတာမဟုတ်ဘူး
...ကျွန်မပြန်မှဖြစ်မှာ.."

"ဟာ..မငိုပါနဲ့မွှေးရယ်..ကဲပြန်ချင်ရင်ပြန်ပေါ့..
ဒါပေမဲ့အဖွားကိုတော့..ယောက်ျားယူတော့မဲ့အကြောင်းပါတစ်ခါတည်း..သတင်းလွှင့်လာခဲ့နော်.."

"ဟင်...ရှင်ကလက်ထက်ဖို့ကိစ္စကိုတကယ်ကြီးပြောနေတာလား.."

"ဟား..တကယ်ပေါ့ကွာ..ကိုယ့်အတွေးထဲမှာ
သားသားမီးမီးလေးတွေပါမွေးပြီးနေပြီဗျ.."

ပြောရင်းသူစံပယ့်ကိုသိုင်းဖက်လိုက်ရာ စံပယ့်မှာငြင်းခွင့်ပင်မရလိုက်ပေ။

ရင်ခွင်နှစ်ခုက လေတိုးလို့မရအောင်ပူးကပ်နေပြီး
စံပယ့်ခေါင်းလေးကိုလည်း သူ့ညာလက်နှင့်
ငြင်သာစွာပွတ်သပ်ပေးလေသည်။

ဒီလူကြီးဟာတကယ်ကိုအလိုက်သိတဲ့လူပါ။စံပယ်၀မ်းနည်းတဲ့အချိန်မှာ ပွေ့ဖက်ပြီးနှစ်သိမ့်ပေးသလို စံပယ်ဒေါသ‌နေထွက်တဲ့အချိန်မျိုးမှာသူ့ဗိုက်‌ကြောကိုဘယ်လောက်လိမ်ဆွဲဆွဲအပြစ်မြင်တယ်လို့မရှိဘူး။

"ဖြစ်နိုင်ရင်‌လေ ကိုယ်ပါတစ်ခါတည်းလိုက်ခဲ့ချင်တာ..ဒါပေမဲ့ဒီမှာအလုပ်တွေအရမ်းများနေလို့ကွာ..ပရောဂျက်တစ်ခုကအခုမှစခါစဆိုတော့..
ကိုယ့်ကိုနားလည်ပေးပါနော်..."

"အင်း..စံပယ်နားလည်ပါတယ်.."

သူ့ကိုအမြဲနားလည်ပေးတဲ့ မွှေးရဲ့မျက်နှာကို‌သူဆိုက်ကြည့်နေမိသည်။

သူမလေးကသူ့ကိုဘယ်လောက်အထိနားလည်မှုပေးထားလဲဆိုရင် ဒယ်ဒီနဲ့သူ့ကြားကကိစ္စတွေကိုလည်း ဘာတစ်ခုမှမေးမြန်းခြင်း၊စပ်စုခြင်းမရှိသလို သူ့ဆီကနေလည်းဘာမှတောင်းဆိုတယ်လို့မရှိခဲ့ဘူး။

ဒီလိုမိန်းကလေးကိုမှ ဘ၀လက်တွဲဖော်အဖြစ်
မရွေးရင် သူသိပ်ကိုမိုက်မဲသွားမှာပေါ့။

ငိုထားလို့ပါးကွက်တွေပျက်နေတဲ့ မျက်နှာ
၀င်း၀င်းလေးကသူ့နှလုံးသွေးတွေကို၀င်နှောက်လိုက်သလိုဖြစ်နေလေသည်။

သူ့မရဲ့ မျက်ရည်ကျထားတဲ့ စိုအိအိပါးပြင်လေးရယ် ၊အရည်လဲ့နေတဲ့မျက်၀န်းဝိုင်းလေးတွေနဲ့
 နှာဖျားလေးတွေကိုဖွဖွနမ်းရှိုက်မိလိုက်လေသည်။မျက်၀န်းလေးတွေမှိတ်ပြီး ငြိမ်သက်နေတဲ့သူမကြောင့် သူအပြုံးလေးတစ်ခုကို ဖန်ဆင်းမိသွားလေသည်။

သူမရဲ့ပန်းနုရောင်နှုတ်ခမ်းပါးလေးထက်မှာ
သူ့နှုတ်ခမ်းများအာ ထိကပ်လိုက်တယ်ဆိုရင်
သူမလေးလန့်ပြီးသူ့ကိုတွန်းထုတ်‌လိုက်သည်။
ပုံမှန်ဆိုရင်သူအလျှော့ပေးတတ်ပေမဲ့ ဒီညတော့
သူ့မနှုတ်ခမ်းမှ အနမ်းပွင့်လေးများက သူ့အပိုင်သာဖြစ်ရမည်လို့ရင်ထဲမှာကြွေးကြော်ပစ်လိုက်ပြီးသားပင်။

လရောင်ပျောက်တဲ့ဒီလိုညမှာ လိပ်ပြာတို့ရုတ်တရက်ထပြန်ကြပြီး ပန်း၀တ်ရည်တို့ကို
စုပ်ယူစားသုံးနေကြသကဲ့သို့ သူ့ရဲ့အနမ်းများကလဲကြမ်းတမ်းခဲ့လေပြီ။

အဆိပ်လူးမျှားနဲ့အပစ်ခံရမှန်းသိလို့ သေခြင်းတရားကိုတွန့်ဆုတ်နေတဲ့လူကဲ့သို့ သူစားသုံးနေတဲ့ သူမရဲ့နှုတ်ခမ်းထက်မှအနမ်းပွင့်တွေကိုလည်း လွှတ်ပေးရမှာနှမျောနေသလိုပင်။

သေချာတာကသူ့တစ်သတ်မှာ မေ့မရတဲ့အမှတ်တရလေးတစ်ခုဖြစ်နေတော့မည်။

အခန်း(၁၅)ဆက်ရန်....

🌼🌼🌼🌼🌼🌼🌼🌼🌼

အခုတော့ အroလေးပေါ့....🤭🫣



#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

No comments:

Post a Comment